ar
Feedback

لا تقع ضحية للمخادعين! تيليمتريو يكتشف ويُميّز هذه القنوات 👉 إذا كنت تريد رؤية العلامة، اشترك

News Of Myanmar

News Of Myanmar

الذهاب إلى القناة على Telegram

📈 نظرة تحليلية على قناة تيليجرام News Of Myanmar

تُعد قناة News Of Myanmar (@newsofmyanmar) في القطاع اللغوي البورمية لاعباً نشطاً. يضم المجتمع حالياً 11 422 مشتركاً، محتلاً المرتبة 16 330 في فئة الأخبار والوسائط والمرتبة 9 947 في منطقة ميانمار.

📊 مؤشرات الجمهور والحراك

منذ تأسيسه في невідомо، حقق المشروع نمواً سريعاً وجمع 11 422 مشتركاً.

بحسب آخر البيانات بتاريخ 27 نوفمبر, 2026، تحافظ القناة على نشاط مستقر. خلال آخر 30 يوماً تغيّر عدد الأعضاء بمقدار -136، وفي آخر 24 ساعة بمقدار -9، مع بقاء الوصول العام مرتفعاً.

  • حالة التحقق: غير موثّقة
  • معدل التفاعل (ER): يبلغ متوسط تفاعل الجمهور 5.67‎%. وخلال أول 24 ساعة من النشر يحصد المحتوى عادةً 4.32‎% من ردود الفعل نسبةً إلى إجمالي المشتركين.
  • وصول المنشورات: يحصل كل منشور على متوسط 648 مشاهدة. وخلال اليوم الأول يجمع عادةً 493 مشاهدة.
  • التفاعلات والاستجابة: يتفاعل الجمهور بانتظام؛ متوسط التفاعلات لكل منشور يبلغ 10.

📝 الوصف وسياسة المحتوى

يصف المؤلف القناة بأنها مساحة للتعبير عن الآراء الذاتية:
“News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ”

بفضل وتيرة التحديث المرتفعة (أحدث البيانات بتاريخ 28 نوفمبر, 2026) تحافظ القناة على حداثتها ومستوى وصول مرتفع. وتُظهر التحليلات تفاعلاً نشطاً من الجمهور، ما يجعلها نقطة تأثير مهمة ضمن فئة الأخبار والوسائط.

11 422
المشتركون
-924 ساعات
-317 أيام
-13630 أيام
أرشيف المشاركات
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း မြို့ပြအင်္ဂါရပ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်လာစေရေး အကောင်အထည်ဖော်တည်ဆောက်နေမှုများ လိုက်လံကြည့်ရှုစစ်ဆေး   အောက်တိုဘာ ၃၁၊ ၂၀၂၆   ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ဒုတိယသမ္မတ ဦးညိုစော၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးခင်မောင်ရီ၊ ဦးတင်အောင်စန်းနှင့် ဦးမျိုးသန့်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါ၍ ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း မြို့ပြအင်္ဂါရပ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်လာစေရေး အကောင်အထည်ဖော် တည်ဆောက်နေမှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။   နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်အဝင် လမ်းသစ်ဖောက်လုပ်နေမှု   ဦးစွာ နိုင်ငံတော်သမ္မတသည် နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်အဝင် လမ်းသစ်ဖောက်လုပ်နေမှုနှင့် အဆိုပါလမ်းသစ်ပေါ်ရှိ ရုံးပင်ချောင်းတံတားတည်ဆောက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။   ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်သမ္မတက နိုင်ငံတော်၏မြို့တော်သို့ဝင်ရောက်သည့် လမ်းကြောင်းတစ်ခုဖြစ်လာမည်ဖြစ်သဖြင့် လမ်းတံတားများ တည်ဆောက်ရာတွင် သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းပြည့်မီစွာဖြင့် အဆင့်မီမီ တည်ဆောက်ပြီးစီးနိုင်ရေးဆောင်ရွက်သွားရန်လိုကြောင်း၊ လမ်းတံတားများအား အနာဂတ်တွင် တိုးတက်ဖြစ်ပေါ်လာနိုင်မည့် မော်တော်ယာဉ်များနှင့် မော်တော်ဆိုင်ကယ် အသုံးပြုသွားလာမှုများအပေါ် မူတည်ထည့်သွင်းတွက်ချက်၍လည်း တည်ဆောက်သွားရန်လိုကြောင်း၊ ဝင်လမ်းထွက်လမ်းများနှင့်ပတ်သက်၍လည်း ဘက်ပေါင်းစုံမှ ထည့်သွင်းစဉ်းစား၍ တည်ဆောက်သွားရန်လိုကြောင်း၊ တံတားများနှင့်လမ်းများ ကြံ့ခိုင်မှုရှိစေရေး၊ လမ်းပုခုံးမြေသားနံရံများ စနစ်တကျဖြစ်စေရေးအတွက်လည်း ကြပ်မတ်ဆောင်ရွက်သွားရန်လိုကြောင်း၊ လမ်းဘေးဝဲယာတစ်လျှောက်တွင် အရိပ်ရလေကာပင်များနှင့် အမြဲစိမ်းသစ်ပင်များ စိုက်ပျိုးသွားရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။   ထို့နောက် နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရာဇသင်္ဂဟလမ်းကြောင်းတစ်လျှောက် မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး သန့်ရှင်းသာယာလှပရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ လမ်းဘေးဝဲယာတစ်လျှောက် အရိပ်ရလေကာပင်များစိုက်ပျိုးထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။   ပြည်သူ့ရင်ပြင် တည်ဆောက်ရေးလုပ်ငန်းခွင်   ယင်းနောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည် နေပြည်တော်၊ ပြည်သူ့ရင်ပြင်သို့ရောက်ရှိကြရာ ရှင်းလင်းဆောင်၌ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတို့က နေပြည်တော်၊ ပြည်သူ့ရင်ပြင်ဆိုင်ရာ အချက်အလက်များ၊ ရင်ပြင်ပတ်လည်နေရာများ၌ အထင်ကရပုဂ္ဂိုလ်များ၏ ရုပ်တုများ၊ စကျင်ကျောက်များဖြင့် ထုဆစ်ပုံဖော်ထားသည့် ရုပ်လုံးရုပ်ကြွများ ထည့်သွင်းတည်ဆောက်နိုင်ရေးလျာထားဆောင်ရွက်လျက်ရှိမှု၊ ပန်းခြံနေရာများ၊ လျှောက်လမ်းများ၊ ဖျော်ဖြေရေးရင်ပြင်နှင့် Shop House များ၊ ယာဉ်ရပ်နားရန်နေရာများနှင့် အခြားလိုအပ်သည့်အဆောက်အဦများ ထည့်သွင်းတည်ဆောက်နိုင်ရေး လျာထားဆောင်ရွက်ထားရှိမှုနှင့် လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။   ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်သမ္မတက နိုင်ငံတော်၏မြို့တော်ဖြစ်သည့် နေပြည်တော်ကောင်စီနယ်မြေအား မြို့တော်အင်္ဂါရပ်နှင့်အညီ ခေတ်မီပြီးဘက်စုံဖွံ့ဖြိုးတိုးတက်သော မြို့ပြတစ်ခုအဖြစ်ဖြစ်ပေါ်လာစေရေး ဘက်ပေါင်းစုံမှ အကောင်အထည်ဖော် စဉ်းစားဆောင်ရွက်သွားကြရန်လိုကြောင်း၊ တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် သတ်မှတ်အချိန်ကာလအတွင်းပြီးစီးနိုင်ရေးနှင့် ရေရှည်တည်တံ့ခိုင်ခံ့မှုရှိစေရေး၊ အဆင့်မီမီဖြစ်စေရေး စနစ်တကျဆောင်ရွက်သွားကြရန်လိုကြောင်း၊ ရုပ်တုများနှင့် ရုပ်လုံးရုပ်ကြွများ ထည့်သွင်းတည်ဆောက်ရာတွင် မြန်မာမှုနှင့် ပန်းချီပန်းပုပညာရှင်ကြီးများထံမှ အကြံဉာဏ်များရယူ၍ စနစ်တကျဆောင်ရွက်သွားရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။   ပြည်ထောင်စုဂုဏ်ပြုဗိမာန် တည်ဆောက်ရေးလုပ်ငန်းခွင်   ဆက်လက်၍ နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည် ပြည်ထောင်စုဂုဏ်ပြုဗိမာန်တည်ဆောက်ရေး လုပ်ငန်းခွင်သို့ရောက်ရှိရာ ရှင်းလင်းဆောင်ခန်းမ၌ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ပြည်ထောင်စုဂုဏ်ပြုဗိမာန် အဆိုပြု 3D ပုံစံများနှင့် စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများ ထည့်သွင်းဆောင်ရွက်သွားမည့် အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
01 نوفمبر, 01:09

photo content
+4
01 نوفمبر, 01:09

ဒရုန်းထုတ်လုပ်မှု ပြိုင်ပွဲတွင် အမေရိကန် အခက်အခဲများနှင့် ရင်ဆိုင်နေရ အမေရိကန်သည် ဈေးနှုန်းသက်သာသည့် စစ်ဘက်သုံး ဒရုန်းများကို
ဒရုန်းထုတ်လုပ်မှု ပြိုင်ပွဲတွင် အမေရိကန် အခက်အခဲများနှင့် ရင်ဆိုင်နေရ အမေရိကန်သည် ဈေးနှုန်းသက်သာသည့် စစ်ဘက်သုံး ဒရုန်းများကို အမြောက်အမြား ထုတ်လုပ်မှုစတင်ရာတွင် "အခြေခံအားဖြင့် သုညအဆင့်" မှ စတင်နေရကြောင်း ပင်တာဂွန်စစ်ဌာနချုပ်မှ အရာရှိကြီးတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ Bloomberg သတင်းက ဖော်ပြခဲ့ပြီး၊ ၎င်းသည် ရုရှားနှင့် တရုတ်တို့အား အမီလိုက်ရန် မည်မျှအထိ ရုန်းကန်နေရသည်ကို မီးမောင်းထိုးပြနေသည်။ ပြိုင်ဘက်နိုင်ငံများက တစ်ခါသုံး အသေခံမောင်းသူမဲ့ဒရုန်း ပေါင်း သန်းချီ၍ ထုတ်လုပ်နိုင်သော်လည်း၊ အမေရိကန်မှာမူ ယင်းဒရုန်းများကို အမြောက်အမြား ထုတ်လုပ်နိုင်ရန် လိုအပ်သည့် စက်ရုံများ၊ ထောက်ပံ့ပို့ဆောင်ရေး ကွင်းဆက်များနှင့် ဝယ်ယူရေး စနစ်များကိုပင် တည်ဆောက်ရန် ကြိုးပမ်းနေရဆဲ ဖြစ်သည်။ ပင်တာဂွန်သည် ၎င်းတို့၏ ဒရုန်းလွှမ်းမိုးရေး အစီအစဉ်အတွက် ဒေါ်လာ ၁.၁ ဘီလီယံခန့် အသုံးပြုထားသည်။ ယင်းအစီအစဉ်သည် ထုတ်လုပ်သူများ အနေဖြင့် ဒရုန်းများကို အမြောက်အမြား ထုတ်လုပ်နိုင်စွမ်း ရှိမရှိ သက်သေပြနိုင်ရန် စိန်ခေါ်မှုများသော စမ်းသပ်မှုများနှင့် အော်ဒါအမှာစာ ပမာဏကြီးမားသည့် အဆင့် ၄ ဆင့်ပါ ပြိုင်ပွဲတစ်ခု ဖြစ်သည်။ အမေရိကန် ဒရုန်းထုတ်လုပ်သူများသည် အဓိက အတားအဆီး ၃ ခုနှင့် ရင်ဆိုင်နေရသည် - တရုတ်၏ လွှမ်းမိုးမှု - ဘက်ထရီ၊ မီးသွေးတုံးမလိုသော မော်တာများ၊ ဒရုန်းပန်ကာများနှင့် ကင်မရာများ အပါအဝင် အဓိက အစိတ်အပိုင်းများ ထုတ်လုပ်မှုကို တရုတ်က စိုးမိုးထားသည်။ အမေရိကန် ထုတ်လုပ်သူများသည် တရုတ်ထုတ် အစိတ်အပိုင်းများအပေါ် ကန့်သတ်ချက်များကို လိုက်နာရန်အတွက် အခြားအစားထိုး ရောင်းချသူများကို ရှာဖွေရသဖြင့် ပစ္စည်းကိရိယာများအတွက် ကုန်ကျစရိတ် သိသိသာသာ ပိုမိုကုန်ကျနေသည်။ လျင်မြန်စွာ ပြောင်းလဲနေသော နည်းပညာ - ဒရုန်းနည်းပညာနှင့် တုံ့ပြန်ခုခံသည့် နည်းပညာများသည် ရက်သတ္တပတ် အနည်းငယ်အတွင်း ပြောင်းလဲနေသဖြင့် ထုတ်လုပ်သူများအနေဖြင့် ထုတ်လုပ်မှု ပမာဏကို တိုးမြှင့်နေစဉ်မှာပင် ဆော့ဖ်ဝဲလ်နှင့် ဟာ့ဒ်ဝဲလ် (Hardware) များကို စဉ်ဆက်မပြတ် မြှင့်တင်ပြင်ဆင်နေရသည်။ ခေတ်နောက်ကျနေသော ဝယ်ယူရေးစနစ် - အမေရိကန် စစ်တပ်၏ ဝယ်ယူရေးစနစ်သည် နှစ်ပေါင်းများစွာ ကြာအောင် တည်ဆောက်ရသည့် စျေးကြီးပြီး ရှုပ်ထွေးသော လက်နက်များအတွက်သာ ပုံစံထုတ်ထားခြင်း ဖြစ်ပြီး၊ ဈေးသက်သက်သာသာနှင့် အရေအတွက် အမြောက်အမြား ထုတ်လုပ်ပြီး အလွယ်တကူ အစားထိုး အသုံးပြုရမည့် တစ်ခါသုံး ဒရုန်းများအတွက် မဟုတ်ပေ။ ယခင် ဘိုင်ဒင်အစိုးရ လက်ထက်၏ Replicator အစီအစဉ်သည် တိုက်ခိုက်ရေးဒရုန်း အစုအဝေးများကို ထုတ်လုပ်ပေးမည်ဟု ကတိပြုခဲ့သော်လည်း ရည်မှန်းချက်ဖြစ်သော ဒရုန်းထောင်ပေါင်းများစွာအစား အရေအတွက် ရာဂဏန်းမျှသာ ပေးပို့နိုင်ခဲ့သဖြင့် လျာထားချက်ထက် များစွာ လျော့နည်းခဲ့သည်။ ထိုအချိန်တွင် Bloomberg သတင်းဌာန၏ အဆိုအရ တရုတ်သည် တစ်လလျှင် ဒရုန်းပေါင်း ၅၀၀,၀၀၀ အထိ အလျင်အမြန် တိုးမြှင့်ထုတ်လုပ်နိုင်စွမ်း ရှိသည်ဟု ဆိုသည်။ ပင်တာဂွန်၏ အဆိုပြု ဘတ်ဂျက်တွင် အလိုအလျောက် စစ်ဆင်ရေးစနစ်များအတွက် ဒေါ်လာ ၅၅ ဘီလီယံ လျာထားပြီး၊ ၎င်းအနက် ဒေါ်လာ ၁၇ ဘီလီယံကို ဒရုန်းများနှင့် အခြား မောင်းသူမဲ့စနစ်များအတွက် လျာထားသည်။ သို့သော်လည်း ကြားဖြတ်ရွေးကောက်ပွဲအပြီးတွင် ဒီမိုကရက်များ ကွန်ဂရက်လွှတ်တော်ကို ထိန်းချုပ်နိုင်ခဲ့ပါက အဆိုပါ ဘတ်ဂျက် တိုးမြှင့်မှုသည် နိုင်ငံရေးအရ စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရဖွယ် ရှိသည်။
01 نوفمبر, 01:07

တောင်ငူခရိုင်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ နေပြည်တော်သို့ သွားရောက်လေ့လာ နိုဝင်ဘာ ၁၊ ၂၀၂၆ နိုင်ငံတော
+2
တောင်ငူခရိုင်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ နေပြည်တော်သို့ သွားရောက်လေ့လာ နိုဝင်ဘာ ၁၊ ၂၀၂၆ နိုင်ငံတော်ကို ဦးဆောင်ကြမည့် မျိုးဆက်သစ်လူငယ်လူရွယ်များအနေဖြင့် မိမိတို့နိုင်ငံ၏ သမိုင်းကြောင်းဆိုင်ရာ အချက်အလက်များကို လေ့လာသိရှိလာခြင်းအားဖြင့် သမိုင်းစဉ်ကာလ တစ်လျှောက်တွင် နိုင်ငံ့ဂုဏ်တင့်စေရန် အားထုတ်ကြိုးပမ်းမြှင့်တင်ပေးခဲ့ကြသည့် ရှေးမြန်မာမင်းများ၊ ခေတ်အဆက်ဆက်ပေါ်ထွက်ခဲ့ကြသည့် သူရဲကောင်းများ၊ သူ့ကျွန်မခံတွန်းလှန်ခဲ့ကြသည့် မျိုးချစ်ခေါင်းဆောင်ကြီးများ၊ လွတ်လပ်ရေးကြိုးပမ်းမှုကာလနှင့် လွတ်လပ်ရေးရရှိပြီး နောက်ပိုင်းတွင် နိုင်ငံ့အရေးအတွက် စွန့်လွှတ်ပေးဆပ်မှုများဖြင့် အားထုတ်ကြိုးပမ်းခဲ့ကြသည့် တပ်မတော်သားများ၏ ဂုဏ်ယူဖွယ်ရာ စွမ်းဆောင်ချက်များအား မြင်တွေ့လေ့လာမှုများမှတစ်ဆင့် လူငယ်လူရွယ်များမျိုးချစ်စိတ် ရှင်သန်ထက်မြက်လာပြီး နိုင်ငံချစ်စိတ်၊ တိုင်းပြည်ချစ်စိတ်များ တိုးတက်ဖြစ်ထွန်းလာစေရန်၊ လူငယ်လူရွယ်များ၏ အနာဂတ်ဘဝလျှောက်လှမ်းမှုကို အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီစဥ်ကြီးကြပ်၍ တောင်ငူခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့၏ စီစဥ်ဆောင်ရွက်ပေးမှုဖြင့် ယမန်နေ့နံနက်ပိုင်းက တောင်ငူခရိုင်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ နေပြည်တော်သို့ သွားရောက်လေ့လာကြသည်။ ထိုသို့သွားရောက်လေ့လာကြရာတွင် တောင်ငူခရိုင်အတွင်းရှိ မြို့နယ်များမှ ကျောင်းသား၊ ကျောင်းသူ (၂၀၀) ဦး၊ ဆရာ၊ ဆရာမနှင့် အုပ်ချုပ်သူ (၄၀) ဦး၊ စုစုပေါင်း (၂၄၀) ဦးသည် ယနေ့တွင် မော်တော်ယာဥ် (၉) စီးဖြင့် နေပြည်တော်မြို့တော်ရှိ မာရဝိဇယဘုရား၊ အမျိုးသားပြတိုက်၊ စစ်သမိုင်းပြတိုက်၊ သူရဲကောင်းဗိမ္မာန်များသို့ သွားရောက်လေ့လာကြသည်။ ဦးစွာ ကျောင်းသားကျောင်းသူများသည် မာရဝိဇယဘုရားကို ဖူးမြော်ကြည်ညိုကြပြီး အမှတ်တရဓာတ်ပုံရိုက်ကူးကြသည်။ ထို့နောက် အမျိုးသားပြတိုက် (နေပြည်တော်)သို့ သွားရောက်လေ့လာကြပြီး မြန်မာနိုင်ငံ၏သမိုင်းမတင်မီခေတ်မှစ၍ ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်နှင့် တကောင်း၊ သရေခေတ္တရာ၊ ပုဂံ၊ အင်းဝ၊ ကုန်းဘောင် စသည့် ခေတ်အဆက်ဆက်မှ ရှေးဟောင်းပစ္စည်းများနှင့် အသုံးအဆောင်များ၊ ဘုရင်မင်းမြတ်များ၏ တော်ဝင်အသုံးအဆောင်များနှင့် ရိုးရာအနုပညာလက်ရာများ၊ မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားလူမျိုးစုများ၏ ရိုးရာဝတ်စုံများ၊ ယဉ်ကျေးမှုဓလေ့ထုံးတမ်းပစ္စည်းများ၊ မြန်မာပြည်တွင်းတွေ့ရှိရသည့် ကျောက်ဖြစ်ရုပ်ကြွင်းများနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အချက်အလက်များပြခန်းများကို လေ့လာမှတ်သားကြသည်။ ယင်းနောက် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများသည် တပ်မတော်စစ်သမိုင်းပြတိုက် (နေပြည်တော်) သို့ ရောက်ရှိကြပြီး တပ်မတော်(လေ) ပြင်ပပြတိုက်တွင် ခင်းကျင်းပြသထားသော လေယာဉ်အစွယ်စွယ် အသုံးပြုခဲ့သည့် တပ်မတော်လေယာဉ်များ၊ တပ်မတော်(ရေ)ပြင်ပပြတိုက်တွင် ခင်းကျင်းပြသထားသော စစ်ရေယာဉ်ပုံစံတူ မော်ဒယ်ပစ္စည်းများကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြပြီး အမှတ်တရဓာတ်ပုံများ ရိုက်ကူးကြသည်။ ထို့နောက် တပ်မတော်စစ်သမိုင်းပြတိုက်အတွင်း ဆက်လက်လေ့လာကြရာတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ရုံး၊ မြန်မာ့တပ်မတော် မှတ်တမ်းဓာတ်ပုံများ၊ စစ်လက်နက်များနှင့် သမိုင်းမှတ်တမ်းပြတိုက်တို့ကို ကြည့်ရှုလေ့လာကြရာ ပြတိုက်တာဝန်ရှိသူများက ရှင်းလင်းဆွေးနွေးပြောကြားသည်။ ထို့နောက် သူရဲကောင်းဗိမ္မာန်သို့ သွားရောက်လေ့လာကြပြီး ညနေ ၅ နာရီအချိန်တွင် တောင်ငူမြို့သို့ ပြန်လည်ထွက်ခွာခဲ့ကြောင်း သိရသည်။
01 نوفمبر, 00:54

"ငါတို့ ဆက်သည်းမခံနိုင်တော့ဘူး" — ဆွစ်ဇာလန်နိုင်ငံ၏ အကြီးဆုံးနှင့် စီးပွားရေးအချက်အချာကျသော ဇူးရစ်ချ်မြို့တွင် Gen Z တို့၏ ဆန္ဒပြပွဲများကြောင့် ရှုပ်ထွေးရုန်းရင်းဆန်ခတ်များဖြစ်ပွားလျက်ရှိ။ လူငယ်များ ဦးဆောင်သည့် ဆူပူဆန္ဒပြပွဲများသည် ဇူးရစ်ချ် (Zurich) မြို့သို့လည်း ကူးစက်ရောက်ရှိလာခဲ့ပြီး ဆန္ဒပြသူများသည် လမ်းများကို ပိတ်ဆို့ခြင်း၊ ရဲတပ်ဖွဲ့များနှင့် ရိုက်ပွဲများဖြစ်ပွားခြင်းနှင့် မီးရှို့မှုများ ပြုလုပ်လျက်ရှိသည်။
01 نوفمبر, 00:52

"တစ်စုံတစ်ခု ဖြစ်တော့မယ်" — အမေရိကန်ကြားဖြတ်ရွေးကောက်ပွဲအပြီး "တိုက်ခိုက်မှုများ" ဖြစ်ပွားလာမည်ကို စိုးရိမ်နေစဉ်အတွင်း အစားအသောက်နှင့် ရေ သိုလှောင်ထားရန် အစိုးရ၏ သတိပေးချက်များသည် အမှန်တကယ် ဖြစ်နိုင်ကြောင်း ထိတ်လန့်တကြားဖြစ်နေသော အမေရိကန်နိုင်ငံ၏ ထင်ရှားသည့် ပေါ့ဒ်ကတ်စ်ထုတ်လွှင့်သူ ဂျိုးရိုဂန် (Joe Rogan) ပြောကြား ဓာတ်အားလိုင်းများ ပစ်မှတ်ထားခံရခြင်း၊ မြို့ကြီးများတွင် "ဗုံးခွဲခံရခြင်း"နှင့် "အကြမ်းဖက်ဆဲလ်များ" လှုပ်ရှားလာနိုင်ကြောင်းသတိပေး။ "အခြေအနေ ဘာဖြစ်လာမလဲဆိုတာ တကယ်ကြုံရတဲ့အခါ အသင့်ဖြစ်နေအောင် အစားအသောက်အချို့ ကြိုတင်သိုလှောင်ထားသင့်တယ်"
01 نوفمبر, 00:46

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် အဆို၊ အက၊ အရေး၊ အတီး (ဗဟိုအဆင့်) ပြိုင်ပွဲဝင်ကိုယ်စားပြုအသင်းနှင့် ဆုရရှိသူများအား
+1
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် အဆို၊ အက၊ အရေး၊ အတီး (ဗဟိုအဆင့်) ပြိုင်ပွဲဝင်ကိုယ်စားပြုအသင်းနှင့် ဆုရရှိသူများအား ဂုဏ်ပြုဆုချီးမြှင့် နိုဝင်ဘာ ၁၊ ၂၀၂၆ (၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး(ဗဟိုအဆင့်) ပြိုင်ပွဲဝင် ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြုအသင်းနှင့် ဆုရရှိသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်၍ ဆုများချီးမြှင့်ခဲ့သည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က “(၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့်ပြိုင်ပွဲကို  ဦးတည်ချက်ကောင်းများဖြင့်  စည်ကားသိုက်မြိုက်စွာ မြိုင်မြိုင်ဆိုင်ဆိုင် ကျင်းပပြီးစီးခဲ့ပြီဖြစ်ပါကြောင်း၊ ဗဟိုအဆင့်ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်များ၏ကြိုးစားအားထုတ်မှု၊ ဇွဲလုံ့လနှင့်အရည်အချင်းတို့ကြောင့် ဧရာဝတီတိုင်းဒေသကြီးဂုဏ်ကို ဆောင်နိုင်ခဲ့သည့်အတွက် ကျေးဇူးတင်အသိအမှတ်ပြုပါကြောင်း၊ အဆို၊ အက၊ အရေး၊ အတီး ပညာရပ်များသည် မြန်မာ့အမျိုးသားယဉ်ကျေးမှု အမွေအနှစ်များဖြစ်ပြီး မျိုးဆက်တစ်ဆက်မှ တစ်ဆက် လက်ဆင့်ကမ်း ထိန်းသိမ်းစောင့်ရှောက်ရမည့် အဖိုးတန်ရတနာများဖြစ်ပါကြောင်း၊ ဆုရရှိခြင်းသည် မိမိတို့၏ ပင်ကိုယ်အရည်အချင်းများသာမက ဆရာ၊ ဆရာမများ၏ သင်ကြားပို့ချမှု၊ မိဘများ၏ ပံ့ပိုးပေးမှုနှင့် တာဝန်ရှိသူများ၏ အနီးကပ်ကြီးကြပ်မှုတို့၏ ပေါင်းစပ်အောင်မြင်မှုဖြစ်ပါကြောင်း၊ ယခုနှစ်ရရှိခဲ့တဲ့ အတွေ့အကြုံများအပေါ် အခြေခံပြီး နောင်လာမည့်နှစ်ပြိုင်ပွဲများတွင်လည်း ယခုထက်ပို၍ အောင်မြင်မှုများ တိုးတက်ရရှိအောင် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း” ပြောကြားသည်။ ထို့နောက်  အဆင့်မြင့်ပညာအဆင့်(အမျိုးသား) နှဲပြိုင်ပွဲတွင် ပထမဆု (ရွှေတံဆိပ်) နှင့် အဆင့်မြင့်ပညာအဆင့် (အမျိုးသား)၊ ပုလွေပြိုင်ပွဲတွင် ပထမဆု (ရွှေတံဆိပ်)၊ အခြေခံပညာ (၁၅-၂၀) အဆင့် (အမျိုးသမီး)၊ စောင်းပြိုင်ပွဲတွင် ပထမဆု (ရွှေတံဆိပ်)၊ အခြေခံပညာ (၁၅-၂၀) အဆင့် (အမျိုးသား)၊ တယောပြိုင်ပွဲတွင် ပထမဆု (ရွှေတံဆိပ်) ရရှိသူများ၊  ပြိုင်ပွဲဝင်များနှင့် အုပ်ချုပ်၊ ပံ့ပိုး၊ နည်းပြများကို တိုင်းဒေသကြီးဝန်ကြီးချုပ်ကလည်းကောင်း၊ အခြေခံပညာ (၁၅-၂၀) အဆင့် (အမျိုးသမီး)၊ ပုလွေပြိုင်ပွဲတွင် ပထမဆု (ရွှေတံဆိပ်)၊ ဝါသနာရှင်(ပထမတန်း) (အမျိုးသား)၊ စန္ဒရားပြိုင်ပွဲတွင် ပထမဆု (ရွှေတံဆိပ်)၊ အဆင့်မြင့်ပညာအဆင့် (အမျိုးသမီး)၊ စောင်းပြိုင်ပွဲတွင် ပထမဆု (ရွှေတံဆိပ်)နှင့် အဆင့်မြင့်ပညာအဆင့် (အမျိုးသမီး)၊ ဂီတာပြိုင်ပွဲတွင် ဒုတိယဆု (ငွေတံဆိပ်) ရရှိသူများနှင့် ကျေးလက်ယိမ်းအဖွဲ့အားတိုင်းဒေသကြီး ဝန်ကြီးချုပ်၏ ဇနီးကလည်းကောင်း ဆုများချီးမြှင့်ခဲ့ပြီးနောက် (၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး(ဗဟိုအဆင့်)ပြိုင်ပွဲတွင် ဆုရရှိသူများကို တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့်ဇနီး၊  ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးနှင့်ဇနီး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ စီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီးတို့က ဆုများ ဆက်လက်ချီးမြှင့်ခဲ့ကြပြီး ဆုရရှိသည့် ပြိုင်ပွဲဝင်များ၏ ပြန်လည်ဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ကြသည်။ ဧရာဝတီတိုင်းဒေသကြီးအနေဖြင့် (၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ဗဟိုအဆင့်) ပြိုင်ပွဲသို့ အဆိုပြိုင်ပွဲဝင် (၂၄) ဦး၊ အကပြိုင်ပွဲဝင် (၉၃) ဦး၊ အရေးပြိုင်ပွဲဝင် (၄) ဦး၊ အတီးပြိုင်ပွဲဝင် (၁၀၇) ဦး၊ လူဦးရေအားဖြင့် စုစုပေါင်း (၁၈၉) ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ရာ ရွှေ (၇) ဆု၊ ငွေ (၁၂) ဆု၊ ကြေး (၁၀) ဆု၊ စုစုပေါင်း (၂၉) ဆု ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။
01 نوفمبر, 00:37

တူရကီနိုင်ငံ၊ ကာပဒိုးရှား (Cappadocia) ဒေသတွင် ကြီးမားသည့် ကျောက်တုံးကြီး လူအုပ်ပေါ်သို့ ပြိုကျခဲ့မှုကြောင့် အနည်းဆုံး လူ ၃ ဦး သေဆုံးခဲ့သည်။
31 أكتوبر, 23:59

မြန်မာ-ထိုင်း-ရုရှား သုံးနိုင်ငံ စွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းများ ဆွေးနွေး အောက်တိုဘာ ၃၁၊ ၂၀၂၆ စွမ်းအင်ဆိုင်
မြန်မာ-ထိုင်း-ရုရှား သုံးနိုင်ငံ စွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းများ ဆွေးနွေး   အောက်တိုဘာ ၃၁၊ ၂၀၂၆   စွမ်းအင်ဆိုင်ရာလုပ်ငန်းများဆောင်ရွက်ရန် ထိုင်းနိုင်ငံ၌ရောက်ရှိနေသည့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့်အတူ ယနေ့တွင် ထိုင်းနိုင်ငံစွမ်းအင်ဝန်ကြီး H.E. Mr. Akanat Promphan နှင့်လည်းကောင်း၊ ရုရှားနိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး H.E. Mr. Maxim Reshetnikov နှင့်လည်းကောင်း သီးခြားစီတွေ့ဆုံပြီး မြန်မာ-ထိုင်း-ရုရှား သုံးနိုင်ငံ စွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းများကို ဆွေးနွေးခဲ့သည်။   ဆွေးနွေးပွဲများတွင် မြန်မာနိုင်ငံ ထားဝယ်ဒေသစီမံကိန်းများသည် ဒေသတွင်းနိုင်ငံများနှင့် ကုန်စည်ကူးသန်းရောင်းဝယ်နိုင်ရန်အတွက် အချက်အချာကျသည့် နေရာတစ်ခုဖြစ်လာမည့် အခြေအနေ၊ သုံးနိုင်ငံစလုံးအတွက် အကျိုးဖြစ်ထွန်းစေမည့်စီမံကိန်းဖြစ်၍ အမြန်ဆုံးအကောင်အထည်ဖော်ပြီးမြောက်စေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်လျက်ရှိသည့်အခြေအနေ၊ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့၏ စွမ်းအင်လိုအပ်ချက်သည် မြင့်တက်လျက်ရှိရာ နှစ်နိုင်ငံပူးပေါင်း၍ဖြေရှင်းနိုင်ရန် ကြိုးစားနေမှုအခြေအနေ၊ LNG သည် ကျစ်လျစ်သိပ်သည်းစွာ သယ်ဆောင်နိုင်ပြီး သန့်ရှင်းသည့်စွမ်းအင်အဖြစ် သတ်မှတ်ထားကြသည်ဖြစ်ရာ ယနေ့စွမ်းအင်အသွင်ကူးပြောင်းရေးကာလတွင် အထူးအရေးပါသည့် စွမ်းအင်ဖြစ်နေသည့်အတွက် LNG ကုန်သွယ်မှုများ မြင့်တက်လာနေသည့် အခြေအနေ၊ ရုရှားနိုင်ငံမှ LNG ကို မြန်မာနိုင်ငံသို့သယ်ဆောင်ပြီး ထိုင်းနိုင်ငံက မျှဝေသုံးစွဲနိုင်ခြင်းဖြင့် မြန်မာနှင့်ထိုင်း နှစ်နိုင်ငံစွမ်းအင်အခက်အခဲကို ဖြေရှင်းနိုင်မည့်အခြေအနေ၊ ထားဝယ်ဒေသမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့လည်းကောင်း၊ ထိုင်းနိုင်ငံအတွင်းသို့လည်းကောင်း သဘာဝဓာတ်ငွေ့ပိုက်လိုင်းများ သွယ်တန်းပြီးဖြစ်ရာ ယင်းအခြေခံကောင်းများကိုအသုံးချ၍ ထားဝယ်ဒေသတွင် LNG Terminal တည်ဆောက်နိုင်သည့်အခြေအနေ၊ မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား LNG အပါအဝင် လောင်စာဆီတင်ပို့နိုင်ရေးအတွက် MoU ရေးထိုးပြီးဖြစ်သကဲ့သို့ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့သည် မကြာမီအချိန်အတွင်း လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးအတွက် MoU ရေးထိုးနိုင်တော့မည်ဖြစ်ရာ သုံးနိုင်ငံပူးပေါင်း၍ စွမ်းအင်ကုန်သွယ်မှုများစတင်နိုင်ရန် အချိန်အခါကောင်းဖြစ်သည့် အခြေအနေ၊ မြန်မာ-ထိုင်း-ရုရှား သုံးနိုင်ငံပူးပေါင်း၍ ထားဝယ်ဒေသတွင် ရင်းနှီးမြှုပ်နှံ၍ ဆက်လက်ဆောင်ရွက်သွားကြမည့် စီမံကိန်းလုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
31 أكتوبر, 23:55

ကလောမြို့၊ တိုက်ကြီးမြို့နယ်နှင့် အောင်မြေသာစံမြို့နယ်တို့ရှိ ဆရာတော်၊ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များနှင့် ဒေသခံပြည်သူ
+2
ကလောမြို့၊ တိုက်ကြီးမြို့နယ်နှင့် အောင်မြေသာစံမြို့နယ်တို့ရှိ ဆရာတော်၊ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များနှင့် ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက် အောက်တိုဘာ ၃၁၊ ၂၀၂၆ တပ်မတော်အနေဖြင့် ပြည်သူလူထု၏ကျန်းမာရေးကဏ္ဍ တိုးတက်မြင့်မားစေရန်အတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် တစ်ဖက်တစ်လမ်းမှ ကူညီစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိသည်။ ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့၊ နန်းတိုင်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌အခြေပြု၍ အဆိုပါကျေးရွာရှိ သံဃာတော် ၂၃ ပါးနှင့် ဒေသခံတိုင်းရင်းသားပြည်သူ ၃၅၇ ဦးတို့အား  လည်းကောင်း၊ရန်ကုန်တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ကြာအင်းကျေးရွာရှိ အခြေခံပညာမူလတန်းလွန်ကျောင်း၌ အခြေပြု၍ အဆိုပါကျေးရွာနှင့်   ပတ်ဝန်းကျင်ကျေးရွာများရှိ ဒေသခံပြည်သူ ၁၁၆ ဦးတို့အားလည်းကောင်း၊ အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က   မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်ရှိ   စန္ဒရံသီသီလရှင်စာသင်တိုက်၌ အခြေပြု၍ အဆိုပါရပ်ကွက်ရှိ သာသနာနွယ်ဝင်သီလရှင် ၈၂ ပါးနှင့် ဒေသခံပြည်သူ ၁၅ ဦးတို့အားလည်းကောင်း ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ  ဆောင်ရွက်ပေးသည်။ ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့များက သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များနှင့် ဒေသခံပြည်သူများအား အရိုးအကြောရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ ကလေးရောဂါ၊ မျက်စိရောဂါ၊ နား/နှာခေါင်း/လည်ချောင်းရောဂါ၊    သွားနှင့်ခံတွင်းရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးခြင်း၊ ECG စက်ဖြင့် နှလုံးစမ်းသပ်ပေးခြင်း၊ Ultrasound စက်တို့ဖြင့်  ရောဂါရှာဖွေစစ်ဆေးပေးခြင်း၊ ဆီးချို စစ်ဆေးပေးခြင်းစသည့် ရောဂါရှာဖွေစစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန်လိုအပ်သည့် လူနာများအား  နယ်မြေခံတပ်မတော်ဆေးရုံများသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။         ယင်းသို့ ဆောင်ရွက်နေမှုများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။ 
31 أكتوبر, 23:53

ဂျာမနီနိုင်ငံတွင် ဖြစ်ပွားနေသော ဆူပူဆန္ဒပြမှုများအတွင်း စတိုးဆိုင်တစ်ဆိုင်ကို Gen Z ရမ်းကားသူများက အုပ်စုလိုက် ဝင်ရောက်စီးနင်းကာ ပစ္စည်းများ လုယက်ခိုးယူနေသည့် ဗီဒီယို။
31 أكتوبر, 23:50

"တံခါးများ ရိုက်ဖျက်ခံထားရခြင်း၊ ဖန်ကွဲစများနှင့် အပျက်အစီးများ ပလက်ဖောင်းပေါ်တွင် ပြန့်ကျဲနေခြင်း - 'Gen Z' လုယက်သူများ စီးနင်းတိုက်ခိုက်အပြီး ဂျာမနီနိုင်ငံ၊ ဖရန့်ဖတ် (Frankfurt) ရှိ ဖိနပ်ဆိုင်၏ ကြောက်မက်ဖွယ် ကျန်ရစ်ခဲ့သော မြင်ကွင်း"
31 أكتوبر, 23:45

မျက်နှာဖုံးစွပ်ထားသည့် ဆွစ်ဇာလန် လူငယ်များက အမှိုက်ပုံးများကို မီးရှို့ခြင်းနှင့် စက်ဘီးများကို လမ်းပေါ်ရှိ မီးပုံများအတွင်း စုံပုံမီးရှို့ခြင်းဖြင့် "လူတန်းစား မညီမျှမှု" နှင့် "စီးပွားရေး အကျပ်အတည်း"များကို ဆန္ဒပြ။
31 أكتوبر, 23:41

မြန်မာ-အိန္ဒိယ 8th Army to Army Staff Talks အစည်းအဝေးကျင်းပ အောက်တိုဘာ ၃၁၊ ၂၀၂၆ မြန်မာ-အိန္ဒိယ 8th Army to Army Staff Talks အ
+1
မြန်မာ-အိန္ဒိယ 8th Army to Army Staff Talks အစည်းအဝေးကျင်းပ   အောက်တိုဘာ ၃၁၊ ၂၀၂၆   မြန်မာ-အိန္ဒိယ 8th Army to Army Staff Talks အစည်းအဝေးကို အောက်တိုဘာ ၂၈ ရက်နှင့် ၂၉ ရက်နံနက်ပိုင်းတို့တွင် နေပြည်တော်ရှိ Park Royal Hotel ၌ပြုလုပ်ရာ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်နှင့် တပ်မတော်အရာရှိကြီးများ၊ အိန္ဒိယတပ်မတော်မှ Major General Mahipal Singh Rathore (Additional Director General of International Cooperation) ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့များ တက်ရောက်ဆွေးနွေးကြသည်။   ဦးစွာ မြန်မာ့တပ်မတော်အဖွဲ့ခေါင်းဆောင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ် ကြီး နီလင်းအောင်နှင့် အိန္ဒိယတပ်မတော်မှ အဖွဲ့ခေါင်းဆောင် Major General Mahipal Singh Rathore (Additional Director General of International Cooperation) တို့က နှုတ်ခွန်းဆက်စကားများ အသီးသီးပြောကြားကြသည်။ ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် နှစ်နိုင်ငံကိုယ်စားလှယ်အဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် အပြန်အလှန်ဆွေးနွေးကြသည်။ ယင်းနောက် အစည်းအဝေးဆုံးဖြတ်ချက်များနှင့် ဆောင်ရွက်ပြီးစီးမှုများကို ဖတ်ကြားရှင်းလင်းကြပြီး နှစ်နိုင်ငံအဖွဲ့ခေါင်းဆောင်များသည် နိဂုံးချုပ်အမှာစကားများ အသီးသီးပြောကြားကြသည်။ ယင်းနောက် အမှတ်တရပစ္စည်းများ အပြန်အလှန်လဲလှယ်ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။   အဆိုပါ အိန္ဒိယတပ်မတော် ကိုယ်စားလှယ်အဖွဲ့အား အောက်တိုဘာ ၂၈ ရက်ညပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်က ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံသည်။   မြန်မာ-အိန္ဒိယ 8th Army to Army Staff Talks အစည်းအဝေးသို့ တက်ရောက်လာကြသည့် အိန္ဒိယတပ်မတော်ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ရောက်ရှိနေစဉ်အတွင်း နေပြည်တော်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၊ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးနှင့် မဟာသကျရံသီဘုရားအား သွားရောက်ဖူးမြော်ကြည်ညိုကြသည်။ ထို့ပြင် ရှမ်းပြည်နယ် (တောင်ပိုင်း) ညောင်ရွှေမြို့နယ်ရှိ အင်းလေးကန်သို့ သွားရောက်လေ့လာလည်ပတ်ခဲ့ကြကြောင်း သတင်းရရှိသည်။
31 أكتوبر, 23:20

ဂျာမနီမြို့ကြီးများတွင်လက်ဝဲယိမ်းလူငယ်များဆန္ဒပြ NOM မာ်ဇ် အစိုးရရဲ့ မူဝါဒတွေကို ဆန့်ကျင်တဲ့ လက်ဝဲယိမ်း လူငယ်တွေရဲ့ လူထုဆန္ဒပ
ဂျာမနီမြို့ကြီးများတွင်လက်ဝဲယိမ်းလူငယ်များဆန္ဒပြ NOM မာ်ဇ် အစိုးရရဲ့ မူဝါဒတွေကို ဆန့်ကျင်တဲ့ လက်ဝဲယိမ်း လူငယ်တွေရဲ့ လူထုဆန္ဒပြပွဲတွေကို ဂျာမနီမြို့ကြီး တော်တော်များများမှာ ပြုလုပ်ခဲ့ကြပါတယ်။ ဆန္ဒပြသူတွေဟာ တိုးမြှင့်လာတဲ့ စစ်ရေးစရိတ်တွေနဲ့ မဝင်မနေရစစ်မှုထမ်းစနစ် ပြန်လည်ကျင့်သုံးလာနိုင်ခြေတွေကို ကန့်ကွက်ခဲ့ကြပါတယ်။ ဒါ့ပြင် သူတို့က ကုန်ကျစရိတ် သက်သာရေး၊ ပညာရေးရန်ပုံငွေ ပိုမိုရရှိရေးနဲ့ ရာသီဥတုကာကွယ်ရေး ပိုမိုအားကောင်းစေရေးအတွက်လည်း တောင်းဆိုခဲ့ကြပါတယ်။ ဆန္ဒပြပွဲတွေကို ဘာလင်၊ဇတုဂတ်၊ မြူးနစ်၊ ဖရင့်ဖတ်နဲ့ အခြားမြို့ကြီးတွေမှာလည်း ပြုလုပ်ခဲ့ကြပါတယ်။ ပါဝင်သူအချို့ဟာ ဟာလိုဝင်း (Halloween) ဝတ်စုံတွေ ဝတ်ဆင်ထားကြပြီး ဂျာမနီဒီမိုကရက်တစ်သမ္မတနိုင်ငံဟောင်း (GDR)၊ ပါလက်စတိုင်း၊ ရုရှားနဲ့ PKK အလံတွေအပြင် ကွန်မြူနစ် သင်္ကေတတွေကိုလည်း ကိုင်ဆောင်ထားခဲ့ကြပါတယ်။ ဆန္ဒပြပွဲမတိုင်မီ မငြိမ်မသက်မှုတွေ ဖြစ်ပွားမှာကို စိုးရိမ်တာကြောင့် ဆိုင်ပိုင်ရှင်တွေဟာ ဆိုင်ရှေ့မျက်နှာစာတွေကို အခိုင်အမာ ကာရံပြင်ဆင်ခဲ့ကြပြီး ရဲတပ်ဖွဲ့ကလည်း လုံခြုံရေးအစီအမံတွေကို တိုးမြှင့်ခဲ့ပါတယ်။
31 أكتوبر, 14:28

ပြင်သစ်အဓိကရုဏ်းပြင်းထန်လာပြန် NOM ပြင်သစ်နိုင်ငံပဲရစ်မြို့တွင်ယနေ့ပြုလုပ်သောလူထုဆန္ဒပြမှုအတွင််းဆန္ဒပြသူများကမီးရှူးများဓာတ်ဆီပုလင်းများဖြင့်ပစ်ပေါက်သဖြင့်ရဲတပ်ဖွဲ့ဝင်တစ်ဦးမီးလောင်ခဲ့သည်။
31 أكتوبر, 14:22

သဲကုန်းမြို့နယ်၊ ဈေးကုန်းကျေးရွာနေ အပြစ်မဲ့အရပ်သားပြည်သူတစ်ဦးကို PDF အကြမ်းဖက်အဖွဲ့က သတ်ဖြတ် NOM အောက်တိုဘာ ၃၁၊ ၂၀၂၆ ပဲခူးတို
သဲကုန်းမြို့နယ်၊ ဈေးကုန်းကျေးရွာနေ အပြစ်မဲ့အရပ်သားပြည်သူတစ်ဦးကို PDF အကြမ်းဖက်အဖွဲ့က သတ်ဖြတ် NOM အောက်တိုဘာ ၃၁၊ ၂၀၂၆ ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်၊ ဈေးကုန်းကျေးရွာနေဦးမြင့်ထူး (၆၀) နှစ် သည် အောက်တိုဘာလ ၃၀ ရက်နေ့ နံနက် ၆ နာရီခွဲအချိန်၌ ၎င်း၏နေအိမ်တွင်ရှိနေစဉ် PDF အကြမ်းဖက်သမားခြောက်ဦး ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သွားခဲ့သဖြင့် ၎င်းတွင် ထိခိုက်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်းသိရသည်။
31 أكتوبر, 13:30

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသောင်းနိုင်၊ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့်ပြန်လည်တည်ဆောက်ရေးလုပ်ငန်းကေ
+4
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသောင်းနိုင်၊ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့်ပြန်လည်တည်ဆောက်ရေးလုပ်ငန်းကော်မတီဝင်များနှင့်အတူ ဖလမ်းမြို့တွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး အောက်တိုဘာ ၃၁၊ ၂၀၂၆ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ရောက်ရှိနေသည့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသောင်းနိုင်သည် ချင်းပြည်နယ်အစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေလင်းအောင်၊ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီဝင်များနှင့်အတူ အောက်တိုဘာ(၃၀)ရက်တွင် ဖလမ်းမြို့တွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေးသည်။ ရှေးဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့ဝင်များသည် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ဖလမ်းခရိုင် လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)ရုံးနှင့် မြို့နယ်ဦးစီးအရာရှိ(မြို့ပြ) ရုံးအဆောက်အဦ ပြုပြင်ပြီးစီးမှုအခြေအနေအားလည်းကောင်း၊ တောင်ဇလပ်ရိပ်သာ ပြုပြင်နေမှုအားလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းဆောင်ရွက်သည့် ကုမ္ပဏီတာဝန်ခံများနှင့် ဌာနဆိုင်ရာများက လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးတို့က လိုအပ်ချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။ ဆက်လက်ပြီး ဒုတိယဝန်ကြီးနှင့်အဖွဲ့ဝင်များသည် ဖလမ်းမြို့တွင်း အများပြည်သူ အပန်းဖြေနေရာနှင့် အားကစားပြုလုပ်သည့်နေရာများဖြစ်သည့် ဖါရ်ထောာက်ရပ်ကွက်ရှိ ဟရန်ထီးယိုးဘောလုံးကွင်းတွင် ဘောလုံးပြိုင်ပွဲများ ကျင်းပပြုလုပ်နိုင်ရန်နှင့် ကျင်မွာလ်ရပ်ကွက်၊ လွတ်လပ်ရေးကျောက်တိုင်ရှိ View Point နေရာတွင် အများပြည်သူများ စိတ်အေးချမ်းသာစွာ အပန်းဖြေနိုင်ရန်နှင့် ကိုယ်လက်လှုပ်ရှားအားကစား ပြုလုပ်နိုင်ရန် လိုအပ်သည့်သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက်ရန် ကွင်းဆင်းကြည့်ရှု ညွှန်ကြားသည်။ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသောင်းနိုင်၊ ချင်းပြည်နယ်အစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေလင်းအောင်၊ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်‌ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီဝင်များသည် ယနေ့နံနက်ပိုင်းတွင် ဒေသခံများနှင့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့၏ ဖလမ်းမြို့၊ ကျင်မွာလ်ရပ်ကွက်၊ View Point လမ်းတစ်လျှောက် လမ်းဘေးဝဲယာ သန့်ရှင်းရေးဆောင်ရွက်နေမှု၊ လမ်းမဘေးသစ်ပင်များ အလင်းဖွင့်ရှင်းလင်းနေမှု၊ View Point သွားရာလမ်းတစ်လျှောက်နှင့် View Point အား အများပြည်သူအပန်းဖြေနိုင်ရန် သန့်ရှင်းရေးဆောင်ရွက်နေမှုအားလည်းကောင်း၊ ဖါရ်ထောက်ရပ်ကွက် ဟရန်ထီယိုးဘောလုံးကွင်းအား JCB စက်ကြီးဖြင့် မြေနေရာပြုပြင်နေမှုနှင့် သန့်ရှင်းရေးဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
31 أكتوبر, 09:30

နေပြည်တော်ကို ခေတ်မီဖွံ့ဖြိုးတိုးတက်သော မြို့တော်တစ်ခုအဖြစ် တည်ဆောက်ရေး နိုင်ငံတော်သမ္မတ ကြည့်ရှုစစ်ဆေး ပြည်ထောင်စုနယ်မြေ နေပ
နေပြည်တော်ကို ခေတ်မီဖွံ့ဖြိုးတိုးတက်သော မြို့တော်တစ်ခုအဖြစ် တည်ဆောက်ရေး နိုင်ငံတော်သမ္မတ ကြည့်ရှုစစ်ဆေး ပြည်ထောင်စုနယ်မြေ နေပြည်တော်ကို မြို့ပြအင်္ဂါရပ်များနှင့်အညီ ခေတ်မီဖွံ့ဖြိုးတိုးတက်သော မြို့တော်တစ်ခုအဖြစ် ပေါ်ထွန်းလာစေရေး ဆောင်ရွက်လျက်ရှိသည့် တည်ဆောက်ရေးလုပ်ငန်းများကို နိုင်ငံတော်သမ္မတက လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။ ကြည့်ရှုစစ်ဆေးစဉ် နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ် အဝင်လမ်းသစ်ဖောက်လုပ်နေမှုနှင့် ပြည်သူ့ရင်ပြင် တည်ဆောက်ရေးလုပ်ငန်းများကို ကြည့်ရှုခဲ့ပြီး နေပြည်တော်အား ခေတ်မီပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်သည့် မြို့တော်တစ်ခုဖြစ်လာစေရေးအတွက် ကဏ္ဍပေါင်းစုံမှ ချိတ်ဆက်စဉ်းစား၍ စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် ပြည်ထောင်စုဂုဏ်ပြုဗိမာန် တည်ဆောက်ရေးလုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီးအဆောက်အအုံ၏ ခမ်းနားထည်ဝါမှုနှင့် အရည်အသွေးပိုင်းဆိုင်ရာများကို အလေးထားဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်။
31 أكتوبر, 09:28

ဆင်ခြေလျှောမြေသားနိမ့်ကျမှုဖြစ်ပွားခဲ့သည့် မြန်အောင်မြို့နယ်ရှိ မမြရေလှောင်တမံမှ သိုလှောင်ရေများ ဆက်လက်လျှော့ချနေ အောက်တိုဘာ
ဆင်ခြေလျှောမြေသားနိမ့်ကျမှုဖြစ်ပွားခဲ့သည့် မြန်အောင်မြို့နယ်ရှိ မမြရေလှောင်တမံမှ သိုလှောင်ရေများ ဆက်လက်လျှော့ချနေ အောက်တိုဘာ ၃၁၊ ၂၀၂၆ ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်ရှိ မမြရေလှောင်တမံ၏ ဆင်ခြေလျှောနိမ့်ကျမှုအား ပြန်လည်ပြုပြင်ခြင်းများနှင့် ရေထုတ်လွှတ်လျက်ရှိရာ ယနေ့ (အောက်တိုဘာ ၃၁ ရက်) နံနက်ပိုင်းထိ တမံရှိရေ ၁၈ ဒသမ ၅၅ ပေခန့် ရေထုတ်လွှတ်လျှော့ချခဲ့ပြီးဖြစ်သည်ဟု ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။ မမြရေလှောင်တမံရေပြင်၏ နိမ့်မြင့်အမှတ် ၃၁၅ ပေမှ သိုလှောင်ရေလျှော့ချနိုင်ရန် တမံ၏အရေးပေါ်ရေပိုလွှဲမှ ရေထုတ်လွှတ်လျက်ရှိရာလက်ရှိအချိန်ထိတမံရှိရေ ၂၉၆ ဒသမ ၄၅ ပေသာ ကျန်ရှိတော့သဖြင့် ၁၈ ဒသမ ၅၅ ပေခန့် ရေထုတ်လွတ် လျှော့ချပြီးဖြစ်ကြောင်းသိရှိရသည်။ ထို့အပြင် အဆိုပါတမံဆင်ခြေလျှောနိမ့်ကျမှုဖြစ်ပွားသည့်နေရာအနီးရှိ ကျေးရွာများမှ ဒေသခံပြည်သူများအား လိုအပ်သောကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများနှင့် ဘုန်းတော်ကြီး ကျောင်းများနှင့် စာသင်ကျောင်းများရှိ ချုံနွယ်များ၊ ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်းနှင့် လိုအပ်သည့်ကူညီဆောင်ရွက်မှုများကို နယ်မြေခံတပ်မတော်သားများနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
31 أكتوبر, 06:36