es
Feedback
News Of Myanmar

News Of Myanmar

Ir al canal en Telegram

📈 Análisis del canal de Telegram News Of Myanmar

El canal News Of Myanmar (@newsofmyanmar) en el segmento lingüístico de Birmano es un actor destacado. Actualmente la comunidad reúne a 12 485 suscriptores, ocupando la posición 15 905 en la categoría Noticias y medios y el puesto 10 046 en la región Birmania.

📊 Métricas de audiencia y dinámica

Desde su creación el невідомо, el proyecto ha mostrado un crecimiento acelerado, reuniendo a 12 485 suscriptores.

Según los últimos datos del 30 junio, 2026, el canal mantiene una actividad estable. En los últimos 30 días la variación de miembros fue de -219, y en las últimas 24 horas de -6, conservando un alto alcance.

  • Estado de verificación: No verificado
  • Tasa de interacción (ER): El promedio de interacción de la audiencia es 9.80%. Durante las primeras 24 horas tras publicar, el contenido suele obtener 6.61% de reacciones respecto al total de suscriptores.
  • Alcance de las publicaciones: Cada publicación recibe en promedio 1 224 visualizaciones. En el primer día suele acumular 825 visualizaciones.
  • Reacciones e interacción: La audiencia responde de forma activa: el promedio de reacciones por publicación es 15.

📝 Descripción y política de contenido

El autor describe el recurso como un espacio para expresar opiniones subjetivas:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

Gracias a la alta frecuencia de actualizaciones (últimos datos recibidos el 01 julio, 2026), el canal mantiene la vigencia y un amplio alcance. La analítica demuestra que la audiencia interactúa activamente con el contenido, lo que lo convierte en un punto de referencia dentro de la categoría Noticias y medios.

12 485
Suscriptores
-624 horas
-117 días
-21930 días
Archivo de publicaciones
အီရန်က တတိယမြောက် ရေနံတင်သင်္ဘောတစ်စီးကို တိုက်ခိုက် အီရန်နိုင်ငံသည် ဟော်မုဇ် ရေလက်ကြားအတွင်းရှိ အာရပ်စော်ဘွားများပြည်ထောင်စု
အီရန်က တတိယမြောက် ရေနံတင်သင်္ဘောတစ်စီးကို တိုက်ခိုက် အီရန်နိုင်ငံသည် ဟော်မုဇ် ရေလက်ကြားအတွင်းရှိ အာရပ်စော်ဘွားများပြည်ထောင်စု (UAE) ကမ်းခြေမှရေမိုင် ၁၇ မိုင်အကွာတွင် ရေနံတင်သင်္ဘောတစ်စီးကို တိုက်ခိုက်ခဲ့ကြောင်း ဗြိတိန် ရေကြောင်းကုန်သွယ်မှု လုပ်ငန်းစု (UKMTO) က ထုတ်ပြန်သည်။ ယနေ့အတွင်း ပစ်မှတ်ထား တိုက်ခိုက်ခံရသည့် တတိယမြောက် သင်္ဘောဖြစ်ပြီး၊ ၎င်းသည် ဟော်မုဇ် ရေလက်ကြားကို ကုန်သွယ်ရေး သင်္ဘောများအားလုံး ဖြတ်သန်းခွင့် ပိတ်ပင်ရန် အီရန်၏ လုပ်ဆောင်ချက် တစ်စိတ်တစ်ပိုင်းလည်းဖြစ်သည်။ NOM

အီရန်က အမေရိကန်၏ MQ-9 ရီပါ 'Reaper' အမျိုးအစား မောင်းသူမဲ့ ဒရုန်းတစ်စီးကိုပစ်ချ NOM

မကွေးမြို့နယ်၊ သက်ရင်းတောကျေးရွာအုပ်စု၊ စည်ပင်ကျေးရွာနေ ဦးလှမြင့်ဦး၊ ဦးလှရွှေဦး၊ ဦးအေးလွင်၊ ဒေါ်မိုးမိုး၊ ဦးထွန်းမြင့်တို့ ၅
+4
မကွေးမြို့နယ်၊ သက်ရင်းတောကျေးရွာအုပ်စု၊ စည်ပင်ကျေးရွာနေ ဦးလှမြင့်ဦး၊ ဦးလှရွှေဦး၊ ဦးအေးလွင်၊ ဒေါ်မိုးမိုး၊ ဦးထွန်းမြင့်တို့ ၅ ဦးအား ဖေဖော်ဝါရီလ ၂၈ ရက်နေ့ နေ့လယ် ၁ နာရီ ၅၀ မိနစ်အချိန်၌ PDF အကြမ်းဖက်အဖွဲ့က အဆိုပါကျေးရွာအတွင်းဝင်ရောက်လာပြီး သေနတ်များဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သဖြင့် ၎င်းတို့ (၅)ဦးလုံးတွင် ကျည်ထိမှန်ဒဏ်ရာများရကာ သေဆုံးသွားခဲ့ကြောင်းသိရသည်။ NOM

"ဟော်မုဇ် ရေလက်ကြားကို ဖြတ်သန်းရန် ကြိုးပမ်းသည့် နောက်ထပ် သင်္ဘောတစ်စီးကို အီရန် တော်လှန်ရေး အစောင့်တပ်ဖွဲ့ (IRGC) ရေတပ်က တို
"ဟော်မုဇ် ရေလက်ကြားကို ဖြတ်သန်းရန် ကြိုးပမ်းသည့် နောက်ထပ် သင်္ဘောတစ်စီးကို အီရန် တော်လှန်ရေး အစောင့်တပ်ဖွဲ့ (IRGC) ရေတပ်က တိုက်ခိုက်လိုက်ကြောင်းသိရသည်။" NOM

+5
အစ္စရေးနိုင်ငံ၊ ဘိတ်ရှီးမက်ရှ်မြို့သို့ အီရန် ဟိုက်ပါ ဆိုးနစ်ဒုံးကျည်ကျရောက်ပေါက်ကွဲသည့် ဗီဒီယို။ ပေါက်ကွဲမှုကြောင့် အဆောက်အအုံများထိခိုက်ပျက်စီးခဲ့ပြီး လူပေါင်းဆယ်ဂဏန်းခန့် သေဆုံး၊ ဒဏ်ရာရရှိမှုများရှိနေကြောင်းသိရသည်။ NOM

နိုင်ငံရေးဖိအား၊ စစ်ရေးဖိအား၊ အခွန်လမ်းကြောင်း ဖြတ်တောက်မှု၊ ငြိမ်းချမ်းရေး Package အပါအဝင် တရားမဝင် သယံဇာတ တူးဖော်မှုတွေကို
+3
နိုင်ငံရေးဖိအား၊ စစ်ရေးဖိအား၊ အခွန်လမ်းကြောင်း ဖြတ်တောက်မှု၊ ငြိမ်းချမ်းရေး Package အပါအဝင် တရားမဝင် သယံဇာတ တူးဖော်မှုတွေကို တပြိုင်နက်တည်း ချေမှုန်းတည်ဆောက်နိုင်မှ ဆွေးနွေးမှုတွေ ရလဒ် ထွက်ပါ့မယ်။ စစ်ရေးမပါတဲ့ ငြိမ်းချမ်းရေး ကမ်းလှမ်းမှု သီးသန့် က ဩဇာ မသက်ရောက်ဘူး။ စစ်ရေးဟာ ငြိမ်းချမ်းရေး စားပွဲဝိုင်း အတွက် အဓိက တွန်းအားပဲ။ သယံဇာတ နဲ့ အဓိက ဝင်ငွေလမ်းကြောင်း ဖြတ်တောက်နိုင်မှ အကြမ်းဖက်တွေရဲ့ ငွေကြေးလက်နက် စီးဆင်းမှုကို တားဆီးနိုင်မှာ။ ရေရှည်တိုက်ရတဲ့ စစ်ပွဲမှာ ဘဏ္ဍာရေးက စကားပြောပါတယ်။ (နရီမိုး)

အစ္စရေးနိုင်ငံ ဘိတ်ရှီးမက်ရှ်မြို့ကို အီရန်ဒုံးကျည်ထိမှန်ထားသည့် မြင်ကွင်း NOM

အစ္စရေးနိုင်ငံ ဘိတ်ရှီးမက်ရှ်မြို့တွင် ထိခိုက်သေဆုံးမှုများရှိ ဟီဘရူး (အစ္စရေး) မီဒီယာများ၏ ဖော်ပြချက်အရ အီရန်၏ ဒုံးကျည်ဖြင့်
+1
အစ္စရေးနိုင်ငံ ဘိတ်ရှီးမက်ရှ်မြို့တွင် ထိခိုက်သေဆုံးမှုများရှိ ဟီဘရူး (အစ္စရေး) မီဒီယာများ၏ ဖော်ပြချက်အရ အီရန်၏ ဒုံးကျည်ဖြင့် တိုက်ခိုက်မှုကြောင့် ဘိတ်ရှီးမက်ရှ် (Beit Shemesh) မြို့တွင် လူအမြောက်အမြား ထိခိုက်သေဆုံးမှုများ ရှိနေကြောင်း သိရသည်။ NOM

ရုရှားနိုင်ငံရဲ့ ယူရေးရှားလှုပ်ရှားမှု ကို တည်ထောင်သူ ဒဿနပညာရှင် အလက်ဇန္ဒား ဒူဂင် (Alexander Dugin) က X လူမှုကွန်ရက်မှာ အောက်
ရုရှားနိုင်ငံရဲ့ ယူရေးရှားလှုပ်ရှားမှု ကို တည်ထောင်သူ ဒဿနပညာရှင် အလက်ဇန္ဒား ဒူဂင် (Alexander Dugin) က X လူမှုကွန်ရက်မှာ အောက်ပါအတိုင်းရေးသားခဲ့ပါတယ် 👇 "အီရန်ခေါင်းဆောင် ခါမေနီ နဲ့ နိုင်ငံရေးခေါင်းဆောင်တွေ သေဆုံးခဲ့ရတဲ့ ဖြစ်ရပ်ဟာ အမေရိကန်နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ လုပ်လို့ရတယ်လို့ ယုံကြည်နေတဲ့သူတွေအတွက် သင်ခန်းစာတစ်ခုပဲ။" NOM

ငလျင်ကြောင့် ပျက်စီးသွားသော ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးရှိ လမ်း၊ တံတားများ ပြန်လည်ပြုပြင် ဖေဖော်ဝါရီ ၂၈၊ ၂၀၂၆ ဆောက်လုပ်ရေးဝ
ငလျင်ကြောင့် ပျက်စီးသွားသော ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးရှိ လမ်း၊ တံတားများ ပြန်လည်ပြုပြင် ဖေဖော်ဝါရီ ၂၈၊ ၂၀၂၆ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး (နေပြည်တော်-ရန်ကုန်အပိုင်း) ရှိ ငလျင်ကြောင့် ပျက်စီးသွားသော လမ်း၊ တံတားများ ပြန်လည်ပြုပြင်တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။ ဦးစွာ ရန်ကုန် - မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် (၁၆၅/၁ - ၁၆၅/၃) ကြားရှိ ဆွာချောင်းတံတား (အပြန်)တည်ဆောက်ရေးလုပ်ငန်းခွင် ရှင်းလင်းဆောင်သို့ ရောက်ရှိရာ တံတားအထူးအဖွဲ့မှ တာဝန် ရှိသူက ၂၀၂၅ -၂၀၂၆ ဘဏ္ဍာနှစ် ရရှိရန်ပုံငွေဖြင့် လုပ်ငန်းများ ဆောင်ရွက်နေမှု၊ PileCap နှင့် Shaft, Top Beam သံတပ်ဆင်ခြင်း၊ ကွန်ကရစ်လောင်းခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ Steel Plat Girde တပ်ဆင်ရန်ဆောင်ရွက်ထားရှိမှုအခြေအနေ၊ တံတားတည်ဆောက်ရာတွင် မြေငလျင်ဒဏ်ခံနိုင်သည့် အုတ်မြစ်ဒီဇိုင်းရရှိရေးအတွက် ပုံမှန်မြေစမ်းသပ်ခြင်းလုပ်ငန်းများအပြင် ဘူမိရူပဗေဒတိုင်းတာခြင်း (Geophysical Survey) အား ကျွမ်းကျင်ပညာရှင်များဖြင့် ခေါ်ယူစမ်းသပ်ဆောင်ရွက်ခဲ့မှုအခြေအနေ၊ တံတား၏ငလျင်ဒဏ်ပြင်းအား အများဆုံးသက်ရောက် သည့်အစိတ်အပိုင်းများတွင် မူလအသုံးပြုသည့် HRB 500 သံချောင်းလုံးများထက် ပိုမိုအားကောင်းသည့် HRB 500 E အမျိုးအစား သံချောင်းလုံးများအား ထည့်သွင်းတည်ဆောက်သည့် အခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစီမံချက်များကို ရှင်းလင်းတင်ပြပြီး တံတားဦးစီးဌာန အင်ဂျင်နီယာချုပ်နှင့် လမ်းဦးစီးဌာန အင်ဂျင်နီယာချုပ်တို့က ဖြည့်စွက်ရှင်းလင်းတင်ပြကြသည်။ တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးသည် အရေးပါသော ဆက်သွယ်မှုလမ်းကြောင်းဖြစ်သည့်အတွက် လမ်းပန်းဆက်သွယ်မှု မပြတ်တောက်စေရန်နှင့် မော်တော်ယာဉ်များသွားလာရာတွင် အချိန်ကြန့်ကြာမှုမရှိစေရေး တာဝန်ရှိသူများက စနစ်တကျကြပ်မတ် ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ အသွားလမ်း တံတား၏ကြံ့ခိုင်မှုအား စဉ်ဆက်မပြတ်စစ်ဆေး တိုင်းတာရန် လိုအပ်ကြောင်း၊ တံတားချဉ်းကပ်လမ်းနှင့် တံတားအတက်အဆင်းနေရာများ အဆင်ပြေချောမွေ့အောင် လမ်းဦးစီးဌာနနှင့် တံတားဦးစီးဌာနတို့က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး အထူးအလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်း မှာကြားပြီး လုပ်ငန်းခွင်အတွင်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေတို့ကို အသေးစိတ်ကြည့်ရှုစစ်ဆေးသည်။ ထို့နောက် ငလျင်ကြောင့် ပျက်စီးသွားသော ရန်ကုန်- မန္တလေးအမြန်လမ်း မိုင်တိုင် ၁၈၆/၃ မှ ၁၈၇ /၀ အတွင်း ကတ္တရာကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက ကတ္တရာကွန်ကရစ်မခင်းမီ အောက်ခံကတ္တရာကွန်ကရစ် မျက်နှာပြင်အဟောင်း၌ ရှိသော ဆက်ကြောင်းများ ကွဲအက်ကြောင်းများကို အသစ်ထပ်ပိုးကတ္တရာ ကွန်ကရစ်မျက်နှာပြင်လွှာသို့ မရောက်ရှိစေရေးအတွက် စံချိန်စံညွှန်းပြည့်မီသော Geo-Grid အခင်းများနှင့် ကတ္တရာကွန်ကရစ်ခင်းရာတွင် အရည်အသွေးပြည့်မီစေရေးအတွက် အရေးကြီးသည့် သတ်မှတ် Temperature များအတိုင်း အတိအကျလိုက်နာစစ်ဆေးဆောင်ရွက်ရန်၊ သတ်မှတ် Mixed Design အတိုင်း ဖျော်စပ်ဆောင်ရွက်သွားရန် မှာကြားသည်။ ယင်းနောက် ရန်ကုန် - မန္တလေးအမြန်လမ်း မိုင်တိုင် ၁၄၅/၁ မှ ၁၄၅ /၄ ရှိ ခပေါင်းတံတား အသွားလမ်း ရန်ကုန်ဘက်ကမ်းချဉ်းကပ်လမ်းတွင် Cement Grout မှုတ်သွင်းခြင်းလုပ်ငန်း ဆောင်ရွက် နေမှုကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းဆိုင်ရာများ မှာကြားသည်။ ဆက်လက်၍ ရန်ကုန် - မန္တလေးအမြန်လမ်းမကြီး ၁၁၅မိုင် (ဖြူး) တိုးလ်ဂိတ်သို့ရောက်ရှိရာ တိုးလ်ဂိတ်တွင် လမ်းအသုံးပြုခကောက်ခံနေမှုနှင့် မော်တော်ယာဉ်များ ဖြတ်သန်းသွားလာနေမှုအခြေအနေ၊ လမ်းအသုံးပြုခကောက်ခံရရှိမှုအခြေအနေ၊ တိုးလ်ဂိတ်အဆောက်အအုံ၊ CCTV အခန်းတို့ကို ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက ကောက်ခံရရှိမှုစာရင်းဇယားများကို မှန်ကန်မှုရှိစေရန်၊ တိုးလ်ဂိတ်ပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်ပြီး ဥပဓိရုပ်ကောင်းမွန်စေရေး တာဝန်ရှိသူအဆင့်ဆင့်က ကြီးကြပ်ဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်းသိရသည်။ NOM

ယူအေအီးနဲ့ အိုမန်ကမ်းရိုးတန်းအနီး၊ ဟော်မုဇ် ရေလက်ကြားရဲ့ အပြင်ဘက်မှာ ရေနံတင်သင်္ဘော အစီး ၁၀၀ လောက် ဆိုက်ရပ်ထားပါတယ်။ အဆိုပါသင်္ဘောတွေဟာ ရေလက်ကြားကို ဖြတ်သန်းသွားလာခွင့်ရဖို့အတွက် အီရန်တော်လှန်ရေးအစောင့်တပ် ဆီက အမိန့်ကို စောင့်ဆိုင်းနေကြတာဖြစ်ပါတယ်။ NOM

တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲဝင်များအား တာဝန်ထမ်းဆောင်မှုအထူးထောက်ပံ့ကြေးပေးအပ်မည် NOM၊မတ်၁၊၂၀၂၆ နိုင်ငံတော်ကာကွ
တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲဝင်များအား တာဝန်ထမ်းဆောင်မှုအထူးထောက်ပံ့ကြေးပေးအပ်မည် NOM၊မတ်၁၊၂၀၂၆ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ထမ်းဆောင်နေကြရသည့် တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲဝင်များသည် တာဝန်ထမ်းဆောင်ရသည့် သဘောသဘာဝအရ ရာသီမရွေး၊ နေရာမရွေး၊ အချိန်အခါမရွေး ပင်ပန်းကြမ်းတမ်းစွာဖြင့်သက်စွန့် တာဝန်ထမ်းဆောင်ရခြင်း၊ တာဝန်ထမ်းခဲ့သည့်ကာလတစ်လျောက် ပေးအပ်သည့်တာဝန်ကို ကျေပွန်စွာထမ်းဆောင်ခြင်းတိုအား နိုင်ငံတော်က အသိအမှတ်ပြုကာ ဂုဏ်ပြုချီးမြှင့်သည့်အနေဖြင့် အမှုထမ်းသက်အပေါ် မူတည်၍ တာဝန်ထမ်းဆောင်မှုအထူးထောက်ပံ့ကြေး ကို လစဉ် ပေးအပ်သွားမည်ဖြစ်သည်။

အိုမန်ပင်လယ်ကွေ့အတွင်း ရေနံတင်သင်္ဘော တိုက်ခိုက်ခံရမှု အိုမန်ပင်လယ်ကွေ့အတွင်း အီရန်ရဲ့ တိုက်ခိုက်မှုကြောင့် ပလောင်းကျွန်းနိုင်ငံ (Palau) အလံလွှင့်ထူထားတဲ့ စကိုင်းလိုက် အမည်ရှိ ရေနံတင်သင်္ဘော မီးလောင်ကျွမ်းခဲ့ပါတယ်။ သင်္ဘောပေါ်မှာရှိတဲ့ အမှုထမ်း ၂၀ ဦးစလုံးကို ဘေးလွတ်ရာသို့ ကယ်ထုတ်နိုင်ခဲ့ပါတယ်။ ကယ်ထုတ်နိုင်ခဲ့တဲ့ အမှုထမ်းတွေထဲက ၄ ဦးမှာ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ NOM

အရှေ့အလယ်ပိုင်း အခြေအနေ သတင်းအကျဉ်း လေဆိပ်များ ပိတ်မှု - ဒူဘိုင်း၊ အဘူဒါဘီ၊ ဒိုဟာ၊ ကူဝိတ်နဲ့ ဘာရိန်း လေဆိပ်တွေအားလုံး ပိတ်ထားရပါတယ်။ တိုက်ခိုက်မှုများ - အမေရိကန် စစ်အခြေစိုက်စခန်း ဒါဇင်ပေါင်းများစွာ တိုက်ခိုက်ခံနေရသလို၊ စီးပွားရေးနဲ့ နိုင်ငံရေးဆိုင်ရာ အခြေခံအဆောက်အအုံတွေလည်း ပစ်မှတ်ထား တိုက်ခိုက်ခံနေရပါတယ်။ ကာလကြာရှည်နိုင်မှု - အီရန်နိုင်ငံအနေနဲ့ ဒီလိုတိုက်ခိုက်မှုတွေကို လပေါင်းများစွာကြာအောင် ဆက်လက်လုပ်ဆောင်သွားနိုင်တဲ့ အင်အားရှိပါတယ်။ NOM

🇮🇷 💬"အီရန်နိုင်ငံက ပင်လယ်ကွေ့နိုင်ငံများရှိ အမေရိကန်စစ်အခြေစိုက်စခန်းများကို ပိတ်ပစ်ရန် တိုက်တွန်း" အီရန်နိုင်ငံသည် ပါရှန်ပင်လယ်ကွေ့ဒေသတွင်းရှိ နိုင်ငံများထံ ဆက်သွယ်ကာ ၎င်းတို့နိုင်ငံများရှိ အမေရိကန်စစ်အခြေစိုက်စခန်းများကို ပိတ်ပစ်ရန် တိုက်တွန်းလိုက်ကြောင်းသိရသည်။ အကယ်၍ ထိုစခန်းများကို မပိတ်ပါက အီရန်အစိုးရအနေဖြင့် "ပြန်လည်တုံ့ပြန် တိုက်ခိုက်ခြင်းမှလွဲ၍ အခြားရွေးချယ်စရာမရှိ" ဖြစ်လာလိမ့်မည်ဟု အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ် ဆာအိဒ် ခါတစ်ဘ်ဇာဒေး က ပြောကြားခဲ့သည်။ ၎င်းက CNN နှင့် ပြုလုပ်သည့် အင်တာဗျူးတွင် "အီရန်အနေနဲ့ အမေရိကန်ပြည်မကြီးထဲကို ထိုးဖောက်ဝင်ရောက်ဖို့ မဖြစ်နိုင်တာကြောင့် အမေရိကန်ရဲ့ စီရင်ပိုင်ခွင့်အောက်မှာရှိတဲ့ ဘယ်စစ်အခြေစိုက်စခန်းကိုမဆို တိုက်ခိုက်ဖို့ကလွဲလို့ ကျွန်တော်တို့မှာ အခြားရွေးချယ်စရာ မရှိပါဘူး" ဟု ထည့်သွင်းပြောကြားခဲ့သည်။ NOM

🇮🇷 - အမေရိကန်နှင့် အစ္စရေးပူးပေါင်းတပ်ဖွဲ့များသည် အီရန်နိုင်ငံ၊ တီဟီရန်မြို့ရှိ အီရန်ကြက်ခြေနီအသင်း (Red Crescent Society)
🇮🇷 - အမေရိကန်နှင့် အစ္စရေးပူးပေါင်းတပ်ဖွဲ့များသည် အီရန်နိုင်ငံ၊ တီဟီရန်မြို့ရှိ အီရန်ကြက်ခြေနီအသင်း (Red Crescent Society) ၏ ဌာနချုပ်ကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ NOM

+1
ပါကစ္စတန် နိုင်ငံကရာချိမြို့ရှိအမေရိကန်ကောင်စစ်ဝန်ရုံးအတွင်းမှအမေရိကန်မရိန်းတပ်ဖွဲ့၏ပစ်ခတ်မှုကြောင့်ပါကစ္စတန်လူငယ်၈ဦးသေဆုံးကာ၂၀ဦးဒဏ်ရာရပြီးနောက်ဒေါသထွက်နေသောလူအုပ်ကြီးကေကာင်စစ်ဝန်ရုံးကိုမီးတင်ရှို့လိုက်သည်။

◾️ ပတ်လမ်းနိမ့်တဲ့ ဂြိုလ်တုတွေက ကမ္ဘာမြေပြင်ကို ပတ်ဖို့ ၂ နာရီပတ်ခြာလည်လောက်ပဲ အချိန်ယူရမယ်။ လက်ရှိ သုံးနေကြတဲ့ Star link တို့၊ ISS တို့လို ဂြိုလ်တုတွေက တစ်နေ့စာ အတွက် အကြိမ်ရေ ၁၅ ကြိမ်လောက် ပတ်နိုင်တယ်။ ------ ◾️ အလယ်အလတ် ပတ်လမ်းမှာရှိတဲ့ ဂြိုလ်တုတွေကတော့ ကမ္ဘာကို တစ်ပတ်ပတ်နိုင်ဖို့ (၂)နာရီအထက် ကြာနိုင်လိမ့်မယ်။ တချို့ ဂြိုလ်တုတွေဆိုရင်လည်း ၁၂ နာရီ လောက် အချိန်ယူလိမ့်မယ်။ ----- ◾️ ပတ်လမ်းအမြင့်ဆုံးက ဂြိုလ်တုကြီးတွေကတော့ ကမ္ဘာကို တစ်ပတ်ပတ်ဖို့ တစ်ရက် လောက်ကြာတယ်။ ----- ပြောချင်တာက…လက်ရှိ အီရန်စစ်ပွဲမှာ တရုတ်ဘက်က ထုတ်ပြန်လာတဲ့ ဂြိုလ်တု မြင်ကွင်း ဓာတ်ပုံအကြောင်းကို ပြောချင်တာပါ။ ဒီဓာတ်ပုံက အီရန်ရဲ့ တာဝေးပစ်ဒုံး ကျည်ကြောင့် ကူဝိတ်မှာ ရှိတဲ့ အလီအယ်လ်ဆလမ် (Ali Al-Salem) လေတပ်စခန်း ထိခိုက်ပျက်စီးမှု အခြေအနေပါ။ အာကာသလုပ်ငန်းစဉ်နဲ့ ဂြိုလ်တုလွှင့်တင်နိုင်မှုက ဘယ်လောက် တောင်အရေးပါစေသလဲ ဆိုတာ ဒီလိုမြင်ကွင်းဓာတ်ပုံကို မြင်လိုက်တာနဲ့ သိသာစေပါတယ်။ လက်ရှိ မိုင်ပေါင်းများ စွာအကွာအဝေးကဖြစ်တဲ့ စစ်ပွဲတွေမှာတောင် နည်းပညာရဲ့စွမ်းပကားကို အထင်းသားကြီး မြင်ရနိုင်တယ်။ ဂြိုလ်တု/UAV တွေနဲ့ စောင့်ကြည့်ပြီး တိုက်ပွဲဆင်နွှဲနိုင်လေလေ၊ စစ်ပွဲအလေးသားမှုက ကိုယ့်ဘက်ရှိ လေလေ ပါပဲ။ အနာဂတ်မှာ HR ချွေတာပြီး နည်းပညာနဲ့သာ စစ်တိုက်နိုင်အောင် ဖန်တီးသွား သင့်ပါပြီ။ (နရီမိုး)

🇦🇪 🔥 - ဒူဘိုင်းမြို့ မီးလောင်ကျွမ်းနေ၊ ဒေသတွင်းရှိ အမေရိကန် အကျိုးစီးပွားများကို အီရန်ကပစ်မှတ်ထားတိုက်ခိုက်လျက်ရှိ NOM

🇮🇷 - အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ၏ စစ်သေနာပတိချုပ်သစ်အဖြစ် အာမက် ဗာဟီဒီ (Ahmad Vahidi) ကို ခန့်အပ် အီရန်နိုင်ငံသည
🇮🇷 - အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ၏ စစ်သေနာပတိချုပ်သစ်အဖြစ် အာမက် ဗာဟီဒီ (Ahmad Vahidi) ကို ခန့်အပ် အီရန်နိုင်ငံသည် ၎င်း၏ အထူးတပ်ဖွဲ့ဖြစ်သော အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ၏ အကြီးအကဲအဖြစ် ဝါရင့်တော်လှန်ရေးသမားတစ်ဦးကို အစားထိုးခန့်အပ်လိုက်ပြီ ဖြစ်သည်။ အာမက် ဗာဟီဒီ နှင့် ပတ်သက်သည့် အချက်အလက်များ 👇 ကိုယ်ရေးရာဇဝင် - အသက် (၆၇) နှစ်ရှိပြီဖြစ်သော ဗာဟီဒီသည် IRGC ကို စတင်တည်ထောင်သူတစ်ဦးဖြစ်ပြီး အီရန်-အီရတ်စစ်ပွဲတွင် ပါဝင်ခဲ့သူ ဝါရင့်တစ်ဦးဖြစ်သည်။ ယခင်တာဝန်များ - ၎င်းသည် ယခင်က ကဒ်စ်တပ်ဖွဲ့ (Quds Force) ကို (၁၉၈၈-၁၉၉၇) အထိ ကွပ်ကဲခဲ့ပြီး ကာကွယ်ရေးဝန်ကြီး (၂၀၀၉-၂၀၁၃) နှင့် ပြည်ထဲရေးဝန်ကြီး (၂၀၂၁-၂၀၂၄) အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ယခုရာထူးမတိုင်မီ ၂၀၂၅ အောက်တိုဘာလတွင် အီရန်လက်နက်ကိုင်တပ်ဖွဲ့များ၏ ဒုတိယစစ်သေနာပတိချုပ်အဖြစ် တာဝန်ပေးခြင်းခံခဲ့ရသည်။ နိုင်ငံတကာ ဝရမ်းနှင့် အရေးယူပိတ်ဆို့မှု - ၁၉၉၄ ခုနှစ်တွင် အာဂျင်တီးနားနိုင်ငံ၊ ဗျူနိုအေးရိစ်မြို့ရှိ အာဆိုစီယာစီယွန်း မူတူရယ် အစ္စရေးလ်လီတာ အာဂျင်တီးနား (Asociación Mutual Israelita Argentina) (AMIA) အမည်ရှိ အာဂျင်တီးနား-အစ္စရေး အပြန်အလှန်ကူညီရေးအသင်း အဆောက်အအုံ ဗုံးခွဲမှု (လူ ၈၅ ဦး သေဆုံးခဲ့ပြီး ၃၀၀ ကျော်ဒဏ်ရာရမှု) တွင် ပါဝင်ပတ်သက်သည်ဟု သံသယရှိခြင်းကြောင့် ၂၀၀၇ ခုနှစ်ကတည်းက နိုင်ငံတကာရဲတပ်ဖွဲ့၏ အလိုရှိစာရင်းတွင် ပါဝင်နေသူဖြစ်သည်။ ထို့အပြင် အမေရိကန်နှင့် အီးယူ (EU) တို့၏ ဒဏ်ခတ်ပိတ်ဆို့မှုကိုလည်း ခံထားရသည်။ ရာထူးအပြောင်းအလဲ - ၎င်းသည် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလတွင် အီရန်လက်နက်ကိုင်တပ်ဖွဲ့များ၏ ဒုတိယစစ်သေနာပတိချုပ် ဖြစ်လာခဲ့ပြီး လအနည်းငယ်အကြာ (ယနေ့ ၂၀၂၆ မတ်လ ၁ ရက်) တွင် IRGC ၏ အမြင့်ဆုံးရာထူးကို ရရှိခဲ့ခြင်းဖြစ်သည်။ NOM