es
Feedback
News Of Myanmar

News Of Myanmar

Ir al canal en Telegram

📈 Análisis del canal de Telegram News Of Myanmar

El canal News Of Myanmar (@newsofmyanmar) en el segmento lingüístico de Birmano es un actor destacado. Actualmente la comunidad reúne a 12 489 suscriptores, ocupando la posición 15 905 en la categoría Noticias y medios y el puesto 10 046 en la región Birmania.

📊 Métricas de audiencia y dinámica

Desde su creación el невідомо, el proyecto ha mostrado un crecimiento acelerado, reuniendo a 12 489 suscriptores.

Según los últimos datos del 29 junio, 2026, el canal mantiene una actividad estable. En los últimos 30 días la variación de miembros fue de -225, y en las últimas 24 horas de -7, conservando un alto alcance.

  • Estado de verificación: No verificado
  • Tasa de interacción (ER): El promedio de interacción de la audiencia es 9.58%. Durante las primeras 24 horas tras publicar, el contenido suele obtener 6.60% de reacciones respecto al total de suscriptores.
  • Alcance de las publicaciones: Cada publicación recibe en promedio 1 197 visualizaciones. En el primer día suele acumular 824 visualizaciones.
  • Reacciones e interacción: La audiencia responde de forma activa: el promedio de reacciones por publicación es 15.

📝 Descripción y política de contenido

El autor describe el recurso como un espacio para expresar opiniones subjetivas:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

Gracias a la alta frecuencia de actualizaciones (últimos datos recibidos el 30 junio, 2026), el canal mantiene la vigencia y un amplio alcance. La analítica demuestra que la audiencia interactúa activamente con el contenido, lo que lo convierte en un punto de referencia dentro de la categoría Noticias y medios.

12 489
Suscriptores
-724 horas
-67 días
-22530 días
Archivo de publicaciones
ရန်ကုန်တိုင်းအတွင်း YBS ယာဉ်မတော်တဆမှု ၂၀၂၄ခုနှစ်ထက်၂၀၂၅ ခုနှစ်အတွင်း သိသိသာသာလျော့ကျလာဟုဆို NOM၊မတ်၁၊၂၀၂၆ ရန်ကုန်တိုင်းအတွင်း YBS ယာဉ်လိုင်းများယာဉ်မတော်တဆမှု မှာ၂၀၂၄ခုနှစ်ထက်၂၀၂၅ခုနှစ်အတွင်း သိသိသာသာလျော့ကျလာသည့်ဟု ရန်ကုန်တိုင်းဒေသကြီး ဦးကြပ်မှုကော်မတီ(YRTC)မှထုတ်ပြန်ချက်များရ သိရသည်။ ၂ဝ၂၄ ခုနှစ်အတွင်း YBS ယာဉ်မတော်တဆမှု (၇၃) မှုဒဏ်ရာရသူ (၁၄၁)ဦး၊ သေဆုံး (၃၆)ဦးရှိခဲ့ရာမှ ၂ဝ၂၅ ခုနှစ် တွင်ယာဉ်မတော်တဆမှု (၇၀)မှု၊ ဒဏ်ရာရသူ (၅၄)ဦး၊ သေဆုံးသူ (၃၀)ဦးအထိ ကျဆင်းခဲ့သည့်အတွက်ယခင်နှစ်ထက် ယာဉ်မတော်တဆမှု (၃)မှု၊ ဒဏ်ရာရသူ (၈၇)ဦး၊ သေဆုံးသူ (၆)ဦးအထိသိသိသာသာလျော့ကျလာ ကြောင်းသိရသည်။ ရန်ကုန်တိုင်းဒေသကြီး ဦးကြပ်မှုကော်မတီ(YRTC) အနေဖြင့် YBS ကုမ္ပဏီများ အများပိုင်ကုမ္ပဏီဖြစ်အောင် စနစ်တကျ ကြီးကြပ်ဆောင် ရွက်နေသလို၊ YBS ယာဉ်မောင်းများ စနစ်တကျဖြစ်ရေး၊ ယာဉ်အန္တရာယ်၊ လမ်း အန္တရာယ် ကင်းရှင်းရေးအတွက် လက်ရှိအချိန်ထိ ကြီးကြတ်ဆောင်ရွက် နေကြောင်းသိရသည်။

🇴🇲 - "အိုမန်နိုင်ငံ၊ ဒူးကမ်ဆိပ်ကမ်းအား အီရန်ဒရုန်းများဖြင့် တိုက်ခိုက်ခံရ" အိုမန်နိုင်ငံရှိ ကုန်သွယ်ရေးဆိပ်ကမ်းဖြစ်သော ဒူးကမ်ဆိပ်ကမ်းကို အီရန်ဒရုန်းနှစ်စင်းဖြင့် တိုက်ခိုက်ခဲ့ကြောင်းသိရသည်။ ဒူးကမ်ဆိပ်ကမ်းသည် ဟော်မုဇ်ရေလက်ကြား၏ အပြင်ဘက် အာရေဗျပင်လယ်ပေါ်တွင် တိုက်ရိုက်တည် ရှိသည်။ အမေရိကန်ပြည်ထောင်စုသည် ဒူးကမ်ဆိပ်ကမ်းကို မဟာဗျူဟာမြောက် ထောက်ပံ့ပို့ဆောင်ရေးဗဟိုချက်အဖြစ် အသုံးပြုရန် အိုမန်နိုင်ငံနှင့် စစ်ရေးဆိုင်ရာ သဘောတူညီချက် လက်မှတ်ရေးထိုးထားသည်။ ဤနေရာသည် အရှေ့အလယ်ပိုင်းဒေသရှိ အမေရိကန်၏ အသစ်ဆုံးနှင့် အရေးအပါဆုံး စစ်ရေးအခြေစိုက်စခန်းများထဲမှ တစ်ခုဖြစ်သည်။ NOM

"အီရန်ဒုံးကျည်တစ်စင်းကို ကြားဖြတ်ဟန့်တားဖို့ ကြိုးပမ်းရာမှာ ပေထရီယော့ (Patriot) လေကြောင်းရန်ကာကွယ်ရေးစနစ်က မအောင်မြင်ခဲ့တဲ့ အခိုက်အတန့်ကို ကာတာနိုင်ငံ၊ အယ်လ်အူဒိုက် လေတပ်စခန်းမှာရှိတဲ့ အမေရိကန်စစ်သည်တွေက ရိုက်ကူးထားနိုင်ခဲ့ပါတယ်။" NOM

🇶🇦- ကာတာနိုင်ငံ ဒိုဟာမြို့တော်ရှိ လေဆိပ်အခြေအနေ NOM

🇮🇷 🇮🇷 - "အီရန်လေတပ်က အမေရိကန်အခြေစိုက်စခန်းများကို ဗုံးကြဲတိုက်ခိုက်" အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံ လေတပ်မှ လေသူရဲများသည် ဒေသတွင်းရှိ အမေရိကန်စစ်အခြေစိုက်စခန်းများကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံ တပ်မတော်က ၎င်းတို့၏ ထုတ်ပြန်ချက်တွင် အောက်ပါအတိုင်း ကြေညာခဲ့သည် - လွန်ခဲ့သော မိနစ်ပိုင်းခန့်က အီရန်လေတပ်မှ ကျွမ်းကျင်လေသူရဲများသည် ပင်လယ်ကွေ့နိုင်ငံများနှင့် အီရတ်နိုင်ငံ၊ ကာဒစ္စတန်ဒေသရှိ အမေရိကန်စစ်အခြေစိုက်စခန်းများကို စစ်ဆင်ရေးအဆင့်ဆင့်ဖြင့် အောင်မြင်စွာ ဗုံးကြဲတိုက်ခိုက်နိုင်ခဲ့သည်။ အီရန်တပ်မတော်က အလေးပေးပြောကြားသည်မှာ - ဒေသတွင်းရှိ ရန်သူ့စစ်ဘက်ဆိုင်ရာ ဗဟိုဌာနအားလုံးသည် အီရန်လေတပ်တိုက် လေယာဉ်များ၏ လက်လှမ်းမီရာ အကွာအဝေးအတွင်း၌သာ ရှိနေသည်။ NOM

🇦🇪 - ယနေ့ နံနက် ဒူဘိုင်းအား အီရန်က လက်တုံ့ပြန်တိုက်ခိုက်မှုအတွင်း အမေရိကန်နိုင်ငံသားများ ထခိုက်ဒဏ်ရာရ။ NOM

"အီရန်အဓိပတိခေါင်းဆောင်ကြီးခါမေနီ လုပ်ကြံသတ်ဖြတ်ခံရသည့် သတင်းကြားပြီးနောက် ဒေါသထွက်နေသည့် ပါကစ္စတန်ပြည်သူများက ကရာချီမြို့ရှိ အမေရိကန်ကောင်စစ်ဝန်ရုံးကို မီးရှို့ဖျက်ဆီးနေကြစဉ်" NOM

အမေရိကန်နှင့် အစ္စရေးတို့၏ ဒုံးခွင်းဒုံးကျည်လက်ကျန် ပမာဏမှာ "နည်းပါး" နေပြီဖြစ်ကြောင်း Bloomberg ဖော်ပြ NOM
အမေရိကန်နှင့် အစ္စရေးတို့၏ ဒုံးခွင်းဒုံးကျည်လက်ကျန် ပမာဏမှာ "နည်းပါး" နေပြီဖြစ်ကြောင်း Bloomberg ဖော်ပြ NOM

🇮🇷 🇮🇷 - သတင်းများအရ ကွယ်လွန်သူ အီရန်အဓိပတိခေါင်းဆောင် ကြီး၏နေရာတွင် ၎င်း​၏သားဖြစ် သူ မော်ဂျတာဘာ ခါမေနီ (Mojtaba Khamenei)
🇮🇷 🇮🇷 - သတင်းများအရ ကွယ်လွန်သူ အီရန်အဓိပတိခေါင်းဆောင် ကြီး၏နေရာတွင် ၎င်း​၏သားဖြစ် သူ မော်ဂျတာဘာ ခါမေနီ (Mojtaba Khamenei) ကို အီရန်နိုင်ငံ၏ အဓိပတိခေါင်းဆောင်သစ် အဖြစ် အမည်စာရင်း တင်သွင်းတော့မည် ဖြစ်ကြောင်းသိရသည်။ ဖခင်ထံမှ သားထံသို့ အာဏာလွှဲပြောင်းခြင်းပင် ဖြစ်သည်။ မော်ဂျတာဘာသည် အီရန်တော်လှန်ရေး အစောင့်တပ်ဖွဲ့ (IRGC) ၏ အဓိကခန့်အပ်မှုများကို ထိန်းချုပ်ခြင်း၊ ထောက်လှမ်းရေး လုပ်ငန်းများကို ကြီးကြပ်ခြင်းနှင့် သူ၏ဖခင်ဖြစ်သူ၏ အတွင်းလူများကို စီမံခန့်ခွဲခြင်းတို့ဖြင့် အစိုးရယန္တရား၏ နောက်ကွယ်မှ အာဏာရှိသူတစ်ဦးအဖြစ် ကာလရှည်ကြာ သတ်မှတ်ခံထားရသူဖြစ်သည်။ အမေရိကန်ပြည်ထောင်စု၏ စတိုင်အတိုင်း ခါမေနီကို ဖြုတ်ချပြီး နောက်ထပ် ခါမေနီတစ်ယောက်နှင့် ပင် ပြန်လည်အစားထိုးလိုက်ခြင်း ဖြစ်သည်။ အာဖဂန်နစ္စတန် ဖြစ်ရပ်ကို မှတ်မိကြသေးရဲ့လား။ အမေရိကန်ဟာ ၂၀၀၁ ခုနှစ်မှာ အာဖဂန်နစ္စတန်ကို ကျူးကျော်ပြီး တာလီဘန် အစိုးရကို ဖြုတ်ချခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၂၁ ခုနှစ်မှာ အမေရိကန်တပ်တွေ ပြန်လည်ဆုတ်ခွာသွားတဲ့အခါ တာလီဘန်တွေကပဲ အာဏာကို ပြန်လည်သိမ်းပိုက်ခဲ့ပါတယ်။ NOM

🇮🇷🇮🇷 - "အီရန်နိုင်ငံ၊ အစ္စဖာဟန်မြို့ရှိ လူထုအင်အားအလုံးအရင်းသည် အစ္စလာမ္မစ်တော်လှန်ရေး ခေါင်းဆောင်ကြီး ကျဆုံးမှုအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် လမ်းမပေါ်ထွက်၍ စုဝေးခဲ့ကြသည်။" NOM

NOM ​၏ ကာတွန်း
NOM ​၏ ကာတွန်း

"အမေရိကန်၏ တိုက်ခိုက်မှုများ (အီရန်အဓိပတိခေါင်းဆောင်ကြီး ခါမေနီကို လုပ်ကြံသတ်ဖြတ်) အပြီးတွင် အီရန်နှင့် သံတမန်ရေးအရ အဖြေရှာရန
"အမေရိကန်၏ တိုက်ခိုက်မှုများ (အီရန်အဓိပတိခေါင်းဆောင်ကြီး ခါမေနီကို လုပ်ကြံသတ်ဖြတ်) အပြီးတွင် အီရန်နှင့် သံတမန်ရေးအရ အဖြေရှာရန် ဖြစ်နိုင်သေးကြောင်းနှင့် ယမန်နေ့ကထက်စာလျှင် ယခုအခါ ပိုမိုလွယ်ကူသွားပြီဖြစ်ကြောင်း - လျှာနှစ်ခွနှင့် သမ္မတထရန့် က ပြောကြား 🤬 NOM

🇮🇷 - အီရန်နိုင်ငံရှိ လူထုကြွေးကြော်သံများ 👇 "အီရန်လက်နက်ကိုင်တပ်ဖွဲ့ဝင်တို့ရေ... လက်စားချေပေးကြပါ၊ လက်စားချေပေးကြပါ" NOM

🇦🇪🔥- အီရန်​၏ လက်တုံ့ပြန်တိုက်ခိုက်မှုကြောင့် မီးလောင်ကျွမ်းနေသည့် ဒူဘိုင်းလေဆိပ် NOM

🇮🇶- အီရတ်နိုင်ငံ၊ ကာဒစ်စတန်ဒေသရှိ အာဘေးလ်မြို့တွင် အခြေစိုက်သည့် အမေရိကန်စစ်အခြေစိုက်စခန်း တိုက်ခိုက်ခံရပြီးနောက် မီးလောင်က
+1
🇮🇶- အီရတ်နိုင်ငံ၊ ကာဒစ်စတန်ဒေသရှိ အာဘေးလ်မြို့တွင် အခြေစိုက်သည့် အမေရိကန်စစ်အခြေစိုက်စခန်း တိုက်ခိုက်ခံရပြီးနောက် မီးလောင်ကျွမ်းလျက်ရှိသည်။ အဆိုပါတိုက်ခိုက်မှုမှာ စရာယာ အောင်လီယာ အယ်လ်-ဒမ်မ် (Saraya Awliyaa Al-Damm) (ခေါ်) 'သွေးသစ္စာစောင့်သိသူများ တပ်မဟာ' မှ ၎င်းတို့​၏လက်ချက်ဖြစ်ကြောင်း ဝန်ခံထားသည်။ စရာယာ အောင်လီယာ အယ်လ်-ဒမ်မ် (Saraya Awliyaa Al-Damm) သည် အီရတ်နိုင်ငံအခြေစိုက် ရှီယိုက်လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်ပြီး အီရတ်မြေပေါ်ရှိ အမေရိကန်တပ်ဖွဲ့များကို ဖယ်ရှားရန်ရည်ရွယ်သည့် အဖွဲ့ဖြစ်သည်။ သူတို့သည် ယခင်ကလည်း အမေရိကန်စခန်းများကို ဒရုန်းများ၊ ဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့သည့် သမိုင်းကြောင်းရှိသည်။ NOM

ယနေ့ အီရန်ဒုံးကျည်ကျရောက်ပေါက်ကွဲခဲ့သည့် ဒူဘိုင်း NOM
ယနေ့ အီရန်ဒုံးကျည်ကျရောက်ပေါက်ကွဲခဲ့သည့် ဒူဘိုင်း NOM

အီရန်အဓိပတိခေါင်းဆောင်ကြီး အယာတိုလာ အီမာမ် ခါမေနီ သည် တိုင်းပြည်အတွက် အာဇာနည်အဖြစ် အသက်ပေးလှူသွားပြီးနောက် "လက်ဘနွန်နိုင်ငံ၊ ဘေရွတ်တောင်ပိုင်းတွင် ရှီယိုက် မူဆလင်များ စုဝေးအုံကြွလာကြသည်။" NOM

🇮🇷🇮🇷 - အီရန်အဓိပတိခေါင်းဆောင်ကြီး အယာတိုလာ အီမာမ် ခါမေနီ (Grand Ayatollah Imam Khamenei) သည် အာဇာနည်အဖြစ် အသက်ပေးလှူသွားပြီဖြစ်ကြောင်း တရားဝင် ထုတ်ပြန်ကြေညာပြီးနောက်၊ အီရန်ပြည်သူတစ်ရပ်လုံး ဝမ်းနည်းပူဆွေးလျက် ရှိကြပါသည်။" NOM

အီရန်စစ်ပွဲနဲ့အတူ အရေးတကြီး ပြဿနာဖြစ်လာစေတဲ့ အချက်ကတော့ ဟော့မုဇ် ရေလက်ကြားကနေ သင်္ဘောတွေ ဖြတ်သန်းခွင့်ပိတ်လိုက်တာကလည်း ကမ္ဘာ့စွမ်းအင် စီးဆင်းမှုအရေးမှာ အဓိက စိန်ခေါ်ချက်ဖြစ်လာပါဦးမယ်။ ဟော့မုဇ်ပြဿနာကြာလာရင် ဆီဈေးတက်လာမှာ ဖြစ်သလို စက်သုံးဆီကို မှီခိုနေရတဲ့ စက်မှုလုပ်ငန်းမှာလည်း အနည်းနဲ့အများ ထိခိုက်မှာ ဖြစ်ပါတယ်။ -------- စက်သုံးဆီအရေး အပြင် လျှပ်စစ်နဲ့ ပတ်သက်ရင် မြန်မာကလည်း ကြိုပြင်ဆင်ထား ရမယ့် ကိစ္စ တွေများပါတယ်။ လိုသလောက်ဝယ်နိုင်ဖို့ နိုင်ငံခြားငွေ ရှိရမယ့်အပြင် ဈေးပါ ထပ်တက်ရင်တော့ ပိုဆိုးသွားနိုင်ပါတယ်။ ကမ္ဘာလုံးဆိုင်ရာ စွမ်းအင် ပြဿနာကိစ္စတွေမှာ မြန်မာ အနေနဲ့လည်း ကိုယ့်နည်းကိုယ်ဟန်နဲ့ အဖြေရှိထားဖို့ လိုနေတာ သေချာပါတယ်။ ------- ဒီတော့ ပြည်တွင်း ရေနံ၊ ဓာတ်ငွေ ထုတ်လုပ်ရေး တိုးမြှင့်နိုင်ဖို့လိုသလို၊ မဟာဗျူဟာ မြောက် ရေနံအရန်သိုလှောင်ရုံတွေ လည်းများများတည်ဆောက်ဖို့လည်း အရေးကြီးပါ တယ်။ ဒါ့အပြင် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ကိစ္စတွေကိုလည်း မြန်မြန်ဆန်ဆန် အရွေ့ ဖြစ်လာအောင် သေချာပေါက်ပစ် မှတ်ထား ဆောင်ရွက်ရတော့မှာပါ။ ပထမဆုံးအနေနဲ့ အထိရောက်ဆုံး ဖြစ်စေမယ်ထင် တဲ့အရာကတော့ စက်မှုဇုန်တွေကို LNG နဲ့ပေးတာအပြင် ဆိုလာ + လေးပါ ထပ်ဖြည့် ပေးနိုင်ရင်တော့ ပိုကောင်းလာနိုင်လောက်ပါတယ်။ မြို့တိုင်း နီးပါက ပြည်သူတွေ လက်လှမ်း မှီနိုင်တဲ့ ဆိုလာစနစ် ဖြစ်လာအောင် အစိုးရအနေနဲ့လည်း တွန်းအားပေးသင့်သလို လိုအပ် တဲ့ အခွန်ကင်းလွတ်ခွင့်တွေပေးနိုင်ရင် တွင်ကျယ်လာမယ့် သဘောရှိပါတယ်။ -------- ဆိုလာ+ ဘထ္ထရီ ဆိုတဲ့ (Hybrid)မှာ ကုန်ကျစရိတ်နည်းနည်းပိုနိုင်တယ်ဆိုပေမယ့် ရေရှည် ၅ နှစ်တာကာလအလွန်ရောက်ရင် ပုံမှန် EPC ကုန်ကျစရိတ်ထက်တောင်၊ သက်သာနိုင် ပါလိမ့်မယ်။  ရေအားလျှပ်စစ်ကတော့ မဖြစ်မနေ လုပ်ဆောင်ရမှာပါ။ သူကတော့ ရေရှည် တည်တံ့ စေမှာဖြစ်သလို အမှီအခိုကင်းတဲ့ စွမ်းအင်လည်း ဖြစ်ပါတယ်။ ---------- ကုန်စည်ပို့ဆောင်ရေးနဲ့ Public Transport တွေကို လျှပ်စစ်စနစ် အားကောင်းစေအောင် ဆောင်ရွက်နိုင်ရင်လည်း စက်သုံးဆီလိုအပ်ချက်လျော့ကျဖို့ အထောက်အကူ ဖြစ်စေနိုင် ပါလိမ့်မယ်။ ဆိုလာစနစ်က အိမ်သုံးနဲ့ စီးပွားရေးအသေးစားလေးတွေအတွက် အဆင်ပြေ စေသလို အစိုးရနဲ့ စက်မှုလုပ်ငန်းအကြီးစားတွေအတွက်လည်း ကြီးမားတဲ့ ဆိုလာစက်ရုံ တွေ မြှင့်တင်တည်ဆောက်ရင်းနဲ့ ဖြည့်ဆည်းနိုင်ပါတယ်။ စွမ်းအင်ပြဿနာနဲ့ပတ်သက်ရင် ကိုယ်တွေနိုင်ငံအနေနဲ့ ရေတို၊ ရေရှည်နည်းလမ်းနှစ်မျိုးစလုံးနဲ့သာ ကြိုတင်ပြင်ဆင်ထား နိုင်မှ တော်ကာကျလိမ့်မယ် ထင်ပါတယ်။ (နရီမိုး)

🇮🇷🇮🇷 - အီရန်ပြည်သူတွေရဲ့ လက်ရှိကြွေးကြော်သံများ 👇 "ငါတို့ရဲ့ ညီနောင် အီရန်တော်လှန်ရေးအစောင့်တပ်သားတို့ (IRGC) ... ငါတို့ ခေါင်းဆောင်ကြီးအတွက် ပြန်လက်စားချေပေးကြပါ၊ လက်စားချေပေးကြပါ!" NOM