es
Feedback
ဧကြည်ဖြူ၏ ဝတ္ထုများ

ဧကြည်ဖြူ၏ ဝတ္ထုများ

Ir al canal en Telegram
803
Suscriptores
+424 horas
+167 días
+4630 días
Archivo de publicaciones
အပိုင်း (၃၇) ဆက်ရန် ဧကြည်ဖြူ စာစစ်ချိန်မရလို့ စာလုံးပေါင်းတွေ မှားနေရင် သည်းခံဖတ်ပေးကြပါရှင်။

" အလင်း မဟုတ်တာတွေ မလုပ်ပါဘူး ကိုလင်းရယ် စိတ်ချပါ...အလင်းဘ၀မှာ သူတစ်ယောက်နဲ့တင် အချစ်ကို ကြောက်သွားပါပြီ ... နောက်ထပ် ဘယ်သူ့ကိုမှလဲ မချစ်တော့ပါဘူး ... " ~~~~ "ဘာ ဟန်သော်လင်းရောက်လာတယ်ပေါ့ ဟုတ်လား... ဘာလဲ သူ့တို့က ကြိုက်နေကြပြီလား " မိုးသူဇာက ဒေါသတကြီးနဲ့ မေးလိုက်တယ်။ " ဒါတော့ ကျွန်တော်မသိဘူးလေ ... မမလူပုံက တကယ်လုပ်မယ့်ပုံဗျ ....ကြည့်ရတာ တော်တော်စွဲလမ်းနေပုံပဲ " "တောက် " မိုးသူဇာက တောက်တစ်ချက်ကို ခပ်ပြင်းပြင်းခေါက်လိုက်တယ်။ " ဟုတ်ပြီးလေ ... မနက်ဖြန်တော့ အလင်းချိုအလုပ်လာဆင်းမှာပဲ ...မင်းဘက်ကဟန်မပျက်နေ...သူဘာပြောမလဲဆိုတာကို နားထောင်ကြည့်ပေါ့ " မမဆွေကထက်ပိုင်ကို ပြောလိုက်တယ်။ ~~~~~~~ " စေ့စပ်မယ့်နေ့မှာ ဆိုင်ပိတ်လိုက်မယ်လေကွာ ...အဲ့ဒီ တစ်နေ့တော့ အေးအေးဆေးဆေးနားကြတာပေါ့ ... မနက်ပိုင်းပွဲပြီးတာနဲ့ ...ပါးပါးတို့ကို မြို့ထဲ ဘုရားဖူးပို့ရအောင်လေ ... " စံမဒီက ပြောလိုက်တော့ နေမခက ခေါင်းငြိမ့်ပြတယ် ။ပါးစပ်ကတော့ ဘာမှမပြော။ ဘာပြောပြော ခေါင်းပဲငြိမ့်ပြနေတဲ့ နေမကကို စံမဒီစိတ်မရှည်ချင်တော့။ "ကိုနေနော် ... စေ့စပ်ပွဲက တစ်ပတ်တောင် မလိုတော့ဘူး... ဝတ်စုံရော ဝယ်ပြီးပြီလား ... စျေးသွားဖို့ခေါ်ရင်လဲ မအားဘူးဆိုတာချည်းပဲ ...ကဲ...ထ အခုသွားမယ် " စံမဒီ ဇွတ်ဆွဲခေါ်တော့လည်း နေမခက မငြင်းပါ။ စံမဒီဘေးကနေ ထက်ကြပ်မကွာ လိုက်ပါလာခဲ့တယ်။ ~~~~~ မစံတစ်ယောက်ဆိုင်ထဲမှာ အဝတ်အစားတွေရွေးနေတုန်းမှာပဲ နေမခစိတ်ထဲမွန်းကြပ်လာတာမို့ ကားပါကင်ကိုထွက်လာခဲ့ပြီး ကားထဲမှာပဲ ထိုင်နေလိုက်တယ်။ ကားထဲမှာ ထိုင်နေတုန်း ခပ်လှမ်းလှမ်းကမြင်ကွင်းကို ကြည့်ပြီး လူကအသက်ရှူရပ်တန့် သွားသလိုဖြစ်သွားမိတယ်။သူ့မျက်လုံးကိုလဲ သူမ ယုံနိုင်ဘဲ မြင်ကွင်းကို ကြည့်နေမိတယ်။ကိုယ်လုံးပေါ်အင်္ကျီခပ်ကြပ်ကြပ်နဲ့ စကပ်တိုတိုကို ဝတ်ထားတဲ့ အလင်းချို။ ဘေးနားမှာ ခပ်ဟော့ဟော့ ပုံစံနဲ့ကောင်တစ်ကောင်က ရှိနေတယ်။နှစ်ယောက်သား ရယ်မောပြီး စကားတွေ ပြောနေကြတယ်။ဟိုကောင်က ဆေးလိပ်ထုတ်သောက်တော့ အလင်းချိုက ဆေးလိပ်ကို လှမ်းလုတယ်။ဟိုကောင်က ဆေးလိပ်ကို မပေးဘဲ ဆေးလိပ်ဘူးကို ပေးနေတယ်။အလင်းချိုက ဆေးလိပ်ဘူးကိုယူပြီး ဆေးလိပ်တစ်လိပ်ကို ထုတ်ယူလိုက်တယ်။ပြီးတော့ သူမအိတ်ထဲကို လက်နှစ်ဘက်လုံး နှိုက်လိုက်တယ်။လက်ပြန်ထုတ်လိုက်ချိန်မှာ လက်ထဲမှာ ဆေးလိပ်နဲ့ အတူ မီးခြစ်ပါလာတာကို တွေ့လိုက်ရတယ်။သူမ မီးခြစ်ကို ခြစ်လိုက်ပြီး ဆေးလိပ်ကို မီးညှိလိုက်တယ်။ပြီးတော့ ဆေးလိပ်ကို ပါးစပ်မှာတေ့လိုက်တယ်။နေမခရင်ထဲမှာ ဟာခနဲ ဖြစ်သွားတယ်။မြင်ကွင်းကို ကြည့်ပြီး နှလုံးသားက စူးစူးဝါးဝါးထိုးအောင့်လာမိတယ်။နေမခ စိတ်ကို မထိန်းနိုင်တော့ဘဲ ကားပေါ်က ဆင်းပြီး သူတို့ဆီကို ခြေလှမ်းကျဲကြီးတွေနဲ့ လျှောက်သွားလိုက်တယ်။နေမခသွားနေတုန်းမှာပဲ သူ့တို့နားမှာ ကားတစ်စီးထိုးရပ်သွားပြီး နှစ်ယောက်သား ကားပေါ်ကြတက်သွားကြတယ်။နေမခနေရာမှာ ခြေစုံရပ်ပြီး ငူငူငိုင်ငိုင်ကျန်နေခဲ့တယ်။ ~~~~~~~ နေမခကားကို မှောင်ရိပ်ခပ်ကျကျနေရာမှာ ရပ်ပြီး အလင်းချိုပြန်အလာကို စောင့်နေလိုက်တယ်။နေမခ ကြည့်နေတုန်းမှာပဲ တရွေ့ရွေ့ လျှောက်လာတဲ့ အလင်းချိုကို မြင်လိုက်ရတယ်။ ဒီနေ့တော့ ဟိုတစ်ယောက်လိုက်ပို့ပုံမရပါ။နေမခကားပေါ်ကဆင်းပြီး အလင်းချိုဆီကို လျှောက်သွားလိုက်တယ်။ "အလင်းချို "နေမခ ခေါ်လိုက်တော့ အလင်းချိုရဲ့ကိုယ်လုံးလေးဆတ်ခနဲ တုန်သွားပြီး ထိတ်လန့်သွားတဲ့ ပုံစံနဲ့မော့ကြည့်လာတယ်။ "ခဏလောက် စကားပြောရအောင် " နေမခ ပြောလိုက်တော့ အလင်းချိုကဆတ်ခနဲ ခေါင်းကို ယမ်းခါလိုက်ပြီး "အလင်းတို့ကြားမှာ ဘာမှပြောစရာမရှိဘူး...မကြာခင်စေ့စပ်တော့မဲ့ ယောက်ျားတစ်ယောက်နဲ့ ညကြီးအချိန်မတော် စကားပြောရအောင် အလင်းက အပေါစားမိန်းမ မဟုတ်ဘူး ... ရှင်းရဲ့မင်္ဂလာပွဲအတွက် ဂုဏ်ပြုပါတယ် ..."အလင်းချိုက လေသံပြတ်နဲ့ ပြောလိုက်ပြီး ခြံထဲကို ဝင်ဖို့ပြင်လိုက်တယ်။ "အလင်းချို ... မင်းဘာတွေလုပ်နေတာလဲ ...မင်းတွဲနေတဲ့ကောင်က ဘယ်သူလဲ '' နေမခ အလင်းချိုရဲ့ လက်ကို လှမ်းဆွဲပြီး မေးလိုက်တယ်။ အလင်းချိုက ခြေလှမ်းတွေကိုရပ်တန့်လိုက်ပြီး နေမခကို ကြည့်လိုက်တယ်။ "အလင်း ဘယ်သူနဲ့တွဲတွဲ ရှင်နဲ့ ဘာဆိုင်လဲ ...ရှင့်သတိုးသမီးလောင်းကိုသာ သွား ဂရုစိုက်လိုက် "ပြောပြီးတာနဲ့ အလင်းချိုက နေမခဆွဲထားတဲ့ လက်ကို ရုန်းထွက်ပြီး ခြံထဲကို အမြန်၀င်လိုက်တယ်။ "တောက် '" နေမခ တောက်တစ်ချက်ကို ခပ်ပြင်းပြင်း ခေါက်လိုက်ပြီး ကားပေါ်ကိုတက်ပြီး မောင်းထွက်ခဲ့လိုက်တယ်။ အလင်းချိုက အိမ်ထဲထိ လျှောက်ဝင်လာခဲ့ပြီး ခပ်ကြမ်းကြမ်းမောင်းထွက်သွားတဲ့ ကားကိုငေးကြည့်နေမိတယ်။ အလင်းချိုဘက်ကသေလောက်အောင်ချစ်နေပါစေ အခြားသူနဲ့ လက်ထပ်တော့မယ့်သူနဲ့တော့ မပတ်သက်ချင်တော့ပါဘူး။ ~~~ နေမခစိတ်တိုတိုနဲ့ ကားကို မောင်းထွက်လာခဲ့မိပြီး သတိဝင်လာချိန်မှာတော့ ကားက မစံတို့အိမ်ရှေ့ကိုရောက်နေမှန်းသိလိုက်ရတယ်။ အချိန်ကညရှစ်နာရီကျော်။နေမခ ဖုန်းကို ထုတ်ပြီးမစံဆီကို ဖုန်းခေါ်လိုက်တယ်။ @@@@@@@@@@@@@#@@@

"အလင်း " ခေါ်သံကြောင့် ကြည့်လိုက်မိတော့ ဟန်သော်လင်းကို တွေ့လိုက်ရတာမို့ အလင်းချို အံ့သြတုန်လှုပ်သွားမိတယ်၊၊ "အလင်းက ဒီလိုဆိုင်မျိုးကို ဘာလာလုပ်တာလဲ့ " ဟန်သော်လင်းက အလင်းချိုတို့ရှေ့မှာ ထိုင်ချလိုက်ပြီး ခုံပေါ်ကဘီယာခွက်ကို ကြည့်ကာ မေးလိုက်တယ်။ ဟန်သော်လင်းရဲ့ အမေးကြောင့် အလင်းချိုမှာ ဘာဖြေရမှန်းမသိ။ "ဟို ...ဟို ..." အလင်းချိုမှာ ထစ်ထစ်ငေါ့ငေါ့နဲ့ မဖြေနိုင်ဘဲဖြစ်နေမိတယ်။ "ဟုတ်ကဲ့ အစ်ကို ... ဘာများဖြစ်လို့လဲ...မမ အသိလား "ထက်ပိုင်က မသိသလို ပုံစံနဲ့ ဟန်သော်လင်းကို ကြည့်ပြီး ပြောလိုက်တယ်။ ဟန်သော်လင်းက ထက်ပိုင်ကို တစ်ချက်ကြည့်လိုက်ပြီး အနားကပ် အသံမာမာနဲ့ ပြောလိုက်တယ်။ " မင်း ဝင်မပြောနဲ့ ဟေ့ကောင်... မင်းဘာကောင်လဲဆိုတာကို ကြည့်လိုက်တာနဲ့ သိတယ် ...မင်းပါးစပ်ကို ပိတ်ပြီး အေးအေးဆေးဆေးထွက်သွားလိုက် " ဟန်သော်လင်းရဲ့ စကားကိုကြားတော့ ထက်ပိုင်က ဟန်မပျက် ပြုံးလိုက်ပြီး "အိုကေလေ မမမိတ်ဆွေလား ...ကျွန်တော် သွားနှင့်မယ် မမ " ထက်ပိုင် ထွက်သွား တာနဲ့ ဟန်သော်လင်းက ခုံပေါ်က အလင်းချိုရဲ့အိတ်ကို ကောက်ယူလိုက်ပြီး ပြန်ဖို့ ပြောလိုက်တယ်။ "ပြန်မယ် အလင်း ....ကျွန်တော် အိမ်ပြန်လိုက်ပို့ပေးမယ် " "ဟို ... အလင်း အလုပ်ကို ပြန်သွားရအုံးမှာ " စိတ်တိုဒေါသထွက်နေ တဲ့ ဟန်သော်လင်းကို ကြည့်ပြီး အလင်းချို ခပ်တိုးတိုးပြောလိုက်ပေမဲ့ ဟန်သော် လင်းက အလင်းချိုလက်ကိုဆွဲပြီး ဆိုင်ပြင်ကိုထွက်လာခဲ့တယ်။ အပြင်ရောက်တော့ အလင်းချိုကို ကားပေါ်အရင်တက်ခိုင်းလိုက်ပြီး သူပါကားပေါ်တက်ကာ ကားကို တရကြမ်းမောင်းထွက်ခဲ့တယ်။ ~~~~~ မိနစ်အနည်းငယ်ကြာ ကားကို မောင်းလာခဲ့ပြီးတဲ့နောက်မှာ ဟန်သော်လင်းကားကိုလမ်းဘေးမှာထိုးရပ်လိုက်တယ်။ပြီးတော့ အလင်းချိုရဲ့ မျက်နှာကို ကြည့်ပြီး မေးလိုက်တယ်။ " အလင်း ဘာတွေ လုပ်နေတာလဲ ... ဘာလို့ဒီလိုကောင်မျိုးနဲ့ တွဲနေရတာလဲ ... အလင်းက ဒီလို မိန်းခလေးမဟုတ်ဘူးဆိုတာ ကျွန်တော်သိတယ် .." ဟန်သော်လင်းရဲ့ အမေးကို မဖြေဘဲအလင်းချိုက ခေါင်းကိုငုံ့ထားမိတယ်။ "ဟိုတစ်ယောက်ကြောင့် အလင်းခံစားနေရတယ်ဆိုရင်တောင် ... ချစ်သူကို ဘီယာဆိုင်လိုက်ထိုင်ဖို့ ခေါ်တဲ့ ကောင်မျိုးကိုတော့ အလင်း မတွဲဘူးဆိုတာ ကျွန်တော်ယုံတယ် " ဟန်သော်လင်းက တတွတ်တွတ် ပြောနေပေမဲ့ အလင်းချိုခေါင်းကိုငုံ့ထားမြဲ ငုံ့ထားမိတယ် ။ဟန်သော်လင်း ပြောတဲ့ဟိုတစ်ယောက်ဆိုတာ နေမခကိုရည်ရွယ်ပြီးပြောမှန်းလဲ အလင်းချိုသိပါတယ်။ဒါပေမဲ့ ခုချိန်မှာတော့ အလင်းချိုမှာ ဖြေရှင်းစရာ စကားလုံးတွေ မရှိသေးပါလေ။ "သူ့ကို အရွဲ့တိုက်ချင်ရုံနဲ့တော့ အဲ့ဒီလိုကောင်မျိုးနဲ့ မတွဲပါနဲ့ကွာ ... သူ့ကို လက်စားချေချင်လို့ ...ခံစားစေချင်လို့ အသုံးချချင်တယ် ဆိုရင် ကျွန်တော့်ကို အသုံးချပါ ... " ဟန်သော်လင်းကို အလင်းချို ဖျတ်ခနဲ မော့ကြည့်လိုက်မိတယ်။အဲ့ဒီအခါ ရီဝေတဲ့ မျက်လုံးတွေနဲ့ စိုက်ကြည့်နေတဲ့ ဟန်သော် လင်းနဲ့ အကြည့်ချင်းဆုံမိသွားကြတယ်။ဟန်သော် လင်းဆီက စကားသံခပ်တိုးတိုးထွက်လာပြန်တယ်။ "အလင်းပျော်မယ်ဆိုရင် ကျွန်တော် ဘာမဆိုလုပ်ပေးနိုင်ပါတယ် ... ဒီလိုကောင်မျိုးတွေနဲ့ အလင်းတွဲမယ်ဆိုရင်တော့ ကျွန်တော်ဒီတိုင်း ကြည့်နေမှာမဟုတ်ဘူးနော် ... အလင်းလမ်းမှားကိုလျှောက်နေတာကို ကျွန်တော်ဒီတိုင်းရပ်ကြည့်နေမှာ မဟုတ်ဘူး...အလင်းနဲ့ လာပတ်သက်နေတဲ့ကောင်တွေကိုရော ... အလင်းကို ဒုက္ခပေးတဲ့ကောင်ကိုပါ ဒီတိုင်း လွှတ်ထားမှာမဟုတ်ဘူး " စကားတွေ တတွတ်တွတ် ပြောနေတဲ့ ဟန်သော်လင်းကို ငေးကြည့်ပြီး အလင်းချိုပြုံးနေမိတယ်။ဟန်သော်လင်းရဲ့ စကားတွေကြောင့် အလင်းချိုရင်ထဲမှာ တလှိုက်လှိုက်နဲ့ ဝမ်းနည်းလာမိသလို ကြည်နူးစိတ်တွေလည်း ဖြစ်လာမိတယ်။ " အလင်း ... ပြုံးနေတာလားဟင် " သူ့ကိုကြည့်ပြီး ပြုံးလိုက်တဲ့ အလင်းချိုကြောင့် ဟန်သော်လင်း ပြောလက်စ စကားကို ရပ်တန့်ပြီး အူကြောင်ကြောင်နဲ့ မေးလိုက်မိတော့ အလင်းချိုက ဖျတ်ခနဲ ဟန်သော်လင်းကို လှမ်းဖက်လိုက်တယ်။ ရုတ်တရက် အလင်းချိုရဲ့ အပြုအမူကြောင့် ဟန်သော် လင်း ရင်ထဲမှာမီးရထားတစ်စင်း ဖြတ်မောင်းသွားသလို ခံစားလိုက်ရပြီး လူကမင်သက်နေမိတယ်။ အလင်းချိုက ဟန်သော် လင်းကို ဖက်ထားရင်းကနေ ဟန်သော်လင်းကြားရရုံ အသံနဲ့ ပြောလိုက်တယ်။ "ကိုလင်းက အလင်းရဲ့အဖေဆိုရင် သိပ်ကောင်းမှာပဲ ... အလင်းကို အနိုင်ကျင့်တဲ့သူတွေကို ဆုံးမပေးနော် ... ပြီးတော့ နေမခဆိုတဲ့ကောင်ကို မိန်းမယူလို့မရအောင် ဆုံးမပေးပါ... အလင်းကိုတွေ့တာနဲ့ ဆူတာငေါက်တာတွေ မလုပ်နိုင်အောင် သူ့ကို လက်သီးနဲ့ထိုးပေးစမ်းပါ " အလင်းချိုရဲ့ စကားသံ ခပ်တိုးတိုးက ဟန်သော်လင်း နားထဲကတဆင့် နှလုံးသားကို လာရိုက်ခက်တယ်။ ကြင်နာစွာ ချစ်ရသူကို နာကျင်စွာနဲ့ပဲ ဟန်သော်လင်း ပြုံးရယ်ပြလိုက်မိပါတယ်။မပြီးဆုံးသေးတဲ့ သူမရဲ့ နောက်ဆက်တွဲစကားတွေက ဟန်သော်လင်းရဲ့နှလုံးသားကိုပါ သော့ခတ်ပိတ်လှောင်လိုက်ပါတယ်။

ပြီးဆုံးသွားခဲ့ပြီလေ။နောက်နောင် မတော်တဆ ဆုံခဲ့ရင်တောင် ခေါ် ပြောခွင့်မရှိတော့ပါဘူး။ ~~~~ "သားကြီး ဘာဖြစ်လာတာလဲ " နေမခတစ်ယောက် ညီမဖြစ်သူ ဖွင့်ပေးတဲ့တံခါးပေါက်မှ ဝင်လာခံ့ပြီး အပေါ်ထပ်ကို တန်းပြီးတက်သွားတာမို့ ဒေါ်အေးမြနွယ်ကလှမ်းမေးလိုက်တယ်။ နေမခက ဘာမှပြန်မဖြေဘဲ အပေါ်ထပ်ကို ဆက်တက်သွားတယ်။နေမခကို ကြည့်ပြီး ဒေါ်အေးမြနွယ်နဲ့ သမီးဖြစ်သူသဲသဲတို့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့့်လိုက်မိကြတယ်။ "ကိုကိုက အရင်တုန်းကလို မဟုတ်ဘူးနော် အမေ ... အမြဲတမ်းစိတ်တိုနေသလိုပဲ ... မေးရင်လဲ ပြောချင်မှပြောတယ် ... အရင်ကလို စကားလဲသိပ်မပြောဘူး " "အင်း .. သမီး အစ်ကို စိတ်အလိုမကျဖြစ်နေတာလေ ... သမီးက သွားမရှုပ်နဲ့နော် ... တစ်နေ့တော့ အရင်ကလိုပြန်ဖြစ်လာမယ်ထင်တာပဲသမီးရယ် " ဒေါ်အေးမြနွယ်က သမီးဖြစ်သူကို ကြည့်ပြီး ခပ်တိုးတိုးပြောလိုက်တယ်။ "ဟုတ်ကဲ့ပါမေမေရယ် ... ဆယ်တန်းဖြေပြီးသွားရင် ပျော်စရာကောင်းမယ် ထင်ခဲ့တာ ပျော်စရာလဲ မကောင်းဘူး ...ကိုကိုကလဲ အရင်ကလို မဟုတ်တော့ဘူး အမြဲစိတ်ပဲတိုနေတယ် ... မမလင်းကလဲ အိမ်ကိုမလာတော့ဘူး ..." သဲသဲက မကျေမနပ်ပြောပြီး အဝေးကိုငေးနေတယ်။ဒေါ်အေးမြနွယ်ကတော့ သက်ပြင်းကို အခါခါချနေမိတယ်။မိသားစုဆိုတာ တစ်ယောက်ပျော်ရွှင်နေရင် ကျန်တဲ့သူတွေပါ လိုက်ပျော်ရွှင်နေကြပြီး တစ်ယောက်ယောက် စိတ်ဆင်းရဲသောကခံစားနေရတယ်ဆိုရင် ကျန်တဲ့သူတွေပါ စိတ်ဆင်းရဲနေရတာက မိသားစု ဆက်ဆံရေးမဟုတ်လား ။ အခုဆိုရင် သားဖြစ် သူ့နေမခကြောင့် ဒေါ်အေးမြနွယ်တို့ အိမ်မှာ ရယ်သံတွေ တိတ်ဆိတ်နေခဲ့တာကြာပြီလေ။ ~~~~~~ "ဘယ်လိုလဲကွ ထက်ပိုင်...မင်းကို ပေးထားတဲ့ ငွေက မနည်းဘူးနော် .. တစ်လအတွင်း အခြေအနေမထူးရင်တော့ မိုးသူဇာက မင်းကို အလွတ်ပေးမယ် မထင်ဘူး ." မမဆွေက ဆိုဖာခုံပေါ်မှာ ခြေချိတ်ထိုင်လိုက်ရင်းက နေ ထက်ပိုင်ကို ပြောလိုက်တယ်။ "ဟာဗျာ မမဆွေကလဲ ... ဒီလောက်ကတော့ အေးဆေးပါ ...ထက်ပိုင်ပါဗျ...အလင်းချိုလို မိန်းခလေးမျိုးကို ပါးပါးလေးပဲ ပုတ်ပြပါ့မယ် ... အောင်မြင်သွားရင်သာ ဆုချဖို့ မမေ့နဲ့နော် " ထက်ပိုင်က လက်ညှိုးနှင့် လက်မကို ဝိုင်းပြပြီး ပြောလိုက်တယ်။ "ဒါကတော့ စိတ်ချ ... သူ့အခြေအနေလုံး၀ ပျက်စီးသွားရင် မင်းအတွက် ဘောက်ဆုကောင်းကောင်းပေးမှာ " မမဆွေက စီးကရက် တစ်လိပ်ကိုဟန်ပါပါဖွာရင်း ကနေ ပြောလိုက်တယ်။ " ဒါနဲ့ ကျွန်တော် သိချင်လို့ မေးပါရစေ ... မမတို့က ဘာလို့ သူလိုဘာမဟုတ်တဲ့ မိန်းခလေးအတွက် အချိန်ကုန်ခံနေကြတာလဲ ... ဟိုကောင့်ကို တစ်ခါတည်း ဆွဲစိလိုက်ရင် ရတာပဲကို " " မင်းဘာမှမသိပါဘူးကွာ...သူက ဖောက်သည်ရှာတာ သိပ်တော်တာလေ ... ပြီးတော့ မင်းတို့ မမမိုးရဲ့ နှလုံးသားနော် သွားမထိနဲ့ ကွ ...ငါတောင် ဝေးဝေးရှောင်တယ်.... ဒီကောင်မလေးကတော့ ဘုမသိဘမသိနဲ့ ကံဆိုးရှာတာပေါ့လေ ... မမဆွေအနေနဲ့ကတော့ ကိုယ့်ကိုယ် ငွေရှာပေးနေတဲ့သူကို အဆုံးရှုံးခံလို့မဖြစ်ဘူးလေ .. အဲ့ဒါကြောင့်လဲ မင်းကို အလင်းချိုကတမ်းတမ်းစွဲဖြစ်လာတဲ့အထိ ဖြစ်အောင် မင်းအမြန် ကြိုးစားပေတော့ " " စိတ်ချပါဗျာ ..ဒီလောက်က အေးအေးဆေးဆေးပါ မမရယ် " ~~~~ "ဒေါက် ...ဒေါက် " ခပ်ဟဟ စေ့ထားတဲ့ အခန်းတံခါးကို အလင်းချို အသာခေါက်လိုက်ပြီး အခန်းထဲကို ၀င်လာခဲ့တယ်။စေ့ထားတဲ့ တံခါးပဲဖြစ်ဖြစ် ၊ပိတ်ထားတဲ့တံခါးပဲဖြစ်ဖြစ် ဘယ်လို အ၀န်းကို ဝင်ဝင် မဝင်ခင်မှာ အခန်းတံခါးကို ခေါက်ပြီး အသိပေးရမယ်ဆိုတဲ့ စည်းကမ်းက အမေ ထုတ်ထားတဲ့ စည်းကမ်းလေ။အလင်းချို အခန်းထဲကို ၀င်လိုက်တော့ ထက်ပိုင်နဲ့ အမေက အလင်းချိုကို လှမ်းကြည့်ပြီး ပြုံးရယ်ပြကြတယ်။အလင်းချိုက အလိုက်သင့် ပြန်ပြုံးလိုက်ပြီး "အဘွားနေမကောင်းလို့ နည်းနည်း နောက်ကျသွားပါတယ် ....တောင်းပန်ပါတယ် မမဆွေ " အလင်းချို ပြောလိုက်တော့ အမေက ပြုံးပြီး ခေါင်းငြိမ့်ပြတယ်။ရပါတယ်ဆိုတဲ့သဘောမျိုးပေါ့ ။အမေ့ရဲ့အပြုံးတွေကို အလင်းချိုး ခဏလောက်ကြောင်ငေးကြည့်နေမိတယ်။အမေပြုံးတာ သိပ်လှတာပဲလေ။ ဒါပေမဲ့ ဒီအပြုံးက ရက်စက်တတ်တဲ့အပြုံးများလားလို့ အလင်းချိုတွေးလိုက်မိတယ်။ ~~~~~ " ဟင် " ရှေ့တည့်တည့်က မြင်ကွင်းကြောင့် ဟန်သော် လင်း မယုံကြည်နိုင်အောင် ဖြစ်သွားမိပြီး မြင်ကွင်းကို သေချာကြည့်နေမိတယ်။ဟန် သော်လင်းမြင်လိုက်ရတာက အလင်းချိုနဲ့ ယောက်ျားတစ်ယောက် ။နှစ်ယောက်သားကို ကြည့်ရတာ သာမာန်ထက် ပိုရင်းနှီးနေကြတဲ့ပုံမျိုး။ကောင်လေးပုံစံက ခပ်မိမိခပ်မိုက်မိုက်။အလင်းချိုကို ကြည့်နေတဲ့ မျက်လုံးတွေက သားကောင်ကို အမိဖမ်းတော့မယ့် သားရဲတစ်ကောင်ရဲ့မျက်လုံးတွေလိုမျိုးပဲ။ဟန်သော်လင်းက လူအမျိုးမျိုးနဲ့ ကြုံဖူးတယ်။လူတစ်ယောက်ရဲ့ မျက်လုံးကိုကြည့်လိုက်တာနဲ့ လူတွေရဲ့ အတွင်း စိတ်ကို ခန့်မှန်းနိုင်တယ်။ဟန်သော်လင်း ကြည့်နေတုန်းမှာပဲ ဟို ကောင်က အလင်းချိုရဲ့ ပခုံးကို ဖက်လိုက်တာကို တွေ့လိုက်ရတယ်။အခြေအနေကို ဟန်သော်လင်း ဆက်ကြည့်မနေနိုင်တော့၊ စိတ်က ဘယ်လိုမှ ထိန်းမရတော့။ အတူပါလာတဲ့ ဧည့်သည်ကို တောင်းပန်လိုက်ပြီး အလင်းချိုတို့ဆီကို ဟန်သော်လင်းလျှောက်သွားလိုက်တယ်။ ~~~~~

ဧကြည်ဖြူ "သံယောဇဉ် ကမ်းပါး " အပိုင်း (၃၆ ) ******* "သွားတော့မယ်နော် ကိုလင်း " အလင်းချိုက ကားပေါ်က ဆင်းလိုက်ပြီး ဟန်းသော် လင်းကို နှုတ်ဆက်လိုက်တယ်။ ဟန်သော်လင်းက ပြုံးရုံပဲ ပြုံးပြီး ပြန်နှုတ်ဆက်လိုက်သည်။ ~~~~ "အလင်းချို " အလင်းချိုခြံထဲသို့ဝင်ရန် အလုပ်တွင်ခေါ်သံကြောင့် ခြေလှမ်းတွေ ရပ်တန့်သွားရတယ်။ ခေါ်သံက အလင်းချိုရပ်နေတဲ့ နေရာနဲ့ မလှမ်းမကမ်းကထွက်ပေါ်လာတာ။ အသံကြားရာကို လှမ်းကြည့်လိုက်တော့ နေမခကိုတွေ့လိုက်ရတယ်။ဖြုန်းခနဲ နေမခကိုတွေ့လိုက်ရတော့ အလင်းချိုတစ်ကိုယ်လုံး ဆတ်ခနဲ တုန်သွားမိတယ်။အလင်းချို ကြည့်နေတုန်းမှာ နေမခက အလင်းချိုရှိရာကို လျှောက်လာတာကို တွေ့လိုက်ရတယ်။ "ခဏလောက် စကားပြောရအောင် " စကားသံနဲ့ အတူ အလင်းချိုရဲ့ လက်ကိုဆွဲပြီးသူ့ကား ရှိရာဆီကို ခေါ်သွားခဲ့တယ်။အလင်းချို မငြင်းဆန်နိုင်ဘဲ သူဆွဲခေါ်ရာနောက်ကို လိုက်ပါသွားမိတယ်။ ~~~~~ နေမခ ကားကို ရပ်ကွက်ထဲက မောင်းထွက် လာခဲ့ပြီး လမ်းရှင်းတဲ့တစ်နေရာမှာ ထိုးရပ်လိုက်တယ်။ ကားရပ်ပြီးတဲ့နောက်မှာ သူတို့နှစ်ယောက်ကြားမှာ အတန်ကြာတိတ်ဆိတ်နေမိကြတယ်။ "မင်းတကယ်လက်ထပ်တော့မှာလား "အသံပြတ်နဲ့ မေးလိုက်တဲ့ နေမခ ။ " အင်း " အလင်းချိုက မဆိုင်းမတွ ပြန်ဖြေလိုက်တယ်။ အလင်းချိုရဲ့ အဖြေကြောင့် နေမခ ခဏလောက်တော့ တိတ်ဆိတ်ငြိမ်သက်သွားပြန်တယ်။အတော်လေးကြာမှ " သူ့အကြောင်း ဘယ်လောက်သိလို့လဲ...သူနဲ့ သိတာ ဘယ်လောက်ကြာသေးလို့ လက်ထပ်ဖို့အထိ တွေးနေရတာလဲ..." နေမခရဲ့ စကားကြောင့် အလင်းချိုက နေမခရဲ့ မျက်နှာကိုတစ်ချက်မော့ကြည့်လိုက်တယ် ။ " သူ့အကြောင်းတွေကို အကုန်မသိပေမဲ့ သိသင့်သလောက်တော့ သိပါတယ်... သူကတော့ အလင်းအကြောင်းကို အကုန်သိတယ်လေ.. လက်လဲလက်ခံတယ် ... အလင်းတို့နှစ်ယောက်လုံး မိဘမဲ့တွေမို့ တစ်ယောက်နဲ့တစ်ယောက် နားလည်ကြတယ်....အဆင်လဲပြေကြတယ် " စကားရှည်ကြီးကို အလင်းချိုက အသံမတုန်အောင် ထိန်းပြီးပြောလိုက်တယ်။ ကားမီးရောင်မှိန်မှိန်အောက်မှာ အလင်းချိုရဲ့ မျက်နှာကို နေမခ မမှိတ်မသုန်ကြည့်နေမိတယ်။ " မင်းဘ၀ကို လက်ခံနိုင်တာနဲ့ သူ့ကို လက်ထပ်မယ်ပေါ့လေ... ဘဝကိုတိုးတက်အောင် မကြိုးစားတော့ဘူးလား...အခုချိန်ထိ အကျင့်မကောင်းတဲ့ အမျိုးတွေဆီကနေ လက်ဖြန်တောင်းပြီး နေနေတာကို ရပ်သင့်ပြီ ... သူတို့နဲ့ အဆက်မဖြတ်နိုင်ဘူးလား...ပြီးတော့ မင်းအဖေကရော မင်းကို ဘာတွေ ကြည့်ခဲ့လို့ မင်းက မပြတ်နိုင်ဖြစ်နေရတာလဲ " နေမခရဲ့ အမေးကြောင့် အလင်းချို မျက်လုံးပြူးလေးနဲ့ မော့ကြည့်လိုက်မိတယ်။ပြီးတော့ အသံပြတ်နဲ့ပြန်ဖြေလိုက်မိတယ်။ "အဖေဖြစ်နေလို့ပေါ့ ..အဖေဖြစ်နေတော့ ကိုယ့်အပေါ် မကြင်နာမှန်းသိသိနဲ့ မပြတ်နိုင်ဘူးလေ..."ဖြေရင်းနဲ့ တဆက်တည်း တွေးမိတာက ဒီလူသားက အလင်းချိုတို့ စတွေ့တုန်းကလိုပဲ သူ့စိတ်ထဲမှာ အလင်းချိုက အထင်သေးချင်စရာ၊ အမြင်ကပ်စရာ လူသားတစ်ယောက်အဖြစ်ပဲရှိနေတာကိုသိလိုက်ရတယ်။အလင်းချိုကတော့ တစ်နေ့မှာ သူပြန်လာမယ်ဆိုပြီး မျှော်လင့်ခဲ့တယ်။နှစ်ပေါင်းများစွာစောင့်စားခဲ့တယ်။စောင့်နေပါလို့လဲ သူမပြောခဲ့ပါဘူး။ ဒါပေ့မဲ့ အလင်းချိုရဲ့ စိတ်ထဲ နှလုံးသားထဲမှာ သူ အမြဲရှိနေခဲ့သလိုမျိုး၊သူ့ရင်ထဲမှာလည်း အလင်းချိုအတွက် နေရာရှိလိမ့်မယ်လို့ ထင်ခဲ့မိတာကိုး။ အလင်းချိုရဲ့စကားတွေကို နေမခ ငြိမ်သက်စွာနားထောင်နေတယ်။ပြီးတော့ မေးခွန်းတစ်ခုကို ထပ်မေးလိုက်တယ်။ "ဟန်သော်လင်း ဆိုတဲ့ကောင်ကို မင်းချစ်နေတာလား " နေမခရဲ့ အမေးကြောင့် အလင်းချိုရင်ထဲ တဒိန်းဒိန်းဆောင့်ခုန်လာတယ်။ "ဖြေလေ.. မင်း သူ့ကိုချစ်လားလို့ " နေမခက အသံခပ်ဆတ်ဆတ်နဲ့ ထပ်မေးတယ်။ အလင်းချို အံကို မသိမသာ ကြိတ်လိုက်ပြီး အသံကို ထိန်းပြီး ပြန်ဖြေလိုက်တယ်။ "ဒါက အလင်းတို့ကိစ္စလေ.... ရှင်နဲ့မဆိုင်ဘူးထင်တယ်...ပြန်ရအောင် အဘွားတို့ စိတ်ပူနေလိမ့်မယ်...နောက် ဒီလိုကိစ္စတွေ ပြောဖို့အတွက်ဆို အလင်းတို့ထပ်မတွေ့ကြတော့ဘူးဟာ ....မမစံကိုကြည့်ရတာ အလင်းကိုသဘောကျပုံမရဘူး ... အလင်းကြောင့် သူစိတ်အနှောက်အယှက်ဖြစ်တာမျိုးကိုမလိုချင်ဘူး .. ရှေ့လျှောက် အလင်းတို့တွေ လမ်းတွေ့ရင်တောင် မသိချင်ယောင်ဆောင်သွားကြတာ ပိုကောင်းမယ်ထင်တယ် " "ဘာ .... ဘာပြောတယ်အလင်းချို ... မင်းက ငါနဲ့မပတ်သက်ချင်ဘူးလို့ ပြောတာလား ဟုတ်လား...ကောင်းပြီးလေ အခုတော့ မင်းကိုအိမ်ပြန်ပို့ပေးမယ် ... နောက်ဆို မင်းဆီကို လုံးဝမလာတော့ဘူးစိတ်ချ " နေမခ ဒေါသသံနဲ့ ပြောလိုက်ပြီး ကားကိုဝူးခနဲ မောင်းထွက်ခဲ့လိုက်တယ်။ ~~~~~~~ "သမီး ဒီနေ့နောက်ကျလိုက်တာ ... ဟင် ...ငိုနေတာလား ....ဘာဖြစ်လို့လဲ ... သမီးအဖေဆီသွားခဲ့သေးလို့လား " ဒေါ်လေးစန်းက တတွတ်တွတ် မေးပြီး အလင်းချိုရဲ့ နောက်က လျှောက်လိုက်လာတယ်။ အလင်းချို ဒေါ်လေးစန်းကို ပြီးပြီးရောခေါင်းတစ်ချက်ငြိမ့်ပြလိုက်ပြီး အခန်းထဲကိုဝင်ခဲ့လိုက်တယ်။ အခန်းထဲ ရောက်တော့ တစ်လမ်းလုံးတင်းလာခဲ့ရတဲ့ စိတ်ကိုလျှော့ချလိုက်ပြီး အိပ်ရာပေါ်ပစ်လှဲလိုက်တယ်။အလင်းချိုတို့ရဲ့ ဇာတ်လမ်းက တစ်သက်တာအတွက်

နေမခနဲ့ စံမဒီတို့ ဆိုင်ထဲက ထွက်သွားတာနဲ့ အလင်းချိုက ဟန်သော်လင်းကို မဝံ့မရဲကြည့်ပြီး ကျေးဇူးတင်စကားပြောလိုက်တယ်။ ဟန်သော်လင်းက ဘာမှပြန်မပြောဘဲ ခပ်ယဲ့ယဲ့လေးပြုံးနေမိတယ်။ @@@@@@@@@@@@@@@@@ အပိုင်း ( ၃၆ ) ဆက်ရန် ဧကြည်ဖြူ အပိုင်း (၃၆) ကို ရှည်ရှည်လေးရေးပေးပါမယ်

ဒီစကားကိုတော့ အလင်းချို ခပ်မြန်မြန်ပဲ အဖြေပေးလိုက်မိတယ်။ နောက်တစ်လနှစ်လလောက်ဆိုရင် အလင်းချိုစိတ်ကူးထားတာတွေလဲ အဆင်ပြေနိုင်လောက်သလို ငွေလဲအတော်အတန်စုမိမယ်ထင်ပါရဲ့။တကယ်တမ်းအလင်းချိုတို့ရဲ့ အလုပ်က ဘာမှပင်ပင်ပန်းပန်း မလုပ်ရဘဲ ပေးထားတဲ့လစာကတော့ မက်လောက်စရာပဲလေ။ဆိုင်တွေက ဝင်ငွေကောင်းတယ်ဆိုပေမဲ့ အမေ့မှာ ဘာလို့ငွေတွေ ဒီလောက်ပေါများနေလဲ ဆိုတာကို အလင်းချိုသိချင်နေမိတာတော့ အမှန်ပဲ။ပြီးတော့ အမေနဲ့ မမမိုးရဲ့ ဆက်ဆံရေးကိုကြည့်ရတာလဲ အလင်းချို ရင်ထဲမှာ ဘဝင်မကျမိသလိုပဲ။ မမမိုးပုံစံက ခင်မင်နှစ်လိုဖွယ်ကောင်းတယ်လို့ ထင်ရပေမဲ့ တစ်ခါတလေမှာ အလင်းချိုကို ကြည့်တဲ့ မမမိုးရဲ့ မျက်လုံးတွေက ကြောက်စရာကောင်းတယ်လို့ ထင်နေမိတယ်။ " အလင်း ...ကော်ဖီသောက်ရအောင်ကွာ ...ခဏလေးပါ " ~~~~ "လာပါကွာ ...ကော်ဖီဆိုင် ခဏထိုင်ရအောင် ... ကော်ဖီလေးသောက်ရုံနဲ့တော့ မိုးမလင်းလောက်ပါဘူး ကိုနေရယ် ...တံတားကျော်တာနဲ့ အိမ်ရောက်နေပြီးကိုကွာ " မစံရဲ့ ဇွတ်ခေါ်မှုကြောင့် နေမခမှာ ကော်ဖီဆိုင်ထဲကို ဝင်ခဲ့လိုက်ရတယ်။လူက ကော်ဖီဆိုင်ထဲကို ၀င်လာခဲ့ရပေမဲ့ စိတ်ကအိမ်ကိုပြန်ချင်စိတ်ပဲဖြစ်နေမိတယ်။ ~~~~~~ ဆိုင်ထဲကို ဝင်ဝင်ချင်းမှာပဲ ထောင့်ကစားပွဲမှာထိုင်နေတဲ့ အလင်းချိုနဲ့ ဟန်သော် လင်းကို ကြည့်ပြီး နေမခ အကြည့်ကို ဖျတ်ခနဲလွှဲလိုက်မိတယ်။နေမခက အကြည့်ကိုလွှဲလိုက်ပေမဲ့ စံမဒီကနေမခရဲ့ လက်မောင်းကို ဖက်တွယ်လိုက်ပြီး အလင်းချိုတို့ထိုင်နေတဲ့ ဝိုင်းဆီကို တည့်တည့် လျှောက်သွားခဲ့တယ်။ " မတွေ့တာကြာပြီနော် အလင်း ... စံတို့ ရောထိုင်လို့ရမလား " ရုတ်တရက် ရှေ့တည့်တည့်ကို ရောက်လာတဲ့ နေမခတို့ကို ကြည့်ပြီး ဟန်သော် လင်းနဲ့ အလင်းချိုတို့ အံ့ဩသွားမိကြတယ်။အလင်းချိုမှာ အံ့ဩရံမျှမကဘဲ ခနွာကိုယ်လေးပါဆတ်ခနဲ တုန်ယင်သွားတာကို ဟန်သော်လင်းကရိပ်မိလိုက်တာမို့ အလင်းချိုရဲ့ လက်ကလေးကို ခပ်တင်းတင်းဆုပ်ကိုင်ထားလိုက်မိတယ်။ "ဟုတ်ကဲ့ ..ရပါတယ် ...ထိုင်ပါဗျာ..." ဟန်သော်လင်းက ဟန်မပျက်ပြန်နှုတ်ဆက်လိုက်ပြီး နေရာပေးလိုက်တယ်။ "အလုပ်က ပြန်လာကြတာ ထင်တယ် ... အလင်းနဲ့ကတော့ သိပါတယ် ... ဒီက ကို ...နာမည်ဘယ်လိုခေါ်လဲ မသိဘူး " စံမဒီက နေမခရဲ့ လက်မောင်းကို ပိုင်ပိုင်နိုင်နိင် ချိတ်ထားရင်းပဲ ခုံမှာထိုင်လိုက်ပြီး နှုတ်ဆက်စကားပြောလာတယ်။ နေမခကတော့ နှုတ်ဆိတ်ပြီး ခပ်စိမ်းစိမ်း ထိုင်နေတယ်။ "ဟုတ်ကဲ့ ကျွန်တော့်နာမည်ဟန်သော်လင်းပါ ... အလင်းရဲ့ချစ်သူပါ " ဟန်သော်လင်းရဲ့ စကားကြောင့် နေမခက ခပ်စူးစူး တစ်ချက်ကြည့်တယ်။ အလင်းချိုက ဟန်သော်လင်းကို မျက်လုံးပြူးလေးနဲ့ တစ်ချက်မော့ကြည့်ပြီး ခေါင်းကို ပြန်ငုံ့ထားလိုက်တယ်။ "သြော်...အလင်း ချစ်သူလား ... တွေ့ရတာဝမ်းသာပါတယ်နော် ...စံတို့ကတော့ ရှေ့လထဲမှာ စေ့စပ်ပြီး... နှစ်ကုန်ရင် လက်ထပ်ကြတော့မှာလေ ... အလင်းတို့က ရော ဘယ်တော့ စားရမှာလဲ ... တစ်ယောက် တစ်လှည့်ပွဲတက်ရအောင်လေ ...ဟင်း ...ဟင်း '' စံမဒီရဲ့ စကားကြောင့် အလင်းချိုရဲ့ မျက်နှာလေး သိသိသာသာပျက်သွားတာကို ဟန်သော်လင်းရိပ်မိလိုက်တယ်။မစံဆိုတဲ့မိန်းမက ဒီစကားတွေကို တမင်လာပြော နေတယ်ဆိုတာကိုပါ ရိပ်မိလိုက်တော့ ဟန်းသော်လင်း ဒေါသထွက်လာမိတယ်။ဖြစ်နိုင်ရင် စံဆိုတဲ့ မိန်းမကိုရော နေမခကိုပါ ဆိုင်ထဲက ဆွဲထုတ်ပစ်လိုက်ချင်တာ။ဟန်သော်လင်းမှာ စိတ်ကို မနည်းထိန်းထားရတယ်။ "နှစ်ကုန်ရင် လက်ထပ်ကြတော့မှာပေါ့လေ ဂုဏ်ပြုပါတယ်ရှင် . ... ဒါပေမဲ့ အလင်းတို့ရဲ့ မင်္ဂလာပွဲကများ အရင်ဖြစ်နေမလား မသိဘူးရှင့်...အဘွားက အလင်းကို စိတ်မချဘူးလို့ ပြောနေလို့ လေ ... ဝါကျွတ်တာနဲ့ လက်ထပ်ဖြစ်မယ်ထင်တယ်" ငြိမ်သက်နေရာမှ ထပြောလိုက်တဲ့ အလင်းချိုရဲ့ စကားကြောင့် နေမခကဖျတ်ခနဲ မော့ကြည့်လိုက်တယ်။ "အလင်းချိုတို့ရဲ့ မင်္ဂလာပွဲက မစံတို့ ပွဲလောက်ခမ်းနားမှာ မဟုတ်ပေမဲ့ ...လာခဲ့ဖို့ အခုကတည်းက ဖိတ်ပါရစေ ... လာမယ် မဟုတ်လား သူငယ်ချင်း ... " အလင်းချိုက နေမခရဲ့ မျက်နှာကို စေ့စေ့စိုက်ကြည့်ပြီး မေးလိုက်တယ်။ နေမခက စကားတစ်ခွန်းမှ ပြန်မပြောဘဲ နှုတ်ခမ်းကို တင်းတင်းစေ့ပြီး အလင်းချိုကို စိုက်ကြည့်နေတယ်။အလင်းချိုကလဲ အကြည့်ကို မလွှဲဘဲ နေမခမျက်နှာကို ခပ်စူးစူး ပြန်စိုက်ကြည့်နေလိုက်တယ်။ စံမဒီနဲ့ ဟန်သော်လင်းကတော့ ပွဲကြည့်ပရိတ်သတ်တွေပမာ နေမခနဲ့ အလင်းချိုတို့ရဲ့ အကြည့်ပြိုင်ပွဲကို ကြောင်အမ်းအမ်းနဲ့ ကြည့်နေမိကြတယ်။ "ဪ ... ဟုတ်လား ... လာရမှာပေါ့...မောင့်သူငယ်ချင်းက မစံရဲ့သူငယ်ချင်းပဲပေါ့ " အချိန်အတော်လေးကြာချိန်မှာတော့ တစ်ယောက်နဲ့ တစ်ယောက် အကြည့်တွေကို မလွှဲကြဘဲ စူးစူးစိုက်စိုက်ကြည့်နေကြဆဲဖြစ်တဲ့ နေမခနဲ့ အလင်းချိုကိုကြည့်ပြီး စံမဒီက ဟန်မပျက် ၀င်ပြောလိုက်တယ် ။ "ပြန်ကြရအောင် မစံ ... နောက်ကျရင် အဘွားတို့စိတ်ပူနေလိမ့်မယ် ... " စံမဒီရဲ့ စကားမဆုံးခင်မှာပဲ နေမခက ပြောပြောဆိုဆိုနဲ့ ထထွက်သွားတယ်။ ~~~~ " ကျေးဇူးပါ ကိုလင်း "

ဟန်သော်လင်းရဲ့ တိုးတိမ်ဖျော့တော့သွားတဲ့အသံကို နားထောင်ပြီး အလင်းချိုရင်ထဲမှာလဲ တလှိုက်လှိုက်နဲ့ ဝမ်းနည်းလာမိတယ်။မိဘတွေမရှိခဲ့လို့ အဘွားရင်းကအစ ကြီးတော်တွေကပါ နှိမ်ခဲ့တာလေ။ ဘွဲ့လေးတစ်ခုရဖို့ကို ကိုယ့်လုပ်အားနဲ့ကိုယ်ကြိုးစားခဲ့တာတောင် သူတို့တွေမငြိုငြင်ရအောင် ခါးချိအောင် အိပ်အလုပ်တွေလုပ်ပေးခဲ့ရတာလေ။ "အလင်းတို့ရဲ့မိဘတွေ အတွက် အလင်းတို့တွေက အမှိုက်တွေ ဖြစ်ချင်ဖြစ်ခဲ့မှာပေါ့ ကိုလင်း...ဒါပေမဲ့ အလင်းတို့က အမှိုက်တွေ မဟုတ်ဘူး...ရှပ်တိုက်ခံရတိုင်းလွင့်မသွားဘူးဆိုတာကို သိအောင် လုပ်ပြရမှာပေါ့ ... သူတို့စွန့်ပစ်ခဲ့တဲ့ အမှိုက်တွေက ရွှေတွေဖြစ်နေတာကို သိပြီး နောင်တရစေချင်တယ် ... ဒီနေ့ကစပြီး အလင်းတို့ စိတ်သောကတွေကိုဖယ်ပြီး ပျော်ပျော်ရွှင်ရွှင်နေကြရအောင်နော် ... ပြီးတော့ ဒီတစ်ခါ ကလေးတွေဆီကို သွားရင် အလင်းလဲလိုက်မယ်လေ " အလင်းချိုက ဟန်သော် လင်းရဲ့ လက်ကို ခပ်တင်းတင်းဆုပ်ကိုင်ပြီး ပြောလိုက်တယ်။ သူ့လက်တစ်ဖက်ကို ခပ်တင်းတင်းဆုပ်ကိုင်ပြီး အား မာန်အပြည့်နဲ့ ပြောနေတဲ့ အလင်းချိုရဲ့ မျက်နှာလေးကို ကြည့်ပြီး ဟန်သော်လင်းရင်ထဲမှာ ကြည်နူးနေမိသလို စိတ်မလုံသလိုလည်း ဖြစ်နေမိတယ်။တဆက်တည်းမှာပဲ သူ့အကြောင်းတွေကို သိသွားမှာကိုလဲ စိုးရိမ်လာမိတယ်။ " ပျော်ပျော်နေပါဆိုမှ ဘာတွေတွေးနေပြန်တာလဲ ကိုလင်း ..လာပါ... ဒီနေ့တော့ အိမ်မှာ ထမင်းလိုက်စားပါ ... ကားကို အိမ်ရှေ့ ထိမောင်းလိုက်တော့ " ကားလေးက အိမ်ရှေ့မှာ ထိုးရပ်သွားတယ်။အလင်းချို နဲ့ ဟန်သော်လင်း အိမ်ထဲကို၀င်ခဲ့လိုက်ကြတယ်။ ဒီမြင်ကွင်းကို ခမ်းလှမ်းလှမ်းကနေ လှမ်းကြည့်နေမိတဲ့ နေမခ ။လမ်းသွယ်လေးရဲ့ လမ်းထိပ်တစ်ဖက်ခြမ်းမှာ ကားကိုရပ်ထားမိပြီး လှမ်းကြည့်နေမိတယ်။ကိုယ်အလုပ်ပြန်ချိန်နဲ့ သူ့တို့ ပြန်ချိန်ကလည်း တိုက်ပဲတိုက်ဆိုင်လွန်းနေခဲ့တာလား။ ~~~~~ " အလင်းက လိုက်ဖို့လိုလို့လား .... ဟိုမှာ ဘာမှ လုပ်စရာမရှိဘဲနဲ့ " အလင်းချိုက မကျေမနပ်ပြောလိုက်မိတယ်။အရင်နေ့တွေကဆိုရင် ဆိုင်တွေရဲ့ရတဲ့ ၀င်ငွေနဲ့ ထွက်ငွေကို စစ်ပေးရုံပဲ ၊၊ပြီးရင် ရတဲ့ငွေအမောက်တွေ ပြည့်မပြည့်ကိုလဲစစ်ပေးရတယ်။ဒါကလဲ အိမ်မှာပဲ ယူလုပ်တာ။ဆိုင်ကို တစ်ခါတလေမှ လိုက်သွားရတာလေ။အခုတော့ ဆိုင်တွကို နေ့တိုင်း သွားကြည့်ပေးရမယ်တဲ့လေ။တစ်ယောက်တည်း သွားရမှာတော့ မဟုတ်ဘူး ထက်ပိုင်ဆိုတဲ့လူနဲ့ သွားရမှာတဲ့ ။သွားရမယ့်ဆိုင်ကလဲ ကေတီဗီ၊ အနှိပ်ခန်းတွေ။ "ဘယ်လိုဖြစ်နေတာလဲ အလင်းချို ...ဆိုင်မန်နေဂျာနယ်ကို ခရီးသွားလို့ မင်းတို့ကို ခဏအကူအညီတောင်းတာပါ ... ငါ့ဆိုင်တွေက စည်းနဲ့ ကမ်းနဲ့ ဖွင့်ထားတဲ့ဆိုင်တွေပါ...ဆိုင်မှာအလုပ်လုပ်နေတဲ့သူတွေအားလုံး ဝမ်းရေးအတွက် လုပ်နေကြသူတွေချည်းပဲ .. မင်းထင်သလို မကောင်းတဲ့နေရာမဟုတ်ဘူး သိထား ....'' အလင်းချို ဘာမှခွန်းတုံ့ပြန်မပြောတော့ဘဲ မင်းထက်ဆိုသူနဲ့ အတူထွက်လာခဲ့လိုက်တယ်။ ~~~~ ယောက်ျားပီသတဲ့စိတ်ဆိုတာ ဘာကိုခေါ်တာလဲ။ မိန်းမသားတွေကို ဂရုတစိုက် ရှိတာကို ပြောတာလား။ ကိုယ့်ထက် အားနည်းတဲ့သူကို ငဲ့ညှာတတ်တဲ့စိတ်ကို ပြောတာလား။ ဒါဆိုရင် အလင်းချိုရှေ့မှာ ရှိနေတဲ့ ဒီယောက်ျားက ယောကျာ်းပီသသူလား ။ ဒါမှမဟုတ် လိုချင်တာရှိလို့ ဟန်ဆောင်ပြနေသူလား။အလင်းချို ယောကျာ်းတွေအကြောင်းကို မသိပါဘူး။ ဖခင်နဲ့ တောင် ရင်းရင်းနှီးနှီး မနေဖူးခဲ့ဘူးလေ။ ဘ၀မှာ ဒီနေ့အချိန်အထိ ရင်းရင်းနှီးနှီး ပြောဆိုဖူးတာဆိုလို့ နေမခနဲ့ ဟန်သော်လင်းပဲရှိတာလေ။ "ပေးပါ...ကျွန်တော် ဖွင့်ပေးမယ် " ပြောပြောဆိုဆိုနဲ့ လှမ်းယူလိုက်တာမို့ အလင်းချိုလက်ထဲကရေသန့်ဘူးက သူ့လက်ထဲကို စွေ့ခနဲ ပါသွားတယ်။ ထမင်းစားတော့လည်း သူ့ထမင်းကို သူ့မစားဘဲ့ ဟင်းပန်းကန်တွေကို အလင်းချို ဘက်ကို ဂရုတစိုက် ချပေးနေတယ်။တကယ်ဆို ကိုယ့်ဟင်းနဲ့ကိုယ် ကိုယ်ကြိုက်တာမှာစား ကြာတာလေ။ဘာမှတကူးတက ဦးစားပေးနေစရာကို မလိုတာ။ သူ့ပုံစံက အလင်းချိုကို တမင်ကိုဦးစားပေးနေပုံနဲ့လေ။ သူ့ရုပ် သူ့ရည်နဲ့တော့ အလင်းချိုလို လူမျိုးကို မြင်မြင်ချင်းသံယောဇဉ် ဖြစ်မိတာ ဘာညာဆိုတာမျိုးလဲ ဖြစ်စရာမရှိတာသေချာတယ်။ပြီးတော့ အလင်းချိုကသူ့ထက် အသက်တစ်နှစ်ကျော်ကြီးလို့ ရိုရှိသေသေဆက်ဆံနေတာမျိုးလဲ မဟုတ်လောက်ဘူး။အတွေးရတော့ ကြပ်လှတယ်။တစ်ပတ်ကျော်အတွင်းမှာပဲ ဒီကောင်လေးရဲ့ ဂရုတစိုက်ငဲ့ညှာတတ်တဲ့စိတ်လေးနဲ့ ဟာသတွေပြောတတ်တာကိုတော့ အလင်းချိုသဘောကျမိတာအမှန်ပဲ။တစ်ခုပဲ တစ်ခါတစ်ခါ မလိုအပ်ဘဲ အနားကို အတင်း တိုးကပ်လာတတ်တဲ့အကျင့်ကိုတော့ သဘောမကျဘူး။ ~~~~~~ "အလင်းရဲ့အလုပ်က သူဋ္ဌေးအိမ်မှာပဲလုပ်ရတာလား " ဟန်သော်လင်းက ကားမောင်းနေရင်းကနေမေးလိုက်တယ်။ " အင်း ... ခုတလောတော့ သူ့ဆိုင်တွေကို သွားကြည့်ပေးနေရတယ် " " ဘာဆိုင်တွေလဲ အလင်း " ဟန်သော်လင်းရဲ့ အမေးကြောင့် အလင်းချိုကိုယ်လေးဆတ်ခနဲ တုန်သွားမိတယ်။ "ဟို ...ဟိုလေ အလှပြင်ပစွည်းတွေ ရောင်းတဲ့ဆိုင်တွေပါ" မလိမ်းစဖူး အလင်းချိုလိမ်ညာပြောလိုက်မိတယ်။ "အင်းပါ ..အဆင်ပြေရင် ပြီးတာပဲ...အလုပ်ထွက်ဖို့အစီအစဉ်ရောရှိသေးလား " " အင်း အလုပ်ကထွက်မှာ ... "

ဧကြည်ဖြူ "သံယောဇဉ်ကမ်းပါး အပိုင်း (၃၅ ) ****** " စေ့စပ်ရုံပဲဆိုတော့ ...မမြင့်မော်တို့ အိမ်မှာပဲ... နှစ်ဘက်မိဘတွေနဲ့ ဆွေမျိုးသားချင်းတွေလောက်ပဲ ဖိတ်မလား ... မြေးကြီးရဲ့ သဘောကရော " မြေးဖြစ်သူကို ဘွားချို ကမေးလိုက်တယ်။ အဘွားတို့ပဲ စီစဉ်လိုက်ပါ...ကျွန်တော် အလုပ်တွေ မအားလို့ " " သားအတွက်အဝတ်အစားကရော.. သားတို့ဘာသာစီစဉ်မှာလား ... အမေတို့ စီစဉ်ပေးရမှာလား " ဒေါ်အေးမြနွယ်က သားဖြစ်သူကို လှမ်းမေးလိုက်ပြန်တယ်။ "ကျွန်တော်ကတော့ ရှိတာပဲဝတ်လိုက်မယ် အမေ ... မစံကတော့ သူ့ဘာသာစီစဉ်မှာ ပေါ့" နေမခက မိခင်ကို ခပ်အေးအေးပဲ ပြန်ပြောလိုက်တယ် ။ သားဖြစ်သူရဲ့စကားကြောင့် ဒေါ်အေးမြနွယ်က စိတ်ဘဝင်မကျ ဖြစ်သွားရပြီး "မင်းဟာက မဟုတ်သေးပါဘူး ... ဒီပွဲက ပွဲကြီး မဟုတ်ပေမဲ့မင်္ဂလာယူမယ့် ပွဲလေ... အသစ်တစ်စုံလောက်တော့ ဝယ်မှဖြစ်မှာပေါ့....ပွဲက နောက်လမှမဟုတ်လား ... အချိန်ရသေးတာပဲ ...သားတို့မအားရင်လဲ အမေတို့စီစဉ်ပေးမယ် " "ရပါတယ် အမေရာင်း အဝတ်အစားက အရေးကြီးမကြီးပါဘူး ...အမေလဲ မအားဘူးမဟုတ်လား ... အမေနဲ့ ညီမလေး အွန်လိုင်းရှော့လေးလုပ်မလို့ဆို ...အမေ့အလုပ်ကိုပဲအာရုံစိုက်ပါ ...လိုအပ်တာရှိရင်လဲ ကျွန်တော့်ကိုပြော ..." ဒေါ်အေးမြနွယ်နဲ့ဘွားချိုက နေမခရဲ့ အပြုအမူကြောင့် စိတ်မရှည်ချင်တော့ပေ။ "သားကြီး မင်းဘာဖြစ်နေတာလဲ ..စိတ်မပါရင်လဲ ဒီပွဲကို မလုပ်နဲ့ ...တစ်ဖက်သားမိန်းခလေးကိုတော့ စိတ်ဆင်းရဲအောင် မလုပ်နဲ့ ... စီးပွားရေးအရဆိုရင်လဲ အမေတို့ကို ငဲ့စရာမလိုဘူး ... ထမင်းတစ်လုတ်ကတော့ အမေတို့ ဘာသာ ရှာစားနိုင်တယ် ... ငွေချမ်းသာဖို့ မလိုဘူး စိတ်ချမ်းသာဖို့ပဲလိုတယ်.... နောက်မှ စိတ်ပြောင်းတာမျိုး လုပ်လို့မရဘူး " ဒေါ်အေးမြနွယ်က ဒေါသသံနဲ့ ပြောလိုက်မှ နေမခက မိခင်ဖြစ်သူကို ခေါင်းမော့ကြည့်လိုက်ပြီး "မဟုတ်ပါဘူး အမေ ... ကျွန်တော် အလုပ်များနေလို့ပါ ...ဘာပြဿနာမှ မဖြစ်စေရပါဘူး စိတ်ချပါ ... မစံလိုမျိုး အဘက်ဘက်က ပြီးပြည့်စုံတဲ့ မိန်းခလေး ဘယ်မှာရှိလို့လဲ ... ကျွန်တော် ယောက်ျားပါ ကိုယ့်တာဝန်ကိုယ်ယူတတ်ပါတယ် " " ကဲ အေးမြနွယ်ရေ နင်လဲ ဘာမှ စိတ်ပူမနေနဲ့တော့ ... ငါ့မြေးစိတ်ကို ငါတော့ယုံတယ် ...မြေးကြီးကိစ္စပြီးရင်တော့ အလင်းချိုလေးကိစ္စကိုလဲ ငါတို့ပဲလုပ်ပေးရမယ်ထင်တယ် ... အလင်းချိုအဘွားက ဒေါ်လေးစန်းနဲ့ ပြောခိုင်းလိုက်တယ်လေ ... သူ မသေခင် သူ့မြေးကို အိမ်ထောင်ချပေးချင်လို့တဲ့...အဲဒါ ဟန်သော်လင်းဆိုတဲ့ကောင်လေးကို ကြည့်ပေးပါအုံးတဲ့လေ ... ကောင်လေးကလဲ အဘွားနဲ့ ဒေါ် လေးစန်းဆီမှာ တောင်းရမ်းတယ်တဲ့.... ဒီကောင်လေးပုံကြည့်ရတာ မဆိုးပါဘူး ..အလင်းချိုလေးကို ချစ်ပုံပဲ ." ဆိုင်တာ မဆိုင်တာတော့ မသိ။ဘွားချိုက သူပြောချင်တာကို ပြောလိုက်တယ်။ ဘွားချိုစကားကြောင့် ဒေါ်အေးမြနွယ်က သားဖြစ်သူကို လှမ်းကြည့်လိုက်မိတယ်။နေမခပုံစံကတော့ ခပ်အေးအေးပဲ ဘွားအေးကြီးပြောနေတာကို မကြားတာပဲလား။ မကြားချင်ယောင်ဆောင်နေတာပဲလားမသိ။ " ကျွန်တော် သွားအိပ်တော့မယ် ... အဘွားနဲ့ အမေလဲ အိပ်တော့လေ " ~~~~~ "အလင်း တစ်ခုခုဖြစ်နေတာလားဟင် ... မနေ့ညက ဖုန်းခေါ်တော့လဲ စိတ်ပိတ်ထားတယ်တဲ့...ကျွန်တော်က စိတ်ပူနေတာ " ဟန်သော်လင်းက အလင်းချိုရဲ့ မျက်နှာလေးကို ကြည့်ပြီး ပြောလိုက်တယ်။ '" ကိုလင်းမှာ မိဘတွေရှိလားဟင် .." မထင်မှတ်ထားတဲ့ အလင်းချိုရဲ့ မေးခွန်းကြောင့် ဟန်သော်လင်း အံ့သြတွေဝေသွားမိတယ်။ "အလင်းသာ နားထောင်မယ်ဆိုရင် ကျွန်တော့်ဘ၀အကြောင်းကို ပြောပြပါ့မယ် " "နားထောင်မယ်လေ " အလင်းချိုက ဟန်သော်လင်းရဲ့ မျက်နှာကို ကြည့်ပြီး ပြန်ပြောလိုက်တယ်။ "ကျွန်တော့်ဘဝအကြောင်းက သိပ်တော့ မထူးဆန်းပါဘူး အလင်းရယ် ... စိတ်အလိုလိုက်ပြီး ရူးမိုက်ခဲ့ကြတဲ့ လူနှစ်ယောက်ကြောင့် ကျွန်တော်ဆိုတာ ဖြစ်လာခဲ့တာပေါ့ ...ဒါပေမဲ့ မေတ္တာစစ်တွေကြောင့် ရလာခဲ့တဲ့ ကလေးမဟုတ်တော့ သူတို့အတွက် ကျွန်တော်က အမှိုက်ပါဘဲ ... သူတို့တွေ မလိုချင်တဲ့ ...မနှစ်သက်တဲ့ အမှိုက်ပေါ့ ..." ဟန်သော်လင်းက သူ့ဘဝအကြောင်းကို ဖုံးကွယ်သင့်တာ ဖုံးကွယ်ပြီး ပြောလိုက်တယ်။ ဟန်သော်လင်းရဲ့ စကားတွေကို နားထောင်ပြီးတဲ့နောက် ဟန်သော်လင်းရဲ့ မျက်နှာကို အလင်းချိုသနားကြင်နာစိတ်နဲ့ ခပ်ငေးငေးကြည့်နေမိတယ်။ "အဲ့ဒါဆို ကိုလင်းရဲ့ အမေကို မသိအောင်ပဲ သွားခိုးကြည့်နေမှာလား ...ခေါ်ဖို့အစီအစဉ်မရှိဘူးလားဟင် " အလင်းချိုရဲ့ အမေးကို ဟန်သော်လင့် ခေါင်းကို အသာယမ်းပြလိုက်ပြီး "မပြောတော့ပါဘူး အလင်းရယ် ... အကြိမ်ကြိမ်စွန့်ပစ်ခံခဲ့ရပြီးပြီပဲ ...ဘာကိုမှ မမျှော်လင့်တော့ပါဘူး .... ဒီလိုလေးပဲ သတိရတဲ့အခါသွားကြည့်ရရုံနဲ့ ကျေနပ်ပါတယ်"

မမဆွေရဲ့ အိမ်အကူ အဒေါ်ကြီးက ပြောနေပေမဲ့ အလင်းချိုက ကြက်မွေးတံကို ယူလိုက်ပြီး အဒေါ် ကြီးရဲ့ နောက်ကနေ အခန်းထဲကို လိုက်ဝင်လာခဲ့တယ်။ အခန်းက မမဆွေရဲ့ အခန်း။ မမဆွေအခန်းက နေ့တိုင်း သန့်ရှင်းရေးလုပ်ပေးစရာမလိုဘူး ။ မမဆွေလုပ်ခိုင်းတဲ့နေ့ပဲ လုပ်ပေးရတာ။ ဒီနေ့ တော့ မမဆွေတစ်ယောက် ဧည့်သည်နဲ့ သွားတွေ့တာ အလင်းချိုကို မခေါ်ဘဲ သူသွားလေရာ နောက်တကောက်ကောက်ပါတဲ့ ကားဆရာနဲ့ နှစ်ယောက်တည်း ထွက်သွားကြတယ်။ဖြစ်ချင်တော့ မမဆွေက သူသွားရေတုန်းမှာ သူ့အခန်းကို သန့်ရှင်းရေးလုပ်ခိုင်းသွားတယ်။အလင်းချိုကို ခိုင်းတာတော့ မဟုတ်ဘူး ။အိမ်အကူ အဒေါ်ကြီးကို ခိုင်းတာ။ ဒါက အလင်းချိုအတွက် အခွင့် အရေးဖြစ်လာတာလေ။ မမဆွေက သူ့အလုပ်တွေကို အိမ်မှာပဲယူလုပ်နေကြ ဆိုတော့ အလင်းချိုလဲ မမဆွေနဲ့အတူ အိမ်မှာပဲနေရတာများတယ်။ ဒါကြောင့်လဲ အိမ်အကူ အဒေါ်ကြီးနဲ့ အလင်းချိုက တော်တော်လေးရင်းနှီးနေပြီလေ။ " သမီးဝိုင်းကူတော့လဲ ..ဒေါ်ကြီး သက်သာတာပေါ့ကွယ် ... သူဌေးမအခန်းက သိပ်လဲရှင်းစရာမရှိပါဘူးကွယ် ... နံရံမှာ ချိတ်ထားတဲ့ ပုံတွေကို ဖုန်သုတ်ရုံပါပဲ " အခန်းထဲရောက်တာနဲ့ နေရာအနှံ့ကို မျက်စိကစားလိုက်ရင်း စေ့စေ့စပ်စပ် လိုက်ကြည့်နေမိတယ်။ကြည့်နေပေမဲ့လည်း မိခင်နဲ့ ပတ်သက်ပြီး အလင်းချိုမှာ မှတ်မှတ်ထင်ထင်ရယ်လို့မှမရှိဘဲလေ။ အမေက အလှကြိုက်တယ်ဆိုတာကလွဲလို့ ကျန်တဲ့ မှတ်ဉာဏ်တွေမှ မရှိတာ။ရှားရှားပါးပါး ရထားတဲ့ ဓါတ်ပုံကလည်း ငယ်ငယ်ကပုံဆိုတော့ သေချာရေရာစွာ မခွဲခြားနိုင်သေးပါ။ "ဒါနဲ့ သူဌေးမမှာ မိသားစုမရှိဘူးလားဟင် ဒေါ်ကြီး " အလင်းချိုက ကြက်မွှေးတံနဲ့ ဖုန်တွေသုတ်နေရင်းကနေ အဒေါ်ကြီးကို မေးလိုက်တယ်။ "ရှိမှာပေါ့ ... လောကမှာ မိသားစု မရှိတဲ့သူဆိုတာ ဘယ်ရှိပါ့မလဲ ... မိသားစုနဲ့ အဆင်မပြေတဲ့သူတွေပဲရှိတာ .... သူဋ္ဌေးမ အကြောင်းကိုတော့ သိပ်မသိပါဘူး ... တစ်ခါတလေ သူဌေးမ ယောက်ျားလာတတ်တယ်... လာတယ်ဆိုပေမဲ့ တစ်နှစ်မှ တစ်ခါနှစ်ပါ... " " ဪ.... ဟုတ်လား ...အိမ်ထောင်မရှိဘူးထင်နေတာ ...ကောင်လေးတွေနဲ့ တွဲနေတော့ "အလင်းချိုက နှုတ်ခမ်းကို ဖိကိုက်ပြီး ပြောလိုက်မိတယ်။ " အို ..မပြောနဲ့ သမီး ....အဲ့ဒါသူတို့ရဲ့ ဘ၀နေထိုင်မှုပုံစံပဲ ...ဒေါ်ကြီးတို့နဲ့ မဆိုင်ဘူး ....ဒေါ်ကြီးတို့ အလုပ်က ကိုယ်လုပ်စရာရှိတာကို လုပ်ပြီး လစာယူရုံပဲ...ကျန်တဲ့ကိစ္စတွေကို မြင်လဲ မမြင်ချင်ယောင်ဆောင်နေ ကြားလား သမီး....သူ့လို သိပ်ချောသိပ်လှတဲ့မိန်းမက တစ်ယောက် တည်းနေတာကိုကထူးဆန်းနေပြီမဟုတ်လား...သူငယ်ငယ်တုန်းက သိပ်လှတာကွဲ့ ... ဒီမှာ ကြည့်ပါလား " "ဟင် ...." "ဘုတ် " အိမ်အကူ အဒေါ်ကြီးက ပြောပြောဆိုဆိုနဲ့ မှန်ဘောင်ခပ်သေးသေးတစ်ခုကို လှမ်းပြတယ်။ မှန်ဘောင်လေးကို လှမ်းယူပြီး အလင်းချို ကြည့်လိုက်မိချိန်မှာ ရင်ကဒိန်းခနဲ ဆောင့်ခုန်သွားပြီးလက်ထဲက ကြက်မွှေးတံက အောက်ကို ဘုတ်ခနဲ ပြုတ်ကျသွားခဲ့တယ်။ မှန်ဘောင်ထဲကဓါတ်ပုံက အလင်းချို ဆီမှာရှိတဲ့ ဓါတ်ပုံနဲ့ ပုံစံတူ ဓါတ်ပုံ။ဓါတ်ပုံထဲက လူရော၊ အဝတ်အစားတွေရော အားလုံးတစ်ပုံစံတည်းပါပဲ။ " အမယ်လေး တော်သေးတာပေါ့ သမီးရယ် ...ဓါတ်ပုံ ပြုတ်ကျသွားတာများလားလို့... ရင်ကိုပူသွားတာပဲ ..." အိမ်အကူ အဒေါ်ကြီးက ပြောပြောဆိုဆိုနဲ့ အောက်မှာ ကျနေတဲ့ ကြက်မွှေးတံကို ကောက်ယူလိုက်တယ်။အလင်းချိုကတော့ ကျောက်ရုပ်ကြီးလို မတုန်မလှုပ်ရပ်နေမိတယ်။ ~~~~ "ဟိုတစ်ယောက်ဘယ်မှာလဲ ... အလင်းချို... ဒီကိုလာပါအုံး " ဧည့်ခန်းထဲက ခေါ်သံကြောင့် အလင်းချို ဧည့်ခန်းထဲကို ထွက်လာခဲ့တယ်။မျှော်လင့်ထားပြီးသားကိစ္စမို့ အလင်းချိုပုံစံက သိသိသာသာချည်း တုန်လှုပ်မနေမိပေမဲ့ မိခင်ရင်းဆိုတာ သေချာသွားပြီမို့ စိတ်က ခံစားချက်မျိုးစုံကို ခံစားနေရတယ်။ "ထိုင်အုံး ... သူက မင်းနဲ့ အလုပ်တူတူလုပ်ရမယ့်သူပဲ ... " အလင်းချို ဧည့်ခန်းထဲကို ရောက်သွားတော့ အမေနဲ့အတူ ထိုင်နေတဲ့ ခပ်ဟော့ဟော့ပုံစံ ယောကျာ်းတစ်ယောက်ကိုတွေ့လိုက်ရတယ်။ အမေက အလင်းချိုကို တစ်ချက်မော့ကြည့်ပြီး အဲ့ဒီလူနဲ့မိတ်ဆက်ပေးတယ်။အလင်းချိုကတော့ အမေ့မျက်နှာကိုပဲ ငေးကြည့်နေမိတယ်။အလင်းချိုတောင် မှတ်မိနေတာကို အမေက နည်းနည်းလေးတောင်မမှတ်မိဘူးတဲ့လား။ "ဟုတ်ကဲ့ တွေ့ရတာဝမ်းသာပါတယ် ... ကျွန်တော့် နာမည်ထက်ပိုင်ပါ " သူက နှုတ်ဆက်ပေမဲ့ အလင်းချို ဘာမှပြန်မပြောမိဘဲ ခပ်တွေတွေနဲ့ ငေးကြည့်နေမိတယ်။ " အလင်းချို ဘာကြည့်နေတာလဲ... နှုတ်ဆက်လိုက်လေ .နောက်ဆို သူနဲ့ပဲ အလုပ်တွဲလုပ်ရမှာ " ~~~~~ "ကိုနေ ... ဖေဖေတို့က စံတို့ကို လူမြင်တင့်အောင် စေ့စပ်ထားစေချင်တယ်တဲ့ ... အမြဲတမ်းတတွဲတွဲနဲ့ဆိုတော့ အမျိုးတွေ ကြားထဲမှာလဲ ပြောစရာမဖြစ်အောင်တဲ့လေ..." မစံရဲ့ စကားကြောင့် နေမခ ငေးငိုင်သွားမိတယ်။နှုတ်က အဖြေမပေးမိ။ခေါင်းငြိမ့်ပြလိုက်မိလေသလား မသိ။ စိတ်ကရှုပ်ထွေး နောက်ကျိသွားမိတယ်။ @@@@@@@@@@@@@@@@@ အပိုင်း (၃၅ ) ဆက်ရန် ဧကြည်ဖြူ

" အလင်း မမှားပါဘူး ... နှလုံးသားက သူ့အလိုလိုခံစားရတာလေ... အလင်း တမင်လုပ်ကြံယူတာမှ မဟုတ်တာ....ခံစားချက်တွေကို ထိန်းချုပ်ထားတာ ပိုပင်ပန်းပါတယ် အလင်းရယ် ....လွမ်းစရာရှိရင်လွမ်းလိုက်...စိတ်တိုဒေါသထွက်စရာရှိရင်လဲ ပေါက်ကွဲ ပစ်လိုက်တ ရင်ထဲမှာ သိမ်းထားရတာပင်ပန်းတာပေါ့ " " အင်း...ကိုလင်းပြောတာ မဆိုးဘူး ...ရှေ့လျှောက်အဲ့လိုပဲ လုပ်တော့မယ် " နှစ်ယောက်သား စကားပြောရင်းမှ ကားလေးက အလင်းချိုတို့ရပ်ကွက်ထဲ ကို ရောက်မှန်းမသိ ရောက်လာခဲ့တော့တယ်။ "အိမ်ထိလိုက်အုံးမလား ကိုလင်း " အလင်းချိုက ဟန်သော်လင်းကို မေးလိုက်တယ်။ " မိုးချုပ်နေပြီမို့ မဝင်တော့ပါဘူး အလင်းရယ် .....တော်ကြာ အိမ်ပိုင်ရှင်က အလင်းကို အထင်လွဲနေအုံးမယ်.... အိမ်ရောက်မှ ဖုန်းဆက်လိုက်မယ် ...ခုချိန်ကစပြီး စိတ်ဆင်းရဲစရာတွေကို မတွေးနဲ့ တော့နော် .... စိတ်တိုလို့ ပြောစရာ လူမရှိရင် ကျွန်တော့်ကို ဖုန်းသာဆက်လိုက် ဟုတ်ပြီလား " ဟန်သော်လင်းပြောတာကို နားထောင်ပြီး အလင်းချိုက အားပါးတရ ပြုံးလိုက်တယ်။ "အင်းပါ စိတ်ချ ... အလင်းဖုန်းဆက်ရင်သာ ဖုန်းမကိုင်ဘဲ မနေနဲ့နော် ...သွားပြီ " အလင်းချိုက နှုတ်ဆက်ပြီး အိမ်ဘက်ကို ခြေဦးလှည့်လိုက်တယ်။ " အလင်း ...ခဏ" ဟန်သော်လင်းရဲ့ ခေါ်သံကြောင့် အလင်းချိုက လှမ်းလက်စ ခြေလှမ်းတွေကို ရပ်လိုက်ပြီ လှည့်ကြည့်လိုက်မိတယ်။ " အရမ်းစိတ်ပင်ပန်းနေတဲ့ အခါ .. နားကြပ်တပ်ပြီး သီချင်းနားထောင်တာကလဲ စိတ်ကို အပန်းပြေစေတယ်လေ .. အလင်းမှာ နားကြပ်မတွေ့မိဘူးနော် ....ဒီနားကြပ်ကို ယူသွားလိုက်ပါ ..." ဟန်သော်လင်းလက်ထဲက နားကြပ်လေးကို ယောင်ကန်းကန်းနဲ့ အလင်းချိုလှမ်းယူလိုက်မိတယ်။ " အိမ်ရောက်ရင် ဘာမှမတွေးနဲ့တော့နော် ... ငိုလဲ မငိုပါနဲ့တော့ ...သီချင်းနားထောင်ပြီး အိပ်ပါ " ဟန်သော်လင်းက အလင်းချိုရဲ့ ခေါင်းလေးကို တစ်ချက် ခပ်ဖွဖွပုတ်ပုတ်ရင်း ပြောလိုက်ပြီး ကားရှိရာကို ပြန်လျှောက်လာခဲ့လိုက်တယ်။ အလင်းချိုက ဟန်သော်လင်းတို့ ခပ်ငေးငေးလေးကြည့်နေမိတယ်။ ~~~~~~ "တောက် "နေမခရဲ့ တောက်ခေါက်သံက ပြင်ပကို ထွက်မလာဘဲ ရင်ထဲမှာပဲ မြည်ဟည်းပေါက်ကွဲသွားတယ်။ ကားကို ဆက်မမောင်းဘဲ ရပ်တန့်ထားမိတဲ့ ကိုယ့်ကိုယ်ကိုယ်ပဲ အပြစ်တင်ရမလား ။ ဒါမှမဟုတ် ရှေ့ ခပ်လှမ်းလှမ်းက ကားကိုပဲ ပစ်တိုက်လိုက်ရမလားမသိတော့ ။ ဒီကားက ရပ်စရာရှားလို့ ဘာလို့ နေမခ ရဲ့ ကားသွားလာနေကျ ဒီနေရာမှာပဲ ရပ်နေရတာလဲ။လမ်းတွေ အများကြီး၊ ရပ်ကွက်လည်း အကျယ်ကြီးလေ။ ဘာလို့ မျက်စိရှေ့ကိုရောက်ရောက်လာရတာလဲ။ ကားပေါ်မှာတင် ပြောလို့ မပြီးဘဲ မပြီးနိုင်မစီးနိုင် ဘာတွေပြောနေကြတာလဲ။ သူ့နဲ့ စံမဒီရဲ့ကြားမှာတော့ အလုပ်ကိစ္စအကြောင်းကလွဲပြီး များများစားစား ပြောစရာလည်းမရှိပါ။နေမခ ကြည့်နေတုန်းမှာပဲ ကားက ဟွန်းသံတစ်ချက်ပေးပြီး ရှေ့ကို ဆက်မောင်းသွားတယ်။ နှစ်ဘက်ပေါက်လမ်းမှာ အစကတည်းက အဲ့ဒီဘက်မှာပဲ ရပ်ရမှာမဟုတ်လား ။ ဘာလို့ ဒီဘက်မှာလာရပ်ရတာလဲ။ သူ့ကိုယ်တိုင်ကရော အဲ့ဒီလမ်းဘက်ကနေ တိုက်ရိုက်မောင်းဝင်လို့ရရဲ့သားနဲ့ ဘာလို့ ဒီဘက်လမ်းက လာနေမိရတာလဲ။ လမ်းသွားလမ်းလာရှင်းလို့ များလား ။တစ်ယောက်ယောက်က မေးရင်တော့ ဒီတိုင်းပဲ ဖြေမိမယ်ထင်ပါတယ်။ နေမစကားကို ဆက်မမောင်းမိသေးပါ။ တရွေ့ရွေ့ လျှောက်သွားတဲ့ အရိပ်လေး လမ်းကြားထဲကို ချိုးကွေ့ဝင်သွားတဲ့အထိ ငေးမောကြည့်နေမိတယ်။ ~~~~~ " ဘယ်လိုလဲ မမဆွေ ... နှစ်လကျော်နေပြီ သူ့အခြေအနေက ဒီတိုင်းပဲလား ...အရင်တုန်းက ကောင်မလေးတွေဆို ဒီလောကထဲကို ရောက်ဖို့ တစ်ပတ်မကြာပါဘူး " မိုးသူဇာက မကျေမနပ်နဲ့ ပြောလိုက်တယ်။ "အဲဒါကတော့ သူ့စိတ်လေဟဲ့ ...ငွေနဲ့ မြူဆွယ်လည်းမရ ... အပျော်အပါးနဲ့ မြူလဲမရဘူး ... နင့်ဟာမလေးက လူရောဟုတ်ရဲ့လား ... ကျောက်ရုပ်ကြီးလိုပဲ မတုန်မလှုပ်နဲ့ ခံစားတတ်တဲ့ နှလုံးသားရောရှိရဲ့လား ...ဒါပေမဲ့ အဲ့ဒီကျောက်ရုပ်မလေးမှာလဲ သူတစ်ဖက်သတ်ကြိုက်နေတဲ့ ကောင်လေး ရှိတယ်အေ့ ....ကောင်လေးမှာ ရည်းစားတော့ ရှိပုံရတယ်...ကောင်လေးကနင့်ကောင်လေးထက်တောင် ကြည့်ကောင်းသေးတယ် ...နင့်ကောင်လေးက တစ်ဖက်သတ်ဖြစ်နေတာထင်တယ် ... နင်လျှောက်ပြီး ဇွတ်လုပ်မနေနဲ့ ... တော်ကြာ လုပ်ငန်းတွေပါ ထိခိုက်လာမယ် " မမဆွေက မိုးသူဇာကို ကြည့်ပြီးပြောလိုက်တယ်။ "အဲ့ဒီလို မဖြစ်စေရပါဘူး မမ ဆွေရယ်...မမဆွေပြောသလိုဆိုရင် သူ အသည်းကွဲနေတာပေါ့ ....အဲ့ဒါမှ ပို့ပြီး စိတ်ပူစရာကောင်းလာပြီ ... ဒီတိုင်းတော့ အေးတိအေးစက်လုပ်မနေပါနဲ့ မမဆွေရယ် ... သေချာလှုပ်ရှားပါအုံး " " ကဲပါအေ...ငါကြိုးစားကြည့်ပါအုံးမယ် " ~~~~~~~ "ရပါတယ် သမီးရယ် .... ဒေါ်ကြီးတစ်ယောက်တည်း လုပ်နိုင်ပါတယ်...သမီး အလုပ်က စာရင်းဇယားတွေလုပ်ရုံပဲလေ .....အိမ်အလုပ်တွေနဲ့မှမဆိုင်တာ "

ဟန်သော်လင်းကားကို မောင်းနေရပေမဲ့ နောက်ခန်းထဲက အလင်းချိုရဲ့ ရှိုက်သံ သဲ့သဲ့က ဟန်သော်လင်းရဲ့ နှလုံးသားကို လက်အစုံနဲ့ ဖျစ်ညှစ်နေသလို ခံစားနေရတယ်။ဖြစ်နိုင်ရင် ကားကိုရန်ကုန်မြို့ကြီးနဲ့ အဝေးဆုံးကို မောင်းထွက်သွားလိုက်ချင်တယ်။သူမ ဘာတွေဖြစ်နေလဲ။ ဘယ်လို သောကတွေ ခံစားနေရလဲဆိုတာကို မသိနိုင်တဲ့ ကိုယ့်ကိုယ်ကိုယ်လဲ စိတ်တိုလာမိတယ်။ ~~~~~~ အားပါးတရ ငိုလို့ ၀သွားတော့ အလင်းချိုရင်ထဲက သောကတွေရော၊ ဒေါသ တွေပါ လျော့ပါးသွားသလို ခံစားလိုက်ရတယ်။ခေါင်းကို ပြန်မော့ပြီး မျက်ရည်စတွေကို လက်ခုံနဲ့သုတ်လိုက်ချိန်မှာ ဟန်သော်လင်းက လက်ကိုင်ပဝါလေးတစ်ထည်ကမ်းပေးလာတယ်။လက်ကိုင်ပဝါကို လှမ်းယူလိုက်ပြီး ကျေးဇူးတင်စွာနဲ့ ကြည့်လိုက်မိတယ်။မျက်ရည်စတွေကို သုတ်နေရင်းကနေ အပြင်ကို လှမ်းကြည့်လိုက်မိတော့ မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် အံ့သြသွားမိတယ်။ကားက ဘီးလိမ့်ရုံ ခပ်ဖြည်းဖြည်းပဲမောင်းနေတယ်။ခပ်လှမ်းလှမ်းမှာ လှမ်းမြေ နေရတာက မြစ်ပြင်ကျယ်ကြီးရယ် မြစ်ပြင်ထဲကို ငုပ်လျှိုးစပြုနေပြီဖြစ်တဲ့ နေလုံးကြီးရယ်ကို တွေ့လိုက်ရတယ်။ ကမ်းနားက တံတားပေါ်မှာတော့ စင်ရော်ငှက်တွေကို့အစာပစ်ကျွေးနေကြတဲ့ လူတွေ။သူတို့အားလုံးရဲ့ မျက်နှာတွေက ပြုံးလို့ ရွှင်လို့။ "ဒီဘက်ကို ရောက်ဖြစ်လား အလင်း ... ဒီနေရာက ညနေဘက်ဆိုသိပ်သာယာတာ အလင်းရဲ့ ... ဘုရားလာဖူးတဲ့သူတွေရော ... ငှက်စာလာကျွေးတဲ့သူတွေရော စိတ်ချမ်းသာစရာကောင်းတယ် ... ဆင်းလေ အလင်း ...တော်ကြာနေ၀င်တော့မှာ " ရန်ကုန်မြို့မှာ ဒီလိုနေရာရှိသတဲ့လား ။အသက် နှစ်ဆယ့်ခြောက်နှစ်ဖြစ်လာပေမဲ့ ဒီမြင်ကွင်း၊ဒီလိုနေရာကို ပထမဆုံးမြင်ဖူး၊ ရောက်ဖူးခြင်းပါပင်။ ဘဝတစ်လျှောက်လုံးမှာ ခရီးဆိုတာ ဘာမှန်းမသိ၊ လည်ပတ်ခြင်းဆိုတာလဲ မရှိခဲ့ဘူး။ " စင်ရော်လေးတွေကို အစား ကျွေးကြည့်ပါလား ... ပစ်ပေးလိုက်သမျှ အစာကို တစ်စေ့တောင် အောက်မကျအောင် သူတို့ဖမ်းနိုင်ကြတယ်ကွ ..." ဟန်သော်လင်းက ပြောရင်းနဲ့ ငှက်စာကျွေးဖို့ ဝယ်လိုက်တယ်။ အလင်းချိုကတော့ ဟန်သော်လင်း ပြောသမျှကို နားထောင်ရင်းကနေ မြစ်ပြင်ကနေ တဖြူးဖြူးတိုက်ခက်လာတဲ့ လေကို တဝရှူရှိုက်နေမိတယ်။မျက်စိတဆုံး မြင်နေရတဲ့ မြစ်ပြင်ကျယ်ကြီးကို ငေးကြည့်ရင်း အလင်းချိုရဲ့ စိတ်တွေပေါ့ပါးလာတယ်။ " အလင်း ရော့ ...ဒီမှာ ငှက်စာလေးတွေ ပစ်ကျွေးကြည့် " ဟန်သော်လင်း ပေးတဲ့ မုန့်ထုတ်တွေကို ယူလိုက်ပြီး အထဲက မုန့်လုံးသေးသေးလေးတွေကို စင်ရော်ငှက်လေးတွေရှိရာကို လှမ်းပစ်ပေးလိုက်တယ်။အလင်းချို ပစ်ပေးလိုက်တဲ့ အစာကိုစင်ရော်လေးတွေ အလုအယက် ပြေးကောက်ကြတယ်။လျှင်မြန်လိုက်ကြပုံများ ဟန်သော်လင်း ပြောသလိုပင် တစ်ခုတလေပင် မြစ်ထဲသို့ ကျမသွားခဲ့ပါလေ။ စင်ရော်ငှက်လေးတွေကြားမှာ ပြုံးနေတဲ့ အလင်းချိုရဲ့ မျက်နှာလေးကို ကြည့်ပြီး ဟန်သော်လင်း စိတ်ထဲ ကျေနပ်နေမိတယ်။ဖုန်းကို ထုတ်ပြီး အလင်းချိုရဲ့ ပုံလေးတွေကို တဖျပ်ဖျပ် ရိုက်နေမိတယ်။ " ကိုလင်း ဓါတ်ပုံမရိုက်နဲ့နော် ရှက်စရာကြီး " အလင်းချို ပြောတာကို မကြားချင်ယောင်ဆောင်ပြီး ဟန်သော်လင်း မသိမသာနဲ့ အလင်းချိုနားကိုကပ်သွားလိုက်တယ်။ပြီးတော့ အလင်းချိုရဲ့ ခေါင်းပေါ်ကဆံပင်တွေကို စုစည်းထားတဲ့ ခေါင်းစည်းကြိုးလေးကို ဆွဲဖြုတ်ပစ်လိုက်တယ်။ "ဟယ် ...ကိုလင်း ဘာလုပ်တာလဲလို့.. ဓါတ်ပုံမရိုက်ပါနဲ့ ဆို " အလင်းချို ပြောတာကို ဟန်သော်လင်းမကြားနိုင်။လေအဝှေ့မှာ တဖျပ်ဖျပ်လွင့်နေတဲ့ ဆံပင်ရှည်ကြီးတွေက အလင်းချိုရဲ့ မျက်နှာလေးပေါ်မှာ တလူးလူး တလွန့်လွန့် ဖြစ်နေနေတဲ့ မြင်ကွင်းကို ကြည့်ရတာ သိပ်ကိုလှတဲ့ ပန်းချီကားတစ်ချပ်ကိုကြည့်နေရသလိုပါပင်။ ~~~~ " ကြည့်ပါလား အလင်းရဲ့ပုံလေးတွေ ဘယ်လောက်လှလဲ ...ဒီတစ်ခါ ပိတ်ရက်ရောက်ရင် ... အလင်း ဘယ်သွားချင်လဲ စဉ်းစားထားလေ ...ကျွန်တော်လိုက်ပို့ပေးမယ် " ဖုန်းထဲက ကိုယ့်ဓါတ်ပုံလေးတွေကို ကြည့်ရင်း အလင်းချိုသဘောကျနေမိတယ်။ "ကျေးဇူးပါနော် ကိုလင်း ..ကိုလင်းကျေးဇူးကြောင့် ဒီနေ့ စိတ်ညစ်နေတာတွေအကုန်လုံး ပြေပျောက်သွားသလိုပဲ..." အလင်းချိုက ပြောလိုက်တော့ ဟန်သော်လင်းကျေနပ်စွာပြုံးလိုက်မိတယ်။ဟန်သော်လင်းရဲ့ ကြိုးစားမှုက သူမအတွက်ပျော်ရွင်ရတယ်ဆိုရင် ကျေနပ်ပါပြီ။ "အလင်း ခံစားနေရတာတွေကိုလဲ ရင်ဖွင့်လို့ရပါတယ် .. ကျွန်တော်နားထောင်ပေးပါ့မယ် " ဟန်သော်လင်း ခပ်တိုးတိုးပြောလိုက်တော့ အလင်းချိုက ဟန်သော်လင်းကို ဖျတ်ခနဲကြည့်လိုက်မိတယ်။ "ကိုယ်နဲ့ ဘာမှ မပတ်သက်တဲ့ သူတစ်ယောက်က အခြားမိန်းမတစ်ယောက်နဲ့ လက်ထပ်တော့မယ်ဆိုတာနဲ့ ဘာမဆိုင်ညာမဆိုင်နဲ့ ရင်ထဲမှာ နာကျင်နေမိတယ် ... အဲ့ဒါ အလင်းမှားနေတာမဟုတ်လားဟင် ....တကယ်ဆို သူနဲ့ အလင်းက ဘာမှမဆိုင်ဘူးလေ ...." အလင်းချိုက ဟန်သော် လင်းကိုကြည့်ပြီး ခပ်တိုးတိုးပြောလိုက်မိတယ်။ အလင်းချိုရဲ့ အမေးကြောင့် ဟန်သော်လင်း တစ်ခဏမျှတော့ ငြိမ်သက်သွားမိတယ်။ပြီးမှ ခပ်တိုးတိုး ပြန်ဖြေလိုက်မိတယ်။

"ကြီးကြီးတို့က ပိုက်ဆံပဲမြင်နေကြပါလား ...အဘွားဘာဖြစ်တာလဲတော့ အရင် မမေးကြဘူးနော် ... ကြီးကြီးတို့စိတ်ထဲမှာ ငွေပဲရှိတာလား ... အဘွားဆေးခန်းတစ်ခါပြရင် ဘယ်လောက်ကုန်လဲဆိုတာ ကြီးကြီးတို့က ပိုသိတာပဲ ...အဘွားပိုက်ဆံ ဆယ်သိန်းက ကုန်တာကြာလို့ သစ်ပင်တွေရောင်းလို့ရတဲ့ ပိုက်ဆံထဲက ဆေးဖိုးထုတ်သုံးနေတာကြာလှနေပြီ ...ကြီးကြီးတို့ဆီက ဘာပိုက်ဆံမှလဲ မမျှော်လင့်ပါဘူး ... လူစိတ်ရှိရင် အဘွားကို လာကြည့်ကြ ..မရှိရင်လဲ မလာကြနဲ့ ... ကြီးကြီးတို့မောင်နှမတွေက လူထက် ငွေကို မက်နေတဲ့သူတွေပဲဟာ ." " ဘာ ..ဘာပြောတယ် ... ညည်း စကားပြော တာရိုင်းလှချည်းလား ... ငါ့တို့ အမေကို ငါတို့က စေတနာရှိပြီးသားဟဲ့ ...နင်နဲ့ တူတူနေနေလို့ မကြည့်တာ သိရဲ့လား ...ငါတို့အမေကို ငါတို့ ပြန်ခေါ်မှာစိတ်ချ " အနာပေါ် တုတ်ကျသွားသလို့ စိတ်ဆိုးမာန်ဆိုးနဲ့ ပြောနေကြတဲ့ ကြီးကြီးအေးနဲ့ ကြည်ပြာတို့ကို ကျောခိုင်းခဲ့ပြီး အလင်းချို တိုက်အောက်ကို ပြန်ဆင်းလာခဲ့တယ်။ရင်ထဲမှာ ဒေါသက ဆူဝေနေဆဲပင်။ ~~~~ "အလင်း ဘာဖြစ်လာတာလဲ ...အဆင်ပြေရဲ့လားဟင် " နီရဲနေတဲ့ ဒေါသမျက်နှာနဲ့ ပြန်ရောက်လာတဲ့ အလင်းချိုကို ကြည့်ပြီး ဟန်သော်လင်း စိုးရိမ်တကြီးနဲ့မေးလိုက်မိတယ်။ "ကိုးလင်း ... အလင်းချိုအိမ်မပြန်ချင်သေးဘူး ...အဖေ့ဆီကို သွားချင်တယ် လိုက်ပို့ပေးပါ " ဒေါသမပြေသေးတာမို့ - အလင်းချို အသံမာမာနဲ့ပဲ ဟန်သော်လင်းကို ပြောလိုက်မိတယ်။ " အင်းပါ ... ကျွန်တော်လိုက်ပို့ပေးပါ့မယ်" ~~~~ အလင်းချို အိမ်ထဲဝင်သွားတော့ အဖေက အလုပ်က ပြန်ရောက်ကာစဖြစ်ပုံရတယ်။ဧည့်ခန်းဆိုဖာခုံပေါ်မှာထိုင်ပြီး သူ့ကလေးနှစ်ယောက်နဲ့ ကြည်ကြည်နူးနူးစကားတွေပြောနေတယ်။အလင်းချိုကို မြင်တော့ အံ့ဩသွားပုံရတယ်။တံခါးလာဖွင့်ပေးတဲ့ မိထွေးဖြစ်သူရဲ့ မျက်နှာကတော့ ပုံမှန်ပဲ။ အရယ်အပြုံးလဲ မရှိဘူး။ " ဟာ သမီး ...ဘာကိစ္စရှိလို့လဲ...ထိုင်လေ " မေးလိုက်တဲ့စကားကြောင့်ရင်ထဲမှာ နင့်ခနဲဖြစ်သွားရတယ်။ အဖေ့အိမ်ကို သမီးက ကိစ္စရှိမှ လာရမှာတဲ့လား။ "အဘွားနေမကောင်းဖြစ်နေတယ် အဖေ ... ဒေါ်လေးစန်း ဖုန်းဆက်တော့လဲ အဖေတို့က မလာကြလို့ သမီးလိုက်လာခဲ့တာ " " ဟင် ... သမီးကြီးကြီးတွေကရော မလာကြဘူးလား ... သမီးအဘွား ဘဏ်စာအုပ်က သူတို့ဆီမှာလေ ...အဖေ့ဆီမှာ မရှိဘူး...သမီးပိုက်ဆံလိုရင်တော့ အဖေ မုန့်ဖိုးနည်းနည်းပါးပါး ပေးလိုက်ပါ့မယ်" ဒီပုတ်ထဲက ထွက်မှတော့ ဒီပဲ ဆိုတဲ့ စကားက သိပ်ကို မှန်တာပဲ။ အဖေလည်းပဲ အဘွား ဘာဖြစ်တာလဲလို့ အရင် မမေးဘဲ ပိုက်ဆံအကြောင်းကိုပဲ အရင်ပြောတော့တာပဲလေ။ "အို ... ငွေကိစ္စက အစ်ကိုနဲ့ ဘာဆိုင်လို့လဲ ... ပိုက်ဆံလိုချင်တာဆိုရင်တော့ အန်တီတို့မှာလဲ မရှိဘူး အလင်းချို ...မင်းအဖေရဲ့ အလုပ်ထဲမှာ ငွေတွေရင်းလိုက်ပြီ " အလင်းချိုရဲ့ ပါးစပ်က ငွေအကြောင်းကို မပြောရပါပဲ သူတို့ပဲ ဦးအောင် ပြောနေကြတာလေ။ "သမီး ပိုက်ဆံ တောင်းဖို့ လာတာမဟုတ်ဘူး အဖေ....သမီးရှာထားတဲ့ ပိုက်ဆံနဲ့ သုံးလို့ လောက်ပါတယ်...အဘွားနေမကောင်းတာကို ဖုန်းဆက်ပြောတာတောင် လာမကြည့်ကြလို့ ကိုယ်တိုင် လာပြောတာ ...အဖေတို့အားမှ လာကြပါ ...အဖေ့မိသားစုက သမီးတို့ထက် ပိုအရေးကြီးတာပဲ .." " အလင်းချို ... သမီး ဘယ်လိုပြောလိုက်တာလဲ " ပြောပြီးတာနဲ့ အလင်းချို ထွက်လာခဲ့တယ်။ဖခင်ဖြစ်သူရဲ့အိမ်မှာ ဖင်ထိုင်ခွင့်လေးတောင် မရခဲ့ပါဘူး။ ~~~~~~~ အံလေးကို တင်းတင်း ကြိတ်ပြီး လျှောက်လာတဲ့ အလင်းချိုကို ကြည့်ပြီး ဟန်သော်လင်းစိတ်ထဲ စိုးရိမ်သွားမိပြီး ကားပေါ်ကဆင်းကာ စောင့်နေလိုက်ပြီး ကားတံခါးကိုပါ အသင့်ဖွင့်ထားလိုက်တယ်။ " နောက်ခန်းမှာ ထိုင်လို့ရမလား ကိုလင်း " " ရ ..ရပါတယ် အလင်းရဲ့ " ဟန်သော်လင်း ဖြေလိုက်ပြီး နောက်ခန်းတံခါးကို ဖွင့်ပေးလိုက်တယ်။ ~~~~~~ ကားက ကတ္တရာလမ်းမထက်မှာ တရိပ်ရိပ်ပြေးနေတယ်။ကားနောက်ခန်းထဲမှာတော့ ဒူးနှစ်ဖက်ပေါ်ကို မျက်နှာကို မှောက်ချပြီး ခန္ဓာကိုယ်လေးသိမ့်သိမ့်တုန်အောင် ရှိုက်ငိုနေမိတဲ့ အလင်းချို။ မိခင်နဲ့ ခွဲခွါပြီးနောက် ဖခင်ဖြစ်သူ နောက်အိမ်ထောင်ပြုသွားပြီး ကတည်းက အားပါးတရမငိုခဲ့မိ။နောက်တစ်ကြိမ် နေမခ နိုင်ငံခြားကို ထွက်သွားတော့ ခြံထဲမှာ သစ်ပင်တွေစိုက်ရင်း ငိုခဲ့မိတယ်။ဒီနောက်ပိုင်းမှာတော့ စိတ်ထဲနာကျင်လွန်းမှ သာ မျက်ရည်ကျမိရုံအပြင် မပိုခဲ့။မှတ်မှတ်ရရပြောရမယ်ဆိုရင် နေမခ ပြန်လာပြီးနောက်ပိုင်းမှသာ အလင်းချိုက မျက်ရည်လွယ်သူတစ်ယောက်ဖြစ်လာခဲ့တာပါ။ကြီးကြီးတို့ကြောင့်တော့ မျက်ရည်ကျခဲ့ရတယ်ဆိုတာမရှိခဲ့ဘူး။ ကြီးကြီးတို့မိသားစုတွေ ပြောချင်ရာပြော ၊ စွပ်စွဲချင်ရာစွပ်စွဲ အလင်းချိုက မမှု၊ ရင်ထဲမှာလည်း ဘာခံစားချက်မှ မရှိပါ။တကယ်တော့ ကိုယ်ချစ်ခင်တွယ်တာ ရသူတွေကပဲ ကိုယ့်ရင်ကိုခွဲနိုင်၊ ကိုယ့်ကိုယ် မျက်ရည်ကျအောင်လုပ်နိုင်ကြတယ်ဆိုတာကို အလင်းချိုသိလာပါပြီ။ ဒီသံယောဇဉ်တွေကို ကိုယ်တိုင် မဖြတ်တောက်နိုင်သမျှတော့ အလင်းချိုနာကျင်နေရအုံးမယ်ထင်ပါရဲ့။

ဧကြည်ဖြူ "သံယောဇဉ် ကမ်းပါး " အပိုင်း (၃၄ ) ******** "အလင်း " ရှေ့တည့်တည့်မှာ လာရပ်တဲ့ကားကို အလင်းချို ကြည့်နေမိတုန်းမှာပဲ ကားပေါ်က လှမ်းခေါ်သံနဲ့အတူ ဟန်သော်လင်းကို တွေ့လိုက်ရတယ်။ "ကိုလင်းပါလား...ဘယ်ကပြန်လာတာလဲ " "ဒီဘက်မှာ ကိစ္စရှိလို့ ခဏလာတာ .... အလင်းအလုပ်က ပြန်လာတာလား ...လာလေ ကားပေါ်တက် .. ကျွန်တော်လိုက်ပို့ပေးမယ် " ဟန်သော်လင်းက အလင်းချိုရဲ့ ဝတ်စားပြင်ဆင်ပုံကို ကြည့်ပြီးအံ့သြနေမိသလို မတွေ့ရတာကြာပြီမို့ အခုလို တွေ့လိုက်ရတော့လည်း ဝမ်းသာပျော်ရွှင်သွားမိတယ်။ "အလင်း အိမ်မပြန်သေးဘူး ...ကြီးကြီးတို့အိမ်ဘက်ကို သွားမလို့ ကိုလင်း" "ကဲပါကွာ ... ကားပေါ်တက်ပါ....လိုက်ပို့ပေးပါမယ် " ဟန်သော်လင်းက ပြောရင်း ကားတံခါးကို ဖွင့်ပေးလိုက်တယ်။ အလင်းချိုလည်း ဘာမှမပြောတော့ဘဲ ကားပေါ်တက်ထိုင်လိုက်တယ်။ ကားပေါ်တက်တုန်းကတော့ စွေ့ခနဲ တက်ထိုင်လိုက်ပေမဲ့ ကားပေါ်မှာ ထိုင်မိကာမှ တိုလွန်းတဲ့ စကပ်ကြောင့် ရှက်သလိုလို စိတ်မလုံသလိုလို ဖြစ်သွားမိပြီး အိုးတိုးအမ်းတမ်း ဖြစ်သွားမိတယ်။ အလင်းချိုရဲ့ အခြေအနေကို ရိပ်မိလိုက်တဲ့ဟန်သော်လင်းက ကားဒတ်ဘုတ်ပေါ်က စာစောင်ကိုယူလိုက်ပြီး အလင်းချို ဆီကို ကမ်းပေးလိုက်တယ်။ "ကျေးဇူးပါ ကိုလင်း " စာစောင်ကိုယူပြီး ပေါင်ပေါ်ကိုတင်လိုက်တဲ့ အလင်းချိုရဲ့ မျက်နှာကိုတစ်ချက်ကြည့်လိုက်မိပြီး ဟန်သော်လင်းရဲ့ စိတ်ထဲမှာ မတင်မကျ ခံစားနေရတာမို့ မေးလိုက်မိတယ်။ "အလင်း နေမကောင်းဘူးလား...အလင်းကို ကြည့်ရတာတစ်ခုခုဖြစ်နေသလိုပဲ..." မျက်နှာရိပ်မျက်နှာကဲကြည့်တာ ကျွမ်းကျင်လှတဲ့ ဟစ်သော်လင်းကို ကြည့်ပြီး အလင်းချိုက ခပ်ယဲ့ယဲ့ပြုံးပြလိုက်မိတယ်။ " နေကောင်းပါတယ် ကိုလင်း...ကိုလင်းရော အလုပ်တွေ အဆင်ပြေရဲ့လား" "ပြေပါတယ်ကွာ....ကိုယ်လဲ နောက်ဆိုရင် ... ကားလဲပြီး တက္ကစီပဲမောင်းတော့မယ် ...သူများ အလုပ်တွေလုပ်ရတာ စိတ်ပင်ပန်းလို့လေ " "ကောင်းပါတယ်..အလင်းလဲ ဒီမှာ ကြာရှည် လုပ်ဖို့ စိတ်ကူးမရှိပါဘူး" နှစ်ယောက်သားကြားမှာ ပြန်လည် တိတ်ဆိတ်သွားပြန်တယ်။ဟန်သော်လင်းက ကားမောင်းနေရင်းကနေ အလင်းချိုရဲ့ ညှိုးနွမ်းနေတဲ့မျက်နှာလေးကို မသိမသာ ခိုးကြည့်နေမိတယ်။ ~~~~~~ "ကိုလင်း ခဏလေးနော် ..မကြာပါဘူး " ဟန်သော်လင်းကို ပြောပြီး အလင်းချိုကားပေါ်မှ ဆင်းကာ ကြီးကြီးတို့တိုက်ခန်းရှိရာဘက်ကို လာခဲ့တယ်။ကြီးကြီးမေတို့နဲ့ ကြီးကြီးအေးတို့ရဲ့ တိုက်ခန်းတွေက သိပ်တော့ မဝေးပါ။အိမ်ရာဝန်းတစ်ခုတည်းမှာပဲ ရှိပြီး တိုက်ချင်းပဲ မတူကြတာ။ နေကြတော့လဲ နှစ်လွှာမှာပဲလေ။ညီအစ်မနှစ်ယောက်လုံးက စိတ်တူကိုယ်တူပေမို့လား ဒါမှမဟုတ် ပြိုင်ဆိုင်နေကြတာလားတော့မသိ။အလင်းချိုနဲ့ ဒေါ်လေး စန်းတောင်မှ သူတို့တွေအိမ်ပြောင်းတုန်းက ကူသယ်ပေးခဲ့ရလို့သာ ဒီကိုရောက်ဖူးခဲ့တာ။အိမ်ကိုရောက်ဖူးရုံ အလည်သက်သက် ခေါ်တာမျိုးတော့ မရှိခဲ့ဘူးပါ။ ~~~~~~~ အိမ်ရာ၀င်းထဲကို ရောက်လာတော့ တိုက်ခန်းမြင့်ကြီးတွေရဲ့ရှေ့မှာရပ်ပြီး ဘယ်အိမ်ကို သွားရမလဲ စဉ်းစားရပြန်တယ်။ဘယ်အိမ်ကို သွားသွား ဆက်ဆံမယ့်ပုံခြင်းကတော့ တူတူပဲမို့ နီးစပ်ရာ အခန်းကိုပဲ တက်ခဲ့လိုက်တယ်။ "ဒေါက်... ဒေါက်...ဒေါက် " အခန်းရှေ့ကိုရောက်တော့ တံခါးကိုခပ်ပြင်းပြင်း သုံးချက်ခေါက်လိုက်တယ်။တံခါးခေါက်ပြီး သိပ်မကြာခင်မှာပဲ တံခါးနောက်က လှုပ်ရှားသံကို ကြားလိုက်ရတယ်။တံခါးသော့ဖွင်သံ။ တံခါးပွင့်သွားတော့ အပေါက်ဝမှာ ကြည်ပြာ့ကိုတွေ့လိုက်ရတယ်။အလင်းချိုကို မြင်တော့ ကြည်ပြားမျက်လုံးတွေက စူးခနဲဖြစ်သွားတယ်။ဟန်သော်လင်းနဲ့ ပတ်သက်ပြီး ကြည်ပြာမှာ မကျေနပ်ချက်တွေရှိနေတယ်လေ။ "ဘာကိစ္စရှိလို့လဲ " ကြည်ပြာက တံခါးကိုမဖွင့်ပေးဘဲ အသံခပ်မာမာနဲ့ မေးတယ်။ "ကြီးကြီးအေးရှိလား...အဘွားအကြောင်း ပြောမလို့ " " အမေရေ ... အလင်းချိုလာတယ် ...အဘွားကိစ္စတဲ့ " တံခါးကို မဖွင့်ပေးသေးဘဲ အိမ်ထဲကို လှမ်းအော်တယ်။ " ဘာလဲ ...ဘာဖြစ်လို့လဲ " အမေရော သမီးပါ အကျင့်က တူတူပဲ။တံခါးကို မဖွင့်ကြဘဲ မေးခွန်းတွေပဲ မေးနေကြတယ်။ တစ်နေ့လုံးငုပ်လျှိုးနေတဲ့စိတ်က ကြည်ပြာတို့ သားအမိကိုကြည့်ပြီး ဒေါသအဖြစ် ပြောင်းလဲလာတယ်။ "အဘွားနေမကောင်းဘူး " အလင်းချို အသံခပ်ဆတ်ဆတ်နဲ့ ပြောလိုက်မိတယ်။ "ဘာလဲ နေမကောင်းတာကို အကြောင်းပြပြီး ငွေလာတောင်းတာလား ....ပိုက်ဆံတွေက ကုန်တာမြန်လှချည်းလား ...နင်တို့တွေ ဘာတွေလုပ်ပစ်နေတာလဲ ....ပိုက်ဆံတော့ ထပ်မပေးနိုင်တော့ဘူး ... မနက်ဖြန် ဆေးခန်းပြပေးဖို့ လာခေါ်မယ် " ကြီးကြီးအေးရဲ့ စကားသံက စိတ်တိုဒေါသထွက်စရာကောင်းလှတယ်။စိတ်တိုလွန်း၍ စကားလုံးတွေက လည်ချောင်းဝထိရောက်လာတယ်။

စံမဒီက နေမခရဲ့လက်ကို ဆွဲကိုင်လိုက်ပြီး အလင်းချိုတို့ ရပ်နေတဲ့ နေရာကို လျှောက်သွားလိုက်တယ်။ ~~~~ အလင်းချိုမှာ လက်ထဲက ခြင်းတောင်းကို ချလိုက်ပြီး မျက်နှာရှေ့ကို ဝဲကျနေတဲ့ ဆံပင်တွေကို နောက်ဘက်ကို လှန်တင်လိုက်တဲ့ အချိန်မှာပဲ ခပ်လှမ်းလှမ်းကနေ လှမ်းကြည့်နေတဲ့ နေမခကို တွေ့လိုက်ရတာမို့ ရင်ကဒိန်းခနဲ ဆောင့်ခုန်သွားပြီး အသက်ရှူဖို့ပါ မေ့လျော့သွားသလို့ ခံစားလိုက်ရတယ်။ အဲ့ဒီအချိန်မှာပဲ နေမခဘေးနားကို ရောက်လာပြီး နေမခရဲ့ လက်တစ်ဖက်ကို ဆွဲကိုင်လိုက်တဲ့ စံမဒီဆိုတဲ့ အမျိုးသမီးကို တွေ့လိုက်ရတာမို့ အလင်းချိုရဲ့ မျက်နှာကို တခြားနေရာကို ဆတ်ခနဲ လွှဲပစ်လိုက်မိတယ်။ " ညီမလေး မတွေ့တာကြာပြီနော် ... မစံတို့ဆိုင်ကို ပထမဆုံး လာဖူးတာထင်တယ် ... အရင်ဆို မောင်တို့အိမ်မှာ အမြဲဆုံတယ်နော် .." မျက်နှာလွှဲလိုက်ကာမှ ရှေ့တည့်တည့်ကို လာပြီး နှုတ်ဆက်သတဲ့လား ။ မောင်ဆိုတဲ့ အခေါ်အဝေါ်တွေနဲ့တောင် ခေါ်တဲ့အဆင့်ထိရောက်နေကြပြီးတဲ့လား။နာကျင်နေတဲ့နှလုံးသားကို ထိန်းချုပ်ပြီးတော့ အလင်းချိုဟန် မပျက် ပြန်နှုတ်ဆက်လိုက်တယ်။ "ဟုတ်ကဲ့ ... အလုပ်လုပ်နေပြီမို့ အန်တီနွယ်တို့အိမ်ဘက်ကို မရောက်ဖြစ်တော့တာပါ ...ဒီဆိုင်က အစ်မတို့ရဲ့ ဆိုင်လား ..အလင်းက ခုမှ ပထမဆုံး လာဖူးတာပါ...ဒါတောင် အလုပ်ရှင်ခေါ်လို့ ရောက်လာတာ ... စေ့စပ်ကြတော့မယ်ဆိုတဲ့ သတင်းကိုကြားပါတယ်....၀မ်းသာပါတယ်ရှင် ... ဝမ်းသာတယ်နော်သူငယ်ချင်း ... အလင်းကို ခွင့်ပြုပါအုံးနော် ... အလုပ်ချိန်မို့ပါ " ပြောပြီးတာနဲ့ ခြင်းကို ကောက်ယူလိုက်ပြီး အလင်းချိုလှည့်ထွက်လာခဲ့မိတယ်။ မမ ဆွေရဲ့ ခေါ်သံကိုပင်ဂရုမစိုက်မိတော့ပါ။ဒီတစ်ခါ မျက်နှာပေါ်ဝဲကျလာတဲ့ ဆံပင်တွေကို မဖယ်မိတော့။ရင်က တဆတ်ဆတ်ခုန်နေသေးသလို ခြေလှမ်းတွေကလဲ လေဟာနယ်ထဲမှာ လမ်းလျှောက်နေရသလို့ အထိန်းအကွပ်မဲ့ချင်နေလေ၏။ ~~~ "လာ ...ပြန်ရအောင် " အသံက အနီးကထွက်ပေါ်လာကာ လူကဆွဲခေါ်ရာနောက်သို့ ပါသွားမိတယ်။ပြိနောက် ကားတံခါးဆွဲပိတ်သံကို ကြားလိုက်ရတယ်။ "မင်း သူ့ကိုကြိုက်နေတာလား အလင်းချို " နာမည်ကိုခေါ် ကာ အနီးကပ်မေးလိုက်သံကို ကြားလိုက်ရတော့မှ အသိစိတ်က ပြန်လည်ဝင်ရောက်လာပြီး မျက်လုံးအိမ်ထဲကနေ ဝဲကျချင်လာတဲ့မျက်ရည်တွေကို မျက်တောင်တွေနဲ့ ပုတ်ခတ်ပစ်လိုက်မိတယ်။ " ဒါလေးနဲ့ ဒီလောက်ထိ ခံစားနေဖို့ တန်လို့လား ...ကောင်လေးကိုကြည့်ရတာလဲ မင်းကို သဘောကျပုံပဲ ...ဒါပေမဲ့ သူ့ဘေးကတစ်ယောက်ကတော့ ငွေရှိပုံပဲကွ ... ယောကျာ်းတွေက ဒီလိုပါပဲ နောက်ဆုံးကျရင် ငွေကိုပဲ ရွေးချယ်ကြတာလေ ... ဘာမှ ခံစားမနေနဲ့ " အဆင်ပြေဆီလျော်တဲ့ အားပေးစကားမျိုးမဟုတ်ပေမဲ့ စိတ်က ထူးဆန်းလှစွာပင် အမျိုးသမီးရဲ့ ရင်ခွင်ထဲတိုးဝင်ပြီး အူလှိုက်သည်းလိုက်ငိုပစ်လိုက်ချင်စိတ်များ ဖြစ်ပေါ်လာမိတယ်။သို့ပေမဲ့လည်း ဒီအမျိုးသမီးကလည်း မိမိကို စိမ်းစိမ်းကားကား စွန့်ပစ်ခဲ့တဲ့ အမျိုးသမီးဖြစ်နိုင်ချေများတယ်လေ။ သူမရဲ့ မျက်နှာကို ငေးကြည့်နေမိရင်းမှ စိတ်က ဝမ်းနည်းနေရာမှ ဒေါသအဖြစ်သို့ကူးပြောင်းလာသကဲ့သို့ပင် ခံစားလာမိပြန်တယ်။ ~~~~ အလုပ်က ခပ်စောစောပြန်ခွင့်ပေးခဲ့တာမို့ အလင်းချို အရင်လို အဝတ်အစားပင်မလဲတော့ဘဲ နေ့လယ်က အဝတ်အစားနဲ့ပဲပြန်ခဲ့လိုက်တယ်။ မမဆွေက သူ့အလုပ်ခွင်ထဲမှာဆိုရင် "စကပ်တိုပဲဝတ်ပြီး ပြင်ပြင်ဆင်ဆင်နေရမယ်" လို့ မှာထားတာကြောင့် အလုပ်လုပ်နေချိန်ဆိုရင် စကပ်တိုနဲ့ နေရပြီး အိမ်ပြန်ရင်တော့ အလင်းချို စိတ်ကြိုက် ထဘီ ဖြစ်ဖြစ်၊ ဘောင်းဘီရှည်နဲ့ ဖြစ်ဖြစ် လဲဝတ်ပြီး ပြန်တတ်မြဲ။ ဒီနေ့အဖို့မှာတော့ လဲဝတ်ချင်စိတ်လဲမရှိတာမို့ နေ့လယ်ကပုံစံအတိုင်းပဲပြန်ခဲ့လိုက်တာ။ မျက်နှာကိုတော့ မျက်ရည်စီးကြောင်တွေရှိလို့ မျက်နှာသစ်ခဲ့လိုက်တယ်။ လမ်းထိပ် ကားဂိတ်ကိုရောက်တော့ စကပ်တိုတိုနဲ့မို့ ကားဂိတ်က ခုံမှာမထိုင်ချင်တာနဲ့ ပလက်ဖောင်းပေါ်မှာပဲ ရပ်နေလိုက်တယ်။အဲ့ဒီအချိန်မှာပဲ အလင်းချိုရဲ့ ရှေ့တည့်တည့်ကို ကားတစ်စင်းထိုးရပ်လာတယ်....။ @@@@@@@@@@@@@@@@ အပိုင်း (၃၄) ဆက်ရန် ဧကြည်ဖြူ

အလင်းချိုက အဘွားရဲ့ ခြေထောက်လေးတွေကို ခပ်ဖွဖွ ဆုပ်နယ်ပေးနေရင်းမှ ပြောလိုက်တယ်။ "အဟွပ်.....အဟွပ် ..ရ..ရပါတယ်မြေးရယ် ...မအိပ်ပါနဲ့ ...ခုတင်ကလဲ သေးနေတော့... မြေးလေး သမံတလင်းပေါ်မှာဖျာခင်းအိပ်မှာမဟုတ်လား ..မအိပ်ပါနဲ့ကွယ်.... အခန်းပြင်မှာမိစန်းလဲ ရှိနေတာပဲဟာ " အဘွားက ရတယ်ပြောပေမဲ့ အလင်းချို အဘွားအခန်းထဲမှာပဲအိပ်ဖို့ပြင်လိုက်တယ်။ အဘွားပြောသလို အဘွားရဲ့အခန်းအပြင်ဘက် မှာ ဒေါ်လေးစန်းက ခုတင်တစ်လုံးနဲ့ အိပ်ပေမဲ့ အအိပ်ကြီးသူပီပီ တော်ရုံနဲ့မနိုးတတ်ဘူးလေ။အဘွား ခုတင်ဘေးမှာ ဖျာလေးခင်းလိုက်ပြီး အလင်းချို အခန်းပြင်ကို ပြန်ထွက်လာခဲ့လိုက်တယ်။ ~~~. အခန်းပြင်ကိုရောက်တော့ ဒေါ်လေးစန်းနားကိုကပ်ပြီး အဘွားမကြားအောင် အသံတိုးတိုးနဲ့ မေးရတယ်။ "ကြီးကြီးတို့ဆီကို ဖုန်းမဆက်ဘူးလား ဒေါ်လေးစန်း ...အဘွားအခြေအနေကို သေချာပြောမပြဘူးလား " "ဘယ်နေမလဲ ... သမီးဖုန်းဆက်ခိုင်းလို့ ဒေါ်လေးစန်းလဲဆက်တာပေါ့ ... ငွေတောင်းတာလားဆိုပြီး ပြောလိုက်တာဆိုတာများ ရစရာကိုမရှိဘူး " "ဒုက္ခပါပဲ ...ကြီးကြီးတို့က တစ်မျိုး ...ပိုက်ဆံလေးဆယ်သိန်းထုတ်ပေးလိုက်တာကို သိန်းတစ်ရာလောက်များထင်နေလားမသိဘူး .... အထူးကုဆေးခန်း တစ်ခါသွားရင်ပဲ လေးငါးခြောက်သောင်း တစ်သိန်းလေ..ခုပဲ အိမ်ပြောင်းလာတာ သုံးလပြည့်နေပြီ ... ဘယ်တုန်းကများ ပိုက်ဆံတောင်းဖူးလို့လဲ....ကြည့်နေ မနက်ဖြန် ကြီးကြီးတို့အိမ်ကို သမီးကိုယ်တိုင်သွားမယ် " အလင်းချို မကျေမနပ်နဲ့ ပြောနေတာကိုကြည့်ပြီး ဒေါ်လေးစန်းက မျက်လုံးအပြူးသားနဲ့ ငေးကြည့်နေတယ်။ဒေါ် လေးစန်း မျက်လုံးပြူးနေတာလဲ မပြောနဲ့လေ။ အရင်ကဆို အလင်းချိုကိုကြည့်လိုက်ရင် စိတ်မဆိုးဒေါသမထွက်တတ်ဘဲ ခံစားချက်မရှိသလိုနေလာခဲ့တာလေ။ သူလုပ်ပေးနိုင်တာကို လုပ်ပေးတယ် ။ မလုပ်ပေးနိုင်တာကို အခြားသူကိုလဲ လုပ်ပါလို့ ပြောတတ်တာမျိုးမဟုတ်ဘူးလေ။ကြည့်လိုက်ရင် ခပ်ပြုံးပြုံးနဲ့နေပြီး ဘာကိုမှ ဂရုမစိုက်တဲ့ပုံစံမျိုးလေ။ "ကဲပါ ...ဒေါ်လေးစန်းလဲ သွားအိပ်ပါတော့ ... " ~~~~~~ "ဆိုင်ကမဆိုးဘူးပဲ ... အွန်လိုင်းမှာနာမည်ကြီးနေလို့လာကြည့်လိုက်တာ ....ပစ္စည်းတွေစုံသားပဲ ... အလင်းချိုမင်းကြိုက်တာတွေ့ရင်လဲယူနော် " ထုံးစံအတိုင်းသူပြောချင်ရာပြောပြီး ရှေ့ကနေ့ ထွက်သွားတဲ့ အမေ သို့မဟုတ် မမဆွေ။အလင်းချိုမှာ ပစ္စည်ထည့်ခြင်းကို ကောက်ယူကာ နောက်မှခပ်သုတ်သုတ် လိုက်ခဲ့ရတယ်။တစ်ခါတလေတော့လည်း အလင်းချို တွေးမိတာက ဒီလောက် စိတ်မြန်ပြီး ပျာယာခတ်တဲ့ပုံစံမျိုးပေါက်ချင်နေတဲ့ ဒီအမျိုးသမီးက အလင်းချိုရဲ့အမေမှ ဟုတ်ရဲ့လားလို့ သံသယတွေ၀င်လာမိတယ်။လူတူမရှား၊ နာမည်တူမရှားတဲ့ ။လူများ တူနေတာလားလို့လဲတွေးမိပြန်တယ်။ ဒါပေမဲ့လဲ အလင်းချိုရဲ့စိတ်တွင်းခံစားစားချက်ကတော့ လုံးဝကို သေချာနေခဲ့တာလေ။ "ရော့ ... ဒါလဲထည့် " မီးဖိုချောင်သုံး ဇွန်းနဲ့ ဖန်ခွက်၊ဝိုင်ခွက်ကအစ သစ်သီးဖျော်စက်အထိ သူကြိုက်တာကိုရွေးယူပြီး ခြင်းထဲကိုလာလာထည့်နေတာ ခြင်းက တစ်ခြင်းကနေနှစ်ခြင်းတောင် ဖြစ်လာပြီလေ။ပြောတော့လဲ မင်းကြိုက်တာရွေး အလင်းချိုတဲ့ ။ ကိုယ်ကရွေးမယ်ကြံလိုက် သူလှမ်းခေါ်လိုက်နဲ့ ရွေးချိန်ကိုမရဘူး။ခြေအိတ်တွေ တွေ့လို့ အဘွားနဲ့ ဒေါ်လေးစန်း အတွက် ရွေးချင်လို့ကို အချိန်ကို မပေးတာလေ။ "အလင်းချို မင်းဘာလုပ်နေတာလဲ ... ဒီပစ္စည်းတွေကို ငါကိုယ်တိုင် သယ်ရမှာလား ပြော " နေမခက အသစ်ရောက်လာတဲ့ မီးဖိုချောင်သုံးလျပ်စစ်ပစ္စည်းတွေကို နေရာချဖို့ ပြသပေးနေတုန်းမှာ "အလင်းချို" ဆိုတဲ့ နာမည်ကို ခေါ်သံကြားလိုက်တာမို့ ခေါင်းကို ဆတ်ခနဲ မော့ကြည့်လိုက်မိတော့ ခေတ်မီလှပတဲ့အမျိုးသမီးကြီးတစ်ယောက်က အဝတ်အထည်တန်းဘက်ကို ကြည့်ပြီး လှမ်းပြောနေတာမို့ နေမခလဲရင်ထဲတထိတ်ထိတ်နဲ့ လှမ်းကြည့်နေမိတယ်။ ကြည့်နေတုန်းမှာပဲ ပစ္စည်းထည့်ခြင်းကို မနိုင်မနင်းဆွဲလာတဲ့ မိန်းခလေးတစ်ယောက်။ဒူးဖုံးရုံစကပ်တိုတို ကို တီရှပ်နဲ့ တွဲဝတ်ထားပုံက မလိုက်မဖက်။အမျိုးသမီးကြီးနားကို ရောက်ချိန်မှာတော့ လက်ထဲက ခြင်းကိုချလိုက်ပြီး မျက်နှာပေါ် အုပ်လုမတက်ဖြစ်နေတဲ့ မဟော်ဂနီရောင်ဆေးရောင်တင်ထားတဲ့ ဆံပင်လိမ်ကောက်ကောက်တွေကို နောက်ဘက်ကို ဆတ်ခနဲ ဆွဲပို့ပစ်လိုက်တယ် ။ဖျတ်ခနဲပေါ်လာတဲ့ မျက်နှာကြောင့်နေမခ အသက်ရှုဖို့မေ့လျော့သွားသလို ရင်ခုန်သံတွေလဲ ဝုန်းဒိုင်ကျဲသွားရတယ်။ မတွေ့ရတဲ့ အတောအတွင်း သို့မဟုတ် မတွေ့ရအောင်ရှောင်နေခဲ့မိတဲ့ ဒီအတောအတွင်းမှာ မယုံနိုင်လောက်အောင် ပြောင်းလဲသွားတဲ့ သူမရဲ့ ပုံစံ။ရဲရဲနီထွေးနေတဲ့ နှုတ်ခမ်းတွေနဲ့ စူးစူးတောက်မျက်လုံးတွေက တော့လိုက်ဖက်လွန်းနေတယ်။ "ဟိတ် ကိုနေ ..ဘာတွေ ကြည့်နေတာလဲ " အလင်းချိုကို လှမ်းကြည့်ပြီး သတိလက်လွတ်ဖြစ်နေတဲ့ နေမခရဲ့နားကို စံမဒီရောက်လာပြီး မေးလိုက်တယ်။ပြီးတော့ နေမခငေးကြည့်နေတဲ့ နေရာကိုလှမ်းကြည့်လိုက်မိတော့ တွေ့လိုက်ရတဲ့ မြင်ကွင်းကြောင့် စံမဒီရဲ့ ရင်ထဲမှာ မကျေမနပ်ဖြစ်သွားမိတယ်။စံမဒီက မကျေမနပ်ဖြစ်သွားတဲ့စိတ်ကို ထိန်းချုပ်လိုက်ပြီး "ဪ ... မင်းသူငယ်ချင်းပဲ ...စံတို့ ဆိုင်ကို ပထမဆုံးစျေးလာဝယ်ဖူးတာထင်တယ်နော် ...သွားနှုတ်ဆက်ရအောင်လေကိုနေ..လာလေ "