Japanese speaking (kaiwa)
📈 Análisis del canal de Telegram Japanese speaking (kaiwa)
El canal Japanese speaking (kaiwa) (@kaiwa_practice) en el segmento lingüístico de Birmano es un actor destacado. Actualmente la comunidad reúne a 10 472 suscriptores, ocupando la posición 19 117 en la categoría Educación y el puesto 11 013 en la región Birmania.
📊 Métricas de audiencia y dinámica
Desde su creación el невідомо, el proyecto ha mostrado un crecimiento acelerado, reuniendo a 10 472 suscriptores.
Según los últimos datos del 23 octubre, 2026, el canal mantiene una actividad estable. En los últimos 30 días la variación de miembros fue de 45, y en las últimas 24 horas de 0, conservando un alto alcance.
- Estado de verificación: No verificado
- Tasa de interacción (ER): El promedio de interacción de la audiencia es 17.95%. Durante las primeras 24 horas tras publicar, el contenido suele obtener 4.02% de reacciones respecto al total de suscriptores.
- Alcance de las publicaciones: Cada publicación recibe en promedio 1 880 visualizaciones. En el primer día suele acumular 421 visualizaciones.
- Reacciones e interacción: La audiencia responde de forma activa: el promedio de reacciones por publicación es 20.
📝 Descripción y política de contenido
El autor describe el recurso como un espacio para expresar opiniones subjetivas:
“Let's explore something special for you together”
Gracias a la alta frecuencia de actualizaciones (últimos datos recibidos el 24 octubre, 2026), el canal mantiene la vigencia y un amplio alcance. La analítica demuestra que la audiencia interactúa activamente con el contenido, lo que lo convierte en un punto de referencia dentro de la categoría Educación.
Classes Available⛩️Japanese General Speaking Class (N4, A2/B1 LEVEL) https://t.me/kaiwa_practice/723 အတန်းသစ်လေး👇👇👇 ⛩️JAPANESE N4 level - From Grammar to Speaking Class https://t.me/kaiwa_practice/724 ဒီ Grammar to Speaking Class လေးကို N5 level လေးတွေ တက်ချင်ပါက Sat, Sun -နေ့လယ် 1:30- 3:30 အချိန် ရပါမယ်။ လာစာရင်းပေးပြီး အပ်နိုင်ပါတယ်။ သတ်မှတ်လူဦးရေ ပြည့်မှတော့ ဖွင့်ဖြစ်ပါမယ်နော်။ JAPANESE N5 level - From Grammar to Speaking Class
Anime ကြည့်တာက ဂျပန်စကားပြောကို တကယ်တိုးတက်စေနိုင်လား။Anime ကြည့်တာတစ်ခုတည်းနဲ့ ဂျပန်စကားပြော တန်းပြီးတိုးတက်လာတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် နည်းမှန်မှန်သုံးရင် Listening နဲ့ Speaking အတွက် အရမ်းအသုံးဝင်ပါတယ်။
🇯🇵 Anime ကြည့်ပြီး ဂျပန်စကားပြောတိုးတက်စေမယ့် နည်းလမ်း ၃ ခု① ကြည့်ရုံမကြည့်ဘဲ “Shadowing” လုပ်ပါ ဇာတ်ကောင်ပြောတဲ့ စာကြောင်းကို နားထောင်ပြီး ခဏရပ် → ကိုယ်တိုင်လိုက်ပြောပါ။ ဥပမာ— > ちょっと待(ま)って! ခဏစောင့်ဦး! ကြားပြီးတာနဲ့ အသံ၊ အမြန်နှုန်း၊ intonation ကို လိုက်တုပြောပါ။ ② ကြိုက်တဲ့ စာကြောင်းတွေကို “Speaking Phrases” အဖြစ်စုပါ 📝 တစ်ပိုင်းမှာ စာကြောင်း 3–5 ကြောင်းလောက်ပဲ ရွေးပါ။ ဥပမာ— 本当(ほんとう)? တကယ်လား။ どういう意味(いみ)? ဘာအဓိပ္ပာယ်လဲ။ ちょっと待(ま)って。 ခဏစောင့်ဦး။
ပြီးရင် Anime ထဲမှာကြားတာနဲ့ မပြီးဘဲ ကိုယ့်နေ့စဉ်ဘဝမှာ သုံးကြည့်ပါ။③ ဇာတ်ကွက်၊ဇာတ်ေကြာင်းကို ကိုယ့်စကားနဲ့ ပြန်ပြောပါ 🎤 Episode တစ်ပိုင်းကြည့်ပြီး ⛩️⛩️ 「今日(きょう)は何(なに)がありましたか。」 ကိုယ့်ကိုယ်ကို မေးပြီး Japanese နဲ့ ပြန်ပြောပါ။ ဥပမာ 今日(きょう)は〇〇さんが学校(がっこう)へ行(い)きました。 友達(ともだち)と話(はな)しました。 そのあと、〇〇が起(お)こりました。 ဒီအဆင့်က Speaking တိုးတက်ဖို့ အရေးကြီးဆုံးပါ။ Anime ကို အပန်းဖြေစရာအေနနဲ့ ကြည့်တဲ့အရာ အဖြစ်ပဲမထားဘဲ နားထောင် → လိုက်ပြော → အသုံးချ → ပြန်ပြော ဆိုတဲ့ cycle လုပ်ပါ။ 👉 Anime 30 မိနစ်ကြည့်တာထက် 10 မိနစ်ကြည့်ပြီး 10 မိနစ်လိုက်ပြောတာက Speaking အတွက် ပိုထိရောက်ပါတယ်။ ဂျပန်စကားပြောလေ့ကျင့်ဖို့ဆိုရင် စကားပြောတာများပြီး နေ့စဉ်ဘဝသုံး Japanese ပါတဲ့ Anime တွေကိုရွေးတာ ပိုကောင်းပါတယ်။
🇯🇵 Beginner–Intermediate အတွက် Recommended Anime1. ちびまる子ちゃん → နေ့စဉ်ဘဝ၊ ကျောင်း၊ မိသားစုအကြောင်း စကားပြောတာများပါတယ်။ Beginner အတွက်ကောင်းပါတယ်။ 2. ドラえもん → ရိုးရှင်းတဲ့ conversation တွေ၊ နေ့စဉ်သုံး vocabulary တွေ အများကြီးရနိုင်ပါတယ်။ 3. あたしンち → မိသားစု + နေ့စဉ်ဘဝ Japanese အတွက် အထူးကောင်းပါတယ်။ 4. クレヨンしんちゃん → Casual Japanese၊ reaction၊ everyday expressions တွေ လေ့လာလို့ကောင်းပါတယ်။ ဒါပေမယ့် တချို့ expression တွေက အလွန် casual ဖြစ်လို့ သတိထားသုံးပါ။ 5. 君に届け → သူငယ်ချင်း၊ ကျောင်း၊ ခံစားချက်နဲ့ social conversation တွေအတွက် ကောင်းပါတယ်။ ⭐ Speaking အတွက် အထူးရွေးမယ်ဆိုရင် Beginner: 🥇 ドラえもん 🥈 ちびまる子ちゃん 🥉 あたしンち N4–N3: 🥇 君に届け 🥈 あたしンち 🥉 クレヨンしんちゃん အရေးကြီးတာက Anime ကို “ကြည့်ပြီးပြီး” ဆိုပြီးဒီတိုင်း မထားပါနဲ့။ Episode တစ်ပိုင်းကနေ စာကြောင်း 3–5 ကြောင်းရွေး → Shadowing လုပ် → ကိုယ်ပိုင် sentence အသစ်ပြန်လုပ် ပါ။ ဒီလိုလုပ်မှ Speaking မှာ တကယ်အသုံးဝင်လာပါလိမ့်မယ်။
🇯🇵 တစ်ယောက်တည်းနေရင်တောင် Japanese Self-Talk လုပ်နိုင်တဲ့ နည်းလမ်း ၅ မျိုး① လက်ရှိလုပ်နေတဲ့အရာကို Japanese လို ပြောပါ ⛩️「今(いま)、何(なに)をしている?」 ကိုယ်လုပ်နေတဲ့အရာကို ချက်ချင်း Japanese လို ပြောပါ။ 「今(いま)、ご飯(はん)を食(た)べています。」 → အခု ထမင်းစားနေတယ်။ 「お茶(ちゃ)を飲(の)んでいます。」 → လက်ဖက်ရည်သောက်နေတယ်။ 「これから勉強(べんきょう)します。」 → အခုကစပြီး စာလေ့လာမယ်။ 👉 ရည်ရွယ်ချက်: ဦးနှောက်က မြန်မာလိုစဉ်းစားပြီးမှ Japanese လို ဘာသာပြန်တဲ့အကျင့်ကို လျှော့ချရန်။ ② ကိုယ့်ကိုယ်ကို မေးခွန်းမေးပြီး ကိုယ်တိုင်ဖြေပါ ⛩️「自分(じぶん)に質問(しつもん)する」 တစ်ယောက်တည်းရှိလည်း conversation လို လေ့ကျင့်နိုင်ပါတယ်။ ⛩️Q: 「今日(きょう)は何(なに)をしましたか。」 A: 「朝(あさ)、日本語(にほんご)を勉強(べんきょう)しました。」 ⛩️Q: 「明日(あした)は何(なに)をしますか。 A: 「友達(ともだち)と会(あ)います。」 မေးခွန်း ၅ ခု → အဖြေ ၅ ခုကို နေ့တိုင်းလုပ်ပါ။ ③ အရာဝတ္ထုတွေကို ကြည့်ပြီး Japanese လို ဖော်ပြပါ 「見(み)たものを説明(せつめい)する」 အခန်းထဲမှာရှိတဲ့ အရာတွေကို ကြည့်ပြီး Japanese လို ပြောပါ။ ⛩️「これは私(わたし)のスマホです。」 「机(つくえ)の上(うえ)に本(ほん)があります。」 「窓(まど)の近(ちか)くに椅子(いす)があります。」 နောက်ပိုင်းမှာ အရောင်၊ အရွယ်အစား၊ နေရာ၊ လုပ်ဆောင်ချက် တွေ ထပ်ထည့်ပါ။ 「この本(ほん)は新(あたら)しくて、面白(おもしろ)そうです。」 ④ ဒီနေ့ဖြစ်ခဲ့တာကို Japanese လို ပြန်ပြောပါ 「今日(きょう)の出来事(できごと)」 ညအိပ်ခါနီး ဒီနေ့ကို 1–2 မိနစ်အတွင်း Japanese လို ပြန်ပြောပါ။ 「今日(きょう)は7時(しちじ)に起(お)きました。」 「朝(あさ)ご飯(はん)を食(た)べてから、勉強(べんきょう)しました。」 「午後(ごご)は少(すこ)し疲(つか)れました。」 👉 Grammar မပြည့်စုံလည်း ရပါတယ်။ ဖြစ်ရပ်တွေကို ဆက်တိုက်ပြောနိုင်ဖို့ အာရုံစိုက်ပါ။ ⑤ 「場面(ばめん)を想像(そうぞう)する」 တကယ်လူနဲ့တွေ့နေသလို အခြေအနေတစ်ခုကို စိတ်ကူးပြီး ပြောပါ။ ဥပမာ — Restaurant 「すみません。これをお願(ねが)いします。」 ဥပမာ — သူငယ်ချင်းနဲ့တွေ့တဲ့အခါ 「久(ひさ)しぶりですね。元気(げんき)でしたか。」 ဥပမာ — ဆရာက မေးတဲ့အခါ 「はい、分(わ)かりました。」 👉 Situation → Japanese sentence → အသံထွက်ပြော ဆိုတဲ့ပုံစံနဲ့ လေ့ကျင့်ပါ။ ⑥ နေ့တိုင်း အကြောင်းအရာတစ်ခု၊ ခေါင်းစဉ်တစ်ခုကို ရွေးပြီး “ကျွန်တော်/ကျွန်မ ဘယ်လိုထင်လဲ + ဘာကြောင့်လဲ” ဆိုတာ ပြောပါ။ ကိုယ့်အမြင်နဲ့ အကြောင်းပြချက်ကို Japanese လို ပြောပါ 「自分(じぶん)の意見(いけん)を話(はな)す」 ဥပမာ — ⛩️⛩️⛩️日本語(にほんご)の勉強(べんきょう) 「日本語(にほんご)は難(むずか)しいと思(おも)います。でも、面白(おもしろ)いです。いろいろな日本語(にほんご)を話(はな)せるようになりたいからです。」 → ဂျပန်စာက ခက်တယ်လို့ ထင်ပါတယ်။ ဒါပေမယ့် စိတ်ဝင်စားဖို့ကောင်းပါတယ်။ ဂျပန်စကားအမျိုးမျိုး ပြောနိုင်လာချင်လို့ပါ။ လေ့ကျင့်ပုံ: Topic → Opinion → Reason → Example 「私は~と思います。」 「なぜなら、~からです。」 「例えば、~。」 ဒီနည်းလမ်းက စကားလုံးတစ်လုံးချင်းစဉ်းစားတာထက် Japanese လို အတွေးကို ဆက်တိုက်ဖော်ပြနိုင်အောင် ကူညီပေးပါတယ်။ အရေးကြီးဆုံးက စာကြောင်းမှန်အောင် စဉ်းစားနေရင်း တိတ်မနေပါနဲ့။ “မှားလည်း ပြောမယ်” ဆိုတဲ့အကျင့်က Japanese speaking speed ကို တိုးစေပါတယ်။
Tips for Speaking🍀🍀🍀 ဂျပန်စာလေ့လာသူတော်တော်များများဟာ တစ်ယောက်ယောက်က ဂျပန်လို မေးခွန်းမေးလိုက်တဲ့အခါ အဖြေကို သိပေမယ့် ချက်ချင်းမပြောနိုင်တာမျိုး ဖြစ်တတ်ကြပါတယ်။ 「日本語(にほんご)が話(はな)せない」 ကြောင့် မဟုတ်ဘဲ အများအားဖြင့် ဦးနှောက်ထဲမှာ မြန်မာလို/မိခင်ဘာသာစကားလို စဉ်းစား → ဂျပန်လို ဘာသာပြန် → Grammar စစ် → မှန်မမှန်စဉ်းစား → ပြော နေတာကြောင့် အချိန်ကြာသွားတာပါ။ ဥပမာ 質問(しつもん): ⛩️「週末(しゅうまつ)は何(なに)をしましたか。」 အဖြေကို သိပေမယ့် “Weekend မှာ ဘာလုပ်ခဲ့လဲ… Japanese လို ဘယ်လိုပြောရမလဲ… အတိတ်ပုံစံကို သုံးရမလား…” လို့ စဉ်းစားနေရင်း ဖြေဖို့တိတ်သွားတာ ဖြစ်နိုင်ပါတယ်။
💡 ဒီပြဿနာကို ဖြေရှင်းဖို့ လက်တွေ့ကျတဲ့နည်းလမ်း ၅ ခု ရှိပါတယ်။① အဖြေကို ဘာသာပြန်မနေဘဲ Japanese pattern နဲ့ တိုက်ရိုက်လေ့ကျင့်ပါ ⛩️「週末(しゅうまつ)は何(なに)をしましたか。」 → 「映画(えいが)を見(み)ました。」 ⛩️「昨日(きのう)は何(なに)をしましたか。」 → 「友達(ともだち)とご飯(はん)を食(た)べました。」 မေးခွန်းတစ်ခုချင်းစီကို အဖြေ pattern တစ်ခုနဲ့ ချက်ချင်း ချိတ်ဆက် လေ့ကျင့်ပါ။ ② Perfect sentence (ပြီးပြည့်စုံတဲ့အဖြေ) ဖြစ်အောင် မစောင့်ပါနဲ့ မှားမှာကြောက်လို့ မပြောတာထက် ရိုးရိုးရှင်းရှင်းနဲ့ အရင်စပြောပါ။ ⛩️「どうして日本語(にほんご)を勉強(べんきょう)していますか。」 အရှည်ကြီးစဉ်းစားမနေဘဲ— → 「日本(にほん)で働(はたら)きたいからです。」 ဒါမှမဟုတ်— → 「日本語(にほんご)が好(す)きだからです。」 Short answer (အဖြေတို)→ နောက်မှ detail (အသေးစိတ်) ထပ်ထည့်ခြင်း ဆိုတဲ့အကျင့်လုပ်ပါ။ ③ 3-Second Speaking Practice လုပ်ပါ မေးခွန်းကြားပြီး 3 စက္ကန့်အတွင်း စပြောရမယ် ဆိုတဲ့ စည်းမျဉ်းထားပါ။ ⛩️「趣味(しゅみ)は何(なん)ですか。」 3… 2… 1… → 「音楽(おんがく)を聞(き)くことです。」 အစမှာ အဖြေမပြည့်စုံလည်း ရပါတယ်။ ရည်ရွယ်ချက်က “စဉ်းစားပြီးမှပြော” ကနေ “ေမးခွန်းကြားတာနဲ့ပြော” ဖြစ်လာဖို့ပါ။ ④ တစ်ယောက်တည်းနေရင်တောင် Japanese Self-Talk လုပ်ပါ နေ့စဉ်လုပ်နေတဲ့အရာတွေကို Japanese လို ကိုယ့်ဘာသာပြောကြည့်ပါ။ ⛩️「今(いま)、ご飯(はん)を食(た)べています。」 「これから勉強(べんきょう)します。」 「ちょっと疲(つか)れました。」 ဒီလိုလေ့ကျင့်တာက Japanese → Japanese တွေးတတ်လာဖို့ကို တဖြည်းဖြည်း တည်ဆောက်ပေးပါတယ်။ ⑤ “မသိရင်လည်း ပြောနိုင်တဲ့ စကားလုံး” တွေကို လေ့ကျင့်ပါ ချက်ချင်းအဖြေမရတဲ့အခါ တိတ်မနေဘဲ— 「えっと……」 → ဟို… / အင်း… 「そうですね……」 → ဟုတ်ကဲ့… ဘယ်လိုပြောရမလဲ… 「ちょっと考(かんが)えます。」 → နည်းနည်းစဉ်းစားပါရစေ။ 「もう一度(いちど)お願(ねが)いします。」 → တစ်ခါထပ်ပြောပေးပါ။ ဒီလို conversation survival phrases တွေကို ကျွမ်းကျင်အောင်လုပ်ထားရင် စကားပြောတဲ့အချိန်မှာ “တိတ်သွားတာ” ကို အများကြီးလျှော့ချနိုင်ပါတယ်။ ⭐ အဓိကမှတ်ထားရမယ့်အချက် 「日本語(にほんご)を知(し)っている」≠「日本語(にほんご)がすぐ話(はな)せる」
ဂျပန်စာကို သိတာနဲ့ ချက်ချင်းပြောနိုင်တာက မတူပါဘူး။Knowledge → Practice → Automatic Response ဆိုတဲ့အဆင့်နဲ့ သွားရပါတယ်။ ✨✨✨ အထူးသဖြင့် “အဖြေမှန်မှ ပြောမယ်” ဆိုတဲ့အတွေးကို လျှော့ပြီး “အရင်ဆုံး စပြောမယ်” ဆိုတဲ့အလေ့အကျင့်ကို တည်ဆောက်တာက အရေးကြီးဆုံးပါ။ ဒါဆို ဒီနည်းလမ်းလေးတွေကို လက်တွေ့အသုံးချပြီး စကားပြောလေးကို လေ့ကျင့်ကြည့်ကြပါနော်။ ⛩️⛩️⛩️ လူအများနဲ့ အတူတူလေ့ကျင့်ချင်တယ်ဆိုလည်း မနက်ဖြန် စတော့မယ့် စကားေပြာအတန်းလေး လာအပ်လို့ရပါသေးတယ်။ အတန်းအသေးစိတ်လေးပါ N4 A2/B1 KAIWA Class for October သင်တန်းချိန် - စနေ၊တနင်္ဂနွေ (7-9 pm) သင်တန်းကာလ - တစ်လ သင်တန်းကြေး - ငါးသောင်းကျပ် သင်တန်းစမည့်ရက်- 3.10.2026 ( စနေနေ့) စိတ်ဝင်စားပါက ဒီ telegram link @Hinode510 လေးမှာ 🌟အတန်းအမည်၊ 🌟အမည် 🌟ဖုန်းနံပါတ် 🌟Email 🌟Fb acc 🌟နေရပ်လိပ်စာ တို့ ပို့ပေးပြီး အတန်းလာအပ်လို့ရပါပြီ
Basic + N5 Intensive Video ClassVideo class လေးပါ။ သင်ခန်းစာတင်မည့်ရက် - သောကြာ၊ စနေ၊ တနင်္ဂနွေ 8:00 pm သင်တန်းကာလ - ၂လခွဲ သင်တန်းကြေး - 150000 MMK Rules for this class ⛩️တစ်ပတ်စာ အိမ်စာကို တစ်ပတ် အပြီးထပ်ပေးရပါမည်။ (အိမ်စာကို သုံးကြိမ်သာ ခွင့်ဖြင့် ပျက်ခွင့်ရှိပါမည်။) ⛩️တစ်ပတ်ခြား တစ်ခါ သောကြာနေ့ ည7ခွဲတွင် စာမေးစာဖြေလုပ်ရန် zoom meeting ရှိပါမည်။ (Zoom ခေါ်သည်ကို သုံးကြိမ်သာ ခွင့်ဖြင့် ပျက်ခွင့်ရှိပါမည်။) 🍀Basic + N5 level grammar, kanji, vocabulary, listening, reading များ အပြင် N5 speaking activities တွေပါ ပူးတွဲလုပ်ရမှာမို့ စိတ်ဝင်စားပါက ဒီ telegram link @Hinode510 လေးမှာ 🌟အတန်းအမည်၊ 🌟အမည် 🌟ဖုန်းနံပါတ် 🌟Email 🌟Fb acc 🌟နေရပ်လိပ်စာ တို့ ပို့ပေးပြီး အတန်းလာအပ်လို့ရပါပြီ။ 2.10.2026 (သောကြာနေ့) အတန်းလေး စမှာဖြစ်ပါတယ်။
Useful for Speaking Japaneseဘာလို့လဲဆိုတော့ ၊ အကြောင်းရင်းကတော့ ⛩️なぜなら ⛩️なぜかというと ⛩️どうしてかというと ⛩️だって ① なぜなら — “ဘာလို့လဲဆိုတော့ / အကြောင်းကတော့” ပုံစံ A。なぜなら、Bからです。 A။ ဘာလို့လဲဆိုတော့ B ဖြစ်လို့ပါ။ 1. 私(わたし)は日本(にほん)へ行(い)きたいです。なぜなら、日本(にほん)の文化(ぶんか)に興味(きょうみ)があるからです。 → ကျွန်တော်/ကျွန်မ ဂျပန်ကို သွားချင်တယ်။ ဘာလို့လဲဆိုတော့ ဂျပန်ယဉ်ကျေးမှုကို စိတ်ဝင်စားလို့ပါ။ 2. この仕事(しごと)が好(す)きです。なぜなら、人(ひと)と話(はな)すことが楽(たの)しいからです。 → ဒီအလုပ်ကို ကြိုက်တယ်။ ဘာလို့လဲဆိုတော့ လူတွေနဲ့ စကားပြောရတာ ပျော်စရာကောင်းလို့ပါ။ 3. 毎日(まいにち)日本語(にほんご)を勉強(べんきょう)しています。なぜなら、上手(じょうず)になりたいからです。 → နေ့တိုင်း ဂျပန်စာလေ့လာတယ်။ ဘာလို့လဲဆိုတော့ ကျွမ်းကျင်လာချင်လို့ပါ။ ② なぜかというと — “ဘာလို့လဲဆိုတော့ / အကြောင်းပြချက်ကတော့” なぜなら ထက် စကားပြောရာမှာ သဘာဝကျပြီး အကြောင်းပြချက်ကို ဆက်ရှင်းပြတဲ့အခါ အသုံးများပါတယ်။ 1. 私(わたし)は朝(あさ)早(はや)く起(お)きるのが好(す)きです。なぜかというと、朝(あさ)は静(しず)かだからです。 → မနက်စောစောထရတာ ကြိုက်တယ်။ ဘာလို့လဲဆိုတော့ မနက်ဆို တိတ်ဆိတ်လို့ပါ။ 2. 電車(でんしゃ)で学校(がっこう)へ行(い)きます。なぜかというと、学校(がっこう)が駅(えき)の近(ちか)くにあるからです。 → ရထားနဲ့ ကျောင်းသွားတယ်။ ဘာလို့လဲဆိုတော့ ကျောင်းက ဘူတာနားမှာရှိလို့ပါ။ 3. 日本語(にほんご)をもっと話(はな)したいです。なぜかというと、日本人(にほんじん)と自然(しぜん)に話(はな)したいからです。 → ဂျပန်စကားကို ပိုပြောချင်တယ်။ ဘာလို့လဲဆိုတော့ ဂျပန်လူတွေနဲ့ သဘာဝကျကျ ပြောချင်လို့ပါ။ ③ どうしてかというと — “ဘာကြောင့်လဲဆိုတော့” どうしてかというと = “ဘာကြောင့်လဲဆိုတော့…” အကြောင်းပြချက်ကို အထူးရှင်းပြချင်တဲ့အခါ သုံးနိုင်ပါတယ်။ 1. この店(みせ)によく来(き)ます。どうしてかというと、料理(りょうり)がおいしいからです。 → ဒီဆိုင်ကို မကြာခဏလာတယ်။ ဘာကြောင့်လဲဆိုတော့ အစားအစာက အရသာရှိလို့ပါ။ 2. 日本(にほん)で働(はたら)きたいです。どうしてかというと、日本語(にほんご)を使(つか)って仕事(しごと)がしたいからです。 → ဂျပန်မှာ အလုပ်လုပ်ချင်တယ်။ ဘာကြောင့်လဲဆိုတော့ ဂျပန်စာကို အသုံးပြုပြီး အလုပ်လုပ်ချင်လို့ပါ။ 3. この本(ほん)をおすすめします。どうしてかというと、分(わ)かりやすくて面白(おもしろ)いからです。 → ဒီစာအုပ်ကို အကြံပြုချင်တယ်။ ဘာကြောင့်လဲဆိုတော့ နားလည်ရလွယ်ပြီး စိတ်ဝင်စားစရာကောင်းလို့ပါ။ ④ だって — “ဘာလို့လဲဆိုတော့ / အကြောင်းကတော့” だって က စကားပြောပုံစံ (casual) ဖြစ်ပြီး သူငယ်ချင်းတွေကြားမှာ အများကြီးသုံးပါတယ်။ 1. A:どうして行(い)かないの? B:だって、疲(つか)れているんだもん。 → A: ဘာလို့ မသွားတာလဲ။ → B: ဘာလို့လဲဆိုတော့ ပင်ပန်းနေလို့လေ။ 2. A:どうして宿題(しゅくだい)をしないの? B:だって、難(むずか)しいんだもん。 → A: ဘာလို့ အိမ်စာမလုပ်တာလဲ။ → B: ဘာလို့လဲဆိုတော့ ခက်တယ်လေ။ 3. A:どうしてこの映画(えいが)が好(す)きなの? B:だって、面白(おもしろ)いんだもん。 → A: ဘာလို့ ဒီရုပ်ရှင်ကို ကြိုက်တာလဲ။ → B: ဘာလို့လဲဆိုတော့ စိတ်ဝင်စားစရာကောင်းတယ်လေ။
အရေးကြီးတဲ့ Pattern:A。なぜなら、Bからです。 A。なぜかというと、Bからです。 A。どうしてかというと、Bからです。 だって、Bんだもん。
Hello. Class Announcement for October⛩️Basic + N5 Intensive Class လေးက 2.10.2026(သောကြာနေ့) တွင် အတန်းစပါမည်။ 🍀N4 Grammar Intensive Class for DECEMBER JLPT လေးက 5.10.2026(တနင်္လာနေ့) တွင် အတန်းစပါမည်။ Group Class ဆိုပေမယ့် အများဆုံး 10 ယောက်သာ လက်ခံသွားပါမှာဖြစ်ပါတယ်။ ဒါဆိုရင် အတန်းလေးေတွကို စိတ်ဝင်စားသူတွေက ဒီ telegram link @Hinode510 လေးမှာ 🌟Join ချင်တဲ့ အတန်းလေး၊ 🌟အမည် 🌟ဖုန်းနံပါတ် 🌟Email 🌟Fb acc 🌟နေရပ်လိပ်စာ တို့ ပို့ပေးပြီး အတန်းအပ်လို့ရပါပြီနော်။
Vocabulary of the dayもも(桃・もも) မှာ အဓိပ္ပါယ် ၂ မျိုးရှိပါတယ်။ 1. 桃(もも) 🍑 — မက်မွန်သီး 桃(もも)を食(た)べます。 မက်မွန်သီး စားတယ်။ 2. もも(腿・もも) — ပေါင် / ခြေထောက်အပေါ်ပိုင်း ももが痛(いた)いです。 ပေါင်နာတယ်။
