cookie

Utilizamos cookies para mejorar tu experiencia de navegaciĂłn. Al hacer clic en "Aceptar todo", aceptas el uso de cookies.

avatar

Kyimyindaing Scout Channel

📌ကြည့်မြင်တိုင်မြို.နယ်အတွင်း နှင့် ထိစပ်မြို့နယ်များ၏ စစ်ခွေး၊ဒလန်လှုပ်ရှားမှုမှန်သမျှ သတင်းပေးကြမယ်!!! @Skrillex191 သို. သတင်းများပေးပို.နိုင်ပါသည်။ သတင်းလုံခြုံမှုအတွက် အာမခံပါသည်။

Mostrar mĂĄs
Publicaciones publicitarias
2 724
Suscriptores
+1224 horas
+437 dĂ­as
+11730 dĂ­as

Carga de datos en curso...

Tasa de crecimiento de suscriptores

Carga de datos en curso...

Repost from Kyimyindaing Networks
Photo unavailableShow in Telegram
❗️စစ်မှုထမ်း အပတ်စဉ် (၁) သင်တန်းဆင်းပြီးနောက် ဘာတွေ ဖြစ်လာနိုင်လဲ❗️
ရှမ်းမြောက်နဲ့ မန္တလေးတိုင်း အထက်ပိုင်းတွေမှာ ၁၀၂၇ စစ်ဆင်ရေး (ဒုတိယလှိင်း) အဖြစ် တကျော့ပြန် တိုက်ပွဲတွေ ပြင်းထန်နေချိန်ပဲ စစ်ရှုးကောင်စီက စစ်မှုထမ်း အပတ်စဉ် (၁) သင်တန်းဆင်းပွဲကို ဇွန်လ ၂၈ ရက်နေ့ ဒီကနေ့မှာ ပြုလုပ်ခဲ့ပါတယ်။ စစ်ရှုးကောင်စီက ပြီးခဲ့တဲ့ ၂၀၂၄ ဖေဖော်ဝါရီလ အတွင်းက စစ်မှုထမ်း ဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး အပတ်စဉ် (၁) အတွက် တပ်သား အင်အား ၅,၀၀၀ ကို ခေါ်ယူခဲ့ကာ ဧပြီလမှစ၍ စစ်အခြေခံ လေ့ကျင့်ရေး ၃ လ သင်ကြား​ပေးခဲ့ပြီး ဒီကနေ့မှာ သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တာပါ။ စစ်မှုထမ်း အပတ်စဉ် (၁) သင်တန်းဆင်းပြီးနောက် ဘာတွေ ဖြစ်လာနိုင်လဲလို မေးလာခဲ့ရင်- လိုရင်း တိုရှင်း အဖြေကတော့ သောက်သောက်လဲ သေကြမှာပါ။ သေကို သေကြမှာပါ။ စစ်ရှုးကောင်စီက စစ်မှုထမ်းဖို စတင် ခေါ်ယူစဥ်ကတည်းက နောက်တန်းတွေမှာ လုံခြုံရေး ယူဖိုလောက်သာ အကြောင်းပြ ခေါ်ယူခဲ့ပေမယ့် ရှေ့တန်း စစ်မျက်နှာတွေမှာ အကြမ်းဖက် စစ်သားတွေ အတုံးအရုံး သေနေတာတွေ အပြွတ်လိုက် တိုပြတ် ကျိုးကန်း ဖွာလန်ကြဲ ဒဏ်ရာရတာတွေ များပြားနေတဲ့အပြင် ထွက်ပြေးတာတွေ လက်နက်ချ အညံ့ခံတာတွေနဲ့အတူ အင်အား ပြုန်းတီးမှုတွေ အလွန် များပြားနေတာကြောင့် အပတ်စဉ် (၁) သင်တန်းဆင်းတွေကို သေချာပေါက် ရှေ့တန်းကို ပိုပါလိမ့်မယ်။ စစ်မှုထမ်းဖိုအတွက် စိတ်ဆန္ဒနဲ့ဖြစ်စေ မဲပေါက်လိုဖြစ်စေ ဘာအကြောင်းနဲ့ပဲ ဝင်ခဲ့ပါစေ အာကာထွန်းဝတ် ရာဘာဖိနပ်စီးပြီး ခြင်းကြားထမ်းလာတာ တွေ့ရင် တော်လှန်ရေး တပ်တွေက သေချာပေါက် ချေမှုန်း သတ်ဖြတ်မှာပါ။ လိုတိုရှင်း ထပ်ပြောရရင် သေကို သေမှာ။ နောက်အပတ်စဥ်တွေမှာ ကိုယ်မပါခင် ရှေ့ကောင်တွေ ဘယ်လို ခွေးသေဝက်သေ သေကြလဲ စောင့်ကြည့်ကြလေ..။ #4C_TruthNews #KyimyindaingNetworks
Mostrar todo...
😡 1
Repost from Kyimyindaing Networks
00:06
Video unavailableShow in Telegram
အကြမ်းဖက်စစ်ခေါင်းဆောင်များက ၎င်းတို၏ ကိုယ်ကျိုးစီးပွားအတွက် နိုင်ငံတော်အာဏာကို မတရားသဖြင့် အတင်းအဓမ္မသိမ်းယူထားသည်မှာ ၁၂၄၅ရက် ရှိပြီဖြစ်
ဇွန်လ 2️⃣9️⃣ရက် ပြည်သူများ၏ ငြိမ်းချမ်းစွာဆန္ဒပြ တောင်းဆိုမှုများကို မလိုက် လျောသလို ဆန္ဒပြသူများအား စစ် ကောင်စီတပ်များက အကြမ်းဖက်ဖမ်းဆီးခြင်း၊ ရက်ရက်စက်စက် သေနတ်ဖြင့်ပစ်သတ်ဖြတ်ခြင်းများပြုလုပ်ခဲ့သည်။ ငြိမ်းချမ်းစွာဆန္ဒပြ တောင်းဆိုမှုကို လျစ်လျူရှုပြီး ဆန္ဒပြသူများကို  အကြမ်းဖက်သတ်ဖြတ်လာသဖြင့် ပြည်သူများက စစ်ပညာသင်ယူပြီး လက်နက်ဆွဲကိုင်၍ စစ် ကောင်စီကို ခုခံ တော်လှန်စစ်ဆင်နွှ နေကြသည်။ တစ်ချိန်တည်းတွင် ပြည်သူများက စစ်အာဏာရှင်ဖြုတ်ချ ရေး ငြိမ်းချမ်းစွာဆန္ဒထုတ် ဖော်မှုများကို ပုံစံမျိုးစုံဖြင့် ပြုလုပ် နေဆဲဖြစ်သလို စစ်တပ်ထွက်ကုန်များကိုလည်း သပိတ် မှောက် နေကြသည်။ #KyimyindaingNetworks #KyimyindaingScoutChannel
Mostrar todo...
NUG_Flat.mp45.97 MB
🫡 1
Repost from Kyimyindaing Networks
00:48
Video unavailableShow in Telegram
The News of 🔠🔠🔠🔠🔠🔠
ဇွန်လ 2️⃣8️⃣ရက် ⚡️ရန်ကုန် ❗️စူပါမားကတ်များ၊ စျေးဝယ်စင်တာများတွင် သိုလှောင်ထားသော ဆန်များကို စစ်ကောင်စီ၏ သတ်မှတ်စျေးဖြင့် ရောင်းချရန် ၊ နေ့စဉ် အရောင်း အဝယ် စာရင်းပေးပိုရန် ပိုင်ရှင်များ ခံဝန် လက်မှတ်ထိုးရ #️⃣စူပါမားကတ်များ၊ စျေးဝယ်စင်တာများတွင် သိုလှောင်ထားသော ဆန်များကို စစ်ကောင်စီ၏ သတ်မှတ်စျေးဖြင့် ရောင်းချရန် ၊ နေ့စဉ် အရောင်း အဝယ်စာရင်းများပေးပိုရန် ပိုင်ရှင်နှင့် လုပ်ငန်းရှင်များကို စစ်ကောင်စီက ခံဝန် လက်မှတ် ထိုးခိုင်းကြောင်း သိရှိရသည်။ ဇွန်လ ၂၇ ရက်နေ့မှစတင်၍ စူပါမားကတ်များ၊ စျေးဝယ်စင်တာများအားလုံးတွင် ဆန်များကို 1 Kg အိတ်မှစ၍ ထုပ်ပိုးရောင်းချရမည်ဖြစ်ပြီး အခြေခံစျေးနှုန်းအဖြစ် 1 Kg ရွှေဘိုပေါ်ဆန်းဆန်တစ်ထုပ်လျှင် ငွေကျပ် ၃၅၀၀ မှ ငွေကျပ် ၃၈၀၀ အကြား၊ ဧရာ၀တီပေါ်ဆန်းဆန် 1 Kg တစ်ထုပ်လျှင် ငွေကျပ် ၃၀၀၀ ကျပ်မှ ၃၃၀၀ အတွင်း၊ ရက် ၉၀ /အထူးဧည့်မထဆန် 1 Kg တစ်ထုပ်လျှင် ငွေကျပ် ၂၂၀၀ မှ ၂၅၀၀ အတွင်းရောင်းချရန် စစ်ကောင်စီ က စျေးနှုန်းသတ်မှတ်ထားကြောင်း သိရှိရသည်။ ဆန်အမျိုးအစားသစ်များ ထုပ်ပိုးရောင်းချမည်ဆိုလျှင် ရည်ညွှန်းစျေးအပေါ် အိတ်ခွံတန်ဖိုး၊ စျေးအရောင်းဆိုင်သို ပေးရမည့် ၁ ရာခိုင်နှုန်းထက်မပိုသော ဝန်ဆောင်စရိတ်၊ ၃ ရာခိုင်နှုန်းထက် မပိုသော သယ်ယူ/သိုလှောင်စရိတ် ၊ ၄ ရာခိုင်နှုန်း ထက်မပိုသော ထုတ် လုပ်သူ အကျိုးအမြတ်တိုဖြင့် တွက်ချက် ဆောင်ရွက်ရန် စစ်ကောင်စီက ညွှန်ကြားသည်။ ထိုပြင် စျေးဝယ်စင်တာများ၊ စူပါမားကတ်များတွင် ဆန်များ မပြတ်လပ်အောင် ရောင်းချရန်၊ ပစ္စည်းများ ပြတ်လပ်မှုတာဝန်ယူ ဆောင်ရွက်ရန်၊ နေ့စဉ် အရောင်းစာရင်းနှင့်စျေးနှုန်းများ လို အပ်ချက်အရ စစ်ဆေးသည့်အခါ ပူးပေါင်းဆောင်ရွက်ပါမည်ဟု ဝန်ခံကတိပြုမှုများကိုပါ လက်မှတ်ရေးထိုးရကြောင်း သိရှိရသည်။ ထိုပြင် စစ်ကောင်စီက သတ်မှတ်ထားသော ညွှန်ကြားချက်များကို ဖောက်ဖျက်ပါက အရေးယူခံရမည်ကိုပါ သိရှိနားလည်ကြောင်း စူပါမားကတ်နှင့် စျေးဝယ်စင်တာအရောင်းဆိုင်ပိုင်ရှင်များ၊ လုပ်ငန်းရှင်များ အားလုံးက ခံဝန်လက်မှတ်ရေးထိုးခိုင်းကြောင်း သိရှိရသည်။ ©KTM ⚡️ရန်ကုန် ❗️ရန်ကုန်မှာ စားဆီ ဝယ်မရလို့ ဆင်ခြေဖုံးရပ်ကွက်များရှိ ထမင်းဟင်းဆိုင်နဲ့ အကြော်ဆိုင်တွေ ပိတ်သိမ်း #️⃣ရန်ကုန်မှာ စားသုံးဆီပြတ်လတ်ပြီး ဝယ်မရလို့ ဆင်ခြေဖုံးမြို့နယ်ရပ်ကွက်များရှိ ထမင်းဟင်းဆိုင်နဲ့ အကြော်ဆိုင်တွေေ ပိတ်သိမ်းရတဲ့အထိ အခက်ကြုံလာကြောင်း ထမင်းဟင်းအရောင်းဆိုင်များထံမှ သိရပါတယ်။ စားဆီခွဲတမ်းမှာ ယခင်ကလို အရောင်းဆိုင်တွေကို သီးသန့်ခွဲမရောင်းဘဲ အိမ်ထောင်စုများရောင်းပေးသလိုသာ ရတာကြောင့် ဟင်းလျာချက်ပြုတ်မရောင်းနိုသလို အကြော်ဆိုင်တွေဖြစ်တဲ့ အကြော်စုံနဲ့ အီကြာကွေး၊ စမူဆာ၊ ပလာတာဆိုင်တွေ မထွက်နိုင်ဘူးဖြစ်နေတယ်လို့ သိရပါတယ်။ “ဆီက တစ်ခါဝယ်ရမှ ၅၀ သားလေ။ ပြီးတော့ နေ့တိုင်းလည်းရတာမဟုတ်ဘူး။ စားဖို့ကိုမရမက လိုက်ရှာနေရတာ။ ဘယ်မှာရောင်းပေးလဲဆိုတာကို။ ထမင်းဟင်းဆိုင်ဆို မဖွင့်ရတာက များနေတယ်” လို့ လှိုင်သာယာမြို့နယ် အမှတ် ၇ ရပ်ကွက်ထဲ ထမင်းဟင်းဆိုင်ဖွင့်ထားသူတစ်ဦးက ပြောပါတယ်။ ဆီတိုးသူများမှ အပြင်ဈေးဖြင့် တစ်ခါတစ်ရံ လာရောက်ရောင်းပေးလို့ ဆီရပါက ဆိုင်ဖွင့်နိုင်ပေမဲ့ ယခင်ကလိုတော့ ဝေဝေဆာဆာမချက်ပြုတ်နိုင်ကြောင်း ၎င်းက ပြောပါတယ်။ “အစ်မတို့ မဖွင့်နိုင်တာ ရက်ပိုင်းကြာသွားပြီ။ ဆီတွေ မရလို့ပါ” လို့ ရွှေပြည်သာမြို့နယ်ထဲ အကြော်စုံဆိုင်ဖွင့်ရောင်းနေသူ အမျိုးသမီးတစ်ဦးက ပြောပါတယ်။ လက်ရှိ ဆီတန်းစီ ဝယ်ယူနရာမှာလည်း မှတ်ပုံတင်၊ သန်းခေါင်စာရင်းပြနေရပြီး နေ့တိုင်းလည်း ဝယ်မရသလို စစ်ကောင်စီသတ်မှတ်ဈေးထက် ဈေးကြီးပေးကာ ဆိုင်ဖွင့်နိုင်ရေး ဝယ်ယူနေရတယ်လို့ တောင်ဒဂုံမြို့နယ်မှာ အကြော်ဆိုင်ဖွင့်ထားသူတစ်ဦးက ပြောပါတယ်။ လက်ရှိ စစ်ကောင်စီက စားဆီတစ်ပိဿာ ၅၄၀၀ ကျပ်သတ်မှတ်ထားပြီး ရန်ကုန်မြို့ ပြင်ပ စားဆီဈေးကွက်ထဲ တစ်ပိဿာကို ကျပ် ၈၀၀၀ မှ ၁၄,၀၀၀ အထိဈေးရှိနေပေမဲ့ ဝယ်ယူရခက်ခဲနေတယ်လို့ စားသုံးသူများထံမှ သိရပါတယ်။ ©CJP ဆက်လက်ဖတ်ရှု.ရန်🔣🔣🔣
Mostrar todo...
Yangon Daily2.mp436.51 MB
Repost from Kyimyindaing Networks
ကြည့်မြင်တိုင်တွင် အာဇာနည်ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးကျဆုံးခြင်း(၄၈)နှစ်ပြည့်အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ်
ဇွန်လ 2️⃣8️⃣ရက် ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ်တွင်လုံခြုံရေးထူထပ်နေသည့်ကြားမှ ဇွန်လ ၂၆ရက်နေ့တွင် အာဇာနည်ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး ကျဆုံးခြင်း(၄၈)နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ဗကသများအဖွဲ့ချုပ်မှ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ်ခဲ့ကြကြောင်းသိရပါသည်။ #ABFSU #ဆလိုင်းတင်မောင်ဦး #ဗကသများအဖွဲ့ချုပ် #SalaiTinMaungOo #ကြည့်မြင်တိုင်မြို့နယ်ကျောင်းသားများသမဂ္ဂ_ဗကသများအဖွဲ့ချုပ် #KMDSU #KyimyindaingNetworks
Mostrar todo...
❤ 6
အလုံ * စခ DC တစ်စီး၊ မီးတန်း တစ်စီး ကမ်းနားလမ်းအတိုင်း သီရိမင်္ဂလာစျေးဟောင်းဘက်မှ Sky Way KTV ဘက်ရှေးရှု * 9:26 PM 📬 @Inform_RSN
Mostrar todo...
💬
Repost from RSN WEB
🔴 ကြည့်မြင်တိုင်မြို့နယ် ယနေ့ည ၉:၃၁ ခန့်တွင် ကြည့်မြင်တိုင်မြို့နယ်၊ ပန်းလှိုင်အိမ်ရာဝန်းအတွင်း တိုက် ၉ နှင့် ၁၀ ကြား၌ အကြမ်းဖက်တပ်သားများ အင်အားအများအပြားဖြင့် ရောက်ရှိနေပြီး ဧည့်စစ်ဝင်နေကြောင်း သတင်းရရှိသည်။ 28 Jun 2024 #rangoonscoutnetwork
Mostrar todo...
Repost from RSN WEB
🔴 ကမာရွတ်မြို့နယ် ယနေ့ည ၇:၁၀ ခန့်တွင် ကမာရွတ်မြို့နယ် ၁ ရပ်ကွက်၊ နီလာလမ်း၌ အကြမ်းဖက် စစ်ကောင်စီ စစ်သားအင်အားအများအပြားဖြင့် ပြည်သူနေအိမ်များပေါ်တက်၍ စစ်မှုထမ်းစာရင်း အဓမ္မလိုက်လံကောက်ခံ၊ ခေါ်ယူနေကြောင်း သတင်းရရှိသည်။ 28 Jun 2024 #rangoonscoutnetwork
Mostrar todo...
🤬 2😡 1
🔸စမ်းချောင်း * ရဲခွေး မီးတန်း 1 စီး (206/ Mark X/ 9K-7320) * ထွေအုပ်ရုံးဘက်မှ ဗားဂရာလမ်းအတိုင်း မြေနီကုန်းဘက်သွား * 4:05 PM @SanchaungScout
Mostrar todo...
👍 1
🟧 ကမာရွတ် * ဗဟိုလမ်းမပေါ် နာနတ်တောဂုံးတံတားအောက် စခ ၁၀ ကောင်ဝန်းကျင်ခန့်ရှိ၊ လက်ရှိ အစစ်အဆေးမရှိသေး * 3:51 PM 📬 @Inform_RSN
Mostrar todo...
🔸ကြည့်မြင်တိုင် စစ်ခွေး SC 1စီး (★၅၅၆၇(မ)) ကျောင်းကြီးလမ်းမှ ကမ်းနားလမ်းထွက်ပြီး ဗားဂရာလမ်း ငှက်ပျောတန်းဘက်ရှေးရှုး 3:37 PM @Skrillex191
Mostrar todo...
👍 1
Elige un Plan Diferente

Tu plan actual sĂłlo permite el anĂĄlisis de 5 canales. Para obtener mĂĄs, elige otro plan.