cookie

Utilizamos cookies para mejorar tu experiencia de navegación. Al hacer clic en "Aceptar todo", aceptas el uso de cookies.

avatar

Kyimyindaing Networks

ပြည်သူနှင့်အတူ - KMD18 Kyimyindaing Scout Channel - KSC ကြည့်မြင်တိုင်မြို.နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ. Contact 📌 @Skrillex191

Mostrar más
Publicaciones publicitarias
12 671
Suscriptores
+2624 horas
+3447 días
+1 49930 días

Carga de datos en curso...

Tasa de crecimiento de suscriptores

Carga de datos en curso...

03:47
Video unavailableShow in Telegram
••ငါတို့တွေအလှည့်ပြန်ရောက်ပြီ နောက်ဆုံးတော့၊ ကြောက်ခေတ်ကို မှောက်လှန်ကြမယ် ဇောက်ထိုးမျှော၊ ငါတို့အတူ ရုန်းကာထမယ် အဆုံးသတ် သွားမယ့် အောင်ပွဲ ••• ••သေရဲရင် ထွက်လာခဲ့ စိန်ခေါ်ထားတော့၊ တချက်တည်းအတူ ရုန်းထသွားမယ် ကြည့်ထားတော့၊ မင်းတို့တွေ နောက်လန်ကျမယ် အဆုံးအဖြတ်ပေးမယ့် တိုက်ပွဲ••• #TheCall #KyimyindaingNetworks
Mostrar todo...
373642642_260250256910238_2350108345769335625_n.mp48.53 MB
31👍 14🫡 2❤‍🔥 1🥰 1
``ဒီစစ်ကြီး ဘယ်တော့ ပြီးမှာလဲ ‘’ လို့ ညည်းမိကြတဲ့အခါ ``ဒီစစ်ကြီး ဘာ့ကြောင့်ဖြစ်လာရသလဲ ‘’ ဆိုတာကို ကျွန်တော်တို့ မျက်ခြေပြတ်လို့ မဖြစ်ပါဘူး ။ ဒီစစ်ကြီး မဖြစ်ခင်က လမ်းမပေါ်ထွက်ပြီး ကျွန်တော်တို့ ပါးစပ်နဲ့ ပြောခဲ့ကြတာဘဲ ။ ကျွန်တော်တို့ ပါးစပ်နဲ့ ပြောပေမယ့် ရန်သူက နားမှမထောင်ခဲ့တာ ။ လူလို ပြောတဲ့ပြည်သူမှန်သမျှကို ဆက်မပြောနိုင်အောင် သတ်ဖြတ်ခဲ့ကြပြီးပြီ ။ လူလို ပြောခဲ့တဲ့ မြို့ရွာတွေကို မီးလောင်တိုက်သွင်းခဲ့ကြပြီးပြီ ။ စကားနဲ့ ပြောတာကို နားမဝင်တဲ့အတွက် ဓါးနဲ့ ပြောကြရတာပါဘဲ ။ ရောင်းသူဝယ်သူ အသံတူဖြစ်ဖို့အတွက် ကျွန်တော်တို့ဟာ မဖြစ်မနေ လက်နက်ကိုင်ခဲ့ကြရတယ် ။ ရန်သူ နားလည်မယ့် (ဝါ) ရန်သူ နာခံစေလောက်မယ့် ဘာသာစကားကိုမှ ရွေးချယ်ပြီး ကျွန်တော်တို့ မပြောဆိုဘူးဆိုရင် ကျွန်တော်တို့ ပြည်သူတွေ ထပ်ပြီး ကျွန်လို ဆက်ဆံခံကြရလိမ့်အုံးမယ် ။ ကျွန်တော်တို့ မြို့ရွာတွေ ထပ်ပြီး လောင်မီးကျရလိမ့်အုံးမယ် ။ အနာရှိန်ကြောင့် ငန်းဖျား ဖျားနေတဲ့အခါ အနာဆိုးထဲက ပြည်ပုပ် သွေးပုပ်တွေကို အံကြိတ်ပြီး ညစ်ထုတ်လိုက်မှသာလျှင် အမြန်ဆုံး အသက်ချမ်းသာရာရပါလိမ့်မယ် ။ Soe Thuya Zaw MDY-PDF #KyimyindaingNetworks
Mostrar todo...
👍 13💯 3🫡 3 1🥰 1
Photo unavailableShow in Telegram
ရှမ်းမြောက်-ရခိုင်-မြေပြန့်
……………………………….. ၁၀၂၇ စစ်ဆင်ရေး အပိုင်း (၁) နဲ့ အတူ ရှမ်းမြောက် ဒေသမြို့များစွာ၊ စခန်းများစွာကို ညီနောင် မဟာမိတ် (၃) ဖွဲ့ သိမ်းပိုက်နိုင်လိုက်တယ်။ အဲဒီနောက် ရခိုင်ဒေသ မှာ အာရက္ခတပ်တော်ရဲ့ တိုက်ပွဲတွေ ပေါ်လာပြီး အခုဆိုရင် တောင်ပိုင်း သံတွဲမြို့အထိ မြို့သိမ်းတိုက်ပွဲဆင်နွဲနေပြီ ဖြစ်တယ်။ ၁၀၂၇ စစ်ဆင်ရေး အပိုင်း (၂) နဲ့ အပြိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော် နဲ့ ပကဖ အဖွဲ့တွေရဲ့ ရှမ်းမန်း စစ်ဆင်ရေး ပေါ်လာပြီး မြေပြန့် မန္တလေးမြို့ကြီး နားထိ တိုက်ပွဲတွေ ရောက်လာပြီ ဖြစ်ပါတယ်။ စစ်တပ်ဟာ နိုင်ငံရဲ့ အနောက်ဘက် နဲ့ အရှေ့ဘက်မှာ ပြင်းထန်တဲ့ ထိုးစစ်ဆင်မှုကို ကြုံတွေ့နေရပြီး နိုင်ငံအလယ်ပိုင်းမြေပြန့်ဒေသ ထိုးစစ်ဟာလဲ တဖြည်းဖြည်းနဲ့ အရှိန်ယူနေတာကို တွေ့နိုင်ပါတယ်။ ခုခံတော်လှန်စစ် အစကာလတွေမှာ တိုက်ခိုက်မှုအများစုဟာ စစ်ကိုင်းတိုင်း အထက်ပိုင်း၊ တောင်ပိုင်း ကရင် နဲ့ ကရင်နီနယ်မှာ အများဆုံး ဖြစ်ပွားခဲ့ရာကနေ အခုဆိုရင် နိုင်ငံအရှေ့ နဲ့ အနောက်ဒေသမှာ ကြီးမားတဲ့ လွတ်မြောက်နယ်မြေတွေ ပေါ်ထွက်လာပြီ ဖြစ်ပါတယ်။ မြေပြန့် ထိုးစစ် ပေါ်လာပြီဆိုရင် ဖြစ်ပေါ်နေတဲ့ အရှေ့ နဲ့ အနောက်၊ တောင်ပိုင်း လွတ်မြောက် နယ်မြေတွေကြားမှာ ကြားခံချိတ်ဆက်ပေးမယ့် စိုးမိုးနယ်မြေကြီးတရပ် အနိမ့်ဆုံး ပေါ်ထွက်လာနိုင်ပါတယ်။ ဒီအနေအထားဟာ ပြည်သူ့ကာကွယ်ရေး တပ်မတော် ချမှတ်ထားတဲ့ ကွက်ပြည့်ခင်း မဟာဗျူဟာရဲ့ သက်ရောက်မှုဖြစ်သလို မဟာဗျူဟာဟန်ချက်ညီမှုကို တနိုင်ငံလုံး အတိုင်းအတာမှာ ရရှိသွားခြင်းလဲ ဖြစ်ပါတယ်။ စစ်မျက်နှာတခုခုကိုပင် ကောင်းမွန်စွာ ကိုင်တွယ်နိုင်ခြင်းမရှိတဲ့ စစ်အာဏာရှင်တွေဟာ အရှေ့၊ အနောက်၊ တောင် နဲ့ အလယ်ပိုင်း မြေပြန့် ဒေသ တခုလုံး ချိတ်ဆက်ပြီး တိုက်ပွဲဝင်လာမယ့် ထိုးစစ်ကို ခံနိုင်မှာ မဟုတ်ပါဘူး။ လိုင်ဇာကို ၂၀၂၃ ခုနစ် နှစ်လယ်မှာ ကွက်ပြီး စစ်တပ်က ထိုးစစ်ဆင်ခဲ့ပေမယ့် ထိုးစစ်လန်ကျခဲ့သလို ၂၀၂၄ ခုနစ် မတ်လ မှာ ပေါ်လာတဲ့ ကချင်ဒေသတန်ပြန်ထိုးစစ် မှာ လိုင်ဇာအနားက စခန်းအကုန် ဆုံးရှုံးခဲ့ရပြီး မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တဘက်ကမ်း ဝိုင်းမော်မြို့နားထိ ကချင်ပူးပေါင်းတပ်တွေ သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဒါတွေဟာ တစုံလုံး အနေနဲ့ချိတ်ဆက် ထိုးစစ်ဆင်မှု မဟုတ်သေးပါဘူး။ အလားတူ ၂၀၂၃ ခုနစ်တွင်းမှာ စစ်တောင်းမြစ်ဝှမ်း စိုးမိုးရေး စစ်ဆင်ရေး စတင်ခဲ့ပြီး ရန်ကုန်-မန္တလေး အမြန်လမ်းဒေသ ညောင်လေးပင်၊ ဖြူး၊ ရွှေကျင်၊ နတ်သံကွင်း နယ်မြေတွေမှာ စစ်ရေးလှုပ်ရှားခဲ့ပါတယ်။ နေပြည်တော်အနီး နဲ့ အမြန်လမ်းဆို ဆက်သွယ်ရေး ကောင်းမွန်တဲ့ ဒေသတွေဖြစ်ပေမယ့် စစ်တပ်ဟာ ကောင်းမွန်စွာ တုံ့ပြန်နိုင်ခြင်းမရှိဘဲ လက်ရှိအချိန်မှာ အမြန်လမ်းဒေသမှာ ပြည်သူ့ကာကွယ်ရေး တပ်မတော်က တိုက်ခိုက်မှုတွေကို ပုံမှန် လုပ်ဆောင်နေနိုင်ပြီ ဖြစ်ပါတယ်။ လက်ရှိ ဆင်နွှဲနေတဲ့ ရှမ်းမန်း စစ်ဆင်ရေးဟာလဲ မန္တလေးမြို့ကြီးနားထိ ရောက်ရှိလာပါတယ်။ မြို့နားက အယ်ဖာ ဘိလတ်မြေစက်ရုံ၊ မတ္တရာ၊ စဉ့်ကူးမြို့နယ်ထဲက စခန်းတွေ တိုက်ခိုက် သိမ်းပိုက်ခံနေရလဲ စစ်တပ်ဟာ တန်ပြန်နိုင်ခြင်းမရှိပါဘူး။ မေမြို့တက္ကသိုလ်တွေနားက နောင်ချိုမြို့နယ်တခုလုံးကို သိမ်းပိုက်နိုင်တာကိုလဲ တုံ့ပြန်နိုင်ခြင်း မရှိပါဘူး။ ဒီစစ်ဆင်ရေးတွေက ဘာကို ပြလဲ ဆိုတော့ စစ်တပ်ဟာ အစွန်အဖျား ဒေသတွေတင်မကဘူး မြို့ကြီးတွေနား၊ အချက်အခြာ လမ်းမကြီးတွေနားမှာပါ ခံစစ်ဆင်နိုင်ခြင်း မရှိဘူးဆိုတာ ပြသပါတယ်။ ကချင်ဒေသတန်ပြန်ထိုးစစ်၊ စစ်တောင်းမြစ်ဝှမ်း စိုးမိုးရေး စစ်ဆင်ရေး၊ ရှမ်းမန်း စစ်ဆင်ရေးတွေဟာ တချိန်တည်း တပြိုင်တည်း တနေရာတည်းမှာ ပေါ်ပေါက်ခဲ့တာ မဟုတ်ပါဘူး။ တလှိုင်းပြီး တလှိုင်းလာမယ်ဆိုတဲ့ ကြွေးကြော်သံ အတိုင်း တခုပြီး တခု ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ အနာဂတ် ကာလတွေမှာ မြေပြန့် ထိုးစစ် နဲ့ တိုင်းရင်းသား ဒေသ ထိုးစစ်တွေ ဟန်ချက်ညီ ပေါ်လာမယ်ဆိုရင် စစ်တပ် အပေါ် ထိုးနှက်နိုင်မှု ယခုထက် ပိုပြီးမြင့်မားမှာ ဖြစ်ပါတယ်။ တခုချင်းဆီတိုက်နေတဲ့ စစ်ဆင်ရေးတွေမှာကို စိန်လုံဒေသလို၊ မြို့သစ်ကုန်းလောလို၊ သံတွဲ၊ ငပလီလို၊ နောင်ချို၊ ကုတ်ထိပ်လို၊ နတ်သံကွင်းလို အရေးပါတဲ့ နာမည်ကြီးနေရာတွေကို တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှု.ရန်⏺
Mostrar todo...
👍 12 1💯 1🫡 1
00:06
Video unavailableShow in Telegram
အကြမ်းဖက်စစ်ခေါင်းဆောင်များက ၎င်းတို၏ ကိုယ်ကျိုးစီးပွားအတွက် နိုင်ငံတော်အာဏာကို မတရားသဖြင့် အတင်းအဓမ္မသိမ်းယူထားသည်မှာ ၁၂၆၃ရက် ရှိပြီဖြစ်
ဇူလိုင်လ 1️⃣7️⃣ရက် ပြည်သူများ၏ ငြိမ်းချမ်းစွာဆန္ဒပြ တောင်းဆိုမှုများကို မလိုက် လျောသလို ဆန္ဒပြသူများအား စစ် ကောင်စီတပ်များက အကြမ်းဖက်ဖမ်းဆီးခြင်း၊ ရက်ရက်စက်စက် သေနတ်ဖြင့်ပစ်သတ်ဖြတ်ခြင်းများပြုလုပ်ခဲ့သည်။ ငြိမ်းချမ်းစွာဆန္ဒပြ တောင်းဆိုမှုကို လျစ်လျူရှုပြီး ဆန္ဒပြသူများကို  အကြမ်းဖက်သတ်ဖြတ်လာသဖြင့် ပြည်သူများက စစ်ပညာသင်ယူပြီး လက်နက်ဆွဲကိုင်၍ စစ် ကောင်စီကို ခုခံ တော်လှန်စစ်ဆင်နွှ နေကြသည်။ တစ်ချိန်တည်းတွင် ပြည်သူများက စစ်အာဏာရှင်ဖြုတ်ချ ရေး ငြိမ်းချမ်းစွာဆန္ဒထုတ် ဖော်မှုများကို ပုံစံမျိုးစုံဖြင့် ပြုလုပ် နေဆဲဖြစ်သလို စစ်တပ်ထွက်ကုန်များကိုလည်း သပိတ် မှောက် နေကြသည်။ #KyimyindaingNetworks #KyimyindaingScoutChannel
Mostrar todo...
NUG_Flat.mp45.97 MB
🫡 2❤‍🔥 1👍 1🔥 1
Mostrar todo...
မသာတွေစုံလို့ ပြာပုံဖြစ်နေပြီ အဘရေ (203)#seinthee #revolution #စိန်သီး #myanmar

မင်္ဂလာပါ မြန်မာပြည်သူပြည်သားများ ယခုလို ကာလဆိုးကြီးမှာ ကျန်းကျန်းမာမာနင့် ‌ဘေးရန်ခပ်သိမ်း ကင်းကြပါစေ။

👍 6🫡 2 1
Mostrar todo...
အေလာ(ဧလာ) လေတပ် ထပ်ပစ်ခံရခြင်းနှင့် ရခိုင်မှာဝဋ်လည်နေတဲ့ စကစ တပ်သားများ

မင်းအောင်လှိင်တိုရဲ့အနီးဆုံး အေလာ(ဧလာ) လေတပ်ကို တောလြှနရြေးအဖှဲတှမှေ ယနေ့မှာရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်လိုသိရပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်သားတွေဟာလည်း AA တပ်ဖွဲရဲ့တိုက်ခိုက်မှုကြောင့် ဘင်္ဂလားဒေ့ရှ်ဘက်ကိုဝင်ပြေးခဲ့ပေမဲ့ ဘင်္ဂလားဒေ့ရှ်မှ လက်မခံခဲ့ဘူးလိုလည်းသိရပါတယ်။ အဆိုပါသတင်းတွေနဲ့ပတ်သတ်ပြီး ဆရာနေဝင်းအောင်နဲ့ နောင်ရိုးတိုမှပြောထားပါတယ်ဗျ.. #BBM #CDM #အေလာလေတပ် #AA

👍 8❤‍🔥 1🫡 1
00:48
Video unavailableShow in Telegram
The News of 🔠🔠🔠🔠🔠🔠
ဇူလိုင်လ 1️⃣6️⃣ရက် ⚡️ရန်ကုန် ❗️ရန်ကုန်မှာ မိုးတွင်းကာလ အဆိုးရွားဆုံး လျှပ်မီးပြတ်တောက်မှုနဲ့ရင်ဆိုင်နေရ၊ မြို့နယ်တချို့မှာ လျှပ်စစ်မီး ရက်နဲ့ချီပြတ်တောက်နေ #️⃣မြန်မာနိုင်ငံထဲ စက်မှုလုပ်ငန်းအထွန်းကားဆုံး ရန်ကုန်မြို့မှာ အာဏာသိမ်းအပြီး လေးကြိမ်မြောက် မိုးတွင်းကာလမှာ အဆိုးရွားဆုံး လျှပ်စစ်မီး မီးပြတ်တောက်မှုနဲ့ရင်ဆိုင်နေရတယ်လို့ မြို့ခံများထံမှ က စုံစမ်းသိရှိရပါတယ်။ နာရီပိုင်းကြာ လျှပ်စစ်မီးပြတ်တောက်မှုကို နေသားကြနေပေမဲ့ ယခုဇူလိုင်လအတွင်း ရန်ကုန်က မြို့နယ်တချို့မှာ ရက်နဲ့ချီပြတ်တောက်မှုတွေရှိနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။သန်လျင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ ရွှေပြည်သာ၊ တောင်ဥက္ကလာပ၊ အင်းစိန်၊ မရမ်းကုန်းစတဲ့ မြို့နယ်တွေမှာ မီးလာချိန်၊ ပြတ်ချိန်မမှန်သလို၊ ရက်နဲ့ချီ ပြတ်တောက်တွေ ရှိနေတယ်လို့ စုံစမ်းသိရှိရပါတယ်။ ဒါကြောင့် မြို့နယ်လျှပ်စစ်ရုံး(EPC)ထံ ဖုန်းနဲ့ ဆက်သွယ်မေးမြန်းပေမဲ့ ၎င်းတို့ကိုယ်တိုင်လည်း မသိဘူးဆိုပြီး ပြန်လည်ဖြေကြားတယ်လို့ ၎င်းက ပြောပါတယ်။ ဒါ့အပြင် အင်းစိန်၊ တောင်ဥက္ကလာပမြို့နယ်တွေမှာလည်း မီးလာချိန်၊ ပြတ်ချိန်မမှန်ဘဲ၊ အုပ်စု(A)(B)မီးပေးရာမှာ အုပ်စု(B)ကနေရာတွေမှာ အဆိုးရွာဆုံးပြတ်တောက်နေတယ်လို့ တောင်ဥက္ကလာပမြို့နယ် ၁၂ ရပ်ကွက်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။ သန်လျင်မြို့နယ် ဘုရားကုန်းရပ်ကွက်ဘက်ကိုလည်း ပြီးခဲ့တဲ့ ဧပြီလကစလို့ နေ့ဘက်တွေမီးမပေးဘဲ ညဘက်တွေမှသာ မီးပေးနေတယ်လို့ အဲဒီရပ်ကွက်နေသူများထံမှ သိရပါတယ်။ ရွှေပြည်သာမြို့နယ်အတွင်း နာရီပိုင်းကြာမီးပြတ်တောက်မှုတွေအပြင် တစ်ရက်မှ နှစ်ရက်ကြာမြင့်တဲ့အထိ လျှပ်စစ်မီးပြတ်တောက်မှုတွေရှိနေတယ်လို့ မြို့ခံများထံမှ သိရပါတယ်။ ©CJP ⚡️ရန်ကုန် ❗️ရန်ကုန်မှာ အသက်အန္တရာယ်ရှိတဲ့ ပြင်းထန်ဝမ်းရောဂါရှိသူ ၁၃ ဦးထပ်တွေ့ #️⃣ရန်ကုန်တိုင်းအတွင်း ဇူလိုင် ၁၄ မှ ၁၅ ရက် ညနေ ၆ နာရီအထိ ၂၄ နာရီအတွင်း ဝမ်းပျက်ဝမ်းရောဂါလူနာသစ် ၉၆ ဦးထဲမှ ၁၃ ဦးမှာ ပြင်းထန်ဝမ်းရောဂါပိုးထပ်တွေ့တယ်လို့ စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ၎င်းတို့ဟာ ဆေးရုံအသီးသီးမှာ တက်ရောက်ကုသနေပြီး ရောဂါအခြေအနေ သက်သာတယ်လို့ စစ်ကောင်စီဘက်က ဆိုပါတယ်။ ယမန်နေ့ ညနေပိုင်းအထိ ရောဂါပျောက်လို့ ဆေးရုံဆင်းသူ ၉၂ ဦးရှိပြီး ဝမ်းရောဂါကြောင့် ဆေးရုံတက်ကုသခဲ့ရသူ စုစုပေါင်း ၆၁၃ ဦးရှိတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၁၁ နဲ့ ၁၂ ရက်နေ့တို့မှာ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်လို့ ဆေးရုံတက်ရသူ ၂၀၀ နီးပါးရှိခဲ့ပြီး အဲဒီထဲက ၃၃ ဦးဟာ ပြင်းထန်ဝမ်းရောဂါရှိသူတွေဖြစ်တယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားပါတယ်။ မိုးတွင်းကာလ ခြင်၊ ယင်ပေါများခြင်းကြောင့် နိုင်ငံတဝန်း ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားလေ့ရှိပေမဲ့ ယခုနှစ် ဇွန်လဆန်းပိုင်းမှစတင်ပြီး ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်တချို့မှာ အချိန်မီမကုသပါက အသက်အန္တရာယ်ရှိတဲ့ ပြင်းထန်ဝမ်းပျက်ဝမ်းရောဂါပိုး ဖြစ်ပွားလာတာဖြစ်ပါတယ်။ ဒါကြောင့် သာကေတမြို့နယ်အတွင်း လူငါးဦးအထိ သေဆုံးခဲ့ပြီး ယခုချိန်အထိ ဆက်လက်ဖြစ်ပွားနေတာဖြစ်ပါတယ်။ “အခုရောဂါက ချက်ချင်းဖြစ်တာနော်။ လူမှာ ရေဓာတ်လုံးဝခန်းခြောက်သွားပြီးတော့ ဖြူဆုတ်သွားတာ။ သူ့ရဲ့လက္ခဏာကမြန်တယ်။ သတိတော့ကြီးကြီးထားရတယ်” လို့ ရန်ကုန်မြို့ခံတစ်ဦးက ပြောပါတယ်။ ©CJP ⚡️ကြည့်မြင်တိုင်မြို့နယ် ❗️ကြည့်မြင်တိုင်တစ်ဖက်ကမ်းမှ စစ်တပ်ဦးပိုင်ဆိပ်ကမ်းနှင့်သင်္ဘောများကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်မည်ဆိုသော သတင်းများကြောင့် ဘက်ထရီအိုးနှင့်ဂတ်စ်အိုးများကို စစ်ကောင်စီက လိုက်ဖမ်းသိမ်းဆည်းနေ #️⃣ရန်ကုန်တိုင်း၊ ကြည့်မြင်တိုက် တစ်ဖက်ကမ်းမှ စစ်ကောင်စီတပ်ဖွဲ၏ ဆိပ်ကမ်းနှင့်စခန်းများကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်မည်ဆိုသော သတင်းများ ထွက်ပေါ်လာသည့်အတွက် စစ်ကောင်စီက ဘက်ထရီအိုးနှင့် ဂတ်စ်အိုးများကို လိုက်လံဖမ်းဆီးနေကြောင်းဒေသပြည်သူများက ပြောဆိုကြသည်။ ယမန်နေ့ ဇူလိုင်လ ၁၅ ရက်နေ့ညနေပိုင်း ကြည့်မြင်တိုင် တစ်ဖက်ကမ်း အလတ်ချောင်း၊ ဆိပ်ကြီး၊ဦးမြ၊ငါးစင်ရပ်ကွက်၊ ကွက်သစ်လမ်းတိုတွင် ဘက်ထရီအိုးများကို စစ်ကောင်စီက လိုက်လံဖမ်းဆီးကြောင်း၊ ဘက်ထရီအိုးများသည် ရှော့တိုက်ဒုံးပစ်ခတ်ရာတွင် တွဲဘက် အသုံးပြုရသည့်အတွက် ဘက်ထရီအိုးများကို လိုက်လံဖမ်းဆီး ခြင်းဖြစ်ကြောင်း ၊ထိုပြင် ဂတ်စ်အိုးများကိုပါ လိုက်လံဖမ်းဆီးနေကြောင်း သိရှိရသည်။ လတ်တလော လျှပ်စစ်မီးများ အမြဲတမ်း ပြတ်တောက်နေသည့်အတွက် ပြည်သူများမှာ အင်ဗာတာနှင့် ဘက် ထရီ အိုးများကို အားကိုး၍ မီးထွန်း အသုံးပြုနေရချိန် ဘက်ထရီအိုးများကို လိုက်လံဖမ်းဆီးသည့်အတွက် စိတ်ပျက်စရာအခြေအနေပင်ဖြစ်သည်ဟု ပြည်သူများက ဆိုကြသည်။ ဘက်ထရီအိုးများကို လိုက်လံဖမ်းဆီးရာတွင် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲများ၊ ပျူစောထီးများနှင့် စစ်သားများ ပါဝင်ကြောင်း၊ ထိုပြင် ဂတ်စ်အိုးများကိုလည်း လိုက်လံ မေးမြန်းပြီး လိုင်စင်စစ်ဆေးကြောင်း၊ လိုင်စင်မရှိသော ဂတ်စ်အိုးများကိုလည်း သိမ်းဆည်းမှုများလုပ်ဆောင်နေကြောင်း သိရှိရသည်။ ©KTM ဆက်လက်ဖတ်ရှု.ရန်🔣🔣🔣
Mostrar todo...
Yangon Daily2.mp436.51 MB
👍 4🔥 2
❗️Up To Date🔄လားရှိးတွင် တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး မယ်ဟန်ဂိတ်ထိကို ကိုးကန့်MNDAAတပ် သိမ်းပိုက်၊ ◼️အကြမ်းဖက်စစ်တပ်က လေယာဉ်ဗုံးကြဲမှုကြောင့် နေအိမ်နဲ့ ဆီဆိုင်အများအပြားနီးပါး ပျက်စီး https://t.me/kyimyindaingnetworks/44170 ❗️လားရှိးမြို ကျဆုံးမည်ကို စစ်ကောင်စီက စိုးရိမ်နေပြီး ခံစစ်ပြင်ဆင်ရန် ဆာလာအိတ်များ လေယာဉ်ဖြင့် ပိုဆောင်နေ၊ ယခင်က စစ်သားများ ဘန်ကာ ဆောက်လုပ်ရန် ကိုယ့်စရိတ်ဖြင့်သာ ဝယ်ယူရ https://t.me/kyimyindaingnetworks/44171 ❗️မိုးမိတ်မြိုနယ်ကို TNLA နဲ့ပူးပေါင်းတပ်ဖွဲတွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး မိုးမိတ်ဗျူဟာ တပ်စခန်း တစ်ခုသာ ကျန် https://t.me/kyimyindaingnetworks/44172 ❗️ဒီပဲယင်းမြို့မ ရဲစခန်းမှ ကင်းပုန်းဝပ်ရန် ထွက်လာသည့် စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု ၂ ဦးသေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်း ရရှိ https://t.me/kyimyindaingnetworks/44173 ❗️စစ်ကောင်စီတပ်မှ လက်နက်ကြီး၊ တင့်ကားနှင့် လေယာဉ်များကို ဖျက်ဆီး၍သော်လည်းကောင်း၊ ယူဆောင်၍ သော်လည်းကောင်း အလင်းဝင်လာသူများကို ငွေကျပ် သိန်း ၅၀ မှ သိန်း ၁ဝဝဝဝ ထိ ချီးမြှင့်မည်ဟု MNDAA ထုတ်ပြန် ■ အထက်အရာရှိကို ထိန်းချုပ်လိုက်ပြီး အလင်းဝင်လာပါက ငွေကျပ် သိန်း ၁ဝဝ ချီးမြှင့်မည် https://t.me/kyimyindaingnetworks/44176 ❗️လားရှိုးမြို့ တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ဒုတပ်ခွဲမှူး ၁ ဦး အပါအဝင် တပ်သား ၃၂ ဦးကို MNDAA က အရှင် ဖမ်းဆီး၊ ဒဏ်ရာရရှိသူများကို ဆေးကုသပေး https://t.me/kyimyindaingnetworks/44178 ❗️Up To Date🔄ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) တိုက်ပွဲသတင်းထုတ်ပြန်ချက် ➕မတ္တရာမြိုနယ်ရှိ Alpha ဘိလပ်မြေစက်ရုံ တပ်စခန်း နှင့် တောင်တံငါ တပ်စခန်းတိုကို အပြီးသတ် သိမ်းပိုက်ပြီး စုစုပေါင်း ရန်သူ့တပ်စခန်း၂၈ ခုထိ သိမ်းပိုက်ရရှိထားပြီးဖြစ် https://t.me/kyimyindaingnetworks/44181 ❗️Up To Date🔄၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) (၂၂) ရက်မြောက် စစ်ကောင်စီတပ်မှ စစ်ကူဖြည့်တင်း ထိုးစစ်ဆင်လာသောကြောင့် တိုက်ပွဲဖြစ်ပွား၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ https://t.me/kyimyindaingnetworks/44190 ❗️Up To Date🔄နေပြည်တော် အေလာလေဆိပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ် တိုက်ခိုက်မှု လေတပ် အရာရှိ ၄ ဦး အပါအဝင် ၁၆ ဦးသေဆုံး၊ တိုက်လေယာဉ် ၂ စီး အပါအဝင် လေယာဉ် ၃ စီး ပျက်စီးပြီး အဆောက်အအုံများ ထိခိုက်ပျက်စီး ■ အေလာလေဆိပ်အနီးရှိ ကျေးရွာ ၇ ရွာကို စစ်တပ်က ဝင်ရောက် စီးနင်းပြီး ပြည်သူ ၁၂ ဦးကို အကြောင်းမဲ့ ဖမ်းဆီးထား https://t.me/kyimyindaingnetworks/44193 ❗️မင်္ဂလာဒုံရှိ အကြမ်းဖက်စစ်တပ်၏ဗဟိုတပ်ထိန်းတပ် ဂိတ်ကင်းကို လက်ပစ်ဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက် https://t.me/kyimyindaingnetworks/44195 ❗️Today’s People STRIKE - အသံမတိတ် အလံမလိပ်တဲ့ တိုက်ပွဲကြားက လူထုသပိတ်စစ်ကြောင်းများ https://t.me/kyimyindaingnetworks/44196 ❗️We Are TOGETHER - တော်လှန်ရေးအင်အားစုများ၏ ပြည်သူ့အကျိုးပြုလုပ်ငန်းများ https://t.me/kyimyindaingnetworks/44197 ❗️UPDATE - မြန်မာနိုင်ငံတစ်ဝန်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲဝင် ၄၂ ဦးသေဆုံး https://t.me/kyimyindaingnetworks/44198 #TodayHeadlines #KyimyindaingNetworks #KyimyindaingChannel #ကြည့်မြင်တိုင်
Mostrar todo...
Kyimyindaing Networks

🔄လားရှိးတွင် တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး မယ်ဟန်ဂိတ်ထိကို ကိုးကန့်MNDAAတပ် သိမ်းပိုက်၊ ◼️အကြမ်းဖက်စစ်တပ်က လေယာဉ်ဗုံးကြဲမှုကြောင့် နေအိမ်နဲ့ ဆီဆိုင်အများအပြားနီးပါး ပျက်စီး ဇူလိုင်လ 1️⃣6️⃣ရက် ဒီနေ့ မနက်ပိုင်းကနေ စတင်ပြီး လားရှိးမြိုအပြင်ဘက် ပြည်ထောင်စုလမ်းမပေါ်က မယ်ဟန်ကျေးရွာမှာ ကိုးကန့်တပ်နဲ့စစ်ကောင်စီတို တိုက်ပွဲပြင်းထန်ခဲ့ပြီး မယ်ဟန်ဂိတ်ထိ ကိုးကန့်တပ်တွေ သိမ်းပိုက်ရရှိထားပြီလို့ သိရပါတယ်။ တိုက်ပွဲပြင်းထန်ခဲ့ပြီး လက်နက်ကြီးတွေနဲ့ စစ်ကောင်စီဘက်က ပစ်ကူပေးခဲ့သလို လေကြောင်းနဲ့ပါ တိုက်ခိုက်ခဲ့ပါတယ်။ လက်ရှိ မယ်ဟန်ကျေးရွာထဲက BOC ဆီဆိုင်အပါအဝင် ဆီဆိုင်အများအပြား လက်နက်ကြီးထိမှန်ပျက်စီးထားပြီး နေအိမ်အများအပြားလည်း ထိခိုက်ပျက်စီးထားပါတယ်။ အပစ်ရပ်မယ်လို ပြောဆိုနေကြပေမယ့် မြေပြင်မှာတော့ တိုက်ပွဲဟာ ပိုမိုပြင်းထန်လာပြီး မြိုတွင်းထဲလည်း လက်နက်ကြီး ကျရောက်တာတွေရှိပေမယ့် ထိခိုက်ပျက်စီးမှု မသိရသေးပါဘူး။ လက်ရှိ လားရှိးမြိုထဲမှာ ဖုန်းလိုင်းတွေပြတ်တောက်နေပြီး ၅၀၇တပ်ဘက်မှာလည်း ပစ်ခတ်မှုတွေ ဆက်ရှိနေပါတယ်။ #SPM #KyimyindaingNetworks

👍 9
Photo unavailableShow in Telegram
🔠🔠🔠🅰️🔠 Headline News
ဇူလိုင်လ 1️⃣6️⃣ရက် ❗️အကြမ်းဖက်စစ်ခေါင်းဆောင်များက ၎င်းတို၏ ကိုယ်ကျိုးစီးပွားအတွက် နိုင်ငံတော်အာဏာကို မတရားသဖြင့် အတင်းအဓမ္မသိမ်းယူထားသည်မှာ ၁၂၆၂ရက် ရှိပြီဖြစ် https://t.me/kyimyindaingnetworks/44145 ❗️ဘင်္ဂလားဒေ့ရှ်သို လှေဖြင့် ထွက်ပြေးလာသည့် မြန်မာစစ်ကောင်စီတပ်ဖွဲဝင် ၆၆ ဦးကို ဘင်္ဂလားဒေ့ရှ် ကမ်းခြေစောင့်တပ်ဖွဲက အဝင်မခံဘဲ တားဆီး၊ စစ်ကောင်စီတပ်ဖွဲဝင်များ လှေဖြင့် မြစ်အတွင်း မျောပါနေ (ရုပ်/သံ) https://t.me/kyimyindaingnetworks/44146 ❗️လားရှိးမြို နယ်ရှိ အမှတ် ၁၁ စစ်အခြေခံလေ့ကျင့်ရေးတပ်ကို MNDAA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး စစ်သုံပန်းများ အများအပြား ဖမ်းဆီးရရှိ၊ တပ်မိသားစုဝင် ကလေးများ၊ အမျိုးသမီးများကို ပြန်လွှတ်ပေး https://t.me/kyimyindaingnetworks/44147 ❗️ကြည့်မြင်တိုင်တစ်ဖက်ကမ်းမှ စစ်တပ် ဦးပိုင်ဆိပ်ကမ်းနှင့်သင်္ဘောများကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်မည်ဆိုသော သတင်းများကြောင့် ဘက်ထရီအိုးနှင့်ဂတ်စ်အိုးများကို စစ်ကောင်စီက လိုက်ဖမ်းသိမ်းဆည်းနေ https://t.me/kyimyindaingnetworks/44148 ❗️မြန်မာနိုင်ငံမှ လွဲ၍ အာဆီယံအဖွဲဝင်နိုင်ငံများအားလုံးအပါအဝင် နိုင်ငံပေါင်း ၉၀ ကို ထိုင်းနိုင်ငံတွင် ဗီဇာမလိုဘဲ ရက်ပေါင်း ၆၀ နေထိုင်ခွင့်ပြုသည့်အမိန့် ထိုင်းအစိုးရ အတည်ပြု https://t.me/kyimyindaingnetworks/44150 ❗️မြန်မာစစ်တပ်က ပြည်သူများကို လေကြောင်းဖြင့် ဗုံးကျဲခြင်း၊ နေအိမ်များ မီးရှိ ခြင်း၊ လူသားဒိုင်းအဖြစ် အသုံးပြုခြင်း၊ စစ်သားစုဆောင်းခြင်းနှင့် အကြမ်းဖက်ခြင်းများ ချက်ချင်းရပ်တန့်ရန် နိုင်ငံပေါင်း ၃၇ နိုင်ငံမှ ကုလသမဂ္ဂ သံအမတ်များ ပူးတွဲ ကြေညာတောင်းဆို https://t.me/kyimyindaingnetworks/44152 ❗️Flash News⚡️နေပြည်တော်အေလာလေတပ်အတွင်း ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်မှုများရှိ https://t.me/kyimyindaingnetworks/44153 ❗️ဗန်းမော်မှ မိုးမောက်ဘက်သို့ ချီတက်လာသော တင့်ကားများ ပါဝင်သည့် စစ်တပ်စစ်ကြောင်းကို KIA က ကြားဖြတ် တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေ https://t.me/kyimyindaingnetworks/44154 ❗️စစ်ရေးအောင်မြင်မှုတွင် မြို့များ၊ စစ်စခန်းများ သိမ်းနိုင်ရုံဖြင့် ပြီးမြောက်မှု မရှိဘဲ ထိန်းထားနိုင်ရန် လိုဟု NUG ယာယီသမ္မတ ဒူဝါလရှီးလ သတိပေး https://t.me/kyimyindaingnetworks/44155 ❗️သံတွဲမြို့တွင် တိုက်ပွဲ ပြင်းထန်နေပြီး မြိုတွင်း ပိတ်မိနေသောပြည်သူများကို အာရက္ခတပ်တော် AAကယ်ထုတ်နေ https://t.me/kyimyindaingnetworks/44156 ❗️📸Photo News - ULA/AA အုပ်ချုပ်နယ်မြေအတွင်းဈေးတစ်ခုရှိ ဒေသခံ ရခိုင်လူမျိးများနှင့် မူဆလင်များကိုတွေ့ရစဉ် https://t.me/kyimyindaingnetworks/44160 ဆက်လက်ဖတ်ရှု.ရန်🔠
Mostrar todo...
👍 3
Photo unavailableShow in Telegram
🫵🩸🩸🅰️🩸🩸➖မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၂ ဦးသေဆုံး
ဇူလိုင်လ 1️⃣6️⃣ရက် မြန်မာနိုင်ငံတစ်ဝန်း ဇူလိုင်လ ၁၆ ရက်နေ့ ရရှိထားသော အချက်အလက် များအရ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၂ ဦးသေဆုံးကြောင်း ပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့်ပြောဆိုချက် များ အရ သိရှိရသည်။ ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် အကြမ်းဖက်စစ်သား သေဆုံးမှု စာရင်းများကို ထုတ်ပြန် ရာတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များနှင့် ပြောဆိုချက် များကို စုစည်းဖော် ပြရခြင်းဖြစ်ပြီး မြေပြင် အခြေအနေတွင် အမှန်တကယ် အကြမ်းဖက်စစ်သားများ သေဆုံးမှု ရှိ၊ မရှိ ကွင်းဆင်း အတည်ပြုနိုင်ခြင်း မရှိသည်ကို သိစေအပ်ပါသည်။ #KhitThitMedia #KyimyindaingNetworks
Mostrar todo...
👏 10🫡 2❤‍🔥 1👍 1
Elige un Plan Diferente

Tu plan actual sólo permite el análisis de 5 canales. Para obtener más, elige otro plan.