cookie

Utilizamos cookies para mejorar tu experiencia de navegación. Al hacer clic en "Aceptar todo", aceptas el uso de cookies.

avatar

Yangon Connect Hub

Ygn Revolution News & Info t.me/Ch01Ygn

Mostrar más
Publicaciones publicitarias
1 060
Suscriptores
-124 horas
-37 días
-1730 días

Carga de datos en curso...

Tasa de crecimiento de suscriptores

Carga de datos en curso...

ဇူလိုင် ၅ ၊၂၀၂၄ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တ‌ကျော့ပြန် ဖြစ်ပွားခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းဟာ တပတ်အတွင်းစစ်တပ်ရဲ့ စခန်းပေါင်း ၃၁ ခုကို သိမ်းပိုက်နိုက်ခဲ့တယ်လို့ တအာင်းပလောင် အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ကတရားဝင်ထုတ်ပြန်ထားပါတယ်။ ရှမ်းမြောက်စစ်ဆင်ရေးမှာ TNLA နဲ့အတူ ပူးပေါင်းတိုက်ခိုက်နေတဲ့ NUG လက်အောက်ခံ PDF တပ်တွေ သိမ်းပိုက်ထားတဲ့ မန္တလေးတိုင်း မတ္တရာမြို့နယ်ထဲက စခန်း ၈ ခုပါပါရင် စုစုပေါင်း တပ်စခန်း ၄၀ ဝန်းကျင်ရှိနေပြီဖြစ်ပါတယ်။ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းဟာ ပထမအကြိမ်တုန်းကလိုပဲ စစ်ကောင်စီတပ်က လက်နက်ကြီး၊ လူအင်အားနဲ့ လေကြောင်းအင်အားသုံး ခုခံမှုတွေရှိခဲ့ပေမယ့် စစ်ရေးအရ အရေးပါတဲ့ တပ်စခန်း တွေဆုံးရှုံးတာ၊ လက်နက်ချခိုလှုံတာနဲ့ လက်နက်ခဲယမ်းတွေ ဆုံးရှုံးမှုဆက်တိုက် ဖြစ်ပွားနေတာပါ။ https://www.youtube.com/watch?v=u5u-NVdmhkA
Mostrar todo...
စစ်ဆင်ရေး တပတ်အတွင်း တပ်စခန်း ၄၀ ခန့် သိမ်းပိုက်

စစ်ဆင်ရေး တပတ်အတွင်း တပ်စခန်း ၄၀ ခန့် သိမ်းပိုက် (ရုပ်/သံ) ဘုန်းအောင် ၊ ဇူလိုင် ၅ ၊၂၀၂၄ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တ‌ကျော့ပြန် ဖြစ်ပွားခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းဟာ တပတ်အတွင်းစစ်တပ်ရဲ့ စခန်းပေါင်း ၃၁ ခုကို သိမ်းပိုက်နိုက်ခဲ့တယ်လို့ တအာင်းပလောင် အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ကတရားဝင်ထုတ်ပြန်ထားပါတယ်။ ရှမ်းမြောက်စစ်ဆင်ရေးမှာ TNLA နဲ့အတူ ပူးပေါင်းတိုက်ခိုက်နေတဲ့ NUG လက်အောက်ခံ PDF တပ်တွေ သိမ်းပိုက်ထားတဲ့ မန္တလေးတိုင်း မတ္တရာမြို့နယ်ထဲက စခန်း ၈ ခုပါပါရင် စုစုပေါင်း တပ်စခန်း ၄၀ ဝန်းကျင်ရှိနေပြီဖြစ်ပါတယ်။ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းဟာ ပထမအကြိမ်တုန်းကလိုပဲ စစ်ကောင်စီတပ်က လက်နက်ကြီး၊ လူအင်အားနဲ့ လေကြောင်းအင်အားသုံး ခုခံမှုတွေရှိခဲ့ပေမယ့် စစ်ရေးအရ အရေးပါတဲ့ တပ်စခန်း တွေဆုံးရှုံးတာ၊ လက်နက်ချခိုလှုံတာနဲ့ လက်နက်ခဲယမ်းတွေ ဆုံးရှုံးမှုဆက်တိုက် ဖြစ်ပွားနေတာပါ။ #၁၀၂၇ #TNLA #ရှမ်းမြောက် #မတ္တရာ ------------------------------------------------------------------------------------ စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။ Support The Irrawaddy:

https://bit.ly/3btQYpR

Repost from CHANNEL 16
Photo unavailableShow in Telegram
ပေါင်းဆဲ လိုသူများ အတွက်
Mostrar todo...
Photo unavailableShow in Telegram
Repost from JUNTO CONTIGO
Photo unavailableShow in Telegram
KMKL - MAL - LP 😡😡😡😡😡
Mostrar todo...
အဘအတွက် အဆုံးအဖြတ်အချိန်များ မအလဟာ လူသစ်စုနေချိန် ရှမ်းမြောက်အပစ်ရပ်ချိန်မှာ စစ်ကိုင်းကို ထိုးစစ်ဆင်အပြီး ရှမ်းတောင် ကယားဘက်ကို တန်ပြန်ထိုးစစ် ဆင်ခဲ့ပါတယ်။ အလုံးစုံမအောင်မြင်ပေမယ့် သူစစ်ရှုံးနေတဲ့ အခြားဒေသတွေထက်စာရင် သူ့တပ်ထိုးဖောက်နိုင်ခဲ့ပါတယ်။ ထို့အတူ အောင်ဇေယျက ရှေ့မတိုးနိုင်ပေမယ့် မြဝတီကိုတော့ ဟန်မပျက် ထိန်းပြနိုင်ခဲ့ပါတယ်။ ကရင်ဘက်မှာ သူ့ထံကို ထိုးစစ်အကြီးမလာတော့တာ အားလုံးသတိထားမိမှာပါ။ ထိုအချိန်မှာ မအလရဲ့ ဗိုလ်ချုပ်ကြီးမောင်မောင်အေးတို့က လူသစ်တွေနဲ့ ရှမ်းမြောက်မှာ ထိုးစစ်ဆင်ဖို့ပြင်ထားခဲ့ပါတယ်။ ဒါကြောင့် MNDAA, TNLA တို့ဟာ သူ့မတိုက်လဲ မအလက သူတို့ကို အချိန်တန်ရင် သွားတိုက်မှာပါ။ ရှမ်းမြောက်လားရှိုးမှာလဲ ထိုးစစ်အတွက် လက်နက်အင်အားဖြည့်ထားသလို ဒရုံးနဲ့လဲ ၂၄နာရီ စောင့်ကြည့်နေခဲ့ပါတယ်။ ကယားထိုးစစ်မှာ ဒရုံးကအောင်မြင်ခဲ့လို့ အဆိုပါနည်းပညာကို ယူသုံးခဲ့ပါတယ်။ ယခုရှမ်းမြောက်မှာက အလစ်အငိုက်မဟုတ်ဘဲ ဝ UWSA တပ်တွေ ရွှေ့ပြောင်းတာကို ကြိုသိခဲ့ပါတယ်။ ဗုံးကြဲပြီး လက်ဦးမှုရယူတိုက်မလားဆိုတာကို မအလက ပေးမတိုက်ခဲ့ပါ။ ဒီသတင်းကို ဘောမသတင်းတွေမှာမတက်ခင် စရဖက ကြိုသိခဲ့ပြီး မအလက အရေးမယူလို့ ဖိအားပေးတဲ့သဘောနဲ့ ဘောမတွေထံကို သတင်းပို့ခဲ့တာပါ။ ယခုစစ်ပွဲတွေကဘာထူးမလဲ? ယခု ရခိုင်က သံတွဲ၊ အမ်းနဲ့ ရှမ်းမြောက်က လားရှိုး၊ နောင်ချိုတို့က မအလရဲ့ ကံကြမ္မာအထိ အဆုံးအဖြတ်ပေးနိုင်ပါတယ်။ စနစ်ပျက် မပျက် မသိပေမယ့် မအလပြုတ် မပြုတ်လောက်အထိတော့ ဆုံးဖြတ်သွားနိုင်လို့ပါ။ ယခု မအလဟာ ရှိသမျှ ပုံအောပြီး လားရှိုး၊ သံတွဲ၊ အမ်း၊ နောင်ချိုကို ခံတိုက်နေပါတယ်။ မောင်းတောမှာ ရိုဟင်ဂျာလက်နက်ကိုင်တွေက မအလတပ်နဲ့ ဝိုင်းကူတိုက်ပေးလို့ AA ထင်သလောက်မြန်မြန် မသိမ်းနိုင်တာကို မအလက သဘောကျနေပါတယ်။ သူတို့တွေက တိုက်ရည်ခိုက်ရည်ရှိလို့ မအလက သံတွဲအထိ ခေါ်သုံးဖို့လဲ စဉ်းစားနေပါတယ်။ AA က မောင်းတောကို မသိမ်းနိုင်ခဲ့ရင် မအလတပ်က ရိုဟင်ဂျာတွေနဲ့ မြောက်ဘက်က ဆုံးရှုံးထားတဲ့ နယ်မြေတွေကို ပြန်သိမ်းဖို့ သူတို့ကို BGF လို ခန့်ဖို့၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးဖို့အထိ သဘောတူထားပါတယ်။ အဆိုပါနယ်တွေမှာ ရိုဟင်ဂျာတွေက သူတို့ဖာသာ အုပ်ချုပ်လို့ရမှာပါ။ သူတို့က မအလဘက်က တိုက်ပေးရမှာပါ။ ဒါပေမယ့် ရခိုင်အတွင်းအထိ ခေါ်လာခဲ့ရင် မဘသနဲ့ ပြဿနာတက်နိုင်လို့သာ မခေါ်သေးတာပါ။ ရှမ်းမြောက်မှာလဲ ပုံအောပြီး ခုခံထားပါတယ်။ ဒါဆိုရင် ဘာဆက်ဖြစ်မလဲ? မအလက သံတွဲ၊ အမ်း၊ လားရှိုး၊ နောင်ချိုမကျအောင် ထိန်းနိုင်ခဲ့ရင် တပ်ထဲမှာ နာမည်ရလာပြီး အတင့်ရဲလာတဲ့ မအလတပ်ဟာ လူသစ်တွေနဲ့ ထိုးစစ်ပြန်ဆင်လာပါမယ်။ အကယ်၍ သံတွဲ၊ အမ်း၊ လားရှိုး၊ နောင်ချိုကျခဲ့ရင် မအလဟာ တရုတ်ကတဆင့် အပစ်ရပ်ဖို့ ထပ်လုပ်ပြီး အချိန်ထပ်ဆွဲလာနိုင်ပါတယ်။ ဒါပေမယ့် ဒီအချိန်မှာတော့ မအလကိုယ်တိုင် ရာထူးကဆင်းပးရတာ တပ်ထဲမှာ မအလကို ဖြုတ်ချတာအထိ ဖြစ်လာနိုင်နေပါတယ်။ မအလပြုတ်တာဟာ ဒီမိုကရေစီရတာမဟုတ်ပေမယ့် အဆင့်တစ်ခုကို တက်လှမ်းသွားနိုင်ပါမယ်။ ဒါမှမဟုတ် မအလက သေသည်အထိ သီပေါမင်းလို ကိုယ့်တပ်ကိုယုံပြီး ခံချသွားတာလဲ ဖြစ်နိုင်ပါတယ်။ ဒီနေရာမှာ စစ်သဘောအရ စိတ်ဓာတ်၊ လူအင်အား၊ လက်နက်တွေလိုပြီး လက်နက်ကောင်းဖို့က ငွေလိုပါတယ်။ ပြည်သူက မိမိရလာတဲ့ အခွင့်အရေးကို ပိုင်ပိုင်နိုင်နိုင် အသုံးချနိုင်ဖို့ NUG အောက်က PDF ကို ယခုထက်ပိုအားကောင်းအောင် ထောက်ပံ့ပေးကြပါ။ အခြားတပ်တော်တွေနဲ့ ပိုက်ဆံမဖြုန်းပါနဲ့။ တပ်တော်တွေက ဘာမှမသိမ်းပြနိုင်ဘဲ မန္တလေး PDF လို NUG အောက်က PDF ကသာ မြို့သိမ်းနိုင်တာပါ။ ပြည်သူတွေ မအလအခက် ပြည်သူအချက်ဖြစ်နိုင်အောင် NUG အောက်က PDF ကို ဆထက်တစ်ပိုးတိုး ထောက်ပံ့ကြပါ။ ပန်းတိုင်က နီးနေပြီး ကမ္ဘာပေါ်က လက်နက်ကိုင်တော်လှန်ရေးတွေထဲ မြန်မာ့တော်လှန်ရေးက ပြည်တွင်းအားသာ အဓိကထားနေလို့ ပြည်သူက ကြည်ဖြူစွာ ကူညီနိုင်ပါစေ။ 2024-07-04 https://www.myattunoo.com/post/အဘအတ-က-အဆ-အဖ-တ-အခ-န-မ
Mostrar todo...
အဘအတွက် အဆုံးအဖြတ်အချိန်များ

အဘအတွက် အဆုံးအဖြတ်အချိန်များမအလဟာ လူသစ်စုနေချိန် ရှမ်းမြောက်အပစ်ရပ်ချိန်မှာ စစ်ကိုင်းကို ထိုးစစ်ဆင်အပြီး ရှမ်းတောင် ကယားဘက်ကို တန်ပြန်ထိုးစစ် ဆင်ခဲ့ပါတယ်။ အလုံးစုံမအောင်မြင်ပေမယ့် သူစစ်ရှုံးနေတဲ့ အခြားဒေသတွေထက်စာရင် သူ့တပ်ထိုးဖောက်နိုင်ခဲ့ပါတယ်။ ထို့အတူ အောင်ဇေယျက ရှေ့မတိုးနိုင်ပေမယ့် မြဝတီကိုတော့ ဟန်မပျက် ထိန်းပြနိုင်ခဲ့ပါတယ်။ ကရင်ဘက်မှာ သူ့ထံကို ထိုးစစ်အကြီးမလာတော့တာ အားလုံးသတိထားမိမှာပါ။ ထိုအချိန်မှာ မအလရဲ့ ဗိုလ်ချုပ်ကြီးမောင်မောင်အေးတို့က လူသစ်တွေနဲ့ ရှမ်းမြောက်မှာ ထိုးစစ်ဆင်ဖို့ပြင်ထားခဲ့ပါ

မအလ နဲ့ အကြမ်းသမားတွေ လက်ရှိမှာ အကြောက်ဆုံးက သူ့အောက်က စကစ တွေ လက်နက်ချ အညံ့ခံတာကိုပဲ လူထုက ဒါကို အောက်ခြေ စကစ ကလူတွေသိအောင် အမြန်ဆုံး လက်နက်ချအောင် စည်းရုံးနိုင်ဖို့လိုတယ် .. ဒီလို လက်နက်ချ အညံ့ခံတဲ့သတင်းတွေ များများဖြန့်ဝေကြဖို့ လိုအပ်တယ် .. 2024-07-03 | #MDYPDF
Mostrar todo...
00:20
Video unavailableShow in Telegram
IMG_4437.MP46.97 MB
ဒီကာလဆိုးကြီးမှာ ကိုလေးလဲ အဆုံးအရှုးတွေများရှာမှာ။ ကျွန်တော်တိုဆိုလဲ ကိုလေးကိုဆုံးရှုးလိုက််ရတာ ကြာပြီ။ လူတိုင်းလူတိုင်းခက်ခဲချိန်မှာမို မလုပ်ချင်တာတွေလုပ်နေကြရတာ ရှိပေမပေါ့ဆိုပြီး ကျွန်တော်ကိုယ်တိုင် အစကတည်းက ရေငုံနှုတ်ပိတ်နေတာပဲ။ ကိုလေး ဘားမှာဆိုတာတွေဆို ကျွန်တော်မကြည့်ဖြစ်ဘူး။ မကြည့်တဲ့ကိစ္စ ကိုလေးနဲ့တိုက်ရိုက်မဆိုင်ပါဘူး။ ဒီကာလမှာ အကြောင်းအမျိုးမျိုးနဲ့ ဘားတွေမှာဆိုနေကြတာကို မကြည့်ဘူး။ ရင်နာစရာတွေအပြည့်နဲ့ကိုးဗျ။ ကိုလေးကိုဆုံးရှုးလိုက်ရတာက ကျွန်တော့အတွက် ထင်သလောက်မလွယ်ဘူး။ ဘာလိုလဲဆိုတော့ ကိုလေးကိုချစ်တာက ကန္ထာရလမင်းအခွေ တရားဝင်မထွက်ခင်ကတည်း လူမမြင်ဖူးပဲ စကြိုက်ခဲ့တာ။ နောက်တော့ ကိုလေးရဲ့ ခံယူချက် အနုပညာဖန်တီးမှု မဟုတ်မခံစိတ် ကြိုက်တာတွေအများကြီးပဲ။ ဆန္ဒပြပွဲတွေကို ကိုလေးသီချင်းကို လူငယ်တွေက အားမာန်အပြည့်နဲ့ဆိုတော့ ကျွန်တော်စိတ်မကောင်းဘူး။ “လူဆိုတာ ယုံကြည်ရာတခုအတွက် အသက်ကိုတောင် စတေးကြတာပဲ” ဘာညာစာသားရောက်တိုင်း ပိတ်ပစ်တာပဲ။ ကိုယ်ဆိုဖူးတဲ့စာသား ကိုယ်ပြန်မဆိုရဲတာမျိုးဆိုရင် ကာယကံရှင်ဖြစ်တဲ့ ကိုလေးလဲ စိတ်ညစ်ရှာမှာပေါ့။ အစက ပြောခဲ့သလို လူတိုင်းက ကိုယ့်အကြောင်းနဲ့ကိုယ်။ ကိုယ့်ဒုက္ခနဲ့ကိုယ်ကိုး။ ကိုလေးလဲ သူ့အကြောင်းနဲ့သူရှိလိုနေမှာပါ။ ကျွန်တော်တိုလဲ ကိုလေးကို အရှင်လတ်လတ်ကြီး ဆုံးရှုးလိုက်ရတာ အတော်လေး နာကြင်ရတယ်။ ဖီလင် - ကတ္တီပါလမ်းခွဲ - 2024
Mostrar todo...
Photo unavailableShow in Telegram
Repost from JUNTO CONTIGO
Photo unavailableShow in Telegram
ပေးတာယူ ကျွေးတာစား မှတော့ ဂတုံးလည်း လူသတ်ကောင်တွေရဲ့ ခိုင်းတာလုပ်ရမှာပဲ ..
Mostrar todo...
Elige un Plan Diferente

Tu plan actual sólo permite el análisis de 5 canales. Para obtener más, elige otro plan.