cookie

Utilizamos cookies para mejorar tu experiencia de navegación. Al hacer clic en "Aceptar todo", aceptas el uso de cookies.

avatar

သတင်းစုဝေးရာ ဒီနေရာ

သတင်းအကုန်လုံးကို copy ယူပြီးပဲတင်ပါသည်

Mostrar más
Publicaciones publicitarias
583
Suscriptores
Sin datos24 horas
Sin datos7 días
Sin datos30 días

Carga de datos en curso...

Tasa de crecimiento de suscriptores

Carga de datos en curso...

13.11.2022 *********** တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်) ဧရာဝတီတိုင်းဒေသကြီး ၊ ငပုတောမြိုနယ်အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။
Mostrar todo...
၂(Sequence 2).mp413.18 MB
Repost from Popular Journal
👉အီလွန်မက်စ်သည် G – 20 ထိပ်သီးအစည်းအဝေးသို့ အွန်လိုင်းမှတက်ရောက်မည်ဟုဆို 👉ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ကအာဆီယံအား မြန်မာ့အရေးနှင့်ပတ်သက်သည့်အ​ဖြေရှာရန်တိုက်တွန်း 👉ဘိုင်ဒင် နဲ့ ​ဆော်ဒီ အ​ခြေ​နေတင်းမာဆဲ 👉မြဝတီ-ကော့ကရိတ်သွား အာရှလမ်းမကြီးတစ် လျှောက်တွင် သံဃာတော်များက အန္တရာယ်ကင်းပရိတ်တရားတော်များရွတ်ဖတ် 👉မူဆယ်(၁၀၅)မိုင်နယ်စပ်ကုန်သွယ်ရေးဇုန်မှတဆင့် အောက်တိုဘာလအတွင်း ဂဏန်းတန်ချိန် ၆၀၀ ကျော်နှင့်ငါးရှဥ့်တန်ချိန် ၁၇၀၀ ခန့်တင်ပို့နိုင်ခဲ့ 👉ကမ္ဘာ့ရွှေဈေး ဆက်တိုက်တက်နေသော်လည်း ပြည်တွင်း ရွှေဈေးကွက်တွင် ဈေးနှုန်းတည်ငြိမ်ပြီး အရောင်းအဝယ်အေးနေ 👉မကွေးတိုင်းရှိ သမိုင်းဝင် ရှင်ပင်စက္ကိန်းတဲစေတီတော်မြတ်ကြီး၏ အတက်အဆင်းလမ်းအား လမ်းအဆင့်မြှင့်တင်သွားမည် 👉ကမ္ဘာ့စီးပွားရေးနှစ်ပိုင်းကွဲခြင်းအားရှောင်ကြဉ်ရန် ကုလအတွင်းရေးမှူးချုပ်ပြောကြား 👉ကိုရီးယားနိုင်ငံမှ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒု-ဥက္ကဋ္ဌ ဆရာတော်ဘဒ္ဒန္တ ဇောတိပါလ (မြင်းခြံဆရာတော်)အပါအဝင် ဆရာတော် ၅ ပါးအား ကမ္ဘာ့ငြိမ်းချမ်းရေးဂုဏ်ထူးဆောင်ပါရဂူဘွဲ့ဆုချီးမြှင့် 👉အိုဘားမားစာကြည့်တိုက်ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် ကွင်းလျောကြိုးကွင်းတစ်ခု လာရောက်ချိတ်ဆွဲထားသဖြင့် လုပ်ငန်းများရပ်နား 👉ကမ္ဘောဒီးယားကို ကိုလံဘီယာဟု သမ္မတဘိုင်ဒင် မှားယွင်းပြောဆို
Mostrar todo...
Repost from Popular Journal
Photo unavailableShow in Telegram
🌎13.11.2022 သတင်းအစုံအလင်🌎 👉ရန်ကုန်မြို့တွင် အုပ်စုဖွဲ့ခါးပိုက်နှိုက်မှု၊လူသတ်မှုကျူးလွန်ခဲ့သူ ၁၁ ဦးအား ဖုန်းမျိုးစုံအလုံး ၁၀၀ ကျော်၊ငွေကျပ်သိန်း ၅၀ ကျော်တို့နှင့်အတူဖမ်းဆီးရမိခဲ့ 👉အာဆီယံနှင့် အရှေ့အာရှထိပ်သီးညီလာခံများတက်ရောက်သည့် VIP များအား လက်ပတ်နာရီ တစ်လုံးစီလက်ဆောင်ပေးမည်ဟု ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဆို 👉သိမ်ဖြူစာတိုက်အနီးရှိ Ye Min Aung Money Changer ဓားပြတိုက်ခံရပြီး သိန်း(၃၀၀) ကျော်နှင့် iPhone တစ်လုံးပါသွား 👉ကမ္ဘောဒီးယား​ရှိ​မြေမြုပ်မိုင်းရှင်းလင်း​ရေး ​ဒေါ်လာ သန်း၂၀၀ လို 👉ရှမ်းပြည်တောင်ပိုင်းတွင်သိန်း ၅၃၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြား ၁ သန်း‌ကျော်အားဖမ်းမိခဲ့ 👉ရေရှည်တည်တံ့ခိုင်မြဲသည့် ပင်စင်စနစ်ဖြစ်ပေါ် လာစေရန်ရည်ရွယ်၍ ဝန်ထမ်းနောင်ရေးဗဟိုရန် ပုံငွေစနစ်အကောင်အထည်ဖော်ရန်ဆောင်ရွက်သွားမည် 👉ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပုသိမ်စက်မှုမြို့တော်ဆိပ် ကမ်းမှ ဆန်တန်ချိန် ၁ သိန်းအထိတင်ပို့နိုင်ရန် ဆောင်ရွက်လျက်ရှိ 👉တရုတ်ကိုတန်ပြန်သည့်အနေဖြင့် အမေရိကန်ပြည်ထောင်စုကအာဆီယံအားနှစ်ဆတိုးကူညီမည် 👉ထိုင်းနိုင်ငံ၊ချွန်ဖော်ခရိုင်ရှိ အမြန်လမ်းမကြီးပေါ်တွင် တရားမဝင်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများဖမ်းဆီးခံခဲ့ရ
Mostrar todo...
Repost from Myanmar Update News
(၃၀) ကြိမ်မြောက် အာဆီယံနိုင်ငံ တပ်မတော် (ကြည်း) များ သေနတ်ပစ်ပြိုင်ပွဲတွင် မြန်မာ့တပ်မတော် သေနတ်ပစ်အသင်း ရွှေတံဆိပ် (၁၂) ခု၊ ငွေတံဆိပ် (၁၂) ခု၊ ကြေးတံဆိပ် (၈) ခု တို ရရှိခဲ့ပြီး နိုင်ငံအလိုက် စတုတ္ထအဆင့်တွင် ရပ်တည်နိုင်ခဲ့
Mostrar todo...
ဂျပန်နိုင်ငံကို အလုပ်လုပ်ရန်သွားရောက်မှု အခုနှစ်မှာစံချိန်တင်မြင့်တက် 13.Nov.2022;Sun ပြည်တွင်းကနေ အလုပ်သမားစေလွှတ်မှုတွေမှာ ဂျပန်နိုင်ငံကို အရင်နှစ်တွေထက်လုပ်သားစေလွှတ်နိုင်မှု သုံးဆအထိမြင့်တက်ခဲ့ပြီး စံချိန်တင်တဲ့နှစ်ဖြစ်ခဲ့တယ်လို့ မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မူလုပ်ငန်းရှင်များအဖွဲ့ချုပ်ရဲ့စာရင်း​တွေက​နေသိရပါတယ်။ အရင်နှစ်တွေက ဂျပန်နိုင်ငံကို တနှစ်မှာလုပ်သား ၃၀၀၀လောက်သာစေလွှတ်နိုင်ပေမယ့် အခု ၂၀၂၂ မတ်လက နိုဝင်ဘာဒုတိယပတ်အထိ လုပ်သား ၉၀၀၀ ကျော် စေလွှတ်နိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့် ဒီနှစ်ဟာဆိုရင် ဂျပန်နိုင်ငံကို မြန်မာလုပ်သားသွားရောက်လုပ်ကိုင်မှုအများဆုံးနှစ်အဖြစ်စံချိန်တင်မြင့်တက်ခဲ့ပါတယ်။ #aerial 221113 https://t.me/aerial2020
Mostrar todo...
Aerial Aerial AA🇲🇲

Myanmar Update News 🇲🇲

Repost from People Media
Photo unavailableShow in Telegram
မြစ်ကြီးနားမြို့က KTV မှာ ဆိုပျော်လုပ်နေသော KIA အဖွဲ့ဝင် များ ဖမ်းဆီးရရှိမှု ဆလမ်ကမ်ဘာ လဖိုင်အောင်ဂမ် (မလိယာန်တိုက်နယ် အုပ်ချုပ်ရေးမှူး)၊ ဆလမ်ကမ်ဘာ ဆဂ မုန်းထွယ် (မလိယာန်တိုက်နယ် ဒုအုပ်ချုပ်ရေးမှူး)၊ ဆလမ်ကမ်ဘာ ရှရော် ခွန်ထွယ် (နောင်နန်းတိုက်နယ် အုပ်ချုပ်ရေးမှူး)၊ ဆလမ်ကမ်ဘာ မီတုံဘောင်ကျန်း (နောင်နန်းတိုက်နယ် ဒုအုပ်ချုပ်ရေးမှူး)၊ ဒုဗိုလ် မရစ်လအောင် (မြစ်ကြီးနားမြို့နယ် ထောက်လှမ်းရေးမှူး)၊ ဆလမ်ကမ်ဘာ လုဆင်းခေါယိန်း (မြစ်ကြီးနားမြို့နယ် C.D.O)၊ ဆလမ်ကမ်ဘာ ဖောင်ခွန်း နော်ဘမ်း (ဖားကန့်တိုက်နယ် စာရေး)နှင့် အခြားအဖွဲ့၀င် (၉) ဦး တို့ ဖြစ်သည်။ #PEOPLEMEDIA
Mostrar todo...
Repost from MDY image✍️
Photo unavailableShow in Telegram
မန္တလေးတိုင်းဒေသကြီးအတွင်း မဲဆန္ဒရှင်စာရင်းများ စိစစ်ခြင်းနှင့် မဲရုံအရေအတွက်များ လျာထားသတ်မှတ်ခြင်းဆိုင်ရာ ညှိနှိင်းအစည်းအဝေး ကျင်းပပြုလုပ်
Mostrar todo...
Repost from Popular Journal
👉ရှမ်းပြည်(တောင်ပိုင်း)ရှိ မြို့နယ် ၂ ခုတွင် ခရီး သည်တင်ကားများပေါ်မှ ငွေကျပ်သိန်း ၁၄၀၀ ကျော်တန်ဖိုးရှိ အိုက်စ်နှင့်ဘိန်းစိမ်းများဖမ်းမိ 👉တက်စလာသည် တရုတ်ထုတ် လျှပ်စစ်ကားများကို အမေရိကသို့ တင်ပို့ရန် စီစဉ်လာ 👉မကွေးတိုင်းတွင် လူမှုကူညီရေးအသင်း ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်နေသည့် ဆရာတော်အား လက် နက်ကိုင်အဖွဲ့ဝင်များက သေနတ်ဖြင့်ပစ်သတ်ခဲ့ 👉ဂျာမနီ၏အိုလက်ဖ်ရှို့ဖ် စင်္ကာပူသို့ ဝန်ကြီးချုပ်တစ်ယောက်အနေဖြင့် ပထမဆုံးသွားရောက်မည် 👉မန္တလေးမြို့ရှိ ဘုန်းတော်ကြီးကျောင်းများအနီးဖွင့်ထားသည့် ဆိုင်ခန်းများအားရှင်းလင်းဖယ်ရှား 👉ရန်ကုန်မြို့တော် မြေပုံသတင်းအချက်အလက်စ နစ် OneMap YCDC လုပ်​ဆောင်​နေ 👉ပထမဆုံးသော အိန္ဒိယ ပုဂ္ဂလိက ကုမ္ပဏီထုတ် ဒုံးပျံကို နိုဝင်ဘာ ၁၅ ရက်တွင် လွှတ်တင်သွားမည် 👉ရှမ်းပြည်နယ်တွင် ကြက်စာတင်လာသည့် ၆ ဘီးကား အရှိန်မထိန်းနိုင်ဘဲ ရေမြောင်းအတွင်းထိုးကျတိမ်းမှောက်၍ ၁ ဦးသေဆုံး ၂ ဦးဒဏ်ရာရ 👉နိုင်ငံ၏ရေနံဝယ်လိုအားနည်းလာခြင်းကြောင့် တရုတ်ရေနံချက်လုပ်ငန်းများ ဆော်ဒီရေနံစိမ်းဝယ်ယူမှုကျဆင်းလာ 👉ရွေးကောက်ပွဲ ကျင်းပပြီး အနိုင်ရပါတီကို အာဏာလွှဲပေးမည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြော 👉နာမည်ကျော် ဝေါ့ထ်ဒစ်စနေးကုမ္ပဏီက လုပ်သား အသစ်ခေါ်ယူမှုရပ်ဆိုင်းကာ ဝန်ထမ်းလျှော့ချမှုပြုမည်ဟုဆို 👉ရုရှားတို့ ခါဆန်မြို့အနီးမှ ဆုတ်ခွာပြီးနောက် အဓိက ဆည်ကြီးတစ်ခုတွင် ပျက်စီးမှုအသစ်တွေ့ရှိ 👉ဘရာဇီး၌အောက်တိုဘာလအတွင်း သစ်တောပြုန်းတီးမှုစံချိန်သစ်တင်ခဲ့
Mostrar todo...
Repost from Popular Journal
Photo unavailableShow in Telegram
🌎12.11.2022 သတင်းအစုံအလင်🌎 👉အရှေ့တောင်အာရှ ခေါင်းဆောင်များသည် မြန်မာ့အ​ရေးနှင့်ပတ်သက်၍ မေးခွန်းများဖြင့်ချာချာလည် 👉ဖိလစ်ပိုင်သမ္မတနှင့် ကမ္ဘောဒီးယားစီးပွားရေးသမားများ နံနက်စာစားရင်း​တွေ့ဆုံ 👉ထိုင်းဝန်ကြီးချုပ် ပရာယွတ်အိုချန်သည် ၂၀၂၃ ရွေးကောက်ပွဲမတိုင်မီ ပါတီသစ်သို့ ဝင်​ရောက်နိုင်ဖွယ်ရှိ 👉နစက အစိုးရလက်ထက်တွင် နိုင်ငံခြားချေးငွေ အမေရိကန်ဒေါ်လာ ၁၄၉၅ သန်းအားပြန်လည်ပေးဆပ်ပြီးဖြစ် 👉ရှားပါးသော နားရွက်ရှည်ဇီးကွက် တစ်ကောင်ကို ငါးဖမ်းသမားများ ကယ်တင်နိုင်ခဲ့ 👉စပါးတင်း ၁၀၀ ၏ အခြေခံရည်ညွှန်းစျေးနှုန်းအား ၆၃၀၀၀၀ ကျပ်အဖြစ်သတ်မှတ် 👉သရဲကြီးညဖြစ်ရပ်အတွက် စုံစမ်းစစ်ဆေးခံနေရသည့်တောင်ကိုရီးယားရဲအရာရှိအား နေအိမ်၌သေဆုံးလျက်တွေ့ရှိ 👉ပထမဆုံးကူးစက်ခြင်းထက် ဒုတိယအကြိမ် ထပ်မံကူးစက်ဖြစ်ပွားသည့်ကိုဗစ်က ပိုအန္တရာယ်ရှိကြောင်းလေ့လာတွေ့ရှိ
Mostrar todo...
Nov 12 Ygn သိမ်ဖြူလမ်းရှိ Money Changer တခုကိုသေနတ်ပြပြီး သိန်း ၃၀၀ လုယက် ===================================== NOM နိုဝင်ဘာ ၁၂၊ ၂၀၂၂ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဖို့မြေရပ်ကွက်၊ သိမ်ဖြူလမ်း၊အမှတ် (၅၀၀) မြေညီထပ်ရှိ ရဲမင်းအောင် Money Changer အားနိုဝင်ဘာလ ၁၂ ရက် ညနေ ၄း၁၅ နာရီအချိန်၌ လူလေးဦးက သေနတ်ပြခြိမ်းခြောက်ပြီး ကျပ်သိန်း ၃၀၀ လုယူသွားကြောင်းသိရသည်။ ဆိုင်တွင်မန်နေဂျာနှင့် ဝန်ထမ်းလေးဦးရှိနေစဉ် ကယ်လ်ဒီနာအဖြူရောင်ကားဖြင့် လူငါးဦးရောက်လာပြီး လေးယောက်ဆင်း လာကာ ဆိုင်အတွင်းဝင်ပြီး ပစ္စတိုသေနတ်နှစ်လက်ချိန်ရွယ်ပြီး ငွေများထုတ်ပေးရန် ခြိမ်းခြောက်ခဲ့သည်။ မန်နေဂျာက မပေးသဖြင့် သေနတ်ဖြင့်ပစ် သော်လည်းကျည်ထွက်ခြင်းမရှိခဲ့ပေ။ လုယက်သူများသည်ကောင်တာမှန်ကိုခွဲကာ ကျပ်သိန်း ၃၀၀ နှင့်i phone တစ်လုံးကိုလုယူပြီး ယင်းတို့ပါလာသည့် ကားဖြင့် ပြန်လည်ထွက်ခွာသွားကြောင်းနှင့် ဆိုင်မှပြန်အထွက်တွင် ပစ္စတိုတစ်လက်၊ ကျည်အိမ်တစ်ခုနှင့် ကျည် ၉ တောင့်ကျ ကျန်ခဲ့ကြောင်းသိရသည်။
Mostrar todo...