cookie

Utilizamos cookies para mejorar tu experiencia de navegación. Al hacer clic en "Aceptar todo", aceptas el uso de cookies.

avatar

MDY image✍️

သတင်းမှန်များ ဖြန့်ဝေရာ.....✍️✍️✍️ https://www.facebook.com/profile.php?id=100092390323095&mibextid=ZbWKwL

Mostrar más
Publicaciones publicitarias
19 882
Suscriptores
+124 horas
+147 días
+12230 días

Carga de datos en curso...

Tasa de crecimiento de suscriptores

Carga de datos en curso...

ရုရှားသမ္မတ ပူတင် ဗီယက်နမ်ရောက်နေ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်ဟာ အရှေ့အာရှကို သူ့ရဲ့ခရီးစဥ် ဒုတိယခရီးတစ်ထောက်အနေနဲ့ ဗီယက်နမ်နိုင်ငံမြို့တော် ဟနွိုင်းကို  မနေ့ညပိုင်းကစလို့ ရောက်ရှိနေပါတယ်။ မြောက်ကိုရီးယားကို သွားရောက်အပြီးမှာ  ဗီယက်နမ်ကို ဝင်တဲ့ သူ့ခရီးစဥ်ဟာ ဒေသတွင်းမှာ ရုရှားဆက်ပြီးရရှိနေတဲ့ သံခင်းတမန်ခင်းထောက်ခံမှု တစ်ခုအဖြစ်လည်း ရှုမြင်ခံထားရပါတယ်။ ဗီယက်နမ်ဟာ အမေရိကန်နဲ့ ဥရောပကြား ဆက်ဆံရေး တိုးတက်အောင် လုပ်ဆောင်နေပေမဲ့ ရုရှားနဲ့ဆက်ဆံရေးကို တန်ဖိုးထားတုန်းဖြစ်ပါတယ်။
Mostrar todo...
👍 3
Photo unavailableShow in Telegram
လာမည့်   ဇွန်လ ၂၅ရက်နေ့မှ ၂၇ရက်နေ့အတွင်း တိုင်းနဲ့ပြည်နယ် ၄ ခုမှာ မိုးကြီး မယ် ………………….. ဇွန်လ ၂၀ လာမည့်   ဇွန်လ ၂၅ရက်နေ့မှ ၂၇ရက်နေ့အတွင်း တိုင်းနဲ့ပြည်နယ် ၄ ခုမှာ မိုးကြီး မယ်လို မိုးလေဝသလေ့လာစောင့်ကြည့်သူ စုစုစံက ပြောပါတယ်။ ယင်းက “မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊စစ်ကိုင်းတိုင်းအောက်ပိုင်း၊ စစ်ကိုင်းတိုင်းအလယ်ပိုင်း နဲ့ စစ်ကိုင်းတိုင်း အထက်ပိုင်းဒေသတွေမှာ မိုးရွာနိုင်ပါတယ်” လို ဒီကနေ့ ဇွန်လ ၂၀ ရက်နေ့ နံနက်ပိုင်းက ပြောပါတယ်။ ဒီကနေ့ ဇွန်လ ၂၀ ရက်နေ့ နံနက်ပိုင်း ကစပြီး ၂၄နာရီအတွင်းမွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနဲ့  ပဲခူးတိုင်းဒေသကြီးတွေမှာ မိုးရွာနိုင်ပါတယ်လို ပြောကြားထားပါတယ်။
Mostrar todo...
PDF နဲ့ ကျားဖြန့်တွေဆီပိုမဲ့ တစ်လုံး ကျပ် သိန်း ၁၀၀ အထက် တန်ကြေးရှိ အင်တာနက်သုံး Starlink ၅၈ စုံကို ထိုင်းရဲဖမ်းမိ ၂၀. ၆. ၂၀၂၄ Translated by Nay Moe PDF နဲ့ ကျားဖြန့်တွေဆီပို့မဲ့ ပြည်တွင်းပေါက်စျေးမှာ တစ်လုံး ကျပ် သိန်း ၁၀၀ အထက် တန်ကြေးရှိတဲ့ ဂြိုဟ်တုကနေ အင်တာနက်ဖမ်းယူသုံးနိုင်တဲ့ အင်တာနက်သုံး Starlink ၅၈ စုံကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းမိထားတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။
Mostrar todo...
👍 8
Photo unavailableShow in Telegram
မုံရွာမြို့ စီးပွါးရေးတက္ကသိုလ်မှ ဆရာမတစ်ဦးကို PDF တွေ ပြန်ပေးဆွဲသွား ………………………………… နေပြည်တော်၊ ဇွန် ၂၀ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ စီးပွါးရေးတက္ကသိုလ် (ဒေသအခေါ် ECO ကျောင်း)မှ ဆရာမတစ်ဦးကို PDF အဖွဲ့ဝင်များမှ ပြန်ပေးဆွဲခေါ်ဆောင်သွားကြောင်း သိရသည်။
Mostrar todo...
😱 9🔥 3🙏 2👍 1
Photo unavailableShow in Telegram
ဗုဒ္ဓဘာသာအပေါ် ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား စော်ကားမှုများ လုပ်ဆောင်နေသော NLD ပါတီမှ ပေါ်ပေါက်လာသည့် CRPH, NUG, PDF အကြမ်းဖက်အဖွဲ့များနှင့် ပြည်ဖျက်မီဒီယာများ၏ လုပ်ရပ်များနှင့် ပတ်သက်၍ သဘောထားထုတ်ပြန်ချက်
Mostrar todo...
Photo unavailableShow in Telegram
ရုရှားရေတပ်ဦးစီးချုပ် က နိုင်ငံတကာ ရေကြောင်းကာကွယ်ရေး စစ်သုံးရေယာဉ်ပြပွဲ ဖွင့်လှစ် KROONSTADT၊ ဇွန် ၁၉ ရုရှားရေတပ်ဦးစီးချုပ် Alexander Moiseyev သည် Kronstadt တွင် "Fleet 2024" International Maritime Defense Show (MVMS) ကို တရားဝင်ဖွင့်လှစ်လိုက်ပြီဖြစ်သည်။ "Fleet 2024" International Maritime Defence Show ကို ဖွင့်လှစ်ကြောင်း ဖွင့်ပွဲအခမ်းအနားတွင် Moiseyev က ပြောကြားခဲ့သည်။ ပြပွဲတွင် ပါဝင်သူများသည် ဆန်းသစ်သော ဒီဇိုင်းများ၊ ဒီဇိုင်းဖြေရှင်းချက်အသစ်များနှင့် အဆင့်မြင့်နည်းပညာများကို ရုရှားနှင့် နိုင်ငံခြား စစ်ဘက်-စက်မှုဆိုင်ရာ ဆက်စပ်သော ကုမ္ပဏီကြီးများ၏ အဆင့်မြင့်နည်းပညာများ ပြသနိုင်မည်ဟု မျှော်လင့်ကြောင်း ကာကွယ်ရေးဦးစီးချုပ်က ပြောကြားခဲ့သည်။ "ဒီထူးခြားတဲ့ ပြပွဲက အကောင်းဆုံး သင်္ဘောတည်ဆောက်သူတွေ၊ ဒီဇိုင်းတွေနဲ့ လက်နက်တွေ၊ စစ်ယာဉ်ထုတ်လုပ်သူတွေရဲ့ အကောင်းဆုံး ဒီဇိုင်းတွေကို စုစည်းထားတယ်ဆိုတာ သေချာပါတယ်။ ကျွန်တော်တို့ဟာ အပြန်အလှန် အကျိုးရှိတဲ့ ပူးပေါင်းဆောင်ရွက်မှုကို ထူထောင်ပြီး လိုအပ်တဲ့ စာချုပ်တွေကို ချုပ်ဆိုသွားမှာပါ" ဟု Moiseyev က အလေးပေးပြောကြားခဲ့သည်။
Mostrar todo...
👍 24
အကြမ်းဖက် PDF (ကားလေးအဖွဲ့)မှ အလောင်း လက်နက် ခဲယမ်းများ သိမ်းဆည်းရမိ ဇွန်လ ၁၉ ရက်နေ့ ညနေ ၅ နာရီခန့်က စစ်ကိုင်းမြို့ ပန်းဘဲတန်းရပ်ကွက်ရှိ ကမ္ဘောဇဘဏ်တွင်  အကြမ်းဖက် PDF (ကားလေးတို့အဖွဲ့)မှ ဓားပြတိုက်နေကြောင်း သတင်းရရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သွားရောက်ရှင်းလင်းခဲ့ရာ - အကြမ်းဖက် pdf ၁ လောင်း - လက်လုပ်ပစ္စတို ၁ လက် -ကျည်အိမ် ၁ ခု - ကျည်မျိုးစုံ ၁၄ တောင့် - ဖုန်း ၂ လုံး - ဆိုင်ကယ် ၂ စီးတို့အား သိမ်းဆည်းရမိကြောင်း သိရပါသည်။
Mostrar todo...
👍 12
အွန်လိုင်းလိမ်လည်မှုကျူးလွန်ထားသော တရုတ်နိုင်ငံသား ၁၅၀ ကို မြန်မာအစိုးရ ထပ်မံလွှပြောင်းပေးမှုတွင် တရုတ်က ဖမ်းဝရမ်းထုတ်ထားသူ ၁၄ ဦးပါဝင် ၁၉.၆. ၂၀၂၄ မြန်မာအစိုးရ ဖမ်းမိထားသူများအနက် အွန်လိုင်းမှလိမ်လည်မှု ကျူးလွန်နေသည်ဟု သံသယရှိမှုဖြင့် ဖမ်းဆီးထားသော တရုတ်နိုင်ငံသား ၁၅၀ ကို ဇွန်လ ၁၈ ရက်နေ့က ထပ်မံလွှပြောင်းပေးခဲ့ကြောင်း တရုတ်ပြည်သူရေးရာ လုံခြုံရေးဝန်ကြီးဌာနက ထုတ်ဖော်ပြောဆိုလိုက်သည်။ မြန်မာအာဏာပိုင်များမှ ပြန်လည်လွှပြောင်းပေးခဲ့သော တရုတ်နိုင်ငံသား ၁၅၀ ဦးထဲတွင် ဖမ်းဝရမ်းထုတ်ထားသောခေါင်းဆောင် ၁၄ ဦး ပါဝင်ခဲ့ကြောင်း၊ တာချီလိတ်မြိုရှိ အွန်လိုင်းအသုံးပြုကာလိမ်လည်နေသည့်ဂိုဏ်းများကို တရုတ်ရဲတပ်ဖွဲနှင့် မြန်မာအာဏာပိုင်များ ပူးပေါင်းဖြိုခွင်းခဲ့ခြင်းဖြစ်ကြောင်း၊ အွန်လိုင်းမှတစ်ဆင့် လိမ်လည်မှုကျူးလွန်နေသူများကို နိုင်ငံတကာအဖွဲအစည်းများနှင့် ပူးပေါင်းပြီး ထိရောက်စွာဖြိုခွင်းသွားမည်ဖြစ်ကြောင်း တရုတ်ပြည်သူရေးရာလုံခြုံရေးဝန်ကြီးဌာနက ပြောသည်။ တရုတ်ပြည်သူရေးရာလုံခြုံရေးဝန်ကြီးဌာနသည် ပြီးခဲ့သော ၂၀၂၃ ခုနှစ်တည်းက မြန်မာရဲတပ်ဖွဲနှင့်ပူးပေါင်းပြီး အွန်လိုင်းမှတစ်ဆင့် လိမ်လည်နေသူများကို ဖမ်းဆီးအရေးယူနိုင်ရန် အရှိန်မြင့်ကြိုးပမ်းခဲ့သလို မြန်မာအစိုးရကလည်း အွန်လိုင်းမှတစ်ဆင့် လိမ်လည်မှုကျူးလွန်နေသူများအဖြစ် သံသယရှိသူ ၄၉၀၀၀ ကျော်ကို တရုတ် ပြည်သူရေးရာလုံခြုံရေးဝန်ကြီးဌာနသို လွှပြောင်းပေးခဲ့ကြောင်း သိရသည်။ မြန်မာအာဏာပိုင်များသည် ပြီးခဲ့သောရက်ပိုင်းက ရှမ်းပြည်နယ်၊ တာချီလိတ်မြိုဝန်းကျင်နားတွင် အွန်လိုင်းမှတစ်ဆင့် လိမ်လည်မှုကျူးလွန်နေသူများကို ဖြိုခွင်းခဲ့ရာ တရုတ်နိုင်ငံသားများကိုလည်း ဖမ်းဆီးနိုင်ခဲ့သည်။ တရုတ်ပြည်သူရေးရာလုံခြုံရေးဝန်ကြီးဌာနကလည်း တာချီလိတ်မြိုတွင် အခြေပြုလှုပ်ရှားနေသည့် အွန်လိုင်းမှတစ်ဆင့် လိမ်လည်သည့် ဂိုဏ်း ၁၀ ခုကို အောင်မြင်စွာ စီးနင်းဖြိုခွင်းနိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။
Mostrar todo...
👍 17
ပျော်ဘွယ်မြို့မှ နန့်စီးအောင်နှင့် မော်လူးမြို့သို့ သယ်ဆောင်လာသည့် ကာလတန်ဖိုး ကျပ်သိန်း ၄၂၀ ခန့်ရှိသည့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိကြောင်းသိရသည်
Mostrar todo...
👍 9👏 1
Photo unavailableShow in Telegram
ယနေ့စက်သုံးဆီစျေးနှုန်းများ
Mostrar todo...
👍 15