es
Feedback
HTY Scout Channel

HTY Scout Channel

Ir al canal en Telegram

လှိုင်သာယာ အတွင်းရှိ စစ်ကောင်စီ အဖွဲ့ ဝင်များ၏ လှုပ်ရှားမှုအား ကင်းထောက် ဖော်ပြပေးသွားမည်ဖြစ်သည်။

Mostrar más
5 787
Suscriptores
-224 horas
-157 días
-9930 días
Archivo de publicaciones
🛑လှိုင်သာယာ🛑 မြိုနယ် (အရှေ့အနောက်)အတွင်း စားအုန်းဆီ သွင်းသည့် Company နဲ့ ထွေအုပ်နှင့်ရပ်ကျေးများပေါင်း၍ အကြံအဖန်လုပ်။ အိမ်ထောင်စုများ ၈လပိုင်းမှစ၍ ခွဲတမ်းအပြည့်မရတော့။ @HTYinfo12

🛑လှိုင်သာယာ🛑 လှိုင်သာယာအရှေ့ပိုင်း ၁၅ရပ်ကွက် အုပ်ကြီးအေးကြိုင်အား ပေါ်တာဆွဲရန် ရိုက်နှပ်၍ ‌ခြိမ်းခြောက်မှုဖြင့် မြို့နယ် ထွ
🛑လှိုင်သာယာ🛑 လှိုင်သာယာအရှေ့ပိုင်း ၁၅ရပ်ကွက် အုပ်ကြီးအေးကြိုင်အား ပေါ်တာဆွဲရန် ရိုက်နှပ်၍ ‌ခြိမ်းခြောက်မှုဖြင့် မြို့နယ် ထွေအုပ်ရူံးမှ စစ်ဆေးနေ။ အမှန်တရားပြောသူ TikTok မှ ကူးယူဖော်ပြသည် @HTYinfo12

Repost from RSN WEB
▪️မင်းအောင်လှိုင် ရန်ကုန်ရောက် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် ယနေ့ စက်တင်ဘာလ ၂၅ ရက်နေ့တွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိနေသည်။ မနက်ပိုင်းတွင် မရမ်းကုန်းမြို့နယ်၊ ချမ်းမြေ့ရိပ်သာကျောင်းတိုက်၌ အပူဇော်ခံထားသည့် ချမ်းမြေ့ဆရာတော်ကို ဝင်ရှိခိုးပြသွားသည်။ ယနေ့ သုဝဏ္ဏဘူမိ Event Park ၌ အန္တိမဈာပနပူဇော်ပွဲလုပ်ပြီး မနက်ဖြန်တွင် ပန်းဆိုးတန်းဆိပ်ကမ်း၌ Cruiser သင်္ဘောဖြင့် အရိုးပြာရေမျောပွဲလုပ်မည်ဖြစ်၍ ထိုပွဲသို့လည်း ၎င်းဆက်တက်နိုင်ချေရှိသည်။ ယနေ့မနက်ကပင် ၎င်းသွားလာဖို့ရှိသည့်လမ်းကြောင်းတလျှောက် အကြမ်းဖက်တပ်သားအများအပြားချကာ လုံခြုံရေးတင်းကြပ်ထားသည်။ စက်တင်ဘာလ ၂၀ ရက်နေ့တွင်လည်း မင်းအောင်လှိုင် ရန်ကုန်မြို့၊ ချမ်းမြေ့ရိပ်သာကျောင်းတိုက်သို့ ရုတ်တရက်ရောက်ရှိလာပြီး ဆရာတော်ပျံလွန်တော်မူသည်ကို ဝင်ကြည့်ကာ ညတွင်းချင်း နေပြည်တော်ပြန်ထွက်သွားခဲ့သည်။ 25 Sep 2026 #RangoonScoutNetwork

🛑လှိုင်သာယာ🛑 ၅အုပ်ကြီး နှင့် နယ်ထိန်း တရားကြီး ပူးပေါင်း၍ လဘ်စားမှု ၂၀၂၅ ခုနှစ် ၁၂လပိုင်း ၂၆ ရက်နေ့က ၅ရပ်ကွက်အတွင်း မှုးယစ်ဆေးဝါး WY 175 လုံးအား ရဲရင့်အောင်ကြီး ဆိုသူနှင့် အပေါင်းအပါလား ၅ ရပ်ကွက်ရုံးမှ ဖမ်းမိခဲ့။ အဆိုပါဖမ်းမိခဲ့သည့် ရဲရင့်အောင်ကြီး အမှုအား ၅ရပ်ကွက်အုပ်ကြီး ဇွန်ကိုကိုနှင့် နယ်ထိန်း၊ တရားသူကြီးပူးပေါင်း ၍ လဘ်ငွေရယူကာ တရားရုံးတွင် ဒဏ်ကြေး ၃သောင်းကျော်ဖြင့် အဆိုပါမှုပြီးဆုံးသွားခဲ့။ အဆိုပါ အမှုပြီးဆုံးကြောင်း ကို အမှန်တရားပြောကြားသူ TikTok တွင် တရားခံများပုံ, ၅ရပ်ကွက်ရုံး မှတ်တမ်းစာအုပ်၊ တရားရုံးဒဏ်ကြေးစာရွက်များဖြင့် ဖော်ပြခဲ့။ HTY Scout Channel မှ အဆိုပါဖြစ်စဥ်အားစုံစမ်းခဲ့ရာ ဖြစ်စဥ်မှန်ကန်ကြောင်း ၅ရပ်ကျေး အဖွဲ့ဝင်တစ်ဦးမှ အတည်ပြုပေးခဲ့ ။ ၅အုပ်ကြီး ဇွန်ကိုကိုမှ ၂၀၂၄ နှစ်ကုန်ပိုင်းမှစတင်၍ အုပ်ကြီးဖြစ်လာသူဖြစ်ပြီး ။ ယခင် အဆောင်ခန်းဌားနေရ သူဖြစ်သော် လည်း ယခုမှာမှု အိမ်လုံးချင်း ဝယ်ယူနိုင်ပြီး၊ အဆောင် များပါပိုင်ဆိုင်နေကြောင်သိရ။ လက်ရှိ ၅အုပ်ကြီး ဇွန်ကိုကိုမှာ လှိုင်သာယာ အရှေ့ပိုင်း ထွေအုပ် AD (လက်ညွန်) နဲ့ အလွန်ရင်းနှီးသူဖြစ်ပြီး။ ဇွန်ကိုကို မိန်းမဖြစ်သူအား AD အမျိုးသမီးဘေးတွင် အမြဲလိုလိုတွေ့ရသည်ဟုဆို။ ဇွန်ကိုကိုလက်ထက်တွင် ၅ရပ်ကွက်အတွင်း ပေါ်တာဆွဲမှုများဆိုးရွားလာသလို၊ ရပ်ကွက်ရုံးအတွင်း တရားမဝင် အချုပ်ခံဖွင့်၍ ပေါ်တာဆွဲမှုများပြုလုပ်ထား @HTYinfo12

photo content

photo content
+3

photo content

🛑လှိုင်သာယာ🛑 ရန်ကုန်တိုင်းအတွင်းရှိ ရန်ကုန်-ပုသိမ်လမ်း တလျှောက်ရှိ အဆောက်အဦးများအား နောက်ဆုပ်ခိုင်းထား။ လမ်းမမှ ပေ 115ပေနောက်ဆုပ်ခိုင်း၍ ဆိုင်အများစု ဖယ်ပေးရမယ့်အနေအထားဖြစ်။ @HTYinfo12

လှိုင်သာယာ ရခ Mark II မီးတန်း ၁ စီး မီးခွက်ဈေးဘက်ကနေ ငါးထိပ်မှ ကြိုးတံတားဘက် ရှေ့ရှု – RSG 5:30 PM 📬 @Inform_RSN

သတိပြုရန်။ ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြိုနယ်၊ ချောင်းဖျားကျေးရွာရှိ ညောင်တုန်းကျွန်းတာ (ဧရာဝတီမြစ်ခွဲ) တာမိုင်(၁၁/၅)၊ (၁
+2
သတိပြုရန်။ ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြိုနယ်၊ ချောင်းဖျားကျေးရွာရှိ ညောင်တုန်းကျွန်းတာ (ဧရာဝတီမြစ်ခွဲ) တာမိုင်(၁၁/၅)၊ (၁၆)ကြားတွင် ဆည်မြောင်းတာအိပဲ့ကျမှုဖြစ်ပွား။ ညောင်တုန်းတာကျိုးပါ, ‌ရေများ လှိုင်သာယာအစပ်ထိရောက်ရှိနိုင်သည်ဟု ခန့်မှန်းရ။ မြစ်ရေကြီးသည်နှင့်တပြိုင်နက် လယ်ယာများနှင့် ငါးကန်များအပြားပျက်စီးနိုင်။ လက်ရှိအချိန် လေးမျက်နာတာ ကိုလဲ မအလ အစိုးရမှ ပြင်ဆင်နိုင်ခြင်းမရှိသေး။

လှိုင်သာယာ၌ စစ်မှုထမ်းလူငယ် အသတ်ခံရမှု ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ကို အမှုဖွင့် ဧရာဝတီ၊ စက်တင်ဘာ ၁၅၊ ၂၀၂၆ စစ်မှုထမ်းရန်အတွက် လူငယ်တဦးကို ဖမ်းဆီး၍ သေဆုံးသည်အထိ ရိုက်နှက်ခဲ့သည့် ရန်ကုန်တိုင်း၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်၊ အမှတ် (၁) ရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အပေါင်းအပါများကို လူသတ်မှုဖြင့် ယနေ့ ဖမ်းဆီးသွားကြောင်း မြို့ခံများထံမှ သိရသည်။ အသက် ၂၀ ကျော် လူငယ်တဦးကို စစ်မှုထမ်းရန် အုပ်ချုပ်ရေးမှူးနှင့် အပေါင်းအပါများက ဖမ်းဆီးပြီးနောက် ရိုက်နှက်ရာမှ သေဆုံးသွားသဖြင့် ကားနောက်ဖုံးအတွင်း ထည့်ကာ FMI နှင့် ရှမ်းကျောင်း ကျေးရွာနှစ်ခုဘေးရှိ ဆိပ်ကမ်းသာပတ်လမ်း ခြုံတခု၌ စွန့်ပစ်ခဲ့ကြခြင်းဖြစ်သည်ဟု ဆို သည်။ အမှတ် ၁ ရပ်ကွက်တွင် နေထိုင်သူတဦးက “ဒီရပ်ကွက်ထဲက ကလေးတယောက်ကို စစ်မှုထမ်းဖို့ ဖမ်းခေါ်သွားတာ။ သံတုတ်နဲ့ ရိုက်တာကနေ သေသွားတယ်။ ရပ်ကွက်ရုံးမှာ ရိုက်နှက်ကြတာပါ။ ညရောက်တော့ ကားနောက်ဖုံးထဲထည့်ပြီး သွားပစ်ထားတာ။ ညဘက် ၁၀ နာရီ နောက်ပိုင်းဆို လူငယ်တွေ အဆွဲခံရတယ်။ ပါတာတွေလည်း အများကြီးပဲ။ အုပ်ကြီးတွေနဲ့ အပေါင်းအပါတွေက ဖမ်းပြီး စစ်မှုထမ်းထဲ ရောင်းစားတာ” ဟု ပြောသည်။ ထိုဖြစ်စဉ်အပေါ် မိသားစုဝင်များမှ တိုင်ကြားခဲ့သဖြင့် ပြစ်မှုကျူးလွန်သူ ရပ်ကွက်အုပ်ချုပ်ရေးမှူး အပါအဝင် စုစုပေါင်း ၇ ဦးကို သက်ဆိုင်ရာ ရဲစခန်းက ဖမ်းဆီးကာ အမှုဖွင့်စစ်ဆေးနေခြင်း ဖြစ်သည်။ အဆိုပါ ကိစ္စနှင့်ပတ်သက်၍ အုပ်ချုပ်ရေးမှူး ဦးသန်းရွှေနှင့် လူသတ် အလောင်းဖျောက်ရာတွင် ပါဝင်သူများကို လှိုင်သာယာ (အရှေ့ပိုင်း) မြို့မရဲစခန်းက (ပ) ၁၀၇၉/၂၀၂၆၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၆၅၊ ၃၀၂၊ ၂၀၁၊ ၁၁၄ (မတရား ဖမ်းဆီးနှိပ်စက်မှု၊ လူသတ်မှု၊ အလောင်းဖျောက်မှု၊ အကူအညီပေးမှု) တို့ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။ ပြီးခဲ့သည့် စက်တင်ဘာ ၄ ရက် ညပိုင်းကလည်း လှိုင်သာယာ (၆) ရပ်ကွက်၌ အလုပ်မှပြန်လာသည့် ကိုနိုင်နိုင်ကျော်ကို ၄ ရက်ကြာ ဖမ်းဆီးထားပြီးနောက် စက်တင်ဘာ ၈ ရက်တွင် အမှတ် (၆) ရပ်ကွက် အုပ်ချုပ်ရေးမှူးအဖွဲ့၏ ညှိနှိုင်းမှုဖြင့် ပြန်လည် လွတ်မြောက်လာခဲ့သည်။ လက်ရှိတွင် ရန်ကုန်အပါအဝင် မြို့နယ်အသီးသီး၌ စစ်မှုထမ်း အပတ်စဉ်များအတွက် လူငယ်များကို ဖမ်းဆီးစုဆောင်းခြင်း၊ ရိုက်နှက် ငွေညှစ်ခြင်းနှင့် လူစားထိုး ရောင်းစားခြင်းများ ခပ်စိပ်စိပ် ဖြစ်ပွားလျက်ရှိသည်။ သတင်း- မောင်လူအေး ပုံစာ- လှိုင်သာယာမြို့နယ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးရုံးတခု #WhatsHappeningInMyanmar #RejectMilitaryCoup

ပေါ်တာဆွဲခံရရင် ဘာလုပ်မလဲ? (လက်တွေ့နည်းနာ ၇ ဖြာ) ၁။ ထွေအုပ်ရုံးဝန်ထမ်း၊ ရဲ၊ မီးသတ်၊ လဝက ဝန်ထမ်းများကို သတိပြုရှောင်ကြဥ်ပါ။ ၂။ မိမိအုပ်ထိန်းသူ၏ ဖုန်းနံပါတ်ကိုအလွတ်ကျက်ထားပါ။ ၃။ လမ်းလျှောက်သည့်အခါ ရှေ့နောက်ဝဲယာကိုသတိချပ်ကြည့်ရှုပါ။ ၄။ မိမိအလုပ်ပြန်ချိန်နှင့် ညဘက်အိမ်ပြင်ထွက်သည့်အခါ အုပ်ထိန်းသူနှင့်ဖြစ်စေ၊ လူ ၅ ဦးနှင့်အထက်ဖြစ်စေ စုဝေးသွားလာပါ။ ၅။ အရေးကြုံလာပါက ပတ်ဝန်းကျင်ကို အော်ဟစ်အကူအညီတောင်းခံ၍ ခုခံတိမ်းရှောင်ပါ။ ၆။ အကယ်၍ ပေါ်တာဆွဲခံခဲ့ရပြီး တပ်မှဖြစ်စေ၊ စစ်သင်တန်းသို့​ပို့ရာလမ်းမှဖြစ်စေ တိမ်းရှောင်နိုင်ပါက မိမိအိမ်သို့တန်းပြန်ခြင်းမျိုး သတိပြုရှောင်ကြဥ်ပါ။ ၇။ မတိမ်းရှောင်နိုင်၍ စစ်မြေပြင်သို့ရောက်ရှိပါက ပြည်သူ့ရင်ခွင် တယ်လီဂရမ်လိပ်စာ @MyanmarPeople နဲ့ ဗိုက်ဘာနံပါတ် +66968847969 ကိုအလွတ်ကျက်ဆက်သွယ်၍ တော်လှန်ရေးဘက်ပြောင်းကာ လက်နက်ချ၍ အသက်ရှင်သန်ပါ။

🛑လှိုင်သာယာ🛑 ဒီကနေ့ (၁၂.၉.၂၀၂၆)နေ့လည် ၂နာရီခန့်က အောင်ဇေယျတံတားပေါ်မှ လူတစ်ယောက် ခုန်ချ၍ ကိုယ်ကို ကိုယ်သက်သေသွား။ မိသားစုနှင့်အတူ အင်းစိန်တံတားပေါ် လာရောက်ခဲ့ရမှာ ကားရပ်ခိုင်း၍ သက်သေသွားခြင်းဖြစ်။ @HTYinfo12

🛑လှိုင်သာယာ🛑 ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ၁၁ကွေမှ ၃ထိပ်ဖက်သို့ စခ ကားအကြီး မိုးကာခြုံ နောက်ဖွင့် လူပါ ။ 8:30AM @HTYinfo12

လှိုင်သာယာ 5K 3438 ရခ ၂ တန် Foton၊ မတ်တပ်ရပ် ၁ ကောင်ပါ၊ နောက်ခန်း ၂ ကောင်ပါ စက်မှုဇုန်ဘက်ကလာ ပန်းလှိုင်ပွိုင့်ဖြတ် ဘုရင့်နောင်ဘက် ရှေ့ရှု – RSG 10:48 AM 📬 @Inform_RSN

🛑လှိုင်သာယာ🛑 ပေါ်တာသတင်း ပြီးခဲ့သည့်လက လှိုင်သာယာမြို့နယ်အတွင်း ပြန်ကြားရေးမှ ဝန်ထမ်းတစ်ဦးရဲ့ အမျိုးသား လှိုင်သာယာအတွင်း အလုပ်ကိစ္စဖြင့်ရောက်နေချိန် ပေါ်တာအဆွဲခံရ။ ကွမ်းယာဆိုင်မှ တို့ဆေးထည့်ထားသည့် ကွမ်းစားပြီး ဖျာပုံ စစ်သားစုဆောင်းရေးသို့ရောက်ရှိသွားသည့်ဖြစ်စဥ်၊ ဘေးတွဲသမားနှင့် ရပ်ကျေးပူးပေါင်း၍ စစ်မှုထမ်းစုဆောင်းသည့် ဖြစ်စဥ်များဆက်တိုက်ဖြစ်ပွားနေ။ လက်ရှိ လှိုင်သာယာမှာ ပေါ်တာစု‌ဆောင်းမှုအတွက် ထိပ်တန်းသတင်းဖြစ်လာ။ @HTYinfo12

🛑လှိုင်သာယာ🛑 မြိုနယ်အတွင်း အောင်ဇေယျတံတားနှင့် ဘုရင့်နောင်တံတားကို ချိတ်ဆက်ထားသည့် တပင်ရွှေထီးလမ်း (၁ထိပ်မှ စက်မှု့ဇုံပွိင့်)  တွင် စခများရှိနေ။ 7:45PM @HTYinfo12

🛑လှိုင်သာယာ🛑 10.9.2026 ပေါ် တာဆွဲထားသည့် လူငယ်များအား အပြစ်မရှိဘဲ ဖမ်းစီးထိန်းသိမ်းမှုအတွက် အမှတ် ၈ ရပ်ကွက်မှ အုပ်ကြီးအပါအဝင် ရပ်ကျေး ၇ခန့်အဖမ်းခံရ။ အမှတ်(၈)ရပ်ကွက်အုပ်ချုပ်ရေးမှူး တင်နိုင်စိုး(၅၀-နှစ်)၊ကျော်ကျော်ဝင်း(ခ)ကျော်ကြီး (၂၇-နှစ်)၊လွင်မိုး (၂၉-နှစ်)၊ ကျော်ထက်ခေါင် (၂၅ နှစ်)၊ဇော်မင်း (၄၂ နှစ်) နှင့် ကျော်သက်ပိုင်(ခ)ကျားပေါက် တို (၇)ဦးအား လှိင်သာယာ(အရှေပိုင်း)မြိုမရဲစခန်းမှ (ပ)၁၀၄၅/၂၀၂၆ ရာဇသတ်ကြီးပုဒ်မ ၃၆၅/၁၁၄ ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။ @HTYinfo12

🛑လှိုင်သာယာ🛑 မြိုနယ်အတွင်း အောင်ဇေယျတံတားနှင့် ဘုရင့်နောင်တံတားကို ချိတ်ဆက်ထားသည့် တပင်ရွှေထီးလမ်း (၁ထိပ်မှ စက်မှု့ဇုံပွိင့်) အထိ စခများ ည ၇နာရီမှ စတင်၍ ပုံမှန်စစ်ဆေးမှုများပြုလုပ်နေ။ သတင်းပေးချက်အရ ၄ရက်ခန့်ရှိပြီဟုသိရ။ အဓိက တက်စီ နဲ့ အိမ်စီးကားအငယ်များအားအဓိက စစ်ဆေးနေ။ @HTYinfo12

Repost from MFSD
၈.၉.၂၀၂၆ ရက်နေ့၊ ၀၃ ၅၇ အချိန်၊ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာအရှေ့ပိုင်းမြို့နယ်၊ ၃ ရပ်ကွက်၊ မင်းရဲကျော်စွာလမ်းတွင် နေအိမ်မ
+2
၈.၉.၂၀၂၆ ရက်နေ့၊ ၀၃ ၅၇ အချိန်၊ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာအရှေ့ပိုင်းမြို့နယ်၊ ၃ ရပ်ကွက်၊ မင်းရဲကျော်စွာလမ်းတွင် နေအိမ်မီးလောင်မှုဖြစ်ပွားကြောင်းသတင်းရရှိသဖြင့် လှိုင်သာယာမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၄)စီး ထွက်ခွာ လျက်ရှိပါသည်။ Update ၀၄ ၁၀ အချိန်မီးထိန်းပါသည်။ Update ၀၄ ၁၄ အချိန် မီးငြိမ်းပါသည်။