cookie

Utilizamos cookies para mejorar tu experiencia de navegación. Al hacer clic en "Aceptar todo", aceptas el uso de cookies.

avatar

RFA Burmese

လွတ်လပ်တဲ့အာရှအသံရဲ့ တာဝန်နဲ့ရည်ရွယ်ချက်ဟာ သက်ဆိုင်ရာအစိုးရတွေရဲ့ ပိတ်ပင်ဟန့်တားမှုတွေကြောင့် သတင်းလွတ်လပ်ခွင့်မရှိတဲ့ အာရှနိုင်ငံတွေအတွက် တိကျမှန်ကန်တဲ့ သတင်းအချက်အလက်တွေ ထုတ်လွှင့်ပေးဖို့ ဖြစ်ပါတယ်။

Mostrar más
Publicaciones publicitarias
31 878
Suscriptores
+25624 horas
+1 6987 días
+6 82630 días

Carga de datos en curso...

Tasa de crecimiento de suscriptores

Carga de datos en curso...

မြဝတီကိုလူကုန်ကူးခံရတဲ့ မော်ရိုကိုနိုင်ငံသား ၁၂ ဦးကို ထိုင်းရဲကယ်တင် ~~~ ■ မြန်မာနိုင်ငံမှာ အလုပ်ရမယ်ဆိုပြီး မြဝတီကို လူကုန်ကူးခံရတဲ့ မော်ရိုကိုနိုင်ငံသား ၁၂ ဦးကို ထိုင်းရဲတွေက ဇူလိုင် ၅ ရက်နေ့က နယ်စပ်ဂိတ်ကတစ်ဆင့် ထိုင်းနိုင်ငံ တာ့ခ် ခရိုင်ကို ခေါ်ဆောင်သွားပြီဖြစ်ကြောင်း The Nation သတင်းက ဖော်ပြပါတယ်။ မြန်မာနိုင်ငံမှာ ပိတ်မိနေတဲ့ သူ့နိုင်ငံသား ၂၁ ဦးကို ကယ်တင်ဖို့ မော်ရိုကိုသံရုံးက ထိုင်း Move Forward ပါတီအမတ် Rangsiman Rome ကို မေလက ဆက်သွယ်ခဲ့ပြီးနောက် ထိုင်းတော်ဝင်တပ်နဲ့ မော်ရိုကိုသံရုံးတို့ ပူးပေါင်းပြီး ဒီလူတွေကို ကယ်တင်ဖို့ စစ်ဆင်ရေးစတင်ခဲ့တယ်လို့ ဆိုပါတယ်။ ထိုင်းတော်ဝင်တပ်က လူကုန်ကူးခံရတဲ့ မော်ရိုကိုနိုင်ငံသားတွေရဲ့ အခြေအနေတွေကို ပြည်တွင်း NGO အဖွဲ့တွေနဲ့ လူသားချင်းစာနာထောက်ထားမှု ကူညီပေးရေးအဖွဲ့တွေနဲ့ တိုင်ပင်ပြီး လောင်းကစားရုံပိုင်ရှင်နဲ့ ညှိနှိုင်းဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။ ပြန်လွတ်လာတဲ့သူတွေကို မေးမြန်းချက်အရ သူတို့ ၂၁ ဦးဟာ မော်ရိုကိုနိုင်ငံတွင်းက တယ်လီဖုန်း Call Center ဂိုဏ်းတစ်ခုရဲ့ လိမ်လည်လှည့်ဖြားခံခဲ့ရပြီး လူကုန်ကူးခံခဲ့ရတာလို့ ဆိုပါတယ်။ ကျန်ခဲ့တဲ့ ကိုးဦးထဲက ခုနှစ်ဦးက လူလိမ်ဂိုဏ်းကို သူတို့မိဘတွေက ငွေပေးခဲ့လို့ ပြန်လည်လွတ်မြောက်လာခဲ့ပြီး ၂ ဦးကတော့ ဆက်ပြီးအလုပ်လုပ်နေဆဲလို့ ဆိုပါတယ်။ ဒီအတောအတွင်းမှာပဲ မြန်မာနိုင်ငံကို လူကုန်ကူးခံရတဲ့ ဖိလစ်ပိုင်နိုင်ငံသားအဖွဲ့တစ်ဖွဲ့က မြန်မာနိုင်ငံကနေ ပြန်လည်ထွက်ခွာခွင့်ရဖို့ ကြိုးပမ်းနေတယ်လို့ ဖိလစ်ပိုင်နိုင်ငံခြားရေးဌာန DFA တာဝန်ရှိသူတစ်ဦးက ပြောကြား‌ပါတယ်။ ဒီဖိလစ်ပိုင်နိုင်ငံသားတွေဟာ ဘန်ကောက်မှာ အလုပ်လုပ်ရမယ်လို့ ဖြားယောင်းခံရပြီးနောက် မြန်မာနိုင်ငံကို ပို့ဆောင်ခံရပြီး Crypto လုပ်ငန်းတွေမှာ အလုပ်လုပ်ခိုင်းခဲ့တယ်လို့ ဆိုပါတယ်။ _________ RFA Burmese Website တွင် ဖတ်ရှုရန်...
Mostrar todo...
မြဝတီကိုလူကုန်ကူးခံရတဲ့ မော်ရိုကိုနိုင်ငံသား ၁၂ ဦးကို ထိုင်းရဲကယ်တင်

မြဝတီကို လူကုန်ကူးခံရတဲ့ မော်ရိုကိုနိုင်ငံသား ၁၂ ဦးကို ထိုင်းရဲတွေက ဇူလိုင် ၅ ရက်နေ့က နယ်စပ်ဂိတ်ကတစ်ဆင့် ထိုင်းနိုင်ငံ တာ့ခ် ခရိုင်ကို ခေါ်ဆောင်သွားပြီဖြစ်ကြောင်း The Nation သတင်းက ဖော်ပြပါတယ်။

🤔 9👍 4
ဘဏ်တွေကို စစ်ကောင်စီတပ်တွေ ဖောက်ထွင်းသွားကြောင်း TNLA ထုတ်ပြန် ~~~ ■ မန္တလေးတိုင်း မိုးကုတ်မြို့အနောက်ခြမ်းမှာ တိုက်ပွဲကာလအတွင်း စစ်ကောင်စီတပ်တွေက ဘဏ်တွေကိုဖောက်ထွင်းပြီး ငွေသားနဲ့ ကျောက်မျက်ရတနာ စုစုပေါင်း တန်ဖိုး ကျပ်သိန်းနှစ်သောင်းဝန်းကျင် ယူဆောင်သွားတယ်လို့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) က ဇူလိုင်လ ၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ဇွန်လ ၂၇ ရက်နေ့က TNLA နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေဟာ စစ်ကောင်စီတပ်စွဲထားတဲ့ ဒေါ်နန်းကြည်တောင်စခန်း၊ ရွှေလိပ်ပြာစခန်း၊ ရွှေမျက်ဝန်းစခန်းတွေကို ဝင်ရောက်တိုက်ခိုက်ရာမှာ စစ်ကောင်စီတပ်သားတွေက မြို့တွင်းမှာရှိတဲ့ ကျပ်ပြင်ရဲစခန်းနဲ့ ဘဏ်တွေမှာ ထွက်ပြေးခိုအောင်းခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနေရာတွေအထိ လိုက်လံတိုက်ခိုက်ရာမှာ စစ်ကောင်စီတပ်သားတွေက သူတို့ပုန်းခိုနေတဲ့ KBZ ဘဏ်နဲ့ CB ဘဏ်တွေကနေ ငွေသားနဲ့ ကျောက်မျက်ရတနာတွေ ယူဆောင်သွားတဲ့ အထောက်အထားတွေ တွေ့ရှိခဲ့တယ်လို့ TNLA ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ _________ RFA Burmese Website တွင် ဖတ်ရှုရန်...
Mostrar todo...
👍 26 2
မတ္တရာနဲ့ စဉ့်ကူးက ပြည်သူ့စစ်နဲ့ပျူစောထီးတွေ လက်နက်ချဖို့ MDY-PDF တိုက်တွန်း ~~~ ■ မန္တလေးတိုင်း မတ္တရာနဲ့ စဉ့်ကူးမြို့နယ်မှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တွေ၊ ပျူစောထီး တပ်ဖွဲ့ဝင်တွေအနေနဲ့ အမြန်ဆုံးလက်နက်ချပြီး ပြည်သူ့ရင်ခွင်ခိုလှုံဖို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - မန္တလေး (MDY-PDF) က ဇူလိုင်လ ၅ ရက်နေ့မှာ တိုက်တွန်းလိုက်ပါတယ်။ လွဲမှားတဲ့ ယုံကြည်ချက်ကြောင့်ဖြစ်စေ၊ အဓမ္မစေခိုင်းခံရတာကြောင့်ဖြစ်စေ ပြည်သူတွေအပေါ် ကျူးလွန်တဲ့ပြစ်မှုတွေကို ရပ်တန့်ပြီး ပြည်သူ့ရင်ခွင် ခိုလှုံဖို့ အကောင်းဆုံးနဲ့ နောက်ဆုံးအခွင့်အရေးဖြစ်တယ်လို့လည်း ဆိုပါတယ်။ ပြည်သူ့ရင်ခွင်ခိုလှုံလာသူတွေကို MDY-PDF က ကြိုဆိုပြီး လူ့ဂုဏ်သိက္ခာနဲ့အညီ ရှင်သန်နေထိုင်ခွင့်ရမယ်ဆိုတဲ့ ကတိပြုကြောင်းလည်း ထည့်သွင်းဖော်ပြထားပါတယ်။ MDY-PDF အဖွဲ့ဟာ နိုင်ငံတကာ စစ်ဥပဒေတွေနဲ့ ကျင့်ဝတ်တွေကို လေးစားလိုက်နာတဲ့ တပ်ဖွဲ့ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီတိုက်တွန်းချက်ကို လက်မခံဘဲ စစ်ကောင်စီနဲ့ ဆက်လက်ပူးပေါင်းနေမယ်ဆိုရင် စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ တန်းတူသတ်မှတ်ပြီး ပြတ်ပြတ်သားသား ချေးမှုန်းသွားမယ်လို့လည်း သတိပေးထားပါတယ်။ ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းနဲ့ မန္တလေးတိုင်းပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးသိန်းဌေးတို့ကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။ စဥ့်ကူးမြို့နယ်က တပ်စခန်းခြောက်ခုကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ MDY-PDF ပြောခွင့်ရသူ ကိုအော်စမွန်က ဇူလိုင်လ ၄ ရက်နေ့မှာ RFA ကို ပြောထားပါတယ်။ ဇွန်လ ၂၅ ရက်နေ့ကစပြီး ၁၀၂၇ စစ်ဆင်ရေး နောက်ဆက်တွဲအဖြစ် မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေနဲ့ မဟာမိတ်အဖွဲ့တွေဟာ ရှမ်းပြည်နယ်မြောက်ပိုင်းက သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ လားရှိုးမြို့တွေနဲ့ မန္တလေးတိုင်းထဲက မတ္တရာ၊ စဥ့်ကူးနဲ့ မိုးကုတ်မြို့နယ်တွေမှာ ထိုးစစ်ဆင်တိုက်ခိုက်နေတာပါ။ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေနဲ့ မဟာမိတ်တွေပါဝင်တဲ့ ရှမ်း-မန်းစစ်ဆင်ရေးဟာ မန္တလေးတိုင်းထဲကို ထိုးဖောက်ဝင်ရောက်ပြီး စတင်နေပြီလို့ အမျိုးသားညီညွတ်ရေးအစိုး (NUG) ကာကွယ်ရေးဝန်ကြီးဌာနက ဇွန်လ ၂၇ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။ ___________ RFA Burmese Website တွင် ဖတ်ရှုရန်...
Mostrar todo...
မတ္တရာနဲ့ စဉ့်ကူးက ပြည်သူ့စစ်နဲ့ပျူစောထီးတွေ လက်နက်ချဖို့ MDY-PDF တိုက်တွန်း

မတ္တရာနဲ့ စဉ့်ကူးမြို့နယ်မှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တွေ၊ ပျူစောထီး တပ်ဖွဲ့ဝင်တွေအနေနဲ့ အမြန်ဆုံးလက်နက်ချပြီး ပြည်သူ့ရင်ခွင်ခိုလှုံဖို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - မန္တလေး (MDY-PDF) က တိုက်တွန်းလိုက်ပါတယ်။

👍 36 5👏 1
03:03
Video unavailableShow in Telegram
ငပလီမြို့သိမ်းတိုက်ပွဲ ပြင်းထန်နေ ~~~ ■ ရခိုင်ပြည်နယ် သံတွဲမြို့နယ်ကို အလုံးစုံသိမ်းပိုက် ထိန်းချုပ်နိုင်ဖို့အတွက် ဒေသအခြေစိုက် စစ်ကောင်စီတပ်စခန်းတွေအားလုံးကို ရက္ခိုင့်တပ်တော် (AA) က တပြိုင်နက် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲတွေပြင်းထန် နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒီအကြောင်းကို RFA သတင်းထောက် မယဉ်မျိုးသူ တင်ပြထားပါRFA Burmese Website တွင် ဖတ်ရှုရန်… တယ်။
Mostrar todo...
(Facebook & Youtube) B0705YMT_Than Dwe.mp4179.09 MB
33👍 24👏 2👌 2
03:14
Video unavailableShow in Telegram
CI စင်တာတွေပိတ်သိမ်းမှုကြောင့် ထိုင်းရောက် မြန်မာလုပ်သားတွေ အခက်တွေ့ ~~~ ■ ထိုင်းနိုင်ငံရောက် အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအတွက် ဘယ်သူဘယ်ဝါ ဖြစ် ကြောင်း အထောက်အထား သက်သေခံလက်မှတ် (CI စာအုပ်) ထုတ်ပေးတဲ့ စင်တာ အားလုံးကို ဇူလိုင် ၇ ရက် နေ့မှာ ပိတ်တော့မယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက ဇွန်လ ၂၈ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။ မသီရိမင်းဇင် တင်ပြထားပါတယ်။ RFA Burmese Website တွင် ဖတ်ရှုရန်…
Mostrar todo...
B0705TMZ For Web.mp4218.99 MB
👍 17 2💔 2
03:10
Video unavailableShow in Telegram
နိုင်ငံရေးအကျဉ်းသူတွေ ထောင်တွင်းဖိနှိပ်ခံရတာများနေ ~~~ ■ မြန်မာနိုင်ငံတစ်ဝန်းမှာ နိုင်ငံရေးအကျဉ်းသူတွေဟာ အကျဉ်းဦးစီးဝန်ထမ်းတွေရဲ့ ဖိနှိပ်တာ၊ ရိုက်နှက်တာတွေ ပိုခံစားနေရပြီး သူတို့အတွက် အကာအကွယ်မဲ့နေတယ်လို့ မိသားစုတွေနဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေက ပြောပါတယ်။ RFA သတင်းထောက် မထက်ထက်အိန္ဒြာအောင် တင်ပြထားပါတယ်။ RFA Burmese Website တွင် ဖတ်ရှုရန်…
Mostrar todo...
070524 Women Political Prisoners - FB.mp4237.46 MB
😢 11 9👍 4💔 1
00:48
Video unavailableShow in Telegram
လားရှိုးဒေသခံတွေ မြို့ကိုစွန့်ခွာ
Mostrar todo...
SOCIAL - LASHIO REPAIR.mp455.46 MB
👍 23😢 11🕊 1
00:51
Video unavailableShow in Telegram
နိုင်ငံရေးအကျဉ်းသူတွေ ထောင်တွင်းဖိနှိပ်ခံနေရ
Mostrar todo...
SOCIAL - Women Prison REPAIR.mp446.05 MB
😢 17👍 4👎 3
မိုးကောင်းမှာ ချောင်းရေကြီးလို့ တစ်မြို့လုံးနီးပါး ရေဝင်နေ ~~~ ■ ကချင်ပြည်နယ် မိုးကောင်းမြို့မှာ နန့်ကောင်းချောင်းနဲ့ နန့်ယင်းချောင်းရေ မြင့်တက်မှုကြောင့် တစ်မြို့လုံးနီးပါး ရေဝင်နစ်မြုပ်နေတယ်လို့ ဒေသခံတွေနဲ့ ကူညီကယ်ဆယ်ရေး လုပ်နေသူတွေက ဇူလိုင်လ ၅ ရက် ဒီနေ့မှာ ပြောပါတယ်။ စစ်ကောင်စီရဲ့ မိုလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနကလည်း မိုးကောင်းမြို့က နန့်ယင်းချောင်းရေဟာ စိုးရိမ်ရေမှတ်အထက် လေးပေကျော်နဲ့ နန်ကောင်းချောင်းက စိုးရိမ်ရေမှတ်အထက် သုံးပေကျော်မြင့်တက်နေပြီး နောက်တစ်ရက်မှာ ချောင်းနှစ်ချောင်းလုံး နောက်ထပ် တစ်ပေခန့် ဆက်လက်မြင့်တက်လာနိုင်တယ်လို့ ဒီနေ့မှာ ထုတ်ပြန်ပါတယ်။ ရေဝင်နစ်မြုပ်နေတဲ့ နေအိမ်တွေအတွက် ရေသန့်နဲ့ အစားအသောက်တွေ လိုက်လံဝေငှနေရတယ်လို့ မိုးကောင်းမြို့မှာ ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူတစ်ဦးက ပြောပါတယ်။ “ရေကတော့ မြို့ပေါ်အားလုံးနီးပါး မြုပ်နေတယ်။ ရေက ဆက်တက်နေတုန်းပဲ။ မြုပ်နေတဲ့ အိမ်တွေကိုတော့ ကျနော်တို့ အဖွဲ့အစည်းတွေ ပူးပေါင်းပြီး စားဖို့၊ သောက်ဖို့တွေ၊ ရေသန့်တွေ အစားအစာတွေ ဝေပေးနေတယ်။ အခုက ချက်ဖို့ပြုတ်ဖို့ ခက်ခဲကြတာပေါ့” မိုးကောင်းမြို့က ရေဘေးကြုံနေရတဲ့ ဒေသခံတစ်ဦးကလည်း ဒီနှစ်ရေဝင်မှုက အရင်နှစ်တွေကထက် ပိုများတယ်လို့ ပြောပါတယ်။ “ဒီနှစ်က ခါတိုင်းနှစ်ထက် ပိုပြီးကြီးတယ်။ ကျွန်တော်တို့ အိမ်က အောက်ထပ်မြုပ်နေပြီ အခုအပေါ်ထပ်မှာ နေနေတယ်။ မီးကလည်း မလာတော့ဘူးဆိုတော့ ထမင်းချက်စားဖို့ ခက်ခဲနေတယ်။ အခုလောလောဆယ်” ဇွန်လကုန်ကစလို့ မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့အတူ မေခ၊ မလိခ၊ ဧရာ၀တီနဲ့ ချင်းတွင်းမြစ်ရေတွေ မြင့်တက်မှုကြောင့် လူပေါင်း သုံးသောင်းထက်မနည်း ဘေးလွတ်ရာကို ရွှေ့ပြောင်းခဲ့ရပြီး ရေကြီးမှုအတွင်း လူသေဆုံးမှုနဲ့ နေအိမ်တွေ မျောပါပျက်စီးမှုများလည်း ရှိခဲ့ပါတယ်။ _________ ကချင်ပြည်နယ်၊ မိုးကောင်းမြို့ ရေကြီးရေလျှံမှုအား ၂၀၂၄ ခုနှစ်၊ ဇွန်လ ၃ ရက်နေ့က တွေ့ရစဉ်။ (Citizen Photo) RFA Burmese Website တွင် ဖတ်ရှုရန်…
Mostrar todo...
မိုးကောင်းမှာ ချောင်းရေကြီးလို့ တစ်မြို့လုံးနီးပါး ရေဝင်နေ

မိုးကောင်းမြို့မှာ နန့်ကောင်းချောင်းနဲ့ နန့်ယင်းချောင်းရေ မြင့်တက်မှုကြောင့် တစ်မြို့လုံးနီးပါး ရေဝင်နစ်မြုပ်နေပါတယ်။

👍 21😢 5
တိုက်ပွဲပြင်းထန်နေတဲ့ လားရှိုးမှာ ဒေသခံတွေ မြို့ကိုစွန့်ခွာ ~~~ ■ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့က တိုက်ပွဲတွေအတွင်း အရပ်သားသေဆုံးမှုတွေ ရှိလာတဲ့နောက် ဇူလိုင်လ ၄ ရက်နေ့ကစလို့ မြို့ခံတစ်ထောင်ထက်မနည်း မြို့ကနေ ထွက်ခွာနေကြပြီး ကားတွေလည်း ရာနဲ့ချီပြီး ပိတ်မိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တိုက်ပွဲတွေမရှိတဲ့ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နဲ့ မန္တလေးမြို့ကို အများဆုံးထွက်ခွာနေကြတာဖြစ်ပြီး တိမ်းရှောင်သူတွေ များတာကြောင့် ဇူလိုင်လ ၅ ရက် ဒီနေ့မနက်အထိ လမ်းမှာ ကားတွေပိတ်မိနေတယ်လို့ မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။ “မနေ့ကကတည်းက ကားတန်းစီတာ အခုချိန်ထိပဲ၊ တော်တော်များတယ်၊ ကားတွေ ထောင်ချီတယ်။ အခုက သီပေါနဲ့ လားရှိုးကြား စဉ့်အင်မှာ ချောင်းကို စက်လှေနဲ့ပဲ ကားတွေကို ကူးနေရတော့ အဲမှာက တစ်ခါကူးရင် နှစ်စီးပဲ ကူးနိုင်တယ်။ တစ်နာရီမှာမှ ရှစ်စီးလောက်ပဲ ကူးနိုင်တော့ အဲမှာ ကားတွေ ပြုံနေလို့ ဒီဘက်က ကားတွေ မလွှတ်ဖို့ပြောလို့ အခုက အထွက် ပိတ်ထားတယ်။ အခုလားရှိုးမှာ ကားတန်းစီးနေတာက တော်တော်များတယ်” ဒီနေ့မနက်မှာတော့ လားရှိုးမြို့အနီးမှာ လက်နက်ကြီးသံ၊ သေနတ်သံမကြားရသေးဘဲ တိတ်ဆိတ်နေတယ်လို့ နောက်ထပ် မြို့ခံတစ်ဦးက ပြောပါတယ်။ “ဒီနေ့မနက်ကတော့ အသံတိတ်နေတယ်။ အခုက စစ်ကောင်စီတပ်တွေက နည်းနည်းတော့ ဆုတ်လာပြီ။ သိန္နီမြို့လမ်းဘက် နမ်တွန်းဘက်လည်း ၁၂ မိုင် လောက်ထိ နီးလာပြီ အစဖြစ်တဲ့အချိန်တော့ ၁၆ မိုင်အကွာလောက်မှာ ဖြစ်တာ” လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုတွေကြောင့် လားရှိုးတိုက်ပွဲ သုံးရက်အတွင်း အရပ်သားပြည်သူ ၁၃ ဦးထက်မနည်းသေဆုံးပြီး ဒဏ်ရာရထားသူတွေလည်းရှိတယ်လို့ ဒေသခံတွေနဲ့ လူမှုကူညီရေးအဖွဲ့တွေက ပြောပါတယ်။ ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ် ပြောခွင့်ရသူ ပြည်နယ်စီးပွားရးဝန်ကြီးဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။ စစ်ကောင်စီရဲ့ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (ရမခ) အခြေစိုက်တဲ့ လာရှိုးမြို့ကို ဇူလိုင် ၃ ရက်နေ့ကစပြီး မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)နဲ့ ပူးပေါင်းတပ်တွေ ထိုးစစ်ဆင်နေပြီး လားရှိုးမြို့အပြင်မှာလည်း တိုက်ပွဲဖြစ်ပွားနေပါတယ်။ RFA Burmese Website တွင် ဖတ်ရှုရန်…
Mostrar todo...
တိုက်ပွဲပြင်းထန်နေတဲ့ လားရှိုးမှာ ဒေသခံတွေ မြို့ကိုစွန့်ခွာ

တိမ်းရှောင်သူတွေ များတာကြောင့် ဇူလိုင်လ ၅ ရက် ဒီနေ့မနက်အထိ လမ်းမှာ ကားတွေပိတ်မိနေတယ်လို့ မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

👍 26👏 10😢 7
Elige un Plan Diferente

Tu plan actual sólo permite el análisis de 5 canales. Para obtener más, elige otro plan.