Institute for Strategy and Policy- Myanmar
Ir al canal en Telegram
The ISP-Myanmar is an independent, non-partisan, and nongovernmental think tank, which supports the advancement of democracy and good governance.
Mostrar más4 658
Suscriptores
-124 horas
-147 días
-7230 días
Carga de datos en curso...
Canales Similares
Nube de Etiquetas
Sin datos
¿Algún problema? Por favor, actualice la página o contacte a nuestro gerente de soporte.
Menciones Entrantes y Salientes
---
---
---
---
---
---
Atraer Suscriptores
junio '26
junio '26
+28
en 0 canales
mayo '26
+37
en 0 canales
Get PRO
abril '26
+27
en 0 canales
Get PRO
marzo '26
+24
en 0 canales
Get PRO
febrero '26
+25
en 0 canales
Get PRO
enero '26
+29
en 0 canales
Get PRO
diciembre '25
+28
en 0 canales
Get PRO
noviembre '25
+31
en 1 canales
Get PRO
octubre '25
+33
en 0 canales
Get PRO
septiembre '25
+50
en 0 canales
Get PRO
agosto '25
+51
en 0 canales
Get PRO
julio '25
+116
en 0 canales
Get PRO
junio '25
+135
en 1 canales
Get PRO
mayo '25
+99
en 0 canales
Get PRO
abril '25
+120
en 1 canales
Get PRO
marzo '25
+249
en 1 canales
Get PRO
febrero '25
+557
en 2 canales
Get PRO
enero '25
+437
en 1 canales
Get PRO
diciembre '24
+138
en 1 canales
Get PRO
noviembre '24
+64
en 1 canales
Get PRO
octubre '24
+505
en 5 canales
Get PRO
septiembre '24
+95
en 1 canales
Get PRO
agosto '24
+479
en 1 canales
Get PRO
julio '24
+49
en 0 canales
Get PRO
junio '24
+27
en 0 canales
Get PRO
mayo '24
+45
en 0 canales
Get PRO
abril '24
+372
en 1 canales
Get PRO
marzo '24
+670
en 1 canales
Get PRO
febrero '24
+782
en 1 canales
Get PRO
enero '24
+1 368
en 1 canales
Get PRO
diciembre '23
+105
en 1 canales
Get PRO
noviembre '23
+48
en 0 canales
Get PRO
octubre '23
+329
en 0 canales
| Fecha | Crecimiento de Suscriptores | Menciones | Canales | |
| 29 junio | 0 | |||
| 28 junio | +1 | |||
| 27 junio | 0 | |||
| 26 junio | +2 | |||
| 25 junio | +2 | |||
| 24 junio | +2 | |||
| 23 junio | 0 | |||
| 22 junio | 0 | |||
| 21 junio | 0 | |||
| 20 junio | 0 | |||
| 19 junio | 0 | |||
| 18 junio | 0 | |||
| 17 junio | +2 | |||
| 16 junio | +2 | |||
| 15 junio | 0 | |||
| 14 junio | +1 | |||
| 13 junio | +1 | |||
| 12 junio | +4 | |||
| 11 junio | +1 | |||
| 10 junio | +3 | |||
| 09 junio | +2 | |||
| 08 junio | +1 | |||
| 07 junio | 0 | |||
| 06 junio | 0 | |||
| 05 junio | +1 | |||
| 04 junio | 0 | |||
| 03 junio | +2 | |||
| 02 junio | +1 | |||
| 01 junio | 0 |
Publicaciones del Canal
| 2 | ဦးမင်းအောင်လှိုင်ရဲ့ အိန္ဒိယနဲ့ တရုတ်ခရီးစဉ်တွေအပြီး ရှေ့ဆက်ဖြစ်တန်ခြေနဲ့ သက်ရောက်မှုများစွာ ရှိနိုင်တဲ့အထဲ အကြောင်းအချက်သုံးခုကို ထုတ်နုတ်ပါမယ်။ ပထမတခုက အိန္ဒိယနိုင်ငံနဲ့ ဦးမင်းအောင် လှိုင်အစိုးရအကြား ထိတွေ့ဆက်ဆံမှု အရှိန်မြှင့်လာနိုင်ပေမဲ့ စိန်ခေါ်မှုတွေ ရှိနိုင်ပါသေးတယ်။ အိန္ဒိယ-မြန်မာ-ထိုင်းအဝေးပြေးကားလမ်းမကြီးနဲ့ ကုလားတန်ဘက်စုံစီမံကိန်းဖြတ်သန်းရာ ဒေသအများစုကို အာရက္ခတပ်တော် (AA) နဲ့ အခြားတော်လှန်ရေးအင်အားစုတွေက ထိန်းချုပ်ထားပါတယ်။ ဒါ့အပြင် နယ်စပ်ကုန်သွယ်ရေးစခန်းတခုဖြစ်တဲ့ ရိခေါ်ဒါရ်ကို ချင်းတော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတုန်းပါပဲ။ ကချင်ပြည်နယ်အတွင်း မြေရှားထွက်တဲ့ဒေသတွေကိုလည်း KIA က ထိန်းထားပါတယ်။ ဒါကြောင့် အိန္ဒိယရဲ့ ရေရှည်မဟာဗျူဟာအောင်မြင်နိုင်ရေးဟာ ဦးမင်းအောင်လှိုင်အစိုးရတခုတည်းအပေါ် မူတည်မနေဘဲ မြေပြင်မှာထိန်းချုပ်ထားဆဲဖြစ်တဲ့ လက်နက်ကိုင်တပ်တွေနဲ့ပါ သက်ဆိုင်နေပါတယ်။ အိန္ဒိယနိုင်ငံအနေနဲ့ အဲဒီတပ်တွေနဲ့ပါ အလွတ်သဘော ထိတွေ့ဆက်ဆံမှု ပိုများလာနိုင်ခြေလည်းရှိပါတယ်။
ဒုတိယတချက်က တရုတ်နိုင်ငံရဲ့ ငြိမ်းချမ်းရေးကြားဝင်မှုနဲ့ ကုန်သွယ်ရေးအလားအလာ ဖြစ်ပါတယ်။ ဦးမင်းအောင်လှိုင်ရဲ့ တရုတ်ခရီးစဉ်မှာ နှစ်နိုင်ငံသဘောတူခဲ့တဲ့ နားလည်မှုစာချွန်လွှာတွေဟာ လက် တွေ့အကောင်အထည်ဖော်ဖို့ လွယ်ကူတာမို့ ပြဿနာမရှိနိုင်ပါဘူး။ တရုတ်နိုင်ငံအနေနဲ့ မြန်မာ့အရေးမှာ (၁) ပဋိပက္ခအရှိန်လျှော့ချရေး၊ (၂) ရွေးကောက်ပွဲကတဆင့် တိုက်ရိုက်စစ်အုပ်ချုပ်ရေးကို အဆုံးသတ်ရေးနဲ့ (၃) ရွေးကောက်ပွဲအလွန် တရုတ်နိုင်ငံက ကမကထလုပ်ပြီး ကြားဝင်ဖျန်ဖြေပေးဖို့ ကြိုးစားရေးဆိုတဲ့ သုံးပွင့်တခိုင် မဟာဗျူဟာလုပ်ငန်းစဉ်ကို တွန်းနေတယ်လို့ ISP-Myanmar က အကဲဖြတ်ထားပါတယ်။ အဲဒီ သုံးပွင့်တခိုင်လမ်းစဉ်ထဲက တတိယအဆင့်ကြိုးပမ်းချက်တွေကို ပိုပြီးမြင်လာရနိုင်ပါတယ်။ အခု ဇွန်လအတွင်းမှာပဲ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) က ရှမ်းပြည်နယ်ကိုသွားပြီး ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (NDAA) နဲ့ ‘၀’ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP) တို့နဲ့ တွေ့ဆုံတာ၊ နေပြည်တော်မှာ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တို့နဲ့ တွေ့ဆုံကြတာတွေကိုကြည့်ရင် ရှမ်းပြည်အရှေ့ပိုင်းနဲ့မြောက်ပိုင်း တည်ငြိမ်ရေးဟာ ပိုပြီး အရှိန်ရလာနိုင်ပါတယ်။ တဆက်တည်းမှာပဲ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေ ပြန်ဖွင့်ပြီး ကုန်စည်စီးဆင်းတာတွေ ပိုဖြစ်လာနိုင်ပါတယ်။ မြန်မာ-တရုတ် ကုန်သွယ်စီးပွားကိစ္စတွေနဲ့ ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွေမှာ MCITP ရဲ့ အခန်းကဏ္ဍက ရှေ့တန်းပိုရောက်လာဖို့ ရှိပါတယ်။
မြန်မာစစ်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေ ပိုဖြစ်လာနိုင်တာက တတိယအချက်ဖြစ်ပါတယ်။ ဦးမင်းအောင်လှိုင်ရဲ့ ခရီးစဉ်နှစ်ခုစလုံးမှာ အိမ်နီးချင်းနိုင်ငံကြီးတွေရဲ့ ရင်းနှီးမြှုပ်နှံမှုစီမံကိန်းတွေအတွက် လုံခြုံရေးအာမခံချက် ပေးခဲ့တယ်။ ဒါ့အပြင် မြစ်ဆုံဆည်ပြန်စဖို့ကိုလည်း ကာလတခုသတ်မှတ်ပြီး ကြိုးပမ်းလာပါတယ်။ ဒါတွေ ပေါက်မြောက်အောင်မြင်ဖို့ဆိုရင် စီမံကိန်းကြီးတွေရှိတဲ့ ဒေသတွေနဲ့ သယံဇာတထွက်ရှိရာ လမ်းကြောင်းတွေကို အပြည့်အ၀ထိန်းချုပ်ထားနိုင်မှပဲ ဖြစ်နိုင်မှာပါ။ ဒါကြောင့် ကချင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံ မြောက်ဘက်၊ အနောက်ဘက်နဲ့ အလယ်ပိုင်းစစ်မျက်နှာစာတွေမှာ မြန်မာစစ်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှုနဲ့ ထိုးစစ်တွေ ပိုပြင်းထန်လာနိုင်ပါတယ်။ PDF ကို ဒီလင့်မှာ ရယူနိုင်ပါတယ် https://ispmyanmar.com/community/wp-content/uploads/2026/06/OnPoint2026_05_Burmese.pdf | 194 |
| 3 | တရုတ်နိုင်ငံက ကျောက်ဖြူရေနက်ဆိပ်ကမ်း၊ မူဆယ်-မန္တလေးရထားလမ်းအပါအဝင် CMEC စီမံ ကိန်းတွေကို အကောင်အထည်ဖော်ရေး အရှိန်မြှင့်ချင်ပါတယ်။ ယွမ်-ကျပ် တိုက်ရိုက်ပေးချေမှုနဲ့နယ်စပ်ကုန်သွယ်မှု ပြန်ဖွင့်နိုင်ရေးကလည်း အရေးပါပါတယ်။ တခါ မြစ်ဆုံဆည်စီမံကိန်းပြန်စနိုင်ဖို့ ဦးမင်းအောင်လှိုင်အစိုးရက ကြိုးပမ်းနေပါတယ်။ ဒါဟာ တရုတ်ရဲ့လိုလားချက်ကို ဖော်ဆောင်ပေးဖို့နဲ့ နိုင်ငံမြောက်ပိုင်းစစ်မျက်နှာစာက KIA ကို ဖိအားပေးရာမှာ အသုံးဝင်မယ့် အပေးအယူတခု (bargaining chip) ဖြစ်လာနိုင်တယ်လို့ ဇွန် ၂၀ ရက်ထုတ် The Economist မဂ္ဂဇင်းမှာ သုံးသပ်ထားပါတယ်။
လက်ငင်းရင်ဆိုင်နေရတဲ့ နိုင်ငံခြားငွေအကျပ်အတည်းကို ဖြေရှင်းနိုင်ဖို့ ဦးမင်းအောင်လှိုင်အစိုးရက ခရီးစဉ်နှစ်ခုစလုံးမှာ ကြိုးပမ်းခဲ့တာတွေ့ရပါတယ်။ ခရိုနီ လုပ်ငန်းရှင်အဟောင်းတွေရော ခရိုနီလက် သစ်တွေကိုပါ ပွဲထုတ်ခဲ့ပြီး ရှေ့တန်းမှာနေရာပေးခဲ့ပါတယ်။ နှစ်နိုင်ငံလုံးဆီကနေ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုတွေ ပြန်ရဖို့ အားထုတ်ခဲ့ပါတယ်။ တရုတ်နိုင်ငံခရီးစဉ်မှာဆို ‘မြန်မာ-တရုတ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုမြှင့်တင်ရေးအသင်း’ (MCITP) က စီစဉ်တဲ့ Myanmar-China Investment and Trade Networking Summit (MCITP-2026) Shanghai ကို ခမ်းခမ်းနားနား လုပ်ခဲ့ပါတယ်။
အိန္ဒိယကိုသွားတုန်းကလည်း ‘မြန်မာ-အိန္ဒိယကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာဆွေးနွေးပွဲ’နဲ့ ‘မြန်မာ-အိန္ဒိယ စီးပွားရေးဆွေးနွေးပွဲ’ (Myanmar-India Business Dialogue) စတာတွေလုပ်ခဲ့ပေမဲ့ တရုတ်မှာ လုပ်သလောက် မကြီးမားခဲ့ပါဘူး။ အချက်အလက်တွေကို ကြည့်ရင်လည်း ၂၀၂၆ ခုနှစ် ပထမလေးလမှာ မြန်မာနိုင်ငံအတွင်း တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ပြန်တက်လာပါတယ်။ ဒါပေမဲ့ အိန္ဒိယနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုတွေက အဝင်နှေးနေတုန်းပါပဲ။
တတိယတခုဖြစ်တဲ့ သံတမန်ရေးနဲ့ ဩဇာလွှမ်းမိုးမှုမှာလည်း ကွဲပြားချက်တွေရှိပါတယ်။ အိန္ဒိယနိုင်ငံရဲ့ ချဉ်းကပ်မှုဟာ နိုင်ငံတကာအလယ်မှာ မြန်မာနိုင်ငံ အထီးကျန်ဆန်နေတာကို လက်တွေ့ကျကျ ပယ်ချလိုက်ခြင်း (pragmatic rejection of isolationism) ပဲလို့ EIU က သုံးသပ်ပါတယ်။ တရုတ်နိုင်ငံကတော့ မြန်မာစစ်တပ်ကလုပ်ခဲ့တဲ့ ရွေးကောက်ပွဲလုပ်ငန်းစဉ်ကို နိုင်ငံရေးအရထောက်ခံမှု (political endorsement) ပေးလိုက်တာလို့ ဆိုပါတယ်။ အားလုံးပါဝင်နိုင်တဲ့ ဒီမိုကရေစနစ် လိုအပ်ကြောင်း အိန္ဒိယဝန်ကြီးချုပ် မိုဒီက ထုတ်ဖော်ပြောခဲ့ပေမဲ့ တရုတ်နိုင်ငံကတော့ ဒီလိုပြောခဲ့တာမျိုး မရှိပါဘူး။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်တုန်းကလို အကြီးစား စီမံကိန်းကြီးတွေ ဖော်ဆောင်ဖို့ လက်မှတ်ထိုးတာမျိုးတော့ တရုတ်နိုင်ငံကမလုပ်ခဲ့ပါဘူး။ ဒါဟာ အရင်က လက်မှတ် ထိုးထားတဲ့ သဘောတူညီချက်တွေ အတည်ဖြစ်နေသေးတယ်၊ ထပ်ပြီးထိုးဖို့ မလိုသေးဘူးဆိုတဲ့ သဘောမျိုးလည်း ဖြစ်နိုင်ပါတယ်။ နှစ်နိုင်ငံလက်မှတ်ထိုးခဲ့တဲ့ နားလည်မှုစာချွန်လွှာ ၁၈ ခုထဲမှာ မီဒီယာ၊ ယဉ်ကျေးမှု၊ ပညာရေး၊ ကျန်းမာရေးနဲ့ ငလျင်ပြန်လည်ထူထောင်ရေးတို့လို လက်တွေ့ဖော်ဆောင်ဖို့ လွယ်ကူတဲ့ အကြောင်းအရာတွေ များခဲ့ပါတယ်။ ဆွဲဆောင်မှုကိုအသုံးပြုတဲ့ ဩဇာအာဏာ (soft power) ကဏ္ဍတွေနဲ့ပဲ သက်ဆိုင်တယ်လို့ အကြမ်းဖျင်းနားလည်နိုင်ပါတယ်။ တရုတ်နိုင်ငံ ဦး ဆောင်တဲ့ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအစီအမံ (GDI)၊ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအစီအမံ (GSI)၊ ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှုအစီအမံ (GCI) နဲ့ ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်မှုအစီအမံ (GGI) တွေမှာ မြန်မာနိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးကို အလေးထားပြောခဲ့တာတွေဟာ သတိပြုစရာပါပဲ။ ဦးမင်းအောင်လှိုင်အစိုးရအဖို့ နိုင်ငံတကာမှာ အထီးကျန်ဆန်မှုကနေ ရုန်းထွက်နိုင်ဖို့ပဲ အဓိကဖြစ်ခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ ထောက်ခံပေးမှုနဲ့အတူ ကုလသမဂ္ဂနဲ့ အာဆီယံမှာ ပြန်လည်ဝင်ဆံ့နိုင်ရေးအတွက်လည်း မျှော်လင့်နိုင်ခဲ့ပါတယ်။ အိန္ဒိယကို အရင်သွားခဲ့ပေမဲ့ တရုတ်နိုင်ငံအပေါ် အလွန်အမင်းမှီခိုနေရတာကို ချိန်ခွင်လျှာညှိနိုင်ဦးမှာ မဟုတ်ပါဘူး။
ဦးမင်းအောင်လှိုင်ကို တရုတ်နိုင်ငံရဲ့ ဖိတ်ကြားမှုဟာ ဒေသတွင်းခေါင်းဆောင်တွေကို တရုတ်နိုင်ငံက စည်းရုံးသိမ်းသွင်းနေတဲ့ မဟာဗျူဟာတရပ်လို့လည်း ယူဆနိုင်ပါတယ်။ တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ ဇွန် ၈ ရက်နဲ့ ၉ ရက်တွေမှာ မြောက်ကိုရီးယားနိုင်ငံကို သွားခဲ့ပါသေးတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ရွေးကောက်ခံ ဝန်ကြီးချုပ်သစ် တာရစ်ရာမန် (Tarique Rahman) က ဇွန် ၂၄ ရက်ကနေ ၂၆ ရက်အထိ တရုတ်နိုင်ငံကို နိုင်ငံတော်အဆင့် ပထမဆုံးခရီးသွားခဲ့ပြီး သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ခဲ့ပါတယ်။ အဲဒီခရီးစဉ်အတွင်းမှာပဲ တရုတ်-မြန်မာ-ဘင်္ဂလားဒေ့ရှ် စီးပွားရေးစင်္ကြံ ဖော်ဆောင်ရေးကို တရုတ်နိုင်ငံဘက်က အဆိုပြုဆွေးနွေးခဲ့ပါတယ်။ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်ဟောင်း (လက်ရှိ ဆီးနိတ် ဥက္ကဋ္ဌ) ဆုမ်ဒက်တက်ချို ဟွန်ဆင် (Hun Sen) ကလည်း ဇွန်လကုန်ပိုင်းမှာပဲ တရုတ်နိုင်ငံကိုသွားပြီး သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံခဲ့ပါသေးတယ်။
■ ဖြစ်တန်ခြေအကဲဖြတ်ချက် | 125 |
| 4 | လုံခြုံရေး၊ စီးပွားရေးနှင့် ဩဇာလွှမ်းမိုးမှု
မြန်မာအပေါ် တရုတ်နှင့် အိန္ဒိယတို့၏
ချဉ်းကပ်ပုံ ကွဲပြားချက်များ
______________________
ISP On Point 2026
OP2026-05 | June 29, 2026
ဦးမင်းအောင်လှိုင်အစိုးရသည် အိန္ဒိယနိုင်ငံနှင့် နီးကပ်သောဆက်ဆံရေးကို နိုင်ငံရေးနှင့် စစ်ရေးထိုးစစ်အဖြစ် အသုံးချလိုပြီး တရုတ်နိုင်ငံ၏ လွှမ်းမိုးမှုကိုလည်း မလွှဲမရှောင်သာ အားထားနေရပါသည်။
■ ဖြစ်ရပ်အချက်အလက်
မြန်မာစစ်ခေါင်းဆောင်ဟောင်း ဦးမင်းအောင်လှိုင်ဟာ သမ္မတဖြစ်ပြီး နှစ်လအတွင်းမှာပဲ အိမ်နီးချင်းနိုင်ငံကြီးတွေဖြစ်တဲ့ အိန္ဒိယနိုင်ငံနဲ့ တရုတ်နိုင်ငံတွေကို နိုင်ငံတော်အဆင့်ခရီးစဉ်အဖြစ် သွားခဲ့ပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတကာမှာ သံတမန်ရေးရာအထီးကျန်နေရတာကနေ ရုန်းထွက်နိုင်ဖို့ ကြီးမားတဲ့အထောက်အပံ့ ဖြစ်စေခဲ့ပါတယ်။
■ ကနဦးသုံးသပ်ချက်
အာဏာသိမ်းပြီးနောက် ဦးမင်းအောင်လှိုင်ဟာ အိန္ဒိယနိုင်ငံကို ပထမဆုံးသွားခွင့်ရခဲ့တာဖြစ်ပြီး တရုတ်နိုင်ငံကိုတော့ တတိယအကြိမ် ရောက်ခဲ့တာပါ။ ဒါပေမဲ့ တရုတ်ခရီးစဉ်ဟာ အရင်တုန်းကလို အခြားနိုင်ငံခေါင်းဆောင်တွေနဲ့အတူ ရောပြီး အဖိတ်ခံရတဲ့ ခရီးစဉ်မျိုးမဟုတ်ဘဲ နိုင်ငံတော်အဆင့် သီးသန့် ဖိတ်ကြားခံခဲ့ရတာဖြစ်ပါတယ် [ခရီးစဉ်ဆိုင်ရာ အချက်အလက်များကို ISP ဒေတာအချက်အလက် ၅၀/၂၀၂၆ (ISP-DM2026-050)တွင်ရှုပါ]။ မြန်မာနိုင်ငံအပေါ် အိမ်နီးချင်းနိုင်ငံကြီးနှစ်ခုရဲ့ မတူညီတဲ့ချဉ်းကပ်ပုံနဲ့ ကွဲပြားတဲ့အကျိုးစီးပွားတွေကို ဒီခရီးစဉ်တွေမှာ မြင်ရပါတယ်။ ဦးမင်းအောင်လှိုင်အစိုးရရဲ့ မျှော်မှန်းချက်နဲ့ အကျိုးစီးပွားတွေကိုလည်း တွေ့ရပါတယ် [ISP ဒေတာအချက်အလက် ၅၁/ ၂၀၂၆ ကနေ ၅၃/၂၀၂၆ (ISP-DM2026-051 to 053) အထိရှုပါ]။ ဒီကွဲပြားချက်တွေကို ကဏ္ဍသုံးခုခွဲပြီး သုံးသပ်နိုင်ပါတယ်။
ပထမတခုက မဟာဗျူဟာနဲ့ လုံခြုံရေးဆိုင်ရာ ချဉ်းကပ်မှုဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံရဲ့ချဉ်းကပ်မှုဟာ သူ လက်ကိုင်ပြုထားတဲ ‘အိမ်နီးချင်းဦးစားပေးမူဝါဒ’ (Neighborhood First Policy)၊ ‘အရှေ့နှင့် ထိတွေ့ဆက်ဆံရေးမူဝါဒ’ (Act East Policy) နဲ့ ‘အပြန်အလှန်အမှီသဟဲပြုပြီး ဘက်စုံလွှမ်းခြုံသောမူဝါဒ’ (မဟာသာဂရ - Mahasagar) တွေအပေါ် အခြေခံပါတယ်။ မြန်မာနိုင်ငံအတွင်း တရုတ်နိုင်ငံရဲ့ ဩဇာလွှမ်းမိုးမှု ကျယ်ပြန့်လာတာကို ပူပန်သလို အရှေ့မြောက်နယ်စပ်ဒေသလုံခြုံရေးကိုလည်း အာရုံ စိုက်ပါတယ်။
တရုတ်နိုင်ငံကတော့ တရုတ်-မြန်မာစီးပွားရေးစင်္ကြံ (CMEC) ကို အကောင်အထည်ဖော်ဖို့နဲ့ နယ်စပ်တည်ငြိမ်ရေးအပြင် အိန္ဒိယသမုဒ္ဒရာထွက်ပေါက် ရရှိရေးတွေအပေါ် အဓိကအခြေခံပါတယ်။ တဖက်မှာလည်း နယ်စပ်ကုန်သွယ်ရေးကို ပြန်စချင်နေပါတယ်။ ဒီအတွက် ရှမ်းပြည်နယ်မြောက်ပိုင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ မရှိမဖြစ် ကြားဝင်စေ့စပ်ပေးသူ (indispensable broker) အဖြစ် တိုက်ရိုက်ပါဝင်နေသလို မြန်မာ့အရေးကိုင်တွယ်မှုမှာ အင်အားသုံးလွှမ်းမိုးနိုင်စွမ်း (coercive influence) ကိုလည်း လက်ကိုင်ပြုထားပါတယ်။ ဦးမင်းအောင်လှိုင်အစိုးရက လက်ရှိမှာ ရခိုင်နဲ့ ချင်းအပြင် စစ်ကိုင်း-မကွေးနဲ့ ဆက်စပ်နေတဲ့ အနောက်ဘက်စစ်မျက်နှာစာတွေမှာ အသာစီးရနိုင်ဖို့ ရည်မှန်းထားပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်း စစ်မျက်နှာစာ တည်ငြိမ်ရေးနဲ့ ကုန်သွယ်မှုတွေ ပြန်စနိုင်ဖို့အတွက်ကိုလည်း အာရုံစိုက်နေပါတယ်။ ဒါကြောင့် အိန္ဒိယနိုင်ငံနဲ့ နီးကပ်တဲ့ဆက်ဆံရေးကို နိုင်ငံရေးနဲ့ စစ်ရေးထိုးစစ်အဖြစ် အသုံးချလိုပြီး တရုတ်နိုင်ငံရဲ့လွှမ်းမိုးမှုကိုလည်း မလွှဲမရှောင်သာ အားထားနေရပါတယ်။
ဒုတိယတခုကတော့ စီးပွားရေးနဲ့ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနဲ့ အခြေခံအဆောက်အအုံဆိုင်ရာကိစ္စတွေ ဖြစ်ပါတယ်။ ကုလားတန်ဘက်စုံစီမံကိန်း၊ အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းမ အကောင်အထည်ဖော်ရေး စတာတွေဟာ အိန္ဒိယနိုင်ငံအတွက် အဓိကအကျိုးစီးပွားတွေပါ။ နှစ်နိုင်ငံကုန်သွယ်ရေးကို အမေရိကန်ဒေါ်လာ ငါးဘီလီယံအထိ တိုးချဲ့နိုင်ဖို့နဲ့ ကျပ်-ရူးပီး တိုက်ရိုက်ငွေပေးချေမှုဆိုင်ရာ ကိစ္စတွေဟာလည်း ရှေ့တန်းရောက်ခဲ့ပါတယ်။ အိန္ဒိယဟာ မြန်မာဆီကနေ ဗျူဟာမြောက်မြေရှားသတ္တု ရနိုင်ဖို့လည်း အထူးစိတ်ဝင်စားခဲ့ပါတယ်။ လန်ဒန်အခြေစိုက် The Economist Intelligence Unit (EIU) ရဲ့ သုံးသပ်ချက်အရ ကမ္ဘာ့မြေရှားထုတ်လုပ်မှုရဲ့ ၁၆ ရာခိုင်နှုန်းဟာ မြန်မာ နိုင်ငံကနေထွက်ရှိတာ ဖြစ်ပါတယ်။ ဒါကြောင့် အိန္ဒိယဟာ မြန်မာကတဆင့် ထောက်ပံ့ရေးကွင်းဆက်သစ်အဖြစ် ဖန်တီးချင်နေပါတယ်။ ဒါပေမဲ့ မြေရှားတူးဖော်မှုလုပ်ငန်းတွေကို တရုတ် ရင်းနှီးမြှုပ်နှံသူတွေက ကျောထောက်နောက်ခံပေးထားတဲ့အပြင် စျေးကွက်ရပ်တန့်သွားအောင် ဖိအားပေးနိုင်စွမ်းလည်း ရှိတယ်လို့ EIU က ထောက်ပြထားပါတယ်။ တဖက်မှာလည်း မြေရှားလုပ်ကွက်အများစုဟာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ရဲ့ ထိန်းချုပ်နယ်မြေတွေမှာ ရှိနေပါတယ်။ | 170 |
| 5 | Sin texto... | 934 |
| 6 | [ယခုဆောင်းပါးသည် ISP-Myanmar ၏ အာဘော်မဟုတ်ဘဲ စာရေးသူ၏ အာဘော်သာဖြစ်ပါသည်။ ဆောင်းပါးကို ဖတ်ရှုအပြီး ဆင်ခြင်မိသည်များ၊ ပြန်လည်ချေပလိုသည်များ ရှိပါကလည်း တုံ့ပြန်ဆောင်းပါး (rebuttal article) ရေးသားပေးပို့နိုင်ပါသည်]
#ISP_Column | 879 |
| 7 | စီဒီအမ်မျဉ်းပြိုင်နှင့် လပ်နေသော စာသင်ခုံများ
______
■ ဟိတေ
[ဟိတေသည် ISP-Myanmar ၏ Capacity Building Program က လူငယ်သုတေသီဖြစ်သည်]
အညာရာသီဥတုက မိုးဦးဆိုပေတဲ့ တအားကို ပူပြင်းလှပါတယ်။ ဒါပေမဲ့ အညာမြေက မိဘတွေနဲ့ ကျောင်းသားလူငယ်တွေရဲ့ ရင်ထဲက အပူလှိုင်းကတော့ ရာသီဥတုထက် အဆပေါင်းများစွာ ပိုပြီး ပြင်းထန်နေလိမ့်မယ် ထင်ပါတယ်။ လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ မကြာသေးခင်က ပြန့်လာခဲ့တဲ့ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ထဲက ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့တချို့ရဲ့ ပညာရေးဆိုင်ရာ ထုတ်ပြန်ချက်တွေနဲ့ အမိန့်ညွှန်ကြားချက်တွေကို ဖတ်လိုက်ရတော့ သက်ပြင်းချရင်း ညည်းတွားမိပါတယ်။ စစ်အာဏာသိမ်းပြီး ငါးနှစ်ကျော်လာတဲ့အထိ မြန်မာ့ပညာရေးလောကဟာ စစ်မြေပြင်တခုလို ဖြစ်နေတုန်းပါပဲ။ အညာက စာသင်ခန်းတွေရဲ့ အခြေအနေကို ကြည့်ရင် စစ်တပ်က လက်နက်အားကိုးနဲ့ ဖျက်ဆီးနေတာတွေ၊ နောက်တဖက်ကလည်း စည်းကမ်းဆိုတဲ့ ခေါင်းစဉ်အောက်က ဖိအားတွေကြားထဲမှာ ကလေးတွေရဲ့ အနာဂတ်ဟာ ကျပ်ညပ်နေတာကို တွေ့ရမှာပါ။
ပထမဆုံးအနေနဲ့ ကျနော်တို့ ပြတ်ပြတ်သားသား ဆုပ်ကိုင်ထားရမယ့် မူဝါဒတခု ရှိပါတယ်။ ဘယ်လိုအခြေအနေပဲဖြစ်နေပါစေ "ပညာသင်ကြားခွင့်ဟာ လူ့အခွင့်အရေးတရပ်ဖြစ်တယ်၊ အတားအဆီးမရှိသင့်ပါ" ဆိုတဲ့ အချက်ပါပဲ။ ပညာသင်ယူပိုင်ခွင့်ဆိုတာ လူသားတယောက်ရဲ့ မွေးရာပါ အခြေခံအခွင့်အရေးဖြစ်ပြီး ဘယ်လိုနိုင်ငံရေး၊ စစ်ရေးအကျိုးအမြတ်အတွက်မှ ပေါင်နှံလို့မရ၊ ပိတ်ပင်လို့မရတဲ့အရာ ဖြစ်ပါတယ်။ တကယ်တော့ အညာဒေသမှာ ကလေးတွေ စာမသင်ရဘဲ အနာဂတ်တွေ ပျောက်ဆုံးနေရတာကို ဖြစ်စေတဲ့ အဓိက တရားခံကတော့ စစ်တပ်ရဲ့ ရက်စက်လွန်းတဲ့ ထိုးစစ်တွေပါပဲ။ စစ်ကြောင်းတွေ အကြိမ်ကြိမ်ထိုးတာ၊ ရွာတွေကို မီးရှို့တာ၊ လေယာဉ်နဲ့ ဗုံးကြဲတာတွေကြောင့် ကလေးတွေခမျာ စာသင်ခုံမှာ အေးအေးလူလူ မထိုင်ရဘဲ မိဘတွေနဲ့အတူ တောထဲတောင်ထဲ ပြေးလွှားပုန်းအောင်းနေရတာ ဒီနေ့အထိပါပဲ။ မြေအောက်ကျောင်းတွေပါ ဆောက်ပြီး စာသင်နေတဲ့အဖြစ်ပါ။ စစ်တပ်က လုပ်နေတဲ့ ဒီလိုထိုးစစ်တွေဟာ ကလေးတွေ စာသင်ဖို့ ရုပ်ပိုင်းဆိုင်ရာအရရော စိတ်ပိုင်းဆိုင်ရာအရပါ အကြမ်းဖက်ပိတ်ဆို့ဖျက်ဆီးပစ်နေတာပါပဲ။
ဒါပေမဲ့ ဒီလို စစ်ဘေးဒဏ်တွေကြားထဲကမှ ကလေးတွေကို စာသင်စေချင်တဲ့ မိဘတွေရဲ့ စိုးရိမ်စိတ်ကို နောက်ထပ် အကျပ်ရိုက်စေတာကတော့ တော်လှန်ရေးဘက်က ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့တချို့ ထုတ်ပြန်လိုက်တဲ့ အမိန့်တွေပါပဲ။ "စစ်ကောင်စီကျောင်းတက်တဲ့ ကလေးတွေကို ရွာထဲ ပေးမဝင်ဘူး"၊ "ကျောင်းအပ်ဖို့ ကူညီတဲ့သူတွေကို အရေးယူမယ်" ဆိုတဲ့ အမိန့်တွေက စစ်တပ်ရဲ့ထိုးစစ်ကြောင့် စိတ်ဒဏ်ရာရနေတဲ့ ကလေးငယ်တွေရဲ့ ပညာသင်ခွင့်ကို နောက်ထပ်နည်းလမ်းတခုနဲ့ ပိတ်ဆို့လိုက်ပြန်ပါတယ်။ စစ်တပ်ရဲ့ သေနတ်ဒဏ်ကို ကြောက်လို့ ပြေးနေရတဲ့ ကလေးတွေဟာ အခုတော့ ကိုယ့်လူထုအသိုက်အဝန်းရဲ့ အမိန့်ဒဏ်ကိုပါ ထပ်ပြီး ခံနေရတဲ့ သဘောပါ။
ဒီနေရာမှာ ကျနော်တို့ အလေးအနက် ဆင်ခြင်သုံးသပ်ရမယ့်အချက်က CDM (Civil Disobedience Movement) ရဲ့ သဘောသဘာဝနဲ့ အခုနောက်ပိုင်းဖြစ်လာတဲ့ လူမှုရေးပြဿနာတွေပါပဲ။ စစ်အာဏာသိမ်းစက CDM ဆိုတာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရား လည်ပတ်လို့မရအောင် တုံ့ပြန်ခဲ့ကြတဲ့ မဟာဗျူဟာမြောက် သပိတ်မှောက်လှုပ်ရှားမှုတခု ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီလှုပ်ရှားမှုကို အခြေအနေအလျောက် ပညာသားပါပါ နှုတ်ခမ်းမသပ်နိုင်ခဲ့ကြတဲ့အခါ ကြီးမားတဲ့ လူမှုရေးဒဏ်ရာတွေအဖြစ် ပြောင်းလာပါတော့တယ်။ CDM ကို လှုပ်ရှားမှုအရွေ့တခုအနေနဲ့ နှုတ်ခမ်းမသပ်နိုင်ဘဲ သရုပ်လက္ခဏာ (identity) အသွင်ပြောင်းလာတဲ့အခါ ပဋိပက္ခက ပိုဆိုးသွားပါတော့တယ်။
"ငါတို့က CDM" ၊ "သူတို့က Non-CDM" ဆိုပြီး လူ့အသိုက်အဝန်းအတွင်းမှာ မျဉ်းပြိုင်ကြီးတွေ သားလိုက်ကြပါတယ်။ ဒီ identity ပဋိပက္ခဟာ အညာမြေက စာသင်ခန်းတွေအထိပါ ကူးစက်လာပြီး ကလေးငယ်တွေရဲ့ ပညာရေးကို အမုန်းတရားတွေ၊ ခြိမ်းခြောက်မှုတွေကြားထဲ ညပ်စေခဲ့ပါပြီ။ စစ်တပ်ရဲ့ ထိုးစစ်ကြောင့် စာသင်ရခက်ခဲနေတဲ့ ကလေးတွေကို စာနာမှုမပြဘဲ ကလေးတယောက် ကျောင်းတက်ခြင်း၊ မတက်ခြင်းကို နိုင်ငံရေးအရ သစ္စာစောင့်သိမှု ရှိ၊ မရှိ တိုင်းတာတဲ့ ကိရိယာလို သတ်မှတ်နေတာဟာ တော်လှန်ရေးအနှစ်သာရကိုပါ ပျက်စီးစေပါတယ်။
ကြားကာလပညာရေးစနစ်က ခိုင်မာတဲ့အနာဂတ်နဲ့ ဘေးကင်းတဲ့စာသင်ခန်းကို ထိထိရောက်ရောက် မပေးနိုင်သေးချိန်မှာ အမိန့်အာဏာသုံးပြီး စာသင်ခန်းတွေကို ပိတ်ဆို့နေမယ်ဆိုရင် ရေရှည်မှာ ကလေးတွေရဲ့အနာဂတ် အမှောင်အတိ ဖုံးသွားမှာ သတိပြုစရာပါ။ စစ်တပ်ရဲ့ ထိုးစစ်တွေကို ဆန့်ကျင်ထောက်ပြသလိုပဲ တော်လှန်ရေးဘက်ကလည်း အာဏာရှင်ဆန်တဲ့ နည်းလမ်းမျိုးတွေ သုံးပြီး ကလေးတွေရဲ့ အနာဂတ်ကို ထပ်လောင်းပိတ်ဆို့တာမျိုး မလုပ်သင့်ပါဘူး။ ပညာသင်ကြားခွင့်ဟာ အတားအဆီးမရှိ လွတ်လွတ်လပ်လပ် ရှင်သန်ခွင့်ရှိရပါလိမ့်မယ်။ နိုင်ငံရေးအခြေအနေတွေ၊ အမိန့်အာဏာတွေနဲ့ စစ်မက်ပဋိပက္ခတွေကြားထဲမှာ ရုန်းကန်ရှင်သန်နေရတဲ့ ကလေးငယ်တွေရဲ့ အနာဂတ်ကို ကိုယ့်နိုင်ငံရေးလိုဘအတွက် အပေါင်ခံပစ္စည်းအဖြစ် အသုံးမချဖို့ ဘက်အသီးသီး၊ အဖွဲ့အသီးသီးက သတိပြုရပါလိမ့်မယ်။ | 767 |
| 8 | Sin texto... | 629 |
| 9 | မြိုလူမျိုးတွေကို စစ်မှုထမ်းစုဆောင်းခဲ့တုန်းကလည်း အလားတူ တင်းမာမှုမျိုး ရှိခဲ့ဖူးပါတယ်။
ဒါကြောင့် အာရက္ခတပ်တော်အနေနဲ့ NDEP အပေါ် ရခိုင်လူထုနဲ့ ဒေသတွင်း လူမျိုးစုအစုံရဲ့ စိုးရိမ်ချက်တွေကို ထည့်သွင်းစဉ်းစားပြီး လိုအပ်တဲ့ ပြဋ္ဌာန်းချက်ဆိုင်ရာ ပြင်ဆင်မှု၊ လုပ်ဆောင်ပုံဆိုင်ရာ ပြင်ဆင်မှုတွေ ပြုလုပ်မှသာ NDEP ကို လူထုက ပိုမိုလက်သင့်ခံလာနိုင်ဖွယ် ရှိပါတယ်။ ဒါကြောင့် အာရက္ခတပ်တော်နဲ့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်အနေနဲ့ ပြည်သူကို မျက်နှာမူပြီး ဘက်လိုက်မှုကင်းတဲ့ နည်းစနစ်တစ်ခုနဲ့ NDEP ကို ဝိုင်းဝန်းပြင်ဆင်နိုင်မှသာ လူထု လက်ခံတဲ့ NDEP ဖြစ်ပေါ်လာနိုင်မှာ ဖြစ်ပါတယ်။
[ယခုဆောင်းပါးသည် ISP-Myanmar ၏ အာဘော်မဟုတ်ဘဲ စာရေးသူ၏ အာဘော်သာဖြစ်ပါသည်။ ဆောင်းပါးကို ဖတ်ရှုအပြီး ဆင်ခြင်မိသည်များ၊ ပြန်လည်ချေပလိုသည်များ ရှိပါကလည်း တုံ့ပြန်ဆောင်းပါး (rebuttal article) ရေးသားပေးပို့နိုင်ပါသည်]
#ISP_Column | 590 |
| 10 | အာရက္ခမြေမှ စစ်မှုထမ်းသောက
______
■ မေမီ
[မေမီသည် ရခိုင်ဒေသက စစ်ရေး၊ နိုင်ငံရေးနှင့် တခြားကဏ္ဍအသီးသီးအပေါ် သတင်းနှင့် ဆောင်းပါးများ ရေးသားနေသော သတင်းထောက်တဦး ဖြစ်သည်]
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် မတ်လ ၁၈ ရက်နေ့မှာ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) က ပြဋ္ဌာန်းခဲ့တဲ့ အမျိုးသားကာကွယ်ရေးဆိုင်ရာအရေးပေါ်ပြဋ္ဌာန်းချက် (National Defense Emergency Provision – NDEP) ကို ဒေသတွင်းနေထိုင်သူအများစုကတော့ လက်ခံဖို့ ခက်ခဲနေကြဆဲ ဖြစ်တာကို တွေ့ရပါတယ်။ အထူးသဖြင့် စစ်မှုထမ်းကာလဟာ နှစ်နှစ်တာ ဖြစ်ပေမဲ့ စစ်မှုထမ်းနေစဉ် ကျန်ခဲ့တဲ့ မိသားစုအတွက် စားဝတ်နေရေးအာမခံချက် မရှိတာဟာ လူထုအနေနဲ့ အမျိုးသားကာကွယ်ရေးဆိုင်ရာ အရေးပေါ်ပြဋ္ဌာန်းချက် (NDEP) ကို လက်ခံဖို့ ခက်ခဲစေတဲ့ အဓိကအချက် ဖြစ်ခဲ့ပါတယ်။ တိုက်ပွဲဒဏ်တွေအကြား အစစအရာရာ ကျပ်တည်းနေတဲ့အချိန်မှာ အာရက္ခတပ်တော်က ချမှတ်လိုက်တဲ့ NDEP ဟာ အာရက္ခလူထုကို ပိုမိုအကျပ်ရိုက်စေတာကတော့ အမှန်ပါပဲ။
အာရက္ခတပ်တော်ရဲ့ လုပ်ဆောင်ချက်တချို့ကြောင့်လည်း လူထုအနေနဲ့ NDEP အပေါ် ကြောက်ရွံ့မှု ပိုတိုးလာစေခဲ့ပါတယ်။ အမှန်တော့ အာရက္ခတပ်တော်ဟာ NDEP ကို မပြဋ္ဌာန်းမီကတည်းက မိမိတို့ ထိန်းချုပ်ဒေသကနေ ပြည်မနဲ့ ပြည်ပကို ထွက်ခွာကြတဲ့ လူငယ်၊ လူရွယ်တွေကို လမ်းခုလတ်ကနေ ခေါ်ယူပြီး စစ်မှုထမ်းစေခဲ့တာတွေ ရှိခဲ့တာပါ။ အခုလိုခေါ်ယူခံရသူတွေဟာ မိသားစုဝင်တွေနဲ့ အဆက်အသွယ်ရဖို့ ခဲယဉ်းခဲ့ပြီး စစ်မှုထမ်းကာလအတိုင်း နှစ်နှစ်တာ စစ်မှုထမ်းရတာမဟုတ်ဘဲ အမြဲတမ်းစစ်သားအဖြစ် ခေါ်ယူခံရတာ ဖြစ်တာကြောင့် ဒီလိုဖြစ်စဉ်တွေဟာ လူထုအကြား မနှစ်မြို့မှုနဲ့ ကြောက်ရွံ့မှုကို ဖြစ်ပေါ်စေခဲ့ပါတယ်။ အာရက္ခတပ်တော်ဟာ NDEP ကို တရားဝင်ပြဋ္ဌာန်းပြီး ရပ်ရွာအလိုက် စစ်မှုထမ်းခေါ်ယူမှုစနစ်ကို ကျင့်သုံးလာစဉ်မှာလည်း လုပ်ပိုင်ခွင့်ရှိသူတွေရဲ့ ဘက်လိုက်မှုတွေကြောင့် NDEP ခေါ်ယူတဲ့ နည်းလမ်းကို လူထုဟာ မကျေမနပ် ဖြစ်ခဲ့ကြရပါသေးတယ်။ အာရက္ခတပ်တော်ဟာ စစ်သင်တန်းအတွက် ခေါ်ယူရာမှာ မဲစနစ်ကို အဓိကထားခေါ်ယူတာ ဖြစ်ပြီး မိမိဆန္ဒအလျောက် လိုက်ပါလိုသူတွေလည်း ဒေသတွင်း အထိုက်အလျောက် ရှိခဲ့တာကို တွေ့ရပါတယ်။
အခုလို မဲစနစ်နဲ့ စစ်သင်တန်းသား ခေါ်ယူတဲ့နည်းကို ကျင့်သုံးနေတုန်းမှာပဲ အာရက္ခတပ်တော်ဟာ စစ်မှုထမ်းပြဋ္ဌာန်းချက် မထုတ်မီကာလကလို ခရီးသွားလူငယ်၊ လူရွယ်တွေကို လမ်းခုလတ်ကနေ စုဆောင်းခေါ်ယူတာတွေကို ပြီးခဲ့တဲ့ ဧပြီလထဲက ပေါ်ပေါ်ထင်ထင်လုပ်ဆောင်ခဲ့ပါတယ်။ အာရက္ခတပ်တော်ဟာ မကွေး-ရခိုင်နဲ့ အိန္ဒိယရခိုင်ကုန်စည်လမ်းကြောင်းတွေမှာ သွားလာနေသူတွေကို ဖမ်းဆီးခေါ်ဆောင်တာတွေ လုပ်ခဲ့တာကြောင့် ဖမ်းဆီးခံရသူတွေထဲ ကုန်သည်အများအပြားပါဝင်ခဲ့ပြီး နစ်နာမှုတွေလည်း ရှိခဲ့ကြပါတယ်။ ဒီဖြစ်စဉ်ဟာ NDEP အပေါ် လူထုရဲ့ကြောက်ရွံ့မှုကို ပိုတိုးစေခဲ့ပြီး လူထုကို ပိုအကျပ်ရိုက်စေခဲ့တဲ့ အခြေအနေလည်း ဖြစ်ခဲ့ပါတယ်။ အာရက္ခတပ်တော်အနေနဲ့ကတော့ ဖမ်းဆီးမှုအခြေအနေနဲ့ ပတ်သက်ပြီး NDEP အရ ပြည်နယ်ပြင်ပထွက်တဲ့သူတွေကို ဖမ်းဆီးတာလို့ ဆိုခဲ့ပေမဲ့ ပြည်နယ်ပြင်ပထွက်သူတွေရယ်လို့ သီးခြားခွဲပြီး ဖမ်းဆီးခဲ့တာ မဟုတ်တာကြောင့် ဖမ်းဆီးတဲ့အထဲ ကုန်သည်အများအပြား ပါဝင်ခဲ့တာပါ။
ရခိုင်လူထုဟာ အာရက္ခတပ်တော်က ပြဋ္ဌာန်းတဲ့ စစ်မှုထမ်းခေါ်ယူမှု (NDEP)ကို အရင်းခံစိတ်အရ လက်ခံကြပေမဲ့ ကျင့်သုံးတဲ့စနစ်ကြောင့် မလိုလားတာတွေ ရှိလာခဲ့တာလို့ ကြားသိရပါတယ်။ ကုန်စည်လမ်းကြောင်းတွေမှာ ဖမ်းဆီးတဲ့ဖြစ်စဉ်မျိုးတွေမှာဆိုရင် NDEP ဟာ အတော်ကို ရုပ်ဆိုးအကျည်းတန်ခဲ့ပါတယ်။ ရခိုင်လူထုဟာ မိမိနေအိမ်ကနေ တရားဝင်ခေါ်ယူတဲ့ စစ်မှုထမ်းမှုကို လက်ခံပေမဲ့ လမ်းခုလတ်ကနေ ဖမ်းဆီးခေါ်ဆောင်သွားတာ၊ မိသားစုဝင်တွေနဲ့ ဆက်သွယ်ခွင့်မရတာ၊ ဖမ်းဆီးခေါ်ဆောင်ခံရသူတွေဟာ စစ်မှုထမ်းကာလ သတ်မှတ်ချက်မရှိဘဲ စစ်ထဲဝင်ကြရတာ စတဲ့အခြေအနေတွေကိုတော့ ရှုတ်ချကြတာ တွေ့ရပါတယ်။
နောက်ပြီး အထက်က ပြောခဲ့သလို စစ်မှုထမ်းကာလအတွင်း မိသားစုစားဝတ်နေရေးအာမခံချက် မရှိတာဟာ NDEP ကို ရှောင်ရှားဖို့ တွန်းအားတခု ဖြစ်စေပါတယ်။ ဒါ့အပြင် စစ်မှုထမ်းကာလ ကျန်းမာရေးအခြေအနေတွေအတွက် အာမခံချက်၊ မိသားစုဝင်တွေနဲ့ ဆက်သွယ်ခွင့်၊ တာဝန်ထမ်းဆောင်ရမယ့်နေရာ စတဲ့အရာတွေအတွက် လူထုရဲ့ သိရှိခွင့်နဲ့ ရပိုင်ခွင့်တွေ နည်းပါးခဲ့ပါတယ်။ စစ်မှုထမ်းပါသွားသူနဲ့ အဆက်အသွယ်မရတော့တာ၊ ကျန်းမာရေးမကောင်းပေမဲ့ အိမ်ပြန်ခွင့်မရတာ၊ ၄၅ ရက်တာ စစ်သင်တန်း တက်ရောက်ထားသူတွေကို တိုက်ပွဲဧရိယာတွေကို ပို့တာ စတာတွေကြောင့် NDEP ကို ရခိုင်လူထုအနေနဲ့ ကြောက်ရွံ့မှု ပိုစေခဲ့တာ ဖြစ်ပါတယ်။
ရခိုင်လူထုအကြားမှာတောင် စိုးရိမ်စိတ်ရှိတဲ့ စစ်မှုထမ်းစုဆောင်းရေးဟာ အခြားလူ့အသိုက်အဝန်းတွေကိုပါ သက်ရောက်မှု ရှိလာတဲ့အခါမှာတော့ တင်းမာမှုတွေ ပိုကျယ်ပြန့်လာခဲ့ပါတယ်။ ၂၀၂၆ ခုနှစ်၊ မေလ ၂၃ ရက်နေ့တုန်းက ULA/AA က ဒိုင်းနက် (သက္ကမ) လူမျိုးတွေ အဓိကနေထိုင်တဲ့ မောင်တောမြို့နယ်၊ သင်္ဘောလှကျေးရွာမှာ စစ်မှုထမ်းစုဆောင်းရာကနေ ဒေသခံတွေနဲ့ ULA/AA တပ်ဖွဲ့ဝင်တွေအကြား ပဋိပက္ခတချို့ ဖြစ်ပွားခဲ့ပြီး ဒေသခံ ၁၀၀ ကျော်လောက် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။ | 479 |
| 11 | Sin texto... | 470 |
| 12 | စစ်အာဏာရှင်များ၏ သမိုင်းလိမ်ဗျူဟာ
______
■ ရိပ်ဝေ
[ရိပ်ဝေသည် တော်လှန်ရေးနယ်မြေများအတွင်း အုပ်ချုပ်ရေး၊ လုံခြုံရေးနှင့် အသိပညာမျှဝေရေးလုပ်ငန်းများ ဆောင်ရွက်နေသည်]
'သွေးသစ္စာ' (အရေးကြီးပြီ) ဆိုတဲ့ သမိုင်းဝင် တော်လှန်ရေးသီချင်းကို စစ်ကောင်စီပိုင် မြဝတီရုပ်သံလိုင်းကနေ ‘စစ်သားသွေးနီ ရှေ့သို့ချီ’ ဆိုပြီး စာသားတွေ အတင်းညှပ်၊ အသံအရည်အသွေးကို ဒစ်ဂျစ်တယ်နည်းပညာနဲ့ တမင်နိမ့်သွားအောင်လုပ်ပြီး ၁၉၆၀ ပြည့်နှစ်ဝန်းကျင်က ဓာတ်ပြားဟောင်းသီချင်းရယ်လို့ မကြာသေးမီရက်ပိုင်းက ထုတ်လွှင့်ခဲ့ပါတယ်။ အများသိကြတဲ့ ဒီသီချင်းကို ၁၉၈၉ ခုနှစ်မှာ (ကို)ထူးအိမ်သင် တောခိုစဉ် (ABSDF စခန်းတခုမှာ) ကိုယ်တိုင် ရေးသားခဲ့တာဖြစ်ပြီး ၁၉၉၁ ခုနှစ်မှာ (ကို)မွန်းအောင်က ဘန်ကောက်မှာ အသံသွင်း၊ ၁၉၉၂ ခုနှစ်မှာ မြန်မာပြည်ထဲ လျှို့ဝှက်ဖြန့်ခဲ့တာလို့ အဆိုတော် (ကို)မွန်းအောင်ကိုယ်တိုင်ကလည်း အခိုင်အမာ ပြောခဲ့ပါတယ်။ ဒီလို လုပ်ရပ်ဟာ အခုမှမဟုတ်ဘဲ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်တုန်းကလည်း ဒီသီချင်းကိုပဲ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ စစ်တပ်က သူတို့ရဲ့ဝါဒဖြန့်ချိရေးသီချင်းအဖြစ် ပြုပြင်ပြောင်းလဲဖို့ ကြိုးစားခဲ့ကြသေးတယ်လို့လည်း ဆိုပါတယ်။
ဒီနေ့ခေတ်မှာ အသံ (audio) နည်းပညာအကြောင်း နည်းနည်းပါးပါး နားလည်သူပဲဖြစ်ဖြစ်၊ သမိုင်းကြောင်းကို စိတ်ဝင်စားသူပဲဖြစ်ဖြစ် ဒါဟာ 'သွေးသစ္စာ' သီချင်းကို စစ်တပ်က ပုံမှားရိုက်ကူးချပြီး သမိုင်းအလိမ်အညာတခု ဖန်တီးနေတာဖြစ်ကြောင်း ချက်ချင်းသိနိုင်ပါတယ်။ ဒါပေမဲ့ ဒီနေရာမှာ ကျနော်တို့ သတိထားဖို့လိုအပ်တဲ့ အန္တရာယ်ကြီးတခု ရှိနေပါတယ်။ အဲဒါကတော့ စစ်အာဏာရှင်တွေရဲ့ ဝါဒဖြန့်ချိရေးတွေဟာ စဉ်းစားနိုင်စွမ်းရှိသူတွေကို ရည်ရွယ်တာ မဟုတ်ဘူးဆိုတာပါပဲ။
အာဏာရှင်တွေရဲ့ ဗျူဟာက ရေရှည်ပစ်မှတ် (long-term target) ကို သွားတာပါ။ သူတို့ရဲ့ပစ်မှတ်က ဝေဖန်ပိုင်းခြားနိုင်စွမ်းမရှိတဲ့သူတွေနဲ့ နောက်လာမယ့် မျိုးဆက်သစ်တွေပါ။ မြန်မာ့သမိုင်းမှာ အမှားကြာရင် အမှန်ဖြစ်သွားတတ်တဲ့ သာဓကတွေ အများကြီး ရှိခဲ့ဖူးပါတယ်။ ဦးနေဝင်းခေတ်က စလို့ စစ်အာဏာရှင်အဆက်ဆက်ဟာ သမိုင်းအစစ်အမှန်တွေကို ဖျောက်ဖျက်ပြီး သူတို့စိတ်ကြိုက် သမိုင်းအတုတွေကို ကျောင်းသင်ရိုးညွှန်းတမ်းတွေထဲအထိ ထည့်သွင်းတဲ့နည်းနဲ့ လူထုကို မှိုင်းတိုက်ခဲ့ကြပါတယ်။
၁၉၅၈ ခုနှစ်မှာ အိမ်စောင့်အစိုးရ ဖွဲ့တာ၊ ၁၉၆၂ ခုနှစ်မှာ အာဏာသိမ်းတာတွေကို "နိုင်ငံရေးသမားတွေ ညံ့ဖျင်းလို့ တိုင်းပြည်ကွဲအက်တော့မယ့်ဘေးကနေ တပ်မတော်ကပဲ ကယ်တင်ခဲ့ရတာ" ဆိုပြီး သမိုင်းစာအုပ်တွေထဲမှာ ဆယ်စုနှစ်ချီ ရိုက်သွင်းခဲ့ပါတယ်။ တကယ်တမ်း စစ်တပ်ကြောင့် တိုင်းပြည်ခမျာ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ (LDC) ဘဝအထိ ရောက်ခဲ့ရတာကိုတော့ ဖုံးကွယ်ထားခဲ့ကြပါတယ်။
အခုလည်း ဒီလိုပါပဲ။ အခုအချိန်မှာ ကျနော်တို့က စစ်တပ်ဟာ သီချင်းကို ခိုးထားမှန်းလည်း သိနေ၊ ရယ်လည်း ရယ်နေကြပေမဲ့ နောက်အနှစ် နှစ်ဆယ်၊ သုံးဆယ်မှာ ပေါ်လာမယ့် မျိုးဆက်သစ်တွေဟာ သူတို့မျက်စိနဲ့ ခဏခဏ မြင်နေရ၊ ရုပ်သံလိုင်းတွေမှာ ခဏခဏ ကြားနေရတဲ့အရာကိုပဲ အမှန်တရားလို့ ထင်မှတ်သွားကြပါလိမ့်မယ်။ အခုလို ပြည်သူတွေ ဖန်တီးထားတဲ့ ပြည်သူတွေရဲ့ ရင်ထဲမှာ အမြစ်တွယ်နေတဲ့ အနုပညာကို စစ်တပ်က အတင်းအဓမ္မ ခိုးယူနေရခြင်းဟာ သူတို့မှာ လူထုကို ဆွဲဆောင်နိုင်တဲ့ ကိုယ်ပိုင် soft power (အနုနည်းနဲ့ စည်းရုံးနိုင်တဲ့ အာဏာ) မရှိတော့ဘဲ စိတ်ဓာတ်ပိုင်းဆိုင်ရာ အောက်ခြေအထိ ပြိုလဲနေပြီဆိုတာကို ပြသနေပါတယ်။
ဒါကြောင့်မို့လို့ ကျနော်တို့ဘက်က အာဏာရှင်ကို တိုက်ထုတ်တဲ့နေရာမှာ လက်နက်ကိုင်တော်လှန်ရေး (hard power) တင်မကဘဲ အနုပညာ၊ စာပေ၊ သမိုင်းအထောက်အထားနဲ့ ယဉ်ကျေးမှုဆိုင်ရာ တော်လှန်ရေး (soft power) မှာလည်း အားကောင်းမောင်းသန် ရှိနေဖို့ အထူးလိုအပ်ပါတယ်။ အာဏာရှင်တွေရဲ့ သမိုင်းလိမ်လည်မှုတွေကို အနိုင်ယူဖို့ဆိုရင် ကျနော်တို့ဘက်က ပိုမိုအားကောင်းပြီး ပိုမိုစစ်မှန်တဲ့ အနုပညာဖန်တီးမှုအသစ်တွေနဲ့ လူထုကြားထဲ၊ မျိုးဆက်သစ်တွေကြားထဲမှာ အမြဲတမ်း ရှင်သန်လွှမ်းမိုးနေအောင် လုပ်ဆောင်ရပါမယ်။
နိဂုံးချုပ်ရရင် (ကို)မွန်းအောင် ပြောသလို အတုအယောင် ဓာတ်ပြားတွေနဲ့ သမိုင်းကို လိမ်ညာဖို့ ဘယ်လောက်ပဲ ကြိုးစားပါစေ၊ အနုပညာရှင်ရဲ့ စစ်မှန်တဲ့ ဝိညာဉ်နဲ့ သက်ရှိထင်ရှား သမိုင်းသက်သေတွေ ရှိနေသရွေ့ အတုဟာ အစစ်ကို ဘယ်တော့မှ မကျော်နိုင်ပါဘူး။ ဒါပေမဲ့ အတုက အစစ်ကို မကျော်နိုင်ဖို့ဆိုရင် အစစ်ကို ကိုင်စွဲထားတဲ့ ကျနော်တို့တတွေက ငြိမ်မနေဘဲ အမှန်တရားကို မျိုးဆက်တခုပြီးတခု လက်ဆင့်ကမ်း သယ်ဆောင်သွားနိုင်ဖို့ လိုပါလိမ့်မယ်။ ဒါမှသာ အာဏာရှင်တွေရဲ့ ရေရှည်ဝါဒမှိုင်း ထောင်ချောက်ထဲကနေ ကျနော်တို့ရဲ့ မျိုးဆက်သစ်တွေကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
[ယခုဆောင်းပါးသည် ISP-Myanmar ၏ အာဘော်မဟုတ်ဘဲ စာရေးသူ၏ အာဘော်သာဖြစ်ပါသည်။ ဆောင်းပါးကို ဖတ်ရှုအပြီး ဆင်ခြင်မိသည်များ၊ ပြန်လည်ချေပလိုသည်များ ရှိပါကလည်း တုံ့ပြန်ဆောင်းပါး (rebuttal article) ရေးသားပေးပို့နိုင်ပါသည်]
#ISP_Column | 391 |
| 13 | Sin texto... | 343 |
| 14 | စတေးခံလိုက်ရသော လုပ်အားများ
______
■ မောင်ငြိမ်းဇေ
[မောင်ငြိမ်းဇေသည် အဆင့်မြင့်ပညာရေး၊ နိုင်ငံရေးသိပ္ပံနှင့် လူမှုအဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများတွင် တက်ကြွစွာ ဆောင်ရွက်နေသူတဦး ဖြစ်သည်]
နိုင်ငံတကာမှာတော့ အလုပ်သမားတယောက်၊ ဒါမှမဟုတ် စေတနာ့ဝန်ထမ်းတယောက်ရဲ့ ရပိုင်ခွင့်၊ လုပ်ပိုင်ခွင့်နဲ့ အကျိုးခံစားခွင့်တွေကို တိတိပပ ချမှတ်ထားတဲ့ မူဝါဒတွေ အများကြီး ရှိပါတယ်။ မြန်မာနိုင်ငံအကြောင်းကို ပြန်ပြောရရင် စစ်အာဏာမသိမ်းခင်ကာလတုန်းကတော့ အလုပ်သမားတွေ၊ စေတနာ့ဝန်ထမ်းတွေနဲ့ ပတ်သက်တဲ့ကိစ္စမျိုးတွေမှာ တက်ကြွလှုပ်ရှားသူ (activist) တွေ၊ အရေးပါ အရာရောက်တဲ့သူတွေ ထုတ်ဖော်ပြောဆိုတဲ့အခါ အရွေ့တခု မြင်ခဲ့ရဖူးပါတယ်။ ဒါပေမဲ့ တကယ့်လက်တွေ့မှာတော့ အလုပ်သမားတွေ၊ စေတနာ့ဝန်ထမ်းတွေ ခေါင်းပုံဖြတ်ခံနေတာတွေ၊ လိင်ပိုင်းဆိုင်ရာ ထိပါးခံရတာတွေဟာ ဒီကနေ့အချိန်အထိ ဒုနဲ့ဒေး ရှိနေတုန်းပါပဲ။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းကာလအလွန်မှာတော့ တော်လှန်ရေးအတွက်ဆိုပြီး ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးနဲ့ နိုင်ငံရေးစတဲ့နယ်ပယ်စုံမှာ အဖွဲ့ပေါင်းများစွာ တအုန်းအုန်းပေါ်လာသလို အဲဒီအဖွဲ့တွေမှာ အလုပ်လုပ်တဲ့ လူငယ်တွေ၊ CDM တွေနဲ့ တော်လှန်ရေးနိုင်လိုစိတ်တခုတည်းပဲ ကြည့်တဲ့ အသိပညာရှင်၊ အတတ်ပညာရှင်တွေဟာလည်း ‘တော်လှန်ရေးအလုပ်’ ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ခေါင်းပုံဖြတ်ခံနေရတုန်းပါပဲ။ ခေါင်းတုံးပေါ်ထိပ်ကွက်ခံရတဲ့ စိတ်မကောင်းစရာ တော်လှန်ရေးကာလရဲ့ အကျည်းတန်မြင်ကွင်းတွေပါပဲ။ စာရေးသူကိုယ်တိုင်လည်း တော်လှန်ရေးကာလ အစကနေ နိုင်ရာပိုင်ရာအဖွဲ့တွေမှာ စေတနာ့ဝန်ထမ်း (volunteer) အနေနဲ့ တတ်နိုင်သလောက် ကူဖို့ကြိုးစားရင်း ဝန်ထမ်းတွေ၊ စေတနာ့ဝန်ထမ်းတွေအပေါ် ခေါင်းပုံဖြတ်နေတာတွေကို မနည်းမနော မြင်ခဲ့ကြားခဲ့ရပါတယ်။
တော်လှန်ရေးကာလနောက်ပိုင်းမှာ ဖွင့်တဲ့ ကျောင်းတကျောင်းမှာ ကြုံခဲ့ရတာဆိုရင်လည်း အလုပ်အတွေ့အကြုံမရှိတဲ့ လူငယ်တွေနဲ့ CDM ဆရာ၊ ဆရာမတွေကို လစာနည်းနည်းနဲ့ အလုပ်တွေ အများကြီး ခိုင်းတာမျိုးတွေ၊ လုပ်ငန်းခွင်ဆိုင်ရာ ကျင့်ဝတ်မရှိတာမျိုးတွေ၊ ‘တော်လှန်ရေး’ ခေါင်းစဉ်ကို အသုံးချပြီး လူပုဂ္ဂိုလ်တဦး (ဒါမှမဟုတ်) လူတစုရဲ့ အကျိုးစီးပွားအတွက် ခေါင်းပုံဖြတ်ချင်တာမျိုးတွေကို မြင်ခဲ့ တွေ့ခဲ့ ကြားခဲ့ရဖူးပါတယ်။ တော်လှန်ရေးအတွက် ပေးဆပ်ချင်တဲ့ လူငယ်တွေ၊ တော်လှန်ရေးနိုင်ဖို့အတွက် အလုပ်လုပ်ပေးလိုတဲ့ လူတွေကို စကားလှလှတွေ သုံးပြီး ကိုယ်ကျိုးစီးပွားရှာကြတဲ့ ပညာတတ်လူတန်းစားတွေလို့ပဲ ဆိုကြရပါမယ်။
လုပ်ငန်းခွင်အတွေ့အကြုံမရှိသေးတဲ့ လူငယ်တွေကို လုပ်ငန်းခွင်နဲ့ပတ်သက်ပြီး သင်ပေးမယ်။ ပညာသင်ဆုတွေရဖို့ ကူပေးမယ်။ တော်လှန်ရေး၊ နိုင်ငံပြန်လည်တည်ဆောက်ရေးကိုလည်း ကူညီရာရောက်မယ်ဆိုပြီး ရာထူးကြီးကြီးယူထားသူတွေရဲ့ မမျှမတ အလုပ်စေခိုင်းတာတွေ၊ လစာနည်းနည်းပဲ ပေးတာတွေကို ခံစားနေရပေမဲ့ ထုတ်ဖော်ပြောဆိုဖို့ မဝံ့မရဲ ဖြစ်တာတွေကိုလည်း မြင်တွေ့နေရပါတယ်။ များသောအားဖြင့် အဲဒီအဖွဲ့အစည်းတွေကို ဦးဆောင်နေသူတွေဟာ တော်လှန်ရေးမှာဖြစ်ဖြစ်၊ အရပ်ဘက်အဖွဲ့အစည်းတွေမှာဖြစ်ဖြစ် လက်တံရှည်သူတွေ၊ အချိတ်အဆက်များသူတွေ ဖြစ်တာကြောင့် “ငါတို့ကိုများ တခုခုလုပ်ရင် ဘယ်လိုလုပ်မလဲ”၊ “ငါ နောက်ထပ်အလုပ် ရှာရခက်သွားမလား”၊ “ငါ့ကို ဒီအသိုင်းအဝိုင်း (community) ကနေ ပယ်ထားရင်ရော ဘယ်လိုလုပ်မလဲ“ စတဲ့ အတွေးတွေကြောင့် ထုတ်ဖော်ဖို့ ခက်ခဲကြောင်း အမြတ်ထုတ်ခံရသူတွေဆီကနေ ကြားဖူးပါတယ်။
ပညာရေးဘက်မှာသာမကဘဲ အခြားကဏ္ဍတွေမှာလည်း လူပေါင်းများစွာဟာ ‘တော်လှန်ရေး’ ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ မိမိတို့လုပ်အားအတွက် အကျိုးအမြတ်တခုတလေတောင် မရဘဲ အမြတ်ထုတ်ခံနေရဆဲပါပဲ။ ဒါကို လတ်တလော ဖြစ်ပေါ်နေတဲ့ ပြဿနာတွေကို ကြည့်ခြင်းအားဖြင့် မျက်ဝါးထင်ထင် မြင်တွေ့နေရဆဲပါပဲ။ ပိုဆိုးတာကတော့ နိုင်ငံရေးအရရော ဥပဒေအရပါ အရေးယူမှုတွေ တင်းတင်းကျပ်ကျပ် မလုပ်ဆောင်နိုင်သေးတဲ့ ဒီလိုအချိန်ကာလမှာ ဝန်ထမ်းတွေအနေနဲ့ ထုတ်ဖော်ပြောဆိုမှု မလုပ်ရဲတဲ့အတွက် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာအနာတရတွေ ပိုတိုးပွားလာမှာကို စိုးရိမ်မိပါတယ်။
အများပြောသလို နောက်ပြန်မလှည့်တော့ဘူးဆိုတဲ့ တော်လှန်ရေးပဲ ဆိုဆို၊ သွေးကြွေးမှာ ဆွေးနွေးစရာ မရှိဘူးပဲ အော်အော်၊ လတ်တလောကာလမှာ လူငယ်တွေ၊ CDM တွေ၊ တတ်သိပညာရှင်တွေရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ သွေးယိုစိမ့်မှုတွေကိုရော ဘယ်အစိုးရရဲ့ ဘယ်ဝန်ကြီးဌာနကို တိုင်ရမလဲ၊ ဘယ်အဖွဲ့အစည်းက တာဝန်ယူမလဲ၊ ဘယ်တော်လှန်ရေးဆယ်လီက ထုတ်ဖော်ပြောဆိုမလဲဆိုတာ စောင့်ကြည့်နေရဆဲပါပဲ။
[ယခုဆောင်းပါးသည် ISP-Myanmar ၏ အာဘော်မဟုတ်ဘဲ စာရေးသူ၏ အာဘော်သာဖြစ်ပါသည်။ ဆောင်းပါးကို ဖတ်ရှုအပြီး ဆင်ခြင်မိသည်များ၊ ပြန်လည်ချေပလိုသည်များ ရှိပါကလည်း တုံ့ပြန်ဆောင်းပါး (rebuttal article) ရေးသားပေးပို့နိုင်ပါသည်]
#ISP_Column | 468 |
| 15 | Sin texto... | 896 |
| 16 | စွမ်းအင်လောင်စာအကျပ်အတည်း ဘယ်လိုရှင်သန်ကြမလဲ
______
30 Minutes with the ISP (အမှတ်-၁၄)
မေ ၂၃ ရက် (စနေနေ့)၊ ၂၀၂၆ ခုနှစ်
မြန်မာစံတော်ချိန် မွန်းလွဲ ၃:၀၀-၃:၃၀ နာရီ
ISP-Myanmar ရဲ့ လူငယ်သုတေသီတွေက Zoom ကတဆင့် အွန်လိုင်းစနစ်နဲ့ မိနစ် ၃၀ ကြာ တင်ပြမှာဖြစ်ပြီး အောက်က link မှာ ကြိုတင်စာရင်းပေးထားလို့ ရပါတယ်။
https://ispmyanmar.com/community/events/ev-16/
■ အယူအဆမှတ်စု
မကြာသေးမီက ကျင်းပပြီးစီးခဲ့တဲ့ အာဆီယံထိပ်သီးအစည်းအဝေးမှာ ခေါင်းခဲကြရတာဟာ ဒေသတွင်း စွမ်းအင်လောင်စာအကျပ်အတည်းနဲ့ စားနပ်ရိက္ခာလုံခြုံမှု ပြဿနာတွေ ဖြစ်ပါတယ်။ စွမ်းအင်လောင်စာအကျပ်အတည်းက ၂၀၂၆ ခုနှစ် အီရန်စစ်ပွဲနဲ့အတူ ဟောမုဇ်ရေလက်ကြားပိတ်ဆို့မှုနောက်ပိုင်း ဖြစ်လာခဲ့တာပါ။ အာဆီယံနိုင်ငံတွေရဲ့ ရေနံတင်သွင်းမှု အများစု (၅၆ ရာခိုင်နှုန်းခန့်) ဟာ တင်းမာမှုဖြစ်နေတဲ့ အရှေ့အလယ်ပိုင်းဒေသ၊ ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းပြီးလာနေရတာပါ။ ဒီလိုနဲ့ လောင်စာစျေးနှုန်း မြင့်တက်မှု၊ ရောင်းဝယ်မှုနဲ့ စွမ်းအင်ပြတ်လပ်မှု ဖြစ်လာပါတယ်။
နိုင်ငံအလိုက် သက်ရောက်ထိခိုက်မှုတွေမှာ ဖိလစ်ပိုင်နိုင်ငံက အဆိုးဆုံးထိခိုက်ခံရတဲ့ နိုင်ငံတခု ဖြစ်နေပါတယ်။ ရေနံ ၉၀ ရာခိုင်နှုန်းကို အရှေ့အလယ်ပိုင်းကနေ တင်သွင်းပြီး သိုလှောင်နိုင်စွမ်းက ရက်အနည်းငယ်ပဲရှိပါတယ်။ “တနိုင်ငံလုံး စွမ်းအင် အရေးပေါ်အခြေ အနေ”လို့ မတ် ၂၄ ရက်မှာ ကြေညာထားပါတယ်။ မြန်မာနိုင်ငံအဖို့ စွမ်းအင်အကျပ်အတည်းက အပူပေါ်အပူဆင့်တဲ့ နောက်တိုးပြဿနာပါပဲ။ နိုင်ငံဟာ မတည်ငြိမ်မှုနဲ့ ချည့်နဲ့ပြိုကွဲလွယ် အခြေအနေဖြစ်နေတာမို့ ဆတိုးထိခိုက်မှုတွေ ပိုကြုံလာရဖွယ် ရှိနေပါတယ်။ မြန်မာနိုင်ငံဟာ ကမ္ဘာ့အချည့်နဲ့ဆုံးနိုင်ငံတွေထဲပါနေပြီး ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးကတည်းက ပိုဆိုးလာနေပါတယ်။ ပြည်တွင်းစစ် ပဋိပက္ခမီး ဆက်လက်တောက်လောင်နေဆဲပါ။ နိုင်ငံ စီးပွားရေးကလည်း ချည့်နဲ့နေပြီး ၂၀၂၅-၂၆ ဘဏ္ဍာနှစ်မှာ စီးပွားဖွံ့ဖြိုးမှု နှစ်ရာခိုင်နှုန်းကျုံ့သွားပါတယ်။ လာမယ့် ၂၀၂၆-၂၇ ဘဏ္ဍာနှစ်မှာ ၂ ဒသမ ၃ ရာခိုင်နှုန်းတိုးမယ် ဆိုပေမဲ့ ကိုဗစ်-၁၉ ကပ်ဘေး မတိုင်မီကာလ စီးပွားရေးဖွံ့ဖြိုးမှုကိုမှီဖို့ အတော်ရုန်းကန်ရပါဦးမယ်။ စစ်ကိုင်း-မန္တလေး ငလျင်ကြီးဒဏ်သင့်ခဲ့လို့ ထိခိုက်နစ်နာရတာတွေလည်း ရှိခဲ့ပါတယ်။ စိုက်ပျိုးရေးကဏ္ဍ ထုတ်လုပ်မှု ကျဆင်းနေရဆဲဖြစ်ပြီး ရေနံလောင်စာရှားပါးမှုနဲ့အတူ သွင်းအားစု ဓာတ်မြေဩဇာရဖို့လည်း ခက်ခဲတဲ့အပြင် ဈေးနှုန်းကြီးမြင့်တာကိုလည်း ရင်ဆိုင်ရဦးမှာပါ။ ပြင်းထန်တဲ့ရာသီဥတုကြောင့် ပိုလို့ ထိခိုက်နစ်နာဖွယ်အကြောင်း ရှိနေပါသေးတယ်။ အဲဒါအပြင် မူဝါဒအရ ကုန်သွယ်မှုတွေ တင်းကျပ်ပိတ်ဆို့ထားမှု၊ လွဲမှားတဲ့ စီမံခန့်ခွဲမှုတွေကြောင့် အဆိုးတွေချည်း စုပြုံပြီးကြုံကြရတာမျိုးလည်း ဖြစ်နိုင်ပါသေးတယ်။ မူလကတည်းက ဆင်းရဲမွဲတေမှု မြင့်မားနေတာရယ်၊ နိုင်ငံတကာပြစ်ဒဏ်ခတ်မှုနဲ့ အထီးကျန်မှုတွေကြောင့်လည်း ပိုပြီး ထိခိုက်သက်ရောက်နိုင်ပါတယ်။
ဒီအခြေအနေဆိုးကို ဘယ်လို ရင်ဆိုင်ဖြတ်သန်းနေကြရသလဲဆိုတာကို ISP-Myanmar ရဲ့ လူငယ်သုတေသီတွေက ဆန်းစစ်လေ့လာခဲ့ပါတယ်။ အခုကြုံနေရတဲ့ လောင်စာအကျပ်အတည်းကြောင့် အခြေခံလူတန်းစားတွေ ပိုလို့ထိခိုက်နစ်နာနေကြပါတယ်။ သက်ရောက်မှုတွေကတော့ ကြီးပါတယ်။ စီးပွားရေးတိုးတက်မှု ပိုနှေးကွေးလာပြီး ဆင်းရဲနွမ်းပါးမှု ပိုတိုးလာနိုင်ပါတယ်။ စီးပွားရေးပြိုလဲမှုနဲ့ ရေရှည် စီးပွားရေး ကျုံ့ဝင်နိမ့်ကျမှုတွေလည်း ဖြစ်နိုင်ပါတယ်။ ပဋိပက္ခမီး ပြန်တောက်လောင်လာနိုင်သလို အလုပ်လက်မဲ့များလာပြီး အိုးအိမ်စွန့်ပစ် ပြောင်းရွှေ့အခြေချမှုတွေလည်း မြင့်မားလာနိုင်ပါတယ်။ စိုက်ပျိုးရေးနဲ့ စားနပ်ရိက္ခာ လုံခြုံမှုကိုလည်း သက်ရောက်နိုင်ပါတယ်။ လူမှုရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်း ပိုဆိုးနိုင်ပါတယ်။ မတည်ငြိမ်မှု ပိုများလာ၊ သဘာဝပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးရမှုတွေလည်း ပိုကြုံနိုင်ပါတယ်။ ပြောရရင်တော့ လောင်စာအကျပ်အတည်းကနေ ချည့်နဲ့နေတဲ့ နိုင်ငံတခုမှာ အကျပ်အတည်းပေါင်းစုံ (polycrisis) အထိကို ဖြစ်စေနိုင်ပါတယ်။ လွယ်ကူတဲ့ မူဝါဒအဖြေတွေတော့ ရှိမနေပါဘူး။ လူထုရဲ့ဒုက္ခက ဘာတွေလဲဆိုတာနဲ့ ဘယ်လို ရုန်းကန်ရှင်သန်ကြမလဲဆိုတာကို ဒီတပတ် ‘ISP နှင့်အတူ မိနစ် ၃၀’အစီအစဉ် (အမှတ် ၁၄) မှာ ISP-Myanmar ရဲ့ လူငယ်သုတေသီတွေက ဆွေးနွေးကြပါမယ်။ ပါဝင်ဆွေးနွေးကြဖို့ ဖိတ်ခေါ်ပါရစေ။
#30mins_with_the_isp | 760 |
| 17 | Sin texto... | 686 |
| 18 | အမေက ဆက်ပြောသေးတယ်။ အခု မပြောကောင်းမဆိုကောင်း ငါသေသွားလို့ ရှိရင် မှတ်ပင်အောက်ကို ရောက်အောင်သွားမှာ။ မေ့ပင်အောက်က အသံတွေ၊ ဆွဲဆောင်မှုရှိတဲ့ မြင်ကွင်းတွေကို ကျော်ဖို့အတွက် နားနဲ့ မျက်စိကို ပိတ်ပြီး မှတ်ပင်အောက်ကို ရောက်တဲ့အထိ သွားမယ်လို့ ဆိုပါတယ်။ ဘာကြောင့်လဲဆိုရင် မင်းတို့ကို စိတ်မချလို့ပေါ့။ အမေ့အသံဟာ ရှိုက်ငင် တိမ်ဝင်သွားခဲ့တယ်။
အမေအသက် ၄၀ ကျော်မှာ ကျနော့်ကို မွေးခဲ့တယ်။ အခုတော့ အမေဟာ အသက် ၈၀ ကျော်ခဲ့ပြီ။ အိုခြင်းဝေဒနာတွေနဲ့ အထီးကျန်ဝေဒနာတွေဟာ အမေ့ဆီကို တစတစ ချဉ်းကပ်လာနေကြပြီ။ အခုတလော အမေက ကျနော့်ဆီ မကြာမကြာ ဖုန်းဆက်တယ်။ ရိုးမတဖက်က အမေအိုဟာ ကျနော့်မျက်နှာကို မြင်ချင်လွန်းလို့ အင်တာနက်ဖိုး ငွေ ၅,၀၀၀ ကျပ် ပေးရတယ်။ နောက်ပြီးတော့ ကျနော့်ကို မှာတယ်။ မင်းလာလို့မရဘူးလား၊ ငါသေရင် ဘယ်သူမှ ငါ့အနားရှိကြမှာ မဟုတ်ဘူးလို့ ရှိုက်ငင်သံတွေနဲ့ ပြောရှာတယ်။
စစ်ပွဲကြီးတွေထဲမှာ အထီးကျန်စွာနဲ့ အသက်ရှင်သန်ခဲ့တဲ့ အမေဟာ အခုလည်း အထီးကျန်စွာနဲ့ပဲ ကျနော့်ကို အိမ်ပြန်လာဖို့ ခေါ်နေတာပါ။ ရိုးမကိုကျော်ဖို့ သိန်းနှစ်ဆယ်၊ အစိတ်ဆိုတာဟာ လက်ရှိကျနော့်ဘဝမှာ ဘယ်လိုမှ မတတ်နိုင်တဲ့အရာ။ ဒါကြောင့် အမေ ဖုန်းဆက်ခေါ်တိုင်း သီတင်းကျွတ်အလွန်၊ သင်္ကြန်အလွန်ဆိုပြီး မုသားကို မျက်ရည်တွေနဲ့ ကျနော် ဆိုခဲ့ရဖူးပါတယ်။
တကယ်တော့ ကျနော် သိပ်လာချင်တာပေါ့ အမေ။ ဒုက္ခတွေနဲ့ အာရက္ခပြည်ကြီးထဲမှာ အမေနဲ့အတူ ဒုက္ခတွေ ခံနေလိုက်ချင်ပါတယ်။ ဒါပေမဲ့ အခုလောလောဆယ် ကျနော်ရှင်သန်ရတာကလည်း အလွန်ခက်ပါတယ်။ စာလေး၊ ပေလေး မတောက်တခေါက်ရေးပြီး ဝမ်းရေးကို ဖြတ်သန်းရတဲ့ ကျနော်ဟာ အမေ့ဆီပြန်လာဖို့ လိုအပ်တဲ့ငွေကို အခုထိ စုဆောင်းမရသေးပါဘူး။ တခါတရံ ညလုံးပေါက် မအိပ်ဘဲရေးတဲ့ စာမူတွေကို အယ်ဒီတာတွေ မကြိုက်လို့ရှိရင် ကျနော့်မှာ စာမူခလေး မရရှာပါဘူး။ တခါတရံမှာ ရေးလိုက်တဲ့စာမူတွေကို ပြန်ပြင်ပါဆိုလို့ သုံးလေးကြိမ်အထိ ပြန်ပြန်ရေးရပါတယ်။ တခါတရံမှာတော့ သတင်းမီဒီယာတွေကလည်း အကုန်လုံးခက်ခဲနေကြတဲ့အတွက် စာမူခလေးတွေ မပေးနိုင်ကြရှာပါဘူး။ ဘဝတူတွေမို့ ကိုယ်ချင်းစာပါတယ်။ ဒါပေမဲ့ ကြိုးစားပြီးတော့ ကျနော် ရေးနေဆဲပါ အမေ။
အခုတော့ အရင်လို အမေ့ကို ကျနော် မညာချင်တော့ပါဘူး။ ကျနော် ပြန်လာခဲ့ပါ့မယ် အမေ။ ဘယ်တော့လဲဆိုတဲ့ ကတိကိုတော့ ကျနော် မပေးနိုင်သေးပါဘူး။ တကယ်လို့ ဒီစပ်ကြားထဲ ကျနော် ရောက်မလာခင် အမေသာ တခုခု ဖြစ်ခဲ့ရင်လည်း ငယ်ငယ်က ပေးခဲ့တဲ့ ကတိအတိုင်း မှတ်ပင်အောက်ကို အရောက်သွားပြီး စောင့်ပေးပါ အမေ။
ကျနော်သာ အမေ့ထက်စောပြီး လောကကြီးက ထွက်ခွာခဲ့ရရင်လည်း အမေ့နည်းလမ်းအတိုင်း နားပိတ်၊ မျက်စိမှိတ်ပြီး မေ့ပင်ကို ကျော်ဖြတ်ပါ့မယ်။ မှတ်ပင်အောက်က စောင့်ပါ့မယ်။ ပြီးတော့လေ အမေ၊ စစ်အတွင်းမှာ ကောင်းကင်ကြီး ပြာတဲ့အကြောင်း၊ ကြယ်တွေနဲ့ စကြဝဠာပုံပြင်တွေအကြောင်းကို သိမသွားခဲ့တဲ့ ကလေးတွေ၊ ရက်ရက်စက်စက် သတ်ဖြတ်ခံလိုက်ကြရတဲ့ ပြည်သူတွေဟာ သူတို့ ဘာကြောင့် သတ်ဖြတ်ခံခဲ့ရတယ်ဆိုတာလေးတွေကို သိသွားကြအောင် မှတ်ပင်ကို အရောက်လာကြဖို့ တိုက်တွန်းကြမယ်။ ကံကောင်းရင်တော့ အဖေလည်း မှတ်ပင်အောက်က စောင့်နေပါလိမ့်မယ်။
အသက်ကို ဖက်ရွက်နဲ့ ထုပ်ပိုးထားရတဲ့ စစ်ပွဲအတွင်းမှာ ကတိကို လွယ်လွယ်မပေးရဲတော့ပါဘူး အမေ။ ကောင်းကင်ကို မော့မကြည့်ရဲတော့သလို သတင်းဆိုးတွေကိုလည်း မကြားလိုတော့ပါ။ ကျနော် ပေးနိုင်တဲ့ တခုတည်းသော ကတိကတော့ ရောက်အောင် ပြန်ခဲ့ပါ့မယ် ဆိုတာပါပဲ အမေ။
[ယခုဆောင်းပါးသည် ISP-Myanmar ၏ အာဘော်မဟုတ်ဘဲ စာရေးသူ၏ အာဘော်သာဖြစ်ပါသည်။ ဆောင်းပါးကို ဖတ်ရှုအပြီး ဆင်ခြင်မိသည်များ၊ ပြန်လည်ချေပလိုသည်များ ရှိပါကလည်း တုံ့ပြန်ဆောင်းပါး (rebuttal article) ရေးသားပေးပို့နိုင်ပါသည်]
#ISP_Column | 656 |
| 19 | မှတ်ပင်အောက်တွင် ပြန်ဆုံမည်
______
■ မောရဇော်
[မောရဇော်သည် ပြည်တွင်းတွင် နေထိုင်လျက်ရှိသည့် အလွတ်တန်းသတင်းစာဆရာဖြစ်သည်။]
နေအရမ်းပူလို့ အပြင်မထွက်ဖြစ်တာ ရက်အတော်ကြာခဲ့ပြီ။ ပုပ်သိုးနံစော်နေတဲ့ စနစ်အောက်မှာ အသက်ရှူကလည်း အရမ်းကျပ်လာတယ်။ သတင်းတွေကို ဝင်ဖတ်ကြည့်လိုက်ရင်တော့ ဗုံးတွေက မိုးရွာသလို ရွာနေကြ၊ အသက်တွေက ပန်းကြွေသလို ကြွေနေကြရရှာတယ်။ မြင်အပ်မမြင်အပ်၊ ကြားအပ်မကြားအပ်တာတွေကလည်း ဒုနဲ့ဒေးပါ။ ဒီတော့ နဂိုသောကကို ဖုံးဖိဖို့ အနိဋ္ဌာရုံတွေကို အာရုံလွှဲလိုက်တာဟာ အကောင်းဆုံးပဲ မဟုတ်လား။ ဒါပေမဲ့ စစ်မက်ထူပြောတဲ့ ကမ္ဘာမှာ ကျနော်တို့ရဲ့ အာရုံကို ရှောင်လွှဲဖို့ ခက်လိုက်တာ။ အခုတော့ ငယ်ဘဝတုန်းက အိပ်မက်တွေ ဖြစ်တည်ခဲ့တဲ့ ကောင်းကင်ကိုတောင် မော့မကြည့်ရဲလောက်တဲ့ အထိပါပဲ။
ငယ်ငယ်တုန်းကတော့ ဒီလိုပူအိုက်တဲ့ နွေညနေတွေမှာ သပေါ့ဖျာကလေးကို အိမ်ရှေ့ကွင်းပြင်မှာခင်းပြီး ကောင်းကင်ကို ငေးကြည့်နေခဲ့ကြတယ်။ အဖေ၊ အစ်ကိုနဲ့ ကျနော်ပေါ့။ လသာတဲ့ ညတွေဆိုရင် ခုနစ်စဉ်ကြယ် အမြီးလှည့်တဲ့အကြောင်းတွေ ပြောကြတယ်။ ကြယ်ဆိုင်းထမ်းကြီးသုံးလုံး ညီညီညာညာ တောက်ပနေတယ်၊ အဲဒီအနားလေးမှာပဲ ကြယ်ဆိုင်းထမ်းငယ်သုံးလုံးကလည်း မှိန်ဖျော့ဖျော့ စီတန်းနေတယ်လို့ အဖေက ပြောပြတယ်။ ဒီဆိုင်းထမ်းကြယ်နှစ်ခုမှာ အကြီးက ဖခင်ဖြစ်ပြီးတော့ အငယ်က သားလို့လည်း ဆိုတယ်။ သူတို့သားအဖနှစ်ယောက်ဟာ စပါးကောက်လှိုင်းတွေကို ထမ်းသယ်နေကြတာလို့လည်း ဆိုပြန်တယ်။
လပေါ်က ဆန်ဖွတ်နေတဲ့ အရိပ်ဟာ အမေနဲ့ သားငယ်လို့ ဆိုတယ်။ အဖေ့ရဲ့ ကောင်းကင်ဒဿနတွေဟာ ရွှေလမှာ ယုန်ဝပ်တဲ့အကြောင်း မဟုတ်ဘူး။ ဆိုလိုချင်တာက အဖေနဲ့ အစ်ကိုက စပါးကောက်လှိုင်းတွေ သယ်ကြတဲ့ ကြယ်ဆိုင်းထမ်းကြီးနဲ့ ကြယ်ဆိုင်းထမ်းငယ်။ စပါးတွေကို ဆုံထဲထည့်ပြီး ဆန်ဖြစ်အောင် ထောင်းတာက အမေ။ ကျနော်ကတော့ အမေ ဆန်ဖွပ်တဲ့အနားမှာ ထိုင်ရင်း ကြက်နှင်၊ ဘဲနှင်ပေါ့။
တခါတရံမှာတော့ နဂါးငွေ့တန်းကြီးအကြောင်းတွေကိုပါ ပြောပြသေးတယ်။ ကောင်းကင်ပေါ်မှာ နဂါးတကောင်လို တွန့်လိမ်နေတဲ့ အလင်းတန်းမှုန်မှုန်တခု ရှိတယ်။ ဒါကို နဂါးလို့ခေါ်ပြီးတော့ နဂါးအမြီး၊ ဦးခေါင်းတွေကို ရှင်းပြတယ်။ နဂါးပါးစပ်ကြီးက ဘယ်ဘက်ကို လှည့်နေရင် အိုးသစ်၊ အိမ်သစ်တွေ မတက်ရဘူး။ လူတွေ ထိခိုက်တတ်တယ်လို့ ဆိုတယ်။ တခါ ဓူဝံကြယ်ရဲ့ လမ်းပြမှုကြောင့် လမ်းမှန်ရောက်ခဲ့တဲ့ တောပျော်မုဆိုးတွေရဲ့ အကြောင်းကိုပါ မငြီးတမ်း နားထောင်ခဲ့ရတယ်။ အဖေ့စကြဝဠာသီအိုရီ ပြီးဆုံးချိန်မှာ ကျနော်က အဖေ့လက်ပေါ်မှာ အိပ်ပျော်သွားခဲ့ပါပြီ။
အခုလို ပူအိုက်တဲ့အချိန်တွေမှာ မြေတတင်းပေါ် သပေါ့ဖျာခင်းပြီး လေတဖြူးဖြူးနဲ့ အပူရှောင်ခဲ့ရတဲ့ ငယ်ဘဝက ကောင်းကင်ကြီးဟာ ငြိမ်းချမ်းနွေးထွေးခဲ့ပါတယ်။ အခုတော့ ကောင်းကင်ကြီးကို အသုံးချပြီး လူသတ်မှုကို ကျူးလွန်နေလိုက်ကြတာ နေ့စဉ်နဲ့အမျှပါပဲ။ ကြယ်ကို ကြယ်မှန်း သိခွင့်မရခဲ့တဲ့ ကလေးငယ်တွေဟာ ကောင်းကင်ကြီးကိုများ အပြစ်ဆိုလေကြမလား ကျနော် မသိ။ ဒါပေမဲ့ သူတို့ ဘာကြောင့် သေဆုံးသွားခဲ့ကြရတယ်ဆိုတာကို သိစေချင်လိုက်တာ။
ကျနော်တို့သားအဖတွေ သပေါ့ဖျာပေါ် ပက်လက်လှန်ပြီး ကောင်းကင်အကြောင်း၊ ကြယ်အကြောင်းတွေကို ပြောနေကြရင် အမေက ကုပ်ကုပ်ကလေးထိုင်ပြီး နားထောင်နေတတ်တယ်။ ဆေးပေါ့လိပ် ဖွာရင်း စကားဆိုက်ကျတဲ့အခါ အမေက ဝင်ပြောတတ်တယ်။ အမေပြောတဲ့အထဲ ‘မေ့ပင်’နဲ့ ‘မှတ်ပင်’ကို ကျနော် ကောင်းကောင်းမှတ်မိပါသေးတယ်။
လူတွေ သေဆုံးသွားကြရင် ဝိညာဉ်ဟာ မေ့ပင်နဲ့ မှတ်ပင်ဆိုတဲ့ အပင်နှစ်ပင်အောက်ကို အရင်ဆုံး ဖြတ်လျှောက်ကြရတယ်လို့ ဆိုတယ်။ ဒီသစ်ပင်နှစ်ပင်မှာ အရင်ဆုံး ဖြတ်ကြရတာကတော့ မေ့ပင်ပါ။ မေ့ပင်အောက်မှာ အလွန်ငြိမ့်ညောင်းတဲ့ တူရိယာတွေ၊ ချိုသာတဲ့ အသံတွေနဲ့ တီးမှုတ်ကခုန်လေ့ရှိကြတယ်။ ရေတံခွန်တွေ၊ ကျေးငှက်တွေ၊ ဥယျာဉ်ကြီးတွေရှိတယ်။ နောက်ပြီးတော့ စားစရာတွေကလည်း အလွယ်တကူရတယ်။ ဗိုက်ဆာရင် ဝင်စားရုံ၊ ရေဆာရင် ခပ်သောက်ရုံ။ ဒီလိုမျိုး ပြည့်စုံသာယာဖွယ်ကောင်းတဲ့အပင်လို့ ဆိုပါတယ်။ ဒါကြောင့်လည်း သေဆုံးသွားတဲ့ ဝိညာဉ်ဟာ မေ့ပင်အောက်ကို ရောက်ပြီဆိုရင် ကိုယ်လာတဲ့ အတိတ်ဘဝတွေကို မေ့သွားတတ်ကြတယ်လို့ ဆိုပါတယ်။
နောက်တပင်က မှတ်ပင်။ မေ့ပင်ကို ကျော်ဖြတ်သွားနိုင်ပြီဆိုရင် မှတ်ပင်အောက်ကို ဖြတ်ရတယ်။ မှတ်ပင်ဟာ မေ့ပင်လိုမျိုး မဟုတ်ဘဲ တကယ့်ကိုယ့်ဇာတိမြေလို၊ အိမ်လို၊ အမေ၊ အဖေနဲ့ မိသားစုဝင်တွေကို သတိရစေတဲ့ ရုပ်ပုံမျိုးတွေကို မြင်လာစေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် မှတ်ပင်အောက်ကို ရောက်ရင် လူတွေက ကိုယ်လာခဲ့တဲ့ ဘဝဟောင်းတွေကို သတိရကြပြီးတော့ ဘဝသစ်တခုမှာ ဝင်စားတဲ့အခါမှာလည်း အဖြစ်မှန်တွေကို ပြောနိုင်ကြတယ်လို့ ဆိုတယ်။ ဒါပေမဲ့ မှတ်ပင်အောက်ကို ရောက်ဖို့အတွက် မေ့ပင်ကို ဖြတ်ရတာဟာ မလွယ်ကူဘူး။ လူတသိန်းမှာ တယောက်လောက်ပဲ မေ့ပင်ကို ကျော်ပြီး မှတ်ပင်ကို ရောက်နိုင်တယ်လို့ ဆိုတယ်။ | 568 |
| 20 | Sin texto... | 637 |
¡Ya disponible! Investigación de Telegram 2025 — los principales insights del año 
