ar
Feedback
Institute for Strategy and Policy- Myanmar

Institute for Strategy and Policy- Myanmar

الذهاب إلى القناة على Telegram

The ISP-Myanmar is an independent, non-partisan, and nongovernmental think tank, which supports the advancement of democracy and good governance.

إظهار المزيد
4 490
المشتركون
لا توجد بيانات24 ساعات
-207 أيام
-4330 أيام

جاري تحميل البيانات...

سحابة العلامات
لا توجد بيانات
هل تواجه مشاكل؟ يرجى تحديث الصفحة أو الاتصال بمدير الدعم الخاص بنا.
الإشارات الواردة والصادرة
---
---
---
---
---
---
جذب المشتركين
أكتوبر '26
أكتوبر '260
في 0 قنوات
سبتمبر '26
+28
في 0 قنوات
Get PRO
أغسطس '26
+32
في 0 قنوات
Get PRO
يوليو '26
+22
في 0 قنوات
Get PRO
يونيو '26
+30
في 0 قنوات
Get PRO
مايو '26
+37
في 0 قنوات
Get PRO
أبريل '26
+27
في 0 قنوات
Get PRO
مارس '26
+24
في 0 قنوات
Get PRO
فبراير '26
+25
في 0 قنوات
Get PRO
يناير '26
+29
في 0 قنوات
Get PRO
ديسمبر '25
+28
في 0 قنوات
Get PRO
نوفمبر '25
+31
في 1 قنوات
Get PRO
أكتوبر '25
+33
في 0 قنوات
Get PRO
سبتمبر '25
+50
في 0 قنوات
Get PRO
أغسطس '25
+51
في 0 قنوات
Get PRO
يوليو '25
+116
في 0 قنوات
Get PRO
يونيو '25
+135
في 1 قنوات
Get PRO
مايو '25
+99
في 0 قنوات
Get PRO
أبريل '25
+120
في 1 قنوات
Get PRO
مارس '25
+249
في 1 قنوات
Get PRO
فبراير '25
+557
في 2 قنوات
Get PRO
يناير '25
+437
في 1 قنوات
Get PRO
ديسمبر '24
+138
في 1 قنوات
Get PRO
نوفمبر '24
+64
في 1 قنوات
Get PRO
أكتوبر '24
+505
في 5 قنوات
Get PRO
سبتمبر '24
+95
في 1 قنوات
Get PRO
أغسطس '24
+479
في 1 قنوات
Get PRO
يوليو '24
+49
في 0 قنوات
Get PRO
يونيو '24
+27
في 0 قنوات
Get PRO
مايو '24
+45
في 0 قنوات
Get PRO
أبريل '24
+372
في 1 قنوات
Get PRO
مارس '24
+670
في 1 قنوات
Get PRO
فبراير '24
+782
في 1 قنوات
Get PRO
يناير '24
+1 368
في 1 قنوات
Get PRO
ديسمبر '23
+105
في 1 قنوات
Get PRO
نوفمبر '23
+48
في 0 قنوات
Get PRO
أكتوبر '23
+329
في 0 قنوات
التاريخ
نمو المشتركين
الإشارات
القنوات
01 أكتوبر0
منشورات القناة
2
“You can't always get what you want You can't always get what you want You can't always get what you want But if you try sometimes, well, you might find You get what you need Ah, yeah Oh” မူရင်းသီချင်းကို ဒီမှာ ( https://youtu.be/yp1Ci_z7-KA?si=6vg2C_oDSb6EAiS9) နားထောင်ကြည့်ပါလို့ မျှဝေတိုက်တွန်းပါရစေ။ လိုချင်တာတွေ အမြဲမရနိုင်ဘူး။ တခါတလေ ကြိုးစားတွန်းကြည့်ရင် ကိုယ့်လိုအပ်ချက်ရတာမျိုးတော့ ဖြစ်ကောင်းဖြစ်နိုင်မှာပါ။ မာန်ကျစရာ၊ သံဝေဂဆင်ခြင်ခံစားကြည့်ချင်စရာအဖြစ် ဒီမွေးနေ့ကို ဖြတ်သန်းမိပါတယ်။ မင်းဇင် စက်တင်ဘာလ ၉၊ ၂၀၂၂ ➤ ISP-Myanmar ဝက်ဘ်ဆိုက်တွင် ဖတ်ရှုရန် - https://ispmyanmar.com/burmese/mzreflection/ #FreeMinZin #BringMinZinHome
701
3
အိုင်ဒီယာတွေဟာ အလုပ်လမ်းညွှန်တွေ ဖြစ်ကို ဖြစ်လာမှာပါ။ တခါလေ နိုင်ငံရေးအရ ပိတ်ဆို့နေတဲ့အချိန်မှာ လုပ်မိလုပ်ရာတွေ လုပ်နေတာမျိုးမဟုတ်ဘဲ လက်တလောလုပ်ရမယ့်ကိစ္စတွေ (အထူးသဖြင့် အရေးပေါ်လိုအပ်ချက်နဲ့ သွေးစည်း ညီညွတ်ရေး ဆောင်ရွက်ချက်တွေ emergency and solidarity supports) လည်း လုပ်သင့်လုပ်ထိုက်တာလုပ်၊ နိုင်ငံရေးအရ ရှောင်လွဲမရဖြစ်လာမယ့် အနာဂတ်အတွက် ရည်ရွယ်ချက်ရှိရှိ ပြင်ဆင်နေတာကလည်း ISP-Myanmar မှာတော့ အတွေ့အကြုံ တခုပါပဲ။ တကယ်တော့ ဘဝနေရေးနဲ့ နိုင်ငံရေးမှာမှမဟုတ်ပါဘူး။ ဘယ်သူမှ သေမင်းနဲ့ အချိန်းအချက် ရှိကြတာ မဟုတ်လေတော့ သေရေးအတွက်လည်း ပြင်ဆင်ဖို့လိုအပ်တာပါပဲ။ သေရေးအတွက် မပြင်နိုင်ဘူး၊ မအားသေးဘူးလို့ ဆင်ခြေပေးနေရင်းနဲ့ပဲ သေသွားကြတာမို့ ‘အားလို့သေတဲ့ မသာမရှိဘူး’ ဆိုတဲ့ အဆုံး အမဟာ တကယ့်အမှန်တရားပါပဲ။ ပြင်ဆင်ကြပြီဆိုတော့လည်း ငါ့ပြင်ဆင်မှုက ပြီးပြည့်စုံတယ် (perfection) ဆိုပြီး မာန်ကြီးလို့လည်း မရပြန်ပါဘူး။ ငါလည်း အဆင့်ဆင့်တိုးတက်အောင် (progress) သာ ပြင်ဆင်နိုင်တယ်ဆိုတာ နှလုံးသွင်း ရပါတယ်။ ဘဝအရပြောရင် ပါရမီအလျောက်ဖြစ်ပြီး၊ နိုင်ငံရေးအရပြောရင် လူ့သဘာဝနဲ့ လူ့သမိုင်း ပေးထားချက် အလျောက်သာပါပဲ။ မဟုတ်ရင် ငါ့ပြီးပြည့်စုံမှုက ပိုသာတယ်။ ပိုမှန်တယ်ဆိုတဲ့ မာန်မာနနဲ့ ဒိဌိဇော ကပ်တော့မှာပါ။ လောကမှာ တကယ့်ရင်ကွဲစရာအဖြစ်ဆိုး (tragedy) ဆိုတာ အဓမ္မက ဓမ္မကို အနိုင်ယူသွားလို့ ဖြစ်ရတာမဟုတ်ဘူး၊ ကိုယ်စီကိုယ်ဌ ငါဟာ ဓမ္မဘက်သားဖြစ်တယ်၊ ငါသာမှန်တယ်လို့ ထင်တလုံးရှိသူတွေအချင်းချင်းထိပ်တိုက်တွေ့၊ ငါကပိုမှန်တယ် သူကပိုမှန်တယ် အားပြိုင် တိုက်ခိုက်ကြ၊ တဖက်က တဖက်ကို အနိုင်ယူကြလို့ လူတွေမှာဆင်းရဲပင်လယ်ဝေရတာ၊ ကံဆိုးမိုးမှောင်ကျရတာကသာ တကယ့်ရင်ကွဲစရာအဖြစ်ဆိုး tragedy ပါပဲတဲ့။ Edith Hamilton ခုလိုပြောတဲ့ ‘... real tragedy is not the triumph of evil over good but the suffering caused by the triumph of one good over another’ ကို Robert Kaplan မကြာခဏကိုးကားဖူးပါတယ်။ အနာဂတ်အတွက် ပြင်ဆင်ရာမှာ ငါလည်း မှားနိုင် တယ်ဆိုတဲ့ Fallibilism ကို နှလုံးသွင်းရပါတယ်။ ပြင်ဆင်မှုကို ပြီးပြည့်စုံစေရမယ် (perfection) ဆိုပြီး မာန်တခွဲသားနဲ့ ပြင်ဆင်တာထက် အဆင့်ဆင့် တိုးတက်အောင် (progress) ပြင်ဆင်နေတာသာဖြစ်တယ်ဆိုတဲ့ သဘောထားအပြင်၊ ပြင်ဆင်တိုင်းလည်း အမြဲဖြစ်မလာနိုင်ဘူးဆိုတဲ့ နှလုံးသွင်းကလည်း လိုအပ်လှပါတယ်။ မပြင်ဆင်ဘဲ ဖြတ်သန်းတာထက် ပြင်ဆင်တာက ပိုသာလွန်တယ်ဆိုတာ ငြင်းစရာမရှိသလို ပြင်ဆင်တိုင်း ဖြစ်တာ၊ ပေါက်မြောက်အောင်မြင်တာ မဟုတ်ဘူး၊ ဒါကြောင့် ကံကြမ္မာရဲ့ အကျိုးပေးပုံကို အသိမှတ်ပြုလက်ခံဖို့လည်း လိုအပ်လှပါတယ်။ ကံကြမ္မာလို့ပြောရင် လောကဓာတ်အောင်မြင်မှုတွေကို ဘာသာတရားသဖွယ် ကိုးကွယ်တဲ့လူတွေနဲ့၊ “မဖြစ်နိုင်ဘူးဆိုတာမရှိဘူး မဖြစ်သေးတာပဲရှိတယ်” လို့ အားတက်သရော ယုံကြည် ထက်သန်ပြင်းပြ သူတချို့ကတော့ နှာခေါင်းရှုံ့ကောင်းရှုံ့ကြမှာပါ။ ဒီခေတ်မှာ ကံကြမ္မာဆိုရင် မြင့်ချည်နိမ့်ချည် ရဟတ်ခြား ကံတွေအကျိုးပေးပုံမျိုးထက် စနစ်မကောင်းလို့၊ စနစ်ပျက်ယွင်းလို့ ဖြစ်ရတာလို့ ရှုမြင်လေ့ရှိသူများပါတယ်။ အငတ်ဘေး၊ ရောဂါဘေး၊ စစ်ဘေးကနေ အိုနာသေဘေးအထိ ဟာ စနစ်ပျက်ယွင်းလို့သာ ဖြစ်ရတာ၊ နင်းကျိုးနင်းကျွံ အာမခံချက်မရှိတဲ့စနစ်ဆိုး ဂယ်ပေါက်ထဲက ပြုတ်ကျလို့ တွေ့ကြုံကြရတာလို့ မြင်သူတွေများပါတယ်။ စနစ်ကို ပြုပြင်ပြောင်းလဲနိုင်ရင် ကောင်းသွားမယ်လို့ ဆေးနည်းကားလည်း ပေးကြပါတယ်။ ကျနော့်တဦးတည်းအနေနဲ့ကတော့ ဘဝအရေး၊ နိုင်ငံအရေး၊ သေရေးအဆုံး အသင့်ဖြစ်အောင်ပြင်ဆင်ရမယ်၊ သို့ပေတဲ့ ကိုယ့်ကိုယ်ကိုယ် ပြီးပြည့်စုံအောင်လုပ်နိုင်တယ်၊ ဒါ့အပြင် ပြင်ဆင်ထားတဲ့အတိုင်း အမြဲဖြစ်ရမယ်လို့ ရလဒ်ကို အတ္တနဲ့ မသိမ်းပိုက်မိဖို့လည်း ကိုယ့်ကိုယ်ကိုယ်အမြဲ သတိပေး ရပါတယ်။ အသက်နည်းနည်းရလာလေ ဖြစ်ချင်လိုချင်တာ (want) နဲ့ လိုအပ်တာ (need) အကြား ခြားနားမှုကို ပိုနားလည်လာပြီး မျှော်လင့်ချက် (expectation) ကို ထိန်းညှိချင့်ချိန်ဖို့ ပိုကြိုးစားရပါတယ်။ ကံကြမ္မာကို ထည့်သွင်းစဉ်းစားလက်ခံဖို့အတွက် ကျေးဇူးတော်ရှင်မဟာဂန္ဓာရုံဆရာတော် ဘုရားကြီးရဲ့ “အနိစ္စာ ဝတ သင်္ခါရာ” နဲ့ နိဂုံးချုပ်တဲ့ “နောက်ဆုံးဆယ်လမြတ်ဗုဒ္ဓ” ကို (ပြန်လည်) ဖတ်ရှုဖို့၊ မြင့်ရာက နိမ့်ရာ လောကဓံအဆိုးဆုံးကို သေဒဏ်ကွပ်မျက်ခံရခြင်းနဲ့ နိဂုံးကြုံခဲ့ရသူ stoic ဒဿနရှင်တဦးဖြစ်တဲ့ Boethius ရဲ့ “Consolation of Philosophy” ကို (ပြန်လည်) ဖတ်ရှုဖို့ အချိန်မပေးနိုင်သေးဘူးဆိုရင်တောင် သီချင်းလေးတပုဒ်ကို နားထောင်ကြည့်ပါလို့ မျှဝေပါရစေ။ ဒီနှစ်ပိုင်းတွေအတွင်း ခဏတိုင်း ကျနော် နားထောင်ဖြစ်တဲ့ သီချင်းတွေထဲကတပုဒ်ပါ။ The Rolling Stones ရဲ့ You Can't Always Get What You Want ဆိုတဲ့သီချင်းပါ။ ၁၉၆၀ ခုနှစ်ကာလတွေက အဓိက အရေးအရာတွေအဖြစ် စွဲမက်ခဲ့ကြတဲ့ အချစ်၊ နိုင်ငံရေးနဲ့ မူးယစ်ဆေးကိစ္စတွေကို တေးစာသားပိုဒ်တွေအဖြစ် အဓိကရေးစပ်သီဆိုထားတာပါ။ သံပြိုင် အပိုဒ်မှာတော့ အခုလိုဆိုပါတယ်။
513
4
မွေးနေ့ရှင်မရှိသော မွေးနေ့ ______ စက်တင်ဘာ ၉ ရက်ဟာ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေးအင်စတီကျု (ISP-Myanmar) ကို ပူးတွဲ တည်ထောင်ခဲ့သူနဲ့ အမှုဆောင်ဒါရိုက်တာ ဦးမင်းဇင်ရဲ့ မွေးနေ့ ဖြစ်ပါတယ်။ ပုံမှန်ဆိုရင် ဒီလိုနေ့ရက်မျိုးမှာ ဦးမင်းဇင်ကို ချစ်ခင်လေးစားကြသူတွေရဲ့ မွေးနေ့ဆုတောင်းသံတွေ၊ နွေးထွေးတဲ့မေတ္တာရိပ်တွေနဲ့အတူ ထုံမွမ်းနေမှာ ဖြစ်ပါတယ်။ ဒီနှစ်မှာတော့ အဲဒီလိုမဟုတ်ဘဲ သူ့ရဲ့ မိသားစု၊ မိတ်ဆွေအပေါင်းအသင်း၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဝေးကွာလွန်းတဲ့နေရာကို ရောက်ရှိနေရပါတယ်။ ပြီးခဲ့တဲ့ ဇွန် ၃ ရက်တုန်းက တရုတ်နိုင်ငံကူမင်းမြို့မှာ ပညာရပ်ဆိုင်ရာဆွေးနွေးပွဲလာတက်ဖို့ ဖိတ်ကြားခံရလို့ သွားတဲ့အချိန်မှာ တရုတ် အစိုးရအာဏာပိုင်တွေက ဦးမင်းဇင်ကို မတရားဖမ်းဆီးခဲ့ (wrongfully detained) ပါတယ်။ သူ့ရဲ့ မွေးနေ့ရောက်တိုင်း သူဖြတ်သန်းခဲ့ရတဲ့ ဘဝခရီးကို ပြန်လည်ဆင်ခြင်သုံးသပ်ရင်း လေးနက်တဲ့ အတွေးအမြင်တွေပါဝင်တဲ့ အမှတ်တရစာတွေကို သူ့ရဲ့ ဆိုရှယ်မီဒီယာမှာ ဦးမင်းဇင်က ရေးသားမျှဝေလေ့ရှိပါတယ်။ ဒီနှစ်မှာတော့ သူ့ရဲ့ အတွေးအမြင်သစ်တွေကို ဖတ်ရှုခွင့်မရတော့ပါဘူး။ မတရားဖမ်းဆီး ချုပ်နှောင်ခံထားရတာနဲ့အတူ မမြင်ရတဲ့ အမှောင်ထုထဲမှာ မွေးနေ့ကို တိတ်ဆိတ်စွာ ဖြတ်သန်းနေရခြင်းက သူ့ကို ချစ်ခင်လေးစားရသူ အားလုံးအတွက်တော့ ရင်နင့်စရာ ဝမ်းနည်းဖွယ်ရာပါပဲ။ ဒီလို ‘မွေးနေ့ရှင်မရှိတဲ့ မွေးနေ့’ မှာ ISP-Myanmarအနေနဲ့ လွန်ခဲ့တဲ့ ၂၀၂၂ ခုနှစ် စက်တင်ဘာ ၉ ရက်က ဦးမင်းဇင်ရေးသားခဲ့တဲ့ “မွေးနေ့အတွေး” အတွေးအမြင်စာစုကို ပြန်လည်မျှဝေလိုပါတယ်။ ဒီလိုမျှဝေရင်း သူ့ရဲ့ အသိဉာဏ်ပညာဆိုင်ရာ လမ်းပြပေးခဲ့မှုတွေကိုလည်း သတိတရ ဂုဏ်ပြုလိုက်ရပါတယ်။ တရုတ် အစိုးရအာဏာပိုင်တွေအနေနဲ့ ဦးမင်းဇင်ကို ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးဖို့ကိုလည်း လေးလေး နက်နက် ထပ်မံတောင်းဆိုပါတယ်။ မကြာမီ အချိန်အတွင်း သူ့ရဲ့မိသားစု၊ လုပ်ဖော်ကိုင်ဖက်၊ မိတ်ဆွေတွေနဲ့ ပြန်လည်ဆုံဆည်းနိုင်လိမ့်မယ်လို့ ISP-Myanmar က မျှော်လင့်ပါတယ်။ ______ မွေးနေ့အတွေး ■ မင်းဇင် စက်တင်ဘာလ ၉၊ ၂၀၂၂ “I didn’t survive, I prepared.” (Nelson Mandela) Mandela ကို Tony Robbins က ထောင်ထဲမှာနေခဲ့ရတဲ့ နှစ်ကာလတွေအရှည်အကြာကြီးမှာ ဘယ်လိုများ သေကံမပျောက် ရှင်သန်ကျန်ရစ်အောင် နေထိုင်ခဲ့သလဲလို့ မေးတဲ့အခါ Mandela က Tony ကို စူးစိုက်ကြည့်ပြီး ခုလိုပြောခဲ့တာပါ။ “ကျုပ်က ရှင်သန်ကျန်ရစ်ရုံ ရုန်းကန်ခဲ့တာမဟုတ်ဘူး။ အသင့်ဖြစ်နေ အောင် ပြင်ဆင်နေခဲ့တာဗျ။” ကျနော်ဟာ ကင်မရာတွေအောက်မှာရော၊ အလွတ်သဘောရော Madiba လို့ အမြတ်အမွန်ခေါ်ရတဲ့ Mandela နဲ့ တနာရီကျော်ကြာ ဘဝမှာဂုဏ်ယူစရာအတွေ့အကြုံအဖြစ် စကား ပြောခဲ့ဖူးပါတယ်။ အထူးသဖြင့် သူ့ရဲ့ထောင်တွင်းအတွေ့အကြုံနဲ့ စစ်အစိုးရ ဖမ်းဆီးမှုက လွတ်အောင် မြန်မာပြည်တွင်းမှာ ကျနော် ရှစ်နှစ်ခွဲကြာ တိမ်းရှောင်ပြေးလွှားခဲ့ရတဲ့ဖြစ်စဉ်နှစ်ခုကို နှိုင်းယှဉ် ဖလှယ် ပြောကြတဲ့အခါ စိတ်အချဉ်မပေါက်ဘဲ အသင့်ဖြစ်အောင်ပြင်ဆင်ခြင်းနဲ့ အားထုတ်မှုနဲ့ ယှဉ်တဲ့ အနှစ်သာရ ကျကျနက်နဲတဲ့ ပြောင်းလဲခြင်း (transformation) အကြောင်းတွေဟာ အဓိက ဖြစ်ခဲ့ပါတယ်။ “I didn’t survive, I prepared.” ဆိုတဲ့ Mandela ရဲ့ စကားဟာ ပြေးလွှားတိမ်းရှောင်ခဲ့ရတဲ့ ကျနော့် ဘဝအတွေ့ အကြုံနဲ့ တိုက်ရိုက်အပ်စပ်လှပါတယ်။ နောက်ပိုင်း ISP-Myanmar ကို လုပ်ဖော်ကိုင်ဖက်တွေနဲ့ တွဲပြီး တည်ထောင်တော့လည်း ရှင်သန်ရုံ မစဉ်းစားဘဲ ပြင်ဆင်မှုရှိရှိ ဆောင်ရွက်ခဲ့တာချည်းပါပဲ။ နိုင်ငံရေးနဲ့ တိုက်ရိုက်ဆက်စပ်ပေမယ့် ပါတီ အဖွဲ့အစည်းတွေရဲ့ “ဘက်” ရပ်ခံ (partisan) ထောက်တည်ထားတာမဟုတ်ဘဲ လွတ်လပ်အမှီအခိုကင်းတဲ့ think-tank အဖွဲ့အစည်းမျိုးကို တည်ဆောက်ဖို့ပဲ စိတ်သန်ခဲ့တာပါ။ ဒါကြောင့်ပဲ ဘက်ပေါင်းစုံက (အချိန် အခါအလိုက် သူတို့ဘဝင်မကျစရာ ကြုံကြတိုင်း) မုန်တိုင်းဆင်သလို တိုက်ခိုက်မျိုးတွေ ကြုံရတာပါပဲ။ တကယ်တော့ ရှုပ်ထွေးပွေလီတဲ့နိုင်ငံရေးမှာ ရှေ့ကိုမြင်နိုင်စွမ်း (visibility) ဝေဝါးနေတာမျိုးတွေရှိခဲ့ပါတယ်။ ဒါပေမဲ့ အတတ်နိုင်ဆုံး မရွဲ့မစောင်း ကိုယ့်လမ်းကြောင်းကို ရလဒ်ထွက်အောင် ရှေးရှုနှင်ရတာပါပဲ။ Milton Friedman ပြောခဲ့သလိုပါပဲ။ ဆီလျော်အောင်ပြောရရင် အကျပ်အတည်းက တကယ့်အပြောင်းအလဲကို ဖန်တီးတယ်။ အကျပ်အတည်းဖြစ်လာလို့ အပြောင်းအလဲအတွက် လုပ်ဆောင်ချက်တွေ လုပ်ရပြီဆိုရင် အဲ့ဒီအချိန်မှာမှ စွဲမိစွဲရာ ရှိရင်းစွဲ အယူအဆအတွေးအခေါ်တွေပေါ် မှီတည်ပြီး လုပ်ကြရတာပါ။ ဒါကြောင့် သုတေသီတွေရဲ့ အဓိကလုပ်ငန်းဟာ လက်ရှိအခြေအနေတွေ၊ မူတွေ၊ ပေါ်လစီတွေနဲ့ မတူခြားနားတဲ့ ရွေးချယ်စရာအသစ်တွေ alternatives တွေကို ဖော်ထုတ်ဖွံ့ဖြိုးစေရမယ်၊ ရှင်သန်နေအောင် အသက်သွင်း ထားရမယ်၊ လိုအပ်တဲ့အချိန်မှာ ကောက်သုံးနိုင်တဲ့ အသင့်ဖြစ်အောင် ပြင်ဆင်ထားရမယ်။ လက်ရှိ အခြေ အနေမှာ နိုင်ငံရေးအရ မဖြစ်နိုင်ဘူးဆိုတဲ့ကိစ္စတွေဟာ တချိန်ကျရင် နိုင်ငံရေးအရ ရှောင်လွဲလို့မရတဲ့ လိုအပ်ချက်တွေဖြစ်လာမှာပါ (the politically impossible becomes the politically inevitable)။ အဲ့ဒီ အခါကျရင် အသင့်ပြင်ထားတဲ့ ရွေးချယ်စရာအသစ်တွေ၊
568
5
لا يوجد نص...
1 529
6
[ယခုဆောင်းပါးသည် ISP-Myanmar ၏ အာဘော်မဟုတ်ဘဲ စာရေးသူ၏ အာဘော်သာဖြစ်ပါသည်။ ဆောင်းပါးကို ဖတ်ရှုအပြီး ဆင်ခြင်မိသည်များ၊ ပြန်လည်ချေပလိုသည်များ ရှိပါကလည်း တုံ့ပြန်ဆောင်းပါး (rebuttal article) ရေးသားပေးပို့နိုင်ပါသည်] #ISP_Column
1 435
7
ပြည်သူ မကြည်ဖြူသော အခွန်ဖြစ်နေပါလျှင်... ______ ■ ရိပ်ဝေ [ရိပ်ဝေသည် တော်လှန်ရေးနယ်မြေများအတွင်း အုပ်ချုပ်ရေး၊ လုံခြုံရေးနှင့် အသိပညာမျှဝေရေးလုပ်ငန်းများ ဆောင်ရွက်နေသည်။] လက်ရှိ တော်လှန်ရေးစိုးမိုးနယ်မြေအများစုရှိတဲ့ စစ်ကိုင်းတိုင်းအတွင်းမှာ Starlink ဝိုင်ဖိုင်စက်တွေကို အခွန်ကောက်ဖို့ မြို့နယ် ပအဖ တွေက လုပ်ဆောင်နေပါတယ်။ ကနီမြို့နယ်မှာတော့ စတင်အကောင် အထည် ဖော်နေပြီဖြစ်ပြီး ဒီကိစ္စနဲ့ပတ်သတ်လို့ လူထုကြားထဲမှာလည်း ဝေဖန်သံတွေ ကျယ်ကျယ်လောင် လောင် ထွက်ပေါ်နေပါတယ်။ တကယ်တော့ Starlink ဆိုတာ စစ်ကောင်စီက အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတဲ့ တော်လှန်ရေး နယ်မြေတွေက ပြည်သူတွေအတွက် ပြင်ပကမ္ဘာနဲ့ ဆက်သွယ်ဖို့ တခုတည်းသော အားကိုးရာပါ။ ဒီဆိုင်တွေကို ဖွင့်လှစ်ထားတဲ့ ဆိုင်ရှင်တွေကလည်း ကိုယ်ပိုင်အရင်းအနှီးနဲ့ ခက်ခက်ခဲခဲ ရုန်းကန်ဖွင့်လှစ်ထားရတာ ဖြစ်ပါတယ်။ ခက်ခက်ခဲခဲ ဆိုတဲ့နေရာမှာ Starlink ဆိုင်ပိုင်ရှင်တွေ ကိုယ်တိုင် အသိဆုံး ဖြစ်ပါလိမ့်မယ်။ နယ်ကျော်ကြေးဆောင်ရတာ၊ အကောင့်တွေ ပျက်ကုန်တာ၊ ID verification နဲ့ Location verification တွေကြောင့် ဒုက္ခရောက်ရတာ စတဲ့ အခက်အခဲမျိုးစုံ ရှိနေတာပါ။ ဒါ့အပြင် Starlink စက်တွေကို တနေကုန် မီးအားပေးဖို့အတွက် သုံးရတဲ့ Solar Inverter တွေ၊ Battery တွေနဲ့ တခြားလျှပ်စစ်ပစ္စည်းတွေရဲ့ ဈေးနှုန်းကလည်း မသေးလှပါဘူး။ ဒီလိုအခြေအနေမျိုးမှာ "အခွန်" ဆိုတဲ့ အသုံးအနှုန်းဟာ ဘယ်လိုအဓိပ္ပာယ်ကို ဆောင်သလဲဆိုတာ ကျွန်တော်တို့ သေချာစဉ်းစားဖို့ လိုလာပါတယ်။ နိုင်ငံရေး သဘောတရားအရတော့ အခွန်ဆိုတာ အလကားပေးလိုက်ရတဲ့ ငွေကြေးမဟုတ်ပါဘူး။ ပြည်သူက အခွန်ပေးဆောင်တဲ့အတွက် အစိုးရ (သို့မဟုတ်) အုပ်ချုပ်သူအဖွဲ့အစည်းက ပြန်လည်ဖြည့် ဆည်းပေးရမယ့် တာဝန်တွေ ရှိပါတယ်။ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေး၊ အများပြည်သူဆိုင်ရာ ဝန်ဆောင်မှု (လမ်းတံတား၊ ပညာရေး၊ ကျန်းမာရေး၊ လျှပ်စစ်မီး)၊ လူမှုဖူလုံရေးနဲ့ အရေးပေါ်ကယ်ဆယ်ရေး လုပ်ငန်းစဉ်စတာတွေကို အစိုးရက အပြန်အလှန်အနေနဲ့ တာဝန်ယူပေးရတာ ဖြစ်ပါတယ်။ နောက်တခုက အခွန်ဆိုတာ လူမှုအသိုင်းအဝိုင်းအတွင်း မညီမျှမှုတွေကို လျှော့ချပေးတဲ့ ကိရိယာ ဖြစ်ပါတယ်။ ဝင်ငွေများ သူတွေဆီက အခွန်ပိုကောက်ပြီး ဝင်ငွေနည်းသူတွေကို အများပြည်သူဝန်ဆောင်မှုတွေကနေတဆင့် ပြန်လည်မျှဝေပေးခြင်းဖြင့် လူမှုစီးပွား တည်ငြိမ်မှုကို တည်ဆောက်ရတာပါ။ ပုံမှန်အခြေအနေမှာ ဥပမာပေးရရင် အခွန်ဆောင်ထားတဲ့အတွက် ပြည်သူတွေက အစိုးရပိုင်ဆေးရုံဆေးခန်းတွေမှာ အခမဲ့ပြသခွင့်ရမယ်၊ သားသမီးတွေ ကျောင်းအခမဲ့တက်ခွင့်ရမယ်။ အဲ့ဒါအပြင် လျှပ်စစ်မီး၊ ရေ၊ လမ်းတံတား စတဲ့ အခြေခံအဆောက်အအုံတွေကို အစိုးရက ဖန်တီးပေးထားရတာ ဖြစ်ပါတယ်။ လက်ရှိ တော်လှန်ရေးစိုးမိုးနယ်မြေတွေမှာလည်း လမ်းပိုင်းတွေမှာ ဂိတ်ဖွင့်ပြီး အခွန်ကောက်တာမျိုးတွေ ရှိပါတယ်။ အရင်တုန်းကတော့ ဂိတ်တွေ မှိုလိုပေါက်နေလို့ ဝေဖန်စရာ ဖြစ်ခဲ့ပေမယ့် ခုနောက်ပိုင်းမှာတော့ သေချာကြပ်မတ်လိုက်တဲ့အတွက် လမ်းခရီးသွားလာရတာ အဆင်ပြေသွားပါတယ်။ လမ်းပိုင်းတွေမှာ အခွန်ကောက်တယ်ဆိုတာကလည်း အဲဒီလမ်းမှာ သွားလာနေကြတဲ့ အများပြည်သူကို (လေကြောင်းရန်ကလွဲရင်) မြေပြင်လုံခြုံရေး အာမခံချက် ပေးထားနိုင်လို့ပါ။ လမ်းတွေ၊ တံတားတွေကို ပျက်စီးရင် ပြန်ပြင်ပေးတယ်၊ မိုင်းရှင်းပေးတယ် စတဲ့ လူထုကို စောင့်ရှောက်မှု တစုံတရာ လုပ်ပေးထားလို့ ပြည်သူကလည်း လက်ခံပေးကြတာ ဖြစ်ပါတယ်။ ဒါဆိုရင် မေးစရာရှိလာတာက "Starlink ဆိုင်တွေအတွက်ကျကော အာဏာပိုင်တွေက ဘာတွေ ပြန်လုပ်ပေးမှာလဲ" ဆိုတာပါပဲ။ လက်ရှိကာလမှာ တော်လှန်ရေးအဖွဲ့အစည်းတွေမှာ ရန်ပုံငွေလိုအပ်ချက်ရှိတာ မှန်သလို၊ ပြည်သူတွေမှာလည်း စားဝတ်နေရေးအခက်အခဲ၊ လုံခြုံရေးနဲ့ လူမှုဖူလုံရေးအခက်အခဲတွေ အများကြီး ရှိနေပါတယ်။ ဒီလိုအခက်အခဲတွေကြားကနေပဲ ရုန်းကန်ပြီး ဖြစ်သလို လုပ်ကိုင်စားသောက်နေကြရတဲ့ အချိန်ဖြစ်ပါတယ်။ ရှေ့ကာလမှာလည်း ငွေရေးကြေးရေးနဲ့ ပတ်သတ်ပြီး ပြည်သူလူထုရဲ့ ဝေဖန်သံတွေ ကျယ်ကျယ်လောင်လောင် ထွက်ခဲ့ဖူးပါတယ်။ ဒါကြောင့် အခုအချိန်မှာ (ဝိုင်ဖိုင်ဆိုင်တွေတင်မဟုတ်ဘဲ) ဘယ်ကဏ္ဍကနေမဆို အခွန်ကောက်မယ်ဆိုရင် ဒီအခွန်ငွေတွေကို အခွန်ဆောင်ရတဲ့ ပြည်သူတွေအတွက် ဘယ်လိုပုံစံ ပြန်လည်သုံးစွဲမယ်ဆိုတာကို ပွင့်လင်းမြင်သာမှုရှိရှိ ချပြသင့်တယ်လို့ မြင်ပါတယ်။ ဒါမှသာ အခွန်ဆောင်ရမယ့် ပြည်သူတွေကလည်း ကြည်ဖြူမှာဖြစ်ပြီး ပြည်သူကြည်ဖြူမှလည်း တော်လှန်ရေးခရီးက ရေရှည်ရှေ့ဆက်နိုင်မှာ ဖြစ်ပါတယ်။ စာကြွင်း။ ။ လက်ရှိမှာ တပ်ရင်းတပ်ဖွဲ့မဟုတ်ဘဲ ပြည်သူကို လူမှုရေး၊ ကျန်းမာရေး စောင့်ရှောက်မှုပေးနေတဲ့ CSO, NGO အဖွဲ့အစည်းတွေက ရန်ပုံငွေအတွက် ဖွင့်ထားတဲ့ ဆိုင်တွေကိုပါ အခွန်ကောက်မယ်ဆိုတဲ့ သတင်းတွေ ကြားနေရပါတယ်။ အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါ။ သို့သော် တကယ်လို့သာ အဲ့ဒီလို ကောက်ခံမယ်ဆိုရင် ငွေကြေးအခက်အခဲကြောင့် ဒီလူမှုကူညီရေးအဖွဲ့အစည်းတွေ ရှေ့ဆက်မလည်ပတ်နိုင်တော့တဲ့အခါ ပထမဆုံး အခက်အခဲတွေ့မှာက မြေပြင်က ပြည်သူလူထု ဖြစ်တယ်ဆိုတဲ့ အချက်ကိုလည်း အလေးအနက် ထောက်ပြချင်ပါတယ်။
1 319
8
+9
لا يوجد نص...
1 214
9
ဦးမင်းအောင်လှိုင်ရဲ့ အိန္ဒိယနဲ့ တရုတ်ခရီးစဉ်တွေအပြီး ရှေ့ဆက်ဖြစ်တန်ခြေနဲ့ သက်ရောက်မှုများစွာ ရှိနိုင်တဲ့အထဲ အကြောင်းအချက်သုံးခုကို ထုတ်နုတ်ပါမယ်။ ပထမတခုက အိန္ဒိယနိုင်ငံနဲ့ ဦးမင်းအောင် လှိုင်အစိုးရအကြား ထိတွေ့ဆက်ဆံမှု အရှိန်မြှင့်လာနိုင်ပေမဲ့ စိန်ခေါ်မှုတွေ ရှိနိုင်ပါသေးတယ်။ အိန္ဒိယ-မြန်မာ-ထိုင်းအဝေးပြေးကားလမ်းမကြီးနဲ့ ကုလားတန်ဘက်စုံစီမံကိန်းဖြတ်သန်းရာ ဒေသအများစုကို အာရက္ခတပ်တော် (AA) နဲ့ အခြားတော်လှန်ရေးအင်အားစုတွေက ထိန်းချုပ်ထားပါတယ်။ ဒါ့အပြင် နယ်စပ်ကုန်သွယ်ရေးစခန်းတခုဖြစ်တဲ့ ရိခေါ်ဒါရ်ကို ချင်းတော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတုန်းပါပဲ။ ကချင်ပြည်နယ်အတွင်း မြေရှားထွက်တဲ့ဒေသတွေကိုလည်း KIA က ထိန်းထားပါတယ်။ ဒါကြောင့် အိန္ဒိယရဲ့ ရေရှည်မဟာဗျူဟာအောင်မြင်နိုင်ရေးဟာ ဦးမင်းအောင်လှိုင်အစိုးရတခုတည်းအပေါ် မူတည်မနေဘဲ မြေပြင်မှာထိန်းချုပ်ထားဆဲဖြစ်တဲ့ လက်နက်ကိုင်တပ်တွေနဲ့ပါ သက်ဆိုင်နေပါတယ်။ အိန္ဒိယနိုင်ငံအနေနဲ့ အဲဒီတပ်တွေနဲ့ပါ အလွတ်သဘော ထိတွေ့ဆက်ဆံမှု ပိုများလာနိုင်ခြေလည်းရှိပါတယ်။ ဒုတိယတချက်က တရုတ်နိုင်ငံရဲ့ ငြိမ်းချမ်းရေးကြားဝင်မှုနဲ့ ကုန်သွယ်ရေးအလားအလာ ဖြစ်ပါတယ်။ ဦးမင်းအောင်လှိုင်ရဲ့ တရုတ်ခရီးစဉ်မှာ နှစ်နိုင်ငံသဘောတူခဲ့တဲ့ နားလည်မှုစာချွန်လွှာတွေဟာ လက် တွေ့အကောင်အထည်ဖော်ဖို့ လွယ်ကူတာမို့ ပြဿနာမရှိနိုင်ပါဘူး။ တရုတ်နိုင်ငံအနေနဲ့ မြန်မာ့အရေးမှာ (၁) ပဋိပက္ခအရှိန်လျှော့ချရေး၊ (၂) ရွေးကောက်ပွဲကတဆင့် တိုက်ရိုက်စစ်အုပ်ချုပ်ရေးကို အဆုံးသတ်ရေးနဲ့ (၃) ရွေးကောက်ပွဲအလွန် တရုတ်နိုင်ငံက ကမကထလုပ်ပြီး ကြားဝင်ဖျန်ဖြေပေးဖို့ ကြိုးစားရေးဆိုတဲ့ သုံးပွင့်တခိုင် မဟာဗျူဟာလုပ်ငန်းစဉ်ကို တွန်းနေတယ်လို့ ISP-Myanmar က အကဲဖြတ်ထားပါတယ်။ အဲဒီ သုံးပွင့်တခိုင်လမ်းစဉ်ထဲက တတိယအဆင့်ကြိုးပမ်းချက်တွေကို ပိုပြီးမြင်လာရနိုင်ပါတယ်။ အခု ဇွန်လအတွင်းမှာပဲ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) က ရှမ်းပြည်နယ်ကိုသွားပြီး ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (NDAA) နဲ့ ‘၀’ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP) တို့နဲ့ တွေ့ဆုံတာ၊ နေပြည်တော်မှာ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တို့နဲ့ တွေ့ဆုံကြတာတွေကိုကြည့်ရင် ရှမ်းပြည်အရှေ့ပိုင်းနဲ့မြောက်ပိုင်း တည်ငြိမ်ရေးဟာ ပိုပြီး အရှိန်ရလာနိုင်ပါတယ်။ တဆက်တည်းမှာပဲ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေ ပြန်ဖွင့်ပြီး ကုန်စည်စီးဆင်းတာတွေ ပိုဖြစ်လာနိုင်ပါတယ်။ မြန်မာ-တရုတ် ကုန်သွယ်စီးပွားကိစ္စတွေနဲ့ ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွေမှာ MCITP ရဲ့ အခန်းကဏ္ဍက ရှေ့တန်းပိုရောက်လာဖို့ ရှိပါတယ်။ မြန်မာစစ်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေ ပိုဖြစ်လာနိုင်တာက တတိယအချက်ဖြစ်ပါတယ်။ ဦးမင်းအောင်လှိုင်ရဲ့ ခရီးစဉ်နှစ်ခုစလုံးမှာ အိမ်နီးချင်းနိုင်ငံကြီးတွေရဲ့ ရင်းနှီးမြှုပ်နှံမှုစီမံကိန်းတွေအတွက် လုံခြုံရေးအာမခံချက် ပေးခဲ့တယ်။ ဒါ့အပြင် မြစ်ဆုံဆည်ပြန်စဖို့ကိုလည်း ကာလတခုသတ်မှတ်ပြီး ကြိုးပမ်းလာပါတယ်။ ဒါတွေ ပေါက်မြောက်အောင်မြင်ဖို့ဆိုရင် စီမံကိန်းကြီးတွေရှိတဲ့ ဒေသတွေနဲ့ သယံဇာတထွက်ရှိရာ လမ်းကြောင်းတွေကို အပြည့်အ၀ထိန်းချုပ်ထားနိုင်မှပဲ ဖြစ်နိုင်မှာပါ။ ဒါကြောင့် ကချင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံ မြောက်ဘက်၊ အနောက်ဘက်နဲ့ အလယ်ပိုင်းစစ်မျက်နှာစာတွေမှာ မြန်မာစစ်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှုနဲ့ ထိုးစစ်တွေ ပိုပြင်းထန်လာနိုင်ပါတယ်။ PDF ကို ဒီလင့်မှာ ရယူနိုင်ပါတယ် https://ispmyanmar.com/community/wp-content/uploads/2026/06/OnPoint2026_05_Burmese.pdf
888
10
တရုတ်နိုင်ငံက ကျောက်ဖြူရေနက်ဆိပ်ကမ်း၊ မူဆယ်-မန္တလေးရထားလမ်းအပါအဝင် CMEC စီမံ ကိန်းတွေကို အကောင်အထည်ဖော်ရေး အရှိန်မြှင့်ချင်ပါတယ်။ ယွမ်-ကျပ် တိုက်ရိုက်ပေးချေမှုနဲ့နယ်စပ်ကုန်သွယ်မှု ပြန်ဖွင့်နိုင်ရေးကလည်း အရေးပါပါတယ်။ တခါ မြစ်ဆုံဆည်စီမံကိန်းပြန်စနိုင်ဖို့ ဦးမင်းအောင်လှိုင်အစိုးရက ကြိုးပမ်းနေပါတယ်။ ဒါဟာ တရုတ်ရဲ့လိုလားချက်ကို ဖော်ဆောင်ပေးဖို့နဲ့ နိုင်ငံမြောက်ပိုင်းစစ်မျက်နှာစာက KIA ကို ဖိအားပေးရာမှာ အသုံးဝင်မယ့် အပေးအယူတခု (bargaining chip) ဖြစ်လာနိုင်တယ်လို့ ဇွန် ၂၀ ရက်ထုတ် The Economist မဂ္ဂဇင်းမှာ သုံးသပ်ထားပါတယ်။ လက်ငင်းရင်ဆိုင်နေရတဲ့ နိုင်ငံခြားငွေအကျပ်အတည်းကို ဖြေရှင်းနိုင်ဖို့ ဦးမင်းအောင်လှိုင်အစိုးရက ခရီးစဉ်နှစ်ခုစလုံးမှာ ကြိုးပမ်းခဲ့တာတွေ့ရပါတယ်။ ခရိုနီ လုပ်ငန်းရှင်အဟောင်းတွေရော ခရိုနီလက် သစ်တွေကိုပါ ပွဲထုတ်ခဲ့ပြီး ရှေ့တန်းမှာနေရာပေးခဲ့ပါတယ်။ နှစ်နိုင်ငံလုံးဆီကနေ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုတွေ ပြန်ရဖို့ အားထုတ်ခဲ့ပါတယ်။ တရုတ်နိုင်ငံခရီးစဉ်မှာဆို ‘မြန်မာ-တရုတ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုမြှင့်တင်ရေးအသင်း’ (MCITP) က စီစဉ်တဲ့ Myanmar-China Investment and Trade Networking Summit (MCITP-2026) Shanghai ကို ခမ်းခမ်းနားနား လုပ်ခဲ့ပါတယ်။ အိန္ဒိယကိုသွားတုန်းကလည်း ‘မြန်မာ-အိန္ဒိယကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာဆွေးနွေးပွဲ’နဲ့ ‘မြန်မာ-အိန္ဒိယ စီးပွားရေးဆွေးနွေးပွဲ’ (Myanmar-India Business Dialogue) စတာတွေလုပ်ခဲ့ပေမဲ့ တရုတ်မှာ လုပ်သလောက် မကြီးမားခဲ့ပါဘူး။ အချက်အလက်တွေကို ကြည့်ရင်လည်း ၂၀၂၆ ခုနှစ် ပထမလေးလမှာ မြန်မာနိုင်ငံအတွင်း တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ပြန်တက်လာပါတယ်။ ဒါပေမဲ့ အိန္ဒိယနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုတွေက အဝင်နှေးနေတုန်းပါပဲ။ တတိယတခုဖြစ်တဲ့ သံတမန်ရေးနဲ့ ဩဇာလွှမ်းမိုးမှုမှာလည်း ကွဲပြားချက်တွေရှိပါတယ်။ အိန္ဒိယနိုင်ငံရဲ့ ချဉ်းကပ်မှုဟာ နိုင်ငံတကာအလယ်မှာ မြန်မာနိုင်ငံ အထီးကျန်ဆန်နေတာကို လက်တွေ့ကျကျ ပယ်ချလိုက်ခြင်း (pragmatic rejection of isolationism) ပဲလို့ EIU က သုံးသပ်ပါတယ်။ တရုတ်နိုင်ငံကတော့ မြန်မာစစ်တပ်ကလုပ်ခဲ့တဲ့ ရွေးကောက်ပွဲလုပ်ငန်းစဉ်ကို နိုင်ငံရေးအရထောက်ခံမှု (political endorsement) ပေးလိုက်တာလို့ ဆိုပါတယ်။ အားလုံးပါဝင်နိုင်တဲ့ ဒီမိုကရေစနစ် လိုအပ်ကြောင်း အိန္ဒိယဝန်ကြီးချုပ် မိုဒီက ထုတ်ဖော်ပြောခဲ့ပေမဲ့ တရုတ်နိုင်ငံကတော့ ဒီလိုပြောခဲ့တာမျိုး မရှိပါဘူး။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်တုန်းကလို အကြီးစား စီမံကိန်းကြီးတွေ ဖော်ဆောင်ဖို့ လက်မှတ်ထိုးတာမျိုးတော့ တရုတ်နိုင်ငံကမလုပ်ခဲ့ပါဘူး။ ဒါဟာ အရင်က လက်မှတ် ထိုးထားတဲ့ သဘောတူညီချက်တွေ အတည်ဖြစ်နေသေးတယ်၊ ထပ်ပြီးထိုးဖို့ မလိုသေးဘူးဆိုတဲ့ သဘောမျိုးလည်း ဖြစ်နိုင်ပါတယ်။ နှစ်နိုင်ငံလက်မှတ်ထိုးခဲ့တဲ့ နားလည်မှုစာချွန်လွှာ ၁၈ ခုထဲမှာ မီဒီယာ၊ ယဉ်ကျေးမှု၊ ပညာရေး၊ ကျန်းမာရေးနဲ့ ငလျင်ပြန်လည်ထူထောင်ရေးတို့လို လက်တွေ့ဖော်ဆောင်ဖို့ လွယ်ကူတဲ့ အကြောင်းအရာတွေ များခဲ့ပါတယ်။ ဆွဲဆောင်မှုကိုအသုံးပြုတဲ့ ဩဇာအာဏာ (soft power) ကဏ္ဍတွေနဲ့ပဲ သက်ဆိုင်တယ်လို့ အကြမ်းဖျင်းနားလည်နိုင်ပါတယ်။ တရုတ်နိုင်ငံ ဦး ဆောင်တဲ့ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအစီအမံ (GDI)၊ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအစီအမံ (GSI)၊ ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှုအစီအမံ (GCI) နဲ့ ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်မှုအစီအမံ (GGI) တွေမှာ မြန်မာနိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးကို အလေးထားပြောခဲ့တာတွေဟာ သတိပြုစရာပါပဲ။ ဦးမင်းအောင်လှိုင်အစိုးရအဖို့ နိုင်ငံတကာမှာ အထီးကျန်ဆန်မှုကနေ ရုန်းထွက်နိုင်ဖို့ပဲ အဓိကဖြစ်ခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ ထောက်ခံပေးမှုနဲ့အတူ ကုလသမဂ္ဂနဲ့ အာဆီယံမှာ ပြန်လည်ဝင်ဆံ့နိုင်ရေးအတွက်လည်း မျှော်လင့်နိုင်ခဲ့ပါတယ်။ အိန္ဒိယကို အရင်သွားခဲ့ပေမဲ့ တရုတ်နိုင်ငံအပေါ် အလွန်အမင်းမှီခိုနေရတာကို ချိန်ခွင်လျှာညှိနိုင်ဦးမှာ မဟုတ်ပါဘူး။ ဦးမင်းအောင်လှိုင်ကို တရုတ်နိုင်ငံရဲ့ ဖိတ်ကြားမှုဟာ ဒေသတွင်းခေါင်းဆောင်တွေကို တရုတ်နိုင်ငံက စည်းရုံးသိမ်းသွင်းနေတဲ့ မဟာဗျူဟာတရပ်လို့လည်း ယူဆနိုင်ပါတယ်။ တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ ဇွန် ၈ ရက်နဲ့ ၉ ရက်တွေမှာ မြောက်ကိုရီးယားနိုင်ငံကို သွားခဲ့ပါသေးတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ရွေးကောက်ခံ ဝန်ကြီးချုပ်သစ် တာရစ်ရာမန် (Tarique Rahman) က ဇွန် ၂၄ ရက်ကနေ ၂၆ ရက်အထိ တရုတ်နိုင်ငံကို နိုင်ငံတော်အဆင့် ပထမဆုံးခရီးသွားခဲ့ပြီး သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ခဲ့ပါတယ်။ အဲဒီခရီးစဉ်အတွင်းမှာပဲ တရုတ်-မြန်မာ-ဘင်္ဂလားဒေ့ရှ် စီးပွားရေးစင်္ကြံ ဖော်ဆောင်ရေးကို တရုတ်နိုင်ငံဘက်က အဆိုပြုဆွေးနွေးခဲ့ပါတယ်။ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်ဟောင်း (လက်ရှိ ဆီးနိတ် ဥက္ကဋ္ဌ) ဆုမ်ဒက်တက်ချို ဟွန်ဆင် (Hun Sen) ကလည်း ဇွန်လကုန်ပိုင်းမှာပဲ တရုတ်နိုင်ငံကိုသွားပြီး သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံခဲ့ပါသေးတယ်။ ■ ဖြစ်တန်ခြေအကဲဖြတ်ချက်
629
11
လုံခြုံရေး၊ စီးပွားရေးနှင့် ဩဇာလွှမ်းမိုးမှု မြန်မာအပေါ် တရုတ်နှင့် အိန္ဒိယတို့၏ ချဉ်းကပ်ပုံ ကွဲပြားချက်များ ______________________ ISP On Point 2026 OP2026-05 | June 29, 2026 ဦးမင်းအောင်လှိုင်အစိုးရသည် အိန္ဒိယနိုင်ငံနှင့် နီးကပ်သောဆက်ဆံရေးကို နိုင်ငံရေးနှင့် စစ်ရေးထိုးစစ်အဖြစ် အသုံးချလိုပြီး တရုတ်နိုင်ငံ၏ လွှမ်းမိုးမှုကိုလည်း မလွှဲမရှောင်သာ အားထားနေရပါသည်။ ■ ဖြစ်ရပ်အချက်အလက် မြန်မာစစ်ခေါင်းဆောင်ဟောင်း ဦးမင်းအောင်လှိုင်ဟာ သမ္မတဖြစ်ပြီး နှစ်လအတွင်းမှာပဲ အိမ်နီးချင်းနိုင်ငံကြီးတွေဖြစ်တဲ့ အိန္ဒိယနိုင်ငံနဲ့ တရုတ်နိုင်ငံတွေကို နိုင်ငံတော်အဆင့်ခရီးစဉ်အဖြစ် သွားခဲ့ပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတကာမှာ သံတမန်ရေးရာအထီးကျန်နေရတာကနေ ရုန်းထွက်နိုင်ဖို့ ကြီးမားတဲ့အထောက်အပံ့ ဖြစ်စေခဲ့ပါတယ်။ ■ ကနဦးသုံးသပ်ချက် အာဏာသိမ်းပြီးနောက် ဦးမင်းအောင်လှိုင်ဟာ အိန္ဒိယနိုင်ငံကို ပထမဆုံးသွားခွင့်ရခဲ့တာဖြစ်ပြီး တရုတ်နိုင်ငံကိုတော့ တတိယအကြိမ် ရောက်ခဲ့တာပါ။ ဒါပေမဲ့ တရုတ်ခရီးစဉ်ဟာ အရင်တုန်းကလို အခြားနိုင်ငံခေါင်းဆောင်တွေနဲ့အတူ ရောပြီး အဖိတ်ခံရတဲ့ ခရီးစဉ်မျိုးမဟုတ်ဘဲ နိုင်ငံတော်အဆင့် သီးသန့် ဖိတ်ကြားခံခဲ့ရတာဖြစ်ပါတယ် [ခရီးစဉ်ဆိုင်ရာ အချက်အလက်များကို ISP ဒေတာအချက်အလက် ၅၀/၂၀၂၆ (ISP-DM2026-050)တွင်ရှုပါ]။ မြန်မာနိုင်ငံအပေါ် အိမ်နီးချင်းနိုင်ငံကြီးနှစ်ခုရဲ့ မတူညီတဲ့ချဉ်းကပ်ပုံနဲ့ ကွဲပြားတဲ့အကျိုးစီးပွားတွေကို ဒီခရီးစဉ်တွေမှာ မြင်ရပါတယ်။ ဦးမင်းအောင်လှိုင်အစိုးရရဲ့ မျှော်မှန်းချက်နဲ့ အကျိုးစီးပွားတွေကိုလည်း တွေ့ရပါတယ် [ISP ဒေတာအချက်အလက် ၅၁/ ၂၀၂၆ ကနေ ၅၃/၂၀၂၆ (ISP-DM2026-051 to 053) အထိရှုပါ]။ ဒီကွဲပြားချက်တွေကို ကဏ္ဍသုံးခုခွဲပြီး သုံးသပ်နိုင်ပါတယ်။ ပထမတခုက မဟာဗျူဟာနဲ့ လုံခြုံရေးဆိုင်ရာ ချဉ်းကပ်မှုဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံရဲ့ချဉ်းကပ်မှုဟာ သူ လက်ကိုင်ပြုထားတဲ ‘အိမ်နီးချင်းဦးစားပေးမူဝါဒ’ (Neighborhood First Policy)၊ ‘အရှေ့နှင့် ထိတွေ့ဆက်ဆံရေးမူဝါဒ’ (Act East Policy) နဲ့ ‘အပြန်အလှန်အမှီသဟဲပြုပြီး ဘက်စုံလွှမ်းခြုံသောမူဝါဒ’ (မဟာသာဂရ - Mahasagar) တွေအပေါ် အခြေခံပါတယ်။ မြန်မာနိုင်ငံအတွင်း တရုတ်နိုင်ငံရဲ့ ဩဇာလွှမ်းမိုးမှု ကျယ်ပြန့်လာတာကို ပူပန်သလို အရှေ့မြောက်နယ်စပ်ဒေသလုံခြုံရေးကိုလည်း အာရုံ စိုက်ပါတယ်။ တရုတ်နိုင်ငံကတော့ တရုတ်-မြန်မာစီးပွားရေးစင်္ကြံ (CMEC) ကို အကောင်အထည်ဖော်ဖို့နဲ့ နယ်စပ်တည်ငြိမ်ရေးအပြင် အိန္ဒိယသမုဒ္ဒရာထွက်ပေါက် ရရှိရေးတွေအပေါ် အဓိကအခြေခံပါတယ်။ တဖက်မှာလည်း နယ်စပ်ကုန်သွယ်ရေးကို ပြန်စချင်နေပါတယ်။ ဒီအတွက် ရှမ်းပြည်နယ်မြောက်ပိုင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ မရှိမဖြစ် ကြားဝင်စေ့စပ်ပေးသူ (indispensable broker) အဖြစ် တိုက်ရိုက်ပါဝင်နေသလို မြန်မာ့အရေးကိုင်တွယ်မှုမှာ အင်အားသုံးလွှမ်းမိုးနိုင်စွမ်း (coercive influence) ကိုလည်း လက်ကိုင်ပြုထားပါတယ်။ ဦးမင်းအောင်လှိုင်အစိုးရက လက်ရှိမှာ ရခိုင်နဲ့ ချင်းအပြင် စစ်ကိုင်း-မကွေးနဲ့ ဆက်စပ်နေတဲ့ အနောက်ဘက်စစ်မျက်နှာစာတွေမှာ အသာစီးရနိုင်ဖို့ ရည်မှန်းထားပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်း စစ်မျက်နှာစာ တည်ငြိမ်ရေးနဲ့ ကုန်သွယ်မှုတွေ ပြန်စနိုင်ဖို့အတွက်ကိုလည်း အာရုံစိုက်နေပါတယ်။ ဒါကြောင့် အိန္ဒိယနိုင်ငံနဲ့ နီးကပ်တဲ့ဆက်ဆံရေးကို နိုင်ငံရေးနဲ့ စစ်ရေးထိုးစစ်အဖြစ် အသုံးချလိုပြီး တရုတ်နိုင်ငံရဲ့လွှမ်းမိုးမှုကိုလည်း မလွှဲမရှောင်သာ အားထားနေရပါတယ်။ ဒုတိယတခုကတော့ စီးပွားရေးနဲ့ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနဲ့ အခြေခံအဆောက်အအုံဆိုင်ရာကိစ္စတွေ ဖြစ်ပါတယ်။ ကုလားတန်ဘက်စုံစီမံကိန်း၊ အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းမ အကောင်အထည်ဖော်ရေး စတာတွေဟာ အိန္ဒိယနိုင်ငံအတွက် အဓိကအကျိုးစီးပွားတွေပါ။ နှစ်နိုင်ငံကုန်သွယ်ရေးကို အမေရိကန်ဒေါ်လာ ငါးဘီလီယံအထိ တိုးချဲ့နိုင်ဖို့နဲ့ ကျပ်-ရူးပီး တိုက်ရိုက်ငွေပေးချေမှုဆိုင်ရာ ကိစ္စတွေဟာလည်း ရှေ့တန်းရောက်ခဲ့ပါတယ်။ အိန္ဒိယဟာ မြန်မာဆီကနေ ဗျူဟာမြောက်မြေရှားသတ္တု ရနိုင်ဖို့လည်း အထူးစိတ်ဝင်စားခဲ့ပါတယ်။ လန်ဒန်အခြေစိုက် The Economist Intelligence Unit (EIU) ရဲ့ သုံးသပ်ချက်အရ ကမ္ဘာ့မြေရှားထုတ်လုပ်မှုရဲ့ ၁၆ ရာခိုင်နှုန်းဟာ မြန်မာ နိုင်ငံကနေထွက်ရှိတာ ဖြစ်ပါတယ်။ ဒါကြောင့် အိန္ဒိယဟာ မြန်မာကတဆင့် ထောက်ပံ့ရေးကွင်းဆက်သစ်အဖြစ် ဖန်တီးချင်နေပါတယ်။ ဒါပေမဲ့ မြေရှားတူးဖော်မှုလုပ်ငန်းတွေကို တရုတ် ရင်းနှီးမြှုပ်နှံသူတွေက ကျောထောက်နောက်ခံပေးထားတဲ့အပြင် စျေးကွက်ရပ်တန့်သွားအောင် ဖိအားပေးနိုင်စွမ်းလည်း ရှိတယ်လို့ EIU က ထောက်ပြထားပါတယ်။ တဖက်မှာလည်း မြေရှားလုပ်ကွက်အများစုဟာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ရဲ့ ထိန်းချုပ်နယ်မြေတွေမှာ ရှိနေပါတယ်။
834
12
لا يوجد نص...
1 424
13
[ယခုဆောင်းပါးသည် ISP-Myanmar ၏ အာဘော်မဟုတ်ဘဲ စာရေးသူ၏ အာဘော်သာဖြစ်ပါသည်။ ဆောင်းပါးကို ဖတ်ရှုအပြီး ဆင်ခြင်မိသည်များ၊ ပြန်လည်ချေပလိုသည်များ ရှိပါကလည်း တုံ့ပြန်ဆောင်းပါး (rebuttal article) ရေးသားပေးပို့နိုင်ပါသည်] #ISP_Column
1 235
14
စီဒီအမ်မျဉ်းပြိုင်နှင့် လပ်နေသော စာသင်ခုံများ ______ ■ ဟိတေ [ဟိတေသည် ISP-Myanmar ၏ Capacity Building Program က လူငယ်သုတေသီဖြစ်သည်] အညာရာသီဥတုက မိုးဦးဆိုပေတဲ့ တအားကို ပူပြင်းလှပါတယ်။ ဒါပေမဲ့ အညာမြေက မိဘတွေနဲ့ ကျောင်းသားလူငယ်တွေရဲ့ ရင်ထဲက အပူလှိုင်းကတော့ ရာသီဥတုထက် အဆပေါင်းများစွာ ပိုပြီး ပြင်းထန်နေလိမ့်မယ် ထင်ပါတယ်။ လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ မကြာသေးခင်က ပြန့်လာခဲ့တဲ့ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ထဲက ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့တချို့ရဲ့ ပညာရေးဆိုင်ရာ ထုတ်ပြန်ချက်တွေနဲ့ အမိန့်ညွှန်ကြားချက်တွေကို ဖတ်လိုက်ရတော့ သက်ပြင်းချရင်း ညည်းတွားမိပါတယ်။ စစ်အာဏာသိမ်းပြီး ငါးနှစ်ကျော်လာတဲ့အထိ မြန်မာ့ပညာရေးလောကဟာ စစ်မြေပြင်တခုလို ဖြစ်နေတုန်းပါပဲ။ အညာက စာသင်ခန်းတွေရဲ့ အခြေအနေကို ကြည့်ရင် စစ်တပ်က လက်နက်အားကိုးနဲ့ ဖျက်ဆီးနေတာတွေ၊ နောက်တဖက်ကလည်း စည်းကမ်းဆိုတဲ့ ခေါင်းစဉ်အောက်က ဖိအားတွေကြားထဲမှာ ကလေးတွေရဲ့ အနာဂတ်ဟာ ကျပ်ညပ်နေတာကို တွေ့ရမှာပါ။ ပထမဆုံးအနေနဲ့ ကျနော်တို့ ပြတ်ပြတ်သားသား ဆုပ်ကိုင်ထားရမယ့် မူဝါဒတခု ရှိပါတယ်။ ဘယ်လိုအခြေအနေပဲဖြစ်နေပါစေ "ပညာသင်ကြားခွင့်ဟာ လူ့အခွင့်အရေးတရပ်ဖြစ်တယ်၊ အတားအဆီးမရှိသင့်ပါ" ဆိုတဲ့ အချက်ပါပဲ။ ပညာသင်ယူပိုင်ခွင့်ဆိုတာ လူသားတယောက်ရဲ့ မွေးရာပါ အခြေခံအခွင့်အရေးဖြစ်ပြီး ဘယ်လိုနိုင်ငံရေး၊ စစ်ရေးအကျိုးအမြတ်အတွက်မှ ပေါင်နှံလို့မရ၊ ပိတ်ပင်လို့မရတဲ့အရာ ဖြစ်ပါတယ်။ တကယ်တော့ အညာဒေသမှာ ကလေးတွေ စာမသင်ရဘဲ အနာဂတ်တွေ ပျောက်ဆုံးနေရတာကို ဖြစ်စေတဲ့ အဓိက တရားခံကတော့ စစ်တပ်ရဲ့ ရက်စက်လွန်းတဲ့ ထိုးစစ်တွေပါပဲ။ စစ်ကြောင်းတွေ အကြိမ်ကြိမ်ထိုးတာ၊ ရွာတွေကို မီးရှို့တာ၊ လေယာဉ်နဲ့ ဗုံးကြဲတာတွေကြောင့် ကလေးတွေခမျာ စာသင်ခုံမှာ အေးအေးလူလူ မထိုင်ရဘဲ မိဘတွေနဲ့အတူ တောထဲတောင်ထဲ ပြေးလွှားပုန်းအောင်းနေရတာ ဒီနေ့အထိပါပဲ။ မြေအောက်ကျောင်းတွေပါ ဆောက်ပြီး စာသင်နေတဲ့အဖြစ်ပါ။ စစ်တပ်က လုပ်နေတဲ့ ဒီလိုထိုးစစ်တွေဟာ ကလေးတွေ စာသင်ဖို့ ရုပ်ပိုင်းဆိုင်ရာအရရော စိတ်ပိုင်းဆိုင်ရာအရပါ အကြမ်းဖက်ပိတ်ဆို့ဖျက်ဆီးပစ်နေတာပါပဲ။ ဒါပေမဲ့ ဒီလို စစ်ဘေးဒဏ်တွေကြားထဲကမှ ကလေးတွေကို စာသင်စေချင်တဲ့ မိဘတွေရဲ့ စိုးရိမ်စိတ်ကို နောက်ထပ် အကျပ်ရိုက်စေတာကတော့ တော်လှန်ရေးဘက်က ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့တချို့ ထုတ်ပြန်လိုက်တဲ့ အမိန့်တွေပါပဲ။ "စစ်ကောင်စီကျောင်းတက်တဲ့ ကလေးတွေကို ရွာထဲ ပေးမဝင်ဘူး"၊ "ကျောင်းအပ်ဖို့ ကူညီတဲ့သူတွေကို အရေးယူမယ်" ဆိုတဲ့ အမိန့်တွေက စစ်တပ်ရဲ့ထိုးစစ်ကြောင့် စိတ်ဒဏ်ရာရနေတဲ့ ကလေးငယ်တွေရဲ့ ပညာသင်ခွင့်ကို နောက်ထပ်နည်းလမ်းတခုနဲ့ ပိတ်ဆို့လိုက်ပြန်ပါတယ်။ စစ်တပ်ရဲ့ သေနတ်ဒဏ်ကို ကြောက်လို့ ပြေးနေရတဲ့ ကလေးတွေဟာ အခုတော့ ကိုယ့်လူထုအသိုက်အဝန်းရဲ့ အမိန့်ဒဏ်ကိုပါ ထပ်ပြီး ခံနေရတဲ့ သဘောပါ။ ဒီနေရာမှာ ကျနော်တို့ အလေးအနက် ဆင်ခြင်သုံးသပ်ရမယ့်အချက်က CDM (Civil Disobedience Movement) ရဲ့ သဘောသဘာဝနဲ့ အခုနောက်ပိုင်းဖြစ်လာတဲ့ လူမှုရေးပြဿနာတွေပါပဲ။ စစ်အာဏာသိမ်းစက CDM ဆိုတာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရား လည်ပတ်လို့မရအောင် တုံ့ပြန်ခဲ့ကြတဲ့ မဟာဗျူဟာမြောက် သပိတ်မှောက်လှုပ်ရှားမှုတခု ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီလှုပ်ရှားမှုကို အခြေအနေအလျောက် ပညာသားပါပါ နှုတ်ခမ်းမသပ်နိုင်ခဲ့ကြတဲ့အခါ ကြီးမားတဲ့ လူမှုရေးဒဏ်ရာတွေအဖြစ် ပြောင်းလာပါတော့တယ်။ CDM ကို လှုပ်ရှားမှုအရွေ့တခုအနေနဲ့ နှုတ်ခမ်းမသပ်နိုင်ဘဲ သရုပ်လက္ခဏာ (identity) အသွင်ပြောင်းလာတဲ့အခါ ပဋိပက္ခက ပိုဆိုးသွားပါတော့တယ်။ "ငါတို့က CDM" ၊ "သူတို့က Non-CDM" ဆိုပြီး လူ့အသိုက်အဝန်းအတွင်းမှာ မျဉ်းပြိုင်ကြီးတွေ သားလိုက်ကြပါတယ်။ ဒီ identity ပဋိပက္ခဟာ အညာမြေက စာသင်ခန်းတွေအထိပါ ကူးစက်လာပြီး ကလေးငယ်တွေရဲ့ ပညာရေးကို အမုန်းတရားတွေ၊ ခြိမ်းခြောက်မှုတွေကြားထဲ ညပ်စေခဲ့ပါပြီ။ စစ်တပ်ရဲ့ ထိုးစစ်ကြောင့် စာသင်ရခက်ခဲနေတဲ့ ကလေးတွေကို စာနာမှုမပြဘဲ ကလေးတယောက် ကျောင်းတက်ခြင်း၊ မတက်ခြင်းကို နိုင်ငံရေးအရ သစ္စာစောင့်သိမှု ရှိ၊ မရှိ တိုင်းတာတဲ့ ကိရိယာလို သတ်မှတ်နေတာဟာ တော်လှန်ရေးအနှစ်သာရကိုပါ ပျက်စီးစေပါတယ်။ ကြားကာလပညာရေးစနစ်က ခိုင်မာတဲ့အနာဂတ်နဲ့ ဘေးကင်းတဲ့စာသင်ခန်းကို ထိထိရောက်ရောက် မပေးနိုင်သေးချိန်မှာ အမိန့်အာဏာသုံးပြီး စာသင်ခန်းတွေကို ပိတ်ဆို့နေမယ်ဆိုရင် ရေရှည်မှာ ကလေးတွေရဲ့အနာဂတ် အမှောင်အတိ ဖုံးသွားမှာ သတိပြုစရာပါ။ စစ်တပ်ရဲ့ ထိုးစစ်တွေကို ဆန့်ကျင်ထောက်ပြသလိုပဲ တော်လှန်ရေးဘက်ကလည်း အာဏာရှင်ဆန်တဲ့ နည်းလမ်းမျိုးတွေ သုံးပြီး ကလေးတွေရဲ့ အနာဂတ်ကို ထပ်လောင်းပိတ်ဆို့တာမျိုး မလုပ်သင့်ပါဘူး။ ပညာသင်ကြားခွင့်ဟာ အတားအဆီးမရှိ လွတ်လွတ်လပ်လပ် ရှင်သန်ခွင့်ရှိရပါလိမ့်မယ်။ နိုင်ငံရေးအခြေအနေတွေ၊ အမိန့်အာဏာတွေနဲ့ စစ်မက်ပဋိပက္ခတွေကြားထဲမှာ ရုန်းကန်ရှင်သန်နေရတဲ့ ကလေးငယ်တွေရဲ့ အနာဂတ်ကို ကိုယ့်နိုင်ငံရေးလိုဘအတွက် အပေါင်ခံပစ္စည်းအဖြစ် အသုံးမချဖို့ ဘက်အသီးသီး၊ အဖွဲ့အသီးသီးက သတိပြုရပါလိမ့်မယ်။
1 108
15
لا يوجد نص...
832
16
မြိုလူမျိုးတွေကို စစ်မှုထမ်းစုဆောင်းခဲ့တုန်းကလည်း အလားတူ တင်းမာမှုမျိုး ရှိခဲ့ဖူးပါတယ်။ ဒါကြောင့် အာရက္ခတပ်တော်အနေနဲ့ NDEP အပေါ် ရခိုင်လူထုနဲ့ ဒေသတွင်း လူမျိုးစုအစုံရဲ့ စိုးရိမ်ချက်တွေကို ထည့်သွင်းစဉ်းစားပြီး လိုအပ်တဲ့ ပြဋ္ဌာန်းချက်ဆိုင်ရာ ပြင်ဆင်မှု၊ လုပ်ဆောင်ပုံဆိုင်ရာ ပြင်ဆင်မှုတွေ ပြုလုပ်မှသာ NDEP ကို လူထုက ပိုမိုလက်သင့်ခံလာနိုင်ဖွယ် ရှိပါတယ်။ ဒါကြောင့် အာရက္ခတပ်‌တော်နဲ့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်အနေနဲ့ ပြည်သူကို မျက်နှာမူပြီး ဘက်လိုက်မှုကင်းတဲ့ နည်းစနစ်တစ်ခုနဲ့ NDEP ကို ဝိုင်းဝန်းပြင်ဆင်နိုင်မှသာ လူထု လက်ခံတဲ့ NDEP ဖြစ်ပေါ်လာနိုင်မှာ ဖြစ်ပါတယ်။ [ယခုဆောင်းပါးသည် ISP-Myanmar ၏ အာဘော်မဟုတ်ဘဲ စာရေးသူ၏ အာဘော်သာဖြစ်ပါသည်။ ဆောင်းပါးကို ဖတ်ရှုအပြီး ဆင်ခြင်မိသည်များ၊ ပြန်လည်ချေပလိုသည်များ ရှိပါကလည်း တုံ့ပြန်ဆောင်းပါး (rebuttal article) ရေးသားပေးပို့နိုင်ပါသည်] #ISP_Column
786
17
အာရက္ခမြေမှ စစ်မှုထမ်းသောက ______ ■ မေမီ [မေမီသည် ရခိုင်ဒေသက စစ်ရေး၊ နိုင်ငံရေးနှင့် တခြားကဏ္ဍအသီးသီးအပေါ် သတင်းနှင့် ဆောင်းပါးများ ရေးသားနေသော သတင်းထောက်တဦး ဖြစ်သည်] ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် မတ်လ ၁၈ ရက်နေ့မှာ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) က ပြဋ္ဌာန်းခဲ့တဲ့ အမျိုးသားကာကွယ်ရေးဆိုင်ရာအရေးပေါ်ပြဋ္ဌာန်းချက် (National Defense Emergency Provision – NDEP) ကို ဒေသတွင်းနေထိုင်သူအများစုကတော့ လက်ခံဖို့ ခက်ခဲနေကြဆဲ ဖြစ်တာကို တွေ့ရပါတယ်။ အထူးသဖြင့် စစ်မှုထမ်းကာလဟာ နှစ်နှစ်တာ ဖြစ်ပေမဲ့ စစ်မှုထမ်းနေစဉ် ကျန်ခဲ့တဲ့ မိသားစုအတွက် စားဝတ်နေရေးအာမခံချက် မရှိတာဟာ လူထုအနေနဲ့ အမျိုးသားကာကွယ်ရေးဆိုင်ရာ အရေးပေါ်ပြဋ္ဌာန်းချက် (NDEP) ကို လက်ခံဖို့ ခက်ခဲစေတဲ့ အဓိကအချက် ဖြစ်ခဲ့ပါတယ်။ တိုက်ပွဲဒဏ်တွေအကြား အစစအရာရာ ကျပ်တည်းနေတဲ့အချိန်မှာ အာရက္ခတပ်တော်က ချမှတ်လိုက်တဲ့ NDEP ဟာ အာရက္ခလူထုကို ပိုမိုအကျပ်ရိုက်စေတာကတော့ အမှန်ပါပဲ။ အာရက္ခတပ်တော်ရဲ့ လုပ်ဆောင်ချက်တချို့ကြောင့်လည်း လူထုအနေနဲ့ NDEP အပေါ် ကြောက်ရွံ့မှု ပိုတိုးလာစေခဲ့ပါတယ်။ အမှန်တော့ အာရက္ခတပ်တော်ဟာ NDEP ကို မပြဋ္ဌာန်းမီကတည်းက မိမိတို့ ထိန်းချုပ်ဒေသကနေ ပြည်မနဲ့ ပြည်ပကို ထွက်ခွာကြတဲ့ လူငယ်၊ လူရွယ်တွေကို လမ်းခုလတ်ကနေ ခေါ်ယူပြီး စစ်မှုထမ်းစေခဲ့တာတွေ ရှိခဲ့တာပါ။ အခုလိုခေါ်ယူခံရသူတွေဟာ မိသားစုဝင်တွေနဲ့ အဆက်အသွယ်ရဖို့ ခဲယဉ်းခဲ့ပြီး စစ်မှုထမ်းကာလအတိုင်း နှစ်နှစ်တာ စစ်မှုထမ်းရတာမဟုတ်ဘဲ အမြဲတမ်းစစ်သားအဖြစ် ခေါ်ယူခံရတာ ဖြစ်တာကြောင့် ဒီလိုဖြစ်စဉ်တွေဟာ လူထုအကြား မနှစ်မြို့မှုနဲ့ ကြောက်ရွံ့မှုကို ဖြစ်ပေါ်စေခဲ့ပါတယ်။ အာရက္ခတပ်တော်ဟာ NDEP ကို တရားဝင်ပြဋ္ဌာန်းပြီး ရပ်ရွာအလိုက် စစ်မှုထမ်းခေါ်ယူမှုစနစ်ကို ကျင့်သုံးလာစဉ်မှာလည်း လုပ်ပိုင်ခွင့်ရှိသူတွေရဲ့ ဘက်လိုက်မှုတွေကြောင့် NDEP ခေါ်ယူတဲ့ နည်းလမ်းကို လူထုဟာ မကျေမနပ် ဖြစ်ခဲ့ကြရပါသေးတယ်။ အာရက္ခတပ်တော်ဟာ စစ်သင်တန်းအတွက် ခေါ်ယူရာမှာ မဲစနစ်ကို အဓိကထားခေါ်ယူတာ ဖြစ်ပြီး မိမိဆန္ဒအလျောက် လိုက်ပါလိုသူတွေလည်း‌‌ ဒေသတွင်း အထိုက်အလျောက် ရှိခဲ့တာကို တွေ့ရပါတယ်။ အခုလို မဲစနစ်နဲ့ စစ်သင်တန်းသား ခေါ်ယူတဲ့နည်းကို ကျင့်သုံးနေတုန်းမှာပဲ အာရက္ခတပ်တော်ဟာ စစ်မှုထမ်းပြဋ္ဌာန်းချက် မထုတ်မီကာလကလို ခရီးသွားလူငယ်၊ လူရွယ်တွေကို လမ်းခုလတ်ကနေ စုဆောင်းခေါ်ယူတာတွေကို‌ ပြီးခဲ့တဲ့ ဧပြီလထဲက ပေါ်ပေါ်ထင်ထင်လုပ်ဆောင်ခဲ့ပါတယ်။ အာရက္ခတပ်တော်ဟာ မကွေး-ရခိုင်နဲ့ အိန္ဒိယရခိုင်ကုန်စည်လမ်းကြောင်းတွေမှာ သွားလာ‌နေသူတွေကို ဖမ်းဆီးခေါ်ဆောင်တာတွေ လုပ်ခဲ့တာကြောင့် ဖမ်းဆီးခံရသူတွေထဲ ကုန်သည်အများအပြားပါဝင်ခဲ့ပြီး နစ်နာမှုတွေလည်း ရှိခဲ့ကြပါတယ်။ ဒီဖြစ်စဉ်ဟာ NDEP အပေါ် လူထုရဲ့ကြောက်ရွံ့မှုကို ပိုတိုးစေခဲ့ပြီး လူထုကို ပိုအကျပ်ရိုက်စေခဲ့တဲ့ အခြေအနေလည်း ဖြစ်ခဲ့ပါတယ်။ အာရက္ခတပ်တော်အနေနဲ့ကတော့ ဖမ်းဆီးမှုအခြေအနေနဲ့ ပတ်သက်ပြီး NDEP အရ ပြည်နယ်ပြင်ပထွက်တဲ့သူတွေကို ဖမ်းဆီးတာလို့ ဆိုခဲ့ပေမဲ့ ပြည်နယ်ပြင်ပထွက်သူတွေရယ်လို့ သီးခြားခွဲပြီး ဖမ်းဆီးခဲ့တာ မဟုတ်တာကြောင့် ဖမ်းဆီးတဲ့အထဲ ကုန်သည်အများအပြား ပါဝင်ခဲ့တာပါ။ ရခိုင်လူထုဟာ အာရက္ခတပ်တော်က ပြဋ္ဌာန်းတဲ့ စစ်မှုထမ်းခေါ်ယူမှု (NDEP)ကို အရင်းခံစိတ်အရ လက်ခံကြပေမဲ့ ကျင့်သုံးတဲ့စနစ်ကြောင့် မလိုလားတာတွေ ရှိလာခဲ့တာလို့ ကြားသိရပါတယ်။ ကုန်စည်လမ်းကြောင်းတွေမှာ ဖမ်းဆီးတဲ့ဖြစ်စဉ်မျိုးတွေမှာဆိုရင် NDEP ဟာ အတော်ကို ရုပ်ဆိုးအကျည်းတန်ခဲ့ပါတယ်။ ရခိုင်လူထုဟာ မိမိနေအိမ်ကနေ တရားဝင်ခေါ်ယူတဲ့ စစ်မှုထမ်းမှုကို လက်ခံပေမဲ့ လမ်းခုလတ်ကနေ ဖမ်းဆီးခေါ်ဆောင်သွားတာ၊ မိသားစုဝင်တွေနဲ့ ဆက်သွယ်ခွင့်မရတာ၊ ဖမ်းဆီးခေါ်ဆောင်ခံရသူတွေဟာ စစ်မှုထမ်းကာလ သတ်မှတ်ချက်မရှိဘဲ စစ်ထဲဝင်ကြရတာ စတဲ့အခြေအနေတွေကိုတော့ ရှုတ်ချကြတာ တွေ့ရပါတယ်။ နောက်ပြီး အထက်က ပြောခဲ့သလို စစ်မှုထမ်းကာလအတွင်း မိသားစုစားဝတ်နေရေးအာမခံချက် မရှိတာဟာ NDEP ကို ရှောင်ရှားဖို့ တွန်းအားတခု ဖြစ်စေပါတယ်။ ဒါ့အပြင် စစ်မှုထမ်းကာလ ကျန်းမာရေးအခြေအနေတွေအတွက် အာမခံချက်၊ မိသားစုဝင်တွေနဲ့ ဆက်သွယ်ခွင့်၊ တာဝန်ထမ်းဆောင်ရမယ့်နေရာ စတဲ့အရာတွေအတွက် လူထုရဲ့ သိရှိခွင့်နဲ့ ရပိုင်ခွင့်တွေ နည်းပါးခဲ့ပါတယ်။ စစ်မှုထမ်းပါသွားသူနဲ့ အဆက်အသွယ်မရတော့တာ၊ ကျန်းမာရေးမကောင်းပေမဲ့ အိမ်ပြန်ခွင့်မရတာ၊ ၄၅ ရက်တာ စစ်သင်တန်း တက်ရောက်ထားသူတွေကို တိုက်ပွဲဧရိယာတွေကို ပို့တာ စတာတွေကြောင့် NDEP ကို ရခိုင်လူထုအနေနဲ့ ကြောက်ရွံ့မှု ပိုစေခဲ့တာ ဖြစ်ပါတယ်။ ရခိုင်လူထုအကြားမှာတောင် စိုးရိမ်စိတ်ရှိတဲ့ စစ်မှုထမ်းစုဆောင်းရေးဟာ အခြားလူ့အသိုက်အဝန်းတွေကိုပါ သက်ရောက်မှု ရှိလာတဲ့အခါမှာတော့ တင်းမာမှုတွေ ပိုကျယ်ပြန့်လာခဲ့ပါတယ်။ ၂၀၂၆ ခုနှစ်၊ မေလ ၂၃ ရက်နေ့တုန်းက ULA/AA က ဒိုင်းနက် (သက္ကမ) လူမျိုးတွေ အဓိကနေထိုင်တဲ့ မောင်တောမြို့နယ်၊ သင်္ဘောလှကျေးရွာမှာ စစ်မှုထမ်းစုဆောင်းရာကနေ ဒေသခံတွေနဲ့ ULA/AA တပ်ဖွဲ့ဝင်တွေအကြား ပဋိပက္ခတချို့ ဖြစ်ပွားခဲ့ပြီး ဒေသခံ ၁၀၀ ကျော်လောက် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။
672
18
لا يوجد نص...
625
19
စစ်အာဏာရှင်များ၏ သမိုင်းလိမ်ဗျူဟာ ______ ■ ရိပ်ဝေ [ရိပ်ဝေသည် တော်လှန်ရေးနယ်မြေများအတွင်း အုပ်ချုပ်ရေး၊ လုံခြုံရေးနှင့် အသိပညာမျှဝေရေးလုပ်ငန်းများ ဆောင်ရွက်နေသည်] 'သွေးသစ္စာ' (အရေးကြီးပြီ) ဆိုတဲ့ သမိုင်းဝင် တော်လှန်ရေးသီချင်းကို စစ်ကောင်စီပိုင် မြဝတီရုပ်သံလိုင်းကနေ ‘စစ်သားသွေးနီ ရှေ့သို့ချီ’ ဆိုပြီး စာသားတွေ အတင်းညှပ်၊ အသံအရည်အသွေးကို ဒစ်ဂျစ်တယ်နည်းပညာနဲ့ တမင်နိမ့်သွားအောင်လုပ်ပြီး ၁၉၆၀ ပြည့်နှစ်ဝန်းကျင်က ဓာတ်ပြားဟောင်းသီချင်းရယ်လို့ မကြာသေးမီရက်ပိုင်းက ထုတ်လွှင့်ခဲ့ပါတယ်။ အများသိကြတဲ့ ဒီသီချင်းကို ၁၉၈၉ ခုနှစ်မှာ (ကို)ထူးအိမ်သင် တောခိုစဉ် (ABSDF စခန်းတခုမှာ) ကိုယ်တိုင် ရေးသားခဲ့တာဖြစ်ပြီး ၁၉၉၁ ခုနှစ်မှာ (ကို)မွန်းအောင်က ဘန်ကောက်မှာ အသံသွင်း၊ ၁၉၉၂ ခုနှစ်မှာ မြန်မာပြည်ထဲ လျှို့ဝှက်ဖြန့်ခဲ့တာလို့ အဆိုတော် (ကို)မွန်းအောင်ကိုယ်တိုင်ကလည်း အခိုင်အမာ ပြောခဲ့ပါတယ်။ ဒီလို လုပ်ရပ်ဟာ အခုမှမဟုတ်ဘဲ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်တုန်းကလည်း ဒီသီချင်းကိုပဲ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ စစ်တပ်က သူတို့ရဲ့ဝါဒဖြန့်ချိရေးသီချင်းအဖြစ် ပြုပြင်ပြောင်းလဲဖို့ ကြိုးစားခဲ့ကြသေးတယ်လို့လည်း ဆိုပါတယ်။ ဒီနေ့ခေတ်မှာ အသံ (audio) နည်းပညာအကြောင်း နည်းနည်းပါးပါး နားလည်သူပဲဖြစ်ဖြစ်၊ သမိုင်းကြောင်းကို စိတ်ဝင်စားသူပဲဖြစ်ဖြစ် ဒါဟာ 'သွေးသစ္စာ' သီချင်းကို စစ်တပ်က ပုံမှားရိုက်ကူးချပြီး သမိုင်းအလိမ်အညာတခု ဖန်တီးနေတာဖြစ်ကြောင်း ချက်ချင်းသိနိုင်ပါတယ်။ ဒါပေမဲ့ ဒီနေရာမှာ ကျနော်တို့ သတိထားဖို့လိုအပ်တဲ့ အန္တရာယ်ကြီးတခု ရှိနေပါတယ်။ အဲဒါကတော့ စစ်အာဏာရှင်တွေရဲ့ ဝါဒဖြန့်ချိရေးတွေဟာ စဉ်းစားနိုင်စွမ်းရှိသူတွေကို ရည်ရွယ်တာ မဟုတ်ဘူးဆိုတာပါပဲ။ အာဏာရှင်တွေရဲ့ ဗျူဟာက ရေရှည်ပစ်မှတ် (long-term target) ကို သွားတာပါ။ သူတို့ရဲ့ပစ်မှတ်က ဝေဖန်ပိုင်းခြားနိုင်စွမ်းမရှိတဲ့သူတွေနဲ့ နောက်လာမယ့် မျိုးဆက်သစ်တွေပါ။ မြန်မာ့သမိုင်းမှာ အမှားကြာရင် အမှန်ဖြစ်သွားတတ်တဲ့ သာဓကတွေ အများကြီး ရှိခဲ့ဖူးပါတယ်။ ဦးနေဝင်းခေတ်က စလို့ စစ်အာဏာရှင်အဆက်ဆက်ဟာ သမိုင်းအစစ်အမှန်တွေကို ဖျောက်ဖျက်ပြီး သူတို့စိတ်ကြိုက် သမိုင်းအတုတွေကို ကျောင်းသင်ရိုးညွှန်းတမ်းတွေထဲအထိ ထည့်သွင်းတဲ့နည်းနဲ့ လူထုကို မှိုင်းတိုက်ခဲ့ကြပါတယ်။ ၁၉၅၈ ခုနှစ်မှာ အိမ်စောင့်အစိုးရ ဖွဲ့တာ၊ ၁၉၆၂ ခုနှစ်မှာ အာဏာသိမ်းတာတွေကို "နိုင်ငံရေးသမားတွေ ညံ့ဖျင်းလို့ တိုင်းပြည်ကွဲအက်တော့မယ့်ဘေးကနေ တပ်မတော်ကပဲ ကယ်တင်ခဲ့ရတာ" ဆိုပြီး သမိုင်းစာအုပ်တွေထဲမှာ ဆယ်စုနှစ်ချီ ရိုက်သွင်းခဲ့ပါတယ်။ တကယ်တမ်း စစ်တပ်ကြောင့် တိုင်းပြည်ခမျာ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ (LDC) ဘဝအထိ ရောက်ခဲ့ရတာကိုတော့ ဖုံးကွယ်ထားခဲ့ကြပါတယ်။ အခုလည်း ဒီလိုပါပဲ။ အခုအချိန်မှာ ကျနော်တို့က စစ်တပ်ဟာ သီချင်းကို ခိုးထားမှန်းလည်း သိနေ၊ ရယ်လည်း ရယ်နေကြပေမဲ့ နောက်အနှစ် နှစ်ဆယ်၊ သုံးဆယ်မှာ ပေါ်လာမယ့် မျိုးဆက်သစ်တွေဟာ သူတို့မျက်စိနဲ့ ခဏခဏ မြင်နေရ၊ ရုပ်သံလိုင်းတွေမှာ ခဏခဏ ကြားနေရတဲ့အရာကိုပဲ အမှန်တရားလို့ ထင်မှတ်သွားကြပါလိမ့်မယ်။ အခုလို ပြည်သူတွေ ဖန်တီးထားတဲ့ ပြည်သူတွေရဲ့ ရင်ထဲမှာ အမြစ်တွယ်နေတဲ့ အနုပညာကို စစ်တပ်က အတင်းအဓမ္မ ခိုးယူနေရခြင်းဟာ သူတို့မှာ လူထုကို ဆွဲဆောင်နိုင်တဲ့ ကိုယ်ပိုင် soft power (အနုနည်းနဲ့ စည်းရုံးနိုင်တဲ့ အာဏာ) မရှိတော့ဘဲ စိတ်ဓာတ်ပိုင်းဆိုင်ရာ အောက်ခြေအထိ ပြိုလဲနေပြီဆိုတာကို ပြသနေပါတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့ဘက်က အာဏာရှင်ကို တိုက်ထုတ်တဲ့နေရာမှာ လက်နက်ကိုင်တော်လှန်ရေး (hard power) တင်မကဘဲ အနုပညာ၊ စာပေ၊ သမိုင်းအထောက်အထားနဲ့ ယဉ်ကျေးမှုဆိုင်ရာ တော်လှန်ရေး (soft power) မှာလည်း အားကောင်းမောင်းသန် ရှိနေဖို့ အထူးလိုအပ်ပါတယ်။ အာဏာရှင်တွေရဲ့ သမိုင်းလိမ်လည်မှုတွေကို အနိုင်ယူဖို့ဆိုရင် ကျနော်တို့ဘက်က ပိုမိုအားကောင်းပြီး ပိုမိုစစ်မှန်တဲ့ အနုပညာဖန်တီးမှုအသစ်တွေနဲ့ လူထုကြားထဲ၊ မျိုးဆက်သစ်တွေကြားထဲမှာ အမြဲတမ်း ရှင်သန်လွှမ်းမိုးနေအောင် လုပ်ဆောင်ရပါမယ်။ နိဂုံးချုပ်ရရင် (ကို)မွန်းအောင် ပြောသလို အတုအယောင် ဓာတ်ပြားတွေနဲ့ သမိုင်းကို လိမ်ညာဖို့ ဘယ်လောက်ပဲ ကြိုးစားပါစေ၊ အနုပညာရှင်ရဲ့ စစ်မှန်တဲ့ ဝိညာဉ်နဲ့ သက်ရှိထင်ရှား သမိုင်းသက်သေတွေ ရှိနေသရွေ့ အတုဟာ အစစ်ကို ဘယ်တော့မှ မကျော်နိုင်ပါဘူး။ ဒါပေမဲ့ အတုက အစစ်ကို မကျော်နိုင်ဖို့ဆိုရင် အစစ်ကို ကိုင်စွဲထားတဲ့ ကျနော်တို့တတွေက ငြိမ်မနေဘဲ အမှန်တရားကို မျိုးဆက်တခုပြီးတခု လက်ဆင့်ကမ်း သယ်ဆောင်သွားနိုင်ဖို့ လိုပါလိမ့်မယ်။ ဒါမှသာ အာဏာရှင်တွေရဲ့ ရေရှည်ဝါဒမှိုင်း ထောင်ချောက်ထဲကနေ ကျနော်တို့ရဲ့ မျိုးဆက်သစ်တွေကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ [ယခုဆောင်းပါးသည် ISP-Myanmar ၏ အာဘော်မဟုတ်ဘဲ စာရေးသူ၏ အာဘော်သာဖြစ်ပါသည်။ ဆောင်းပါးကို ဖတ်ရှုအပြီး ဆင်ခြင်မိသည်များ၊ ပြန်လည်ချေပလိုသည်များ ရှိပါကလည်း တုံ့ပြန်ဆောင်းပါး (rebuttal article) ရေးသားပေးပို့နိုင်ပါသည်] #ISP_Column
623
20
لا يوجد نص...
555