cookie

Utilizamos cookies para mejorar tu experiencia de navegación. Al hacer clic en "Aceptar todo", aceptas el uso de cookies.

avatar

Ministry of Federal Union Affairs

Publicaciones publicitarias
1 764
Suscriptores
+124 horas
+117 días
-930 días

Carga de datos en curso...

Tasa de crecimiento de suscriptores

Carga de datos en curso...

(၁၄၉) နှစ်မြောက် ကရင်နီအမျိုးသားနေ့အခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရမှ ပေးပို့သည့်သဝဏ်လွှာ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၁ ရက်
Mostrar todo...
👍 2 1
တီမောလက်စ်တီနိုင်ငံ၏ သမ္မတ Jose Ramos Horta နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံခြင်း ၂၀၂၄ ခုနှစ်၊ ဇွန်လ (၂၀) ရက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနှင့် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာဇော်ဝေစိုးသည် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်နှင့်အတူ ဇွန်လ (၁၈) ရက်နေ့တွင် တီမောလက်စ်တီ ဒီမိုကရက်တစ် သမ္မတနိုင်ငံ၏ မြို့တော် Dili ရှိ သမ္မတနန်းတော်၌ တီမောလက်စ်တီ သမ္မတ Jose Ramos Horta အား ဂါရဝပြုတွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေများအပါအဝင် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ရန် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ (၂) နာရီခန့်ကြာအောင် ရင်းနှီးနွေးထွေးစွာ ဆွေးနွေးဖလှယ်ခဲ့ကြပါသည်။ တွေ့ဆုံမှုအပြီး၌ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာဇော်ဝေစိုးက "တီမောလက်စ်တီနိုင်ငံနှင့် သမ္မတနန်းတော်၌ ယခုလို ရောက်ရှိနေခြင်းသည် မိမိတို့အတွက် ဂုဏ်ပြုမှုတစ်ရပ်ဖြစ်ကြောင်း၊ သမ္မတကြီးနှင့် ဂါရဝပြုတွေ့ဆုံရာ၌ မြန်မာနိုင်ငံမှ တော်လှန်ရေးအင်အားစုများ စိုးမိုးထိန်းချုပ်ထားသော နယ်မြေများ၌ ကျန်းမာရေး၊ ပညာရေးနှင့် တော်လှန်ရေးကိစ္စရပ်များအကြောင်း၊ ထိုဒေသရှိ ပြည်သူများအတွက် မိမိတို့ ဆောင်ရွက်ပေးလျက်ရှိသော ဝန်ဆောင်မှုများအကြောင်းကို ဆွေးနွေးဖလှယ်ခဲ့ကြကြောင်း၊ ကျန်းမာရေးနှင့် ပညာရေးကိစ္စရပ်များအတွက် နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြောင်း" ပြောကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်ကလည်း "မြန်မာပြည်သူများနှင့် မြန်မာ့တော်လှန်ရေး၏ ကိုယ်စား အသိပေးဆောင်ရွက်ပေးသည့် သမ္မတကြီးကို ကျေးဇူးတင်ရှိကြောင်း၊ မြန်မာစစ်တပ်၏ အာဏာသိမ်းမှုကို အဆုံးသတ်စေပြီး မြန်မာနိုင်ငံ၌ ဒီမိုကရေစီ ပြန်လည်ထွန်းကားစေရေးအတွက် စီးပွားရေးအရ ပိတ်ဆို့မှုများနှင့် သံတမန်ရေးအရ ဖိအားပေးမှုများကို လုပ်ဆောင်ရန် ဆက်လက်တောင်းဆိုကြောင်း၊ မိမိတို့ စိုးမိုးထိန်းချုပ်နိုင်သော ဒေသများလည်း ပိုမိုကျယ်ပြန့်လာကြောင်း၊ စိုးမိုးထိန်းချုပ်နယ်မြေသစ်များ၌ လူသားချင်းစာနာမှုအကူအညီများကို NUG အစိုးရက ထောက်ပံ့ပေးလျက်ရှိကြောင်း၊ အဓိကစိန်ခေါ်မှုမှာ အရပ်ဘက်ပြည်သူများအပေါ် အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများ ဖြစ်ကြောင်း" ပြောကြားခဲ့ပါသည်။ တီမောလက်စ်တီ သမ္မတ Jose Ramos Horta ကလည်း "မိမိအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရကို ကူညီဆောင်ရွက်ရန် သန္နိဋ္ဌာန်ချထားကြောင်း၊ အထူးသဖြင့် NUG ၏ သံတမန်ရေးရာကို ကမ္ဘာအနှံ့ ဖြန့်ကျက်နိုင်မှုကို ပိုမိုအားကောင်းစေရေးအတွက် အသိပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း" ကတိပြုပြောကြားခဲ့ပါသည်။ ထို့နောက် မြန်မာကိုယ်စားလှယ်အဖွဲ့သည် တီမောလက်စ်တီ နိုင်ငံခြားရေး၀န်ကြီး Mr. Bendito Freitas နှင့်လည်း ၄င်း၏ ရုံးခန်းတွင် ရင်းနှီးစွာ တွေ့ဆုံဆွေနွေးခဲ့ကြပါသည်။
Mostrar todo...
တီမောလက်စ်တီနိုင်ငံ၏ သမ္မတ Jose Ramos Horta နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံခြင်း မှတ်တမ်းဓာတ်ပုံ ၂၀၂၄ ခုနှစ်၊ ဇွန်လ (၂၀) ရက်
Mostrar todo...
အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ (၇၉)နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် ပဲခူးရိုးမစစ်ဘေးရှောင်စခန်း၊ မကွေးခရိုင် အမှတ်(၂)တပ်ရင်း(ရေနံချောင်း PDF)၊ ရေနံချောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ သရက်ခရိုင်တပ်ရင်း၊ အမှတ်(၁) စစ်ဒေသ တပ်ရင်း (၅၁၀)၊ ရန်ကုန်တိုင်းစစ်ဌာန တပ်ရင်း (၅၁၀၁) နှင့် ဟင်္သာတခရိုင်အမှတ်(၁) တပ်ရင်း တို့ကို အာဟာရဒါန ကျွေးမွေးလှူဒါန်းခြင်းများပြုလုပ်ခဲ့ပါသည်။
Mostrar todo...
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ https://www.nugmyanmar.org “အီဒုလ်အသွဟာ" ကုရ်ဘာနီစွန့်လွှတ်လှူဒါန်းမှုအိးဒ်ပွဲတော်နေ့ အထိမ်းအမှတ် ပေးပို့သော သဝဏ်လွှာ ၂၀၂၄ ခုနစ်၊ ဇွန်လ (၁၇) ရက်
Mostrar todo...
👍 2
Photo unavailableShow in Telegram
ပြည်သူများထံသို့ သတင်းစကား ၂၀၂၄ ခုနှစ်၊ ဇွန်လ (၁၅) ရက် “တကယ်တော့ ဒီအချိန်ဟာ အကြမ်းဖက်စစ်တပ်ရဲ့ အင်အားအချိနဲ့ဆုံးအချိန်လို့ ပြောလို့ရတဲ့ အချိန်ပါ။ ဘာကြောင့် ဒီလိုပြောတာလဲဆိုရင် တခေတ်တခါမှာမှ မကြုံခဲ့ဖူးတဲ့ ပြည်သူတွေရဲ့ စုပေါင်းအားနဲ့ နည်းမျိုးစုံ ဆန့်ကျင်ခဲ့ကြတာကြောင့်ပါပဲ” ဒူဝါလရှီးလ နိုင်ငံတော်ယာယီသမ္မတ အမျိုးသားညီညွတ်ရေးအစိုးရ (၁၃/၂၀၂၃) အစိုးရအဖွဲ့အစည်းအဝေး မိန့်ခွန်းကောက်နုတ်ချက်
Mostrar todo...
5👍 1
ကြားကာလ ဖက်ဒရယ်ပညာရေးကောင်စီ ဖွဲ့စည်းပေါ်ပေါက်လာရေးအတွက် တိုင်းရင်းသား ညီနောင်မောင်နှမ နိုင်ငံရေးအင်အားစုများနှင့် ပညာရေးဆိုင်ရာအဖွဲ့အစည်းများအားလုံး အတူတကွ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြပါရန် တိုက်တွန်းနှိုးဆော်လွှာ
Mostrar todo...
5
အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးဝန်ကြီးဌာနက စိုးမိုးနယ်မြေများရှိ ဆေးရုံ၊ ဆေးခန်းပေါင်း ၇၀၀ ကျော်တွင် ကျန်းမာရေးစောင့်ရှောက်မှုများပေးလျက်ရှိ - ပုံ - စိုးမိုးနယ်မြေများရှိ ဆေးရုံများတွင် အသေးစား၊ အကြီးစား ခွဲစိတ်မှုများ ပြုလုပ်နေပုံ
Mostrar todo...
4
Photo unavailableShow in Telegram
”အကြမ်းဖက်စစ်အုပ်စုအနေနဲ့ ယနေ့အချိန်ထိ အသိတရားမရှိဘဲ နည်းလမ်း ပေါင်းစုံ၊ ရှုထောင့်ပေါင်းစုံကနေ ပြည်သူလူထု နှင့် တော်လှန်ရေးအင်အားစုတွေကို တိုက်ခိုက်နိုင်ဖို့အတွက် စဥ်ဆက်မပြတ် ကြိုးပမ်းနေတာကြောင့် သူတို့ကို ပြင်ဆင်ချိန် အချိန်များများ ထပ်ပေးလို့မရဘူးဆိုတာ ကျွန်တော်တို့အားလုံး သဘောပေါက်နားလည်စွာနဲ့ ဒီနှစ်ကို ရုန်းကန်ကြရမှာ ဖြစ်ပါတယ်။” အမျိုးသားညီညွတ်ရေးအစိုးရ၏ အစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၁၈/၂၀၂၄) တွင်ပြောကြားခဲ့သော ပြည်ထောင်စုဝန်ကြီးချုပ်၏ မိန့်ခွန်းမှ #MahnWinnKhaingThann #MyanmarPrimeMinister #NationalUnityGovernment #TogetherWeWillWin
Mostrar todo...
5
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ https://www.nugmyanmar.org “အကြမ်းဖက်စစ်အုပ်စုက အင်တာနက်ဖြတ်တောက်ခြင်း၊ ပိတ်ဆို့ခြင်းတို့နှင့် စပ်လျဥ်း၍ ထုတ်ပြန်ကြေညာချက်” ၂၀၂၄ ခုနစ်၊ ဇွန်လ (၇) ရက်
Mostrar todo...
2
Elige un Plan Diferente

Tu plan actual sólo permite el análisis de 5 canales. Para obtener más, elige otro plan.