EHS Myanmar
Ir al canal en Telegram
This is an official channel of Environment, Health and Safety Myanmar (EHS Myanmar). Please visit www.ehsmyanmar.org for more information.
Mostrar más934
Suscriptores
Sin datos24 horas
+47 días
+730 días
Archivo de publicaciones
934
🇲🇲 76th Independence Day of Myanmar 2024 🇲🇲
We'd like to wish ours, a happy Independence Day. We wish all Myanmar citizens a happy and prosperous Independence Day.
#EHSMyanmar #Myanmar #IndependenceDay
934
Environmental Management Planning and Monitoring Online Course Batch 3 တွင် သင်ရိုးသစ် သင်ကြားရေးစနစ်သင်တို့ဖြင့် သင်ကြားပေးသွားမှာဖြစ်ပြီး အောက်ဖော်ပြပါ သင်ခန်းစာတွေပါဝင်မှာဖြစ်ပါတယ်။
- Policy, Legal and Framework
- Examining Methods of Surrounding Environment
- Environmental Quality Monitoring
- Impacts of Identification and Risk Assessment
- Impact Assessment Methodologies
- Mitigation and Management Plan
- Environmental Monitoring and Planning
- Brain Storming Session
- Group Presentation
စသည်တို့အား ဆရာ၊ ဆရာမများမှ ရှင်းလင်း၊ သေချာစွာ သင်ကြားပေးသွားမည်ဖြစ်ပါတယ်။
အဲဒီတော့...ဒီ EMP သင်တန်းကို ဘယ်သူတွေတက်သင့်သလဲ လို့အကြံပြုရမယ်ဆိုလျှင် >>>
ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း EIA နှင့် EMP နယ်ပယ် လုပ်ငန်းခွင်များအတွင်း စတင်လုပ်ကိုင်လိုသည့် ဘွဲ့ကြိုကျောင်းသား ကျောင်းသူများ၊ ဘွဲ့လွန်ကျောင်းသား ကျောင်းသူများအပြင် Environmental Officer များ၊ Environmental Auditor များ၊ EMP အားကိုယ်တိုင်လုပ်ရေးဆွဲလိုသည့် Manager များ နှင့် လုပ်ငန်းရှင်ကြီးများအတွက် အထူးသင့်လျော်အောင်သင်ရိုးများရေးဆွဲထားပါတယ်။
Registration Form Link >>> https://docs.google.com/forms/d/e/1FAIpQLScxXECaKwCAW7Yo4q6KrCJ4URKwzd_WwGPyFnC4no7PrGzzhQ/viewform?usp=sf_link
Full Scholarship Form Link >>> https://docs.google.com/forms/d/e/1FAIpQLSfV9Q3VYn1AnT-5ArmJr8anJRO0t5zlGmVF6URudl2PRRKcRA/viewform?usp=sf_link
အသေးစိတ်သိရှိလိုပါက EHS Myanmar Facebook Page သို့အချိန်မရွေးဆက်သွယ်မေးမြန်းနိုင်ပြီး ဖုန်းနံပါတ် (+95) 9988832781 သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။
Learn more at www.ehsmyanmar.org
---------------------------------------------------
Don't forget to follow us on Instagram - https://instagram.com/ehsmyanmar?igshid=YmMyMTA2M2Y=
#EHSMyanmar #Onlinecourse #EnvironmentalManagementPlanningandMonitoring #EMP03 #scholarship
934
🌟EHS Myanmar မိသားစုမှ နှစ်သစ်မင်္ဂလာဆုတောင်း ၂၀၂၄🌟
ကျွန်မတို့တွေ ခက်ခဲပင်ပန်းလှတဲ့ ၂၀၂၃ ခုနှစ်ကို အချင်းချင်းဖေးမကူညီရင်း ကြံ့ကြံ့ခံရင်ဆိုင် ကျော်ဖြတ်နိုင်ခဲ့ကြပါပြီ။ ဒီလိုခက်ခဲတဲ့ကာလကို ကျော်ဖြတ်ရင်း ကျွန်မတို့ The Environment, Health and Safety Myanmar (EHS Myanmar) နှင့်အတူ သဘာဝပတ်ဝန်းကျင်အတွက် ကြိုးစားလုပ်ဆောင်နေကြသော တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို အထူးကျေးဇူးတင်ရှိပါတယ်ရှင့်။
ယခုလာမယ့် မင်္ဂလာနှစ်သစ် (၂၀၂၄) တွင် မြန်မာပြည်သူပြည်သားအားလုံး-
စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံ၍ စီးပွားလာဘ်လာဘများ တိုးပွားကာ အောင်မြင်မှုတွေ ပိုင်ဆိုင်နိုင်ပါစေ။
ပူပန်ကြောင့်ကြကင်းစင်စွာနှင့် ဘေးရန်အပေါင်းကင်းရှင်းစွာ ပျော်ရွှင်ချမ်းမြေ့ လိုတရကြပါစေ။
ကိုယ်စိတ်နှစ်ဖြာသစ်လွင်ဆန်းသစ်ပြီး လုပ်ငန်းမှန်သမျှ အောင်မြင်တိုးတက်ကြပါစေ။
ဝမ်းနည်းပူဆွေးမှုတွေကို ထားခဲ့နိုင်ကာ နှစ်သစ်တွင် စိတ်သစ်လူသစ်နှင့် ပျော်ရွှင်စွာ နေထိုင်နိုင်ကြပါစေ။
မိမိချစ်ခင်သောသူများနှင့် တစ်စုတစ်ဝေးတည်း ပြန်လည်တွေ့ဆုံနိုင်ကြပါစေ။
ကျွန်မတို့လိုလားတောင့်တသော ရွှေရောင်နေ့ရက်များကိုလည်း အမြန်ဆုံးရနိုင်ကြပါစေ။
ကျွန်မတို့ သဘာဝပတ်ဝန်းကျင်အတွက်လည်း ကောင်းကျိုးပြုနိုင်ကြပါစေကြောင်း
EHS Myanmar မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင့်။
#EHSMyanmar #NewYear #2024
934
ပတ်ဝန်းကျင်ကို အပြုသဘောဆောင်တဲ့ အကျိုးသက်ရောက်မှုတွေလုပ်ဖို့ စိတ်အားထက်သန်တဲ့ လူငယ်တွေအတွက် EHS Myanmar မှ မကြာခင်ဖွင့်မည့် Environmental Management and Planning (EMP) Batch 3 အွန်လိုင်းသင်တန်းတွင် ပါဝင်ရန် အသက် 18 နှစ်မှ 25 နှစ်ကြား မြန်မာနိုင်ငံတွင်းနေထိုင်လျက်ရှိသော လူငယ်တွေအတွက် ပညာသင်ဆု ပေးအပ်မည် ဖြစ်ကြောင်းကို ဝမ်းမြောက်စွာ ထပ်မံကြေညာအပ်ပါသည်။
🌟ယခုသင်တန်းတွင် သဘာဝပတ်ဝန်းကျင်စီမံခန့်ခွဲမှုနှင့် စီမံကိန်းရေးဆွဲခြင်းနယ်ပယ်တွင် သင်၏အသိပညာနှင့် ကျွမ်းကျင်မှုများကို ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ရေရှည်တည်တံ့သောအနာဂတ်ကို ဖန်တီးပေးသည့် အသိုင်းအဝိုင်းတစ်ခု၏ တစ်စိတ်တစ်ပိုင်းဖြစ်ရန် အခွင့်အလမ်းကောင်းတစ်ခုဖြစ်ပေသည်။
💠 သင်တန်းတွင် ဘာတွေသင်ကြားမှာလဲ?
ဤ EMP သင်တန်းတွင်
- Policy, Legal and Framework
- Examining Methods of Surrounding Environment
- Environmental Quality Monitoring
- Impacts of Identification and Risk Assessment
- Impact Assessment Methodologies
- Mitigation and Management Plan
- Environmental Monitoring and Planning
- Brain Storming Session
- Group Presentation
စသည်တို့အား ဆရာ၊ ဆရာမများမှ ရှင်းလင်း၊ သေချာစွာ သင်ကြားပေးသွားမည်။
💠 သင်တန်းအား ဘယ်အချိန်နဲ့ ဘယ်နေရာများတွင် သင်ကြားမှာပါလဲ?
ရုံးချိန်လွတ် ၅ပတ်တာသင်တန်းဖြစ်ပြီး သင်တန်းအားအချိန်ပြည့်တက်ပေးသူ၊ Group Presentation များတွင်တက်ကြွစွာပါဝင်သူနဲ့ Assessment ပြည့်မှီသူများကိုသာ Certificate ပေးအပ်မှာဖြစ်ပါတယ်။
အချိန်။ ။ ည ၇:၀၀ နာရီ - ၈:၃၀ နာရီ
နေ့ရက်။ ။ ဇန်နဝါရီလ (၁၃) ရက်နေ့မှ ဖေဖော်ဝါရီလ (၁၁) ရက်နေ့အထိ (စနေ တနင်္ဂနွေနေ့များ)
သင်ကြားရေးပလက်ဖောင်း။ ။ ZOOM Video Conferencing
💠 Scholarship အစီအစဉ်မှာ ပါဝင်ရွေးချယ်ခံရဖို့အတွက် Registration Form ထဲတွင်-
- ယခု Post အား Facebook တွင် Public ဖြင့် Share ထားသော Screenshot အား Upload လုပ်ပေးရပါမယ်။
- အသက်အရွယ်အား အတည်ပြုနိုင်ရန်အတွက် အမျိုးသားမှတ်ပုံတင်ကဒ် (အရှေ့မျက်နှာ) အား Upload လုပ်ပေးရပါမယ်။
- စာလုံးရေအများဆုံး ၁၅၀ ရှိသော English စာဖြင့်ရေးထားတဲ့ Motivation Letter အား Upload လုပ်ပေးရပါမယ်။
💙 Registration Form Link >>> https://docs.google.com/.../1FAIpQLScxXECaKwC.../viewform...
💙 Scholarship Form Link >>> https://docs.google.com/.../1FAIpQLSfV9Q3VYn1.../viewform...
Learn more at www.ehsmyanmar.org
---------------------------------------------------
Don't forget to follow us on Instagram - https://instagram.com/ehsmyanmar?igshid=YmMyMTA2M2Y=
#EHSMyanmar #Onlinecourse #EnvironmentalManagementandPlanning #EMP03
934
မြန်မာ့ဆောင်းတွင်းတွင်တွေ့ကြုံရသော သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုများ ❄
-----------------------------------------------
EHS Myanmar | 17.12.2023
☃️အပူချိန်လျော့နည်းပြီးအေးမြလာသောဆောင်းရာသီသို့ရောက်လာသည့်အခါ စာရေးသူတို့မြန်မာနိုင်ငံတွင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာညစ်ညမ်းမှုများနှင့်ရင်ဆိုင်ရလေ့ရှိပါသည်။ ဆောင်းတွင်း၏အေးမြတဲ့ဆောင်း လေနှင့်အတူသာယာလှပနေတဲ့သဘာဝရှုခင်းများကိုတွေ့နိုင်ရသော်လည်း ကျွန်ုပ်တို့အနေနဲ့သတိမထား မိတဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာပြသနာများနှင့်လဲရင်ဆိုင်ရနိုင်ကြောင်းသိထားဖို့လိုပါမည်။ ဘာတွေဖြစ်မလဲဆိုတာလေ့လာကြည့်ရအောင်။
၁။ လေထုညစ်ညမ်းမှု - မြန်မာနိုင်ငံမှာ ဆောင်းတွင်းရောက်ပြီဆိုလျှင် အဖြစ်များဆုံးသောပြသနာက လေထုညစ်ညမ်းမှုပင်ဖြစ်ပါသည်။ အကြောင်းမှာဆောင်းတွင်းရောက်သည့်နိုင်ငံအနှံ့ မြို့ပြကျေးလက်တို့မှာ အမှိုက်မီးရှို့တဲ့ပြသနာ (biomass burning) ကိုအကြီးအကျယ်လုပ်ဆောင်ကြလေ့ရှိပါသည်။ အမှိုက်မီးရှို့ခြင်း၊ သစ်ကိုင်းခြောက်များမီးရှို့ခြင်း နှင့် ထင်းမီးသွေးရှို့ပြီးမီးလှုံခြင်းများသည် လေးလံသောဆောင်းလေတို့နှင့်ထိတွေ့သည့်အခါ လေထုညစ်ညမ်းမှုကိုပိုမိုဆိုးရွားစေခြင်းကြောင့်ဖြစ်ပါသည်။ ထို့အပြင်အမှိုက်မီးရှို့သည့်အခါ NOx, SO2, VOCs, Black Carbon နှင့် PM အစရှိသောအန္တရာယ်ရှိလေထုအမှုန်အမွှားများထွက်သည့်အတွက် သဘာဝပတ်ဝန်းကျင်ကိုထိခိုက်ရုံသာမက ပတ်ဝန်းကျင်ရှိလူထုကျန်းမာရေးကိုပါဆိုးရွားစေပါသည်။
၂။ သစ်တောပြုန်းတီးခြင်း - ဆောင်းရာသီရောက်သည့်အခါ အကြောင်းအမျိုးမျိုးဖြင့် သစ်တောသစ်ပင်ပိုမို ခုတ်လေ့ရှိပါသည်။ စိုက်ပျိုးရေးအတွက်သော်လည်းကောင်း၊ လျှပ်စစ်မီးမရသည့် ကျေးလက်နှင့်တောင်ပေါ်ဒေသတို့တွင် အပူလှုံဖို့ နှင့် ထမင်းဟင်းချက်ဖို့အတွက် ထင်းမီးသွေးတို့ကို ပိုမိုအားကိုးရသည့်အခါ သစ်တောသစ်ပင်တို့ကိုပိုမိုအသုံးပြုရပါသည်။ ထို့အတွက်ကြောင့်လဲ ပတ်ဝန်းကျင်ဂေဟစနစ်တို့အပေါ်ထိခိုက်မှုများရှိနိုင်သည့်အတွက် ကောင်းမွန်ပြီးလက်တွေ့ကျသည့်ဖြေရှင်းနည်းများဖြင့် လုပ်ဆောင်နိုင်စေဖို့ဝိုင်းဝန်းလုပ်ဆောင်ဖို့ လိုနေပါဦးမည်။
၃။ အမှိုက်စွန့်ပစ်ခြင်း - ဆောင်းရာသီမှတွင်မကပဲ စည်းကမ်းမဲ့အမှိုက်စွန့်ပစ်ခြင်းပြသနာက မြန်မာနိုင်ငံမှာ ၁၂ ရာသီလုံးဖြစ်နေသည့်စိန်ခေါ်မှုလို့ပင်ပြောရပါမည်။ တခါသုံးပလတ်စတစ်အမှိုက်များအသုံးပြုခြင်း၊ အားနည်းသောအမှိုက်သိမ်းမှုစနစ်၊ စည်းကမ်းမဲ့အမှိုက်စွန့်ပစ်ခြင်း ဥပမာ ရေမြောင်းတွေထဲအမှိုက်ပစ်ခြင်း စသည့်စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ခြင်းစနစ်တို့ကြောင့် ဆောင်းရာသီအလှနှင့်လူ့ကျန်းမာရေးတို့ကိုခြိမ်းခြောက်လျက်ရှိပါသည်။
၄။ တောရိုင်းတိရစ္ဆာန်များအပေါ်ထိခိုက်ခြင်း - ရာသီဥတုပြောင်းလဲခြင်း ပူလွန်ခြင်း အေးလွန်းခြင်း တို့သည် တောရိုင်းတိရစ္ဆာန်များနှင့်ဇီဝမျိုးစုံမျိုးကွဲတို့အပေါ်အန္တရာယ်ပြုလျက်ရှိပါသည်။ အစာရေစာရှားပါးခြင်း၊ အစာကွင်းဆက်ပျက်လာခြင်း၊ ရေထုလေထုညစ်ညမ်းလာခြင်း၊ မြို့ပြများဖွံ့ဖြိုးတိုးတက်လာခြင်း တို့ကြောင့် ဆောင်းတွင်းတွင် သက်ရောက်များပြင်းထန်လျက်ရှိပါသည်။
နိဂုံးချုပ်ရသော် သဘာဝပတ်ဝန်းကျင်နှင့်လူသားတို့၏ကျန်းမာရေးအပေါ် ရေရှည်တည်တံ့ခိုင်မြဲပြီးဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော်ဖြစ်စေဖို့အတွက် EHS Myanmar နှင့်အတူ မိမိပတ်ဝန်းကျင်လူထုကို သဘာဝပတ်ဝန်းကျင်ဆိုင်ရာအသိပညာပေးလုပ်ငန်းတွေကို ပိုမိုလုပ်ဆောင်ရဖို့ တိုက်တွန်းရင်း ချစ်စရာကောင်းသောဆောင်းရာသီကိုဖြတ်သန်းကြပါစို့လား။ ။
ရေးသားသူ - နိုင်ကျော်လူ
---------------------------------------------------------------------------
Don't forget to follow us on Instagram - https://www.instagram.com/ehsmyanmar/
#EHSMyanmar #winter #coldseason #environmental #pollution #myanmar
934
မြန်မာနိုင်ငံတွင် ရေရှည်ဖွံ့ဖြိုးတိုးတက်သော ခရီးသွားလုပ်ငန်း အကောင်အထည်ဖော်နိုင်ပြီလား?
---------------------------------------------------
EHS Myanmar 17/12/2023
✈️ ကမ္ဘာကြီးသည် ရွာကြီးတစ်ရွာဖြစ်လာသည်နှင့်အမျှ တစ်နေရာမှတစ်နေရာသို့ လေ့လာလည်ပတ်ခရီးထွက်ရန်လွယ်ကူလာပေသည်။ သို့သော်လည်း ထိုသို့ကမ္ဘာလှည့်ခရီးသွား ပေါများလာခြင်းသည် သဘာဝပတ်ဝန်းကျင်အပေါ်ထိခိုက်ပျက်စီးမှုများရှိလာပေသည်။ ထို့ကြောင့် ရေရှည်ဖွံ့ဖြိုးတိုးတက်သော ခရီးသွားလုပ်ငန်းကိုဖော်ဆောင်ခြင်းသည် အရေးကြီးသောဏ္ဍတစ်ရပ်ဖြစ်လာပေသည်။ ၂၀၁၇ ခုနှစ်တွင် အရှေ့တောင်အာရှသည် ကမ္ဘာလှည့်ခရီးသွားများ အလည်ပတ်ဆုံးဒေသအဖြစ် Lonely Planet's List မှ သတ်မှတ်ခြင်းခံခဲ့ရပြီးရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ပေါကြွယ်ဝမှုကြောင့်လည်း ကမ္ဘာလှည့်ခရီးသွားများ မျက်စိကျကြသည့် လည်ပတ်စရာပေါသော မြန်မာနိုင်ငံတွင်လည်း ရေရှည်ဖွံ့ဖြိုးတိုးတက်သောခရီးသွားလုပ်ငန်းကိုအကောင်အထည်ဖော်ဆောင်ရန် စိန်ခေါ်မှုများ ရှိနေပေသည်။
✈️ ရေရှည်ဖွံ့ဖြိုးတိုးတက်သော ခရီးသွားလုပ်ငန်းဆိုသည်မှာ ကမ္ဘာမြေကြီးကို ထိခိုက်ပျက်စီးမှု မရှိစေသည့်န ည်းစနည်းများပါဝင်သည့်အပြင် နိုင်ငံအတွက်နိုင်ငံခြားဝင်ငွေလည်း ရရှိနိုင်ရမည်ဖြစ်သည်။ ထိုသို့ ရေရှည်ဖွံ့ဖြိုးတိုးတက်သော ခရီးသွားလုပ်ငန်းဖော်ဆောင်ရန် မြန်မာနိုင်ငံတွင်တွေ့ကြုံနေရသောစိန်ခေါ်မှုများမှာ
၁။ ပို့ဆောင်ဆက်သွယ်ရေး
အများပြည်သူသုံးယာဉ်အသုံးပြုမှု လုံလုံလောက်လောက်မရှိခြင်းကလည်း ရေရှည်ဖွံ့ဖြိုးတိုးတက်သော ခရီးသွားလုပ်ငန်းဖော်ဆောင်ရာတွင် အကြီးမားဆုံးအနှောင့်အယှက်ဖြစ်ပေသည်။ လက်ရှိမြန်မာနိုင်ငံတွင် ရန်ကုန်မြို့၌သာ အများပြည်သူယာဉ်ပြေးဆွဲမှု အများဆုံးရှိပြီး ကျန်ရှိဒေသများတွင် ကိုယ်ပိုင်ယာဉ်အသုံးပြုမှုများသည့်အတွက် ရေရှည်ဖွံ့ဖြိုးတိုးတက်သော ခရီးသွားလုပ်ငန်းဖော်ဆောင်ရန် အကြီးမားဆုံးစိန်ခေါ်မှုဖြစ်နေပေသည်။ ရလဒ်အနေဖြင့် မြန်မာနိုင်ငံတွင် လာရောက်လာပတ်သူများပြားသည့် ပုဂံတွင် နှစ်စဉ် ငလျင်လှုပ်ခြင်းကဲ့သို့သော သဘာဝဘေးအန္တရာယ်များနှင့်ကြုံတွေ့ရကာ ဘုရားပုထိုးစေတီများ ပျက်စီးစေသည့်အတွက် ရေရှည်ဖွံ့ဖြိုးတိုးတက်သော ခရီးသွားလုပ်ငန်း ဖော်ဆောင်ရန်မှာ အရေးကြီးလှပေသည်။
၂။ စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်း
လာရောက်လည်ပတ်သူများ အသိစိတ်ရှိလျှင်တောင်မှ မြန်မာနိုင်ငံတွင် စနစ်ကျသော အမှိုက်စွန့်ပစ်မှုနည်းစနစ်
မရှိခြင်းကလည်းရေရှည်ဖွံ့ဖြိုးတိုးတက်သောခရီးလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုကို နှောင့်နှေးစေနိုင်ပါသည်။ နည်းစနစ်ကျသော စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုမရှိသည့်အတွက် လာရောက်လည်ပတ်သူများစွန့်ပစ်လိုက်သည့်အမှိုက်များသည် ထိုခရီးသွားဒေသကို အရုပ်ဆိုးအကျည်းတန်စေရုံမကပဲ လူအများ၏ ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါသည်။
၃။ ယဉ်ကျေးမှုနှင့်လူမှုအကျိုးပြုမှု
ယနေ့ခေတ်တွင် ခရီးသွားလုပ်ငန်းတိုးတက်လာသည်နှင့်အမျှ ပေါများလာသော အလည်အပတ်ခရီးထွက်လာသူများကို စီမန်ခန့်ခွဲမှုအားနည်းခြင်းသည်လည်း အဓိကစိန်ခေါ်မှုများထဲမှ တစ်ခုဖြစ်ပေသည်။ လက်ရှိမြန်မာနိုင်ငံတွင် လာရောက်လည်ပတ်ကြသည့် ခရီးသွားအရေအတွက်ကို တိကျသေချာစွာ စီမန့်ခန့်ခွဲနိုင်သည့် စည်းမျဉ်းစည်းကမ်းမရှိခြင်းကလည်း ခရီးသွားလုပ်ငန်းတိုးတက်မှုကို နှောင့်နှေးစေနိုင်ပါသည်။ ထို့အတွက် ခရီးသွားများလာရောက်လည်ပတ်မှု များသည့်နေရာများတွင် ခရီးသွားဦးရေ ကန့်သတ်ခြင်းအားဖြင့် ထိုနေရာ၏ ယဉ်ကျေးမှုအမွေအနှစ်ကို ထိန်းသိမ်းနိုင်မည့်အပြင် လူအများကြောင့်ဖြစ်ပေါ်လာမည့် သဘာဝပတ်ဝန်းကျင်အပေါ် အကျိုးသက်ရောက်မှုကိုပါ လျှော့ချနိုင်မည်ဖြစ်သည်။
၄။ တတ်သိနားလည်ကျွမ်းကျင်သော ပညာရှင်ကင်းမဲ့ခြင်း
ရေရှည်ဖွံ့ဖြိုးတိုးတက်သော ခရီးသွားလုပ်ငန်းကို စီစဉ်ဆောင်ရွက် အကောင်အထည်ဖော်နိုင်မည့် ပညာရှင်များ မလုံလောက်ခြင်းကလည်း ရေရှည်ဖွံ့ဖြိုးတိုးတက်မှုဆီ ဦးတည်နိုင်မည့် နည်းလမ်းများကို လက်တွေ့အကောင်အထည်ဖော်ရာတွင် အခက်အခဲရှိစေနိုင်ပါသည်။
✈️ နောက်ဆုံးအခြားဦးစားပေး ဆောင်ရွက်ရမည့်အထဲတွင် ခရီးသွားဒေသကို ကာကွယ်ထိန်းသိမ်းခြင်း၊ ကမ္ဘာလှည့်ခရီးသွားများနှင့် ခရီးသွားလုပ်ငန်းနှင့်သက်ဆိုင်သည့် ဥပဒေရေးရာများကို ချမှတ်ခြင်း၊ EIA သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုအပေါ် စီစစ်ဆောင်ရွက်ခြင်းများကို ရေရှည်ဖွံ့ဖြိုးတိုးတက်သော ခရီးသွားလုပ်ငန်းဖော်ဆောင်ရန် လက်တွေ့လုပ်ဆောင်သင့်ပေသည်။
✈️ ထို့ကြောင့်အနှစ်ချုပ်ဆိုရသော် ထိုစိန်ခေါ်မှုများကိုရင်ဆိုင်ဖြေရှင်းရန် ပြည့်စုံကျယ်ပြန့်သော နည်းစနစ်များအပြင် လူတစ်ဦးတစ်ယောက်ခြင်းမှသည် အဖွဲ့အစည်းများစွာထိ ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ပေသည်။ ထို့အပြင်ကမ္ဘာလှည့်ခရီးသွားများသာမက ပြည်တွင်းနေပြည်သူများအားလုံးကို အသိပညာပေးခြင်းသည်လည်း မြန်မာနိုင်ငံတွင် ရေရှည်ဖွံ့ဖြိုးတိုးတက်သော ခရီးသွားခြင်းလုပ်ငန်း အောင်မြင်စေရန် အဓိကအရေးကြီးအခန်းကဏ္ဍမှ ပါဝင်နေပေတော့သည်။
ကိုးကား - burma-center.org
#EHSMyanmar #SustainableTourism #Myanmar
934
(၂၀၂၃ ခုနှစ်) မှာ အောက်ကအချက်လေးတွေကိုကြည့်ပြီး သင် ဘာတွေလုပ်ဖြစ်ခဲ့လဲ၊ ဘယ်လိုတိုးတက်မှုတွေ လုပ်နိုင်ခဲ့လဲ ဆန်းစစ်ကြည့်ရအောင်။ ♻👇
ဘယ်နှမှတ်ရကြလဲ? မှန်မှန်ဖြေကြည့်လိုက်ပါနော်။ 🌏
#EHSMyanmar #2023 #recap #goals #sustainabledevelopment
934
အသေးစိတ်သိရှိလိုပါက EHS Myanmar Facebook Page သို့အချိန်မရွေးဆက်သွယ်မေးမြန်းနိုင်ပြီး ဖုန်းနံပါတ် (+95) 9988832781 သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။
Learn more at www.ehsmyanmar.org
---------------------------------------------------
Don't forget to follow us on Instagram - https://instagram.com/ehsmyanmar?igshid=YmMyMTA2M2Y=
#EHSMyanmar #Onlinecourse #EnvironmentalManagementPlanningandMonitoring #EMP03 #Scholarship
934
သင်ရိုးသစ်ကိုသင်ကြားရေးစနစ်သစ်ဖြင့်သင်ကြားသွားမည့် “Environmental Management Planning & Monitoring Online Class Batch-3”
—--------------------------------------------------------------------------
🌏 EHS Myanmar မှ မြန်မာနိုင်ငံအတွင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ကျန်းမာရေး၊ လုံခြုံရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးတို့နဲ့ ပတ်သက်သည့် အသိပညာဗဟုသုတများ မြှင့်တင်နိုင်ရန်နှင့် နိုင်ငံအတွင်း များစွာလိုအပ်နေသည့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ်ရေးဆွဲတင်ပြခြင်းနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ - Environmental Management Planning and Monitoring Online Course Program (Batch-3) သင်တန်းအား ဖွင့်လှစ်လိုက်ပြီ ဖြစ်ပါတယ်။
📌 ယခင်Batchတွေနဲ့ ဘာတွေကွဲထူခြားသွားသလဲ?
ယခု Batch-3 မှာတော့ EMoP ဟုခေါ်သည့် Environmental Monitoring Plan ရေးဆွဲနည်းအသစ်ကိုပါ သင်ရိုးညွှန်းတန်းထဲတွင် ထည့်သွင်းသင်ကြားပေးသွားမှာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် သင်ခန်းစာတွေနဲ့ ပတ်သတ်ပြီး ပိုမိုနားလည်သဘောပေါက်စေဖို့အတွက် Group Presentation ကိုလည်း ထည့်သွင်းထားပါတယ်။
📌 EMP03 သင်တန်းတွင် ဘာတွေသင်ကြားမှာလဲ?
ဤ EMP သင်တန်းတွင်
- Policy, Legal and Framework
- Examining Methods of Surrounding Environment
- Environmental Quality Monitoring
- Impacts of Identification and Risk Assessment
- Impact Assessment Methodologies
- Mitigation and Management Plan
- Environmental Monitoring and Planning
- Brain Storming Session
- Group Presentation
စသည်တို့အား ဆရာ၊ ဆရာမများမှ ရှင်းလင်း၊ သေချာစွာ သင်ကြားပေးသွားမည်ဖြစ်ပါတယ်။
📌 သင်တန်းတွင် ဘယ်သူတွေသင်ကြားမှာလဲ?
သင်တန်းအား EIA နယ်ပယ်တွင်များစွာအတွေ့အကြုံရှိသည့်၊ နိုင်ငံတကာတက္ကသိုလ်များမှ ဘွဲ့များရရှိထားသည့် ဆရာ၊ ဆရာမများမှ သင်ကြားပေးသွားမည်ဖြစ်ပါတယ်။
📌 သင်တန်းအား ဘယ်သူတွေတက်သင့်ပါလဲ?
EMP သင်တန်းအား EIA နှင့် EMP နယ်ပယ်များအတွင်း လုပ်ကိုင်လိုသည့် ဘွဲ့ကြိုကျောင်းသား ကျောင်းသူများ၊ ဘွဲ့လွန်ကျောင်းသား ကျောင်းသူများအပြင် Environmental Officer များ၊ Environmental Auditor များ၊ EMP အားကိုယ်တိုင်လုပ်ရေးဆွဲလိုသည့် Manager များ နှင့် လုပ်ငန်းရှင်ကြီးများအတွက် အထူးသင့်လျော်ပါသည်။
📌 ဘယ်အချိန်တွေသင်မှာလဲ?
ရုံးချိန်လွတ် ၅ပတ်တာသင်တန်းဖြစ်ပြီး သင်တန်းအားအချိန်ပြည့်တက်ပေးသူ၊ Group Presentation များတွင်တက်ကြွစွာပါဝင်သူနဲ့ Assessment ပြည့်မှီသူများကိုသာ Certificate ပေးအပ်မှာဖြစ်ပါတယ်။
အချိန်။ ။ ည ၇:၀၀ နာရီ - ၈:၃၀ နာရီ
နေ့ရက်။ ။ ဇန်နဝါရီလ (၁၃) ရက်နေ့မှ ဖေဖော်ဝါရီလ (၁၁) ရက်နေ့အထိ (စနေ တနင်္ဂနွေနေ့များ)
သင်ကြားရေးပလက်ဖောင်း။ ။ ZOOM Video Conferencing
📣သင်တန်းဖောင်ပိတ်ရက်။ ။ ဇန်နဝါရီလ (၉) ရက်နေ့ ညနေ ၅ နာရီ
သင်တန်းသားအရေအတွက် ကန့်သတ်ထားသည့်အပြင် သင်တန်းကြေးပေးသွင်းသူများသာ ဦးစားပေးခေါ်ယူမည်ဖြစ်တာကြောင့် သင်တန်းအားအမြန်ဆုံး စာရင်းပေးဖို့ တိုက်တွန်းလိုပါတယ်။
📍သင်တန်းကြေးကကောဘယ်လောက်လဲ?
သင်တန်းကြေးသည် ၄၀,၀၀၀/- ကျပ်သာ ဖြစ်ပြီး Online Payment များဖြစ်သည့် KBZ Pay၊ Wave Pay၊ AYA Bank၊ CB Bank များဖြင့်ပေးချေနိုင်ပါတယ်။
EHS Myanmar ၏ Partnership Organizations များမှ Members များ နှင့် EHS Myanmar မှ ဖွင့်လှစ်ခဲ့သည့် သင်တန်းများအား တက်ရောက်ခဲ့သည့် ကျောင်းသား/ ကျောင်းသူဟောင်းများကတော့ Alumni Discount ရရှိမှာဖြစ်ပါတယ်။
မှတ်ချက်။ ။ ငွေလွှဲပြီးပါက သင်တန်းကြေးသွင်းပြီးကြောင်း EHS Myanmar ၏ Messenger Chat Box သို့ လာရောက်အကြောင်းကြားပေးရန် လိုအပ်ပါသည်။
Registration Form Link >>> https://docs.google.com/forms/d/e/1FAIpQLScxXECaKwCAW7Yo4q6KrCJ4URKwzd_WwGPyFnC4no7PrGzzhQ/viewform?usp=sf_link
💠 Scholarship Opportunity for Youths
ပတ်ဝန်းကျင်ကို အပြုသဘောဆောင်တဲ့ အကျိုးသက်ရောက်မှုတွေလုပ်ဖို့ စိတ်အားထက်သန်တဲ့ လူငယ်တွေအတွက် EHS Myanmar မှ ဖွင့်လှစ်မည့် Environmental Management Planning and Monitoring (EMP) အွန်လိုင်းသင်တန်းတွင် ပါဝင်ရန် အသက် 18 နှစ်မှ 25 နှစ်ကြား လူငယ်တွေအတွက် ၁၀၀ရာခိုင်နှုန်းပညာသင်ဆု ပေးအပ်မည် ဖြစ်ကြောင်းကိုလည်း ဝမ်းမြောက်စွာ ကြေညာအပ်ပါတယ်။
💠 Scholarship အစီအစဉ်မှာ ပါဝင်ရွေးချယ်ခံရဖို့အတွက် Registration Form ထဲတွင်-
- ယခု Post အား Facebook တွင် Public ဖြင့် Share ထားသော Screenshot အား Upload လုပ်ပေးရပါမယ်။
- အသက်အရွယ်အား အတည်ပြုနိုင်ရန်အတွက် အမျိုးသားမှတ်ပုံတင်ကဒ် (အရှေ့မျက်နှာ) အား Upload လုပ်ပေးရပါမယ်။
- စာလုံးရေအများဆုံး ၁၅၀ ရှိသော English စာဖြင့်ရေးထားတဲ့ Motivation Letter အား Upload လုပ်ပေးရပါမယ်။
💙Scholarship Form Link >>> https://docs.google.com/forms/d/e/1FAIpQLSfV9Q3VYn1AnT-5ArmJr8anJRO0t5zlGmVF6URudl2PRRKcRA/viewform?usp=sf_link
934
🇲🇲 ယခုနောက်ပိုင်းတွင် မြန်မာနိုင်ငံ၌ Environmental Management Plan (EMP) အစီရင်ခံစာရေးဆွဲပြီး လျှင့် EMoP ဟုခေါ်သည့် Environmental Monitoring Plan ကိုတိတိကျကျရေးဆွဲဖို့တောင်းဆိုလာတာတွေတွေ့ ရပါတယ်။
📣 ထို EMoP ကို စီမံကိန်းလုပ်ငန်းရှင်ကြီးများကိုယ်တိုင်ရေးဆွဲနိုင်စေဖို့အတွက် EHS Myanmar တွင် မကြာခင်ဖွင့်လှစ်တော့မည့် "Environmental Management Planning and Monitoring" Online Course Batch 3 တွင်ထည့်သွင်းသင်ကြားပေးသွားမှာဖြစ်တဲ့အတွက် စောင့်မျှော်ပေးကြပါဦးရှင့်။
------------------------------------------------------
Don't forget to join our Telegram Channel.
https://t.me/ehsmyanmar
#EHSMyanmar #EMP #batch3 #environmentalmanagement #monitoring #planning
934
⛰️🌍 Happy International Mountain Day 2023 from EHS Myanmar! 🏔️
Today, we celebrate the majestic peaks that shape our landscapes and cultures. Join us in honoring these natural wonders and advocating for their preservation.
Let's pledge to protect the biodiversity, support mountain communities, and ensure sustainable development for these breathtaking treasures. 🌄🌿
#InternationalMountainDay #PreserveThePeaks #EHSMyanmar
934
👉သင့်က သဘာဝပတ်ဝန်းကျင်ကို ဂရုစိုက်တတ်ပြီး သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့ရေး လုပ်ငန်းစဉ်တွေကို လုပ်ဆောင်နေသူတစ်ယောက်လား?
👉ဒါမှမဟုတ် သင်က ကမ္ဘာကြီးပေါ်မှာ မှီတင်းနေထိုင်နေကြတဲ့ သက်ရှိသတ္တဝါတွေ အကြောင်းကို စိတ်ဝင်စားလို့ လေ့လာနေသူတစ်ယောက်လား?
👉ဇီဝမျိုးစုံမျိုးကွဲတွေအကြောင်းကို စတင်လေ့လာနေပြီး သူတို့အကြောင်းကို ပိုမိုလေ့လာချင်သူတစ်ယောက်လား?
ကျွန်တော်တို့ EHS Myanmar မှ စီစဉ်ဖွင့်လှစ်ပေးထားတဲ့ Biodiversity Conservation & Management Course လေးကို မိတ်ဆက်ပေးပါရစေ။
ကျွန်တော်တို့ရဲ့ BCM Course ဟာဆိုရင် Pre-recorded အတန်းဖြစ်တာကြောင့် ကြိုတင် recorded လုပ်ထားတဲ့ video တွေကို အချိန်မရွေး နေရာမရွေး အဆင်ပြေတဲ့ အချိန်လေ့လာနိုင်တဲ့ အတွက်ကြောင့် လုပ်ငန်းခွင်ဝင်နေသူများ သာမက ခုမှစတင်လေ့လာမည့်ကျောင်းသားကျောင်းသူများပါ တက်ရောက်နိုင်ပါတယ်။
#ဘာတွေသင်ရမှာလဲ?
- Concept of Biodiversity and Ecosystem
- Context for Biodiversity Conservation
- Monitoring of Biodiversity and Ecosystem
- Biodiversity and its conservation Methods
- Management of Biodiversity and Ecosystems,
အစရှိတာတွေကို သင်ကြားရမှာဖြစ်ပြီး သင်တန်းပြီးသွားတဲ့အခါမှာ Biodiversity နဲ့ Ecosystem ရဲ့ သဘောတရားတွေကို သေချာနားလည်လာမှာဖြစ်ပြီး ကျွန်တော်တို့နေထိုင်နေတဲ့ ကမ္ဘာကြီးအကြောင်းကိုလည်း ပိုမိုနားလည်လာမှာ ဖြစ်ပါတယ်။
#ဘယ်သူသင်မှာလဲ?
သင်ကြားပေးမယ့် ဆရာမကတော့ ဇီဝမျိုးကွဲတွေအကြောင်းကို အနှစ်နှစ်အလလလေ့လာထားပြီး ယခုလက်ရှိလည်း လေ့လာနေဆဲဖြစ်တဲ့ ပညာရပ်တွေကို Biodiversity And Nature Conservation Association (BANCA) မှ ဆရာမ ဒေါက်တာသီရိဒေဝီအောင်က Course Material (Lecture video, Lecture slides, ebooks, quiz,etc) ဖြင့်သင်ကြားပေးသွားမှာပဲ ဖြစ်ပါတယ်။
#သင်တန်းကြေးနဲ့သင်တန်းကြာချိန်?
သင်တန်းကြေးကတော့ မြန်မာငွေ (၃၂ ၀၀၀/-) ကျပ်သာ ကျသင့်မှာဖြစ်ပြီး EHS Myanmar ရဲ့ Alumni တွေကတော့ 10% လျှော့ဈေးရရှိမှာပဲ ဖြစ်ပါတယ်။ သင်ခန်းစာ ဗီဒီယိုတွေက စုစုပေါင်း (မိနစ် ၅၇၀) ကြာမြင့်မှာဖြစ်ပြီး ကိုယ်အဆင်ပြေတဲ့အချိန်မှာ ကြိုက်တဲ့နေရာမှာ ဖုန်းတစ်လုံးရှိရုံနဲ့လေ့လာနိုင်မှာဖြစ်ပါတယ်။
#သင်တန်းရဲ့ထူးခြားချက်တွေကဘာတွေလဲ?
ကျွန်တော်တို့ BCM Course ဟာဆိုရင် အခြား recorded class တွေနဲ့ မတူညီတဲ့အချက်ကတော့ သင်တန်းသားတွေအနေနဲ့ စာလေ့လာရာမှာ အဆင်ပြေစေဖို့အတွက် Lecturer - Student Live Discussion Session ကို ထည့်သွင်းပေးထားတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် သင်တန်းသားတွေ ကိုယ်တိုင်ပိုမို လေ့လာနိုင်ဖို့အတွက်လဲ Biodiversity နဲ့ ပတ်သတ်တဲ့ eBooks PDF File တွေကို အလွယ်တကူ Download ပြုလုပ်နိုင်အောင်လည်း Google Classroom နဲ့ စီစဉ်ပေးထားပါသေးတယ်။ ထို့အပြင် ဆရာမနဲ့အခြားကျောင်းသား တွေနဲ့အတူ Telegram Group ထဲမှာလဲ ဆွေးနွေးလို့ရပါသေးတယ်နော်။
#Certificate ပေးမှာလား?
Assessment ပြည့်မှီတဲ့ သင်တန်းသားတွေ အနေနဲ့လည်း Certificate ကိုရရှိနိုင်မှာလည်း ဖြစ်ပါတယ်။
Registration Form >>> https://docs.google.com/forms/d/e/1FAIpQLScLSspMNEdXaATF46ApmGsoyg-qERZ8oMw10yZC2IBnnfYEOw/viewform?usp=sf_link
အသေးစိတ်သိချင်တာတွေရှိလျှင် EHS Myanmar Facebook Page သို့အချိန်မရွေးဆက်သွယ်မေးမြန်းနိုင်ပါတယ်။ ဖုန်းဆက်ချင်တယ်ဆိုလျှင်တော့ ရုံးချိန်အတွင်း (+95) 09770501186 ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်။ Learn more at www.ehsmyanmar.org
#EHSMyanmar #biodiversity #conservation #ecosystem #management #onlinecourse #recorded
