EHS Myanmar
الذهاب إلى القناة على Telegram
This is an official channel of Environment, Health and Safety Myanmar (EHS Myanmar). Please visit www.ehsmyanmar.org for more information.
إظهار المزيد868
المشتركون
لا توجد بيانات24 ساعات
+27 أيام
+230 أيام
أرشيف المشاركات
868
Hello Hello!!!🙋♀️🙋♀️
အခု EHS Myanmar ကနေ အားလုံးကို ဗဟုသုတရစေပြီး စိတ်၀င်စားစရာကောင်းတဲ့ Creditတွေအကြောင်းကိုပြောပြပေးသွားမယ့် “Green Future Credit” webinarလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
“Green Future Credit” ဆိုတော့ ဘာလေးတွေဖြစ်မယ်လို့ တွေးမိကြလဲ ??
အဖြေမှန်ကတော့ Carbon Credits နဲ့ Plastic Credits တွေပဲဖြစ်ပါတယ်။
ဒီ creditတွေကို သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေးကိုထိထိရောက်ရောက်ထိန်းချုပ်နိုင်ပြီး လုပ်ငန်းရှင်တွေအတွက်အရေးပါတဲ့ creditတွေဖြစ်တာကြောင့် ဖွံဖြိုးပြီးနိုင်ငံတွေမှာ တွင်တွင်ကျယ်ကျယ်အသုံးပြုနေကြပြီဖြစ်ပါတယ်။
ဆိုတော့ ဒီ Green Future Creditတွေက ဘယ်လိုပုံစံလည်ပတ်နေလဲ? ဘာကြောင့်သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေးအတွက်လိုအပ်တာလဲ? လုပ်ငန်းရှင်တွေစီးပွားရေးပညာရှင်တွေကိုကောဘယ်လိုမျိုး အထောက်အကူပြုနေလဲ? အစရှိတဲ့ မေးခွန်းအစားစားကို ဒီwebinar လေးကနေပြောပြပေးသွားမှာပဲဖြစ်ပါတယ်။
Speaker အနေနဲ့ carbon, plastic, e-waste စတဲ့ credit နယ်ပယ်မှာ ဆယ်စုနှစ်နီးပါးအတွေ့အကြုံရှိပြီး မြန်မာနိုင်ငံမှာ Green Credit ကို အကောင်အထည်ဖော်နေတဲ့ ဆရာမကို ဖိတ်ကြားထားတာမလို့ Credit တွေအကြောင်းကို စုံစုံလင်လင်သိရမှာပဲ ဖြစ်ပါတယ်ဗျ။
Webinar ကို ရက်ထပ်နှစ်လည်းဖြစ် လရဲ့နောက်ဆုံးရက်လည်းဖြစ်တဲ့ February 29th 2024 (Thursday)၊ 8:00 to 9:00 PMမှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။ ရုံးသမား၊ ကျောင်းသမားတွေအတွက်ပါ အဆင်ပြေစေမယ့် အချိန်လေး စဉ်းစားပေးထားလို့ လာရောက်နားထောင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။
လက်မလွှတ်သင့်တဲ့ webinar လေးဖြစ်တဲ့အတွက်ကြောင့် အခုပဲ ပန်းကန်လုံးစီးပြီး register ဖို့တိုက်တွန်းလိုက်ပါတယ်ဗျ။
Registration Form Link >>>>>>>>>
https://docs.google.com/forms/d/e/1FAIpQLSdz0osPUMqQ7VpJSCQ9zzXld1-xQm79ldKbbof25LiLxYDwdg/viewform?usp=sf_link
From ရဲ့ နောက်ဆုံးမှာ Zoom Link ကို တစ်ခါတည်း ထည့်ပေးထားလို့ Screenshot ရိုက်သွားဖို့ မမေ့နဲ့နော်🤗
#EHSMyanmar #CarbonCredits #PlasticsCredits #Webinar #GreenFuture
868
ရေနေအပင်များသည် ငါးများ၊ ကျောရိုးမဲ့သတ္တဝါများ၊ ကုန်းနေရေနေသတ္တဝါများနှင့် တွားသွားသတ္တဝါများအပါအဝင် အဏုဇီဝသက်ရှိများအတွက် အမိုးအကာများ ဖန်တီးပေးကာ မျိုးပွားရန်နှင့် ငါးပေါက်လေးများအတွက် ငါးအကြီးများရန်မှ ပုန်းအောင်းကာကွယ်နိုင်ရန် ကူညီပေးသည်။ ထို့အပြင် ရေနေမျိုးစိတ်များစွာအတွက် အရေးကြီးသော အစားအစာအရင်းအမြစ်များအဖြစ် အသီးအနှံများ၊ အစေ့များနှင့် ဝတ်မှုန်များကို ထုတ်ပေးပါသည်။
(၄) ငါးအပါအဝင် အခြားသောတိရစ္ဆာန်များနှင့် ရေနေအပင်လေးများအကြား မှီခိုဆက်စပ်မှု
အချို့သောငါးမျိုးစိတ်များသည် ရေနေအပင်မျိုးစေ့များ ရေအောက်အနှံ့ ပျံ့နှံ့သွားစေရန် ဖြန့်ကြက်ရာတွင် အထောက်အကူဖြစ်စေသည်။ အပင်များကို ငါးများက စားသုံးသောအခါတွင်လည်း အစေ့များသည် ကြေညက်သွားခြင်းမရှိသည့်အတွက် အခြားသောနေရာအသစ်များတွင် အစာစွန့်ပစ်ခြင်းမှတစ်ဆင့် အပင်များတိုးပွားလာသည်။ ငါးများ အထူးသဖြင့် မျိုးပွားနိုင်သောမျိုးစိတ်များသည် ရေနေအပင်များအတွက် မရှိမဖြစ်လိုအပ်သော အာဟာရဓာတ်များ ပါဝင်သည့် စွန့်ပစ်ပစ္စည်းများကို စွန့်ထုတ်ခြင်းဖြင့် ရေနေအပင်များကြီးထွားမှုကို လှုံ့ဆော်ပေးသည်။ ဤအာဟာရဓာတ်များသည် အပင်များ၏ ကြီးထွားမှုနှင့် ရှင်သန်မှုကို မြှင့်တင်ပေးသည့် သဘာဝမြေသြဇာအဖြစ် လုပ်ဆောင်သည်။ တီလားပီးယားနှင့် မြက်စားငါးကြင်းမျိုးစိတ်ကဲ့သို့သော ငါးများသည် ပိုလျှံနေသော ရေညှိများကို စားသုံးခြင်းဖြင့် ရေညှိများ အလွန်အကျွံ ပွားများလာခြင်းကို ကာကွယ်ပေးသည်။ ၎င်းတို့သည် ရေနေအပင်များအတွက် အန္တရာယ်စေသည့် ရေညှိများ လွန်ကဲစွာထူထဲလာခြင်းအား ဟန့်တားပေးသည်။
🍀 အခြားတိရစ္ဆာန်များအပေါ် သက်ရောက်မှု
ရေနေအပင်များသည် ငါးမျိုးစိတ်များအတွက်သာမက အခြားသော သက်ရှိတိရစ္ဆာန်မျိုးစိတ်အမျိုးမျိုးအတွက်လည်း အထောက်အပံ့ကောင်းဖြစ်စေသည်။ ဘဲ နှင့် ရေကြက်ကဲ့သို့သော မျိုးစိတ်များသည် အစာနှင့် အသိုက်အတွက် ရေနေအပင်များကို မှီခိုအားထားကြသည်။ ရေနေအပင်များသည် ရေကြက်လေးများ ဘေးကင်းလုံခြုံစွာ ရှင်သန်နိုင်ရန်အတွက် အကာအကွယ် အထောက်အပံ့ ဖြစ်စေသည်။ ထို့အပြင် ပုစဉ်းနှင့် ယင်ကောင်များ အပါအဝင် အင်းဆက်အမျိုးမျိုး ရှင်သန်ပေါက်ဖွားရေးတွင် ရေနေအပင်များသည် မရှိမဖြစ်လိုအပ်သော စားကျက်နေရာများ ဖြစ်သည်။ တစ်ဖန် ဤအင်းဆက်များသည် ငှက်များ၊ လင်းနို့များနှင့် အခြားတောရိုင်းတိရစ္ဆာန်မျိုးစိတ်များစွာအတွက် အရေးပါသော အစာအရင်းအမြစ်တစ်ခုဖြစ်သည်။ ရေနေအပင်များသည် တွားသွားသတ္တဝါများနှင့် ကုန်းနေရေနေသတ္တဝါများ အများအပြားနေထိုင်ရာနေရာများ ဖြစ်သည့်အလျောက် ၎င်းတို့သည် ရေနေအပင်များအကြား ရှင်သန်နေထိုင်ရန် အသိုက်အဝန်း၊ သားပေါက်ရန်နေရာနှင့် အစာအရင်းအမြစ်များ ရှာဖွေကြရသည်။
ရေနေအပင်များသည် ငါးနှင့် အခြားသက်ရှိမျိုးစိတ်များအတွက် အရေးပါသောကြောင့် ၎င်းတို့အား ထိန်းသိမ်းစောင့်ရှောက်ရန် မရှိမဖြစ်လိုအပ်လှပေသည်။ ထို့ကြောင့် ရေနေအပင်များရှင်သန်ရာနေရာဒေသများ ပျက်စီးမှု နည်းပါးစေခြင်း၊ ညစ်ညမ်းမှု လျှော့ချခြင်းနှင့် ရေရှည်တည်တံ့သော ငါးဖမ်းခြင်းအလေ့အကျင့်များကို မြှင့်တင်ခြင်းကဲ့သို့သော ရေနေအပင်လေးများအား ထိန်းသိမ်းစောက်ရှောက်ခြင်းဆိုင်ရာ အစီအစဉ်များအား အကောင်အထည်ဖော်ဆောင်ရွက်သင့်သည်။ ကျူးကျော်မျိုးစိတ်များ ဝင်ရောက်လာခြင်းသည်လည်း မူရင်းရေနေအပင်များ ရှင်သန်ရေးအတွက် ခြိမ်းခြောက်မှုဖြစ်သည့်အတွက် ထိုပြဿနာအား ကိုင်တွယ်ဖြေရှင်းရန် လိုအပ်သည်။ ကျူးကျော်မျိုးစိတ်များ ဝင်ရောက်လာခြင်းကို တားဆီးရန်နှင့် ၎င်းမျိုးစိတ်များ တိုးပွားလာခြင်းအား ထိန်းချုပ်ခြင်းသည် ရေအောက်ဂေဟစနစ် ဟန်ချက်ညီစွာ ရေရှည်တည်တံ့ရေးအတွက် အရေးကြီးသော လုပ်ဆောင်ချက်ဖြစ်သည်။ ပျက်စီးသွားသော စိမ့်မြေဒေသများကို ပြန်လည်အသက်သွင်းခြင်းနှင့် ပြန်လည်ထူထောင်ခြင်းသည် ရေနေအပင်များအတွက်သာမက ငါးနှင့် အခြားတိရစ္ဆာန်မျိုးစိတ်များအတွက် မရှိမဖြစ်လိုအပ်သော နေထိုင်ရာနေရာများ ဖန်တီးပေးနိုင်သည်။
ငါး၊ တိရစ္ဆာန်နှင့် ရေနေအပင်များကြား ဆက်စပ်မှုသည် အပြန်အလှန် အညီအမျှ မှီခိုမှုတစ်ခုဖြစ်သည်။ ရေနေအပင်လေးများအား ထိန်းသိမ်းကာကွယ်ခြင်းသည် ရေရှည်တည်တံ့သော ဂေဟစနစ်တစ်ခု ဖြစ်ပေါ်စေရန် ကူညီထောက်ပံ့ပေးခြင်းဖြစ်ပေသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ရေနေအပင်လေးများ၏ တန်ဖိုးကို နားလည်ကာ အနာဂတ်မျိုးဆက်များအတွက် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရန် လိုအပ်လှပေသည်။
ရေးသားသူ - မာရီယာ (EHS Myanmar)
ကိုးကား - energy5.com
---------------------------------------------------------------------------
Don't forget to follow us on Instagram - https://www.instagram.com/ehsmyanmar/
#EHSMyanmar #AquaticPlants #underwaterplants #AquaticEcosystem
868
ဂေဟစနစ်ရှိ ရေနေအပင်များ၏ အစားထိုးမရနိုင်သော တန်ဖိုး
-----------------------------------------------
EHS Myanmar | 18.2.2024
ရေနေအပင်များသည် ကျွန်ုပ်တို့နေထိုင်ရာ ပတ်ဝန်းကျင်ရှိ အင်းအိုင်များ၊ ရေကန်များ၊ မြစ်များနှင့် စိမ့်မြေအရပ်များအပြင် ပင်လယ်၊ သမုဒ္ဒရာကဲ့သို့သော ရေထုအမျိုးမျိုးတွင် ရှင်သန်နိုင်သည့် အပင်များဖြစ်သည်။ ဤအပင်များသည် ရေမြုတ်ပင်၊ ရေဖော့ပင်၊ ထီးတည်းထွက်ပင် စသဖြင့် ပုံစံအမျိုးမျိုးဖြင့် ပေါက်ရောက်ကြပြီး ကျွန်ုပ်တို့ ဂေဟစနစ်အတွက် အလွန်အရေးပါသော ဇာတ်လိုက်များဖြစ်သည်။ ရေနေအပင်လေးများသည် ရေထုအရည်အသွေးကို ထိန်းသိမ်းရန်နှင့် ရေအောက်ဂေဟစနစ် ဟန်ချက်ညီအောင် ထိန်းသိမ်းရန်အတွက် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။ ဤထူးခြားသောသက်ရှိများသည် မြစ်၊ ချောင်း၊ အင်း၊ အိုင်၊ ကန်များကို လှပစေရုံသာမက
(၁) အာဟာရစက်ဝန်း (Nutrient Cycling) နှင့် ရေသန့်စင်ခြင်း (Water Purification) ကိုအထောက်အကူပြုခြင်း
(၂) အောက်ဆီဂျင်ထုတ်လွှတ်မှုမှတစ်ဆင့် ဂေဟစနစ်ကို ဟန်ချက်ညီစေခြင်း
(၃) ဇီဝမျိုးစုံမျိုးကွဲများ၏ ရှင်သန်ကျက်စားရာ နေရာများကို ထိန်းသိမ်းပေးခြင်း
(၄) ငါးအပါအဝင် အခြားသောတိရစ္ဆာန်များနှင့် ရေနေအပင်လေးများအကြား မှီခိုဆက်စပ်မှုကိုအထောက်အကူပြုခြင်း စသည့်အကျိုးကျေးဇူးများ ဖြစ်ပေါ်စေပါသည်။
(၁) အာဟာရစက်ဝန်းနှင့် ရေသန့်စင်ခြင်း
ရေနေအပင်များ၏ အဓိက အကျိုးကျေးဇူးများထဲမှ တစ်ခုမှာ အာဟာရစက်ဝန်းကို လွယ်ကူချောမွေ့စေနိုင်သော ၎င်းတို့၏ အစွမ်းသတ္တိဖြစ်သည်။ ဇီဝဗေဒဆိုင်ရာ လုပ်ငန်းစဉ်အမျိုးမျိုးဖြင့် ၎င်းတို့သည် အာဟာရများကို စုပ်ယူ၊ ဖြိုခွဲ၍ ရေထဲသို့ ပြန်လည်ထုတ်လွှတ်ကာ ရေကို သန့်ရှင်းအောင် ထိန်းသိမ်းပေးသည့် သဘာဝစက်ဝန်းကို ဖန်တီးပေးသည်။ ဤအာဟာရစက်ဝန်းသည် ရေအရည်အသွေးကို ထိန်းသိမ်းရန် ကူညီပေးပြီး အာဟာရဓာတ်များ လွန်ကဲစွာ စုပုံခြင်းကို တားဆီးပေးသည်။ အာဟာရညစ်ညမ်းမှုကို လျှော့ချခြင်းဖြင့် ရေနေအပင်များသည် ရေအောက်ဂေဟစနစ်ကို အထောက်အကူပြုသည်။
နီးစပ်ရာ စိုက်ပျိုးရေးလုပ်ငန်း၊ ရေဆိုးစွန့်ထုတ်ခြင်းစနစ်များကြောင့် နိုက်ထရိုဂျင် (nitrogen) နှင့် ဖော့စဖရပ် (phosphorus) ကဲ့သို့သော မလိုလားအပ်သည့် ဓာတ်များ ရေထုထဲဝင်ရောက်မှု လွန်ကဲလာပါက အန္တရာယ်ရှိသော ရေညှိပင်များ ပွင့်လာခြင်းနှင့်အတူ ရေအရည်အသွေးပါ ကျဆင်းလာနိုင်သည်။ ထိုအခါ ရေနေအပင်များသည် သဘာဝအလျောက် filtration system (စစ်ထုတ်သည့်စနစ်) ကို လုပ်ဆောင်နိုင်စွမ်းရှိသည့်အလျောက် အဆိုပါ အာဟာရဓာတ်များကို စုပ်ယူပေးခြင်းဖြင့် ရေထုအတွင်းညစ်ညမ်းမှုပြဿနာများကို လျော့ပါးစေသည်။
Phytoremediation လုပ်ငန်းစဉ်အားဖြင့် ရေနေအပင်များသည် ရေထုအတွင်းရှိ လွန်ကဲနေသောဓာတ်ပမာဏကို ထိရောက်စွာ လျှော့ချပေးနိုင်သည်။ ၎င်းတို့၏ အမြစ်များနှင့် ဇီဝဖြစ်စဉ်များမှတစ်ဆင့် ထိုအာဟာရဓာတ်များကို စုပ်ယူကာ ၎င်းတို့၏ တစ်ရှူးများတွင် သိမ်းဆည်းပေးထားသည်။ ထိိုနည်းအားဖြင့် ရေညှိများနှင့် အခြားသော မလိုလားအပ်သည့် ဇီဝသက်ရှိများ ကြီးထွားမှုအတွက် အာဟာရရရှိနိုင်မှုကို ကန့်သတ်ရုံသာမက ရေထဲတွင် ပိုလျှံသော အာဟာရဓာတ်များ စုပုံလာခြင်းကိုလည်း တားဆီးပေးသည်။ ထို့အပြင် ရေနေအပင်များ သဘာဝအတိုင်း ဆွေးမြေ့သောအခါ အာဟာရဓာတ်များကို ရေထဲသို့ ပြန်လည်ထုတ်လွှတ်သည်။
ဤစဉ်ဆက်မပြတ် စုပ်ယူမှုနှင့် ထုတ်လွှတ်မှု စက်ဝန်းသည် ကျန်းမာသော ရေအောက်ဂေဟစနစ်အတွက် လိုအပ်သော အာဟာရမျှတမှုကို ထိန်းသိမ်းရန် ကူညီပေးသည်။ ထို့အပြင် ရေနေအပင်များသည် ရေထဲမှ ပိုလျှံနေသော အနည်အနှစ်များနှင့် အော်ဂဲနစ်ပစ္စည်းများကို ဖယ်ရှားရာတွင်လည်း အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ပါသည်။ ၎င်းတို့၏ အမြစ်စနစ်များသည် ရေအောက်အလွှာများကို တည်ငြိမ်စေပြီး တိုက်စားမှုကို လျှော့ချပေးကာ နုန်းနှင့် အနည်အနှစ်များကို အနည်ထိုင်စေပါသည်။ ရလဒ်အနေဖြင့် ရေသည် ပိုမိုကြည်လင်လာကာ ရေနေသတ္တဝါများအတွက် ပိုမိုသင့်လျော်သော ပတ်ဝန်းကျင်ကို ဖန်တီးပေးသည်။
(၂) အောက်ဆီဂျင်ထုတ်လွှတ်မှုမှတစ်ဆင့် ဂေဟစနစ်ကို ဟန်ချက်ညီစေခြင်း
ရေနေအပင်များ၏ အရေးအကြီးဆုံး အခန်းကဏ္ဍတစ်ခုမှာ အစားချက်ခြင်းလုပ်ငန်းမှတစ်ဆင့် အောက်ဆီဂျင်ထုတ်လုပ်နိုင်မှုဖြစ်သည်။ ကုန်းနေအပင်များကဲ့သို့ပင် ၎င်းတို့သည် ကာဗွန်ဒိုင်အောက်ဆိုဒ်ကို စုပ်ယူပြီး အောက်ဆီဂျင်ကို ဤလုပ်ငန်းစဉ်အတွင်း ထုတ်ပေးသည်။ ရေနေအပင်များသည် ကမ္ဘာပေါ်ရှိ အောက်ဆီဂျင်ထုတ်လုပ်မှု စုစုပေါင်း၏ 70% ကျော်ကို ပံ့ပိုးပေးသည်ဟု လေ့လာချက်များအရ တွေ့ရှိရသည်။ ရေနေအပင်များ၏ အမြစ်များသည် အနည်အနှစ်များကို တည်ငြိမ်အောင် ကူညီပေးကာ တိုက်စားမှုဒဏ်မှ ကာကွယ်ပေးသည်။ ဤအပင်များမရှိပါက ကမ်းရိုးတန်းများနှင့် မြစ်ကမ်းပါးများသည် ရေတိုက်စားမှုဒဏ်ကို ပိုမိုခံရပြီး ၎င်းပတ်ဝန်းကျင်ရှိဂေဟစနစ်နှင့် လူသားတို့၏ အခြေခံအဆောက်အဦးများအပေါ် ထိခိုက်စေနိုင်သည်။
(၃) ဇီဝမျိုးစုံမျိုးကွဲများ၏ ရှင်သန်ကျက်စားရာ နေရာများကို ထိန်းသိမ်းပေးခြင်း
ရေနေအပင်များသည် ရေအောက်ဂေဟစနစ်၏ အရေးကြီးသော အစိတ်အပိုင်းများဖြစ်သည်။
868
🐳EHS Myanmar dives into World Whale Day 2024 with enthusiasm! Join us in celebrating these majestic ocean giants and advocating for the conservation of marine life. 🌊💙
#WorldWhaleDay #OceanConservation #EHSMyanmar
868
Answer Quiz and Get Discount Week-2🔎
-----------------------------------------------------
ဒုတိယအပတ်အတွက် ဖြေဆိုရမယ့် မေးခွန်းလေးကိုတော့ ပုံမှာဖော်ပြထားပါတယ်။ အဖြေကို Comment မှာ ဖြေဆိုခဲ့ရမှာ ဖြစ်ပြီး အင်္ဂါနေ့ ည ၈နာရီထိ ဖြေလို့ရပါတယ်ရှင့်။ အဖြေမှန်ကို ဗုဒ္ဓဟူးနေ့မှာ ပြန်လည်တင်ပေးသွားမှာ ဖြစ်ပါတယ်။
အဖြေမှန်သူများကို Email မှတဆင့် ၇ရက်အတွင်း discount coupon များပေးပို့သွားမှာ ဖြစ်ပါတယ်ရှင့်။
လျော့ဈေးပေးထားတဲ့ အတန်းအသေးစိတ်ကိုတော့ အောက်မှာလေ့လာနိုင်ပါတယ်နော်။
👇👇👇
https://www.facebook.com/ehsmyanmar/posts/pfbid0REqn6G67B6rrmzrra1fUM1CXSudZAiTLE8aX3poFK9HXb5Eai7t5fzg9M5R8FYvxl
Sharing is Caring ဖြစ်လို့ အခြားသူတွေလည်း သိအောင် Share ပေးသွားအုံးနော်။🤗
#EHSMyanmar #WorldWetlandsDay2024 #Quiz #Week2
868
🌍🎉 Join EHS Myanmar in celebrating World Pangolin Day 2024! Let's raise awareness and appreciation for these incredible creatures and work together to protect their habitats. 🐜💚
#WorldPangolinDay #ConservationChampions #EHSMyanmar
868
၂၀၂၄ ခုနှစ် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာသင်ဆုများပေါင်းချုပ် (အပိုင်း ၁)
=============================================
EHS Myanmar | 16.2.2024
🌏🎄စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးတွင် Goal 4 ဖြစ်သည့် အရည်အချင်းပြည့်ဝသောပညာရေးရရှိရေးအတွက် မြန်မာနိုင်ငံရှိ လူငယ်လူရွယ်များအား နိုင်ငံတကာမှအသိပညာများရပြီး မျက်စိပွင့်ပြီး နိုင်ငံအတွက်ပြန်လည်အကျိုးပြုနိုင်ရန်ရည်ရွယ်၍ EHS Myanmar အနေဖြင့် သဘာဝပတ်ဝန်းကျင်နှင့်ဆက်စပ်သည့် ဘွဲ့ကြို ဘွဲ့လွန်ပညာသင်ဆု များကိုစုစည်း ဖော်ပြပေးလိုက်ရပါသည်။ 📣
📍၁။ Dream Big: Germany 2024 Scholarship
ငွေကြေး - Partial Funding (up to 35% of tuition fees).
ဘွဲ့အမျိုးအစား - Bachelors' and Master's Program
ဘာသာရပ်များ - Data Science, Computer Science, Artificial Intelligence, Big Data, Finance, Accounting, and Engineering Management.
လိုအပ်ချက် - No IELTS requirement.
လေ့လာရန် - https://www.scholarshipsads.com/scholarship-for-online-programs-at-iubh-university-of-applied-sciences-germany/
📍၂။ Paris - France Top 10 Masters Scholarships for 2024:
ငွေကြေး - Fully funded and partial funding options.
ဘွဲ့အမျိုးအစား - Master’s programs
ဘာသာရပ်များ - ဘာသာရပ်ပေါင်းစုံ
လိုအပ်ချက် - နိုင်ငံတကာကျောင်းသားများကိုလက်ခံလျက်ရှိသည်
လေ့လာရန် - https://www.scholarshipsads.com/paris-france-top-masters-scholarships-for-2024/
📍၃။ Darmasiswa Indonesian Scholarship Program:
ငွေကြေး - Fully funded scholarship
ဘွဲ့အမျိုးအစား - Master’s programs
ဘာသာရပ်များ - ဘာသာရပ်ပေါင်းစုံ
လိုအပ်ချက် - No IELTS requirement.
လေ့လာရန် - https://www.scholarshipsads.com/darmasiswa-indonesian-scholarship-program/
📍၄။ Thailand Scholarships for International Students 2024 - 2025:
ငွေကြေး - Fully funded scholarship
ဘွဲ့အမျိုးအစား - Bachelor's, Master’s programs and Ph.D. programs
ဘာသာရပ်များ - သိပ္ပံနှင့်အင်ဂျင်နီယာရပ်ဘာသာရပ်ပေါင်းစုံ
လိုအပ်ချက် - No IELTS requirement.
လေ့လာရန် - https://www.scholarshipsads.com/mahidol-university-postgraduate-scholarships-2024-for-international-students-thailand/
📍၅။ Japan Scholarship Program by the Asian Development Bank (ADB):
ငွေကြေး - Fully and Partial funded scholarship
ဘွဲ့အမျိုးအစား - Bachelor's, Master’s programs and Ph.D. programs
ဘာသာရပ်များ - Resilient နှင့် Sustainable ကိုဦးတည်သည့်ဘာသာရပ်များ
လိုအပ်ချက် - အာရှပစိဖိတ်နိုင်ငံသားများ နှင့် ADB အဖွဲ့ဝင်နိုင်ငံသားများသာ
လေ့လာရန် - https://www.adb.org/work-with-us/careers/japan-scholarship-program
🤩🦆ကြော်ငြာ - သဘာဝပတ်ဝန်းကျင်ချစ်မြတ်နိုးသူတိုင်းတက်သင့်တဲ့ Biodiversity Conservation and Management online Pre-recorded Course ကို သင်တန်းကြေးနည်းနည်းဖြင့်လေ့လာလိုက်ပါ။ အသေးစိတ်ကို ဒီမှာလေ့လာလိုက်ပါ - https://www.facebook.com/ehsmyanmar/posts/pfbid02UxdyJZzCqwxomYNvrcuybY11EThANcDoKQz3bZeE2QteH717VdDdq81Zw6frTRwml
--------------------------------------------------
"သင့်အတွက်အကျိုးရှိမယ်ဆို အခြားသူတွေကိုလဲပြန်လဲမျှဝေဖို့မမေ့ပါနဲ့နော် "
EHS Myanmar ၏ ဆောင်းပါးများကို အမြဲမပြတ်ဖတ်နိုင်ဖို့ telegram channel ကိုအခုပဲ join လိုက်ပါ။
https://t.me/ehsmyanmar
#EHSMyanmar #environmental #sustainability #scholarship #international
868
ရေလုပ်ငန်း စီမံခန့်ခွဲရေးဌာန (FiA) နဲ့ ကမ္ဘာ့တောရိုင်းတိရိစ္ဆာန် ရန်ပုံငွေအဖွဲ့အစည်း (WWF) မှ ၂ ရက်သားသာရှိသေးတဲ့ ဧရာဝတီ လင်းပိုင် သားပေါက်လေး ၁ ကောင်ကို ကမ္ဘောဒီးယားနိုင်ငံ ကရာတိုင်းပြည်နယ် Kampi မှာ တွေ့ရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
#EHSMyanmar #irrawaddydolphin #Cambodia
868
🦛✨ EHS Myanmar is making a splash on World Hippopotamus Day! Join us in celebrating these incredible river-dwellers and raising awareness about their vital role in aquatic ecosystems. Let's ensure a future where hippos and their habitats flourish. 🌊💙
#WorldHippopotamusDay #ConservationHeroes #EHSMyanmar
868
Week 1 ရဲ့ အဖြေလေးကတော့ ပြူကန် - Pyu Lake ဖြစ်ပါတယ်ရှင့်။🥳
🔎🔎🔎
ပြူကန်ဟာ မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်အနီးမှာ တည်ရှိပြီး ၁၁ရာစုခန့်က ဆည်မြောင်းရေလှောင်ကန် အဖြစ်တူးဖော်ခဲ့ခြင်း ဖြစ်ပါတယ်။
သဘာဝတရားကြီး၏ ပြုပြင်ပြောင်းလဲမှုဖြင့် သဘာဝရေတိမ်ဒေသတစ်ခုနှင့် ဆင်တူသော ဂေဟဗေဒစနစ် ဖြစ်ပေါ်လာခြင်း ဖြစ်ပါတယ်။ ဧရာဝတီမြစ်ရဲ့ စိုစွတ်သော ရွက်ကြွေတောများကို ကိုယ်စားပြု အမြဲတမ်းရေချိုအိုင်တစ်ခုဖြစ်ပြီး အပူပိုင်းမုတ်သုံလေ၏ လွှမ်းမိုးမှု ကြီးမားပါတယ်။ ကမ္ဘာပေါ်ရှိ မျိုးတုန်းပျောက်ကွယ်နိုင်သည့် အပင်မျိုးစိတ်အချို့နဲ့ ငှက်မျိုးစိတ်အချို့တို့ရဲ့ ကျက်စားရာဒေသတစ်ခုလည်း ဖြစ်ပါတယ်။
ပြူကန်သည် ၂၃၄ဟက်တာ အကျယ်ရှိပြီး ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ ရမ်ဆာအသိအမှတ်ပြု ရေတိမ်ရေဝပ်ဒေသ အဖြစ် သတ်မှတ်ခံရခြင်း ဖြစ်ပါတယ်။
Reference: Ramsar Sites Information Service
ပြူကန်ရဲ့ အကြောင်းလေးကိုလည်း အနည်းငယ်ပြောပြပြီးဖြစ်လို့ နောက်အပတ်တွေမှာလည်း Wetlands နဲ့ဆိုင်တဲ့ မေးခွန်းလေးတွေကို ကြိုးစားဖြေပေးကြပါအုံးနော်။
အဖြေမှန်သူတွေကို မကြာခင်အချိန်တွင်းမှာ ဆက်သွယ်ပြီး Discount Coupon တွေ ပေးပို့သွားပါမယ်ရှင့်🤗
လျော့ဈေးပေးထားတဲ့ အတန်းအသေးစိတ်ကိုတော့ အောက်မှာလေ့လာနိုင်ပါတယ်နော်။❣
https://www.facebook.com/share/p/GN13QkcNvA6hcbqn/?mibextid=I6gGtw
#EHSMyanmar #WorldWetlandsDay2024 #Quiz #BCM
868
🌿🐵 EHS Myanmar joyfully celebrates World Bonobo Day! Join us in honoring these fascinating primates and raising awareness about the importance of their conservation. Let's strive for a world where bonobos and all species thrive harmoniously. 🌏💚
#WorldBonoboDay #Conservation #EHSMyanmar
868
Answer Quiz and Get Discount Week-1🤩
-----------------------------------------------------
ဒီအပတ်အတွက် ဖြေဆိုရမယ့် မေးခွန်းလေးကိုတော့ ပုံမှာဖော်ပြထားပါတယ်။ အဖြေကို Comment မှာ ဖြေဆိုခဲ့ရမှာ ဖြစ်ပြီး အင်္ဂါနေ့ ည ၈နာရီထိ ဖြေလို့ရပါတယ်ရှင့်။ အဖြေမှန်ကို ဗုဒ္ဓဟူးနေ့မှာ ပြန်လည်တင်ပေးသွားမှာ ဖြစ်ပါတယ်။
အဖြေမှန်သူများကို Email မှတဆင့် ၇ရက်အတွင်း discount coupon များပေးပို့သွားမှာ ဖြစ်ပါတယ်ရှင့်။
လျော့ဈေးပေးထားတဲ့ အတန်းအသေးစိတ်ကိုတော့ အောက်မှာလေ့လာနိုင်ပါတယ်နော်။
👇👇👇
https://www.facebook.com/share/p/GN13QkcNvA6hcbqn/?mibextid=I6gGtw
Sharing is Caring ဖြစ်လို့ အခြားသူတွေလည်း သိအောင် Share ပေးသွားအုံးနော်။❣️❣️
#EHSMyanmar #WorldWetlandsDay2024 #Quiz
868
Environmental Message တွေအများကြီးထည့်သွင်းထားတဲ့ "Migration" 🌿🦆
-----------------------------------------------------
ချစ်စရာကောင်းတဲ့ ဘဲမိသားစုလေးဖြစ်တဲ့ Mack ၊ Dax နဲ့ Gwen တို့နဲ့ အတူပူးပေါင်းလိုက်ပါ။
🦆 ဇာတ်ညွှန်း- အကာအကွယ်လွန်ကဲတဲ့ ဖခင်ဘဲတစ်ကောင်ဖြစ်တဲ့ Mack ဟာ သူ့ရဲ့ကလေးတွေနဲ့အတူ တောင်ဘက်ကို ပြောင်းရွှေ့ဖို့ သဘောတူလိုက်ပါတယ်။ ဒါပေမယ့် သူတို့ကိုစောင့်ကြိုနေတဲ့တောရိုင်းခရီးစဉ်တစ်ခုမှာ မမျှော်လင့်ထားတဲ့ အန္တရာယ်တွေကို ဟာသလေးတွေနဲ့ရောနှောပြီးကြည့်လို့ကောင်းတဲ့ မိသားစုဇာတ်လမ်းလေးဖြစ်ပါတယ်။ 🌴🌊
🎥 ထိုရုပ်ရှင်ထဲမှ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သတင်းစကားများကိုလဲတွေ့ရမှာဖြစ်ပါတယ်။ 🎬
၁။ Bird Migration - ရွှေ့ပြောင်းငှက်များ သို့မဟုတ် ဆောင်းခိုငှက်များ၏ အံ့သြဖွယ်ကောင်းသော ရွှေ့ပြောင်းနေထိုင်သွားလာခြင်းအကြောင်းနှင့် ၎င်းတို့၏ နေထိုင်ရာ Habitat များကို ထိန်းသိမ်းစောင့်ရှောက်ခြင်းသည် ဘယ်လောက်ထိ အရေးကြီးကြောင်းကိုလေ့လာနိုင်မှာဖြစ်ပါတယ်။
၂။ Ethical Choices - သတ်သတ်လွတ်စားခြင်း၊ တိရစ္ဆာန်များ၏ကိစ္စအဝဝတို့မှာ လူသားတို့၏ သတိရှိရှိဆုံးဖြတ်ချက်များကို ရုပ်ရှင်ထဲမှာထင်ထင်ရှားရှားပြသသွားပါတယ်။
၃။ Sustainable Farming - ရုပ်ရှင်ထဲမှ "Hippie Ducks" ရုပ်ကောင်များနှင့်အတူ သဘာဝပတ်ဝန်းကျင်ဂေဟစနစ်တို့နှင့် သဟဇာတဖြစ်အောင်နေထိုင်နိုင်ရန်အတွက် လူသားတွေကိုတိုက်တွန်းချက်များလဲ ပါဝင်ပါသေးသည်။
၄။ Urban Wildlife - မြို့ပြတောရိုင်းတိရစ္ဆာန်များအကြောင်းကို လူစည်းတဲ့မြို့တမြို့ဖြစ်တဲ့ နယူးယောက်စီးတီး ရှိ ခိုများသည် လူသားတွေနဲ့အတူတကွယှဉ်တွဲနေထိုင်ရန် ကျွန်ုပ်တို့အားသတိပေးနေသည့်ပြကွက်များလဲပါဝင်ပါသည်။
🎉 ဘာကြောင့်ကြည့်ရတာလဲ 🎉
- သဘာဝပတ်ဝန်းကျင်ဆိုင်ရာပြသနာတွေကိုသတိထားမိစေရန်၊
- ဇီဝမျိုးစုံမျိုးကွဲများဖြစ်တဲ့ အပင်နဲ့တောရိုင်းတိရစ္ဆန်များကိုချစ်ခင်တန်ဖိုးထားတက်စေရန်၊
- သတ္တဝါအားလုံးနှင့်လူသားတွေအတူတကွယှဉ်တွဲနေထိုင်တက်စေရန်။
Science for Kids-မိုဇီ ၏အဆိုအရမြန်မာနိုင်ငံမှာလည်း နှစ်စဉ် နှစ်တိုင်း အောက်တိုဘာလ နောက်ဆုံးအပတ်မှ ဇန်နဝါရီလကုန်နှင့် ဖေဖော်ဝါရီလ ပထမအပတ်ထိ လာရောက်လေ့ရှိတဲ့ ဆောင်းခိုငှက်တွေကို တွေ့ရလေ့ရှိကြောင်းနဲ့ အင်းတော်ကြီးကန်၊ အင်းလေးကန် နဲ့ မိုးယွန်းကြီးအင်း တို့လိုနေရာတွေမှာ ကမ္ဘာ့ဒေသအသီးသီးက ပျံသန်းလာကြတဲ့ ဆောင်းခိုငှက်မျိုးစိတ်အမျိုးမျိုး အကြောင်းကိုလည်း ဆိုရှယ်မီဒီယာတွေနဲ့ သတင်းစာမျက်နှာတွေမှာလည်း ဖတ်ရပါတယ်။
ဒါကြောင့် သဘာဝပတ်ဝန်းကျင်ကိုချစ်မြတ်နိုးလာအောင်အခုပဲသားငယ်သမီးငယ်လေးတွေကိုပြသလိုက်ကြပါစို့...🌟🍿🎶
=============================================
ဒီ ဇာတ်ကားလေးကိုကြည့်ရင်း Biodiversity အကြောင်းလေ့လာချင်တယ်ဆိုလျှင်တော့ ကျွန်မတို့ EHS Myanmar မှာဖွင့်လှစ်နေတဲ့ Professional Certifcate in Biodiversity Conservation and Management online Pre-recorded Course လေးကို လာရောက် Join လှည့်ဖို့ဖိတ်ခေါ်ပါတယ်နော်။ အသေးစိတ်ကို ဒီမှာလေ့လာလိုက်ပါ - https://www.facebook.com/ehsmyanmar/posts/pfbid02V19TdMEDUvFCEAKsx8uugMdeL9N2yHBEzEi7rgKJEyoG6rXckD7t2RaY4xxufabYl
#EHSMyanmar #MigrationMovie #DuckAdventure #EnvironmentalAwareness
