EHS Myanmar
Ir al canal en Telegram
This is an official channel of Environment, Health and Safety Myanmar (EHS Myanmar). Please visit www.ehsmyanmar.org for more information.
Mostrar más868
Suscriptores
Sin datos24 horas
+27 días
+230 días
Archivo de publicaciones
868
၆။ Foresters - ကမ္ဘာကြီးပိုမိုပူနွေးလာသည်နှင့်အမျှ လူတို့သည် သစ်တောသစ်ပင်များ၏ အရေးပါမှုကို သိရှိလာကြသည်ဖြစ်ရာ သစ်တောပညာရှင်များ၏ ကျွမ်းကျင်မှုလုပ်ငန်းခွင်သည်လည်း ၁၀ ရာခိုင်နှုန်းအထိ တိုးတက်လာမည်ဟု ဖော်ပြထားပြီး အခြေခံလစာအနေဖြင့် ဒေါ်လာ ၆၃,၉၈၀ ထိ ရရှိနိုင်မည်ဟု စစ်တမ်းများအရ ဖော်ပြထားပါသည်။
Green Jobs လုပ်ငန်းများသည် အဖက်ဖက်မှ တိုးတက်လာနေပြီဖြစ်သော်လည်း ကျွန်တော်တို့အနေနှင့် ရင်ဆိုင်ဖြေရှင်းရမည့် စိန်ခေါ်မှုများနှင့် ခြိမ်းခြောက်မှုများလည်းရှိနေပါသေးသည်။ ထိုစိန်ခေါ်မှုများထဲမှ အချို့ကို အောက်တွင်ဖော်ပြထားပါသည်။
● အခန်းကဏ္ဍများနှင့် နိုင်ငံအနှံ့ Green Jobsများ၏ အကျိုးသက်ရောက်မှု နှင့် အရည်အသွေးကို တိုင်းတာရန်နှင့် နှိုင်းယှဉ်ရန် ခက်ခဲစေပြီး Green Jobs တွင်ပါဝင်သော စံသတ်မှတ်ချက်များကို ရှင်းရှင်းလင်းလင်းနှင့် တစ်သမတ်တည်း အဓိပ္ပါယ်သတ်မှတ်ချက်မရှိခြင်း ဖြစ်ပါသည် ။
● အထူးသဖြင့် ဘဏ္ဍာရေး၊ ကျွမ်းကျင်မှုနဲ့ အခြေခံလိုအပ်ချက်များ အကန့်အသတ်ရှိနိုင်သော သို့မဟုတ် ဆင်းရဲသောနိုင်ငံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ရင်းနှီးမြှုပ်နှံမှု ကုန်ကျစရိတ်မြင့်မားမှုနှင့် နည်းပညာဆိုင်ရာ အတားအဆီးများလည်း ရှိနေပါသည်။
● အလုပ်အကိုင် ဘေးကင်းလုံခြုံရေးစံနှုန်းများနှင့် လူမှုရေး အကာအကွယ်များ မရှိသော၊ စိုက်ပျိုးရေး၊ သစ်တော နှင့် စွန့်ပစ်ပစ္စည်းများ စုဆောင်းခြင်း ကဲ့သို့ ကဏ္ဍများတွင် Green Jobs လုပ်ငန်းသမားများအနေဖြင့် အလွတ်သဘောဆောင်သော စိုးရိမ်ပူပန်မှုများလည်း ရှိနေပါသေးသည်။
● ပညာရေးနိမ့်ကျသော သို့မဟုတ် ဖွံဖြိုးမှုနောက်ကျသော နိုင်ငံများအနေဖြင့် Green Jobs လုပ်ငန်းများကို အဆင့်မြှင့်တင်ရန်အတွက် ကျွမ်းကျင်မှုဆိုင်ရာလိုအပ်မှုများနှင့် အရည်ချင်းရှိသော ကျွမ်းကျင်သူများကို လိုအပ်ချက်သည် အလွန်အရေးကြီးပါသည်။
● ပတ်ဝန်းကျင်နှင့် လူမှုရေးရည်ရွယ်ချက်များစပ်ကြား ဖြစ်နိုင်ခြေရှိသော ကုန်သွယ်မှုများနှင့် ပဋိပက္ခများ၊ ရိုးရာဓလေ့ကဏ္ဍများမှ တိုင်းရင်းသားများအတွက်ဖြည့်တင်းပေးနိုင်မည့် ပဋိပက္ခများ၊ စားသုံးသူများနှင့် ထုတ်လုပ်သူများ အပေါ် Green Jobs အခွန်များကောက်ယူခြင်း သို့မဟုတ် ထောက်ပံ့မှုများ၏ အကျိုး သက်ရောက်မှုများ၊ သို့မဟုတ် ဒေသများနှင့် ရပ်ရွာများအနှံ့ Green Jobs အကူးအပြောင်းများ၏ အကျိုးအမြတ်များနှင့် ကုန်ကျစရိတ်များ ဆိုင်ရာ ပြသနာများ အစရှိသည့် ဖြေရှင်းမရနိုင်သေးသော ပဋိပက္ခများစွာလည်း ဖြေရှင်းရန်ကျန်ရှိနေပါသေးသည်။
Green Jobsများသည် ကမ္ဘာမြေကြီးအတွက်သာမက စီးပွားရေးနှင့် လူ့အဖွဲ့အစည်းများအတွက်လည်း အကျိုးပြုပါသည်။ ဈေးကွက်အသစ်တွင်ဖန်တီးနိုင်ယုံသာမက စိတ်ကူးအိုင်ဒီယာအသစ်များကို ယူဆောင်လာပြီး ဈေးကွက်အတွင်း ယှဉ်ပြိုင်မှုများကိုလည်း တိုးတက်လာစေပါသည်။ ဥပမာအားဖြင့် Green Job တစ်ခုသည် နည်းပညာအသစ်တစ်ခုကို ဖန်တီးခြင်းဖြင့် ထုတ်ကုန်အသစ်တစ်ခုကို တီထွင်ခြင်း သို့မဟုတ် ဖြေရှင်းနည်းအသစ်တစ်ခုကို ရှာဖွေခြင်းဖြစ်နိုင်သည်။ ထို့အပြင် အလုပ်သမားများနှင့် လူမှုအသိုင်းအဝိုင်းများ ကို လည်း သူတို့၏ဘဝတွင် ပိုမိုရွေးချယ်မှုရှိစေနိုင်ပြီး လူတိုင်းအတွက် ကောင်းကျိုးတစ်စုံတစ်ရာ ပြုလုပ်ပေး နိုင်ရန်အတွက်လည်း ရွေးချယ်ခွင့်များကို ရရှိစေနိုင်ပါသည်။ Green Jobs များသည် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အဓိကဦးတည်ချက်ဖြစ်သော ကာဗွန်ထုတ်လွှင့်မှု လျော့ချနိုင်ရန်နှင့် သဘာဝ အရင်းအမြစ်များကို ပြန်လည်ဖြည့်တင်းနိုင်ရန်ဖြစ်သည့် အစိမ်းရောင် စီးပွားရေးလုပ်ငန်းများအတွက် အဓိက အခန်းကဏ္ဍတွင် ပါဝင်ပါသည်။
ရေးသားသူ - ဂီတမိုင်ချီ (EHS Myanmar)
References :: U.S. Bureau of Labour Statistics
CNBC Make it!
Green Economy
-----------------------------------------------------------------------
EHS Myanmar ၏ ဆောင်းပါးများကို အမြဲမပြတ်ဖတ်နိုင်ဖို့ telegram channel ကိုအခုပဲ join လိုက်ပါ။
https://t.me/ehsmyanmar
#EHSMyanmar #GreenJobs #GreenEconomy #Environmental
868
What is Green Jobs? Their Benefits & Challenges
=============================================
EHS Myanmar | 15/11/2023
Green Jobs ဆိုသည်မှာ Environmental Fields ကို လေ့လာနေသူတိုင်း မစိမ်းသော ဝေါဟာရတစ်ရပ် ဖြစ်ပါသည်။ လူမှုပတ်ဝန်းကျင်၊ သဘာဝပတ်ဝန်းကျင်နှင့် ကမ္ဘာမြေကြီးကို အကျိုးပြုသော အလုပ်အကိုင်အားလုံးကို Green Jobs အဖြစ်သတ်မှတ်နိုင်ပါသည်။ Green Jobs ဟုဆိုရာ၌ နယ်ပယ်အသီးသီးတွင် ရှိသော လုပ်ငန်းအားလုံးကို ခေါ်ဆိုနိုင်ပါသည်။ အမှိုက်ကောက်သူ၊ ဆိုက်ကားနင်းသူ စသည့် အောက်ခြေသိမ်းလုပ်ငန်းများမှစ၍ Solar တပ်ဆင်သည့်လုပ်ငန်း၊ Wind Turbine တပ်ဆင်သည့် လုပ်ငန်းများ စသည့် နည်းပညာဆိုင်ရာ လုပ်ငန်းများအထိ ပါဝင်ပါသည်။
Green Jobs များသည် ပတ်ဝန်းကျင်ကို ပြန်လည်ပြုပြင်ထိန်းသိမ်းရန် သို့မဟုတ် ပြန်လည်ပြုပြင်ရန် အထောက်အကူပြုသည့် လုပ်ငန်းများလည်းဖြစ်ပါသည်။ ပြန်လည်ဖြည့်တင်းနိုင်သော စွမ်းအင်ထုတ်လုပ်ငန်းများ၊ recycling လုပ်ငန်းများ၊ အော်ဂဲနစ်စိုက်ပျိုးရေးလုပ်ငန်းများ၊ သဘာဝပတ်ဝန်းကျင် ဆိုင်ရာ ပညာပေးရေးလုပ်ငန်းများ အစရှိသည့် လုပ်ငန်းများအားလုံးပါဝင်ရာ လူမှုပတ်ဝန်းကျင်အတွက် အကျိုးပြုသော လုပ်ငန်းများပင်ဖြစ်ပါသည်။
Green Jobs များမှ ရရှိနိုင်သည့်အကျိုးကျေးဇူးအချို့မှာ အောက်ပါအတိုင်းဖြစ်ပါသည်။
● ကာဗွန်လျှော့ချသော နည်းပညာများနှင့် အလေ့အကျင့်များကို မြှင့်တင်ခြင်းဖြင့် ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုများကို လျှော့ချနိုင်ပြီး ရာသီဥတုပြောင်းလဲမှုကို လျော့နည်းစေနိုင်ပါသည်။
● ရင်းနှီးမြှုပ်နှံမှုစွမ်းရည်ကို တိုးတက်ကောင်းမွန်စေနိုင်ပြီး အရင်းအမြစ်များကို ပို၍ပညာရှိရှိအသုံးပြုပြီး ပြန်လည်အသုံးချခြင်းဖြင့် စွန့်ပစ်ပစ္စည်းများကို လျှော့ချပေးနိုင်ပါသည်။
● သဘာဝနေထိုင်ရာဒေသများကို ကာကွယ်ပေးခြင်းနှင့် ပျက်စီးသွားသောနေရာများကို ပြန်လည်ထူထောင်ပေးခြင်းဖြင့် ဇီဝမျိုးစိတ်များနှင့် ဂေဟစနစ် ဝန်ဆောင်မှုများကို တိုးမြှင့်ပေးနိုင်ပါသည်။
● အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးနိုင်ပြီး အလုပ်သမားများနှင့် လူ့အသိုင်းအဝိုင်းများအတွက် ဝင်ငွေ၊ ကျွမ်းကျင်မှုနှင့် လူမှုရေးကာကွယ်မှုများ ထောက်ပံ့ပေးခြင်းဖြင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများကိုလည်း တိုးတက်ကောင်းမွန်စေနိုင်ပါသည်။
● မညီမျှမှုများကို ကိုင်တွယ်ဖြေရှင်းခြင်းနှင့် အမျိုးသမီးများ၊ လူငယ်များနှင့် တိုင်းရင်းသားလူမျိုးများ ကဲ့သို့သော အကန့်အသတ်ရှိသည့် အုပ်စုများကို အခွင့်အာဏာပေးခြင်းဖြင့် လူမှုရေးနှင့် တရားမျှတမှုကို လည်းမြှင့်တင်ပေးနိုင်ကြပါသေးသည်။
အမေရိကန် ပြည်ထောင်စု၏ အလုပ်သမားဗျူရိုအဖွဲ့စစ်တမ်းများအရ လာမည့်နှစ်များအတွင်း Green Jobs များသည် (၈ ရာခိုင်နှုန်း) အထိ တိုးတက်လာမည်ဖြစ်သည်။ အထူးသဖြင့် အလုပ်အကိုင်ပိုမိုများပြားလာမည့် Green Jobs ၆ခု ကိုလည်းဖော်ပြထားပါသေးသည်။
၁။ Wind turbine service technicians - လေအားကိုအသုံးပြု၍ လျှပ်စစ်စွမ်းအားထုတ်လုပ်မှုသည် သဘာဝပတ်ဝန်းကျင်အပေါ် ထိခိုက်မှုအနည်းဆုံးသော နည်းပညာဖြစ်သည့်အလျှောက် wind turbine များတပ်ဆင်သည့် လုပ်ငန်းသည် ၆၈.၂ ရာခိုင်နှုန်းထိ ပိုမိုတိုးတက်လာမည်ဖြစ်ပြီး အခြေခံလစာသည် ၅၆,၂၃၀ ဒေါ်လာအထိ ရရှိနိုင်ပါမည်။
၂။ Solar photovoltaic installers - နေရောင်ခြည်စွမ်းအင်မှ လျှပ်စစ်စွမ်းအင်ထုတ်လုပ်သုံးစွဲမှုသည် ပြန်လည်ဖြည့်တင်းနိုင်သော စွမ်းအင်- renewable energy ဖြစ်သည့်အလျှောက် လာမည့်အနာဂတ်များတွင် ဆိုလာတပ်ဆင်သည့် လုပ်ငန်းများသည် ၅၂.၁ ရာခိုင်နှုန်း တိုးတက်လာမည်ဖြစ်ပြီး အခြေခံလစာ ၄၆,၄၇၀ ဒေါ်လာထိ ရရှိနိုင်မည်ဖြစ်ပါသည်။
၃။ Forest fire inspectors and prevention specialists - တောမီးလောင်မှုများသည် တောရိုင်းတိရစ္ဆာန်များနှင့် လူတို့အပေါ်တွင်သာမက သဘာဝပတ်ဝန်းကျင်အပေါ်တွင်လည်း ကြီးမားစွာသော အကျိုးသက်ရောက်မှုများကို ဖြစ်စေသည့်အလျောက် တောမီးလောင်မှုစစ်ဆေးရေးမှူးများနှင့် ကြိုတင်ကာကွယ်ရေးကျွမ်းကျင်သူများ၏ အလုပ်အကိုင်အခွင့်လမ်းများသည် ၂၃.၉ ရာခိုင်နှုန်းထိ တိုးတက်လာမည်ဖြစ်ပြီး အခြေခံလစာသည် ဒေါ်လာ ၄၂,၁၅၀ ထိ တိုးမြှင့်ရရှိလာနိုင်မည်ဖြစ်သည်။
၄။ Environmental science and protection technicians - ယခုနောက်ပိုင်းတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများကို အာရုံစိုက်လာကြပြီး အလေးပေးလုပ်ဆောင်လာကြသည်ဖြစ်ရာ သဘာဝပတ်ဝန်းကျင်သိပ္ပံပညာနှင့် ကာကွယ်ရေးကျွမ်းကျင်သူများအတွက် အခွင့်လမ်းသည် ၁၀.၆ ရာခိုင်နှုန်းထိ များပြားလာမည်ဖြစ်ပြီး ဒေါ်လာ ၄၆,၈၅၀ ထိ အခြေခံလစာ ရရှိနိုင်မည်ဖြစ်ပါသည်။
၅။ Soil and plant scientists - ကမ္ဘာ့လူဦးရေတိုးပွားလာသည်နှင့်အမျှ စာနပ်ရိက္ခာလိုအပ်ချက်များသည် မြင့်တက်လာသည်ဖြစ်ရာ စိုက်ပျိုးရေးအတွက် လိုအပ်ချက်များသည်လည်း တိုးမြင့်လာပါသည်။ သို့ဖြစ်ရာ မြေဆီလွှာနှင့် အပင်ပညာရှင်များ၏ အခန်းကဏ္ဍသည်လည်း လာမည့်အနာဂတ်တွင် ၁၀ ရာခိုင်နှုန်းထိ တိုးတက်လာမည်ဖြစ်ပြီး အခြေခံလစာ အနေဖြင့် ၆၆,၁၂၀ ဒေါ်လာထိ ရရှိနိုင်မည်ဖြစ်ပါသည်။
868
October 27 ရက်နေ့မှာ Goethe-Institut Myanmar ရဲ့ ပွဲခန်းမမှာ ကျင်းပပြုလုပ်ခဲ့တဲ့ သိပ္ပံရုပ်ရှင်ပွဲတော် မြန်မာရဲ့ (၁၂)ကြိမ်မြောက် သိပ္ပံရုပ်ရှင်ပွဲတော် ဖွင့်ပွဲအစီအစဉ်ကို EHS Myanmar မှ ကိုထက်မြတ်ထွန်းနှင့် အတူ မခိုင်စုဝေနှင့် ကိုအံ့ဖုန်းသာ တို့မှ တက်ရောက်ခဲ့ပါတယ်။
သိပ္ပံရုပ်ရှင်ပွဲတော် ဖွင့်ပွဲအစီအစဉ်နဲ့အတူ အဖွင့်ရုပ်ရှင်များကိုလည်း ကြည့်ခဲ့ပြီး ပျော်ရွှင်စွာ Game Activities များကိုလည်း ပါဝင်ဆင်နွှဲခဲ့ပါတယ်။ သိပ္ပံရုပ်ရှင်ဖွင့်ပွဲသို့ ဖိတ်ကြားပေးပါသော Goethe-Institut Myanmar မှ တာဝန်ရှိသူများနှင့် volunteers လူငယ်များကိုလည်း EHS Myanmar မှ ကျေးဇူးတင်ရှိပါတယ်ဗျ။
သိပ္ပံရုပ်ရှင်ပွဲတော်အကြောင်း သိရှိလိုပါက>>>>>>
Facebook Page - Science Film Festival Myanmar
YouTube - Science Film Festival Myanmar
Instagram - ssfmyanmar
Telegram - https://t.me/sffmyanmar
Website - https://www.sciencefilmfestival.org
#ssfmyanmar #EHSMyanmar
868
မြန်မာနိုင်င်ငံရှိ အကြီးမားဆုံး ဆောက်လုပ်ရေးကုမ္မဏီများထဲမှ တစ်ခုဖြစ်သည့် ရွှေတောင်ကုမ္မဏီသည် ရန်ကုန်မြို့ရှိ Junction City ဈေးဝယ်စင်တာနှင့် Pan Pacific ဟိုတယ်အတွက် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုနှင့်အညီဒီဇိုင်းရေးဆွဲထားပြီးအဓိကအနေဖြင့် စွမ်းအင်သုံးစွဲမှု လျော့ချရန်ရည်ရွယ်၍ Glass Tubesများ အသုံးပြုခြင်း၊ အမိုးပေါ်တွင် ဆိုလာပြားများ တပ်ဆင်ခြင်း စသည့်နည်းများဖြင့် ဆောက်လုပ်ထားပါသည်။ ထို့အတွက်ဆောက်လုပ်ရေးကဏ္ဍတွင်လည်း Green Jobs အခွင့်အလမ်းများ ပေါ်ပေါက်လာနိုင်ပါသည်။ သို့ရာတွင် ထိုသို့ ရင်းနှီးမြှုပ်နှံနိုင်ရန်အတွက် ဘဏ်များအနေဖြင့် အထူးသဖြင့် MCB ဘဏ်သည် မြန်မာနိုင်ငံရှိ green finance projectနှင့် သက်ဆိုင်သည့် အသေးစား အလတ်စားလုပ်ငန်းများအတွက်ချေးငွေထုတ်ပေးခြင်း၊ ငွေကြေးဆိုင်ရာ စီမံခန့်ခွဲရေးအတွက် အခမဲ့ ဆွေးနွေးတိုင်ပင်နိုင်သည့် ဝန်ဆောင်မှုပေးသည်လည်းရှိပါသည်။ ထို့အတွက် ဘဏ်များသည်လည်း green jobs ဖန်တီးပေးနိုင်ရန် တစ်စိတ်တစ်ပိုင်းအနေဖြင့်ပါဝင်နေပေသည်။
☘️ အနှစ်ချုပ်ဆိုရသော် Green Jobs များသည် ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက်သာမက စီးပွားရေးအခွင့်အလမ်းများလည်း ဖန်တီးပေးနိုင်ကာနောင်မျိုးဆက်သစ်များအတွက် ပို၍ကျန်းမာသော၊ ပို၍ သင့်တင့်မျှတသော ဂေဟစနစ်ကို ဖော်ဆောင်ပေးနိုင်သည့်အတွက် သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သည့် စီးပွားရေးလုပ်ငန်းဖော်ဆောင်ရာတွင် green jobs များ သည် အရေးကြီးအခန်းကဏ္ဍမှ ပါဝင်နေပေတော့သည်။
🙋 Augustine(EHS Myanmar)မှ ရေးသားသည်။
ကိုးကား- (12) What is the situation of Green Finance in Myanmar? | LinkedIn
Asia Pacific Research and Training Network on Trade (ARTNeT) 2014
#GreenJobs #GreenInvestment #EHSMyanmar
868
မြန်မာနိုင်ငံတွင်ရှိသော Green Jobs များဖန်တီးပေးမည့် ရင်းနှီးမြှုပ်နှံမှုများ
=====================================
EHS Myanmar 14/11/2023
☘️ Green Jobs ဆိုသည်မှာ အဘယ်နည်း။
Green jobs ဆိုသည်မှာ သဘာဝပတ်ဝန်းကျင်အပေါ်ထိခိုက်ပျက်စီးမှုမရှိစေပဲ သဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းကာကွယ်နိုင်ပြီး ရေရှည်ဖွံဖြိုး တိုးတက်မှုဆီ
ဦးတည်နိုင်သည့်အလုပ်များ ဖြစ်ပါသည်။ ဂေဟဗေဒစနစ်နှင့် သင့်တင့်မျှတသည့် စီးပွားရေးလုပ်ငန်းကို ဖော်ဆောင်ရာတွင် Green Jobs များသည် အရေးကြီး အခန်းကဏ္ဍမှ ပါဝင်ပါသည်။
🏦အာရှဖွံ့ဖြိုးတိုးတက်ရေးဘဏ်၏ လေ့လာဆန်းစစ်ချက်အရ ကမ္ဘာ့စီးပွားရေးသည် နှစ်စဉ် ၃-၄ရာခိုင်နှုန်းခန့်မြင့်တက်နေသည်ဟု သုံးသပ်ထားသည်။ သို့သော် ထိုသို့ စီးပွားရေးကြီးထွားလာမှုများသည် ငွေကြေးဆိုင်ရာကြွယ်ဝချမ်းသာစေ သော်လည်း သဘာဝသယံဇာတအရင်းအမြစ်များနှင့်သဘာဝပတ်ဝန်းကျင်ကို စတေးပြီးမှ ဖြစ်တည်လာပေသည်။ အထူးသဖြင့် ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုများသည် ထိုစီးပွားရေးလုပ်ငန်းများ၏ အသိသာအထင်ရှားဆုံး နောက်ဆက်တွဲဆိုးကျိုးဖြစ်သည်မှာငြင်းဆန်၍မရနိုင်သည့်အမှန်တရားဖြစ်နေပေသည်။
☘️ မြန်မာနိုင်ငံသည်လည်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကြောင့် ဖြစ်ပေါ်လာသော သဘာဝပတ်ဝန်းကျင်ပျက်စီးမှုများ၊ ကမ္ဘာတစ်ဝန်း ဖြစ်ပျက်နေသော ရာသီဥတုဖောက်ပြန်ပျက်စီးမှုများ အထူးသဖြင့် အပူချိန်မြင့်တက်ခြင်း၊ မိုးရွာသွန်းချိန်မမှန်ကန်ခြင်း၊ ရေကြီးခြင်း၊ မုန်တိုင်းဒဏ်ခံရခြင်း စသည့် သဘာဝဘေးအန္တရာယ်များဖြင့် ရင်ဆိုင်ကြုံတွေ့နေရပေသည်။ ရလဒ်အနေဖြင့် မြန်မာနိုင်ငံတွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ အစားအသောက်ဖူလုံရေး၊ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းခြင်း၊ နှင့် ပြည်သူ့ကျန်းမာရေး အစရှိသည့် ကဏ္ဍများသည် ရာသီဥတုပြောင်းလဲမှု၏ နောက်ဆက်တွဲဆိုးကျိုးကို အဓိကခံစားရပေသည်။ ထို့အတွက် သဘာဝပတ်ဝန်းကျင်အပေါ်ထိခိုက်ပျက်စီးမှုနည်းစေသည့် Green Jobs များဖန်းတီးပေးမည့် စီးပွားရေး ရင်းနှီးမြှပ်နှံမှုများ လိုအပ်ပေသည်။
☘️ မြန်မာနိုင်ငံတွင် စီးပွားရေးဆိုင်ရာနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာစိန်ခေါ်မှုများနှင့် ကြုံတွေ့နေရစဉ်မှာပဲ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုဆီ ဦးတည်နိုင်သည့် Green Jobs နှင့်သက်ဆိုင်သည့် စီးပွားရေးရင်းနှီးမြှပ်နှံမှုများလည်း တဖြည်းဖြည်း ပေါ်ပေါက်လာနေပြီဖြစ်ပါသည်။သုသေသနစာတမ်းများအရ အာရှနိုင်ငံများထဲမှ မြန်မာနိုင်ငံရှိ ဆောက်လုပ်ရေးကဏ္ဍတွင် အစိမ်းရောင်ရင်းနှီးမြှပ်နှံမှု (Green Investments) ၇% ရှိနိုင်သည်ဟု ခန့်မှန်းထားပြီး ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍတွင်စုစုပေါင်းရင်းနှီးမြှုပ်နှံနိုင်သည့် အခွင့်အရေး ၃% ရှိနိုင်သည်ဟု သုံးသပ်ထားပါသည်။
👷♂️ မြန်မာနိုင်ငံရှိ Green Jobs ဖန်တီးပေးမည့်စီးပွားရေးရင်းနှီးမြှုပ်နှံမှုများမှာ-
၁။ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် (Renewable Energy) နှင့်သက်ဆိုင်သည့် စီးပွားရေးရင်းနှီးမြှုပ်နှံမှုများ
မြန်မာနိုင်ငံသည် သဘာဝအရင်းအမြစ်များဖြစ်သည့် နေ၊လေ၊ရေအမြောက်အမြားရရှိသည့် နိုင်ငံဖြစ်သည့်အတွက် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နှင့် ဆိုင်သည့် ရင်းနှီးမြှပ်နှံမှုများသည် Green jobs များဖန်တီးပေးသည့် နေရာတွင် အကြီးမားဆုံးသော သက်ရောက်မှုရှိပေသည်။ ဥပမာ- မြန်မာနိုင်ငံတွင်လက်ရှိအခြေအနေ
အရ နေရောင်ခြည်သုံးစွမ်းအင်ကို အများအပြာအသုံးပြုလာကြပေသည်။ သို့အတွက် ဆိုလာပြားထုတ်လုပ်သည့်စက်ရုံများပေါ်ပေါက်လာကာဆိုလာတပ်ဆင်ရန်နှင့် ထိန်းသိမ်းပြုပြင်ရန်အင်ဂျင်နီယာများ၊နည်းပညာရှင်များ လိုအပ်လာသည့်အတွက် Green Jobs ဖန်တီးပေးနိုင်သည့် စီးပွားရေးရင်းနှီးမြှုပ်နှံမှုဟု ဆိုနိုင်ပေသည်။ ကျောက်ဖြစ်ရုပ်ကြွင်းလောင်စာဆီမှပြန်လည်ဖြိုးမြဲစွမ်းအင်ဆီသို့ ကူးပြောင်းမှုများသည် ကာဗွန်ထုတ်လုပ်မှုလျှော့ချနိုင်ပြီး သဘာဝပတ်ဝန်းကျင်ရေရှည်ဖွံ့ဖြိုးတိုးတက်မှုဆီ ဦးတည်နိုင်သည့်အပြင် ထိုစွမ်းအင်များသည် နိုင်ငံတွင်းမှာထုတ်လုပ်သည့်စွမ်းအင်ဖြစ်၍ ထို Green Jobs များသည် နိုင်ငံတွင်း စီးပွားရေးကို ဖွံ့ဖြိုးတိုးတက်စေနိုင်ပါသည်။
🚘 ထို့အပြင်သဘာဝပတ်ဝန်းကျင်အပေါ်ထိခိုက်ပျက်စီးစေသည့်ဓာတ်ဆီ၊ဒီဇယ်သုံးကားများအစားသန့်ရှင်းသည့်စွမ်းအင်လျှပ်စစ်ကား EVကား တင်သွင်းမှုများရှိလာသည့်အတွက် မဝေးတော့သည့်အနာဂတ်ကာလတွင် EVကားအရောင်းကိုယ်စားလှယ်များ၊ EVကားများထိန်းသိမ်းပြုပြင်တတ်သည့်နည်းပညာရှင်များ၊လျှပ်စစ်အား ဖြည့်သွင်းရန်သတ်မှတ်ထားသည့်နေရာတွင် တာဝန်ယူရန်အတတ်ပညာရှင်များ စသည့် Green Jobs များ ပို၍ဖန်တီး ပေးလာနိုင်ပါသည်။
၂။ စိုက်ပျိုးရေးကဏ္ဍ
မြန်မာနိုင်ငံ၏ အဓိကအသက်သွေးကြောသည် စိုက်ပျိုးရေးဖြစ်သည်နှင့်အညီ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုဖြစ်စေသည့် စိုက်ပျိုးရေးနည်းလမ်းဖြစ်သော သဘာဝအတိုင်းစိုက်ပျိုးခြင်းလုပ်ငန်း (Organic farming) သည်လည်း ဓာတုပစ္စည်းသုံးစွဲမှုမရှိပဲ သဘာဝအရင်းအမြစ်များကို ထိန်းသိမ်းပြီးသားဖြစ်ကာသဘာဝမြေဆီမြေနှစ်ကိုမထိခိုက်စေသည့်အတွက် စိုက်ပျိုးရေး
ကဏ္ဍတွင်လည်း green jobsများ ဖန်တီးပေးနိုင်ပါသည်။
၃။ ဆောက်လုပ်ရေးကဏ္ဍ
868
November လ 5 ရက်နေ့တွင်ကျင်းပခဲ့သည့် 3Zero House Myanmar Grand Opening အား EHS Myanmar Research & Project Associate ဖြစ်သည့် Ko Toe Lwin Shein မှတက်ရောက်ခဲ့ပါတယ်။
ပွဲမှ 3Zero ဖြစ်သည့် သုံညချန်လှပ်၊ သုံညကာဗွန်၊ သုံညဆင်းရဲအကြောင်းတို့အား များစွာသင်ယူလေ့လာခဲ့ရသည့်အပြင် အခြားတက်ရောက်လာသူများနှင့်လည်း ရင်းနှီးစွာစကားပြောဆိုခွင့်ရခဲ့သည့်အတွက် EHS Myanmar မှ အထူးကျေးဇူးတင်ရှိပါတယ်။
3Zero House Myanmar အကြောင်းကို အသေးစိတ်သိရှိလိုပါက https://www.facebook.com/3ZeroMyanmar?mibextid=ZbWKwL သို့ဝင်ရောက်လေ့လာနိုင်ပါတယ်။
#3ZeroHouseMyanmar #EHSMyanmar
868
၆၅ ရာခိုင်နှုန်းသော ယခုခေတ်ကျောင်းသားလူငယ်များ က ယခုခေတ်တွင် မရှိသေးသော အလုပ်အကိုင်များကို အနာဂတ်မှာ လုပ်ကိုင်ရတော့မှာဖြစ်ပါတယ်။
--------------------------------------------
EHS Myanmar | 13.11.2023
အနာဂတ်၏ အသက်မွေးဝမ်းကြောင်း အလုပ်အကိုင်များ ပိုမိုထွန်းကားလာနေသည့် ယနေ့ခေတ်ကမ္ဘာမှာ၊ လူငယ်များအနေနှင့် ၎င်းတို့ဘဝတစ်သက်တာတွင်ရှိခဲ့ဖူးသောအလုပ်အကိုင်များအပြင် ယခင်က မစဉ်းစားခဲ့ဖူးသော အလုပ်အကိုင်များအတွက် ကြိုတင်ပြင်ဆင်ထားရန် အလွန်အရေးကြီးကြောင်းကို သုတေသီများကထောက်ပြထားကြပါသည်။ ထိုသို့အလုပ်အကိုင်များထဲတွင် AI နည်းပညာကို အသုံးချပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းခြင်းနှင့် Sustainabile Development များကိုအထောက်အကူပြုစေမည့် အလုပ်အကိုင်များလဲပါဝင်နေပါတယ်။
သတင်းအပြည့်အစုံဖတ်ရန် - https://www.linkedin.com/pulse/careers-future-65-young-people-employed-jobs-dont-yet-/
-----------------------------------------------------------------------
EHS Myanmar ၏ ဆောင်းပါးများကို အမြဲမပြတ်ဖတ်နိုင်ဖို့ telegram channel ကိုအခုပဲ join လိုက်ပါ။
https://t.me/ehsmyanmar
#EHSMyanmar #jobs #career #environmental #sustainabledevelopemnt
868
EHS Myanmar ၏ Project Assistant မခိုင်ဆုဝေ သည် MYEO Inclusivity Matters : Conflict and Cohesion Workshop ၏ Essay Competition တွင် Winner အဖြစ်ရွေးချယ်ခံရကြောင်းကြားသိရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်မိပါသည်။ 🤩🏆
#EHSMyanmar #winner #prize #teammemberappreciation
868
🚽5 Facts about World Toilet Day🚽
November 19 ရက်နေ့ဟာ “World Toilet Day” - “ကမ္ဘာ့အိမ်သာများနေ့” ဖြစ်ပါတယ်။ ဆိုတော့ toilet တွေနဲ့ ပတ်သတ်လို့ Fun Facts အချို့ကို သိပြီးပြီလား?🤔
World Toilet Day နဲ့ပတ်သတ်ပြီး EHS Myanmar ကနေ Campaign တစ်ခုလုပ်ဖို့ရှိလို့ Facebook Page ကို စောင့်ကြည့်ပေးကြပါအုံးနော်။🤗
#WorldToiletDay2023 #EHSMyanmar #FunFacts
868
🇪🇺 EMAS, the Eco-Management and Audit Scheme, was established by the European Commission through the dedicated EMAS Regulation, helping organisations enhance their environmental performance, save energy, and optimise resource usage. It is a premium management instrument to evaluate, report, and improve organisations’ environmental performance.
Download here - https://green-business.ec.europa.eu/publications/emas-users-guide-0_en
-----------------------------------------------------------------------
Don't forget to follow us on LinkedIn - https://www.linkedin.com/company/ehsmyanmar
#EHSMyanmar #EuropeanUnion #EMAS
868
၉။ အစိမ်းရောင်နည်းပညာရှင်များ (သို့မဟုတ်) Green Tech Innovators- ယခုခေတ်တွင်နည်းပညာသည်အရေးပါသည့်အခန်းကဏ္ဍတွင်ပါဝင်နေတယ်ဆိုတာ စာဖတ်သူတို့ လဲနားလည်ပါမှာ။ အဲ့ဒီလို နည်းပညာနှင့်ပေါင်းစပ်အဖြေရှာသည့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်စောင့်လျှောက်ရေးနည်းလမ်းများလဲခေတ်စားလာပါမည်။ ထိုကဏ္ဍများအတွက် နည်းပညာရှင်များ IT ပညာရှင်များစွာလိုအပ်လျက်ရှိပါသည်။ ထို့အတူ နည်းပညာကဏ္ဍတွင်လဲ သဘာဝပတ်ဝန်းကျင်နှင့်လျှော်ညီသည့် Data Center များအပါအဝင် Smart Grid နည်းပညာများတည်ဆောက်ရန်လဲလိုအပ်လာပါမည်။
၁၀။ Environmental Educators - သဘာဝပတ်ဝန်းကျင်ဆိုင်ရာပညာရပ်များ၊ အသိပညာများကိုသဘောပေါက်နားလည်စေရန် လူစွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးရန်သည် သဘာဝပတ်ဝန်းကျင်ပြဿနာများကိုဖြေရှင်းခြင်း၏အခြေခံပင်ဖြစ်ပါသည်။ ထိုအသိပညာများ တိုးပွားလာသည်နှင့်အမျှ ပညာတတ်မျိုးဆက်သစ်များသည် ကျွန်ုပ်တို့ကမ္ဘာမြေကြီးကိုစောင့်ရှောက်မည့်သူများအဖြစ် အတွေးအခေါ်ကို ပုံဖော်ရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လာနေပါသည်။
နိဂုံးချုပ်ရသော် အလုပ်အကိုင်ဈေးကွက်သည် ကမ္ဘာတွင်သာမက စာရေးသူတို့မြန်မာနိုင်ငံတွင်ပါတိုးတက်ပြောင်းလဲနေပြီး ဖြစ်ပါသည်။ ဤစိမ်းလန်းသောအသက်မွေးဝမ်းကြောင်းအလုပ်များသည် ပုဂ္ဂိုလ်ရေးအရ ဖြည့်ဆည်းပေးရုံသာမက ပိုမိုကျန်းမာပြီး ရေရှည်တည်တံ့သော ကမ္ဘာမြေဖြစ်လာစေရန်အတွက်လဲ အထောက်အကူပြုလာပါမည်။
စာရေးသူရေးသားဖော်ပြခဲ့တဲ့အလုပ်တွေထဲမှ မည်သည့်အလုပ်ကို သင်စိတ်ဝင်စားဆုံးဖြစ်သနည်း သို့မဟုတ် ကျွန်ုပ်တို့၏အနာဂတ်အတွက် အရေးကြီးဆုံးဟု သင်ထင်ပါသလား။ သင့်အတွေးအမြင်များကို commentတွင် မျှဝေပေးပါဦးနော်။ 🌱💼
ရေးသားသူ - နိုင်ကျော်လူ
-------------------------------------------------------------------------------------------------------------------
EHS Myanmar ၏ ဆောင်းပါးများကို အမြဲမပြတ်ဖတ်နိုင်ဖို့ telegram channel ကိုအခုပဲ join လိုက်ပါ။
https://t.me/ehsmyanmar
#EHSMyanmar #GreenJobs2035 #Sustainability #GreenFuture
868
🌿🌍 ၂၀၃၅ တွင်ခေတ်စားလာမည့် အစိမ်းရောင်အလုပ်အကိုင်များ 🌍🌿
---------------------------------------------------
EHS Myanmar | 7.11.2023
ကျွန်ုပ်တို့အနေဖြင့် ပိုမိုရေရှည်တည်တံ့ခိုင်မြဲသောအနာဂတ်ဆီသို့ ကြိုးစားလုပ်ကိုင်နေကြသည့်အခါ ပိုမိုစိမ်းလန်းပြီး သန့်ရှင်းသောကမ္ဘာကြီး၏ တောင်းဆိုချက်များကို ဖြည့်ဆည်းနိုင်ဖို့အတွက် အလုပ်အကိုင်အခွင့်အလမ်း များကလည်းတိုးတက်ပြောင်းလဲလျက်ရှိတာကိုတွေ့ရပါလိမ့်မယ်။ ထို့အတွက်အကြောင့် အစိမ်းရောင်အလုပ်အကိုင်များ ကပိုမိုခေတ်စားလာမှာဖြစ်ပါတယ်။
အစိမ်းရောင်အလုပ်အကိုင်များ (သို့မဟုတ်) Green Jobs ဆိုသည်မှာ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရန် သို့မဟုတ် ပြန်လည်ထူထောင်ရန် အထောက်အကူဖြစ်စေသည့်အလုပ်အကိုင်များကိုဆိုလိုပါတယ်။ အဲ့ဒီအတွက်ကြောင့် (၂၀၃၅ ခုနှစ်) တွင် ရေပန်းအစားဆုံးဖြစ်လာမည့် အစိမ်းရောင်အလုပ်များ (Green Jobs) များကိုစုစည်းဖော်ပြပေးလိုက်ရပါတယ်။
၁။ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နည်းပညာရှင်များ (Renewable Energy Technicians) - သန့်စင်သောစွမ်းအင်ရင်းမြစ်များဆီသို့ ကူးပြောင်းလာကြမှုနှင့်အတူ၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နည်းပညာအလုပ် လိုအပ်ချက်မြင့်မားလျက်ရှိနိုင်ကြောင်းသုံးသပ်ထားကြသည်။ နေရောင်ခြည်စွမ်းအင်များ၊ လေစွမ်းအင်များ၊ geothermal စွမ်းအင်တို့နဲ့သက်ဆိုင်တဲ့အလုပ်အကိုင်အခွင့်အလမ်းတွေယခုထက်ပေါများလာနိုင်ပါတယ်။
၂။ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အင်ဂျင်နီယာများ (Environemntal Engineer) - ဂေဟစနစ်ဆိုင်ရာအင်ဂျင်နီယာများလို့လဲခေါ်ဆိုကြသည့် အင်ဂျင်နီယာများသည် လေထုညစ်ညမ်းမှုကိုလျှော့ချရန်၊ အမှိုက်စီမံခန့်ခွဲမှုကိုမြှင့်တင်ရန်နှင့် ကျွန်ုပ်တို့၏ပတ်ဝန်းကျင်ကို ကာကွယ်ရန် အစိမ်းရောင်အခြေခံအဆောက်အအုံများ (Green Infrastructure) တို့ကို ဒီဇိုင်းထုတ်ရန်တည်ဆောက်ရန် စသည့်လုပ်ငန်းခွင်များအတွက်များစွာ အလုပ်လိုလျက်ရှိပါတယ်။ ၂၀၃၅ခုနှစ်တွင်လဲခေတ်စားလာလိမ့်မည်ဟုခန့်မှန်းထားကြပါတယ်။
၃။ အစိမ်းရောင်ဗိသုကာပညာရှင်များ (Green Architecets) - လူသားတွေရှိနေသမျှ အခြေခံအဆောက်အအုံများလဲလိုအပ်နေဦးမှာဖြစ်ပြီး ဆောက်လုပ်ရေးလုပ်ငန်းကဏ္ဍအတွက် ရေရှည်တည်တံ့ခိုင်မြဲမှုကို ဦးစားပေးလုပ်ကိုင်စဉ်းစားနိုင်မည့် အစိမ်းရောင်ဗိသုကာပညာရှင်များလိုအပ်လာနိုင်ပါတယ်။ စွမ်းအင်သုံးစွဲမှုသက်သာပြီး သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သော အဆောက်အဦများကို ဖန်တီးရာတွင် ရှေ့တန်းမှဖြစ်သည့်ဗိသုကာပညာရှင်အလုပ်အကိုင်များ ခေတ်စားလာနိုင်ပါသည်။
၄။ Sustainable Agriculture Specialists - သဘာဝပတ်ဝန်းကျင်ထိခိုက်မှုအနည်းဆုံးဖြစ်အောင် ကမ္ဘာကြီးကို ကျွေးမွေးခြင်းသည် ဦးစားပေးကဏ္ဍဖြစ်ပါသည်။ စဉ်ဆက်မပြတ်စိုက်ပျိုးရေးပညာရှင်များသည် ကျွန်ုပ်တို့လူသားတွေအတွက် သန့်ရှင်းကျန်းမာသောအစားအစာစနစ်ဖြစ်စေရန် အော်ဂဲနစ်စိုက်ပျိုးခြင်း၊ သီးနှံအလှည့်ကျစိုက်ပျိုးခြင်း နှင့် ဆန်းသစ်သောစိုက်ပျိုးမွေးမြူရေးနည်းလမ်းများကို ရှာဖွေအသုံးချခြင်းများကျယ်ပြန့်လာမည်။
၅။ Clean Transportation Experts - လျှပ်စစ်ကား နည်းပညာရှင်များမှ မြို့ပြစီမံကိန်းရေးဆွဲသူများအထိ eco-friendly public Transportation စနစ်များကို ဒီဇိုင်းဆွဲခြင်း တီထွင်ဖန်တီးအသုံးပြုခြင်း၊ သုတေသနပြုလုပ်ခြင်း တို့ကိုလုပ်ဆောင်ပေးမည့် ပညာရှင်များလိုအပ်နိုင်ပါသည်။ အထူးသဖြင့် သဘာဝပတ်ဝန်းကျင်ကိုအဓိကဒုက္ခပေးလျက်ရှိသော သယ်ယူပို့ဆောင်ရေးကဏ္ဍ ကိုစိမ်းလန်းသောအသွင်ကူးပြောင်းမှုကို လုပ်ဆောင်နိုင်ရန်နိုင်ငံအားလုံးကတာဆူလျက်ရှိပါသည်။
၆။ သဘာဝပတ်ဝန်းကျင်ဆိုင်ရာသိပ္ပံပညာရှင်များ (Environmental Scientists) - ရာသီဥတုပြောင်းလဲမှုဆိုင်ရာသုတေသနများ၊ ပတ်ဝန်းကျင်ဂေဟစနစ်ထိန်းသိမ်းရေး ကြိုးပမ်းမှုများနှင့် ဇီဝမျိုးစုံမျိုးကွဲများကို ထိန်းသိမ်းကာကွယ်ခြင်းတို့သည် သဘာဝပတ်ဝန်းကျင် သိပ္ပံပညာရှင်တစ်ဦး၏ နေ့စဉ်လုပ်ဆောင်မှု၏ တစ်စိတ်တစ်ပိုင်းဖြစ်ပါသည်။ Environmental Scientists များသည် ၂၀၃၅ ရောက်မှသာမက ယခုနှစ်များတွင်လဲ ရေပမ်းစားသောအလုပ်အကိုင်ဖြစ်လျက်ရှိပါသည်။
၇။ အမှိုက်လျှော့ချရေးမန်နေဂျာများ (Waste Reduction Manager) - ဤကျွမ်းကျင်ပညာရှင်များသည် စွန့်ပစ်ပစ္စည်းများကို လျှော့ချရန်၊ ပြန်လည်အသုံးပြုခြင်းနှင့် တဖန်ပြန်လည်တီထွင်အသုံးပြုခြင်းတို့ကို စဉ်ဆက်မပြတ်လုပ်ဆောင်ပေးပါသည်။ ထိုစွန့်ပစ်ပစ္စည်းများကို လျှော့ချရန် (သို့မဟုတ်) လျော့နည်းစေရန် အခြေခံအရင်းအမြစ်ထိရောက်မှုကို အမြင့်ဆုံးဖြစ်စေသော Circular Economy ကို များစွာအထောက်အကူဖြစ်စေပါသည်။
၈။ ရေအရင်းအမြစ်ဆိုင်ရာပညာရှင်များ (Water Resource Managers) - သန့်ရှင်းသောရေကို လူတိုင်းလက်လှမ်းမီနိုင်စေရေးသည် ကမ္ဘာ့နံပါတ်၁အရေးကြီးကိစ္စဖြစ်လျက်ရှိ ပါသည်။ ရေအရင်းအမြစ်ဆိုင်ရာပညာရှင်များသည် ထိရောက်သောရေအသုံးချမှု၊ ရေချိုထိန်းသိမ်းရေးနှင့် ရေထုညစ်ညမ်းမှုထိန်းချုပ်ရေးတို့ကို အထူးလေ့လာလုပ်ကိုင်လျက်ရှိသည့် ကျွမ်းကျင်ပညာရှင်များဖြစ်ပါသည်။
868
🚽🌍 EHS Myanmar is excited to announce our participation in the celebration of World Toilet Day 2023. Let's raise awareness, promote sanitation, and work together for a brighter, cleaner future.🌟🚽
#EHSMyanmar #WorldToiletDay #AcceleratingChange
868
🌍💚 Celebrating the International Day for Preventing the Exploitation of the Environment in War and Armed Conflict with a commitment to protect our planet at all costs. Let's stand together for a greener, more peaceful world.
#EHSMyanmar #ProtectOurPlanet #PeaceAndEnvironment
868
The real monsters of Halloween? Disposable plastics haunting our oceans!
#EHSMyanmar #noplastic #plasticfree #Halloween
868
“Biodiversity is Key for More Variety” - ဇီဝမျိုးကွဲတွေအကြောင်းကိုသင်ဘယ်လောက်ထိသိပြီးပြီလဲ?
+++++++++++++++++++++++++++++++++++++++++++++
👉သင့်က သဘာဝပတ်ဝန်းကျင်ကို ဂရုစိုက်တတ်ပြီး သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့ရေး လုပ်ငန်းစဉ်တွေကို လုပ်ဆောင်နေသူတစ်ယောက်လား?
👉ဒါမှမဟုတ် သင်က ကမ္ဘာကြီးပေါ်မှာ မှီတင်းနေထိုင်နေကြတဲ့ သက်ရှိသတ္တဝါတွေ အကြောင်းကို စိတ်ဝင်စားလို့ လေ့လာနေသူတစ်ယောက်လား?
👉ဇီဝမျိုးစုံမျိုးကွဲတွေအကြောင်းကို စတင်လေ့လာနေပြီး သူတို့အကြောင်းကို ပိုမိုလေ့လာချင်သူတစ်ယောက်လား?
ကျွန်တော်တို့ EHS Myanmar မှ စီစဉ်ဖွင့်လှစ်ပေးထားတဲ့ Biodiversity Conservation & Management Course လေးကို မိတ်ဆက်ပေးပါရစေ။
ကျွန်တော်တို့ရဲ့ BCM Course ဟာဆိုရင် Pre-recorded အတန်းဖြစ်တာကြောင့် ကြိုတင် recorded လုပ်ထားတဲ့ video တွေကို အချိန်မရွေး နေရာမရွေး အဆင်ပြေတဲ့ အချိန်လေ့လာနိုင်တဲ့ အတွက်ကြောင့် လုပ်ငန်းခွင်ဝင်နေသူများ သာမက ခုမှစတင်လေ့လာမည့်ကျောင်းသားကျောင်းသူများပါ တက်ရောက်နိုင်ပါတယ်။
#ဘာတွေသင်ရမှာလဲ?
- Concept of Biodiversity and Ecosystem
- Context for Biodiversity Conservation
- Monitoring of Biodiversity and Ecosystem
- Biodiversity and its conservation Methods
- Management of Biodiversity and Ecosystems,
အစရှိတာတွေကို သင်ကြားရမှာဖြစ်ပြီး သင်တန်းပြီးသွားတဲ့အခါမှာ Biodiversity နဲ့ Ecosystem ရဲ့ သဘောတရားတွေကို သေချာနားလည်လာမှာဖြစ်ပြီး ကျွန်တော်တို့နေထိုင်နေတဲ့ ကမ္ဘာကြီးအကြောင်းကိုလည်း ပိုမိုနားလည်လာမှာ ဖြစ်ပါတယ်။
#ဘယ်သူသင်မှာလဲ?
သင်ကြားပေးမယ့် ဆရာမကတော့ ဇီဝမျိုးကွဲတွေအကြောင်းကို အနှစ်နှစ်အလလလေ့လာထားပြီး ယခုလက်ရှိလည်း လေ့လာနေဆဲဖြစ်တဲ့ ပညာရပ်တွေကို Biodiversity And Nature Conservation Association (BANCA) မှ ဆရာမ ဒေါက်တာသီရိဒေဝီအောင်က Course Material (Lecture video, Lecture slides, ebooks, quiz,etc) ဖြင့်သင်ကြားပေးသွားမှာပဲ ဖြစ်ပါတယ်။
#သင်တန်းကြေးနဲ့သင်တန်းကြာချိန်?
သင်တန်းကြေးကတော့ မြန်မာငွေ (၃၂ ၀၀၀/-) ကျပ်သာ ကျသင့်မှာဖြစ်ပြီး EHS Myanmar ရဲ့ Alumni တွေကတော့ 10% လျှော့ဈေးရရှိမှာပဲ ဖြစ်ပါတယ်။ သင်ခန်းစာ ဗီဒီယိုတွေက စုစုပေါင်း (မိနစ် ၅၇၀) ကြာမြင့်မှာဖြစ်ပြီး ကိုယ်အဆင်ပြေတဲ့အချိန်မှာ ကြိုက်တဲ့နေရာမှာ ဖုန်းတစ်လုံးရှိရုံနဲ့လေ့လာနိုင်မှာဖြစ်ပါတယ်။
#သင်တန်းရဲ့ထူးခြားချက်တွေကဘာတွေလဲ?
ကျွန်တော်တို့ BCM Course ဟာဆိုရင် အခြား recorded class တွေနဲ့ မတူညီတဲ့အချက်ကတော့ သင်တန်းသားတွေအနေနဲ့ စာလေ့လာရာမှာ အဆင်ပြေစေဖို့အတွက် Lecturer - Student Live Discussion Session ကို ထည့်သွင်းပေးထားတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် သင်တန်းသားတွေ ကိုယ်တိုင်ပိုမို လေ့လာနိုင်ဖို့အတွက်လဲ Biodiversity နဲ့ ပတ်သတ်တဲ့ eBooks PDF File တွေကို အလွယ်တကူ Download ပြုလုပ်နိုင်အောင်လည်း Google Classroom နဲ့ စီစဉ်ပေးထားပါသေးတယ်။ ထို့အပြင် ဆရာမနဲ့အခြားကျောင်းသား တွေနဲ့အတူ Telegram Group ထဲမှာလဲ ဆွေးနွေးလို့ရပါသေးတယ်နော်။
#Certificate ပေးမှာလား?
Assessment ပြည့်မှီတဲ့ သင်တန်းသားတွေ အနေနဲ့လည်း Certificate ကိုရရှိနိုင်မှာလည်း ဖြစ်ပါတယ်။
Registration Form >>> https://forms.gle/P6Yvbsx4r7fahcKs8
အသေးစိတ်သိချင်တာတွေရှိလျှင် EHS Myanmar Facebook Page သို့အချိန်မရွေးဆက်သွယ်မေးမြန်းနိုင်ပါတယ်။ ဖုန်းဆက်ချင်တယ်ဆိုလျှင်တော့ ရုံးချိန်အတွင်း (+95) 09770501186 ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်။ Learn more at www.ehsmyanmar.org
#EHSMyanmar #biodiversity #conservation #ecosystem #management #onlinecourse #recorded
