uk
Feedback
EHS Myanmar

EHS Myanmar

Відкрити в Telegram

This is an official channel of Environment, Health and Safety Myanmar (EHS Myanmar). Please visit www.ehsmyanmar.org for more information.

Показати більше
934
Підписники
Немає даних24 години
+47 днів
+730 день
Архів дописів
photo content

World Animal Day 2023: Photo Contest Myanmar Campaign ---------------------------------------------- အောက်တိုဘာလ (၄) ရက်နေ့တွင်ကျရောက်သော ကမ္ဘာ့တိရစ္ဆာန်များနေ့ (World Animal Day) ကို ဂုဏ်ပြုသောအားဖြင့် EHS Myanmar နှင့် World Animal Day Organization UK တို့ပူးပေါင်း၍ အွန်လိုင်းကမ်ပိန်းတခုယူဆောင်လာပါပြီ။ 🦛World Animal Day ဆိုတာဘာလဲ။ မြန်မာလို ကမ္ဘာ့တိရစ္ဆာန်များနေ့ ကို ၁၉၂၅ ခုနှစ် မတ်လ (၂၄) ရက်နေ့ ဂျာမဏီနိုင်ငံတွင် စတင်သတ်မှတ်ခဲ့ပြီး ယခုဆိုလျှင် နှစ်ပေါင်း (၉၈) နှစ်ရှိလာပါပြီ။ ဒီနေ့မှာဆိုရင်တော့ ကျွန်ုပ်တို့ပတ်ဝန်းကျင်ရှိ တိရစ္ဆာန်အကောင်ကြီးကြီးငယ်ငယ် အားလုံးကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ဖို့ တိုက်တွန်းတဲ့နေ့ဆိုလဲမမှားပါဘူး။ 🐛Photo Contest Campaign အကြောင်းရှင်းပြပါဦး။ EHS Myanmar မှ လူတိုင်းပါဝင်နိုင်အောင်ရည်ရွယ်၍ အွန်လိုင်းကမ်းပိန်းတစ်ခုပြုလုပ်သွားမှာပါ။ ၎င်း campaign မှာ ကျွန်ုပ်တို့ရဲ့ချစ်စကောင်းတဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေ၊ တောရိုင်းတိရစ္ဆာန်လေးတွေရဲ့ ဓာတ်ပုံတွေကို မျှဝေပြီး World Animal Day ကိုဂုဏ်ပြုကြဖို့ပဲဖြစ်ပါတယ်။ 🦓Campaign မှာ ပါဝင်ချင်တယ်၊ ဘယ်လိုလုပ်ရမလဲ။ Campaign မှာပါဝင်ဖို့အသက်အရွယ်၊ တိုင်းနှင့်ပြည်နယ်တွေမသတ်မှတ်ထားပါ။ အောက်ကအဆင့်လေးတွေအတိုင်း လိုက်လုပ်ရုံပါပဲ။ အဆင့် ၁။ ယခု Post ကို မိမိ Facebook တွင် Public ဖြင့် Share ရပါမယ်။ အဆင့် ၂။ ယခု Post အောက် မှာ မိမိချစ်ရတဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေပုံ သို့မဟုတ် ခရီးသွားရင်းလာရင်း ရိုက်ထားတဲ့ တောရိုင်းတိရစ္ဆာန်လေးတွေရဲ့ပုံကို Comment မန့်ရပါမယ်။ ဓာတ်ပုံ ၁ပုံဆိုလုံလောက်ပါပြီ။ အဆင့် ၃။ ထို ပုံမှာ မိမိ သူငယ်ချင်း ၃ယောက်ကို mention ခေါပြီး email ရေးပေးရပါမယ်။ ဒီ အဆင့် ၃ ချက်လုပ်ရုံနဲ့ Campaign မှာပါဝင်နိုင်ပါပြီ။ 🐿စည်းကမ်းသတ်မှတ်ချက်တွေရှိလား။ အရေးကြီးဆုံးအချက်က ကိုယ်မန့်လိုက်တဲ့ပုံက အမှန်တကယ် ကိုယ်ကိုတိုင်ရိုက်ထားတဲ့ပုံတွေတော့ဖြစ်ရပါမယ်နော်။ တခြားသူရိုက်ထားတဲ့ပုံတွေ၊ Google ကပုံတွေ၊ အင်တာနက်ကပုံတွေနဲ့ မင်မင်တို့ကို ဂျင်းတော့လာမထည့်ပါနဲ့နော်။ 🐟ဒီ Campaign မှာပါရင် ဘယ်လိုအကျိုးကျေးဇူးတွေရမလဲ။ အထက်ဖော်ပြပါ အဆင့် ၃ ဆင့် နဲ့စည်ကမ်းသတ်မှတ်ချက်တွေနဲ့အညီ သေချာလုပ်ထားတဲ့ မည်သူကိုမဆို - ၁။ World Animal Day Organization UK ၏ တရားဝင်အသတ်အမှတ်ပြု Certificate of Participation ကိုရရှိမှာဖြစ်ပါတယ်။ CoP ကို ၇ရက်အတွင်း email ကနေပို့ပေးသွားပါမယ်နော်။ ၂။ EHS Myanmar မှဖွင့်နေတဲ့ Biodiversity Conservation and Management online pre-recorded Course အတွက် Discount Coupon တခုကိုလဲ ရရှိမှာဖြစ်ပါတယ်။ ၃။ မိမိပတ်ဝန်းကျင်နဲ့ community ကလူတွေ ကို World Animal Day နဲ့ပတ်သတ်ပြီးဖြစ်စေ တိရစ္ဆာန်လေးများကိုချစ်တတ်လာအောင်မျှဝေပေးခြင်းဖြစ်စေ အသိပညာဗဟုသုတများစွာရရှိစေမှာဖြစ်ပါတယ်။ Campaign က ၃ ရက်ပဲလုပ်မှာမို့...ကဲဒါဆိုရင် အခုပဲ World Animal Day 2023: Photo Contest Myanmar Campaign မှာပါဝင်ဆင်နွှဲလိုက် ပါနော်။ 🇲🇲🍁 =========================================================== Biodiversity Conservation and Management pre-recorded Course အတွက် registration လုပ်နေရပြီနော်။ https://www.facebook.com/ehsmyanmar/posts/pfbid0nzgYrwEbHnfp3GaLQNTujMdpHeULx6wSxyD9NwCBZ6ZHjGqSRn2B9yPz2yXVNYJvl #EHSMyanamr #WorldAnimalDay #biodiversity #conservation #management

🌍🐾 Celebrating World Animal Day 2023 with a roar of compassion! 🦁🌟 EHS Myanmar is proud to stand up for our furry, feathe
🌍🐾 Celebrating World Animal Day 2023 with a roar of compassion! 🦁🌟 EHS Myanmar is proud to stand up for our furry, feathered, and finned friends on this special day. Let's pledge to protect and cherish the incredible diversity of life that surrounds us. Together, we can make a difference! 🌏❤️🐾 #WorldAnimalDay #EHSMyanmar #AnimalRights #WildlifeProtection #compassionforall

🐄🐖🐓 Happy World Farm Animals Day 2023! 🌾 Let's raise awareness, show compassion, and champion the welfare of our furry an
🐄🐖🐓 Happy World Farm Animals Day 2023! 🌾 Let's raise awareness, show compassion, and champion the welfare of our furry and feathered friends. Together, we can make a difference for farm animals worldwide. 🌍❤️ #WorldFarmAnimalsDay #EHSMyanmar #animalwelfare

photo content

EHS Myanmar's Monthly Theme: What is it for October? -------------------------------------------------- 🇲🇲 EHS Myanmar မှ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသောဖွံ့ဖြိုးတိုးတက်မှုပန်းတိုင် (Sustainable Development Goals) များကို အထောက်အကူပြုစေရန် ရည်ရွယ်၍ တစ်လနှင့်တစ်လ မတူညီသော ခေါင်းစဥ် (Theme)များကို အလှည့်ကျဖြင့် Knowledge Sharing များ ပြုလုပ်ပေးနေပါသည်။ 💫 အောက်တိုဘာလ ၅ ရက်နေ့တွင်ကျရောက်မည့် Energy Efficiency Day ကိုဂုဏ်ပြုသောအားဖြင့် ဒီလအတွက် theme ကို "Clean Energy October" အဖြစ်ရွေးချယ်ထားပါသည်။ 🏭 Clean Energy (သို့မဟုတ်) Renewable Enegry များသည် ရေရှည်တည်တံ့ခိုင်မြဲသောဖွံ့ဖြိုးတိုးတက်မှုများအတွက် များစွာအရေးပါလှပါသည်။ သန့်ရှင်းသောစွမ်းအင်ကိုသုံးစွဲပါက သဘာဝပတ်ဝန်းကျင်အပေါ်ညစ်ညမ်းမှုများကိုလျှော့ချပေးနိုင် သည့်အတွက် ဂေဟစနစ်ကိုအထောက်အကူပြုခြင်း၊ ကျန်းမာသန်စွမ်းသောလူမှုပတ်ဝန်းကျင်ဖြစ်ပေါ်လာခြင်း နှင့် အလုပ်အကိုင်အခွင့်အလမ်းကောင်းများကိုဖန်တီပေးခြင်း စသည်တို့ကိုဖော်ဆောင်ပေးနိုင်သည့်အတွက် ၎င်းတို့နှင့်သက်ဆိုင်သည့် အသိပညာများနှင့် နားလည်မှု မြှင့်တင်နိုင်ရန်ရည်ရွယ်ကာ ပညာပေးဆောင်းပါးများ နည်းပညာဆောင်းပါးများရေးသားမျှဝေခြင်း၊ သင်တန်းများမျှဝေခြင်း နှင့် စာအုပ်ကောင်းများဝေမျှခြင်းတို့ ကိုလဲပြုလုပ် ပေးသွားပါမည်။ ✌️ Clean Energy October နှင့်ပတ်သတ်ပြီး စိတ်ဝင်စားလို့ လေ့လာသင်ယူချင်တယ်ဆိုရင်တော့ EHS Myanmar page ကို see first လုပ်ထားဖို့မမေ့ပါနဲ့ဦး။ ----------------------------------------------------------------------- "𝙂𝙖𝙞𝙣𝙞𝙣𝙜 𝙠𝙣𝙤𝙬𝙡𝙚𝙙𝙜𝙚 𝙞𝙨 𝙩𝙝𝙚 𝙛𝙞𝙧𝙨𝙩 𝙨𝙩𝙚𝙥 𝙩𝙤 𝙬𝙞𝙨𝙙𝙤𝙢. 𝙎𝙝𝙖𝙧𝙞𝙣𝙜 𝙞𝙩 𝙞𝙨 𝙩𝙝𝙚 𝙛𝙞𝙧𝙨𝙩 𝙨𝙩𝙚𝙥 𝙩𝙤 𝙝𝙪𝙢𝙖𝙣𝙞𝙩𝙮." Don't forget us to follow us on instagram - https://www.instagram.com/ehsmyanmar/ #EHSMyanmar #PlasticsFree #SayNotoPlastics #EnvironmentalHealth #HumanHealth #July #SDG

photo content

🦘အောက်တိုဘာလ (၄) ရက်နေ့မှာ ကျရောက်မည့် "World Animal Day 2023" ကို ဂုဏ်ပြုသောအားဖြင့် EHS Myanamr မှ အွန်လိုင်း Campaign တစ်ခုပြုလုပ်သွားမှာဖြစ်ပါတယ်။ 🇲🇲🇬🇧 ထို campaign ကို World Animal Day Organization UK တွင် officially register ထားပြီး တရားဝင်အသိအမှတ်ပြုထားပြီးလဲဖြစ်ပါတယ်။ အသေးစိတ်ကိုမကြာခင်ထုတ်ပြန်သွားမှာဖြစ်လို့ဆက်လက်စောင့်ကြည့်ပေးကြပါဦးနော်။ 📣 . Biodiversity Conservation and Management pre-recorded Course အတွက် registration လုပ်နေရပြီနော်။ https://www.facebook.com/ehsmyanmar/posts/pfbid0nzgYrwEbHnfp3GaLQNTujMdpHeULx6wSxyD9NwCBZ6ZHjGqSRn2B9yPz2yXVNYJvl #EHSMyanamr #WorldAnimalDay #biodiversity #conservation #management

🍏🌎 Celebrating International Day of Awareness of Food Loss and Waste 2023! 🌎🍏 Today, we recognize the critical importance
🍏🌎 Celebrating International Day of Awareness of Food Loss and Waste 2023! 🌎🍏 Today, we recognize the critical importance of reducing food loss and waste for a more sustainable and equitable world. 🌿🌍 EHS Myanmar is committed to the fight against food loss and waste. Join us in our mission to conserve resources, reduce hunger, and build a more resilient food system. Together, we can make a significant impact on our planet and ensure that no one goes to bed hungry. Let's turn awareness into action! 🌽💚 #FoodLossAndWasteAwareness #EHSMyanmar #SustainableFood #ZeroHunger #foodforall

🦋ကြိုက်တဲ့အချိန် ကြိုက်တဲ့နေရာ ကြိုက်သလောက်လေ့လာနိုင်မယ့် Biodiversity Conservation and Management Online Recorded Course Ba
🦋ကြိုက်တဲ့အချိန် ကြိုက်တဲ့နေရာ ကြိုက်သလောက်လေ့လာနိုင်မယ့် Biodiversity Conservation and Management Online Recorded Course Batch-2 ကို ဈေးသက်သက်သာသာနဲ့ အခုပဲ register လိုက်ပါနော်... 👩‍🏫ဘယ်သူသင်မှာလဲ? ဇီဝမျိုးကွဲတွေအကြောင်းကို အနှစ်နှစ်အလလလေ့လာထားပြီး ယခုလက်ရှိလည်း လေ့လာနေဆဲဖြစ်တဲ့ ပညာရပ်တွေကို Biodiversity and Nature Conservation Association (BANCA) မှ ဆရာမ ဒေါက်တာသီရိဒေဝီအောင်က course material (Lecture video, Lecture slides, eBooks, quiz,etc) ဖြင့်သင်ကြားပေးသွားမှာပဲ ဖြစ်ပါတယ်။ 🥰ဘယ်သူတွေတက်သင့်လဲ? ဘွဲ့ကြို၊ ဘွဲ့လွန်ကျောင်းသားများ၊ လုပ်ငန်းခွင်ဝင်ရောက်နေသော လူငယ်များနှင့် Biodiversity conservation and management ကို အခုမှစလေ့လာမယ့်သူများ တက်သင့်ပါတယ်။ 🧩သင်တန်းကြေးကကော? Online ကနေပေးလို့ရရဲ့လား? သင်တန်းကြေးက ၃၂၀၀၀/- ကျပ်သာဖြစ်ပြီး မိမိအဆင်ပြေတဲ့ online payment တွေနဲ့ပေးချေလို့ရပါတယ်။ 📌Registration Form - https://docs.google.com/forms/d/e/1FAIpQLSc7AcXhGxFooP-9FBSEu7CJ2PfhzwO7atpxufX8IjLvs8J9Gg/viewform?usp=sf_link #EHSMyanmar #OnlineLearning #BiodiversityConservation #EducationForAll #personalgrowth

photo content

♻️ စာဖတ်သူတို့လည်း refill cultureနှင့်ပက်သက်ပြီး ဘယ်လိုအမြင်ရှိပါသလဲ။ မြန်မာနိုင်ငံတွင် အောင်မြင်နိုင်မည်ဟုထင်ပါသလား? သင်၏ထင်မြင်ချက်များကို commentတွင် ဝင်ရောက်ဆွေးနွေးနိုင်ပါသည်။ 👸ရေးသားသူ- Augustine ကိုးကား- https://www.greenpeace.org/international/story/55497/5-inspiring-reuse-and-refill-projects-from-the-global-south/ https://www.weforum.org/agenda/2023/04/refill-technologies-eliminating-plastic-waste #Refillculture #EHSMyanmar #Circulareconomy

Refill culture နှင့် မြန်မာနိုင်ငံ -------------------------------------------------------- EHS Myanmar 26/9/2023 ♻️ ခေါင်း‌လျှော်ရည်ဘူးခွံ၊ lotionဘူးခွံ၊ ရေချိုးဆပ်ပြာဘူးခွံ စသည်မိမိတို့တစ်ကိုယ်ရည် တစ်ကာယအသုံးပြုပြီး ကျန်ခဲ့‌သော ဘူးခွံများကို မိမိတို့အိမ်တွင် ဘယ်လောက်များများစုမိနေပြီနည်း??။ အထဲမှာ ရှိသည့် ပါဝင်ပစ္စည်းသာ ကုန်သွားသည်၊အပြင်ဘူးမှာအကောင်းအတိုင်းကျန်နေခဲ့‌ သောကြောင့် ထိုဘူးခွံများကို ပြန်သုံးလို့ရလျှင်ကောင်းမည်ဟုတွေးဖူးကြမည်ထင်ပါသည်။သို့သော်လည်း နောက်ဆုံးတွင် အမှိုက်ဖြစ်ကာပလတ်စတစ်ဘူးများဖြစ်သည့်အတွက် ဘတ်တီးရီးယားများသည်လည်း ဆွေးမြေ့ပျက်စီး‌‌အောင်မလုပ်နိုင်‌၍ပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုများဖြစ်ရပါတော့သည်။ ♻️ ဥရောပ၊အမေရိကနှင့် အနောက်နိုင်ငံများတွင် ထိုပြ သာနာကို‌ ဖြေရှင်းရန် circular economy ၏ အရေးကြီးတစ်စိတ်တစ်ပိုင်းအနေဖြင့် ပါဝင်သော refill culture ကို ကျင့်သုံးနေကြပြီဖြစ်ပါသည်။ ♻️ Refill culture ဆိုသည်မှာအဘယ်နည်း။ ♻️ မြန်မာလိုအနီးစပ်ဆုံးဘာသာပြန်ရလျှင်တော့ "ပြန်ဖြည့်နိုင်သောယဉ်ကျေးမှု"ဖြစ်ပါသည်။ မှန်ပါသည်။ မိမိတို့နေစဉ်အသုံးပြုပြီး ကုန်သွား‌သော ဘူးခွံများ ကို လွှင့်ပစ်ရန်မလိုအပ်ပါ။ ပါဝင်ပစ္စည်းအသစ်ကိုပဲရှိပြီးသားဘူးခွံထဲပြန်ဖြည့်ကာ အလေးချိန်ကီလိုဂရမ်အလိုက် ဝယ်လို့ရမည့် စနစ် တစ်ခု ဖြစ်ပါသည်။ အစားအသောက်မဟုတ်သော အလှကုန်ပစ္စည်းများ အတွက် ဆန်းသစ်သည့် စွန့်ဦးတီထွင် နည်းလမ်း ဖြစ်သော refill station ဆိုသည့် The global shopနာမည်ရ beauty brandက စတင်ပေးနေပြီဖြစ်ပါသည်။အချို့ဈေးဝယ်စင်တာများတွင် refill station ဆိုပြီးထားပေးရုံမကပဲ refill mobileဆိုပြီးလည်းရှိ‌နေပြီဖြစ်ပါသည်။ Indonesia မှာဆိုလျှင် ဈေးဝယ်သူများသည် ဈေးဝယ်စင်တာအထိသွားစရာမလိုပဲ refill bike ကိုခေါ်လိုက်ရုံဖြင့် မိမိအိမ်ရှေ့အရောက် refill လုပ်နိုင်ပြီဖြစ်ပါသည်။ ♻️ ထိုသို့ဆိုလျှင် မြန်မာနိုင်ငံတွင်လည်း refill culture ကျင့်သုံး၍ရပြီလား။ မြန်မာနိုင်ငံတွင် refill culture တစ်နည်းအားဖြင့် zero waste စတိုးဆိုင်များပေါ်ပေါက်လာနိုင်မည်လား ဆန်းစစ်ကြည့်လိုက်ကြပါစို့။ ♻️ ပထမဆုံးအချက် စီးပွားရေးလုပ်ငန်းရှင်များ၏ ပူးပေါင်းပါဝင် ဆောင်ရွက်မှု နှင့်refillပြန်လုပ်ရန် လွယ်ကူမည့် product design‌ ဥပမာ-ရေရှည်အသုံးပြုနိုင်မည့်ဖန်သို့မဟုတ်သတ္ထုကို အခြေခံ၍ပြုလုပ်ရမှာဖြစ်‌သောအတွက်ကြောင့် ငွေကြေးအင်အားသည်လည်းအဓိကလိုအပ်ပါသည်။ ♻️ မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲ နိုင်ငံတွင် ကျင့်သုံးနိုင်မည်ဆိုလျှင် ပို၍ ထိရောက်ပါမည်။ အဘယ့်ကြောင့်နည်း? ဥပမာ ပုံမှန်အတိုင်းဆိုလျှင်အမျိုးသမီးတစ်ယောက်‌ နေ့စဉ်အသုံးပြုနေ‌သော serumတစ်ဘူးသည် ၃သောင်းကျသင့်သည်ဆိုပါစို့။ ယခု refill cultureကျင့်သုံးနိုင်မည်ဆိုလျှင် ထိုserum၏တန်ဖိုးသည်ထုတ်ပိုးမှုစရိတ် ၁၅%ခန့်သက်သာသွားမှာဖြစ်သည့်အတွက် သုံးစွဲသူများအတွက်လည်းပို၍အဆင်ပြေထုတ်လုပ်သူများအတွက်လည်းဝန်လျော့ အမှိုက်လည်းမဖြစ်တော့သည့်အတွက် win-win situationဟု ဆို၍ရနိုင်ပါသည်။ ♻️ သို့သော်လည်းအခက်အခဲကတော့ရှိနေပါသေးသည်။ မြန်မာနိုင်ငံကဲ့သို့ဖွံ့ဖြိုးဆဲ နိုင်ငံတွင်ရှိသော brandအသေးလေးများသည် refill culture ကျင့်သုံးရန် မဖြစ်နိုင်သေးပါ။ အချို့ကုန်ပစ္စည်းများသည်‌ ရောင်းအားတက်ရန် packaging design ကိုအဓိကထား ဆွဲဆောင်ရသည့်အတွက် ယခုလို refill culture ကျင့်သုံးမည်ဆိုလျှင် packaging ဖြင့် promote မလုပ်နိုင်တော့သည့်အတွက် မြန်မာနိုင်ငံတွင်ရှိသော brand များနှင့် ဈေးဝ‌ယ်စင်တာများတွင်လုပ်ဆောင်မည်ဆိုလျှင် ကြီးမား သောစိန်ခေါ်မှုတစ်ရပ်ဖြစ်မည်ထင်ပါသည်။ ထို့အပြင်နည်းပညာ အရလည်း refill culture စတင်နိုင်ရန်ခက်ခဲနေဦးမည် မှာအမှန်ပင်ဖြစ်ပါသည်။ အခြားနိုင်ငံကဝင်လာမည့် exotic products များ သယ်ယူပို့‌ဆောင်ရေးနှင့် ပစ္စည်းတာရှည်ခံမှုကျန်းမာရေး စံချိန်စံနှုန်းနှင့်ကိုက်ညီမှုများကိုလည်းထည့်သွင်းစဉ်းစားရပါမည်။ ♻️ နောက်တစ်ချက်အနေဖြင့်မြန်မာနိုင်ငံတွင်ရှိသော သုံးစွဲသူ‌ အများစုသည်လည်းအပြင် design ကိုပဲ တပ်မက်ကြသည့်အတွက် refill station ထားမည်ဆိုလျှင် အောင်မြင်မည်လား ဆိုသည်ကလည်း စဉ်းစားစရာပင်ဖြစ်ပါသည်။ ♻️ ထို့ကြောင့်တစ်ဦးတစ်ယောက်ခြင်းစီ၏ ပတ်ဝန်းကျင်ထိန်းသိမ်းမှုနှင့် ပက်သက်၍အသိပညာရှိမှုပေါ်တွင်လည်းမူတည်သည့်အတွက် လူသားများ၏ ကမ္ဘာမြေကြီးအ‌ပေါ် ချစ်‌သော ညဏ်ရည်ညဏ်သွေးမြင့်မားလာမည်၊ စီးပွားရေးလုပ်ငန်းရှင်များသည်လည်း နည်းပညာအတွက် ငွေအင်အားပါ ပံ့ပိုးနိုင်မည် စသည့်အချက်များဖြင့်ချိန်ထိုးကြည့်ရ‌ပေမည်။ ♻️ မည်သို့ပင်ဆိုစေကာမူ refill cultureကိုတစ်ကမ္ဘာလုံး မှသုံးစွဲသူများသာ လက်ခံနိုင်မည်၊ တွင်တွင်ကျယ်ကျယ်အသုံးပြုနိုင်မည်ဆိုလျှင် နေ့စဉ်ထွက်ရှိနေ‌ သောစွန့်ပစ်အမှိုက်များ၏ တစ်ဝက်ခန့်လျော့ကျသွားနိုင်၍ကျွန်မတို့ နေထိုင်ရာ အမိကမ္ဘာ‌မြေကြီး ကျန်းမာအသက်ရှည်မည်မှာမလွဲဧကန်ဖြစ်ပါသည်။

၂။ Real Madrid Club de Fútbol - စပိန် လာလီဂါ (Spain La Liga) ရဲ့ နာမည်ကြီး Real Madrid အသင်းက လဲ Eco-Friendly ဖြစ်အောင် သူတို့အသင်းအင်္ကျီကို ၂၀၁၈ - ၂၀၁၉ ရာသီမှာ တီထွင်အသုံးပြုခဲ့ပါသေးတယ်။ သူတို့ရဲ့ တတိယမြောက် အင်္ကျီတစ်ထည်လုံး (Third Kit) ကို Ocean Plastic Waste ကနေချည်းပဲ ပြုလုပ်ထားခဲ့တာပါ။ အနီရောင်အောက်ခံမှာ ပန်းရောင်အဆင်းကြားလေးတွေနဲ့ အဝေးကွင်းအင်္ကျီမှာအသုံးပြုခဲ့ပါတယ်။ Real Madrid ရဲ့ အင်္ကျီစပွန်ဆာ Adidas က Parley for the Oceans လို့ခေါ်တဲ့ Non-profit အဖွဲ့အစည်းနဲ့လက်တွဲပြီး ပင်လယ်ထဲမှ ပလစ်စတစ်အမှိုက်များမှတဆင့် အားကစားအင်္ကျီတွေ၊ ဖိနပ်တွေ၊ ရေကူးဘောင်းဘီးတွေ စတာတွေကို ၂၀၁၅ ခုထည်းကနေထုတ်လုပ်လာရာ ၂၀၁၆ ခုနှစ် Adidas ရဲ့ (၉၅) ရာခိုင်နှုန်းသောဖိနပ်တွေက ပလတ်စတစ်ရေသန့်ဗူးတွေကနေတဆင့်ပြုလုပ်လာနိုင်ပြီပဲဖြစ်ပါတယ်။ ၃။ Juventus Football Club - Juventus သို့မဟုတ် Juve လို့ခေါ်တဲ့ အီတလီ Serie A မှ နာမည်ကြီးအသင်း ကလဲ Adidas နှင့်အတူ Parley for the Oceans တို့နဲ့ပူးပေါင်းကာ ၎င်းတို့ရဲ့ တတိယမြောက် အင်္ကျီတစ်ထည်လုံး (Third Kit) ကို Ocean Plastic Waste ကနေပြုလုပ်ကာဝတ်ဆင်ခဲ့ကြပါသေးတယ်။ ဂျူဗန်တက်စ် ကတော့ မီခိုးမဲရောင်အင်္ကျီကို အဝါရောင်ဆက်လေးတွေနဲ့ပြုလုပ်ထားတဲ့ အဝေးကွင်းအင်္ကျီပဲဖြစ်ပါတယ်။ ၄။ USA National Football Team - ၂၀၂၂ ခုနှစ် ကာတာ ကမ္ဘာ့ဖလားပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ အမေရိကန်နိုင်ငံ ဘောလုံးအသင်းရဲ့ (၇၅%) သောအင်္ကျီတွေကို Nike ကနေ recycled polyester များမှတဆင့်ပြုလုပ်ထားတဲ့ အင်္ကျီများကို ဝတ်ဆင်အသုံးပြုခဲ့ကြပါတယ်။ အင်္ကျီဒီဇိုင်းကို 4D modeling ဖြင့်ရေးဆွဲထားပြီး အားကစားသမားများ‌ လေဝင်လေထွက်ကောင်းအောင်လဲ Dri-Fit ADV နည်းပညာကိုအသုံးပြုခဲ့ကြပါတယ်။ နိဂုံးချုပ်ရလျှင် "ငွေရှိလျှင်အသုံးအဖြုန်းကြမ်းတယ်" ဆိုတဲ့ စကားအတိုင်း ဖွံ့ဖြိုးပြီးနိုင်ငံများမှ လိုအပ်ချက်မြင့်မားပြီး overconsumption ဖြစ်နေသော ဘောလုံးအင်္ကျီများကို သဘာဝပတ်ဝန်းကျင်နှင့်လိုက်လျောညီထွေပြီး ရေရှည်တည်တံ့သော အရွေ့တစ်ခုကို စဉ်ဆက်မပြတ်လုပ်ဆောင်နိုင်ကြပါစေကြောင်းတိုက်တွန်းရင်း...။ ရေးသားသူ - နိုင်ကျော်လူ ကိုးကားကြမ်း - www.plasticexpert.co.uk, www.globalcitizen.org, www.yahoo.com/now/nike -------------------------------------------------- Follow us on instagram - https://www.instagram.com/ehsmyanmar/ #EHSMyanmar #EcoFriendly #Fashion #FootballClubs #Soccer #kits #jersery #premierleague #realmadrid #laliga

Eco-Friendly Kits နှင့် ဘောလုံးအသင်းများအကြောင်းတစေ့တစောင်း ------------------------------------------------------------------- EHS Myanmar | 23.9.2023 ⚽️ ဘောလုံးအားကစားကို မကြိုက်တဲ့သူမရှိလောက်ပါ။ World Population Review ၏ ၂၀၂၃ ခုနှစ် ဒေတာအရ ကမ္ဘာပေါ်မှာ ဘောလုံးအားကစားကြိုက်သူပေါင်း (၃.၅) ဘီလျံကျော်ရှိပြီး နိုင်ငံပေါင်း (၂၀၀) မှာ နှစ်စဉ် လူပေါင်း (၂၅၀) မီလီယံ လောက်က ဘောလုံးအားကစားနည်းမှာ ပရော်ဖက်ရှင်နယ်ကစားနေကြတာဖြစ်ပါတယ်။ ဒီကိန်းဂဏန်းတွေအရ ခရစ်ကတ်အားကစားနည်း (၂.၅ ဘီလျံ) နှင့် ဘက်စကတ်ဘောအားကစားနည်း (၂.၂ ဘီလျံ) အားကစားနည်းတွေထက် များပြားနေတာကိုတွေ့နိုင်ပါတယ်။ ဒီလိုလူကြိုက်များတဲ့ ဘောလုံးအားကစားနည်းကို eco-friendly fashion အမြင်အရလေ့လာကြည့်ရလျှင်...။ 🥅 ဘောလုံးအားကစားကို တကမ္ဘာလုံးအတိုင်းအတာအရ မိနစ်တိုင်းတိုင်းလိုလို ပြိုင်ပွဲအနေဖြင့်သော်လည်းကောင်း၊ အပျော်တမ်းသော်လည်းကောင်း ဆော့ကစားနေကြပါတယ်။ ဒီလို ဘောလုံးအားကစားသည် သဘာဝပတ်ဝန်းကျင်ရှုထောင့်အရ ဘောလုံးပွဲစဉ်တစ်ခုထည်းကိုကြည့်လျှင် သဘာဝပတ်ဝန်းကျင်နှင့်ဂေဟစနစ် အပေါ် သက်ရောက်မှု နည်းသည်ဟုဆိုနိုင်သော်လည်း ပွဲစဉ်တစ်ပွဲ ဖြစ်လာအောင် နောက်ကွယ်က လုပ်ဆောင်ရတဲ့ လုပ်ဆောင်ချက် (activities) တွေကြောင့် ကာဗွန်ထွက်ရှိခြင်း အပါအဝင် အမျိုးမျိုးသော ပတ်ဝန်းကျင်ထိခိုက်မှုတွေဖြစ်စေရပါတယ်။ 🖊ဒီလိုဖြစ်ရပ်မျိုးတွေများထဲမှ ဘောလုံးသမားတွေအတွက် မရှိမဖြစ် ဘောလုံးအင်္ကျီကိုရွေးချယ်ဆွေးနွေးရေးသားသွားပါမယ်။ 👕နိုင်ငံတကာအဆင့်မှီ ဘောလုံးပွဲတစ်ပွဲတွင် ဘောလုံးကစားသမားများသည် ပွဲစဉ်တပွဲမှာ Football Jersey အနည်းဆုံး (၃) ထည်ရှိရပါတယ်။ (၄၅) မိနစ် (၂) ခါအတွက် (၂) ထည် နဲ့ အရေးပေါ်အတွက်အရံ (၁) ထည် အသုံးပြုရပါတယ်။ အဲ့တော့ လူ (၁၁) ယောက်အတွက် (၃၃) ထည် အရံ (၇) ယောက် အတွက် (၂၁) ထည်လိုပါတယ်။ စုစုပေါင်း ပျှမ်းမျှ (၅၄) ထည်လိုပါလိမ့်မယ် - ဒါက တစ်သင်းထဲအတွက်ပါ။ ပွဲတစ်ပွဲအတွက်မှာဆိုလျှင် (၂) သင်းဆိုတော့ (၁၀၈) ထည် ဒိုင်လူကြီး‌ (၄) ယောက်အတွက် (၂)ထည်စီနဲ့ (၈) ထည်လိုပါလိမ့်မယ်။ ချုပ်လိုက်လျှင် ဘောလုံးပွဲတစ်ပွဲမှာ ဘောလုံးအားကစားသမားတွေချည်းပဲ အင်္ကျီပေါင်း အထည် (၈၀) မှ (၁၁၀) ကြားအသုံးပြုနေရပါလိမ့်မယ်။ နှစ်စဉ်ကန်ရသည့် နာမည်ကျော် အင်္ဂလိပ်ပရီးမီးယားလိဂ်ပွဲစဉ်မှာဆိုလျှင် ရာသီတစ်ခုကို ပွဲစဉ်ပေါင်း (၃၈၀) နီးပါး နှင့် ချန်ပီယံလိဂ်ပွဲစဉ်မှာ (၁၈၉) ပွဲ တို့ကစားရပါတယ်။ ၂၀၂၂ ခုနှစ် ကာတာကမ္ဘာ့ဖလားမှာဆိုလျှင် ပွဲပေါင်း (၆၄) ပွဲကန်ခဲ့ရပါတယ်။ ဆိုလိုက်လျှင် တစ်နှစ်ကို ဘောလုံးအားကစားသမားများအတွက် အင်္ကျီအထည်ပေါင်း ဘယ်လောက်အသုံးပြုနေရလဲဆိုတာကိုခန့်မှန်းလို့ရနိုင်ပါတယ်။ 📣The Intergovernmental Panel on Climate Change (IPCC) ရဲ့အဆိုအရ နှစ်စဉ် ကာဗွန်ထုတ်လွှတ်မှုရဲ့ (၁၀) ရာခိုင်နှုန်းသည် Fashion Industry ကနေဖြစ်ပါတယ်။ အဝတ်အထည်ထုတ်လုပ်ဖို့အတွက် ရေ ထီလျံပေါင်း (၁.၅) လီတာ ကို နှစ်စဉ်အသုံးပြုနေရပါတယ်။ 🧤ပွဲစဉ်တပွဲပြီးလျှင်လဲ ထိုအင်္ကျီတွေကို ဘောလုံးအသင်ကြီးတွေအများစုက ပြန်သုံးလေ့သုံးထမရှိကြပါဘူး။ နောက်တစ်ပွဲအတွက် အသစ်ဝတ်ကြရပါတယ်။ လုံးဝအသုံးမပြုကြဘူးတော့ မဆိုလိုပါ၊ တချို့အသင်းငယ်တွေမှာတော့ ပြန်လည်လျှော်ဖွတ်ပြီး ပြန်အသုံးပြုတာမျိုးတွေတော့ရှိပါတယ်။ ဒီလိုလိုအပ်ချက် အရေအတွက် ကြီးမားတဲ့ ဘောလုံးအင်္ကျီတွေရှိနေသလို တစ်ဖက်မှာလဲ ဒီလိုဝတ်ဆင်ပြီးသား အင်္ကျီတွေကို sustainable နည်းလမ်းကျစွာ ပြန်လည်လုပ်ကိုင်လာတဲ့ အသင်းကြီးတွေလဲရှိနေပါတယ်။ ဘောလုံးအသင်ကြီးတွေအများစုက ဝတ်ပြီးသွားတဲ့အင်္ကျီတွေကိုတော့ လိုအပ်တဲ့နေရာတွေမှာပြန်လှူတာ၊ fundraising အတွက်အသုံးပြုတာ၊ လူငယ်အသင်းတွေမှာပြန်အသုံးပြုတာ၊ ဘောလုံးပရိတ်သတ်တွေကိုပြန်ရောင်းတာမျိူးတွေလဲလုပ်ဆောင်လေ့ရှိပါတယ်။ တချို့ ဘောလုံးအသင်းတွေက Recycle ပြန်လုပ်ကြပါသေးတယ်။ ဒါတွေကအလေ့အကျင့်ကောင်းတွေတော့ပြောရပါလိမ့်မယ်။ 🧦ဒီလိုအလေ့အကျင့်ကောင်းတွေထဲကမှ Eco-Friendly ဖြစ်သော ဘောလုံးအင်္ကျီမျိုးတွေကို အသုံးပြခဲ့တဲ့၊ အသုံးပြုနေကြတဲ့ အသင်းတွေကတော့ - ၁။ Football club Forest Green Rovers - English Football League Two မှ အသင်းတစ်သင်းဖြစ်တဲ့ FGR FC ဟာဆိုလျှင် သဘာဝပတ်ဝန်းကျင်အတွက် လေးစားစရာကောင်းတဲ့ ဘောလုံးအသင်းလိုဆိုရပါမယ်။ Forest Green ဆိုတဲ့အတိုင်း ထိုဘောလုံးအသင်းရဲ့ အင်္ကျီများကို (၃၅%) မှာ ကော်ဖီစေ့မှုန့်များကို recycle ပြန်လုပ်ထားခြင်းမှ လည်းကောင်း (၆၅%) ကို recycled polyester များမှလည်းကောင်း ပြုလုပ်ထားသည့် အင်္ကျီများကိုသာဝတ်ဆင်နေကြပါတယ်။ လွန်ခဲ့တဲ့ နှစ်များကလဲ ဘောလုံးအသင်းအင်္ကျီကို ဝါးချည်မှတဆင့်ပြုလုပ်ကာအသုံးပြုခဲ့ကြပါသေးတယ်။ ထို့ကြောင့်လဲ FIFA ရဲ့ ‘world’s greenest football club’ အဖြစ်သတ်မှတ်ခြင်းခံရပါတယ်။ အင်္ကျိတွေမကသေးပဲ အသင်းရဲ့ကွင်းလျှပ်စစ်ဓာတ်အားကိုလဲ လေစွမ်းအင် နဲ့ နေရောင်ခြည်စွမ်းအင်တို့မှရသော လျှပ်စစ်စွမ်းအင်ကိုအသုံးပြုထားပါ‌ သေးတယ်။

photo content

376234806_699627022207113_3478580515647120353_n.jpg0.55 KB

🌍🌿 Celebrating World Environmental Health Day 2023! 🌿🌍 Today, we shine a spotlight on the vital intersection of human hea
🌍🌿 Celebrating World Environmental Health Day 2023! 🌿🌍 Today, we shine a spotlight on the vital intersection of human health and the environment. Our well-being is intrinsically linked to the health of our planet. 🌱💚 EHS Myanmar is dedicated to promoting a healthier environment for all. Join us in our mission to create cleaner air, safer water, and sustainable communities. Together, we can protect our health and the well-being of future generations. Let's make every day an Environmental Health Day! 🏞️👥 #WorldEnvironmentalHealthDay #EHSMyanmar #HealthyPlanet #SustainableLiving #EnvironmentalWellness

🌊🌏 Celebrating the lifelines of our planet on World Rivers Day 2023! 🌏🌊 Rivers are the arteries that sustain life, and to
🌊🌏 Celebrating the lifelines of our planet on World Rivers Day 2023! 🌏🌊 Rivers are the arteries that sustain life, and today, we pay tribute to their vital role in our ecosystems and communities. 🌿💧 EHS Myanmar is dedicated to protecting and preserving our precious rivers. Join us in safeguarding these waterways, ensuring clean, free-flowing rivers for generations to come. Together, we can create a future where rivers thrive, and so do we. 🌎💙 #WorldRiversDay #EHSMyanmar #RiverConservation #CleanWaterForAll #sustainablefuture

🦍🌿 Celebrating the majestic gorillas on World Gorilla Day 2023! 🌿🦍 These incredible creatures are not just icons of the w
🦍🌿 Celebrating the majestic gorillas on World Gorilla Day 2023! 🌿🦍 These incredible creatures are not just icons of the wild; they're a symbol of the urgent need to protect and conserve our natural world. 🌍💚 EHS Myanmar is dedicated to preserving the habitats of gorillas and all wildlife. Join us in honoring these magnificent beings and in our mission to safeguard their homes and the biodiversity of our planet. Together, we can ensure a future where gorillas and all species thrive. 🌳🌏 #WorldGorillaDay #EHSMyanmar #WildlifeConservation #ProtectOurPlanet #GorillaProtection