EHS Myanmar
Ir al canal en Telegram
This is an official channel of Environment, Health and Safety Myanmar (EHS Myanmar). Please visit www.ehsmyanmar.org for more information.
Mostrar más934
Suscriptores
Sin datos24 horas
+47 días
+730 días
Archivo de publicaciones
934
🦛✨ EHS Myanmar is making a splash on World Hippopotamus Day! Join us in celebrating these incredible river-dwellers and raising awareness about their vital role in aquatic ecosystems. Let's ensure a future where hippos and their habitats flourish. 🌊💙
#WorldHippopotamusDay #ConservationHeroes #EHSMyanmar
934
Week 1 ရဲ့ အဖြေလေးကတော့ ပြူကန် - Pyu Lake ဖြစ်ပါတယ်ရှင့်။🥳
🔎🔎🔎
ပြူကန်ဟာ မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်အနီးမှာ တည်ရှိပြီး ၁၁ရာစုခန့်က ဆည်မြောင်းရေလှောင်ကန် အဖြစ်တူးဖော်ခဲ့ခြင်း ဖြစ်ပါတယ်။
သဘာဝတရားကြီး၏ ပြုပြင်ပြောင်းလဲမှုဖြင့် သဘာဝရေတိမ်ဒေသတစ်ခုနှင့် ဆင်တူသော ဂေဟဗေဒစနစ် ဖြစ်ပေါ်လာခြင်း ဖြစ်ပါတယ်။ ဧရာဝတီမြစ်ရဲ့ စိုစွတ်သော ရွက်ကြွေတောများကို ကိုယ်စားပြု အမြဲတမ်းရေချိုအိုင်တစ်ခုဖြစ်ပြီး အပူပိုင်းမုတ်သုံလေ၏ လွှမ်းမိုးမှု ကြီးမားပါတယ်။ ကမ္ဘာပေါ်ရှိ မျိုးတုန်းပျောက်ကွယ်နိုင်သည့် အပင်မျိုးစိတ်အချို့နဲ့ ငှက်မျိုးစိတ်အချို့တို့ရဲ့ ကျက်စားရာဒေသတစ်ခုလည်း ဖြစ်ပါတယ်။
ပြူကန်သည် ၂၃၄ဟက်တာ အကျယ်ရှိပြီး ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ ရမ်ဆာအသိအမှတ်ပြု ရေတိမ်ရေဝပ်ဒေသ အဖြစ် သတ်မှတ်ခံရခြင်း ဖြစ်ပါတယ်။
Reference: Ramsar Sites Information Service
ပြူကန်ရဲ့ အကြောင်းလေးကိုလည်း အနည်းငယ်ပြောပြပြီးဖြစ်လို့ နောက်အပတ်တွေမှာလည်း Wetlands နဲ့ဆိုင်တဲ့ မေးခွန်းလေးတွေကို ကြိုးစားဖြေပေးကြပါအုံးနော်။
အဖြေမှန်သူတွေကို မကြာခင်အချိန်တွင်းမှာ ဆက်သွယ်ပြီး Discount Coupon တွေ ပေးပို့သွားပါမယ်ရှင့်🤗
လျော့ဈေးပေးထားတဲ့ အတန်းအသေးစိတ်ကိုတော့ အောက်မှာလေ့လာနိုင်ပါတယ်နော်။❣
https://www.facebook.com/share/p/GN13QkcNvA6hcbqn/?mibextid=I6gGtw
#EHSMyanmar #WorldWetlandsDay2024 #Quiz #BCM
934
🌿🐵 EHS Myanmar joyfully celebrates World Bonobo Day! Join us in honoring these fascinating primates and raising awareness about the importance of their conservation. Let's strive for a world where bonobos and all species thrive harmoniously. 🌏💚
#WorldBonoboDay #Conservation #EHSMyanmar
934
Answer Quiz and Get Discount Week-1🤩
-----------------------------------------------------
ဒီအပတ်အတွက် ဖြေဆိုရမယ့် မေးခွန်းလေးကိုတော့ ပုံမှာဖော်ပြထားပါတယ်။ အဖြေကို Comment မှာ ဖြေဆိုခဲ့ရမှာ ဖြစ်ပြီး အင်္ဂါနေ့ ည ၈နာရီထိ ဖြေလို့ရပါတယ်ရှင့်။ အဖြေမှန်ကို ဗုဒ္ဓဟူးနေ့မှာ ပြန်လည်တင်ပေးသွားမှာ ဖြစ်ပါတယ်။
အဖြေမှန်သူများကို Email မှတဆင့် ၇ရက်အတွင်း discount coupon များပေးပို့သွားမှာ ဖြစ်ပါတယ်ရှင့်။
လျော့ဈေးပေးထားတဲ့ အတန်းအသေးစိတ်ကိုတော့ အောက်မှာလေ့လာနိုင်ပါတယ်နော်။
👇👇👇
https://www.facebook.com/share/p/GN13QkcNvA6hcbqn/?mibextid=I6gGtw
Sharing is Caring ဖြစ်လို့ အခြားသူတွေလည်း သိအောင် Share ပေးသွားအုံးနော်။❣️❣️
#EHSMyanmar #WorldWetlandsDay2024 #Quiz
934
Environmental Message တွေအများကြီးထည့်သွင်းထားတဲ့ "Migration" 🌿🦆
-----------------------------------------------------
ချစ်စရာကောင်းတဲ့ ဘဲမိသားစုလေးဖြစ်တဲ့ Mack ၊ Dax နဲ့ Gwen တို့နဲ့ အတူပူးပေါင်းလိုက်ပါ။
🦆 ဇာတ်ညွှန်း- အကာအကွယ်လွန်ကဲတဲ့ ဖခင်ဘဲတစ်ကောင်ဖြစ်တဲ့ Mack ဟာ သူ့ရဲ့ကလေးတွေနဲ့အတူ တောင်ဘက်ကို ပြောင်းရွှေ့ဖို့ သဘောတူလိုက်ပါတယ်။ ဒါပေမယ့် သူတို့ကိုစောင့်ကြိုနေတဲ့တောရိုင်းခရီးစဉ်တစ်ခုမှာ မမျှော်လင့်ထားတဲ့ အန္တရာယ်တွေကို ဟာသလေးတွေနဲ့ရောနှောပြီးကြည့်လို့ကောင်းတဲ့ မိသားစုဇာတ်လမ်းလေးဖြစ်ပါတယ်။ 🌴🌊
🎥 ထိုရုပ်ရှင်ထဲမှ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သတင်းစကားများကိုလဲတွေ့ရမှာဖြစ်ပါတယ်။ 🎬
၁။ Bird Migration - ရွှေ့ပြောင်းငှက်များ သို့မဟုတ် ဆောင်းခိုငှက်များ၏ အံ့သြဖွယ်ကောင်းသော ရွှေ့ပြောင်းနေထိုင်သွားလာခြင်းအကြောင်းနှင့် ၎င်းတို့၏ နေထိုင်ရာ Habitat များကို ထိန်းသိမ်းစောင့်ရှောက်ခြင်းသည် ဘယ်လောက်ထိ အရေးကြီးကြောင်းကိုလေ့လာနိုင်မှာဖြစ်ပါတယ်။
၂။ Ethical Choices - သတ်သတ်လွတ်စားခြင်း၊ တိရစ္ဆာန်များ၏ကိစ္စအဝဝတို့မှာ လူသားတို့၏ သတိရှိရှိဆုံးဖြတ်ချက်များကို ရုပ်ရှင်ထဲမှာထင်ထင်ရှားရှားပြသသွားပါတယ်။
၃။ Sustainable Farming - ရုပ်ရှင်ထဲမှ "Hippie Ducks" ရုပ်ကောင်များနှင့်အတူ သဘာဝပတ်ဝန်းကျင်ဂေဟစနစ်တို့နှင့် သဟဇာတဖြစ်အောင်နေထိုင်နိုင်ရန်အတွက် လူသားတွေကိုတိုက်တွန်းချက်များလဲ ပါဝင်ပါသေးသည်။
၄။ Urban Wildlife - မြို့ပြတောရိုင်းတိရစ္ဆာန်များအကြောင်းကို လူစည်းတဲ့မြို့တမြို့ဖြစ်တဲ့ နယူးယောက်စီးတီး ရှိ ခိုများသည် လူသားတွေနဲ့အတူတကွယှဉ်တွဲနေထိုင်ရန် ကျွန်ုပ်တို့အားသတိပေးနေသည့်ပြကွက်များလဲပါဝင်ပါသည်။
🎉 ဘာကြောင့်ကြည့်ရတာလဲ 🎉
- သဘာဝပတ်ဝန်းကျင်ဆိုင်ရာပြသနာတွေကိုသတိထားမိစေရန်၊
- ဇီဝမျိုးစုံမျိုးကွဲများဖြစ်တဲ့ အပင်နဲ့တောရိုင်းတိရစ္ဆန်များကိုချစ်ခင်တန်ဖိုးထားတက်စေရန်၊
- သတ္တဝါအားလုံးနှင့်လူသားတွေအတူတကွယှဉ်တွဲနေထိုင်တက်စေရန်။
Science for Kids-မိုဇီ ၏အဆိုအရမြန်မာနိုင်ငံမှာလည်း နှစ်စဉ် နှစ်တိုင်း အောက်တိုဘာလ နောက်ဆုံးအပတ်မှ ဇန်နဝါရီလကုန်နှင့် ဖေဖော်ဝါရီလ ပထမအပတ်ထိ လာရောက်လေ့ရှိတဲ့ ဆောင်းခိုငှက်တွေကို တွေ့ရလေ့ရှိကြောင်းနဲ့ အင်းတော်ကြီးကန်၊ အင်းလေးကန် နဲ့ မိုးယွန်းကြီးအင်း တို့လိုနေရာတွေမှာ ကမ္ဘာ့ဒေသအသီးသီးက ပျံသန်းလာကြတဲ့ ဆောင်းခိုငှက်မျိုးစိတ်အမျိုးမျိုး အကြောင်းကိုလည်း ဆိုရှယ်မီဒီယာတွေနဲ့ သတင်းစာမျက်နှာတွေမှာလည်း ဖတ်ရပါတယ်။
ဒါကြောင့် သဘာဝပတ်ဝန်းကျင်ကိုချစ်မြတ်နိုးလာအောင်အခုပဲသားငယ်သမီးငယ်လေးတွေကိုပြသလိုက်ကြပါစို့...🌟🍿🎶
=============================================
ဒီ ဇာတ်ကားလေးကိုကြည့်ရင်း Biodiversity အကြောင်းလေ့လာချင်တယ်ဆိုလျှင်တော့ ကျွန်မတို့ EHS Myanmar မှာဖွင့်လှစ်နေတဲ့ Professional Certifcate in Biodiversity Conservation and Management online Pre-recorded Course လေးကို လာရောက် Join လှည့်ဖို့ဖိတ်ခေါ်ပါတယ်နော်။ အသေးစိတ်ကို ဒီမှာလေ့လာလိုက်ပါ - https://www.facebook.com/ehsmyanmar/posts/pfbid02V19TdMEDUvFCEAKsx8uugMdeL9N2yHBEzEi7rgKJEyoG6rXckD7t2RaY4xxufabYl
#EHSMyanmar #MigrationMovie #DuckAdventure #EnvironmentalAwareness
934
သဘာဝရေသန့်စက် (သို့) ဗေဒါပင်
-----------------------------------------------
EHS Myanmar | 7.2.2024
သက်ရှိများအတွက် မရှိမဖြစ် ရေချိုသယံဇာတများ ဖြစ်သည့် မြစ်ချောင်း၊ အင်းအိုင်များ၊ မြေအောက်ရေများတွင် ရေထုအရည်အသွေး နိမ့်ကျခြင်း တနည်းအားဖြင့် ရေထုညစ်ညမ်း ခြင်းများ ကြုံတွေ့နေရပါသည်။ ထိုသို့သော ညစ်ညမ်းမှု ပြဿနာများကို နည်းအမျိုးမျိုးဖြင့် အားကုန်သုံးကာ ဖြေရှင်းကြရသည်။ ထိုဖြေရှင်းနည်းများထဲမှ ဗေဒါပင်ကို အသုံးပြုကာ ရေချိုအရင်းအမြစ်ကို သန့်စင်နိုင်သည့် နည်းလမ်းတစ်သွယ်ကို တင်ပြသွားပါမည်။
ရေချိုတွင်ဖြစ်ပေါ်နေသည့် ရေဆိုးရေညစ်များကို သဘာဝနည်းအရ သန့်စင်တော့မည်ဆိုလျှင် -
၁။ ရေထဲမှ အညစ်အကြေး အမှုန်အမွှားများကို စုပ်ယူနိုင်စွမ်းအား ကြီးမားရမည်။
၂။ ရေချိုတွင် ပေါက်ဖွားရှင်သန်နိုင်သည့် အပင်မျိုးစိတ် ဖြစ်ရမည်။
၃။ အလွယ်တကူ စီမံခန့်ခွဲ ထိန်းချုပ်နိုင်သည့် အပင်မျိုးစိတ် ဖြစ်ရမည်။
ဗေဒါပင်သည် အထက်ပါအချက်များနှင့် ကိုက်ညီသည်ကို လေ့လာတွေ့ရှိရပါတယ်။ ဗေဒါပင်များသည် ၎င်းတို့၏ ပင်ကိုသဘာဝစွမ်းရည်အရ ရေထဲတွင် ပါဝင်သော အညစ်အကြေးများကို စုပ်ယူ၊ ချေဖျက်ခြင်းနည်းဖြင့် ဖယ်ရှားပေးနိုင်စွမ်းရှိပါသည်။ နေရာဒေသအမျိုးမျိုးမှ စုပုံလာသော ရေညစ်ရေဆိုးထဲရှိ အော်ဂဲနစ်ဒြပ်ပေါင်းများ၊ အင်အော်ဂဲနစ်ဒြပ်ပေါင်းများ၊ ဘက်တီးရီယားများနှင့် ရေညှိများ အပါအဝင် အခြားသော အဆိပ်အတောက် ဖြစ်စေသည့် ဓာတ်သတ္တုများကိုပင် အလျင်အမြန် စုပ်ယူသန့်စင်နိုင်ပါသည်။ ရေချိုရေနေပင် ဖြစ်သည့်အပြင် အစုလိုက် အပုံလိုက် ကြီးထွားရှင်သန်မှု အားကောင်းခြင်းကြောင့် ရေထုညစ်ညမ်းမှုကို အချိန်တိုအတွင်း လျှော့ချနိုင်သည်။ လက်တွေ့လေ့လာမှုများအရ ဗေဒါပင်များကိုအသုံးပြု၍ ရေထုသန့်စင်သည့်အခါ ကျေနပ်စရာကောင်းသော ရလဒ်များ ရရှိသည်ဟု ဆိုပါသည်။ ထို့ကြောင့် ဗေဒါပင်ကို သဘာဝရေသန့်စက်ဟု ခေါ်ဆိုရခြင်း ဖြစ်ပါသည်။ ရေဆိုးရေညစ်များကို သန့်စင်ရန် ဗေဒါပင် တစ်မျိုးကိုသာ အသုံးပြု၍ရခြင်း မဟုတ်ပါ။ အခြားသော ရေမှော်ပင် (seaweed)၊ ဘဲစာမြက် (duckweed) များကိုလည်း အသုံးပြု၍ရပါသည်။
ရှာဖွေတွေ့ရှိချက်များအရ ဗေဒါပင်များသည် တောင်အမေရိကတိုက်ရှိ အမေဇုန် ရေဝေစုကြောမှ စတင်ပြန့်ပွားလာတယ်ဟု ဆိုပါသည်။ မျိုးစုမှာ Eichhornia ဖြစ်ပြီး မျိုးစိတ်မှာတော့ E. crassipes ဖြစ်ပါသည်။ အပင်တစ်ပင်မှ မျိုးစေ့ပေါင်း ထောင်နှင့်ချီ ထုတ်ယူနိုင်ပြီး ထိုမျိုးစေ့များသည် ၂၈ နှစ်ကြာ မျိုးအောင်နိုင်ပါတယ်။ ပြန့်ပွားနှုန်းမြန်သောကြောင့် ကမ္ဘာတစ်ဝှမ်းတွင် အလွယ်တကူ တွေ့ရှိနိုင်ပါသည်။ မြန်မာနိုင်ငံကိုတော့ တရုတ်အမျိုးသားတစ်ဦးမှ အလှစိုက်ရန် စတင်ယူဆောင်လာရာမှ ပြန့်ပွားလာတယ်ဟု ဖော်ပြထားပါသည်။ ထိုဗေဒါပင်များကို တစ်ချို့ဒေသများတွင် ပြည်ကြီးပင်ဟုလည်း ခေါ်စမှတ် ပြုကြသည်။
ဗေဒါပင်များကို ရေသန့်စင်သည့်နေရာတွင်သာမက ဆေးပညာနယ်ပယ်တွင်လည်း တွင်တွင်ကျယ်ကျယ် သုံးပါသေးသည်။ ဆီးကျောက်ရောဂါ၊ အစာအိမ်ရောဂါ နှင့် ဆီးချိုသွေးချိုရောဂါများအတွက် ဆေးစွမ်းကောင်းတစ်ခုလည်း ဖြစ်ပါသည်။ သို့ရာတွင် ဓာတုဗေဒနည်းအရ သန့်စင်ထားခြင်းမရှိဘဲ အသုံးပြုပါက ဘေးထွက်ဆိုးကျိုးရှိနိုင်သည်ဟု ဆေးပညာရှင်များက သတိပေးထားပါသည်။ အထူးသဖြင့် ရောဂါအခံရှိသူများ၊ ဆေးဝါးများ ရေရှည်သုံးစွဲနေရသူများ၊ ကိုယ်ဝန်ဆောင်မိခင်များ နှင့် ကလေးများ တိုက်ရိုက်အသုံးမပြုခြင်းက အကောင်းဆုံးဟု ဆိုပါသည်။ ဗေဒါပင်များကို မွေးမြူရေးလုပ်ငန်းများတွင်လည်း တိရစ္ဆာန်အာဟာရအတွက် တွင်တွင်ကျယ်ကျယ် အသုံးပြုကြပါသည်။ ဥပမာ - ဝက်လေးတွေအတွက်ပေါ့။
ထိုအချက်များကို ကြည့်ခြင်းအားဖြင့် ဗေဒါပင်သည် အလွန်ကောင်းကျိုးများသော ရေနေပင်တစ်မျိုးဖြစ်သည်ကို တွေ့ရှိရပါသည်။ သို့သော် ထိုဗေဒါများ အစုလိုက်အပြုံလိုက် ပွားနေသည့် ပတ်ဝန်းကျင်တွင် အခြားသက်ရှိများ ရှင်သန်နေထိုင်နေပါက ထိုပတ်ဝန်းကျင်တွင် Eutrophication (အာဟာရဓာတ်လွန်ကဲခြင်း) မဖြစ်စေရန် အထူးဂရုစိုက်စီမံသင့်ပါတယ်။ အာဟာရဓာတ် လွန်ကဲလာသောအခါ ဗေဒါများသည် ထိန်းမနိုင် သိမ်းမနိုင် ပွားများလာနိုင်ခြေရှိပါသည်။ ထိုမှတဆင့် မြစ်ချောင်းများ ပိတ်ဆို့ကာ မြစ်ချောင်းများ၏ စီးဆင်းမှုဆိုင်ရာ စနစ်များနှင့် ဂေဟစနစ်ကို ဆိုးဆိုးဝါးဝါး ထိခိုက်လာစေနိုင်ပါသည်။ ရေသေဖြစ်သော ကန်များ၊ အိုင်များတွင် ဗေဒါများ အလွန်အကျွံထူထပ်လာပါက အောက်စီဂျင်ပါဝင်မှုနည်းပါးလာပြီး ရေနေသတ္တဝါများအတွက် အသက်အန္တရာယ် ရှိလာနိုင်ပါသည်။ ထို့ကြောင့် မျိုးပွားလွယ်သည့် ဗေဒါများ အစုလိုက်အပြုံလိုက် ပေါများလာသည်ကို အထူးဂရုပြုကာ စနစ်တကျ စီမံခန့်ခွဲရန် လိုအပ်ပါသည်။
အချုပ်အားဖြင့်ဆိုသော် ညစ်ညမ်းမှုလည်းမပွား၊ အကုန်အကျလည်းသက်သာ၊ စီးပွားလည်းဖြစ်၊ သဘာဝလည်းကျသည့် ဗေဒါပင်သုံး ရေသန့်စင်နည်းလမ်းကို သင့်လျော်သည့် နေရာဒေသများတွင် စနစ်တကျ စီမံ အသုံးပြုသင့်ကြောင့် တိုက်တွန်းလိုက်ရပါသည်။
ရေးသားသူ - ဓနိ
ကိုးကား - အစိမ်းရောင်လမ်း၊ Eleven Myanmar
---------------------------------------------------------------------------
Don't forget to follow us on Instagram - https://www.instagram.com/ehsmyanmar/
934
သဘာဝရေနေအပင်လေးများရဲ့ ပွင့်လန်းဝေဆာမှုနဲ့ ပတ်ဝန်းကျင်ကိုအကျိုးပြုပါ
-----------------------------------------------
EHS Myanmar | 4.2.2024
ရေနေအပင်လေးတွေဟာ ဝေးလံတဲ့ တော၊ တောင်တွေမှာသာမက ကျွန်တော်တို့နေထိုင်ရာ ဘေးပတ်ဝန်းကျင်အနီးတဝိုက်က ရေကန်၊ ရေအိုင်၊ ချောင်းတွေ၊ မြောင်းတွေမှာလည်း များပြားစွာ ရှင်သန်ကြီးထွားကြပါတယ်။ ရေနေအပင်အချို့ကို ဥပမာပေးရမယ်ဆိုရင်တော့ ရေမှော်၊ ကာဘွန်ဘာ(ငှက်မွေးကဲ့သို့အရွက်ရှိသည့်ရေနေပင်) နဲ့ ရေကြာပန်းတို့ကို ဆိုလိုတာဖြစ်ပါတယ်။ သူတို့တွေက သဘာဝပတ်ဝန်းကျင်ကို အလှဆင်ရုံသာမက များစွာသောအကျိုးကျေးဇူးတွေလည်း ပေးနိုင်ပါတယ်။ ဥပမာ - စာဖတ်သူတို့ရဲ့ အိမ်နောက်ဖေးခြံထဲက အိုင်တွေ၊ ကန်တွေမှာလည်း ရေနေအပင်လေးတွေ လှပစွာပေါက်ရောက်နေတတ်သလို၊ စာဖတ်သူတို့ကိုယ်တိုင် ရေနေအပင်လေးတွေ စိုက်ပျိုးခြင်းဖြင့်လည်း ရေအောက်ဂေဟစနစ်ကို အကျိုးပြုနိုင်ပါတယ်။ ဒါ့အပြင် အခြားသော ဘယ်လိုကောင်းကျိုးတွေရနိုင်လဲဆိုတာကို အောက်ပါအချက်အနည်းငယ်နဲ့ မျှဝေပေးလိုက်ပါတယ်။
၁။ ရေနေ သက်ရှိတွေအတွက် သဘာဝအစာရေစာများ ထောက်ပံ့ပေးခြင်း
များစွာသော ရေနေကျေားရိုးမဲ့သတ္တဝါတွေ (ဥပမာ-ပြည်ကြီးငါး၊ ရေဘဝဲ၊ ကျိချွဲသတ္တဝါများ၊အခွံမာရေနေသတ္တဝါများ) နဲ့ အစာစားငါး (ငါးကြီးများကို အစာအဖြစ်သုံးလေ့ရှိသော ငါးသေးများ) ဟာ ရေနေအပင်များကို အစာအဖြစ် စားသုံးခြင်းဖြင့် ရေအောက်အစာကွင်းဆက်မှာ အရေးပါတဲ့နေရာက ပါဝင်လျက်ရှိပါတယ်။
၂။ ငါး နှင့် အခြားသောသက်ရှိများ အတွက် နေထိုင်ကျက်စားရာနေရာများ ဖန်တီးပေးခြင်း
ငါးတွေဟာ သန္တာကျောက်တန်းများနဲ့ ရေနေအပင်များအကြား အသိုက်ဖွဲ့နေလေ့ရှိပါတယ်။ အဲ့လိုနေထိုင်ခြင်းဟာလည်း သူတို့အတွက်အကျိုးများစွာရှိသလို မျိုးပွားရာသီမှာလည်း သားပေါက်လေးတွေကို လုံခြုံစေပါတယ်။ ဒါ့အပြင် ငါးပေါက်လေးများဟာလည်း ငါးအကြီးများရန်က ကာကွယ်ဖို့ ရေနေအပင်လေးများကြားမှာ ပုန်းခိုနေတတ်ကြပါတယ်။
၃။ ရေထုအရည်အသွေးတိုးတက်ရန် ကူညီပေးခြင်း
ရေနေအပင်တွေဟာ ရေထုအတွင်းက ဖော်ဖစရပ်စ် (phosphorus) နဲ့ နိုက်ထရိုဂျင် (nitrogen) ကဲ့သို့သော မလိုလားအပ်တဲ့ ဓာတ်တွေကို စစ်ထုတ်ဖယ်ရှားပေးပါတယ်။ အပင်တွေ ရှင်သန်လာတာနဲ့အမျှ ထွက်ပေါ်လာတဲ့ အောက်စီဂျင်တွေဟာလည်း ရေကန်ရေအိုင်အတွင်း သက်ရှိသဘာဝဂေဟစနစ်ကို ပိုမို ကျန်းမာအောင် ကူညီပေးပါသေးတယ်။ ဒါ့အပြင် ရေထုအောက်ခြေက အနည်အနှစ်တွေကို အနည်ထိုင်စေခြင်းဖြင့် ရေအရည်အသွေးတိုးတက်ပြီး ရေကြည်လင်စေပါတယ်။
၄။ ရေကမ်းစပ်နှင့်ရေကန်ရေအိုင်အောက်ရှိအနည်များကိုတည်ငြိမ်ပေးခြင်း
ရေအောက်မှာ အမြစ်တွယ်ကပ်နေတဲ့ ရေနေအပင်များဟာ ရေလှိုင်းကြောင့် သက်ရောက်မှုဖြစ်လာတဲ့ ရေအောက်တွင်းအနည်ထခြင်း မဖြစ်အောင် ဒါမှမဟုတ် လျော့နည်းအောင် သူတို့ရဲ့ အမြစ်တွေနဲ့ ထိန်းသိမ်းပေးပါတယ်။ လှုပ်ခက်နေတဲ့ရေလှိုင်းနဲ့ ရေလှိုင်းကြောင့် သက်ရောက်မှုဖြစ်လာတဲ့ ရေအောက်တွင်းအနည်ထခြင်းကိုလည်း မဖြစ်စေအောင် ဒါမှမဟုတ် လျော့နည်းအောင် ထိန်းသိမ်းပေးနိုင်ပါတယ်။ ဒါကြောင့် ရေနေအပင်တွေ ပေါက်ရောက်နေတဲ့ရေကန်၊ ရေအိုင်တွေဟာ များသောအားဖြင့် နောက်ကျိမနေဘဲ ကြည်လင်နေတာကို တွေ့ရမှာပါ။
၅။ သဘာဝပတ်ဝန်းကျင်ရဲ့ အလှတရားကိုမြင့်တင်စေခြင်း
ရေမျက်နှာပြင်မှာ ပွင့်လင်းဝေဆာစွာ ပေါက်ရောက်နေတဲ့ ရောင်စုံခြယ် အပင်များဟာ ကျွန်တော်တို့ပတ်ဝန်းကျင်မှာရှိတဲ့ ရေကန်၊ရေအိုင်တွေကို သူတို့ရဲ့သဘာဝအလှများနဲ့ တမူထူးခြားလှပအောင် ဖန်တီးပေးရင်း ရေထုအတွင်း အကျိုးကျေးဇူးတွေအများကြီး ဖြစ်ထွန်းစေပါတယ်။
ရေးသားသူ - ဖိုးကျား (EHS Myanmar)
ကိုးကား - solitudelakemanagement.com, formedacqua.com, canr.msu.edu
---------------------------------------------------------------------------
Don't forget to follow us on Instagram - https://www.instagram.com/ehsmyanmar/
#EHSMyanmar #underwaterplants #aquaticplants #protectaquaticlife #aquaticlife
934
EHS Myanmar's Monthly Theme: What is it for February?
--------------------------------------------------
🇲🇲 EHS Myanmar မှ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသောဖွံ့ဖြိုးတိုးတက်မှုပန်းတိုင် (Sustainable Development Goals) များကို အထောက်အကူပြုစေရန် ရည်ရွယ်၍ တစ်လနှင့်တစ်လ မတူညီသော ခေါင်းစဥ် (Theme)များကို အလှည့်ကျဖြင့် Knowledge Sharing များ ပြုလုပ်ပေးနေပါသည်။
🪼 ၂၀၂၄ ခုနှစ် ဒုတိယလဖြစ်သည့် ဖေဖော်ဝါရီလတွင်ကျရောက်သည့် "World Weltands Day" ကိုဂုဏ်ပြုသောအားဖြင့် "Underwater Plants February" Theme ကိုရွေးချယ်ထားပါသည်။
🌿 ရေအောက်အပင်များ သို့မဟုတ် အဏ္ဏဝါအပင်များသည် အစားအစာအရင်းအမြစ်များလဲဖြစ်သလို၊ ရေနေသတ္တဝါများနေထိုင်ရာနေရာများ၊ ကာဗွန်ဒိုင်အောက်ဆိုဒ်ကိုဖယ်ရှားခြင်းနှင့်အောက်ဆီဂျင်ထုတ်လုပ်မှုတို့ကို ပံ့ပိုးစေသည့်အတွက် Underwater Plants များသည် အဏ္ဏဝါဂေဟဗေဒစနစ်တခုလုံးအတွက်အရေးပါ အရာရောက်သည့်နေရာတွင်ပါဝင်သောကြောင့် ယခု Theme ဖြင့် ဆောင်းပါးများရေးသားခြင်း၊ Content များဖန်တီးခြင်း၊ အွန်လိုင်းဟောပြောပွဲများလုပ်ဆောင်ခြင်း၊ အွန်လိုင်းကမ်းပိန်းများစီစဉ်ခြင်း၊ Instagram တွင် Post အသစ်များရေးသားခြင်း စသည့် နည်းလမ်းများဖြင့် အသိပညာများရရှိ အောင်ကြိုးစားပေးသွားမှာ ဖြစ်ပါသည်။
😍 Underwater Plants February နှင့်ပတ်သတ်ပြီး စိတ်ဝင်စားလို့ လေ့လာသင်ယူချင်တယ်ဆိုရင်တော့ EHS Myanmar page ကို see first လုပ်ထားဖို့မမေ့ပါနဲ့ဦး။
-----------------------------------------------------------------------
"𝙂𝙖𝙞𝙣𝙞𝙣𝙜 𝙠𝙣𝙤𝙬𝙡𝙚𝙙𝙜𝙚 𝙞𝙨 𝙩𝙝𝙚 𝙛𝙞𝙧𝙨𝙩 𝙨𝙩𝙚𝙥 𝙩𝙤 𝙬𝙞𝙨𝙙𝙤𝙢. 𝙎𝙝𝙖𝙧𝙞𝙣𝙜 𝙞𝙩 𝙞𝙨 𝙩𝙝𝙚 𝙛𝙞𝙧𝙨𝙩 𝙨𝙩𝙚𝙥 𝙩𝙤 𝙝𝙪𝙢𝙖𝙣𝙞𝙩𝙮."
Don't forget us to follow us on instagram - https://www.instagram.com/ehsmyanmar/
#EHSMyanmar #environmental #sustainability #aquatic #ecosystem #underwater #SDG
934
Life Interlaced Wetlands and People🌎
---------------------------------------------
February 2 ရက်နေ့ဟာ ကမ္ဘာ့ရေဝပ်ဒေသများနေ့ - World Wetlands Day ဖြစ်ပါတယ်။
World Wetlands Day ကို ပါဝင်ဆင်နွှဲသော အနေဖြင့်လည်းကောင်း ရေဝပ်ဒေသတွေရဲ့ အရေးပါပုံကို အသိပညာပေးလိုသော အနေဖြင့်လည်းကောင်း ကျွန်တော်တို့ EHS Myanmar မှလဲ Special Campaign လေးတစ်ခု ပြင်ဆင်ထားပါတယ်။
Campaign လေးကတော့ မေးခွန်းလေးတွေကို ဖြေရမှာဖြစ်ပြီး အဖြေမှန်သူတွေကို EHS Myanmar မှ ဖွင့်လှစ်ထားသော ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းစောင့်ရှောက်ခြင်း သင်တန်းတက်ရောက်ခွင့် 10% လျော့ဈေး ရရှိမှာပဲ ဖြစ်ပါတယ်။
လျော့ဈေးပေးထားတဲ့ သင်တန်းအကြောင်း အသေးစိတ်ကိုတော့ အောက်ပါလင့်မှတဆင့် လေ့လာနိုင်ပါတယ်။
https://m.facebook.com/story.php?story_fbid=pfbid02VDoxFGjxwFMiJAo5tPRCUTxyy4HzeqLwfWaHFbP8s498ZHktXU6vyPxtPd1rTzetl&id=100064794640578&mibextid=2JQ9oc
ဖြေဆိုရမယ့် Quiz ကိုတော့ ဖေဖော်ဝါရီလ ၁၀ရက်နေ့မှ စတင်ပြီး ဖေဖော်ဝါရီ တစ်လလုံး အပတ်စဉ် စနေနေ့တိုင်းမှာ EHS Myanmar ရဲ့ Page မှာ တင်ပေးသွားမှာပဲ ဖြစ်ပါတယ်။
#WWD2024 #EHSMM #WetlandsAndPeople
934
EHS Myanmar မှ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာရပ်များ လေ့လာဆည်းပူးရန် စိတ်အားထက်သန်သော လူငယ်များကို ရွေးချယ်၍ ပညာသင်ဆုများပေးအပ်လေ့ရှိရာ ယခုတစ်ခေါက်မှာတော့ EHS Myanmar မှ ဖွင့်လစ်သင်ကြားလျက်ရှိသည့် Environmental Management Monitoring and Planning (EMP) သင်တန်းတွင် ၁၀၀ ရာခိုင်နှုန်း အခမဲ့တက်ရောက်ခွင့် ပညာသင်ဆုကို ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ 👩🎓👩🎓
ပညာသင်ဆု လျှောက်ထားခဲ့သူများထဲမှ EHS Myanmar မှ ချမှတ်ထားသော စည်းကမ်းများနှင့်အညီ စိစစ်ရွေးချယ်ချီးမြှင့်ခဲ့ခြင်း ဖြစ်ပါသည်။ အခုလို ရွေးချယ်ခံရသည့် ညီမရွှေရည်ယွန်းသိမ့် အတွက်လည်း များစွာဂုဏ်ယူဝမ်းမြောက်မိပါသည်။
EHS Myanmar မှ နောက်ထပ်ဖွင့်လစ်မယ့် သင်တန်းတွေမှာလည်း သဘာဝပတ်ဝန်းကျင်ပညာရပ်နှင့်အသက်မွေးဝမ်းကြောင်းပြုမယ့် လူငယ်တွေအတွက် ဒီလိုပညာသင်ဆုပေးအပ်မယ့်အစီအစဉ်တွေ ရှိဦးမှာဖြစ်လို့ အခွင့်အရေးတွေ လက်လွတ်မသွားအောင် page ကို အမြဲစောင့်ကြည့်ဖို့ မမေ့နဲ့နော်။
-----------------------------------------------------------------------------------------
Don't forget to follow us on Instagram - https://www.instagram.com/ehsmyanmar/
#EHSMyanmar #envrionmentalmanagement #environmentalplanning #EMP03 #scholarship #youthdevelopment #sustainability #myanmar
934
Hello Everyone, EHS Myanmar မှကြိုဆိုလိုက်ပါတယ်။🤗
ဒီတစ်ခါမှာတော့ ဇန်နဝါရီလ (၂၆) ရက်နေ့တွင်ကျရောက်သော “International Environmental Education Day” ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျွန်တော်တို့ EHS Myanmar မှ သဘာဝပတ်ဝန်းကျင်ရေရှည်တည်တံ့ခိုင်မြဲရေးကိုစိတ်ဝင်စားတဲ့ အနာဂတ်မျိုးဆက်သစ်လူငယ်များအတွက် သဘာဝပတ်ဝန်းကျင်အပေါ် စိတ်အားထက်သန်မှုနှင့် လှုပ်ရှားမှုများကို လှုံ့ဆော်ပေးမယ့် Zoom Webinar Session တစ်ခုကို စီစဉ်ထားပါတယ်။🤩
Webinar ရဲ့ Title ကတော့ “Eco-Warriors Unite” လို့ခေါ်ပြီး ပတ်ဝန်းကျင်ပြောင်းလဲမှုအတွက် လူငယ်စိတ်အား မြှင့်တင်ပေးခြင်း အစီအစဉ်ပဲဖြစ်ပါတယ်။ 🤝
👉အခု webinar လေးကတော့ ကျွန်တော်တို့ရဲ့ ကမ္ဘာကြီးကို ပိုမိုကောင်းမွန်သော အပြောင်းအလဲပြုလုပ်လိုတဲ့ လူငယ်တစ်ဦးချင်းစီအတွက် အထောက်အကူဖြစ်စေရန် ရည်ရွယ်ပါတယ်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းတွေကို စိတ်ဝင်စားသော်လည်း ဘယ်ကနေအစပြုရမလဲမသိတဲ့ လူငယ်များအတွက် အတွေ့ကြုံရှိ speaker မှ အခွင့်အလမ်းတွေ၊ အကြံပေးချက်တွေကို နားထောင်နိုင်မယ့်အပြင် ကိုယ်တိုင်သိလိုသည်များ အကြံဉာဏ်များကို ဝင်ရောက်မေးမြန်းဆွေးနွေးနိုင်မှာဖြစ်လို့ လက်လွှတ်မခံသင့်တဲ့ webinar လေးပဲဖြစ်ပါတယ်။
Agenda Highlight📌
-Guest Speaker မှ သူ၏အတွေ့အကြုံများနှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ပဏာမခြေလှမ်းများ စတင်ရန်နှင့် ရေရှည်တည်တံ့စေရန် ထိုးထွင်းအမြင်များအား Sharing လုပ်ခြင်း
-တက်ရောက်လာသူများနှင့် အပြန်အလှန်ဆွေးနွေးပေးခြင်း အစီအစဉ်တို့ပဲဖြစ်ပါတယ်။
Platform: Zoom-based Webinar
Date: January 28th, Sunday 2024
Time: 10:30 am - 12:30 pm
How to Participate ?🤔
အောက်ပါပေးထားသော Google Form ထဲတွင်ဝင်ရောက် စာရင်းပေးနိုင်ပါတယ်ဗျ။👇
https://docs.google.com/forms/d/e/1FAIpQLSdmk5-XdWfsHUxIe8wk5FMurN5hgLqOJEkG6p0_dvE_Q435YQ/viewform?usp=sf_link
လူအရေအတွက် ကန့်သတ်ထားတာဖြစ်တဲ့အတွက် အမြန်စာရင်းပေးဖို့လိုပါတယ်နော်။ (လူဦးရေ ကန့်သတ်ထားရခြင်းမှာ Speaker နဲ့ Participants တို့ အပြန်အလှန် အမေးအဖြေလုပ်နိုင်မယ့် Session ပါရှိတာ ဖြစ်တဲ့အတွက်ကြောင့် Webinar Timeline အရ ကန့်သတ်ထားရခြင်းဖြစ်ပါတယ်ဗျ။)
📧စာရင်းပေးထားသောသူများထဲမှ ပထမ အယောက် ၅၀ကို webinar မစခင် တစ်ရက်အလိုမှာ Email မှတစ်ဆင့် Zoom Link ပေးပို့သွားမှာဖြစ်ပါတယ်။
သဘာဝပတ်ဝန်းကျင်နဲ့ဆိုင်တဲ့ လူတစ်ဦးချင်းစီရဲ့ အသိုက်အဝန်းကို မြှင့်တင်ခြင်းဖြင့် ကမ္ဘာ့ပတ်ဝန်းကျင်ဆိုင်ရာ ပညာရေးနေ့ကို ဆင်နွှဲကြပါစို့။ ကျွန်တော်တို့ကမ္ဘာမြေအတွက် ပိုမိုကောင်းမွန်သောအနာဂတ်ကိုပုံဖော်ပေးမယ့် လှုပ်ရှားမှုတစ်ခု၏တစ်စိတ်တစ်ပိုင်းဖြစ်ရန် အခုအခွင့်အရေးကို လက်လွတ်မခံလိုက်ပါနဲ့။ ☘️
#WorldEnvironmentalEducationDay #SustainableFuture #Webinar #EHSMM
