ar
Feedback

لا تقع ضحية للمخادعين! تيليمتريو يكتشف ويُميّز هذه القنوات 👉 إذا كنت تريد رؤية العلامة، اشترك

EHS Myanmar

EHS Myanmar

الذهاب إلى القناة على Telegram

This is an official channel of Environment, Health and Safety Myanmar (EHS Myanmar). Please visit www.ehsmyanmar.org for more information.

إظهار المزيد
868
المشتركون
لا توجد بيانات24 ساعات
+27 أيام
+230 أيام
أرشيف المشاركات
🌍♻️ Join us in celebrating Global Recycling Day 2024 with EHS Myanmar! 🎉 Let's turn our focus to the power of recycling in
🌍♻️ Join us in celebrating Global Recycling Day 2024 with EHS Myanmar! 🎉 Let's turn our focus to the power of recycling in preserving our planet. Together, we can reduce waste, conserve resources, and build a more sustainable future. Every action counts—let's recycle today for a better tomorrow! #GlobalRecyclingDay #EHSMyanmar 🌱🔄

photo content

Sharing is Caring Campaign Week-2 ------------------------------------------------------------------------------------------- EHS Myanmar - 17/03/2024 Hello! EHS Myanmar ရဲ့ Campaign လေးကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ Sharing is Caring Campaign လေးကို ပြုလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ မတ်လ ၂၁ ရက်နေ့မှာ ကျရောက်မယ့် “International Day of Forests” ကို ပါဝင်ဆင်နွှဲသော အနေဖြင့် ကမ္ဘာအဝှမ်း ပျက်စီးသွားတဲ့ သစ်တောနေရာတွေမှာ အစားထိုး စိုက်ပျိုးနေကြတဲ့ အဖွဲ့အစည်းတွေ၊ သူတို့ရဲ့ လုပ်ငန်းဆောင်တာတွေ၊ အောင်မြင်မှုတွေကို မျှဝေပေးလိုသောကြောင့် ဖြစ်ပါတယ်ရှင့်။ ဒီအပတ်မှာ မျှဝေပေးသွားမယ့် အကြောင်းအရာလေးကတော့ Microsoft Edge website ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ E-Tree Program ပဲဖြစ်ပါတယ်ရှင့်။ Microsoft Edge website ကိုတော့ လူတိုင်းနီးပါး သိကြမယ်ထင်ပါတယ်။ သူက Chrome လို Search engine တစ်ခုပဲဖြစ်ပါတယ်။ Microsoft Edge ကို ဖွင့်လိုက်ရင် ညာဖက်ထောင့်မှာ Tools တွေကိုတွေ့ရမှာ ဖြစ်ပါတယ်။ Tools တွေထဲကမှ သစ်ပင်ပုံစံ အစိတ်အပိုင်းလေးကတော့ E-Tree feature ပဲဖြစ်ပါတယ်။ E-Tree program မှာ ပါဝင်ဖို့ကတော့ Microsoft account ရှိရုံနဲ့ ပါဝင်နိုင်ပြီး အခမဲ့ ပရိုဂရမ်တစ်ခု ဖြစ်ပါတယ်ရှင့်။ ပထမဦးဆုံး ပါဝင်တဲ့သူအနေနဲ့ အပင်မျိုးစေ့တစ်ခုကို ရရှိမှာ ဖြစ်ပြီး မျိုးစေ့ကနေ အပင်ဖြစ်ဖို့အတွက်က နေ့စဉ်ရေလောင်းပေးရမှာ ဖြစ်ပါတယ်။ ရေလောင်းဖို့အတွက်ကတော့ အမှတ်ရအောင်စုရမှာ ဖြစ်ပြီး ထိုအမှတ်တွေကို daily tasks တွေမှ တဆင့် ရရှိမှာပဲ ဖြစ်ပါတယ်ရှင့်။ သင့်ရဲ့ မျိုးစေ့လေးက နောက်ဆုံးမှာ အပင်တစ်ပင်အဖြစ်ကြီးထွားလာပြီဆိုရင်တော့ Microsoft ကနေပြီးတော့ အရှေ့အာဖရိကမှာရှိတဲ့ မိုဇမ်ဘစ်(Mozambique) မြို့မှာ အပင်တစ်ပင်စိုက်ပေးမှာပဲ ဖြစ်ပါတယ်။ ဒီပရိုဂရမ်မှာ ကျွန်မသဘောကျတဲ့ အချက်က အမှတ်ရရှိအောင် နေ့စဉ်တာဝန်တွေလုပ်ဆောင်ရာမှာ သူတို့လုပ်ခိုင်းတဲ့ တာဝန်တွေပဲဖြစ်ပါတယ်။ ဘာတွေလဲဆိုတော့ ကိုယ့်ရဲ့ Search box မှာ သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သတ်တဲ့ အကြောင်းအရာတစ်ခုခုကို ရှာခိုင်းတာ၊ သဘာဝပတ်ဝန်းကျင်နဲ့ သက်ဆိုင်တဲ့ စာပိုဒ်တွေကို ဖတ်ခိုင်းတာတို့ပဲ ဖြစ်ပါတယ်။ ကျွန်မတို့အနေနဲ့ E-Tree ပရိုဂရမ်မှာ ပါဝင်ခဲ့မယ်ဆိုရင် သစ်ပင်စိုက်ရာလဲရောက်သလို သဘာဝပတ်ဝန်းကျင်နဲ့ ဆိုင်တဲ့ ဗဟုသုတတွေကိုလဲ ပိုမိုရရှိနိုင်မှာပဲ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ Sharing is Caring ဆိုတဲ့ Campaign ခေါင်းစဉ်လေးအတိုင်း အခြားသူတွေ သိအောင်လဲ Share လုပ်ပေးသွားဖို့ မမေ့နဲ့နော်။ #EHSMM #ForestDay #IntlForestDay #GenerationRestoration #Campaign #E-Tree #Microsoft

photo content

“Preserving the Paradise” Panel Discussion —------------------------------------------------------------------------ EHS Myanmar - 16/03/2024 EHS Myanmar မှ လစဉ်ကျင်းပပြုလုပ်ပေးနေတဲ့ knowledge sharing အစီအစဉ်လေး ပြန်လာပါပြီ။ ဒီလအတွက် ပြုလုပ်ပေးမှာကတော့ မတ်လ ၃ ရက်နေ့မှာ ကျရောက်ခဲ့တဲ့ World Wildlife Day ကို ဂုဏ်ပြုဆင်နွှဲသော အနေဖြင့် Panel Discussion ကို EHS Myanmar မှ Host အဖြစ် ကျင်းပပေးသွားမှာပဲ ဖြစ်ပါတယ်။ Panelist အနေနဲ့ကတော့ မြန်မာနိုင်ငံမှ လူငယ်တွေ ဦးဆောင်လုပ်ကိုင်နေတဲ့ "Native Species Conservation and Identification" မှ ကိုဝင်းပိုင်ဦး ဖြစ်ပါတယ်ရှင့်။ https://www.facebook.com/share/BxxZx6NmBSPLAEqm/?mibextid=qi2Omg ဒီ Panel Discussion လေးမှာတော့ မြန်မာနိုင်ငံမှ တောရိုင်းမျိုးရင်းစိတ်တွေအကြောင်းနဲ့ သူတို့ရင်ဆိုင်နေရတဲ့ ခြိမ်းခြောက်မှု အန္တရာယ်ကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို ဆွေးနွေးသွားမှာ ပဲဖြစ်ပါတယ်။ အခု Panel Discussion ကို စိတ်ဝင်စားလို့ စာရင်းပေးချင်တယ်ဆိုရင်တော့ အောက်ကလင့်လေးမှာ မြန်မြန်ပဲ စာရင်းပေးလိုက်တော့နော်။ Registration Link>>>>>>>>>>>> https://docs.google.com/forms/d/e/1FAIpQLScFiFRILKAR7TnI9L1X0i5Z4vMQoKyeKA6KyQceWNLARsrTwQ/viewform?usp=sf_link Date - March 24, Sunday Time - 10 AM to 11 AM Platform - Zoom Deadline - March 22, Friday Panel Discussion လေးက UNEP မှာလည်း Official Register လုပ်ထားပြီးဖြစ်လို့ တက်ရောက်တဲ့ Participants တစ်ယောက်ချင်းစီတိုင်းကိုလည်း Certificate ပေးပို့သွားအုံးမှာပဲ ဖြစ်ပါတယ်ရှင့်။🤗 ဒါနဲ့ World Wildlife Day 2024 ရဲ့ Theme ကို သိတဲ့သူရှိရင် Comment မှာ ရေးပေးသွားအုံးနော်။🐾🐾 #WWD2024 #PanelDiscussion #EHSMyanmar

🛍️ Happy World Consumers Day from EHS Myanmar! 🎉 Today, we celebrate the power of informed choices and advocate for consume
🛍️ Happy World Consumers Day from EHS Myanmar! 🎉 Today, we celebrate the power of informed choices and advocate for consumer rights. Let's empower consumers with knowledge, promote sustainable consumption, and ensure fair practices in the marketplace. Join us in shaping a world where consumers are valued and protected! #WorldConsumersDay #EHSMyanmar 🌍🛒

မတ်လ (၃)ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့တောရိုင်းတရိစ္ဆာန်ထိန်းသိမ်းရေးနေ့ ကိုဂုဏ်ပြုသောအားဖြင့် World Wildlife Day Organization
မတ်လ (၃)ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့တောရိုင်းတရိစ္ဆာန်ထိန်းသိမ်းရေးနေ့ ကိုဂုဏ်ပြုသောအားဖြင့် World Wildlife Day Organization ၏လမ်းညွှန်ချက်များနှင့်အညီ စိတ်ဝင်စားဖွယ်ရာအစီအစဉ်လေးတစ်ခု မကြာခင်မှာပြုလုပ်ပါတော့မယ်။ 🦛 စိတ်ဝင်းစားတယ်ဆိုရင် ကျွန်မတို့ EHS Myanmar Page ကို see first လုပ်ထားဖို့ဖိတ်ခေါ်ပါတယ်နော်။ 🤩 Don't forget to join us on Telegram: https://t.me/ehsmyanmar #EHSMyanmar #worldwilidlifeday #2024

🌊 Today, EHS Myanmar proudly celebrates the International Day of Action for Rivers! 🌏 Let's unite in safeguarding our preci
🌊 Today, EHS Myanmar proudly celebrates the International Day of Action for Rivers! 🌏 Let's unite in safeguarding our precious rivers, lifelines of our ecosystems. Together, we can advocate for sustainable river management and ensure access to clean water for all. Join us in protecting these vital resources! #DayOfActionForRivers #EHSMyanmar 💧🌿

တစ်ခါသုံးပလတ်စတစ်တွေကို ကော်ဖီဆိုင်တွေနဲ့စားသောက်ဆိုင်တွေမှာ အသုံးပြုခွင့်တားမြစ်ပိတ်ပင်ဖို့ ၂၀၃၀ပြည့်နှစ်မှစ မယ်လို့ ဥရောပသမ
တစ်ခါသုံးပလတ်စတစ်တွေကို ကော်ဖီဆိုင်တွေနဲ့စားသောက်ဆိုင်တွေမှာ အသုံးပြုခွင့်တားမြစ်ပိတ်ပင်ဖို့ ၂၀၃၀ပြည့်နှစ်မှစ မယ်လို့ ဥရောပသမဂ္ဂပြော ------------------------------------------------------------------------------------------------------------------- EHS Myanmar ၏ ဆောင်းပါးများကို အမြဲမပြတ်ဖတ်နိုင်ဖို့ telegram channel ကိုအခုပဲ join လိုက်ပါ။ https://t.me/ehsmyanmar #EHSMyanmar #NoPlastics #sustainabledevelopment #EuropeanUnion

photo content

သဘာဝတရား နှင့် ပျော်ရွှင်မှု သဘာဝနဲ့ ထိတွေ့ခြင်းက ပျော်ရွှင်မှုနဲ့ သုခချမ်းသာကို ရရှိ ခံစားရစေပါတယ်။ ဒါကြောင့် သဘာဝတရားနှင့် ပိုမိုထိတွေ့လေ့ရှိသူတွေက နေ့စဉ်ဘဝမှာလည်း ပိုမိုပျော်ရွှင်ကြတယ်လို့ သုတေသနတွေက အမြဲတစေ ဖော်ပြကြပါတယ်။ သဘာဝတရားက စိတ်ကို ငြိမ်သက်ခြင်း၊ ပျော်ရွှင်ခြင်းနဲ့ တီထွင်ဖန်တီးနိုင်စွမ်း တိုးမြှင့်ပေးခြင်း စတဲ့ အပြုသဘောဆောင်တဲ့ စိတ်ခံစားမှုများစွာကို ဖြစ်ပေါ်စေပြီး အာရုံစူးစိုက်မှုကိုပါ ပိုမိုအားကောင်းလာစေတယ်လို့ ဆိုပါတယ်။ သဘာဝနဲ့ နီးစပ်ဖို့ ကျွန်တော်တို့တွေ လုပ်ဆောင်နိုင်တဲ့ နည်းလမ်းများစွာ ရှိပါတယ်။ အာရုံခံစားမှုမှတဆင့် ကျွန်တော်တို့တွေဟာ သဘာဝရဲ့ အလှတရားကို ခံစားသိရှိပြီး ဘဝရဲ့ အဓိပ္ပါယ်ကို ရှာဖွေနိုင်တာကစလို့ ... စိတ်ခံစားချက်တွေကတဆင့် သဘာဝတရားနဲ့ ကျွန်တော်တို့ကြားက ဆက်နွှယ်မှုကို ပိုမိုခိုင်မြဲစေပါတယ်။ ဥပမာအားဖြင့် ... ငှက်လေးတွေရဲ့ တေးသီသံကို နားဆင်တာ ဒါမှမဟုတ် သစ်ပင် ပင်စည်ကို လက်နဲ့ ထိတွေ့ခြင်းကတဆင့် သဘာဝရဲ့အလှကို အာရုံစိုက်မိကြမယ်ထင်ပါတယ်။ ပန်းလေးတွေရဲ့ မွှေးရနံ့ကို ရှူရှိုက်တာ၊ အပင်လေးတွေ စိုက်နေရင်း လက်ချောင်းလေးတွေကြား မြေဆီလွှာကို ခံစားလိုက်ရတာ ... ဒါတွေဟာလည်း အာရုံခံစားမှုကတဆင့် သဘာဝနဲ့ ဆက်နွှယ်မိခြင်း ဖြစ်ပါတယ်။ သဘာဝတရားနဲ့ နီးစပ်ဖို့ဆိုတာ သဘာဝထဲမှာ အမြဲအချိန်ကုန်နေမှ မဟုတ်ပါဘူး။ ကမ္ဘာမြေအကြောင်း၊ သဘာဝအကြောင်း ကဗျာစပ်တာ ... ဒါမှမဟုတ် ကိုယ် လမ်းလျှောက်အချိန်ကုန်ဆုံးချင်တဲ့ စိတ်ကူးထဲက သဘာဝပတ်ဝန်းကျင်တစ်ခုကို တွေးတောမိတာမျိုးကလည်း ကျွန်တော်တို့ကို သဘာဝတရားရဲ့ ကောင်းကျိုးတွေကို နားလည်သဘောပေါက်စေမှာ အမှန်ပါပဲ။ စိတ်ဖိစီးမှုကို လျှော့ချတာကစလို့ တီထွင်ဖန်တီးနိုင်စွမ်း မြှင့်တင်စေတဲ့အထိ သဘာဝဟာ အကျိုးကျေးဇူးတွေ ပေးစွမ်းနိုင်ပါတယ်။ ဒါ့အပြင် သဘာဝနဲ့ နီးစပ်လာခြင်းကြောင့် ကျွန်တော်တို့လူသားတွေဟာ နေ့စဉ်ဘဝမှာ ပတ်ဝန်းကျင်အပေါ် ကောင်းကျိုးတွေ ဖြစ်စေတဲ့ အပြုအမူများဆီ ဦးတည်စေကာ လူသားတွေနဲ့ ကမ္ဘာမြေကြား အပြန်အလှန် ပံ့ပိုးကူညီမှုကို ဖြစ်ပေါ်စေပါသည်။ သဘာဝတရားကို တန်ဖိုးထားခြင်းက ကျွန်တော်တို့အတွက်သာမက အနာဂတ်မျိုးဆက်အတွက်ပါ မရှိမဖြစ်လိုအပ်ပါတယ်။ ရေးသားသူ - မာရီယာ (EHS Myanmar) ကိုးကား - mentalhealth.org.uk --------------------------------------------------------------------------- Don't forget to follow us on Instagram - https://www.instagram.com/ehsmyanmar/ #EHSMyanmar #mentalhealth #naturehealing #naturetherapy

photo content

"Sharing is Caring Campaign Week-1" ------------------------------------------------------------------------------------------- EHS Myanmar - 10/03/2024 Hello! EHS Myanmar ရဲ့ Monthly Campaign လေးကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ Sharing is Caring Campaign လေးကို ပြုလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ မတ်လ ၂၁ ရက်နေ့မှာ ကျရောက်မယ့် “International Day of Forests” ကို ပါဝင်ဆင်နွှဲသော အနေဖြင့် ကမ္ဘာအဝှမ်း ပျက်စီးသွားတဲ့ သစ်တောနေရာတွေမှာ အစားထိုး စိုက်ပျိုးနေကြတဲ့ အဖွဲ့အစည်းတွေ၊ သူတို့ရဲ့ လုပ်ငန်းဆောင်တာတွေ၊ အောင်မြင်မှုတွေကို မျှဝေပေးလိုသောကြောင့် ဖြစ်ပါတယ်ရှင့်။ ဒီတစ်ပတ် Sharingလုပ်ပေးချင်တဲ့တာကတော့ “ECOSIA” ဆိုတဲ့ App လေးပဲဖြစ်ပါတယ်။ Ecosia ဆိုတာက Google နဲ့ပုံစံတူတဲ့ Application တစ်ခုဖြစ်ပါတယ်။ 🌳🌿 Google နဲ့မတူတဲ့ အရာက သင် Search Bar မှာ တစ်ခုခုရှာလိုက်ရင် ညာဘက်ထောင့်မှာ သစ်ပင်ပုံလေး တစ်ခုပေါ်လာမှာဖြစ်ပြီး 🌳 45 search = 1 tree 🌳စနစ်နဲ့ စိုက်ပျိုးပေးသွားမှာဖြစ်ပါတယ်။ ဆိုလိုတာက ကျွန်တော်တို့ 45ခါရှာတိုင်း Ecosia က သစ်ပင်တစ်ပင်စိုက်ပေးသွားမှာဖြစ်ပြီး Ecosiaကို အသုံးပြုတာများလေ သစ်ပင်တွေ ပိုမိုစိုက်ပေးမှာဖြစ်ပြီး ကမ္ဘာကြီး စိမ်းလန်းစိုပြေအောင် သစ်ပင်လေးတွေစိုက်ပေးမှာမို့ Google အစား ဒီ App လေးကို သုံးဖို့အကြံပြုချင်ပါတယ်။ ECOSIA app ကိုတော့ Google Playstore နဲ့ App Storeတွေမှာ အလွယ်တကူ download လုပ်နိုင်ပါတယ်။ Sharing is Caring ဆိုတဲ့ Campaign ခေါင်းစဉ်လေးအတိုင်း အခြားသူတွေ သိအောင်လဲ Share လုပ်ပေးသွားဖို့ မမေ့နဲ့နော်။ International Day of Forests မှာ မိမိတို့စိုက်ပျိုးထာတဲ့ အပင်လေးတွေကိုလည်း Comment မှာမန့်သွားလို့ရပါတယ်။ #EHSMM #ForestDay #IntlForestDay #GenerationRestoration #Campaign #ecosia

EHS Myanmar မှ Team Member များသည် Biodiversity and Nature Conservation Association (BANCA) အဖွဲ့ဝင်များအဖြစ်ဝင်ခဲ့ပြီး ဇီဝမျ
EHS Myanmar မှ Team Member များသည် Biodiversity and Nature Conservation Association (BANCA) အဖွဲ့ဝင်များအဖြစ်ဝင်ခဲ့ပြီး ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းခြင်း နှင့် ရေရှည်တည်တံ့ခိုင်မြဲသောဖွံ့ဖြိုးတိုးတက် မှုလုပ်ငန်းစဉ်များတွင် ပိုမိုပူးတွဲလုပ်ဆောင်သွားနိုင်ရန်ရည်ရွယ်ထားပါကြောင်း သတင်းကောင်းအပ်ပါတယ်ရှင့်။ #EHSMyanmar #BANCA #membership #biodiversity #environmentalsustainability

👩‍💼🌍 Happy International Women's Day from EHS Myanmar! 🎉 Today, we celebrate not only the achievements of women but also
👩‍💼🌍 Happy International Women's Day from EHS Myanmar! 🎉 Today, we celebrate not only the achievements of women but also their crucial role in decision-making processes. Women bring diverse perspectives, innovative ideas, and empathy to the table, enriching discussions and leading to more inclusive outcomes. As we advocate for gender equality, let's recognize the importance of women's voices in shaping policies, businesses, and communities for the betterment of all. Join us in championing women's empowerment and their vital role in creating a brighter future! #InternationalWomensDay #EHSMyanmar 💪🌟

👩‍🦰ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဆုံးဖြတ်ပိုင်ခွင့်များတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍ မည်မျှအရေးကြီးပါသနည်း။ ဘာကြောင့်လဲဆ
👩‍🦰ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဆုံးဖြတ်ပိုင်ခွင့်များတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍ မည်မျှအရေးကြီးပါသနည်း။ ဘာကြောင့်လဲဆိုတာ comment မှာဖြေပေးသွားပါဦးနော်။ 👇 #EHSMyanmar #womenday #environmental #sustainabledevelopment #decisionmakingpower

🐑မွန်ဂိုလီးယားနိုင်ငံတွင် "dzud" ဟုခေါ်သည့် ပြင်းထန်သော ဆောင်းရာသီဒါဏ်ကြောင့် မွေးမြူရေးတိရစ္ဆာန်အကောင်ရေပေါင်း(၂)သန်းကျော်
🐑မွန်ဂိုလီးယားနိုင်ငံတွင် "dzud" ဟုခေါ်သည့် ပြင်းထန်သော ဆောင်းရာသီဒါဏ်ကြောင့် မွေးမြူရေးတိရစ္ဆာန်အကောင်ရေပေါင်း(၂)သန်းကျော် သေဆုံးခဲ့ကြောင်းသိရှိရပါသည်။ Source: https://www.channelnewsasia.com/sustainability/mongolia-winter-animals-die-extreme-weather-herders-dzud-climate-change-4150021#:~:text=intensity%20of%20dzuds.-,Iklan,to%20survive%20the%20harsh%20winter. #EHSMyanmar #mongolia #extremeweathers #dzud

အသိပေးကြေငြာခြင်း📣 ---------------------------------- 🎯ကျွန်မတို့ EHS Myanmar Team Member များ၏ Email Hosting (@ehsmyanmar.
အသိပေးကြေငြာခြင်း📣 ---------------------------------- 🎯ကျွန်မတို့ EHS Myanmar Team Member များ၏ Email Hosting (@ehsmyanmar.org) များကို ယခင်အတိုင်း ပြန်လည်ဆက်သွယ်အသုံးပြုနိုင်ပြီဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါတယ်ရှင့်။ အဆင်မပြေမှုများရှိခဲ့သည့်အတွက်တောင်းပန်အပ်ပါသည်ရှင့် 🥰🙏 #EHSMyanmar #announcement #Email

photo content

ရေဓာတ်ပြည့်ဝနေစေဖို့ ရေများများသယ်သွားပါ။ အစိမ်းရောင်လေ့ကျင့်ခန်းလုပ်ဆောင်ခြင်းဖြင့် ကျွန်တော်တို့ဟာ ကျန်းမာကြံ့ခိုင်ရေးနဲ့ သဘာဝတရားရဲ့ စိတ်ကြည်လင်စေမှုကို ပေါင်းစပ်ပြီး နေ့စဉ်ဘဝရဲ့ လုပ်ဆောင်မှုတွေမှာ အပြောင်းအလဲကောင်းတွေ ဖြစ်ပေါ်လာစေနိုင်ပါတယ်။ ပန်းခြံထဲမှာ အေးအေးဆေးဆေး လမ်းလျှောက်တာ ဖြစ်စေ၊ တောအုပ်ထဲမှာ အပန်းဖြေခရီးထွက်တာမျိုး ဖြစ်စေ၊ အေးချမ်းသာယာတဲ့ ပန်းခြံထဲမှာ ယောဂကျင့်တာ၊ တရားထိုင်တာမျိုးဖြစ်စေ ... သဘာဝပတ်၀န်းကျင်မှာ အချိန်ကုန်တာက ခန္ဓာကိုယ်အတွက်ရော စိတ်အတွက်ပါ အကျိုးကျေးဇူးတွေ အများကြီးရှိပါတယ်။ အချုပ်အားဖြင့်ဆိုရရင် ... အစိမ်းရောင်လေ့ကျင့်ခန်းတွေက ကျွန်တော်တို့ရဲ့ စိတ်ကျန်းမာရေးကို မြှင့်တင်ပေးရုံသာမက ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုလည်း မြှင့်တင်ပေးပြီး ကျွန်တော်တို့ကို သဘာဝနဲ့ နီးစပ်စေပါတယ်။ ဒါကြောင့် အပြင်ထွက်ပြီး လတ်ဆတ်တဲ့လေကိုရှူရှိုက်ကာ လေ့ကျင့်ခန်းတွေ လုပ်ဆောင်ပြီး ကျန်းမာတဲ့ ဘဝနေထိုင်မှုပုံစံကို ပြောင်းလဲလိုက်ပါစို့။ ရေးသားသူ - မာရီယာ (EHS Myanmar) ကိုးကား - orlincohen.com --------------------------------------------------------------------------- Don't forget to follow us on Instagram - https://www.instagram.com/ehsmyanmar/ #EHSMyanmar #greenexercise #exercise #outdoorexercise

EHS Myanmar - إحصائيات وتحليلات قناة تيليجرام @ehsmyanmar