EHS Myanmar
Ir al canal en Telegram
This is an official channel of Environment, Health and Safety Myanmar (EHS Myanmar). Please visit www.ehsmyanmar.org for more information.
Mostrar más868
Suscriptores
Sin datos24 horas
+27 días
+230 días
Archivo de publicaciones
868
“Farm-to-Table” စနစ်က ခေတ်ရေစီးကြောင်းအရ ပေါ်ပေါက်လာတဲ့ trend တစ်ခု သက်သက်သာမဟုတ်ဘဲ ရေရှည်တည်တံ့တဲ့ စိုက်ပျိုးရေးဖြစ်လာဖို့လည်း အထောက်အကူပြုနေတဲ့ အရာတစ်ခု ဖြစ်ပါတယ်။ ရာသီအလိုက်ထွက်ရှိတဲ့ ခြံထွက်သီးနှံမျိုးစုံကို လတ်လတ်ဆတ်ဆတ် သုံးဆောင်ရတာဖြစ်တဲ့အတွက် အာဟာရပြည့်မီပြီး ကျန်းမာရေးနဲ့ ညီညွတ်စေမှာ အသေချာပါပဲ။ ဒါ့အပြင် ပြည်တွင်းက တောင်သူဦးကြီးတွေအတွက်လည်း အထောက်အပံ့ကောင်းတစ်ခု ဖြစ်စေပြီး နိုင်ငံတွင်းစီးပွားရေးကို မြှင့်တင်ပေးတဲ့ စနစ်တစ်ခုပါ။ ခြံထွက်ပစ္စည်းတွေကို ဝေးလံတဲ့ အရပ်ဒေသတွေကနေ သယ်ယူရတာ မဟုတ်တဲ့အတွက်ကြောင့် သယ်ယူပို့ဆောင်ရေးယာဉ်တွေကနေ ဖန်လုံအိမ်ဓာတ်ငွေ့ထွက်ရှိနှုန်းကိုလည်း လျော့ကျစေနိုင်တာကြောင့် သဘာဝပတ်ဝန်းကျင်အတွက်လည်း ကောင်းကျိုးတွေ ဖြစ်ပေါ်စေပါတယ်။
တိုးတက်လာတဲ့ခေတ်နဲ့အညီ စားသုံးသူတွေဟာလည်း အခုဆိုရင် သဘာဝထွက်ကုန် organic သီးနှံတွေ၊ ကျန်းမာရေးနဲ့ညီညွတ်တဲ့ လူနေမှုစနစ်ပုံစံတွေကို ပိုပြီးနှစ်ခြိုက်လာတဲ့အတွက်ကြောင့် “Farm-to-Table” စနစ်ဟာလည်း ယနေ့ခေတ်မှာ ပြောင်းလဲကျင့်သုံးသင့်တဲ့ အရာတစ်ခု ဖြစ်လို့နေပါပြီ။ မှန်မှန်ကန်ကန် စနစ်တကျသာ ဆောင်ရွက်မယ်ဆိုရင် အဖက်ဖက်ကနေ ကောင်းကျိုးတွေ အများကြီး ရရှိလာနိုင်တာဖြစ်လို့ “Farm-to-Table” စနစ် အောင်မြင်အောင် အတူပူးပေါင်းကြပါစို့။
ယွန်းနန္ဒာ (EHS Myanmar) မှ ရေးသားသည်။
ကိုးကား - WebstaurantStore, Lightspeed, Rutgers
----------------------------------------------------------------------------
Don't forget to follow us on Instagram - https://www.instagram.com/ehsmyanmar/
#EHSMyanmar #farmtotable #farmtofork #sustainablefarming #sustainableagriculture
868
စိုက်ခင်းမှသည် … စားပွဲပေါ်သို့
======================================
EHS Myanmar | 7.6.2023
ကျွန်တော်တို့ နေ့စဉ် ချက်ပြုတ်စားသောက်နေတဲ့ အစားအစာတွေကို ဈေးနဲ့ကုန်တိုက်တွေကနေ ဝယ်ယူရရှိကြတယ်ဆိုပေမယ့် တကယ့် ပင်ရင်းက ဘယ်နေရာက ရလဲဆိုတာ စဉ်းစားကြည့်ဖူးလား? ခေတ်တွေတိုးတက်လာတာနဲ့အမျှ လမ်းပန်းဆက်သွယ်ရေး လွယ်ကူလျင်မြန်လာတဲ့အလျောက် ပြည်တွင်းထုတ်ကုန်တွေသာမက ကမ္ဘာ့အနှံ့က တင်သွင်းရောင်းချတဲ့ အစားအသောက်တွေလည်း ပေါများလာတဲ့အပြင် အစားအသောက်ပိုင်းဆိုင်ရာ လုပ်ငန်းနယ်ပယ်တွေဟာလည်း တဖြည်းဖြည်း တိုးတက်ပြောင်းလဲလာပါတယ်။
ဒီလိုတိုးတက်ပြောင်းလဲလာတဲ့ ခေတ်ရေစီးကြောင်းမှာ "Farm-to-Table" ဆိုတဲ့ ဝေါဟာရသည်လည်း ဆိုရှယ်မီဒီယာကွန်ယက်တွေကတဆင့် တဖြည်းဖြည်းနဲ့ လူအများရဲ့ အာရုံစိုက်ခြင်းကို ခံလာရပါတယ်။ ဒါကြောင့် "Farm-to-Table" ဆိုတာ ဘာလဲ၊ ဘယ်လိုအကျိုးသက်ရောက်မှုတွေရှိသလဲဆိုတာနဲ့ ပတ်သက်ပြီး ယနေ့ဆောင်းပါးမှာ မျှဝေပေးချင်ပါတယ်။
"Farm-to-Table"
မြန်မာလို တိုက်ရိုက်ဘာသာပြန်ရရင်တော့ "စိုက်ခင်းမှသည် ... စားပွဲပေါ်သို့" လို့ အဓိပ္ပာယ်ရပြီး “Farm-to-Fork”, “Farm-to-Plate” ဆိုပြီးလည်း အမျိုးမျိုး ခေါ်ဝေါ်ကြပါတယ်။ "Farm-to-Table" ဆိုတဲ့ဝေါဟာရက ကျယ်ပြန့်တဲ့ အသုံးအနှုန်းဖြစ်ပေမယ့် ယေဘုယျအားဖြင့် ကျွန်တော်တို့ နေ့စဉ်စားသောက်နေတဲ့ အစားအစာတွေနဲ့ စိုက်ပျိုးမွေးမြူရေးခြံတွေကြားက ဆက်နွှယ်မှုကို အသားပေးရည်ညွှန်းတာ ဖြစ်ပါတယ်။
ပုံမှန်ဆိုရင် စားသောက်ဆိုင်တွေက ဟင်းပွဲတွေအတွက် လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေကို ပြည်ပက တင်သွင်းတာမျိုးရှိသလို တခြားဝေးလံတဲ့ဒေသတွေကနေ သယ်ယူရတာမျိုးလည်း ရှိကြပါတယ်။ ဒီလို သယ်ယူရတဲ့အခါမှာ တာရှည်ခံအောင် အသီးအနှံတွေကိုဆိုရင် မရင့်မှည့်ချိန်မှာ ခူးကြရတယ်။ အသား၊ ငါးတွေဆိုရင်လည်း အေးခဲနေအောင် ရေခဲရိုက်ပြီး သယ်ကြရတယ်။ ရလဒ်အနေနဲ့ကတော့ အရသာပေါ့ရွှတ်ပြီး အာဟာရမပြည့်မီတဲ့ အစားအစာတွေ ဖြစ်လာတော့တာပေါ့။
“Farm-to-Table” စနစ်မှာတော့ စားသောက်ဆိုင်တွေအနေနဲ့ ပြည်ပက တင်သွင်းတဲ့ ကုန်ပစ္စည်းတွေအစား ပြည်တွင်းက စိုက်ပျိုးမွေးမြူရေးခြံတွေကနေ တိုက်ရိုက်ဝယ်ယူတာကို ဆိုလိုပါတယ်။ ခြံတွေကနေ တိုက်ရိုက်ဝယ်ယူခြင်းအားဖြင့် စားသောက်ဆိုင်တွေအနေနဲ့ လယ်ယာထွက်ကုန်တွေရဲ့ အရည်အသွေးနဲ့ လတ်ဆတ်မှုကို စိတ်ချရပြီး လယ်ပိုင်ရှင်တွေအနေနဲ့လည်း မိမိတို့ခြံထွက်ပစ္စည်းတွေအတွက် ယုံကြည်စိတ်ချရတဲ့ ဈေးကွက်တစ်ခု ရရှိလာကာ အကျိုးအမြတ်တွေ ပိုမိုရရှိလာနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဟင်းသီးဟင်းရွက်၊ အသီးအနှံတွေကို စိုက်ခင်းကနေ လတ်လတ်ဆတ်ဆတ် ခူးယူပြီးတာနဲ့ တပြိုင်နက် စားဖိုမှူးတွေက ပြင်ဆင်ချက်ပြုတ်ကာ လယ်ထဲမှာတင် အစားအသောက် တည်ခင်းဧည့်ခံတဲ့ပုံစံအဖြစ်လည်း “Farm-to-Table” စနစ်ကို ကျင့်သုံးလေ့ရှိကြပါတယ်။ ဒါကြောင့် “Farm-to-Table” စနစ်က စားသောက်ဆိုင်တွေအတွက်ရော တောင်သူတွေအတွက်ပါ နှစ်ဦးနှစ်ဖက် အကျိုးရှိစေတယ်လို့ ဆိုနိုင်ပါတယ်။
"Farm-to-Table" ဖြစ်ပေါ်လာပုံ
မြို့ပြလူနေမှုစနစ်တွေ တိုးတက်ချဲ့ထွင်လာတာနဲ့အမျှ အသား၊ ငါး၊ ဟင်းသီးဟင်းရွက်တွေဆိုတာလည်း နေရာအနှံ့ကို ယာဉ်ရထားတွေနဲ့ သယ်ယူပို့ဆောင်မှုတွေ ပြုလုပ်လာရပါတော့တယ်။ 1950 ကာလတစ်လျှောက်မှာတော့ တာရှည်ခံအောင် ရေခဲရိုက်ထားတဲ့ အသား၊ ငါးတွေနဲ့ စည်သွပ်ဘူးလို ပြုပြင်ဖန်တီးထားတဲ့ အစားအသောက်တွေ တစ်ဟုန်ထိုး ခေတ်စားလာခဲ့ပြီး ထိုအရာက “Farm-to-Table” လှုပ်ရှားမှု စတင်ပေါ်ပေါက်လာစေတဲ့ သမိုင်းအရင်းအမြစ် ဖြစ်လာပါတော့တယ်။ 1971 ခုနှစ်က အမေရိကန်နိုင်ငံ၊ California ပြည်နယ်၊ Berkeley မြို့မှာ ဖွင့်လစ်ခဲ့တဲ့ Chez Panisse စားသောက်ဆိုင်ဟာဆိုရင် “Farm-to-Table” စနစ်ကို စတင်ကျင့်သုံးခဲ့တဲ့ ပထမဆုံး စားသောက်ဆိုင် ဖြစ်ပါတယ်။ ထိုအချိန်ကစပြီး “Farm-to-Table” movement က အလွန်ရေပန်းစားတဲ့ အကြောင်းအရာတစ်ရပ်ဖြစ်လာပြီး “Farm-to-Table” စနစ်ကျင့်သုံးတဲ့ စားသောက်ဆိုင်တွေဟာလည်း ကမ္ဘာအနှံ့ ပေါ်ပေါက်လာပါတော့တယ်။
"Farm-to-Table" ၏ ကဏ္ဍလေးခု
🌾 Food Security - တစ်ဦးတစ်ယောက်ချင်းစီရဲ့ အစားအသောက်ဖူလုံရေးအတွက်သာမက community တစ်ခုလုံး အထူးသဖြင့် ဝင်ငွေနည်းပါးတဲ့မိသားစုတွေရဲ့ စားနပ်ရိက္ခာဖူလုံရေးအတွက်ပါ အထောက်အပံ့ပေးနိုင်ခြင်း
🌾 Food Proximity - food system တစ်ခုလုံးတွင် ပါဝင်နေသူများ “လယ်သမားများ၊ ဖြန့်ချိသူများ၊ စားသောက်ဆိုင်များနှင့် စားသုံးသူများ” ကြားက ဆက်နွှယ်မှုကို ပိုမိုနီးစပ်ခိုင်မာလာစေခြင်း
🌾 Self-reliance - ကိုယ်စားသုံးနေတဲ့ အစားအစာတွေ ဘယ်ကရသလဲ၊ ဘယ်လိုစိုက်သလဲဆိုတာကစလို့ food system တစ်ခုလုံးရဲ့ အရေးပါမှုတွေကို သိမြင်လာနိုင်ခြင်း
🌾 Sustainability - စိုက်ပျိုးချိန်မှစ၍ စားသုံးသူလက်ထဲ ရောက်သွားသည့်တိုင်အောင် အလေအလွင့်နည်းပါးပြီး သဘာဝအရင်းအမြစ်ကိုလည်း ထိခိုက်မှုမရှိစေခြင်း
"Farm-to-Table" က ဘယ်လိုအကျိုးသက်ရောက်မှုတွေ ရှိသလဲ?
868
🐠 Happy Coral Triangle Day! 🌊🌴
Today, we dive into the vibrant and awe-inspiring world of the Coral Triangle, a haven of marine biodiversity and natural wonders. It's a day to celebrate the importance of this incredible region and raise awareness about its conservation. 🌍💙
🐠 Coral Triangle Day is a reminder of the critical role that coral reefs play in supporting marine life and providing livelihoods for millions of people. Let's come together to protect and preserve these fragile ecosystems for generations to come. 🐚🌿
🌊 The Coral Triangle is home to over 600 species of coral, thousands of fish species, and numerous endangered marine species. By embracing sustainable practices, supporting marine protected areas, and reducing pollution, we can ensure the health and resilience of these remarkable ecosystems. 🐬💪
🌴 On this Coral Triangle Day, let's celebrate the beauty of coral reefs, advocate for their conservation, and pledge to make a difference. By taking action today, we can protect this underwater paradise and ensure its survival for future generations. 🌊💙
#CoralTriangleDay #ProtectOurReefs #MarineConservation #PreserveBiodiversity
868
🌊 Happy World Oceans Day 2023! 🐠🐋
Today, we come together to celebrate the wonders of our vast oceans and raise awareness about their critical role in sustaining life on Earth. 🌍💙
🌊 Our oceans are home to incredible biodiversity, provide us with food, oxygen, and regulate our climate. On this World Oceans Day, let's renew our commitment to protect and preserve these invaluable resources for future generations. 🐚🌿
🌍 Together, we can make a difference! Join hands to combat plastic pollution, promote sustainable fishing practices, and conserve marine habitats. Let's inspire change, foster ocean literacy, and create a brighter future for our oceans and the species that call them home. 🐬🌎
🌊 This World Oceans Day, let's dive into action! Whether it's participating in beach clean-ups, supporting marine conservation organizations, or spreading awareness about the importance of ocean preservation, every small step counts. 🌊💪
🐠 Let's protect and restore our oceans, because their health is vital to the health of our planet. Together, we can ensure that future generations can enjoy the beauty and abundance of our oceans for years to come. 🌊💙
#EHSMyanmar #WorldOceansDay #ProtectOurOceans #SustainableLiving #OceanConservation
868
🍽️ Happy Food Safety Day 2023! 🌱
Today, we celebrate the importance of safe and healthy food for all. 🥦💚
🌍 Food Safety Day reminds us to be mindful of what we consume and the impact it has on our well-being. It's a day to raise awareness about proper food handling, storage, and preparation to prevent illnesses and ensure the highest standards of safety. 🍎🔒
🌱 This year, let's focus on empowering ourselves with knowledge and practices that promote food safety. From farm to fork, let's embrace hygiene, avoid food waste, and make sustainable choices to protect our health and the environment. 🌿🌍
🍽️ Together, we can create a world where everyone has access to safe and nutritious food. Let's support local farmers, choose organic options, and advocate for transparent food supply chains. By doing so, we contribute to the well-being of our communities and the planet. 🌎💪
🥦 On this Food Safety Day, let's celebrate good food practices, raise awareness, and promote a culture of food safety. Remember, our choices today shape the future of our health and the well-being of our planet. 🌱💙
#EHSMyanmar #FoodSafetyDay #SafeFoodForAll #SustainableLiving #HealthyEating
868
World Environment Day, 2023 campaign မှာ ပါဝင်ပြီး Certificate ရယူလိုက်ရအောင် 🌱
ဒီနေ့ဟာ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ ( World Environment Day ) ဖြစ်ပါတယ်။ 1973 ခုနှစ်ကတည်းက စတင်ကျင်းပလာခဲ့တဲ့ World Environment Day ဟာ အခုဆိုရင် နှစ်ငါးဆယ်ပြည့်သွားပါပြီ။ ယခုနှစ် "World Environment Day" ၏ ဆောင်ပုဒ်မှာ "ပလပ်စတစ်ညစ်ညမ်းမှုကို အတူပူးပေါင်းနှိမ်နင်းစို့ - Beat Plastic Pollution" ဖြစ်ပါတယ်။
World Environment Day ကို ဂုဏ်ပြုသောအားဖြင့် ကျွန်တော်တို့ EHS Myanmar မှ United Nations Environment Programme (UNEP), World Environment Day Organization တို့နှင့် ပူးပေါင်း၍ ယခု Online Campaign ကို ပြုလုပ်ရခြင်းဖြစ်ပါတယ်။
Campaign မှာ ပါဝင်ပြီး Certificate ရရှိဖို့ ဘာတွေလုပ်ဆောင်ရမလဲ?
🌱 ဖော်ပြထားတဲ့ Google form link မှတစ်ဆင့် "ပလပ်စတစ်ညစ်ညမ်းမှုဆိုင်ရာပြဿနာများအတွက် အဖြေရှာခြင်း" နဲ့ ပတ်သက်တဲ့ မေးခွန်းလေးတွေကို ၁၀မှတ် နဲ့ အထက် ရရှိအောင်ဖြေဆိုပေးရပါမယ်။
https://forms.gle/hN9TPJko3gLV6PpY7
🌱 ယခု post ကို မိမိတို့ရဲ့ Facebook platform မှာ public နဲ့ share ပေးရပါမယ်။ share တဲ့ အခါမှာ #EHSMyanmar #WorldEnvironmentDay #BeatPlasticPollution ဆိုတဲ့ hashtag လေးတွေကို ထည့်သွင်းရေးသားပြီး share ပေးရပါမယ်။
🌱Share ထားကြောင်း Screenshot နဲ့အတူ Quiz ဖြေဆိုထားတဲ့ Score ရမှတ် Screenshot ကို EHS Myanmar - Page messenger တွင် လာရောက် ပေးပို့ထားနိုင်ပါတယ်။
အထက်ပါ သတ်မှတ်ချက်များနှင့် အညီ campaign တွင် ပါဝင်ထားသူများကို EHS Myanmar နှင့် World Environment Day Organization တို့မှ ပေးအပ်တဲ့ certificate ကို ၂ရက်အတွင်း Email မှတစ်ဆင့် ပေးပို့သွားမှာ ဖြစ်ပါတယ်။
ယခု campaign ကို 5 June - 10 June အထိသာ ပြုလုပ်မှာ ဖြစ်တဲ့အတွက် အမြန်ဆုံးပါဝင်ပေးကြဖို့ တိုက်တွန်းပါရစေ။
အားလုံးပဲ World Environment Day, 2023 ကို ဂုဏ်ပြုသောအားဖြင့် ဤ campaign လေးမှာ ပါဝင်ရင်း ပလပ်စတစ်ညစ်ညမ်းမှုကို လျှော့ချကာ စိမ်းလန်းသော ကမ္ဘာမြေ ဖြစ်ပေါ်လာစေဖို့ တစ်ထောင့်တစ်နေရာကနေ ပါဝင်လိုက်ကြရအောင်။
-----------------------------------------------------------------------------------------
Don't forget to follow us on Instagram - https://www.instagram.com/ehsmyanmar/
#EHSMyanmar #WorldEnvironmentDay #WorldEnvironmentDay_Myanmar #WorldEnviornmentDay2023 #BeatPlasticPollution #SolutionstoPlasticPollution
868
🌍 Happy World Environment Day 2023! 🌿
Today, let's come together to celebrate our beautiful planet and renew our commitment to preserving its wonders for generations to come. 🌎💚
🌱 It's time to reconnect with nature, appreciate its gifts, and take action to protect our environment. Let's embrace sustainable practices, reduce our carbon footprint, and make eco-conscious choices in every aspect of our lives. 🌿
🌍 Together, we can make a difference! Join hands to plant trees, clean up our surroundings, and raise awareness about the importance of environmental conservation. Small steps, when taken collectively, can create a profound impact. 🌳💪
🌎 This World Environment Day, let's inspire change, foster environmental stewardship, and create a greener, healthier planet for all. Remember, it's not just about a day—it's a lifelong commitment to safeguarding the Earth we call home. 🌍💙
#EHSMyanmar #BeatPlasticPollution #WorldEnvironmentDay #TogetherForNature #SustainableLiving #ProtectOurPlanet
868
ဇွန်လ (၅) ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ (World Environment Day) ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျွန်တော်တို့ EHS Myanmar မှ Online Campaign တစ်ခု လုပ်ဆောင်သွားမှာဖြစ်ပါတယ်။
ကျွန်တော်တို့ မှီတင်းနေထိုင်ရာ ကမ္ဘာမြေကြီးကို ထိန်းသိမ်းစောင့်ရှောက်ရန်အလို့ငှာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းစဉ်များကို ကမ္ဘာနှင့်တစ်ဝန်း အတူပူးပေါင်းဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ နှစ်စဉ် ဇွန်လ (၅) ရက်နေ့၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ (World Environment Day) ကို ကျင်းပလျက်ရှိပါတယ်။ ယခုနှစ် "World Environment Day" ၏ ဆောင်ပုဒ်မှာ "ပလပ်စတစ်ညစ်ညမ်းမှုကို အတူပူးပေါင်းနှိမ်နင်းစို့ - Beat Plastic Pollution" ဖြစ်ပါတယ်။
ကျွန်တော်တို့ EHS Myanmar အနေဖြင့်လည်း United Nations Environment Programme (UNEP) နှင့် World Environment Day Organization ၏ လမ်းညွှန်ချက်များနှင့်အညီ "ပလပ်စတစ်ညစ်ညမ်းမှုဆိုင်ရာပြဿနာများအတွက် အဖြေရှာခြင်း" ပညာရပ်များအကြောင်းကို လူထုအသိပညာပေးနိုင်ဖို့အပြင် လူထုစိတ်ဝင်စားမှုမြင့်တက်စေရန်နှင့် လူတိုင်းပါဝင်လာစေရန် ရည်ရွယ်၍ Online Campaign တစ်ခု တွဲဖက်လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ထို Campaign တွင်ပါဝင်သူများကို World Environment Day Organization နှင့် EHS Myanmar တို့၏ Certificate of Participation များ ပေးအပ်သွားမှာဖြစ်ပါတယ်။ ဒါကြောင့် EHS Myanmar Facebook Page မှာ စောင့်မျှော်နားစွင့်ပေးကြပါဦးနော်။
-----------------------------------------------------------------------------------------
Don't forget to follow us on Instagram - https://www.instagram.com/ehsmyanmar/
#EHSMyanmar #WorldEnvironmentDay #WorldEnvironmentDay_Myanmar #WorldEnviornmentDay2023 #BeatPlasticPollution #SolutionstoPlasticPollution
868
EHS Myanmar's Monthly Theme: What is it for June?
--------------------------------------------------
🇲🇲 EHS Myanmar မှ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသောဖွံ့ဖြိုးတိုးတက်မှုပန်းတိုင် (Sustainable Development Goals) များကို အထောက်အကူပြုစေရန် ရည်ရွယ်၍ တစ်လနှင့်တစ်လ မတူညီသော ခေါင်းစဥ် (Theme)များကို အလှည့်ကျဖြင့် Knowledge Sharing များ ပြုလုပ်ပေးနေပါသည်။
⛰ မိုးရာသီရောက်ပြီဖြစ်တဲ့အတွက် မိုးကိုအားကိုးရတဲ့ တောင်သူလယ်သမားဦးကြီးဒေါ်ကြီးတို့အတွက် အရေးပါလှတဲ့စိုက်ပျိုးရေးကဏ္ဍတွင် ရေရှည်တည်တံ့ခိုင်မြဲသောစိုက်ပျိုးမွေးမြူရေးစနစ်ဖြစ်လာစေရန် ယခုဇွန်လအတွက် "Farm to Table" Theme ကိုရွေးချယ်ထားပါသည်။
🏭 "Farm to Table June" ၏ ရည်ရွယ်ချက်ကတော့ ရေရှည်တည်တံ့သော စိုက်ပျိုးရေးစနစ် တွင်ကျယ်လာစေရန်၊ ဒေသစားနပ်ရိက္ခာစနစ်များနှင့် မွေးမြူရေးခြံမှ စားသုံးသူများ၏ စားပွဲသို့ အစားအသောက်များ ရောက်ရှိလာသည့် အဆင့်တခုချင်းဆီတွင် ရေရှည်တည်တံ့သောစိုက်ပျိုးရေးစနစ် မွေးမြူရေးစနစ်ဖြစ်လာစေရန်သာမက စားသုံးမည့်သူတို့၏ကျန်းမာရေးအပေါ်သက်ရောက်မှု တို့အပြင် Food Safety စသည့်အသိပညာများနှင့် နားလည်မှု မြှင့်တင်နိုင်ရန်ရည်ရွယ်ကာ ပညာပေးဆောင်းပါးများ နည်းပညာဆောင်းပါးများရေးသားမျှဝေခြင်း၊ သင်တန်းများမျှဝေခြင်း နှင့် စာအုပ်ကောင်းများဝေမျှခြင်းတို့ကိုလဲပြုလုပ်ပေးသွားပါမည်။
✌️ Farm to Table June နှင့်ပတ်သတ်ပြီး စိတ်ဝင်စားလို့ လေ့လာသင်ယူချင်တယ်ဆိုရင်တော့ EHS Myanmar page ကို see first လုပ်ထားဖို့မမေ့ပါနဲ့ဦး။
-----------------------------------------------------------------------
"𝙂𝙖𝙞𝙣𝙞𝙣𝙜 𝙠𝙣𝙤𝙬𝙡𝙚𝙙𝙜𝙚 𝙞𝙨 𝙩𝙝𝙚 𝙛𝙞𝙧𝙨𝙩 𝙨𝙩𝙚𝙥 𝙩𝙤 𝙬𝙞𝙨𝙙𝙤𝙢. 𝙎𝙝𝙖𝙧𝙞𝙣𝙜 𝙞𝙩 𝙞𝙨 𝙩𝙝𝙚 𝙛𝙞𝙧𝙨𝙩 𝙨𝙩𝙚𝙥 𝙩𝙤 𝙝𝙪𝙢𝙖𝙣𝙞𝙩𝙮."
Don't forget us to follow us on instagram - https://www.instagram.com/ehsmyanmar/
#EHSMyanmar #GreenFarm #SustainabileFarm #FoodSafety #HumanHealth #June #SDG
868
🌍✨ On upcoming World Environment Day 2023, we've proudly changed our Facebook profile to show my dedication to protecting our precious planet. Together, let's raise awareness, inspire action, and make sustainable choices to create a brighter future for generations to come. Join us in celebrating nature's beauty and committing to a greener, more sustainable world.
#EHSMyanmar #WorldEnvironmentDay #ChangeForGood #SustainableFuture #Beatplasticspollution #2023
868
Happy World Parrot Day! May 31 🦜🌴🌺
----------------------------------------------
Today, we celebrate these colorful and intelligent birds and their important role in maintaining healthy ecosystems. Let's take action to protect parrots from habitat loss, poaching, illegal trade, and other threats. Join us in raising awareness and promoting conservation efforts to ensure a brighter future for these amazing creatures.
#EHSMyanmar #WorldParrotDay #ParrotConservation #Biodiversity #HabitatProtection #wildlifetrade
