es
Feedback
EHS Myanmar

EHS Myanmar

Ir al canal en Telegram

This is an official channel of Environment, Health and Safety Myanmar (EHS Myanmar). Please visit www.ehsmyanmar.org for more information.

Mostrar más
934
Suscriptores
Sin datos24 horas
+47 días
+730 días
Archivo de publicaciones
photo content

🌐ဇွန် (၅) ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ (World Environment Day 2024) ကိုဂုဏ်ပြုသောအားဖြင့် EHS Myanmar မှ "Sustainability 101" Virtual Bootcamp ကိုပြုလုပ်သွားမှာဖြစ်ပါတယ်။ ♻ဇွန်လ (၆) ရက်နေ့မှ (၉) ရက်နေ့အထိဖြစ်ပြီး Group Project Presentation ကို ဇွန်လ (၁၄) ရက်နေ့ ဖြစ်ပြီး အချိန်ကတော့ ညနေ ၆း၃၀ မှ ၈း၀၀ အထိဖြစ်ပါတယ်။ 🎓ဒီ Bootcamp ရဲ့ Day 1 အဖြစ် ဇွန်လ (၆) ရက်နေ့မှာ သင်ကြားပေးမယ့် Trainer နဲ့မိတ်ဆက်ပေးချင်ပါတယ်။ ✒ဆရာဦးစည်သူလွင်ဖြစ်ပါတယ်။ ✒ဆရာက "ငါတို့ရဲ့အမွေ၊ ငါတို့ရဲ့အနာဂတ်" ခေါင်းစဉ်ဖြင့်သင်ကြားပြသသွားမှာဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ရဲ့ Theme ဖြစ်တဲ့ "Land restoration, Desertification, and Drought resilience" နဲ့အညီ သစ်တောသစ်ပင်ထိန်းသိမ်းခြင်း၊ မြေယာပြန်လည်ထူထောင်ခြင်း နှင့် မိုးခေါင်ခြင်းတို့ကိုခံနိုင် ရှည်ရှိခြင်းတို့နှင့်ဆက်စပ်သည့် အကြောင်းအရာများကိုသင်ကြားသွားမှာပါ။ 🌐ဆရာ့ရဲ့ ကိုယ်ရေးအတ္ထုပ္ပတ္တိ အနေဖြင့် - - ၁၉၉၂ သစ်တောတက္ကသိုလ်၊ရေဆင်းမှ သစ်တောသိပ္ပံဘွဲ့ရခဲ့ - ၁၉၉၂ မှ ၁၉၉၅ ထိ တောအုပ်ကြီးရာထူးဖြင့် သစ်တောဦးစီးဌာန၊ ကျောက်ဖြူမြို့နယ်နှင့် အမ်းမြို့နယ်တို့တွင် ကျွန်းအထူးစိုက်ခင်းထူထောင်ခြင်းလုပ်ငန်းကို အဓိကဆောင်ရွက်ခဲ့ - ၁၉၉၆ မှ ၁၉၉၈ ထိ UNDP/FAO/MYA/008/Mangrove Project တွင် သစ်တောကျွမ်းကျင်သူအဖြစ် Community Forests ထူထောင်ခြင်းလုပ်ငန်းကို ကျေးရွာလူထုများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ - ၁၉၉၈ မှ ၂၀၀၀ အထိ FREDA Local NGO တွင် သစ်တောကျွမ်းကျင်သူအဖြစ် ဒီရေတောစိုက်ခင်းထူထောင်ခြင်းလုပ်ငန်း၊ သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်းလုပ်ငန်း၊ ကျားစာရင်းကောက်ယူခြင်းနှင့် ကျားထိန်းသိမ်းရေးလုပ်ငန်း တာဝန်များကိုထမ်းဆောင်ခဲ့ - ၂၀၀၈၊ နာဂစ်မုန်တိုင်းအလွန်ကာလမှ ယနေ့အထိ သစ်တောနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းခြင်းဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို INGOs, NGOs နှင့် အရပ်ဘက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေ - ၂၀၀၈၊ နာဂစ်မုန်တိုင်းအလွန်ကာလမှ ယနေ့အထိ ကလောင်အမည် ကိုရင်လှ ဖြင့် သစ်တောနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဆောင်းပါးများကို ရေးသားနေ၊ စာအုပ်များထုတ်ဝေနေ - အခြေခံပညာအဆင့် ကျောင်းသူကျောင်းသားများ၊ အခြေခံပညာအဆင့် ကျောင်းသူကျောင်းသားများကို ပညာသင်ကြားပေးနေကြသော ဆရာ ဆရာမများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ပြည်တွင်း ပြည်ပ NGO များ၏ စီမံကိန်းဝန်ထမ်းများ၊ စီမံကိန်းဧရိယာများရှိ ဒေသခံပြည်သူများကို သစ်တောနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အကြောင်းအရာများကို သင်တန်းပို့ချပေးနေ ♦Bootcamp ကို ဘယ်သူတွေ လျှောက်ထားလို့ရသလဲ။ - အသက် (၁၆) နှစ် နဲ့ အသက် (၂၁)နှင့်အောက် ဖြစ်ရပါမယ်။ - အနည်းဆုံးအထက်တန်းပညာအဆင့်ရှိရပါမယ်။ - ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ် နှင့် မကွေးတိုင်းမှ ဒေသခံလူငယ်တွေ ကိုဉီးစားပေးလက်ခံသွားပါမယ်။ - Bootcamp ပြီးသွားလျှင် ကိုယ့်ဒေသအတွက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းတွေမှာတက်စွမ်းသမျှ ပါဝင်ပါမယ်လို့ ကတိပြုနိုင်သူဖြစ်ရပါမယ်။ ဒီလေးချက်နဲ့ကိုက်ညီရင်တော့ အခုပဲ လျှောက်ထားလို့ရပါပြီ။ 📣Bootcamp ကို ဘယ်လို register လုပ်ရမလဲ။ ဒီ Google Form မှာ သေချာဖြည့်ရပါမယ် - https://docs.google.com/forms/d/e/1FAIpQLScSGpDPoeHyJUifpeCFpNZiH-GrfkBHT8fdJ5S6hadu-KZ_6A/viewform?usp=sf_link 📣လူအရေအတွက်ကန့်သတ်ထားတဲ့အတွက် ဇွန်လ (၃) ရက်နေ့အမှီ စာရင်းသွင်းဖို့မမေ့ပါနဲ့နော်။ ‼Bootcamp အသေးစိတ်ကိုဒီမှာဖတ်ရှုပါ။ https://www.facebook.com/ehsmyanmar/posts/pfbid02HGB37hfuGPTEmki4SZveng8m5FUAsmWYmVgXZtXgRmavMoVFJvEfNLobApCa3Ta6l ----------------------------------------------------------------------- Please subscribe to our YouTube Channel - https://www.youtube.com/@EHSMyanmar #EHSMyanmar #worldenvironmentday #sustainability101 #bootcamp #myanmar #GenerationRestoration

photo content

အားလုံးစောင့်မျှော်နေကြတဲ့ World Environment Day 2024 Event လာပါပြီ။ ------------------------------------------------------------------------------------------ 📌ဇွန် (၅) ရက်နေ့တွင်ကျရောက်မည့် ၂၀၂၄ ခုနှစ်ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ ကိုဂုဏ်ပြုသောအားဖြင့် EHS Myanmar မှ event ပုံစံအသစ်တစ်ခုစီစဉ်ထားပါတယ်။ 📍ဒါကတော့ "Sustainability 101" လို့အမည်ပေးထားတဲ့ Virtual Bootcamp ပဲဖြစ်ပါတယ်။ 🎯ထို Bootcampရဲ့ ထူးခြားချက်များကတော့ - ၁။ ဒီevent က EHS Myanmar မှပထမဦးဆုံးအကြိမ်အဖြစ်ပြုလုပ်တဲ့ Virtual Bootcamp ဖြစ်ပါတယ်။ ၂။ EHS Myanmar ရဲ့ "Sustainability 101" ကဆိုလျှင် UNEP တွင် မြန်မာနိုင်ငံ၏ ပထမဆုံးနှင့်တရားဝင်မှတ်ပုံတင်ထား တဲ့ Event တစ်ခုဖြစ်ပါတယ်။ ၃။ EHS Myanmar မှာ တခါမှဆွေးနွေးသင်ကြားပေးဖူးခြင်းမရှိသေးတဲ့ Topic တွေကို Trainer တွေကသင်ကြားသွားမှာဖြစ်ပါတယ်။ 🎓Bootcamp မှာ ဘယ်သူတွေသင်မှာလဲ။ ဆရာဦးစည်သူလွင်၊ ဆရာမဒေါက်တာလွင်လွင်ဝေ၊ ဆရာဒေါက်တာကောင်းထက်စွမ်း နှင့် ဆရာမဒေါ်စုလှိုင်တင့်တို့က Trainer တွေအဖြစ်သင်ကြားပေးမှာဖြစ်ပါတယ်။ Trainer တစ်ယောက်ချင်းဆီရဲ့ Bio၊ သင်ကြားမည့်ခေါင်းစဉ်တွေ နဲ့ ကျွမ်းကျင်မှုနယ်ပယ်တွေကို နောက်ပိုင်းအသေးစိတ် postတင်ပေးသွားပါမယ်။ 🍀Bootcamp အမျိုးအစားကဘယ်လိုလဲ။ စာသင်ကြားမှု (၅၀) ရာခိုင်နှုန်း၊ အမေးအဖြေနှင့်ဆွေးနွေးမှု (၃၃.၃) ရာခိုင်နှုန်း နှင့် Group Project (၁၆.၇) ရာခိုင်နှုန်း။ ✒️Bootcamp ကို ဘယ်သူတွေ လျှောက်ထားလို့ရသလဲ။ - အသက် (၁၆) နှစ် နဲ့ အသက် (၂၁)နှင့်အောက် ဖြစ်ရပါမယ်။ - အနည်းဆုံးအထက်တန်းပညာအဆင့်ရှိရပါမယ်။ - ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ် နှင့် မကွေးတိုင်းမှ ဒေသခံလူငယ်တွေ ကိုဉီးစားပေးလက်ခံသွားပါမယ်။ - Bootcamp ပြီးသွားလျှင် ကိုယ့်ဒေသအတွက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းတွေမှာတက်စွမ်းသမျှ ပါဝင်ပါမယ်လို့ ကတိပြုနိုင်သူဖြစ်ရပါမယ်။ ဒီ(၄) ချက်နဲ့ကိုက်ညီရင်တော့ အခုပဲ လျှောက်ထားလို့ရပါပြီ။ ‼️Bootcamp ကို ဘယ်လို register လုပ်ရမလဲ။ ဒီ Google Form မှာ သေချာဖြည့်ရပါမယ် - https://docs.google.com/forms/d/e/1FAIpQLScSGpDPoeHyJUifpeCFpNZiH-GrfkBHT8fdJ5S6hadu-KZ_6A/viewform?usp=sf_link 🌐လူအရေအတွက်ကန့်သတ်ထားတဲ့အတွက် ဇွန်လ (၂) ရက်နေ့အမှီ စာရင်းသွင်းဖို့မမေ့ပါနဲ့နော်။ ♦️"Sustainability 101" Virtual Bootcamp က ဇွန်လ (၆) ရက်နေ့မှ (၉) ရက်နေ့အထိဖြစ်ပြီး Group Project Presentation ကို ဇွန်လ (၁၄) ရက်နေ့မှာလုပ်ရမှာဖြစ်ပါတယ်။ အချိန်ကတော့ ညနေ ၆း၃၀ မှ ၈း၀၀ အထိဖြစ်ပါတယ်။ 📣Bootcamp မှာပြီးမြောက်အောင်မြင်သွားတဲ့သူတွေက Certificate of Achievment (CoA) ရရှိမှာဖြစ်ပြီး EHS Myanmar မှာ Intern ဆင်းနိုင်မည့်အခွင့်အရေးလဲရမှာဖြစ်ပါတယ်။ --------------------------------------------------------------------------- Don't forget to follow us on Instagram - https://www.instagram.com/ehsmyanmar/ #EHSMyanmar #worldenvironmentday #sustainability101 #bootcamp #myanmar #landrestoration #desertification #droughtresilience

photo content

ဥယျာဉ်ထဲမှာ အချိန်ကုန်ဆုံးခြင်းက စိတ်ဖိစီးမှုတွေကို ပြေပျောက်စေပြီး အနားယူဖို့ အကောင်းဆုံးနည်းလမ်းတစ်ခုပါပဲ။ သဘာဝနဲ့ ထိတွေ့ခြင်းက စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို မြှင့် တင်ပေးရုံသာမက ခန္ဓာကိုယ်ပိုင်းဆိုင်ရာကျန်းမာရေးကိုလည်း ပိုမိုကောင်းမွန်လာစေပါတယ်။ ကဲ ... ဒါဆို ဘာကိုစောင့်နေတာလဲ။ အခုပဲ အိမ်တွင်းဥယျာဉ်တစ်ခု ဖန်တီးရင်း များပြားလှတဲ့ အကျိုးကျေးဇူးတွေကို စတင်ခံစားလိုက်ပါ။ ရေးသားသူ - မာရီယာ (EHS Myanmar) ကိုးကား - urbanmali.com --------------------------------------------------------------------------- Don't forget to follow us on Instagram - https://www.instagram.com/ehsmyanmar/ #EHSMyanmar #indoorgardening #indoorgarden #gardening #naturetherapy #urbangardening

စိတ်ပင်ပန်းမှုတွေ ပြေပျောက်ပြီး အပန်းပြေဖို့ အိမ်တွင်းအိုအေစစ်တစ်ခု ဖန်တီးရအောင်! ----------------------------------------------- EHS Myanmar | 25.5.2024 အိမ်တွင်းဥယျာဉ်စိုက်ပျိုးခြင်းဆိုတာ ကျွန်တော်တို့နေထိုင်ရာ အိမ်၊ အဆောက်အဦးအတွင်းမှာ သဘာဝတရားကို ဆောင်ကြဉ်းပေးနိုင်ရုံသာမကဘဲ လေထုအရည်အသွေး ကောင်းမွန်လာခြင်း၊ စိတ်ဖိစီးမှုကို လျော့ကျစေခြင်း၊ ပိုမိုကောင်းမွန်သော အိပ်စက်ခြင်း နဲ့ တီထွင်ဖန်တီးနိုင်စွမ်း အားကောင်းလာခြင်း စတဲ့ အကျိုးကျေးဇူးများစွာကိုလည်း ဖြစ်ပေါ်စေပါတယ်။ လျင်မြန်စွာ တိုးတက်ပြောင်းလဲနေတဲ့ ယနေ့ခေတ်ကမ္ဘာမှာ စိတ်ဖိစီးမှုနဲ့ စိတ်ပင်ပန်းမှုတွေဟာ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝ အစိတ်အပိုင်းတစ်ခုအနေနဲ့ ပါဝင်လာပါတယ်။ စိတ်ဖိစီးမှုတွေကို ဖြေလျှော့ဖို့ရာ အနားယူနိုင်မယ့် နေရာတစ်ခုကလည်း မရှိမဖြစ်လိုအပ်လာပါတယ်။ စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှုတွေကို လျှော့ချဖို့နဲ့ ကိုယ့်အိမ်မှာတင် အပန်းဖြေနိုင်ဖို့ အိုအေစစ်လေးတစ်ခု ဖန်တီးဖို့ အဆင်သင့်ပဲလား? အောက်မှာဖော်ပြထားတဲ့ နည်းလမ်းတွေက အိမ်တွင်းဥယျာဉ်စိုက်ပျိုးခြင်းနဲ့အတူ အိုအေစစ်တစ်ခု ဖန်တီးဖို့ အဆင်ပြေလွယ်ကူစေမယ့် အချက်တွေပဲ ဖြစ်ပါတယ်။ 1. မှန်ကန်သော အိမ်တွင်းအပင်များကို ရွေးချယ်ခြင်း စိတ်အပန်းပြေမယ့် အိမ်တွင်းဥယျာဉ်တစ်ခု ဖန်တီးဖို့ ပထမဆုံးခြေလှမ်းကတော့ မှန်ကန်တဲ့ အပင်တွေကို ရွေးချယ်ခြင်းဖြစ်ပါတယ်။ လေကို သန့်စင်ပေးနိုင်ပြီး စိတ်ဖိစီးမှုကိုပါ သက်သာစေတဲ့ စိုက်ပျိုး၊ ထိန်းသိမ်း ရတာလည်း လွယ်ကူတဲ့ အပင်တွေကို ရွေးချယ်ပါ။ အကောင်းဆုံးသော ရွေးစရာတွေကတော့ နဂါးစက်ပင် (snake plant), ပင့်ကူဂမုန်းပင် (spider plant)နဲ့ ရှင်သီဝလိဂမုန်းပင် (peace lily) တို့ဖြစ်ပါတယ်။ အဲ့ဒီ့အပင်အမျိုးအစားတွေက လေထုထဲက အန္တရာယ်ရှိတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပြီး စိတ်ဖိစီးမှုကို ပြေလျော့စေကာ ပိုမိုကောင်းမွန်တဲ့ အိပ်စက်အနားယူခြင်းကို ဖြစ်ပေါ်စေပါတယ်။ 2. Mini Zen Garden ဖန်တီးခြင်း Mini Zen Garden ဆိုတာကတော့ ကိုယ့်ရဲ့ အိမ်၊ ခြံအတွင်းမှာ စိတ်အေးချမ်းမှုနဲ့ ကောင်းမွန်တဲ့ စိတ်စွမ်းအင်ကို ပေးစွမ်းနိုင်တဲ့ အိမ်တွင်းဥယျာဉ်တစ်ခု ဖြစ်ပါတယ်။ ခွက်တစ်ခုထဲကို သဲ ဒါမှမဟုတ် ကျောက်စရစ်ခဲတွေ ထည့်ပြီး mini zen garden တစ်ခု ဖန်တီးနိုင်ပါတယ်။ ဒါ့အပြင် ကျောက်ခဲလေးတွေ၊ ရုပ်ထုအသေးလေးတွေနဲ့ ရှားစောင်းပင်လို အပင်ငယ်လေးတွေလည်း ကိုယ်သဘောကျသလို ထည့်နိုင်ပါတယ်။ 3. သီးခြားနေရာတစ်ခု ဖန်တီးခြင်း အိမ်တွင်းဥယျာဉ်တစ်ခု စတင်ဖို့ သီးခြားနေရာတစ်ခု ဖန်တီးထားခြင်းက သူ့ရဲဲ့ စိတ်ဖိစီးမှုကို သက်သာစေတဲ့ အကျိုးကျေးဇူးကို အကောင်းဆုံးအသုံးချဖို့ အဓိကသော့ချက်ဖြစ်ပါတယ်။ မိမိရဲ့ အိမ်က သဘာဝအလင်းရောင် များများရရှိပြီး အာရုံအနှောင့်အယှက်တွေ ကင်းဝေးတဲ့ နေရာတစ်နေရာကို ရွေးချယ်ပါ။ အဲ့ဒီ့နေရာက ကိုယ့်ရဲ့ အိပ်ခန်း၊ ဧည့်ခန်း ဒါမှမဟုတ် ကိုယ့်အိမ်ရဲ့ စာကြည့်ခန်း ထောင့်နေရာလေးတစ်ခုလည်း ဖြစ်နိုင်ပါတယ်။ အဆင်ပြေဆုံးဖြစ်တဲ့ နေရာကို ရွေးချယ်ပြီးပြီဆိုရင် အဲ့ဒီ့နေရာကို ပန်းပင်၊ ရေပန်း၊ ဖယောင်းတိုင်နဲ့ အလင်းရောင်ဖျော့ဖျော့ ... စတဲ့ စိတ်ကို ငြိမ်သက်စေနိုင်တဲ့ အရာတွေနဲ့ အလှဆင်နိုင်ပါတယ်။ 4. နံရံ သို့မဟုတ် မျက်နှာကြက်မှ အပင်များ ချိတ်ဆွဲထားခြင်း အပင်တွေချိတ်ဆက်ထားခြင်းက အိမ်အတွင်းပိုင်းကို သဘာဝဆန်ဆန်လှပနေစေသလို စိတ်အပန်းပြေစေမယ့် ရပ်ဝန်းတစ်ခုဖန်တီးခြင်း ဖြစ်ပါတယ်။ ပင့်ကူဂမုန်းပင်အပြင် potho နဲ့ fern အုပ်စုဝင် အပင်တွေ ချိတ်ဆွဲထားခြင်းက လှပနေရုံသာမက အိမ်တွင်းလေထုကိုလည်း သန့်စင်ပေးပါတယ်။ 5. Terrarium ဖန်တီးခြင်း Terrarium တွေကတော့ အိမ်တွင်းမှာ သဘာဝနဲ့ ထိတွေ့ ရင်း စိတ်အပန်းဖြေဖို့ အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဖန်အိုးတစ်ခုထဲကို အပင်ငယ်လေးတွေနဲ့ ကျောက်စရစ်ခဲ၊ ရေညှိ၊ သဲ စတဲ့ အလှဆင်ပစ္စည်းတွေကို ထည့်သွင်းအသုံးပြုပြီး အသေးစား terrarium တစ်ခု ဖန်တီးနိုင်ပါတယ်။ အပင်တွေနဲ့ အလှဆင်ပစ္စည်းတွေကို လှပအောင် ပြင်ဆင်ခြင်းက စိတ်ဖိစီးမှုကို လျှော့ချပေးသလို စိတ်ကိုကုစာပေးနိုင်တဲ့ ကုထုံးတစ်မျိုးလည်း ဖြစ်ပါတယ်။ 6. အိမ်တွင်းအလှဆင်ရာတွင် စိမ်းလန်းသောအပင်များ ထည့်သွင်းခြင်း အိမ်တွင်းအလှဆင်ရာမှာ အပင်တွေကို ထည့်သွင်းအသုံးပြုခြင်းက စိတ်အေးချမ်းစေဖို့ ရိုးရှင်းပြီး ထိရောက်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ စာအုပ်စင်ပေါ်မှာ အပင်အိုးလေးတွေ ထားတာ၊ မျက်နှာကြက်ကနေ အပင်တွေ ချိတ်ဆွဲထားတာအပြင် အိမ်ရဲ့ နေရာတိုင်းမှာ မိမိစိတ်ကြိုက် အလှဆင်နိုင်ပါတယ်။ 7. ရနံ့ကုထုံး အသုံးပြုခြင်း lavender, camomile နဲ့ စံပယ်ပန်းတို့လို အပင်တွေက မွှေးပျံ့တဲ့ရနံ့ရှိတာကြောင့် ကိုယ်ရော စိတ်ပါ အေးချမ်းစေပါတယ်။ သူတို့ကို အိမ်တွင်းဥယျာဉ်ထဲမှာ ထည့်သွင်း စိုက်ပျိုးခြင်းက စိတ်ဖိစီးမှုတွေလျော့ကျဖို့ အထောက်အပံ့ကောင်းဖြစ်မှာ သေချာပါတယ်။ ဒါ့အပြင် diffuser ထဲကို essential oil အနည်းငယ် ထည့်သုံးတာ၊ ပန်းခြောက်ကို သုံးပြီး လက်ဖက်ရည်ကြမ်းဖျော်တာ ... ဒီလို နည်းလမ်းတွေကိုလည်း သုံးနိုင်ပါသေးတယ်။

photo content
+1

✨ 𝗠𝗲𝗱𝗶𝗮 𝗣𝗮𝗿𝘁𝗻𝗲𝗿𝘀𝗵𝗶𝗽 𝗔𝗻𝗻𝗼𝘂𝗻𝗰𝗲𝗺𝗲𝗻𝘁 ✨ မြန်မာအမျိုးသမီးတွေ အများစုမှာ ရှိတတ်ကြတဲ့ အမည်လှလှလေးနဲ့တူတဲ့ မေလမှာ အမျိုးသမီးဖြစ်တည်မှုရဲ့ အသက်ဖြစ်တဲ့ ရာသီသွေးနဲ့ ပတ်သက်ပြီး ဆန်းသစ်တဲ့ idea တွေနဲ့ ပြုလုပ်ထားတဲ့ Event လေး တစ်ခုအကြောင်းကို သိပြီးကြပြီဟုတ်❓ ◾ အဲ့ဒီ Event လေးကတော့ အမျိုးသမီးလေးတွေရဲ့ ရာသီသွေးနဲ့ ပတ်သက်လို့ Menstrual Hygiene Management တွေနဲ့အတူ သဘာဝပတ်ဝန်းကျင်ကို ညစ်ညမ်းမှုမရှိစေအောင် ဘယ်လို နည်းလမ်းမှန်စွာ စွန့်ပစ်ရမလဲဆိုတာကို အသေးစိတ်ကျကျ ဆွေးနွေးမျှဝေပေးသွားမယ့် ❝လုံမေကျန်းမာ ဓမ္မတာ နည်းလမ်းမှန်စွာ စွန့်ပစ်ပါ❞ ဆိုတဲ့ နှစ်ရက်တာ ပွဲလေးကို 𝗠𝗘𝗟𝗜𝗦𝗦𝗔 ဦးဆောင်မှုနဲ့အတူ SLC ကနေ ပါဝင်ပြီး စီစဉ်ဖန်တီးခဲ့တာဖြစ်ပြီးတော့ ဒီ ၂ ရက်တာ ပွဲလေးမှာ ... 🖇️ စမှတ် 🖇️ ဆည်းပူး 🖇️ No Hunger Zone 🖇️ Better Tomorrow 🖇️ United Youths Association 🖇️ Purple Upcycle 🖇️ Youth Society for Education 🖇️ အမျိုးသမီးများအားထားရာ 🖇️ Desert Gallery 🖇️ Conceptians စတဲ့ Organization တွေ အပါအဝင် ကျွန်တော်တို့ Environment, Heath and Safety Myanmar - EHS Myanmar ကပါ Media Partnership အဖြစ် ပါဝင်အားဖြည့်ပေးသွားမှာဖြစ်ပါတယ်။ 🎉 ဒီ Event လေးမှာဆိုရင်တော့ ... 📌 အမျိုးသမီးတွေရဲ့ ကျန်းမာရေးနဲ့ Menstrual Hygiene Management တွေရဲ့ အရေးကြီးပုံ 📌 Menstrual Waste တွေက ပတ်ဝန်းကျင်ကို ဘယ်လိုသက်ရောက်မှု ရှိသလဲနဲ့ 📌 လွဲမှားနေဆဲ အယူအဆတွေနဲ့၊ လိုက်နာသင့်တဲ့ အချက်အလက်တွေ အကြောင်းကို တတ်သိကျွမ်းကျင်တဲ့ Speaker/ Influencer တွေအသီးသီးက မျှဝေဖော်ပြပေးသွားမှာဖြစ်ပါတယ်။ Event Information.... 🗓️ Date - 25.5.2024 & 26.5.2024 🕰️ Time - 7:00 - 9:00 PM 💻 Place - Zoom ◾ ပါဝင်သွားမယ့် Speakers တွေနဲ့အတူ Event Details ကိုတော့ ဒီ Link လေးကတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်နော်။ Event Details: https://shorturl.at/3YvGJ ◾ ဒီ Event လေးကို တက်ရောက်နားထောင်ချင်တယ်ဆိုရင်တော့ အောက်မှာရှိတဲ့ Registration Link လေးမှာ စာရင်းသွင်းပြီး တက်ရောက်နိုင်ပါတယ်နော်။ 📌 Registration link - https://shorturl.at/222I9 🔖 ၂ ရက်တိုင်တိုင် ကျင်းပသွားမယ့် ဒီ Event လေးကနေ Menstrual Hygiene Management နဲ့အတူ သဘာဝပတ်ဝန်းကျင်ကို ညစ်ညမ်းမှု မရှိစေအောင် ဆောင်ရန်၊ ရှောင်ရန် အသိအမြင်ဗဟုသုတအများကြီးကို ရရှိသွားမှာ ဖြစ်တဲ့အတွက် လက်လွှတ်မခံဘဲ လာရောက်နားဆင်ဆွေးနွေးကြဖို့ ဖတ်ခေါ်လိုက်ပါတယ်။ ✨ 💌 အခုကျင်းပသွားမယ့် Event လေးနဲ့ပတ်သက်ပြီး မေးစရာမေးခွန်းလေးတွေ ရှိတယ်ဆိုရင်တော့ 𝗠𝗘𝗟𝗜𝗦𝗦𝗔 Page ရဲ့ Chatbox မှာ သွားရောက်ပြီး မေးမြန်းကြဖို့ အကြံပြုလိုက်ပါတယ်နော်။

🌟 "World Environment Day 2024" အတွက် မြန်မာနိုင်ငံ၏ ပထမဆုံး နှင့် တစ်ခုတည်းသော မှတ်ပုံတင်ထားသည့် EHS Myanmar ရဲ့ Event က ဖော
🌟 "World Environment Day 2024" အတွက် မြန်မာနိုင်ငံ၏ ပထမဆုံး နှင့် တစ်ခုတည်းသော မှတ်ပုံတင်ထားသည့် EHS Myanmar ရဲ့ Event က ဖော်ပြပါ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှလူငယ်များကိုဦးစားပေးသွားမှာဖြစ်ပါတယ်။ . . 📌ဘယ်ဒေသတွေဖြစ်မလဲ? အောက်မှာမန့်ပေးသွားကြပါဦးနော်။ 👇👇 . . ----------------------------------------------------------------------- Don't forget to follow us on LinkedIn - https://www.linkedin.com/company/ehsmyanmar #EHSMyanmar #environmentday #sustainability #myanmar #WED24

🐢 Slow and steady wins the race! 🌊 Join EHS Myanmar in celebrating World Turtle Day 2024 as we honor these ancient, majesti
🐢 Slow and steady wins the race! 🌊 Join EHS Myanmar in celebrating World Turtle Day 2024 as we honor these ancient, majestic creatures and raise awareness about their conservation. Let's learn about the challenges they face and take action to protect their habitats. Whether it's cleaning up beaches or supporting turtle rescue efforts, every small step counts in ensuring a brighter future for turtles worldwide. 🌍💚 #WorldTurtleDay #EHSMyanmar #TurtleConservation 🐢🌿

photo content

🌐EHS Myanamar နှင့် Parami University (ပါရမီတက္ကသိုလ်) တို့ပူးပေါင်း၍ လူငယ်အလုပ်သင်ပရိုဂမ်ကို ဆက်လက်ဖော်ဆောင်လျက်ရှိပါတယ်။ 🇲🇲Parami University မှ ဘွဲ့ကြိုကျောင်းသားလူငယ်များအတွက် သက်ဆိုင်ရာပညာရပ်နယ်ပယ်များတွင် ပြင်ပလက်တွေ့လုပ်ငန်းခွင်အတွေ့အကြုံများကိုရရှိစေရန်ရည်ရွယ်၍ Partner Service Organizations (PSO) များ၌ Volunteer (သို့မဟုတ်) Intership ဆင်းရတဲ့ ပရိုဂရမ်တစ်ခုဖြစ်ပါတယ်။ 🧿EHS Myanamar အနေဖြင့်လဲ Partner Service Organizations အနေဖြင့် သဘာဝပတ်ဝန်းကျင်နှင့်ရေရှည်တည်တံ့ခြင်းဆိုင်ရာပညာရပ်များနှင့်သုတေသနလုပ်ငန်းများတွင်အတွေ့အကြုံများရရှိစေရန် မကြာခင်အချိန်အတွင်း Parami University ရှိကျောင်းသားကျောင်းသူအသစ်များကို ထပ်မံလက်ခံသွားမှာဖြစ်ပါတယ်။ Read more at www.ehsmyanmar.org and www.parami.edu.mm. #EHSMyanmar #ParamiUniversity #environmental #sustainability #volunteer #internships

🌿 Celebrate the rich tapestry of life on Earth with EHS Myanmar on International Day for Biological Diversity 2024! 🌎 Join
🌿 Celebrate the rich tapestry of life on Earth with EHS Myanmar on International Day for Biological Diversity 2024! 🌎 Join us in recognizing the importance of biodiversity for our planet's health and our own well-being. Let's take action to conserve and sustainably manage our natural resources, ensuring a harmonious coexistence with all living beings. Together, let's preserve the beauty and diversity of our world for generations to come! 🌱 #BiodiversityDay #EHSMyanmar #Conservation 🦋🌳

photo content

Revealing Speaker for Emerging Threats to Biodiversity: Anticipating and Addressing Future Challenges webinar ------------------------------------------------------------------------ EHS Myanmar- 20/05/2024 EHS Myanmar ကနေ လာမယ့် မေ၂၅ မှာပြုလုပ်ကျင်းပမယ့် Emerging threats to Biodiversity: Anticipating and Addressing Future Challenges webinar လေးအကြောင်းကို သိပြီးကြပြီလား မသိသေးရင် ဒီpost မှာအသေးစိတ်သွားရောက်ဖတ်ရှုပြီးတက်ရောက်ဖို့ register လို့ရပါတယ်ဗျို့ https://www.facebook.com/ehsmyanmar/posts/pfbid02VB97TvZf9c5Lax36P7VSgN7tSApBsYeLgSWF4iGiAedb1q6HHy84zafL75pAx9MDl ဒီ webinarလေးမှာပါ၀င်သွားမဲ့ Speaker ကတော့ EHS Myanmar မှာ Project Assistant ဖြစ်သူ မအေးမြင့်သူ ပဲဖြစ်ပါတယ်။ မအေးမြင့်သူသည် မန္တလေးတက္ကသိုလ်မှ ရုက္ခဗေဒအထူးပြု(Botany) ဘာသာရပ်ကို ဂုဏ်ထူးတန်းဘွဲ့ဖြင့် အောင်မြင်ပြီးမြောက်ထားသူ ဖြစ်ပါသည်။ Uppsala University မှာလည်း သဘာဝပတ်ဝန်းကျင်ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆိုင်သောဘာသာရပ်များကိုအထူးပြုလေ့လာခဲ့ပြီး ယခုအချိန်တွင်လည်း International Program in Environmental and Water Resource Engineering ကို Mahidol Universityမှာတက်ရောက်လေ့လာနေသည့် Master ကျောင်းသူတစ်ဦးဖြစ်ပါသည်။ မေ ၂၅ရက်နေ့ မနက် ၁၀-၁၁:၃၀ မှာပြုလုပ်သွားမဲ့ webinarလေးကို လာရောက်‌နား‌ဆင်ကြဖို့ဖိတ်ခေါ်လိုက်ရပါတယ်ဗျ။ 🙆🏻‍♀️

🐝 Buzzing with excitement for World Bee Day 2024! 🌼 Join EHS Myanmar in celebrating these vital pollinators and their cruci
🐝 Buzzing with excitement for World Bee Day 2024! 🌼 Join EHS Myanmar in celebrating these vital pollinators and their crucial role in our ecosystem. Let's raise awareness about the importance of bees and take action to protect their habitats. From planting bee-friendly gardens to supporting local beekeepers, together, we can create a sweeter future for bees and for us all! 🍯🌸 #WorldBeeDay #EHSMyanmar #PollinatorProtection 🐝

photo content

🌏ဇွန်လ (၅) ရက်နေ့ "World Environemnt Day" သည် သဘာဝပတ်ဝန်းကျင်ချစ်မြတ်နိုးသူများအတွက် အရေးပါတဲ့နေ့တစ်နေ့ဖြစ်ပါတယ်။ 🌿 . ♻ UNEP တွင် (၂၀၂၄) ခုနှစ်အတွက် မြန်မာနိုင်ငံ၏ ပထမဆုံး နှင့် တစ်ခုတည်းသော မှတ်ပုံတင်ထားသည့် EHS Myanmar ရဲ့ Event ကို မကြာခင်ကြေညာပေးသွားပါမယ်နော် 🥰 . . . . . . ----------------------------------------------------------------------- Please subscribe to our YouTube Channel - https://www.youtube.com/@EHSMyanmar #EHSMyanmar #environmentday #sustainability #myanmar #WED24

တင်းကျပ်သည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာစည်းမျဉ်းတွေရှိတဲ့ နိုင်ငံ (၃) နိုင်ငံ ---------------------------------------------------
+3
တင်းကျပ်သည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာစည်းမျဉ်းတွေရှိတဲ့ နိုင်ငံ (၃) နိုင်ငံ ----------------------------------------------------------------------- Don't forget to follow us on LinkedIn - https://www.linkedin.com/company/ehsmyanmar #EHSMyanmar #environmentalpolicy #sustainabledevelopment #Rules