ar
Feedback

لا تقع ضحية للمخادعين! تيليمتريو يكتشف ويُميّز هذه القنوات 👉 إذا كنت تريد رؤية العلامة، اشترك

EHS Myanmar

EHS Myanmar

الذهاب إلى القناة على Telegram

This is an official channel of Environment, Health and Safety Myanmar (EHS Myanmar). Please visit www.ehsmyanmar.org for more information.

إظهار المزيد
868
المشتركون
-124 ساعات
+27 أيام
+230 أيام
أرشيف المشاركات
photo content

"မြန်မာ့ကမ်းရိုးတန်း၏ မဟာတံတိုင်းကြီးများ" Webinar မှာ ဖိတ်ကြားထားတဲ့ Speaker က ဘယ်သူဖြစ်မလဲ 🧐 -------------------------------------------------------------------- Guest Speaker အဖြစ်ဖိတ်ကြားထားတဲ့ဆရာကတော့ သစ်တောထိန်းသိမ်းစောင့်ရှောက်ရေး၊ သဘာဝ အရင်းအမြစ်များကို စီမံခန့်ခွဲရေး နှင့် အခြားသော သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းများတွင် ၁၀ နှစ်ကျော် အတွေ့အကြုံရှိတဲ့ ဆရာ စောဝင်းမျိုးစံ ပဲဖြစ်ပါတယ်ရှင်။ ဆရာဟာ ဆိုရင်ဖြင့် ထို ၁၀ နှစ်ကျော် ကာလအတွင်း ခါကာဘိုရာဇီ၊ ဟိမဝန္တာတောင်တန်းများ အပါအဝင် မြန်မာနိုင်ငံ အရှေ့တောင်ဘက်စွန်းရှိ ဒီရေတောများ၏ သဘာဝ ဂေဟစနစ်များကို ထိန်းသိမ်းစောင့်ရှောက်ခြင်း နှင့် ပြန်လည်ထူထောင်ခြင်း လုပ်ငန်းများကိုလည်း ဆောင်ရွက်ခဲ့ပါတယ်။ ဒါ့အပြင် ရာသီဥတုဖောက်ပြန်ပြောင်းလဲခြင်းကို လျော့နည်းစေရန်၊ ဇီဝမျိုးစုံမျိုးကွဲများနှင့် ကမ်းရိုးတန်းဒေသများကို ကာကွယ်နိုင်ရန် ရည်ရွယ်၍ ဒေသခံများ ၊ အရပ်ဖက်လူမှုအဖွဲအစည်းများနှင့်အတူ သစ်တော ရည်ရှည်တည်တံ့ခိုင်မြဲရေးနည်းလမ်းများကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါတယ်။ ဆရာစောဝင်းမျိုးစံဟာ ဂျပန်နိုင်ငံ ကျိုတိုတက္ကသိုလ်မှ သဘာဝသယံဇာတစီမံခန့်ခွဲရေး ဘာသာရပ်ဖြင့် ဂုဏ်ထူးတန်းဘွဲကို ရရှိထားပြီး လက်ရှိမှာတော့ UNDP Myanmar မှာ လုပ်ကိုင်လျက်ရှိပါတယ်။ ကဲ ဒါဆိုရင်တော့ စိတ်ဝင်စားစရာကောင်းတဲ့ မြန်မာ့ကမ်းရိုးတန်းဒေသရဲ့ ဒီရေတောများ အကြောင်း ကို အတွေ့အကြုံရှိတဲ့ ဆရာက ပြောပြပေးသွားမှာဖြစ်လို မတက်လိုက်ရတာမျိုး မဖြစ်ရအောင် အခုပဲ Register လုပ်ထားလိုက်တော့နော်။ Registration Form Link>>>>>>>>>>>>>>>> https://docs.google.com/forms/d/e/1FAIpQLSfmIX2NZMFBdM-AfLGS0p6IdRhppA-ZKylFZXZENMu4iWKVjQ/viewform?usp=sf_link #Webinar #EHSMyanmar #MangroveEcosystemConservationDay

photo content

သေးငယ်သော်လည်း အရေးပါသော ရေအောက်ရတနာများ ----------------------------------------------- EHS Myanmar | 18.7.2024 သတ္တဝါတိုင်းတွင် တန်ဖိုးကိုယ်စီရှိကြပါသည်။ ငှက်၊ နို့တိုက်သတ္တဝါများမှ တန်ဖိုးရှိခြင်း မဟုတ်ပါ။ ခရုများ၊ ဂုံးများနှင့် ယောက်သွားများသည်လည်း သဘာဝပတ်ဝန်းကျင် ဂေဟစနစ်ကြီး ကောင်းမွန်ရန်အတွက် အလွန်အရေးပါသည့် သတ္တဝါများ ဖြစ်ကြပါသည်။ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် ဇီဝမျိုးစုံမျိုးကွဲများ ပေါများပြီး နိုင်ငံခြားခရီးသွားများကိုလည်း စွဲဆောင်နိုင်ဆုံး မတူကွဲပြားသော ခရုမျိုးစိတ်များရှိသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ ထိုသေးငယ်သော ခရု၊ ဂုံးနှင့် ယောက်သွားများသည် ကျွန်ုပ်တို့၏ အဏ္ဏဝါဂေဟစနစ်တွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေပြီး ရေကို စစ်ထုတ်ရန်၊ သန့်ရှင်းစေရန် နှင့် အခြားအဏ္ဏဝါသက်ရှိများ နေထိုင်ရာနေရာများအတွက် ရေရှည်တည်တံ့သော အစာအရင်းအမြစ်အဖြစ် ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိပါသည်။ ၎င်းတို့သည် အဏ္ဏဝါဂေဟစနစ် နှင့် လူ့အဖွဲ့အစည်းအတွက် အောက်ဖော်ပြပါအချက်များဖြင့် ကူညီပံ့ပိုးလျက်ရှိပါသည်။ ရေသန့်စင်ပေးခြင်း : ယောက်သွားများသည် သဘာဝ ရေသန့်စက်များဖြစ်သည်။ ယောက်သွားတစ်ကောင်သည် တစ်နေ့လျှင် ရေ ၅၀ လီတာအထိ စစ်ထုတ်နိုင်ပြီး အညစ်အကြေးများ၊ အနည်များ နှင့် ရေမျောများကို ဖယ်ရှားပေးပြီး ရေ၏အရည်အသွေး နှင့် ကြည်လင်သန့်ရှင်းမှုကို တိုးတက်စေရန် မြှင့်တင်ပေးနိုင်ပါသည်။ အစာအရင်းမြစ်များ : ခရု၊ ဂုံးနှင့် ယောက်သွားများသည် ငှက်များ၊ ငါးများနှင့် လူသားများအပါအဝင် တခြားသောမျိုးစိတ်များစွာအတွက် မရှိမဖြစ်လိုအပ်သော အစားအစာအရင်းအမြစ်တစ်ခုဖြစ်ပြီး ရေနေသတ္တဝါများစွာအတွက် အစာအာဟာရကို များစွာထောက်ပံ့ကူညီပေးလျက်ရှိပါသည်။ စီးပွားရေးအရအရေးပါမှု : ခရု၊ ဂုံးနှင့် ယောက်သွား မွေးမြူခြင်းသည် မြန်မာနိုင်ငံတွင် ထွန်းသစ်စလုပ်ငန်းတစ်ခုဖြစ်လာပြီး ကမ်းရိုးတန်းဒေသများရှိ လူမှုအသိုင်းအဝိုင်းများအတွက် ရေရှည်တည်တံ့သော အသက်မွေးဝမ်းကျောင်းလုပ်ငန်းအဖြစ် ပံ့ပိုးပေးပါသည်။ Indicator Species : ယောက်သွားများသည် ပတ်ဝန်းကျင်ပြောင်းလဲမှုများကို အာရုံခံနိုင်သောကြောင့် ၎င်းတို့သည် ဂေဟစနစ်ပျက်စီးနေခြင်း၊ ကောင်းမွန်နေခြင်းကို ညွှန်ပြသူများအဖြစ် ဆောင်ရွက်ကြပါသည်။ ၎င်းတို့သည် ရေအရည်အသွေးနှင့် ဂေဟစနစ်တည်ငြိမ်မှုဆိုင်ရာ အပြောင်းအလဲများကို အချက်ပြနိုင်ပါသည်။ ထို့ကြောင့် သဘာဝပတ်ဝန်းကျင် ဂေဟစနစ် နှင့် လူသားတို့အတွက် အကျိုးပြုနေသော ခရု၊ ဂုံး နှင့် ယောက်သွားများကို အတူတကွ ကာကွယ်စောင့်ရှောက်ကြပါစို့။ ရေးသားသူ - William (EHS Myanmar) ကိုးကား - Environmental Studies Courses in Myanmar --------------------------------------------------------------------------- Don't forget to follow us on Instagram - https://www.instagram.com/ehsmyanmar/ #EHSMyanmar #Mussels #MarineLife #EcoWarriors #savemarinelife #marineecosystem #marineconservation

photo content

"မြန်မာ့ကမ်းရိုးတန်း၏ မဟာတံတိုင်းကြီးများ" Webinar Announcement —------------------------------------------------------------------------ EHS Myanmar - 17/07/2024 EHS Myanmar မှ လစဉ်ကျင်းပပြုလုပ်ပေးနေတဲ့ knowledge sharing အစီအစဉ်လေး ပြန်လာပါပြီ။ ဒီလအတွက် ပြုလုပ်ပေးမှာကတော့ July 26 ရက်နေ့မှာ ကျရောက်တဲ့ “International Mangrove Ecosystem Conservation Day” ကို ဂုဏ်ပြုဆင်နွှဲသော အနေဖြင့် Webinar ကို EHS Myanmar မှ Host အဖြစ် ကျင်းပပေးသွားမှာပဲ ဖြစ်ပါတယ်။ ဒီ Webinar မှာတော့ မြန်မာ့ ကမ်းရိုးတန်း ဒေသမှာရှိတဲ့ ဒီရေတောများနှင့် ပတ်သက်ပြီး ပင်လယ်ရေနေသတ္တဝါများ၊ ဒေသခံများအတွက် ၎င်းတို့၏အရေးပါပုံများ၊ ၎င်းဒီရေတောများ ကြုံတွေ့နေရသော ခြိမ်းခြောက်မှုများနှင့် ပြုပြင်ထိန်းသိမ်းစောင့်ရှောက်နိုင်မည့် နည်းလမ်းများကို ဆွေးနွေးသွားမှာ ပဲဖြစ်ပါတယ်။ ဒါ့အပြင် တက်ရောက်လာတဲ့သူတွေကိုလည်း “Certificate of Attendance” ပေးအပ်သွားမှာဖြစ်ပါတယ်ရှင့်။ အခု Webinar ကို စိတ်ဝင်စားလို့ စာရင်းပေးချင်တယ်ဆိုရင်တော့ အောက်ကလင့်လေးမှာ မြန်မြန်ပဲ စာရင်းပေးလိုက်တော့နော်။ Registration Link>>>>>>>>>>>> https://docs.google.com/forms/d/e/1FAIpQLSfmIX2NZMFBdM-AfLGS0p6IdRhppA-ZKylFZXZENMu4iWKVjQ/viewform?usp=sf_link Date - July 27, Saturday Time - 10 AM to 11 AM Platform - Zoom Deadline လေးကတော့ July 25 ရက်နေ့ထိ ဖွင့်ပေးထားမှာဖြစ်လို့ တခြားသူငယ်ချင်းတွေလဲ သိအောင် post ကို share ပေးသွားပါအုံးနော်။ #Webinar #EHSMyanmar #MangroveEcosystemConservationDay

photo content

Plastic free July ရဲ့ ဒုတိယအပတ်မှာတော့ ပလတ်စတစ်အမှိုက်ကင်းစင်ရေးလှုပ်ရှားမှုနဲ့အတူ Challenge Activity လေးတစ်ခုကိုပြုလုပ်ဖို့ အားလုံးကိုဖိတ်ခေါ်ချင်ပါတယ်။ “Small Steps Big Difference” ဆိုသောခေါင်းစဉ်နှင့်Plastic-Free July Challengeသည်ကျွန်တော် တို့ရဲ့နေ့စဉ်နေ ထိုင်မှုအတွင်းအနည်းငယ်သောပြောင်းလဲမှုများကိုပြုလုပ်ခြင်းဖြင့်ပတ်ဝန်းကျင်အပေါ်ကြီးမားသောအကျိုးသက်ရောက်မှုတစ်ခုကိုရရှိစေမှာဖြစ်ပါတယ်ရှင်။ဒီChallengeလေးအတွက်စတင်ရန်လွယ်ကူပြီးeffectiveဖြစ်စေမယ့်အရာလေးတွေကိုဖော်ပြလိုက်ရပါတယ်ရှင့်။ ♻️သင့်ပုံမှန်အိတ်(reusable bag)ကိုယူသွားပါ။ ♻️ဈေးဝယ်သောအခါတွင်လည်း ကြွပ်ကြွပ်အိတ်ဖြင့်ထုပ်ပိုးမှုကိုငြင်းဆန်ပါ။ ♻️ပလတ်စတစ်ထုပ်ပိုးမှုမပါဝင်သော ပစ္စည်းများကိုရွေးချယ်ပါ။ ♻️ပလတ်စတစ်အမှိုက်ကိုလျော့ချရန်ဦးဆောင်နေသောစီးပွားရေးလုပ်ငန်းများကို အားပေးပါ။ ♻️တစ်ခါသုံးပလတ်စတစ်ခွက်များနှင့်ကော်ဖီခွက်များသုံးခြင်းကိုရှောင်ကြဉ်ပါ။ အစရှိသဖြင့်စိန်ခေါ်မှုလေးများကိုလုပ်ကြည့်ရင်းမိမိရဲ့ပလတ်စတစ်လျှော့ချခြင်းနှင့်ဖန်တီးခဲ့သောဖြေရှင်းချက်လေးတွေကို#PlasticFreeJulyဖြင့်လူမှုကွန်ရက်မှာမိမိတို့ရဲ့မိသားစု၊မိတ်ဆွေများနှင့်အတူပါဝင်လိုက်ရအောင်လားရှင့်။ ဒီဇူလိုင်လ Plastic-Free July Challengeတွင် ပါဝင်ပြီး “Small Steps Big Difference” ဆောင်ပုဒ်နှင့်အညီပလတ်စတစ်အသုံးပြုမှုကင်းစင်စေပြီးသန့်ရှင်းကျန်းမာသောကမ္ဘာကြီးကို EHS Myanmarနှင့်တူတူဖန်တီးကြပါစို့။ #plasticfreejuly2024 #Campaign #EHSMyanmar

🌊🦈 Celebrate Shark Awareness Day with EHS Myanmar! 🦈🌊 Join us as we dive into the fascinating world of sharks and learn a
🌊🦈 Celebrate Shark Awareness Day with EHS Myanmar! 🦈🌊 Join us as we dive into the fascinating world of sharks and learn about their crucial role in maintaining healthy marine ecosystems. Discover how we can protect these incredible creatures and their habitats. #SharkAwarenessDay #SaveOurSharks #EHSMyanmar #marineconservation

photo content

EHS Myanmarရဲ့ weekly campaignလေးကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင့်။ ဒီအပတ်မှာတော့ “ကမ္ဘာလုံးဆိုင်ရာရေရှည်တည်တံ့ရေးပြက္ခဒိန်” (Global Sustainability Calendar 2024)အရ ဇူလိုင်လ၏ Theme တစ်ခုအဖြစ် ပလတ်စတစ်ကင်းစင်ရေး“Plastic-Free July”လှုပ်ရှားမှုကို ပြုလုပ်သွားမှာဖြစ်ပါတယ်။ ဤလှုပ်ရှားမှုမှသဘာဝပတ်ဝန်းကျင်ကိုထိခိုက်စေသောပလတ်စတစ်အမှိုက်များကိုလျှော့ချရန်၊သဘာဝပတ်ဝန်းကျင်ကိုထိန်းသိန်းရန်နှင့်ပြန်လည်အသုံးပြုနိုင်သောပစ္စည်းများကိုသုံးစွဲရန်တိုက်တွန်းလျက်မိမိတို့အနေဖြင့်ပလတ်စတစ်အိတ်မသုံးဘဲပြန်လည်အသုံးပြုနိုင်သောအိတ်များကိုသုံးစွဲခြင်း၊ရေဘူးများကိုပြန်လည်အသုံးပြုခြင်းနှင့်အခြားပလတ်စတစ်အစားထိုးသဘာဝပစ္စည်းများအားအသုံးပြုခြင်းဖြင့်ပူးပေါင်းပါဝင်ပေးကြဖို့တိုက်တွန်းလိုက်ရပါတယ်။ ပလတ်စတစ်အသုံးပြုမှုအားလျှော့ချကြရန်နှင့်အတူ Fun Quiz လေးကိုလည်း ပါဝင်ဖြေသွားကြပါအုံးရှင့်။ ပလတ်စတစ်ပစ္စည်းများအသုံးပြုမှုကို ကာကွယ်နိုင်တဲ့လုပ်ဆောင်ချက်အတိုင်းအတွက် (၁၀) မှတ် ရရှိမှာဖြစ်ပြီး ရရှိတဲ့scoreလေးတွေလေးကိုပြန်လည် ဆန်းစစ်လိုက်ကြရင်း“Plastic-Free July” campaign လေးကို ပါဝင်ဆင်နွှဲလိုက်ကြရအောင်လားရှင့်။ ၁၀-၂၀ မှတ် : ပလတ်စတစ်အသုံးပြုမှုကို ပိုမိုလျော့ချရန်လိုအပ်ပါသည်။ ၃၀-၅၀ မှတ် : ပလတ်စတစ်အသုံးပြုမှုကို အနည်းငယ်လျော့ချရန်ကြိုးစားနေပါပြီ။ ၆၀-၈၀ မှတ် : ပလတ်စတစ်အသုံးပြုမှုကို ကောင်းမွန်စွာလျော့ချနေပါပြီ။ ၉၀-၁၀၀ မှတ် : ပလတ်စတစ်အသုံးပြုမှုကင်းစင်ရေးကို ထိရောက်စွာလုပ်ဆောင်နေပါသည်။ ရတဲ့Scoreလေးတွေကိုshareပြီး commentရေးသွားဖို့လည်း မမေ့ပါနဲ့နော်။

🌟 EHS Myanmar is proud to celebrate Micro-, Small and Medium-sized Enterprises Day 2024! 📈🎉 Join us in recognizing the cru
🌟 EHS Myanmar is proud to celebrate Micro-, Small and Medium-sized Enterprises Day 2024! 📈🎉 Join us in recognizing the crucial role that MSMEs play in driving innovation, economic growth, and job creation. Support local businesses by participating in our workshops, networking events, and showcasing success stories of inspiring entrepreneurs. Together, we can foster a thriving business community! #MSMEDay #SupportLocalBusinesses #EHSMyanmar

photo content

We are looking for MSME Owners from Mandalay City EHS Myanmar သည် မြန်မာနိုင်ငံရှိ MSME များ၏ Sustainability နှင့်ပတ်သက်၍ အခက်အခဲများနှင့် အခွင့်အရေးများကို ဆန်းစစ်နိုင်ရန် 2024 အတွက် Challenges and Opportunities for Sustainability of in Myanmar MSMEs ဆိုသည့်ခေါင်းစဉ်ဖြင့် သုတေသနပြုလုပ်လျက်ရှိပါသည်။ သို့ဖြစ်ရာ သုတေသနအတွက် Data အချက်အလက်များ ကောက်ယူရာတွင် ရန်ကုန်နှင့် မန္တလေးတို့မှ MSME လုပ်ငန်းရှင်များဖြင့် Online Interview တွေ့ဆုံမေးမြန်းလိုသောကြောင့် မန္တလေးမြို့မှ စိတ်ပါဝင်စားသော MSME လုပ်ငန်းရှင်များအနေဖြင့် သုတေသနအတွင်းပါဝင်နိုင်ပါရန် EHS Myanmar ဘက်မှ ဖိတ်ခေါ်ချင်ပါသည်။ ထို့ကြောင့် စိတ်ပါဝင်စားသည့် မန္တလေးမြို့မှ MSME လုပ်ငန်းရှင်များအနေဖြင့် EHS Myanmar ၏ Facebook Chat box သို့မဟုတ် ehsresearch.projects@gmail.com သို့ အမည်၊ လုပ်ငန်းအမည်၊ Email နှင့် ဖုန်းနံပါတ်တို့ကို ပို့ထားနိုင်ပြီး EHS Myanmar ဘက်မှ အမြန်ဆုံးပြန်လည်ဆက်သွယ်မည်ဖြစ်ပါသည်။ ပါဝင်သူများအနေဖြင့် သုတေသနပြီးဆုံးလျှင် EHS Myanmar မှ ဖွင့်လစ်မည့် MSME သင်တန်းများတွင်လည်း တက်ရောက်နိုင်မည်ဖြစ်ပါသည်။ For more information about our research - https://drive.google.com/file/d/1odL7dCazXQAyQZqb62py4KRn9JD0xADp/view?usp=drivesdk #EHSMyanmar #Research #MSME

♻🇲🇲၂၀၂၄ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ (World Environment Day 2024) ကိုဂုဏ်ပြုသောအားဖြင့် EHS Myanmar အနေဖြင့် မြ
+3
♻🇲🇲၂၀၂၄ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ (World Environment Day 2024) ကိုဂုဏ်ပြုသောအားဖြင့် EHS Myanmar အနေဖြင့် မြန်မာနိုင်ငံအနှံ့အပြားမှ အသက် ၁၆ နှစ် နှင့် အသက် ၂၁ နှစ်အောက်လူငယ်တွေအတွက် "Sustainability 101" Virtual Bootcamp ကိုစီစဉ်ကျင်းပနိုင်ခဲ့ပါတယ်။ 🌟Bootcamp ကို ဇွန်လ (၆) ရက်နေ့ မှ (၉) ရက်နေ့ နှင့် (၁၄) ရက်နေ့တို့မှာကျင်းပခဲ့ပါတယ်။ ✒သင်တန်းဆရာများအဖြစ် ဆရာစည်သူလွင်၊ ဆရာမဒေါက်တာလွင်လွင်ဝေ၊ ဆရာဒေါက်တာကောင်းထက်စွမ်း နှင့် ဆရာမ ဆုလှိုင်တင့် တို့မှ အဆင့်မြင့်သင်ရိုးညွန်းတမ်းအသစ်များဖြင့် အားပါးတရသင်ကြားပေးနိုင်ခဲ့ရာ သင်တန်းသား၊ သင်တန်းသူပေါင်း (၂၂) ယောက်ကို သင်တန်းဆင်းလက်မှတ်များထုတ်ပေးနိုင်ခဲ့ပါတယ်။ 📌နောင်ကျင်းပမည့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျင်းပမည့် EHS Myanmar ၏ online event များကို စောင့်မျှော် ပေးကြပါဦးနော်။ --------------------------------------------------------------------------- Don't forget to follow us on Instagram - https://www.instagram.com/ehsmyanmar/ #EHSMyanmar #worldenvironmentday #sustainability101 #bootcamp #myanmar #landrestoration #desertification #droughtresilience

🦒🌍 EHS Myanmar is thrilled to celebrate World Giraffe Day! 🎉 Join us in honoring the world's tallest land mammal and raisi
🦒🌍 EHS Myanmar is thrilled to celebrate World Giraffe Day! 🎉 Join us in honoring the world's tallest land mammal and raising awareness about giraffe conservation. Participate in educational events, giraffe-themed activities, and fundraising initiatives to support giraffe conservation efforts worldwide. Let's stand tall for giraffes and ensure their survival for generations to come! #WorldGiraffeDay #StandTallForGiraffes #EHSMyanmar 🦒🌿

Which US state has the strictest environmental laws?? -----------------------------------------------------------------------
+3
Which US state has the strictest environmental laws?? ----------------------------------------------------------------------- Don't forget to follow us on LinkedIn - https://www.linkedin.com/company/ehsmyanmar #EHSMyanmar #environmentalpolicy #sustainabledevelopment #UnitedStates

🍽️🌿 EHS Myanmar is excited to celebrate Sustainable Gastronomy Day 2024! 🌍🥦 Join us in promoting sustainable food practic
🍽️🌿 EHS Myanmar is excited to celebrate Sustainable Gastronomy Day 2024! 🌍🥦 Join us in promoting sustainable food practices that respect our environment and local cultures. Discover delicious, eco-friendly recipes, participate in cooking workshops, and learn how to make mindful food choices that benefit both your health and the planet. Let's savor sustainability together! #SustainableGastronomy #EcoFriendlyEats #EHSMyanmar

Desertification and Drought Day Campaignမှာ ဖော်ထုတ်ခဲ့ကြတဲ့အသံတချို့🗣 —----------------------------------------------------
+3
Desertification and Drought Day Campaignမှာ ဖော်ထုတ်ခဲ့ကြတဲ့အသံတချို့🗣 —------------------------------------------------------------------------- EHS Myanmar-17/06/2024 EHS Myanmar ရဲ့ ဇွန်လအတွက် campaign ကနေပြီးတော့ Desertification and Drought အကြောင်းလေးဆွေးနွေးခဲ့ကြပါတယ်။ အဲ့ထဲကမှ အကျိုးဆက်ကြီးမားတဲ့ မိုးခေါင်ရေရှားမှုတွေ၊ သဲကန္တာရလွင်ပြင်ဖြစ်ပွားမှုတွေကနေကာကွယ်ဖို့ တစ်ဦးတစ်ယောက်ချင်းစီဖြစ်စေ၊ အဖွဲ့အစည်းနှင့်ဖြစ်စေ မည်ကဲ့သို့သော ပြောင်းလဲမှုတွေ လုပ်ဆောင်သင့်သလဲဆိုတာနဲ့ပတ်သက်ပြီး သူတို့ရဲ့တွေးမြင်ချက် ယူဆချက်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ #ehsmyanmar #droughtanddesertification #monthlycampaign #June17

🌍 EHS Myanmar is committed to celebrating World Day to Combat Desertification and Drought 🌱💧 Join us in raising awareness
🌍 EHS Myanmar is committed to celebrating World Day to Combat Desertification and Drought 🌱💧 Join us in raising awareness about the importance of sustainable land management and water conservation. Participate in our workshops, tree planting events, and community discussions to help protect our precious natural resources. Together, we can make a difference! #CombatDesertification #DroughtAwareness #EHSMyanmar