EHS Myanmar
Ir al canal en Telegram
This is an official channel of Environment, Health and Safety Myanmar (EHS Myanmar). Please visit www.ehsmyanmar.org for more information.
Mostrar más934
Suscriptores
Sin datos24 horas
+47 días
+730 días
Archivo de publicaciones
934
ဘာကြောင့် Environmental Podcast များကိုနားထောင်သင့်သလဲ။ 🎤
======================================================================
EHS Myanmar | 16.10.22
လူငယ်တွေအနေနဲ့ သဘာဝပတ်ဝန်းကျင်ဘာသာရပ်ကို Self-study လေ့လာတဲ့အခါမှာ စာဖတ်ကြမယ်၊ Youtube တွေကနေတဆင့်လေ့လာကြမယ်၊ Online သင်တန်းတွေတက်ကြမယ်၊ Webinar/ Live Talk တွေတက်ပြီး လေ့လာကြမယ်။ ဒါအများစုပေါ့။ ဒါတင်မကပဲ အသံဖြင့်နားထောင်ပြီး ပညာရပ်တွေလေ့လာလို့ရပါ သေးတယ်။ Podcast ကနေတဆင့်နားထောင်ခြင်းပဲဖြစ်ပါတယ်။ Podcast မှာ EHS Myanmar's Podcast အပါအဝင် သဘာဝပတ်ဝန်းကျင် Podcast တွေအများ ကြီးရှိပါတယ်။ အများစုကတော့ English လိုဖြစ်ပြီး မြန်မာလိုကတော့ EHS Myanmar's Podcast ပဲရှိနေပါဦးမယ်။ Environmental Podcast တွေကို မသိသေးဘူးဆိုရင်တော့ အရင် share ထားဖူးတဲ့ Post တွေမှာပြန်ကြည့်လိုက်ပါ။
.
နားထောင်သင့်သည့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ Podcast များ (အပိုင်း - ၁) - https://www.facebook.com/ehsmyanmar/posts/pfbid0cyVM4PMwSYgAtaHgrbXKYuVanz1K8STzqJozvtRo8TAJxYGfiFmwkm3S8UEyrQrRl
နားထောင်သင့်သည့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ Podcast များ (အပိုင်း - ၂) - https://www.facebook.com/ehsmyanmar/posts/pfbid02eiHjvE5kteqJFqjfzCgzNcdQPJ1hEqN4LYFawxfUa2qN7XUPTv1oKeSPRhkDec6Fl
.
ဟုတ်ပြီ... ဒီတော့ ဘာကြောင့် Environmental Podcast များကိုနားထောင်သင့်သလဲ လေ့လာကြည့်ရအောင်။
၁။ အလုပ်များကိုတပြိုင်နက်ထည်းလုပ်နိုင်ခြင်း။ 🎧
ကျွန်တော်တို့တွေ Youtube တွေ၊ Live Talk တွေကြည့်ဖို့ဆိုလျှင် ထိုင်နားထောင်ဖို့ ထိုင်လေ့လာဖို့အချိန်တခုယူရ ပါတယ်။ ဒီ့အတွက် အားနည်းချက်ကတော့ အလုပ်အားမှထိုင်ကြည့်ရမယ်၊ အချိန်ပေးရမယ်။ သူရဲ့ အားသာချက် ကတော့ ကိုယ်မှတ်ထားချင်တဲ့စာတွေကိုတခါထည်းချမှတ်ထားလို့ရတာပေါ့။ ဒါပေမယ့်လဲ Multitasking လုပ်ချင်တဲ့သူတွေအတွက်ကတော့ Podcast နားထောင်ပြီး Task တွေလုပ်ရတာ ပိုပြီးလွယ်ကူစေနိုင်ပါတယ်။ လမ်းလျောက်ရင်းလဲ နားထောင်လို့ရမယ်။ ကားပေါ်မှာလဲနားထောင်မယ်၊ အခန်းထဲမှာ လေ့ကျင့်ခန်းလုပ်ရင်းနဲ့လဲ နားထောင်လို့ရပါသေးတယ် စတဲ့ အကျိုးကျေးဇူးတွေရှိပါတယ်။
၂။ Screentime ကိုလျှော့ချနိုင်ခြင်း။ 🎧
ခုခေတ်မှာ လူငယ်တော်တော်များရဲ့ Screentime အချိန်က တစ်ရက်ကို (၈) နာရီဝန်းကျင်ရှိပါတယ်။ Screentime များရင် မျက်လုံးထိမယ်၊ ဦးနှောက်စွမ်းဆောင်ရည်ကျစေနိုင်တယ်။ အားအင်ကုန်မယ်။ တချို့သော သုတေသနစာတမ်းများအရ Video ကြည့်ခြင်းထက် နားထောင်ခြင်း က ဦးနှောက်ကိုပို active ဖြစ်စေပါတယ်။ သဘာဝပတ်ဝန်းကျင်အပိုင်းကနေပြောမယ်ဆိုလျှင်လဲ Screentime များခြင်းကလဲ Internet Emission ကို ဖြစ်ပေါ်စေပြီး Global Warming ကိုဖြစ်စေနိုင်ပါသေးတယ်။
၃။ အောင်မြင်သူတိုင်းက Podcast နားထောင်သူတွေဖြစ်ကြတယ်။ 🎧
Podcast ကိုနားထောင်သူတွေရဲ့ စစ်တမ်းကိုလေ့လာကြည့်တဲ့အခါမှာ နားထောင်တဲ့သူတွေက Highly Educated တွေဖြစ်ရုံတင်မက ငွေကြေးပြည့်စုံတဲ့သူတွေလဲဖြစ်ကြတယ် ဆိုပြီး EverGreen Podcast ကဖော်ပြ ထားပါတယ်။ Podcast ရဲ့ သဘောသဘာဝက ဖျော်ဖျေရေး (Entertainment) အတွက် အသုံးပြုခြင်းထက် Educational Purpose အတွက် အသုံးပြုကြတယ်ဆိုတာပါပဲ။
၄။ နေရာဒေသမရွေးအသုံးပြုနိုင်ခြင်း။ 🎧
Podcast ဆိုတာက တကယ်တော့ ရေဒီယိုတမျိုးပါပဲ။ သူ့အတွက် MHz တွေနဲ့မဟုတ်ပဲ Internet လိုအပ်ချက်ပဲ ရှိတာပါ။ နောက်တခုက Podcast ကနေနားထောင်ရတယ်ဆိုပေမယ့် ပညာရှင်တွေဆီကနေ တိုက်ရိုက်နားဆင် နိုင်ခြင်းကလဲ အားသာချက်တစ်ခုပါပဲ။ သဘာဝပတ်ဝန်းကျင်ကဏ္ဍ တင်မကပဲ အခြားစီးပွားရေးကဏ္ဍ ပညာရပ်ပိုင်းဆိုင်ရာ အကြောင်းရာတွေကို နယ်ပယ်ပေါင်းစုံမှပညာရှင်များရဲ့ သဘောထားများကို နားဆင်နိုင်ပါတယ်။
၅။ Mainstream Media တွေရဲ့ ဘက်လိုက်မှု (bias) မရှိခြင်း။ 🎧
Channel တွေကနေ တိုက်ရိုက်နားဆင်နိုင်ခြင်း၊ ပညာရှင်များ၏အမြင်သဘောထား ဆွေးနွေးမှုများကို ပွင့်လင်း စွာနားဆင်နိုင်ပါတယ်။ တဆင့်ကြားခံ မရှိတဲ့အတွက် Bias ဖြစ်မှုကို လျှော့ချထားနိုင်ပါတယ်။ ထို့အပြင် အကြောင်းအရာတစ်ခုကို မတူတဲ့ရှုထောင့်ပေါင်းစုံကနေ နားဆင်နိုင်ခြင်းကလဲ ကောင်းမွန်တဲ့ အချက်လဲ ဖြစ်ပါတယ်။
ဖော်ပြပါ အားသာချက်တွေကြောင့် EHS Myanmar မှလဲ Webinar/ Live Talk များအပြင် ခေတ်နှင့်အညီ Podcasting များကိုလဲ တွဲလုပ်ဆောင်လျက်ရှိနေပါတယ်။ EHS Myanmar Podcast Channel မှာဆိုလျှင်လဲ လုပ်ခဲ့ဖူးတဲ့ Live Talk များကိုပြန်လည်တင်ပေးထားပြီး အသစ်သစ်သော အကြောင်းအရာများကိုလဲ တင်ဆက်သွားဖို့ရှိနေတဲ့အတွက် EHS Myanmar Podcast Channel ကို follow လုပ်ထားဖို့ မမေ့ပါနဲ့နော်။
🎧 EHS Myanmar Podcast Channel - https://www.ehsmyanmar.org/podcast-1
ပြုစုရေးသားသူ - နိုင်ကျော်လူ
934
International Day for Natural Disaster Reduction, October 13
=============================================================
The International Day for Disaster Risk Reduction is an opportunity to acknowledge the progress being made toward preventing and reducing disaster risk and losses in lives, livelihoods, economies and basic infrastructure in line with the international agreement for reducing global disaster risk and losses. In 2022, the International Day will focus on Target G of the Sendai Framework: “Substantially increase the availability of and access to multi-hazard early warning systems and disaster risk information and assessments to people by 2030.”
Source - UN
#EHSMyanmar #NaturalDisaster #RiskRduction
934
ဘယ်လိုပေါ့ဆမှုတွေကြောင့်လဲ?
တကယ်တော့ ဓာတ်ပေါင်းဖို ကို မှန်ကန်တဲ့နည်းလမ်းနဲ့ မပိတ်ခဲ့တာပါ။ အပူချိန်မြင့်လာတော့ လေဖိအားက လေ၀င်လေထွက်အဆို့ရှင်ကိုမှုတ်ထုတ်လိုက်သလို ဖြစ်မိသွားခဲ့တာပါ။ ၁၉၈၃ခုနှစ်မှာ ICMESA က အလုပ်သမား ၅ယောက်ကို ထောင်ဒဏ်ချခဲ့ပါတယ်။ ဒါပေမယ့် ၁၉၈၅မှာတော့ သုံးယောက်က ပြစ်ဒဏ်နဲ့ကင်းလွတ်ခဲ့ပြီး ကျန်နှစ်ယောက်ကတော့ ထောင်ဒဏ်ဆက်ပြီးကျခဲ့ပါတယ်။
သေဆုံးတဲ့သူတွေရှိခဲ့လား?
ဒီဓာတုကပ်ဘေးက ထင်ထားသလောက်မပြင်းထန်ခဲ့တဲ့အတွက် သေဆုံးခဲ့တဲ့သူတွေမရှိခဲ့ပါဘူး။ ဒါပေမယ့် အရေပြားရောဂါရရုံလောက်ပဲ ဖြစ်ခဲ့တာပါ။
Reference - Greatdisaster, World Social Website
ယောနသန် မှ ရေးသားသည်။
-------------------------------------------------------------------------------------------------------------------
EHS Myanmar ၏ ဆောင်းပါးများကို အမြဲမပြတ်ဖတ်နိုင်ဖို့ LinkedIn ကိုအခုပဲ Follow လိုက်ပါ။
https://www.linkedin.com/company/ehsmyanmar/
#EHSMyanmar #NaturalandMan-MadeDisasters
934
သဘာ၀ဘေးအန္တရာယ်များနှင့် လူလုပ်ဘေးအန္တရာယ်များ။
=============================================
EHS Myanmar | 2.10.22
"ကပ်ဘေး" လို့ခေါ်တဲ့ "Disaster" ဆိုတာဘာလဲ?
ပုံမှန်လည်ပတ်နေတဲ့ အသိုင်းအဝိုင်းတွေကို ကမောက်ကမဖြစ်အောင်လုပ်လိုက်တဲ့ ဖြစ်စဉ်မျိုးကို ဆိုလိုပါတယ်။ ကပ်ဘေး မှာ နှစ်မျိုးရှိပါတယ်။ Natural Disasters (သဘာ၀ကြောင့်ဖြစ်တဲ့ ကပ်ဘေး) နဲ့ Man-Made Disasters (လူကြောင့်ဖြစ်တဲ့ ကပ်ဘေး) ဆိုပြီး နှစ်မျိုးရှိပါတယ်။ Natural Disasters မှာတော့ သဘာ၀အရ ငလျင်လှုပ်တာ၊ လေဆင်နှာမောင်းတိုက်တာ၊ ဆူနာမီလှိုင်း စတာတွေ ပါ၀င်ပြီးတော့ Man-Made Disasters မှာတော့ လူတွေရဲ့ မှားယွင်းမှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ ဘေးအန္တရာယ်တွေပါ၀င်ပါတယ်။ အခုကျွန်တော့်အနေနဲ့ ကမ္ဘာပေါ်မှာ ဖြစ်ပျက်ခဲ့တဲ့ Natural Disaster တစ်ခုနဲ့ Man-Made Disaster တစ်ခုအကြောင်း မျှဝေချင်ပါတယ်။
ပထမဦးဆုံး Natural Disaster ကတော့ Indian Heat Wave (အိန္ဒိယအပူလှိုင်း) အ ကြောင်းပဲဖြစ်ပါတယ်။
၂၀၀၂ခုနှစ် မေလမှာ အိန္ဒိယနိုင်ငံတောင်ပိုင်းမှာရှိတဲ့ Andhra Pradesh ဆိုတဲ့မြို့မှာစတင်ဖြစ်ပွားခဲ့ပါတယ်။ တကယ်တော့ ဒီလိုအပူလှိုင်းတွေဟာ ၁၉၉၂ကတည်းက စတင်ဖြစ်ပွားနေခဲ့တာပါ။ ယင်းအပူလှိုင်းကြောင့် လူပေါင်း ၁၂၀၀ကျော်သေဆုံးခဲ့ပါတယ်။ အကြောင်းမှာတော့ အပူချိန်ဟာ ၄၅ ကနေ ၅၀ °C အထိမြင့်တက်သွားခဲ့လို့ဖြစ်ပါတယ်။ အထူးသဖြင့် သက်ကြီးရွယ်အိုတွေသေဆုံးခဲ့ပြီး အမျိုးသမီးများနှင့် ကလေးတွေပါ အပူဒဏ်ကြောင့် သေဆုံးခဲ့ရပါတယ်။ Andhra Pradesh မြို့မှာ ၂၃ခရိုင်ရှိတဲ့အနက် ၃ခရိုင်လောက်ပဲ အပူဒဏ်နဲ့ ကင်းလွတ်ခဲ့တာပါ။ အဲ့ထဲမှာတော့ Nalgonda ခရိုင်ကတော့ ဆိုးဆိုးဝါးဝါးထိခိုက်ခဲ့ပါတယ်။
ဘာကြောင့် ဒီအပူလှိုင်းဖြစ်ပွားခဲ့တာလဲ?
ပထမဦးဆုံး အယ်လ်နီညိုအကြောင်းကို အနည်းငယ်ရှင်းပြချင်ပါတယ်။ အယ်လ်နီညိုကတော့ National Oceanic and Atmospheric Administration (NOAA) ရဲ့အဆိုအရ အီကွေတာရပ်၀န်းပိုင်းမှာရှိတဲ့ ပစိဖိတ်သမုဒ္ဒရာရဲ့ ရေမျာက်နှာပြင်ဟာ ပုံမှန်ထက်နွေးနေပြီးတော့ အရှေ့ရပ်၀န်းပိုင်းလေဟာ ပုံမှန်ထက်လေတိုက်ခတ်တာ အားနည်းတဲ့အခြေအနေမျိုးကို ဆိုလိုပါတယ်။ အယ်လ်နီညိုဟာ နေရာတစ်နေရာနဲ့ တစ်နေရာပေါ်မူတည်ပြီးတော့ မိုးခေါင်ရေရှားပြီး ပူပြင်းတဲ့အခြေအနေမျိုးတွေ၊ ရေကြီးတဲ့အခြေအနေမျိုးတွေ၊ ဟာရီကိန်း၊ တိုင်ဖွန်းမုန်တိုင်းတွေနဲ့ အအေးလွန်ကဲတဲ့ရာသီဥတုတွေ စတဲ့ အခြေအနေတွေကို ဖြစ်ပေါ်အောင်လုပ်ဆောင်နိုင်ပါတယ်။ အခု အိန္ဒိယအပူလှိုင်းဟာလဲ အယ်လ်နီညိုရဲ့ အကျိုးဆက်တွေကြောင့် ဖြစ်ပွား ခဲ့ခြင်း ဖြစ်ပါတယ်။ အယ်လ်နီညိုအပူဒဏ်ကြောင့် ဖြစ်ပွားခဲ့တဲ့ရောဂါနဲ့ ထိခိုက်ပျက်စီးမှုများ သက်ကြီးရွယ်အိုတွေနဲ့ ဆင်းရဲနွမ်းပါးတဲ့သူတွေဟာ ရေဓာတ်ပြတ်လပ်ခြင်းနဲ့ အပူလျှပ်ခြင်းတို့ကြောင့်သေဆုံးခဲ့ရပြီး အသက်ရှူပိုင်းဆိုင်ရာ၊ နှလုံးသွေးကြောဆိုင်ရာနဲ့ ဦးနှောက်သွေးကြောဆိုင်ရာရောဂါတွေဟာ တဟုန်တိုး မြင့်တက်လာခဲ့ပါတယ်။ တစ်ဆက်တည်းမှာ ဒီအပူဒဏ်ကြောင့် ကောက်ပဲသီးနှံတွေပါ ပျက်စီးခဲ့ရပါတယ်။ အစိုးရ၏ ကာကွယ်မှုနှင့် တုံ့ပြန်မှုကတော့ အပူဒဏ်နဲ့ပက်သက်တဲ့ အသိပညာပေးအစီအစဉ်တွေကို တီဗီနဲ့ တခြားမီဒီယာတွေကနေတစ်ဆင့် ဖြန့်ဝေခဲ့ပါတယ်။ အပူချိန်မြင့်မားတဲ့နေ့လယ်မှာ အပြင်မထွက်ဖို့၊ ရေများများသောက်ဖို့အတွက် တိုက်တွန်းခဲ့ကြပါတယ်။
ဒီအထိကတော့ ၂၀၀၂ခုနှစ် အိန္ဒိယမှာဖြစ်ခဲ့တဲ့ အပူလှိုင်းအကြောင်းပဲဖြစ်ပါတယ်။ ဆက်ပြီးတော့ Man-Made Disaster ဖြစ်တဲ့ Seveso Chemical Disaster အကြောင်း ဝေမျှချင်ပါတယ်။
၁၉၇၆ခုနှစ်၊ ဇူလိုင် ၁၀ရက်နေ့မှာ အီတလီနိုင်ငံ၊ မီလန်မြို့မြောက်ပိုင်း၊ ဆီဗက်ဆိုမြို့နယ်မှာရှိတဲ့ ဓာတုစက်ရုံကနေ စတင်ဖြစ်ပွားခဲ့ပါတယ်။ အဲ့ဒီဓာတုစက်ရုံကို Givaudan လို့ခေါ်တဲ့ ဆွစ်ဇာလန်ကုမ္ပဏီလက်အောက်ခံ Industrie Chimiche Meda Societa Anonima (ICMESA) ကနေ ပိုင်ဆိုင်ပါတယ်။ Trichlorophenol လို့ခေါ်တဲ့ ဓာတုပစ္စည်းကို စတင်ပြုလုပ်ရင်းနဲ့ ဖြစ်ပွားခဲ့ပါတယ် ။ဒီဖြစ်စဉ်ရဲ့အစမှာတော့ စက်ရုံကနေ ကျယ်လောင်တဲ့အသံနဲ့ အဖြူရောင်တိမ်ကြီး တစ်ခုပေါက်ကွဲထွက်လာခဲ့ပြီး ဘေးနားက ပတ်၀န်းကျင်တွေဆီကို ပျံ့နှံ့သွားခဲ့ပါတယ်။ ဒေသခံတွေကတော့ ဒီလိုတိမ်မျိုးတွေက သူတို့ပတ်၀န်းကျင်မှာ အမြဲလိုလိုရှိနေတာကြောင့် သိပ်ပြီးဂရုမစိုက်ခဲ့ကြပါဘူး။ အနံ့ဆိုးတွေရှိနေပေမယ့်လဲ ဟင်းသီးဟင်းရွက်တွေကို ခူးစားခဲ့ပါတယ်။
ကျန်းမာရေးအပေါ်ထိခိုက်မှုများ ကတော့ ကလေးငယ်အချို့ဟာ အရေပြားပေါ်မှာ အဖုအပိန့်တွေစတင်ပြီး တွေ့လာရပါတော့တယ်။ ကလေး ၁၂ယောက်ကိုခေါ်စစ်တဲ့အခါ ၄ယောက်လောက်က မျက်နှာဖောင်းနေတဲ့အတွက်ကြောင့် စက်ကိရိယာအပြည့်အစုံရှိတဲ့ ဆေးရုံတွေဆီမှာ သွားကုသရပါတယ်။ ဇူလိုင်လ ၁၄ရက်နေ့မှာ ဆီဗက်ဆို မြို့နယ်အနီးအနားတစ်ဝိုက်က တိရစ္ဆာန်တွေ သေဆုံးနေတယ်ဆိုတာကိုတွေ့ရှိရပါတယ်။ ဓာတုပစ္စည်းတွေကို ပိုပြီးထိတွေ့ရတာကတော့ ကလေးတွေနဲ့ ကိုယ်၀န်ဆောင်အမျိုးသမီးတွေပဲ ဖြစ်ပါတယ်။ ၁၉၈၃ခုနှစ်မှာတော့ ဆီဗက်ဆိုမြို့နေအမျိုးသမီး ၉၀ဦးဟာ ကိုယ်၀န်ဖျက်ချဖို့ ဆုံးဖြတ်ခဲ့ပါတယ် လို့ သိပ္ပံပညာရှင်တွေဟာ ဖော်ပြလာပါတယ်။
934
သီတင်းကျွတ်အခါသမယတွင် ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာ၍ ရောဂါဘယာခပ်သိမ်းကင်းငြိမ်းပြီး လိုအင်ဆန္ဒများပြည့်ဝပါစေကြောင်း EHS Myanmar မှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။ ပျော်ရွှင်နှစ်လိုဖွယ်ကောင်းသော သီတင်းကျွတ်အခါသမယဖြစ်ကြပါစေ။ 🎆🎆
Please keep in touch with us;
EHS Myanmar LinkedIn -
https://www.linkedin.com/company/ehsmyanmar/
#EHSMyanmar #Thadingyut #2022
934
၂၀၁၀ ခုနှစ်က ရစ်ချက်တာစကေး ၇.၀ ပြင်းအားရှိသော ငလျင်တစ်ခု ဟေတီနိုင်ငံတွင် လှုပ်ခတ်ခဲ့ပြီး လူပေါင်း ၂ သိန်းကျော် အသက်သေဆုံးခဲ့သည်။ ထိုဖြစ်ရပ်အပြီး ၆ ပတ်ကျော်အကြာတွင် ချီလီနိုင်ငံ၌ ရစ်ချက်တာစကေး ၈.၈ ပြင်းအားရှိသော ငလျင်လှုပ်ခတ်ခဲ့ပြီး လူ ၁၀၀၀ နီးပါး အသက်ဆုံးရှုံးခဲ့ရသည်။ ချီလီနိုင်ငံတွင် လှုပ်ခတ်ခဲ့သော ငလျင်မှာ ဟေတီတွင် ဖြစ်ပွားခဲ့သော ငလျင်ထက် အဆ ၅၀၀ ပိုမိုပြင်းထန်ခဲ့ပြီး ကမ္ဘာ့သမိုင်းတွင်လည်း ၆ ခုမြောက် အဆိုးရွားဆုံး ငလျင်ဖြစ်ခဲ့သည်။ သို့သော် ဟေတီနိုင်ငံ၏ ပျက်ဆီးဆုံးရှုံးမှုပမာဏမှာ ပို၍များပြားနေခဲ့သည်။ ဤဖြစ်ရပ်နှစ်ခုကို ကြည့်ခြင်းအားဖြင့် လူသားတို့သည် သဘာဝဘေးအန္တရာယ်၏ပြင်းထန်မှုအားကို ထိန်းချုပ်၍မရနိုင်သော်လည်း နောက်ဆက်တွဲပျက်ဆီးဆုံးရှုံးမှုပမာဏ လျော့ကျသွားအောင် စွမ်းဆောင်နိုင်စွမ်းရှိကြောင်း သိရှိနိုင်ပါသည်။
သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်သည့်အခါ အမျိုးသမီးများ၊ ကလေးငယ်များ၊ သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူများသည် ပို၍ ထိခိုက်ခံရလွယ်သည်။ ၂၀၀၄ ခုနှစ်က အိန္ဒိယသမုဒ္ဒရာတွင် ဖြစ်ပွားခဲ့သော ဆူနာမီကြောင့် အမျိုးသမီးများ ထိခိုက်မှုပမာဏမှာ အမျိုးသားများထက် ပိုမိုများပြားသည်ကို တွေ့ရသည်။ သဘာဝဘေးအန္တရာယ်နှင့်ပတ်သတ်၍ အကာအကွယ်၊ အထောက်အပံ့များ ရပိုင်ခွင့် လူတိုင်းတွင်ရှိသည်။ ထို့ကြောင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဥပဒေနှင့် မူဝါဒများသည်လည်း လူသားအားလုံး တစ်သားတည်း ပါဝင်နိုင်သည့် အကာအကွယ် အထောက်အပံ့ရနိုင်မည့် နည်းဥပဒေများ ဖြစ်ရမည်။
မြန်မာနိုင်ငံသည် ပထဝီဝင်အနေအထားအရ သဘာဝဘေးအန္တရာယ်များ ဖြစ်လေ့ဖြစ်ထရှိသော နိုင်ငံတစ်နိုင်ငံဖြစ်သည်။ ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သော မြန်မာနိုင်ငံသည် သဘာဝဘေးအန္တရာယ်နှင့်ပတ်သတ်၍ ထိခိုက်ခံရလွယ်သော နိုင်ငံများထဲတွင် ပါဝင်သည်။ ထို့အပြင် ဆင်းရဲမွဲတေမှုနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိပညာနည်းပါးခြင်းတို့ကြောင့် ဒေသခံတို့၏ သဘာဝသယံဇာတစီမံခန့်ခွဲမှုမှာလည်း အားနည်းလှပါသည်။၂၀၀၈ ခုနှစ်က ဖြစ်ပွားခဲ့သည့် နာဂစ်မုန်တိုင်းသည် မြန်မာနိုင်ငံသမိုင်းတလျှောက် ကြုံတွေ့ခဲ့ရသည့် သဘာဝဘေးအန္တရာယ်များအနက် အဆိုးဝါးဆုံးဖြစ်ခဲ့ပြီး၊ ကမ္ဘာ့သမိုင်းတွင် အပျက်အစီး ဆုံးရှုံးမှုအများဆုံး သဘာဝဘေးအဖြစ် နံပါတ်(၈)အဆင့်ရှိခဲ့သည်။ ကြိုတင်ပြင်ဆင်မှုမရှိခြင်း၊ အစိုးရ၏ တုံ့ပြန်မှုနှောင့်နှေးခြင်းတို့ကြောင့် လူပေါင်း ၁၄၀,၀၀၀ ကျော် အသက်သေဆုံးခဲ့ရသည့်အပြင် ဆန်စပါးစိုက်ပျိုးရေးနှင့် ငါးဖမ်းလုပ်ငန်းကို အဓိက အားထားရသည့်ဒေသတွင် ဖြစ်ပွားခဲ့သည့်အတွက် ဒေသခံတို့၏ စီးပွားရေးမှာ ချွတ်ခြုံကျသွားသည့်အပြင် ဆင်းရဲနွမ်းပါးမှုပမာဏလည်း ပိုမိုမြင့်တက်လာခဲ့သည်။ ဤဖြစ်ရပ်ကို ကြည့်ခြင်းအားဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ပြင်ဆင်မှုမရှိခြင်း၊ စီမံခန့်ခွဲမှုအားနည်းခြင်းတို့သည် ပျက်ဆီးဆုံးရှုံးမှုပမာဏပိုမိုများပြားလာစေသည် လေ့လာတွေ့ရှိရပါသည်။
အချုပ်အားဖြင့်ဆိုသော် သဘာဝဘေးအန္တရာယ်များကို ရှောင်လွှဲ၍မရပါ။ Disaster Risk Reduction - DRR (သဘာဝဘေးအန္တရာယ်ကြောင့်ဆုံးရှုံးနိုင်ခြေလျှော့ချရေး) သည် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ခွဲခြား၍မရနိုင်သော လုပ်ငန်းစဉ်တစ်ခုဖြစ်ပါသည်။ ထို့ကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ထိရောက်သည့် ဥပဒေများရေးဆွဲခြင်း၊ လူတစ်ဦးတစ်ယောက်ချင်းစီနှင့်အတူ အစိုးရအဖွဲ့တစ်ရပ်လုံး၊ ဒေသတစ်ခုလုံးက ကြိုတင်ပြင်ဆင်ကာကွယ်မှုများ လုပ်ဆောင်ထားပါက သဘာဝဘေးအန္တရာယ်ကြောင့် ပျက်ဆီးဆုံးရှုံးမှုနှင့် ဆင်းရဲမွဲတေမှုကိုလျှော့ချနိုင်သကဲ့သို့ ရေရှည်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များသည်လည်း သဘာဝဘေးအန္တရာယ်ကြောင့် နှောင့်နှေးသွားမှုမရှိနိုင်တော့ပါ။
ယွန်းနန္ဒာ (EHS Myanmar) မှ ရေးသားသည်။
ကိုးကား - IISD, Oxfam International, Learning from Cyclone Nargis UNEP
-------------------------------------------------------------------------------------------------------------------
EHS Myanmar ၏ ဆောင်းပါးများကို အမြဲမပြတ်ဖတ်နိုင်ဖို့ LinkedIn ကိုအခုပဲ join လိုက်ပါ။
https://www.linkedin.com/company/ehsmyanmar/
#EHSMyanmar #naturaldisaster #riskreduction
934
အဘယ့်ကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် သဘာဝဘေးအန္တရာယ်၏ အကျိုးဆက်ကို ပိုမို ခံစားရသနည်း?
________
EHS Myanmar | 6.10.2022
လွန်ခဲ့သောနှစ်အနည်းငယ်အတွင်းတွင် ကမ္ဘာအနှံ့၌ သဘာဝဘေးအန္တရာယ်ဖြစ်ပွားမှုနှုန်းမှာ ယခင်ထက် ပိုမိုများပြားလာသည်ကို တွေ့ရသည်။ ထိုသဘာဝဘေးအန္တရာယ်များကြောင့် ကမ္ဘာတစ်ဝှမ်းလုံးတွင် ထိခိုက်ဆုံးရှုံးများ ကြုံတွေ့ရသော်လည်း တစ်နေရာနှင့်တစ်နေရာ ပျက်ဆီးမှုပမာဏမှာ မတူညီကြပေ။ ထို့အတူ ဖွံ့ဖြိုးဆဲနိုင်ငံများတွင်လည်း ဖွံ့ဖြိုးပြီးနိုင်ငံများထက် သဘာဝဘေးအန္တရာယ်များ၏ အကျိုးဆက် ပိုမိုခံစားရသည်ကို လေ့လာတွေ့ရှိရပါသည်။
ဒေသတစ်ခု၏ ပထဝီဝင်အနေအထား၊ နေထိုင်ရာ အခြေခံအဆောက်အဦး၊ တစ်ကိုယ်ရေအင်အား၊ နိုင်ငံရေးတည်ငြိမ်မှု စသည့်အချက်များပေါ်မူတည်၍ ထိုဒေသ၏ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အကျိုးသက်ရောက်မှုမှာ ကွာခြားသွားပါသည်။ သုတေသန လေ့လာချက်များအရ လူနေမှုစီးပွားရေးကွာခြားသွားသည်နှင့်အမျှ သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်မှုမှာလည်း ခြားနားသွားသည်ကို တွေ့ရှိရသည်။ ဆင်းရဲမွဲတေမှု၊ အစိုးရ၏ စီမံခန့်ခွဲမှု အားနည်းခြင်းနှင့် ကြိုတင်သတိပေးချက်များ မရှိခြင်း စသည့်အချက်များကြောင့် ဖွံ့ဖြိုးဆဲဒေသများသည် သဘာဝဘေးအန္တရာယ်၏ အကျိုးဆက်ကို ပိုမိုခံစားနေကြရသည်။
ဆင်းရဲမွဲတေမှုသည် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ သဘာဝဘေးအန္တရာယ်ဆိုင်ရာဆုံးရှုံးမှုများကို လှုံ့ဆော်နေသော အရာဖြစ်သည့်အပြင် ထိုသဘာဝဘေးအန္တရာယ်၏ အကျိုးဆက်မှာလည်း ဆင်းရဲမွဲတေမှု ဖြစ်နေပြန်သည်။ လေ့လာချက်များအရ ဆင်းရဲနွမ်းပါးသူများသည် ဝင်ငွေနည်းပါးခြင်းကြောင့် မြစ်ကမ်းဘေး၊ ရေလွှမ်းလွင်ပြင်ဒေသနှင့် တောင်စောင်းများကဲ့သို့သော ဘေးဖြစ်နိုင်ချေမြင့်မားသည့်ဒေသများတွင် နေထိုင်ကြရသည့်အပြင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာနှင့် ကြိုတင်ပြင်ဆင်မှုအားနည်းခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှု အထောက်အပံ့များ မရရှိခြင်းတို့ကြောင့် ယင်းဒေသရှိ နေထိုင်သူများသည် သဘာဝဘေးအန္တရာယ်ဒဏ်ကို ဆိုးရွားစွာ ခံစားနေကြရသည်။ သဘာဝဘေးအန္တရာယ်တစ်ခု ကျရောက်လာသည်နှင့်တစ်ပြိုက်နက် ထိုဒေသတွင် နေထိုင်သူတို့၏ စီးပွားရေး၊ လူမှုရေးတို့ကို ထိခိုက်ဆုံးရှုံးမှု ဖြစ်စေရုံမက ယင်းဒေသ၏ ဖွံ့ဖြိုးတိုးတက်မှုကိုပါ နှောင့်နှေးသွားစေသည်။ ဘေးသင့်ဒေသရှိ ထိခိုက်ပျက်ဆီးသွားသော အိုးအိမ်နှင့် အခြားအခြေခံအဆောက်အဦးများကို ပြန်လည်တည်ဆောက်ခြင်းနှင့် ပြန်လည်ပြုပြင်ခြင်းများ ဆောင်ရွက်ရန် ငွေကြေးအင်အားလိုအပ်သည်။ ထို့ကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ဆင်းရဲမှုလျှော့ချရေးအစီအစဉ်များသည်လည်း သဘာဝဘေးအန္တရာယ်နှင့် ကြုံကြိုက်သည့်အခါ မအောင်မြင်တော့ချေ။ ၂၀၀၉ ခုနှစ်က ဖိလစ်ပိုင်နိုင်ငံတွင် ဖြစ်ပွားခဲ့သော Ondoy မုန်တိုင်းနှင့် တိုင်ဖွန်း Pepeng တို့ကြောင့် Rizal ပြည်နယ်၏ ဆင်းရဲမှုနှုန်းမှာ ၂၀၀၆ ခုနှစ်တွင် ၅.၅ % ရှိခဲ့ပြီး မုန်တိုင်းဖြစ်ပေါ်ခဲ့သော ၂၀၀၉ ခုနှစ်တွင်မူ ၉.၅ % အထိ ၂ ဆ နီးပါး မြင့်တက်လာခဲ့သည်။ မုန်တိုင်းဖြစ်ပွားပြီး ၆ နှစ်ကြာသည်ထိတိုင် ၎င်းဒေသ၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းများမှာ အလှမ်းကွာဝေးလျက်ရှိနေခဲ့ပြီး မိသားစု ၇.၆% မှာလည်း ဆင်းရဲမှုဒဏ်ကို ခံစားနေခဲ့ရသည်။
သဘာဝဘေးအန္တရာယ်ကြောင့် အသက်သေဆုံးမှုများ၏ ၉၀% မှာ ဖွံ့ဖြိုးဆဲနိုင်ငံများ၊ ဆင်းရဲနွမ်းပါးသော ဒေသများတွင် ဖြစ်ပွားလျက်ရှိသည်။ ထို့ကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် Disaster Risk Reduction - DRR (သဘာဝဘေးအန္တရာယ်ကြောင့်ဆုံးရှုံးနိုင်ခြေလျှော့ချရေး) လုပ်ငန်းစဉ်များကို ထိရောက်စွာ လုပ်ဆောင်ရန်လိုအပ်သည်။ သို့သော် ယေဘုယျအားဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် Disaster Risk Reduction လုပ်ငန်းစဉ်များအတွက် ရန်ပုံငွေထိန်းသိမ်းမှုအားနည်းလှပါသည်။ ထို့အပြင် ပြည်သူလူထု၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုကလည်း အရေးပါလှပေသည်။ စေ့စပ်သေချာစွာ ကြိုတင်ပြင်ဆင်မှုပြုလုပ်ခြင်း၊ ကြိုတင်သတိပေးချက်များထုတ်ပြန်ခြင်းနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာများ ဖြန့်ဝေခြင်းတို့သည် သဘာဝဘေးအန္တရာယ်ကြောင့် လူ့အသက်သေဆုံးမှုပမာဏကို လျှော့ချနိုင်သကဲ့သို့ ပျက်ဆီးဆုံးရှုံးမှုပမာဏကိုလည်း လျော့ကျစေပါသည်။ ၂၀၁၃ ခုနှစ်က အိန္ဒိယနိုင်ငံ Odisha ပြည်နယ်တွင် ဖြစ်ပေါ်ခဲ့သော Phailin မုန်တိုင်းကြောင့် လူပေါင်း ၁၂ သန်း ထိခိုက်ခဲ့ပြီး လူ ၁ သန်းမှာ အရေးပေါ်ပြောင်းရွှေ့ခဲ့ရသည်။ သို့သော် လူသေနှုန်းမှာ ၂၇ ဦးသာ ရှိခဲ့ပြီး ထိုပမာဏမှာ အစိုးရ၏ သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ စီမံခန့်ခွဲမှုအားကောင်းခြင်းကို ပြသနေပါသည်။ ထို့အတူ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုများကို ဦးစားပေးလုပ်ဆောင်လျက်ရှိသည့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင်လည်း ယင်းကဲ့သို့သော အကျိုးရလဒ်များ ရရှိလျက်ရှိကြောင်း လေ့လာချက်များအရ တွေ့ရှိရပါသည်။
934
EHS Myanmar's Monthly Theme: What is it for October?
--------------------------------------------------
🇲🇲 EHS Myanmar မှ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသောဖွံ့ဖြိုးတိုးတက်မှုပန်းတိုင် (Sustainable Development Goals) များကို အထောက်အကူပြုစေရန် ရည်ရွယ်၍ တစ်လနှင့်တစ်လ မတူညီသော ခေါင်းစဥ် (Theme)များကို အလှည့်ကျဖြင့် Knowledge Sharing များ ပြုလုပ်ပေးနေပါသည်။
🌫 ယခု စက်တင်ဘာလအတွက် theme ကတော့ "Disaster Prevention and Mangement" Theme လေးကိုရွေးချယ်ထားပါသည်။
🌥 ယခုလို ရာသီဥတုပြောင်းလဲမှုပြင်းထန်တဲ့ကာလကြီးတွေမှာ လူသား တွေကြောင့် ဖြစ်စေ၊ သဘာဝတရားကြီးကြောင့်ဖြစ်စေ သဘာဝဘေးအန္တရာယ်များကျရောက်မှုတွေ တစ်ကမ္ဘာလုံးအတိုင်းအတာရအဖြစ်များလာသည်ကိုအတွက် "သဘာဝဘေးအန္တရာယ်ကာကွယ်ရေးနှင့်စီမံခန့်ခွဲမှု" တို့နှင့်သက်ဆိုင်သည့် ပညာပေးဆောင်းပါးများရေးသားတင်ဆက်ခြင်း၊ free online course များလမ်းညွှန်ပေးခြင်း၊ Podcast အစီအစဉ်များထုတ်လွှင့်ခြင်း၊ Online Campaign များပြုလုပ်ခြင်း နှင့် စာအုပ်ကောင်းများ မျှဝေခြင်းတို့ကို ပြုလုပ်ပေးသွားပါမည်။
✌️ Disaster Prevention and Mangement နှင့်ပတ်သတ်ပြီး စိတ်ဝင်စားလို့ လေ့လာသင်ယူချင်တယ်ဆိုရင်တော့ EHS Myanmar page ကို see first လုပ်ထားဖို့မမေ့ပါနဲ့ဦး။
-----------------------------------------------------------------------
"𝙂𝙖𝙞𝙣𝙞𝙣𝙜 𝙠𝙣𝙤𝙬𝙡𝙚𝙙𝙜𝙚 𝙞𝙨 𝙩𝙝𝙚 𝙛𝙞𝙧𝙨𝙩 𝙨𝙩𝙚𝙥 𝙩𝙤 𝙬𝙞𝙨𝙙𝙤𝙢. 𝙎𝙝𝙖𝙧𝙞𝙣𝙜 𝙞𝙩 𝙞𝙨 𝙩𝙝𝙚 𝙛𝙞𝙧𝙨𝙩 𝙨𝙩𝙚𝙥 𝙩𝙤 𝙝𝙪𝙢𝙖𝙣𝙞𝙩𝙮."
#EHSMyanmar #Disasterprevention #Management #sustainabledevelopmentgoals #SDGs
934
လေထုညစ်ညမ်းမှုက ဘယ်သူတွေအပေါ် ပိုအန္တရာယ်ဖြစ်စေပါသလဲ။
-----------------------------------------------------------------------------------------------------
EHS Myanmar | 30.9.2022
လေထုညစ်ညမ်းမှု (Air Pollution) ကြောင့် လူတိုင်းရဲ့ ကျန်းမာရေးကိုခြိမ်းခြောက်လျက်ရှိပါတယ်။ အထူးသဖြင့် အချိန်ကြာကြာ ထိတွေ့နိုင်သည့် အချိန်မျိုး၊ အခြေအနေမျိုးမှာဆို ပို ဆိုးရွားနိုင်ပါတယ်။ တချို့သော လူအုပ်စု (Group) များအတွက်တော့ အခြားသူများအတွက် အန္တရာယ်ကြီးကြီးမားမားရှိနိုင်ပါတယ်။ လေထုညစ်ညမ်းမှုဖြစ်စေတဲ့ အန္တရာယ်ရှိ ဓာတ်ငွေ့များ (Pollutants) အမျိုးအစားပေါ်လိုက် ၍ လူ့ကျန်းမာရေးထိခိုက်မှုကလဲကွဲပြားနိုင်ပါသေးတယ်ဆိုတာလဲ သိထားဖို့လိုပါဦးမယ်။ ဘယ်သူတွေက လေထုညစ်ညမ်းမှုဒဏ်ကို သူများတွေထက်ပိုခံစားရစေနိုင်လဲလေ့လာကြည့်ရအောင်။
.
Asthma ရှိတဲ့သူများ
Asthma ရောဂါအခံရှိတဲ့သူများက လေထုညစ်ညမ်းမှုကြောင့် ရောဂါလက္ခဏာ အခြေအနေဆိုးရွားသွား စေနိုင်ပါတယ်။ ဒါကြောင့် Asthama ရောဂါရှိတဲ့သူများအနေဖြင့် လေထု သန့်ရှင်းမှုမရှိစေနိုင်တဲ့ နေရာများသွားမယ်ဆိုလျှင် အထူးသတိထားသင့်ပါတယ်။
အဆုတ်ရောဂါရှိသူများ
နာတာရှည်ရောဂါအခံရှိသူများ သို့မဟုတ် COPD ရောဂါရှိသူများအနေဖြင့်လဲ လေထုညစ်ညမ်းမှုကြောင့် ကိုယ့်ရောဂါကိုပိုမိုခံစားရစေနိုင်ပါတယ်။
နှလုံးရောဂါရှိသူများ
ရင်တုန်ခြင်း၊ နှလုံးအောင့်ခြင်း၊ အသက်ရှုမဝခြင်းတို့က နှလုံးရောဂါရှိသူများတွင် ဖြစ်လေ့ဖြစ်ထရှိတဲ့ လက္ခဏာများဖြစ်ပါတယ်။ သို့သော် မသန့်ရှင်းသောလေထုကိုရှုရှိုက်မိရင်လဲ ဒီ လက္ခဏာတွေက ပိုအဖြစ်များလာကြောင်း စာတမ်းအချို့ကဆိုထားပါတယ်။
အထက်ဖော်ပြပါ လူတွေကတော့ ရောဂါအခံရှိတဲ့သူတွေဖြစ်ပါတယ်။ သူတို့ဆိုလျှင် လေမသန့်တဲ့အရပ်တွေရှောင်တာကောင်းပါတယ်။ Asthma ရောဂါရှိတဲ့သူတွေဆိုလျှင် Mask အကြာကြီးတပ်ဆင်ထားဖို့က မလွယ်ကူတဲ့အတွက် လေထုညစ်ညမ်းမှုအဖြစ်များဆုံး အချိန်တွေကိုရှောင်သွားတာအကောင်းဆုံးဖြစ်ပါလိမ့်မယ်။
.
နောက် လူအုပ်စု တစ်စုကိုလေ့လာကြည့်ရအောင်။
ကိုယ်ဝန်ဆောင်မိခင်များ
မသန့်ရှင်းသော လေကို အချိန်ကြာကြာရှုရှိုက်မိတဲ့ ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် သတိထားဖို့လိုပါမယ်။ အန္တရာယ်ရှိလေထုအမှုန်အမွှားလေးတွေကြောင့် ကလေးအလေးအချိန် မပြည့်ခြင်း နှင့် လမစေ့ပဲမွေးခြင်း စတာတွေကြုံရနိုင်ပါတယ်။
ကလေးသူငယ်များ
လူကြီးတွေထက်စာလျှင် ကလေးငယ်လေးတွေက လေထုညစ်ညမ်းမှုဒဏ်ကို ပိုမိုခံစားရလေ့ ရှိပါတယ်။ သူတို့ရဲ့ အဆုတ်လေးတွေက ကြီးထွားနေဆဲအခြေအနေပဲရှိသေးခြင်း၊ သူတို့ရဲ့ ကိုယ်ခံအားနဲ့ metabolic system တွေက ဖွံ့ဖြိုးနေဆဲအခြေအနေပဲရှိသေးခြင်း၊ ကိုယ်ခံအား ကောင်းမွန်မှုမရှိသေးတဲ့အတွက်လဲ မကြာခဏဆိုသလို ပြင်ပရောဂါပိုးမွှားများကြောင့် ဖျားနာခြင်းများကြုံရနိုင်ပါတယ်။ နောက်တခုကတော့ ကလေးငယ်လေးတွေရဲ့ သဘာဝအရ အိမ်အဆောက်အဦးထဲမှာထက် အပြင်မှာလွတ်လွတ်လပ်လပ်ဆော့ကစားရတာ ကြိုက်ပါတယ်။ ဒါကြောင့်လဲ ပြင်ပလေထုညစ်ညမ်းမှုကို သူတို့လေးတွေအနေဖြင့် ခံစားရတာဖြစ်ပါတယ်။
သက်ကြီးရွယ်အိုများ
သက်ကြီးရွယ်အိုများအနေဖြင့်လဲ လေထုညစ်ညမ်းမှုကို ခံစားရနိုင်ခြေ (most likely) များပါတယ်။ သူတို့သည်လဲ ကလေးငယ်များကဲ့သို့ပင် ကိုယ်ခံအားကောင်းမွန်မှုမရှိတော့ခြင်း၊ အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါများ နှင့် နှလုံးရောဂါများနှင့် ပေါင်းစပ်လိုက်ပါက အန္တရာယ်ရှိအဆင့်ဖြစ်စေနိုင်ပါတယ်။ အသက်ကြီးလာသည်နှင့်အမျှ သူတို့ရဲ့ ခန္ဓာကိုယ်ကသဘာဝပတ်ဝန်းကျင်ဆိုင်ရာဘေးအန္တရာယ် (Environmental Hazard) များကို ခုခံနိုင်စွမ်း လျော့နည်းလာပါတယ်။ ရောဂါအခံမရှိသည့်တိုင် ညစ်ညမ်းသောလေကိုရှုရှိုက်မိပါက နှလုံးရောဂါနှင့် လေဖြတ်ခြင်း၊ နာတာရှည်လည်ချောင်းနာခြင်း (နာတာရှည်လေပြွန်ကျဉ်းကျဉ်းရောဂါ သို့မဟုတ် COPD) နှင့် ပန်းနာရင်ကျပ်ကဲ့သို့သော အဆုတ်ရောဂါများကိုပါ ဖြစ်စေနိုင်ပါသည်။
.
အချုပ်ဆိုရသော် အထက်ဖော်ပြပါလူအုပ်စုများသည် လေထုညစ်ညမ်းမှုကို တကြိမ်တခါ ရက်အနည်းငယ်ရှုရှိုက် မိရုံနှင့်ဖြစ်နိုင်လားဆိုတာကတော့ ယခု factor တွေပေါ်မှာလဲ မူတည်နေပါသေးသည်။
- Exposure > ထိတွေ့ရှုရှိုက်မိမှု မြင့်မားမှုရှိမရှိ၊
- Periods > ထိတွေ့ရှုရှိုက်မိမှု ကြာချိန်၊
- Pollutants > ထိတွေ့ရှုရှိုက်မိသည့် အန္တရာယ်ရှိ လေထုအမှုန်အမွှားအမျိုးအစားပေါ်လိုက်၍ လဲ concentration ဖြစ်မဖြစ်၊
စသည့် ယင်းအကြောင်းအရာများအပေါ် များစွာမူတည်နေပါသေးတယ်လို့ပြောကြားရင်း။ ။
နိုင်ကျော်လူ ရေးသားသည်။
ကိုးကားကျမ်းများ - NSW Health, WHO.
-------------------------------------------------------------------------------------------------------------------
EHS Myanmar ၏ ဆောင်းပါးများကို အမြဲမပြတ်ဖတ်နိုင်ဖို့ telegram channel ကိုအခုပဲ join လိုက်ပါ။
https://t.me/ehsmyanmar
#EHSMyanmar #airpollution #climatechange #humanhealth
934
ဓါးကောင်းတစ်လက်ဆိုတာ မသွေးဘဲထားတာကြာလေ တုံးလေဖြစ်မသွားရလေအောင်....စာဖတ်ပါ။ အပိုင်း (၈)
================================================
EHS Myanmar က တက္ကသိုလ်ကျောင်းသား ကျောင်းသူများအတွက် သဘာဝပတ်ဝန်းကျင်ပညာရပ်ဆိုင်ရာ စာအုပ်ကောင်းများကို (အခမဲ့) ထပ်ဆင့်မျှဝေမည့် အစီအစဥ်လေး ရောက်ရှိလို့လာပါပြီ။ ယခုတခေါက်မှာတော့ Monthly Theme ဖြစ်သည့် "Clean Air and Climate Change" နှင့် သက်ဆိုင်သည့် စာအုပ်ကောင်းများ ကို share ပေးသွားပါမယ်။
.
🌪 Introduction to Air Pollution Science: a Public Health Perspective -
https://drive.google.com/file/d/1dtnu3X5aO8Vm0zc-BDkVbFNTovqZaE77/view?usp=sharing
.
🌪 African Climate and Climate Change -
https://drive.google.com/file/d/1uX5lSmbwUsiVqnE92GYnKaV8UOYGae6e/view?usp=sharing
.
🌪 American Global Warming Beliefs -
https://drive.google.com/file/d/1xiDfcWiAX46oNw5jCyxgnqjBKK0HVvi-/view?usp=sharing
.
🌪 Myanmar Climate Change Policy -
https://drive.google.com/file/d/1cu-ck_x5OAllSVx_5Z2wgPGebso_qjOd/view?usp=sharing
.
အင်တာနက်ရချိန်မှာ စာအုပ်များကို ဒေါင်းထားပြီး အားလပ်ချိန်များမှာ လေ့လာလိုက်ပါ။ သင့်အတွက် အကျိုးရှိမယ်ဆိုလျှင် အခြားသူတွေအတွက်လဲ share ဖို့မမေ့ပါနဲ့နော်။
--------------------------------------------------------------------------
"Gaining knowledge is the first step to wisdom. Sharing it is the first step to humanity."
#EHSMyanmar #environmental #books #cleanAir #airpollution #climatechange #globalwarming
934
ရာသီဥတုပြောင်းလဲခြင်းနှင့်ပတ်သတ်ပြီး ဘယ်ဟာက Myths ဘယ်ဟာက Facts လဲလေ့လာကြည့်ရအောင်။
======================================================
EHS Myanmar | 22.9.22
၁။ ကမ္ဘာ့ရာသီဥတုသည်အမြဲတမ်းပြောင်းလဲနေသည်။
နှစ်ပေါင်း ၄.၅ ဘီလျံရှိနေသော ကမ္ဘာမြေကြီးတွင် ရာသီဥတုပြောင်းလဲမှုဖြစ်စဉ် များ ကြိမ်ဖန်များစွာတွေ့ကြုံရပြီးဖြစ်ပါတယ်။ သို့ပေမယ့် ရုတ်တရက် အေးလိုက် ပူလိုက် အအေးလွန် ခြင်း အပူလွန်ခြင်း တွေ ရံဖန်ရံခါဖြစ်ခြင်းတွေက သဘာဝဖြစ်စဉ်များမဟုတ်တာကို သဘောပေါက်ဖို့လိုအပ်ပါတယ်။ ထို့အပြင် သဘာဝအတိုင်းရှိရမည့် ကာဗွန်ဒိုင်အောက်ဆိုဒ် ပမာဏသည် စက်မှုတော်လှန်ရေးခေတ်ကာလမှ စတင်၍ များပြားလာြခင်းဖြစ်ပါတယ်။ ဒါကြောင့် စာရေးသူတို့က Climate Change လို့ပြောလိုက်ပြီဆိုတာနှင့် လူတွေကြောင့်ဖြစ် ရတဲ့ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များကိုဆိုလိုတာဖြစ်ပါတယ်။ ဒီအချက်က Myth ဖြစ်ပါတယ်။
၂။ ကမ္ဘာ့ရာသီဥတုအတွက် ကာဗွန်ဒိုင်အောက်ဆိုဒ်သည်အရေးပါသည်။
မှတ်တမ်းများအရ (၂၀၁၇) ခုနှစ်တွင် ကမ္ဘာ့ပေါ်ရှိ ကာဗွန်ဒိုင်အောက်ဆိုဒ်သည် (၄၀၅) ppm အထိ အမြင့်ဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ယခုလေထုထဲရှိ ကာဗွန်ဒိုင်အောက်ဆိုဒ် သည် နှစ်ပေါင်း ၃ သန်းတွင် အမြင့်ဆုံးသောအခြေအနေဖြစ်ပါတယ်။ သက်ရှိတွေ အသက်ရှင်နေထိုင်ဖို့ သစ်ပင်များရှင်သန်ကြီးထွားဖို့အတွက် GHG က အရေးပါပါတယ်။ ဖန်လုံ အိမ်ဓာတ်ငွေ့မှာ တစုံတခုချို့ယွင်းသွားလျှင် Natural Process ပျက်ယွင်းသွားနိုင်ပါတယ်။ ဒါကြောင့် CO2 သည်အရေးပါပါတယ်။ Facts ပါ။ သို့သော် ကာဗွန်ဒိုင်အောက်ဆိုဒ် ကို စုပ်ယူမယ့် သစ်ပင်တွေနည်းပါလာတာ၊ သစ်တောပြုန်းတီးလာမှုတွေ၊ ကာဗွန်ဒိုင်အောက်ဆိုဒ် အလွန်အကျွံထုတ်လွှင့်ခြင်းတွေဖြစ်ပြီး ဖန်လုံအိမ်ဓာတ်ငွေ့များပြီး ကမ္ဘာကြီးပူနွေးလာမှုတွေ စတာတွေကြောင့်သာ ဆိုးကျိုးခံစားတွေနေရခြင်းဖြစ်ပါတယ်။
၃။ Global Warming isn't real as it's still Cold.
ဒါကတော့ အကြီးမားဆုံး Myth ပါ။ ကမ္ဘာကြီး၏ မျက်နှာပြင်အပူချိန် (surface temperature) တွေက ကမ္ဘာကြီးပူနွေးလာမှု၏ ပြယုဂ်တွေပဲဖြစ်ပါတယ်။ ထို့အပြင် မိုးခေါင်ရေရှားမယ်၊ အပူလှိုင်းတွေ ခဏခဏဖြတ်မယ်၊ ရာသီဥတုတွေဖောက်ပြန်မယ် စတာတွေသည် Global Warming ကြောင့်ပင်။ ဒါတင်မကသေးပါ သဘာဝဘေးအန္တရာယ်တွေ ခပ်စိတ်စိတ်ဖြစ်လာမယ် မုန်တိုင်းတွေတိုက်တဲ့အချိန်တွေ ထပ်ခါထပ်ခါဖြစ်မယ်၊ ပျောက်ကွယ်သွားဖို့ အချိန်ကြာမယ့်ဖြစ်ရပ်တွေဖြစ်လာပါမယ်။ ယခုနှစ် (၂၀၂၂) ဆိုလျှင် ဥရောပ နှင့် အာရှတခွင် မိုးခေါင်ရေရှားမှု မကြုံစဖူးကြုံရပြီး မြစ်ရေတွေခမ်းခြောက်တဲ့အထိတွေပါဖြစ်လာ ရပါတယ်။
(အပိုင်း ၂ ဆက်ပါဦးမည်။)
ပြုစုရေးသားသူ - နိုင်ကျော်လူ
Sources - MYTHS ABOUT CLIMATE CHANGE, WWF and Climate Change Facts and Myths, JustEnergy.com
-----------------------------------------------------------------------------------------
-----------------------------------------------------------------------
EHS Myanmar ၏ ဆောင်းပါးများကို အမြဲမပြတ်ဖတ်နိုင်ဖို့ LinkedIn ကိုအခုပဲ join လိုက်ပါ။
https://www.linkedin.com/company/ehsmyanmar/
#EHSMyanmar #ClimateChange #Facts #Myths
934
World Car Free Day, September 22
==================================================
On September 22, World Car Free Day is honored, and it encourages drivers to abandon their vehicles for the day. Some towns and nations host organized events. According to research, cities gain from car-free days in a variety of ways. This includes fewer car accidents, less noise and air pollution, less congested traffic, and less time lost. Days without a car also promote more conversation and exercise.
#EHSMyanmar #CarFreeDay #internationalDays
934
Ms. May Tharaphu, project coordinator of EHS Myanmar, will participate in the following workshop and share knowledge on Climate Change with young people. If you would like to participate in the workshop, please contact the hosting organizations.
Workshop Details - https://m.facebook.com/story.php?story_fbid=pfbid02YZbbVjD1LAhDL6hiWSkpu9owDWP8HqXVEMUnGiSUEx8A46Jm1657Vf2BgWSZf7B6l&id=808198199557573
Registration Form for the Workshop - https://docs.google.com/forms/d/e/1FAIpQLScmSD-ThtEqem4KmTgNislT8GjKuNXHQ0drIPeWgECHJw5yAQ/viewform
#EHSMyanmar #climatechange
934
Zero Emission Day, September 21
==========================================
Zero Emissions Day is a global day of action to urge an end to air pollution, which contributes to global warming. The purpose of Zero Emissions Day is to promote awareness about the importance of using cleaner energy sources over fossil fuels, as well as to encourage individuals and businesses to do their part to safeguard the environment.
Reference - thewholeleafco.com
#EHSMyanmar #ZeroEmissionDay #internationaldays
