EHS Myanmar
Ir al canal en Telegram
This is an official channel of Environment, Health and Safety Myanmar (EHS Myanmar). Please visit www.ehsmyanmar.org for more information.
Mostrar más868
Suscriptores
Sin datos24 horas
Sin datos7 días
+230 días
Archivo de publicaciones
868
EHS Myanmar x ISERS
===============================================
What is ISERS?
The International Society of Environmental Relationship and Sustainability (ISERS) is a non-profit professional organization that operates under the Technoarete Research And Development Association (TRADA) and is dedicated to research and development in the field of environmental sustainability and climate change. ISERS is a world-class organization that has ushered in a technological revolution and long-term development in environmental planning, research, and management.
What can membership do?
EHS Myanmar will access to a multidisciplinary, global network of thousands of experts working in environmental engineering and sustainability, climate change, ecosystems, and disaster management. With others members' unique knowledge and experience, the community will become the go-to reference for best practices in environmental engineering and sustainability. ISERS membership provides access to cutting-edge information networking opportunities, as well as exclusive membership advantages. ISERS members participate actively in conference and event planning as members of the organizing committee. Professional members of ISERS have given their full support to the organization by participating in ISERS committees at our international conferences.
#EHSMyanmar #ISERS #ProfessionalMembership
868
တည်ဆောက်ပြီး ရေသန့်ပေးဝေနိုင်ခဲ့သည်။ မီးသတ်ရန်အတွက် မြေအောက်ရေသိုလှောင်ကန်များ၊ ဖူဆယ်(Futsal) ဘောလုံးကွင်း ၂ ခု၊ လုံခြုံစိတ်ချရသော ကျောင်းအဆောက်အအုံများနှင့် အိမ်သာအစရှိသည့် အခြားလိုအပ်သောအရာများကို ဆောက်လုပ်ပေးခဲ့သည်။ ထိုကဲ့သို့ ဒေသခံများ၏ ရေရှည်အကျိုးဖြစ်ထွန်းစေရေးအတွက် လိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်းဖြင့် လူမှုရေးဆိုင်ရာ တာဝန်သိမှုရှိသော စီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်လာစေရန် ဆောင်ရွက်ရမည်ဖြစ်သည်။
ကုမ္ပဏီများသည် ၎င်းတို့၏ ဘဏ္ဍာရေးစီမံခန့်ခွဲမှုများတွင် အထက်ပါ ကဏ္ဍသုံးခုပြည့်မီလာစေရေးကိုပါ ထည့်သွင်းစဉ်းစားရမည်။ ဤသည်ကို စီးပွားရေးဆိုင်ရာ တာဝန်သိမှုဟုခေါ်သည်။
လက်တွေ့အားဖြင့်ထိရောက်သော CSR သည် သဘာဝပတ်ဝန်းကျင်ကိုသာမက အလုပ်သမားများ၊ သုံးစွဲသူများနှင့် ကုမ္ပဏီလုပ်ငန်းရှင်များကိုပါ ကောင်းမွန်သောအကျိုးသက်ရောက်မှုများ ဖြစ်ပေါ်စေသည်။ CSR လုပ်ငန်းစဉ်ကို လိုက်နာကျင့်သုံးခြင်းအားဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများမှာ -
၁။ ကုမ္ပဏီ၏ ဂုဏ်သတင်းမြင့်တက်လာပြီး ကုန်ပစ္စည်းအရည်အသွေးအပေါ် သုံးစွဲများ၏ ယုံကြည်မှုကို ရရှိကာ ရောင်းအားတိုးပွားလာခြင်း၊
၂။ ထုတ်လုပ်ရေးအပိုင်းတွင်လည်း အလေအလွင့်ပျက်စီးမှုများ မဖြစ်အောင် ထိန်းသိမ်းလာနိုင်ပြီး ကုန်ကျစရိတ်များ လျှော့ချလာနိုင်ခြင်း၊
၃။ ကုမ္ပဏီလုပ်ငန်းရှင်နှင့် အလုပ်သမားများကြား ယုံကြည်မှုပြည့်ဝသောဆက်ဆံရေး ပေါ်ပေါက်လာပြီး စိတ်ချယုံကြည်ရသော လုပ်ငန်းခွင်ဖန်တီးနိုင်ခြင်း၊
၄။ ရေရှည်ပုံမှန်သုံးစွဲသူများအား ဆက်လက်ထိန်းသိမ်းလာနိုင်ခြင်းဖြင့် ရောင်းသူနှင့် ဝယ်သူကြား အပြန်အလှန်အကျိုးကျေးဇူးများ ဖြစ်ပေါ်လာခြင်း တို့ဖြစ်သည်။
CSR သည် စဉ်ဆက်မပြတ်ရေရှည်ဖွံ့ဖြိုးတိုးတက်မှု (sustainable development) နှင့်လည်း ဆက်နွှယ်လျက်ရှိသောကြောင့် အနာဂတ်တွင် CSR သည် စီးပွားရေးလုပ်ငန်းရှင်များ၊ လူ့အဖွဲ့အစည်းနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် အလွန်အရေးပါသော အခန်းကဏ္ဍတစ်ခုအဖြစ် ရှိနေပေမည်။ ထို့အပြင် ရေရှည်တွင်လည်း CSR လုပ်ဆောင်သော ကုမ္ပဏီများမှာ အလားအလာ ပိုမိုကောင်းမွန်ကြောင်း လေ့လာတွေ့ရှိရပါသည်။
Yoon Nandar (EHS Myanmar) မှ ရေးသားသည်။
ကိုးကား - Connecting the Dots by Smart Myanmar, sembcorpmyingyanipp.com, online.hbs.edu
--------------------------------------------------------
EHS Myanmar ၏ ဆောင်းပါးများကို အမြဲမပြတ်သိရှိနိုင်ဖို့ telegram channel ကိုအခုပဲ အခမဲ့ join လိုက်ပါ။
https://t.me/ehsmyanmar
#EHSMyanmar #CSR #EIA #SustianbaleDevelopment
868
Corporate Social Responsibility (CSR) ၏ အရေးပါမှု
________
EHS Myanmar | 18.12.2022
Corporate Social Responsibility (CSR) ဆိုသည်မှာ ကုမ္ပဏီများအနေဖြင့် စီးပွားရေးဆိုင်ရာဆုံးဖြတ်ချက်များချမှတ်သည့်အခါ မိမိတို့၏အကျိုးစီးပွားတစ်ခုတည်းကိုသာမက သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးရာကိုပါ ထည့်သွင်းစဉ်းစားပြီး အလေးထားဆောင်ရွက်ရမည့် တာဝန်ဝတ္တရားတစ်ရပ်ဖြစ်သည်။ လွန်ခဲ့သည့် ရာစုနှစ်များကတည်းက စတင်တွင်ကျယ်လာခဲ့သော CSR သည် ယခုအခါ စီးပွားရေးလုပ်ငန်းရှင်များအတွက် မရှိမဖြစ်လိုက်နာကျင့်သုံးသင့်သော လုပ်ငန်းစဉ်တစ်ခု ဖြစ်လာသည်။
CSR သည် အလွန်ကျယ်ပြန့်သော လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ပြီး ယေဘုယျအားဖြင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တာဝန်သိမှု၊ ကျင့်ဝတ်ဆိုင်ရာ တာဝန်သိမှု၊ လူမှုရေးဆိုင်ရာ တာဝန်သိမှု၊ စီးပွားရေးဆိုင်ရာ တာဝန်သိမှု စသဖြင့် အမျိုးအစား ၄ မျိုး ခွဲခြားနိုင်သည်။
သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တာဝန်သိမှုဆိုသည်မှာ လုပ်ငန်းပိုင်းဆိုင်ရာ လည်ပတ်ရာတွင် ဘေးထွက်ဆိုးကျိုးများကို အတတ်နိုင်ဆုံးလျှော့ချပြီး ကမ္ဘာမြေနှင့် သဘာဝပတ်ဝန်းကျင်ကို အကျိုးပြုသော လုပ်ဆောင်ချက်များ ပြုမူခြင်းကို ဆိုလိုသည်။ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တာဝန်သိမှုသည် CSR လုပ်ငန်းစဉ်တွင် အချက်အချာကျသော အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်လျက်ရှိသည်။ တစ်ခါသုံးပလပ်စတစ်အသုံးပြုမှုအားလျှော့ချခြင်း၊ ဖန်လုံအိမ်ဓာတ်ငွေ့ထွက်ရှိမှုလျော့နည်းအောင်ထိန်းချုပ်ခြင်း၊ ပတ်ဝန်းကျင်အတွင်း ရေဆိုးနှင့် ညစ်ညမ်းပစ္စည်းများ စွန့်ပစ်မှုကို သေချာစွာစီစစ်ခြင်းအပြင် မိမိတို့လုပ်ငန်းကြောင့် ပတ်ဝန်းကျင်ထိခိုက်မှုများအတွက် သစ်ပင်များပြန်လည်စိုက်ပျိုးခြင်း၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ရန်ပုံငွေထောက်ပံ့ခြင်းတို့ဖြင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တာဝန်သိမှု CSR ကို ဆောင်ရွက်နိုင်သည်။ မြန်မာနိုင်ငံတွင် အသင့်စားခေါက်ဆွဲခြေက်ထုတ်လုပ်သော ရသာချိုကုမ္ပဏီသည် နည်းပညာနှင့် စက်ကိရိယာများ အသုံးပြုကာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာအကျိုးသက်ရောက်မှုများ လျှော့ချရန် လုပ်ဆောင်လျက်ရှိကြောင်း တွေ့ရှိရသည်။ လေထုအတွင်း ဖုန်မှုန့်ထွက်ရှိခြင်းနှင့် လေညစ်ညမ်းမှုအား ထိန်းချုပ်ရန် စပါးခွံသုံးရေနွေးငွေ့စက် (Husk-fired boiler) ကို အသုံးပြုခြင်း၊ အစားအသောက်များလုံခြုံစိတ်ချမှုရှိစေရန် အဏုဇီဝဓာတ်ခွဲခန်းများထားရှိခြင်း၊ Plasma Clean Odor Management System ကို အသုံးပြုကာ လေထုအတွင်းဆီညှော်နံ့များ ဖယ်ရှားခြင်းနှင့်အတူ ပတ်ဝန်းကျင်အတွင်း ရေဆိုးရေညစ်များစုပုံလာခြင်းကို တားဆီးရန်အတွက် Waste Water Treatment System ကို အသုံးပြုလျက်ရှိသည်။
ကျင့်ဝတ်ဆိုင်ရာ တာဝန်ယူမှုရှိသော လုပ်ငန်းများသည် တရားမျှတမှုနှင့်လူ့အခွင့်အရေးကို တန်ဖိုးထား လေးစားလိုက်နာသောကြောင့် ကျွန်ုပ်တို့လူ့အဖွဲ့အစည်းတွင် အလွန်အရေးပါလှသည်။ လုပ်ငန်းခွင်အတွင်း အန္တရာယ်ကင်းရှင်းရေးလုပ်ငန်းစဉ်များ လုပ်ဆောင်ခြင်း၊ အလုပ်သမားများအတွက် ကျန်းမာရေးနှင့် လုံခြုံမှု ရရှိစေခြင်း၊
အခွင့်အရေးတန်းတူထားရှိပေးခြင်း၊ ကလေးလုပ်သားနှင့် အဓမ္မစေခိုင်းမှုကို ဆန့်ကျင်ခြင်းတို့သည် ကျင့်ဝတ်ဆိုင်ရာတာဝန်သိမှု၏ အခြေခံအကြောင်းအရာများဖြစ်သည်။ UK နိုင်ငံအခြေစိုက် ကမ္ဘာကျော် Lush cosmetics company သည် တိရစ္ဆာန်များနှင့် စမ်းသပ်မှုပြုလုပ်ခြင်းအား ဆန့်ကျင်ရာတွင် အင်တိုက်အားတိုက်ဦးဆောင်ပါဝင်သော ကုမ္ပဏီတစ်ခုဖြစ်သည်။ ထို့အပြင် ယင်းကုမ္ပဏီသည် တရားမျှတ၍ဖြောင့်မတ်သော စီးပွားရေးတစ်ခုအဖြစ်လည်း ဖော်ဆောင်လျက်ရှိသည်။ ကုန်ပစ္စည်းတင်သွင်းသူများအား ကလေးလုပ်သားခိုင်းစေခြင်း မပြုလုပ်ရန် အပြင်းအထန်တောင်းဆိုပြီး ကလေးလုပ်သားများ ရှိနေပါက ၎င်းကလေးငယ်များအား လေ့ကျင့်ရေးသင်တန်းများပြန်လည်ပို့ချကာ ပညာသင်ယူရေးလမ်းကြောင်းပေါ်သို့ ပြန်လည်ပို့ဆောင်ပေးသည်။ ငွေကြေးအကျိုးအမြတ်ထက် ကျင့်ဝတ်ပိုင်းဆိုင်ရာအား ပိုမိုအလေးပေးကာ လူထုအကျိုးပြုလုပ်ငန်းများအတွက်လည်း ငွေကြေးထောက်ပံ့လှူဒါန်းမှုများ လုပ်ဆောင်လျက်ရှိသည်။
လူမှုရေးဆိုင်ရာ တာဝန်သိမှုဆိုသည်မှာ ငွေကြေးလှူဒါန်းမှုတစ်ခုတည်းကို ဆိုလိုခြင်းမဟုတ်ပါ။ ဒေသခံတို့၏ လူမှုဘဝဖူလုံရေးနှင့် ပိုမိုကောင်းမွန်သော လူ့အဖွဲ့အစည်းဖြစ်လာစေရန် လုပ်ဆောင်ချက်များတွင် ပါဝင်ခြင်းနှင့် ကူညီထောက်ပံ့ပေးမှုကို ဆိုလိုခြင်း ဖြစ်ပါသည်။ 2019 ခုနှစ်တွင် စီးပွားရေးလုပ်ငန်းများမှ Non-profit Organization များသို့ စုစုပေါင်း $26 billion လှူဒါန်းခဲ့ကြောင်း လေ့လာတွေ့ရှိရသည်။ ထိုအထဲမှ 28% မှာ ပညာရေးအစီအစဉ်များသို့ ရောက်ရှိသွားပြီး 25% မှာ ကျန်းမာရေးနှင့် လူမှုရေးအဖွဲ့အစည်းများနှင့် 16% မှာ လူထုစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများထံ ရောက်ရှိသွားကြောင်း သိရသည်။ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့ရှိ Sembcorp ဓာတ်အားပေးလုပ်ငန်းသည် စက်ရုံ တည်ဆောက်မှု ကနဦးလုပ်ငန်းများအတွက် ဒေသခံရွာသူရွာသားများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး ၎င်းတို့၏ လိုအပ်ချက်များကို သိရှိအောင်ပြုလုပ်ခဲ့သည်။ မြင်းခြံဓာတ်အားပေးစက်ရုံအနီးတွင် နေထိုင်သည့် လူပေါင်း ၁၉,၀၀၀ အတွက် ရေသန့်စက်ရုံ ၁၄ ခု
868
Free Online Environmental Impact Assessment (EIA) Courses Guide by EHS Myanmar
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
EHS Myanmar | 16.12.22
EHS Myanmar က Environmental Free Online Course တွေကို အမြဲတမ်းဝေမျှပေးလျက်ရှိပါတယ်။ ယခုတခေါက်မှာကတော့ EHS Myanmar ရဲ့ Environmental Management and Planning (EMP) Batch - 2 မဖွင့်ရသေးတဲ့ကာလအတွင်းမှာ EIA ပညာရပ်ကိုလေ့လာချင်တဲ့လူငယ်တွေအတွက် နိုင်ငံတကာမှ အွန်လိုင်းကနေ အခမဲ့ သင်ကြားပေးနေတဲ့ Online Course အချို့ကို ကောက်နှုတ်ဖော်ပြပေးသွားပါမယ်။
✅ ၁။ Environmental management system Course
OpenlearningWorld နဲ့ မစိမ်းတဲ့သူတွေဆိုလျှင်တော့ သိကြပါလိမ့်မယ်။ Open Learning တွေရဲ့ Free Online Course တွေမှာ Environmental Management System အမည်နဲ့ဖွင့်လျက်ရှိတဲ့ သင်တန်းတစ်ခုဖြစ်ပါတယ်။ ဒီ Course မှာဆိုလျှင် Environmental Policy, Environmental Impact Assessment - EIA, Environmental Audit, ISO 9000 နှင့် ISO 14000 Series – The Basic Principles စတဲ့အကြောင်းအရာတွေကို လေ့လာခွင့်ရမှာဖြစ်ပါတယ်။
သင်တန်းကြာမြင့်ချိန် - ၁၈ နာရီ
Webiste - http://www.openlearningworld.com/innerpages/Environmental%20management%20system.htm
✅ ၂။ Organisations, environmental management and innovation Course
ဒီတခုကတော့ OpenLearn ရဲ့ Free Course တစ်ခုဖြစ်ပါတယ်။ ဒီသင်တန်းမှာကတော့ စီးပွားရေးလုပ်ငန်းရှင်တွေ နဲ့ စက်ရုံစီမံကိန်းတွေတည်ဆောက်လည်ပတ်တော့မယ်ဆိုလျှင် သဘာဝပတ်ဝန်းကျင်နဲ့လူမှုစီးပွားရေးအပေါ် ထိခိုက်မှုမရှိအောင် ဘယ်လိုလုပ်ဆောင်ရမလဲဆိုတဲ့အကြောင်းတွေ ကိုလေ့လာခွင့်ရမှာဖြစ်ပါတယ်။ Eco-innovation နဲ့ Ciruclar Economy အကြောင်းအရာတွေကိုလဲ လေ့လာခွင့်ရမှာဖြစ်ပါတယ်။
သင်တန်းကြာမြင့်ချိန် - ၁၂ နာရီ
သင်တန်းဆင်းလက်မှတ် - Certificate of Participation ရမည်
Website - https://www.open.edu/openlearn/nature-environment/organisations-environmental-management-and-innovation/content-section-0?active-tab=content-tab
✅ ၃။ First Steps in Making the Business Case for Sustainability Course
University of Colorado Denver ကနေဖွင့်လှစ်တဲ့ သင်တန်းဖြစ်ပါတယ်။ ဒီသင်တန်းကိုတော့ Coursera မှာ ဝင်လေ့လာရမှာဖြစ်ပါတယ်။ Sustainable Business တစ်ခုဖြစ်လာအောင် သဘာဝပတ်ဝန်းကျင်နဲ့လူမှုစီးပွားရေးအပေါ် ထိခိုက်နည်းပြီး ဖြစ်ပေါ်လာမယ့် ညစ်ညမ်းမှုတွေကိုလျှော့ချမယ့် နည်းလမ်းများကို Concept ရအောင်သင်ကြားပေးမှာဖြစ်ပါတယ်။
သင်တန်းကြာမြင့်ချိန် - ၁၅ နာရီ
သင်တန်းဆင်းလက်မှတ် - Certificate ရဖို့ငွေသွင်းရမည်
Website - https://www.coursera.org/learn/sustainable-business#faq
📍EHS Myanmar ၏ Environmental Management and Planning (EMP) Course Batch 2 ကိုတက်ဖို့စိတ်ဝင်စားတယ်ဆိုလျှင်တော့ ဒီမှာ လေ့လာနိုင်ပါတယ်။ https://www.ehsmyanmar.org/courses
သင့်အတွက် အကျိုးရှိမယ်ဆို အခြားသူတွေကိုလဲ ပြန်လည် မျှဝေဖို့ မမေ့ပါနှင့်။ ☺️
....................................................................................
"Gaining knowledge is the first step to wisdom. Sharing it is the first step to humanity."
#EHSMyanmar #environmental #eia #freeonline #course #coursera
868
International Mountain Day, December 11
============================================
Mountains are home to almost half of the world's biodiversity hotspots and 15% of the global population. They offer freshwater for daily life to half of the human population. Goal 15 of the Sustainable Development Goals (SDGs) focuses on their preservation as a crucial element for sustainable development. Unfortunately, the mountains are threatened by global warming and overexploitation. As the global climate continues to warm, mountain people, who are among the world's poorest, confront more difficult survival conditions. The rising temperatures also cause mountain glaciers to melt at unprecedented rates, threatening the freshwater sources of millions of people living downstream.
Source - United Nations
#EHSMyanmar #MountainDay #InternationalDays
868
International Animal Rights Day, December 10
============================================
Following World War II, the United Nations issued a statement and proclamation on human rights, but it has remained difficult to respect the rights of animals worldwide. The concept of honoring a day to honor and spread awareness of animal rights evolved into International Animal Rights Day decades later.
#EHSMyanmar #BhopalTragedyDay #InternationalDays
868
Global Waste Cleaning Network (GWCN) အဖွဲ့ဝင် Organization များသာပါဝင်သော "Combating Deforestation" Webinar သို့ ဒီဇင်ဘာ (၈) ရက်နေ့တွင် EHS Myanmar Opertation Department မှ တက်ရောက်ခဲ့ပါသည်။ ထိုဆွေးနွေးပွဲတွင် Argentina, Brazil, Costa Rica, Nepal, Nigeria နှင့် USA တို့၏ သစ်တောပြုန်းတီးများနှင့်သစ်တောပြုန်းတီးမှုထိန်းချုပ်ရန် ဥပဒေများ မူဝါဒများ ချမှတ်ထားသည်များကိုတင်ပြပြီး အဖွဲ့ဝင်နိုင်ငံများအတွက် ခေတ်မှီသောဥပဒေမူဝါဒများ အကောင်အထည်ဖော်နိုင်ရန် ဝိုင်းဝန်းဆွေးနွေးမှုများပြုလုပ်ခဲ့ကြပါသည်။
#EHSMyanmar #GWCN #deforestation
868
"Ywat Thit" Event by AIESEC in Myanmar in collaboration with EHS Myanmar
=======================================
🍃 December လ 9 ရက် 2022 ခုနစ်မှ December လ 11 ရင် 2022 ခုနစ်ထိ ညနေ 5 နာရီမှ ညနေ 8 နာအထိ သဘာဝကိုချစ်မြတ်နှိုးတဲ့ လူငယ်များအတွက် AIESEC in Myanmar မှ ပြုလုပ်ကျင်းပတဲ့ "ရွက်သစ်" Event တွင် EHS Myanmar ရဲ့ Vice-President ဖြစ်တဲ့ မဇွဲရင်ဖြူမှ December လ 10 ရက် 2022 ခုနစ်တွင် Panelist အဖြစ် Life Cycle Assessment အကြောင်းအရာအား ပြောကြားပေးသွားမှာဖြစ်ပါတယ်။
🍃 ထို့ကြောင့်စိတ်ဝင်စားသူများအနေဖြင့် အောက်ပါ Link လေးတွင် Registration လေးအမြန်ဆုံးလုပ်ပေးကြရန်တိုက်တွန်းလိုပါတယ်။
For more information:
https://bit.ly/YwatThit_DelegateBooket
Register here:
https://bit.ly/YwatThitRegistrationForm
Event link:
https://fb.me/e/6xQrj0xOo
📞 အသေးစိတ်သိရှိလိုပါက EHS Myanmar Facebook Page သို့အချိန်မရွေးဆက်သွယ်မေးမြန်းနိုင်ပါတယ်။
--------------------------------------------------------
Don't forget to follow us on LinkedIn and Telegram
https://www.linkedin.com/company/ehsmyanmar/
https://t.me/ehsmyanmar
#ရွက်သစ် #YwatThit #eco-friendly #environmentalawareness #savetheearth
#fromyoutoearth #sustainability #SDG12 #SDG13 #aiesecinsoutheastyangon #aiesecinmyanmar #EHSMyanmar
868
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ပတ်ဝန်ကျင် တရားမျှတမှု၊ ပတ်ဝန်းကျင် ဥပဒေ၊ ရေဝေရေလဲ စီမံခန့်ခွဲမှု၊ မြေဆီလွှာ တိုက်စားမှု၊ မြစ်ကမ်းပါး တိုက်စားမှု၊ အနည်ကျမှု၊ ရေလမ်းကြောင်း ကြားခံ၊ ရေနှင့် ပတ်သက်သည့် ဂေဟစနစ်၊ ရေထုညစ်ညမ်းမှု၊ ဓာတုဓာတ်မြေဩဇာနှင့်ပိုးသတ်ဆေးများကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု၊ အမှိုက်စွန့်ပစ်မှု၊ ပလတ်စတစ် စွန့်ပစ်ပစ္စည်းများ၊ တကိုယ်ရည်ကျန်းမာသန့်ရှင်းရေးတို့ နှင့်ဆက်စပ်သည့် မူဝါဒအကြံပြုဆွေးနွေးပွဲကို နိုဝင်ဘာလ (၂၈) ရက်နေ့တွင် Forest Resource Environment Development and Conservation Association (FREDA) မှ ဦးဆောင်ကျင်းပပြုလုပ်ခဲ့ပါသည်။ ထိုဆွေးနွေးပွဲသို့ EHS Myanmar မှ President နှင့် Team Member တစ်ဦးအပါအဝင်ဖိတ်ကြားထားသည့် INGO များ၊ NGO များ နှင့် CSO များမှ တက်ရောက်ပြီး သဘာဝပတ်ဝန်းကျင်ဆိုင်ရာကိစ္စရပ်များကို ဝိုင်းဝန်းအကြံပြုဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြပါသည်။
#EHSMyanmar #FREDA #EnvironemntalSolutions #SustianbaleNation #Myanmar #INGO #NGO #CSO
868
World Soil Day, December 5
============================================
In 2002, the International Union of Soil Sciences (IUSS) proposed that December 5 be designated as World Soil Day. The purpose of the day was to recognize the significance of soil as a fundamental component of the natural system and a significant contributor to human well-being. Unsurprisingly, the global community of approximately 60,000 soil scientists has been the ones celebrating the day the most thus far.
#EHSMyanmar #SoilDay #internationaldays
868
World Wildlife Conservation Day, December 4
============================================
World Wildlife Conservation Day is a day to raise awareness, ponder, and take action regarding challenges that endanger the biological balance of the planet's wildlife. Due to the demand for illegal animal parts and products on the black market, humans have hunted, poached, and killed several species of wildlife to the point of extinction.
#EHSMyanmar #WildlifeConservationDay #InternationalDays
868
EHS Myanmar's Monthly Theme: What is it for December?
--------------------------------------------------
🇲🇲 EHS Myanmar မှ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသောဖွံ့ဖြိုးတိုးတက်မှုပန်းတိုင် (Sustainable Development Goals) များကို အထောက်အကူပြုစေရန် ရည်ရွယ်၍ တစ်လနှင့်တစ်လ မတူညီသော ခေါင်းစဥ် (Theme)များကို အလှည့်ကျဖြင့် Knowledge Sharing များ ပြုလုပ်ပေးနေပါသည်။
⛰ယခု ဒီဇင်ဘာလ အတွက် theme ကတော့ "ESIA and Sustainable Development" Theme ကိုရွေးချယ်ထားပါသည်။
🏭ပတ်ဝန်းကျင်ထိန်းသိမ်းရေး နည်းဥပဒေများ (၂၀၁၄)၊ နည်းဥပဒေ ၅၅(က) အရ ဝန်ကြီးဌာနက ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ်ရေးဆွဲတင်ပြရန်လိုအပ်သည်ဟုသတ်မှတ်သည့် စီမံကိန်းအမျိုးအစားများတွင် EIA (သို့မဟုတ်) IEE (သို့မဟုတ်) EMP စသည့် ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာလုပ်ငန်းစဉ်တွေကိုလုပ်ဆောင်ကြရပါသည်။ ထို ESIA လုပ်ငန်းစဉ်တွေက တကယ်ပဲ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု နှင့် လူမှုပတ်ဝန်းကျင်ထိခိုက်မှုတို့အတွက် အဖြေလား၊ သို့မဟုတ် ရေရှည်တည်တံ့ခိုင်မြဲသောဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံဖြစ်ဖို့ ESIA တွေက တကယ်ပဲအရေးပါတာလား စတဲ့အကြောင်းအရာများ နှင့် ဆက်စပ်သည့် ပညာပေးဆောင်းပါးများရေးသားတင်ဆက်ခြင်း၊ free online course များလမ်းညွှန်ပေးခြင်း၊ Podcast အစီအစဉ်များထုတ်လွှင့်ခြင်း၊ နှင့် စာအုပ်ကောင်းများ မျှဝေခြင်းတို့ကို ပြုလုပ်ပေးသွားပါမည်။
✌️ ESIA and Sustainable Development Theme နှင့်ပတ်သတ်ပြီး စိတ်ဝင်စားလို့ လေ့လာသင်ယူချင်တယ်ဆိုရင်တော့ EHS Myanmar page ကို see first လုပ်ထားဖို့မမေ့ပါနဲ့ဦး။
-----------------------------------------------------------------------
"𝙂𝙖𝙞𝙣𝙞𝙣𝙜 𝙠𝙣𝙤𝙬𝙡𝙚𝙙𝙜𝙚 𝙞𝙨 𝙩𝙝𝙚 𝙛𝙞𝙧𝙨𝙩 𝙨𝙩𝙚𝙥 𝙩𝙤 𝙬𝙞𝙨𝙙𝙤𝙢. 𝙎𝙝𝙖𝙧𝙞𝙣𝙜 𝙞𝙩 𝙞𝙨 𝙩𝙝𝙚 𝙛𝙞𝙧𝙨𝙩 𝙨𝙩𝙚𝙥 𝙩𝙤 𝙝𝙪𝙢𝙖𝙣𝙞𝙩𝙮."
#EHSMyanmar #ESIA #EIA #IEE #EMP #environmentalimpacts #socialimpacts #december #SDG
