EHS Myanmar
Ir al canal en Telegram
This is an official channel of Environment, Health and Safety Myanmar (EHS Myanmar). Please visit www.ehsmyanmar.org for more information.
Mostrar más934
Suscriptores
Sin datos24 horas
+47 días
+730 días
Archivo de publicaciones
934
လူသားတို့ သတိမပြုမိသည့် ပင်လယ်နေသက်ရှိများကို ခြိမ်းခြောက်နေသော အန္တရာယ်
-----------------------------------------------
EHS Myanmar | 25.7.2024
ပင်လယ်သမုဒ္ဒရာထဲတွင် ကျင်လည်ကျက်စားနေကြသည့် သက်ရှိများအပေါ် ဆိုးကျိုးဖြစ်စေနိုင်သော အရာများဟု ဆိုလိုက်လျှင် ရာသီဥတုပြောင်းလဲမှု၊ ရေနံယိုဖိတ်မှု၊ ပလတ်စတစ်အမှိုက် စသည်တို့မှာ သိသာထင်ရှားလှသည်။ သို့သော် လူသားတို့သတိမပြုမိသေးသည့် ပင်လယ်နေသက်ရှိများအား ခြိမ်းခြောက်နေသော အရာများစွာ ကျန်နေပေသည်။ ၎င်းတို့အထဲမှ တစ်ခုမှာ “ပင်လယ်ပြင်ထဲမှ အသံညစ်ညမ်းမှု” ဆိုသည့်အရာ ဖြစ်ပေသည်။
နေရောင်ခြည်သည် ကျယ်ပြန့်နက်ရှိုင်းလှသော ပင်လယ်၏ အပေါ်ယံတွင်သာ ထိုးဖောက်နိုင်စွမ်းရှိ၏။ ထို့အပြင် အသံသည် ရေထုထဲတွင် လျင်မြန်စွာသွားနိုင်ကာ ကောင်းစွာအလုပ်လုပ်သည်။ ထို့ကြောင့် ပင်လယ်ပြင်ထဲမှ တိရစ္ဆာန်တို့သည် သွားလာလှုပ်ရှားရန်အတွက် အလင်းရောင်ထက် အသံကိုပို၍ အလေးထားကြရသည်။ ပင်လယ်နေတိရစ္ဆာန်လေးများသည် တစ်ကောင်နှင့်တစ်ကောင် ဆက်သွယ်မှုပြုလုပ်ခြင်း၊ မိတ်လိုက်ရန်အဖော်ရှာခြင်း၊ အစာရှာဖွေခြင်းနှင့် မိမိတို့အားစားမည့် သားရဲအန္တရာယ်မှ တိမ်းရှောင်ခြင်းစသည့် အရေးပါလှသောလုပ်ဆောင်ချက်များ ဆောင်ရွက်ရန် အသံကို အဓိက အမှီသဟဲပြုကြရသည်။
တစ်ဖက်တွင်လည်း စက်မှုလုပ်ငန်း၊ကုန်ထုတ်လုပ်ငန်းများ ထွန်းကားလာသည်နှင့်အမျှ သယ်ယူပို့ဆောင်ရန် ပင်လယ်ရေကြောင်းလမ်းကို ယခင်ကထက်ပိုမိုအသုံးပြုလာကြသည်။ သင်္ဘောများမှ အသံများသာမက ပင်လယ်ပြင်အတွင်း စူးစမ်းရှာဖွေမှုများ၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေရေးစီမံကိန်းများ၊ ပင်လယ်ပြင်အတွင်း စစ်ရေးလေ့ကျင့်မှုများ အစရှိသည့် လူသားတို့၏ လုပ်ဆောင်ချက်များ ဆထက်မက တိုးပွားလာသည်နှင့်အမျှ ပင်လယ်ပြင်ထဲတွင် အသံညစ်ညမ်းမှုများ ပို၍ပို၍ ဖြစ်ပေါ်လာတော့သည်။
သမုဒ္ဒရာထဲတွင် ဆူညံသံများ တိုးပွားလာသည်နှင့်အမျှ အသံအပေါ် မှီခိုနေကြရသည့် ပင်လယ်နေတိရစ္ဆာန်တို့သည် တစ်ကောင်နှင့်တစ်ကောင် ဆက်သွယ်ရာတွင် အခက်အခဲများဖြစ်ပေါ်လာပေ၏။ လူသားတို့၏ စက်ပစ္စည်းများမှထွက်သော အသံများသည် တိရစ္ဆာန်တို့မှ ထုတ်လွှတ်သောအသံအပေါ်လွှမ်းမိုးကာ အသံထပ်ခြင်းများကြောင့် တိရစ္ဆာန်တို့သည် အဆက်အသွယ်ပြတ်တောက်ခြင်း၊ မိမိ၏အဖော်အား အကူအညီခေါ်မရခြင်းတို့ ဖြစ်ပေါ်လာသည်။ ကြည်လင်ပြတ်သားစွာဆက်သွယ်နိုင်ရန်အတွက် အသံထုအားမြှင့်တင်ခြင်း၊ ဆူညံသံရပ်တန့်သည်အထိ စောင့်ဆိုင်းခြင်း၊ အသံကြိမ်နှုန်းပြောင်းလဲကာ ဆက်သွယ်ခြင်းတို့လုပ်ဆောင်လာရသည်။
ဆက်သွယ်ခြင်းကို နှောင့်ယှက်ရုံသာမက ပင်လယ်ပြင်ထဲမှ လူသားတို့ဖန်တီးလိုက်သော ဆူညံသံများသည် သက်ရှိတို့၏ နေထိုင်ကျက်စားမှုပုံစံ ပြောင်းလဲခြင်းများ ဖြစ်စေသည်။ ပြင်ပဆူညံသံတို့ကြောင့် ရေနေတိရစ္ဆာန်တို့သည် အသံရင်းမြစ်ရှိရာမှ ရှောင်တိမ်းခြင်း၊ ဆူညံသံထွက်ပေါ်ချိန်နှင့်ညှိကာ အစာရှာခြင်း၊ အမဲလိုက်ခြင်းများ လုပ်ဆောင်ရခြင်းတို့ ဖြစ်ပေါ်လာတော့သည်။ ကယ်လီဖိုးနီးယားတောင်ပိုင်းတွင် ပြုလုပ်ခဲ့သော စမ်းသပ်မှုတစ်ခုတွင် ဝေလငါးပြာများ၏ အသံဆူညံမှုအပေါ်တုံ့ပြန်ပုံကို လေ့လာနိုင်ခဲ့သည်။ ၎င်းစမ်းသပ်မှုတွင် ပုံမှန်ထက်နိမ့်သော စစ်ရေယာဥ်မှ အသံ၌ပင် ဝေလငါးပြာများသည် အစာစားမှုရပ်တန့်ခြင်း၊ ရေကူးနှုန်းမြန်လာခြင်း၊ အသံထွက်ပေါ်ရာရင်းမြစ်နှင့် ဝေးရာသို့ရှောင်ခြင်းတို့ကို တွေ့ရှိခဲ့ရသည်။
နေထိုင်ကျက်စားမှုပုံစံပြောင်းလဲခြင်းအပြင် ကျယ်လောင်လှသော အသံတို့ကြောင့် ပင်လယ်နေတိရစ္ဆာန်တို့၏ ခန္ဓာကိုယ်နှင့် ဇီဝကမ္မဖြစ်စဥ်များတို့အပေါ် ဆိုးကျိုးသက်ရောက်မှုများ ဖြစ်ပေါ်စေ၏။ ဆူညံလှသောအသံတို့ကြောင့် ပင်လယ်ပျော် တိရစ္ဆာန်များသည် ယာယီ အကြားအာရုံချို့ယွင်းမှုသာမက လုံးဝမကြားနိုင်ခြင်းမျိုးဖြစ်နိုင်ပေသည်။ ထို့အပြင် ရုတ်တရက်ကြားလိုက်ရသော ဆူညံမှုကြောင့် အနီးအနားတွင်ရှိနေသော ပင်လယ်နေသက်ရှိတို့သည် အထိတ်တလန့်ဖြစ်ကာ ရေအမြန်ကူးခတ်၍ ရှောင်ပုန်းရန် ကြိုးစားပေမည်။ အမြန်ရေကူးခတ်လိုက်ခြင်းကြောင့် သွေးတွင်းအောက်ဆီဂျင်လည်ပတ်မှု ဖရိုဖရဲဖြစ်စဥ်များကြောင့် တစ်ရှူးပျက်စီးမှုများ ဖြစ်ပေါ်လာရသည်။
ပင်လယ်ပြင်ထဲမှ ဆူညံမှု၏ ဆိုးကျိုးများသည် ဤမျှဖြင့်မရပ်တန့်သေးပေ။ အသံဆူညံခြင်းကြောင့် မိမိတို့ကျက်စားလေ့ရှိရာနေရာမှ အခြားတစ်နေရာသို့ ပြောင်းရွေ့ကျက်စားခြင်းများကြောင့် ဇီဝအမျိုးအစားစုံလင်မှုသည် ဟန်ချက်ပြတ်လာပေမည်။ ဆူညံသံတို့ဖြင့် အချိန်ကြာမြင့်စွာ ထိတွေ့ရခြင်းကြောင့် မိတ်လိုက်ရာတွင် အခက်အခဲများကြုံတွေ့ခြင်း၊ မျိုးပွားနှုန်းကျဆင်းခြင်း၊ မျိုးဗီဇတွင် မူမမှန်ခြင်းများ၊ ထိုမှတဆင့် အကောင်ရေနည်းပါးခြင်းနှင့် သက်တမ်းတိုခြင်းများပါ ကြုံတွေ့လာနိုင်ပေသည်။
ဤမျှပင်လယ်နေသက်ရှိတို့အပေါ်အကျိုးသက်ရောက်မှုဖြစ်စေသော ပင်လယ်ပြင်အသံညစ်ညမ်းခြင်းကို မည်ကဲ့သို့ဖြေရှင်းနိုင်မည်နည်း။ သမုဒ္ဒရာထဲမှအသံညစ်ညမ်းမှုတို့၏ ရင်းမြစ်ဖြစ်သော စက်ပစ္စည်းများမှ အသံကို လျှော့ချရမည်ဖြစ်ပေသည်။ ရေယာဥ်များ အရှိန်လျှော့၍သွားလာခြင်း၊ အသံကျယ်လောင်စွာထွက်ပေါ်သည့် စက်ပစ္စည်းများတွင် အသံထိန်းနည်းပညာများ တီထွင်အသုံးပြုခြင်းတို့လုပ်ဆောင်ရပေမည်။ ထို့အပြင် အသံညစ်ညမ်းမှုနှင့် ပတ်သက်၍
934
Time is Running Out!!!⏳
27 ရက်နေ့မှာ ပြုလုပ်မယ့် Webinar အတွက် စာရင်းပိတ်ဖို့ ၃ရက်သာ လိုပါတော့တယ်။
တရုတ်ပြည်က မဟာတံတိုင်းကြီးမဟုတ်တဲ့ “မြန်မာ့ကမ်းရိုးတန်းရဲ့ မဟာတံတိုင်းကြီးများ”အကြောင်းကို UNDP က ဆရာစောဝင်းမျိုးစံနဲ့ အတူ နားထောင်ဖို့ အောက်ကလင့်လေးမှာ မြန်မြန်စာရင်းပေးလိုက်တော့နော်။ Webinar မှာ Q&A Session ကိုလည်း ထည့်သွင်းထားတာဖြစ်လို့ ကိုယ်သိချင်တာတွေကိုလည်း အားမနာတမ်းမေးလို့ရပါတယ်နော်🤗
Registraion Link>>>>
https://docs.google.com/forms/d/e/1FAIpQLSfmIX2NZMFBdM-AfLGS0p6IdRhppA-ZKylFZXZENMu4iWKVjQ/viewform?usp=sf_link
Webinar အကြောင်းအသေးစိတ်ကိုတော့ အောက်ကလင့်မှာ ဝင်ရောက် ကြည့်ရှုနိုင်ပါတယ်ရှင့်။
https://www.facebook.com/share/p/d9zz1aCEUYRAfb8F/
Webinar ရဲ့ အချိန်ဇယားအသေးစိတ်ကိုလည်း ထပ်မံဖော်ပြလိုက်ပါတယ်နော်။
Topic: “မြန်မာ့ကမ်းရိုးတန်း၏ မဟာတံတိုင်းကြီးများ”
Via: Zoom Application
Date: 27th July, Sunday
Time: 10:00 to 11:30 AM
***Only registered audience.
#Webinar #EHSMyanmar #MangroveEcosystemConservationDay #Awareness #MonthlyTheme
934
ရေးသားသူ - သင်းသင်းထက်အောင် (EHS Myanmar)
ကိုးကား - www.arch2o.com, www.re-thinkingthefuture.com/
---------------------------------------------------------------------------
Don't forget to follow us on Instagram - https://www.instagram.com/ehsmyanmar/
#EHSMyanmar #greenarchitect #architecture #greenbuilding #savetheocean
934
ဒီဇိုင်း၊ အမိုး ဒီဇိုင်းများ နဲ့ ဆောက်လုပ်ရေးကဏ္ဍများမှာ သမုဒ္ဒရာ မှ ပလတ်စတစ်အမှိုက်တွေကို ဗိသုကာပညာဖြင့် အသုံးပြုနိုင်တဲ့နည်းလမ်း အမျိုးမျိုး ရှိပါတယ်။ ဒါကြောင့် အားလုံးလေ့လာနိုင်အောင် ပလတ်စတစ်အမှိုက်တွေကို ပြန်လည်အသုံးချပြီး ဗိသုကာပညာဖြင့် ပြန်လည်အသက်သွင်းနိုင်တဲ့ ဥပမာတစ်ချို့ကိုဖော်ပြပေးလိုက်ပါတယ်။
📌 ရောင်စုံပလတ်စတစ်ကြွေပြားများ ( plastic tiles)
ပလတ်စတစ်အမှိုက်တွေကို ကြွေပြားအဖြစ်သို့ ပြောင်းလဲထားတဲ့ ဒီကြွေပြားတွေဟာ ပေါ့ပါးပြီး ရေစိုခံကာ အမြင်လည်းလှပါတယ်။ပလတ်စတစ်ကြွေပြားတွေကို နံရံကပ်၊ အမိုးအကာ စတာတွေအတွက် အသုံးပြုနိုင်ပါတယ်။
📌 သစ်သားအစားထိုး ဓာတုပလတ်စတစ်သစ်သား( synthetic wood)
ပလပ်စတစ်အမှိုက်တွေကို သစ်သားအစားထိုးအဖြစ်သို့ ပြောင်းလဲ ဖန်တီးနိုင်ပါတယ်။ ဒီ ဓာတုသစ်သားတွေဟာ မူလသစ်သားတွေလိုပဲ သံမှိုရိုက်ခြင်း၊ ကော်ကပ်ခြင်းစတာတွေကိုလည်း ပြုလုပ်နိုင်ပါတယ်။ ဒီဓာတုသစ်သားတွေကို ပျဉ်များ၊ သစ်သားအတုံးများစသဖြင့် လိုအပ်သလို ပြောင်းလဲအသုံးပြုနိုင်ပါတယ်။ ပရိဘောဂဖန်တီးပြုလုပ်ရာမှာလည်း သစ်သားအစားထိုးအဖြစ် ဒီဓာတုပလတ်စတစ်သစ်သားတွေကို အသုံးချနိုင်ပါတယ်။ ပုံမှန်သစ်သားအစစ်တွေထက် ပိုခိုင်ခံ့ပြီး ရေစိုခံ တာရှည်ခံတဲ့အတွက် အရမ်းကို အသုံးတည့်တယ်လို့ဆိုရမှာပါ။
📌 ပလတ်စတစ်အုတ် (recycled plastic blocks)
သမုဒ္ဒရာများမှ ပလတ်စတစ်အမှိုက်များကို ဆောက်လုပ်ရေးအုတ်များအဖြစ်သို့ ပြောင်းလဲနိုင်တဲ့ နည်းပညာတစ်ခုကိုလည်း တီထွင်ခဲ့နိုင်ကြပြီးဖြစ်ပါတယ်။ ပလပ်စတစ်အမှိုက်များကို စုဆောင်းပြီး အရွယ်အစားအမျိုးမျိုး၊ ပုံသဏ္ဍာန် နှင့် သိပ်သည်းဆ များ လိုသလိုပေါင်းထည့်ကာ စိတ်ကြိုက်အုတ်များအဖြစ် ပြောင်းလဲနိုင်ပါတယ်။ ဒီပလတ်စတစ်အုတ်တွေကို နံရံတွေ၊ လမ်းအတားအဆီးတွေ ဆောက်လုပ်ရာမှာ အသုံးပြုနိုင်ပါတယ်။ ဒီအုတ်မျိုးထုတ်လုပ်ဖို့ နည်းပညာအတွက် လိုအပ်တဲ့ စွမ်းအင်က အလွန်နည်းပါးတဲ့အတွက်ကြောင့် ဒီပလတ်စတစ်အုတ်တွေဟာ ရေရှည်တည်တံ့ပြီး သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်တဲ့ ပစ္စည်းဖြစ်တယ်လို့ အသိအမှတ်ပြုထားကြပါတယ်။ သမုဒ္ဒရာကနေ ဆယ်ယူလိုက်တဲ့ ပလတ်စတစ်အမှိုက်တွေဟာ အမျိုးစုံသော သဘောသဘာဝရှိတဲ့အတွက်ကြောင့် ပလတ်စတစ်အုတ်တွေကလည်း ထူးခြားပြီး အရောင်အသွေးစုံလင်တဲ့ အသွင်အပြင်ရှိကြပါတယ်။
📌 ပလတ်စတစ်အမှိုက်များကို ပြန်လည်အသုံးပြုထားသော အသွင်အပြင်ပစ္စည်းများ( recycled plastic textured materials)
ပလတ်စတစ်အမှိုက်မျိုးစုံဟာ ဖိသိပ်ခံရပြီး မူလပုံစံပျက်ယွင်းသွားတဲ့အခါ ဗိသုကာမှာ ထည့်သုံးကြတဲ့ အသွင်အပြင်(texture) အနေနဲ့ အသုံးပြုလို့ကောင်းမယ့် ပစ္စည်းဖြစ်လာပါတယ်။ smooth matt material (ချောမွေ့ပြီး တောက်ပမှုနည်းတဲ့ပစ္စည်း) ၊ glossy finish (ချောမွတ်တောက်ပတဲ့ မျက်နှာပြင်)၊ rough or jagged textured material (ကြမ်းသော သို့မဟုတ် အချွန်အတက်ပုံစံပါသော ပစ္စည်း) စသဖြင့် အမျိုးမျိုး ပြောင်းလဲနိုင်ပါတယ်။ ဒီလို အသွင်အပြင်အမျိုးမျိုးရနိုင်နဲ့ ပလတ်စတစ်အသုံးပြု texture တွေကို အမိုးအကာတွေ၊ မျက်နှာစာ ဒီဇိုင်းတွေ၊ အခြား အမြင်ပိုင်းဆိုင်ရာ အသွင်အပြင်( visual texture) ထည့်ချင်တဲ့နေရာတွေမှာ စသဖြင့် အမျိုးမျိုးအသုံးပြုနိုင်ပါတယ်။
📌 ကတ္တရာအစားထိုး ပလပ်စဖာလမ်း (Plasphalt roads)
သမုဒ္ဒရာထဲမှ ပလတ်စတစ်အမှိုက်တွေကိုအသုံးပြုဖို့ နောက်ထပ်နည်းလမ်းကောင်းတစ်ခုကတော့ အမှိုက်တွေကို ပြန်လည်အသုံးပြုပြီး လမ်းများဖောက်လုပ်ရာမှာ အသုံးချခြင်းပဲဖြစ်ပါတယ်။ ဒီလိုလမ်းတွေကို သမားရိုးကျ ကတ္တရာလမ်းများနှင့် မတူတဲ့ ပလပ်စဖာလမ်းများ(Plasphalt roads )လို့ ခေါ်ကြပါတယ်။ ပလတ်စတစ်အမှိုက်များကို ကတ္တရာ အစားထိုးအဖြစ် အသုံးပြုထားတဲ့ ပလပ်စဖာလမ်းတွေက ရိုးရိုးကတ္တရာလမ်းတွေနဲ့ ယှဉ်ရင် ပိုမိုခိုင်ခံ့ပါတယ်။
တာရှည်ခံ၊ အကြမ်းခံ ဂုဏ်သတ္တိရှိတဲ့ ပလတ်စတစ်တွေကို ဗိသုကာပညာမှာ ပြန်လည် အသုံးချခြင်းဟာလည်း သမုဒ္ဓရာကြီးထဲ နေ့စဉ်ဝင်ရောက်လာနေတဲ့ ပလတ်စတစ်ညစ်ညမ်းမှုပမာဏကို လျှော့ချနိုင်မယ့် နည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။ ပလတ်စတစ်ညစ်ညမ်းမှုအန္တရာယ်ကို တားဆီးဖို့ ပလတ်စတစ်အမှိုက်တွေကို ပြန်လည်အသုံးချပြီး အခြား အသုံးဝင်တဲ့ ပစ္စည်းများပြုလုပ်ခြင်း အပြင် ပလတ်စတစ်အသုံးပြုမှုလျှော့ချရေး အသိပညာပေးခြင်းတွေလုပ်နိုင်ဖို့ကလည်း အရေးပါပါတယ်။ ဒါ့အပြင် တစ်ဦးတစ်ယောက်ချင်းစီတိုင်းကလည်း ပလတ်စတစ်အသုံးပြုမှုကိုလျှော့မယ်၊ လိုအပ်မှသုံးမယ်၊ ပလတ်စတစ်အစားထိုး ပစ္စည်းတွေကိုသုံးပေးမယ်၊ သုံးပြီးသားပလတ်စတစ်ပစ္စည်းတွေကို တစ်ခါသုံးပြီး လွှင့်ပစ်တာမျိုးမလုပ်ပဲပြန်လည်အသုံးပြုလို့ရနိုင်သမျှ သုံးပေးမယ် စသဖြင့် ကိုယ်တိုင် လုပ်နိုင်တဲ့ တစ်နိုင်တစ်ပိုင် အလေ့အကျင့်လေးတွေကိုဆောင်ရွက်ရင်းလည်း ပလတ်စတစ်ညစ်ညမ်းမှုကို လျှော့ချရာမှာကူညီနိုင်ပါသေးတယ်။
ကမ္ဘာကြီးအတွက် သမုဒ္ဓရာကြီးအတွက် ပလတ်စတစ်ညစ်ညမ်းမှုအန္တရာယ်ကို ဂရုပြုကြဖို့ အလွန်အရေးကြီးပါတယ်။
934
ဗိသုကာနည်းလမ်းဖြင့် သမုဒ္ဒရာကြီးကို ကယ်တင်ခြင်း
-----------------------------------------------
EHS Myanmar | 23.7.2024
လူတို့နေထိုင်ရာ ကမ္ဘာကြီးရဲ့ သုံးပုံနှစ်ပုံကို သမုဒ္ဒရာကြီးတွေက နေရာယူထားတယ်ဆိုတာ အားလုံးသိကြမှာပါ။ သက်ရှိများအတွက် မရှိမဖြစ်လိုအပ်တဲ့ အောက်စီဂျင်ပမာဏရဲ့တစ်ဝက်စာလောက်ကို သမုဒ္ဒရာကြီးက ထုတ်ပေးနေခြင်းဖြစ်ပါတယ်။ သမုဒ္ဒရာကြီးဟာ သဘာဝက ဖန်တီးထားတဲ့ သတ္တဝါမျိုးစိတ်မြောက်များစွာအတွက် အိမ်တစ်အိမ်ဆိုရင်လည်းမမှားပါဘူး။
သက်ရှိများစွာနေထိုင်တဲ့ ကမ္ဘာကြီး တဖြည်းဖြည်းနဲ့ ယိုယွင်းပျက်စီးလာနေခြင်းက ဘယ်သူ့ကြောင့်လို့ထင်ပါသလဲ။ ကမ္ဘာပေါ်မှာ သက်ရှိမျိုးစိတ်ပေါင်း ၈.၇ သန်းလောက်ရှိပေမယ့်ကျွန်တော်တို့ လူသားတွေဟာ ကမ္ဘာကြီးတစ်ခုလုံးကို လူသားမျိုးစိတ်တစ်ခုတည်းကသာ ပိုင်သလိုမျိုး ပြုမူနေထိုင်နေကြပါတယ်။ သဘာဝပတ်ဝန်းကျင်ကို ညစ်ညမ်းပျက်စီးအောင်လည်း ကျွန်တော်တို့လူသားတွေကပဲ ပြုလုပ်နေကြခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့နေ့စဉ် အသုံးပြုနေကြတဲ့ ပလတ်စတစ်တွေဟာ ကျွန်တော်တို့ကိုယ်တိုင် သတိမထားမိခင်မှာပဲ ပတ်ဝန်းကျင်ကို နည်းမျိုးစုံနဲ့ ဖျက်ဆီးလျက်ရှိပါတယ်။ မြေဆီလွှာကို ထိခိုက်စေတယ်။ သဘာဝပတ်ဝန်းကျင်အတွက် အန္တရာယ်ရှိတဲ့ ဓာတ်ငွေ့တွေကို ထုတ်လွှတ်တယ်။ ဒီလို ပလတ်စတစ်တွေဟာ သမုဒ္ဒရာထဲကို ရောက်ရှိသွားတဲ့အခါမှာတော့ သမုဒ္ဒရာကြီးအတွက် ကြီးမားတဲ့အန္တရာယ်တစ်ခု ဖြစ်လာပါတယ်။
သမုဒ္ဒရာ ရေထုညစ်ညမ်းမှုဟာ လက်ရှိအချိန်မှာ ကမ္ဘာကြီးကရင်ဆိုင်နေရတဲ့ စိုးရိမ်ရတဲ့ ပြဿနာတစ်ခုဖြစ်ပါတယ်။ စွန့်ပစ်ပလတ်စတစ်များကြောင့် သန်းပေါင်းများစွာသော ရေနေသတ္တဝါတွေဟာ အသက်ဆုံးရှုံးမှု၊ မျိုးတုံးမှုတွေကို ရင်ဆိုင်နေရပါတယ်။ ဒီပုံစံအတိုင်းဆက်သွားရင်တော့ ၂၀၅၀ ခုနှစ်လောက်ရောက်တဲ့အခါ သမုဒ္ဒရာထဲမှာ ငါးတွေထက် ပလတ်စတစ်တွေက ပိုများနေလောက်တယ်လို့ သိပ္ပံပညာရှင်တွေက ခန့်မှန်းချက်ထုတ်ထားကြတာကိုလည်း သတင်းတွေမှာ တွေ့မြင်ကြရမှာပါ။
🌏 ပလတ်စတစ်ညစ်ညမ်းမှု ဘယ်ကစပါသလဲ။
၁၉၅၀ ခုနှစ်တွေမှာ ပလတ်စတစ်ထုတ်လုပ်မှု စတင်ထွန်းကားလာပြီး အသုံးပြုရအဆင်ပြေခြင်း၊ ပေါ့ပါးခြင်း၊ ခိုင်ခံ့ခြင်း၊ စျေးသက်သာခြင်း စတဲ့ အကြောင်းပြချက်တွေကြောင့် တစ်ကမ္ဘာလုံးမှာ အသုံးပြုမှု၊ ထုတ်လုပ်မှုဟာ တစ်ဟုန်ထိုး မြင့်တက်လာခဲ့ပါတယ်။ ပြီးပြည့်စုံတဲ့ ထုတ်ပိုးမှုပစ္စည်းအဖြစ်နဲ့ ကမ္ဘာအနှံ့ နေ့စဉ်ဘဝမှာ အသုံးပြုနေကြလျက်ရှိပါတယ်။ ပလတ်စတစ်ညစ်ညမ်းမှုကို ဖြစ်စေတဲ့ နောက်ကွယ်က အဓိက အကြောင်းအရင်းကတော့ သုံးပြီး ပလတ်စတစ်များကို လက်လွတ်စပယ်စွန့်ပစ်ခြင်းကနေ စတယ်လို့ပဲဆိုရမှာပါ။ ပင်လယ်သမုဒ္ဒရာထဲရောက်နေတဲ့ စွန့်ပစ်အမှိုက်တွေရဲ့ ၈၀ ရာခိုင်နှုန်းဟာ ကုန်းပေါ်ကလာခြင်း ဖြစ်ပါတယ်။ အိမ်သုံး စွန့်ပစ်ပစ္စည်းများကို မှန်ကန်စွာ ခွဲခြား မစွန့်ပစ်ခြင်း၊ အလွယ်တကူပင် သဘာဝပတ်ဝန်းကျင်သို့ စွန့်ပစ်ခြင်းတွေကြောင့် ပလစ်စတစ်ညစ်ညမ်းမှု ပြဿနာ ဖြစ်လာရတာဖြစ်ပါတယ်။
ပလတ်စတစ်ညစ်ညမ်းမှုရဲ့အကျိုးဆက်ကြောင့် သဘာဝပတ်ဝန်းကျင် တောတောင်ရေမြေများ ညစ်ညမ်းလာပြီး တောရိုင်းတိရိစ္ဆာန်များ နဲ့ သူတို့နေထိုင်ရာနေရာများကို ထိခိုက်စေပါတယ်။ ပလတ်စတစ်အမှိုက်များကြောင့် ဓာတုညစ်ညမ်းမှုကို ဖြစ်စေပြီး ညစ်ညမ်းသောမြေ၊ ရေမှတစ်ဆင့် ဂေဟစနစ်ကို အဆိပ်သင့်စေပြီး သက်ရှိများအတွက် အန္တရာယ်တစ်ခုဖြစ်လို့နေပါတယ်။ ဒါ့အပြင် စိုက်ပျိုးရေးမှာလည်း အလင်းဖြင့်အစာချက်ခြင်း (photosynthesis) ကိုပိတ်ဆို့စေတာကြောင့် သီးနှံကြီးထွားမှုကို နှောင့်နှေးစေပါတယ်။ ပလတ်စတစ်ညစ်ညမ်းမှုကြောင့် ပိုက်ကွန်များ အမှိုက်များကြားမှာ တိရိစ္ဆာန်များ၊ ရေနေသတ္တဝါများ၊ ငှက်များ နှင့် လိပ်များ ပိတ်မိတတ်ကြပြီး သေဆုံးကြရပါတယ်။ပလတ်စတစ်တွေကို စားသုံးမိတာကြောင့် သမုဒ္ဒရာရှိ ဂေဟစနစ်တစ်ခုလုံးရဲ့ အစာကွင်းဆက်ကိုလည်း ထိခိုက်စေလျက်ရှိပါတယ်။ ပလတ်စတစ်ထုတ်လုပ်မှုမှာ အသုံးပြုတဲ့ ဓာတုပစ္စည်းများကြောင့် လူသားတွေမှာလည်းကင်ဆာရောဂါ၊ မွေးရာပါချို့ယွင်းခြင်း၊ ကိုယ်ခံအားကျဆင်းခြင်းအပြင် များစွာသော ကျန်းမာရေးခြိမ်းခြောက်မှုတွေကို တွေ့ကြုံခံစားရနိုင်ပါတယ်။ ဒီလို ကမ္ဘာကြီးအတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်နေတဲ့ ပလတ်စတစ်ညစ်ညမ်းမှု အန္တရာယ်ကို ကာကွယ်နိုင်ဖို့ အတွက် သိပ္ပံပညာရှင်တွေနဲ့ သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားသူတွေက နည်းလမ်းမျိုးစုံ နဲ့ အဖြေရှာ ကြိုးစားကြလျက်ရှိပါတယ်။
ယနေ့ခေတ် ဗိသုကာပညာသည်လည်း သဘာဝပတ်ဝန်းကျင်ရေရှည်တည်တံ့မှုကို အလေးပေး ဆောင်ရွက်လာတာကို တွေ့မြင်နေရပါတယ်။ ဆိုတော့ ဗိသုကာပညာရှင် နဲ့ ဒီဇိုင်နာများအနေနဲ့ရော ပလတ်စတစ် ညစ်ညမ်းမှုကို လျှော့ချဖို့ ဘယ်လိုပါဝင်နိုင်လဲ ဆိုတာ စိတ်ဝင်စားစရာမေးခွန်းတစ်ခုပါပဲ။
ပလတ်စတစ်ဟာ ပြိုကွဲဖို့ နှစ်ပေါင်းများစွာကြာပါတယ်။ ဒီလို မပျက်စီးလွယ်တဲ့ ပလတ်စတစ်အမှိုက်တွေကို အကျိုးရှိတဲ့ နောက်ထပ်ပစ္စည်းတစ်ခုအဖြစ်ပြောင်းလဲပြီး အသုံးပြုနိုင်ပါတယ်။ သမုဒ္ဒရာထဲက စွန့်ပစ်ပလတ်စတစ်တွေကို အဆောက်အဦးများတည်ဆောက်ရာတွင် သို့မဟုတ် အခြားလူသုံး၊အိမ်သုံး ပစ္စည်းများ ဖန်တီးရာတွင် အသုံးချနိုင်ပါတယ်။ ထိုပစ္စည်းတွေဟာ ကြာရှည်လည်းခံသလို လှလည်းလှပါတယ်။ မျက်နှာစာ ဒီဇိုင်း၊ တံခါး နဲ့ ပြတင်းပေါက်
934
Hello!!!! EHS Myanmar ရဲ့ plastic free July campaign အတွက် တတိယမြောက်အပတ်ကို ရောက်ရှိလာပါပြီ။ ဒီအပတ်မှာတော့ “Bring your own reusable bag” challenge လေးမှာ အားလုံးပါဝင်ဖို့ ဖိတ်ခေါ်ချင်ပါတယ်။
ဘယ်လိုပါဝင်လို့ရမလဲ????
၁။ သင်စျေးဝယ်ထွက်တဲ့ အခါတိုင်း
တစ်ခါသုံးကျွတ်ကျွတ်အိတ်၊ ပလတ်စတစ်အိတ် မယူပဲ ပြန်လည်အသုံးပြုလို့ရတဲ့ အဝတ်အိတ်ကိုယူသွားပါ။ ထိုသို့ပြန်လည်အသုံးပြုလို့ရတဲ့အိတ် ယူဆောင်သွားတတ်တဲ့ အလေ့အကျင့်လေးက လုပ်ယူဖို့ မခက်ခဲ့တဲ့အပြင် ကမ္ဘာမြေကြီး အပေါ်သက်ရောက်မှု ကလည်းလုံးဝကွဲပြားသွားစေမှာ ဖြစ်ပါတယ်။ ဒါကြောင့် ပြန်လည်အသုံးပြုလို့ရတဲ့ အိတ်ကို အသုံးပြုသည့် အလေ့အကျင့်ကို နေ့စဉ် လိုက်နာပါ။
၂။ သင့်ရဲ့ ပြန်လည်အသုံးပြုလို့ရတဲ့ အိတ်လေးကို ဓာတ်ပုံရိုက်ပြီး comment မှာ share ပေးပါ။ ဒါဆိုရင်တော့ ဒီchallenge လေး မှာ လွယ်လွယ်ကူကူနဲ့ ပါဝင်နိုင်ပါပြီ။
၃။ #PlasticFreeJulyChallenge ဆိုတဲ့ hashtagလေးနဲ့ shareပြီးလည်း လူအားလုံးပါဝင်ပြီး တစ်ခါသုံးပလတ်စတစ်အသုံးပြုမှုကို ရှောင်ဖယ်ဖို့ တိုက်တွန်းလိုက်ပါ။
ဒါဆိုရင်တော့ PlasticFreeJulyChallengeမှာပါဝင်ပြီးEHSMyanmarနဲ့အတူတူ ကြီးမားတဲ့ အရွေ့တစ်ခုကို လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ eco-friendly ဖြစ်တဲ့ ဘယ်အိတ်လေးတွေက style အဖြစ်ဆုံးလဲဆိုတာ သိရဖို့ commentမှာ shareပေးသွားဖို့မမေ့ပါနဲ့နော်။
Together We Can!!!!!
#PlasticFreeJulyChallenge #EcoFriendly #EHSMyanmar
934
"မြန်မာ့ကမ်းရိုးတန်း၏ မဟာတံတိုင်းကြီးများ" Webinar မှာ ဖိတ်ကြားထားတဲ့ Speaker က ဘယ်သူဖြစ်မလဲ 🧐
--------------------------------------------------------------------
Guest Speaker အဖြစ်ဖိတ်ကြားထားတဲ့ဆရာကတော့ သစ်တောထိန်းသိမ်းစောင့်ရှောက်ရေး၊ သဘာဝ အရင်းအမြစ်များကို စီမံခန့်ခွဲရေး နှင့် အခြားသော သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းများတွင် ၁၀ နှစ်ကျော် အတွေ့အကြုံရှိတဲ့ ဆရာ စောဝင်းမျိုးစံ ပဲဖြစ်ပါတယ်ရှင်။
ဆရာဟာ ဆိုရင်ဖြင့် ထို ၁၀ နှစ်ကျော် ကာလအတွင်း ခါကာဘိုရာဇီ၊ ဟိမဝန္တာတောင်တန်းများ အပါအဝင် မြန်မာနိုင်ငံ အရှေ့တောင်ဘက်စွန်းရှိ ဒီရေတောများ၏ သဘာဝ ဂေဟစနစ်များကို ထိန်းသိမ်းစောင့်ရှောက်ခြင်း နှင့် ပြန်လည်ထူထောင်ခြင်း လုပ်ငန်းများကိုလည်း ဆောင်ရွက်ခဲ့ပါတယ်။ ဒါ့အပြင် ရာသီဥတုဖောက်ပြန်ပြောင်းလဲခြင်းကို လျော့နည်းစေရန်၊ ဇီဝမျိုးစုံမျိုးကွဲများနှင့် ကမ်းရိုးတန်းဒေသများကို ကာကွယ်နိုင်ရန် ရည်ရွယ်၍ ဒေသခံများ ၊ အရပ်ဖက်လူမှုအဖွဲအစည်းများနှင့်အတူ သစ်တော ရည်ရှည်တည်တံ့ခိုင်မြဲရေးနည်းလမ်းများကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါတယ်။
ဆရာစောဝင်းမျိုးစံဟာ ဂျပန်နိုင်ငံ ကျိုတိုတက္ကသိုလ်မှ သဘာဝသယံဇာတစီမံခန့်ခွဲရေး ဘာသာရပ်ဖြင့် ဂုဏ်ထူးတန်းဘွဲကို ရရှိထားပြီး လက်ရှိမှာတော့ UNDP Myanmar မှာ လုပ်ကိုင်လျက်ရှိပါတယ်။
ကဲ ဒါဆိုရင်တော့ စိတ်ဝင်စားစရာကောင်းတဲ့ မြန်မာ့ကမ်းရိုးတန်းဒေသရဲ့ ဒီရေတောများ အကြောင်း ကို အတွေ့အကြုံရှိတဲ့ ဆရာက ပြောပြပေးသွားမှာဖြစ်လို မတက်လိုက်ရတာမျိုး မဖြစ်ရအောင် အခုပဲ Register လုပ်ထားလိုက်တော့နော်။
Registration Form Link>>>>>>>>>>>>>>>>
https://docs.google.com/forms/d/e/1FAIpQLSfmIX2NZMFBdM-AfLGS0p6IdRhppA-ZKylFZXZENMu4iWKVjQ/viewform?usp=sf_link
#Webinar #EHSMyanmar
#MangroveEcosystemConservationDay
934
သေးငယ်သော်လည်း အရေးပါသော ရေအောက်ရတနာများ
-----------------------------------------------
EHS Myanmar | 18.7.2024
သတ္တဝါတိုင်းတွင် တန်ဖိုးကိုယ်စီရှိကြပါသည်။ ငှက်၊ နို့တိုက်သတ္တဝါများမှ တန်ဖိုးရှိခြင်း မဟုတ်ပါ။ ခရုများ၊ ဂုံးများနှင့် ယောက်သွားများသည်လည်း သဘာဝပတ်ဝန်းကျင် ဂေဟစနစ်ကြီး ကောင်းမွန်ရန်အတွက် အလွန်အရေးပါသည့် သတ္တဝါများ ဖြစ်ကြပါသည်။
မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် ဇီဝမျိုးစုံမျိုးကွဲများ ပေါများပြီး နိုင်ငံခြားခရီးသွားများကိုလည်း စွဲဆောင်နိုင်ဆုံး မတူကွဲပြားသော ခရုမျိုးစိတ်များရှိသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ ထိုသေးငယ်သော ခရု၊ ဂုံးနှင့် ယောက်သွားများသည် ကျွန်ုပ်တို့၏ အဏ္ဏဝါဂေဟစနစ်တွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေပြီး ရေကို စစ်ထုတ်ရန်၊ သန့်ရှင်းစေရန် နှင့် အခြားအဏ္ဏဝါသက်ရှိများ နေထိုင်ရာနေရာများအတွက် ရေရှည်တည်တံ့သော အစာအရင်းအမြစ်အဖြစ် ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိပါသည်။ ၎င်းတို့သည် အဏ္ဏဝါဂေဟစနစ် နှင့် လူ့အဖွဲ့အစည်းအတွက် အောက်ဖော်ပြပါအချက်များဖြင့် ကူညီပံ့ပိုးလျက်ရှိပါသည်။
ရေသန့်စင်ပေးခြင်း : ယောက်သွားများသည် သဘာဝ ရေသန့်စက်များဖြစ်သည်။ ယောက်သွားတစ်ကောင်သည် တစ်နေ့လျှင် ရေ ၅၀ လီတာအထိ စစ်ထုတ်နိုင်ပြီး အညစ်အကြေးများ၊ အနည်များ နှင့် ရေမျောများကို ဖယ်ရှားပေးပြီး ရေ၏အရည်အသွေး နှင့် ကြည်လင်သန့်ရှင်းမှုကို တိုးတက်စေရန် မြှင့်တင်ပေးနိုင်ပါသည်။
အစာအရင်းမြစ်များ : ခရု၊ ဂုံးနှင့် ယောက်သွားများသည် ငှက်များ၊ ငါးများနှင့် လူသားများအပါအဝင် တခြားသောမျိုးစိတ်များစွာအတွက် မရှိမဖြစ်လိုအပ်သော အစားအစာအရင်းအမြစ်တစ်ခုဖြစ်ပြီး ရေနေသတ္တဝါများစွာအတွက် အစာအာဟာရကို များစွာထောက်ပံ့ကူညီပေးလျက်ရှိပါသည်။
စီးပွားရေးအရအရေးပါမှု : ခရု၊ ဂုံးနှင့် ယောက်သွား မွေးမြူခြင်းသည် မြန်မာနိုင်ငံတွင် ထွန်းသစ်စလုပ်ငန်းတစ်ခုဖြစ်လာပြီး ကမ်းရိုးတန်းဒေသများရှိ လူမှုအသိုင်းအဝိုင်းများအတွက် ရေရှည်တည်တံ့သော အသက်မွေးဝမ်းကျောင်းလုပ်ငန်းအဖြစ် ပံ့ပိုးပေးပါသည်။
Indicator Species : ယောက်သွားများသည် ပတ်ဝန်းကျင်ပြောင်းလဲမှုများကို အာရုံခံနိုင်သောကြောင့် ၎င်းတို့သည် ဂေဟစနစ်ပျက်စီးနေခြင်း၊ ကောင်းမွန်နေခြင်းကို ညွှန်ပြသူများအဖြစ် ဆောင်ရွက်ကြပါသည်။ ၎င်းတို့သည် ရေအရည်အသွေးနှင့် ဂေဟစနစ်တည်ငြိမ်မှုဆိုင်ရာ အပြောင်းအလဲများကို အချက်ပြနိုင်ပါသည်။
ထို့ကြောင့် သဘာဝပတ်ဝန်းကျင် ဂေဟစနစ် နှင့် လူသားတို့အတွက် အကျိုးပြုနေသော ခရု၊ ဂုံး နှင့် ယောက်သွားများကို အတူတကွ ကာကွယ်စောင့်ရှောက်ကြပါစို့။
ရေးသားသူ - William (EHS Myanmar)
ကိုးကား - Environmental Studies Courses in Myanmar
---------------------------------------------------------------------------
Don't forget to follow us on Instagram - https://www.instagram.com/ehsmyanmar/
#EHSMyanmar #Mussels #MarineLife #EcoWarriors #savemarinelife
#marineecosystem #marineconservation
934
"မြန်မာ့ကမ်းရိုးတန်း၏ မဟာတံတိုင်းကြီးများ" Webinar Announcement
—------------------------------------------------------------------------
EHS Myanmar - 17/07/2024
EHS Myanmar မှ လစဉ်ကျင်းပပြုလုပ်ပေးနေတဲ့ knowledge sharing အစီအစဉ်လေး ပြန်လာပါပြီ။ ဒီလအတွက် ပြုလုပ်ပေးမှာကတော့ July 26 ရက်နေ့မှာ ကျရောက်တဲ့ “International Mangrove Ecosystem Conservation Day” ကို ဂုဏ်ပြုဆင်နွှဲသော အနေဖြင့် Webinar ကို EHS Myanmar မှ Host အဖြစ် ကျင်းပပေးသွားမှာပဲ ဖြစ်ပါတယ်။
ဒီ Webinar မှာတော့ မြန်မာ့ ကမ်းရိုးတန်း ဒေသမှာရှိတဲ့ ဒီရေတောများနှင့် ပတ်သက်ပြီး ပင်လယ်ရေနေသတ္တဝါများ၊ ဒေသခံများအတွက် ၎င်းတို့၏အရေးပါပုံများ၊ ၎င်းဒီရေတောများ ကြုံတွေ့နေရသော ခြိမ်းခြောက်မှုများနှင့် ပြုပြင်ထိန်းသိမ်းစောင့်ရှောက်နိုင်မည့် နည်းလမ်းများကို ဆွေးနွေးသွားမှာ ပဲဖြစ်ပါတယ်။
ဒါ့အပြင် တက်ရောက်လာတဲ့သူတွေကိုလည်း “Certificate of Attendance” ပေးအပ်သွားမှာဖြစ်ပါတယ်ရှင့်။
အခု Webinar ကို စိတ်ဝင်စားလို့ စာရင်းပေးချင်တယ်ဆိုရင်တော့ အောက်ကလင့်လေးမှာ မြန်မြန်ပဲ စာရင်းပေးလိုက်တော့နော်။
Registration Link>>>>>>>>>>>>
https://docs.google.com/forms/d/e/1FAIpQLSfmIX2NZMFBdM-AfLGS0p6IdRhppA-ZKylFZXZENMu4iWKVjQ/viewform?usp=sf_link
Date - July 27, Saturday
Time - 10 AM to 11 AM
Platform - Zoom
Deadline လေးကတော့ July 25 ရက်နေ့ထိ ဖွင့်ပေးထားမှာဖြစ်လို့ တခြားသူငယ်ချင်းတွေလဲ သိအောင် post ကို share ပေးသွားပါအုံးနော်။
#Webinar #EHSMyanmar #MangroveEcosystemConservationDay
934
Plastic free July ရဲ့ ဒုတိယအပတ်မှာတော့ ပလတ်စတစ်အမှိုက်ကင်းစင်ရေးလှုပ်ရှားမှုနဲ့အတူ Challenge Activity လေးတစ်ခုကိုပြုလုပ်ဖို့ အားလုံးကိုဖိတ်ခေါ်ချင်ပါတယ်။
“Small Steps Big Difference” ဆိုသောခေါင်းစဉ်နှင့်Plastic-Free July Challengeသည်ကျွန်တော် တို့ရဲ့နေ့စဉ်နေ ထိုင်မှုအတွင်းအနည်းငယ်သောပြောင်းလဲမှုများကိုပြုလုပ်ခြင်းဖြင့်ပတ်ဝန်းကျင်အပေါ်ကြီးမားသောအကျိုးသက်ရောက်မှုတစ်ခုကိုရရှိစေမှာဖြစ်ပါတယ်ရှင်။ဒီChallengeလေးအတွက်စတင်ရန်လွယ်ကူပြီးeffectiveဖြစ်စေမယ့်အရာလေးတွေကိုဖော်ပြလိုက်ရပါတယ်ရှင့်။
♻️သင့်ပုံမှန်အိတ်(reusable bag)ကိုယူသွားပါ။
♻️ဈေးဝယ်သောအခါတွင်လည်း ကြွပ်ကြွပ်အိတ်ဖြင့်ထုပ်ပိုးမှုကိုငြင်းဆန်ပါ။
♻️ပလတ်စတစ်ထုပ်ပိုးမှုမပါဝင်သော ပစ္စည်းများကိုရွေးချယ်ပါ။
♻️ပလတ်စတစ်အမှိုက်ကိုလျော့ချရန်ဦးဆောင်နေသောစီးပွားရေးလုပ်ငန်းများကို အားပေးပါ။
♻️တစ်ခါသုံးပလတ်စတစ်ခွက်များနှင့်ကော်ဖီခွက်များသုံးခြင်းကိုရှောင်ကြဉ်ပါ။
အစရှိသဖြင့်စိန်ခေါ်မှုလေးများကိုလုပ်ကြည့်ရင်းမိမိရဲ့ပလတ်စတစ်လျှော့ချခြင်းနှင့်ဖန်တီးခဲ့သောဖြေရှင်းချက်လေးတွေကို#PlasticFreeJulyဖြင့်လူမှုကွန်ရက်မှာမိမိတို့ရဲ့မိသားစု၊မိတ်ဆွေများနှင့်အတူပါဝင်လိုက်ရအောင်လားရှင့်။
ဒီဇူလိုင်လ Plastic-Free July Challengeတွင် ပါဝင်ပြီး “Small Steps Big Difference” ဆောင်ပုဒ်နှင့်အညီပလတ်စတစ်အသုံးပြုမှုကင်းစင်စေပြီးသန့်ရှင်းကျန်းမာသောကမ္ဘာကြီးကို EHS Myanmarနှင့်တူတူဖန်တီးကြပါစို့။
#plasticfreejuly2024 #Campaign #EHSMyanmar
934
🌊🦈 Celebrate Shark Awareness Day with EHS Myanmar! 🦈🌊
Join us as we dive into the fascinating world of sharks and learn about their crucial role in maintaining healthy marine ecosystems. Discover how we can protect these incredible creatures and their habitats.
#SharkAwarenessDay #SaveOurSharks #EHSMyanmar #marineconservation
934
EHS Myanmarရဲ့ weekly campaignလေးကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင့်။
ဒီအပတ်မှာတော့ “ကမ္ဘာလုံးဆိုင်ရာရေရှည်တည်တံ့ရေးပြက္ခဒိန်” (Global Sustainability Calendar 2024)အရ ဇူလိုင်လ၏ Theme တစ်ခုအဖြစ် ပလတ်စတစ်ကင်းစင်ရေး“Plastic-Free July”လှုပ်ရှားမှုကို ပြုလုပ်သွားမှာဖြစ်ပါတယ်။
ဤလှုပ်ရှားမှုမှသဘာဝပတ်ဝန်းကျင်ကိုထိခိုက်စေသောပလတ်စတစ်အမှိုက်များကိုလျှော့ချရန်၊သဘာဝပတ်ဝန်းကျင်ကိုထိန်းသိန်းရန်နှင့်ပြန်လည်အသုံးပြုနိုင်သောပစ္စည်းများကိုသုံးစွဲရန်တိုက်တွန်းလျက်မိမိတို့အနေဖြင့်ပလတ်စတစ်အိတ်မသုံးဘဲပြန်လည်အသုံးပြုနိုင်သောအိတ်များကိုသုံးစွဲခြင်း၊ရေဘူးများကိုပြန်လည်အသုံးပြုခြင်းနှင့်အခြားပလတ်စတစ်အစားထိုးသဘာဝပစ္စည်းများအားအသုံးပြုခြင်းဖြင့်ပူးပေါင်းပါဝင်ပေးကြဖို့တိုက်တွန်းလိုက်ရပါတယ်။
ပလတ်စတစ်အသုံးပြုမှုအားလျှော့ချကြရန်နှင့်အတူ Fun Quiz လေးကိုလည်း ပါဝင်ဖြေသွားကြပါအုံးရှင့်။
ပလတ်စတစ်ပစ္စည်းများအသုံးပြုမှုကို ကာကွယ်နိုင်တဲ့လုပ်ဆောင်ချက်အတိုင်းအတွက် (၁၀) မှတ် ရရှိမှာဖြစ်ပြီး ရရှိတဲ့scoreလေးတွေလေးကိုပြန်လည် ဆန်းစစ်လိုက်ကြရင်း“Plastic-Free July” campaign လေးကို ပါဝင်ဆင်နွှဲလိုက်ကြရအောင်လားရှင့်။
၁၀-၂၀ မှတ် : ပလတ်စတစ်အသုံးပြုမှုကို ပိုမိုလျော့ချရန်လိုအပ်ပါသည်။
၃၀-၅၀ မှတ် : ပလတ်စတစ်အသုံးပြုမှုကို အနည်းငယ်လျော့ချရန်ကြိုးစားနေပါပြီ။
၆၀-၈၀ မှတ် : ပလတ်စတစ်အသုံးပြုမှုကို ကောင်းမွန်စွာလျော့ချနေပါပြီ။
၉၀-၁၀၀ မှတ် : ပလတ်စတစ်အသုံးပြုမှုကင်းစင်ရေးကို ထိရောက်စွာလုပ်ဆောင်နေပါသည်။
ရတဲ့Scoreလေးတွေကိုshareပြီး commentရေးသွားဖို့လည်း မမေ့ပါနဲ့နော်။
