en
Feedback

Don't get caught by a cheater! Telemetrio finds and tags such channels 👉 If you want to see the tag, subscribe

EHS Myanmar

EHS Myanmar

Open in Telegram

This is an official channel of Environment, Health and Safety Myanmar (EHS Myanmar). Please visit www.ehsmyanmar.org for more information.

Show more
868
Subscribers
-124 hours
+27 days
+230 days
Posts Archive
International Day of Clean Air for Blue Skies 2024 —-------------------------------------------------------------------------
+3
International Day of Clean Air for Blue Skies 2024 —------------------------------------------------------------------------------------------- EHS Myanmar : 7-09-2024 ဒီနေ့ စက်တင်ဘာ ၇ရက်နေ့ဟာဆိုရင် “ကောင်းကင်ပြာပြာအတွက် အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသောလေထုနေ့ - International Day of Clean Air for Blue Skies” နေ့ပဲဖြစ်ပါတယ်။ 2024 ခုနှစ်အတွက် United Nations- UN ကသတ်မှတ်ပေးထားတဲ့ ခေါင်းစဉ်လေးက “Invest In #CleanAirNow” ဖြစ်ပါတယ်။ အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသောလေထုနေ့မှာ ကျွန်တော်တို့နေ့စဉ်ဘဝမှာ ရှူရှိုက်နေတဲ့လေထုနဲ့ပတ်သတ်တဲ့ အချက်အလက်အချို့ကို ဖော်ပြလိုက်ပါတယ်။🤗 ဒါ့အပြင် EHS Myanmar အနေနဲ့ UNEP မှာ စာရင်းသွင်းထားတဲ့ Campaign အစီအစဉ်လေးလဲရှိလို့ စောင့်မျှော်ပေးပါအုံးဗျ….🙋‍♂️ #CleanAirNow #EHSMyanmar #UNEP

photo content

📣 ❝ Media Partnership Announcement ❞ 🎗️ESH Myanmar × Burmese Orchid🎗️ Burmese Orchid ( မြန်မာ့သစ်ခွအဖွဲ့အစည်း ) မှ ဦးစီးကျင်းပပေးတဲ့ ❝YOUNG VOICES, GIANT STEPS: THE JOURNEY OF A FEMALE MAHOUT AND THE ENVIRONMENTAL IMPACT OF ELEPHANT CAMPS❞ Webinar မှာ ESH Myanmar ကနေ Media Partnership အဖြစ် ပါဝင်ထားပါတယ်။ 🎙️ Webinar မှာ အဓိက နားထောင်ရမှာကတော့ ... ▪️လူသူအသိနည်းတဲ့ ဆင်စခန်းတွေရဲ့ နေ့စဉ်ဘဝ။ ▪️ရှင်သန်မှုနဲ့ သဘာဝထိန်းသိမ်းမှုကို ရင်ဆိုင်နေရတဲ့ ဆင်လေးတွေအကြောင်းပဲဖြစ်ပါတယ်။ ဒါ့အပြင် ဟောပြောပေးမယ့် "မသဒ္ဒါရှင်းသန့်" ဟာ ကျား၊ မ သတ်မှတ်ချက်တွေကို ဖြတ်ကျော်ပြီးအမျိုးသမီးဆင်ဦးစီးတစ်ယောက်အဖြစ် အောင်မြင်စွာ ရပ်တည်နေသူတစ်ဦးဆိုရင်လည်း မမှားပါဘူး။ 💁✨ အဲတာကြောင့် သူမလမ်းခရီးဟာ တခြားအမျိုးသမီးငယ်တိုင်းအဖို့ စံပြ စိတ်ဓာတ်ခွန်အားတစ်ခုဖြစ်နေတဲ့အတွက် သူမရဲ့ ဘဝအတွေ့အကြုံတွေ၊ ရင်ဆိုင်ခဲ့ရတဲ့ အခက်အခဲတွေကို တိုက်ရိုက် နားထောင်ခွင့်ရဦးမှာပါ။ 🔊 ဒီအကြောင်းတွေကို အပြည့်အဝ ထပ်မံသိရှိချင်တယ်ဆိုရင် အောက်ပါ link ထဲ register ဖြည့်သွင်းပေးဖို့တော့ လိုအပ်ပါမယ်နော်။ 👇🗳️ https://www.edu.burmeseorchid.org/elephantcampwebinarregistrationform 🗓 နေ့ရက် - 8.9.2024 🕖 အချိန် - 7:00 PM to 8:30 PM (မြန်မာစံတော်ချိန်) 📍 နေရာ - Zoom & Burmese Orchid Facebook Page #BurmeseOrchid #EHSMyanmar #MediaPartnership #Webinars

photo content

EHS Myanmar's Monthly Theme: What is it for September ? -------------------------------------------------- 🇲🇲 EHS Myanmar မှ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသောဖွံ့ဖြိုးတိုးတက်မှုပန်းတိုင် (Sustainable Development Goals) များကို အထောက်အကူပြုစေရန် ရည်ရွယ်၍ တစ်လနှင့်တစ်လ မတူညီသော ခေါင်းစဥ် (Theme) များကို အလှည့်ကျဖြင့် Knowledge Sharing များ ပြုလုပ်ပေးနေပါသည်။ 🌧 စက်တင်ဘာလ (၇) ရက်နေ့မှာကျရောက်မည့် အပြည်ပြည်ဆိုင်ရာသန့်ရှင်းသောလေထုနေ့ ကိုဂုဏ်ပြု ကြိုဆိုသောအားဖြင့် "Breath Easy, Live Better - September" Theme ကိုရွေးချယ်ထားပါသည်။ 🫗 ကျွန်ုပ်တို့မြန်မာနိုင်ငံမှာဆိုလျှင် အသံတိတ်လူသတ်သမားဟုတင်စားခေါ်ဝေါ်ကြသည့် လေထုညစ်ညမ်းမှုက ပတ်ဝန်းကျင်ညစ်ညမ်းမှုတွေထဲမှာ ထိပ်ဆုံးမှာရပ်နေပါတယ်။ ဒီလေထုညစ်ညမ်းမှုကို စီမံခန့်ခွဲဖို့ နှင့် ညစ်ညမ်းမှုကိုလျှော့ချဖို့တာဝန်က အားလုံးပူးပေါင်းပါဝင်သော ပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရေးများမှတဆင့် လုပ်ဆောင်ရမှာဖြစ်သည့်အတွက် ယခု Theme ဖြင့် ဆောင်းပါးများရေးသားခြင်း၊ Content များဖန်တီးခြင်း၊ အွန်လိုင်းဟောပြောပွဲများလုပ်ဆောင်ခြင်း၊ အွန်လိုင်းကမ်းပိန်းများစီစဉ်ခြင်း၊ Instagram တွင် Post အသစ်များရေးသားခြင်း စသည့် နည်းလမ်းများဖြင့် အသိပညာများရရှိအောင်ကြိုးစားပေးသွားမှာ ဖြစ်ပါသည်။ 😍 Breath Easy, Live Better - September နှင့်ပတ်သတ်ပြီး စိတ်ဝင်စားလို့ လေ့လာသင်ယူချင်တယ်ဆိုရင်တော့ EHS Myanmar page ကို see first လုပ်ထားဖို့မမေ့ပါနဲ့ဦး။ ----------------------------------------------------------------------- "𝙂𝙖𝙞𝙣𝙞𝙣𝙜 𝙠𝙣𝙤𝙬𝙡𝙚𝙙𝙜𝙚 𝙞𝙨 𝙩𝙝𝙚 𝙛𝙞𝙧𝙨𝙩 𝙨𝙩𝙚𝙥 𝙩𝙤 𝙬𝙞𝙨𝙙𝙤𝙢. 𝙎𝙝𝙖𝙧𝙞𝙣𝙜 𝙞𝙩 𝙞𝙨 𝙩𝙝𝙚 𝙛𝙞𝙧𝙨𝙩 𝙨𝙩𝙚𝙥 𝙩𝙤 𝙝𝙪𝙢𝙖𝙣𝙞𝙩𝙮." Don't forget us to follow us on instagram - https://www.instagram.com/ehsmyanmar/ #EHSMyanmar #environmental #sustainability #cleanAir #AirPollution #SDGs

Whale sharks may be massive, but they face equally massive threats. On International Whale Shark Day, let’s unite to protect
Whale sharks may be massive, but they face equally massive threats. On International Whale Shark Day, let’s unite to protect them and their ecosystems. 🌍 #EHSMyanmar ##ProtectWhaleSharks #InternationalWhaleSharkDay #EcoWarriors #MarineLife

photo content
+3

ဒီနေ့မှာတော့ EHS Myanmar မှ media partnership အနေနဲ့ ပါဝင်ထားတဲ့ Program လေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အခု Program လေးကတော့ MYEO ကနေ UNESCO နဲ့ပြုလုပ်တဲ့ Youth Skills Development Program (Batch-3) လေးပဲဖြစ်ပါတယ်။🥰 ဘာတွေသင်ပေးသွားမှာလဲ ဆိုတော့ လူငယ်တွေရဲ့ ဘဝတစ်လျှောက်လုံးနဲ့ Career အတွက်ပါအသုံးချလို့ရမယ့် Skills Development တွေအကုန်သင်ပေးသွားမှာပါ။ ဒီ Program မှာ ဘာတွေရသွားမှာလဲဆိုရင် ✅အလုပ်ခွင်အတွက် Digital Skills တွေကို အသုံးချတတ်သွားမယ်။ ✅အလုပ်ဝင်ဖို့ အဆင်သင့်ပြင်ဆင်တတ်သွားမယ်။ ✅ပြီးရင် ဘဝကြီးမှာ ရှင်သန်ဖို့ လိုအပ်မယ့် Resilient Skills တွေနဲ့ Interpersonal Skills တွေကိုလည်း ရသွားမယ်။ ✅Bonus အနေနဲ့ Agriculture Technical Skills တွေကိုလည်း ပေးသွားဦးမှာပါ။ အဓိကရည်ရွယ်တဲ့ Audience တွေဖြစ်တဲ့ အသက်(၁၃)ကနေ (၁၈)အတွင်း လူငယ်တွေကို Focus Group အနေနဲ့ မေးမြန်းပြီး သူတို့ရဲ့ အမြင်၊ လိုအပ်ချက်နဲ့ လိုလားချက်‌တွေအရ စီစဉ်ထားတဲ့ program လေးလဲဖြစ်ပါတယ်နော်။ ဒါကြောင့် တကယ်ကို Quality ရှိပြီး လိုအပ်တဲ့ Skills တွေကို လေ့လာရမှာပါ။🤩 ⛔ဒါပေမဲ့ ဒီတစ်ခါ Batch-3 မှာတော့ အသက်(၁၃)နှစ်ကနေ (၁၈)နှစ်အထိပဲ လက်ခံတော့မှာဖြစ်ပါတယ်။ ✨ပြီးတော့ ဘာ Fees မှမယူပဲ Free ပေးနေတာပါ✨ ဒါပေမဲ့ အလကားတော့မရဘူး။ သင်ယူချင်စိတ်လေးတော့ သယ်ခဲ့ဖို့ လိုပါတယ်။ ဆိုတော့ အသက်(၁၃)ကနေ (၁၈)အရွယ် ကိုယ့်ရဲ့ညီ/မောင်/ညီမတွေအတွက် ဒီအခွင့်အရေးကို Share ပေးဖို့ မမေ့နဲ့‌နော်။🚨 Registration Link⬇️ https://m.me/myeo.hub?ref=ysdp_skills_training (စာမကျတာ၊ မှားနှိပ်မိတာမျိုးဖြစ်ရင် MYEO Messenger မှာပဲ ysdp skills training ဆိုတဲ့ Keyword ပို့လိုက်လို့ရပါတယ်။) စာရင်းပေးတဲ့အခါ Telegram Group ရအောင်ယူထားပြီး Group ထဲ Join ဖို့ မမေ့ပါနဲ့နော်။🤗 ဒီ Program ကနေ အသက်(၁၃)ကနေ (၁၈)အရွယ် လူငယ်ပေါင်း ထောင်နဲ့ချီပြီးတော့ Skills တွေ မြှင့်ပေးချင်တာမို့လို့ Share လုပ်ပေးပြီးတော့ ပညာဒါနလုပ်ပေးစေချင်ပါတယ်။ ကိုယ့်ရဲ့ Share တစ်ချက်ကနေ တကယ်လိုအပ်နေတဲ့သူဆီ ရောက်သွားနိုင်တာပဲလေ။ (ဒါကြောင့် Share ပေးပါဦးနော်) #ဆယ်ကျော်သက်အိပ်မက် #YouthSkills #Development #YSDP #MYEO #EHSMyanmar

photo content

Answer for Freshwater Ecosystem -------------------------------------------------------------- EHS Myanmar | 21.8.2024 EHS Myanmar ရဲ့ အရင်အပတ်ကပြုလုပ်ခဲ့တဲ့ ရေချိုဂေဟစနစ်နဲ့ ပတ်သတ်ပြီး ဉာဏ်စမ်းလေးရဲ့ အဖြေနဲ့အတူပြန်လာပါပြီး 🤩 (၁) ပထမတစ်ခုရဲ့အဖြေကတော့“Lotic (Flowing water)” ဖြစ်ပါတယ်။ Lotic ရေချိုဂေဟစနစ်ဆိုတာကတော့ စီးဆင်းနေတဲ့ရေတွေနဲ့ ဖွဲစည်းထားတဲ့ ဂေဟစနစ်ပဲဖြစ်ပါတယ်။ ဥပမာ- မြစ်များ၊ ချောင်းများ နှင့် စမ်းများား (၂) ဒုတိယတစ်ခုရဲ့အဖြေကတော့ “Wetlands” ဖြစ်ပါတယ်။ Wetlands ရေချိုဂေဟစနစ်ဆိုတာကတော့ တစ်နှစ်ပတ်လုံး ရေများဖုံးလွှမ်းထားသော မြေမျက်နှာပြင် ဧရိယာများ သိုမဟုတ် အချိန်အပိုင်းအခြားတစ်ခုထိ စိုစွတ်နေသော မြေမျက်နှာပြင် ဧရိယာများနဲ့ ဖွဲစည်းထားတဲ့ ဂေဟစနစ်ပဲဖြစ်ပါတယ်။ ဥပမာ- အင်း၊ အိုင်၊ စိမ့်‌မြေများ (၃)နောက်ဆုံးတစ်ခုကတော့ “Lentic (Standing or Slow Moving Water)” ဖြစ်ပါတယ်။ Lentic ရေချိုဂေဟစနစ်ဆိုတာကတော့ ငြိမ်နေတဲ့ရေ တစ်နည်းအားဖြင့် စီးဆင်းမှု မရှိတဲ့ရေတွေနဲ့ ဖွဲစည်းထားတဲ့ ဂေဟစနစ်ပဲဖြစ်ပါတယ်။ ဥပမာ- ရေကန်များ၊ ရေလှောင်ကန်များ နှင့် ဆည်များ အခုဆိုရင်တော့ ရေချိုဂေဟစနစ်နဲ့ အမျိုးအစားများအကြောင်းများကို ပုံနှင့်တကွတွဲမိပြီး မြင်သွားမယ်လို့ထင်ပါတယ်။ ဉာဏ်စမ်းလေးကို အချိန်ပေးပြီးဖြေဆိုပေးလို့ အားလုံးကိုကျေးဇူးတင်ပါတယ်နော် 🤗 နောက်လာမဲ့လတွေမှာလည်း အမျိုးမျိုးသော Campaign များနဲ့ပြန်လာခဲ့မှာမို့ EHS Myanmar page ကို စောင့်ကြည့်ဖို မမေ့ကြနဲ့နော် #EHSMyanmar #FreshWaterEcosystem #Environmental #Sustainability #SDG

photo content

⚠️ လူဦးရေများပြားလာမှု ကမ္ဘာ့လူဦးရေ များသထက်များလာသည်နှင့်အမျှ ဖွံ့ဖြိုးတိုးတက်မှု၊ စက်မှုထွန်းကားမှုတို့ အတူယှဉ်တွဲပါလာပြီး အကျိုးဆက်အနေဖြင့် ကမ္ဘာတစ်ဝှမ်းရှိ ရေဂေဟစနစ်များအား အပြောင်းအလဲများဖြစ်ပေါ်လာကာ ဇီဝမျိုးကွဲအများအပြားကို ဆုံးရှုံးခဲ့ရသည်။ ရေချိုအရင်းအမြစ် ရေရှည်တည်တံ့မှုအတွက်လည်း စိုးရိမ်ရသော အခြေအနေဖြစ်နေပါသည်။ ရေရှားပါးမှုပြဿနာကြောင့် အကျိုးဆက်အနေနှင့် သန်းပေါင်းများစွာသောလူများ ရေပြတ်လပ်ခြင်း၊ ရေတိမ်ဒေသများ ပျောက်ကွယ်လာခြင်း၊ ဂေဟစနစ် ထိခိုက်နေခြင်းများကြုံတွေ့နေရလျက်ရှိသည်မှာ ငြင်းဆိုဖွယ်ရာမရှိပေ။ ❗️သန့်ရှင်းသော ရေချိုရရှိမှုသည် လူသားတို့ ကျန်းမာရေး နှင့် အသက်ရှင်သန်ရေးအတွက် အလွန်ပင်အရေးကြီးသည်။ ရေခမ်းခြောက်လာသဖြင့် လူတို့ သောက်သုံးရန် နှင့် ကောက်ပဲသီးနှံများ စိုက်ပျိုးရန် ရေလုံလောက်စွာမရနိုင်သဖြင့် ကျန်းမာရေးထိခိုက်မှု နှင့် စီးပွါးရေးကျဆင်းမှုများ ဖြစ်ပေါ်လာနိုင်သည်။ ထို့အပြင် သန့်ရှင်းသော မိလ္လာစနစ်မရနိုင်သဖြင့် ကာလဝမ်းရောဂါ၊ အူရောင်ငန်းဖျားရောဂါ နှင့်အခြား ရေကြောင့်ဖြစ်သော ရောဂါများအပါအဝင် သေစေတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါများကို ဖြစ်စေနိုင်သည်။ ❗️ကမ္ဘာ့ရေတိမ်ဒေသများ၏ ထက်ဝက်ခန့်သည် ၁၉၀၀ ခုနှစ်ကတည်းက ဖျက်ဆီးခံခဲ့ရသည်။ ရေတိမ်ဒေသများသည် နို့တိုက်သတ္တဝါများ၊ ငှက်များ၊ ငါးများ နှင့် ကျောရိုးမဲ့သတ္တဝါများအပါဝင် သတ္တဝါမျိုးစိတ်များစွာအတွက် ကျက်စားရာဒေသအဖြစ် ပံ့ပိုးဆောင်ရွက်ပေးနိုင်သည်။ ရေတိမ်ဒေသများသည် ကမ္ဘာ့လူဦးရေထက်ဝက်၏ အစားအစာအတွက် အဓိကကျသော ဆန်စပါးစိုက်ပျိုးမှုကိုလည်း ပံ့ပိုးပေးသည်။ ထို့အပြင် ရေစစ်ထုတ်ခြင်း၊ မုန်တိုင်းကာကွယ်ရေး၊ ရေလွှမ်းမိုးမှုထိန်းချုပ်ခြင်းနှင့် လူသားများကိုအကျိုးပြုသည့် ဂေဟစနစ်ဝန်ဆောင်မှုများစွာကို ပေးဆောင်ပါသည်။ ရေရှားပါးမှုပြဿနာကြောင့် ဤကဲ့သို့ အရေးပါသော ကမ္ဘာ့ရေတိမ်ဒေသများတဖြည်းဖြည်း ပိုမိုပျောက်ကွယ်လာနေပြီဖြစ်သည်။ ❗️ရေရှားပါးလာသောအခါ သဘာဝအတိုင်းတည်ရှိနေသော ဂေဟစနစ်များအား ပျက်စီးစေနိုင်သည်။ အာရှအလယ်ပိုင်းရှိ အာရယ်လ် ပင်လယ်သည် တစ်ချိန်က ကမ္ဘာ့စတုတ္ထအကြီးဆုံး ရေချိုအိုင်ဖြစ်သည်။ သို့သော် ဆည်မြောင်းနှင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရန် ရေကို လွှဲပေးခြင်းကြောင့် ယခုအခါ အလွန်ညစ်ညမ်းပြီး သမုဒ္ဒရာကဲ့သို့ ငန်နေပြီဖြစ်သည်။ ဤဂေဟဗေဒ ကပ်ဘေးကြောင့် ထိုဒေသတွင် အစာရေစာပြတ်လပ်မှုများဖြစ်ပေါ်ခဲ့ပြီး မွေးကင်းစကလေးသေဆုံးမှု တိုးမြင့်လာကာ အနီးနားရှိ လူဦးရေ၏ လူ့သက်တမ်းကျဆင်းမှုကို ဖြစ်စေခဲ့သည်။ ရေရှားပါးမှု၏ အကျိုးဆက်များကား ဤမျှပင် ထိခိုက်စေနိုင်သည်။ သန့်ရှင်းသော ရေချိုစနစ်များ လုံလောက်စွာရရှိရေးသည် ကျွန်ုပ်တို့ လူသားတွေအတွက်သာမက ဇီဝမျိုးစိတ်အားလုံးနှင့် ဂေဟစနစ် ကောင်းမွန်စွာ လည်ပတ်နိုင်ရန်အတွက်လည်း လွန်စွာအရေးကြီးပါသည်။ ထို့ကြောင့် ရေရှားပါးမှု အခက်အခဲကို သက်သာစေရန် ရေရှည်တည့်တံ့နိုင်သော ရေအသုံးပြုမှုနည်းလမ်းများကို အကောင်အထည်ဖော်ခြင်း၊ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်အောင် ထိန်းသိမ်းခြင်း၊ သစ်ပင် သစ်တောများ စိုက်ပျိုး ထူထောင်ခြင်း စသည်တို့ကို အလေးထားဆောင်ရွက်ကြရန် လိုအပ်ပါသည်။ ထိုသို့ ဆောင်ရွက် ခြင်းဖြင့် ရေရှားပါးမှုပြဿနာကို ဖြေရှင်းနိုင်မည့်အပြင် ရာသီဥတုသမမျှတပြီး လူသားများ၏ ကျန်းမာရေးနှင့် စီးပွားရေးကိုပါ အထောက်အကူ ဖြစ်စေပေလိမ့်မည်။ ရေးသားသူ - သင်းသင်းထက်အောင် (EHS Myanmar) ကိုးကား - worldwildlife.org --------------------------------------------------------------------------- Don't forget to follow us on Instagram - https://www.instagram.com/ehsmyanmar/ #EHSMyanmar #freshwater #waterscarcity #waterscarcityawareness #savewatersavelife

ရေချိုအရင်းအမြစ်ရှားပါးလာမှု အန္တရာယ် ----------------------------------------------- EHS Myanmar | 18.8.2024 ကျွန်ုပ်တို့ ကမ္ဘာ့မြေပုံကို ကြည့်လိုက်လျှင် ကုန်းမြေထက် ရေဖုံးလွှမ်းနေသော နယ်နိမိတ်က ပိုများသည်ကို တွေ့မြင်ကြရပေမည်။ ရေပမာဏ ဤမျှ များပြားသော ကမ္ဘာကြီးပေါ်တွင် ရေရှားပါးမှု ပြဿနာ မကြာခဏ ကြုံတွေ့နေရခြင်းသည် အံ့အားသင့်ဖွယ် ဖြစ်ကောင်းဖြစ်နေပါလိမ့်မည်။ ကမ္ဘာ့မျက်နှာပြင်၏ ၇၀% ကို ရေများဖုံးလွှမ်းထားသော်လည်း ကျွန်ုပ်တို့ နေ့စဉ်ဘဝတွင် အသုံးပြုနိုင်သည့် ရေချိုအရင်းအမြစ် ပမာဏမှာ ၃% သာရှိပါသည်။ ထိုပမာဏထဲမှ ၂% ခန့်သည် ဝင်ရိုးစွန်းဒေသ နှင့် ရေခဲမြစ်များအောက်တွင် အေးခဲနေပြီး အမှန်တကယ် အသုံးပြု၍ရနိုင်သည့် ရေချိုပမာဏမှာ ၁% သာရှိသည်။ ကမ္ဘာတစ်ဝှမ်းတွင် လူဦးရေ ၄ ဘီလီယမ်ခန့်သည် ၁ နှစ်လျှင် အနည်းဆုံး တစ်လခန့် ရေရှားပါးမှုပြဿနာကို ရင်ဆိုင်နေကြရသည်။ ဂေဟစနစ် နှင့် လူသားတို့ ရှင်သန်ရေးအတွက် မရှိမဖြစ်သော ရေစနစ် (Water Systems) များအတွက် စိုးရိမ်ဖွယ်ရာ အခြေအနေများ ဖြစ်ပေါ်လျက်ရှိနေပါသည်။ မြစ်ချောင်းများ၊ ရေကန် နှင့် မြေအောက်ရေများ ခမ်းခြောက်လာနေပြီး၊ အသုံးပြုရန်အတွက်လည်း အလွန်ညစ်ညမ်းလာနေသည်။ ကမ္ဘာ့ရေတိမ်ဒေသ (Wetlands) တစ်ဝက်ကျော်သည်လည်း ပျောက်ကွယ်သွားပြီဖြစ်သည်။ ရာသီဥတုပြောင်းလဲမှုကြောင့် ကမ္ဘာတစ်ဝှမ်းရှိ ရာသီဥတု နှင့် ရေစနစ် (Water Systems) များ ပြောင်းလဲလာပြီး အချို့နေရာများတွင် ရေရှားပါးမှု၊ မိုးခေါင်မှု နှင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိပါသည်။ လက်ရှိသုံးစွဲမှုနှုန်းအတိုင်းဆက်သွားလျှင် အခြေအနေက ပိုဆိုးလာနိုင်ပြီး ၂၀၂၅ ခုနှစ် တွင် ကမ္ဘာ့လူဦးရေ၏ သုံးပုံနှစ်ပုံသည် ရေပြတ်လပ်မှုနှင့် ရင်ဆိုင်ရနိုင်သည်ဟု ခန့်မှန်းထားကြသည်။ ထို့အပြင် ကမ္ဘာတဝှမ်းရှိ ဂေဟစနစ်များ ပိုမိုထိခိုက်လာနိုင်သည့် အခြေအနေတစ်ရပ်ပင်ဖြစ်သည်။ ဤကဲ့သို့ ရေရှားပါးမှုပြဿနာကို ပေါ်ပေါက်လာစေသော အဓိက အကြောင်းအရင်းများမှာ ရာသီဥတုဖောက်ပြန်ခြင်း၊ ရေထုညစ်ညမ်းခြင်း၊ စိုက်ပျိုးရေး နှင့် လူဦးရေးများပြားလာခြင်း တို့ကြောင့်ဖြစ်သည်။ ⚠️ ရာသီဥတုဖောက်ပြန်ခြင်း လူနေမှုအဆင့်အတန်းများ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ စက်မှုလုပ်ငန်းများလည်း တိုးချဲ့များပြားလာပြီး နေ့စဉ် လေထုထဲသို့ ထုတ်လွှတ်နေသည့် ကာဗွန်ဒိုင်အောက်ဆိုဒ် နှင့် ဖန်လုံအိမ်ဓာတ်ငွေ့များလည်း ပိုမိုတိုးပွားလာသည်။ ၎င်းဖန်လုံအိမ်ဓာတ်ငွေ့များကြောင့် ကမ္ဘာ့ ရာသီဥတုပုံစံ နှင့် ရေစနစ်ပုံစံများတွင် အပြောင်းအလဲများ ဆက်တိုက်ဖြစ်ပေါ်နေသည်။ အချို့နေရာများတွင် ရေခမ်းခြောက်ပြီး၊ တစ်ချိန်တည်းတွင် အခြားတစ်နေရာတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိသည်။ အချို့နေရာများတွင် ရေခဲပြင် နှင့် ဆီးနှင်းပြင်ကြီးများ အရည်ပျော်ကာ ပျောက်ကွယ်သွားပြီး မြစ်အောက်ပိုင်းတစ်လျှောက် နေထိုင်သူများအတွက် ရေချိုအထောက်အပံ့ရရှိမှုကို ထိခိုက်စေပါသည်။ ဤကဲ့သို့သော ရာသီဥတုဆိုင်ရာ ပြောင်းလဲမှုများကြောင့် ရေချိုပမာဏ နည်းပါးလာပြီး စိုက်ပျိုးရေး၊ စွမ်းအင်ထုတ်လုပ်ရေး၊ မြို့ပြများ နှင့် ကမ္ဘာတစ်ဝှမ်းရှိ ဂေဟစနစ် အတွက် ရေမလုံလောက်မှုများ ဖြစ်ပေါ်လျက်ရှိသည်။ ⚠️ ရေထုညစ်ညမ်းခြင်း စက်မှုလုပ်ငန်းများမှ စွန့်ပစ်ပစ္စည်းများ၊ လူတို့စွန့်ပစ်သော ရေဆိုးများ၊ လယ်ယာသုံး ဓာတ်မြေဩဇာ နှင့် ပိုးသတ်ဆေးများကြောင့် ရေညစ်ညမ်းမှုဖြစ်ပေါ်လာရသည်။ ထိုအညစ်အကြေးများသည် မြေအောက်ရေထဲအထိပင် စိမ့်ဝင်နိုင်ပြီး မြေအောက်ရေညစ်ညမ်းမှုကို ဖြစ်ပေါ်စေသည်။ ရေညစ်ညမ်းမှုကြောင့် သောက်သုံးရန်မသင့်သောအခြေအနေကဲ့သို့ ချက်ချင်းသိသာနိုင်သော အကျိုးဆက်များရှိသလို ပတ်ဝန်းကျင်နှင့် အစာကွင်းဆက်အတွင်း အချိန်ကြာမြင့်စွာတည်ရှိနေပြီးမှ ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများလည်းရှိပါသည်။ ထိုညစ်ညမ်းသော ရေများကို အသုံးပြု၍မရနိုင်ခြင်းသည်လည်း ရေချိုရှားပါးခြင်းပြဿနာ၏ အကြောင်းအရင်းတစ်ရပ်ပင်ဖြစ်သည်။ ⚠️ စိုက်ပျိုးရေး စိုက်ပျိုးရေးသည် ကမ္ဘာ့ရေချိုပမာဏ၏ ၇၀% အား အသုံးပြုလျက်ရှိသည်။ သို့ရာတွင် ယိုစိမ့်နိုင်သော ဆည်မြောင်းစနစ်များ၊ စိုက်ပျိုးရာတွင် ရေကို ထိရောက်စွာ အသုံးမချနိုင်ခြင်း နှင့် ပတ်ဝန်းကျင်ရှိရေများ ခမ်းခြောက်စေနိုင်သော သီးပင်စားပင်များ စိုက်ပျိုးခြင်းတို့ကြောင့် ထိုထဲမှ ၆၀% မှာ အလဟသ ဖြစ်နေရသည်။ ဤကဲ့သို့ ရေဖြုန်းတီးနေမှုများကြောင့် မြစ်များ၊ ရေကန်များနှင့် မြေအောက်ရေများ ခမ်းခြောက်လာနေရသည်။ စိုက်ပျိုးရေးတွင် အသုံးပြုသော ဓာတ်မြေဩဇာနှင့် ပေါင်းသတ်ဆေးများကြောင့် ရေချိုညစ်ညမ်းမှုကို ဖြစ်ပေါ်စေပြီး လူ နှင့် အခြားသက်ရှိမျိုးစိတ်များအတွက်လည်း အန္တရာယ်ဖြစ်စေသည်။ စိုက်ပျိုးရေးသည်လည်း အခြားအရင်းအမြစ်များထက် ရေကို ပိုမိုသုံးစွဲပြီး ထိရောက်မှု မရှိခြင်းကြောင့် ရေဖြုန်းတီးရာရောက်သကဲ့သို့ ဖြစ်နေပြီး ရေရှားပါးမှုကိုဖြစ်ပေါ်စေသော အဓိက အကြောင်းတစ်ခုပင် ဖြစ်သည်။

photo content

How many types of freshwater ecosystems do you know? -------------------------------------------------------------- EHS Myanmar | 17.8.2024 ဒီအပတ်မှာတော့ EHS Myanmar ရဲ့ ဩဂုတ်လ အတွက် theme ဖြစ်တဲ့ ရေချိုဂေဟစနစ်နဲ့ ပတ်သတ်ပြီး ဉာဏ်စမ်းလေး တစ်ခုစီစဉ်ထားပါတယ်🤩 ဉာဏ်စမ်းလေးကို မဖြေခင်မှာ ရေချိုဂေဟစနစ်ဆိုတာဘာလဲ။ ရေချိုဂေဟစနစ်အမျိုးအစားတွေက ဘာတွေလဲ ။ ဘာကြောင့် အရေးပါသလဲ ဆိုတဲ့ အကြောင်းတွေကို အရင် ဖတ်ကြည့်လိုက်ကြရအောင်နော်🫢 ရေချိုဂေဟစနစ်ဆိုတာကတော့ သောက်သုံးလိုရတဲ့ရေ၊ ဆားပျော်ဝင်မှု မရှိသလောက်နည်းပါးတဲ့ရေတွေနဲ့ ဖွဲစည်းထားတဲ့ aquatic ecosystem တစ်ခုဖြစ်ပြီး ထိုဂေဟစနစ်တွင် အင်း၊ အိုင်၊ မြစ်ချောင်း၊ ရေကန်များနှင့် ရေလှောင်ကန်များပါဝင်ပါတယ်။ ဒါ့အပြင် ရေချိုဂေဟစနစ်ဟာ ဇီဝမျိုးစုံမျိုးကွဲများနှင့် များပြားလှသော အပင်မျိုးစိတ်တွေအတွက် ရှင်သန်ပေါက်ဖွားရာ ကျက်စားရာနေရာ အဖြစ်၎င်း၊ လူသားများအတွက် သောက်သုံးရေ၊ စိုက်ပျိုးရေး၊ စီးပွားရေးနှင့် အခြားသော ကဏ္ဍများတွင်၎င်း အထောက်အကူပြုလျက်ရှိပါတယ်။ ရေချိုဂေဟစနစ်ကို အခြေခံအားဖြင့် အမျိုးအစား (၃) မျိုးခွဲခြားနိုင်ပါတယ်။ (၁) Lentic (Standing or Slow Moving Water) Lentic ရေချိုဂေဟစနစ်ဆိုတာကတော့ ငြိမ်နေတဲ့ရေ တစ်နည်းအားဖြင့် စီးဆင်းမှု မရှိတဲ့ရေတွေနဲ့ ဖွဲစည်းထားတဲ့ ဂေဟစနစ်ပဲဖြစ်ပါတယ်။ ဥပမာ- ရေကန်များ၊ ရေလှောင်ကန်များ နှင့် ဆည်များ (၂) Lotic (Flowing water) Lotic ရေချိုဂေဟစနစ်ဆိုတာကတော့ စီးဆင်းနေတဲ့ရေတွေနဲ့ ဖွဲစည်းထားတဲ့ ဂေဟစနစ်ပဲဖြစ်ပါတယ်။ ဥပမာ- မြစ်များ၊ ချောင်းများ နှင့် စမ်းများ (၃) Wetlands Wetlands ရေချိုဂေဟစနစ်ဆိုတာကတော့ တစ်နှစ်ပတ်လုံး ရေများဖုံးလွှမ်းထားသော မြေမျက်နှာပြင် ဧရိယာများ သိုမဟုတ် အချိန်အပိုင်းအခြားတစ်ခုထိ စိုစွတ်နေသော မြေမျက်နှာပြင် ဧရိယာများနဲ့ ဖွဲစည်းထားတဲ့ ဂေဟစနစ်ပဲဖြစ်ပါတယ်။ ဥပမာ- အင်း၊ အိုင်၊ စိမ့်‌မြေများ အခုဆိုရင်တော့ ရေချိုဂေဟစနစ်နဲ့ အမျိုးအစားများအကြောင်းကို ဆွေးနွေးပြီးသွားပြီဖြစ်တဲ့အတွက် ဉာဏ်စမ်းလေးကို ဖြေဖို့ အဆင်သင့်ဖြစ်နေလောက်ပြီ ထင်ပါတယ်နော်🤗 ဉာဏ်စမ်းလေးကတော့ အောက်ဖော်ပြပါ ရေချိုဂေဟစနစ် သုံးခုကို အမျိုးအစားမှန်အောင် ပြောပြပေးရမှာဖြစ်ပါတယ်။ ဒီဉာဏ်စမ်းလေးမှာ ပါဝင်ချင်တယ်ဆိုရင်တော့ ရွေးချယ်ထားတဲ့ အဖြေများကို comment section လေးမှာ ဝေမျှပေးရမှာပဲဖြစ်ပါတယ်။ အဖြေများကို ဩဂုတ်လ ၂၁ ရက်နေ့မှာ ဖော်ပြပေးသွားမှာဖြစ်လို EHS Myanmar page ကို စောင့်ကြည့်ဖို မမေ့ကြနဲ့နော် #EHSMyanmar #FreshWaterEcosystem #Environmental #Sustainability #SDG

photo content

“International Day for the Conservation of Mangrove Ecosystem 2024” ကို ဂုဏ်ပြုဆင်နွှဲသောအားဖြင့် "မြန်မာ့ကမ်းရိုးတန်း၏ မဟာတံတိုင်းကြီးများ" webinar ကို EHS Myanmar မှ စီစဉ်ပြုလုပ်ခဲ့ပါတယ်။ Webinar မှာ ဆရာစောမျိုး၀င်းဆန်း မျှ‌ဝေပေးခဲ့တဲ့ ဒီရေတောတွေရဲ့ အရေးပါပုံ၊ အကျိုးပြုပုံတွေ နဲ့ ဒီရေတော ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာ အကြောင်းအရာတွေကို webinar ကျင်းပခဲ့တဲ့နေ့က မရောက်လာနိုင်ခဲ့ကြတဲ့သူတွေအပြင် ဒီရေတောနဲ့ပတ်သက်ပြီး စိတ်၀င်စားကြသူများအတွက် ပြန်လည်နားဆင်နိုင်ဖို့ EHS Myanmar ရဲ့ YouTube Channel ဖြစ်တဲ့ EHS Myanmar: Sustainability Channel မှာ တင်ဆက်ထားကြောင်း အသိပေးလိုပါတယ်။ 📎 - https://youtu.be/D6_IvuflbRk?si=qgHPS0BP2LU6Jqs7 နောက်အပတ်တွေမှာလည်း EHS Myanmar က စီစဥ်ကျင်းပခဲ့တဲ့ Webinar တွေနဲ့ Bootcamp တွေမှာ သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေးနဲ့ ပတ်သက်ပြီး မျှဝေ၊ ဆွေးနွေးခဲ့တဲ့ အကြောင်းအရာတွေကို EHS Myanmar Youtube Channel မှာ တင်ဆက်ပေးသွားမှာကြောင့် ဆက်လက်စောင့်ကြည့်ပေးဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ --------------------------------------------------------------------------- Don't forget to subscribe our YouTube Channel - https://youtube.com/@ehsmyanmar #EHSMyanmar #Sustainability #YouTubeChannel #Podcast

On International Wolf Day, we celebrate the strength, intelligence, and beauty of wolves. 🐺 Let’s work together to protect t
On International Wolf Day, we celebrate the strength, intelligence, and beauty of wolves. 🐺 Let’s work together to protect their wild spaces and coexist with these incredible creatures, preserving their vital role in the ecosystem. #EHSMyanmar #internationalwolfday #wolfconservation #savewolves

photo content

မြေအောက်ရေ ညစ်ညမ်းမှု နှင့် လူသားများ၏ ကျန်းမာရေး ----------------------------------------------- EHS Myanmar | 10.8.2024 ကမ္ဘာကို အာကာသထဲကကြည့်လိုက်ရင် မျက်နှာပြင်အနှံ့မှာ အပြာရောင်တော်တော်များများ ဖုံးလွှမ်းနေတာကြောင့် “အပြာရောင်ဂြိုဟ်” (Blue Planet) လို့ ခေါ်လေ့ရှိပါတယ်။ ကမ္ဘာမြေမှာ ကုန်းထုထက်၊ ရေထုက အများကြီးပိုကျယ်တယ်ဆိုတာ လူတိုင်းသိကြပါတယ်။ ရှိတဲ့ ရေထုရဲ့ ၉၇% ဟာလည်း ဆားငန်ရေတွေသာဖြစ်ပြီး၊ ကျန်တဲ့ ၃% ကသာ လူတွေသောက်သုံးလို့ရတဲ့ ရေချိုတွေ ဖြစ်ပါတယ်။ ရေချို ၃% လေးမှာမှ မြေအောက်ရေဟာ ၀.၆၁% ပဲရှိပါတယ်။ ၁% တောင်မရှိတဲ့ ပမာဏဖြစ်ပေမယ့် ကမ္ဘာပေါ်က ဘီလျံနဲ့ချီတဲ့ လူတော်တော်များများက သူတို့ရဲ့ အဓိကသောက်သုံးရေကို မြေအောက်ရေကနေ ရရှိတာပါ။ မြေအောက်ထဲက ရေကြောမှာ စုနေကြတဲ့ ရေတွေက သာမန်အားဖြင့် သောက်သုံး၊ အသုံးပြုဖို့အတွက် သန့်ရှင်းပေမယ့် အခုနောက်ပိုင်းမှာ တဖြည်းဖြည်းနဲ့ ညစ်ညမ်းမှုတွေ ပိုပိုဖြစ်လာပါတယ်။ ဘာတွေကြောင့် ဘယ်လိုဖြစ်လာတာလဲဆိုရင် ထုံးစံအတိုင်း လူသားတွေရဲ့ ဆောင်ရွက်ချက်တွေကြောင့်ပါပဲ။ ဖြစ်စေတဲ့အချက်တွေအများကြီးမှာမှ မြန်မာနိုင်ငံရဲ့ ရှုထောင့်ကနေ မြေအောက်ညစ်ညမ်းမှု ဖြစ်စေတဲ့အရာ (၃) မျိုးကိုပြောပြပါမယ်။ ၁) ဓာတု ပိုးသ/တ်ဆေးများ နှင့် ဓာတု မြေဩဇာများ အလွန်အကျွံအသုံးပြုခြင်း လယ်ယာစိုက်ပျိုးရေးကို အဓိကထားဆောင်ရွက်တဲ့ မြန်မာနိုင်ငံမှာ ကောက်၊ ပဲ၊ သီးနှံတွေ အထွက်တိုးဖို့နဲ့ ကောင်းကောင်းရှင်သန်နိုင်ဖို့အတွက် ဓာတုဓာတ်မြေဩဇာတွေကို အများအပြားအသုံးပြုလာကြပါတယ်။ ဒီအရာတွေက နိုက်ထရိုဂျင်ကိုအခြေခံထားတဲ့ compound တွေဖြစ်တာကြောင့် အပင်တွေကိုဖြန်းတဲ့အခါမှာ တစ်၀က်လောက်ကသာ အပင်အတွက်အသုံးဝင်မှာဖြစ်ပြီး၊ ကျန်တစ်၀က်လောက်ကတော့ မြေပေါ်ကျပြီး၊ မြေဆီလွှာထဲ ဖြည်းဖြည်းချင်းစိမ့်၀င်သွားတဲ့အခါမှာ မြေအောက်ရေကို ညစ်ညမ်းစေပါတယ်။ ၂) စက်ရုံများမှ ဓာတုအညစ်အကြေးများကို စနစ်တကျ မစွန့်ပစ်ခြင်း စက်ရုံတွေကထွက်တဲ့ ဓာတုအညစ်အကြေးတွေမှာ မျိုးစုံသော အန္တရာယ်ရှိတဲ့ အရာတွေပါ၀င်ပါတယ်။ Acid တွေ၊ စွန့်ပစ်ပစ္စည်းတွေကထွက်တဲ့ ရေမှာပျော်ဝင်နိုင်တဲ့ အဆိပ်အတောက်ဖြစ်စေတဲ့ ဓာတ်တွေ အစရှိတဲ့အရာတွေကို စနစ်တကျမစွန့်ပစ်တဲ့အခါ မြေအောက်ရေထိကို ဖြည်းဖြည်းချင်း စိမ့်၀င်သွားပြီး မြေအောက်ရေကိုညစ်ညမ်းစေပါတယ်။ ၃) အမှိုက်ပုံများ မိုးရွာချတဲ့အခါ မိုးရေတွေက အမှိုက်တွေအပေါ်ကိုကျသွားပြီး၊ အဲ့ဒီအမှိုက်တွေမှာပါတဲ့ အဆိပ်အတောက်ဖြစ်စေနိုင်တဲ့ ဓာတုဓာတ်တွေ၊ ဘတ်တီးရီးယားတွေနဲ့ ဗိုင်းရပ်(စ်) တွေနဲ့ထိတွေ့သွားတဲ့အတွက် မိုးရေတွေက ညစ်ညမ်းသွားပါတယ်။ ဒီညစ်ညမ်းသွားတဲ့ရေတွေက မြေအောက်ထဲစိမ့်၀င်သွားတဲ့အခါမှာ မြေအောက်ရေကိုပါ ညစ်ညမ်းသွားစေပါတယ်။ ဒီလိုအကြောင်းအမျိုးမျိုးကြောင့် ညစ်ညမ်းနေတဲ့ရေပမာဏက မြေအောက်ရေထဲကို စိမ့်၀င်တဲ့အခါမှာ နဂိုသန့်ရှင်းတဲ့ မြေအောက်ရေတွေက လူသားတွေအသုံးပြုဖို့ အန္တရာယ်များလာပါတယ်။ ကျန်းမာရေးဆိုင်ရာ ထိခိုက်မှုတွေ ကြီးကြီးမားမားရှိလာနိုင်ပါတယ်။ ညစ်ညမ်းတဲ့မြေအောက်ရေတွေကို အမြဲသောက်သုံးနေမိမယ်ဆိုရင် - ၀မ်းလျှောရောဂါ / ကာလ၀မ်းရောဂါ - ၀မ်းကိုက်ရောဂါ - အူရောင်၀မ်းဖျားရောဂါ တွေဖြစ်နိုင်ပြီး၊ ရေထဲမှာ အဆိပ်အတောက်ဖြစ်တဲ့ ဓာတုဓာတ်တွေများနေမယ်ဆိုရင်လည်း - ကင်ဆာရောဂါ - အာရုံကြောထိခိုက်စေနိုင်တာ - မျိုးပွားခြင်းနဲ့ သက်ဆိုင်တဲ့ ပြဿနာတွေနဲ့ ကြုံရနိုင်ပါတယ်။ ညစ်ညမ်းတဲ့ မြေအောက်ရေတွေနဲ့ ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မိမယ်ဆိုရင်တော့ အရေပြားနဲ့ပတ်သက်တဲ့ ပြဿနာတွေကိုပါ ကြုံရနိုင်ပါတယ်။ ဒီလို အန္တရာယ်ကြီးမားတဲ့ နောက်ဆက်တွဲကျန်းမာရေးပြဿနာတွေ အများကြီးမဖြစ်လာအောင် မြေအောက်ရေကို လူသားတစ်ယောက်ချင်းစီတိုင်း သေချာ ထိန်းသိမ်းစောင့်ရှောက်ဖို့ လိုအပ်ပါတယ်။ အခုမျှဝေပေးခဲ့တဲ့ မြေအောက်ရေညစ်ညမ်းစေတဲ့ အချက်တွေကိုသိခြင်းအားဖြင့်၊ ဒီအချက်တွေကို ဘယ်လိုလျှော့ချနိုင်အောင်လုပ်သင့်လဲ၊ ဘာတွေကာကွယ်ဖို့လိုအပ်နေလဲဆိုတာ အတိုင်းအတာတစ်ခုထိ မြင်မိသွားမယ်လို့ ယုံကြည်ပါတယ်။ ရေးသားသူ - Asta (EHS Myanmar) ကိုးကား - cdc.gov , thesustainabilitycloud.com --------------------------------------------------------------------------- Don't forget to follow us on Instagram - https://www.instagram.com/ehsmyanmar/ #EHSMyanmar #freshwater #undergroundwater #waterconservation #freshwaterconservation #waterpollution