EHS Myanmar
Ir al canal en Telegram
This is an official channel of Environment, Health and Safety Myanmar (EHS Myanmar). Please visit www.ehsmyanmar.org for more information.
Mostrar más934
Suscriptores
Sin datos24 horas
+47 días
+730 días
Archivo de publicaciones
934
+7
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး သမိုင်းတလျှောက် အရေးပါသည့် အမျိုးသမီး (၇) ဦး 👩🦰🧕🧑🦳
ပြုစုသူ - နိုင်ကျော်လူ
#EHSMyanmar #women #environmentalactivists #researcher #sustainabledevelopment #allinclusive
934
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး သမိုင်းတလျှောက် အရေးပါသည့် အမျိုးသမီး (၇) ဦး 👩🦰🧕🧑🦳
ပြုစုသူ - နိုင်ကျော်လူ
#EHSMyanmar #women #environmentalactivists #researcher #sustainabledevelopment #allinclusive
934
"သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့မှုအတွက် နည်းပညာများ၏ အခန်းကဏ္ဍ"
-----------------------------------------------
Podcast by EHS Myanmar
EHS Myanmar Monthly Podcast အစီအစဉ်ရဲ့ ဒီတစ်ခေါက် ဆွေးနွေးမှုမှာတော့ "Role of Technology in Sustainability" ခေါင်းစဉ်နဲ့အတူ သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့မှုအတွက် နည်းပညာတွေက ဘယ်လိုအကူအညီပြုနေလဲဆိုတာကို ဝေမျှပေးထားပါတယ်။
ဒီ podcast လေးမှာတော့ EHS Myanmar ရဲ့ intern တွေဖြစ်ကြတဲ့ ကိုအောင်သူ၊ မယုယလွန်းခင်နဲ့ ကိုပြည့်ဖြိုးအောင်တို့က ဆွေးနွေးပေးထားကြပါတယ်။
EHS Myanmar ရဲ့ YouTube Channel အပြင် EHS Myanmar website (www.ehsmyanmar.org) နဲ့ Spotify, Apple Podcast, Google Podcast, Anchor FM, Amazon Music စတဲ့ Podcast Platform တွေမှာပါ နားဆင်လို့ရနေပါပြီ။
🌐 Website - https://www.ehsmyanmar.org/podcast-1
🎧 Spotify - https://open.spotify.com/show/7d7SwaSQgzgkJDe7UkjwMq...
🎧 Anchor FM - https://anchor.fm/ehsmyanmar...
🍎 Apple Podcast -https://podcasts.apple.com/.../ehs.../id1554795854...
---------------------------------------------------------------------------
Don't forget to subscribe our YouTube Channel - https://youtube.com/@ehsmyanmar
#EHSMyanmar #ehsmyanmarpodcast #sustainability #sustainabilitysolutions #environmentalpodcast #ehsmyanmarpodcast
934
EHS Myanmar's Monthly Theme: What is it for November ?
--------------------------------------------------
🇲🇲 EHS Myanmar မှ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသောဖွံ့ဖြိုးတိုးတက်မှုပန်းတိုင် (Sustainable Development Goals) များကို အထောက်အကူပြုစေရန် ရည်ရွယ်၍ တစ်လနှင့်တစ်လ မတူညီသော ခေါင်းစဥ် (Theme) များကို အလှည့်ကျဖြင့် Knowledge Sharing များ ပြုလုပ်ပေးနေပါသည်။
👥SDG Goal 5 ဖြစ်သည့် ကျားမတန်တူညီမျှရေးကို ကြိုဆိုသောအားဖြင့် "Gender, Inclusiveness and The SDGs of November" Theme ကိုရွေးချယ်ထားပါသည်။
🍁 ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆောင်ရွက်ရာမှု ကျားမတန်းတူညီမျှမှု နှင့် အားလုံးပူးပေါင်းပါဝင်သော လူထုလှုပ်ရှားမှု တစ်ခု သို့မဟုတ် Decision-Making Process တခုလုပ်ဆောင်ရမှာအရေးကြီးလှပါသည်။ ဒါကြောင့် ယခု Theme ဖြင့် ဆောင်းပါးများရေးသားခြင်း၊ Content များဖန်တီးခြင်း၊ အွန်လိုင်းဟောပြောပွဲများလုပ်ဆောင်ခြင်း၊ အွန်လိုင်းကမ်းပိန်းများစီစဉ်ခြင်း၊ Instagram တွင် Post အသစ်များရေးသားခြင်း စသည့် နည်းလမ်းများဖြင့် အသိပညာများရရှိအောင်ကြိုးစားပေးသွားမှာ ဖြစ်ပါသည်။
😍 Gender, Inclusiveness and The SDGs of November နှင့်ပတ်သတ်ပြီး စိတ်ဝင်စားလို့ လေ့လာသင်ယူချင်တယ်ဆိုရင်တော့ EHS Myanmar page ကို see first လုပ်ထားဖို့မမေ့ပါနဲ့ဦး။
-----------------------------------------------------------------------
"𝙂𝙖𝙞𝙣𝙞𝙣𝙜 𝙠𝙣𝙤𝙬𝙡𝙚𝙙𝙜𝙚 𝙞𝙨 𝙩𝙝𝙚 𝙛𝙞𝙧𝙨𝙩 𝙨𝙩𝙚𝙥 𝙩𝙤 𝙬𝙞𝙨𝙙𝙤𝙢. 𝙎𝙝𝙖𝙧𝙞𝙣𝙜 𝙞𝙩 𝙞𝙨 𝙩𝙝𝙚 𝙛𝙞𝙧𝙨𝙩 𝙨𝙩𝙚𝙥 𝙩𝙤 𝙝𝙪𝙢𝙖𝙣𝙞𝙩𝙮."
Don't forget us to follow us on instagram - https://www.instagram.com/ehsmyanmar/
#EHSMyanmar #environmental #sustainability #allInclusive #gender #SDGs
934
🌱 Happy World Vegan Day 2024 🌱
———————————————————-
EHS Myanmar 1/11/2024
ယနေ့ နိုဝင်ဘာလ ၁ ရက်နေ့ တွင်ကျရောက်သော
“World Vegan Day” ကို EHS Myanmar နှင့်အတူတူ အသီးအရွက်များသာ ပါဝင်သည့် ဟင်းချက်နည်းများကို ဝေမျှကာ ကမ္ဘာမြေကြီးကို အကျိုးပြုနေသည့် သက်သက်လွတ်စားသူများကို ဂုဏ်ပြုရင်း မိမိ၏ မိတ်ဆွေသူငယ်ချင်းများလည်း ပါဝင်နိုင်ရန် ဖိတ်ခေါ်လိုက်ပါ။
🌱 ပထမဆုံးအနေဖြင့် World Vegay Day ကို ဘာကြောင့်် ပါဝင်ဆင်နွှဲသင့်ပါသလဲ။
၁။ ကာဗွန်ခြေရာ (Carbon footprint) လျှော့ချနိုင်ခြင်း
—————————————————————
United Nation ၏ ဖော်ပြချက်အရ ဖန်လုံအိမ်ဓာတ်ငွေ့ (greenhouse gas) များ၏ သုံးပုံတစ်ပုံခန့်သည် တိရစ္ဆာန်မွေးမြူရေးမှ ထွက်ရှိသည်ဟု ဆိုပါသည်။ ထို့ပြင် အသားမွေးမြူရေးမှ ထွက်ရှိသည့် ဖန်လုံအိမ်ဓာတ်ငွေ့ဟုဆိုရာတွင် ကာဗွန်ဒိုင်အောက်ဆိုဒ် (carbon dioxide) သာမကပဲ မီသိန်း(methane) ကိုပါ ထုတ်လွှတ်သည့်အတွက် ကမ္ဘာမြေကြီးကို ၃၄ဆ ပို၍ ပျက်စီးစေနိုင်သည်ဟု ဖော်ပြထားသည်။ အသားမွေးမြူထုတ်လုပ်ခြင်းသည် ရေ၊မြေနှင့် စွမ်းအင် ပိုမိုသုံးစွဲသည်ဟုလည်း World Economic Formမှ ဖော်ပြထားသည်။ ထို့ကြောင့် အသားစားသုံးခြင်းသည် ကာဗွန်ခြေရာပိုမိုထွက်ရှိသည့်အတွက် အသီးအရွက်များသာ စားသုံးသင့်သည့်အတွက် World Vegan Day တွင် ပါဝင်သင့်ပါသည်။
၂။ ကျန်းမာရေးကောင်းမွန်ခြင်း
——————————————————————
World Economic Forum အရ Vegetarians များတွင် သွေးတိုးရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါနှင့် ဆီးချိုရောဂါဖြစ်နိုင်ခြေ ရာခိုင်နှုန်းလွန်စွာနည်းပါးသည် ဟု ဆိုပါသည်။ ထို့အပြင် US တွင်ရှိသော လူဦးရေ ခုနှစ်သောင်းကို လေ့လာဆန်းစစ်ချက်များအရ Vegetariansများတွင် သေဆုံးနိုင်ခြေ၁၂%လျှော့ချနိုင် ပြီး ကျန်းမာသက်ရှည်သောသူများ ကို ကြည့်လိုက်လျှင် red meat အလွန်နည်းပါးစွာ စားသူများဟုတွေ့ရှိရသည်။
🌱သို့သော်လည်း ကာဗွန်ခြေရာထုတ်လွှတ်မှုများပြီး ကျန်းမာရေးထိခိုက်နိုင်သော အသားများကိုသာ လူများသည် ကြိုက်နှစ်သက်ကြပေသည်။ ထို့ကြောင့် ယနေ့ နိုဝင်ဘာ(၁)ရက်နေ့ World Vegan Day တွင် အသီးအရွက်များကိုလည်း အရသာရှိရှိ စား၍ရကြောင်း သားသက်လွတ်ဟင်းချက်နည်းများကို ဝေမျှလိုက်ပါသည်။ အောက်ပါဟင်းများအပြင် အခြားသားသက်လွတ်ဟင်းချက်နည်း ဒါမှမဟုတ် ကိုယ်တိုင်ချက်ထားသောဟင်းပုံများကိုလည်း commentတွင် ဝင်ရောက်ဝေမျှရင်း သူငယ်ချင်းများအား mentionပြီးလည်းchallenge ခေါ်လိုက်ပါ။
#EHSMyanmar #worldveganday #carbonfootprint #lesseatmeat
934
EHS Myanmar ရဲ့ အောက်တိုဘာ (၃၁)ရက်နေ့မှာကျရောက်တဲ့ World Cities Day online campaign မှာပါဝင်ပြီးပြီးလား ?!!
မပါဝင်ရသေးရင် အောက်က Linkမှာ ပါဝင်လိုက်ပါ။
https://www.facebook.com/share/p/kCoyhfy8MgkUmCqF/?mibextid=oFDknk
Campaignက အောက်တိုဘာ (၁)ရက်နေ့ထိပဲဆိုတော့ မြန်မြန်ပါဝင်ဖို့လိုမယ်နော်။
#EHSMYANMAR #Worldcitiesday #campaign
934
ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်နေသော မြန်မာ့ဆင်များ
-----------------------------------------------
EHS Myanmar | 28.10.2024
ဆင်သည် အကြီးဆုံးသော ကုန်းနေနို့တိုက်သတ္တဝါဖြစ်သည့်အပြင် ကိုယ်ထည်အကြီးဆုံးနှင့် ခွန်အားအကြီးဆုံး ကုန်းနေသတ္တဝါလည်းဖြစ်သည်။ ဆင်များကို ယေဘုယျအားဖြင့် အာရှဆင်နှင့် အာဖရိကဆင်ဟူ၍ (၂) မျိုး ခွဲခြားနိုင်သည်။ မြန်မာ့ဆင်သည် အာရှဆင်မျိုးစိတ်တစ်ခု ဖြစ်သည်။ အာရှဆင်များသည် အာဖရိကဆင်များနှင့် ပုံစံအမျိုးမျိုး ကွဲပြားသည်။ အာဖရိကဆင်များသည် ဦးထိပ်လုံး၍ နားရွက်ကြီးသည်။ မြန်မာ့ဆင်များသည် ဦးထိပ်ခွက်၍ နားရွက်သေးသည်။ မြန်မာ့ဆင်မျိုး၏ နှာမောင်းသည် ပြောင်ချော၍ အဖျားသို့ တဖြည်းဖြည်းသွယ်သွားသည်။ အဖျား၌ နှုတ်ခမ်းတစ်ခုတည်းသာရှိသည်။ အာဖရိကဆင်များသည် မြန်မာ့ဆင်များထက် ပို၍ကြီးမားသည်။ များသောအားဖြင့် အရပ် (၁၁) ပေအထိရှိပြီး မြန်မာ့ဆင်များသည် အရပ် (၁၀) ပေအောက်ရှိသည်။ မြန်မာ့ဆင်များသည် ယေဘုယျအားဖြင့် မီးခိုးရောင်မှ အညိုရင့်ရောင်အထိရှိပြီး မျက်နှာ၊ နားနှင့် နှာမောင်းတို့တွင် ပန်းရောင် သို့မဟုတ် အဝါရောင် အမှတ်အသားများ ပါလေ့ရှိသည်။ မြန်မာ့ဆင်များသည် ပဲခူးရိုးမ၊ ရခိုင်ရိုးမ၊ တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ်နှင့် ချင်းပြည်နယ် နေရာအနှံ့အပြားတွင် နေထိုင်ကျက်စားကြသည်။
🐘ဘာကြောင့် မြန်မာ့ဆင်တွေက အရေးကြီးတာလဲ?
မြန်မာ့ဆင်များသည် နိုင်ငံ၏ သမိုင်း၊ ယဉ်ကျေးမှုနှင့် စီးပွားရေးတွင်လည်း အရေးကြီးသော ကဏ္ဍအဖြစ် ပါဝင်နေသည်။ ရှေးခေတ်က မြန်မာဘုရင်များသည် စစ်မက်ပြိုင်ရာတွင် ဆင်ကို စစ်အင်အားတစ်ခုအနေဖြင့် အသုံးပြုခဲ့ကြသည်။ ထိုမျှသာမက မြန်မာဘုရင်များသည် မိမိတို့ ပိုင်ဆိုင်သော ဆင်ဖြူအရေအတွက်ကို ဂုဏ်ယူဖွယ်တစ်ရပ်အနေဖြင့် ဘွဲ့အမည်တွင် ထည့်သွင်းမှည့်ခေါ်လေ့ရှိကြသည်။
ရှေးယခင်ကတည်းက ဆင်များကို စစ်ပွဲများအတွက်သာမက သစ်ထုတ်လုပ်ရေးလုပ်ငန်းများတွင်လည်း အသုံးပြုခဲ့ကြသည်။ မြန်မာ့ဆင်သည် မြန်မာ့သစ်ထုတ်လုပ်ရေးတွင် အရေးပါသော သတ္တဝါဖြစ်သည်။ စက်ယန္တရားများ မဝင်ရောက်နိုင်သောနေရာများတွင် ဆင်ကို အသုံးပြု၍ သယ်ယူပို့ဆောင်မှု ပြုကြသည်။ ယနေ့ခေတ်တိုင်အောင်လည်း သစ်ထုတ်လုပ်ငန်းများတွင် ဆင်များကို အသုံးပြုနေဆဲဖြစ်သည်။
မြန်မာ့ဆင်များသည် ခန္ဓာကိုယ်အရွယ်အစားကြီးမားသော်လည်း တစ်နေ့တာကို မိုင်ပေါင်းများစွာ လမ်းလျှောက်၍ မြက်များ၊ မျှစ်များ၊ အသီး အရွက်များနှင့် အမြစ်များကို ရှာဖွေစားသောက်ကြရသည်။ ဤသို့ဖြင့် ၎င်းတို့စားသုံးလိုက်သော အသီးအနှံများ၏ အစေ့များက အူလမ်းကြောင်းအတွင်းမှတစ်ဆင့် နောက်ဆုံးတွင် မြေကြီးပေါ်သို့ မျိုးစေ့အနေဖြင့် ပြန်ကျရောက်လာပြီးနောက် အပင်များပေါက်ရောက်စေသည်။ ဆင်များမှ စွန့်ထုတ်လိုက်သော အညစ်အကြေးများသည်လည်း အပင်များ ရှင်သန်ကြီးထွားရန်အတွက် မြေဆီလွှာကို သဘာဝဓာတ်မြေဩဇာ ရရှိစေသည်။
🐘 မြန်မာ့ဆင်များကို ဘယ်အရာများက ခြိမ်းခြောက်မှု ဖြစ်နေသလဲ?
ယခုအခါ လူဦးရေတိုးပွားလာသည်နှင့်အမျှ ဆင်များနေထိုင်ကျက်စားရာနေရာများထိပါ လူတို့ ချဲ့ထွင်နေထိုင်လာသောကြောင့် ဆင်များ ကျက်စားရာနယ်မြေများ နည်းပါးလာခြင်း၊ စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ ဆင်များ နေထိုင်ရာနေရာကို ပျက်စီးစေသော လမ်းများ၊ တံတားများ၊ တူးမြောင်းများနှင့် ခြံစည်းရိုးများကဲ့သို့သော အခြေခံအဆောက်အဦးများ တည်ဆောက်ခြင်းတို့ကြောင့် ဆင်များ နေထိုင်ကျက်စားရာ နေရာများ ဆုံးရှုံးလာသည့်အပြင် တရားမဝင် အမဲလိုက်သတ်ဖြတ်မှုများကြောင့်လည်း သဘာဝတောဆင်များ တဖြည်းဖြည်း လျော့နည်းကျဆင်းလာသည်။ ယနေ့တွင် မြန်မာ့ဆင်များသည် ခန့်မှန်းခြေအားဖြင့် အကောင်ရေ (၇၀,၀၀) အောက်သာ ကျန်ရှိတော့သည်။ ထို့ကြောင့် မြန်မာ့ဆင်များကို IUCN Red List တွင် မျိုးသုဉ်းလုနီးပါးမျိုးစိတ်အဖြစ် စာရင်းသွင်းထားသည်။
ထို့ကြောင့် မြန်မာတို့၏ရတနာဟု တင်စားခေါ်ဝေါ်သော မြန်မာ့မြေပေါ်မှ အဖိုးတန်မြန်မာ့ဆင်များ မျိုးတုန်းပျောက်ကွယ်မသွားရန် ထိရောက်သော မူဝါဒများ ချမှတ်ခြင်း၊ လူထုအားအသိပညာပေးခြင်း၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းတို့ဖြင့် မြန်မာ့မြေပေါ်မှ ရတနာမြန်မာ့ဆင်များ မျိုးတုန်းပျောက်ကွယ်မသွားရန် ထိန်းသိမ်းကာကွယ်စောင့်ရှောက်သင့်ကြောင်း အကြံပြုရေးသားလိုက်ရပါသည်။
ရေးသားသူ - Kyaw Naing (EHS Myanmar)
ကိုးကား - www.fauna-flora.org, www.gvi.co.uk, Burmese Orchid
---------------------------------------------------------------------------
Don't forget to follow us on Instagram - https://www.instagram.com/ehsmyanmar/
#EHSMyanmar #elephant #elephantconservation #asiaelephant #africaelephant #myanmarelephant #endangeredspecies
934
Quiz Campaign for World Cities Day by EHS Myanmar
—-------------------------------------------------------------------------------------------
EHS Myanmar : 26-10-2024
ဒီနေ့မှာတော့ EHS Myanmar အနေနဲ့ UN- Habitat မှာ စာရင်းပေးသွင်းထားတဲ့ Quiz Campaign လေးကို ဖော်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။💁♂️💁♂️
Campaign မှာ ဘယ်လိုပါဝင်ရမှာလဲဆိုတော့….
👉အောက်မှာဖော်ပြထားတဲ့ Google form မှာ မေးခွန်းလေးတွေဖြေရမှာဖြစ်ပါတယ်
👉အခု post လေးကိုလဲ အများသိအောင် #Worldcitiesday ဆိုတဲ့ hashtag လေးနဲ့ share ပေးသွားရမှာဖြစ်ပါတယ်။
👉Share ထားတဲ့ screenshot လေးကို အခု post အောက်မှာ comment ပြပေးရမှာဖြစ်ပါတယ်။
ဒီအချက် ၃ ချက်လုံးနဲ့ ပြည့်စုံတယ်ဆိုရင်တော့ EHS Myanmar မှ Certificate လေးကို ၇ရက်အတွင်း email မှတဆင့် ပေးပို့သွားမှာ ဖြစ်ပါတယ်ဗျ။🙆♂️
Google Form Link>>>>
https://forms.gle/FQ8BDW9syugVhyBQ9
မေးခွန်းလေးတွေက World Cities Day နဲ့ပတ်သတ်ပြီးမေးထားတဲ့ မေးခွန်းလေးတွေဖြစ်လို့ ကိုယ့်ရဲ့ knowledge ဘယ်လောက်ရှိလဲ သိနိုင်တဲ့အပြင် အောက်တိုဘာ (၃၁)ရက်နေ့မှာ ကျရောက်တဲ့ World Cities Day အတွက်လဲ တစိတ်တစ်ဒေသ ပါဝင်ပြီးသားဖြစ်လို့ Campaign လေးမှာ ပါဝင်ပေးကြဖို့ တိုက်တွန်းလိုက်ပါတယ်ဗျ…🥰
#Worldcitiesday #EHSMyanmar #Campaign
934
🌟 Call for a Trainer: ISO 14001 Awareness Training 🌟
EHS Myanmar is on the lookout for a trainer to conduct an ISO 14001 Environmental Management System Awareness Short-Training for our team! 🌍 If you have a strong background in environmental management systems and a passion for sustainability, we want to hear from you!
Details:
Training Type: Online ISO 14001 Awareness Basics Training
Duration: ∼ 4 Hours
Total Number of Participants: 2-3
Objectives: To equip team members with a basic understanding of ISO 14001 standards and principles to improve environmental management practices for the community.
Requirements: Proven experience in delivering ISO 14001 training and/or a deep understanding of environmental management principles.
If you or someone you know is interested in this opportunity, please reach out to us via email at hr.ehsmyanmar@gmail.com along with your CV, training outlines, duration, and fees. The application deadline is October 30, 2024.
(Please note that only the shortlisted candidates will be contacted.)
Read More Details Here: https://themimu.info/sites/themimu.info/files/jobs/Calling_for_ISO_Trainer_EHSMyanmar.pdf
#EHSMyanmar #ISO14001 #callfortrainer
934
မျိုးသုဥ်းပျောက်ကွယ်ရန် အန္တရာယ်ရှိနေသော မြန်မာ့မြေမှ တိကလေးများ
-----------------------------------------------
EHS Myanmar | 25.10.2024
ရာသီဥတုပြောင်းလဲမှု၊ သစ်တောပြုန်းတီးမှု၊ စိုက်ပျိုးမြေနေရာများချဲ့ထွင်မှု၊ အလွန်အကျွံဖမ်းယူမှု၊ တရားမဝင်ရောင်းဝယ်ဖောက်ကားမှုတို့ကြောင့် မြန်မာအပါအဝင် ကမ္ဘာ့နေရာအနှံ့အပြားတွင် ဇီဝမျိုးစုံမျိုးကွဲ လျော့ပါးမှုအန္တရာယ်များ တွေ့ကြုံနေရသည်။ မြန်မာ့မြေမှ မျိုးသုဥ်းပျောက်ကွယ်ရန် အန္တရာယ်တွေ့ကြုံနေရသော တိရစ္ဆာန်ဟု ဆိုလိုက်လျှင် ဧရာဝတီလင်းပိုင်လေးများ၊ ပုပ္ပါးလန်ဂါနှင့် ပန်ဒါနီတို့မှာ လူသိများလှသည်။ သို့သော် မျိုးသုဥ်းမှုအန္တရာယ်တွေ့ကြုံနေရသော တိကလေးများမှာ များစွာကျန်နေပေသေးသည်။ ယခုဆောင်းပါးတွင် သာမန်လူသိပ်မသိသေးလောက်မည့် မျိုးသုဥ်းမှုအန္တရာယ်နှင့် တွေ့ကြုံနေရသော တိရစ္ဆာန် (၃)မျိုးအကြောင်းကို ဖော်ပြလိုက်ပါသည်။
၁။ မြန်မာ့ကြယ်လိပ် (Burmese Star Tortoise)
မြန်မာ့ဌာနေရင်းမျိုးစိတ်ဖြစ်သည့် မြန်မာ့ကြယ်လိပ်သည် လိပ်ခွံပေါ်တွင် ကြယ်ပုံသဏ္ဌာန်အကွက်ပါသည့် လိပ်မျိုးစိတ်ဖြစ်ပါသည်။ ၎င်းတို့ဟာ အပူပိုင်းခြောက်သွေ့တောတွင် ရှင်သန်ကြသည့် ကုန်းနေလိပ်တွေဖြစ်ကြပြီး များသောအားဖြင့် နေ့ခင်းဘက်တွင် လှုပ်ရှားသက်ဝင်ကြသည်။ အသီးအရွက်စားတိရစ္ဆာန်လေးများဖြစ်ကြပြီး ရံဖန်ရံခါ ပတ်ကျိ၊ အင်းဆက်နှင့် တီကောင်တို့ကိုလည်း စားတတ်ကြသည်။ သန္ဓေလွယ်ရသည့် ကာလမှာ ရက် ၂၀၀ ဝန်းကျင်ခန့်ဖြစ်ပြီး တစ်ခါဥ ဥလျှင် ၄ကောင်မှ ၇ကောင်အထိဥလေ့ရှိ၏။ အရွယ်ရောက်ရန်မှာ ၆ နှစ်မှ ၈နှစ်အထိကြာလေ့ရှိသည်။ သက်တမ်းမှာ နှစ် ၅၀ ဝန်းကျင်ဖြစ်သည်။ မြန်မာ့ကြယ်လိပ်တို့သည် အသားရရန်နှင့် တိုင်းရင်းဆေးဝါးတွင် ထည့်သွင်းအသုံးပြုရန်အစရှိသည့် ရည်ရွယ်ချက်များဖြင့် ရောင်းဝယ်ဖောက်ကားမှုများကြောင့် မျိုးသုဥ်းမှု အန္တရာယ်နှင့် ကြုံနေရပေသည်။
၂။ မြန်မာနှာလန်မျောက် (Myanmar Snub-nose Monkey)
မြန်မာနှာလန်မျောက်သည် မြန်မာနိုင်ငံ ကချင်ပြည်နယ်နှင့် တရုတ်နိုင်ငံ ယူနယ်ပြည်နယ်တို့တွင် နေထိုင်ကျက်စားကြသည့် မျောက်မျိုးစိတ်ဖြစ်ပါသည်။ ၂၀၁၀ ခုနှစ်တွင် ပရိုင်းမိတ်မျိုးစိတ်ကို အထူးပြုလေ့လာသည့်အဖွဲ့တစ်ခုက ပထမဦးဆုံး တရားဝင်မှတ်တမ်းစတင်ခဲ့သည်ဟု ဖော်ပြကြပါသည်။ မြန်မာနှာလန်မျောက်သည် အသက်ရှုကြပ်နေသည့်ပုံစံ သို့မဟုတ် နှာစေးနေသည့်ပုံစံဖြစ်နေသည့် အပေါ်လန်နေသော နှာခေါင်းပေါက်များပိုင်ဆိုင်ကြသည်။ ပေ ၈၅၀၀ မှ ၁၀၀၀၀ ကြားရှိသော အနည်းငယ်စိုထိုင်းသည့် အမြဲစိမ်းသစ်တောနှင့် ခြောက်သွေ့အေးမြသည့် ထင်းရှုးတောတို့ကို ပိုမိုနှစ်ခြိုက်ကြ၏။ ဆောင်းရာသီတွင် နှင်းကျသည့် တောင်ထိပ်ဆီမှ အနိမ့်ပိုင်းသို့ ဆင်းလာလေ့ရှိသည်။ အသီးအရွက်စား မျောက်မျိုးစိတ်များဖြစ်ပြီး ဆောင်းရာသီတွင်မူ ဆာလောင်သည့်ဒဏ်ကို ကာကွယ်ရန် သစ်ခေါက်များတွင် ပေါက်လေ့ရှိသည်ံ့ လိုင်ခံ (lichen) ကိုစားကြသည်။ မြန်မာနှာလန်မျောက်သည် ဖေဖော်ဝါရီဝန်းကျင်တွင် သားပေါက်လေ့ရှိပြီး အပြာနုရောင်မျက်နှာနှင့် တစ်ကိုယ်လုံးဖြူဖွေးနေသည့် အမွှေးများရှိသည့် နှာလန်မျောက်လေးများကို သားဖွားသည်။ တောရိုင်းဇီဝဗေဒပညာရှင်များသည် တောထဲတွင် မြန်မာနှာလန်မျောက်အကောင်ရေ ၄၉၀ မှ ၆၂၀ ခန့်သာ ကျန်ရှိတော့သည်ဟု ခန့်မှန်းထားကြသည်။
၃။ ဧရာဝတီငါးမန်း (Irrawady River Shark)
ဧရာဝတီငါးမန်းသည် ဌာနေရင်းအရှေ့အိန္ဒိယသမုဒ္ဒရာမှ အပူပိုင်းရေချိုတွင် ကျက်စားလေ့ရှိသည်။ ဒီရေတော၏ ကြမ်းခမ်းပြင်နားတွင်လည်း နေထိုင်ကြသည်။ မြန်မာနိုင်ငံတွင် ဧရာဝတီမြစ်ထဲတွင် တွေ့ရလေ့ရှိသည်။ မီးခိုးရောင်ရှိပြီး အသားထူသည့် ခန္ဓာကိုယ်၊ ခုံးနေသည့် နှာခေါင်းနှင့် ပါးစပ်စပ်ကြားနေရာ၊ မျက်စံသေးသေးနှင့် ကျယ်ပြန့်သည့် ပထမကျောဘက်ရေယပ်ကို ပိုင်ဆိုင်ထားကြသည်။ ပါးစပ်မှာ ကျယ်ပြီး အပေါ်မေးရိုးနှင့် အောက်မေးရိုးတွင် သွား ၂၉ ချောင်းရှိသည်။ သေးငယ်သည့် သွားရှိသည့် ဧရာဝတီငါးမန်းဆိုလျှင် ၎င်းအမဲလိုက်သည့် ငါးမှာ ငါးအသေးလေးများသာဖြစ်မည်ဟု ကောက်ချက်ချနိုင်ပေသည်။ ဤမျိုးစိတ်ငါးမန်းတွေသည် ရှားပါးပြီး ဖမ်းယူရရှိမှုသည်လည်း မှတ်တမ်းမရှိပေ။ သန္ဓေလွယ်သည့်ကာလနှင့် အရွယ်ရောက်သည့် ကာလမှာ ကြာရှည်လှပေသည်။ အကောင်အရေအတွက် နည်းပါးသည့်အပြင် ကျင်လည်ကျက်စားသည့်နေရာ ဖျက်ဆီးခံရခြင်းများကြောင့် မျိုးသုဥ်းလုနီးပါးအန္တရာယ်ကျရောက်နိုင်သော မျိုးစိတ်အဖြစ် သတ်မှတ်ထားသည်။
ပိုးစုန်းကြူး (EHS Myanmar) မှ ကောက်နှုတ်ရေးသားသည်။
ကိုးကား - IUCN, WWF, Wikipedia, Turtle Survival Alliance, New England Primate Conservancy, Sharkwater
---------------------------------------------------------------------------
Don't forget to follow us on Instagram - https://www.instagram.com/ehsmyanmar/
#EHSMyanmar #endangeredspecies #burmesestartortoise #myanmarsnubnosedmonkey #IrrawadyRiverShark #myanmarwildlife
934
+5
အာဆီယံဒေသရှိ မျိုးသုဉ်းပျောက်ကွယ်လုနီးပါး မျိုးစိတ် (၅) မျိုး 🦛🐠‼️
ပြုစုသူ - နိုင်ကျော်လူ
ကိုးကားကြမ်း - Britannica.com, wwf.org.uk, asesg.org, dw.com, animalia.bio, animalinfo.org, myanmarbiodiversity.org, worldatlas.com.
#EHSMyanmar #endangeredspecies #ASEAN
934
အာဆီယံဒေသရှိ မျိုးသုဉ်းပျောက်ကွယ်လုနီးပါး မျိုးစိတ် (၅) မျိုး 🦛🐠‼️
ပြုစုသူ - နိုင်ကျော်လူ
ကိုးကားကြမ်း - Britannica.com, wwf.org.uk, asesg.org, dw.com, animalia.bio, animalinfo.org, myanmarbiodiversity.org, worldatlas.com.
#EHSMyanmar #endangeredspecies #ASEAN
934
Stay Tuned ❕❕
EHS Myanmar အနေနဲ့ အောက်တိုဘာလ (၃၁) ရက်နေ့မှာ ကျရောက်တဲ့ "World Cities Day"ကို ဂုဏ်ပြုသောအားဖြင့် အွန်လိုင်း ကမ်ပိန်းလေးစီစဉ်ထားပါတယ်။ မကြာခင် တင်သွားပေးမှာမို့ ဆက်လက်စောင့်မျှော်ကြည့်ရှုပေးကြပါ။
World Cities Day, 2024ရဲ့ Themeကို သိရင် commentမှာ ပြောသွားပေးနော်။
#EHSMyanmar #WorldCitiesDay
