ch
Feedback

不要被骗子欺骗!Telemetrio 会找到并标记这些频道 👉 如果想查看标记,请订阅

EHS Myanmar

EHS Myanmar

前往频道在 Telegram

This is an official channel of Environment, Health and Safety Myanmar (EHS Myanmar). Please visit www.ehsmyanmar.org for more information.

显示更多
868
订阅者
-124 小时
+27 天
+230 天
帖子存档
ဇွန်လ ၅ ရက်နေ့တွင်ကျရောက်မည့် “ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင်နေ့” ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် EHS Myanmar မှ “ရာသီဥတုဒဏ်ခ
ဇွန်လ ၅ ရက်နေ့တွင်ကျရောက်မည့် “ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင်နေ့” ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် EHS Myanmar မှ “ရာသီဥတုဒဏ်ခံနိုင်ပြီး ရေရှည်တည်တံ့သော မြို့ပြဖွံ့ ဖြိုးတိုးတက်မှုဆီသို့” ခေါင်းစဉ်ဖြင့် ဒုတိယအကြိမ်မြောက် Youth Sustainability Forum 2026 ကို မေလ ၃၁ရက်နေ့တွင် ဦးစီးကျင်းပသွားမှာဖြစ်ပါတယ်။ ယခုဆွေးနွေးပွဲကိုတော့ United Nations Environment Programme (UNEP) နဲ့အတူ တရားဝင် register ထားတာဖြစ်ပါတယ်။ နေ့ရက် : မေလ ၃၁ ရက်နေ့ ၊ တနင်္ဂနွေနေ့ အချိန် : နံနက် ၁၀နာရီ မှ ညနေ ၃ နာရီအထိ (မြန်မာစံတော်ချိန်) ကျင်းပရာနေရာ : Zoom ပလက်ဖောင်း စာရင်းပေးသွင်းရန်‌လင့် - https://docs.google.com/forms/d/e/1FAIpQLSeH6l3V1xFn6es1lkl7cv7jo9k3zMp-fsS_559HKjdI5jIh8Q/viewform?usp=dialog

ပထမဆုံး မိတ်ဆက်ပေးချင်သော အဖွဲ့အစည်းကတော့ Indonesia နိုင်ငံမှ EcoLiving Community ဖြစ်ပါသည်။ 🇮🇩🌏 Community Empowerment ကို
ပထမဆုံး မိတ်ဆက်ပေးချင်သော အဖွဲ့အစည်းကတော့ Indonesia နိုင်ငံမှ EcoLiving Community ဖြစ်ပါသည်။ 🇮🇩🌏 Community Empowerment ကို အခြေခံ၍ Sustainable Food Waste Management ကို လှုံ့ဆော်ဆောင်ရွက်နေသော Non-profit Organization တစ်ခုဖြစ်ပါသည်။ Schools, Local Communities နှင့် International Partners များနှင့် ပူးပေါင်းကာ Environmental Awareness နှင့် Climate Action များကို Indonesia နှင့် ASEAN တစ်ဝန်းတွင် မြှင့်တင်ဆောင်ရွက်လျက်ရှိပါသည်။ တိယအဖွဲ့အစည်းအဖြစ် မိတ်ဆက်ပေးချင်တာကတော့ မြန်မာနိုင်ငံမှ SeinLann (စိမ်းလန်း) အဖွဲ့ ဖြစ်ပါတယ်။ 🇲🇲🌱 SeinLann (စိမ်းလန်း) သည် အသက် (၁၆) နှစ်မှ (၃၅) နှစ်အတွင်းရှိ လူငယ်များအတွက် ရည်ရွယ်ထားသော AI နည်းပညာအသုံးပြု Climate Education Platform တစ်ခုဖြစ်ပြီး၊ ရာသီဥတုဆိုင်ရာ အသိပညာပေးမှုနှင့် လက်တွေ့လှုပ်ရှားမှုများကို ဖော်ဆောင်ပေးရန် နှင့် AI Ready ASEAN 2026 Ideathon တွင် Top 10 National Finalist အဖြစ် ရွေးချယ်ခံခဲ့ရသော လူငယ်ဦးဆောင် Initiative တစ်ခုပါသည်။ စာရင်းပေးသွင်းရန်‌လင့် https://docs.google.com/forms/d/e/1FAIpQLSeH6l3V1xFn6es1lkl7cv7jo9k3zMp-fsS_559HKjdI5jIh8Q/viewform?usp=dialog

“ရာသီဥတုဒဏ်ခံနိုင်ပြီး ရေရှည်တည်တံ့သော မြို့ပြဖွံ့ဖြိုးတိုးတက်မှုဆီသို့” - Youth Sustainability Forum -----------------------
“ရာသီဥတုဒဏ်ခံနိုင်ပြီး ရေရှည်တည်တံ့သော မြို့ပြဖွံ့ဖြိုးတိုးတက်မှုဆီသို့” - Youth Sustainability Forum ------------------------------------------------------------------- EHS Myanmar - 23/05/2026 (English Below) ဒီနေ့မှာတော့ EHS Myanmar မှ ဦးဆောင်ကျင်းပမယ့် ဒုတိယအကြိမ်မြောက် လူငယ်ဖိုရမ်တွင် “ရာသီဥတုဒဏ်ခံနိုင်ပြီး ရေရှည်တည်တံ့သော မြို့ပြဖွံ့ဖြိုးတိုးတက်မှုဆီသို့” ခေါင်းစဉ်အောက်မှ ပူးပေါင်းဆွေးနွေး အဖြေရှာပေးသွားမယ့် Panelists များနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ပထမဆုံး Panelist အဖြစ် ပါဝင်ဆွေးနွေးပေးမယ့်သူကတော့ မထက်ရတနာလင်း (Htet Yadanar Linn) ဖြစ်ပါတယ်။ 🌿✨ ဒုတိယ Panelist အဖြစ် ပါဝင်ဆွေးနွေးပေးမယ့်သူကတော့ ကိုကျော်ဇမ္ဗူထွန်း (Kyaw Zabu Tun) ဖြစ်ပါတယ်။ 🌏✨ နောက်ဆုံး panelist အနေနဲ့ ပါဝင်ပေးသွားမယ့် သူကတော့ EHS Myanmar ရဲ့ Founder & President ဒေါက်တာကောင်းထက်စွမ်း ဖြစ်ပါတယ်။ စာရင်းပေးသွင်းရန်‌လင့် https://docs.google.com/forms/d/e/1FAIpQLSeH6l3V1xFn6es1lkl7cv7jo9k3zMp-fsS_559HKjdI5jIh8Q/viewform?usp=dialog

🍀ဇွန်လ ၅ ရက်နေ့တွင် ကျရောက်မည့် “ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင်နေ့” ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် EHS Myanmar မှ “ရာသီဥတုဒ
🍀ဇွန်လ ၅ ရက်နေ့တွင် ကျရောက်မည့် “ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင်နေ့” ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် EHS Myanmar မှ “ရာသီဥတုဒဏ်ခံနိုင်ပြီး ရေရှည်တည်တံ့သော မြိုပြဖွံဖြိုးတိုးတက်မှုဆီသို” ခေါင်းစဉ်ဖြင့် ရေရှည်တည်တံ့ခိုင်မြဲသော မြိုပြဖွံဖြိုးရန် ရည်ရွယ်၍ မြန်မာနိုင်ငံ၏ ဒုတိယ အကြိမ်မြောက် “ Youth Sustainability Forum 2026” ကိုထပ်မံ ဦးစီးကျင်းပ သွားမှာဖြစ်ပါတယ်။ 🍀ယခုဆွေးနွေးပွဲကိုတော့ မေလ ၃၁ ရက်နေ့မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး United Nations Environment Programme (UNEP) နဲ့အတူ တရားဝင် register ထားတာဖြစ်ပါတယ်။ စာရင်းပေးသွင်းရန်‌လင့် ⬇️ https://docs.google.com/forms/d/e/1FAIpQLSeH6l3V1xFn6es1lkl7cv7jo9k3zMp-fsS_559HKjdI5jIh8Q/viewform?usp=dialog

Today, we are excited to introduce Dr. Romina, who will be delivering the Keynote Address at the 2nd Youth Sustainability For
Today, we are excited to introduce Dr. Romina, who will be delivering the Keynote Address at the 2nd Youth Sustainability Forum organized by EHS Myanmar. Dr. Romina holds a PhD in Educational Sciences, along with a BA in Social Work and an MA in Philosophy of Education. In 2025, she graduated with the highest honours from the Amsterdam University of Applied Sciences in the Netherlands, earning an MSc in Environmental Psychology and Behaviour. In addition, Dr. Romina serves as an Associate Faculty member in the Social Sciences at Parami University and the Bard Center for Liberal Arts and Sciences Pedagogy (CLASP), where she lectures on Climate Action, Responsible Business, Environmental Psychology, and related subjects. Registration link: https://docs.google.com/forms/d/e/1FAIpQLSeH6l3V1xFn6es1lkl7cv7jo9k3zMp-fsS_559HKjdI5jIh8Q/viewform?usp=dialog

ဒီနေ့မှာတော့ EHS Myanmar မှ ဦးဆောင်ကျင်းပမယ့် ဒုတိယအကြိမ်မြောက် Youth Sustainability Forum (YSF) တွင် ပါဝင်ဆွေးနွေးသွားမယ့် လ
ဒီနေ့မှာတော့ EHS Myanmar မှ ဦးဆောင်ကျင်းပမယ့် ဒုတိယအကြိမ်မြောက် Youth Sustainability Forum (YSF) တွင် ပါဝင်ဆွေးနွေးသွားမယ့် လူငယ်ခေါင်းဆောင် (၃) ဦးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ 🌱✨ မတူညီတဲ့ နယ်ပယ်အသီးသီးကနေ လူငယ်များအတွက် အားတက်ဖွယ်အတွေ့အကြုံများ၊ အမြင်များနဲ့ Sustainable Development ဆိုင်ရာ အကြောင်းအရာများကို မျှဝေပေးသွားမယ့် လူငယ်ခေါင်းဆောင်များဖြစ်ပါတယ်။ သူတို့ရဲ့ အတွေ့အကြုံများနဲ့ အမြင်များတဆင့် လူငယ်များအတွက် စိတ်အားထက်သန်မှုနဲ့ လှုံ့ဆော်မှုများ ရရှိစေမယ်လို့ မျှော်လင့်ပါတယ်။ စာရင်းပေးသွင်းရန်‌လင့် 🔗https://docs.google.com/forms/d/e/1FAIpQLSeH6l3V1xFn6es1lkl7cv7jo9k3zMp-fsS_559HKjdI5jIh8Q/viewform?usp=dialog နေ့ရက် : မေလ ၃၁ ရက်နေ့ ၊ တနင်္ဂနွေနေ့ အချိန် : နံနက် ၁၀နာရီ မှ ညနေ ၃ နာရီအထိ (မြန်မာစံတော်ချိန်) ကျင်းပရာနေရာ : Zoom ပလက်ဖောင်း

🍀ဇွန်လ ၅ ရက်နေ့တွင် ကျရောက်မည့် “ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင်နေ့” ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် EHS Myanmar မှ “ရာသီဥတုဒ
🍀ဇွန်လ ၅ ရက်နေ့တွင် ကျရောက်မည့် “ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင်နေ့” ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် EHS Myanmar မှ “ရာသီဥတုဒဏ်ခံနိုင်ပြီး ရေရှည်တည်တံ့သော မြို့ပြဖွံ့ဖြိုးတိုးတက်မှုဆီသို့” ခေါင်းစဉ်ဖြင့် ရေရှည်တည်တံ့ခိုင်မြဲသော မြို့ပြဖွံ့ဖြိုးရန် ရည်ရွယ်၍ မြန်မာနိုင်ငံ၏ ဒုတိယ အကြိမ်မြောက် “ Youth Sustainability Forum 2026” ကိုထပ်မံ ဦးစီးကျင်းပ သွားမှာဖြစ်ပါတယ်။ 🍀ယခုဆွေးနွေးပွဲကိုတော့ မေလ ၃၁ ရက်နေ့မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး United Nations Environment Programme (UNEP) နဲ့အတူ တရားဝင် register ထားတာဖြစ်ပါတယ်။ စာရင်းပေးသွင်းရန်‌လင့် ⬇️ https://docs.google.com/forms/d/e/1FAIpQLSeH6l3V1xFn6es1lkl7cv7jo9k3zMp-fsS_559HKjdI5jIh8Q/viewform?usp=dialog 📍နေ့ရက် : မေလ ၃၁ ရက်နေ့ ၊ တနင်္ဂနွေနေ့ 📍အချိန် : နံနက် ၁၀နာရီ မှ ညနေ ၃ နာရီအထိ (မြန်မာစံတော်ချိန်) 📍ကျင်းပရာနေရာ : Zoom ပလက်ဖောင်

🤩EHS Myanmar ၏ ပထမဆုံးအကြိမ် Youth Sustainability Forum ကို (၂၀၂၅) ခုနှစ်တွင် အောင်မြင်စွာကျင်းပနိုင်ခဲ့ရာ ယခု ဒုတိယအကြိမ်မြ
🤩EHS Myanmar ၏ ပထမဆုံးအကြိမ် Youth Sustainability Forum ကို (၂၀၂၅) ခုနှစ်တွင် အောင်မြင်စွာကျင်းပနိုင်ခဲ့ရာ ယခု ဒုတိယအကြိမ်မြောက် Youth Sustainability Forum ကိုလဲ များမကြာမီအချိန်အတွင်း EHS Myanmar မှ ထပ်မံဦးစီး ကျင်းပသွားမည် ဖြစ်ကြောင်း ဝမ်းမြောက်စွာ သတင်းကောင်းပါးချင်ပါတယ်။ 🤩 ⭐️ယခု ဒုတိယအကြိမ်မြောက် Forum တွင် နိုင်ငံတစ်ဝန်းမှသာမက အခြားအရှေ့တောင်အာရှနိုင်ငံ များမှ စိတ်အားထက်သန်သော လူငယ်ခေါင်းဆောင်များ၊ အဖွဲ့အစည်းများ၏ ပတ်ဝန်းကျင်ဆိုင်ရာပြသာနာများနှင့် လက်တွေ့ကျသော ဖြေရှင်းချက်များကို ဦးတည်သည့် အပြန်အလှန်ဆွေးနွေးမှုများကို ပိုမိုမြှင့်တင်ပြီး တစ်မူထူးခြားသည့် ပူပေါင်းဆောင်ရွက်မှုများ တင်ပြနိုင်ရန် ရည်ရွယ်ထားပါသည်။⭐️ 📅ကျင်းပမည့်အချိန်နှင့် ရက်စွဲကို မကြာမီထပ်မံ ကြော်ငြာမည်ဖြစ်လို့ စောင့်မျှော်ပါဝင်နိုင်ပါပြီ။🤩

photo content

ကာဗွန်ကင်းစင်ရေးနှင့် Net-Zero ပန်းတိုင်များဆီသို့ လျှောက်လှမ်းခြင်း ____________________________________ EHS Myanmar | 18.01.2026 ​ယနေ့ခေတ်မှာ ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုဟာ ကျွန်တော်တို့အားလုံး ရင်ဆိုင်နေရတဲ့ အကြီးမားဆုံး စိန်ခေါ်မှုကြီး တစ်ခုပါ။ ဒီပြဿနာကို ဖြေရှင်းဖို့ ကမ္ဘာ့နိုင်ငံပေါင်း ၁၅၀ ကျော်ဟာ ၂၀၅၀ ခုနှစ်မှာ Net-Zero (ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုနဲ့ ပြန်လည်ဖယ်ရှားမှု မျှခြေဖြစ်စေခြင်း) ရောက်ရှိဖို့ ကတိပြုထားကြပါတယ်။ ဒီပန်းတိုင်ကို ရောက်ဖို့ဆိုရင် စက္ကူပေါ်က ကတိတွေထက် လက်တွေ့ကျတဲ့ မူဝါဒဘောင်တွေ လိုအပ်ပါတယ်။ ၁။ ခိုင်မာတဲ့ ဥပဒေနဲ့ အုပ်ချုပ်မှုစနစ် ပထမဆုံးအနေနဲ့ ကာဗွန်လျှော့ချရေးကို အစိုးရအဆက်ဆက် မဖြစ်မနေ လုပ်ဆောင်သွားနိုင်အောင် ဥပဒေကြောင်းအရ (Legally Binding) သတ်မှတ်ထားဖို့ လိုပါတယ်။ ဥပမာ - ဆွီဒင်၊ ကနေဒါနဲ့ ဗြိတိန်တို့လို နိုင်ငံတွေမှာဆိုရင် "ရာသီဥတုဆိုင်ရာ အက်ဥပဒေများ" ကို ပြဌာန်းထားပြီး ၂၀၅၀ မှာ Net-Zero ဖြစ်ရမယ်လို့ ဥပဒေနဲ့ အတည်ပြုထားပါတယ်။ ဒါမှသာ နိုင်ငံရေး အပြောင်းအလဲရှိပေမယ့် ဒီစီမံကိန်းတွေက ဆက်သွားနေမှာ ဖြစ်ပါတယ်။ ၂။ စီးပွားရေးဆိုင်ရာ လှုံ့ဆော်မှုများ (Market-Based Instruments) ကာဗွန်ထုတ်လွှတ်မှုကို လျှော့ချဖို့ဆိုရင် စီးပွားရေးအရ ထိန်းကျောင်းတဲ့စနစ်က ထိရောက်ပါတယ်။ ▪️ ကာဗွန်အခွန် (Carbon Tax): ကာဗွန်ထုတ်လွှတ်မှု များတဲ့ ကုမ္ပဏီတွေကို အခွန်ပိုကောက်တာမျိုးပါ။ ▪️ ကာဗွန်ဈေးကွက် (Emissions Trading): ကာဗွန်ထုတ်လွှတ်ခွင့်ကို ကန့်သတ်ချက် (Cap) ထားပြီး ပိုလျှံတဲ့သူက ပြန်ရောင်းလို့ရတဲ့ စနစ်ပါ။ ၃။ ကဏ္ဍအလိုက် ပြောင်းလဲမှုများ (Sectoral Transformation) မူဝါဒတွေဟာ စာအုပ်ကြီးအတိုင်း မဟုတ်ဘဲ လုပ်ငန်းကဏ္ဍအလိုက် တိကျဖို့ လိုပါတယ်။ ▪️ စွမ်းအင်ကဏ္ဍမှာဆိုရင် ကျောက်မီးသွေးနဲ့ ရေနံအစား နေရောင်ခြည်၊ လေစွမ်းအင်နဲ့ ရေအားလျှပ်စစ်ကို ပိုသုံးလာပြီး အပြည်ပြည်ဆိုင်ရာ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် အေဂျင်စီ (IRENA) ရဲ့ လမ်းညွှန်ချက်တွေအတိုင်း ဆောင်ရွက်လာကြပါတယ်။ ▪️ သယ်ယူပို့ဆောင်ရေးမှာလည်း ၂၀၃၅ နောက်ပိုင်းမှာ ဓာတ်ဆီ၊ ဒီဇယ်ကားအသစ်တွေ ရောင်းချမှုကို ရပ်တန့်ပြီး လျှပ်စစ်ကား (EV) တွေကိုပဲ သုံးဖို့ မူဝါဒတွေ ချမှတ်လာကြပါတယ်။ ၄။ စံချိန်စံညွှန်းနဲ့ ပွင့်လင်းမြင်သာမှု ကုမ္ပဏီတွေက "Greenwashing" လို့ခေါ်တဲ့ စာရွက်ပေါ်မှာပဲ ကာဗွန်လျှော့သယောင် လုပ်တာမျိုး မဖြစ်အောင် Science Based Targets (SBTi) လို သိပ္ပံနည်းကျ စံနှုန်းတွေကို အခြေခံရပါမယ်။ ဒါမှသာ သူတို့ရဲ့ လုပ်ဆောင်ချက်တွေက တကယ်ပဲ ကမ္ဘာကြီးကို ကယ်တင်နေတာလားဆိုတာ တိုင်းတာနိုင်မှာပါ။ နည်းပညာတွေ ရှိနေပေမယ့် အကောင်အထည်ဖော်ဖို့ ငွေကြေးနဲ့ နိုင်ငံရေးဆန္ဒ (Political Will) လိုအပ်နေပါသေးတယ်။ ဖွံ့ဖြိုးပြီး နိုင်ငံတွေက ဖွံ့ဖြိုးဆဲနိုင်ငံတွေကို နည်းပညာနဲ့ ရန်ပုံငွေ ကူညီပေးနိုင်တဲ့ မူဝါဒတွေကလည်း Net-Zero ပန်းတိုင်အတွက် အရေးပါတဲ့ သော့ချက်တစ်ခု ဖြစ်လို့ ​ထောက်ပံ့မှု​တွေ လုပ်​ဆောင်သင့်ပါတယ်။ အနှစ်ချုပ်ရရင် Net-Zero ဆိုတာ အိပ်မက်တစ်ခု မဟုတ်ဘဲ စနစ်တကျ ရေးဆွဲထားတဲ့ မူဝါဒတွေ၊ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ လူသားအားလုံးရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ပေါင်းစပ်မှသာ အောင်မြင်နိုင်မယ့် ခရီးစဉ်တစ်ခုပဲ ဖြစ်ပါတယ်။ Content & Graphic - Chit Ya Aung (EHS Myanmar) Reference - Global readiness for carbon neutrality: From targets to action -------------------------------------------------------------------------- Don't forget to follow us on Instagram - https://www.instagram.com/ehsmyanmar/ #EHSMyanmar #carbonneutrality #netzero #NetZeroReady #climatechange

Check Your Email for EHS Green Quiz Night -------------------------------------------------- Green Quiz Night အတွက် စာရင်း‌ပေ
Check Your Email for EHS Green Quiz Night -------------------------------------------------- Green Quiz Night အတွက် စာရင်း‌ပေးထားသူတွေကို email မှတစ်ဆင့် Zoom Link ပေးပို့ပြီးဖြစ်လို့ ကိုယ့်ရဲ့ email လေးကို စစ်ကြည့်လို့ရပါပြီနော်….🤗 အကယ်၍ email မတွေ့ပါက EHS Myanmar Facebook page မှတစ်ဆင့် Zoom Link တောင်းယူနိုင်ပါတယ်…🥰 အားလုံးပဲ ဒီနေ့ည ၈နာရီမှာ အတူတူတွေ့ကြမယ်နော်.. #EHSMyanmarn #EHSActivity #GreenTogether #EcoLearning #SustainableFuture #EnvironmentAwareness #LearnForNature #EcoCommunity

photo content

EHS Green Quiz Night မှာ ပါဝင်ဖို့အသင့်ပဲလား?🤗 —------------------------------------------------------------ 13/01/2026 Hey guys!!! ၁၇ရက်နေ့မှာ ပြုလုပ်မယ့် Green Quiz Night အတွက် ရယ်ဒီဖြစ်ပြီလားနော်….😇 ပဟေဠိညလေးမှာတော့ သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သတ်တဲ့အကြောင်းအရာတွေကို ပုံမှန်နဲ့မတူပဲ ဉာဏ်စမ်းမေးခွန်းလေးတွေနဲ့ ပျော်ရွှင်စွာလေ့လာကြရမှာဖြစ်လို့ အားလုံးကို အတူတူပါဝင်ဖို့ ဖိတ်‌ခေါ်ချင်ပါတယ်။ အစီအစဉ်အသေးစိတ်လေးကတော့ - ပထမအကြိမ်ပြုလုပ်မည့်နေ့ : ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၇ ရက် (စနေနေ့) 🕖 အချိန် : ည၈နာရီ 💻 ပလပ်ဖောင်း : Zoom + Kahoot 🎯 ဒီလ၏အကြောင်းအရာ : “Sustainability in Classrooms and Beyond” 🏆 ပါဝင်ခွင့်: သဘာဝပတ်ဝန်းကျင်ချစ်မြတ်နိုးသူများအားလုံး အခမဲ့ စာရင်းမပေးရသေးတဲ့သူတွေကလဲ အောက်ကလင့်လေးကနေတစ်ဆင့် မြန်မြန်စာရင်းပေးလိုက်တော့နော်… https://docs.google.com/forms/d/e/1FAIpQLScfkpyOM9FouJfngkxrIVW5FI1SsUA14m6c4C-xwcwRMYbSSg/viewform?usp=publish-editor စာရင်း‌ပေးသွင်းထားသူများကို email မှတဆင့် Zoom Link ပေးပို့သွားမှာဖြစ်လို့ သေချာလေး ဖြည့်သွင်းပေးဖို့ လိုပါမယ်နော်… #EHSMyanmarn #EHSActivity #GreenTogether #EcoLearning #SustainableFuture #EnvironmentAwareness #LearnForNature #EcoCommunity

photo content

🌍 ဒီ Triple Planetary Crisis ကို ဖြေရှင်းဖို့ရာအတွက် အပိုင်းပိုင်းပြိုကွဲနေတဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လုပ်ဆောင်ချက်တွေအစား စနစ်ကျတဲ့ စုပေါင်းလုပ်ဆောင်ချက်တွေကို အစားထိုးခြင်းဖြင့် ကိုင်တွယ်ဖြေရှင်းလျက်ရှိပါတယ်။ ဂေဟစနစ်နဲ့ သဘာဝကို အခြေခံတဲ့ ဖြေရှင်းနည်းတွေ၊ ဘဏ္ဍာရေးစနစ်တွေကို ပြန်လည်ဖွဲ့စည်းတာမျိုးနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာအခွင့်အရေးတွေကို ပိုမိုအားကောင်းလာစေဖို့ လုပ်ဆောင်တာ ... စတဲ့ နည်းလမ်းတွေကို အသုံးပြုတာမျိုးပေါ့။ ဒီလိုနည်းနဲ့ ကျွန်တော်တို့ဟာ ပိုမိုကျန်းမာတဲ့ ကမ္ဘာကြီးအတွက်၊ ပိုမိုကောင်းမွန်တဲ့ အနာဂတ်အတွက် Triple Planetary Crisis ကို ဖြေရှင်းဖို့ အတူစုပေါင်း ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ Content & Graphic - Yoon Nandar (EHS Myanmar) Reference - unfccc.int -------------------------------------------------------------------------- Don't forget to follow us on Instagram - https://www.instagram.com/ehsmyanmar/ #EHSMyanmar #tripleplanetarycrisis #environmenalpolicy #environmentalgovernance #climatechange #pollution #biodiversityloss

ကျွန်တော်တို့ကမ္ဘာကြီးမှာ လူသားတွေ ရင်ဆိုင်နေရတဲ့ triple planetary crisis ဆိုတာ ဘာလဲ? ____________________________________ EHS Myanmar | 11.01.2026 ​Triple Planetary Crisis ဆိုတာ ကုလသမဂ္ဂကနေ ချမှတ်ထားတဲ့ framework တစ်ခုဖြစ်ပါတယ်။ လူသားတွေ လက်ရှိမှာ ကြုံတွေ့နေရတဲ့ အဓိကစိန်ခေါ်မှုသုံးရပ် - ရာသီဥတုပြောင်းလဲမှု၊ ညစ်ညမ်းမှုနဲ့ ဇီဝမျိုးစုံမျိုးကွဲများဆုံးရှုံးခြင်းကို ဆိုလိုတာဖြစ်ပါတယ်။ ဒီပြဿနာတစ်ခုစီတိုင်းမှာ သူတို့ကိုဖြစ်ပေါ်စေတဲ့ အကြောင်းတရားတွေနဲ့ အကျိုးဆက် သက်ရောက်မှုတွေရှိနေပေမယ့် Triple Planetary Crisis ဆိုတဲ့ framework ထဲမှာတော့ သူတို့ကို သီးခြားပြဿနာတွေအနေနဲ့ သတ်မှတ်မထားဘဲ တစ်ခုနဲ့ တစ်ခု ချိတ်ဆက်နေတဲ့၊ ခွဲခြားလို့မရနိုင်တဲ့ ဘုံပြဿနာတစ်ခုလို့ မှတ်ယူထားပါတယ်။ ▪️ရာသီဥတုပြောင်းလဲမှု (Climate Change) ရာသီဥတုပြောင်းလဲမှုဆိုတာကတော့ ကမ္ဘာကြီးရဲ့ အပူချိန်နဲ့ ရာသီဥတုပုံစံတွေ ကာလရှည်ကြာစွာ ပြောင်းလဲသွားခြင်းကို ရည်ညွှန်းပြီး ဒါဟာ ရေရှည်မှာ ကမ္ဘာပေါ်က သက်ရှိတွေရဲ့ ရှင်သန်ရေးကို ပံ့ပိုးပေးတဲ့ ဂေဟစနစ်တွေကို လုံးဝပြောင်းလဲသွားစေမယ့် အရာဖြစ်ပါတယ်။ ဒါကြောင့် ရာသီဥတုပြောင်းလဲမှုက ယနေ့ခေတ်မှာ လူသားတွေ ရင်ဆိုင်နေရတဲ့ အကြီးမားဆုံး ပြဿနာတစ်ခုလို့ဆိုရင်လည်း မမှားပါဘူး။ ရာသီဥတုပြောင်းလဲမှုကို အဓိက ဖြစ်ပေါ်စေတာကတော့ လူသားတွေရဲ့ လုပ်ဆောင်ချက်တွေပါပဲ။ စွမ်းအင်အသုံးပြုမှု၊ စက်မှုလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေး၊ စိုက်ပျိုးရေးလုပ်ငန်း စတဲ့ လုပ်ဆောင်ချက်တွေက လေထုထဲကို ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်ခြင်းရဲ့ အဓိကအကြောင်းရင်းတွေ ဖြစ်ပါတယ်။ ရာသီဥတုပြောင်းလဲမှုရဲ့ ထင်ရှားတဲ့ အကျိုးဆက်တွေကတော့ မိုးခေါင်မှု၊ ရေရှားပါးမှု၊ တောမီးများ၊ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာမှု၊ ရေလွှမ်းမိုးမှု၊ ဝင်ရိုးစွန်းရေခဲများ အရည်ပျော်မှုနဲ့ ဇီဝမျိုးစုံမျိုးကွဲများ အရေအတွက်ကျဆင်းလာမှုတို့ ဖြစ်ပါတယ်။ ▪️ညစ်ညမ်းမှု (Pollution) ညစ်ညမ်းမှုဆိုတာကတော့ လေ၊ ရေ၊ မြေ စတဲ့ သဘာဝပတ်ဝန်းကျင်ထဲကို ညစ်ညမ်းစေတဲ့ အရာတွေ၊ အမှုန်အမွှားတွေ ဝင်ရောက်သွားခြင်းကို ဆိုလိုပြီး ယေဘုယျအားဖြင့် လေထုညစ်ညမ်းမှု၊ ရေညစ်ညမ်းမှု၊ မြေဆီလွှာညစ်ညမ်းမှုစသဖြင့် ညစ်ညမ်းမှုအမျိုးအစားများ ရှိပါတယ်။ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုရဲ့ လူသားတွေအပေါ် ထင်ရှားတဲ့ အကျိုးဆက်ကတော့ ကျန်းမာရေးထိခိုက်မှုဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်မှာဆိုရင် ညစ်ညမ်းမှုကြောင့် လူပေါင်း ၉ မီလီယံဟာ အရွယ်မတိုင်မီ အသက်ဆုံးရှုံးခဲ့ရပါတယ်။ ဒီထဲကမှ လေထုညစ်ညမ်းမှုကြောင့် ​အသက်ဆုံးရှုံးရခြင်းက အများဆုံးဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်းက လူဆယ်ဦးမှာ ကိုးဦးဟာ WHO လမ်းညွှန်ချက်ထက် ကျော်လွန်နေတဲ့ ညစ်ညမ်းတဲ့ လေကို ရှူရှိုက်နေရလို့ လေ့လာရပါတယ်။ ▪️ ဇီဝမျိုးစုံမျိုးကွဲများ ဆုံးရှုံးခြင်း (Biodiversity Loss) ဇီဝမျိုးစုံမျိုးကွဲများ ဆုံးရှုံးခြင်းဆိုတာ တိရစ္ဆာန်များ၊ အပင်များနဲ့ ဂေဟစနစ်မှာ ပါဝင်တဲ့ ဇီဝမျိုးစုံမျိုးကွဲများ ကျဆင်းလာခြင်း သို့မဟုတ် ပျောက်ကွယ်သွားခြင်းကို ဆိုလိုပါတယ်။ ဇီဝမျိုးစုံမျိုးကွဲများ ဆုံးရှုံးရခြင်းရဲ့ အဓိကအကြောင်းရင်းတွေကတော့ ငါးအလွန်အကျွံဖမ်းခြင်းမှ စလို့ ဇီဝမျိုးစုံမျိုးကွဲများ နေထိုင်ရာ နေရာများ ဆုံးရှုံးခြင်း (ဥပမာ- သစ်တောပြုန်းတီးခြင်း) နဲ့ ရာသီဥတုပြောင်းလဲမှုကြောင့် သဲကန္တာရများဖြစ်ထွန်းလာခြင်းအထိ ပါဝင်ပါတယ်။ ဇီဝမျိုးစုံမျိုးကွဲတွေက ကမ္ဘာပေါ်မှာရှိတဲ့ အရာအားလုံးအတွက် အခြေခံအုတ်မြစ်ဖြစ်ပါတယ်။ ဒါကြောင့် ဇီဝမျိုးစုံမျိုးကွဲတွေသာ ပျောက်ကွယ်သွားမယ်ဆိုရင် ကျွန်တော်တို့ ကမ္ဘာကြီးအတွက် အနာဂတ်လည်း ပျောက်ကွယ်သွားမှာ ဖြစ်ပါတယ်။ ဒီစိန်ခေါ်မှုသုံးရပ်က တစ်ခုနဲ့တစ်ခု ဘယ်လို ဆက်စပ်နေတာလဲ? ဥပမာအနေနဲ့ပြောရရင် ... ဇီဝမျိုးစုံမျိုးကွဲတွေ ဆုံးရှုံးရခြင်းရဲ့ ၁၄% လောက်က ရာသီဥတုပြောင်းလဲမှုနဲ့ ညစ်ညမ်းမှုတွေကြောင့် ဖြစ်ပေါ်ရတာပါ။ ဘာကြောင့်လဲဆိုရင် ... ရာသီဥတုပြောင်းလဲမှုကြောင့် အပူချိန်မြင့်တက်လာခြင်း၊ စိုထိုင်းဆနည်းလာခြင်းနဲ့ မိုးရွာသွန်းမှု လျော့ကျလာခြင်းက ပူနွေးခြောက်သွေ့တဲ့ရာသီဥတုကို ပိုမို ရှည်လျားလာစေပြီး တောမီးအန္တရာယ်ကိုပါ မြင့်မားလာစေနိုင်ပါတယ်။ အကျိုးဆက်အနေနဲ့ အချို့သောဒေသတွေမှာ ဇီဝမျိုးစုံမျိုးကွဲတွေရဲ့ နေထိုင်ရာ နေရာတွေ ပျက်စီးယိုယွင်းသွားပြီး ဆုံးရှုံးသွားနိုင်ပါတယ်။ ပိုမိုပူနွေးလာတဲ့ ရာသီဥတုဟာ ရေကြီးခြင်းလို ပြင်းထန်တဲ့ ရာသီဥတုအခြေအနေတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။ ဥပမာ - ရေကြီးတဲ့အခါ သဘာဝပတ်ဝန်းကျင်ထဲကို ပလတ်စတစ်လို စွန့်ပစ်အမှိုက်တွေ ဝင်ရောက်သွားစေနိုင်ပြီး အဲ့ဒီ့ကတစ်ဆင့် ဇီဝမျိုးစုံမျိုးကွဲတွေရဲ့ နေထိုင်ရာ နေရာတွေကို ပျက်စီးစေပြီး ဇီဝမျိုးစုံမျိုးကွဲတွေရဲ့ ရှင်သန်ရေးကို ဆိုးရွားစွာထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ triple planetary crisis ရဲ့ အစိတ်အပိုင်း သုံးခုထဲက တစ်ခုကို ဖြေရှင်းမယ်ဆိုရင် ကျန်နှစ်ခုကို ချန်ထားလို့ မရသလို တစ်ခုကို ဆုံးရှုံးလိုက်ရခြင်းကလည်း ကျန်နှစ်ခုကိုပါ ဆုံးရှုံးရခြင်းနဲ့ အတူတူပါပဲ။

photo content

EHS Green Quiz Night Announcement💫 --------------------------------------------------------------------------------- EHS Myanmar - 10/01/2026 Hello!! Hello!! သူပြန်လာမလာတော့ မသိပေမယ့် EHS Myanmar ကတော့ နှစ်သစ်လေးမှာ အစီအစဉ်အသစ်နဲ့ ပြန်လာပါပြီ….🌏 EHS Myanmar ရဲ့ သဘာဝပတ်ဝန်းကျင်ချစ်မြတ်နိုးသူတွေအတွက် လစဉ်လတိုင်း ပတ်ဝန်းကျင် အကြောင်းအရာတစ်ခုစီဖြင့် ပျော်ရွှင်စရာ၊ လေ့လာစရာများကို သင်ယူနိုင်မယ့် ပဟေဠိအစီအစဉ်လေး (Green Night Quiz) ကို မိတ်ဆက်ပေးလိုက်ပါတယ်။ 🌿 💡 အစီအစဉ်၏အနှစ်သာရ- 🍁ပတ်ဝန်းကျင်အကြောင်း ဗဟုသုတအသစ်များကို သင်ကြားနိုင်ခြင်း 🍁ပျော်ရွှင်စရာ ဉာဏ်စမ်းမေးခွန်းပုံစံဖြင့် လေ့လာနိုင်ခြင်း 🍁ထူးချွန်သူများအတွက် အသိအမှတ်ပြုမှုများ 🍁မြန်မာနိုင်ငံ၏ စိမ်းလန်းသော အနာဂတ်အတွက် ပူးပေါင်းပါဝင်နိုင်ခြင်း စသည်တို့ကို ရည်ရွယ်ချက်ထား၍ ကျင်းပပြုလုပ်သော အစီအစဉ်လေးဖြစ်ပါတယ်…. 🌼 အစီအစဉ်အကြောင်း 🗓️ပထမအကြိမ်ပြုလုပ်မည့်နေ့ : ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၇ ရက် (စနေနေ့) 🕖 အချိန် : ည၈နာရီ 💻 ပလပ်ဖောင်း : Zoom + Kahoot 🎯 ဒီလ၏အကြောင်းအရာ : “Sustainability in Classrooms and Beyond” 🏆 ပါဝင်ခွင့်: သဘာဝပတ်ဝန်းကျင်ချစ်မြတ်နိုးသူများအားလုံး အခမဲ့ 📩 ပါဝင်ရန်အချက်အလက်- 🔗 စာရင်းပေးသွင်းရန် လင့်ခ် – https://docs.google.com/forms/d/e/1FAIpQLScfkpyOM9FouJfngkxrIVW5FI1SsUA14m6c4C-xwcwRMYbSSg/viewform?usp=publish-editor 📧 မေးမြန်းရန် – host.ehsmyanmar@gmail.com / EHS Myanmar Facebook Page 📱 အသစ်လှည့်ပတ်သတင်းများအတွက် – EHS Myanmar Facebook Page စာရင်း‌ပေးသွင်းထားသူများကို email မှတဆင့် Zoom Link ပေးပို့သွားမှာဖြစ်လို့ သေချာလေး ဖြည့်သွင်းပေးဖို့ လိုပါမယ်နော်… Ask, Learn, and Love Nature! #EHSMyanmarn #EHSActivity #GreenTogether #EcoLearning #SustainableFuture #EnvironmentAwareness #LearnForNature #EcoCommunity

Sustainable Aviation Fuel (SAF) လို့ခေါ်တဲ့ လေယာဥ်သုံး ဇီဝလောင်စာဆီတွေက ရေရှည်အသုံးပြုဖို့အတွက် ရွေးချယ်စရာတစ်ခုလား? ________ EHS Myanmar | 13.12.2025 လေယာဥ်တွေဟာ ကာဗွန်ထုတ်လွှတ်မှုအများဆုံး အရင်းအမြစ်တွေထဲက တစ်ခုဖြစ်ပါတယ်။ The Guardian သတင်းစာရဲ့ဖော်ပြချက်အရ ခရီးဝေးပျံသန်းရတဲ့ လေယာဥ်တစ်စီးကနေ ထုတ်လွှတ်တဲ့ ကာဗွန်ပမာဏက သာမန်လူတစ်ယောက် တစ်နှစ်ပတ်လုံး ထုတ်လွှတ်တဲ့ ပျမ်းမျှကာဗွန်ပမာဏထက် များပြားတာကို တွေ့ရပါတယ်။ လေကြောင်း ပို့ဆောင်ရေးလုပ်ငန်းတွေက ကမ္ဘာလုံးဆိုင်ရာ ကာဗွန်ထုတ်လွှတ်မှုရဲ့ ၂% လောက်ထိ နေရာယူထားပြီး ပတ်ဝန်းကျင်ကို လျင်လျင်မြန်မြန် ညစ်ညမ်းစေတဲ့ အရာတွေထဲက တစ်ခုဖြစ်လာပါတယ်။ ဒါကြောင့် အခုဆိုရင် လေကြောင်း ပို့ဆောင်ရေးလုပ်ငန်းတွေရဲ့ ရာသီဥတုပြောင်းလဲမှု (Climate Change) အပေါ် သက်ရောက်မှုတွေကို ထိန်းချုပ်နိုင်ဖို့ ကမ္ဘာတစ်ဝန်း လုပ်ဆောင်လျက်ရှိကြပါတယ်။ ဥပမာ - ကုလသမဂ္ဂရဲ့ လက်အောက်ခံအဖွဲ့အစည်းဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာ မြို့ပြလေကြောင်း အဖွဲ့အစည်း (International Civil Aviation Organization - ICAO) က နိုင်ငံတကာ လေကြောင်းခရီးသွားလာမှုမှ ထွက်ရှိတဲ့ ကာဗွန်ပမာဏ (ကာဗွန်ခြေရာ) ကို ကန့်သတ်နိုင်ဖို့အတွက် လေကြောင်းလိုင်းတွေကို carbon credit ဝယ်ယူခွင့်ပြုတဲ့ Carbon Offsetting and Reduction Scheme for International Aviation (CORSIA) လို့ခေါ်တဲ့ စီမံချက်ကို မိတ်ဆက်ခဲ့ပါတယ်။ လေကြောင်းလိုင်းတွေရဲ့ ကာဗွန်ထုတ်လွှတ်မှုပမာဏ (ကာဗွန်ခြေရာ) ကို လျှော့ချဖို့အတွက် ရေရှည်တည်တံ့ပြီး သဘာဝနဲ့ လိုက်လျောညီထွေဖြစ်တဲ့ လေယာဉ် လောင်စာဆီတွေကို ပြောင်းလဲအသုံးပြုခြင်းကရော အဖြေတစ်ခု ဖြစ်မလား? Sustainable Aviation Fuel (SAF) လို့ခေါ်တဲ့ လေယာဥ်သုံး လောင်စာဆီက ရေရှည်တည်တံ့တဲ့ (Sustainable ဖြစ်တဲ့) ပစ္စည်းတွေကနေ ထုတ်လုပ်ထားတဲ့ ဇီဝလောင်စာဆီ ဖြစ်ပါတယ်။ သူက သာမန် လေယာဥ်သုံး ဇီဝရုပ်ကြွင်းလောင်စာဆီတွေနဲ့ ဓါတုတည်ဆောက်ပုံစံလည်း တူညီတာကို တွေ့ရပါတယ်။ SAF တွေကို ထုတ်လုပ်တဲ့အခါ ဟင်းချက်ဆီတွေ၊ အပင်နဲ့ တိရိစ္ဆာန်တွေကရတဲ့ ဆီတွေအပြင် စက္ကူ၊ အထည်အလိပ်နဲ့ အစားအစာအကြွင်းအကျန်တို့လိုမျိုး စွန့်ပစ်ပစ္စည်းတွေကို အသုံးပြုလေ့ရှိကြပါတယ်။ ဒါ့အပြင် သစ်ရွက်ဆွေး၊ သစ်ကိုင်းဆွေးတွေ၊ အသီးအနှံ အခွံတွေ နဲ့ လျင်လျင်မြန်မြန် ပေါက်ရောက်လွယ်၊ ကြီးထွားလွယ်တဲ့ အပင်တွေ၊ ရေညှိတွေ စတာတွေကိုလည်း အခြေခံ ထုတ်လုပ်လို့ရပါတယ်။ သာမန် ဇီဝရုပ်ကြွင်းလောင်စာဆီတွေနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် SAF တွေကို အသုံးပြုခြင်းက ဖန်လုံအိမ်ဓာတ်ငွေ့ ထွက်ရှိမှုကို ၈၀% အထိ လျှော့ချပေးနိုင်ပါတယ်။ အပြည်ပြည်ဆိုင်ရာ လေကြောင်းပို့ဆောင်ရေး အဖွဲ့အစည်း (International Air Transport Association - IATA) ရဲ့ အဖွဲ့ဝင် လေကြောင်းလိုင်းတွေအနေနဲ့ ၂၀၅၀ ရောက်တဲ့အခါ ကာဗွန်ထုတ်လွှတ်မှု ကင်းမဲ့နိုင်ဖို့ ရည်ရွယ်ထားပါတယ်။ ဒီအတွက် SAF ကို အသုံးပြုခြင်းက ကာဗွန်ထုတ်လွှတ်မှုကို ၆၅% လောက်ထိ လျှော့ချနိုင်မယ်လို့ ဆိုပါတယ်။ ယခုလက်ရှိမှာတော့ SAF တွေကို ဇီဝရုပ်ကြွင်းလောင်စာဆီတွေနဲ့ ရောပြီး အသုံးပြုနေရဆဲ ဖြစ်ပါတယ်။ ဒါပေမယ့် လေကြောင်းလိုင်းတွေအနေနဲ့ ၂၀၃၀ ခုနှစ် ရောက်တဲ့အခါမှာတော့ SAF ကို ရာနှုန်းပြည့် အသုံးပြုနိုင်ဖို့ ရည်မှန်းထားပါတယ်။ United Kingdom အနေနဲ့လည်း ၂၀၃၀ ရောက်တဲ့အခါ လေယာဉ်လောင်စာဆီ အနည်းဆုံး ၁၀ ရာခိုင်နှုန်းကို ရေရှည်တည်တံ့တဲ့ (sustainable ဖြစ်တဲ့) ပစ္စည်းတွေကို အသုံးပြုပြီး ထုတ်လုပ်ရမယ့် စည်းမျဉ်းကို ချမှတ်ခြင်းဖြင့် SAF ထုတ်လုပ်မှုနဲ့ အသုံးပြုမှုကို တိုးမြှင့်ဖို့ရာ ရည်ရွယ်ထားကြောင်း သိရှိရပါတယ်။ ကမ္ဘာလုံးဆိုင်ရာ လေယာဥ်လောင်စာဆီ အသုံးပြုမှုမှာဆိုရင် SAF က ၀.၁ ရာခိုင်နှုန်းလောက်ပဲ ရှိနေပါတယ်။ ဘာလို့ SAF လို ဇီဝလောင်စာကို ကျယ်ကျယ်ပြန့်ပြန့် အသုံးမပြုကြသေးတာလဲ? ကမ္ဘာ့စျေးကွက်မှာတော့ SAF က ဝယ်လိုအားများပြားနေပေမယ့် သူ့ကို ထုတ်လုပ်ဖို့ရာ နည်းပညာပုံစံအသစ်တွေ လိုအပ်သလို ထုတ်လုပ်မှု ကုန်ကျစရိတ်ကလည်း ကြီးမားလှပါတယ်။ ဒါကြောင့် SAF က သာမန် ဇီဝရုပ်ကြွင်းလောင်စာဆီတွေနဲ့ ဈေးကွက်ထဲမှာ ယှဉ်ပြိုင်ဖို့ မဖြစ်နိုင်သေးကြောင်း United Airlines ရဲ့ CEO Scott Kirby က ဆိုပါတယ်။ ဒါကြောင့် ရေရှည်တည်တံ့ပြီး သဘာဝနဲ့ လိုက်လျောညီထွေဖြစ်တဲ့ လေယာဉ် လောင်စာဆီ (SAF) တွေကို အသုံးပြုဖို့က လက်ရှိအချိန်မှာတော့ စီးပွားရေးအရ စိန်ခေါ်မှုတွေ ရှိနေဆဲဖြစ်ပါတယ်။ Content - Chit Ya Aung (EHS Myanmar) Graphic - Yoon Nandar (EHS Myanmar) Reference - www.weforum.org, www.theguardian.com -------------------------------------------------------------------------- Don't forget to follow us on Instagram - https://www.instagram.com/ehsmyanmar/ #EHSMyanmar #sustainableaviation #SustainableAviationFuel #AviationFuel #CarbonEmission #carbonemissionreduction

photo content