en
Feedback
ပရလောက ဝတ္ထုများနှင့် အခြားဝတ္ထုများ စုစည်းမှု့

ပရလောက ဝတ္ထုများနှင့် အခြားဝတ္ထုများ စုစည်းမှု့

Open in Telegram
4 011
Subscribers
+2724 hours
+887 days
+33530 days
Posts Archive
လူငယ်သည် လှေသမားတို့၏ ပြောပြချက်ကြောင့် ဖြစ်ကြောင်းကုန်စင်ကို သိလေသော် ဦးသီဟကို ကျေးဇူးတင်လွန်းသဖြင့် အကြိမ်ကြိမ်ဦးခိုက်နေလေတော့သည်။ နောက်တော့ကာမှ သိရလေသည်မှာ လူငယ်မှာ ကိုထူးဆိုသူ ဖြစ်ပြီး မိခင်အိုကြီးကို စျေးရောင်းရင်း ရှာဖွေကျွေးနေသူပင် ဖြစ်တော့သည်။ ဆက်ရန်။ နောင်ရိုး ( ဆေးတပ်)

" ဦးကြီး ဘယ်လိုလဲ အဆင်ပြေရဲ့လား..." " ပြေတယ် ပြေတယ်။ လောလောဆယ်တော့ ဒီကောင်လေးကို ငါတို့လှေပေါ်ကို ပြန်ပို့ကြစို့..." နှစ်ဦးသား လူငယ်ကို တွဲလိုက်ကြကာ လှေဆီကို ပြန်ခဲ့ကြလေ၏။ * " ဒီလူတွေ တော်တော်မိုက်ရိုင်းတာပဲဗျ ဦးကြီးရ" ဦးသီဟနှင့် စောရတို့သည် လူငယ်အား လှေပေါ်တင်ခဲ့ပြီး လှေသမားများကို ပြုစုရန်မှာကြားကာ ဆိပ်ကမ်းပေါ်ပြန်တက်လာခဲ့ကြကာ စောရအတွက် အလုပ်ပြောပေးရန် ကုန်ပွဲရုံဆီကို လမ်းလျှောက်လာကြ၏။ " အေးကွာ...ရိုင်းတာကတော့ ပြောမနေပါနဲ့။ ဒီကောင်တွေနဲ့ ရင်ဆိုင်ရပြီဆိုလိုကြတော့ အသက်ကြီးကြီး၊ ငယ်ငယ် တယ်ကို မလွယ်ဘူးကွ။ တစ်ခါကလည်း ဒေါ်မြမှီနဲ့ မီးမီးဆိုတဲ့ မုဆိုးမသားအမိနှစ်ယောက်က သူတို့ကို မကျေနပ်လို့ ပုလိပ်တိုင်တာ။ နေ့မကူးဘူး မောင်။ ညကျတော့ သူတို့က ယုတ်မာပြီး လက်စဖျောက်ခဲ့ကြဖူးတယ်။ ပြောရရင်တော့ကွာ...ဒီကောင်တွေက ကံငါးပါးမှာ အားလုံးကို အရည်ကြိုသောက်ထားကြသလိုပဲ။ တစ်ပါးမှ မလွတ်ဘူး" " တော်တော် ယုတ်မာကြတာပဲဗျာ။ ဒါနဲ့...အဲ့ဒီ့လူတွေကို ပုလိပ်တွေက အရေးမယူဘူးလား" " အမလေး...မောင်စောရရာ။ ပုလိပ်က ဘယ်နှယ့်လို့ ဒီကောင်တွေကို အရေးယူပါ့မလဲ။ သူတို့က ပုလိပ်ကို အပိုင်ပေါင်းပြီး ဒီနယ်မှာ လုပ်စားနေကြတာကွ..." " ဪ...အစောကြီးကတည်းက ဒီလူတွေဟာ ဒီလိုမှန်းသိရင် ကျွန်တော် အစောကြီးကတည်းက ဦးလေးတားတာ လက်မခံဘဲ ဆုံးမလိုက်ပါတယ်ဗျာ" စောရက အံကို ကြိတ်၍ ပြောလေသည်။ ထိုအခါ ဦးသီဟက ပြာပြာသလဲဖြစ်သွားရလေပြီး " အိုး...အဲ့ဒီလိုတော့ မလုပ်ပါနဲ့ ငါ့တူရယ်။ ငါ့တူက ဒီနေရာမှာ အခြေချမှာဆိုတော့ သူတို့နဲ့ ပြသနာမဖြစ်စေချင်ဘူးကွ။ ဒါကြောင့် ဦးကြီးက တားခဲ့တာ" " အင်းပါ...ဦးကြီးစေတနာကို ကျွန်တော်နားလည်ပါပြီ" " အေးပါကွာ...မင်းနားလည်တယ်ဆိုရင်တော့ သူတို့နဲ့ ဘယ်တော့မှ ရန်မဖြစ်ပါနဲ့ကွာ..." " အဲ့ဒီ့ကတိကိုတော့ ကျွန်တော် အတိအကျကြီး မပေးနိုင်ဘူး ဦးကြီး။ ဒါပေမယ့် ကျွန်တော် အတတ်နိုင်ဆုံး ထိန်းပါ့မယ်" သူတို့နှစ်ဦးသည် ပြောဆိုရင်း လျှောက်လာကြသည်မှာ အောင်ဘာလေပွဲရုံဆီသို့ပင် ရောက်လာလေ၏။ " ဟေး...မောင်၀င်းမောင်။ မင်းတို့ ဆရာကောကွ" " ဪ...ဦးကြီးသီဟပါလား။ လာဗျာ...ဆရာနောက်ထဲမှာ စာရင်းတွေ စစ်နေတယ်။ ၀င်သွားလိုက်လေ..." စောရနှင့် ဦးသီဟတို့ ပွဲရုံနောက်ထဲကို ၀င်ခဲ့ကြသည်။ ပွဲရုံနောက်တွင်တော့ အသက်ငါးဆယ်ခန့် လူကြီးတစ်ဦးသည် စာရွက်တစ်ထပ်ဖြင့် အလုပ်ရှုပ်နေ၏။ " ကိုသိန်းမောင် အလုပ်တွေများ ရှုပ်နေသလားဗျ" " ဟား...ကိုသီဟပါလား။ လာဗျာ...စာရင်းလေးတွေ နည်းနည်းစစ်နေတာဗျ" ဦးသိန်းမောင်၏ စကားကြောင့် စောရနှင့် ဦးသီဟတို့ လွတ်နေသော တန်းလျားဆီတွင် ၀င်ထိုင်ကြသည်။ " ဆိုစမ်းပါဦးဗျ...ဒီတစ်ခေါက်ကော ဘာကုန်တွေ ယူမလဲ။ အရင်လိုပဲ ငါးပိ၊ ငါးခြောက်တွေပဲလား" " အင်း...အဲ့ဒါလည်းမှာရင်း... ပြီးတော့ ဟော့ဒီက ကျုပ်တူလေးကိုလည်း ခင်ဗျားဆီမှာ အလုပ်ပြောပေးချင်လို့ဗျ" " ဪ...ဒီကောင်လေးလား" ဦးသိန်းမောင်က စောရကို အကဲခတ်သလို ကြည့်ရင်း မေးလာသည်။ " အင်း...ဟုတ်တယ်။ သူ့နာမည်က မောင်စောရတဲ့။ ကျုပ်အစ်မရဲ့ သားဆိုပါတော့။ အခုက သူ့မိဘတွေဆုံးပါးကုန်တာနဲ့ ကျုပ်လည်း ရန်ကုန်မှာ အခြေချရအောင် ခေါ်လာတာ" " ဪ...ကိုသီဟရယ်။ ဒါများ ခင်ဗျားနဲ့အတူ လှေပေါ်လိုက်၊ စျေးရောင်းခေါ်ထားလိုက်ရောပေါ့" ဦးသိန်းမောင်က ရယ်ကြဲကြဲဖြင့် ပြောလာ၏။ ဦးသီဟက ရယ်လိုက်သည်။ " ကျုပ်လည်း ပြောပါတယ်ဗျာ။ ဒါပေမယ့် သူက ကျုပ်အလုပ်ကို စိတ်မ၀င်စားဘူးဗျ။ အရင်ကလည်း ပွဲရုံတွေမှာ အလုပ်လုပ်ဖူးတယ်ဆိုတော့ကာ အခုလည်း ပွဲရုံပဲ လုပ်ချင်တယ်ဆိုလို့" " အင်းပါ...ထားပါတော့ဗျာ။ ဒါနဲ့ သူနာမည်က ထူးဆန်းနေသလိုပဲနော့်" " ဪ...ကိုသိန်းမောင်က စောရဆိုလို့ စာရိတ္တ ချို့ယွင်းမယ်ထင်နေတာလား။ မပူနဲ့ဗျို့ အဲ့ဒါအတွက်ကိုတော့ ကျုပ်လုံး၀ အာမခံတယ်။ ကျုပ်ကတိပေးတယ်ဗျာ" " ကောင်းပြီလေ။ အဲ့ဒါဆိုလည်း ခင်ဗျားတူကို ကျုပ်အလုပ်ခေါ်ပေးပါ့မယ်။ နေတာတော့ အလုပ်သမားတန်းလျားမှာပဲနေပေါ့ဗျာ" " ကျေးဇူးပါပဲ ကိုသိန်းမောင်။ ကျုပ်တူကို ကျုပ်ခရီးမထွက်ခင်အထိတော့ ခေါ်ထားလိုက်ဦးမယ်။ ခရီးထွက်ကာနီးကျမှပဲ လာပို့လိုက်မယ်။ ဖြစ်တယ်မလား" " ဖြစ်ပါတယ်ဗျာ...ဖြစ်ပါတယ်။ ဒါနဲ့ ကုန်တွေကိုတော့ အရင်ယူနေကျအတိုင်းပဲ ပြင်ထားလိုက်မယ်နော့်" " ဟုတ်ကဲ့ ကိုသိန်းမောင်။ ကဲ...ကျုပ်တို့ကို ခွင့်ပြုဦး..." စောရအလုပ်ရခဲ့လေပြီ။ နှစ်ဦးသား ၀မ်းသာအားရဖြင့် လှေဆီကို ပြန်ခဲ့ကြ၏။ လှေဆီကို ရောက်သော် အရိုက်ခံထားရသော လူငယ်မှာ သတိရနေလေပြီပင် ဖြစ်တော့လေသည်။ မျက်နှာတွင် ဒဏ်ရာဒဏ်ချက်များ ရသည်မှ အပ လူငယ်ကား အသက်အန္တရာယ်စိုးရိမ်စရာ မရှိပေ။ ထူထူထောင်ထောင်ပင် စကားပြောနိုင်၏။

မကြာမီတွင်ပင် ဆိုင်ရှေ့ကို လူသုံးလေးဦးခန့် ပြေး၀င်လာကြကာ လဲကျနေသူကို ဝိုင်းလျက်... " မင်းကများ ရာရာစစ။ ငါ့ဆရာကို သတ်မယ်လေး ဘာလေးဆိုဝံ့တယ်ပေါ့..." ဟုဆိုကာ ဝိုင်း၀န်းထိုးကြိတ်ကြလေ၏။ ဆိုင်ထဲက လူတွေကတော့ အခြေအနေကို ရုတ်ခြည်းနားမလည်နိုင်ကြသေးဘဲ ကြောင်အမ်းကာ ကြည့်နေကြလေသည်။ လမ်းသွားလမ်းလာတို့ကလည်း အဖြစ်အပျက်ကို ရပ်တန့်ကာ ကြည့်နေကြကုန်၏။ " ဟယ်...အဲ့ဒါ ဟိုဘက်လမ်းကြားမှာ ခရမ်းသီးတွေ ဗူးသီးတွေ ရောင်းတဲ့ ကောင်လေးမဟုတ်လား" " အေး...ဟုတ်ပါရဲ့တော်...ဘယ်ကဘယ်လို ထွန်းကြိုင်တို့နဲ့သွားပြီး ပြသနာဖြစ်တယ် မသိပါဘူး" လူကြားထဲမှ တီးတိုးရေရွတ်သံအချို့ ထွက်လာသည်။ ထိုစဉ်... " ဟေ့ကောင်တွေ တော်လောက်ပြီ" ကြည့်နေသော လူအုပ်ထဲဆီမှ အောင်မြင်ထည်ဝါလှသော အသံအဆုံး ထိုးကြိတ်နေကြသူများ ရပ်တန့်ကုန်လေ၏။ လူများကြားထဲမှ ကတုံးပြောင်နှင့် လူတစ်ယောက် တိုးထွက်လာလေသည်။ " ဟာ...လူမိုက် ထွန်းကြိုင်ပါလား" လူအုပ်ထဲက အသံထွက်လာ၏။ စောရလည်း လူမိုက်ထွန်းကြိုင်ဆိုသည့် လူကို ကြည့်မိသည်။ ပုံစံက ကတုံးပြောင်ပြောင်။ စွယ်ကျယ်၀တ်ဆင်ထားပြီး အောက်က ပလေကပ်လုံချည်ကို တိုနှံ့နှံ့၀တ်ဆင်ထားသည်။ ကိုယ်ဟန်က ကျစ်လစ်ပြီး တောင့်တင်းသူပင်။ " ဆရာထွန်းကြိုင်။ ဆရာ့ကို စိန်ခေါ်တာ ဒီကောင်ပဲ" " ဪ..." ထွန်းကြိုင်က လဲကျနေသူကို ထီမရီပုံစံဖြင့် ကြည့်လေသည်။ ပြီးလျင် အနားသွားကာ ထိုင်ချလိုက်လေပြီး " ငါ့ကို အပြုတ်ဖြုတ်မယ်ဆိုပြီး ကြိမ်းတာ မင်းလား" ထွန်းကြိုင်စကားကြောင့် လဲကျနေသော လူမှာ တဆတ်ဆတ်တုန်လာလေပြီး " မ...မဟုတ်ပါဘူး ကိုထွန်းကြိုင်။ ကျုပ်...ကျုပ်က အဲ့ဒီ့နေ့က အရက်မူးပြီး သူငယ်ချင်းတွေက စနောက်လာလို့ ဒီအတိုင်းပြန်ပြောမိတာပါ" " ဪ...ဟုတ်လား။ မင်းက ဒီလိုပဲ ပြောလိုက်တာပေါ့" " ဟုတ်...ဟုတ်ပါတယ် ကိုထွန်းကြိုင်" " အေး...အဲ့ဒါဆို မင်းက ဒီလိုပြောရင် ငါက ဟော့ဒီလို တုန့်ပြန်တယ်ကွာ..." " ဖြောင်း..." ထွန်းကြိုင်က ပြောပြောဆိုဆို လဲကျနေသူ၏ ပါးဆီကို သူ၏ လက်သီးဖြင့် အဆက်မပြတ်ထိုးလေတော့၏။ ကြာသော်...လဲကျနေသူမှာ သတိလစ်၍ သွားလေတော့သည်။ ထိုအခါ ထွန်းကြိုင်သည် သူ့လူများဆီကို တစ်ချက်ငဲ့ကြည့်လိုက်လေပြီး " ဟေ့ကောင်တွေ...ဒီကောင့်ကို လှိုင်မြစ်ထဲမှာ အစောင့်ဖြစ်အောင် ရေစာကျွေးလိုက်စမ်းကွာ..." " ဟုတ်ကဲ့..." ထွန်းကြိုင်၏ တပည့်များသည် သတိလစ်နေသော လူငယ်ကို မယူလိုက်ကြ၏။ " ဘာကြည့်နေကြတာလဲ။ သွားကြ...ကိုယ်လုပ်စရာရှိတာ သွားလုပ်ကြစမ်း..." ထွန်းကြိုင်၏ လူတစ်ယောက်က ကြည့်နေသူများကို အော်ငေါက်လိုက်သည်။ " ဦးကြီး အခြေအနေက မလှတော့ဘူး။ ကျွန်တော်၀င်ပါမှ ရတော့မယ်" စောရက ပြောပြောဆိုဆို ထရပ်လိုက်သည်။ ဦးသီဟက စောရ၏ လက်ကို လှမ်းဆွဲလိုက်လေပြီး " နေနေ...ငါ့တူကြီး မင်းမပါနဲ့ ဒီကိစ္စကို ဦးကြီး ရှင်းလိုက်မယ်" ဦးသီဟက ဆိုင်အပြင်ကို ထွက်သွားပြီး ကျောခိုင်းထွက်သွားနေသော ထွန်းကြိုင်နောက်ကို ပြေးလိုက်ကာ " မောင်ထွန်းကြိုင်...မောင်ထွန်းကြိုင်" ခေါ်သံကြောင့် ထွန်းကြိုင်သည် ပေစောင်းစောင်းလှည့်ကြည့့်လာ၏။ " ဘာကိစ္စလဲ..." " ဟို...ဟို...ကောင်လေးရဲ့ အသက်ကို ဦးကြီး မင်းဆီကများ၀ယ်ယူခွင့်ရှိမလားလို့" ထွန်းကြိုင်မျက်နှာကြော လျော့သွားသည်။ " ခင်ဗျားက ကုန်ရောင်းတဲ့ ဦးသီဟဆိုတာ ကျုပ်သိတယ်။ ထားပါ...ခင်ဗျားက သူ့အသက်ကို ဘယ်လောက်နဲ့ ၀ယ်မှာလဲ" " ဦးကြီးက အများကြီးတော့ မတတ်နိုင်ပါဘူး။ ဟို...ရုပီးငါးဆယ်လောက်ဆို ရမလားဘဲ" " ရူပီးငါးဆယ်...နည်းတာပေါ့ဗျ..." ထွန်းကြိုင်၏ တပည့် လှမြင့်ဆိုသူက ၀င်ပြောသည်။ " မင်းအသာနေစမ်း လှမြင့်။ ခွေးတစ်ကောင်ရဲ့ အသက်က ရူပီးငါးဆယ်တန်တယ်ဆိုတာ နည်းမလားကွ.." လှမြင့် ငြိမ်သွားသည်။ ထွန်းကြိုင်က ဦးသီဟကို ကြည့်လာပြီး " ရတယ်...ရူပီးငါးဆယ် အခု ကျုပ်လက်ထဲကို ထည့်လိုက်၊ ခင်ဗျားကောင်ကို ချက်ချင်းလွှတ်ပေးမယ်" ဦးသီဟက ချက်ချင်းပင် အိတ်ထဲကို နှိုက်လေပြီး ရူးပီးငါးဆယ်ကို ယူကာ ထွန်းကြိုင်လက်ထဲထည့်လိုက်၏။ " လှမြင့် ဟိုကောင်တွေကို သွားပြောလိုက်စမ်း..." လှမြင့် ပြေးထွက်သွားသည်။ ထွန်းကြိုင်က ငွေတွေကို ကြည့်ကာ တစ်ချက်ပြုံးပြီး လှည့်ထွက်သွား၏။ ခဏကြာသော်။ ထွန်းကြိုင်၏ လူများသည် လူငယ်ကို ပြန်သယ်လာပြီး ဦးသီဟရှေ့ဆီ ချပေးလိုက်၏။ ပြီးလျင် သူ့ဆရာနောက်ကို ပြေးထွက်သွားကြကုန်သည်။ " ကောင်လေး...ကောင်လေး..." ဦးသီဟက ကောင်လေးကို လှုပ်နှိုးလိုက်သည်။ " အား...ကျွတ်...ကျွတ်..." လူငယ်သတိရလာလေပြီ။ ထိုအချိန်၀ယ် စောရသည် သူတို့ထံကို ပြေးလာလေပြီး

" ခြမ်း..." ဖန်ခွက်ကလေးကား ကြမ်းပြင်နှင့် ထိခိုက်မိလေပြီး အစိတ်စိတ်၊ အမွှာမွှာ ဖြစ်သွားလေတော့၏။ * " ဟား...သိပ်ကို စည်ကားတဲ့ မြို့ကြီးပါလားဗျာ.." စောရသည် ကမ်းပေါ်တက်တက်ချင်း ဆိပ်ကမ်းတဝိုက်၏ စည်ကားနေမှုကို ကြည့်ကာ ပြောလေသည်။ " ဒါက ကြည့်မြင်တိုင်ဆိပ်ကမ်းကွ ကောင်လေးရ။ မြို့ထဲမှာဆိုရင် ဒီ့ထက်ပိုစည်တယ်" " ဟား...ကျွန်တော်သိပ်သဘောကျတယ်ဗျာ ဦးကြီးသီဟ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တော့ ဒီမြို့ကြီးမှာ အခြေချဖို့ ဆုံးဖြတ်လိုက်ပြီ..." စောရက ထိုစကားကို ပြောလေလျင် ဦးသီဟမှာ ရုတ်တရက် မျက်လုံးပြူးသွားရလေပြီး " ဟ...နေစမ်းပါဦး ကောင်လေးရ။ ငါက မင်းကို ငါနဲ့အတူ လှေကြီးပေါ်မှာပဲ နေပြီး အထက်နဲ့ အောက်ကို ကုန်ရောင်းလိုက်မယ်ထင်နေတာ။ အခု မင်းက ငါနဲ့ မလိုက်တော့ဘူးပေါ့" " အင်း...ဟုတ်တယ် ဦးကြီး။ ကျွန်တော်က ဒီမြို့ကြီးကို မြင်ပြီး ဒီမှာ အခြေချ နေချင်စိတ်တွေ ဖြစ်လာရပြီ။ ကျွန်တော် ဒီမှာဘဲ နေတော့မယ်ဗျာ။ အထက်မြန်မာပြည်မှာက ကျွန်တော့်အတွက် ရင်နာစရာတွေ သိပ်ကိုများလွန်းတယ်ဗျ။ ဟို...ကျွန်တော် ဒီမှာ နေမယ်ပြောလို့ ဦးကြီး ကျွန်တော့်ကို စိတ်မဆိုးပါနဲ့နော်..." စောရက စကားကို ပြောရင်း နောက်ဆုံး၀ယ် အသံက တိုးညှင်းသွားလေ၏။ ဦးသီဟကတော့ စောရ၏ အတိတ်အကြောင်းအချို့ကို သိရှိပြီးသူဖြစ်လေရာ စောရက ယခုလိုပြောလာချိန်၀ယ် မသိမသာ သက်ပြင်းတစ်ချက်ကို ချလေပြီး " အင်းပါ...ငါ့တူရာ။ မင်းကို ဦးကြီးစိတ်မဆိုးပါဘူး။ မင်း အစီအစဉ် ကောင်းတယ်ကွ။ လူတစ်ယောက်ဟာ နာကျင်စရာများတဲ့နေရာမှာ မနေတာကောင်းတယ်။ စကားပုံတောင် ရှ်ိသေးတာပဲကွာ။ တစ်ရွာမပြောင်း သူကောင်းမဖြစ်တဲ့...ကဲ...ဘာပဲဖြစ်ဖြစ် မင်းက ဒီမှာနေမယ်ဆိုပြီး ဆုံးဖြတ်လိုက်လေတော့ ငါ့ဘက်ကလည်း တတ်နိုင်သရွေ့ ကူညီပေးတာပေါ့ကွာ" ဦးသီဟစကားကြောင့် စောရ၀မ်းသာသွားသည်။ " တ...တကယ် ပြောတာနော် ဦးကြီး။ ကျေးဇူးတင်လိုက်တာဗျာ..." " အေးပါကွာ...ရပါတယ်။ ဒါပေမယ့် ဒီသုံးလေးရက်ကိုတော့ မင်း ဦးကြီးဆီမှာပဲ နေဦး။ ပြန်တက်ဖို့အတွက် ကုန်တွေ လိုက်မှာ ထားရရအောင်လို့။ အဲ...ကိစ္စဝိစ္စတွေပြီးသွားမှ ဦးကြီးမင်းကို နေဖို့နေရောရော၊ လုပ်ဖို့အလုပ်ကိုပါ ဦးကြီးစီစဉ်ပေးမယ်။ ဟုတ်ပြီလား..." " ဟုတ်ကဲ့ ဦးကြီး။ ဒါပေမယ့် ဒီကြားရက်တွေထဲမှာ ဦးကြီး ကုန်မှာ သွားတာမျိုးကျရင် ကျွန်တော်လိုက်ခဲ့ပါရစေ။ ရန်ကုန်မြို့ဆိုတာကြီးကို ကျွန်တော်သေသေချာချာသိချင်လို့ပါ" " အေးပါကွာ...အေးပါ။ လိုက်ခဲ့...လိုက်ခဲ့။ မင်း လိုက်ခဲ့တော့ ဦးကြီးလည်း အဖော်ရတာပေါ့ကွာ..." စောရသည် ပြုံးရွှင်သွား၏။ စောရကို ကြည့်ကာ ဦးသီဟသည်လည်း ပြုံးပြန်၏။ ပြီးလျင် သူတိူ့နှစ်ဦးသည် မြစ်ပြင်ကျယ်ကြိးဆီကို လှည့်ကြည့်ကြလေပြီး ငေးမောနေကြလေတော့၏။ * စောရတို့ ရန်ကုန်ကို ရောက်ရ်ှလေပြီး သုံးရက်မြောက်နေ့။ ထိုနေ့၀ယ် စောရနှင့် ဦးသီဟတို့သည် နယ်ဝေးသော နေရာများဆီမှ ကုန်မှာယူမှုများ ပြီးခဲ့လေပြီ။ သို့အတွက် ယနေ့တွင်မူ ဦးသီဟသည် စောရအတွက် နေစရာနှင့် အလုပ်ရှာပေးရန် ထွက်လာဖြစ်ကြသည်။ သူတို့သည် လှေကြီးပေါ်က ကမ်းဆီတက်ကြသည်။ ပြီးလျင် မနက်စာစားရန်အတွက် ကမ်းနားရှိ လက်ဖက်ရည်ဆိုင်တစ်ခုဆီ ၀င်လိုက်ကြသည်။ "ဘာသောက်မလဲ မောင်စောရ။ ဒီဆိုင်ကတော့ ဆိတ်သားစမူဆာသိပ်ကောင်းတယ်ကွ" " ဟုတ်ကဲ့ ဦးကြီး။ ဦးကြီးအဆင်ပြေရာကိုသာ မှာပေးဗျာ။ ကျွန်တော်ကတော့ ကြောင်သားကလွဲရင် အကုန်စားတယ်" " အင်း...အဲ့ဒါဆိုလည်း လက်ဖက်ရည်ချိုနှစ်ခွက်နဲ့ ဆိတ်သားစမူဆာပဲ မှာကြတာပေါ့..." ဦးသီဟက ပြောပြောဆိုဆို စားပွဲထိုးနေသော ကုလားလေးကို ခေါ်ကာ အထက်ပါအတိုင်းမှာ လိုက်၏။ " ဦးကြီး ကျွန်တော့်အတွက် ဘယ်မှာ အလုပ်ပြောပေးမလဲ" " အင်း...ငါ့တူကြီးက အလုပ်ကြမ်းလည်း လုပ်နိုင်တဲ့သူဆိုတော့ အလုပ်တော့ မရှားပါဘူး။ ဒီအတွက် ဟောဒီ့ဆိပ်ကမ်းမှာ ဦးကြီးနဲ့ သိတဲ့ အောင်ဘာလေဆိုတဲ့ ကုန်ပွဲရုံတစ်ခုရှိတယ်။ အဲ့ဒီ့မှာ အလုပ်ပြောပေးမယ်" " ဟုတ်ကဲ့ ဦးကြီး" " အေး...အဲ့ဒီ့ပွဲရုံပိုင်ရှင် ကိုသိန်းမောင်က ငါနဲ့ သိပ်ခင်တယ်ကွ။ ပြီးတော့ သူက အလုပ်သမားတွေအတွက်လည်း နေစရာ၊ စားစရာ စီစဉ်ပေးတယ်။ မင်းအတွက် အဆင်ပြေမှာပါကွာ..." " ဆာကီးတို့ မှာထားတာတွေ ရပါဘီ" သူတို့စကားပြောနေစဉ် စားပွဲထိုးလေးမှ စမူဆာနှင့် လက်ဖက်ရည်ချိုကို လာချပေးလေ၏။ " ကဲ...ကောင်လေး အ၀သာစားပေတော့..." " ဟုတ်ကဲ့ ဥိးကြီး" စောရနှင့် ဦးသီဟတို့လည်း မဆလာနံသင်းသော ဆ်ိတ်သားစမူဆာကို အားရပါးရစားသောက်ကြလေ၏။ " အား...မလုပ်ပါနဲ့ဗျ..." " ဝုန်း...ခလွမ်း..." ရုတ်တရက် သူတို့ဆိုင်ရှေ့ဆီကို လူတစ်ယောက် အော်သံနှင့်အတူ လွင့်စင်လဲကျလာ၏။ ထိုသူသည် ခုံတစ်လုံးနှင့် ဆောင့်မိလေပြီး ခုံပေါ်မှ ခွက်များ ကျကွဲသံပါ ထွက်ပေါ်လာလေသည်။

နက္ခတ်ရှင်စောရ (မတစ်ထောင် တစ်ကောင်ဘွား) အပိုင်း -၁၂ စာရေးသူ-နောင်ရိုး(ဆေးတပ်) ***** " တောက်...." ဦးသိုက်ထွန်းသည် သူ၏ အိမ်၀ရံတာ ရှေ့ဆီထွက်ထိုင်၍ ဘရမ်ဒီတစ်ခွက်ကို လက်ကကိုင်လျက် ဇိမ်ယူကာ သောက်နေရင်း ဒေါသထွက်လာကာ တောက်ခေါက်လိုက်သည်။ " ဆရာ...ဒီကိစ္စကို ဘယ်လိုများ လုပ်ကြမလဲ..." သူ့နံဘေး ရှိနေသော တပည့်ကျော် ကျောက်ကြီးက မေးလေသည်။ " လတ်တလောမှာ ကျားလေးကောင်ထဲက သုံးကောင်က သေပြီ။ ကျန်နေတဲ့ ကျားနက်နဲ့ နန်းတွင်းစိန်ကြီးက အစအနပျောက်နေတယ်။ သေချာတာကတော့ စိန်ကြီးဟာ ငသြလက်မှာ မကျန်ခဲ့ဘူး။ ပြီးတော့ ပုလိပ်ကလည်း မရဘူးဆိုပဲ။ ဒီတော့ကာ စိန်ကြီးက ဒီကောင့်လက်ထဲကိုပါသွားတာပဲ နေမှာ။ လက်ရှိအချိန်မှာတော့ ဒီစိန်ကြီးရဲ့ သတင်းက မြေအောက်မှာ အတော်ပြန့်နေပြီ။ တစ်ဖက်မှာ ဂျပန်ကထောက်ပံ့ပေးထားတဲ့ ဂျော်နီတို့ကလည်း ဒီအတွက်ကို အသည်းအသန်လိုက်နေကြတယ်။ တောက်...တကယ်ဆို ငါကိုယ်တိုင်ကိုက ညံ့တာ။ အစောကြီးလက်ဦးခဲ့ပြီဆိုပြီးတော့ အရာရာကို လျော့တွက်ခဲ့တာ။ အခုတော့ မဖြစ်သင့်တာတွေ ဖြစ်ကုန်ပြီရော...။ ဒါပေမယ့် ဟိုး...ပုဇွန်တောင်ဘက်က ငမိုးတို့နဲ့ ကြည့်မြင်တိုင်ကမ်းနားဘက်က ထွန်းကြိုင်တို့ကိုတော့ လှမ်းပြီးအကြောင်းကြားထားတယ်။ ဒီကောင် အဲ့ဒီ့ဘက်ကို ရောက်တာနဲ့ ငါ့ဆီကို ပြန်ရောက်လာမှာပဲ...ငါ့ထက်တော့ ဟိုကောင်တွေ လက်မသွက်လောက်ပါဘူးကွာ..." " ဒါနဲ့ ဆရာ...အဲ့ဒီ့စိန်ကြီးကို ဆရာတို့ ဘာကြောင့် အသည်းအသန်လိုက်ရှာနေကြတာလဲ" " အင်း...မင်းသိလိုရင်တော့ ငါပြောပြရတာပေါ့ကွာ" " ဟုတ်ကဲ့ ဆရာ..." " ဒီလိုကွ...သီပေါမင်းတရားကြီး ပါတော်မမူခင် အချိန်တုန်းက နန်းတော်မှာ ရတနာကိုးပါးစီခြယ်ထားတဲ့ ဘယက်ကြီးတစ်ကုံးနဲ့ စိန်တုံးကြီးတစ်တုံး ရှိခဲ့တယ်။ အဲ့ဒီ့ဟာကို တိုင်းရေးပြည်ရေး အခြေအနေ မကောင်းဖြစ်နေတဲ့အချိန်မှာ မင်းမိဖုရား စုဘုရားလတ်က သူ့ရဲ့ မောင်၊ မောင်ငယ်ဆီမှာ ဘယ်သူမှ မသိအောင် တိတ်တဆိတ်အပ်နှံထားခဲ့တယ်။ တန်ကြေးကတော့ နှစ်ခုပေါင်းကို ပြည်တန်တယ်ပဲ ပြောရမပေါ့။ ပြီးတော့ တိုင်းပြည်ရဲ့ အခြေအနေကို စုဖုရားလတ်က ကြိုသိခဲ့တယ်ထင်တယ်။ ဒီတော့ သူ့ရဲ့ရည်ရွယ်ချက်ဟာ အိန္ဒိယက ပြန်လာရင် ဒီပစ္စည်းတွေနဲ့ တိုင်းပြည်ကို ပြည်တည်ဖို့ပေါ့။ ဒါပေမယ့် သူတို့အတွက် အခြေအနေမပေးခဲ့ဘူး။ အဲ့ဒီ့မှာပဲ ဇာတ်သိမ်းသွားရတယ်။ ဒီမှာတင် သူအပ်နှံခဲ့တဲ့ မောင်ငယ်ဟာ အခြေအနေအရပ်ရပ်ကြောင့် ဒီပစ္စည်းတွေအကြောင်းကို ကုန်သည်တစ်ယောက်ဆီ ပြောပြလိုက်တယ်။ အဲ့ဒီ့မှာတင်ပဲ တစ်လောကလုံးက သိကုန်ကြပြီး ဒီရတနာတွေနောက်ကို လိုက်ကုန်ကြတာပေါ့ကွာ။ အခုလတ်တလောမှာတော့ စိန်တုံးကြီးက ထွက်ပေါ်လာပြီ။ ဘယက်ကြီးက ဘယ်မှာဆိုတာ မသိရသေးဘူး။ အဲ နေဦးကွ...ပြီးတော့ ရှိသေးတယ်။ ကောလဟာလလို့လည်း ယူဆလို့ရနိုင်တဲ့ဟာပေါ့။ အဲ့ဒါကတော့ ဒီစိန်တုံးကြီးနဲ့ ဘယက်ကြီးဟာ နှစ်ခုပေါင်းတဲ့အခါမှာ သော့တစ်ခုအဖြစ်သုံးနိုင်တယ်တဲ့" " ဟင်...သော့အဖြစ်ဆိုတော့ ဘယ်ကို ဖွင့်ရမှာတဲ့လဲ..." " အေး...ငါသိတာ ထပ်ပြောရရင် ကုန်းဘောင်ခေတ်နှောင်းပိုင်းဆိုတာက စက်ယန္တယားထွန်းကားတယ်တဲ့ကွ။ ပြီးတော့ မင်းတုန်းမင်းတရားကြီးဆိုတာကလည်း တချို့ကိစ္စတွေမှာ သိပ်ကို သိုဝှက်တယ်။ ငါတို့လောကမှာ ပျံ့နေတဲ့ သတင်းအရတော့ အဲ့ဒီ့သော့ဟာ မင်းတုန်းမင်းဝှက်ထားတဲ့ ရတနာတွေကို ဖော်နိုင်တယ်တဲ့။ မြေပုံကတော့ ရတနာနှစ်ခုဆုံချိန်မှာ ရလိမ့်မယ်ဆိုပြီး သိထားရတယ်" " ဟာ...ဒါဆို အဲ့ဒီ့ရတနာနှစ်ပါးဟာ သိပ်ကို တန်ဖိုးကြီးတာပေါ့..." " အေးပေါ့ကွာ...ဒါကြောင့်မို့လို့လည်း အားလုံးက ဒီပစ္စည်းနှစ်ခုနောက်ကို လိုက်နေကြတာ" " ဪ..." " ဪ...လုပ်မနေနဲ့။ အခုမင်းကို ဒီကိစ္စအသိပေးတာဟာ သိပ်ကို ယုံကြည်လွန်းလို့ ပြောပြတာနော်။ အေး..ဟိုကျားနက်ဆိုတဲ့ ကောင်လိုတော့ မဖြစ်စေနဲ့...ကြားလား..." ဦးသိုက်ထွန်းက သူ့တပည့် ကျောက်ကြီးကို ငေါက်လိုက်သည်။ " အို...ဟဲ...ဟဲ...ဆရာကလည်း ကျွန်တော်က ဆရာ့ကို သစ္စာဖောက်ရဲပါ့မလားဗျာ...စိတ်ချပါ ကျွန်တော်က ဆရာ့ကို အမြဲသစ္စာရှ်ိနေမှာပါ" " အေးအေး...နေ့လည်ကို ငါကြည့်မြင်တိုင်ဘက် သွားစရာရှိတယ်။ ငါသွားနေတဲ့အချိန်မှာ အိမ်ကို ဂရုစိုက်ထား။ ငါ စိတ်ချမယ်နော်" " ဟုတ်ကဲ့ ဆရာ" ဦးသိုက်ထွန်းသည် စကားဆက်မပြောတော့။ သူ၏ အကြည့်တို့ကို အဝေးဆီပို့လိုက်၏။ ပြီးလျင် လက်ထဲက ဘရမ်ဒီကို ရေခဲပျော်အောင်တစ်ချက်လှုပ်လိုက်ပြီး မော့လိုက်သည်။ ခွက်ထဲက ဘရမ်းဒီကုန်လွန်လေသော် သူသည် ခွက်ကို သေချာစွာ စူးစိုက်ကြည့်လေပြီး... " ကျားနက်...ကျားနက်...သိုက်ထွန်းဆိုတဲ့ ငါက ကိုယ်မွေးတဲ့ မျောက်က ကိုယ်ပြန်ခြောက်တယ်ဆိုတဲ့ အဖြစ်မျိုးတော့ လုံး၀အဖြစ်မခံဘူးကွ။ အေး...မင်းကို ငါမရမက လိုက်ရှာပြမယ်။ ပြီးတော့ မင်းကို ဟော့ဒီလို..." ဦးသိုက်ထွန်းသည် စကားကို ရပ်လိုက်ပြီး မထီတရီရယ်လိုက်ကာ လက်ထဲက ဖန်ခွက်ကို လွှတ်ချလိုက်၏။

ကျားကြိးကား ထိုမျှသာ ပြောလေပြီး ဇက်ကျိုးကျသွားခဲ့လေပြီ။ ကျားနက်ကား ကျားကြိး၏ အလောင်းကိုဖက်ကာ မျက်ရည်များကျလာ၏။ ထိုအချိန်၀ယ် အိမ်ပေါ်တွင် အိပ်နေသော ကိုသော်ဇင်သည် အောက်မှ ဆူညံသံများကြောင့် လန့်နိုးလာရပြီး ဇနီးသည်ကိုလည်း အနားတွင် မတွေ့ရသည်မို့ စိတ်ပူကာ ပြေးဆင်းလာ၏။ " ခင်ခင်ရေ...ခင်ခင်..." " လူ...လူ..လာပြီ" ကျနက်သည် သတိ၀င်လာပြီး ထကာ စိန်ကြီးကို လိုက်ရှာလိုက်သည်။ အိပ်ရာများကို လှန်လျောရှာဖွေသည်။ မတွေ့။ အိပ်ရာနံဘေးက ခရီးဆောင်အိတ်ကို ရှာဖွေသော် ကတ္တီပါဗူးလေးကို တွေ့လိုက်၏။ ကျားနက်သည် ထိုဗူးလေးကို ယူလိုက်၏။ ပြီးလျင် အခန်းအပ်ြင်ကို ပြေးထွက်လိုက်လေသည်။ " ဟာ...မင်း...မင်းဘယ်သူလဲ..." အခန်း၀ဆီတွင် အိမ်ပေါ်က ပြေးဆင်းလာသော သော်ဇင်နှင့် တိုးလေပြီး သော်ဇင်က ထအော်လေသည်။ ကျားနက်သည် သော်ဇင်ကို ဆောင့်ကန်လိုက်၏။ ပြီးလျင် နောက်လှည့်မကြည့်စတမ်း အိမ်ထဲက ပြေးထွက်ခဲ့၏။ သူအပြင်ကို ရောက်သော် သေနတ်သံကြောင့် နံဘေးအိမ်များက လူများသည် စုရုံးလျက် အိမ်ဆီကို လာနေကြသည်ကို မြင်လိုက်ရ၏။ သို့အတွက် ကျားနက်သည် အိမ်အနောက်ဆီကို ပြေးလေကာ ခြံစည်းရိုးအုတ်နံရံအား ခုန်ကျော်လျက် အမှောင်ထုထဲဆီ ၀င်ရောက်ပျောက်ကွယ်သွားလေ၏။ ကျားနက် ထွက်သွားပြီး ရေးမနှောင်းမှာပင် ရပ်ကွက်၏ တစ်နေရာဆီမှ စောင့်ဆိုင်းနေသော ဦးသိုက်ထွန်းသည် ဆူဆူပူပူအသံများကြောင့် အေုခအနေမလှကြောင်း သဘောပေါက်လေပြီး သူ၏ အော်စတင်ကား လေယကို အပြင်းမောင်းနှင်ကာ ထွက်သွားလေတော့သည်။ ဆက်ရန်။ နောင်ရိုး(ဆေးတပ်)

ကျားကြီးက ကျားနက်ကို ခင်မေအနားတွင် အစောင့်ထားရစ်၏။ ပြီးနောက် သုံးဦးသား အခန်းဆီ ချည်းကပ်သွားကြသည်။ ပြီးလျင် အခန်းတံခါးကို ကျားငယ်က ကန်ဖွင့်လိုက်သည်။ " ဝုန်း.." ခနဲ တံခါးပွင့်သံနှင့်အတူ အခန်းထဲတွင် အင်္ကျီဗလာကျင်းလျက် ရပ်နေသော ကျောက်ကုန်သည်ကိုသြ။ ကျားငယ်က သွက်လက်စွာပင် ကိုသြ၏ အနားကို ချည်းကပ်လိုက်ပြီး လည်ပင်းဆီ ဓားဖြင့် ထောက်လိုက်သည်။ " ဟေ့ကောင်...ရုတ်ရုတ် ရုတ်ရုတ်လုပ်ဖို့ မစဉ်းစားနဲ့။ ဒီမှာတွေ့လား..." ကိုသြက ရုန်းရန် ဟန်ပြင်လိုက်သည်မို့ ကျားငယ်က သတိပေးစကားပြောလိုက်၏။ " မင်းတို့ ဘယ်သူတွေလဲ။ ငါ့ဆီက ဘာလိုချင်တာလဲ" " အေးလေ...မင်းဘက်က အခုလိုသာသာကြည်ကြည် မေးလာတော့လည်း ငါတို့အချိန်ကုန်သက်သာတာပေါ့ကွာ..." ကျားကြီးက ကိုသြကို ကြည့်ကာ ပြောလိုက်သည်။ " ကဲကွာ...လေရှည်မနေတော့ဘူး။ ငါတို့အခုလာရတာက မင်းဆီမှာရှိနေတဲ့ နန်းတွင်းစိန်ကြီးကို လိုချင်လို့။ ဒီတော့...မင်းအနေနဲ့ သာသာကြည်ကြည်ပေးမယ်ဆိုရင် အသက်ရှင်လမ်းရှိမယ်။ ငြင်းဆန် ရုန်းကန်ရင်တော့ မင်းကို အပိုင်းပိုင်းလှီးပြီးသတ်မယ်။ ကဲ...ကြိုက်ရာရွေး..." စိတ်မရှည်သော ကျားလတ်က လေသံမာမာဖြင့် ပြောလိုက်သည်။ ကျားလတ်၏ စကားဆုံးသောအခါ ကိုသြ၏ မျက်နှာ တင်းမာသွားလေပြီး... " မင်းတို့က ငါ့ကို ခြိမ်းခြောက်နေတာလား။ အေး...မင်းတို့ တစ်ခု သိထားသင့်တာက အခု မင်းတို့ တောင်းနေတဲ့ စိန်ကြီးက ဘုရင်ခံ၀ယ်မယ့်စိန်ကြိးပဲ။ မင်းတို့ ယူမယ်ဆိုရင်တော့လည်း မင်းတို့ဘ၀မင်းတို့ စဉ်းစားကြည့်လိုက်ပေါ့...ဟင်း...ဟင်း..." ကိုသြက ဘုရင်ခံအားကိုးဖြင့် ပြောလိုက်သည်။ ဤသည်ကို ကျားလတ်က ဒေါသထွက်သွားရလေပြီး ကိုသြည ရင်၀ဆီကို ဒူးဖြင့် တိုက်လိုက်လေသည်။ ကိုသြမှာ အင့်ခနဲ အော်ညည်းရင်း ခွေကျသွား၏။ " ဟေ့ကောင်...အဲ့ဒီ့လိုမျိုးတွေကို သောက်ဂရုမစိုက်လို့ ဓားပြတိုက်နေတာကွ ကြားလား" ပြောပြောဆိုဆို ကျားလတ်က ခွေလဲနေသော ကိုသြ၏ မျက်နှာကို ထပ်မံ၍ ဖြတ်ကန်လိုက်၏။ ကိုသြ၏ မျက်နှာ၀ယ် သွေးချင်းချင်းနီသွားရလေသည်။ ကျားလတ်သည် ကိုသြ၏ အနီးတွင် ဒူးထောက်ထိုင်ချလိုက်လေပြီး မျက်နှာကို ဖျစ်ညှစ်လိုက်သည်။ " ကဲ...ဘယ်မှာလဲ မင်းပိုင်တဲ့ ပစ္စည်းတွေ...ပြောစမ်း..." " ကျုပ်...ကျုပ် ပေးပါ့မယ်...အသက်ကိုတော့ ချမ်းသာပေးပါ" " ကောင်းပြီလေ...အဲ့ဒါဆိုလည်း ပစ္စည်းကို မြန်မြန်ပေးလိုက်တော့..." " ကျုပ် ယူ...ယူပေးပါ့မယ်" ,ကျားငယ်က ကိုသြကို ဆွဲထူလိုက်သည်။ ကိုသြသည် ထရပ်ပြီးသည်နှင့် သူ၏ မျက်နှာမှ သွေးများကို အင်္ကျီစဖြင့် သုတ်လေ၏။ " ဟေ့ကောင် ငသြ။ ငါတို့ အချိန်မရှ်ိဘူး မြန်မြန်ပေးစမ်း..." ကျားကြီးက အလောသုံးဆယ်ပြောလိုက်၏။ " ခဏလေးပါဗျာ...ကျုပ်ယူပေးမှာပါ..." ကိုသြသည် အိပ်ရာနားဆီ သွားလေ၏။ ပြီးလျင် ခေါင်းအုံးအောက်ဆီကို လက်နှိုက်လိုက်လေသည်။ သူ၏ လက်ကို ပြန်ဆွဲနှုတ်လိုက်ချိန်တွင်တော့စိန်ထည့်ထားသည့် ဗူးအစား သေနတ်တစ်လက်ပါလာလေ၏။ " ဟာ...သေ...သေနတ်ပါလား..." " ဒိုင်း...ဒိုင်း....ဒိုင်း...." " အင့်..." " အား..." ကျားသုံးကောင် နောက်ကျခဲ့လေပြီ။ ကိုသြက သူတို့အား သေနတ်ဖြင့် ဦးစွာ ပစ်ခဲ့လေပြီ။ သည့်အတွက် သုံးဦးစလုံး ကြမ်းပြင်ထက်ဆီ၀ယ် လဲကျကုန်၏။ အပြင်၌ ရှိနေသော ခင်မေက သေနတ်သံကြားသဖြင့် ကြောက်လန့်ပြီး ငယ်သံပါအောင်အော်လေ၏။ " ဟာ...." ကျားနက်သည် အခန်းထဲကို အမြန်ပြေးကြည့်လိုက်ရာ သူ၏ ညီအကိုများ သေနတ်မှန်ထားသည်ကို တွေ့လိုက်ရလေပြီး ငသြ၏ လက်ထဲတွင် သေနတိကိုင်ထားသည်ကို မြင်လေသောအခါ ရုတ်တရက် စိတ်တိုဒေါသထွက်သွားရလေပြီး သူကိုင်ထားသော ဓားဖြင့် ငသြထံ ပစ်ပေါက်လိုက်လေသည်။ " ဖောက်..." " အင့်..." ဓားချက်က ငသြ၏ ရင်ကို စိုက်၀င်သွားလေ၏။ ငသြမှာ ဓားပြများကို သုံးယောက်ထဲဟုသာ အထင်ရှိသည်မို့ မရှောင်နိုင်ခဲ့ခြင်းပင်။ က်ိုသြလဲကျသွားလေပြီ။ ကျားနက်သည် လဲကျနေသော သူ၏ ညီအကိုများဆီ ပြေးသွားလိုက်လေပြီး လှုပ်နေသော ကျားကြီးကို ဆွဲထူလိုက်သည်။ " အကိုကြီး ရ...ရလား။ ဘယ်ကို ထိသွားတာလဲ..." " ကျား...ကျားနက်...ညီလေး။ ငါ...ငါ မရတော့ဘူး။ မင်း...မင်း ရတနာကို ရအောင်ယူပြီး ဒီကနေ ထွက်သွားတော့...။ ငါတို့ကို ထားရစ်ခဲ့လိုက်တော့..." " မသွားဘူး...ကျုပ်...အကိုကြီးနဲ့ ညီအကိုတွေကို ရအောင်ကယ်မယ်" ကျားနက်သည် ကျားကြိးကို ချထားပြီး ကျားငယ်ထံပြေးကြည့်၏။ ကျားငယ်ကား နဖူးတည့်တည့်ဆီတွင် ကျည်မှန်၍ သေဆုံးနေလေ၏။ ကျားနက်သည် ကျားလတ်ဆီ သွားပြန်သည်။ ကျားလတ်သည်လည်း ကျာ်းငယ်နည်းတူ မျက်လုံးဆီ၀ယ် ကျည်ဆံဖောက်၀င်ပြီး သေဆုံးနေလေသည်။ " အ...အကိုကြီး ကျုပ် ရရအောင်ကယ်မယ်" " ရတနာကို ယူပြီး ထွက်...ထွက်သွား..."

ခင်ပွန်းဖြစ်သူကား အရက်မူးကာ အိပ်မောကျနေလေ၏။ သည်လိုသာဆိုပါလျင် ကိုသြသည်လည်း.သူ၏ ခင်ပွန်းနည်းတူပင် အိပ်မောကျနေလောက်ပေပြီ။ " ကျွီ..." မခင်မေသည် တံခါးဖွင့်ကာ အေယက်ထပ်၌ အိပ်သော ကိုသြ၏ အခန်းဆီ တိတ်တဆိတ်ချည်းကပ်ခဲ့လေသည်။ အခန့်သင့်စွာပင် အခန်းတံခါးအား ချက်မချထားသည်မို့ သူအထဲကို ဆက်၀င်ခဲ့ပြန်လေသည်။ သူမှန်းထားသည့်အတိုင်းပင် ကိုသြကား အိပ်ရာထက်ဆီ၀ယ် ခြေပစ်လက်ပစ် အိပ်မောကျနေလေ၏။ မခင်မေသည် သူဘာဆက်လုပ်ရမည်ကို တဒင်္ဂရပ်ကာ တွေးလိုက်သည်။ ခဏကြာသော် သူသည် ကိုသြ၏ အိပ်ရာနားဆီ ချည်းကပ်ရောက်ရှိသွားလေပြီး ခေါင်းအုံးအောက်ဆီကို က်ဖြင့်စမ်းလိုက်သည်။ အထဲမှ ကတ္တီပါဗူးလေးကို သူစမ်းမိသည်မို့ မခင်မေ၀မ်းသာသွားလေ၏။ သူလက်ကို ဆွဲနှုတ်ရန်ပြင်လိုက်လေသည်။ ထိုစဉ်... " ဒါဘာလုပ်တာလဲ မခင်မေ..." ကိုသြက ရုတ်တရက် အိပ်ရာမှ နိုးလာပြီး သူ၏ လက်ကို ဖမ်းကိုင်ကာ မေးလိုက်လေသည်။ " အို...ကျွန်...ကျွန်မ...မဟုတ်..." " တော်ပါ မခင်မေ။ ခင်ဗျား ကျုပ်ဆီက စိန်ကို လာခိုးတာမလား။ ဟင်း...ဟင်း...ညက စားသောက်ဝိုင်းမှာကတည်းက ခင်ဗျား စိတ်ကို ကျုပ်သတိထားမိနေပါတယ်ဗျာ..." " ဟင်...ရှင်...အဲ့ဒီ့တုန်းက မူးနေတာ မဟုတ်လား။ ရှင်သောက်တဲ့ အရက်ကလည်း.မနည်းမနောမှ မဟုတ်တာ ဘယ်က ဘယ်လိုများ..." " ဟင်း...ဟင်း.. ကျုပ်က ကျောက်ကုန်သည်လေဗျာ။ ဒီလောက်တော့ သတိဘယ်လွတ်ပါ့မလဲ။ တကယ်တော့ ခင်ဗျားက ကျုပ်ဆင်တဲ့ အကွက်ထဲကို ၀င်လာတာဗျ။ ဒီလိုလေဗျာ...ကျုပ်အရင်အခေါက်တွေကတည်းက ဒီမှာလာတည်းကတည်းက ခင်ဗျားကို မသိမသာတဖြေးဖြေး စွဲလန်းနေမိတာ။ ဒီတော့ အခုတစ်ခေါက်မှာ ခင်ဗျားကို ကျုပ်မရမက ကြံဖို့ ရည်ရွယ်ထားခဲ့ပါတယ်။ ဒါကြောင့်မို့လည်း ညက အရက်မသောက်ခင်မှာ ကျုပ်က မမူးအောင်လို့ ထေားပတ်နှစ်စွန်းလောက်ကို ကြိုပြီးမြိုထား၊ ဟော...ပြီးတော့ ခင်ဗျားတို့ကို ကျုပ်ဆီမှာ ပါလာတဲ့ စိန်ကြီးအကြောင်းပြောပြ၊ ခင်ဗျားဆီက တက်မက်မှုတွေ ပြလာတော့ အလုံးအထည်ပါ ပြ။ ဟင်း...အခုနောက်ဆုံး ဒီအခြေအနေထိ ရောက်လာရပြီပေါ့ဗျာ။ ကဲ...မခင်မေ ကျုပ်တို့ နှစ်ပါးသွားလေး ကကြစို့..." ကိုသြကား မခင်မေကို ရုတ်တရက် ဆောင့်ဆွဲယူကာ လုံးထွေးလိုက်လေသည်။ " မ...မလုပ်ပါနဲ့ ကိုသြရယ်။ ကျွန်မ....ကျွန်မတောင်းပန်ပါတယ်" " ဒီမှာ မခင်မေ။ တကယ်လို့သာ ခင်ဗျားက ဒီကိစ္စကို ငြင်းဆန်မယ်ဆိုလို့ကတော့ ကျုပ်က အခု ခင်ဗျားကျူးလွန်ထားတဲ့ ခိုးမှုကို တရားစွဲဆို ရင်ဆိုင်ရုံပေါ့ဗျာ။ ဒီအခါကျရင် ခင်ဗျားရဲ့ ယောက်ျား ဂုဏ်သိက္ခာ ဘယ်လိုဖြစ်သွားမလဲဆိုတာ..ဟင်း...ဟင်း...စဉ်းစားကြည့်လိုက်စမ်း မခင်မေ..." မခင်မေထံက ရှိုက်သံသဲ့သဲ့ထွက်လာသည်။ သူကား မိန်းမကောင်းတစ်ယောက်ပင်။ ခင်ပွန်းဖြစ်သူကိုလည်း သူ အသည်းနင့်အောင်ချစ်လှသည်။ ယခုမူကား လောဘကြောင့် သူအမှောင်တိုက်ထဲ ရောက်ရပေတော့မည်။ " ကဲ...ကျုပ်အလိုကို လိုက်လျောမယ် မဟုတ်လား၊ ပြောစမ်းပါဦး အချစ်ကလေးရဲ့..." ကိုသြကား မခင်မေကို အတင်းဒလကြမ်း နမ်းရှုပ်လေ၏။ ထိုစဉ် အိမ်ရှေ့ဘက်ဆီမှ " ဝုန်း..." ခနဲ အသံတစ်ခု ထွက်ပေါ်လာသည်။ " ဘာဖြစ်တာလဲ သွားကြည့်စမ်း...." ကိုသြက မခင်မေကို လွှတ်ပြီး သွားကြည့်ရန်ပြောလေသည်။ မခင်မေကား ကိုသြ၏ လက်မှ ရုန်းထွက်လေပြီး အိမ်ရှေ့ဆီ ပြေးထွက်လိုက်လေသည်။ မခင်မေ ထွက်သွားသော် က််ိုသြသည် သူ၏ အိပ်ရာပေါ်က စိန်ဗူးကို အိတ်ထဲ အမြန်ဖွက်ထည့်လိုက်၏။ မခင်မေသည် အိမ်ထဲဆီကို ဖြေးဖြေးချင်းလှမ်းရင်း အသံကြားရာဆီကို လိုက်ရှာနေလေ၏။ ထိုစဉ် " မလှုပ်နဲ့...ငြိမ်ငြိမ်နေလိုက်စမ်း..." အိမ်ရှေ့ဆီ အရောက် ခက်ထန်သော စကားသံတစ်ခုနှင့်အတူ လည်ပင်းဆီက အေးစက်စူးရှသော ခံစားမှုတစ်ခုကို မခင်မေ ခံစားလိုက်ရလေ၏။ သူကြည့်လိုက်သော် မျက်နှာဖုံးစွပ်ထားသော လူလေးယောက်။ ထိုလေးယောက်ကား ကျားလေးကောင်ပင်။ " ရှင် ရှင်တို့ ဘယ်...ဘယ်သူတွေလဲ..." " ငါတို့က ဓားပြတွေပဲ။ ဒါပေမယ့် စိတ်မပူပါနဲ့။ တို့ တိုက်ရမယ့်လူက နင်တို့လင်မယား မဟုတ်ဘူး။ ကျောက်ကုန်သည်ကိုသြဆိုတဲ့သူ။ သူဘယ်မှာလဲ..." ကျားနက်က အမျိုးသမီးကို ကြည့်ကာ ပြောလိုက်သည်။ ခင်မေ စိတ်သက်သာရာ ရသွား၏။ " သူ...ဟို...ဟို အခန်းထဲမှာ" သူ့အတွက် အန္တရာယ်ရှိသော ကိုသြကို ဓားပြများက ဦးတည်ရှာဖွေသည်ဖြစ်သည့်အတွက် သူ၀မ်းသာအားရပင် အခန်းဆီ ညွှန်ပြလိုက်၏။ " အခု အခန်းထဲမှာ သူဘာလုပ်နေလဲ..." " သူ...ကျွန်မကို စောင့်နေတာ" " ကောင်းပြီလေ...ဒါဆို မင်းသူ့အခန်းကို တံခါးခေါက်ပြီး ခေါ်ပေးပါ" "ဟုတ်ကဲ့ ရှင့်..." ကျားလေးကောင်၏ စေခိုင်းချက်အရ ခင်မေသည် ကိုသြ၏ အခန်းတံခါးကို ခေါက်လိုက်၏။ " ဘယ်သူလဲ...မခင်မေလား အပြင်မှာ ဘာတွေ့လဲ..." " ကျားနက် မင်းဒီမိန်းမကို စောင့်ကြည့်ထား။ သူအော်ရင် သတ်ပစ်လိုက်..."

"ဪ...အဲ့ဒါကတော့ ဒီလို။ ဟဲ...ဟဲ...ကျုပ်ရဲ့ စျေးကွက်၊ စျေးတင်နည်းလေးပါဘဲ။ ကျုပ်တို့ရဲ့ နန်းတွင်းစိန်ကြီးကို ဗမာအမည်နဲ့ပဲ ရောင်းမယ်ဆိုရင် သူတို့က အထင်အမြင်သေးကြလိမ့်မယ်၊ စျေးနှိမ်ကြလိမ့်မယ်။ ဒါကြောင့် သူတို့ စျေးမလိမ်ရလေအောင် အမည်ပေးခဲ့တာပေါ့ဗျာ..." " ဪ...ဒီလိုလား ဟား...ဟား...ခင်ဗျား သိပ်တော်တာပဲ ကိုသြ။ ဒါမျိုးကိုသာ ခင်ဗျားဘာသာ အမည်ပေးထားတယ်ဆိုပြီး ဘုရင်ခံသိလို့ကတော့ ဆုတံဆိပ်တွေ ချီးမြှင့်ဦးမှာလို့ ကျုပ်တော့ ယူဆမိသဗျ..." " အင်း...ဒါတော့ ကျုပ်မမှန်းရဲသေးဘူး။ ဘာကြောင့်လဲဆိုတော့ အခုဘုရင်ခံက နည်းနည်း ကပ်စီးတယ် အသားလွတ်ကြီးနဲ့တော့ ပေးမယ်မထင်ဘူး။ ဟဲ...ဟဲ... အဲ့ဒါကြောင့် ဒါကြောင့်ဗျို့..." " ဒါနဲ့ အခု အဲ့ဒီ့စိန်ကြီးက ခင်ဗျားနဲ့ အတူပါလာလားဗျ" " အင်း...ပါတာပေါ့ဗျ။ ပါတာပေါ့။ ခဏနေဦး ကျုပ်ခင်ဗျားကို ယူပြမယ်" ကိုသြကား ထန်းရည်မူး ကျွဲခိုးပေါ်ဆိုသလိုပဲ မူးနေပြီမို့ ဘာကိုမှ သတိမမူတော့။ အိမ်အတွင်း၀င်သွားကာ စိန်ကြီးကို သွားယူလေပြီ။ အတန်ကြာသော် ကိုသြပြန်ရောက်လာ၏။ သူ့လက့ထဲဆီ၀ယ် အနီရောင် ကတ္တီပါဗူးလေးတစ်ဗူး ပါလာလေသည်။ " ကဲ....ဟော့ဒီ့မှာပါပဲဗျာ..." ကိုသြသည် ပြောပြောဆိုဆို ဗူးလေးကို ဖွင့်လိုက်၏။ အထဲတွင် အရောင်တဖျပ်ဖျပ်လက်နေသော လက်သည်းခွံအရွယ်အစားရှိ စိန်ဖြူတစ်ပွင့်။ " အိုး...လှလိုက်တာ" မခင်မေကား စိန်ကြီးကို ကြည့်ပြီး တအံ့တသြရေရွတ်လေသည်။ " ကဲ...ဘယ်လောက်လှ၊ ဘယ်လောက်ရွ၊ ဘယ်လောက်ကောင်းတဲ့ စိန်ကြီးလဲဆိုတာ ခင်ဗျားသိပြီလား ကိုသော်ဇင်။ နိုင်ငံတကာ စံညွှန်း 4 Cs နဲ့လည်း လုံး၀ကွက်တိ။ အားလုံး အပြစ်အနာအဆာကင်း၊ သမိုင်းကလည်း.တန်ဖိုးကြီး၊ ဘယ်နှယ့်လဲ...ခင်ဗျားကြည့်ပြီးရင်တော့ ကျုပ်သိမ်းလိုက်တော့မယ်" ကိုသြကား ပြောပြောဆိုဆို ဗူးကလေးကို ပြန်ပိတ်လိုက်၏။ " ကဲ...ကိုသော်ဇင်။ ကျုပ်တို့သောက်လာတာလည်း တော်တော်များနေပြီဆိုတော့ အခုတစ်ခွက်ကို အပိတ်အနေနဲ့ သောက်ပြီး နားကြစို့ဗျာ..." " အင်း...ကောင်းပါပြီ...ကောင်းပါပြီ...ကဲ...ခင်ဗျားရဲ့ အစီအစဉ်ကြီး အောင်မြင်ပါစေဗျာ..." ဖန်ခွက်ချင်း ထိခိုက်သံ ထွက်ပေါ်လာ၏။ ထို့နောက်တွင်တော့ သူတိူ့နှစ်ဦးသည် အရက်ခွက်ကျန်ကို အပြတ်မော့ကြလေပြီး လက်စသိမ်းကာ အိမ်ထဲဆီကို ၀င်ရောက်ခဲ့ကြလေတော့သည်။ * ညက တိတ်ဆိတ်နေသည်။ ကားလမ်းမကြီးထက်ဆီဝယ် ဦးသိုက်ထွန်းနှင့် ကျားလေးကောင်တို့ စီးလာသော အနက်ရောင် အော်စတင်ကားလေးက အရှိန်ဖြင့် မောင်းနှင်နေလေသည်။ မကြာခင် သူတို့ကားလေးသည် လှည်းကူးမြို့စွန်ဆီကို ရောက်လာကာ ရပ်တန့်သွား၏။ " အိမ်ကတော့ ဒီကနေ လမ်းကြားထဲကို နည်းနည်း၀င်ရမယ်။ ဒါပေမယ့် မပူနဲ့ ငါလိုက်ပြပေးမယ်။ အပြန်ကျ ထွက်ဖို့လမ်းနဲ့ ငါအသင့်စောင့်နေမယ့် နေရာကို အရင်ပြမယ်။ သွားကြစို့..." ဦးသိုက်ထွန်းက ကျားလေးကောင်ကို ပြောလိုက်သည်။ ထို့နောက် သူတို့သည် ရပ်ကွက်ထဲကို တိတ်တဆိတ်၀င်ခဲ့ကြ၏။ အတန်ကြာသွားမိလေသော် ဦးသိုက်ထွန်းသည် အိမ်တစ်အိမ်ရှေ့ဆီ၀ယ် ရပ်တန့်လိုက်လေပြီး " ကဲ...ငါ့ကောင်တွေ ဒီနေရာ ဒီအိမ်ပဲ။ ညနေက ရတဲ့သတင်းအရတော့ ကျောက်ကုန်သည် ရောက်နေတာ သေချာနေပြီ။ ဒီတော့ကာ မင်းတို့အနေနဲ့ သေချာလုပ်ဖို့ပဲ လိမ့်မယ်" " စိတ်ချပါဗျာ...ကျုပ်တို့ ဒီအတွက်ကော အရာအားလုံးအတွက်ကိုပါ အသေအချာ ကြိုတင် စီစဉ်ထားကြပြီးပါပြီ... နှုတ်သွက် လျှာသွက် ရှိလှသော ကျားငယ်က ဦးသိုက်ထွန်းကို ပြောလိုက်၏။ ပြီးလျင် လေးဦးသား တစ်ဦးမျက်နှာကို တစ်ဦး အဓိပ္ပါယ်ပါပါ ကြည့်လိုက်ကြသည်။ " ကောင်းပြီလေ...မင်းတို့ကို ငါယုံလက်စနဲ့ ယုံကြည်နေပါ့မယ်...ကဲ...သွားကြတော့" ဦးသိုက်ထွန်းသည် ကျားလေးကောင်ကို ဓားပြတိုက်ရန် အစီအစဉ်ချပေးပြီး စေလွှတ်လိုက်၏။ ပြီးလျင် သူသည် ကားရှိရာဆီ ပြန်လာလေပြီး အံဝှက်ထဲမှ တစ်စုံတစ်ရာကို ဆွဲထုတ်ယူကာ ခန္ဓာကိုယ်ဆီ၌ ကွယ်ဝှက်ထားလိုက်လေသည်။ * ကိုသော်ဇင်နှင့် မခင်မေတို့၏ အိပ်ခန်းအတွင်း၀ယ်။ ကိုသော်ဇင်ကား အိပ်ရာအတွင်း ငြိမ်သက်ကာ အိပ်ပျော်နေပြီပင်။ ထိုအချိန်၀ယ် အိပ်မပျော်နိုင်သူက မခင်မေ။ သူကား အိပ်ရာထက်ဆီ၌ လူးလူးလှိမ့်လှိမ့်ဖြင့် ကိုသြပြောလေသော စိန်ကြီးအကြောင်းကို တွေးနေမိသည်။ အမှန်ဆိုသော် တွေးနေသည်ဆိုတာထက် သူလိုချင်ပိုချင်နေသည်ဟုဆိုပါက ပို၍ မှန်ပေမည်။ " ဒီစိန်ကြီးကိုသာ ငါပိုင်ရလို့ကတော့လေ...." မခင်မေ စိတ်ထဲက အမျိုးမျိုးတွေးနေမိသည်။ " ဒင်...ဒင်...ဒင်..." အိမ်အတွင်းက ချိန်သီးနာရီကြီးဆီက ဆယ့်နှစ်ချက်တီးသံကြားရလေပြီ။ မခင်မေကား လုံး၀အိပ်မပျော်နိုင်သေး။ နောက်ငါးမိနစ်ခန့်အကြာတွင်တော့ သူ၀ည် ဆုံးဖြတ်တစ်ခုကို ချလေပြီး အိပ်ရာမှ ထထိုင်လိုက်လေသည်။ ပြီးလျင် ခင်ပွန်းဖြစ်သူကို တစ်ချက်ငဲ့ကြည့်လေ၏။

နက္ခတ်ရှင်စောရ (မတစ်ထောင် တစ်ကောင်ဘွား) အပိုင်း -၁၁ စာရေးသူ-နောင်ရိုး(ဆေးတပ်) **** ညအချိန်။ လည်းကူးမြို့အစွန် ရပ်ကွက်တစ်ခုရှိ အိမ်ကြီးအိမ်ကောင်းတစ်အိမ်ဆီ၀ယ်။ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ စားပွဲဝိုင်းတစ်ခုဆီ၀ယ် ထိုင်ရင်း စားသောက်နေကြ၏။ သူတို့၏ အလယ်ဆီတွင်တော့ အစားသောက်ကောင်းများအပြင် အကောင်းစားနိုင်ငံခြားဖြစ်ယမကာများလည်း ပါ၀င်လေ၏။ " ကဲ...သောက်ဗျာ ကိုသြ။ ကျုပ်ကလည်း အခုခင်ဗျားလို ဧည့်ကောင်းရက်သားလာပါမှ ဒီလိုပွဲတော်လေး တည်ရတာ။ နို့မဟုတ်ရင်တော့ ကျုပ်ရဲ့ ခင်ခင်က ခွင့်မပြုပေါင်ဗျာ။ ဒီတော့ အခွင့်ရတုန်းလေး...ဟဲ...ဟဲ..." အိမ်ရှင်ဖြစ်သူ မြို့နယ်စာရေးလေး ကိုသော်ဇင်က ဧည့်ခံစကားကို အနှောင့်အသွားမလွတ်ပြောသည်မို့ ဇနီးဖြစ်သူ မခင်မေက မျက်စောင်းထိုးကာ ကြည့်လေ၏။ မခင်မေ သွင်ပြင်ကား လုံးကြီးပေါက်လှ မင်းကြီးကြိုက်ဟန်ပန်မျိုးပင်။ " ဟား...ဟား...ဟုတ်ပါ့ဗျာ...ဟုတ်ပါ့။ ကျုပ်လည်း ခင်ဗျား နည်းတူပါပဲ...ကိုသော်ဇင်ရယ်" ကိုသြဆိုသူ၏ စကားအဆုံး၀ယ်တော့ အားလုံးကား ရယ်မောလိုက်ကြလေသည်။ " ဒါနဲ့ နေစမ်းပါဦးဗျ။ ခင်ဗျား ကျုပ်ကို ပြောထားတဲ့ ဟို...ဘုရင်ခံဆီကို ပို့ရမယ့် စိန်ကြီးကိစ္စကကော ပြတ်ပြီလား..." ကိုသြဆိုသူသည် မိုးကုတ်ဘက်က ကျောက်ကုန်သည်တစ်ဦးဖြစ်ပြီး မျက်နှာဖြူဘုရင်ခံထံ ကျောက်အရောင်းအ၀ယ် ကိစ္စဖြင့်လာ၏။ အရင့်အရင်ကဆိုလျင်လည်း ကိုသြသည် ရန်ကုန်ကိုလာလေတိုင်း သူ့မိတ်ဆွေ ကိုသော်ဇင်ဆီ၌သာ တည်းခိုဖြစ်သည်သာ။ ယခု သူတို့နှစ်ဦး သောက်ရင်းစားရင်းဖြင့် စကားပြောနေကြလေသည်ကို အနားဆီ၌ ကိုသော်ဇင်၏ ဇနီးဖြစ်သည် မခင်မေကား လိုအပ်သည်များ ပြင်ဆင်ပေးလေရင်း နားထောင်နေလေ၏။ " အင်း...မပြတ်သေးဘူးဗျ။ ကျုပ်သူ့ဆီပို့လိုက်တဲ့ စိန်တိုင်းကို သူက မကြိုက်ဘူးဖြစ်နေတယ်။ အခုလည်း နောက်တစ်ခုအနေနဲ့ ဂျူးလီယက်လို့ အမည်ပေးထားတဲ့ ရတီတော်တေယ်လေးကောင်းတဲ့ စိန်ကြီးတစ်လုံးကို ယူလာတယ်ဗျ။ အံမယ်...ဒီစိန်ကို ပေါ့သေးသေးလို့တော့ မထင်လိုက်နဲ့နော်။ ဒီစိန်က နန်းတွင်းစိန်ဗျ။ သီပေါမင်းရဲ့ အနွယ်တော်တွေဆီကတဆင့် ဆင်းသက်လာတာ။ ကျုပ်ကတော့ဗျာ...အခု အဲ့ဒီ့စိန်ကြီးကို မျက်နှာဖြူ ဘုရင်ခံဆီ ပို့ရမှာဆိုတော့ သူတို့နဲ့လိုက်အောင် ကျုပ်ဘာသာကျုပ်ပဲ သူတို့ရဲ့ တော်၀င်မင်းသမီးနာမည် ဂျူးလီယက်လို့ပေးထားတယ်ဗျ...ဟဲ...ဟဲ..." " ဒါဆို အဲ့ဒီ့စိန်ကြီးက တန်ဖိုးသိပ်ကြီးမယ်ထင်တယ်နော် ကိုသြ..." မခင်မေက ကျောက်ကုန်သည် ကိုသြကို ၀င်မေး၏။ " အမလေး...ဘယ်နှယ့်များ ပြောပါလိမ့် မခင်မေရယ်။ တန်ဖိုးကြီးဆို နှယ်နှယ်ရရ ဟုတ်ပေလိမ့်မယ်လား။ တကယ့်ကို အဖိုးအနဂ္ဂထိုက်တာဗျ။ ကာလပေါက်စျေးအရပြောမယ်ဆိုရင်တော့ ရူပီးသုံးသောင်းလောက်ကို မှန်းထားတာရယ်" " ဪ..." မခင်မေကား ကိုသြရစကားကို အရောင်တဖျပ်ဖျပ် လက်သွားသော မျက်၀န်းအစုံဖြင့် " ဪ..." တစ်လုံးသာ ဖြေနိုင်လေ၏။ " ဒါနဲ့ ခင်ဗျားက ကျုပ်တို့ ဘိုးဘွားပိုင် နန်းတွင်စိန်ကြီးကို မျက်နှာဖြူနာမည်ပေးပြီး သူတို့ဘုရင်ခံဆီ ရောင်းတာတော့ ကျုပ်အနေဖြင့် တော်တော်လေးတော့ သဘောမကျဘူးနော့်..." ကိုသော်ဇင်က သူ့ရင်ထဲက ခံစားမိသည်ကို ရန်လိုခြင်းကင်းလျက် ပြောလေသည်။ ကိုသြက ဖန်ခွက်အတွင်းက ယမကာတစ်ခွက်ကို ငုံသောက်လိုက်လေပြီး " အိုး...နိုး...ကိုသော်ဇင်ရ။ ဒါတော့ ခင်ဗျားနဲ့ ကျုပ် အမြင်လွဲသွားပြီဗျ...ဒီလိုဗျာ အခုနက ပြောလိုက်တာက ကိုသော်ဇင့်အမြင်ဆိုရင်၊ အခု ကျုပ်ကလည်း ကျုပ်ဘက်က အမြင်ကို ပြောပြမယ်။ ဆွေးနွေးတယ်ဆိုပါတော့" ကိုသြ၏ စကားကို ကိုသော်ဇင်တို့ လင်မယားနှစ်ဦး စိတ်၀င်စားကုန်ကြ၏။ " အင်း...ဆိုစမ်းပါဦး..." " အင်း...ကျုပ်အမြင်ကို ပြောရရင်ကတော့ ဒီလိုဗျာ။ အခု...ကျုပ်တို့ တိုင်းပြည်ကြီးမှာ မျက်နှာဖြူတွေက အာဏာရှင်တွေပဲ။ အာဏာက သူတို့လက်ထဲမှာ ရှိနေတယ်။ ဒီတော့ကာ...အခုစိန်ကြီးကိစ္စမှာ ရိုးရှင်းစွာတွေးကြည့်လိုက်ရင်...သူတို့အနေနဲ့ ဒီစိန်ကြီးကို အာဏာသုံးပြီး ဖိနှိပ်ယူရင် ရနိုငိတယ်ဗျ။ ဒါပေမယ့်ဗျာ...အခု ဘုရင်ခံက သူက အဲ့ဒီ့နည်းကို မသုံးလိုဘူး။ သူ့ရဲ့ ချစ်ဇနီးကို ပေးမှာမို့လို့ အပြစ်ကင်း၊ ကျိန်စာကင်းတာမျိုးကို လိုချင်တာဗျ။ ဒါကြောင့်မို့...ပိုင်ရှင်လက်ကနေ တန်ရာတန်ကြေးကို ပေးပြီး၀ယ်မယ်။ အင်း...ဒီအခါမှာ ကျုပ်တို့ဘက်က တွေးကြည့်ရမှာက...သူတို့ဆီကို တစ်ပြားမှမရဘဲ ပေးမယ့်အစား အဖိုးအနဂ္ဂတစ်ခု သတ်မှတ်ပြီး ရောင်းလိုက်တာက အကျိုးရှိတယ်လို့ ယူဆတယ်။ အထူးသဖြင့် စိန်ကြီးကို လက်ဆင့်ကမ်းလာခဲ့တဲ့ အနွယ်တော်တွေ အကျိုးရှိရေးပေါ့ဗျာ။ ကဲ...ဘယ်လိုလဲ ကျုပ်ပြောတာကို သဘောပေါက်ပြီလား" " အင်း...တစ်ခုတော့ သဘောပေါက်ပြီပဲ ထားပါ။ နောကိတစ်ခု နာမည်ပေးတာက ကျတော့ရော"

" ဒါတော့ ဒါပေါ့ဗျာ။ ဒါပေမယ့် သေချာပြန်စဉ်းစားကြည့်ရင် သူက ကျုပ်တို့လို ပုလိပ်အဖမ်းခံရပြီး ပြစ်ဒဏ်ကျခံရတော့မယ့် ဒုစရိုက်သားလောကသားတွေကို မျက်နှာဖြူတွေလက်ကကယ်၊ ပြီးရင် အဲ့ဒီ့ကျေးဇူးကို ခုတုံးလုပ်၊ နောက်...ကျုပ်တို့ကို လက်ထောက်ချ ဓားပြတွေတိုက်ခိုင်း၊ ဟော...တကယ်တမ်းတိုက်ပြီဆိုတော့ကျ သူက ကျုပ်တို့ကို တိုက်ရမယ့်နေရာဆီ ကားနဲ့ပို့ရုံပဲ။ ကျုပ်တို့ကသာ အရှေ့မှာ အသက်နဲ့ရင်းပြီး ဝင်တိုက်နေရတာ။ သူကတော့ ကားပေါ်မှာ အေးဆေးပဲ စောင့်နေတယ်။ တောက်... တိုက်လို့ပြီးပြီဆိုရင်တော့ ကျုပ်တို့က အသက်နဲ့ ရင်းပြီးတိုက်ခဲ့တဲ့ပစ္စည်းကို သူပေးတဲ့ ခွဲတမ်းလောက်နဲ့ပဲ ကျေနပ်။ မကောင်းပါဘူးဗျာ။ တကယ်တော့ ဒီလူကြီးက ကျုပ်တို့လိုလူတွေဆီကနေ ဂုတ်သွေးစုတ်၊ ခေါင်းပုံဖြတ်နေတာပါဗျာ...'' ကျားငယ်၏ စကားက မှန်ပေသည်။ ကျန်ကျားသုံးကောင် ငြိမ်သွားသည်။ ထိုအခါ ကျားငယ်မှပင် ဆက်လက်၍ " ဒါပေမယ့်...ဒီတစ်ခေါက် ခွဲတမ်းက သူပြောပုံအရဆိုရင် ကျုပ်တော့ စိတ်ထဲ ထူးဆန်းနေတယ်'' " ဘယ်လိုများလဲ ကျားငယ်ရ'' " ဘယ်လိုဖြစ်ရမလဲ ကျားနက်ရယ်။ အခုတစ်ခေါက်မှာ သူက ကျောက်သူဋ္ဌေးရဲ့ပစ္စည်းထဲကနေပြီး တစ်ခုပဲ ယူတယ်ဆိုတော့...ကျုပ်တွေးနေမိတာက အဲ့ဒီ့ပစ္စည်းဟာ အင်မတန်ကို အဖိုးအနဂ္ဂထိုက်တဲ့ တန်းဖိုးရှိတဲ့ ပစ္စည်းပဲ ဖြစ်မယ်ထင်တယ်'' " အေး...ဟုတ်တယ် ကျားငယ်၊ မင်းပြောမှပဲ ငါတို့စဉ်းစားမိတယ်'' " ဟုတ်တယ်.. ကျုပ်တော့ ဆုံးဖြတ်ထားတယ်'' " မင်းဘယ်လိုများ ဆုံးဖြတ်ထားလို့လဲ...'' ကျားကြီးက ဝင်မေးလာသည်။ ကျားငယ်က ကျားကြီးကို ကြည့်သည်။ " ဘာပဲဖြစ်ဖြစ်ဗျာ။ ကျုပ်တို့ လုပ်တဲ့အလုပ်ဟာ ကျုပ်တို့ပဲ ခံစားသင့်တယ်။ ဒါကြောင့် ဒီတစ်ခေါက် တိုက်လို့ရတဲ့ ပစ္စည်းတွေကို အဲ့ဒီ့လူကြီးဆီ တစ်ခုမှ မပေးနိုင်ဘူး။ ဒီတော့ ပစ္စည်းခွဲကာနီးကျရင် ကျုပ်တို့ သူ့ကိုပါ တစ်ခါတည်း ကိစ္စတုံးချင်တယ်'' " ဪ...မင်းပြောတာကို ငါတို့ သဘောပေါက်ပြီ။ သူပစ္စည်းခွဲနေချိန်မှာ ငါတို့အားလုံး သူ့ကို သတ်မယ်ဆိုပါတော့...မင်းဆိုလိုချင်တာ ဒါမှတ်လား" " ဟုတ်တယ်။ ကျုပ်ဆိုလိုတာ အဲ့ဒါပဲ...အကိုကြီးတို့ကော ကျုပ်ပြောတာကို သဘောတူရဲ့လား...'' ကျားကြီး၊ ကျားလတ်၊ ကျားနက်တို့က ကျားငယ်ကို ကြည့်သည်။ ပြီးလျင်... " သဘောတူတယ်။ ငါတို့က ကျားလေးဖော်ပဲ။ တစ်ယောက်ရဲ့သဘောဟာ ကျန်လူတွေရဲ့ သဘောပဲပေါ့...'' ထို့နောက် ကျားလေးဖော်သည် အချင်းချင်း ကျေနပ်သော မျက်ဝန်းများဖြင့် ကြည့်လိုက်ကြလေတော့သည်။ ဆက်ရန်။ နောင်ရိုး(ဆေးတပ်)

စောရက ဦးသီဟမျက်နှာကို စေ့စေ့ကြည့်ရင်း ပြတ်စားစွာဆိုလိုက်လေတော့သည်။ ထို့နောက် သူတို့နှစ်ဦးသည် ရောက်တတ်ရာရာစကားတို့ကို ဆိုနေဖြစ်ကြလေသည်။ အချိန်အတော်ကလေး ကြာသောအခါတွင်တော့ မြစ်ကမ်းဘက်ဆီမှ ဘောက်တူလှေငယ်လေးတစ်စီး သူတို့ထံကို လှော်ခတ်လာသည်ကို မြင်ရလေ၏။ ဦးသီဟ၏ တပည့် လှေထိုးသားများပင်ဖြစ်လေသည်။ မကြာမီ လှေထိုးသားများ လှေဆီကို ရောက်လာသော် ဦးသီဟက အားလုံးကို စောရနှင့်မိတ်ဆက်ပေးလေ၏။ ပြီးလျင် ဖြစ်စဉ်ကို အကျဉ်းချုံးပြောပြလေသည်။ ထိုအခါတွင် လှေထိုးသားတို့မှာ ဓားပြများကို ဒေါသထွက်လေပြီး တောက်တခတ်ခတ်ဖြင့် ရှိနေလေကြတော့သည်။ ထိုညက သူတို့သည် စကားများကို ဝိုင်းဖွဲ့ကာ ဆိုကြရင်း ညဉ့်နက်၍ ခုနှစ်စဉ်ကြယ် အမှီးမိုးထောင်ချိန်တွင်မှသာ အိပ်ရာဝင်ခဲ့ကြလေတော့သည်။ * ရန်ကုန်မြို့စွန်၊ ငမိုးရိပ်ချောင်းနံဘေးရေချိုးရာ ရေဆိပ်ကလေးဆီသို့ ဖို့အော်စတင်ကားအနက်ကလေးတစ်စီး ငြင်သာစွာမောင်းနှင်၍ ထိုးစိုက်လာသည်။ အချိန်က ညနေစောင်းနေဝင်လုအချိန်။ ကားကလေးထိုးဆိုက်လာသောအခါဝယ် ရေဆိပ်ဆီတွင် ရေချိုးနေကြသော လူစုသည် ကမ်းပေါ်တက်လာကြသည်။ အားလုံးပေါင်း လေးယောက်ဖြစ်၏။ ထိုသူတို့သည် ကားကလေးဆီကို လျှောက်သွားကြလေသည်။ ထိုသူများ အနားရောက်လေလျင် ကားတံခါးဖွင့်လာ၏။ ကားပေါ်မှ အနောက်တိုင်းကုတ်အင်္ကျီ၊ ရွှေတောင်ပိုးပုဆိုး၊ ပန်းပရှူးဖိနပ်တို့ကို စီးလျက် နေကာမျက်မှန်အဝိုင်းကို တပ်ထားသော လူတစ်ဦးဆင်းလာသည်။ ထိုသူသည် အသက်လေးဆယ်ကျော်ခန့်သာ ရှိပေဦးမည်။ ထိုသူ၏ သွင်ပြင်ကို မြင်ရုံဖြင့်ပင် အတော်ချမ်းသာသည့် လူကုံထံတစ်ဦး၊ နေပုံထိုင်ပုံ အနောက်တိုင်းဆန်နေသည့်အတွက် မျက်နှာဖြူအသိုင်းအဝိုင်းတွင် ဝင်ဆန့်သူတစ်ဦးဆိုတာကို အလွယ်ပင်သိနိုင်ပေသည်။ ရေချိုးရာမှ တက်လာကြသော လူလေးဦးကတော့ ထိုသူ၏ ရှေ့ဆီဝယ် လက်နောက်ပစ်လျက် ရပ်နေကြလေပြီ။ " ကျားလေးကောင်...ဒီည ငါတို့တတွေ လှည်းကူးဘက်က ရွာတစ်ရွာဆီကို ဝင်ကြရလိမ့်မယ်'' ကားပေါ်က ဆင်းလာသည့် လူက ရှေ့မှလူများအား ကျားလေးကောင်ဟုခေါ်ကာ ပြောလေသည်။ ကျားခုနှစ်ကောင်မှာ ကျားကြီး၊ ကျားလတ်၊ ကျားနက်၊ ကျားဆိုးတို့ပင်။ " လှည်းကူးဘက်ကရွာကို ဝင်ကြရမယ်။ အခုညဆိုတော့ကာ... ဒီကိစ္စအတွက်ကို ဆရာအားလုံး စီစဉ်ပြီးပြီထင်တယ်...'' ခေါင်းဆောင်ဖြစ်သူ အလယ်တွင် ရပ်နေသော ကျားကြီးက ဆိုလေသည်။ လူကုံထံက အိတ်ထဲက စီးကရက်ဗူးကို ထုတ်လေပြီး အထဲမှ တစ်လိက်ကိုယူကာ နှုတ်ခမ်းဖြင့် အသာကိုက်၍ စေတမာန်ယမ်းမီးခြစ်အား မီးခြစ်လျက် ဆေးလိပ်ကို မီးတို့ကာ ဖွာရှိုက်လိုက်လေသည်။ " ဟုတ်တယ် ငါစီစဉ်ပြီးပြီ။ အဲ့ဒီ့ရွာမှာ မန္တလေးဘက်က ကျောက်သူဋ္ဌေးတစ်ယောက် ရောက်နေတယ်။ တိုတိုနဲ့ လိုရင်းကို ပြောရရင်တော့ ငါတို့က သူ့ဆီကိုဝင်ရမယ်။ ပြီးရင် ထုံးစံအတိုင်း လှုပ်ရှားပြီး သူ့ဆီက ပိုင်ဆိုင်သမျှကို ယူခဲ့မယ်။ ခွဲတမ်းအနေနဲ့ကတော့ ငါက သူပိုင်ပစ္စည်းထဲကနေပြီး ငါလိုတဲ့ ပစ္စည်းတစ်ခုကိုပဲ ယူမယ်။ ကျန်တာအားလုံးကို မင်းတို့တွေ ဝေယူကြ...'' " ကောင်းပြီလေ...ဆရာစီစဉ်ပြီးပြီဆိုတော့ ကျုပ်တို့အားလုံး အသင့်ပါပဲ...'' ကျားနက်က ဝင်ပြောလေသည်။ " အေး...ညကိုးနာရီလောက်မှာ ငါမင်းတို့ကို ဒီနေရာမှာပဲ လာခေါ်မယ်။ အားလုံးစောင့်နေကြ...'' လူကုံထံက စကားပြောပြီးသည်နှင့် သောက်လက်စ စီးကရက်ကို မြေဆီပစ်ချကာ ခြေဖြင့်နင်းရင်း ထွက်သွားလေ၏။ " တောက်...လူကို လူလိုမဆက်ဆံဘူးကွာ...'' ကျားငယ်က မကျေမနပ်ဆိုလေသည်။ " ဒါကတော့ ကျားငယ်ရယ်၊ ဒီပုံစံက အရင်ကတည်းက သူငါတို့ကို ဆက်ဆံနေကျပုံစံပါပဲ။ ငါတို့လည်း မင်းလိုပဲ သူ့ပုံစံကို သဘောမကျပါဘူးကွာ။ ဒါပေမယ့် သူက ငါတို့အပေါ် ကျေးဇူးကြွေးတွေရှိနေတယ်။ တကယ်လို့ သူ့ကြောင့်သာ မဟုတ်ရင်၊ သူသာ မျက်နှာဖြူအသိုင်းအဝိုင်းနဲ့ မဝင်ဆန့်ခဲ့ရင် ဟိုတစ်ခါ အငြိမ့်သမလေးအမှုကတည်းက မင်းတို့၊ ငါတို့ သေဒဏ်ကျခံနေခဲ့ရပြီဆိုတာကိုတော့ မင်းသတိရသင့်တယ်'' စကားနည်းသော ကျားလတ်က ကျားငယ်ကို ဝင်ပြောသည်။ ဟုတ်တော့လည်းဟုတ်သည်။ သူတို့နှင့် သည် ဦးသိုက်ထွန်းဆိုသော လူကြီးတို့ ဆုံစည်းခဲ့မှုက လွန်ခဲ့သော သုံးနှစ်ခန့်၊ ပြည်သာယာဇာတ်မှ အငြိမ့်သမလေးအား သူတို့ လက်စတုံးသတ်ဖြတ်ခဲ့ခြင်းက စတင်ခဲ့၏။ အငြိမ့်သမလေးကို ကျားကြီးက မေတ္တာမျှနေ၍ ခွင့်ပန်ရာ ထိုအငြိမ့်သမမှ ကျားကြီးအား ခက်ထန်သော စကားတို့ပြောလာစဉ် ကျန်သုံးဦးက မနေနိုင်တော့၍ လက်ရောက်ရိုက်နှက်ရင်း လက်လွန်ခဲ့ခြင်းပင်။ ထိုအမှုဖြင့် သူတို့အားလုံး တစ်ကျွန်းစံဘ၀ကို လှမ်းကြရန် သေချနေချိန်၀ယ် အနှီ ဦးသိုက်ထွန်းဆိုသည့် လူကြီးက ၀င်ရောက်ကယ်ထုတ်ခဲ့၏။ ပြီးနောက် အထက်ပါကျေးဇူးတရားကို အခြေခံလေပြီး သူတို့အား လိုသလို စေခိုင်းချုပ်ကိုင်နေခြင်းပင်။

" ဘာများလဲ ဦးကြီး...'' " တူမောင်နာမည်နဲ့ ဘယ်မှာနေတယ်ဆိုတာ မမေးမိသေးလို့...'' " ဪ...ဟုတ်ကဲ့။ ကျွန်တော့်နာမည်က စောရပါ ဦးကြီး။ နေတာကတော့ လောလောဆယ်မှာ အတည်တကျမရှိသေးပါဘူး...'' " ဟင်...ဒါဆို တူမောင်က ပြန်မယ်ဆိုတာ ဘယ်ကို ပြန်မယ်ပြောတာလဲ...'' " ဪ...ဒါက...'' စောရသည် စကားကို ခဏဖြတ်ထားလိုက်လေပြီး ပြုံးရယ်လိုက်လေသည်။ ပြီးမှ... " ကျွန်တော် အခုနက အိပ်နေတဲ့ သစ်ပင်အောက်ကို ပြောတာပါ ဦးကြီး...'' ဦးသီဟက စောရကို စေ့စေ့ကြည့်လိုက်သည်။ " ဒါဆို တူမောင် ဦးကြီးတို့ဆီမှာပဲ အိပ်လိုက်ပါလား...'' " ဟာ...ရပါတယ် ဦးကြီးရာ။ ကျွန်တော့်အတွက် ဝန်ကြီးနေပ့မယ်'' " အမလေး ငါ့တူရယ်။ ဒီမှာ ဦးကြီးလှေပေါ်မှာက ယောက်ျားချည်းပဲ ဆယ်ယောက်လောက်ရှိတယ် အိပ်ကြတာ။ မင်းတစ်ယောက်ဝင်အိပ်လို့လည်း မထူးပါဘူးကွ...။ ကဲပါ လာ...လာ...လောလောဆယ် အဖန်ရည်သောက်ရင်း စကားစမြည်ပြောကြရအောင်...'' စောရမငြင်းတော့။ သစ်ပင်အောက်တွင် အိပ်သည်ထက် လှေပေါ်တွင်အိပ်စက်ခြင်းက ပို၍ အဆင်ပြေသည်ကိုး။ ဦးသီဟကတော့ စောရ နှင့်အတူ သောက်ရန် လှေပေါ်ရှိ မီးဖိုလေးဆီဝယ် မီးမွှေး၍ ရေနွေးတည်နေလေပြီ။ တအောင့်ကြာသော်... " ကဲ...ငါ့တူကြီး ရေနွေးရပြီ။ မင်းမအိပ်ချင်သေးသရွေ့တော့ တို့တတွေ စကားစမြည်ပြောကြတာပေါ့...'' နှစ်ဦးသား လှေဦးထိပ်ဆီဝယ် ထိုင်ကြရင်း ရေနွေးကြမ်းသောက်ကြလေသည်။ " အားပါး...လက်ဖက်ခြောက်က ကောင်းလှချည်လား ဦးကြီး...အနံ့ကို မွှေးသင်းနေတာပဲ။ ဘယ်က လာတဲ့ လဖက်လဲ'' ရေနွေးကြမ်းတစ်ခွက်ကို မော့သောက်ပြီးစဉ် စောရက ပြောလိုက်၏။ ရေနွေးကြမ်း၏ အနံ့၊ အရသာကလည်း သူပြောသကဲ့သို့ပင် ထူးကဲစွာ မွှေးပျံနေလေ၏။ " အင်း... လက်ဖက်ကတော့ ပြောရရင် ရှမ်းပြည်နယ်စပ်က လာတဲ့ လက်ဖက်ပဲ။ သူ့မှာ နဂို ရနံ့ရှိတယ်။ ဒါပေမယ့် အခုတူမောင်သောက်သလို ထူးကဲတဲ့ ရနံ့တော့မဟုတ်ဘူး။ အဓိကဆိုရရင်တော့ ရေနွေးကြမ်းတစ်ခုရဲ့ အရသာဟာ လက်ဖက်ပေါ်မှာ မူတည်တယ်ဆိုပေမယ့် ခတ်တဲ့သူအပေါ်မှာ အဓိကအားဖြင့် ပိုပြီး မူတည်တယ်ကွ'' မြစ်ပြင်ကို ဖြတ်သန်းတိုက်ခတ်လာသော လေညှင်းအေးသွဲ့သွဲ့၏ အထိအတွေ့က သူတို့ကို ထိပါးကျီစယ်နေ၏။ မြစ်ပြင်ထဲမှ ရေပွက်သံတစ်ချို့ကို တစ်ခါတစ်ရံကြားရသည်။ " ဒါဆို ဦးကြီးက သူ့ကို ဘယ်လိုများ ခပ်ထားတာလဲ'' " အင်း...ဒီလိုလေကွာ...။ ပထမဦးဆုံးပြောရရင် တို့မြန်မာများက ရေနွေးထဲကို လက်ဖက်ခြောက်ခတ်ရင် သာမန်အတိုင်း ပွက်ပွက်ဆူနေတဲ့ရေနွေးအိုးထဲကို အလွယ် ပစ်ထည့်ကြတာကွ။ ငါကိုယ်တိုင်လည်း အရင်က အဲ့ဒီလိုပဲဆိုပါတော့။ တစ်နေ့ကျတော့ ငါကုန်ယူနေကျ တရုတ်ကြီးက ငါ့အိမ်ကို ငွေလာချေတုန်း ငါတိုက်တဲ့ ရေနွေးကြမ်းကို သောက်ပြီး သူအကြိုက်မတွေ့ကြောင်းပြောတယ်။ ပြီးတော့... သူသောက်နေကျ ရေနွေးကြိုတဲ့ နည်းလမ်းကို ငါ့ဆီသင်ပေးခဲ့တယ်ကွ။ နည်းလမ်းကတော့ ရိုးရှင်းပါတယ်။ ဦးဆုံးအနေနဲ့ လက်ဖက်ခြောက်ကို မြေအိုးထဲမှာ ပျားရည်နည်းနည်း ဒါမှမဟုတ် သကြားနည်းနည်းနဲ့ အရင်လှော်တယ်။ လှော်လို့အနံ့သင်းလာတဲ့အခါကျမှ အဲ့ဒီ့မြေအိုးထဲကို ရေထည့်၊ အဖုံးအုပ်ပြီးတည်တာကွ...တကယ်တော့ ပုံမှန်လုပ်ရိုးနည်းကို ပြောင်းပြန်လှန်လိုက်ရုံပါပဲ...'' " ဪ...ကျွန်တော်က သိပ်ခက်မယ်ထင်နေတာ။ အခုကျတော့လည်း တယ်လွယ်ပ့လား'' " ဒါပေါ့ကွာ...ဒါပေါ့။ လိုချင်ကြံဆ နည်းလမ်းရဆိုသလိုပဲဟေ့...'' နှစ်ဦးသား ရယ်မောလိုက်ကြသည်။ အချိန်အနည်းငယ်ကြာသည့်အခါဝယ် သူတို့နှစ်ဦးကား တစ်ဦးအကြောင်း တစ်ဦးသိကြလေပြီ။ စောရက သူ့ဘဝဖြတ်သန်းစဉ်ကို အချို့တဝက်အား ပြောပြထားပြီးလေပြီပင်။ " ဒါဆိုရင်တော့...တူမောင်ရေ...မင်းအနေနဲ့ အခြားကို စဉ်းစားမနေနဲ့တော့ ဦးကြီးနဲ့အတူ ရန်ကုန်ကိုသာ လိုက်ခဲ့ချေ...ဟိုမှာက လူနေမှုအဆင့်မြင့်သလို ကြိုးစားရင် ကြိုးစားသလို အခွင့်အလမ်းသိပ်များတယ်ကွ...မင်းတို့လို လူငယ်တွေအတွက်တော့ ဟန်ကျမှာ အသေအချာပဲ'' ရန်ကုန်ဆိုသည့်စကားကို စောရ အခုမှကြားဖူးခဲ့သည်။ သူသည် ကျောက်ဆည်အနီးရွာလေးနှင့် ကျောက်ဆည်မြို့ဆီတွင်သာ ကြီးပြင်းခဲ့ရသည်ကိုး။ သူ့အနီးဝန်းကျင်မှ လူများသည်ကလည်း ကုန်သည်၊ လူကုံထံများမပါဝင်။ သူလိုကိုယ်လို ဘဝသမားများပေမို့ ရန်ကုန်ဆိုသော ဝေါဟာရသည် သူယခုကြားချိန်တွင် တကယ့်ကို အထူးအဆန်းဖြစ်ရလေတော့သည်။ " ရန်ကုန်ဆိုတာ ဘာကြီးလဲ ဦးကြီးရ'' " ဪ...ရန်ကုန်ဆိုတာ တို့ဗမာပြည်မှာတော့ အစည်ကားဆုံးမြို့ကြီးပေါ့။ အဲ့ဒီ့မှာ လူမျိုးအစုံ၊ လုပ်ငန်းမျိုးစုံရှိတယ်။ အင်္ဂလိပ်မင်းတွေကလည်း အဲ့ဒီ့မှာ ရုံထိုင်ကြတယ်။ နေကြတယ်။ သိပ်ကိုကောင်းတဲ့ မြို့ပြကြီးပဲကွ...'' " ဪ...အဲ့ဒီ့လိုမျိုးလား...'' စောရ ခပ်ညည်းညည်းဆိုရင်း ခဏစဉ်းစားလိုက်သည်။ " ကျွန်တော်ဆုံးဖြတ်လိုက်ပြီဗျာ။ ဘာပဲဖြစ်ဖြစ် ဦးကြီး...ကျွန်တော် ရန်ကုန်ကို လိုက်ခဲ့မယ်။ အဲ့ဒီ့မှာ အခြေချပြီး နေနိုင်ဖို့ကြိုးစားမယ်ဗျာ...''

စောရကို ဝကြီးတို့ မယှဉ်သာ။ စောရ၏ လက်ချက်ဖြင့် မကြာခင်ဝယ် အားလုံး မှောက်ကုန်ကြလေ၏။ ဝကြီးကတော့ စောရ၏ လက်ဆကို ကြည့်ကာ ကြောက်စိတ်ဖြင့် နောက်ဆုတ်၍ သွားလေသည်။ စောရသည် လဲကျနေသော လူများကို တစ်ချက်ကြည့်လေပြီး ကျနေသော ဓားရှည်တစ်ချောင်းကို ကောက်ယူကာ ဝကြီးထံကို တဖြေးဖြေး လှမ်းသွားလေသော်။ ဝကြီးမှာ " ငါ...ငါတောင်းပန်ပါတယ် ငါ့ကို မလုပ်ပါနဲ့...'' " ကောင်းပြီလေ...အဲ့ဒါဆိုရင် ဟောဟိုက ခင်ဗျားတို့ သွန်မှောက်ထားတဲ့ ဦးသီဟရဲ့ ငွေတွေကို သေတ္တာအား တစ်ပြားမကျန်အောင် ပြန်ထည့်ပေးပါ'' လူငယ်က ပုံထားသည့် ငွေတွေမှာ ဦးသီဟ၏ ငွေများဖြစ်ကြောင်း သိနေသည်မို့ ဝကြီးအံ့သြသွားသည်။ လူငယ်ကို ဦးသီဟက လွှတ်လိုက်သည်ဟုလည်း အထင်ရှိသွား၏။ " မင်း...မင်းက ဦးသီဟ လွှတ်လိုက်တာလား'' စောရက ဝကြီးကို စိုက်ကြည့်လိုက်သည်။ " လျှာမရှည်နဲ့...။ ခိုင်းတာကို လုပ်...မလုပ်ရင် ဟော့ဒီမှာ တွေ့လား...'' စောရက ဝကြီးထံ ဓားရှည်ဖြင့် ချိန်ကာ ပြောလိုက်သည်။ " အေး...အေးပါကွာ...လုပ်ပါ့မယ်'' ဝကြီးသည် ငွေများကို သေတ္တာအတွင်း အကုန်ကြုံးထည့်လေ၏။ ငွေများပြည့်လေသော် စောရက ဝကြီးခေါင်းကို ဓားနှောင့်ဖြင့် ထုချလိုက်လေ၏။ ဝကြီးမေ့မှောက်သွားလေသည်။ ထို့နောက် စောရသည် ဝကြီးတို့အား တစ်ချက်မျှဝေ့ဝိုက်ကြည့်လေပြီး ငွေသေတ္တာကို ကောက်ယူကာ မြစ်ဆိပ်ဘက်ဆီကို ထွက်သွားလေတော့သည်။ * " ဗျို့...ဦးကြီး...'' ကမ်းဆီမှ ခေါ်သံကြောင့် ဦးသီဟ လှမ်းကြည့်လိုက်သည်။ " ဘယ်သူလဲဟေ့...'' " ကျွန်တော် ညတုန်းက ဦးကြီးထမင်းဝယ်ကျွေးခဲ့တဲ့ လူငယ်ပါ...'' သူ ထမင်းဝယ်ကျွေးခဲ့သော လူငယ်ကို ဦးသီဟ မှတ်မိသွားသည်။ " ဪ...အေး...'' " ကျွန်တော့်ကို လာခွင့်ပြုပါ...'' " အေး...လာလေကွာ...။ ဒါပေမယ့် မင်းလာရအောင် လှေငယ်တော့ မရှိဘူးကွ'' လှေမှာ သူခိုးဓားပြရန်ကြောင့် ကမ်းနှင့် အနည်းငယ်ခွာ၍ ရပ်ထားရသည်ပင်။ ဒါကိုပင် အခုနက ဓားပြများက လှေစီးကာ ဓားပြလာတိုက်သွားသေးလေ၏။ " ရတယ် ဦးကြီး။ ကျွန်တော်လာခဲ့မယ်...'' စောရက ပြောပြောဆိုဆိုပင် မထားသော သေတ္တာအား ပုခုံးထက်ဆီ ပြောင်းထမ်း၍ အနောက်ဆီ အနည်းငယ်ဆုတ်လိုက်သည်။ ပြီးလျင် အရှိဖြင့်ပြေးကာ ဝါးတစ်ပြန်သာသာခန့်ကွာဝေးသော လှေကြီးဆီကို ခုန်လိုက်လေ၏။ " ဖတ်...'' မဖြစ်နိုင်သော အကွာအဝေးကို ခုန်ကျော်ကာ လှေပေါ်ဆီ ငြင်သာစွာ ကျလာသော လူငယ်ကြောင့် ဦးသီဟ အံ့သြသွားရသည်။ " မင်း...မင်းက လူထူးဆန်းလေးပဲ...'' ဦးသီဟစကားကြောင့် စောရပြုံးလိုက်သည်။ " ဒါ...ဦးကြီးရဲ့ ငွေသေတ္တာထင်ပါ့...'' " ဟာ...ဟုတ်တာပေါ့...အခုနကမှ ဓားပြတွေလာတိုက်လို့ ပါသွားတဲ့ ဦးကြီးရဲ့ သေတ္တာပဲ...ဒါနဲ့ တူမောင်က ဒီသေတ္တာကို ဘယ်က ဘယ်လို...'' " ဪ...ဒီလိုရယ်ပါ ဦးကြီးရာ။ ညတုန်းက ဦးကြီးဝယ်ကျွေးတဲ့ ထမင်းကို စားပြီး သစ်ပင်အောက်မှာ အိပ်နေတုန်း...အဲ့ဒ်ီ့လူတွေရောက်လာပြီး ဝေစုခွဲနေတာမှာ ဦးကြီးရဲ့ နာမည်ကြားလိုက်လို့ ကျွန်တော်သူတို့ဆီက ဝင်လုလာတာ... '' " ဪ...ကျေးဇူးကြီးပါပေ့ တူမောင်ရယ်...'' " ရပါတယ် ဦးကြီးရာ။ ကျွန်တော် ဦးကြီးရဲ့ ကျေးဇူးကို ပြန်ဆပ်မယ်လို့ ပြောခဲ့တာပဲကို...'' စောရ၏ စကားကြောင့် ဦးသီဟက ရယ်ပြုံးလိုက်၏။ " အေးပါကွယ်...ဟုတ်ပါပြီ...ဟုတ်ပါပြီ...ဒါနဲ့ နေဦး။ အခုနက တူမောင်က ဟိုကမ်းကနေ ဒီလှေပေါ်ကို လက်ဗလာနဲ့ ခုန်လာတာ...ဘယ်လိုများကြောင့်လဲ။ တူမောင့်ကြည့်ရတာ သာမန်တော့ မဖြစ်နိုင်ဘူး။ ဆေးဝါး မန္တာန်တွေများ မှီဝဲထားသလား...'' စောရ ငြိမ်သွားသည်။ ဦးသီဟစကားကို ဘယ်ကဘယ်လိုဖြေရမယ် သူမသိ။ ငယ်စဉ်ကတည်းက ယခုအချိန်ထိ သူခုန်နိုင်၊ လွှားနိုင်နေသည့် အကြောင်းအရာကို စိတ်ဝင်တစားတစ်ခါမှ မတွေးဖူးခဲ့။ ယခု ဦးသီဟပြောလာပါမှ သူသတိထားမိတော့သည်။ " ဘာကြောင့်လဲတော့ ကျွန်တော်မသိဘူး ဦးကြီး။ ဒါပေမယ့် ဒီလိုမျိုးလုပ်နိုင်နေတာက ကျွန်တော်ငယ်ငယ်ကတည်းကပဲ...'' " အင်း...ထူးတော့ ထူးဆန်းနေပါပြီကော...'' ဦးသီဟက ခပ်တိုးတိုးပြောသည်။ ထို့နောက် နှစ်ဦးသား စကားမဆိုဖြစ်ကြ။ အတွေးကိုယ်စီဖြင့် ငြိမ်သက်နေဖြစ်ကြသည်။ အတန်ကြာလေသောအခါမှ စောရက " ဪ...ဦးကြီး။ သေတ္တာထဲက ပိုက်ဆံတွေ စစ်ကြည့်ပါဦး။ သူတို့ဆီကတော့ ရသလောက်ယူလာတာ။ ပြည့်တယ် မပြည့်ဘူးတော့ ကျွန်တော်မသိဘူး...'' " ရပါတယ် တူမောင်ရယ်...။ ဒါတွေက အရေးမကြီးပါဘူး'' " ဟုတ်ကဲ့ ဦးကြီး။ ဒါဆို ကျွန်တော်ပြန်တော့မယ်...'' " ဪ...အေး...အေး...'' ဦးသီဟက ရုတ်တရက်စောရက ပြန်မည်ဆိုတာကို ယောင်နနဖြင့် ဖြေလိုက်မိသည်။ စောရသည် အရှိန်ယူ၍ ကမ်းဆီကို ပြန်ကူးရန်ပြင်လိုက်၏။ " ဟေ့...ဟေ့...တူမောင် ခဏလေး...'' စောရသည် ခုန်အံ့ဆဲဆဲ ပြုနေရာမှ ရပ်တန့်သွားသည်။

နက္ခတ်ရှင်စောရ (မတစ်ထောင် တစ်ကောင်ဘွား) အပိုင်း -၁၀ စာရေးသူ-နောင်ရိုး(ဆေးတပ်) ***** ညဥ့်နက်လှပြီ။ စောရတစ်ယောက် သစ်ပင်အောက် လှဲအိပ်နေစဉ် ထရပ်လိုက်သည်။ သူသည် ညဦးတုန်းက ထမင်းရောင်းသော တရုတ်ကြီးသျှောင်ကီးအား ပညာပေးရန်တုန့်ပြန်ရန် ဆုံးဖြတ်ထား၏။ သို့ကြောင့် တရုတ်ကြီးဆိုင်ဆီကို ဦးတည်ထွက်ခဲ့လိုက်သည်။ " ဟား...ဟား...ငါတို့တော့ ဆရာဝကြီးထောင်ကထွက်တာနဲ့ တန်းပြီးတော့ကို ပွပေါက်တိုးတာပဲဟေ...'' နားထဲဆီကို အသံတစ်ချို့ဝင်လာ၏။ သေချာစွာ နားစွင့်လေသော်...လူမိုက်တစ်စု စုဝေးကာ စကားပြောနေခြင်းပင် ဖြစ်ကြောင်း နားလည်လိုက်သည်။ ထိုနေရာအား ရှောင်သွားရန်စောရဆုံးဖြတ်ကာ လှည့်ထွက်ရန်ပြင်လိုက်သည်။ " ဒါက...အကင်းပဲ ရှိပါသေးတယ်ကွာ...'' "ယုံပါတယ် ကိုဝကြီးရယ်။ ဒါပေမယ့် ဟို ဦးသီဟဆိုတဲ့လူကြီးကတော့ ကိုဝကြီးကို ကြောက်ပြီး နောက်တစ်ခါ ဒီဆိပ်ကမ်းကို လာရဲမယ် မထင်တော့ဘူး...ဟား...ဟား...'' နားထဲဆီ ထပ်ဝင်လာသော စကားများထဲမှ ဦးသီဟဆိုသော နာမည်က စောရ၏ ခြေလှမ်းများကို နှေးတုန့်သွားစေသည်။ ထိုနေရာဆီကို အသာချည်းကပ်၍ သစ်ပင်ထက်ဆီခုန်တက်ကာ ကြည့်လေသော်...လူလေးဦး စုဝေးကာ ထိုင်နေကြသည်ကို မြင်ရ၏။ " ဆရာဝကြီးရာ...ကျုပ်ကတော့ အဲ့ဒီ့လူကြီးကို တစ်ခါတည်း သတ်စေချင်ခဲ့တာ'' "ဟကောင် ငစိုးရ။ မင်းပြောသလို သတ်ပစ်ပါပြီတဲ့...မကြာခင် ငါထောင်ထဲ ပြန်ရောက်သွားမှာပေါ့။ ဒါကြောင့် မသတ်တာ။ ဒါပေမယ့် အခုလည်း အဲ့ဒီ့လူကြီးခမျာ အသတ်ခံရတာနဲ့ အတူတူပါပဲကြာ...'' " ဘယ်လိုများလဲ...ရှင်းပြပါဦး..'' " ဟာ...တယ်ခက်တဲ့ ငါ့ကောင်တွေပါလားကွာ။ ဒီမယ်...အခု ငါတို့ဆီပါလာတဲ့ ပိုက်ဆံတွေက အဲ့ဒီ့လူကြီး တစ်သက်တာ ဈေးရောင်းခဲ့သမျှပိုက်ဆံတွေ...အဲ့ဒီတော့ကာ သူ့အနေနဲ့ နောက်ထပ်စျေးရောင်းဖို့ အရင်းမရှိတော့ဘူး။ ခွက်ဆွဲတောင်းရမ်းဖို့ပဲ ရှိတော့တယ် ဟား...ဟား...ဟား...'' " ဪ...ဟုတ်ပေသားပဲ...ဟား...ဟား...ဟား...'' လူစုဆီမှ ဟားတိုက်ရယ်မောသံများ ထွက်ပေါ်လာသည်။ စောရကတော့ ဦးသီဟဒုက္ခရောက်နေပြီဆိုသည့် အသိစိတ်ကြောင့် သူမဖြစ်မနေဝင်ပါရန်ဆုံးဖြတ်မိလေ၏။ ချက်ချင်း သစ်ပင်ထက်မှ အောက်က်ု ငြင်သာစွာ ခုန်ဆင်းလိုက်သည်။ " ဆရာဝကြီးရေ...ငွေတွေကတော့ အတော့်ကိုများတယ်နော့်။ ကျုပ်တို့တော့ ဟန်ကျသဗျာ'' " ဒါပေါ့ကွာ...ဒီငွေတွေကိုသာ ခွဲတမ်းချပြီးရင်တော့ တို့တတွေ တစ်လလောက် အေးအေးဆေးဆေးထိုင်စားရုံပဲ...'' " ကဲ...ကဲ...ဝေစုခြမ်းကြရအောင်...'' သူ့လူတစ်ချို့၏ ပြောနေကြသော စကားတို့ကို ဝကြီးပြောလာသော နောက်ဆုံးစကားက ရပ်တန့်သွားစေ၏။ ပြီးနောက် သေတ္တာအား သွန်မှောက်လေကာ ဝေပုံချရေးကို ဝကြီးဆောင်ရွက်၏။ " ဝှီး....'' " ခွပ်...!!' ရုတ်တရက် အရှိန်ပြင်းစွာလွင့်ပျံလာသော ခဲလုံးသည် ဝကြီး၏ နားရင်းအား မှန်လေ၏။ ဝကြီးလဲကျသွားရသည်။ " ဘယ်ကောင်လဲကွ...'' ဝကြီး ခဲနဲ့ အထုခံရသည်မို့ ကျန်လူများက ထရပ်ကုန်ကာ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရင်း အော်ဟစ်ဆဲဆိုကြသည်။ စောရသည် အမှောင်ထဲမှ ထိုသူများဆီကို လှမ်းထွက်လိုက်သည်။ " မင်းတို့ကို ခဲနဲ့ထုတာ ငါပဲ...'' " ဪ...လက်စသတ်တော့ မလောက်လေးမလောက်စားကောင်လေးက ငါတို့ကို ရန်လာစတာပဲ...'' ဝကြီးက ခေါင်းကို လက်ဖြင့် အုပ်ထားရင်းမှ စောရကို အံကြိတ်၍ ကြည့်ကာ ပြောလိုက်သည်။ ပြီးလျင်...တစ်ဆက်တည်း သူ့လူများအား... " ဟေ့ကောင်တွေ အဲ့ဒီ့ကောင်က်ု ဆုံးမစမ်း...'' ဝကြီး၏ စကားအဆုံး ကျန်သုံးဦးမှာ စောရထံပြေးဝင်လာသည်။ " ကျား....'' စောရကား သူ့ထံပြေးဝင်လာကြသူများကို မမှိတ်မသုန်ကြည့်နေ၏။ ထိုသူများ ခြေသုံးလှမ်းခန့်အလိုကို ရောက်လေမှ ရုတ်တရက် ဆီးကြိုကာ တစ်ဦးအား ခုန်ကန်လိုက်လေသည်။ " ဖြောင်း...'' ပြန်ကျသည့် အချိန်ဝယ် ကိုယ်ကို ငုံ့၍ မြေပြင်ဆီ၌ လှိမ့်ချလိုက်ကာ ကျန်နှစ်ဦး၏ တိုက်ခိုက်မှုမှ ရှောင်တိမ်းလိုက်လေသည်။ အကန်ခံရသူမှာတော့ မေးဖျားအား ကန်မိလေသည်မို့ နာကျင်စွာဖြင့် နံဘေးကို လည်ထွက်သွားရလေ၏။ " ဒီကောင် အခြေအနေ မဆိုးဘူး။ သိုင်းပညာတတ်ပုံပဲ...'' ဝကြီးက ကြည့်ရင်း မှတ်ချက်ပေးလေကာ " ဟေ့ကောင်တွေ သူ့ကို လက်နက်နဲ့ ချကြ...ရော့...'' ဝကြီးက သူ့လူများထံက်ု လက်နက်များ ပစ်ပေး၏။ သို့သော် စောရက လျင်မြန်စွာပင် ပြေးခုန်ဝင်၍ ထိုလက်နက်များအား ဖမ်းယူကာ အဝေးဆီ လွှင့်ပစ်လိုက်သည်။ ဝကြီးတို့မှာ စောရ၏ လျင်မြန်မှုကို မြင်သော် လွန်စွာ အံ့သြကုန်ကြ၏။ သို့သော် သူတို့အားလုံးသည် စောရကို ဝိုင်းဝန်းကာ တိုက်ခိုက်ကြလေ၏။ " ဖုန်း...ဖြောင်း...'' " ခွပ်...'' " အင့်...''

" ဒါပေမယ့် ဦးကြီးရယ်။ အခုနက သူတို့ယူသွားတဲ့ ငွေတွေက ဦးကြီးစျေးရောင်းခဲ့သမျှကာလပတ်လုံးက ငွေတွေလေ...ဦးကြီးရဲ့ ကျေးဇူးကို ကျွန်တော် ဘယ်လိုပြန်ဆပ်ရမယ်တောင် မသိတော့ပါဘူး'' ဖိုးထောင်က သူ့အသက်နှင့် ကိုယ်ပိုင်ငွေများကို လဲရဲခဲ့သော ဦးသီဟအပေါ်ကို စိတ်မကောင်းဖြစ်မိသောကြောင့် ပြောလေသည်။ " ဟား...ဟား...ဖိုးထောင်ရယ်။ မင်းငါ့အတွက် စိတ်မကောင်းမဖြစ်ပါနဲ့ကွာ။ ငွေနဲ့ အမွေဆိုတာ ထိုက်သူသာ စံရတာပါ။ အဲ့ဒီ့ငွေတွေက ငါနဲ့ ထိုက်ရင် ငါ့ဆီပြန်ရောက်လာလိမ့်မယ်။ ငါနဲ့ မထိုက်ဘဲ သူတို့နဲ့ ထိုက်တန်သွားတယ်ဆိုရင်ကော ငါဘာများ တတ်နိုင်မှာလဲ။ ဒီမယ်...ငါ့တူ လောကမှာ အသက်ထက်တန်ဖိုးထားရမယ့် အရာတွေများစွာရှိပေမယ့် အဲ့ဒီ့အထဲမှာ ငွေဆိုတာ မပါဘူးကွ...ကဲ...ကဲ...ညဉ့်နက်နေပြီ အိပ်တော့။ ဪ...ဒီအကြောင်းတွေကို အခြားကျန်တဲ့သူတွေ မသိစေနဲ့နော်။ သူတို့သိရင် စိတ်ဓာတ်ကျသွားကုန်ကြလိမ့်မယ်...သွား...သွား....'' ဖိုးထောင် ပေါင်းမိုးထဲ ဝင်သွား၏။ ဦးသီဟကတော့ လှေပေါ်တွင်ရပ်လျက် ကောင်းကင်ထက်က ကြယ်များဆီကို ငေးကြည့်နေလေသည်။ " အင်း...လောကလူသားတို့မည်သည်ကား အတ္တ၊ လောဘသိပ်ကိုကြီးကြပါလားကွာ...တစ်ဦးချင်းတစ်ယောက်ချင်းသာ အသိတရားရှိခဲ့မယ်ဆိုရင်တော့လည်း တို့လောကကြီးဟာ သိပ်ကို စည်ပင်ဝပြောနေမှာ အမှန်ပါပဲ...'' ဦးသီဟသည် ခပ်တိုးတိုးညည်း၍ ပြောလေသည်။ ပြီးလျင် သူ၏ အိပ်ထောင်ထဲမှ ဆေးတံနှင့် ဆေးရွက်ထုပ်ကို ထုတ်ယူသည်။ ဆေးတံအား ဆေးချေး( ဂျေး) ခါ၏။ ပြီးလျင်...ဆေးအရွက်အသစ်ဖြည့်၍ တစ်ရှိုက်ချင်း ဖွာရှိုက်နေလေတော့သည်။ ဆက်ရန်။ နောင်ရိုး(ဆေးတပ်)

သူတို့ကား လှေဝမ်းထဲတွင် ရ်ှနေသည်မို့ အလုံကာထားသော ပေါင်းမိုးကြောင့် အပြင်ကို မမြင်နိုင်။ " ဒါလူစိမ်းဖြစ်ရမယ်ကွ...ပုံမှန်ဟိုကောင်တွေ ပြန်လာနေကျ အချိန်မဟုတ်ဘူး။ သူခိုးပဲ ဖြစ်နိုင်တယ်'' ဦးသီဟက အချိန်ကို မှန်းဆရင်းဆိုလေသည်။ ပုံမှန်သာ လှေအလုပ်သမားများ ပြန်လာခဲ့မည်ဆိုပါက မူးရုးလာကြသည့်အတွက် သူတို့ဆိုသော စကားများကို အဝေးကပင် ကြားရတတ်သည်။ ယခုမူကား တိတ်ဆိတ်လျက်...။ " ရေမျောတုံးတွေ၊ ဘာတွေ တိုက်တာလဲ ဖြစ်နိုင်ပါတယ် ဦးကြီးရ။ နေဦး... ကျုပ်သွားကြည့်လိုက်မယ်...'' ဖိုးထောင်က ပြောပြောဆိုဆိုပင် ပေါင်မိုးအပြင်ကို ထွက်သွား၏။ အတန်ကြာသည်အထိ ဖိုးထောင်ပြန်ပေါ်မလာ။ " ဖိုးထောင်ရေ...ဖိုးထောင်...'' ဦးသီဟတစ်ယောက် ဖိုးထောင်အား အော်ခေါ်လျက် ပေါင်းမိုးထဲမှ အထွက်... " ဟေ့လူ...မလှုပ်နဲ့ ငြိမ်ငြိမ်နေစမ်း...'' လူတစ်ယောက်၏ ချုပ်ကိုင်ခြင်းကို ခံလိုက်ရလေပြီး လည်ပင်းဆီ၌ ဓားဖြင့် အထောက်ခံလိုက်ရလေသည်။ လှေပေါ်တွင်တော့ ဖိုးထောင်အား လူသုံးဦးက ဖမ်းဆီးထားလေသည်။ " မင်းတို့ဘယ်သူတွေလဲ...'' လည်ပင်းကို ဓားထောက်ထားသော်လည်း ဦးသီဟ၏ အသံကား တည်ငြိမ်လျက်...။ " အေး...ခင်ဗျားအနေနဲ့ ကျုပ်တို့ဘယ်သူတွေလဲဆိုတာ မသေသေးခင်တော့ သိသင့်တာပေါ့။ ဒီမယ်...ကျုပ်ခင်ဗျားကို ပြောပြမယ်။ ကျုပ်နာမည်က လူမိုက် ဝကြီး။ အရင်က ဒီဆိပ်ကမ်းတစ်ကြောမှာ ကျက်စားတယ်။ မနေ့က ကျုပ်ထောင်ကလွတ်တယ်။ လွတ်လွတ်ချင်း ဟော့ဒီ့ဆိပ်ကမ်းမှာ ခင်ဗျားက စျေးသည်အချင်းချင်း ဗိုလ်ကျရောင်းပြီး ပိုက်ဆံတွေတအားပေါနေတယ်ဆိုကြားလို့ ကျုပ်လာပြီး ဓားပြတိုက်တာပဲ...'' လူမိုက်ဝကြီးက ဦးသီဟအား ဓားထောက်လျက် ပြောလေသည်။ " ဪ...လက်စသတ်တော့ မင်းတို့က ဓားပြတိုက်နေတာကိုး...'' " ဟုတ်တယ်...ဓားပြတိုက်နေတာ။ ခင်ဗျားမှာ ရှိတဲ့ငွေအားလုံး ထူတ်ပေးရင်ပေး...မပေးရင်တော့ နှစ်ယောက်လုံး သေဖို့သာပြင်...'' " မင်းတို့လည်း အတ္တသမားတွေပါလားကွာ...'' " ဟေ့လူ...သောက်စကားမရှည်နဲ့။ ရှိတာထုတ်ပေး။ မပေးရင် ဟောဟိုက ခင်ဗျားကောင်လေးကို သတ်ပြီး အလောင်းရေထဲ မျှောလိုက်မယ်'' ဝကြီးကား ဦးသီဟကို ခြိမ်းခြောက်သည်။ " ကောင်းပြီလေ...မင်းတို့ကို ငါငွေအားလုံး ထုတ်ပေးမယ်။ ငါ့လူတွေကိုတော့ လက်ဖျားနဲ့တောင် မထိနဲ့...'' " ကြိုက်ပြီလေ...ခင်ဗျား ကတ်ိတော့ တည်ပါစေ...'' " ငါ့ဘဝမှာ ကတိဆိုတဲ့အရာကို အသက်ထက် တန်ဖိုးအထားဆုံးပဲ'' ဦးသီဟသည် ဝကြီးတို့ကို ဦးဆောင်၍ ပေါင်းမိုးထဲဆီဝင်သွား၏။ တအောင့်ကြာသော် အထဲက ဝကြီးတို့သည် သံသေတ္တာငယ်တစ်လုံးအား ကိုင်လျက် ပြန်ထွက်လာလေ၏။ " ဟေ့ကောင်တွေ...ကောင်လေးကို လွှတ်ပေးလိုက်တော့...'' ဖိုးထောင်ကို ဖမ်းထားသော သူများက လွှတ်ပေးလိုက်လေသည်။ " သွားကြမယ်...'' ဝကြီးတို့သည် နံဘေးတွင် ကပ်ထားသော သူတို့၏ လှေငယ်ပေါ်ကို ခုန်ဆင်းကြလေကာ လှေငယ်အားလှော်၍ ထွက်သွားလေကြသည်။ လှေကြီးပေါ်တွင်တော့ ဦးသီဟနှင့် ဖိုးထောင်တို့ကား ဝကြီးတို့ကို မျက်စိတစ်ဆုံးလှမ်းကြည့်နေကြလေသည်။ " ကျွန်တော့်အသက်ကို ကယ်ပေးလို့ ကျေးဇူးတင်ပါတယ် ဦးကြီးရယ်။ ကျွန်တော်က အစကထင်မိခဲ့တာ ဦးကြီးက ငွေတွေနဲ့ ကျွန်တော့်အသက်ကိုမှ ငွေကိုပဲ ရွေးမယ်ထင်ခဲ့မိတာ...ဦးကြီးငွေတွေက မနည်းမနောပဲလေ...ကျွန်တော်အဲ့ဒီအတွက် ဦးကြီးကို တောင်းပန်ရှိခိုးပါရစေ...'' ဖိုးထောင်ကား ဦးသီဟကို ထိုင်ရှိခိုးဟန်ပြင်သည်။ " နေ...နေ ဖိုးထောင်။ ထ...ထ...'' ဦးသီဟက ဖိုးထောင်ကိုအမြန်တားမြစ်လိုက်၏။ ပြီးလျင်... " ဒီမယ် ဖိုးထောင်။ မင်းတွေးတဲ့အတွေးက မမှားပါဘူး။ မင်းနေရာမှာ ငါသာဆိုလည်း အဲ့ဒီ့လိုတွေးမိမှာပဲ။ ဒါပေမယ့် ငါတွေးမိခဲ့တာကို မင်းကိုပြောပြမယ်။ ငွေနဲ့ မင်းနဲ့က ငါ့အတွက် မနှိုင်းယှဉ်အပ်တဲ့ အရာကွ။ တို့ဘုရားရှင်ဟောဖူးတဲ့ ခင်ပွန်းကြီးဆယ်ပါးဆိုတာမှာ ငွေဆိုတာ မပါဘူး။ မိတ်ကောင်းဆွေကောင်းပဲ ပါတယ်။ မင်းက ငါနဲ့ သွေးမတော်၊ သားမစပ်ပေမယ့် အမြဲတမ်း ဒိုးတူပေါင်ဖက် ရုန်းကန်တယ်။ ပေးဆပ်တယ်။ အလုပ်တာဝန်တွေကို ကျေပွန်တယ်။ အပေါ်ယံကြည့်ရက်တော့ မင်းက ငါ့အလုပ်သမားပဲ။ အင်း...တကယ်တမ်းသေချာကြည့်ရင်တော့ မင်းဟာ ငါ့အတွက် ခင်ပွန်းကြီးဆယ်ပါး တစ်ပါးဝင်တဲ့ မိတ်ကောင်းဆွေကောင်းပါ။ နောက်တစ်ခုက သူတို့က မင်းကို သတ်ပြီးရင်လည်း ငါ့ကို ထပ်သတ်လိမ့်ဦးမှာပဲ။ သတ်ပြီးတဲ့အခါ လိုချင်တာတွေယူမယ်။ ပြီးရင် လှေကိုဖျက်ဆီးမယ်။ ဘာကြောင့်လဲဆိုတော့ ပြဿနာရဲ့ အဓိက အကြောင်းအရင်းက သူတို့လိုချင်တာ ငွေလေ...အဲ့ဒီ့တော့ သူတို့လိုချင်တဲ့ ငွေကို ငါကြည်ကြည်ဖြူဖြူပေးလိုက်တယ်။ ပြဿနာက အေးအေးဆေးဆေးပဲ ပြီးသွားတယ်။ ငါတို့အသက်တွေကျန်တယ်။ လှေပေါ်မှာ ပစ္စည်းတွေကျန်တယ်။ လူမသေငွေမရှားပါကွာ...ပစ္စည်းတွေ အကောင်းအတိုင်းကျန်နေသေးတဲ့အတွက် ငါတို့ မနက်ဖြန်တွေတိုင်းမှာ စျေးရောင်းနေလို့ ရပါသေးတယ်''