uk
Feedback
ပရလောက ဝတ္ထုများနှင့် အခြားဝတ္ထုများ စုစည်းမှု့

Відкрити в Telegram

Показати більше
4 311
Підписники
+824 години
+907 днів
+36730 день
Архів дописів
ကိုယ်ရေးထားတဲ့ ဝတ္ထုလေးတွေ တင်ချင်တာပဲဖြစ်ဖြစ် အပျင်းပြေ ဝင်ဖတ်ချင်တာပဲ ဖစ်ဖစ် join ထားပါ ဝတ္တုတင်မဲ့သူတွေကိုတော့ admin ခန့်ပေးပါမယ် https://t.me/zerochannelpaper

ချန်နယ်ထဲက ဝတ္ထုတိုရှည် အပိုင်းဆက်များ ရေးတာ ဝါသနာပါတဲ့သူများ ရှိသလားဗျာ ရှိရင် ဖန်လေးတွေ ရေးထားတဲ့ ဝတ္ထုတိုရှည် အပိုင်းဆက်တွေ ကိုယ်ပိုင်ကလောင်နဲ့ တင်လို့ရတဲ့ ချန်နယ်လေး လုပ်ပေးချင်လို့ ဝါသနာရှင်များ ရှိပါသလားဗျ

ီး mytel လိုင်းကွာ စုတ်ပျက်သက် ဘာမှလုပ်မရဘူး စာတင်တာတောင် အပိုဒ်တွေက ဗြောက်သောက် စာတင်ရတာတောင် စိတ်ပါပျက်လာပြီ

"ဟာ...တော်ပါ....တော်ပါကွာ...ငါတို့ထင်သလိုမဟုတ်မှ ဆယ်ချက်မက ချုပ်နေရမယ်ဟ..". စံရွှေက အဲ့လို အရွက်ဖောက်လိုက်တော့ အိုးစည်နဲ့ လှဖြိုးတို့ တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ရယ်မောလိုက်ကြပါလေတော့သည်။ ဒါနဲ့ပဲ....သူတို့သုံးယောက်လည်း လယ်စောင့်တဲက မီးပုံလေး ဘေးမှာပဲပြန်လည် အိပ်ခဲ့ကြသည်။ သူတို့အိပ်နေတဲ့ နေရာလေးမှာတော့ သရက်သီးလေးကို အားရပါးရ ကိုက်စားနေတဲ့ ကလေးတစ်ယောက်လည်းရှိသည်။သူကတော့ ..မောင်ကံကောင်း။ အရူးတေလေနှင့်မောင်ကံကောင်းဇာတ်သိမ်းပိုင်းလေးက တော့ဒီမှာတင်ပဲ အဆုံးသတ်ပါပြီခင်ဗျာ....နောက်လာမယ့် စာစဥ်လေးမှာတော့ ..အရူးတေလေ ခိုင်းတဲ့တာဝန်တစ်ခုအနေနဲ့...သေဆုံးသွားတဲ့ ကိုသာမောင်ရဲ့ဇနီး....မောင်ကံကောင်း ရဲ့ အမေရှိရာ အိုးစည်တို့သွားရောက် ကြမှာဖြစ်ပါတယ်..အဲ့ဒီအချိန်မှာပဲ စောမြအေးကို ဘယ်လို ဘယ်ပုံနဲ့ တွေ့ကြရမလည်း ဆိုတာကတော့ ..... အရူးတေလေ နှင့် သစ်စိမ့်ကုန်းရွာမှ စောမြအေး ဆိုတဲ့ စာစဥ်၃၇ မှာ ဆက်လက်အားပေးကြဖို့မမေ့ပါနဲ့နော်.... အားပေးသူတိုင်းကို လေးစားချစ်ခင်လျက် ဘုဏ်းမင်းနိုင်

"ကဲ ..မြင်ပြီမလား သနားစရာ ကလေးလေး..သူတို့က သရက်သီးကို ကိုင်ရပြီး..အသင်သည်ကား ထိကိုင်မရချေ...ဒါသည်ကား အဖြေပဲ....သေပြီးသောသူတိုင်း ဒီလိုပဲ ဘယ်အရာကိုမှ ထိတွေ့ ပိုင်ဆိုင်ရယူခွင့်မရှိတော့ဘူးကွဲ့...အခု..သင့်အား ပြီးခဲ့တဲ့ အတိတ်ကို ငါဘုရင်ပြမယ်..ကြည့်ပေရော့ကွယ် " အရူးတေလေက မောင်ကံကောင်းလေးရဲ့ ဦးခေါင်းထိပ်ကို လက်နဲ့ ရွယ်မိုးအုပ်လိုက်သည်။ ချက်ချင်းဆိုသလို မောင်ကံကောင်းလေးရဲ့ ရှေ့မှာ မြင်ကွင်းတစ်ခု ပေါ်လာသည်။ မောင်ကံကောင်းလေးက လယ်ကွင်းထဲမှာ ပြေးလွှားနေပြီး လူတိုင်းကို သရက်သီးခူးပေးဖို့ တောင်းဆိုနေသည်။ စံလှ၊ သံချောင်း၊ လူမော်၊ ဒေါ်အေးမူ...အားလုံးကကူညီဖို့ ငြင်းပယ်နေကြသည်။ "သား...သား သူတို့ကို သရက်သီးခူးပေးဖို့ တောင်းတာပဲ...ဒါပေမယ့် ဘယ်သူမှ မခူးပေးဘူး" မောင်ကံကောင်းလေး ငိုသံနဲ့ ပြောလိုက်သည်။ "အေး...ဒါပေမယ့် မင်း ဘယ်လိုလုပ်ခဲ့တာလည်း ကြည့်" အရူးတေလေက သရက်ပင်ကို လက်ညှိုးထိုးပြလိုက်တော့ မောင်ကံကောင်းလေး သရက်ပင်ပေါ်ကို တက်နေတာကို မြင်လိုက်ရသည်။ သူ့ခြေထောက်လေးတွေ တုန်တုန်ယင်ယင်နဲ့ အကိုင်းတွေကို ဆုပ်ကိုင်ရင်း တက်သွားသည်။ "သား...သား သရက်သီးခူးမယ်...သားဘာသာခူးမယ်" မောင်ကံကောင်းလေး သရက်သီးတစ်လုံးကို လှမ်းဆွဲလိုက်သည်။ ဒါပေမယ့် သူ့ခြေထောက်က စိုစွတ်နေတဲ့ အကိုင်းပေါ်မှာ ချော်သွားသည်။ "အား...." သူ့ခန္ဓာကိုယ်လေးက အောက်ကို ဗုန်းကနဲ ပြုတ်ကျသွားသည်။ ခေါင်းနဲ့ မြေပြင်ကို ထိလိုက်တဲ့အခါ သွေးတွေ စီးကျလာသည်။ သူ့မျက်လုံးတွေ မှိတ်သွားပြီး ဘာမှ မလှုပ်ရှားတော့ပါ။ "ဒါ...ဒါ သားလား...သား က ဘယ်လို ဖြစ်သွားတာလည်း" မောင်ကံကောင်းလေး အသံက တုန်တုန်ယင်ယင် ဖြစ်သွားသည်။ သူ့မျက်လုံးတွေက ကျယ်လာပြီး ကြောက်လန့်နေသည်။ "ဆက်ကြည့်စမ်း...နောက်ထပ် ဘာဖြစ်သွားလဲ" အရူးတေလေက ဆက်ပြောသည်။ မြင်ကွင်းထဲမှာ သံချောင်းနဲ့ စံလှတို့ ပြေးလာပြီး မောင်ကံကောင်းလေးကို တွေ့တော့ အော်ဟစ်ငိုကြွေးကြသည်။ သူတို့ မောင်ကံကောင်းလေးကို ပွေ့ချီပြီး ကိုသာမောင့်ဆီ ပြေးသွားကြသည်။ ကိုသာမောင့်လယ်ကွင်းကို ရောက်တော့ ကိုသာမောင်က ရေမြောင်းဘေးမှာ လဲနေပြီဖြစ်သည်။ သူ့တစ်ကိုယ်လုံး ပြာနှမ်းနေပြီး ခန္ဓာကိုယ်က အေးစက်နေသည်။ "အဖေ...အဖေလည်း..." "ဟုတ်တယ် မောင်ကံကောင်း...မင်းအဖေ ကိုသာမောင်လည်း ပိုးထိပြီး သေဆုံးသွားပြီ...သူဆုံးတာ မင်းအရင် ပဲ ကွဲ့" မောင်ကံကောင်းလေး မျက်ရည်တွေ စီးကျလာသည်။ သူ့ခြေထောက်တွေ ယိုင်လဲသွားသလိုဖြစ်ပြီး မြေပေါ်မှာ ဒူးထောက်ကျသွားသည်။ "သား...သားက တကယ်ကြီးသေ သွားတာလား...ပြီးတော့ ....အဖေ...အဖေကရော သားဆီ မလာတော့ဘူးလား" "​ညီလေးအဖေ မလာနိုင်ပေမယ့်...ညီလေးသူ့ဆီသွားလို့ရပါတယ်...ပြီးတော့ ညီလေး အမေကိုရောမတွေ့ချင်ဘူးလား " "အမေ....ဟုတ်တယ်....သားမှာ အမေလည်း ရှိတယ်.. ဒါနဲ့..သားအမေ....သားအမေ ဆီ လည်း သွားချင်တယ်... ပြီးတော့ သား အဖေရယ် အမေရယ် နဲ့ အတူတူ ပြန်နေချင်တယ်... " အိုးစည်စကားကို မောင်ကံကောင်းလေးက အဲ့ဒီလို ပြောလိုက်တဲ့ အချိန်မှာပဲ အရူးတေလေက ညင်သာစွာ ခေါင်းညိမ့်လိုက်ရင်း... "ကဲ ....ငါ့စစ်သည်...ဒီတာဝန်ကို ယူချေရော့ကွယ်...မောင်ကံကောင်း....ငါဘုရင် ပြန်မကြွခင် သင်လိုချင်တာ ဘာရှိသေးလည်း" " သား...သားက အခုထိ သရက်သီးမစားရသေးဘူး...သားစားချင်တယ်" "အို...ဒါလား....ရတာပေါ့ကွယ်....ကဲ ငါ့စစ်သည်.... သရက်သီး ငါဘုရင်ကို ပြန်ပေးချည်ကွယ်" အရူးတေလေ ပြောလိုက်တော့ အိုးစည်က သရက်သီးကို ပေးလိုက်၏...ဒီမှာပဲ အရူးတေလေက မန္တာန်တစ်ပုဒ်ကို ရွတ်ဆိုလိုက်လေရာ ရုတ်ချည်းဆိုသလို အရူးတေလေ၏ လက်ဝယ်၌ ရှိသောသရက်သီး မှည့်က အရောင်ဖျော့တော့တော့ဖြစ်သွားခဲ့သည်။ "ကဲ... မောင်ကံကောင်း...အခု သင်စားလို့ ရပြီ...ယူချေရောကွဲ့" အရူးတေလေက မောင်ကံကောင်းလက်ထဲ ဖျော့တော့တော့ သရက်သီးအားပေးလိုက်သည်။ဒီတစ်ခါတော့ မောင်ကံကောင်းမှာ ဝမ်းသာအားရ သရက်သီးအား လှမ်းယူလိုက်သည်။ဒီတော့ မှ အရူးတေလေလည်း...စံရွှေနဲ့ လှဖြိုးတို့ကို ကြည့်ကာ... "ဟီးဟီး...တောက်မဲ့ မီးတောက်နှစ်ခု.... ငါ့စစ်သည် ပြုစုလိုက်ပြီပဲကွယ်...ကောင်းလေစွ...ကောင်းလေးစွ...အခုက စပြီး သင်တို့ နှစ်ယောက်ကို လည်း ငါဘုရင် စောင့်ရှောက်မယ်ဟေ့ " အရူးတေလေက ထိုကဲ့သို့ပြောလိုက်ပြီး တစ်ဆက်တည်းမှာပဲ စံရွှေနဲ့ လှဖြိုးကို ခေါင်းတစ်ချက်စီပုတ်ကာ...အိုးစည်အား... မောင်ကံကောင်းကို သူ့အဖေ ရှိတဲ့ အရပ် ခေါ်သွားစေပြီး....သူ့အမေ ကိုယ်တိုင် ကောင်းမှု့လုပ်ပေးမှ သားအဖ နှစ်ယောက်လုံး ကျွတ်မည်ဟူ၍ ပြောကာ....လယ်ကွင်းတွေကြားခုန်ပေါက်ရင်း တဖြည်းဖြည်းနဲ့ ပျောက်ကွယ်သွားပါလေတော့သည်။ စံရွှေနဲ့လှဖြိုးကတော့ အရူးတေလေ၏ စကားကို ကြားရတော့ ဝမ်းသာအားရ ဖြစ်နေကြသည်။ဒီမှာပဲ အိုးစည်ကလည်း သူတို့အား ဂုဏ်ယူသလို ကြည့်လိုက်ရင်း.... "ကြည့်ရတာ.... အရှင်မင်းကြီးက မင်းတို့ကို လက်ခံ သွားပြီ ထင်ပါရဲ့ ကွာ....". "အေး... ဟုတ်မယ်ကွ....ငါတို့လည်း ပျော်တယ်...အရှင်မင်းကြီးက ခေါင်းပုတ်သွားတာ အစွမ်းပေးသွားတာ ထင်တယ်နော် အိုးစည်". "ဟားဟားဟား....စံရွှေ.... မင်းကတော့ကွာ.. အစွမ်းရှိမရှိသိချင်ရင်....သရက်ပင် ခေါင်းနဲ့ပြေးတိုက်ကြည့်ပေါ့ကွ"

တဖြည်းဖြည်းနဲ့ ညကအတော်လေး နက်လာချေပြီ။ အိုးစည်တို့ သုံးယောက်ကတော့ မီးပုံဘေးမှာပဲ အိပ်ပျော်လျက်ရှိနေတဲ့ အချိန်မှာပဲ တော့ သရက်ပင်ကြီးရဲ့ အကိုင်းအခက်တွေကြားက ကလေးတစ်ယောက်ရဲ့ အရိပ်လေး ထွက်လာသည်။ ထိုကလေးသည်ကား သေဆုံးသွားတာ ၁နှစ်ကျော်ပြီ ဖြစ်တဲ့ မောင်ကံကောင်းပင်ဖြစ်သည်။မောင်ကံကောင်းက ထုံးစံအတိုင်း အိပ်နေတဲ့အိုးစည်တို့ အနားကို လာကာ... "ကိုကြီးတို့...သားကို သရက်သီးခူးပေးပါဦး" ထိုအသံကြားသည်နှင့် အိုးစည်တို့ လည်း အိပ်ပျော်နေရာမှ နိုးလာကာ မောင်ကံကောင်းလေးကို ကြည့်လိုက်သည်။ သူ့တို့ရှေ့မှာ ဖြူဖြူဖျော့ဖျော့ အရောင်အသွေးနဲ့ မောင်ကံကောင်းလေး ရပ်နေသည်။ သူ့ မျက်နှာလေးပြာနှမ်းပြီးသနားစရာဖြစ်၍ နေသည်။ "ကိုကြီး...သားကို သရက်သီးခူးပေးပါဦး" မောင်ကံကောင်းလေးက ကလေးဆန်ဆန် အသံမျိုးနဲ့ တောင်းဆိုလာသည်။ ဒီတော့ထုံးစံအတိုင်းအိုးစည်တို့လည်း သူနောက်ကို လိုက်ခဲ့ကြရာ...မနေ့ညက လိုပဲ မောင်ကံကောင်းလေး သရက်ပင်နားအရောက် ပျောက်ကွယ်သွား ပြန်သည် ။တစ်ဆက်တည်း သရက်ပင်ခွဆုံမှာ ပြန်ပေါ်လာပြီး သရက်သီးတစ်လုံးကို ခုန် အခူး ပြုတ်ကျလေ၏။တစ်ဖန် မြေပြင်ပေါ်မှာ လူးလိမ့်ကာသွေးတွေ စီးကျရင်း ပျောက်ကွယ်သွားသည်။ ပြီးနောက် အိုးစည်တို့အနောက်မှာ ပြန်ပေါ်လာပြီး...ဒီတစ်ခါတော့ အစောကလို မဟုတ်တော့ပဲ ခေါင်းကနေ သွေးတွေ စီးကျ၍ နေသည်။ "ကိုကြီးတို့....သားကို သရက်သီးခူးပေး" မောင်ကံကောင်း၏ အသံသည် ခြောက်ကပ်အက်ကွဲ ၍ ကြေ ကွဲ စရာကောင်းလှသည်။သူ့ရဲ့ပုံစံက သာမာန်လူတို့အဖို့ ကြောက်လန့် စရာဖြစ်နေပေမယ့်... အိုးစည်တို့သုံးယောက်ကတော့ ကြောက်စိတ်မဖြစ်ပဲ သနားနေမိသည်။ "ကိုကြီး...သားကို.... သရက်သီး ခူးပေးလို့..." "အေး....ခန.... ကိုကြီးခူးပေးမယ်... " အိုးစည်လည်း ထိုကဲ့သို့ပြောလိုက်ပြီး တစ်ဆက်တည်းမှာပဲ အနီးနားက ကျောက်ခဲတစ်လုံးယူကာ လရောင်အောက်မှာ မြင်နေရတဲ့ သရက်သီးမှည့်တစ်လုံးအား ပစ်ချလိုက်၏။ငယ်စဥ်ကတည်းက ထွေပစ် လက်တည့်တဲ့ အိုးစည်အဖို့ ကျောက်ခဲနဲ့သရက်သီး လှမ်းပစ်တာက ခက်ခဲလှသည်တော့ မဟုတ်ပေ။အဲ့တာကြောင့်ပဲ အိုးစည်ပစ်လိုက်တဲ့ ခဲထိမှန်ပြီး သရက်သီးမှည့်တစ်လုံးအောက်ကို ပြုတ်ကျလာခဲ့သည်။ဒီမှာပဲ စံရွှေက ကျလာတဲ့သရက်သီးကို ပြေးကောက်လိုက်ရင်း အိုးစည်အားပေးလိုက်သည်။ဒီမှာပဲ အိုးစည်လည်း... "မောင်ကံကောင်း...ဒီသရက်သီးက မင်းအတွက်ပဲ" အိုးစည်က သရက်သီးကို မောင်ကံကောင်းလေးရှေ့မှာ ကမ်းပေးလိုက်ရင်းစကားဆိုလိုက်တော့မောင်ကံကောင်းလေးရဲ့ မျက်လုံးလေးတွေ တောက်ပသွားပြီး ဝမ်းသာအားရ သရက်သီးကို လှမ်းယူလိုက်သည်။ ဒါပေမယ့်... သူ့လက်ချောင်းလေးတွေ သရက်သီးကို ထိလိုက်တဲ့အခါ သရက်သီးကို သူ့လက်က ဖြတ်ကျော်၍ သွားသည်။ ဒါနဲ့ပဲ မောင်ကံကောင်းလေး ထပ်ကြိုးစားပြန်သည်။ ဒါပေမယ့် သူ့လက်တွေက သရက်သီးကို ဖြတ်သွားသလိုပဲ။ ထိကိုင်လို့ မရတော့တာမြင်ရတော့ သူအတော်လေးကို အံ့ သြသွားပြီး... "ဘာ...ဘာဖြစ်တာလည်း...သား သရက်သီးကို ကိုင်လို့မရဘူး" မောင်ကံကောင်းလေးရဲ့ အသံက တုန်တုန်ယင်ယင် ဖြစ်သွားသည်။ သူ ထပ်ထပ်ကြိုးစားပေမယ့် သရက်သီးက သူ့လက်ထဲ ရောက်မလာ ချေ။ သူ့လက်တွေက သရက်သီးကို အကြိမ်ကြိမ် ဖျက်၍ နေသည်။ "ကိုကြီး...သား...သား ဘာဖြစ်နေတာလည်း...သား သရက်သီးကို ကိုင်လို့မရဘူး...သားလက်တွေ ဘာဖြစ်နေတာလည်း" မောင်ကံကောင်းလေး သူ့လက်တွေကို ကြည့်လိုက်သည်။ သူ့လက်တွေက ဖြူဖြူဖျော့ဖျော့ ရှိနေသည်။ဒီမှာပဲ အိုးစည်က သနားစိတ်နဲ့ ကြည့်လိုက်ပြီး ညင်သာစွာ ပြောလိုက်သည်။ "မောင်ကံကောင်း...မင်း သေဆုံးသွားပြီ...ဒါကြောင့် မင်း ဒီသရက်သီးကို ကိုင်လို့မရတာ" "ဟာ...သား...သားက ဘာလို့သေရမှာလည်း သား မသေဘူး...သားအသက်ရှင်တယ်...သားအဖေလည်းလယ်ထဲမှာ အလုပ်လုပ်နေတာလေ...ခနကြာရင် သူသားကို လာခေါ်မှာပါ...အခုတော့ ..သား သရက်သီးစားချင်တယ်" မောင်ကံကောင်းလေးက အဲ့လိုပြောလိုက်တော့ အိုးစည်တို့သုံးယောက်လည်း သက်ပြင်းအကြိမ်ကြိမ် ချရင်း ဘာဆက်ပြောရမှန်းမသိဖြစ်နေတဲ့ အချိန်မှာပဲ ....သူတို့ရှိရာ အနီးကို လူတစ်ယောက် ခုန်ပေါက်၍ ရောက်လာသည်။ သူ့ကို မြင်သည်နှင့် အိုးစည်တင်မက...စံရွှေနဲ့ လှဖြိုးပါ ..ပါးစပ်အဟောင်းသားဖြစ်ခဲ့ကြသည်။အကြောင်းကတော့ ထိုသူမှာ အရူးတေလေ ဖြစ်ပြီး သူတို့အနားရောက်ရောက်ချင်းမှာပဲ ...မောင်ကံကောင်းကို ကြည့်ကာ "အို....သနားစရာကောင်းတဲ့ကလေးလေး...သင်ကား သေခဲ့ပြီလေကွယ်....ဘယ်အတွက်ကြောင့်မသိရတာလည်း " "ဟင့်အင်း....ဟုတ်ဘူး....သားက ဘာလို့သေမှာလည်း...သားက ဟိုတဲလေးမှာ အဖေနဲ့ အတူလိုက်လာတာ...အခုက သရက်သီးစားချင်လို့ လာတာပါ" "ဟူး..သနားစရာကလေးလေး...ကောင်းပြီကွယ်....ဒါဆိုလည်း ငါ့စစ်သည်လက်ထဲက သရက်သီးကို ယူ၍ စားလေ " "သား...သား...ယူလို့မရဘူး" "အင်း....အဲ့တာအဖြေပဲ...ငါဘုရင်သက်သေပြမယ်.... ကဲ ငါ့စစ်သည် လက်ထဲက သရက်သီး ငါဘုရင် လက်ဝယ်ထည့် စမ်းဟေ့" အရူးတေလေပြောလိုက်တော့အိုးစည်က အရူးတေလေ လက်ထဲ သရက်သီး ထည့်ပေးလိုက်၏။ ဒီအခါမှာပဲ အရူးတေလေ က သရက်သီးအား အိုးစည်အား​ပြန်လည်ပေးလိုက်သလို အိုးစည်မှတစ်ဆင့် စံရွှေနဲ့ လှဖြိုးတို့ကို လည်း လက်ဆင့်ကမ်းပေး လိုက်သည်။

သွားလိုက်သည်။ အရွယ်စုံ အမွှေးအမျှင် ထူထပ်နေတဲ့ မည်းမည်းနက်နက် အကောင်ကြီးတွေက အိုးစည်ကို ဂရုမစိုက်ပဲ သူတို့ အလုပ်ကို ဆက်လုပ်နေသည်။ဒီအချိန်မှာပဲ အိုးစည်က လယ်ကွင်းတစ်ခုထဲ ဆင်းကာ...စပါးပင် တစ်ပင်ကို ဆွဲ နူတ်လိုက်သည်။ အဲ့ဒီအချိန်မှာပဲ အစောက သူ့ကို ဂရုမစိုက်တဲ့ သရဲကြီးတွေက...သူ့ဘက်ကို ခပ်စိမ်းစိမ်း မျက်လုံးကြီးတွေနဲ့ လှည့်ကြည့်လာပြီး လက်ကြီးတွေ ဆန့် ကာ လျှာတွေ ကို ထုတ်ပြပြီး အသံနက်ကြီးတွေနဲ့ အော်ကာ ခြောက်လန့်ကြသည်။ "ဟီး.ဟီး..ဟီး...ဟီး...ထွက်သွား....ထွက်သွားစမ်း...." "အောင်မာ....ထွက်သွားရမှာ ခင်ဗျားတို့...လူတွေပိုင်တဲ့ လယ်တွေမှာနေပြီး...သူတို့ကို ညဘက် လယ်လုပ်မရအောင် ခြောက်လန့်နေကြတာ ဘာသဘောလည်း " အိုးစည်က လေသံမာမာ အာဏာပြင်းပြင်း ဟိန်းဟောက်လိုက်တော့ သရဲကြီးတွေ ထဲက အကြီးဆုံးအကောင် က စိတ် တိုလာပြီး...သူ့ရဲ့ ချွန်ထက်နေတဲ့သွားများကို ပေါ်အောင် ကြီးမားတဲ့ ပါးစပ်ကြီးကို ဖြဲ၍ စကားဆိုလာသည်။ "မင်း..မင်းလိုကလေးကများ....ငါတို့ကို မောင်းထုတ်မယ်ပေါ့.... မင်းအစွမ်းရှိရင် လုပ်ကြည့်စမ်း.... လုပ်ကြည့်စမ်းပါကွ...ဟားဟားဟား" သရဲကြီးတွေထဲက ခေါင်းဆောင်ဖြစ်တဲ့ အကောင်ကြီးက အသံနက်ကြီးနဲ့ ပြောဆိုရင်း သူ့နောက်က အမွှေးထူထူ အကောင်ကြီးတွေနဲ့ အတူ လက်ကြီးတွေ ဆန့်ကာ အိုးစည် အနား တိုးကပ်လာကြသည်။ အဲ့ဒီအချိန်မှာပဲ အိုးစည်က ဣစ္ဆာသယ ဓားကို အနားတိုးကပ်လာတဲ့ သူတို့အားလုံးဆီ ထိုးလိုက်ရင်း.... "ဣစ္ဆာသယ.. အချုပ် " အိုးစည်အမိန့်ပြန်လိုက်တာနဲ့ ဓားထိပ်ကနေ ရွှေရောင် အလင်းတန်းကြိုးတွေ ထွက်လာပြီး သရဲကြီးတွေအားလုံးကို တင်းကျပ်စွာ ချည်နှောင်လိုက်လေ၏။ ဒီတော့ သရဲကြီးတွေအားလုံး ခန္ဓာကိုယ်တွေ အတင်းလှုပ်ခါရမ်းပြီး အချုပ်နှောင် လွတ်အောင် လုပ်ကြလေသည်။သို့ပေမယ့်လည်း ရွှေရောင်ကြိုးများက ပို၍ တင်းကျပ်လာသည့်အတွက် သူတို့အားလုံး ရှုန်းမရပဲ ရှိနေပြီး အိုးစည်အားစားမတက် ဝါးမတက်ကြည့်နေကြတဲ့ အချိန်မှာပဲ... အိုးစည်က ဓားကို ကောင်းကင်ပေါ်မြှောက်လိုက်ရင်း.... "ဣစ္ဆာသယ....မီးစက်မိုး" အိုးစည်ထပ်ပြီး အမိန့်ပြန်လိုက်တော့...အထက်ကောင်းကင်ကနေ မီးပွင့်မိုးတွေ ရွာချလာပြီး အချုပ်နှောင်ကြိုးတွေ ဖြေနေကြတဲ့ သရဲကြီးတွေအပေါ်သို့ ကျရောက်သွားလေတော့သည်။ဒီအခါမှာတော့ သရဲကြီးတွေအားလုံး လူးလိမ့်အော်ဟစ်နေခဲ့ကြပြီး...တစ်ယောက်တစ်မျိုး အသနားခံကြတော့၏။ "အား...ပူ..ပူတယ်..." "ကြောက်...ကြောက်ပါတယ်...ငါတို့ကိုဆက်ပြီးမနှိပ်စက်ပါနဲ့.... မင်းခိုင်းတာ အကုန်လုပ်ပေးပါ့မယ် " "ကောင်းပြီ...ဒါဆိုလည်း ခင်ဗျားတို့ ဒီလယ်တွေက နေ ထွက်သွားပြီး နောက်တစ်ခါ ဒီကို ပြန်မလာဘူးလို့ ကတိပေး ...ကတိပေးမှ ခင်ဗျားတို့ကို ကျုပ်ဆက်ပြီး မနှိပ်စက်တော့ဘူး" "ပေး...ပေးပါတယ်....ငါတို့က တောထဲက နေ ...ဒီနေရာကို ရောက်လာပြီး နေကြတဲ့ သူတွေပါ...ခြောက်လန့်တာပဲ ရှိတယ် ဘယ်သူ့ကိုမှ ဒုက္ခရောက်အောင် မလုပ်ခဲ့ပါဘူး" "ကောင်းပြီ....ဒါဆိုလည်း အခုက စ ပြီး ခင်ဗျားတို့ ထွက်သွားရမယ်...ဒါနဲ့ မထွက်သွားခင် သရက်ပင်က ပြုတ်ကျသွားတဲ့ ကလေးနဲ့ လယ်တောမှာ ပိုးထိသေတဲ့ ကိုသာမောင်ကိုရော... ခင်ဗျားတို့ လုပ်လိုက်တာမလား " "ငါတို့မလုပ်ဘူး....သူတို့ဘာသာ သေတာ...ငါတို့က ညဘက်လောက်ပဲငါတို့ပျော်ပါးနေတာနှောက်ယှက်တဲ့လယ်လုပ်တဲ့ သူတွေကို ပဲ ခြောက်လန့်တာ" "ဟုတ်ပြီလေ....ဒါဆိုလည်း...ခင်ဗျားတို့ အခုပဲ ထွက်သွားလို့ ရပြီ...နောက်တစ်ခါ ဒီကို ရောက်လာတာနဲ့ ကျုပ်ကိုယ်တိုင် အပြစ်လာပေးမယ် ကြားလား" အိုးစည်က အဲ့လိုပြောလိုက်ပြီး တစ်ဆက်တည်းမှာ​ပဲ....ဣစ္ဆာသယ ...ဓားကို မြှောက်ကာ... "ဣစ္ဆာသယ....အားလုံးပြန်ဖျက်" အိုးစည် ထပ်ဆင့်အမိန့်ပြန်လိုက်နဲ့ အခါမှာတော့ လူးလိမ့်နေတဲ့ အကောင်တွေအားလုံး ထရပ်လိုက်ကြပြီး...နီးစပ်ရာတောကြီးထဲကို ပြေးဝင်၍ ပျောက်ကွယ်သွားပါလေတော့သည်။ :::::::::::::::::::::::::::::::::::: "အိုးစည်...မင်းတော်တယ်ကွာ...ငါတို့ မင်းအစွမ်းကို အစအဆုံး မြင်လိုက်ရတယ်...." "ဟုတ်တယ််အိုးစည်....စံရွှေပြောသလိုပဲ...မင်းမှာတကယ့်အစွမ်းတွေ ရှိနေပြီပဲ..ဒီနေ့က စပြီး ငါတို့ မင်းရှိရင် ဘာကို မှ မကြောက်တော့ဘူးကွာ " မီးပုံဘေးမှာ သုံးယောက်သား ထိုင်နေရင်း အစောက သရဲကြီးတွေကို ဆုံးမ လိုက်တဲ့ အိုးစည်ကို စံရွှေနဲ့လှဖြိုး အပြိုင်ချီးကျူးနေကြ၏။ "မင်းတို့ မကြောက်တော့ဘူးဆိုရင်ပဲ.... ငါကျေနပ်ပါတယ်ကွာ..စိတ်ချ....ငါရှိနေသရွှေ့ ငါ့သူငယ်ချင်းတွေ ဘာမှ မဖြစ်စေရဘူး...မင်းတို့ကို ငါအမြဲတန်း ကာကွယ်ပေးမယ် " "ယုံ....ယုံပါတယ်.. ငါတို့လည်း ကတိပေးတယ်...ဒီနေ့ကစပြီး..မင်းနဲ့အတူလိုက်ပြီး ...အစွမ်းကုန် ကူညီမယ်ကွာ...ဒါနဲ့ ငါတို့ အကုန်မြင်နေရပေမယ့် မောင်ကံကောင်းသေတဲ့ သရက်ပင်မှာတော့ သူ့ကို မမြင်ရဘူး...ဒါနဲ့ သူကရော လာမှာသေချာလို့လား အိုးစည်" "လာမှာပေါ့စံရွှေရ...သူက ညတိုင်း သရက်သီးစားချင်လို့ ​တွေ့သမျှ လူအကူညီတောင်းနေတာပဲ....သူ့ကိုယ်သူသေမှန်းမသိသေးဘူး..ဒါကြောင့် အချိန်မကျသေးလို့ ငါတို့မမြင်ရတာနေမယ်.....ငါတို့ ဒီမှာပဲ စောင့်နေကြမယ်" ဒီလိုနဲ့ပဲ သူတို့သုံးယောက်သား မီးပုံဘေးမှာ ထိုင်နေရင်း ခနကြာမှာပဲ အိပ်ပျော်သွားခဲ့ကြပါတော့သည်။ ::::::::::::::::

အိုးစည်က ထိုကဲ့သို့ပြောလိုက်တဲ့ အချိန်မှာပဲ သူကြီးတို့သုံးယောက် ဘာစကားမှ မပြောနိုင်ပါချေ။ ဒီလိုနဲ့ ပဲ သိပ်မကြာခင်မှာပဲ.... သူကြီးရဲ့ မိန်းမဖြစ်သူဆီမှ ဧည့်သည်တွေ ထမင်းစားလို့ရပြီ ဆိုသဖြင့် ...အိုးစည်တို့လည်း စကားဝိုင်းကို ဖြတ်ကာ.... ထမင်းဝိုင်းရှိရာအပေါ်တက်ကို တက်ခဲ့ကြပါတော့သည်။ """"""""""""""""""""""""""""""" မင်းကြီးကုန်းရွာလေး၏ ညအချိန်အခါတစ်ခု ၌ ပင်ဖြစ်သည်။သူကြီးတိုက်မောင်းအပါအဝင် ရွာသားတစ်ချို့နဲ့အတူ အိုးစည်တို့သုံးယောက် လယ်ကွင်းတွေရှိရာထွက်လာပြီး မနေ့ညက နေခဲ့တဲ့ ကိုသာမောင်တို့လယ်စောင့်တဲကလေးဆီ ရောက်လာခဲ့ကြသည်။ သူတို့ လယ်တဲ အနီးရောက်လာချိန်မှာပဲကောင်းကင်ကြီးရဲ့ အပေါ်မှာ. လမင်းက ထိန်ထိန်သာ နေပြီး လယ်ကွင်းတွေဆီတည့်တည့်ငွေရောင်ဆန်ဆန် အလင်းတွေ ဖြန့်ကျက်၍ နေသည်။ထို့အတူပဲ အနောက်ဘက်က သရက်ပင်ကြီးကလည်း မှောင်ရီ​ဝိုးတစ်ဝါး အလင်းတန်းတွေ ကြားမှာ ခြောက်ခြားဖွယ်ရာ ထီးထီးကြီး ရပ်နေသည်။ "ကဲ....မောင်ရင်တို့ ဖြစ်ပါ့မလား...လယ်ကွင်းတွေဆီတော့ရောက်ပြီ... ငယ်ငယ်ရွယ်ရွယ်နဲ့...တော်ကြာတစ်ခုခု ဖြစ်မှာလည်း ဆိုးလို့ပါ" "ဖြစ်ပါတယ်ဦးကြီး...ကျုပ်တို့က ဒီလိုမျိုးကိစ္စတွေကို အကြိမ်ကြိမ်ဖြေရှင်းဘူးပါတယ်...စိတ်မပူနဲ့ ဦးကြီးတို့ အားလုံးပြန်ပါ.. မနက််မှပဲ ကျုပ်တို့သုံးယောက် ဦးကြီးအိမ်ကို လာခဲ့မယ်" အိုးစည်က အဲ့ဒီလိုပြောလိုက်သည်နှင့် သူကြီးအပါအဝင် လိုက်လာတဲ့ သူများအားလုံး အိုးစည်တို့ကို သိပ်တော့ မယုံကြည်သလို ကြည့်ကာ ပြန်သွားကြပါတော့သည်။ သူတို့ပြန်သွားတာနဲ့ တစ်ဆက်တည်းမှာပဲ စံရွှေဆီမှ စကားသံ ထွက်လာသည်။ "အိုး....အိုးစည်....မင်း...မင်း မောင်ကံကောင်းလောက်တော့ ကိစ္စ မရှိပေမယ့်...လယ်ထဲက ကောင်တွေဆိုတာကရော.... နိုင်ပါ့မလားကွ " "ဟုတ်တယ် အိုးစည်...စံရွှေပြောသလိုပဲ...ငါတို့က မင်းအားကိုးပြီး လိုက်လာတာနော်.. မင်းမနိုင်ရင် ငါတို့ပါ ဒုက္ခရောက်မှာ" "နေစမ်းပါကွာ...မင်းတို့လည်း ငါနဲ့ လိုက်လာတာ အကြိမ်ကြိမ်ရှိပြီ...အခုထိ ကြောက်နေတုန်းလား...တကယ်တော့ ပရလောကသားတွေတော်တော်များများက ကြောက်ဖို့ ထက် သနား စရာ ပိုကောင်းပါတယ်ကွာ...စိတ်ချ မင်းတို့ ဘာမှမဖြစ်စေရဘူး...စည်းထဲ မှာပဲ နေမလား " "ရ...ရပါတယ်ကွာ..အဲ့လောက်ထိတော့ မဟုတ်ပါဘူး...ငါတို့လည်း မင်းနဲ့လိုက်ပြီး မြင်ရ ကြုံရပါများတော့ အရင်က လောက်မကြောက်တော့ပါဘူး ကွာ...ဒါနဲ့ ...အခု မင်းဘယ်ပြဿနာကို အရင်ရှင်းမလည်း.." "မောင်ကံကောင်းက သူကြီးတို့ပြောသလိုဆိုရင် ညနက်ပိုင်းမှ လာတာ....ဒီတော့ အရင်ဆုံး... ငါတို့ လယ်တောတွေမှာ ရှိနေတဲ့ အကောင်တွေ မောင်းထုတ်ကြတာပေါ့...ကဲ အခု ငါအဲ့ကောင်တွေ မြင်အောင် စက္ကု့အာရုံ အင်းကို ကွင်းလိုက်ဦးမယ်" အိုးစည်လည်းပြောရင်းဆိုရင် စက္ကု့အာရုံအင်းကို မျက်လုံးနှစ်ဖက်ကို ကွင်း၍ ကြည့်လိုက်သည်။ ဒီအချိန်မှာပဲ လယ်ကွင်းထဲမှာ ပြေးလွှားနေကြတဲ့ အမွေးစုတ်ဖွားနဲ့ ခြောက်ခြားစရာ သရဲကြီးတွေကို အိုးစည် မြင်လိုက်ရ၏။သူတို့က အိုးစည်တို့ဘက်ကိုလည်း မကြည့် သူတို့ဘာသာ ပဲ လယ်တွေကို ဟိုကူး ဒီကူး ခုန်ပေါက်နေသည်။သူတို့မျက်လုံးတွေက စိမ်းဖန့်ပြူးကျယ်နေပြီး....လက်သည်းတွေက တစ်ထွာခန့်ရှည်လျား၍ နေသည်။ "ဟာ...မနည်းပါလား....စံရွှေနဲ့ လှဖြိုး...ဒီကောင်ကြီးတွေ အများကြီးကွ " "ဟင်...ဒါဆို....ဒါဆိုငါတို့ ပြေးရမှာလား" "ဟ...ဟေ့ကောင်စံရွှေ...အရေးထဲဆို ပြေးဖို့ကို ကြိုတွေးမနေနဲ့...မင်းတို့က ပြေးရအောင် ဒီကောင်ကြီးတွေဘယ်မှာ ရှိနေတယ်ဆိုတာ မြင်ရလို့လား " "အေး....အဲ့..အဲ့တာလည်းဟုတ်တယ်...ဒါနဲ့သူတို့..သူတို့က ဘယ်မှာလည်း " လှဖြိုးကပါ တုန်တုန်ယင်ယင်နဲ့ ဖြတ်၍ မေးလိုက်တော့ အိုးစည်လည်း သက်ပြင်းတစ်ချက်ကို ချလိုက်ရင်း .. "သူတို့က.... လယ်ကွင်းတွေထဲမှာ...မင်းတို့သူတို့ကို ကြည့်ချင်လား" "ကြည့်တော့ကြည့်ချင်တယ်...ဒါပေမယ့် ကြောက်တယ်.... " "မကြောက်ပါနဲ့ကွာ....ငါရှိနေသမျှ မင်းတို့အနားတောင် သူတို့ ကပ်မရစေရဘူး စိတ်ချ.... တစ်ခါတစ်လေ အကြောက်တရားဆိုတာ မမြင်ရမှ ကြောက်ကြတာ...မြင်နေရရင် ကြာတော့ ရိုးပြီး မကြောက်တက်တော့ဘူး...မင်းတို့လည်း ငါ့သူငယ်ချင်းတွေပဲကွာ...နေရာတကာမှာ ကြောက်နေကြတော့...ငါအခက်အခဲ ဖြစ်တဲ့ အခါ မင်းတို့ ငါ့ကို ထားပြီး ပြေးကြမှာပဲ မလား" "အဲ...အဲ့လို့တော့ မလုပ်ပါဘူးကွာ..မင်းက ငါတို့ရဲ့ အချစ်ဆုံးသူငယ်ချင်းပဲ....မင်းတစ်ခုခုဖြစ်ရင်... ငါတို့က ကြည့်မနေပါဘူးကွ ". "အေးကွာ...ဒါဆိုလည်း ကောင်းပြီ...ဟောဒီမှာ မြင်နိုင်တဲ့ အင်း....မင်းတို့ငါ့လိုပဲ ကွင်းလိုက်ကြ.... ခနနေရင် ငါလယ်ထဲက ကောင်တွေ ကို မောင်းထုတ်မယ် ..ဒါကို မင်းတို့ကို ငါမြင်စေချင်တယ်" အိုးစည်က စက္ကု့အာရုံအင်းကို ကမ်းပေးလိုက်ရင်း ပြောလိုက်သည်နှင့် စံရွှေတို့နှစ်ယောက်လည်း အင်းကို အိုးစည်လုပ်သလို မျက်လုံးနှစ်ဖက်ကို ဝလုံးပုံသဏ္ဍာန်ကွင်းလိုက်ကြသည်။ အဲ့ဒီနောက်မှာတော့ နှစ်ယောက်သား လယ်ကွင်းတွေ ဆီကြည့်ကာ အသားများတဆတ်ဆတ် တုန်၍ နေကြသည်။ ဒါကိုမြင်တော့ အိုးစည်လည်း ဘာစကားမှ ထပ်မပြောပဲ ပြူးကြောင်ကြောင် ကြည့်နေကြတဲ့ သူတို့နှစ်ယောက်ကို စည်းချပေးထားကာ လယ်ကွင်းတွေကြားမှာ ခုန်ပေါက်နေကြတဲ့ သရဲကြီးတွေနဲ့ အနီးကပ်ဆုံးနေရာ အထိ

"အဲ့ဒီလိုပဲ မောင်ရင် ဒီဖြစ်ရပ်ကို လည်း တစ်ရွာလုံးသိကြတယ်...သူတို့သားအဖ သေခဲ့တာ တစ်ရက်တည်း...တိုက်ဆိုင်တာလား ဝဋ်ကြွေးလားမသိဘူး ..အခုအချိန်ထိ ငါတို့ရွာမှာ သူတို့သားအဖ ရဲ့သေဆုံးခြင်းကိုတွေးမိတိုင်းစိတ်မကောင်းကြဘူး၊အထူးသဖြင့် မောင်ကံကောင်းလေးပေါ့...သူ့ကိုသာ တစ်ယောက်ယောက်က သူစားချင်တဲ့ သရက်သီးလေး ခူးပေးခဲ့မယ်ဆိုရင် အဲ့လို အဖြစ်ဆိုးနဲ့ သေမှာမဟုတ်ဘူး ...တစ်ရွာလုံးနီးပါး မောင်ကံကောင်းအတွက် အခု အချိန်ထိနောင်တရနေတုန်းပဲ" ရွာသူကြီး ဦးတိုက်မောင်းက ရှင်းပြလိုက်ရင်း ပါးပြင်က မျက်ရည်တွေစီးကျ၍ လာသည်။ ဘေးမှာရှိတဲ့ လူကြီး ၂ယောက်မှာလည်း မျက်လုံးအိမ်ထဲက မျက်ရည်တွေ ဝေ့သီနေသလိုရှိပြီး သူတို့ကိုယ်တိုင်လည်း မောင်ကံကောင်း အတွက် ခံစားနေခဲ့ သည်။ဒီအချိန်မှာပဲ အိုးစည်လည်း... "ကျုပ်... သဘောပေါက်ပါပြီ ဦးကြီး...ဒါကြောင့် မောင်ကံကောင်းအဖေ ကိုသာမောင်က သူ့သားသေတာ မသိခဲ့တာပဲ ဖြစ်မယ်...ဒါနဲ့ ဦးကြီးတို့ လယ်ကွင်းဘက်တွေမှာ ညဘက်မသွားပဲ နေတာ မောင်ကံကောင်း ခြောက်လန့်လို့များလား" "အေး...မောင်ကံကောင်းလေးခြောက်လန့်နေတာထက်..နောက်ထပ် ဆိုးဆိုးဝါးဝါး ခြောက်လန့်တဲ့ အကောင်တွေလည်း ရှိတယ်...သူတို့က ငါတို့ရွာသားတွေ ညဘက် လယ်လုပ်ပြီဆိုရင် နေရာမျိုးစုံက ပေါ်လာတက်တယ်...ညဘက်လယ်မလုပ်ပဲ လယ်စောင့်ဆိုရင် သူတို့က မခြောက်ဘူး...ဒါပေမယ့် မောင်ကံကောင်းက တော့ ခြောက်တယ်...အခု တစ်ရွာလုံး နီးပါးကြောက်နေရတာ အဲ့တာကြောင့်ပဲ " "အော်... အဲ့လိုလားဗျ...ဒါနဲ့ မောင်ကံကောင်းအတွက်ရော...ရွာမှာရှိနေတဲ့ သူ့အမျိုးတွေက ဘာမှ လုပ်မပေးကြဘူးလား" "ထွီ...ရွံတာကွာ...အဲ့အကြောင်းကို မမေးနဲ့...သူတို့က ကံကောင်းတို့သားအဖ ပိုင်တဲ့ လယ်နဲ့ အိမ်တောင်ရောင်းစားပြီး ရွာကထွက်သွားတာ ၁နှစ်တောင်ကျော်ပြီ...ငါတို့ရွာက ကံကောင်းတို့သားအဖ ကျွတ်လွတ်အောင် ကုသိုလ်ပြု အလှူအတန်းတွေ လုပ်ပေးတော့လည်း သူတို့မလာဘူး...သူတို့အကြောင်းပြောရတာ ပါးစပ်သန တယ်...ဒါနဲ့ မင်းက လျှာရှည်ပြီး အကြောင်းစုံမေးနေတာဆိုတော့ .အခု မင်းက ဘာလုပ်ပေးမှာမလို့လည်း " သူကြီးတိုက်မောင်းက အစောက မျက်ရည်ကျနေပေမယ့် ချက်ချင်းဆိုသလို လေသံ ခပ်ဆတ်ဆတ်မေးလာတော့ အိုးစည်တို့သုံးယောက်တစ်ယောက်နဲ့တစ်ယောက် ကြည့်ရင်း ဘာပြောလို့ ပြောရမှန်း မသိနိုင်အောင် ဖြစ်၍ နေသည်။ ဒီအချိန်မှာပဲ... "သယ်....ငါ့စစ်သည်...ပရပြည်သူကို ကူညီ ဖို့ မမေ့ရဘူးလေကွယ်...သူတို့သားအဖ.... ပြန်ဆုံ ဖို့အတွက်...​မောင်ကံကောင်းကို သူ့အဖေ ဆီ ခေါ်သွားချေကွဲ့" "ဗျာ...မောင်ကံကောင်းက သေ သွားပြီလေ အရှင်မင်းကြီးရဲ့... ကျုပ်က ဘယ်လို လုပ် ခေါ်လို့ရမှာလည်း" "ဟူး...တယ်လည်း အတဲ့ ငါ့စစ်သည်....သူက သေတော့ သေပြီ..သို့ပေမယ့် သူ့ကိုယ်သူ သေမှန်းအခုထိ မသိသေးဘူး...သူ့အဖေ သူ့ဆီ ပြန်လာမယ်လို့လည်း ထင်နေရှာတယ်...သိပ်ကို သနားစရာကောင်းတဲ့ အထီးကျန်နေတဲ့ ကလေးလေးတစ်ယောက်ဖြစ်နေတယ်ကွဲ့..." "အဲ့တော့... ကျုပ်က ဘာလုပ်ပေးရမှာလည်း အရှင်မင်းကြီး " "အိုကွယ်....လုပ်ပေးရမှာပေါ့....သူ့ရဲ့ ပရ ဝိညာဥ် ကို တစ်ခါထဲ ခေါ်ပြီး သူ့အဖေရှိရာ သွား....အဓိက က မောင်ကံကောင်းဆိုတဲ့ကလေးသူ့ကိုယ်သူ သေမှန်းသိတဲ့ အခါ...လိုက်လာလိမ့်မယ်...ငါ့စစ်သည်တာဝန်သည်ကား...သူ့ကို သေမှန်းသိအောင်လုပ်..ပြီးရင်... လယ်ထဲမှာ ရှုပ်နေတဲ့ ပြဿနာတွေလည်း ရှင်ပေးလိုက်....အရေးကြုံရင်..ငါဘုရင်ကိုယ်တိုင် လာမယ်ဟေ့.. " "ဟုတ်.. အရှင်မင်းကြီး...အရှင်မင်းကြီးခိုင်းတဲ့ အတိုင်း ကျုပ်လုပ်ပေးလိုက်ပါ့မယ်" အိုးစည်က အရူးတေလေနဲ့ အပြန်အလှန် စိတ်ချင်းဆက်သွယ်စကားပြောဆို ပြီး တဲ့ အချိန်မှာပဲ...သူ့ကို လက်တို့နေတဲ့ စံရွှေနဲ့ လှဖြိုးရဲ့ အထိ အတွေ့ကို ခံစားလိုက်ရသည်။ "​ဟေ့ကောင်...အိုးစည်..ကြောင်တောင်တောင်ကြီးလုပ်မနေနဲ့ ...သူကြီးကမေးနေတယ်...ငါတို့ဘာလုပ်ပေးမှာလည်းတဲ့... " "အော်...အင်းအင်း..လှဖြိုး...ငါစဥ်းစားနေတာပါကွ ....မင်းက လည်း မလောစမ်းပါနဲ့ ကွာ" အိုးစည်က လှဖြိုးဘက်လှည့်ရင်းပြောလိုက်ပြီး တစ်ဆက်တည်းမှာပဲ သူကြီးအားကြည့်ကာ မောင်ကံကောင်းလေးကို ဆက်ပြီး မခြောက်လန့်အောင် လုပ်ပေးမဲ့ အပြင်... ညဘက်လယ်လုပ်တဲ့ အခါ ခြောက်လန့်နေတဲ့ အကောင်တွေပါ နှိမ်နှင်းပေးမယ် ဟူ၍ ပြောလိုက်သည်နှင့် သူကြီးတိုက်မောင်းအပါအဝင် ဘေးက လူနှစ်ယောက် အိုးစည်အားမယုံ သင်္ကာကြည့်နေကြသည်။ "မင်း...မင်းတကယ် ...တကယ် ကူညီနိုင်လို့လား..." "ဦးကြီး...ကျုပ်တို့က ဒီအတွက် လာတာ...ကိုသာမောင်က ကျုပ်တို့ကို အကူအညီတောင်းထားတာ...အခုတော့ ကျုပ်ကတိအတိုင်း သူ့သားကိုတစ်ခါတည်းခေါ်သွားမယ်...ပြီးရင် ...ဦးကြီးတို့လယ်ကွင်းတွေမှာရှိနေတဲ့ အကောင်တွေလည်း မောင်းထုတ်ပေးခဲ့မယ်....ကျုပ်နာမည် အိုးစည်....သူက စံရွှေ....သူက လှဖြိုး...တကယ်လို့ကျုပ်တို့သာ မအောင်မြင်ပဲ ပြန်သွားခဲ့တယ်ဆိုရင် ..မြတောင်ရွာကိုလာပြီး ကျုပ်တို့ကို ကြိုက်သလို လုပ် "

စံလှက ထိုသို့ပြောပြီး တစ်ဆက်တည်းမှာပဲ သူတို့နှစ်ယောက် အဝေးက သရက်ပင်ကြီး ရှိရာ ထွက်လာခဲ့ကြသည်။လယ်ကွင်းတွေကြားက ပေါက် နေတဲ့..ထန်းပင်...ဆီးဖြူပင်တွေနဲ့ တခြားသော အပင်တွေ ရှိနေတဲ့ အတွက်သရက်ပင်ကြီးက အဝေးက ကြည့်ရင် ရှင်းရှင်းလင်းလင်း မမြင်ရပေ။ ဒီလိုနဲ့ သူတို့နှစ်ယောက်စကားတစ်ပြောပြောနဲ့လျှောက်လာလေရာ များမကြာမှီမှာပဲ သရက်ပင်ကြီး နဲ့ ဝါးနှစ်ပြန်စာ အကွာအဝေး အရောက်မှာတော့... သရက်ပင်ကြီးရဲ့ခွကြားမှတစ်ဆင့် အပေါ်ကို တက်နေတဲ့ ငါးနှစ်သားအရွယ် မောင်ကံကောင်းလေးကို မြင်လိုက်ရသည်။ "ဟော...ဟိုမှာ...ကံကောင်းလေး သရက်ပင်ပေါ်မှာ" စံလှက အဝေးကနေ သံချောင်းကို လက်ညှိုးညွှန်ပြလိုက်တော့ မောင်ကံကောင်းလေးက သရက်ပင်ပေါ်ကို အတော်လေး မြင့်အောင်တက်နေပြီဖြစ်သည်။ "အဲ ...ဒီကလေး ဘာလို့ဒီလောက်မြင့်အောင်တက်နေတာလည်း...ကံကောင်း...ဆင်းခဲ့...ဆင်းခဲ့ကွ" သံချောင်းက အော်လိုက်သည်။ မောင်ကံကောင်းလေးက အောက်ကို လှည့်ကြည့်ပြီး ပြုံးလိုက်သည်။ သူ့လက်ထဲမှာ သရက်သီးတစ်လုံး ကိုင်ထားပြီးသားဖြစ်သည်။ "ကိုကြီးသံချောင်း...သား သရက်သီးခူးလို့ရပြီ...ကြည့်ပါလား...သား သရက်သီးခူးနိုင်တယ်..ဟီးဟီး" မောင်ကံကောင်းလေး သူ့ကိုယ်သူ ဂုဏ်ယူစွာနဲ့ ဝမ်းသာအားရ အော်ပြောလိုက်ပြီး နောက်ထပ် သရက်သီးတစ်လုံးကို လှမ်းဆွဲလိုက်သည်။ ဒါပေမယ့် သူ့ခြေထောက်က မိုးအနည်းငယ် ရွာထားတဲ့အတွက် စိုစွတ်နေတဲ့ သရက်ကိုင်းပေါ်မှ ချော်၍ ဟန်ချက်ပျက်ကာ ​လူကသရက်ပင် အောက်ကို ဗုန်းကနဲ ပြုတ်ကျ သွားလေသည်။ "မောင် ကံကောင်း....သတိထား" "ကံကောင်း..." သံချောင်းနဲ့ စံလှတို့ အပြေးသွားကြည့်တော့ မောင်ကံကောင်းလေးက မြေပေါ်မှာ လဲနေပြီဖြစ်သည်။ သူ့ခေါင်းကနေ သွေးတွေ စီးကျနေပြီး မျက်လုံးတွေက မှိတ်ထားသည်။ သူ့လက်ထဲမှာတော့ သူခူးထားတဲ့ သရက်သီး​လေးတစ်လုံး ကိုင်ထားဆဲဖြစ်သည်။ "ကံကောင်း...မောင်ကံကောင်း...မင်းဘာမှ မဖြစ်ရဘူးနော် " စံလှက မောင်ကံကောင်းလေးကို ချီကာ အတင်းအော်ကာ လှုပ်နိုးလိုက်သည်။ ဒါပေမယ့် ​မောင်ကံကောင်းလေးက လုံးဝ သတိမရလာတော့ချေ။အကြောင်းကတော့မောင်ကံကောင်းကအပင်မြင့်ကနေ အောက်ကို ဇောက်ထိုးပြုတ်ကျပြီး ခေါင်းနဲ့ မြေပြင် ထိ ကာ တစ်ခါတည်း ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီပဲ ဖြစ်ပါသည်။ဒီလိုပဲ သူ့ရဲ့ ခေါင်းကနေ စီးကျလာတဲ့သွေးတွေက အဆက်မပြတ်...ခန္ဓာကိုယ်လေးက လုံးဝငြိမ်သက်နေပေမယ့်...သူ့ရဲ့ ပါးစပ်နဲ့ တစ်ချက်ကိုက်ထားတဲ့ သရက်သီးလေးကတော့ သေဆုံးသွားတာတောင် လက်ထဲမှာတင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားဆဲ။ ဒီလိုနဲ့ စံလှနဲ့ သံချောင်းလည်း မျက်ရည်တွေ အဆက်မပြတ်စီးကျကာ တရှိုက်ရှိုက်ငိုကြွေးရင်း စံလှကပဲမောင်ကံကောင်းလေးရဲ့သွေးတလူးလူးခန္ဓာကိုယ်ကို ပွေ့ချီကာ...လယ်ကွင်းထဲက လူတွေရှိရာ အတင်း​ပြေးလာခဲ့သည်။ ကံကောင်းလေးကို ပွေ့ ချီရင်း ပြေးလာတဲ့ သူတို့နှစ်ယောက်ကို မြင်တာနဲ့ ထိုင်ရင်း အနားယူနေကြတဲ့ လူတွေအားလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားကြပြီး...တစ်ယောက်တစ်မျိုး စိတ်မကောင်းဖြစ်နေကြတဲ့ အချိန်မှာပဲ ကံကောင်းရဲ့ အ​ဒေါ်အေးမူဆီမှ .... "ဟဲ့... ဒီဂြိုလ်ကောင်လေးက ဘာဖြစ်တာလည်း...." "ဘာဖြစ်ရမှာလည်း... အသက်...အသက်မရှိတော့ဘူးဗျ...ခင်ဗျား ဝမ်းသာနေတာမလား ခင်ဗျားမတော်ချင်တဲ့ တူသေသွားတာကို.." အနီးနားက လူတွေအားလုံးအေးမူအားလက်ညှိုးထိုးကာ ဝိုင်းဝန်း အပြစ်တင်ကြလေ၏။ ဒီအခါမှာတော့ အေးမူလည်း ဘာမှ ပြန်မပြောတော့ ပဲ ကံကောင်းလေးကို သေချာကြည့်ကာ မငိုမပြုံး ရှိနေခဲ့သည် ။ ဒီအချိန်မှာပဲ...သံချောင်းက အားလုံးကို အခုလိုပြောလိုက်သည်။ "ဟေ့...တစ်ယောက်ယောက်...ကိုသာမောင်ကို အမြန်သွားခေါ်. .လယ်​တောရဲ့ ဟိုဘက်ခြမ်းမှာသူရှိတယ် " သံချောင်းရဲ့ စကားသံ အဆုံးမှာပဲ လူလေးယောက် အပြေးအလွှား ကိုသာမောင်ရှိရာ လယ်ကွင်းဆီ ပြေးသွားကြလေ၏။ ဒီလိုနဲ့ပဲ သိပ်မကြာခင်အချိန်မှာပဲ ကိုသာမောင်ကို သွားခေါ်တဲ့ လူလေးယောက်တို့သည်...လူတစ်ယောက်အား ဝိုင်းဝန်းပွေ့ချီကာ ပြန်ရောက်လာသည်။ သူတို့ချီလာတဲ့ သူသည်ကား...သာမောင်​ပင်ဖြစ်၍...သာမောင်၏ ခန္ဓာကိုယ်ကြီးမှာလည်း စိုးစင်းမှ မလှုပ်တော့ပဲ ​မျက်နှာတစ်ခုလုံးမှာ ပြာနှမ်းလျက်ရှိချေ၏။ "ဟင်....ဟေ့ကောင်တွေ...သာမောင်ကရောဘယ်လို ဖြစ်ဖြစ် " သံချောင်းက ထိုကဲ့သို့မေးလိုက်တဲ့အချိန်မှာပဲ သာမောင်အား သယ်ယူလာသော လူလေးယောက်တို့သည် သာမောင်အား အနီးအနားမှာ ချလိုက်ရင်း.... "မသိ...မသိဘူး...ငါတို့ရောက်တော့ သူက လယ်ကွင်းထဲမှာ လဲနေပြီ " "ဟုတ်တယ်သံချောင်း....ကြည့်ရတာ ပိုးထိ ပြီး ဆုံးတာ ကြာပြီ ထင်တယ်.... သူ့အသားတွေက အေးစက်ပြီး ခပ်တောင့်တောင့်ဖြစ်နေတယ်.... " သာမောင်အား သယ်ယူလာတဲ့ လူလေးယောက်ဆီမှ စကားသံ အဆုံးမှာပဲ သံချောင်းအပါအဝင် ရှိနေတဲ့ သူတွေအားလုံး ပါးစပ်အဟောင်းသားဖြစ်၍ သွားပြီး တစ်ဆက်တည်းမှာပဲ လယ်ကွင်းတစ်ခုလုံး ငိုကြွေးသံတို့က လွမ်းခြုံ သွားချေပြီ။

"ငါမအားသေးဘူး ကံကောင်းရာ...အခုက ပျိုးတွေ အများကြီး သယ်နေရသေးတာကွ...မဟုတ်ရင် လယ်ပိုင်ရှင် တွေ ဆဲတာခံ ရလိမ့်မယ် ...နောက်မှ ခူးပေးမယ်ကွာ " လူမော် ကပါ မကူညီပေးဘူး ဆိုလာသဖြင့် ​မောင်ကံကောင်းလည်း စိတ်ပျက်သွားပြီး လူမော် အနားက နေထွက်ကာ..လယ်ကွင်းတစ်လျှောက် လျှောက်သွားရင်း လူတိုင်းကို အကူညီ တောင်းကြည့်သေးသည်။ ဒါပေမယ့် လူတိုင်းက "နောက်မှ" "အလုပ်ရှုပ်တယ်" "ညနေမှ ခူးပေးမယ်" ဆိုပြီး ငြင်းပယ်ကြသည်။ ဒီတော့ မောင်ကံကောင်းလေးရဲ့ မျက်လုံးအိမ်ထဲမှာမျက်ရည်တွေ ဝဲလာသည်။သူ့အဖေကို အကူညီတောင်းရအောင်လည်း...သူ့အဖေက သူ့အနားမလာခဲ့နဲ့လို့ ပြောထားသည်။ဒီအချိန်မှာပဲ... သူ့အဖေဘက်က ဒေါ်လေး တော်စပ်သူ ဒေါ်အေးမူ ထမင်းထုတ်ကိုင်ပြီးရောက်လာတာ မြင်ရတော့ သူအနားကို အတင်းပြေးသွားလိုက်ပြီး... "ဒေါ်လေး...အေးမူ... သား..သားကို ဟိုနားက သရက်ပင်က... သရက်သီးခူးပေးပါလားဗျ.." "ဟယ်...ဒီကလေး...နင်မျက်စိကန်းနေတာလား... ဒီမှာ ငါအလုပ်များနေတယ်... အားအားယားယား နင်စားဖို့ ခူးမပေးနိုင်ဘူး... သွားစမ်း " "အဟင့်..ဟင့်...လုပ်ပါဒေါ်လေးရယ်...သား.. သား သရက်သီး အရမ်းစားချင်နေလို့ပါ...ကိုကြီးသံချောင်းတို့ကလည်း မအားဘူးဆိုတော့ သားကို ခူးမပေးကြဘူး " "နင်မျက်လုံးတင်မက နားပါကန်းနေတာလား.. သူတို့လည်း မအားသလို ငါလည်း မအားဘူးလို့ပြောပြီးပြီ...အခု လူတွေ ဒီလောက် အလုပ်များနေတာ ကို နင်က တမှောက်...နင်အဲ့ လောက်မြိုချင်စို့ ချင် နင့်ဘာသာ....တက်ခူး..တကယ်တည်း ကောင်းကျိုးမပေးတဲ့ မတော်ချင်ပဲ တော်ရတဲ့ အမျိုးတွေ...အခုချက်ချင်းငါ့ရှေ့က ထွက်သွား" ဒေါ်အေးမူ က လေသံမာမာ ဒေါသတကြီး ဟိန်းဟောက်ပြီး ပြောလိုက်တော့ မောင်ကံကောင်းလည်း မျက်ရည်လေးတွေ သုတ်ကာ အနားက ထွက်ခွာသွားခဲ့သည်။ """""""""""""""""""""""""""""""""""""" နေ့လည်စောင်းနေက ကောင်းကင်ကြီးရဲ့ အလယ်ဗဟိုမှာ ကိုယ်ရောင်ကိုယ်ဝါတောက်ပ စွာနေရာယူလိုက်တဲ့ အချိန်မှာတော့ လယ်ကွင်းပြင်တွေမှာ အလုပ်လုပ်နေတဲ့သူတွေအားလုံး ခဏ နားကြသည်။နေက ပြင်းပြင်းဆိုတော့ ချွေးတွေ တဖြိုက်ဖြိုက်နဲ့ မလို့ နီးစပ်ရာ အပင်ကြီးတွေ အောက်မှာ ပါလာတဲ့ ထမင်းထုတ်လေးတွေ ကို ဖြေရင်း စားဖို့ ပြင်ကြသည်။ ဟင်းက တော့ မပူရ....အကြောင်းကတော့ လယ်ပိုင်ရှင်တွေက သူတို့လယ်ကို အလှည့်ကျတဲ့ အခါ လိုလေသေးမရှိအောင် ချက်ပေးကြရသည်။ဒါက လည်း ကျေးလက်တောင်သူတို့၏ ချစ်စရာဓလေ့ ဆိုရင်လည်း မမှားနိုင်ပေ။ သူတို့အားလုံး ပျော်ပျော်ပါးပါးစားသောက်နေကြတဲ့ အချိန်မှာပဲ.... သံချောင်း တစ်ယောက်က တော့... ကိုသာမောင်နဲ့ မောင်ကံကောင်းတို့သားအဖ ရဲ့ လယ်တဲကလေး ဆီကို ငေးကြည့်နေမိသည်။ ထူးထူးဆန်းဆန်း ထမင်းစားနားချိန်တောင်မှ သူတို့ သားအဖ ရဲ့ အရိပ်ယောင်ကို မမြင်ရသဖြင့် စားသောက်နေရင်း သံချောင်းဆီမှ စကားသံ ထွက်ပေါ်လာသည်။ "ကိုစံလှ....မောင်ကံကောင်းလေးရော....လယ်တဲလေးမှာ မမြင်ပါလားဗျ... ကြည့်ရတာ ဒီကလေး သူ့အဖေနားသွားပြီး ဂျီကျ နေပြီ ထင်ပါ့ " "ဟုတ်တယ်ကွ...ဒီကလေးက အတော်လေးကို ပူဆာတက်တာဟေ့...အစောက ပဲ ငါ့နားလာပြီး သရက်သီး ခူးပေးဖို့ ပြောနေတာ..ငါလည်း အလုပ်များနေတာနဲ့ လေသံမာမာပြောလိုက်ရသေး...ကြည့်ရတာ ငါ့ကိုများစိတ်ဆိုးသွားပြီလားမသိဘူး " စံလှက ထမင်းတစ်လုပ်ကို ပါးစပ်ထဲ ထိုးထည့်လိုက်ရင်း ပလုပ်ပလောင်းစကားသံနဲ့ ပြန်ဖြေလိုက်သည်။ " ဒီလောက်ပူတဲ့အချိန်မှာ သူ့အဖေ့နားသွားရင်လည်း သူ့အဖေက ပြန်လွှတ်မှာပဲ...လယ်ကွင်းတွေထဲ ဒီကလေးလျှောက်သွားနေရင် အကောင်ရှည်တွေ နင်းမိမှာလည်း ဆိုးရတယ်...အခု ငါတို့စားပြီးရင် တဲကလေးဆီ ..သွားကြည့်ရအောင်" သံချောင်းက ထိုကဲ့သို့ပြောလိုက်တော့ စံလှသည်လည်း ခေါင်းတစ်ချက်ငြိမ့်ကာ ထောက်ခံလိုက်သည်။ဒီလိုနဲ့ ပဲ စားသောက်ပြီးစီးသွားတော့မှ သံချောင်းက ထရပ်လိုက်ပြီး စံလှနဲ့အတူ မောင်ကံကောင်းတို့လယ်စောင့်တဲကလေးရှိရာ ထွက်လာခဲ့လေ၏။ သံချောင်းနဲ့ စံလှတို့ လယ်တဲကလေးဆီ ရောက်လာတော့ မောင်ကံကောင်းလေး တဲပေါ်မှာ မရှိတာကို သူတို့နှစ်ယောက် တွေ့လိုက်ရသည်။ သူတို့ လယ်ကွင်းတစ်လျှောက် လှည့်ကြည့်ကြသည်။ "ကံကောင်း...ကံကောင်း...မင်းဘယ်မှာလည်း" သံချောင်းက အော်ခေါ်သည်။ ဒါပေမယ့် မောင်ကံကောင်းရဲ့ တုန့်ပြန်တဲ့ အသံကို မကြားရတဲ့ အတွက် အနည်းငယ်စိတ်ပူသွားပြီး... "ကိုစံလှ....နာရီပိုင်းတောင်မကြာသေးဘူး..ဒီကလေး ဘယ်ရောက်သွားတာလည်း " "ဘယ်ရောက်ရမှာလည်း...သူ့အဖေ အလုပ်လုပ်တဲ့ ဆီ ရောက်နေမှာပေါ့.. ဒါနဲ့ ငါတို့ သူ့အဖေ လုပ်တဲ့နား သွားကြည့်မလား... ထန်းပင်တွေ ကွယ်ထားတဲ့အတွက် အခုအချိန်ထိ ကိုသာမောင်ကို မမြင်ရသေးဘူး" "ကဲပါ.... ထားတော့ ကိုစံလှ...မောင်ကံကောင်းလေးက သရက်သီး စားချင်နေတာဆိုတော့...ကျုပ်တို့ အခုပဲ သွားခူးပေးရအောင်...သူနဲ့ သူ့အဖေလည်း ခနနေ ပြန်နားမှာတော့ အသေအချာပဲ...အဲ့တော့မှ ကျုပ်တို့ သူ့ကို ပေးကြတာပေါ့" "အေး..မင်းအကြံမဆိုးဘူး သံချောင်း...ပြောနေတာကြာတယ်... အခုပဲသွားခူးမယ်ဟေ့ "

""""""""""""""""""""""""""""""""""" ကောက်စိုက်ချိန်ဖြစ်၍...မင်းကြီးကုန်းရွာအနောက်ဘက် လယ်ကွင်းတွေ ဆီမှာ ရွာခံ လူတွေ တော်တော်များများ အလုပ်ရှုပ်နေခဲ့ကြပါသည်။သူသူဌာဌာ..အလုအယှက် ကောက်စိုက်သမ တွေက ပျိုးပင်စိုက်နေကြသလို တစ်ချို့ လူငယ် လူရွယ် အများစုက လည်း ပျိုးလက် တွေ ချပေးနေရသည်။ တောင်သူတို့ အတွက် စပါးစိုက်ချိန်သည်...အဓိက ကျတဲ့ အချိန်အခါဖြစ်သလို...အရေးအကြီး ဆုံးကတော့ ပျိုးလက်များပင်ဖြစ်သည်။ ဒီလိုပဲ ပျိုးလက်၊ပျိုးထုံး တို့ကို သယ်ယူရာတွင်လည်း...ပျိုးဝါ...ပျိုးပင် အနည်းအငယ်ခြောက်နေလျှင်အလုပ်မဖြစ်...ပျိုးလက်သည်က စိမ်းဖန့်နေမှ အထွက် သန်သည်။ယင်းအတွက်ကြောင့် ပျိုးပင်များကို စီမံရာ တွင်လည်း ပျိုးပင် ရရ ချင်းမှာ ရေသွင်းထားတဲ့ လယ်တွေ ဆီ တန်း​ပစ်ရလေ၏။ ပြီးတော့မှ ...သဘာဝ နွားချေး...အပါအဝင် ...ဓာတ်မြေသြဇာကို သင့်သလို အသုံးပြု..ဆေးဖျန်းရ...ဒါက ဒုတိယအဆင့်...ပထမ အဆင့်သည်ကား အရေးကြီးတဲ့ ပျိုးပင်များနဲ့ ကောက်စိုက်သမ တွေရဲ့ ကျွမ်းကျင်မှု့ များစွာအရေးကြီးသည်။ ဒီအတွက်ကြောင့်လည်း...လယ်ပိုင်ရှင်များသည်ကား...လှည်းများဖြင့် ပျိုးထုံးများကို ချက်ချင်းတိုက်ယူ သယ်ဆောင်ရသလို...အားကောင်းမောင်းသန်ယောကျ်ားသားတွေကတော့ ကောက်စိုက်သမ တွေ အလျင်မှီအောင် ...သူ​တို့စိုက်မဲ့ လယ်တွေဆီ လှည်းနဲ့ သယ်ယူလာသော ပျိုးထုံးတွေ ကို အားရပါးရ ကြိုတင်ပစ်ကြရသည်။ အခုလည်း ..ကောက်စိုက်...ပျိုးလက်ချ..ပျိုးတိုက် ...ပျိုးသယ် ..ပျိုးပစ် နဲ့ မင်းကြီးကုန်း ရွာ၌ ရှိသော တောင်သူတို့ အလုပ်ရှုပ်နေတဲ့ အချိန် ....ကိုသာမောင်သည်ကား တစ်ဧက စာ ဝယ်ယူထားတဲ့ သူ၏ လယ်ကွင်းမှာ ရေသွင်းနေတုန်းဖြစ်သည်။ မောင်ကံကောင်းမှာတော့ သူ့အဖေ ရေမြောင်းကိုဖောက်ပြီး ရေသွင်းတဲ့အခါ လိုက်ခွင့်မရသဖြင့် ရွာခံ လယ်သမားတွေနဲ့ နီးတဲ့ လယ်စောင့်တဲ ကလေးမှာ နေခဲ့ရ၏။သူ့အဖေ ရေသွင်းတဲ့ လယ်ဆိုတာက လည်း တောစပ်နဲ့နီးသလို...အခုလက်ရှိလယ်တွေစိုက်နေတဲ့ နေရာ နဲ့ အတော်လေးအလှမ်းဝေး၏။ ဘေးမှာ ခပ်ကြဲ ကြဲ ပေါက်နေတဲ့ သစ်ပင်များကြောင့် သူ့အဖေ အလုပ်လုပ်နေတာတောင် မောင်ကံကောင်းလေးမှာ မမြင်နိုင်ပါချေ။ မောင်ကံကောင်းဆိုတာ တစ်ရွာလုံးက ချစ်ကြတဲ့ကလေးတစ်ယောက်လို့ ဆိုလိုရသည်။ တစ်ရပ်ရွာ တစ်နယ်ကျေးက ရောက်လာတဲ့ သူတို့သားအဖကို အမျိုးဆွေတွေက သိပ်ပြီး အကျွမ်းတဝင် မဆက်ဆံပေမယ့် သူတို့ နဲ့ မသက်ဆိုင်တဲ့ရွာခံ လူတွေကတော့ အလေးထားဆက်ဆံကြသည်။ ကိုသာမောင်က ...အလုပ်လုပ်တဲ့ အခါ ဝီရိယ ရှိ၏...ရပ်ရေးရွာရေးလည်း အားတက်ကူညီ၏..ဒီလိုပဲ မောင်ကံကောင်းလေးကလည်း လိမ်မာပြီး...စကားအရမ်းတက်တဲ့အတွက် သူဖြစ်ချင်တာလေးတွေကို အတက်နိုင်ဆုံးလုပ်ပေးကြသည်။ မောင်ကံကောင်းလည်း လယ်စောင့်တဲလေးပေါ်မှာထိုင်ရင်းတစ်ယောက်တည်း ပျင်းလာတာနဲ့ လယ်စောင့်တဲကနေ ထွက်လာပြီး အနီးနားက လယ်ကွင်းထဲမှာ အလုပ်လုပ်နေတဲ့သူတွေရှိရာ ရောက်လာသည်။ ပြီးနောက် ....ကောက်စိုက်သမတွေကို အနောက်ကနေ ပျိုးလက်ချပေးနေတဲ့ စံလှဆိုသူအနား ကို လျှောက်သွားလိုက်ရင်း ... "ကိုကြီးစံလှရေ ....သားကို သရက်သီးခူးပေးပါဦး" "ဟာ ညီလေးကံကောင်း....အကိုဒီမှာ အလုပ်လုပ်နေတယ်လေ....မနှောက်ယှက်ရဘူး...သရက်သီးစားချင် ....ခနနေ ထမင်းစားနားတဲ့ အချိန် ကိုကြီး ခူးပေးမယ်.." "ဟင့်အင်း...မရဘူး...ကိုကြီးခူးပေး....သားသရက်သီးစားချင်တယ်လို့ " "ကံကောင်း...ဒီမှာ ကိုကြီး အလုပ်လုပ်နေတာလေကွာ...ပြီးရင် ခူးပေးမယ်လို့...ဒါနဲ့ မင်း အဖေကို ခူးခိုင်းလေကွာ " "သားအဖေက...ဟိုးအဝေးကြီးက လယ်ကွင်းမှာ အလုပ်လုပ်နေတာ...သူက သားကို နေတအားပူလို့ သူ့နားမလာခဲ့နဲ့ တဲ့.... ကိုကြီးခူး ပေးနော်... " ​မောင်ကံကောင်းလေးက သရက်သီးစားချင်လွန်းသဖြင့် အတန်တန် ပူဆာနေ၍... ကြာလာတော့ အလုပ်တစ်ဖက်နဲ့ မအားတဲ့ စံလှလည်း စိတ်မရှည်ပဲ... လေသံ အနည်းငယ် ခပ်မာမာ ပြောလိုက်မိသည်။ "ကံကောင်း...ဒီမှာ ကိုကြီး မအားဘူးလို့... သွား တစ်ခြားအားတဲ့သူခူးခိုင်း...မဟုတ်ရင် ကိုကြီးမင်းကို ရိုက်မိလိမ့်မယ် နော် " စံလှက ထိုကဲ့သို့ပြောလိုက်သည်နှင့် မောင်ကံကောင်းလည်း မျက်နှာငယ်လေးနဲ့ စံလှအနားက နေ ထွက်သွားခဲ့သည်။ပြီးနောက် တစ်ဆက်တည်းမှာပဲ... သူကို အမြဲလိုလို စနောက်ပြီး ကျီစယ်တက်တဲ့ သံချောင်းအနားကိုသွားပြီး ​ပူဆာပြန်သည်။သံချောင်းသည်ကား ပျိုးထုံးများကို သယ်ယူ ရင်း လယ်ကွင်းတွေ ဆီ ပစ်နေသည်။ "ကိုကြီးသံချောင်း....သားကို သရက်သီး ခူးပေးဦး...ဟိုနားက အပင်ကြီးမှာ သရက်သီး မှည့်တွေ ရှိတယ်.. သားစားချင်လို့ပါ.. ခူးပေးနော်... အဟင့်ဟင့် " "အကိုမအားသေးဘူးကံကောင်းရ...အခု ပျိုးတွေ ပစ်နေရတယ်လေကွာ...အချိန်မှီ ပျိုးပစ်မပြီးရင်...မင်းမမ ကောက်စိုက်သမ တွေက ပြောကြလိမ့်မယ်...ကဲ တခြားသူဆီ သွားနော် " သံချောင်းက အဲ့ဒီလိုပြောလိုက်သည်။ထိုအခါမှာတော့ မောင်ကံကောင်းလေး အနည်းငယ်မျှ စိတ်ပျက်သွားသော်လည်း မလျှော့သေးပဲ နောက်ထပ် အလုပ်လုပ်နေတဲ့ လူငယ်တစ်ယောက်ဆီ ပြေးသွားပြန်သည်။ "ကိုကြီးလူမော်...သားကို သရက်သီးခူးပေးပါဦး" လူမော်က ပျိုးတွေ သယ်နေရင်း ပြန်ဖြေသည်။

အရူးတေလေ နှင့် မောင်ကံကောင်း စာစဥ်36...ဇာတ်သိမ်း ------------------------- "ဦးကြီး...ပြောပုံအရဆို....မောင်ကံကောင်းဆိုတာ ကျုပ်တို့ လာရှာတဲ့ ကလေးများဖြစ်နေမလား " အိုးစည်က ကတုန်ကယင် အထိတ်တလန့် မေးလိုက်သည်။ဒီအချိန်မှာပဲ ရွာသူကြီး ဦးတိုက်မောင်းရဲ့ဘေးမှာ တစ်ချိန်လုံးရှိနေတဲ့ လူကြီး နှစ်ယောက်အနက် ...တစ်ယောက်ဆီမှ စကားသံ ထွက်ပေါ်လာသည်။ "နေပါဦး...မင်းက ငါတို့ရွာက ကလေးတစ်ယောက်ကို ဘာလုပ်ဖို့လာရှာတာလည်း ဆိုတာ ရှင်းအောင်ပြော " "ကျုပ်တို့ကို ကိုသာမောင်က အကူညီတောင်းပြီး ဒီကို လွှတ်လိုက်တာဗျ...သူ့သားလေးမောင်ကံကောင်းကိုခေါ်ပြီး သစ်စိမ့်ကုန်းရွာက သူ့အမေ စောမြအေး ဆီ ပို့ခိုင်းလို့ ကျုပ်တို့လာရတာလေဗျာ" အိုးစည်ဆီမှ...သူတို့ အတွက်မယုံကြည်နိုင်လောက်တဲ့ သံသယတွေ ပြည့်နှက်နေတဲ့ စကားအဆုံးမှာပဲ လူကြီး၃ယောက်လုံး ပါးစပ်အဟောင်းသားဖြစ်၍ သွားသည်။ပြီးနောက်...​ရောက်စတုန်းက အေးဆတ်ဆတ် ခပ်ပျက်ပျက် စကားဆိုတဲ့သူကြီးကခေါင်းကို ခါးယမ်းပြီးမှ သူ့ပုံစံအတိုင်း အခုလို လေသံတင်းတင်း စကားဆိုလာသည်။ "...မင်း....မင်း ကလူလိမ်ပဲ...လိမ်မယ်ဆိုလည်း ပိပိရိရိလိမ်ရတယ်ကွ...မင်းပြောတဲ့ သာမောင်ဆိုတာက ...." "နေပါဦး...ဦးကြီး...ကျုပ်အရင်ပြောပါရစေ...ကျုပ်စကားဆုံးမှ ကျုပ်လိမ်နေတာလားဆုံးဖြတ်ပါဗျ " အိုးစည်က သူကြီးတိုက်မောင်း၏ စကားမဆုံးခင်မှာပဲ ဖြတ်၍ ပြောလိုက်သည်။ဒီတော့ သူကြီးတိုက်မောင်းကလည်း.... "အေး...ပြောစမ်း....မင်းတို့ပြောတာ... တစ်ခု မှ အဓိပ္ပါယ်မရှိဘူးဆိုရင်...အခုချက်ချင်းထွက်သွား ..." "ဟုတ်တယ်....သူကြီးပြောတာမှန်တယ်...မင်းတို့က လူလိမ်ပေါက်စလေးတွေပဲ...မြတောင်ရွာကနေ တကူးတက လာပြီး ငါတို့ရွာကို အ ချဥ်ဖမ်းဖို့လာတယ်ဆိုတာသိသာနေပြီ....မြတောင်ရွာသားတွေရဲ့ အကျင့်က ဒီလိုပဲလားကွ " သူကြီးတိုက်မောင်းရဲ့ ဘေးက လူကြီးက ပါ ဒေါသတကြီး စွပ်စွဲလာတော့ အိုးစည်က ဘာမှ မတုန့်ပြန်ပဲ နေတာကို အားမလိုအားမရ ဖြစ်ကာ စံရွှေနဲ့ လှဖြိုး ဆီမှ စိတ်တိုပြီး... "ဘာ...ဘာဗျ...ကျုပ်တို့က ဦးကြီးတို့ကို လိမ်တယ်လို့ ထင်ရအောင်... အခုအချိန်ထိ ဦးကြီးတို့ဆီက ဘာတွေများ ယူထားလို့လည်း " " စံရွှေပြောတာအမှန်ပဲ...ကျုပ်တို့က ဘာတွေ တောင်းဆိုနေကြလို့ လူလိမ်တွေလို့ ထင်တာလည်း...ပြီးတော့ ဒီကို လာတာကလည်း...ကိုသာမောင်က အတင်းအကူညီတောင်းလို့ သူ့သားကို လာခေါ်ယုံပဲ... အခု သူ့သားက လည်းသေပြီဆိုတော့ ခေါ်စရာမလိုတော့ ဘူး....အိုးစည်လာ ..ပြန်မယ်ကွာ " "နေပါဦး... လှဖြိုးရာ...မင်းတို့က လည်း စိတ်ကြည့်ပဲ....သူတို့သေချာမသိသေးလို့ပါ....ဒီကိစ္စက သူတို့အတွက်ယုံရခက်မယ်ဆိုတာငါသိတယ်...သေ သွားတဲ့လူက အကူညီတောင်းတယ်ဆိုတာ... လွယ်လွယ်နဲ့ ဘယ်ယုံပါ့မလည်းကွ " အိုးစည်က အထက်ပါစကားကို စံရွှေနဲ့ လှဖြိုးကို ကြည့်၍ ပြောလိုက်တဲ့ အချိန်မှာပဲ အစောက တင်းမာနေတဲ့ သူကြီးနဲ့ လူကြီးနှစ်ယောက် မျက်နှာ တစ်ချက်ပျက်သွားပြီး သူကြီးကပဲ စကားဆိုလာသည်။ "မင်း...မင်းက.. သာမောင်သေတာ သိတယ်ပေါ့....ဒါဆို သိရဲ့သားနဲ့ ငါတို့ကို ဘာလို့ သာမောင် အကူညီတောင်းတာလို့ လာပြောနေရတာလည်းကွ" "ဒီလိုပါဦးကြီး....ကိုသာမောင်က သေပြီး....သူ့က သားကို စိတ်မချနိုင်ဖြစ်ပြီး မကျွတ်မလွတ်ပဲ ပရလောက နဲ့ သတ်ဆိုင်တဲ့ နယ်မြေတစ်ခု ကိုရောက်သွားခဲ့တာ....အဲ့ဒီမှာပဲ....." အိုးစည်လည်း အဲ့ဒီလို အစပြုရင်း...အုတ်ဆုံ ရွာမှာ ကိုသာမောင် ဝင်ပူးတာက စပြီး ကိုသာမောင် အကူညီ တောင်းခဲ့တာကို သေသေချာချာ ရှင်းပြလိုက်တော့ သူတို့ သုံးယောက်သား ပါးစပ်အဟောင်းသားဖြစ်သွားလေ၏။ "ကဲ...အဲ့ဒါပဲ ဦးကြီး...သူပြောတာ သူသေသေချင်းမှာပဲ ဝိညာဥ်ကလွှင့်ပြီး... အုတ်ဆုံရွာသင်္ချိုင်းကုန်းရှိရာကို ရောက်ခဲ့တာတဲ့..အခု သူက အဲ့ကနေ ဘယ်မှ သွားမရတော့ဘူး...ဒါ့ကြောင့် သူ့သားကို ခေါ်ပြီး သူ့အမေ ဆီ ပို့ပေးဖို့ ကျုပ်တို့ကို အကူညီတောင်းတာ...ဒါနဲ့ သူ့သားကရော ဘယ်လိုဖြစ်ပြီး သေဆုံးခဲ့တာလည်းဗျ " "မောင်ကံကောင်း သေတဲ့ အချိန်ကို ...မင်းတို့ တကယ်မသိကြဘူးလား.." "ဘာကိုလည်းဦးကြီးရ...ကျုပ်တို့က မောင်ကံကောင်းလေးသေတာကို သူ့အဖေ မှ မပြောပြတော့ ဘယ်သိပါ့မလည်းဗျာ...ကျုပ်တို့ရွာနဲ့ ဦးကြီးတို့ ရွာက လည်း ဒီလောက်ဝေးနေတာဆိုတော့ ကျုပ်တို့ မသိတာတော့ မဆန်းလောက်ဘူးနော် " "အေး...မသိရင်လည်းပြောပြမယ်...သူတို့သားအဖ နှစ်ယောက် သေတာ တစ်ရက်တည်း..." "ဗျာ...." သူကြီးတိုက်မောင်းရဲ့ စကားအဆုံးမှာပဲ အိုးစည်တို့သုံးယောက်လည်း အတော်လေးကို အံ့အားသင့်သွားခဲ့သည်။ သူတို့သားအဖ ရဲ့ တိုက်ဆိုင်မှု့က အတော်လေးကို ဆန်းကြယ်လှတယ်မလား။အဖေဖြစ်သူ သာမောင်က တစ်ရက်တည်း အတူ သေဆုံးခဲ့တာတောင် သူ့သားကို အသက်ရှင်နေတယ် ထင်နေတုန်းဆိုတော့ ဆိုးလိုက်တဲ့ ကံကြမ္မာဆိုပြီး အိုးစည်တွေးမိနေသည် ။ဒီအချိန်မှာပဲ စံရွှေက... "ဒါဆို...ကျုပ်တို့ကို မောင်ကံကောင်း သေဆုံးခဲ့ ပုံ အကြောင်းတွေ ရှင်းပြပါ့လား...ကျုပ်တို့ ပြန်တဲ့ အခါ ကိုသာမောင်ကို သွားပြောရအောင်လို့ " စံရွှေက ကောက်ကာငင်ကာမေးလိုက်တဲ့ အခါမှာပဲ....သူကြီး တိုက်မောင်းက ရေနွေးကြမ်းတစ်ခွက်ကို ကျိုက်လိုက်ရင်းမှ..မောင်ကံကောင်း လေး သေ ဆုံးခဲ့ ပုံ အကြောင်းစုံကို ရှင်းပြလိုက်ပါလေတော့သည်။