en
Feedback
တပ်ကြပ်ကြီးဖိုးကွန်း

တပ်ကြပ်ကြီးဖိုးကွန်း

Open in Telegram
2 716
Subscribers
No data24 hours
-117 days
-5230 days
Posts Archive
မြန်မာလူငယ်များအတွက် “Science Club” အစီအစဉ် စတင် ========================================== မြန်မာလူငယ်များ သိပ္ပံနှင့်နည်းပည
+6
မြန်မာလူငယ်များအတွက် “Science Club” အစီအစဉ် စတင် ========================================== မြန်မာလူငယ်များ သိပ္ပံနှင့်နည်းပညာအပေါ် စိတ်ဝင်စားမှုမြင့်တက်လာစေရန် China Media Group (CMG) နှင့် ရန်ကုန်မြို့ရှိ အရှေ့တိုင်းကိုယ်ပိုင်အထက်တန်းကျောင်း (ELBC) တို့ ပူးပေါင်း၍ “Science Club” လှုပ်ရှားမှုနှင့် “နက်ပြာရောင် ရင်ခုန်သံ” ပူးပေါင်းဖန်တီးမှုများ စုစည်းခြင်းအစီအစဉ်ကို စက်တင်ဘာလ ၅ ရက်က စတင်ခဲ့ပြီး အခမ်းအနားသို့ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ ၅၀၀ ကျော် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်... အဆိုပါအစီအစဉ်မှတစ်ဆင့် မြန်မာလူငယ်များ၏ ပင်လယ်ရေနက်ကမ္ဘာနှင့် သိပ္ပံနည်းပညာဆိုင်ရာ ပန်းချီဖန်တီးမှုများ၊ သိပ္ပံဆိုင်ရာမေးခွန်းများကို စုဆောင်းသွားမည်ဖြစ်ပြီး ရွေးချယ်ခံရသည့် လက်ရာများကို တရုတ်နိုင်ငံ သိပ္ပံနှင့်နည်းပညာပြတိုက်၌ ပြသခွင့်နှင့် ဆုများ ရရှိမည်ဖြစ်သည်။ ရွေးချယ်ခံရသည့် သိပ္ပံဆိုင်ရာမေးခွန်းများကိုလည်း သက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက ဖြေကြားပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်...

MNDAA အကြမ်းဖက်အဖွဲ့၏ လက်နက်ခဲယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် ပြည်သူများ ထိခိုက်သေဆုံးမှုများပြားခဲ့ပြီး ဒေသခံပြည်သူတွေအကြား မကျေနပ်မှုများ ဖြစ်ပေါ်လျက်ရှိ ==================== စက်တင်ဘာလ ၈ ရက်မနက်အစောပိုင်းက ရှမ်းပြည်နယ်၊ သိန်းနီမြို့နယ်၊ စယ်အူကျေးရွာရှိ MNDAA အကြမ်းဖက်အဖွဲ့ရဲ့ ယမ်းများနဲ့ အက်စစ်များသိုလှောင်ထားတဲ့ဂိုဒေါင် ပေါက်ကွဲခဲ့ပါတယ်...အဆိုပါ ပေါက်ကွဲမှုကြောင့် စယ်အူကျေးရွာအတွင်းနေထိုင်လျက်ရှိတဲ့ ဒေသခံအရပ်သားပြည်သူ ၅၀ ကျော်သေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ပြည်သူပိုင်နေအိမ် အများအပြားလည်း ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်...ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ဒေသခံတိုင်းရင်းသားပြည်သူတွေက MNDAA အကြမ်းဖက်အဖွဲ့ကို ကျေနပ်မှုမရှိဘူးလို့လည်း သိရပါတယ်...အခုဖြစ်စဉ်နဲ့ ပတ်သက်ပြီး MNDAA အကြမ်းဖက်အဖွဲ့ဘက်က ဘယ်လိုတာဝန်ယူ/တာဝန်ခံပြီး ဖြေရှင်းပေးမလဲဆိုတာ ဒေသခံတွေအနေနဲ့ ပြတ်ပြတ်သားသားမေးခွန်းထုတ်ကာ ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချသင့်ပါတယ်...

ပတ်ဝန်းကျင်ကို ရှုမြင်၍ မိမိဘဝကို ပြုပြင်ခြင်း တရားတော် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ 🙏🙏🙏🙏🙏 https://t.me/Ashinandarmarlrbiwitha

Repost from U Kan Myint Than
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းသည် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ၊ နေပြည်တော်ကောင်စီ အတွင်းရေးမှူး၊ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌများ လိုက်ပါလျက် ၆-၉-၂၀၂၆ ရက်နေ့ နံနက်ပိုင်းတွင် အသက်(၁၀၀)နှင့်အထက် သက်ကြီးပုဂ္ဂိုလ်အား သွားရောက်တွေ့ဆုံ ဂါဝရပြုခဲ့သည်။ ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းသည် ဥတ္တရသီရိမြို့နယ်၊ မင်းကုန်းကျေးရွာအုပ်စု၊ မီးလောင်ကုန်းကျေးရွာရှိ အသက်(၁၁၉)နှစ် ပြည့်ပြီးဖြစ်သော အဖွားဒေါ်သန်းမြင့်အား သွားရောက်တွေ့ဆုံ၍ စားသောက်ဖွယ်ရာများနှင့် ဂါရဝပြုငွေများ ပေးအပ်ကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းသည် တာဝန်ရှိသူများလိုက်ပါလျက် လယ်ဝေးမြို့နယ်၊ ကြောင်ရေကျေးရွာအုပ်စု၊ သာယာစုကျေးရွာရှိ အသက်(၁၁၂)နှစ်ပြည့်ပြီးဖြစ်သော အဖွားဒေါ်ငယ်အား သွားရောက်တွေ့ဆုံ၍ စားသောက်ဖွယ်ရာများနှင့် ဂါရဝပြုငွေများပေးအပ်ကာ လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း အသက်(၁၀၀)နှစ်နှင့် အထက် လက်ရှိနေထိုင်သူ ၂၄ ဦး ရှိကြောင်း ပြည်ထောင်စုနယ်မြေ ဦးစီးမှူးရုံး၊ နေပြည်တော် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ သိရှိရပါသည်။ #ဦးကံမြင့်သန်း #naypyitaw #Naypyitawcouncil #NPTDC

Repost from K S News
(၆၂)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အထိမ်းအမှတ် ပဲခူးတိုင်းရဲတပ်ဖွဲ့ စုပေါင်းသွေးလှူဒါန်း ပဲခူး၊ စက်တင်ဘာ ၈ (၆၂)နှစ်မြောက
+9
(၆၂)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အထိမ်းအမှတ် ပဲခူးတိုင်းရဲတပ်ဖွဲ့ စုပေါင်းသွေးလှူဒါန်း ပဲခူး၊ စက်တင်ဘာ ၈ (၆၂)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ်အဖြစ် ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့ နံနက်ပိုင်းက ပဲခူးမြို့ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီး၊ အောင်သုခဆေးကုသဆောင်၌ ကျင်းပခဲ့သည်။ သွေးလှူဒါန်းပွဲသို့ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။ တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးများမှ ရဲတပ်ဖွဲ့ဝင်များနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် စုစုပေါင်း ၁၅၀ ဦးကျော်က စုပေါင်းသွေးလှူဒါန်းခဲ့ကြပြီး ဝန်ကြီးချုပ်နှင့် ဇနီးတို့က အာဟာရဖြည့်စွက်စာများနှင့် ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။ #SN

လူတိုင်းအတွက် ပညာရေး - စာတတ်မြောက်ခြင်းသည် အသိပညာဗဟုသုတများ တိုးပွားစေရုံတင် မကဘဲ လူနေမှုဘဝကိုပါ မြင့်မားစေသောကြောင့် ပြည်သူအားလုံး စာတတ်မြောက်ရန် လိုကြောင်း။ စာတတ်မြောက်ခြင်းမှတစ်ဆင့် ငြိမ်းချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်သစ်ဆီသို့ အတူတကွ ချီတက်ရန် — အားလုံး လက်တွဲညီညီ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် မျှော်မှန်းထားသည့် ငြိမ်းချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်သစ်ဆီသို့ အတူတကွ ချီတက်ကြရန် နိုင်ငံတော်သမ္မတက တိုက်တွန်းပြောကြားခဲ့ပါသည်။

စာတတ်သူတိုင်း စာဖတ်ကြရေးနှင့် အစဉ်လေ့လာသင်ယူနေသည့် လူ့အဖွဲ့အစည်းအဖြစ် ရှင်သန်ရပ်တည်နိုင်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြား နေပြည်တော်၊ စက်တင်ဘာ ၈           ၂၀၂၆ ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့အခမ်းအနားကို ယနေ့ စက်တင်ဘာ ၈ ရက် နံနက်ပိုင်းတွင် Naypyitaw State Academy ၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။ နိုင်ငံတော်သမ္မတ အဓိကထား တိုက်တွန်းပြောကြားခဲ့သည်များမှာ- စာတတ်မြောက်ခြင်းသည် လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကမောင်းနှင်အား ဖြစ်- စာတတ်မြောက်ခြင်းဆိုသည်မှာ လူသားတိုင်း၏ မွေးရာပါအခြေခံ ရပိုင်ခွင့်ဖြစ်သကဲ့သို့ လူသား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကမောင်းနှင်အားဖြစ်ကာ စာတတ်မြောက်မှသာလျှင် လေ့လာတတ်မြောက်ထားသည့် အတတ်ပညာများနှင့် ဘဝကို ရှင်သန်ဖြတ်သန်းနိုင်မှာ ဖြစ်ကြောင်း။ နိုင်ငံတော်အနေဖြင့် ပညာရေးကဏ္ဍကို အထူးအလေးထား မြှင့်တင်လျက်ရှိ- နိုင်ငံတော်အနေဖြင့် "နိုင်ငံတော်ဖွံ့ဖြိုးဖို့ ပညာရေးကို အားပေးစို့" ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ပညာရေးကဏ္ဍကို အထူးအလေးထားမြှင့်တင်ဆောင်ရွက်ပေးလျက်ရှိပြီး ပညာရေးဝန်ကြီးဌာနအနေဖြင့်လည်း အခြား သော အစိုးရအဖွဲ့များနှင့် ပူးပေါင်းကာ လူတိုင်းစာတတ်မြောက်စေရေး အရှိန်အဟုန်ဖြင့် ဆက်လက် ဆောင်ရွက်ကြရန် လိုကြောင်း။ စာမတတ်သူဦးရေ လျှော့ချနိုင်ရန် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ကြိုးပမ်းသွားကြရမှာဖြစ်- ကျေးလက်ဒေသနေပြည်သူများနှင့် အစွန်အဖျားဒေသများရှိ ပြည်သူအားလုံး စာတတ်မြောက်ရေး အလေးထားဆောင်ရွက်ခဲ့ခြင်းကြောင့် ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံ၏ စာတတ် မြောက်မှုနှုန်းမှာ ၉၂ ဒသမ ၁ ရာခိုင်နှုန်းနှင့် တွက်ချက်မှု တတ်မြောက်နှုန်း ၉၂ ဒသမ ၃ ရာခိုင်နှုန်း အထိ တိုးတက်လာခဲ့ကာ ကျန်ရှိနေသေးသည့် စာမတတ်သူဦးရေကိုလည်း နှစ်အလိုက် ထိရောက်စွာ လျှော့ချနိုင်ရေး အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ဆက်လက်ကြိုးပမ်းသွားကြရမှာဖြစ်ကြောင်း။ ကမ္ဘာမြေနှင့်လူသားများ သာယာဝပြောဖို့ စာတတ်မြောက်‌ရေး မြှင့်တင်စို့- ၂၀၂၆ ခုနှစ်၊ နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် ဆောင်ပုဒ်မှာ “ကမ္ဘာမြေနှင့် လူသားများ သာယာဝပြောဖို့ စာတတ်မြောက်‌ရေး မြှင့်တင်စို့” “Literacy for people, the planet, and prosperity”  ဖြစ်ကာ လူသားတစ်ဦးချင်းစီ၏ စာတတ်မြောက်ခြင်းသည် ကမ္ဘာကြီးတစ်ခုလုံး၏ နိုင်ငံရေး၊ ငြိမ်းချမ်းရေး၊ လူမှုရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများကို စွမ်းဆောင်ပေး နိုင်သည့် အဓိကအရင်းအမြစ်ဖြစ်ကြောင်း။ ကျောင်းပြင်ပ ပညာရေး(Non-Formal Education) အစီအစဉ်များ ဆောင်ရွက်လျက်ရှိ- အကြောင်း အမျိုးမျိုးကြောင့် မူလတန်းပညာ မပြီးမြောက်ခဲ့သူများအတွက် ကျောင်းပြင်ပ မူလတန်းပညာရေး အစီအစဉ်(Non-Formal Primary Education-NFPE)နှင့် အလယ်တန်းပညာ မပြီးမြောက်ခဲ့သူ များအတွက် ကျောင်းပြင်ပ အလယ်တန်းပညာရေးအစီအစဉ်(Non-Formal Middle Education- NFME) များကို သင်ကြားပေးလျက်ရှိပြီး ကျောင်းပြင်ပရောက် ကလေးများအတွက် အဖိုးတန် "ဒုတိယ အခွင့်အရေး" ပင် ဖြစ်ကြောင်း။ ရပ်ရွာအခြေပြု စာကြည့်တိုက်များ ဆောင်ရွက်လျက်ရှိ- စာတတ်မြောက်ခြင်းမှတစ်ဆင့် အသိပညာ နှင့် လူနေမှုဘဝမြင့်မားရေးအတွက် ရပ်ရွာအခြေပြု စာကြည့်တိုက်များမှာ ပညာဗဟုသုတများ ဖတ်ရှု လေ့လာနိုင်ရန် အားပေးဆောင်ရွက်လျက်ရှိကြောင်း။ ၂၀၂၄ ခုနှစ် ဧပြီလမှစပြီး သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန၏ပံ့ပိုးမှုဖြင့် Mobile Application များ အသုံးပြုကာ အခြေခံစာတတ်မြောက်ရေးကို သင်ကြားပေးနိုင်ခဲ့သည့်အပြင် မြန်မာ့ပညာရေးရုပ်မြင်သံကြားအစီအစဉ် (Myanmar Education Channel)ဖြင့်လည်း ပညာရေးဆိုင်ရာများကို ထုတ်လွှင့်ပေးလျက်ရှိကြောင်း။ ကျေးလက်ဒေသအစွန်အဖျားနေ တိုင်းရင်းသားပြည်သူများ စာတတ်မြောက်လာစေရေး အလေး အနက်ထား ဆောင်ရွက်ကြရန်လို - တိုင်းဒေသကြီးနှင့် ပြည်နယ်အစွန်အဖျားများရှိ တိုင်းရင်းသား ပြည်သူများ၏ အရေး၊ အဖတ်၊ အတွက်အချက်များ တတ်မြောက်လာစေရန်အတွက် တိုင်းဒေသကြီး နှင့်ပြည်နယ်များရှိ တိုင်းရင်းသားစာပေနှင့်အသင်းအဖွဲ့များ၊ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် တိုင်းရင်း သားလူမျိုးများရေးရာဝန်ကြီးဌာနတို့အနေဖြင့် ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ပြီး ကျေးလက်ဒေသအစွန်အဖျားနေ တိုင်းရင်းသားပြည်သူများ စာတတ်မြောက်လာစေရေး  တိုင်းဒေသ ကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များက အလေးအနက်ထား ဆောင်ရွက်ကြရန်လိုကြောင်း။ စာတတ်သူတိုင်း စာဖတ်ကြဖို့ လို- ဘဝအတွက် ပိုမိုပြည့်စုံရန်၊ ဗဟုသုတကြွယ်ဝရန်၊ အသိပညာ ပြည့်ဝရန်အတွက် စာတတ်သူတိုင်း စာဖတ်ကြရန်နှင့် ပညာဆိုသည်မှာ ရှာဖွေလေ့လာ၍ ကုန်သည် မရှိဘဲ စာတတ်သူတိုင်း စာဖတ်ကြရေးနှင့် အစဉ်လေ့လာသင်ယူနေသည့် လူ့အဖွဲ့အစည်းအဖြစ် ရှင်သန်ရပ်တည်နိုင်ရေး ဆောင်ရွက်သွားရန် လိုကြောင်း။

ဗိုလ်တစ်ထောင်မြို့နယ် ၄၁ လမ်းတွင် အသက်ကြီးပိုင်းအမျိုးသမီးတစ်ဦး အသတ်ခံရ ၈ စက်တင်ဘာ ၂၀၂၆ ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တစ်ထောင်မြ
+2
ဗိုလ်တစ်ထောင်မြို့နယ် ၄၁ လမ်းတွင် အသက်ကြီးပိုင်းအမျိုးသမီးတစ်ဦး အသတ်ခံရ ၈ စက်တင်ဘာ ၂၀၂၆ ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တစ်ထောင်မြို့နယ်၊ ၄၁ လမ်းအပေါ်လမ်းရှိ နေအိမ်တိုက်ခန်းတစ်ခုတွင် အသက်ကြီးပိုင်းအမျိုးသမီးတစ်ဦး အသတ်ခံထားရသည်ကို တွေ့ရှိခဲ့ကြောင်း အနီးအနားနေထိုင်သူများထံမှ သိရသည်။ သေဆုံးနေသည်ကို ယနေ့ စက်တင်ဘာ ၈ ရက် နံနက်ပိုင်းတွင် တွေ့ရှိခဲ့ခြင်းဖြစ်ပြီး မည်သည့်အချိန်ကတည်းက အသတ်ခံထားရသည်ကို မသိရသေးဘဲ သက်ဆိုင်ရာတာဝန်ရှိသူများက စစ်ဆေးမှုများ ပြုလုပ်နေကြောင်း အနီးအနားနေထိုင်သူများက ပြောသည်။ သေဆုံးသူ၏ ရုပ်အလောင်းကို အဖြူရောင်ကမ်းလက် လူမှုကူညီရေးအသင်းက ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း အသင်းက အသိပေးထားသည်။

Repost from Sitt Naing News
မိုင်းပျဉ်းမြို့နယ်တွင် ငွေကျပ်သိန်း ၂,၀၀၀ တန်ဖိုးရှိ ကဖင်းများ ဖမ်းဆီးရမိ နေပြည်တော်၊ စက်တင်ဘာ ၈ ရှမ်းပြည်နယ်၊ မိုင်းပျဉ်းမြ
မိုင်းပျဉ်းမြို့နယ်တွင် ငွေကျပ်သိန်း ၂,၀၀၀ တန်ဖိုးရှိ ကဖင်းများ ဖမ်းဆီးရမိ နေပြည်တော်၊ စက်တင်ဘာ ၈ ရှမ်းပြည်နယ်၊ မိုင်းပျဉ်းမြို့နယ် ပန်မော်(၂၀)မိုင်ကျေးရွာအနီး ကျိုင်းတုံ-တောင်ကြီးသွားကားလမ်းတွင် ငွေကျပ်သိန်း ၂,၀၀၀ တန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၂,၀၀၀ ကီလို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ စက်တင်ဘာ ၄ ရက် ည ၁၁ နာရီ ၄၅ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့က သတင်းအရ စစ်ဆေးရာ စိုင်းစံထွန်း မောင်းနှင်သည့် TOYOTA HILUX VIGO ယာဉ်ပေါ်မှ ကဖင်း ၁,၀၂၀ ကီလိုနှင့် လက်ကိုင်ဖုန်း ၃ လုံး၊ ယောလှ မောင်းနှင်သည့် TOYOTA HILUX TIGER ယာဉ်ပေါ်မှ ကဖင်း ၉၈၀ ကီလိုနှင့် လက်ကိုင်ဖုန်း ၁ လုံးတို့ကို သိမ်းဆည်းရမိခဲ့သည်။ ဖမ်းဆီးရမိသည့် ကဖင်းများ၏ ဒေသကာလတန်ဖိုးမှာ စုစုပေါင်း ငွေကျပ်သိန်း ၂,၀၀၀ ဖြစ်ကြောင်း သိရသည်။ #SN

တနေ့က စိုင်းစိုင်း ရှိုးကို လူကြီး၊ လူငယ် မရွေး လူပင်လယ်ဖြစ်တဲ့အထိ သွားကြတယ်။ လူကြီးလို့ ပြောရတာက စိုင်းစိုင်းနဲ့တန်းတူ အရွယ်တွေတောင် မငယ်တော့တဲ့ အသက်အရွယ်တွေ ရှိကုန်ပြီ မလား။ နှုတ်ခမ်းနီ မလေးတွေရဲ့ အသည်းစွဲ အဆိုတော် ဆိုတော့လည်း ခုချိန်ထိတိုင် ပရိတ်သတ်ကို အင်နဲ့ အားနဲ့ ထိန်းထားနိုင်ဆဲပဲ။ ပြောချင်တာက ဒါနဲ့ပတ်သက်ပြီး ၂၀၂၁ အလွန်ကာလ တုန်းက သူ့ကို Boycott လုပ်ခဲ့တာလေး ပြန်သတိရမိစေတာပါ။ သူကတော့ တခြားသူထက် လုပ်ရပ်ပိုရှင်းတယ်လို့တောင် ပြောရမလားပဲ။ အနီတွေ က သူတို့ကို ထောက်ခံရင် ဓမ္မ၊ သူတို့ကို မထောက်ခံရင် အဓမ္မလို့ ပြောနေချိန်မှာ ပြတ်ပြတ်သားသား ဘေးထွက် နေပေးလိုက်တယ်။ တကယ်တော့ အနီတွေရဲ့ စိတ်ထဲမှာ ဖိအားပေးပြီး သူတို့ဖက်ပါရင် ဒီတော်လှန်ရေးက နိုင်မယ်လို့ တွေးထားကြပုံလည်း ‌ရှိကြလိမ့်မယ်။ ခက်တာက သူတို့ဘက်ကို သဘောရိုးနဲ့ ပါကြတာထက် မထောက်ခံရင် ဒလံခေါင်းစဉ်တပ်၊ ရန်အောင်တို့ ၊ ယုန်လေးတို့ဆို သတ်ပစ်ဖို့အထိပါ ခြိမ်းခြောက်၊ တော်လှန်ရေးကို မထောက်ခံရင် အုံလိုက်ကျင်းလိုက် Boycott လုပ်လိုက်ရင်....ဒီအနုပညာရှင်တွေ ထမင်းငတ်ပြီး လမ်းဘေးရောက်လိမ့်မယ်လို့လည်း ထင်ခဲ့ကြပုံရတယ်။ အနုပညာရှင်တွေထဲမှာ တချို့ ၅၀၅ နဲ့ ထောင်ကျခဲ့သူတွေလည်း ရှိတယ်။ ဒါပေမယ့် သူတို့ ထောင်ကျ ခဲ့တဲ့အထိ ပေးဆပ်ခဲ့တဲ့ လုပ်ရပ်က တန်၏၊ မတန်၏ ဆိုတာ သူတို့ကိုယ်တိုင် အသိဆုံး ဖြစ်မှာပဲ။ ဒီ ၅ နှစ်ကျော်ကာလမှာ အလှူခံသလောက်သာ အိပ်ထဲမထည့်ဘဲ တော်လှန်ရေးကို အားသွန်ခိုက်စိုက်လုပ်ကြရင် တမျိုး တဖုံလည်း ဖြစ်ကောင်း ဖြစ်မှာပေါ့။ ခက်တာက NUG ရဲ့ အောင်ကြည်ညွှန့်တို့၊ နေဘုန်းလတ်တို့ကိုယ်တိုင် က ပြည်ပမှာ ၊ မြေပြင်မှာ ဦးစီးခေါင်းဆောင်သူမရှိ၊ EAO တွေနဲ့ကလည်း ဖက်ဒရယ် ဖွဲ့စည်းပုံ မဆွဲနိုင်၊ အဆုံးအဖြတ် ပေးရအောင်ကလည်း ဒေါ်စုကို ကျော်ပြီး ဘယ်သူမှ မလုပ်ဝံ့ကြတဲ့ အခြေအနေမှာ ....နိုင်ငံရေးဆိုတာ ဘူမသိ၊ ဘာမသိကြတဲ့ လူငယ်တွေက ဘယ်လောက်တောင် အသက်တွေ ပေးခဲ့ကြပြီလဲ မသိ။ ‌CDM အောင်မြင်ဖို့ ကလေးတွေကိုတောင် ကျောင်း မတက်ဖို့ ဆော်ဩခဲ့ကြတဲ့ အသိုင်းအဝိုင်းတစ်ခု၊ အစိုးရ ပြုတ်ကျရင် ပြီးရော...ပြည်တွင်းက investment တွေ ဆုတ်ခွာဖို့ တောင်းဆိုခဲ့ကြတဲ့ အဖွဲ့အစည်း၊ ကိုယ့်ဘက် မထောက်ခံရင် ၊ ကိုယ်နဲ့ သဘောထား မတိုက်ဆိုင်ရင် ခပ်လွယ်လွယ် Boycott လုပ်ကြဟေ့လို့ ပြောတတ်ကြတဲ့ ခပ်ညစ်ညစ် လူ့အဖွဲ့အစည်းကြားမှာ....ဒီမိုကရေစီအယူအဆတောင် နားလည်ကြရဲ့လား မသိ။ နာတော့ မနာကြနဲ့။ တနေ့က ရှိုးပွဲမှာ လွန်ခဲ့တဲ့ ၃ နှစ်က ကိုယ်နဲ့ အမြင်မတူခဲ့တဲ့ " we stand with u" လုပ်ခဲ့ပြီး အရေးတော်ပုံ အောင်ရမယ် ဆိုတဲ့ ပုဂ္ဂိုလ်က စိုင်းစိုင်း Show သွားခဲ့တဲ့ ဓာတ်ပုံတွေကို လူမှုကွန်ရက်ပေါ်မှာ တခမ်းတနား မျှဝေလို့နေရဲ့။ ကြည့်ရတာ....သူတို့ကိုယ်တိုင် သွေးအေးသွားကြပြီ ထင်တယ်။ (နရီမိုး)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ၂၀၂၆ ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနားသို့ တ
+8
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ၂၀၂၆ ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား လူသားတစ်ဦးချင်းစီ၏ စာတတ်မြောက် ခြင်းသည် လူ့အဖွဲ့အစည်းတစ်ခုလုံးအတွက်သာမက မိမိနိုင်ငံအပါအဝင် ကမ္ဘာကြီး တစ်ခုလုံး၏ နိုင်ငံရေး၊ ငြိမ်းချမ်းရေး၊ လူမှုရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုနှင့် ပတ်ဝန်း ကျင်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများကို စွမ်းဆောင်ပေးနိုင်သည့် အဓိကအရင်းအမြစ် ဖြစ်သည်ကို တွေ့ရမည်ဖြစ်ကြောင်းပြောကြား နေပြည်တော်၊ စက်တင်ဘာ - ၈ ၂၀၂၆ ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့အခမ်းအနားကို ယနေ့နံနက် ပိုင်းတွင် နေပြည်တော်ရှိ Naypyitaw State Academy ၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပ ပြုလုပ်ရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။ #PPIB #SN

🏆 4926 Operation 🏆 စက်တင်ဘာ ၇ ရက်နေ့ ဆင်လန်ဒေသအတွင်းရှိ အကြမ်းဖက် AA စခန်းတစ်ခုအား တပ်မတော်က စီးနင်းတိုက်ခိုက်သိမ်းပိုက်။ ရန်သူမှာ ပြန်လည်မခုခံနိုင်ဘဲ ကစဉ့်ကလျား ထွက်ပြေးသွားပြီး မိမိတပ်ဖွဲ့များက လိုက်လံချေမှုန်းလျက်ရှိ။ - Congratulations ပါ မြန်မာ့တပ်မတော်သားများ တိုက်ပွဲသတင်းစုံ

Repost from U Kan Myint Than
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများလုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်း ဒုတိယအကြိမ်(၂/၂ဝ၂၆) သင်တန်းဆင်းပွဲအခမ်းအနားကို ၄-၉-၂၀၂၆ ရက်နေ့ နံနက်ပိုင်းက နေပြည်တော်ကောင်စီရုံး၊  ဇမ္ဗူသီရိခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူး၊   ဌာနဆိုင်ရာများ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌများ၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ တက်ရောက်ကြသည်။ ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းက အဖွင့်အမှာစကားပြောကြားရာ ယနေ့အခမ်းအနားသည် သင်တန်းတစ်ရပ်ပြီးဆုံးသည့် အခမ်းအနား တစ်ခုသာမဟုတ်ဘဲ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ သင်တန်းကာလအတွင်း လေ့လာသင်ယူခဲ့ကြသည့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် လက်တွေ့လုပ်ငန်းကျွမ်းကျင်မှုများကို မိမိတို့ တာဝန်ယူဆောင်ရွက်ရမည့် ရပ်ကွက်/ ကျေးရွာအုပ်စုများတွင် လက်တွေ့ အသုံးချပြီး ပြည်သူများအတွက် ထိရောက်သော ဝန်ဆောင်မှုများပေးနိုင်ရန် တာဝန်များကို အရှိန်အဟုန်မြှင့် ထမ်းဆောင်ကြဖို့ အစပြုသည့်  အခမ်းအနားတစ်ရပ်လည်းဖြစ်ပါကြောင်း၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း မြို့နယ်များတွင် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအရေအတွက် ၂၄၂  ဦးရှိသည့်အနက် ယခုဒုတိယအကြိမ် လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်းကို လယ်ဝေးမြို့နယ်မှ သင်တန်းသား ၆၇ ဦးနှင့် ဒက္ခိဏသီရိမြို့နယ်မှ သင်တန်းသား ၁၀ ဦး၊ စုစုပေါင်းသင်တန်းသား ၇၇ ဦးအား  ဩဂုတ်လ ၁၀  ရက်နေ့မှ  စက်တင်ဘာလ ၄ ရက်နေ့အထိ သင်တန်းကာလ လေးပတ်ကြာ သင်တန်း ဖွင့်လှစ်သင်ကြားပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ အုပ်ချုပ်ရေးကဏ္ဍမှာ အခြေခံအကျဆုံးသည် ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးဖြစ်သည့်အတွက် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု၏ အုပ်ချုပ်ရေးကို ရပ်ရွာကကြည်ညိုလေးစားပြီး သိက္ခာသမာဓိရှိသည့် ပုဂ္ဂိုလ်အား ၂၀၁၂ ခုနှစ် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေး ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ခန့်အပ်တာဝန်ပေးကာ ယခုကဲ့သို့ သင်တန်းများကို စနစ်တကျ ဖွင့်လှစ်သင်ကြားပေးခဲ့ခြင်းဖြစ်ကြောင်း၊ အုပ်ချုပ်ရေးမှူးတစ်ဦးအနေဖြင့် ဥပဒေ၊ နည်းဥပဒေများကို သိရှိနားလည်ထားခြင်းက အလွန်အရေးကြီးကြောင်း၊  သို့ရာတွင် ဥပဒေကို သိရှိရုံမျှဖြင့် မလုံလောက်ဘဲ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ မှန်ကန်စွာ လက်တွေ့ကျင့်သုံးနိုင်ရန်လည်း လိုအပ်ပါကြောင်း၊ ထို့အတွက်ကြောင့် သင်တန်းကာလအတွင်း သင်ယူလေ့လာခဲ့သည့် ပညာရပ်များကို အမှန်တကယ် အသုံးချကြရန် အလေးအနက်ထားမှာကြားလိုကြောင်း၊ အုပ်ချုပ်ရေး၏ အနှစ်သာရရည်မှန်းချက်ဖြစ်သော ပြည်သူကို ဗဟိုပြုသည့်ကောင်းမွန်သော အုပ်ချုပ်ရေးယန္တရား တည်ဆောက်ရေးအတွက် ယနေ့သင်တန်းဆင်းပွဲ အခမ်းအနားတက်ရောက်လာသည့် ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများမှ နောင်လူငယ်များ၏ စံနမူနာအုပ်ချုပ်ရေးမှူးကောင်းများအဖြစ် ရှေ့ဆောင်လမ်းပြဖြစ်ရန်လိုအပ်ကြောင်း၊ ပြည်သူများ၏ ယုံကြည်အားကိုးမှုကိုရရှိရန်နှင့် အုပ်ချုပ်ရေးတာဝန်များအား အောင်မြင်စွာ ထမ်းဆောင်ရန်လိုအပ်‌ကြောင်းပြောကြားခဲ့ပါသည်။ ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းက  လယ်ဝေးမြို့နယ်မှ  သင်တန်းသားများကိုယ်စား သင်တန်းသား တစ်ဦးအား သင်တန်းဆင်း လက်မှတ်ပေးအပ်ပြီး နေပြည်တော်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အုပ်ချုပ်ရေးမှူး ဦးသန်းဆွေဝင်းက ဒက္ခိဏသီရိမြို့နယ်မှ  သင်တန်းသားများ ကိုယ်စား သင်တန်းသားတစ်ဦးအား သင်တန်းဆင်း လက်မှတ်ပေးအပ်ကာ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ပါသည်။

၂၀၂၆ ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနားကျင်းပ ထားဝယ်၊ စက်တင်ဘာ ၈ ၂၀၂၆ ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနားကို ယနေ့ စက်တင်ဘာ ၈ ရက် နံနက်ပိုင်းတွင် ထားဝယ်မြို့ ပုလဲဧကရီခန်းမ၌ ကျင်းပခဲ့သည်။ အခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဇော်နိုင်နှင့် ဇနီး ဒေါ်သီတဂူဇေယျ၊ တရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဥပဒေချုပ်၊ စာရင်းစစ်ချုပ်၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က နိုင်ငံတကာစာတတ်မြောက်ရေးနေ့သည် ကမ္ဘာတစ်ဝန်း စာတတ်မြောက်ရေး၏ အရေးပါမှုကို ပြန်လည်သုံးသပ်ပြီး အနာဂတ်အတွက် ဆက်လက်အကောင်အထည်ဖော်ရမည့် ကတိကဝတ်များကို အသစ်တဖန် ပြုပြင်ဆောင်ရွက်ရန် အရေးပါသည့်နေ့ဖြစ်ကြောင်း ပြောကြားသည်။ စာတတ်မြောက်ခြင်းသည် စာဖတ်၊ စာရေးနိုင်ရုံသာမက လူသားတိုင်း၏ အခြေခံအခွင့်အရေးတစ်ရပ်ဖြစ်ပြီး လူ့ဂုဏ်သိက္ခာ၊ လွတ်လပ်စွာတွေးခေါ်နိုင်စွမ်းနှင့် ဘဝရပ်တည်နိုင်စွမ်းတို့ကို မြှင့်တင်ပေးသည့် အဓိကသော့ချက်ဖြစ်ကြောင်းလည်း ဆိုသည်။ ထို့ပြင် စာတတ်မြောက်မှု မြင့်မားလာခြင်းဖြင့် ကျန်းမာရေး၊ စီးပွားရေးနှင့် လူမှုဘဝဆိုင်ရာ ဆုံးဖြတ်ချက်များကို မှန်ကန်စွာချမှတ်နိုင်မည်ဖြစ်သကဲ့သို့ မိသားစုနှင့် မျိုးဆက်သစ်များ၏ ပညာရေးအခွင့်အလမ်းများ ပိုမိုကောင်းမွန်လာမည်ဖြစ်ကြောင်း ပြောကြားသည်။ စာတတ်မြောက်မှုသည် ဆင်းရဲမွဲတေမှုလျှော့ချရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ ငြိမ်းချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးတို့အတွက် မရှိမဖြစ်လိုအပ်သည့် မောင်းနှင်အားဖြစ်သဖြင့် လူတိုင်း စာတတ်မြောက်ရေးအတွက် အလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်း တိုင်းဒေသကြီးဝန်ကြီးချုပ်က အလေးထားပြောကြားခဲ့သည်။ #SN

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ၂၀၂၆ ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနားသို့ တ
+4
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ၂၀၂၆ ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား လူသားတစ်ဦးချင်းစီ၏ စာတတ်မြောက် ခြင်းသည် လူ့အဖွဲ့အစည်းတစ်ခုလုံးအတွက်သာမက မိမိနိုင်ငံအပါအဝင် ကမ္ဘာကြီး တစ်ခုလုံး၏ နိုင်ငံရေး၊ ငြိမ်းချမ်းရေး၊ လူမှုရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုနှင့် ပတ်ဝန်း ကျင်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများကို စွမ်းဆောင်ပေးနိုင်သည့် အဓိကအရင်းအမြစ် ဖြစ်သည်ကို တွေ့ရမည်ဖြစ်ကြောင်းပြောကြား နေပြည်တော်၊ စက်တင်ဘာ - ၈ ၂၀၂၆ ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့အခမ်းအနားကို ယနေ့နံနက် ပိုင်းတွင် နေပြည်တော်ရှိ Naypyitaw State Academy ၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပ ပြုလုပ်ရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။ PPIB

❗️အာရှနိုင်ငံတွေက တယ်လီဂရန် အသုံးပြုသူတွေ ပြသနာတချို့နဲ့ ရင်ဆိုင်နေရ❗️ စက်တင်ဘာလ ၈ ရက်နေ့ ဒီကနေ့မှာ အာရှနိုင်ငံတွေက တယ်လီဂရန် အသုံးပြုသူတွေ အနေနဲ့ ချန်နယ်တွေမှာ မန့်ဝင်ရေးလို့ မရတာတွေ၊ message ပို့မရတာ လက်ခံ မဝင်တာတွေနဲ့ login ဝင်မရတာတွေ အပါအဝင် connection ပြဿနာတွေ တစ်ချိန်တည်း ဖြစ်နေကြောင်း သိရပါတယ်။ တယ်လီဂရန် အသုံးပြုသူတွေ အနေနဲ့ ဒီပြသနာက တယ်လီဂရန်ဘက်ကနေ ဖြစ်နေတာသာ ဖြစ်ပြီး မိတ်ဆွေတို့ အသုံးပြုနေတဲ့ အကောင့် တစ်ခုချင်းစီက ပြသနာရှိနေတာ မဟုတ်လို့ စိတ်မပူကြဖို့ အသိပေးရပါတယ် ခင်ဗျာ။ Crd.

စင်းခမ်းတံတား မိမိတို့ကချင်ပြည်နယ်အပိုင်းကတော့တာဝန်​ကျေထားပါပြီ။တရားဝင်သတင်းထုတ်ပြန်ရေးတွေလာပါလိမ့်မယ် စင်းခမ်းတံတားကစောင်မယ်
စင်းခမ်းတံတား မိမိတို့ကချင်ပြည်နယ်အပိုင်းကတော့တာဝန်​ကျေထားပါပြီ။တရားဝင်သတင်းထုတ်ပြန်ရေးတွေလာပါလိမ့်မယ် စင်းခမ်းတံတားကစောင်မယ်ဆဲသွားတဲ့PDFနေသက်ပိုင်ကိုရှာပါသေးတယ်ချက်ထားတဲ့ထမင်းလေးတောင်ကုန်အောင်စားမသွားကြရတဲ့ပုံပါပဲ။အိုးခွက်ပန်းကန်တွေပလူပျံလို့။ဓားမြတိုက်ပြီးယူလာတဲ့ဝက်သားဟင်းနဲ့ဗျာ ပုဏ္ဏကျွန်းအပိုင်းကတော့ ရခိုင်တောင်ပိုင်းကစားအသင်းမှာ၁၅လောင်း၁၅လက်နဲ့။အလည်ပိုင်းတိုက်စစ်တွေကတော့AAအရှင်၄နဲ့၉လက်ပါ။မြောက်ပိုင်းအသင်းမှာအလည်တိုက်စစ်အောင်ဂိုးရဖို့AAကိုပတ်လည်ရိုက်မောင်းပေးနေပါတယ်။ပုဏ္ဏားကျွန်းကိုသုံးပိုင်းခွဲကစားပါတယ်။ မြေပြင်အသင်းခေါင်းဆောင်တွေနဲ့အသင်းသားတွေလက်စွမ်းထက်ချက်ကတော့ငထွန်းရဲ့ရခိုင်ပြည်သစ်အိမ်မက်ကြီးရိုက်ချိုးလိုက်ပါပြီ။လက်နက်ကြီးပစ်ကူတွေထိရောက်ချက်ကလည်းမြေပြင်အကဲကြည့်အရာရှိတွေကိုချီးကျူးမိပါသည်။ဒီလောက်ပါပဲ စင်းခမ်းတံတားမှကြိုဆိုပါ၏ဟုခွေးသစ်ကင်ဌာနကိုပြောဆိုထားပြီးကြောင်းKIAနော်ဘူးကဆိုသည်😆😆 ငင့်ချက်က

Breaking News - MNDAA လက်နက်သိုလှောင်ရုံ ရမ်းပေါက်ကွဲပြီး ဒေသခံများ၏ နေအိမ်များထိခိုက်မှုရှိ ================== ရှမ်းပြည်နယ်မ
Breaking News - MNDAA လက်နက်သိုလှောင်ရုံ ရမ်းပေါက်ကွဲပြီး ဒေသခံများ၏ နေအိမ်များထိခိုက်မှုရှိ ================== ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန်းနီမြိုနယ်၊ စယ်အူကျေးရွာအနီးရှိ MNDAA လက်နက်ခဲယမ်းသိုလှောင်ရုံ ယနေ့နံနက်(၅) နာရီ (၄၅) မိနစ်တွင် ပေါက်ကွဲမှုဖြစ်ပွါးခဲ့ကြောင်း သိရှိရပါသည်။ “ ရွာစျေးနဲ့ (၁) မိုင်လောက်မှာရှိတဲ့ ကိုးကန့်တပ်ရဲ့ လက်နက်ခဲယမ်းသိုလှောင်ရုံပေါက်ကွဲတာပါ ၊ သူတို့ရဲဘော် ဘယ်နှစ်ယောက်သေဆုံးတာတော့မသိသေးဘူး။ ရွာကအိမ်တွေတော့ ပြတင်းပေါက်တွေနဲ့ခေါင်မိုးတွေပျက်တာရှိတယ် “ ဟု ဒေသခံတစ်ဦးက KSSM သို ကနဦး ပြောဆိုလာပါသည်။ ယနေ့ နံနက် MNDAA ၏ လက်နက်သိုလှောင်ရုံပေါက်ကွဲမှုနှင့်ပတ်သက်၍ မြေပြင်အခြေအနေများကို KSSM မှ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် “မြန်မာ-ဗီယက်နမ် စီးပွားရေးဖိုရမ်” တွင် နှစ်နိုင်ငံကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုမြှ
+2
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် “မြန်မာ-ဗီယက်နမ် စီးပွားရေးဖိုရမ်” တွင် နှစ်နိုင်ငံကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုမြှင့်တင်နိုင်ရေးဆိုင်ရာများ ဆွေးနွေးပြောကြားစဉ် ပြောကြားချက်မှ ကောက်နုတ်ချက်