en
Feedback
U Kan Myint Than

U Kan Myint Than

Open in Telegram
7 912
Subscribers
-1224 hours
-557 days
-24330 days

Data loading in progress...

Tags Cloud
No data
Any problems? Please refresh the page or contact our support manager.
Incoming and Outgoing Mentions
---
---
---
---
---
---
Attracting Subscribers
September '26
September '26
+2
in 8 channels
August '26
+10
in 13 channels
Get PRO
July '26
+5
in 15 channels
Get PRO
June '26
+16
in 18 channels
Get PRO
May '26
+61
in 22 channels
Get PRO
April '26
+50
in 19 channels
Get PRO
March '260
in 21 channels
Get PRO
February '260
in 0 channels
Get PRO
January '260
in 6 channels
Get PRO
December '25
+11
in 37 channels
Get PRO
November '25
+5
in 30 channels
Get PRO
October '25
+103
in 25 channels
Get PRO
September '25
+18
in 11 channels
Get PRO
August '25
+29
in 29 channels
Get PRO
July '25
+539
in 44 channels
Get PRO
June '250
in 1 channels
Get PRO
May '25
+8
in 6 channels
Get PRO
April '25
+3
in 0 channels
Get PRO
March '25
+11
in 2 channels
Get PRO
February '25
+3
in 0 channels
Get PRO
January '250
in 0 channels
Get PRO
December '24
+36
in 1 channels
Get PRO
November '24
+7
in 0 channels
Get PRO
October '240
in 0 channels
Get PRO
September '24
+1
in 1 channels
Get PRO
August '24
+482
in 0 channels
Get PRO
July '24
+2 100
in 0 channels
Get PRO
June '24
+1 416
in 2 channels
Get PRO
May '24
+1 569
in 0 channels
Get PRO
April '24
+1 420
in 0 channels
Get PRO
March '24
+1 127
in 7 channels
Get PRO
February '24
+1 593
in 13 channels
Get PRO
January '24
+1 314
in 0 channels
Get PRO
December '23
+1 394
in 0 channels
Get PRO
November '23
+127
in 2 channels
Get PRO
October '23
+8 531
in 26 channels
Date
Subscriber Growth
Mentions
Channels
09 September+1
08 September0
07 September0
06 September0
05 September0
04 September0
03 September+1
02 September0
01 September0
Channel Posts
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းသည် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ၊ နေပြည်တော်ကောင်စီ အတွင်းရေးမှူး၊ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌများ လိုက်ပါလျက် ၆-၉-၂၀၂၆ ရက်နေ့ နံနက်ပိုင်းတွင် အသက်(၁၀၀)နှင့်အထက် သက်ကြီးပုဂ္ဂိုလ်အား သွားရောက်တွေ့ဆုံ ဂါဝရပြုခဲ့သည်။ ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းသည် ဥတ္တရသီရိမြို့နယ်၊ မင်းကုန်းကျေးရွာအုပ်စု၊ မီးလောင်ကုန်းကျေးရွာရှိ အသက်(၁၁၉)နှစ် ပြည့်ပြီးဖြစ်သော အဖွားဒေါ်သန်းမြင့်အား သွားရောက်တွေ့ဆုံ၍ စားသောက်ဖွယ်ရာများနှင့် ဂါရဝပြုငွေများ ပေးအပ်ကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းသည် တာဝန်ရှိသူများလိုက်ပါလျက် လယ်ဝေးမြို့နယ်၊ ကြောင်ရေကျေးရွာအုပ်စု၊ သာယာစုကျေးရွာရှိ အသက်(၁၁၂)နှစ်ပြည့်ပြီးဖြစ်သော အဖွားဒေါ်ငယ်အား သွားရောက်တွေ့ဆုံ၍ စားသောက်ဖွယ်ရာများနှင့် ဂါရဝပြုငွေများပေးအပ်ကာ လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း အသက်(၁၀၀)နှစ်နှင့် အထက် လက်ရှိနေထိုင်သူ ၂၄ ဦး ရှိကြောင်း ပြည်ထောင်စုနယ်မြေ ဦးစီးမှူးရုံး၊ နေပြည်တော် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ သိရှိရပါသည်။ #ဦးကံမြင့်သန်း #naypyitaw #Naypyitawcouncil #NPTDC

2
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများလုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်း ဒု
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများလုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်း ဒုတိယအကြိမ်(၂/၂ဝ၂၆) သင်တန်းဆင်းပွဲအခမ်းအနားကို ၄-၉-၂၀၂၆ ရက်နေ့ နံနက်ပိုင်းက နေပြည်တော်ကောင်စီရုံး၊  ဇမ္ဗူသီရိခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူး၊   ဌာနဆိုင်ရာများ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌများ၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ တက်ရောက်ကြသည်။ ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းက အဖွင့်အမှာစကားပြောကြားရာ ယနေ့အခမ်းအနားသည် သင်တန်းတစ်ရပ်ပြီးဆုံးသည့် အခမ်းအနား တစ်ခုသာမဟုတ်ဘဲ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ သင်တန်းကာလအတွင်း လေ့လာသင်ယူခဲ့ကြသည့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် လက်တွေ့လုပ်ငန်းကျွမ်းကျင်မှုများကို မိမိတို့ တာဝန်ယူဆောင်ရွက်ရမည့် ရပ်ကွက်/ ကျေးရွာအုပ်စုများတွင် လက်တွေ့ အသုံးချပြီး ပြည်သူများအတွက် ထိရောက်သော ဝန်ဆောင်မှုများပေးနိုင်ရန် တာဝန်များကို အရှိန်အဟုန်မြှင့် ထမ်းဆောင်ကြဖို့ အစပြုသည့်  အခမ်းအနားတစ်ရပ်လည်းဖြစ်ပါကြောင်း၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း မြို့နယ်များတွင် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအရေအတွက် ၂၄၂  ဦးရှိသည့်အနက် ယခုဒုတိယအကြိမ် လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်းကို လယ်ဝေးမြို့နယ်မှ သင်တန်းသား ၆၇ ဦးနှင့် ဒက္ခိဏသီရိမြို့နယ်မှ သင်တန်းသား ၁၀ ဦး၊ စုစုပေါင်းသင်တန်းသား ၇၇ ဦးအား  ဩဂုတ်လ ၁၀  ရက်နေ့မှ  စက်တင်ဘာလ ၄ ရက်နေ့အထိ သင်တန်းကာလ လေးပတ်ကြာ သင်တန်း ဖွင့်လှစ်သင်ကြားပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ အုပ်ချုပ်ရေးကဏ္ဍမှာ အခြေခံအကျဆုံးသည် ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးဖြစ်သည့်အတွက် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု၏ အုပ်ချုပ်ရေးကို ရပ်ရွာကကြည်ညိုလေးစားပြီး သိက္ခာသမာဓိရှိသည့် ပုဂ္ဂိုလ်အား ၂၀၁၂ ခုနှစ် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေး ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ခန့်အပ်တာဝန်ပေးကာ ယခုကဲ့သို့ သင်တန်းများကို စနစ်တကျ ဖွင့်လှစ်သင်ကြားပေးခဲ့ခြင်းဖြစ်ကြောင်း၊ အုပ်ချုပ်ရေးမှူးတစ်ဦးအနေဖြင့် ဥပဒေ၊ နည်းဥပဒေများကို သိရှိနားလည်ထားခြင်းက အလွန်အရေးကြီးကြောင်း၊  သို့ရာတွင် ဥပဒေကို သိရှိရုံမျှဖြင့် မလုံလောက်ဘဲ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ မှန်ကန်စွာ လက်တွေ့ကျင့်သုံးနိုင်ရန်လည်း လိုအပ်ပါကြောင်း၊ ထို့အတွက်ကြောင့် သင်တန်းကာလအတွင်း သင်ယူလေ့လာခဲ့သည့် ပညာရပ်များကို အမှန်တကယ် အသုံးချကြရန် အလေးအနက်ထားမှာကြားလိုကြောင်း၊ အုပ်ချုပ်ရေး၏ အနှစ်သာရရည်မှန်းချက်ဖြစ်သော ပြည်သူကို ဗဟိုပြုသည့်ကောင်းမွန်သော အုပ်ချုပ်ရေးယန္တရား တည်ဆောက်ရေးအတွက် ယနေ့သင်တန်းဆင်းပွဲ အခမ်းအနားတက်ရောက်လာသည့် ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများမှ နောင်လူငယ်များ၏ စံနမူနာအုပ်ချုပ်ရေးမှူးကောင်းများအဖြစ် ရှေ့ဆောင်လမ်းပြဖြစ်ရန်လိုအပ်ကြောင်း၊ ပြည်သူများ၏ ယုံကြည်အားကိုးမှုကိုရရှိရန်နှင့် အုပ်ချုပ်ရေးတာဝန်များအား အောင်မြင်စွာ ထမ်းဆောင်ရန်လိုအပ်‌ကြောင်းပြောကြားခဲ့ပါသည်။ ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းက  လယ်ဝေးမြို့နယ်မှ  သင်တန်းသားများကိုယ်စား သင်တန်းသား တစ်ဦးအား သင်တန်းဆင်း လက်မှတ်ပေးအပ်ပြီး နေပြည်တော်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အုပ်ချုပ်ရေးမှူး ဦးသန်းဆွေဝင်းက ဒက္ခိဏသီရိမြို့နယ်မှ  သင်တန်းသားများ ကိုယ်စား သင်တန်းသားတစ်ဦးအား သင်တန်းဆင်း လက်မှတ်ပေးအပ်ကာ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ပါသည်။
797
3
နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးကံမြင့်သန်းသည် နေပြည်တော်ကောင်စီဝင်များ၊ ဒုတ
နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးကံမြင့်သန်းသည် နေပြည်တော်ကောင်စီဝင်များ၊ ဒုတိယမြို့တော်ဝန် ဦးဝင်းမိုးခိုင်နှင့် ကော်မတီဝင်များ၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနကြီးမှူးများ၊ ၎င်းတို့၏ ဇနီးများ၊ နေပြည်တော်ကောင်စီနှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီတို့မှ သက်ဆိုင်ရာ တာဝန်ရှိသူများ၊ နေပြည်တော်ရေပန်းဥယျာဉ်သို့ လာရောက်လည်ပတ်ကြသူများနှင့်အတူ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၄ ရက်နေ့ ညပိုင်းက နေပြည်တော်ရေပန်းဥယျာဉ်အပိုင်း(၂)တွင် အဆင့်မြှင့်တင် ဆောင်ရွက်ထားရှိပြီးဖြစ်သည့် ရေပန်းရုပ်ရှင်(3D Water Screen Laser Movie) ပြသမှုအစီအစဉ်အား တက်ရောက် ကြည့်ရှုအားပေးသည်။ နေပြည်တော်ရေပန်းဉယျာဉ်သည် နေပြည်တော်၏ အထင်ကရနေရာများအနက် တစ်ခုအပါအဝင်ဖြစ်ပြီး နေပြည်တော်တွင် နေထိုင်ကြသည့် ဝန်ထမ်းများနှင့် အများပြည်သူများ၊ ပြည်တွင်း / ပြည်ပ ခရီးသွားဧည့်သည်များ စိတ်အေးချမ်းသာစွာဖြင့် လာရောက် အပန်းဖြေအနားယူ နိုင်စေရန် ရည်ရွယ်၍ တည်ဆောက်ထားရှိခြင်းဖြစ်ပါသည်။ နေပြည်တော်ရေပန်းဥယျာဉ် အဆင့် မြှင့်တင်ခြင်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဖြစ်သည့် Mini Wave Pool တည်ဆောက်ခြင်း၊ အပျော်စီးရထား တည်ဆောက်ခြင်း၊ Ferris Wheel တည်ဆောက်ခြင်း၊ အပျော်စီးကား Buggy များထားရှိခြင်း၊ ကစားနည်းမျိုး(၂၀) ပါဝင်သည့် ကစားကွင်းတစ်ခု တည်ဆောက်ခြင်းနှင့် 3D Water Screen Laser Movie ပြသရန် အဆင့်မြှင့်တင်ခြင်း လုပ်ငန်း များကို Sun Myat Htun Co.,Ltd. မှ တာဝန်ယူဆောင်ရွက်လျက် ရှိပါသည်။ ယခုအခါ နေပြည်တော်ရေပန်းဥယျာဉ်ရှိ 3D Water Screen Laser Movie အား အဆင့်မြှင့်တင်ရန်အတွက် High - End Projector(အဆင့်မြင့်ပရိုဂျက်တာ) စက်နှင့်အတူ i7 Main Server တစ်လုံးနှင့် RGB Laser Projector တစ်လုံးတို့ကို ပြည်ပမှ မှာယူတင်သွင်း၍ RGB Laser Projector ဖြင့် 3D ရုပ်ပုံများအား အမြင်တစ်မျိုးဖြင့် ကြည့်ရှုခံစားနိုင်ရန် ဆောင်ရွက်ထားရှိပါသည်။ အလင်းအား 50 W ထိ အသုံးပြုထားသည့် မြန်မာနိုင်ငံတွင် အလင်းအားအမြင့်ဆုံး Laser Projector အမျိုးအစားဖြစ်ကြောင်း၊ i7 Main Server မှာလည်း Ram 16 Gb၊ SSD 512 GB နှင့် P4000 Professional Dedicated Graphic Card အား အသုံးပြုထားသည့်အတွက် ရုပ်ပုံများဝေဝါးခြင်းမရှိဘဲ 4K Resolution အတိုင်း အများပြည်သူများ ကြည့်ရှုခံစားနိုင်မည်ဖြစ်ပြီး ရေပန်းဥယျာဉ်၌ ညပိုင်းအချိန်များတွင် ရေပန်းရုပ်ရှင် (3D Water Screen Laser Movie) အစီအစဉ်အား ပြသဆောင်ရွက်သွားမည်ဖြစ်ပါသည်။
951
4
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ အသက် (၁၄)နှစ်အောက် အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသား ဘောလုံးပြိုင်ပွဲ U-14 Boys Royal D Cup
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ အသက် (၁၄)နှစ်အောက် အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသား ဘောလုံးပြိုင်ပွဲ U-14 Boys Royal D Cup 2026 ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ၂-၉-၂၀၂၆ ရက်နေ့ မွန်းလွဲ ၃ နာရီက ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်း ဘောလုံးကွင်း၌ ကျင်းပခဲ့ပါသည်။ ဗိုလ်လုပွဲစဉ်အဖြစ် အ.ထ.က (၁) ဇေယျာသီရိအသင်းနှင့် အ.ထ.က မင်းကုန်း အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုကို နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများက ကြည့်ရှုအားပေးခဲ့ပြီး အထက(၁) ဇေယျာသီရိအသင်းက သုံးဂိုး-ဂိုးမရှိဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။ ထို့နောက်ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပရာ U-14 Boys Royal D Cup 2026 ဘောလုံးပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် အသင်းများအား ဂုဏ်ပြုဆုများကိုလည်းကောင်း၊ ပြိုင်ပွဲတွင် ဂိုးသွင်းအများဆုံး အားကစားသမားဆု၊ အကောင်းဆုံးဂိုးသမားဆု၊ ပွဲစဉ်တစ်လျှောက် အကောင်းဆုံး ကစားသမားဆု ရရှိသူများအား ငွေသားဆုနှင့် ဆုတံဆိပ်များကိုလည်းကောင်း၊ တတိယဆုနှင့် တတိယဆုရ ကိုယ်စားပြုကျောင်းအသင်း၊ ဒုတိယဆုနှင့် ဒုတိယဆုရကိုယ်စားပြုကျောင်းအသင်း အား ဆုတံဆိပ်၊ ငွေသားနှင့် ဆုဖလားကိုလည်းကောင်း နေပြည်တော်ကောင်စီဝင်များနှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပြီး ပထမဆုရရှိသည့် အ.ထ.က (၁) ဇေယျာသီရိအသင်းအား ဆုတံဆိပ်၊ ငွေသားနှင့် တံခွန်စိုက် ဒိုင်းဆုကို နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းက ပေးအပ်ချီးမြှင့်ခဲ့ပါသည်။
1 037
5
နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးကံမြင့်သန်းသည် ကော်မတီဝင်များ၊ အမြဲတမ်းအတွင
နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးကံမြင့်သန်းသည် ကော်မတီဝင်များ၊ အမြဲတမ်းအတွင်းဝန်၊ ဌာနကြီးမှူးနှင့် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၉ ရက် မွန်းလွဲပိုင်းက နေပြည်တော် စည်ပင်ဧည့်ရိပ်သာ(၁)နှင့်(၂)သို့ သွားရောက်ပြီး ပြင်ပဧည့်သည် မသန်စွမ်းများ လာရောက်တည်းခိုသည့် အခါ အဆင်ပြေစေရေးအတွက် ပြင်ဆင်ဆောက်လုပ်မည့် လျာထားအဆောင်များနှင့် လွှတ်တော် ကိုယ်စားလှယ်များ၏ အိပ်ဆောင်များ ပြင်ဆင်ထားရှိမှု အခြေအနေအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။ ထိုသို့ကြည့်ရှုစစ်ဆေးစဉ် တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် မြို့တော်ဝန်က မသန်စွမ်း ဧည့်သည်များအတွက် အဆောက်အဦများ ပြင်ဆင်ဆောက်လုပ်ရာတွင် တစ်ဦးချင်းသွားလာနိုင်မည့် အနေအထား၊ လက်ကိုင်တန်း၊ Wheel Chair များပြင်ဆင်ထားရှိရန်၊ လမ်းမီးများနှင့် အခန်းအတွင်းရှိ လျှပ်စစ်မီးများ ကောင်းမွန်စေရေး ဂရုပြုဆောင်ရွက်ပေးရန်၊ ထိုင်ခုံနှင့် စားပွဲများ သီးခြားပြုလုပ်ဆောင်ရွက်ပေးရန်နှင့် လွှတ်တော်ကိုယ်စားလှယ်များအတွက် စားရိပ်သာပြင်ဆင် ဆောင်ရွက်နေမှုအခြေအနေအား ကြည့်ရှုစစ်ဆေးပြီး လွှတ်တော်ကိုယ်စားလှယ်များနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ကာ လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးရန် တာဝန်ရှိသူများအား မှာကြားခဲ့ပါသည်။
2 724
6
၂၈-၈-၂၀၂၆ ရက်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးကံမြင့်သန်းသည် နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ
၂၈-၈-၂၀၂၆ ရက်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးကံမြင့်သန်းသည် နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ကော်မတီဝင်များ ၊ ဌာနမှူးများ ၊ သက်ဆိုင်ရာဌာနတာဝန်ရှိသူများနှင့်အတူ ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းအဝိုင်း မြေထိန်းနံရံများပေါ်ရှိ ရေညှိများအား Water Pressure Pump ဖြင့် ဆေးကြောခြင်း ဆောင်ရွက်နေမှုအခြေအနေအား လည်းကောင်း၊ ဥတ္တရသီရိမြို့၏ ရေပေးဝေရေးပိုက်လိုင်းများသည် မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပျက်စီးသွားသော PVC ပိုက်လိုင်းများကို ပြုပြင်၍ သောက်သုံးရေ ပြန်လည်ပေးဝေလျက်ရှိသော်လည်း ပိုက်လိုင်းကြံ့ခိုင်မှု အားနည်းသွားသောကြောင့် ရေယိုစိမ့်မှုများ မကြာခဏ ဖြစ်ပေါ်နေသည့်အတွက် ရေလေလွင့်ဆုံးရှုံးမှု၊ ရေဖူလုံစွာမရရှိခြင်းတို့ကြောင့် ငလျင်ဒဏ်ခံနိုင်သော HDPE ပိုက် OD-315 mm (၁၀၀၀)ပေနှင့် OD-280 mm (၁၃၀၀)ပေ အစားထိုး သွယ်တန်းဆောင်ရွက်နေမှု အခြေအနေများအားလည်းကောင်း၊ ပုဗ္ဗသီရိမြို့နယ် ရပ်ကွက်များသို့ သောက်သုံးရေပေးဝေနေသော တစ်ရက်လျှင်ရေဂါလန်(၄)သန်းခန့် စစ်ထုတ်ပေးနိုင်သည့် တပင်ရွှေထီးရပ်ကွက်အတွင်းရှိ အမြန်နှုန်း ရေသန့်စင်စက်ရုံသို့ ရောက်ရှိပြီး သန့်စင်ပြီးရေများကို ပြည်သူများသို့မဖြန့်ဝေမီ ရေသိုလှောင်ကန် များတွင် ကလိုရင်းဆေးခတ်နေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် ပုဗ္ဗသီရိမြို့မဈေးသို့ ဖြန့်ဝေပေးလျက်ရှိသော ဂါလန်(၆၀၀၀၀)ရေစုကန်အတွင်းရှိ သောက်သုံးရေအရည်အသွေးနှင့် ကလိုရင်းလက်ကျန်စစ်ဆေးမှုကို နေပြည်တော်စည်ပင်သာယာရေးကော်မတီ၏ ကျန်းမာရေးဌာနဝန်ထမ်းများနှင့် အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု)မှ ဝန်ထမ်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ရှိသူများက ကျန်းမာရေးဌာနနှင့် အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)တို့ ပူးပေါင်း၍ ရေမှတစ်ဆင့် ကူးစက်တတ်သော ရောဂါများကာကွယ်ရန် ကလိုရင်းခတ်ခြင်းအကြောင်း ရှင်းလင်းတင်ပြခဲ့ပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များ လမ်းညွှန်မှာကြားပြီး ပုဗ္ဗသီရိမြို့မဈေးသို့ ဖြန့်ဝေပေးလျက်ရှိသော ဂါလန်(၆၀၀၀၀)ရေစုကန်အတွင်း ကလိုရင်းဆေးခပ်ခြင်းအား ဆောင်ရွက်ပေးခဲ့ပါသည်။
2 120
7
အလားအလာကောင်းမွန်သော ဆီထွက်ပဲပုပ်(ရေဆင်း-၁၅) ကွင်းသရုပ်ပြပွဲကို ၂၈-၈-၂၀၂၆ ရက်နေ့ နံနက်ပိုင်းက ပျဉ်းမနားမြို့၊ မျိုးစေ့သုတေသနန
အလားအလာကောင်းမွန်သော ဆီထွက်ပဲပုပ်(ရေဆင်း-၁၅) ကွင်းသရုပ်ပြပွဲကို ၂၈-၈-၂၀၂၆ ရက်နေ့ နံနက်ပိုင်းက ပျဉ်းမနားမြို့၊ မျိုးစေ့သုတေသနနှင့် နည်းပညာပြန့်ပွားရေးစိုက်ကွင်း၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲတင့်ထွန်း၊ နေပြည်တော်ကောင်စီဝင်များ၊ တာဝန်ရှိသူများနှင့် ဒေသခံတောင်သူများ တက်ရောက်ခံကြပါသည်။ ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းက နေပြည်တော်ကောင်စီနယ်မြေအတွင်း မိုးစပါး၊ နွေစပါး၊ ပဲမျိုးစုံသီးနှံ၊ ဆီထွက်သီးနှံ၊ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံများ ကို မိုး၊ ဆောင်း၊ နွေ သီးထပ်၊သီးညှပ်ဧက စုစုပေါင်း ငါးသိန်း လေးသောင်း ဧကကျော် စိုက်ပျိုးထုတ်လုပ်လျက်ရှိပါကြောင်း၊ အဆိုပါ သီးနှံများအနက် ဆီထွက်သီးနှံ တစ်သိန်းငါးသောင်းဧကကျော်၊ ပဲမျိုးစုံသီးနှံများအနေဖြင့် တစ်သိန်းလေးသောင်းဧကကျော် စိုက်ပျိုးထုတ်လုပ်လျက်ရှိသည်ကို တွေ့ရှိရပါကြောင်း၊ စားသုံးဆီလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် ပြည်တွင်းဆီထွက်သီးနှံ ထုတ်လုပ်မှုတိုးမြှင့်ရေးမှာ အဓိကကျတဲ့အခန်းကဏ္ဍတစ်ခုဖြစ်ပါကြောင်း၊ ထို့ကြောင့် မြေပဲ၊ နှမ်း၊ နေကြာနှင့် ပဲပုပ်တို့ကဲ့သို့ ပြည်တွင်းတွင်စိုက်ပျိုးနိုင်သည့် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးရေးကို တွန်းအားပေး ဆောင်ရွက်သွားရမှာဖြစ်ပါကြောင်း၊ ပဲပုပ်သီးနှံသည် အစားအစာနှင့် အာဟာရဖူလုံရေးအတွက် အရေးပါသည့် သီးနှံတစ်မျိုးဖြစ်သည့်အပြင် လူသုံးကုန်ပစ္စည်း ကုန်ကြမ်း အဖြစ်လည်း အသုံးဝင်သော စီးပွားရေးအရအရေးပါသည့် သီးနှံတစ်မျိုးဖြစ်ပါကြောင်း၊ ယနေ့ ကွင်းပြပွဲတွင် စိုက်ပျိုးပြသထားသော ရေဆင်း (၁၅) ပဲပုပ်မျိုး၏ စိုက်ပျိုးဖြစ်ထွန်းမှု၊ မျိုးစေ့ထုတ်နည်းပညာများနှင့် စိုက်ပျိုးရေးဆိုင်ရာ နည်းပညာများကို တောင်သူများအနေဖြင့် လက်တွေ့လေ့လာနိုင်မှာ ဖြစ်ပြီး မျိုးစေ့ထုတ်စိုက်ခင်းမှ ရရှိလာသော မျိုးကောင်းမျိုးသန့်များနှင့် နည်းပညာများကို စိုက်ပျိုးရေးလုပ်ငန်းခွင်အထိ အမှန်တကယ်ရောက်ရှိအသုံးချနိုင်ရေးသည် အလွန်အရေးကြီးသည့်အချက်ဖြစ်ပါကြောင်း၊ နေပြည်တော်အတွင်း စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် သက်ဆိုင်ရာဌာနများ၊ သုတေသနပညာရှင်များ၊ တောင်သူများနှင့် စိုက်ပျိုးရေးဆိုင်ရာ လုပ်ငန်းရှင်များ အားလုံး ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပြီး တောင်သူများအနေဖြင့် မိမိတို့ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် မျိုးကောင်းမျိုးသန့်များကို ရွေးချယ် အသုံးပြုရန်၊ စိုက်ပျိုးနည်းပညာအသစ်များကို လေ့လာလက်ခံရန်နှင့် မိမိတို့ဒေသ၏ ရာသီဥတု၊ မြေဆီလွှာအခြေအနေများနှင့် ကိုက်ညီသော စိုက်ပျိုးရေးနည်းပညာများကို လိုက်နာအသုံးချရန်လည်း လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။ ယင်းနောက် စိုက်ပျိုးရေး၊ မွေးမြေူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲတင့်ထွန်းက မြန်မာနိုင်ငံတွင် ဆီထွက်သီးနှံများတိုးချဲ့စိုက်ပျိုးရေးနှင့် ပဲပုပ်သီးနှံတိုးချဲ့စိုက်ပျိုးရေးနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီးနောက် စိုက်ပျိုးရေးသုတေသန ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ကုမ္မဏီများမှ တာဝန်ရှိသူများက ပဲပုပ်မျိုးများ၏အရည်အချင်းလက္ခဏာများ၊ ပဲပုပ်စိုက်ပျိုးထုတ်လုပ်သည့် နည်းစနစ်များအား ရှင်းလင်းတင်ပြခြင်း၊ ပဲပုပ်ဈေးကွက်အလားအလာနှင့် မျိုးစေ့ဈေးကွက်အခြေအနေများ၊ ပဲပုပ်မျိုးစေ့ထုတ် လုပ်ငန်းအတွေ့အကြုံများအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသည့် တောင်သူများက ပဲပုပ်စိုက်ပျိုးနိုင်ရန်အတွက် သိရှိလို‌သည်များ မေးမြန်းဆွေးနွေးခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့သည်။ အခမ်းအနားအပြီးတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ တက်ရောက်လာသည့် ဒေသခံတောင်သူများသည် ရေဆင်း ၁၅ ပဲပုပ်မျိုးစေ့ထုတ်စိုက်ခင်းအား လှည့်လည်ကြည့်ရှုခဲ့ပါသည်။
1 018
8
၂၀၂၆ ခုနှစ် နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက် ၁၈ နှစ်အောက် အမျိုးသား၊ အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲဆုချီး
၂၀၂၆ ခုနှစ် နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက် ၁၈ နှစ်အောက် အမျိုးသား၊ အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲဆုချီးမြှင့်ပွဲကို ၂၇-၈-၂၀၂၆ ရက်နေ့ နံနက်ပိုင်းက နေပြည်တော်အားကစားရုံ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ အားကစားသမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။ ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းနှင့် တာဝန်ရှိသူများသည် ၂၀၂၆ ခုနှစ် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက် ၁၈ အောက် အမျိုးသား၊ အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲများ ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးသည်။ ယင်းနောက် ဆုချီးမြှင့်ပွဲကိုဆက်လက်ကျင်းပရာ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင်များ၊ အားကစားနှင့်ကာယပညာဦးစီးဌာနညွှန်ကြားရေးမှူးချုပ်နှင့် နေပြည်တော်အမျိုးသမီးအားကစားဆပ်ကော်မတီမှ တာဝန်ရှိသူများက အမျိုးသား၊ အမျိုးသမီး မီတာ ၁၅၀၀ အပြေးပြိုင်ပွဲ၊ အမျိုးသား၊ အမျိုးသမီး သုံးဆင့်ခုန်ပြိုင်ပွဲ၊ အမျိုးသား၊ အမျိုးသမီး မီတာ ၄၀၀ အပြေးပြိုင်ပွဲ၊ အမျိုသား၊ အမျိုးသမီး သံပြားပစ်ပြိုင်ပွဲ၊ အမျိုးသား၊ အမျိုးသမီး မီတာ ၁၀၀ လက်ဆင့်ကမ်းအပြေးပြိုင်ပွဲ တို့တွင် ဆုရရှိသည့် အားကစားသမားများအား တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသားဆုများပေးအပ်ချီးမြှင့်ကြသည်။ ဆက်လက်၍ နေပြည်တော်အားကစားနှင့်ကာယပညာကော်မတီ နာယက၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌက အမျိုးသမီးတံခွန်စိုက်ဆုရရှိသည့် ဇမ္ဗူသီရိမြို့နယ်အသင်း၊ အမျိုးသား တံခွန်စိုက်ဆုရရှိသည့် ဇမ္ဗူသီရိမြို့နယ်အသင်းတို့ကို တံခွန်စိုက်ဖလားများကို ပေးအပ်ချီးမြှင့်ခဲ့ပါသည်။
1 111
9
နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၆)ကို ၂၅-၈-၂၀၂၅ ရက်နေ့၊ နံနက် ၁၀ နာရီတွင် နေပြည်တော်ကောင
နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၆)ကို ၂၅-၈-၂၀၂၅ ရက်နေ့၊ နံနက် ၁၀ နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပရာ အခမ်းအနားသို့ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း နေပြည်တော်ကောင်စီဝင်များ၊ ကော်မတီအဖွဲ့ဝင်များ ဖြစ်ကြသည့် တက္ကသိုလ် အသီးသီးမှ ပါမောက္ခချုပ်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုအဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများ တက်ရောက်သည်။ ဦးစွာ နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးကံမြင့်သန်းက အမှာစကားပြောကြားရာတွင် နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ ကျောင်းသား/ ကျောင်းသူ လူငယ်များနှင့် ကျောင်းပြင်ပရှိ လူငယ်၊ လူရွယ်အားလုံး အတတ်ပညာ၊ အသိပညာ၊ ဗလ ငါးတန်နှင့်ပြည့်စုံပြီး နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်၊ အမျိုးဘာသာသာသနာကို ကာကွယ်စောင့်ရှောက်လိုစိတ်ရှိသည့် ပညာပြည့်ဝ နှလုံးလှသော လူငယ်များဖြစ်လာ‌စေရန်အတွက် အခမ်းအနားကို တက်ရောက်လာကြသည့် ကော်မတီဝင် အားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်နိုင်ရေး ယခုအစည်းအဝေးကို ပြုလုပ်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ နေပြည်တော်ကောင်စီနယ်မြေအတွင်းတွင်ရှိသည့် လူငယ်များ အသိပညာ ၊ အတတ်ပညာဖွံ့ဖြိုး တိုးတက်လာစေရေး၊ ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်များဖြစ်ပေါ်လာရန်၊ အလုပ်အကိုင် အခွင့်အလမ်း ရရှိလာရန်၊ ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းစာသင်ခန်းကို ဝင်ရောက်ပညာသင်ကြားနိုင်ရန်၊ နိုင်ငံအကျိုးပြုလုပ်ငန်းများတွင် လူငယ်များ တက်တက်ကြွကြွ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေး၊ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်တို့နှင့် နိုင်ငံ့ရဲ့အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်လိုသည့် လူငယ်များ ဖြစ်ပေါ်လာရန်အတွက် အစည်းအဝေးတက်ရောက်လာကြသည့် ကော်မတီဝင်အားလုံးက လူငယ်များ၏ကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန်လိုကြောင်းနှင့် လူငယ်များ ဖွံ့ဖြိုးတိုးတက်လာရန်အတွက် လူငယ်အများစုရှိသည့် အခြေခံပညာကျောင်း၊ တက္ကသိုလ်များတွင် အသိပညာပေး ဟောပြောပွဲ၊ လူငယ်စကားဝိုင်း၊ လူငယ်များနှင့် ပတ်သက်သည့် အသိပညာနှီးနှောဖလှယ်ပွဲ၊ လူငယ်ဖိုရမ်များပြုလုပ်၍ ဒီဂျစ်တယ်နည်းပညာနှင့် ပတ်သက်သည့် နှီးနှောဖလှယ်ပွဲများ ၊ AI နှင့်ပတ်သက်သည့် အသိပညာပြန့်ပွားနိုင်ရေး၊ AI ကိုအခြေခံပြီး လူငယ်များ စွန့်ဦးတီထွင်ကြံဆမှုတို့ကို မျက်ခြေမပျက် လေ့လာစောင့်ကြည့်အားပေး ကူညီဆောင်ရွက်ပေးစေလိုကြောင်း၊ ကျောင်းပြင်ပလူငယ်များ အလုပ်အကိုင် အခွင့်အလမ်းရရှိရေး၊ အသက်မွေးဝမ်းကျောင်း သင်တန်းများကို သက်ဆိုင်ရာ ဌာနဆိုင်ရာအချင်းချင်း ပူးပေါင်းပြီး၊ မြို့ပြအပြင် ကျေးရွာပါမကျန် ကျယ်ကျယ်ပြန့်ပြန့်ဖွင့်လှစ် ဆောင်ရွက်နိုင်ရေး၊ အခြေခံပညာ ကျောင်းနှင့် တက္ကသိုလ်များတွင် သာမက ကျေးရွာများ၌ပင် စာကြည့်တိုက်များ ဖွင့်လှစ်ထားရှိနိုင်ရေး၊ စာဖတ်ရှိန်မြှင့်တင်ရေး လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ လူငယ်များ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ဘက်ပေါင်းစုံမှ နည်းလမ်းအမျိုးမျိုးဖြင့် ကြိုးစားဆောင်ရွက်နေရမှာဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် နေပြည်တော်ကောင်စီ လူငယ်ရေးရာကော်မတီအတွင်းရေးမှူး၊ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကြည်စိုးလင်း က ၂၀၂၆ ခုနှစ်အတွင်း နေပြည်တော်ကောင်စီ လူငယ်ရေးရာကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်အား ရှင်းလင်းတင်ပြပြီး နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီ ဒုတိယ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးထွန်းထွန်းက နေပြည်တော်ကောင်စီ လူငယ်ရေးရာကော်မတီနှင့် ပတ်သက်၍ ဖြည့်စွက်ရှင်းလင်းတင်ပြသည်။ ယင်းနောက် တက်ရောက်လာသည့် တာဝန်ရှိသူများက လူငယ်ရေးရာကိစ္စရပ်များနှင့် ပတ်သက်၍ လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို မိမိတို့သက်ဆိုင်ရာ ကဏ္ဍအလိုက် ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပြောကြားကာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။
2 062
10
နေပြည်တော်အဆင့် ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဩဂုတ်လ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီရုံး အစ
နေပြည်တော်အဆင့် ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဩဂုတ်လ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပရာ အခမ်းအနားသို့ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးကံမြင့်သန်း၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင် သာယာရေးကော်မတီမှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲကြသည်။ ဦးစွာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးကံမြင့်သန်းက အမှာစကား ပြောကြားရာတွင် ဌာနဆိုင်ရာများအနေဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကိစ္စရပ်များ၊ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ အလေးထား ဆောင်ရွက်ကြစေလိုကြောင်း၊ မိမိတို့ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းကဏ္ဍများအခြေအနေများကို ဆွေးနွေးတင်ပြပေးကြစေလိုကြောင်း၊ စိုက်ပျိုးရေးသည် မြန်မာနိုင်ငံ၏ အဓိကစီးပွားရေးကဏ္ဍ တစ်ခုဖြစ်ရုံသာမက ကျေးလက်နေ ပြည်သူအများစု၏ အသက်မွေးဝမ်းကြောင်းမှုလည်း ဖြစ်သည့်အတွက် နေပြည်တော်အတွင်းရှိ ခရိုင်/မြို့နယ်များတွင် စိုက်ပျိုးထားသည့် မိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိစေရေးနှင့် သီးနှံအထွက်နှုန်း လျော့နည်းမှုမရှိအောင် သက်ဆိုင်ရာဌာနအဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း၊ မွေးမြူရေးကဏ္ဍအနေဖြင့် အသားစားကြက်၊ ဥစားကြက်၊ အသားတိုးဝက်နှင့် နို့စားနွား မွေးမြူရေးလုပ်ငန်းများအား ပိုမိုတိုးချဲ့မွေးမြူသွားကြရန် လိုအပ်ကြောင်း၊ မွေးမြူရေးကို ခေတ်မီနည်းစနစ်များဖြင့် မွေးမြူသွားမည်ဆိုပါက ဒေသ၏ အခြေခံစားသောက်ကုန်ဈေးနှုန်းများ တည်ငြိမ်ပြီး ဒေသဖွံ့ဖြိုးရေးကို အထောက်အကူဖြစ်စေမှာ ဖြစ်ပါကြောင်း၊ နေပြည်တော်အတွင်းရှိ မြို့နယ်များအတွင်း မိုးတွင်းကာလ ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရေးအတွက် ပင်မရေမြောင်းများကို ရေစီးရေလာကောင်းမွန် စေရန် ရေမြောင်းများတူးဖော်ခြင်း၊ ရေမြောင်းဘေးနှင့် ရေမြောင်းအတွင်းရှိ ခြုံနွယ်ပိတ်ပေါင်းများ ခုတ်ထွင်ရှင်းလင်း ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ပညာရေးကဏ္ဍအနေဖြင့် ကျောင်းစာကြည့် တိုက်များတွင် အတန်းအဆင့်အလိုက် ကျောင်းသားများ ဖတ်ရှုလေ့လာနိုင်သည့် စာအုပ်စာပေများ ထားရှိရန်နှင့် ဗဟုသုတတိုးပွားစေမည့် စာပေများကို အမှန်တကယ် ဖတ်ရှုနိုင်အောင် စီစဉ်ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ ကျောင်းကျန်းမာရေးလုပ်ငန်းများနှင့် ကျန်းမာရေးအဆင့်မြှင့် ကျောင်းလုပ်ငန်းစဉ်များကို ယခုထက်ပို၍ ထိရောက်စွာ ဆောင်ရွက်ကြပြီး ကျန်းမာကြံ့ခိုင်သည့် ဗလငါးတန်နှင့်ပြည့်စုံသော သားကောင်းရတနာ၊ သမီးကောင်းရတနာများ ပေါ်ထွက်လာစေရေး အလေးထား ဆောင်ရွက်ပေးကြရန်လိုကြောင်း၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်များ ပြုလုပ်ရသည့် ရည်ရွယ်ချက်မှာ နိုင်ငံတစ်ဝှမ်း သစ်တောများဖုံးလွှမ်းမှု တိုးတက်လာပြီး စိမ်းလန်းစိုပြည် သာယာလှပစေရေး၊ သဘာဝဘေးအန္တရာယ်များမှ တားဆီးကာကွယ်နိုင်ရေး၊ ရာသီဥတုမျှတ ကောင်းမွန်စေရေး စသည်တို့ဖြစ်ကြောင်း၊ နေပြည်တော်ကို သန့်ရှင်းသပ်ရပ်ပြီး စိမ်းလန်းစိုပြည်သော မြို့တော်အဖြစ် တည်ဆောက်သည့်နေရာတွင် အထောက်အကူ ဖြစ်စေရန်အတွက်လည်း ပါဝင်ပါကြောင်း၊ ဌာနဆိုင်ရာအကြီးအကဲများ အနေဖြင့် မိမိကွပ်ကဲမှုအောက်ရှိ ဝန်ထမ်းများအား တရားမဝင် ကုန်ပစ္စည်း သယ်ဆောင်မှု ကိစ္စရပ်များတွင် ပါဝင်ပတ်သက်မှု မရှိစေရေး အလေးထား ကြပ်မတ် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြောကြားသည်။ ထို့နောက် တက်ရောက်လာသည့် နေပြည်တော်အဆင့် ဌာနဆိုင်ရာများက လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို မိမိတို့သက်ဆိုင်ရာ ကဏ္ဍအလိုက် ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် နေပြည်တော် ကောင်စီဝင်များက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေး ပြောကြားကာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။
1 299
11
၂၀၂၆ ခုနှစ်၊ မိုးရာသီ နေပြည်တော်အဆင့် (တတိယအကြိမ်) သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ၂၃-၈-၂၀၂၆ ရက်နေ့ နံနက်ပိုင်းတွင် ပြည်ထောင
၂၀၂၆ ခုနှစ်၊ မိုးရာသီ နေပြည်တော်အဆင့် (တတိယအကြိမ်) သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ၂၃-၈-၂၀၂၆ ရက်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိသီရိမြို့နယ်၊ သီရိမဏ္ဍိုင်လမ်းမကြီး‌ဘေး၌ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းနှင့် ဇနီး၊ နေပြည်တော်ကောင်စီဝင်များနှင့် ဇနီးများ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့် ကော်မတီဝင်များ၊ ဌာနဆိုင်များ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူလူထုများ တက်ရောက်ကြသည်။ ဦးစွာ‌ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းက အဖွင့်အမှာစကားပြောကြားရာ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို နိုင်ငံ၏ သစ်တောများနှင့် သဘာဝသယံဇာတများ ရေရှည်တည်တံ့စေရန်၊ စိမ်းလန်းစိုပြည် သာယာဝပြောပြီး စားရေရိက္ခာဖူလုံသည့် နိုင်ငံတော် တည်ထောင်ရေးကို အထောက်အပံ့ဖြစ်စေရန်၊ သဘာဝဘေးအန္တရာယ်များ လျှော့ချကာကွယ်ရေးနှင့် ပြန်လည်တည်ထောင်ရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်စေရန်၊ သစ်တောများနဲ့ သဘာဝဂေဟစနစ်များက ထုတ်ကုန်နှင့်ဝန်ဆောင်မှုများ ပိုမိုရရှိနိုင်ပြီး ပြည်သူများ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် နိုင်ငံတော် ရေရှည်ဖွံ့ဖြိုးရေးပန်းတိုင်များ ရရှိစေရန်၊ သစ်တောဂေဟစနစ်များ၊ ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်း ကာကွယ်ရေးလုပ်ငန်းများမှာ ပြည်သူများက အသိနိုးကြားတက်ကြွစွာဖြင့် ပိုမိုပူးပေါင်း ပါဝင်ဆောင်ရွက်လာစေရေး တိုက်တွန်းနှိုးဆော်ရန် ရည်ရွယ်ပြီး သစ်ပင်စိုက်ပွဲတော်ကို ကျင်းပရခြင်းဖြစ်ကြောင်း၊ နေပြည်တော်ကောင်စီ နယ်မြေသည် နိုင်ငံ၏အုပ်ချုပ်ရေးမြို့တော် ဖြစ်သည်နှင့်အညီ စိမ်းလန်းစိုပြည်သာယာလှပစေရေး၊ လူနေမှုအဆင့်တန်းမြင့်မားစေရေး၊ Green City၊ Clean Cityı Smart City ဖြစ်စေရေးကို ရည်မှန်းဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတစ်ဝန်း စိုက်ပျိုးပြီးသွားသော သစ်ပင်များ ရှင်သန်အောင်မြင်ရေးနှင့် ရေရှည်ထိန်းသိမ်းရေးလုပ်ငန်းများကိုလည်း ပြည်သူလူထု ပူးပေါင်းပါဝင်မှုနှင့်အတူ ဆက်လက်ဆောင်ရွက်သွားကြရမှာ ဖြစ်ပါကြောင်း၊ နိုင်ငံအဝန်း သစ်တောဖုံးလွှမ်းမှု တိုးတက်စေရေး၊ သစ်ပင် သစ်တောများ တိုးမြှင့်စိုက်ပျိုးတည်ထောင်ရေး၊ သစ်တောနှင့် သစ်တောထွက်ပစ္စည်းအခြေပြု စီးပွားရေးဝန်းကျင်နဲ့ ရင်းနှီးမြှုပ်နှံမှုဝန်းကျင်များ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး၊ နိုင်ငံအဝန်း စိမ်းလန်းစိုပြည်ပြီး သဘာဝဘေးအန္တရာယ်များ လျှော့ချကာကွယ်ရေးဆိုင်ရာ ရေရှည်မျှော်မှန်းချက်များ ရရှိရေးတို့ကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ဆောင်ရွက်သွားပါရန် တိုက်တွန်းမှာကြား လိုကြောင်း ပြောကြားခဲ့ပါသည်။ ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက ကံ့ကော်ပင်အားစတင်စိုက်ပျိုးပေးပြီး တက်ရောက် လာကြသူများမှ သတ်မှတ်နေရာများတွင် ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ ခရေ၊ ကံ့ကော် ၊ ရေတမာ ၊ မဟော်ဂနီ၊ ဆီသပြေ၊ ကုက္ကို၊ စိန်ပန်း၊ ပျဉ်းမ စသည့်အပင်(၁၅၀၀) စိုက်ပျိုးနေမှုအား လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။ ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းသည် ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၁၁) အခြေခံပညာအထက်တန်း‌ကျောင်း၊ ပညာ့ဗိမာန်ခန်းမ၌ ကျင်းပပြုလုပ်သော ၂ဝ၂၇ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးဆွေးနွေးပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းက အဖွင့်အမှာစကားပြောကြားရာ တက္ကသိုလ်ဝင်တန်းသည် တစ်ခုတည်းသော နိုင်ငံတော်အဆင့်စာမေးပွဲကို ဖြေဆိုရသည့် အတန်းဖြစ်ပါကြောင်း၊ ၂၀၂၇ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် ယခုကဲ့သို့ မန္တလေးတက္ကသိုလ်မှ စာစစ်မှူးချုပ် ပါမောက္ခဆရာကြီး၊ ဆရာမကြီးများ ကိုယ်တိုင် လာရောက်ပြီး နေပြည်တော်ရှိ အထက်တန်းပြဆရာ၊ ဆရာမများကို ဦးဆောင် ဆွေးနွေးပေးခြင်းကို များစွာဝမ်းမြောက်ပြီး ကျေးဇူးတင်ရှိပါကြောင်း၊ အထက်တန်းပြ ဆရာ၊ ဆရာမများအနေဖြင့်လည်း စာစစ်မှူးချုပ် ပါမောက္ခကြီးများ၏ လမ်းညွှန်မှု၊ ပို့ချမှု၊ ဆွေးနွေးမှုများကို မိမိတို့၏ ကျောင်းသား၊ ကျောင်းသူလေးများအား အပြည့်အဝ ပြန်လည်မျှဝေပေးခြင်းအားဖြင့် အောင်ချက်မြင့်မားစေရေးစွမ်းစွမ်းတမံ ဝိုင်းဝန်းဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း၊ ယနေ့အချိန်တွင် နိုင်ငံတော်အကြီးအကဲက ပညာရေးကို အထူးအလေးထား အားပေးလျက်ရှိပါကြောင်း၊ ထို့အတွက်ကြောင့် ပညာရေးဝန်ထမ်းများ အနေနှင့်လည်း နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတွင် မိမိတို့ တတ်ကျွမ်းထားသော ပညာရပ်များကို အသုံးချပြီး တစ်တပ်တစ်အား ပါဝင်စေလိုကြောင်း ပြောကြားသည်။ ဆက်လက်၍ စာစစ်မှူးချုပ်ပါမောက္ခဆရာကြီး၊ ဆရာမကြီးများကိုယ်စား မန္တလေးတက္ကသိုလ်၊ သမိုင်းဌာနမှ ပါမောက္ခဌာနမှူး ဒေါက်တာ ကျော်ဆွေညွန့်က အမှာစကားပြောကြားပြီးနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းက ကျောင်းသား၊ ကျောင်းသူများအတွက် သင်ထောက်ကူပစ္စည်းများ ပေးအပ်ခဲ့ပါသည်။ ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လူမှုဝန်ထမ်းဦးစီးဌာန၊ ကလေးပြုစုရေးဌာနသို့သွားရောက်ပြီး ကလေးများအတွက် သင်ထောက်ကူပစ္စည်းများနှင့် စားသောက်ဖွယ်ရာများပေးအပ်ခဲ့ပါသည်။
1 938
12
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းသည် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိ
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းသည် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများနှင့်အတူ ဩဂုတ်လ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် ဇမ္ဗူသီရိမြို့နယ် သပြေကုန်းဈေးနှင့် ပုဗ္ဗသီရိမြို့နယ် ပုဗ္ဗသီရိဈေးတို့တွင် ဈေးသူ/ဈေးသားများ၊ ဒေသခံပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် သန့်ရှင်းလတ်ဆတ်သော ကုန်ပစ္စည်းများကို ဝယ်ယူနိုင်ရေး၊ ဈေးသန့်ရှင်းသာယာရေးနှင့် ဈေးရုံများ စနစ်တကျရှိစေရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းဈေးသို့ ရောက်ရှိရာ ဈေးများဌာန ဌာနမှူးက ဈေးအတွင်း ကျန်းမာရေးနှင့် ညီညွတ်ပြီး သန့်ရှင်းလတ်ဆတ်သော သား/ငါး၊ ဟင်းသီးဟင်းရွက်နှင့် ကုန်စိမ်းကုန်ခြောက်မျိုးစုံ ရောင်းဝယ်ဖောက်ကားနေမှုများ၊ ဈေးသန့်ရှင်းသာယာရေးနှင့် လမ်းဘေးဈေးသည်များ လမ်းနယ်ကျူးကျော်၍ ရောင်းချမှုမရှိစေရေး ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြခဲ့ရာ ဌာနကြီးမှူးက လိုအပ်သည်များ ထပ်မံဖြည့်စွက် ရှင်းလင်းတင်ပြခဲ့သည်။ တင်ပြချက်များအပေါ် နေပြည်တော်ကောင်စီဥက္ကဋ္ဌက ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ မဖြစ်ပွားစေရေး ကြိုတင်ကာကွယ်ရန်အတွက် သား/ငါးများနှင့် စားသောက်ကုန်ပစ္စည်းများကို ယင်လုံဇကာများ ဖုံးအုပ်ရောင်းချရန်၊ လက်အိတ်များ ဝတ်ဆင်ရန်နှင့် ကျန်းမာရေးနှင့် ညီညွတ်ပြီး သန့်ရှင်းလတ်ဆတ်သည့် စားသောက်ကုန်များကိုသာ ရောင်းချရန် ဖြည့်စွက်မှာကြားခဲ့ပါသည်။ ဆက်လက်၍ ပုဗ္ဗသီရိမြို့နယ်၊ ပုဗ္ဗသီရိဈေးသို့ ရောက်ရှိရာ ဈေးအတွင်း ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ရေမြောင်းများ ဆယ်ယူရန်၊ ဈေးသန့်ရှင်း သပ်ရပ် သာယာ လှပမှုရှိစေရန်၊ ဈေးစည်းကမ်းထိန်းသိမ်းရေးလုပ်ငန်းနှင့် ဈေးလုံခြုံရေးလုပ်ငန်းများကို အထူးအလေးထား ကြပ်မတ်ဆောင်ရွက်သွားရန်တို့ကို မှာကြားခဲ့ပါသည်။ ဆက်လက်၍ မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာများနှင့်အတူ ဇေယျာသီရိမြို့နယ်၊ ပေါင်းလောင်းဆည်သို့ သွားရောက်ပြီး ဆည်ရေသိုလှောင်ထားရှိမှုနှင့် တမံကြံ့ခိုင်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ပေါင်းလောင်းရေလှောင်တမံ ရှင်းလင်းဆောင်သို့ ရောက်ရှိရာ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (တည်ဆောက်ရေး-၅) ညွှန်ကြားရေးမှူးက ပေါင်းလောင်းရေလှောင်တမံ စီမံကိန်းဆိုင်ရာ အချက်အလက်များ၊ ရေပိုလွှဲဆိုင်ရာ အချက်အလက်များ၊ တမံတည်ဆောက်ထားရှိမှုနှင့် မန္တလေးငလျင်ကြီးကြောင့် ပေါင်းလောင်းရေလှောင်တမံ ထိပ်ပြင်တွင် အက်ကွဲကြောင်း ဖြစ်ပေါ်ခဲ့မှုအား ပြန်လည်ပြုပြင်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များ မှာကြားခဲ့ပါသည်။ ယင်းနောက် ပေါင်းလောင်းရေလှောင်တမံ ဘက်စုံစီမံကိန်း ဗီဒီယိုဖိုင် (Video Clip) ကို ကြည့်ရှုပြီး အမှတ်တရ သစ်သီးခြင်းများ ပေးအပ်ခဲ့ပါသည်။ ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းသည် ပေါင်းလောင်းရေလှောင်တမံ ရေပိုလွှဲရှိ ဟိုက်ဒရောလစ် ရေမြှင့်ရေတံခါး (Hydraulic Elevator Dam - HED) သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး သိရှိလိုသည်များကို မေးမြန်းကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။ ထိုမှတစ်ဆင့် ပေါင်းလောင်း မြေအောက်ဓာတ်အားပေးစက်ရုံ လိုဏ်ဂူလမ်းကြောင်း (Access Tunnel) သို့ သွားရောက်ပြီး စက်ထိန်းခန်း (Machine Room)၊ စက်ရုံထိန်းချုပ်ခန်း (Control Room)၊ ပေါင်းလောင်း ရေအားလျှပ်စစ်စက်ရုံ အရေးပေါ်စက်စတင် မောင်းနှင်ခြင်းလုပ်ငန်းစဉ်များ (Black Start Procedures) နှင့် စီမံကိန်းဆိုင်ရာ အသေးစိတ် ပုံစံငယ်တို့ကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
7 989
13
နေပြည်တော်ကောင်စီ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏ (၃/၂ဝ၂၆) ကြိမ်မြောက် အစည်းအဝေးကို ဩဂုတ်လ ၁၉ ရက်နေ့ မွန်းလွဲပိုင်းတွင် နေ
နေပြည်တော်ကောင်စီ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏ (၃/၂ဝ၂၆) ကြိမ်မြောက် အစည်းအဝေးကို ဩဂုတ်လ ၁၉ ရက်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်း(၁)၌ကျင်းပရာ အစည်းအဝေးသို့ နေပြည်တော်ကောင်စီဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်ကောင်စီအတွင်းရေးမှူး ဦးသန်းဆွေဝင်း၊ နေပြည်တော်ကောင်စီဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ အတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပုဂ္ဂလိကခရီးသွားလုပ်ငန်းအဖွဲ့အစည်းကိုယ်စားလှယ်များ တက်ရောက်ခဲ့ပါသည်။ ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းက အမှာစကားပြောကြားရာတွင် နေပြည်တော်ကို သန့်ရှင်းသာယာလှပသော "Clean City, Green City, Smart City" အဖြစ်သာမက "Smart Tourism" ပါဝင်သည့် မြို့တော်တစ်ခုအဖြစ် ဖော်ဆောင်နိုင်ရေးအတွက် မဟာဗျူဟာမြောက် စီမံကိန်းများ ချမှတ်လုပ်ဆောင်ရန် လိုအပ်ကြောင်း၊ ခရီးသွားကဏ္ဍသည် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသော ကဏ္ဍတစ်ခုဖြစ်ကြောင်းနှင့် ယခုအစည်းအဝေးတွင် ယခင်အစည်းအဝေး ဆုံးဖြတ်ချက်များ၏ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ပြန်လည်သုံးသပ်ပြီး ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ငန်းစဉ်များကို စနစ်တကျ ရေးဆွဲချမှတ်သွားမည်ဖြစ်ကြောင်း၊ ခရီးသွားလုပ်ငန်းများ ရေရှည်တည်တံ့ခိုင်မာစေရန်နှင့် ခရီးသွားဧည့်သည်များအား ဘေးအန္တရာယ်ကင်းရှင်းပြီး စိတ်ကျေနပ်မှုရရှိစေမည့် ဝန်ဆောင်မှုများ ပေးနိုင်ရန်အတွက် သက်ဆိုင်ရာဌာနများ၊ ပုဂ္ဂလိကကဏ္ဍနှင့် ဒေသခံပြည်သူများအကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် လိုအပ်ကြောင်း၊ ယခုအစည်းအဝေးသည် နေပြည်တော်အတွင်း ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသော ခြေလှမ်းတရပ်ဖြစ်ပြီး ချမှတ်ထားသော စီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်သွားခြင်းဖြင့် နေပြည်တော်ကို ခရီးသွားဧည့်သည်များ ပိုမိုဆွဲဆောင်နိုင်သည့် မြို့တော်တစ်ခုအဖြစ် ပြောင်းလဲသွားမည်ဖြစ်ကြောင်း၊ နေပြည်တော်၏ ခရီးသွားလုပ်ငန်းကို အရည်အသွေးပြည့်ဝပြီး ရေရှည်တည်တံ့စွာ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အစိုးရကဏ္ဍတစ်ခုတည်း၏ အားထုတ်မှုအပြင် ပုဂ္ဂလိက ကဏ္ဍ၏ အခန်းကဏ္ဍသည်လည်း အရေးပါသည့်အတွက် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာစေရေး သက်ဆိုင်ရာအားလုံးက ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။ ဆက်လက်၍ နေပြည်တော်ကောင်စီဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးမင်းဦးက အမှာစကားပြောကြားခဲ့ပါသည်။ ယင်းနောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် နေပြည်တော်ကောင်စီဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီမှ တာဝန်ရှိသူများက ခရီးသွားလုပ်ငန်းနှင့် ပတ်သက်သည့်ကိစ္စရပ်များအား ရှင်းလင်းဆွေးနွေးတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းသည် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးသို့ သွားရောက် ဖူးမြော်ကြည်ညိုပြီး ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ရင်ပြင်တော်၊ ပစ္စယာနှင့် ပရိဝုဏ်များကို ပြန်လည်ပြုပြင်မွမ်းမံနေမှု အခြေအနေများ၊ မူလရင်ပြင်တော်ကြမ်းခင်းအား ပြင်ဆင်နေမှုအခြေအနေများနှင့် ထိပ်ဖူးတော်ပိုင်းဆိုင်ရာ ပြုပြင်ထိန်းသိမ်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။ ထို့သို့စစ်ဆေးစဉ် စေတီတော်ကြီး၏ အပြင်ဘက်အောက်ခြေမှ ထိပ်ဖျားအထိ ဆင်ယင်ထားသော ငြမ်းစင်မှတစ်ဆင့် တက်ရောက်၍ စိန်ဖူးတော် အပါအဝင် ထိပ်ဖူးတော်ပိုင်းဆိုင်ရာ ပြုပြင်ထိန်းသိမ်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် နေပြည်တော်ကောင်စီဥက္ကဋ္ဌက လုပ်ငန်းများ အမြန်ဆုံးပြီးစီးအောင်ဆောင်ရွက်ရေး၊ သတ်မှတ်စံချိန်၊ စံညွှန်းများနှင့်အညီ ရေရှည်ခိုင်ခံ့မှုရှိအောင် ဆောင်ရွက်ရေး၊ နည်းပညာပိုင်းဆိုင်ရာ ပြုပြင်မွမ်းမံရေးလုပ်ငန်းများ စနစ်တကျစီမံ ဆောင်ရွက်နိုင်ရေးနှင့် လုပ်ငန်းခွင်အန္တရယ်ကင်းရှင်းစေရေးတို့ကို မှာကြားခဲ့ပါသည်။ ငလျင်ဒဏ်ကြောင့် ဥပ္ပါတသန္တိစေတီတော်နှင့်ဆက်စပ်၍ ပျက်စီးခဲ့မှုများအား ပြုပြင်မွမ်းမံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုမှာ ၇၂ ရာခိုင်နှုန်း ရှိပြီဖြစ်ပါသည်။
649
14
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းသည် နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ၁၈-၈-၂၀၂၆ ရက်နေ့ နံနက်ပ
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းသည် နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ၁၈-၈-၂၀၂၆ ရက်နေ့ နံနက်ပိုင်းတွင် တပ်ကုန်းမြို့နယ်အတွင်းရှိ ရွှေမြို့ကျေးရွာအဝင် ဆင်သေချောင်းကူးတံတား တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများနှင့် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဆင်သေချောင်းရေ မြင့်တက်လာမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။ ဦးစွာ နေပြည်တော် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက ရေကြီးရေလျှံမှုလျော့ပါးစေရေးနှင့် ရေလမ်းပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်း ဆောင်ရွက်‌နေမှုအစီအမံများကိုလည်းကောင်း၊ နေပြည်တော် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန တံတားတည်ဆောက်ရေးအဖွဲ့မှ တာဝန်ရှိသူများက ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွင်းတပ်ကုန်းမြို့နယ်၊ ဆင်သေချောင်းကူး (ရွှေမြို့ကျေးရွာအဝင်) ဘေလီတံတား ၉၅၀ ပေ တည်ဆောက်ခြင်း (ပထမပိုင်း) စီမံကိန်းဆိုင်ရာ အချက်အလက်များနှင့် ၂၀၂၇-၂၀၂၈ ဘဏ္ဍာနှစ်အတွင်း ဘေလီတံတားပြီးစီး‌မည့် အစီအမံများကို ရှင်းလင်းတင်ပြကြသည်။ ထို့နောက် တင်ပြချက်များအပေါ် နေပြည်တော်ကောင်စီဥက္ကဋ္ဌက တံတားတည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အရည်အသွေးကောင်းမွန်ရေး၊ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေးနှင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးတို့ကို အလေးထားဆောင်ရွက်ရန် မှာကြားခဲ့သည်။ ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် မိုးရွာသွန်းမှုကြောင့် ဆင်သေချောင်းရေ မြင့်တက်လာမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ ချောင်းဘေးဝဲ/ယာရှိ ကျေးရွာများအတွင်း ရေဝင်ရောက်မှု မရှိစေရေးနှင့် လမ်းပမ်းဆက်သွယ်ရေးခက်ခဲမှုမရှိ‌စေရန်အတွက် လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများ စနစ်တကျ ဆောင်ရွက်ထားရှိရန်မှာကြားကာဒေသခံပြည်သူများ၏တင်ပြချက်များကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။ အဆိုပါ ဆင်သေချောင်းအတွင်းရေကြီးရေလျှံမှုများဖြစ်ပေါ်ပါက နွယ်ရစ်ကျေးရွာချင်းဆက်လမ်းမှ ရန်ကုန်-မန္တလေး(လမ်း‌ဟောင်း)သို့လည်းကောင်း၊ ဂါတ်ကုန်း-ဂါတ်ချိုင်းကျေးရွာချင်းဆက်လမ်းမှ ပုဗ္ဗသီရိမြို့ပတ်လမ်းများသို့ လည်းကောင်းပုံမှန်အတိုင်းသွားလာနိုင်ရေး ပြင်ဆင်ထားရှိပြီး ဖြစ်ပါသည်။
660
15
မြန်မာနိုင်ငံသံမဏိလုပ်ငန်းရှင်များအသင်းမှ ဆိုလာစွမ်းအင်သုံး EV အားသွင်းစနစ်နှင့် စက်မှုလုပ်ငန်းပေါင်းစပ်စီမံကိန်းနှင့်စပ်လျဉ်
မြန်မာနိုင်ငံသံမဏိလုပ်ငန်းရှင်များအသင်းမှ ဆိုလာစွမ်းအင်သုံး EV အားသွင်းစနစ်နှင့် စက်မှုလုပ်ငန်းပေါင်းစပ်စီမံကိန်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခြင်းအခမ်းအနားကို ဩဂုတ်လ ၁၇ ရက် နံနက်ပိုင်းက နေပြည်တော်ကောင်စီရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံသံမဏိလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။ ဦးစွာ မြန်မာနိုင်ငံသံမဏိလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆိုလာစွမ်းအင်သုံး EV အားသွင်းစနစ်နှင့် စက်မှုလုပ်ငန်းပေါင်းစပ်စီမံကိန်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ရာ ရှင်းလင်းတင်ပြချက်များအပေါ် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းက သိရှိလိုသည်များ မေးမြန်းဆွေးနွေးပြီး လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့သည်။ ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးကံမြင့်သန်းသည် ဇမ္ဗူသီရိမြို့နယ်၊ ဝဏ္ဏသိဒ္ဓိရပ်ကွက်ရှိ သက်ကြီးရွယ်အိုများ နေ့ပိုင်းစောင့်ရှောက်ရေးဂေဟာသို့ တာဝန်ရှိသူများနှင့်အတူ သွားရောက်၍ သက်ကြီးရွယ်အိုများ အခြေခံကျန်းမာရေးစောင့်ရှောက်မှု၊ လူမှုရေးဝန်ဆောင်မှု၊ အပန်းဖြေအနားယူမှုနှင့် ၎င်းတို့၏အသိပညာများ ပြန်လည်ဝေမျှ ပေးနိုင်မှု၊ မိမိတို့ဝါသနာပါရာလုပ်ငန်းများ ဆောင်ရွက်နိုင်မှု စသည့်ဝန်ဆောင်မှုများအား ကြည့်ရှုအားပေးခဲ့ပါသည်။ ဆက်လက်၍ အဆိုပါဂေဟာ၌ နေပြည်တော်ကလေးပြုစုရေးဌာနအနေဖြင့် ကလေးငယ်များပြုစုစောင့်ရှောက်ထားရှိမှုများအား ကြည့်ရှုအားပေးပြီး ကလေးငယ်များအတွက် အလှူငွေနှင့် သက်ကြီးရွယ်အိုများအတွက် အာဟာရဖြစ်ဖွယ် စားသောက်ဖွယ်ရာပစ္စည်းများနှင့် အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ပါသည်။ အဆိုပါ သက်ကြီးရွယ်အိုများ နေ့ပိုင်းစောင့်ရှောက်ရေးဂေဟာတွင် သက်ကြီးရွယ်အို ဘိုးဘွား ၃၈ ဦးနှင့် နေပြည်တော်ကလေးပြုစုရေးဌာန၌ ကလေးငယ် ၃၇ ဦးကို စောင့်ရှောက်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျှက်ရှိပါသည်။ ထို့နောက် မွန်းလွှဲပိုင်းတွင် နေပြည်တော်စည်ပင်သာယာရေးကော်မတီ၏ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ နေပြည်တော်ရင်ပြင်တွင် နံရံကပ်ဖောင်းကြွရုပ်ပုံများနှင့် ရုပ်ထုများထားရှိနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို နေပြည်တော်စည်ပင် သာယာရေးကော်မတီ၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ နေပြည်တော်စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးကံမြင့်သန်း၊ ဟိုတယ်၊ ခရီးသွား လာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်း၊ ဒုတိယမြို့တော်ဝန် ဦးဝင်းမိုးခိုင်၊ နေပြည်တော်ကောင်စီဝင် ဦးခင်မောင်လတ်၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်၊ မန္တလေး)၊ မြန်မာနိုင်ငံရိုးရာ ပန်းပညာရှင်များအစည်းအရုံး (ဗဟို) တို့မှ သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။ ဦးစွာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ နေပြည်တော်စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးကံမြင့်သန်းက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ကျင်းပပြုလုပ်သည့် အစည်းအဝေး၏ အဓိကရည်ရွယ်ချက်မှာ မြို့တော်ခန်းမရှေ့ရှိ နေပြည်တော်ရင်ပြင်နှင့် ဖျော်ဖြေရေးရင်ပြင်တွင် နိုင်ငံတော်၏ အထိမ်းအမှတ်အဖြစ် နံရံကပ်ဖောင်းကြွရုပ်ပုံများနှင့် ရုပ်ထုများထားရှိရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရင်ပြင်များတွင်ထားရှိမည့် ပန်းပု၊ ပန်းချီ၊ ရုပ်ထုများနှင့်ပတ်သက်၍ စဉ်းစားသင့်သည့် အချက်များ၊ သမိုင်းကြောင်းများ မှန်ကန်ရေး၊ ဖော်ဆောင်မည့် ပုဂ္ဂိုလ်၏ ကိုယ်ပိုင် ဂုဏ်သတ္တိများ ပေါ်လွင်ရေး၊ လက်ရှိအချိန်မှစ နောင်အနာဂတ်အထိ မျှော်မှန်းဆောင်ရွက်ရေးတို့အပြင် ရာသီဥတုဒဏ်နှင့် ငလျင်ဒဏ်ခံနိုင်အောင်လည်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများမှ အသီးသီး တင်ပြ ဆွေးနွေးခဲ့ကြပြီး နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးကံမြင့်သန်းက နိဂုံးချုပ် အမှာစကား ပြောကြားကာ အစည်းအဝေးအား ရုတ်သိမ်းခဲ့ပြီးနောက် အစည်းအဝေး တက်ရောက်သူများနှင့်အတူမော်တော်ယာဉ်များဖြင့် ပြည်သူ့ရင်ပြင်များသို့ ကွင်းဆင်းလှည့်လည်ကြည့်ရှုခဲ့ပါသည်။
789
16
နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးကံမြင့်သန်းသည် တာဝန်ရှိသူများနှင့်အတူ ၂၀၂၆ ခု
နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးကံမြင့်သန်းသည် တာဝန်ရှိသူများနှင့်အတူ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက် ညနေပိုင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း သန့်ရှင်းသပ်ရပ်သာယာလှပ၊ စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများနဲ့ မြို့တွင်းလမ်းများ၏ အခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ပထမဦးစွာ မြို့တော်ဝန်နှင့်အဖွဲ့သည် ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းဝိုင်းအနီး၊ ပျဉ်းမနား-တောင်ညိုကားလမ်းဘေးရှိ မင်္ဂလာကန်ပတ်လမ်းတစ်လျှောက် လှည့်လည်ကြည့်ရှုပြီး မင်္ဂလာကန်အတွင်း မြေထိန်းကျောက်စီနံရံများ ရေတိုက်စားပြီး ပြိုကျပျက်စီးနေမှုကို ပြုပြင်ဆောင်ရွက်ရန်၊ စံပယ်အိမ်ရာ၊ ပြည်ကြီးဇေယျာလမ်းတစ်လျှောက်နှင့် လူပျိုဆောင်နှင့် အပျိုဆောင်တို့၏ အတွင်းအပြင် လမ်းဘေးဝဲယာရှိ ချုံနွယ်ပိတ်ပေါင်းများ၊ ဓာတ်ကြိုးနှင့် မလွတ်ကင်းသည့်အပင်များ ခုတ်ထွင်ရှင်းလင်းရန်၊ လမ်းများပေါ် ရေဝပ်မှုမရှိစေရေး ဆောင်ရွက်ရန်၊ လမ်းဘေးရေမြောင်းများ ရေစီးရေလာကောင်းမွန်စေရေးတို့ကို ဆောင်ရွက်ရန် မှာကြားခဲ့ပါသည်။ ဆက်လက်ပြီး ပုဗ္ဗသီရိမြို့နယ်၊ နေပြည်တော်မြို့ပတ်လမ်းနှင့် သံလွင်လမ်းထောင့်သို့ ရောက်ရှိပြီး ယာဉ်အန္တရာယ်ကင်းရှင်းစေရေး၊ သွားလာမှုလွယ်ကူချောမွေ့စေရေးတို့အတွက် ပြုပြင်ဆောင်ရွက်သွားရန်နှင့် ရန်ကုန်-မန္တလေး မီးရထားလမ်း ကုန်းကျော်တံတား တည်ဆောက်နေသည့် နေရာအနီး လမ်းဘေးဝဲယာမှာ ပန်းအလှပင်နဲ့ အရိပ်ရပင်များ ထပ်မံစိုက်ပျိုးသွားရန်၊ သံလွင်လမ်းမကြီး၊ မင်္ဂလာဈေးအနီးရှိ လမ်းလယ်ကျွန်းအား ဖြောင့်တန်းအောင် ပြန်လည်ပြုပြင်ရန်၊ ရာဇသင်္ဂဟလမ်း၊ ကုမုဒြာကြာပန်းအဝိုင်းမှ ရေပန်းဥယျာဉ်သို့သွားရာ လမ်းဘေးတစ်လျှောက်ရှိ ရေကန်များဘေးတွင် ရေစီးရေလာကောင်းမွန်အောင် ပြုပြင်ဆောင်ရွက်ရန်၊ လမ်းလယ်ကျွန်းများကို သန့်ရှင်းသပ်ရပ်သာယာလှပ စိမ်းလန်းစိုပြည်စေရေး စဉ်ဆက်မပြတ် ထိန်းသိမ်းဆောင်ရွက်သွားကြရန်တို့ကို တာဝန်ရှိသူများအား မှာကြားခဲ့ပါသည်။
24 368
17
၂ဝ၂၆ ခုနှစ်၊ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်၊ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်နှင့် ကျောင်းကျန်းမာရေး သီတင်းပတ် လှုပ်ရှား
၂ဝ၂၆ ခုနှစ်၊ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်၊ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်နှင့် ကျောင်းကျန်းမာရေး သီတင်းပတ် လှုပ်ရှားမှုများ အထိမ်းအမှတ်အခမ်းအနားကို ၁၃-၈-၂၀၂၆ ရက်နေ့ နံနက် ၉ နာရီတွင် နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိခန်းမ၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း၊ လွှတ်တော်ကိုယ်စားလှယ်များ၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ နှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့သည်။ ဦးစွာ ကျောင်းသား/ကျောင်းသူများက “စုံအောင်စားကြစို့” သီချင်းဖြင့်ကပြ ဖျော်ဖြေတင်ဆက်ပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းက အမှာစကားပြောကြားရာတွင် နိုင်ငံတော်၏ ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးနှင့် ပြည်သူများ၏ လူနေမှုဘဝ မြင့်မားရေးအတွက် ကျန်းမာရေးကဏ္ဍသည် အခြေခံကျပြီး အရေးပါသည့် ကဏ္ဍတစ်ရပ် ဖြစ်‌ကြောင်း၊ လူတိုင်း ကျန်းမာသန်စွမ်းပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတွင် တက်ကြွစွာ ပါဝင်နိုင်ရန်အတွက် အခြေခံအကျဆုံး လိုအပ်ချက်မှာ အာဟာရပြည့်ဝ မျှတစွာစားသုံး နေထိုင် နိုင်ခြင်းဖြစ်ကြောင်း၊ အာဟာရပြည့်ဝမျှတမှုသည် မွေးကင်းစနှင့် ကလေးငယ်များ၏ ကိုယ်ခန္ဓာ ကြီးထွား ဖွံ့ဖြိုးမှု၊ ဉာဏ်ရည်ဖွံ့ဖြိုးမှု၊ ကျောင်းနေအရွယ်ကလေးများအတွက် ပညာရေးဆိုင်ရာ စွမ်းရည်မြင့်မားမှု၊ အရွယ်ရောက်သူများ၏ အလုပ်လုပ်နိုင်စွမ်းအား ကောင်းမွန်မှုနဲ့ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုတို့အတွက် အခြေခံအကျဆုံးအုတ်မြစ်ဖြစ်‌ကြောင်း၊ လူတစ်ဦးချင်းစီအနေဖြင့် အသက်အရွယ်၊ ကျား/မအလိုက် ကိုယ်ခန္ဓာလိုအပ်ချက်များနဲ့ ကိုက်ညီသည့် အာဟာရဓာတ်များကို အချိုးညီမျှစွာရရှိအောင် အစားအစာ အုပ်စု စုံလင်စွာစားသုံးဖို့၊ သန့်ရှင်းသည့် အစားအစာများကို ရွေးချယ်စားသုံးနိုင်ရန် မှန်ကန်သော အာဟာရဆိုင်ရာ အလေ့အကျင့်ကောင်းများရှိရန် အလွန်အရေးကြီးပါကြောင်း ပြောကြားခဲ့ပါသည်။ ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း၊ နေပြည်တော်ကောင်စီဝင် ဦးထွန်းထွန်းနှင့် တာဝန်ရှိသူများက ကျောင်းကျန်းမာရေးအဆင့်မြှင့်ကျောင်း စံပြဆုရရှိသော ကျောင်းများ၊ စံပြမိခင်ဆု ရရှိသူများ အား ဆုများအသီးသီးချီးမြှင့်ခဲ့ပြီးအထိမ်းအမှတ် Video Clip အား ပြသမှုအား ကြည့်ရှုခဲ့ပါသည်။ ယင်းနောက် အခမ်းအနားအပြီးတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ခင်ကျင်း ပြသထားသည့် အထိမ်းအမှတ်ပြခန်းများနှင့် အသက်(၅)နှစ်အောက်ကလေးများအား အင်အားပြည့် ဗီတာမင်အေ တိုက်ကျွေးနေမှုတို့ကို လှည့်လည်ကြည့်ရှုခဲ့ပြီး ကိုယ်ဝန်ဆောင်မိခင်များအား အာဟာရ ပစ္စည်းများပေးအပ်ခဲ့သည်။ ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းနှင့် တာဝန်ရှိသူများသည် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် အမှတ် (၁၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်သည့် ကျောင်းကျန်းမာရေး သီတင်းပတ် လှုပ်ရှားမှု (တိုင်းအဆင့်) အခမ်းအနားသို့တက်ရောက်သည်။ ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းနှင့် တာဝန်ရှိသူများသည် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုအဖြစ် ကျောင်းတွင်း အာဟာရကျွေးမွေးခြင်းအတွက် ဆရာ၊ ဆရာမများနှင့် မိဘများ ပူးပေါင်းပြင်ဆင်ချက်ပြုတ်ထားသည့် ဟင်းလျာများ ပြသထားရှိမှု၊ ကျောင်းသား၊ ကျောင်းသူများက အာဟာရပြည့်ဝကျန်းမာစွာဖြင့် စားသုံးနိုင်သည့် အစားအစာအုပ်စုများနှင့် တစ်နေ့တာ ကျန်းမာရေးနှင့် ညီညွတ်သော လူနေမှုဘဝပုံစံအကြောင်း ရှင်းလင်းတင်ပြမှု၊ KG ကျောင်းသား၊ ကျောင်းသူလေးများအား ဆရာ၊ ဆရာမများနှင့် မိဘများ ပူးပေါင်းပြင်ဆင်ချက်ပြုတ်ထားသည့် အာဟာရဖြည့်ဟင်းလျာများ ကျွေးမွေးနေမှု၊ ကျောင်းကျန်းမာရေး မြှင့်တင်ရေးသီချင်းဖြစ်သည့် “စုံအောင်စားစို့” တေးသီချင်းဖြင့် ကျောင်းသား၊ ကျောင်းသူများက သရုပ်ဖော်ကပြတင်ဆက်မှုတို့ကို ကြည့်ရှုကြပြီး ကျောင်းသား၊ ကျောင်းသူများအား ၎င်းတို့ အသက်အရွယ် ကျား/မ အုပ်စုအလိုက် သံချဆေးနှင့် သံဓာတ်အား ဆေးများကို တိုက်ကျွေးပေးကြသည်။ ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းနှင့် တာဝန်ရှိသူများသည် ကျောင်းသား၊ ကျောင်းသူ များက ဖုံး၊ သွန်၊လဲ၊ စစ်လုပ်ငန်းများ ဆောင်ရွက်ခြင်း သရုပ်ပြသမှု၊ မူလတန်းကျောင်းသား၊ ကျောင်းသူများက စနစ်တကျလက်ဆေးခြင်းနှင့်စနစ်မှန်သွားတိုက်ခြင်း သရုပ်ပြသမှု၊ ကျောင်းစာကြည့်တိုက်တွင် ကျောင်းသား၊ ကျောင်းသူများက ကျန်းမာရေးနှင့်အညီ ဆောင်ရွက်ခြင်းနှင့်ပတ်သက်၍ အဖွဲ့လိုက်ဆွေးနွေးမှု၊ မူးယစ်ဆေး သုံးစွဲမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုး အန္တရာယ်များနှင့်ပတ်သက်၍ အဖွဲ့လိုက် အပြန်အလှန်ဆွေးမှု၊ ကျန်းမာရေးနှင့်ပတ်သက်၍ ကျောင်းသား၊ ကျောင်းသူများက ဉာဏ်စမ်းမေးခွန်းများ ဖြေဆိုလျက်ရှိမှု၊ အထွေထွေ ကျန်းမာရေးစစ်ဆေးမှု၊ ပဏာမမျက်စိစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှုနှင့် သွားနှင့်ခံတွင်းကျန်းမာရေး စစ်ဆေးပေးခြင်းများ ဆောင်ရွက်နေမှုတို့ကို လှည့်လည်ကြည့်ရှုအားပေးပြီး ကျောင်းဖွံဖြိုးတိုးတက်ရေးအတွက် အလှူငွေများ ပေးအပ်ခဲ့‌ကြပါသည်။
1 164
18
နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးကံမြင့်သန်းသည် ဒုတိယမြို့တော်ဝန် ဦးဝင်းမိုးခိ
နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးကံမြင့်သန်းသည် ဒုတိယမြို့တော်ဝန် ဦးဝင်းမိုးခိုင်၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ကော်မတီဝင်၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနကြီးမှူးများ၊ ဌာနမှူးများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၉ ရက်နေ့၊ မနက်ပိုင်းက မိုးရာသီကာလအတွင်း သောက်သုံးရေလုပ်ငန်း အသုံးပြုလျက်ရှိသည့် ဆည်များအတွင်းကို ရေဝင်ရောက်မှု၊ တမံကြံ့ခိုင်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ပထမဦးစွာ မြို့တော်ဝန်နှင့်အဖွဲ့သည် ဥတ္တရသီရိဆည်ကို ရောက်ရှိပြီး သက်ဆိုင်ရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြရာ မြို့တော်ဝန်မှ တမံပြုပြင်ထားရှိတဲ့ ဆည်ဖြစ်တဲ့အတွက် တမံမြေသားအခြေအနေကို အမြဲမပြတ်စစ်ဆေးနေရန်၊ ရေပိုလွှဲလမ်းကြောင်း ရေစီးရေလာ ကောင်းမွန်စေရေး သက်ဆိုင်ရာဌာနများမှ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း မှာကြားခဲ့ပါသည်။ ဆက်လက်ပြီး ချောင်းမကြီးဆည်ကို ရောက်ရှိစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြမှုအပေါ် မြို့တော်ဝန်မှ နေပြည်တော် မြို့ပြရေပေးဝေရေးအတွက် ယခုလက်ရှိအခြေအနေတွင် ချောင်းမကြီးဆည်သည် အဓိကနေရာတွင် ရှိနေသည့်အတွက် ဆည်ကြံ့ခိုင်ရေးကို စစ်ဆေးမှုပုံစံများအတိုင်း စနစ်တကျစစ်ဆေးရန်၊ ရေပြည့်မှတ်ရောက်ရှိရန် အမြင့်ပေ လိုအပ်နေသေးသော်လည်း ရေပိုလွှဲနှင့် ရေလမ်းကြောင်းများ ရှင်းလင်းထားရန်၊ သောက်သုံးရေ ပေးဝေနေသည့် ဆည်ဖြစ်သည့်အတွက် လုံခြုံရေး အထူးဂရုပြုဆောင်ရွက်ရန် မှာကြားခဲ့ပါသည်။
9 524
19
နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးကံမြင့်သန်းသည် ဒက္ခိဏသီရိမြို့နယ် စံပယ်လမ်းမကြီး၊ တော်ဝင်သီရိလမ်း၊ သဇင်လမ်းနှင့် တော်ဝင်ရတနာလမ်းတ
နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးကံမြင့်သန်းသည် ဒက္ခိဏသီရိမြို့နယ် စံပယ်လမ်းမကြီး၊ တော်ဝင်သီရိလမ်း၊ သဇင်လမ်းနှင့် တော်ဝင်ရတနာလမ်းတို့၏ လမ်းဘေးဝဲယာရေမြောင်းများမှ မိုးသည်းထန်စွာရွာသွန်းပြီး ရေဝင်ရောက်မှုအခြေအနေများ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ စက်ယန္တရားဖြင့် ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါသည်။ ထို့နောက် ပုဗ္ဗသီရိမြို့နယ် ရာဇာသင်္ဂဟအိမ်ရာအတွင်း လမ်းဘေးဝဲယာ သန့်ရှင်းသာယာလှပရေး၊ ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ဆက်လက်ပြီး ပုဗ္ဗသီရိမြို့နယ်ရှိ ဆင်သေချောင်း၊ သိုက်ချောင်းတံတားအနီးနှင့်ဥယျာဉ်တံတားများသို့ သွားရောက်၍ ဆင်သေချောင်းရေစီးဆင်းမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ မှာကြားခဲ့ပါသည်။
29 327
20
(၇၉) နှစ်မြောက် အာဇာနည်နေ့တွင် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား ရည်စူး၍ ဆွမ်းဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို ယန
(၇၉) နှစ်မြောက် အာဇာနည်နေ့တွင် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား ရည်စူး၍ ဆွမ်းဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ နေပြည်တော်ကောင်စီရုံး၊ ဇမ္ဗူသီရိခန်းမ၌ ကျင်းပရာ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ မာရဝိဇယရွှေကျောင်းတော်၊ ပဓာနနာယကဆရာတော်၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဘဒ္ဒန္တနေမိန္ဒ မဟာထေရ်မြတ်ကြီးထံမှ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း အမှူးပြုသော ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ပရိတ်တရားတော်များ နာယူကြည်ညိုကြပါသည်။ ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကြပါသည်။ အခမ်းအနားအပြီးတွင် ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။
11 025