en
Feedback
Life Explored Channel

Life Explored Channel

Open in Telegram

စာဖတ်ပါ။ အနာဂတ်ကိုမြှင့်တင်ပါ။ ဘဝကို အကောင်းဆုံးဖြတ်သန်းပါ။ Since_date 10.5.2025 (Re-New) အားလုံးအတွက် ကျွန်တော်အမြဲရှိပါသည်။ 💕 #Akayar (Haruki)

Show more
1 434
Subscribers
+124 hours
-117 days
-1230 days
Posts Archive
ကိုယ့်ဖြစ်တည်မှုကို သူများလက်ထဲ မအပ်ပါနဲ့ 🍂 ကိုယ့်ရဲ့ ဖြစ်တည်မှု၊ ပျော်ရွှင်မှုနဲ့ တန်ဖိုးတွေကို အခြားလူတစ်ယောက်အပေါ်မှာ အလုံးစုံ သွားပုံချထားတာက သိပ်ကို အန္တရာယ်များပါတယ်။ လူတစ်ယောက်ကို ချစ်ခင်လို့ရတယ်။ တန်ဖိုးထားလို့ရတယ်။ ဒါပေမယ့် အဲ့ဒီလူမရှိရင် ငါမရှင်သန်နိုင်တော့ဘူးဆိုတဲ့အထိ ကိုယ့်ကိုယ်ကိုယ် အောက်ဆုံးထိ ဆွဲချလိုက်တာမျိုး မဖြစ်သင့်ဘူး။ သူတစ်ပါးအပေါ် မှီခိုလွန်းတဲ့အခါ အဲ့ဒီလူရဲ့ စိတ်အပြောင်းအလဲက ကိုယ့်ရဲ့ ရာသီဥတု ဖြစ်သွားတတ်တယ်။ သူပျော်မှ ကိုယ်ပျော်ခွင့်ရတယ်။ သူစိတ်ဆိုးရင် ကိုယ့်ကမ္ဘာကြီးပါ တစ်ခါတည်း ပြိုကျသွားတတ်တယ်။ ကျွန်တော်တို့တွေ တခါတလေမှာ သံယောဇဉ်ကို အကြောင်းပြပြီး ကိုယ့်ကိုယ်ကိုယ် ပျောက်ဆုံးမှန်းမသိ ပျောက်ဆုံးနေတတ်ကြတယ်။ လူဆိုတာ အမြဲတမ်း ပြောင်းလဲနေတတ်တဲ့ သဘာဝရှိတယ်။ တကယ်လို့ တစ်နေ့နေ့မှာ အဲ့ဒီလူသာ ကိုယ့်ဘဝထဲက ထွက်သွားခဲ့ရင် ကိုယ်ပါ အစအနမကျန် လိုက်ပါပျောက်ဆုံးသွားတတ်တယ်။ ကိုယ့်ကိုယ်ကိုယ် ပြန်ရှာတွေ့ဖို့ အရမ်းခက်ခဲသွားလိမ့်မယ်။ စာဖတ်သူလေးတို့ကို ပြောချင်တာက ကိုယ့်ဘဝရဲ့ ဇာတ်လိုက်က ကိုယ်တိုင်ပဲ ဖြစ်ပါစေ။ ကိုယ့်ရဲ့ ပျော်ရွှင်မှုကို ကိုယ့်ဆီမှာပဲ အရင်ဆုံးရှာပါ။ အခြားသူတစ်ယောက်ဆိုတာ ကိုယ့်ဘဝခရီးမှာ အတူလျှောက်မယ့် အဖော်ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကိုယ့်ရဲ့ 'ဖြစ်တည်မှု' အားလုံးကိုတော့ ဘယ်သူ့လက်ထဲမှ ပုံမအပ်လိုက်ပါနဲ့။ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်တဲ့လူ၊ ကိုယ့်ကိုယ်ကိုယ် အရင်ဆုံး ချစ်ခင်တန်ဖိုးထားနိုင်တဲ့လူကမှ အခြားသူတစ်ယောက်ကိုလည်း အကောင်းဆုံး တန်ဖိုးထားနိုင်မှာပါ။ © https://t.me/addlist/7Nrf_Uo6va5hMjJl ✍️ အက္ခရာ #Life_Lessons #Haruki

💗 #Haruki
+2
💗 #Haruki

ရေဘေးသွားလှူမယ့် အစ်ကိုတွေရဲ့ စကားသံ 🙆‍♂️ #Haruki
+1
ရေဘေးသွားလှူမယ့် အစ်ကိုတွေရဲ့ စကားသံ 🙆‍♂️ #Haruki

မောနီးး 🌝 မနေ့က ညီလေးနဲ့ ဖန်တီးဖြစ်တဲ့ Cover Song လေး Recording Mic မဝယ်ရသေးတော့ Vocal Quality ကမကောင်း 😫❤️ #Haruki

Repost from Hlaing Bwar
မင်္ဂလာပါခင်ဗျာ 👋 အရင် Telegram Channel လေး ပျက်သွားတာကြောင့် Channel အသစ်လေး ပြန်ဖွင့်ထားပါတယ်။ ကျွန်တော် Hlaing Bwar ပါ — R4 လို့လည်း သိကြပါတယ်။ အရင်ကလိုပဲ Tech နဲ့ပတ်သက်တာတွေ၊ ကိုယ်တိုင်လေ့လာထားတာတွေ၊ သိသလောက် မှတ်သလောက်ကို ဒီမှာ ဆက်ပြီး မျှဝေပေးသွားမှာပါ။ အရင် Channel မှာရှိခဲ့တဲ့ မိတ်ဆွေတွေက ဒီ Channel လေးကိုလည်း Subscribe လုပ်ထားပေးကြပါဦးဗျာ။ Channel အသစ်လေးကို ဒီကနေ ဝင်လို့ရပါတယ် 👇 https://t.me/HlaingBwarGeeks

အသိတွေရှိရင် ကူရှဲပေးလိုက်ကြပါဦး 🥹🫶🏻 တတ်နိုင်သလောက်လေးတွေနဲ့ ကုသိုလ်ယူကြတာပေါ့ခင်ဗျာ။ #Haruki

‼️ August 17 ‼️ ရေဘေးသင့် ပြည်သူတွေအတွက် ကျွန်တော်တို့ တတ်နိုင်သလောက် ဖေးမကူညီကြရအောင်... မင်္ဂလာပါ စာဖတ်သူလေးတို့ရေ... ဒီရက်ပိုင်း ရေဘေးသတင်းတွေ ကြားရတိုင်း ရင်ထဲမှာ တကယ်ကို မကောင်းဖြစ်ရပါတယ်။ အခုချိန်မှာ နေစရာအိမ်မရှိ၊ စားစရာ အစားအသောက်မရှိနဲ့ ရုတ်တရက် ဒုက္ခတွင်းထဲ ကျရောက်သွားကြတဲ့ ပြည်သူတွေ အများကြီး ရှိနေပါတယ်။ မြို့ကြီးတွေ၊ လမ်းပန်းဆက်သွယ်ရေး ကောင်းတဲ့နေရာတွေဆီကို အလှူရှင်တွေ ရောက်တတ်ပေမဲ့၊ အထူးသဖြင့် အလှူရှင်တွေ သိပ်မရောက်နိုင်တဲ့ စစ်ကိုင်းတိုင်းဘက်က ရွာငယ်လေးတွေဆိုရင် အခုချိန်မှာ အကူအညီတွေ အရမ်းကို လိုအပ်နေကြတာပါ။ အခု ကျွန်တော့်မိတ်ဆွေတွေဖြစ်တဲ့ မုံရွာက အစ်ကိုတွေက အဲ့ဒီလို အလှူရှင် အရောက်အပေါက်နည်းတဲ့ ရွာငယ်လေးတွေဆီကို ကိုယ်တိုင်သွားရောက်ပြီး ရေဘေးအလှူလေး လုပ်ကြမလို့တဲ့ဗျ။ အဲ့ဒါကြောင့် ကျွန်တော့်ဘက်ကလည်း အလှူငွေလေး ပါဝင်ကူညီပေးထားသလို၊ ကျွန်တော်တို့ ချယ်နယ်က စာဖတ်သူလေးတွေလည်း ကုသိုလ်ပါဝင်နိုင်ဖို့အတွက် တစ်ဆင့် ပြန်လည်မျှဝေပေးလိုက်တာ ဖြစ်ပါတယ်။ ငွေကြေးပမာဏ အများကြီးမှ မဟုတ်ပါဘူး။ ၅၀၀၊ ၁,၀၀၀ ကျပ်ကစလို့ မိမိ တတ်နိုင်သလောက် စေတနာအလျောက် ပါဝင်လှူဒါန်းနိုင်ပါတယ်ဗျ။ စာဖတ်သူလေးတို့ရဲ့ လက်ဖက်ရည်ဖိုး၊ မုန့်ဖိုးလေးတွေကို စုပေါင်းလိုက်ရင် တစ်ဖက်က ဒုက္ခရောက်နေသူတွေအတွက် ထမင်းတစ်နပ်စာ၊ ရေသန့်တစ်ဘူးစာ အသက်ဆက်ခွင့် ရသွားမှာပါ။ လာမယ့် ဩဂုတ်လ (၁၇) ရက်နေ့ လောက်မှာ သွားရောက်လှူဒါန်းကြမှာဖြစ်လို့ အလှူငွေလေးတွေကို အခုကတည်းက စတင် ထည့်ဝင်ပေးလို့ ရနေပါပြီခင်ဗျာ။ အလှူငွေ ထည့်ဝင်ရန် KPay: 09897858116 (Thet Htet San) အသေးစိတ် ဆက်သွယ်မေးမြန်းရန် Telegram: @lovely_ptpo16 တစ်ကျပ်တစ်ပြားကအစ တကယ်လိုအပ်နေတဲ့ ပြည်သူတွေဆီကို ကိုယ်တိုင်သွားရောက် လှူဒါန်းပေးမှာမို့ ယုံယုံကြည်ကြည်နဲ့ ပါဝင်လှူဒါန်းပေးကြဖို့ မေတ္တာရပ်ခံ တိုက်တွန်းလိုက်ပါတယ်ဗျာ။ အားလုံးပဲ ဘေးဘယာဝေးကွာပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာ ရှိကြပါစေ။ #FloodDonation #Sagaing #HelpEachOther

photo content
+2

Fri : ဘာတွေလုပ်၊ ကောင်မလေးနဲ့ ကြူးနေတာလား Me : ကြူးရအောင်... ငါတို့ စကားပြောဖြစ်တဲ့ နှုန်းက ရန်ကုန်မြို့မှာ မီးလာတဲ့ အကြိမ်အရ
Fri : ဘာတွေလုပ်၊ ကောင်မလေးနဲ့ ကြူးနေတာလား Me : ကြူးရအောင်... ငါတို့ စကားပြောဖြစ်တဲ့ နှုန်းက ရန်ကုန်မြို့မှာ မီးလာတဲ့ အကြိမ်အရေအတွက်ထက်တောင် နည်းနေသေးတယ်ကွာ။ လာမယ့်လာတော့လည်း ခဏလေး၊ ပြီးရင် ပြန်ပျက်သွားရော 😆 #Funny #Haruki

ကိုယ့်ကမ္ဘာလေးနဲ့ကိုယ် နေထိုင်တတ်ခြင်း ☕️ တစ်နေ့တစ်နေ့ ဘာတွေလုပ်ဖြစ်လဲမေးရင်... မနက်မိုးလင်းတာနဲ့ ကော်ဖီတစ်ခွက်ဖျော်၊ Music Room ထဲကို တန်းဝင်ဖြစ်တာပါပဲ။ သီချင်းအပ်ထားတာလေးတွေ လုပ်တယ်။ Social Media အတွက် ဖန်တီးတယ်။ ကိုယ့်စိတ်ကြိုက်အတွက်လည်း အချိန်ပေးဖြစ်တယ်။ စာမေးပွဲတွေလည်း ပြီးသွားပြီဆိုတော့ YouTube ကို ပြန်စနေပါပြီ။ အခုဆို Facebook ရော၊ TikTok ပါ Platform (၃) ခုစလုံးကို Run ဖို့ ပြင်ဆင်နေတယ်။ ပြီးရင်တော့ စာရေးဖို့ အချိန်ပေးရပြန်တယ်။ Social Media ပေါ်ကနေ Idea အသစ်တွေ ရှာတယ်။ ရေးတင်တယ်။ ညနေခင်း ရေချိုးပြီးတာနဲ့ ကော်ဖီပူပူလေးတစ်ခွက်နဲ့ စာဖတ်ဖြစ်တယ်။ စာမူအတွက် လိုအပ်မယ့် Idea လေးတွေရရင် တစ်ခါတည်း မှတ်စုထုတ်ထားလိုက်တယ်။ ညဘက်ရောက်ရင်တော့ AI တွေကို ကလိရင်း မသိတာလေးတွေ လေ့လာတယ်။ Skill အသစ်တွေ ထပ်ဖြည့်တယ်။ ဒီလိုနဲ့ပဲ တစ်နေကုန်သွားတတ်တယ်။ အကြောင်းမရှိဘဲ ဘယ်သူနဲ့မှလည်း သိပ်မပြောဖြစ်ဘူး။ ကိုယ့်အချိန်နဲ့ ကိုယ့်ကမ္ဘာလေးထဲမှာပဲ အလုပ်တွေရှုပ်၊ တိုင်တွေပတ်နေတာပါပဲ။ ဒီနေရာမှာ စာဖတ်သူလေးတို့ကိုလည်း အကြံတစ်ခု ပေးချင်ပါတယ်။ လူငယ်ဘဝကို ဖြတ်သန်းတာနဲ့ အယူမှားပြီး ဖျက်ဆီးနေတာ လုံးဝမတူပါဘူး။ တချို့က လူငယ်သဘာဝ ပျော်ရမယ်၊ လွတ်လပ်ရမယ်ဆိုပြီး အကျိုးမရှိတဲ့အရာတွေ၊ အချိန်ဖြုန်းတာတွေမှာ နစ်မြုပ်သွားတတ်ကြတယ်။ ဒါက လွတ်လပ်မှုကို အယူမှားပြီး ကိုယ့်ဘဝကို ဖျက်ဆီးနေတာပါပဲ။ တကယ့် လူငယ်ဘဝကို ဖြတ်သန်းတယ်ဆိုတာ ပျော်သင့်သလောက်ပျော်မယ်၊ အသစ်တွေ လေ့လာမယ်၊ အမှားတွေထဲက သင်ယူမယ်၊ ကိုယ့်အနာဂတ်အတွက် ကိုယ်တိုင် အုတ်မြစ်ချတာကို ခေါ်တာပါ။ နောက်ပြီးတော့ အခုလို Digital ခေတ်ကြီးမှာ သာမန် User အဆင့်ကနေ Creator ဘက်ကို ကူးပြောင်းဖို့ စဉ်းစားသင့်နေပါပြီ။ အခြားသူတွေအကြောင်း အတင်းပြောနေမယ့်အစား၊ အွန်လိုင်းပေါ်က ပွဲတွေ၊ ပြဿနာတွေနောက် လိုက်နေမယ့်အစား ကိုယ့်ဘဝအတွက် တကယ်အကျိုးရှိမယ့်အရာတွေကိုပဲ အာရုံစိုက်ပါ။ အချိန်တွေကို အလဟဿ မဖြုန်းတီးပါနဲ့။ ကိုယ့်ဘဝလေးနဲ့ကိုယ် အေးအေးချမ်းချမ်း နေထိုင်တတ်ဖို့ လေ့လာပါ။ ဖန်တီးပါ။ အစပိုင်းမှာတော့ ခက်ခဲပါလိမ့်မယ်။ အချိန်လည်း ပေးရပါလိမ့်မယ်။ ဒါပေမယ့် ဇွဲမလျှော့ဘဲ တစိုက်မတ်မတ် ကြိုးစားမှုက သေချာပေါက် အောင်မြင်စေပါလိမ့်မယ်။ © https://t.me/addlist/7Nrf_Uo6va5hMjJl ✍️ အက္ခရာ #Moti #Haruki

photo content

နောက်ထပ် Channel အသစ်လေး Subscribe လုပ်ပြီး အားပေးကြပါဦး 🥹🫶🏻 https://youtu.be/9Irng0qGlPU?si=nE35y8Jg_SiACLbv

အပြောင်းအလဲကို လက်ခံနိုင်စွမ်း 🌱 လောကကြီးမှာ အမြဲတမ်းပြောင်းလဲနေတာကလွဲရင် ကျန်တာအားလုံးက ယာယီပါပဲ။ လူငယ်ဘဝဆိုတာ ဒီအပြောင်းအလဲတွေကို အကောင်းဆုံး အသုံးချရမယ့် အရွယ်ဖြစ်ပါတယ်။ မတူညီတဲ့ ပတ်ဝန်းကျင်ကနေ လာတဲ့သူတွေကြားမှာ အမြင်မတူတာတွေ၊ စဉ်းစားပုံ ကွဲလွဲတာတွေ ရှိလာတတ်ပါတယ်။ အဲ့ဒီအခါမျိုးမှာ ကိုယ့်ဘက်ကနေချည်း မှန်တယ်လို့ တင်းခံမနေဘဲ အခြားသူတွေဆီကနေ သင်ယူနိုင်စွမ်းရှိဖို့က အရေးကြီးပါတယ်။ တခါတလေမှာ ကိုယ်မျှော်လင့်မထားတဲ့ အခက်အခဲတွေ ဝင်လာတတ်ပါတယ်။ ဒီလိုအချိန်မှာ အပြစ်တင် ငြီးတွားနေမယ့်အစား အဖြေရှာနိုင်စွမ်းကသာ လူတစ်ယောက်ရဲ့ တကယ့်တန်ဖိုးကို ဆုံးဖြတ်ပေးတာပါ။ ကိုယ့်ရဲ့ နေ့စဉ်ဘဝမှာ တွေ့ကြုံရတဲ့ ပြဿနာတိုင်းကို သင်ခန်းစာတစ်ခုအနေနဲ့ ရှုမြင်တတ်လာတဲ့အခါ စာဖတ်သူလေးတို့ရဲ့ အတွေးအခေါ်တွေ ပိုပြီး ရင့်ကျက်လာပါလိမ့်မယ်။ အရာရာကို အကောင်းမြင်စိတ်နဲ့ ချဉ်းကပ်ပြီး ကိုယ့်ရဲ့ အရည်အချင်းကို နေ့စဉ် မြှင့်တင်သွားဖို့ လိုပါတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ပါ။ လိုချင်တဲ့ ပန်းတိုင်ရောက်ဖို့အတွက် ဉာဏ်ပညာနဲ့ ဇွဲလုံ့လကို အသုံးချပြီး အကောင်းဆုံး ကြိုးစားသွားပါ။ © https://t.me/addlist/7Nrf_Uo6va5hMjJl ✍️ အက္ခရာ #Moti #Haruki

ကိုယ့်ဘဝကို ကိုယ်တိုင်ဖန်တီးခွင့် 💡 ဘဝမှာ အရေးအကြီးဆုံးက ကိုယ့်ကိုယ်ကိုယ် ဘယ်လိုမြင်လဲဆိုတာပါပဲ။ ပတ်ဝန်းကျင်က ဘာပဲပြောပြော ကိုယ်ဖြစ်ချင်တာကို သေချာသိဖို့လိုပါတယ်။ လူငယ်ဘဝဆိုတာ အမှားလုပ်ခွင့်ရှိတဲ့အချိန်၊ အသစ်တွေ စမ်းသပ်ခွင့်ရှိတဲ့ အချိန်ဖြစ်လို့ အမှားတွေထဲကနေ သင်ခန်းစာယူတတ်ဖို့က သိပ်ကိုအရေးကြီးပါတယ်။ ကျွန်တော်တို့တွေ တခါတလေမှာ ရှေ့ဆက်ရမယ့်လမ်းပျောက်နေသလို ခံစားရတတ်တာ သဘာဝပါ။ အရေးကြီးတာက ရပ်မနေဖို့ပါပဲ။ ပြဿနာတစ်ခုကြုံလာရင် အပြစ်မတင်ဘဲ အဖြေရှာကြည့်ပါ။ ကိုယ့်ကိုယ်ကိုယ် သနားမနေပါနဲ့။ ပြဿနာတိုင်းမှာ ထွက်ပေါက်တစ်ခုက အမြဲတမ်းရှိနေတတ်ပါတယ်။ ကိုယ့်ရဲ့ဘဝက ကိုယ့်ရဲ့ ရွေးချယ်မှုတွေပေါ်မှာပဲ အဓိကမူတည်နေတာပါ။ ဒါကြောင့် တခြားသူတွေ လျှောက်တဲ့လမ်းကို အတင်းလိုက်လျှောက်စရာမလိုဘဲ ကိုယ့်လမ်း ကိုယ်ဖောက်ဖို့ သတ္တိရှိရပါမယ်။ အတွေးအခေါ်သာမှန်မယ်ဆိုရင် လိုချင်တာမှန်သမျှ ကြံဆဖန်တီးယူလို့ရပါတယ်။ ကိုယ့်ကို ပိတ်လှောင်ထားတဲ့ အတားအဆီးဆိုတာ တကယ်တော့ ကိုယ့်ရဲ့ "အတွေးအခေါ်" တွေပါပဲ။ ဒါကြောင့် ဒီနေ့ကစပြီး ကိုယ့်ဘဝကို အကောင်းဆုံးဖြစ်အောင် ပြန်လည်တည်ဆောက်ကြရအောင်ပါ။ ✍️ အက္ခရာ #Moti #Haruki

ညီလေးရေ... သီချင်းလေးတစ်ပုဒ်လောက် ဆိုချင်လို့၊ တီးပေးပါဦးလားတဲ့ ဒီသီချင်းသိတဲ့သူရှိလား 👀✨ #Music #Haruki

ကျောက်တုံးရိုင်းထဲက လက်ရာမြောက် ပန်းပုရုပ် မောနင်းပါ စာဖတ်သူလေးတို့ရေ... 🌤 ဒီနေ့မှာတော့ ဘဝကို ဘယ်လိုတိုးတက်အောင် လုပ်ရမလဲဆိုပြီး လမ်းပျောက်နေတဲ့ စာဖတ်သူလေးတွေအတွက် ခွန်အားဖြစ်စေမယ့် ဇာတ်လမ်းတိုလေးတစ်ပုဒ်ကို မျှဝေပေးချင်ပါတယ်။ တစ်ခါတုန်းက နာမည်ကြီး ပန်းပုဆရာကြီး တစ်ယောက်ဆီကို လူငယ်လေးတစ်ယောက် ရောက်လာတယ်။ ပန်းပုဆရာကြီးက ရုပ်ဆိုးဆိုး ကျောက်တုံးကြီးတစ်ခုကို ထုဆစ်နေတာကို ကြည့်ပြီး လူငယ်လေးက မေးလိုက်တယ်။ "ဆရာ... ဒီလို ရုပ်ဆိုးပြီး ဘာပုံစံမှန်းမသိတဲ့ ကျောက်တုံးကြီးကနေ ဘယ်လိုလုပ် အသက်ဝင်လှပတဲ့ ပန်းပုရုပ်ကြီး ဖြစ်လာအောင် လုပ်နိုင်ရတာလဲ" တဲ့။ အဲ့ဒီအခါ ပန်းပုဆရာကြီးက ပြုံးပြီး အခုလို ပြန်ဖြေတယ်။ "ငါက အလှတရားကို ဖန်တီးယူတာ မဟုတ်ပါဘူးကွာ။ တကယ်တော့ ဒီကျောက်တုံးထဲမှာ အလှပဆုံး ပန်းပုရုပ်ကြီးက နဂိုကတည်းက ရှိနေပြီးသားပါ။ ငါလုပ်လိုက်တာက အဲ့ဒီ ပန်းပုရုပ်နဲ့ မဆိုင်တဲ့၊ မလိုအပ်တဲ့ အစွန်းအထွက်တွေကို ဆောက်နဲ့ ထွင်းပြီး ဖယ်ရှားပစ်လိုက်တာပဲ" တဲ့။ ကျွန်တော်တို့ရဲ့ Self-improvement ဆိုတာလည်း ဒီသဘောတရားအတိုင်းပါပဲ။ တစ်ခါတလေ ကျွန်တော်တို့က အောင်မြင်ဖို့အတွက် အပြင်ကနေ အသစ်တွေချည်းပဲ လိုက်ရှာပြီး ဖြည့်တင်းနေရမယ်လို့ ထင်တတ်ကြတယ်။ တကယ်တော့ စာဖတ်သူလေးတို့ရဲ့ အတွင်းစိတ်ထဲမှာ အကောင်းဆုံးသော ကိုယ်ရည်ကိုယ်သွေးတွေ၊ အရည်အချင်းတွေက နဂိုကတည်းက ရှိနေပြီးသားပါ။ ဘဝကို တိုးတက်ချင်တယ်ဆိုရင် အသစ်တွေ လိုက်ရှာနေတာထက်၊ ကိုယ့်ဘဝနဲ့ မဆိုင်တဲ့ မလိုအပ်တဲ့အရာတွေကို အရင်ဆုံး ဖယ်ရှားပစ်ဖို့ လိုပါတယ်။ • အချိန်ဆွဲတတ်တဲ့ အကျင့်ဆိုးတွေ • ကိုယ့်ကိုယ်ကိုယ် မယုံကြည်တဲ့ အတွေးအမြင်တွေ • ကိုယ့်ကို နောက်ဆွဲနေတဲ့ မကောင်းတဲ့ ပတ်ဝန်းကျင်တွေ ဒီလို မလိုအပ်တဲ့ အစွန်းအထွက်တွေကို တစ်ခုချင်း ဖယ်ရှားပစ်နိုင်လေလေ၊ စာဖတ်သူလေးတို့ရဲ့ ရင်ထဲက တကယ့် အကောင်းဆုံးသော ပုံရိပ်စစ်က ပိုပြီး ထင်ရှားလာလေလေ ပါပဲ။ ဒီနေ့ကစပြီး ကိုယ့်ကိုယ်ကိုယ် ပြင်ပကအရာတွေနဲ့ အတင်းဖိအားပေးနေမယ့်အစား၊ ကိုယ့်ဘဝအတွက် မလိုအပ်တဲ့ အရာတွေကို တစ်ခုချင်း ဖယ်ရှားပစ်ရင်း အလှပဆုံးသော လက်ရာမြောက် ပန်းပုရုပ်လေးတစ်ခုအဖြစ် အသက်ဝင်လာနိုင်ပါစေလို့ ဆန္ဒပြုရင်း... ✨ ✍️ အက္ခရာ #Moti #Life_Success #Haruki

🎉 Giveaway ကံထူးရှင်များ ကြေညာခြင်း 🎉 ကျွန်တော့်ရဲ့ "ကျောခိုင်းထားသော ချစ်ခြင်းများ" စာအုပ်သစ်လေးအတွက် အဖေနဲ့ပတ်သက်တဲ့ အမှတ
🎉 Giveaway ကံထူးရှင်များ ကြေညာခြင်း 🎉 ကျွန်တော့်ရဲ့ "ကျောခိုင်းထားသော ချစ်ခြင်းများ" စာအုပ်သစ်လေးအတွက် အဖေနဲ့ပတ်သက်တဲ့ အမှတ်တရလေးတွေ ဝင်ရောက်မျှဝေပေးခဲ့ကြတဲ့ စာဖတ်သူလေးတိုင်းကို ကျေးဇူးအများကြီးတင်ပါတယ်။ စာလေးတွေဖတ်ရင်း တကယ်ကို နွေးထွေးကြည်နူးခဲ့ရပါတယ်။ ဒီနေ့အတွက် စာရေးသူကိုယ်တိုင် လက်မှတ်ရေးထိုးထားတဲ့ စာအုပ်လက်ဆောင်ကို Spin Wheel နဲ့ ကျပန်းရွေးချယ်လိုက်တဲ့အခါ ကံထူးသွားတဲ့ (၃) ယောက်ကတော့... 🏆 Lin Thant 🏆 JK Rowling 🏆 E040/Harmony (E2) 🍃 ကံထူးရှင် စာဖတ်သူလေး (၃) ဦးအနေနဲ့ အမည်၊ ဖုန်းနံပါတ်နဲ့ လိပ်စာ အပြည့်အစုံကို ကျွန်တော့်အကောင့် 👉 @Akayar_2007 ဆီ (၂၄) နာရီအတွင်း လာရောက်ဆက်သွယ်ပေးပါခင်ဗျာ။ (ပို့ဆောင်ခကို ကျွန်တော်ကိုယ်တိုင် ရှင်းပေးမှာမို့ ဘာမှပူစရာမလိုပါဘူးနော်) ဒီတစ်ခေါက် မပါလိုက်တဲ့ စာဖတ်သူလေးတွေလည်း နောက်ထပ် အစီအစဉ်ကောင်းတွေ ရှိသေးတာမို့ ဆက်ပြီး စောင့်မျှော်အားပေးကြပါဦး။ မှတ်ချက်။ ။ Spin Wheel လှည့်ထားတဲ့ Screenshort ကို Comment မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ #Haruki

အစီအစဥ်ပိတ်လိုက်ပါပြီ။ ည ၈ နာရီခွဲကျရင် Winner လေးတွေ ကြေငြာပေးပါမယ်ခင်ဗျာ။ ✨ Good Luck all ☘️ #Haruki

မနက်ဖြန် ည ၆ နာရီအထိသာ... #Haruki

Repost from N/a
FREE Beginner English Study Group 📚 English ကို အခြေခံကနေ စချင်တဲ့သူတွေရှိလား? Beginner တွေအတွက် မြန်မာလိုကော English နားလည်
FREE Beginner English Study Group 📚 English ကို အခြေခံကနေ စချင်တဲ့သူတွေရှိလား? Beginner တွေအတွက် မြန်မာလိုကော English နားလည်လွယ်အောင် အခမဲ့ Study Group လေးဖွင့်ဖို စီစဉ်ထားပါတယ်။ 👥 15 ယောက်ပဲ လက်ခံမှာပါ။ စိတ်ဝင်စားရင် Telegram အကောင့် မှာ Free beginner english class လို့လာပြောပေးနော်။ သင်တန်းကြေးကလည်း 100% free ပါ free ဆိုပြီးတော့ဖြစ်သလိုသင်ပေးမှာမျိုးမဟုတ်ဘဲ zoomမှာ အခြေခံကနေသေချာအသေးစိတ်သင်ပေးမှာမလိုလက်မလွှတ်သင့်တဲ့အခွင့်ရေးမျိုးပါနော်ကလေးတို။ အတန်းလေးပြီးသွားရင်လည်း Certificate ပေးမှာမလို့ အခုကစပြီးလာအပ်လို့ရပါပြီ Tg Account- @bibi_is_sleeping #TheStudyGarden #Thoon