en
Feedback
Life Explored Channel

Life Explored Channel

Open in Telegram

စာဖတ်ပါ။ အနာဂတ်ကိုမြှင့်တင်ပါ။ ဘဝကို အကောင်းဆုံးဖြတ်သန်းပါ။ Since_date 10.5.2025 (Re-New) အားလုံးအတွက် ကျွန်တော်အမြဲရှိပါသည်။ 💕 #Akayar (Haruki)

Show more
1 433
Subscribers
-224 hours
-117 days
+330 days

Data loading in progress...

Similar Channels
No data
Any problems? Please refresh the page or contact our support manager.
Tags Cloud
No data
Any problems? Please refresh the page or contact our support manager.
Incoming and Outgoing Mentions
---
---
---
---
---
---
Attracting Subscribers
September '26
September '26
+4
in 0 channels
August '26
+143
in 7 channels
Get PRO
July '26
+36
in 1 channels
Get PRO
June '26
+85
in 1 channels
Get PRO
May '26
+153
in 6 channels
Get PRO
April '26
+25
in 0 channels
Get PRO
March '26
+39
in 0 channels
Get PRO
February '26
+73
in 1 channels
Get PRO
January '26
+52
in 1 channels
Get PRO
December '25
+60
in 2 channels
Get PRO
November '25
+49
in 0 channels
Get PRO
October '25
+138
in 5 channels
Get PRO
September '25
+114
in 4 channels
Get PRO
August '25
+63
in 0 channels
Get PRO
July '25
+948
in 7 channels
Get PRO
June '250
in 38 channels
Get PRO
May '25
+1
in 48 channels
Date
Subscriber Growth
Mentions
Channels
08 September0
07 September+1
06 September0
05 September+1
04 September+1
03 September0
02 September0
Channel Posts
သဘောကျလို့ယူလာတာ... အချိန်ပိုလေးရှိနေရင်း လုပ်ကြည့်ကြပါလားလို့ 😁💗 ☁️     ☁ ☁ 🪂 ✈ ☁ ☁ 🏢🏨_🏢🏬_🌴_🏠🏡🏠🏥🏫__  🌲  /🚖 🚔\🌲🌴🌳🌲 🌴  / 🚘  🚖 \🌳🌲🌲🌳 🚦 / 🚔🚘 🚔 \ ︎🚏 #Credit #Haruki

2
မကြာခင် ကိုယ်ပိုင်သီချင်းလေးထွက်ဖို့လည်းရှိပါတယ်။ အသိတစ်ယောက်လာဆောင်ပေးထားတာလေးကို ကျွန်တော့်ညီလေးဆိုပြီး ကျွန်တော်ကိုယ်တိုင် Music ပိုင်း creation လုပ်မှာပါ။ ခုကတော့ သီချင်းစာသားကရပြီ။ Music ကဘယ်လိုလုပ်ရင်ကောင်းမလဲ တွေးနေတုန်းမလို့ 😁❤️ ထွက်လာရင်လည်း အားပေးပါဦးလို့ ဟဲ" #Haruki
323
3
Who Know? 🌌 မျက်လုံးဖွင့်ရင် ကိုယ်က သူ့ကိုပဲ မြင်နေပေမယ့်... သူမျက်လုံးမှိတ်လိုက်တဲ့အခါ ဘယ်သူ့ကိုများ မြင်နေမလဲ တွေးမိတိုင်း
Who Know? 🌌 မျက်လုံးဖွင့်ရင် ကိုယ်က သူ့ကိုပဲ မြင်နေပေမယ့်... သူမျက်လုံးမှိတ်လိုက်တဲ့အခါ ဘယ်သူ့ကိုများ မြင်နေမလဲ တွေးမိတိုင်း ရင်နာရတယ်။ အယ့်လယ် 😆😅 For Full Song 👇 https://youtu.be/NgSu-a-u8co?si=TpSBWKr40em73Clu #Haruki
319
4
Youtube မော်နီတိုက်လေးလျှောက်ဖို့က History ပွင့်ဖို့လိုနေလို့ Comment လေးတွေမန့်ပေးခဲ့ပေးပါလားဗျာ 🥹🫶🏻။ ဆဲသွားလို့လည်းရတယ်ဗျာ... မန့်သွားရင်ရပြီ 🥲 https://youtu.be/qQC1FgIy_f8?si=KTAFLCgp0wtRp9i6
386
5
ခဏနားခြင်းဟာ ရပ်တန့်သွားခြင်း မဟုတ်ပါ 🔋 ဦးစားပေးရမယ့် အလုပ်တွေ အရမ်းများလာတဲ့အခါ တချို့အရာတွေကို ခဏ လွှတ်ချထားခဲ့ရတတ်တယ်။ ဒီရက်ပိုင်း ကျွန်တော့်ရဲ့ ပညာရေးအတွက် ကျောင်းဆက်တက်ဖို့ အာရုံစိုက်နေရတာတွေကြောင့် စာတွေ ပုံမှန်မတင်ဖြစ်ခဲ့ဘူး။ ကျွန်တော်ရေးဖူးတယ်။ ပြောဖူးတယ်။ ခဏနားလိုက်တာဟာ အရှုံးပေးလိုက်တာ မဟုတ်ပါဘူး။ ဘဝရဲ့ နောက်ထပ် Level တစ်ခုကို တက်လှမ်းဖို့အတွက် အုတ်မြစ် သေချာချနေတာ၊ အားမွေးနေတာလို့ပဲ သဘောထားတယ်။ လူတစ်ယောက်ရဲ့ တိုးတက်မှုဆိုတာ အမြဲတမ်း စက်ရုပ်တစ်ရုပ်လို အလုပ်လုပ်နေမှ ရတာမဟုတ်ပါဘူး။ ကိုယ့်ရဲ့ အနာဂတ်အတွက် တကယ့်ကို အရေးကြီးတဲ့ အရာတွေလာတဲ့အခါ အချိန်ကို သေချာ စီမံခန့်ခွဲတတ်ဖို့ လိုပါတယ်။ စာဖတ်သူလေးတို့လည်း ကိုယ့်ရဲ့ ပန်းတိုင်ဆီသွားတဲ့ လမ်းမှာ ပညာရေးအတွက်ပဲဖြစ်ဖြစ်၊ အခြား ရည်မှန်းချက်တစ်ခုခုအတွက်ပဲဖြစ်ဖြစ် အလုပ်တွေ အရမ်းများပြီး ပင်ပန်းလာရင် ခဏနားခွင့်ရှိပါတယ်။ • ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ပါနဲ့၊ • အတင်း ဖိအားမပေးပါနဲ့။ အရေးကြီးတာက လုံးဝ ရပ်မပစ်ဖို့နဲ့၊ ပြန်စတဲ့အခါ အရင်ကထက် ပိုခိုင်မာတဲ့ ခြေလှမ်းတွေနဲ့ ပြန်စဖို့ပဲလိုပါတယ်။ © https://t.me/addlist/7Nrf_Uo6va5hMjJl ✍️ အက္ခရာ #Moti #Life_Success #Haruki
332
6
Hello Good Afternoon ပါ ကလေးတို့ရေ... 🌸 ဒီရက်ပိုင်း တီချယ် အလုပ်လေးတွေ ရှုပ်နေလို့ Content လေးတွေ မတင်ပေးဖြစ်တာ ကြာသွားပါတယ်။ ကလေးတို့ကိုလည်း သတိရနေပါတယ်နော်။ ❤️ အဲ့တာကြောင့် ဒီနေ့ ချယ်က ပြီးခဲ့တဲ့ (၂၉) ရက်နေ့ Graduation Ceremony တုန်းက ဆရာကြီးတွေ ပြောကြားသွားခဲ့တဲ့ အဖိုးတန်အမှာစကားနဲ့ ဆုတောင်းစကားလေးတွေကို ပြန်ပြီး Sharing လုပ်ပေးချင်ပါတယ်။ 🎓 Graduation Ceremony က Dr. Ye Pyae Thu နဲ့ Dr. Aung Kyaw တို့ရဲ့ အဖိုးတန် အမှာစကားများနှင့် မှတ်သားဖွယ်ရာများ 1. GED ပြီးသွားတာဟာ ခရီးလမ်းဆုံး မဟုတ်ပါဘူး "GED ပြီးသွားတာဟာ ခရီးလမ်းဆုံးသွားတာ မဟုတ်ပါဘူး၊ အခုမှ စတာပါ။ လမ်းက အခုမှ စပွင့်တာဖြစ်ပြီး ကိုယ်တကယ် လျှောက်ရမယ့် လမ်းကြောင်းက အခုမှ စတင်တာပါ။" ဒီလိုစတင်နိုင်ဖို့အတွက် ရှေ့ဆက်လျှောက်လှမ်းရမယ့် လမ်းကြောင်းမှာ ကျေးဇူးတင်ရမယ့်သူ (၃) ဦးရှိတယ်လို့ ဆရာကြီးက အမှတ်တရ မိန့်ကြားသွားခဲ့ပါတယ်။ ပထမဦးဆုံးအနေနဲ့: အစအဆုံး အနောက်ကနေ မမှိတ်မသုန် ပံ့ပိုးကူညီပေးခဲ့ကြတဲ့ မိဘတွေကို ကျေးဇူးတင်ရပါမယ်။ ဒုတိယအနေနဲ့: အခုလိုမျိုး Graduated တစ်ယောက်ဖြစ်လာအောင် စိတ်ရှည်လက်ရှည် သင်ကြားပြသပေးခဲ့တဲ့ ဆရာ/ဆရာမတွေကို ကျေးဇူးတင်ရပါမယ်။ နောက်ဆုံးအနေနဲ့: အခက်အခဲ မှန်သမျှကို ရင်ဆိုင်ကျော်ဖြတ်ခဲ့တဲ့ "ကိုယ့်ကိုယ်ကိုယ်" ကျေးဇူးတင်ရပါမယ်။ အိပ်ပျက်ခဲ့ရတဲ့ ညပေါင်းများစွာ၊ လက်လျှော့ချင်ခဲ့တဲ့ ရက်တွေနဲ့ သက်ပြင်းချခဲ့ရတဲ့ ပင်ပန်းမှုတွေ ရှိခဲ့တာတောင်မှ အားတင်းပြီး ဒီ GED ခရီးလမ်းကို ပြီးအောင် လျှောက်လှမ်းနိုင်ခဲ့တဲ့ ကိုယ့်ရဲ့ ဇွဲနဲ့ ကြိုးစားမှုကို အသိအမှတ်ပြု ကျေးဇူးတင်ဖို့ ပြောကြားခဲ့ပါတယ်။ 2. Uni Life အတွက် ပြင်ဆင်ရမယ့် Readiness (၅) ချက် GED ပြီးလို့ တက္ကသိုလ်တက်ရောက်တော့မယ့် ကျောင်းသားတွေအတွက် ရှေ့ဆက်ရမယ့် Uni Life မှာ အဆင်သင့်ဖြစ်စေဖို့ Readiness (၅) ချက်ကိုလည်း အသေးစိတ် ရှင်းပြပေးသွားပါတယ်။ Admission Readiness (တက္ကသိုလ်ဝင်ခွင့် ပြင်ဆင်မှု): ကိုယ်တက်ချင်တဲ့ Major၊ ကျောင်းရဲ့ Requirement တွေ၊ Application Deadline တွေနဲ့ လိုအပ်တဲ့ Document တွေကို စနစ်တကျ ကြိုတင်ပြင်ဆင်ထားဖို့ ဖြစ်ပါတယ်။ Academic Readiness (ပညာရေးဆိုင်ရာ ပြင်ဆင်မှု): GED မှာ သင်ခဲ့တဲ့ Basic Concept တွေကို အခြေခံပြီး တက္ကသိုလ်အဆင့် Research လုပ်တာ၊ Academic Writing ရေးတာနဲ့ Critical Thinking Skills တွေကို ကြိုတင် လေ့ကျင့်ထားဖို့ လိုပါတယ်။ Career Readiness (အသက်မွေးဝမ်းကျောင်း ပြင်ဆင်မှု): ကျောင်းပြီးရင် ဘာလုပ်မှာလဲဆိုတာကို အခုကတည်းက စစဉ်းစားပြီး ကိုယ်သွားချင်တဲ့ Industry နဲ့ ကိုင်တွယ်ချင်တဲ့ Role တွေအတွက် လိုအပ်မယ့် Soft Skills နဲ့ Hard Skills တွေကို ပြင်ဆင်ထားရပါမယ်။ Financial Readiness (ဘဏ္ဍာရေးဆိုင်ရာ ပြင်ဆင်မှု): တက္ကသိုလ်ကျောင်းလခ၊ စာအုပ်စာစောင်စရိတ်၊ နေ့စဉ် စားသောက်စရိတ်နဲ့ Scholarship အခွင့်အလမ်းတွေကို သေချာ တွက်ချက်စီမံတတ်အောင် ပြင်ဆင်ထားဖို့ ဖြစ်ပါတယ်။ Social-Emotional Readiness (လူမှုပေါင်းသင်းဆက်ဆံရေးနှင့် စိတ်ဓာတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှု): ပတ်ဝန်းကျင်အသစ်၊ သူငယ်ချင်းအသစ်တွေကြားမှာ Adapt ဖြစ်အောင် ပေါင်းသင်းဆက်ဆံတတ်ဖို့နဲ့ Uni Life ရဲ့ Stress တွေကို စိတ်ဓာတ်ကြံ့ခိုင်စွာ နားလည်ထိန်းချုပ်နိုင်ဖို့ ပြင်ဆင်ထားရပါမယ်။ 3. "နောက် ၅ နှစ်မှာ ငါဘာဖြစ်နေမလဲ" Reflection ပွဲအပြီးမှာ ဆရာကြီးက အားလုံးကို မျက်စိ ၅ မိနစ်လောက် မှိတ်ခိုင်းပြီး စဉ်းစားခိုင်းခဲ့ပါတယ်။ "အခုလက်ရှိ GED တော့ ပြီးသွားပြီ... နောက် ၅ နှစ်အကြာမှာ ငါ ဘာဖြစ်နေပြီလဲ၊ ဘာတွေကို အောင်အောင်မြင်မြင် လုပ်ဆောင်နေနိုင်ပြီလဲ" ဆိုတဲ့ Picture ကို ပုံဖော်ခိုင်းခဲ့တာပါ။ ဒါဟာ ကိုယ့်ရဲ့ ရည်မှန်းချက် ပန်းတိုင်ကို ပြတ်ပြတ်သားသား မြင်ယောင်စေပြီး ရှေ့ဆက်ဖို့ ခွန်အားတွေ ရစေခဲ့ပါတယ်။ 4. မိဘများအတွက် အဖိုးတန် အကြံပြုချက် ဆရာကြီးက မိဘတွေကိုလည်း မက်ဆေ့ချ်တစ်ခု ပါးသွားခဲ့ပါတယ်။ သားသမီးတွေကို "အမှတ် ဘယ်လောက်ရခဲ့လဲ" ဆိုတဲ့ မေးခွန်းထက်... "What can you do?" (မင်း ဘာတွေ လုပ်နိုင်သွားပြီလဲ / ဘာတွေ ဆက်လုပ်တော့မှာလဲ) ဆိုတဲ့ မေးခွန်းလေး ပြောင်းမေးပေးဖို့ တိုက်တွန်းသွားပါတယ်။ အမှတ်ဆိုတာ စာရွက်ပေါ်က ကိန်းဂဏန်းတစ်ခုပဲ ဖြစ်ပြီး၊ တကယ့် လက်တွေ့ဘဝမှာ အရေးပါတာက ကျောင်းသားတစ်ယောက်ဟာ "ဘာတွေ တတ်မြောက်သွားပြီလဲ၊ ဘယ်လို Skill တွေ ရလိုက်ပြီလဲ၊ အနာဂတ်အတွက် ဘာတွေ ဆက်လုပ်ဖို့ ပြင်ဆင်နေလဲ" ဆိုတဲ့ အရည်အသွေးနဲ့ အသုံးချနိုင်မှုပဲ ဖြစ်တာကြောင့် ဒီလို မေးခွန်းမျိုး ပြောင်းမေးပေးခြင်းက သားသမီးတွေရဲ့ တကယ့် အလားအလာကို ဖော်ထုတ်ပေးနိုင်လို့ပဲ ဖြစ်ပါတယ်။ ✨ ကျောင်းဆင်းပွဲက ရလိုက်တဲ့ ဒီ အသိပညာလေးတွေက GED ပြီးသွားကြတဲ့ ကျောင်းသားတွေနဲ့ ကြိုးစား ရှေ့ဆက် လျှောက်လှမ်းနေသူ အားလုံးအတွက် လမ်းပြကြယ်တစ်ခု ဖြစ်သွားမယ်လို့ မျှော်လင့်ပါတယ်✨💓 Love, Tr Ayon Nwel ✨🌸 #GEDMyanmar #StudyWithAyon #black_white_Library
324
7
No text...
236
8
မနေ့က မရေးဖြစ်တဲ့စာလေး Graduation Day 🎓✨ ဒီနေရာထိ ရောက်လာအောင် ဖေးမကူညီပေးခဲ့ကြတဲ့ သူတွေအားလုံးကို ကျေးဇူးအများကြီး တင်ပါတယ်
မနေ့က မရေးဖြစ်တဲ့စာလေး Graduation Day 🎓✨ ဒီနေရာထိ ရောက်လာအောင် ဖေးမကူညီပေးခဲ့ကြတဲ့ သူတွေအားလုံးကို ကျေးဇူးအများကြီး တင်ပါတယ်။ ကိုယ့်ရဲ့ ကြိုးစားအားထုတ်မှုတွေ အရာထင်ခဲ့တဲ့ ဒီနေ့လေးအတွက် အရမ်းကို ဂုဏ်ယူမိပါတယ်။ အနာဂတ်မှာလည်း ဒီထက်ပိုပြီး အကောင်းဆုံး ကြိုးစားသွားပါမယ် ခင်ဗျာ။ 🤍 GED ပြီးရင် လွတ်လပ်ပြီထင်ခဲ့ပေမဲ့ တကယ်တော့ ဘဝက အခုမှစမှာပါ။ တိုက်ပွဲက ခုမှစမှာပါ။ လာမယ့် ကျရှုံးမှုများစွာကို ပြန်ထနိုင်မယ့်စွမ်းအင်တွေ ဖြည့်တင်းရင်း... ✍️ အက္ခရာ ( စာဖတ်သူလေးတို့ထဲမှာလည်း GED လုပ်နေတဲ့သူတွေရှိရင်၊ အခက်အခဲတစ်ခုခုရှိပါက အကူညီတောင်းနိုင်ပါကြောင်းနှင့် တတ်သမျှ၊ မှတ်သမျှ ကူညီပေးပါမည်။) #Haruki
311
9
အဟဲ" 🙄🫶🏻 #Haruki
အဟဲ" 🙄🫶🏻 #Haruki
413
10
😶‍🌫🫶🏻 #Haruki
😶‍🌫🫶🏻 #Haruki
459
11
အလိုအပ်ဆုံး 2R အရင်တစ်ခေါက်က content မှာ G12 student တစ်ယောက်အတွက် အရေးကြီးဆုံးက ကျန်းမာရေးကောင်းဖို့လို့ ပြောခဲ့ပါတယ်။ ဒါဆို ဆက်ပြီး ကျန်းမာရေးကောင်းနေတဲ့ G12 student တစ်ယောက်အတွက် အလိုအပ်ဆုံးက ဘာလဲဆိုရင် 2R ပါ 2R က ဘာတွေလဲ ပထမ R က REPETITION ထပ်ခါတလဲလဲလုပ်တာပါ ဘယ်ဘာသာရပ်မဆို ကြိမ်ဖန်များစွာ လေ့ကျင့်နေမှ ဦးနှောက်မှတ်ဉာဏ်အရရော muscle memory အရရော အကျင့်ဖြစ်နေတာပါ။ ဒုတိယ R ကကျ REVISION ငယ်ငယ်တုန်းက အတန်းတွေကလို ပြန်လည်သင်ကြားခြင်း လုပ်ဖို့လည်း အင်မတန်မှ လိုအပ်ပါတယ်။ သင်ပြီးသား စာများ၊ လေ့လာပြီးသား စာများကို နမူနာမေးခွန်းများ၊ Chapter End Test (CET) များ ဖြေဆိုခြင်းများ လုပ်ရတာပါ။ G12 student တစ်ယောက်အတွက် နေ့စဉ် သင်ကြားနေတဲ့ ဘာသာရပ် ၆ ခုရှိတယ်။ ဒီ ၆ ဘာသာကို ဘယ်လို လိပ်ပတ်လည်အောင် ဘယ်လို ပြန်ပြီး review ပြန်လုပ်ကြရမလဲဆိုတဲ့ မေးခွန်းရှိပါတယ်။ ဘာသာရပ် ၆ ခုမှာ ကျောင်းသားတိုင်း တစ်ယောက်နဲ့တစ်ယောက်မတူဘဲ အားသာတဲ့ဘာသာ၊ အားနည်းတဲ့ဘာသာ ဆိုပြီး ရှိကြပါတယ်။ ဒီအတန်းမှာ အားနည်း အားသာ ဘာသာအလိုက် အားနည်းတာကို ပိုလုပ် အားသာတာကိုလည်း ပုံမှန်လုပ် လမ်းစဉ်လိုက်ရပါမယ် မဟုတ်ရင် တစ်ဘာသာ fail တာနဲ့ အကုန် fail တာမလို့ပါ။ တစ်ဘာသာကိုပဲ အာရုံစိုက်နေလို့ မရပါဘူး။ ဒါကို နားလည်ဖို့လိုပါတယ်။ နောက်တစ်ခုက အချိန်အနည်းငယ်အတွင်းမှာ ဘာသာရပ်အကုန်ကို လေ့ကျင့်လို့ မရဘူး။ လုပ်လို့မရဘူးဆိုတာ သိထားဖို့လိုပါတယ်။ :::::::::::::::::::::::::::::::::::::::::::::::::: မမအနေနဲ့ မောင်လေး ညီမလေးတို့ အတွက် 2R PROGRAM ကို မိတ်ဆက်ပေးချင်ပါတယ်။ 2R PROGRAM မှာ တစ်ယောက်ထဲ စာလေ့လာနေတဲ့သူတွေ၊ ကျောင်းနဲ့ ကျူရှင် ကြား ကိုယ်တိုင် ပြန်ပြီး revision ပြန်လုပ်ဖို့ အချိန် မရတဲ့သူတွေအတွက် ရည်ရွယ်ပါတယ်။ >> ဒီ PROGRAM မှာ ဘာတွေလုပ်ပေးမှာလဲ။ << ဘာတွေလုပ်ပေးမှာလဲဆို တစ်ယောက်ချင်းစီရဲ့ ဘာသာရပ်တွေကို ဘယ်လို စနစ်တကျ 2R ပြန်လုပ်ရမလဲဆိုတာ guidelines တွေ ချပေးပြီး စစ်ဆေးပေးသွားမှာပါ။ ဒါ့အပြင် တကယ်လို့ စာမရှင်း နားမလည်တာများကိုလည်း 3D ရထားတဲ့ senior မမ မှ အချိန်ရသလို ပြန်လည် ရှင်းပြပေးမှာပါ။ ဒါကြောင့် စိတ်ဝင်စားသူများအနေနဲ့ ဒီအပြာရောင်စာတန်း ကိုနှိပ်ကာ ဆက်သွယ်စုံစမ်းနိုင်ပါပြီရှင့်။👀 ———////////////////////////————— နောက်ရက်တွေမှာ ဘာသာရပ်တစ်ခုချင်းစီအလိုက် Revision ပြန်ပုံ နည်းလမ်းများကို ဆက်တင်ပေးသွားပါမယ်။ 🫣 အခုတော့ စာရှည်သွားမှာမို့ မမ ဒီနား ခဏ ရပ်မယ်နော်။🤗 အားလုံးပဲ ကျန်းမာရေး ဂရုစိုက်ပြီး လိုရာပန်းတိုင်ရောက်အောင် ခုတည်းက စာသေချာလုပ်ကြပါနော်။ 🫶 #tips_sharing
483
12
Discipline Over Motivation 🔥 အလုပ်တစ်ခုလုပ်တော့မယ်ဆို "Motivation ရှိမှ၊ စိတ်ပါမှ လုပ်မယ်" လို့ တွေးနေရင် ခရီးတွင်မှာ မဟုတ်ဘူး။ Motivation ဆိုတာ ရာသီဥတုလိုပဲ။ အမြဲတမ်း သာယာမနေဘူး။ လာလိုက်၊ ပျောက်သွားလိုက်ပဲ။ တကယ်တမ်း လိုချင်တဲ့ ပန်းတိုင်ကို ရောက်ဖို့ဆိုတာ စိတ်မပါတဲ့ နေ့တွေ၊ ပင်ပန်းတဲ့ နေ့တွေမှာတောင် ရပ်မပစ်ဘဲ ဆက်လုပ်နိုင်တဲ့ တစိုက်မတ်မတ်ရှိမှု - Consistency နဲ့ စည်းကမ်း - Discipline ပေါ်မှာပဲ မူတည်တယ်။ လက်တွေ့ ဥပမာတစ်ခု ပြောပြပါမယ်။ ကျွန်တော့်ရဲ့ YouTube နဲ့ Facebook Page မှာ ပြီးခဲ့တဲ့ (၁၀) ရက်ကျော်လုံးလုံး မနားမနေ ပုံမှန် Content တွေ တင်ဖြစ်ခဲ့တယ်။ ပျင်းတဲ့နေ့တွေ၊ ပင်ပန်းတဲ့နေ့တွေ ရှိပေမယ့် ဇွဲမလျှော့ခဲ့ဘူး။ အခုဆိုရင် အဲ့ဒီ တစိုက်မတ်မတ် လုပ်ခဲ့မှုရဲ့ အသီးအပွင့်အဖြစ် သိသိသာသာ ကောင်းမွန်တဲ့ ရလဒ်တွေ စတင်ရရှိလာပြီ။ စတင်ဖို့အတွက် Motivation လိုကောင်း လိုပါလိမ့်မယ်။ ဒါပေမယ့် ခရီးဆုံးပန်းတိုင်ရောက်ဖို့ဆိုရင်တော့ တစိုက်မတ်မတ် ကြိုးစားမှုကသာ အဓိကပါ။ စာဖတ်သူလေးတို့လည်း အခု ကြိုးစားနေတဲ့ အရာတစ်ခုခု ရှိတယ်ဆိုရင် "စိတ်ပါမှ လုပ်မယ်" ဆိုတဲ့ အတွေးကို ဘေးဖယ်လိုက်ပါ။ မလုပ်ချင်တဲ့စိတ်ကို အနိုင်ယူပြီး နေ့စဉ် ပုံမှန်သာ ရှေ့ဆက်သွားပါ။ ရလဒ်က သေချာပေါက် စကားပြောလာပါလိမ့်မယ်။ © https://t.me/addlist/7Nrf_Uo6va5hMjJl ✍️ အက္ခရာ #Moti #Life_Success #Haruki
416
13
အစ်ကို Haruki ပျောက်နေတယ်နော်တဲ့ မဟုတ်ရပါဘူးလို့... ရေဘေးဝိုင်းကူတာနဲ့ အလုပ်နဲ့ ၂ ပါးသွားနေရလို့ပါ 🥹🫶🏻 #Haruki
602
14
ကိုယ့်တန်ဖိုးကို ကိုယ်တိုင်ပဲ သတ်မှတ်ပါ 💡 လောကကြီးမှာ ကိုယ်ကြိုးစားသလောက် အသိအမှတ်မပြုခံရတဲ့ နေရာတွေ အများကြီးရှိတယ်။ တချို့ အဖွဲ့အစည်းတွေ၊ လုပ်ငန်းခွင်တွေမှာ အလုပ်ကြိုးစားတဲ့သူထက် အပြောကောင်းတဲ့သူ၊ အဖားကောင်းတဲ့သူတွေက ပိုပြီး နေရာရနေတတ်ကြတယ်။ ဒါက လက်ခံရခက်ပေမယ့် တကယ့် လက်တွေ့ဘဝပါပဲ။ ဒီလိုအခြေအနေမျိုး ကြုံလာရရင် စိတ်ပျက်အားငယ်ပြီး ကိုယ့်ကိုယ်ကိုယ် တန်ဖိုးမချလိုက်ပါနဲ့။ ကိုယ့်ရဲ့ ကြိုးစားအားထုတ်မှုနဲ့ တန်ဖိုးက အဲ့ဒီလူတွေ၊ အဲ့ဒီအဖွဲ့အစည်းရဲ့ အသိအမှတ်ပြုမှုအပေါ်မှာ မူတည်မနေပါဘူး။ သူများတွေ မျက်နှာလိုမျက်နှာရ လုပ်နေတိုင်း ကိုယ်ပါ လိုက်လုပ်စရာ လုံးဝမလိုဘူး။ ကိုယ့်ရဲ့ Skill နဲ့ ကိုယ်ကျင့်တရားကိုပဲ ဆက်ပြီး မြှင့်တင်နေလိုက်ပါ။ ကိုယ့်ကို တန်ဖိုးမထားတဲ့ နေရာမှာ ဆက်နေပြီး မကျေနပ်ချက်တွေနဲ့ အချိန်မဖြုန်းပါနဲ့။ အပြစ်မတင်နဲ့၊ အဖြေရှာပါ။ ကိုယ့်စွမ်းဆောင်ရည်နဲ့ ကိုက်ညီမယ့်၊ ကိုယ်နဲ့ Alignment ဖြစ်မယ့် နေရာသစ်တစ်ခုကို သွားနိုင်ဖို့သာ ကြံဆပြင်ဆင်ပါ။ စာဖတ်သူလေးတို့ရဲ့ တန်ဖိုးကို စာဖတ်သူလေးတို့ ကိုယ်တိုင်ပဲ သတ်မှတ်ပါ။ ကိုယ့်မှာ တကယ့် အရည်အချင်းနဲ့ ပညာသာ ရှိနေမယ်ဆိုရင် ဘယ်နေရာရောက်ရောက် ရဲရဲဝင့်ဝင့် ရပ်တည်နိုင်မှာပါ။ © https://t.me/addlist/7Nrf_Uo6va5hMjJl ✍️ အက္ခရာ #Moti #Life_Knowledge #Haruki
700
15
🎵 တကယ်လည်းမလိုပါဘူး ဘာလို့ဆို ကျွန်တော်​ရှိပြီလေ 😁 ဒီနေရာလေးမှာတော့ စာရေးသူအက္ခရာဆိုတာထက် ဂီတဝါသနာရှင် Oak Kar အနေနဲ့ပေါ့ဗျာ... 😅 ကဲ"... ခေါင်းထဲမှာ သံစဉ်တွေရှိတယ်၊ စာအုပ်ထဲမှာ ရေးလက်စ စာသားတွေရှိတယ်။ ဒါပေမယ့် တကယ်တမ်း Studio မှာ သွားတီးဖို့ စုံစမ်းကြည့်လိုက်တော့ ၃ သိန်း၊ ၄ သိန်းဆိုတဲ့ ဈေးတွေကြားမှာ ကိုယ့်အိပ်မက်လေးကို ခဏခေါက်သိမ်းလိုက်ရဖူးတယ် မဟုတ်လား။ Studio အကြီးကြီးတွေက သူတို့သုံးတဲ့ ပစ္စည်းတွေ၊ အတွေ့အကြုံတွေနဲ့ဆိုတော့ ဒီဈေးက တန်ပါတယ်၊ ပေးရကျိုးလည်း သေချာပေါက် နပ်ပါတယ်။ ဒါပေမယ့် ကိုယ်က ဝါသနာအရ အပျော်လုပ်ချင်တာ ဒါမှမဟုတ် အခုမှ ဂီတလောကထဲ စမ်းဝင်ကြည့်ချင်တဲ့ Beginner တစ်ယောက်ဆိုရင်တော့ ဒီဘတ်ဂျက်က တော်တော်လေးကို ဟန့်တားနေသလို ဖြစ်နေတတ်တယ်လေ။ ဒီလိုမျိုး ဘတ်ဂျက်ကြောင့် အိပ်မက်တွေ ရပ်တန့်မသွားရအောင် KB Oak Kar Studio ကနေ ဝါသနာရှင်တွေအတွက် သီးသန့်ရည်ရွယ်ပြီး ကိုယ်သုံးနိုင်တဲ့ ဘတ်ဂျက်နဲ့ အမိုက်စား Music တွေ ဖန်တီးပေးနေပါပြီ။ ဈေးနှုန်းကတော့ သီချင်းပုံစံနဲ့ အချိန်ပေးရမှုအပေါ် မူတည်ပြီး ၇ သောင်း ကျပ် ကနေ စပြီး လက်ခံပေးနေပါတယ်။ (၁ သိန်းဝန်းကျင်လောက်ဆိုရင်ကို တော်တော်လေးမိုက်တဲ့ Quality ရနေပါပြီဗျာ)။ သီချင်းထွက်လာလို့ နားထောင်ကြည့်ပြီး စိတ်တိုင်းမကျဘူးဆိုရင်လည်း အခမဲ့ (၂) ကြိမ်တိတိ ပြင်ခွင့်ပေးထားသလို၊ Lyrics Video ကိုပါ Free လက်ဆောင် လုပ်ပေးသွားဦးမှာပါ။ ကိုယ့် Idea အတိုင်း ဖန်တီးခိုင်းမလား၊ ကျွန်တော့်ဘက်က အစအဆုံး အမိုက်စား တာဝန်ယူပေးရမလား... ကြိုက်သလိုသာပြော အကုန်အိုကေတယ်နော်။ ⏳ ဘယ်လောက်ကြာမလဲ? လောလောဆယ် ကျွန်တော့်ဆီမှာ လက်ခံထားတဲ့ အပ်ထည်လေးတွေ ရှိနေသေးလို့ သီချင်းတစ်ပုဒ် ဖန်တီးဖို့ အချိန် (၁) ပတ်ကနေ (၂) ပတ်အထိတော့ ကြာနိုင်ပါတယ်။ အချိန်လေး နည်းနည်းပေးရပေမယ့် စိတ်တိုင်းကျဖြစ်အောင် သေချာလေး အချိန်ယူ ဖန်တီးပေးသွားမှာမို့ ယုံယုံကြည်ကြည်နဲ့ အပ်လို့ရပါတယ်။ 🎸 ဘယ်လို Music တွေ လုပ်ပေးလဲ? K-pop ပုံစံကလွဲပြီး ကျန်တဲ့ အမျိုးအစားတော်တော်များများကို စိတ်တိုင်းကျ ဖန်တီးပေးပါတယ်။ Pop, Rock, Rap, Hip-Hop, Mono, DJ Remix, Country, Swing Jazz, Reggae ... အစရှိသဖြင့် ကြိုက်တဲ့ Genre သာ ပြောလိုက်ပါ။ 📝 ဘာတွေလိုမလဲ? သီချင်းအပ်မယ်ဆိုရင် ဒီအချက်လေးတွေ ကြိုပြင်ထားပေးဖို့တော့ လိုမယ်နော်။ ▪️ သီချင်းစာသား ▪️ သီချင်းကို အကြမ်းဆိုထားတဲ့ Voice Record (အကြံပေးချင်တာကတော့ Bar, Beat, Tempo တွေ အလွယ်တကူ ချိန်လို့ရအောင် ဂစ်တာ (သို့) Beat အကြမ်းလေး တစ်ခုခုနဲ့ တွဲဆိုထားပေးရင် အကောင်းဆုံးပါပဲ) 📞 ဘယ်လို ဆက်သွယ်ရမလဲ? အသေးစိတ် ဆွေးနွေးချင်တယ်ဆိုရင် အောက်က လိပ်စာတွေကနေ အချိန်မရွေး လာဟဲလိုလုပ်လို့ ရပါတယ်ခင်ဗျာ။ • Telegram - @Akayar_2007 • Viber - 09266814346 My YouTube Channels 1. KB Oak Kar Studio (New) 2. KB Oak Kar (Old) #KBOakKarStudio #MusicProduction #MyanmarIndieArtist #BudgetFriendlyMusic #OwnTune #BeatMaker #MyanmarMusicCover #HobbyistMusician #MusicProducerMyanmar #LocalTalent
685
16
No text...
442
17
ပညာရေးဆိုတာ စာမေးပွဲအောင်ရုံသက်သက် မဟုတ်ဘူး လူငယ်အများစုက ပညာရေးဆိုတာကို ကျောင်းတက်မယ်၊ စာမေးပွဲအောင်မယ်၊ ဘွဲ့တစ်ခုရမယ်လို့ပဲ ကန့်သတ်တွေးထားတတ်ကြတယ်။ တကယ်တော့ ဒါက ပညာရေးရဲ့ အစိတ်အပိုင်း သေးသေးလေးတစ်ခုပဲ ရှိပါသေးတယ်။ တကယ့်ပညာရေးဆိုတာ ပြဿနာတွေကို ဘယ်လို ဖြေရှင်းမလဲဆိုတဲ့ တွေးခေါ်နိုင်စွမ်းပါ။ လွတ်လွတ်လပ်လပ် စဉ်းစားဆင်ခြင်နိုင်စွမ်းကို တည်ဆောက်တာပါ။ ကိုယ်သိထားတဲ့ အသိပညာကို လက်တွေ့ဘဝမှာ ဘယ်လို အသုံးချမလဲဆိုတာက ပိုအရေးကြီးတယ်။ ခေတ်ကြီးက အမြဲပြောင်းလဲနေတယ်။ ကျောင်းက သင်ပေးလိုက်တဲ့ စာတွေ၊ ဘောင်တွေထဲမှာတင် ရပ်နေလို့မရတော့ဘူး။ Self-learning အမြဲရှိနေဖို့ လိုလာပြီ။ ကိုယ့်အတွက် တကယ်လိုအပ်မယ့် Skill တွေကို နေ့စဉ် ကိုယ်တိုင် ဖြည့်ဆည်းနေရမယ်။ စာမေးပွဲတစ်ခု ကျရှုံးသွားတာ၊ ဒါမှမဟုတ် လိုချင်တဲ့ အမှတ်မရတာနဲ့ပဲ ကိုယ့်ဘဝကြီး ဆုံးရှုံးသွားပြီလို့ မတွေးလိုက်ပါနဲ့။ အပြစ်မတင်ဘဲ အဖြေရှာပါ။ လိုအပ်တဲ့ အရည်အချင်းတွေကို အွန်လိုင်းကနေဖြစ်ဖြစ်၊ စာအုပ်တွေကနေဖြစ်ဖြစ် အမြဲတမ်း ဆက်လက်လေ့လာပါ။ ကျွန်တော်တို့ရဲ့ ဉာဏ်ရည်ဉာဏ်သွေးကို စဉ်ဆက်မပြတ် မြှင့်တင်နေသရွေ့ ဘယ်နေရာရောက်ရောက် ရဲရဲဝင့်ဝင့် ရပ်တည်နိုင်ပါလိမ့်မယ်။ ဘွဲ့လက်မှတ်တစ်ခုတည်းကိုပဲ ကိုးကွယ်မနေဘဲ အရာရာကို လေ့လာချင်စိတ်နဲ့ အမြဲတမ်း စူးစမ်းသွားကြပါ။ © https://t.me/addlist/7Nrf_Uo6va5hMjJl ✍️ အက္ခရာ #Education #Haruki
553
18
အိပ်မက်နဲ့ လက်တွေ့ဘဝကြားက ပေါင်းကူးတံတား လူတိုင်းမှာ ကိုယ်ဖြစ်ချင်တဲ့ အိပ်မက်တွေ၊ ဝါသနာတွေ ရှိကြတယ်။ ဒါပေမယ့် လက်တွေ့ဘဝရဲ့ ပေးထားချက်တွေနဲ့ ထိပ်တိုက်တွေ့တဲ့အခါ ယိမ်းယိုင်သွားတတ်ကြတယ်။ လမ်းပျောက်သွားတတ်ကြတယ်။ ဝါသနာကို ရှေ့တန်းတင်မလား။ လက်တွေ့ရပ်တည်နိုင်ဖို့ကို အရင်လုပ်မလား။ ဒါက လူငယ်အများစု ရင်ဆိုင်နေရတဲ့ ပြဿနာပါပဲ။ ဒီနှစ်ခုကြားမှာ တစ်ခုကို အပြီးတိုင် စွန့်လွှတ်စရာမလိုဘူး။ ချိန်ညှိတတ်ဖို့ပဲ လိုတယ်။ လက်တွေ့ဘဝ ခိုင်မာဖို့အတွက် အလုပ်လုပ်ရမယ်။ တစ်ဖက်မှာလည်း ကိုယ့်ဝါသနာ၊ ကိုယ့်အိပ်မက်တွေအတွက် နေ့စဉ် အချိန်တစ်ခု ဖယ်ထားရမယ်။ စာဖတ်သူလေးတို့ရဲ့ တစ်နေ့တာထဲကနေ တစ်နာရီလောက်ဖြစ်ဖြစ် ကိုယ့်အိပ်မက်အတွက် ရင်းနှီးမြှုပ်နှံပါ။ အခက်အခဲဆိုတာ ရှောင်လွှဲလို့မရဘူး။ ကြုံလာတဲ့အခါ ပတ်ဝန်းကျင်ကို အပြစ်မတင်နဲ့၊ အဖြေရှာပါ။ ပင်ပန်းရင် ခဏနားလိုက်ပါ။ လုံးဝတော့ အရှုံးမပေးလိုက်ပါနဲ့။ ခက်ခဲနေတယ်ဆိုတာ အထက်ကို ဆက်တက်နေလို့ပဲ။ အရမ်း သက်တောင့်သက်သာဖြစ်နေပြီဆိုရင် သတိထားကြည့်ပါ။ အောက်ကို ပြန်ဆင်းနေတာ ဖြစ်နိုင်တယ်။ တစ်ခုပဲ... ကိုယ်လက်ရှိ ရင်ဆိုင်ကြိုးစားနေရတဲ့ ပေးဆပ်မှုတွေက ဘယ်တော့မှ အလဟဿ မဖြစ်ပါဘူး။ © https://t.me/addlist/7Nrf_Uo6va5hMjJl ✍️ အက္ခရာ #Moti #Haruki
452
19
မောနီးး 🤭🫶🏻 #Haruki
မောနီးး 🤭🫶🏻 #Haruki
528
20
https://youtu.be/fCa05nlNr2M?si=GQRCT8vDrbHb61sr Cover ပြန်လုပ်ချင်တဲ့သူလေးတွေအတွက် 🙂‍↕️🫶🏻
503