HM Movies
Open in Telegram
HM Moives Channel မှ ကြိုဆိုပါတယ်ဗျ❤️ ကြော်ညာများထည့်လို့ရပါပြီ🤗🤗 @ETh1235
Show more7 323
Subscribers
+2724 hours
+1627 days
+47230 days
Posts Archive
7 322
ဇာတ်ကားနာမည်နဲ့လိုက်အောင် ကမ္ဘာ့တန်ဖိုးကြီး ရတနာတွေ ကမ္ဘာကျော် ပန်းချီကားတွေကို ခိုးယူတဲ့ကားပဲဖြစ်ပါတယ်။ ဒီကားမှာ မစ္စတာ အူလက်ခ်က ကမ္ဘာကျော် တန်ဖိုးကြီး ပန်းချီကားတွေကို စုဆောင်းရင်း အာဖရိကက တော်ဝင်မိသားစုရဲ နန်းစဉ်ရတနာ " Red Sun" ရဲ့အကြောင်းကိုသိပြီး ခိုးယူဖို့ စီစဉ်ပါတော့တယ်။
အဲဒီလိုနဲ့ ကမ္ဘာကျော်သူခိုးကြီး ရီဟန်ကို ဆက်သွယ်ဖို့ သူ့မိသားစုနဲ့ အကြပ်ကိုင်ပြီး ရီဟန်နဲ့ အူလက်ခ်တို့ ပူးပေါင်းပြီး နန်းစဉ်ရတနာကို ခိုးဖို့လုပ်ခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ရဲအရာရှိ ကလည်း ရီဟန်နောက်ကို လိုက်နေတော့ သူတို့တွေ စိန်တုံးကို ဘယ်လိုခိုးယူမလဲ သူတို့လိုချင်တဲ့ စိန်တုံးကို ရပါ့မလား ရဲအရာရှိကရော သူတို့ရဲ့ ကမ္ဘာကျော်သူခိုးကြီးကို ဖမ်းမိပါ့မလားဆိုတာ တကယ့်ကို စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်ဝင်ခန်းတွေနဲ့ အသေးစိတ်ရိုက်ကူးထားတာဖြစ်ပါတယ်။
7 322
Singham Again (2024)
(IMDb 5.8/10) ဆင်ဂဟမ် ပြန်လာပြီ.....
အခုတစ်ခါမှာတော့ ထူးထွေပြီး ညွှန်းနေစရာမလိုလောက်အောင်
ပရိသတ်ကြီးအားလုံးစောင့်မျှော်နေကြတဲ့ ရဲမှူးကြီး ဆင်ဂဟမ်ပြန်လာပါပြီ
ဒါရိုက်တာရှက်တီရိုက်ကူးတင်ဆက်ပေးနေတဲ့ Police Universe ရဲ့ ငါးကားမြောက်ပဲ ဖြစ်ပါတယ်
2017 ခုနှစ်ထဲက ကြေငြာခဲ့ပြီး ထွက်ရှိလာချိန်မှာလည်း ရုံဝင်ငွေ ဒေါ်လာ ၄၇ သန်းနီးပါးရရှိခဲ့ပြီး
ကမ္ဘာအနှံ့ဆို တတိယမြောက်နဲ့ အိန္ဒိယမှာတော့ ဆဌမချိတ်တဲ့ ရုံတင်ကားကြီးပဲဖြစ်ပါတယ်
Cast အင်အားကလည်း နာမည်ကြည့်ရုံနဲ့ လဲတေလို့ရအောင် အလောင်းဖျောက်ကားနဲ့နာမည်ကြီးတဲ့
အာဂျေး ဆလူးဘိုင်တစ်ဖြစ်လဲ ဆယ်လ်မန်ခန်း ရဲသားကြီး အာရှေးကူးမား တက်သစ်စ
အာဂျွန်ကပူးရ် အက်ရှင်ဆရာကြီး တိုက်ဂါးတို့အပြင် ညှို့ဓာတ်ပြင်း မင်းသမီး ဒီပီကားပဒ်ကိုနီ
ဝါရင့်မင်းသမီးကြီး ကရီနာကပူးရ်တို့ပါ ဝင်ရောက်သရုပ်ဆောင်ထားပါတယ် သရုပ်ဆောင်ကြေးနဲ့တင်
မွဲသေလို့ရနိုင်တဲ့ ဇာတ်ကားပါပဲ
ဇာတ်ကားနာမည် သရုပ်ဆောင်နဲ့တင် ရှိန်စရာမို့ဇာတ်လမ်းအကျဉ်းလေးကို နဲနဲလေးပဲပြောပါတော့မယ်။
ဇာတ်လမ်းကတော့ အာရှေးရဲ့ရဲအဖွဲ့သစ်ကို တည်ထောင်ပြီးချိန်မှာ အငြိုးကြီးတဲ့ရန်သူတွေက
အာရှေးဇနီးကို ပျော်ကန်ပေါ်ကေးစော်ကွဲ
တာကို ကယ်တင်ဖို့အတွက် ရာမာယနဇာတ်ကို Reference ယူထားပြီးတော့
အာရှေးနဲ့သူ့အဖွဲ့သားတွေက ကြိုးစားကြတာကို မိန်းမလဲကယ် နိုင်ငံတော်ကို
ဘယ်လိုကာကွယ်မလဲဆိုတာ အချစ်အလွမ်းအက်ရှင်စုံစွာနဲ့ ကြည့်ရှုအားပေးရမှာပါပဲ
ပါဝင်တဲ့သရုပ်ဆောင်တွေနဲ့တင် တန်နေတဲ့ဇာတ်ကား ပရိသတ်ကြီးလည်း
ကာလရှည်စွာစောင့်မျှော်နေရတဲ့ဇာတ်ကား Police Universe ကို
အားပေးစောင့်မျှော်နေကြသူတွေအတွက်မို့ CM ကနေ အချိန်မနှေးပဲ
ပရိသတ်ရှေ့မှောက် အရောက်တင်ဆက်ပေးလိုက်ပြီပဲ ဖြစ်ပါတယ်။
#crd_org_owner
7 322
PK(2014)
Genre: Drama
IMDB: 8.5/10
မင်းသားကြီး အမီယာခမ်းရဲ့ လွမ်းစရာဂြိုလ်သားကားလေးကိုတင်ပေးလိုက်ပါတယ်။
ဒီမင်းသားကို စိန်ခိုးကားမှာအဓိကသိကြမှာပါ။
မင်းသားကြီးဟာ ဒီကားထဲမှာလည်း သဘာ၀ကျကျသရုပ်ဆောင်နိုင်ခဲ့ပါတယ်။
ဇာတ်ကားလေးထဲမှာတော့
လူသားတွေနေထိုင်တဲ့ ကမ္ဘာမြေပေါ်ကို PK လို့ခေါ်တဲ့ဂြိုလ်သားတစ်ယောက်ရောက်ရှိလာပြီး လာစူးစမ်းဖို့လုပ်တဲ့အခါ
သူဘာတွေကြုံတွေ့ရမလဲ၊
လူသားတွေနဲ့ ဂြိုလ်သားတွေကြားမှာ ဘာကွာခြားမှုတွေရှိလဲ
PK လို့ခေါ်တဲ့ ဂြိုလ်သားက သူအိမ်ပြန်နိုင်တဲ့ အချက်ပြရီမုဒ်ကို
အခိုးခံလိုက်ရတဲ့အခါမှာတော့
သူ့အိမ်ကိုပြန်ရောက်အောင် ကြိုးစားရင်း ကမ္ဘာမြေပေါ်ကကြုံတွေ့ရတဲ့ အဖြစ်အပျက်တွေကို ပညာသားပါပါရိုက်ကူးထားတဲ့ ကားကောင်းတစ်ကားဖြစ်ပါတယ်
မင်းသားကြီး အမီယာခမ်း နဲ့ မင်းသမီး အနူရှကာရှာမာတို့ပါဝင်ရိုက်ကူးထားပြီး
rating 10 မှာ 8.5 လောက်ထိကိုရရှိထားတဲ့ကားတစ်ကားဖြစ်တာမို့
ကြည့်လို့အရမ်းကောင်းတဲ့ ရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်💟💟💟
7 322
Lucky Shan-Sil (2019)
ဘယ်လိုအရာတွေ ရှိနေမှ ဘ၀ကို ကံကောင်းတယ်လို့သတ်မှတ်မှာလဲ
ဒီဇာတ်လမ်းမှာတော့ ဘ၀မှာ အရေးကြီးတဲ့အရာတွေနဲ့
ဘ၀ရဲ့ ကံကောင်းမှုက ဘာတွေလဲဆိုတာကို သေချာရိုက်ကူးပြထားပါတယ်။
ရုပ်ရှင်ပွဲတော်တွေမှာ ဆုပေါင်း ၉ ဆုတောင် ရထားတဲ့ ဇာတ်ကားကောင်းလေးပါ။
ဇာတ်လမ်းအကျဉ်း
အီချန်းရှီဟာ ရုပ်ရှင်ပီဒီတစ်ယောက်ဖြစ်ပါတယ်အသက် ၄၀ အရွယ်ထိ
လက်မထပ်ပဲ သူမရဲ့ ငယ်ရွယ်ချိန်တွေကိုသူမအရမ်းသဘောကျတဲ့ ဒါရိုက်တာကြီးနဲ့ အတူ
ရုပ်ရှင်တွေရိုက်ကူးရင်း ကုန်ဆုံးခဲ့ပါတယ်ရုတ်တရက်ကြီး သူချစ်ခင်လေးစားတဲ့ ဒါရိုက်တာကြီး
ဆုံးပါးသွားတဲ့အခါမှာတော့
ပီဒီအလုပ်ကနေ ထွက်ခဲ့ပါတယ်အလုပ်တွေ မရှိတဲ့အချိန်မှာ သူတကယ်ဖြစ်ချင်တာဘာလဲ သူလိုချင်တာကဘာလဲ
သူဘာတွေလုပ်ချင်လဲဆိုတာကို သေချာစဉ်းစားခဲ့တယ် ရှာဖွေခဲ့တယ်နောက်ဆုံး သူရှာတွေ့သွားမယ့် တကယ်အရေးကြီးတာတွေက
ဘာတွေလဲဘ၀ရဲ့ကံကောင်းမှု အစစ်အမှန်က ဘာလဲဆိုတာ ဒီဇာတ်လမ်းလေးမှာ ဆက်လက်ကြည့်ရှုကြပါနော်။
