HM Movies
Open in Telegram
7 321
Subscribers
+2724 hours
+1627 days
+47230 days
Posts Archive
7 320
Resident Playbook (2025)
*************************
နာမည်ကြီး "Hospital Playlist"ဇာတ်ကားရဲ့ spin-offဇာတ်လမ်းတွဲဖြစ်ပြီး
တက္ကသိုလ်ဆေးရုံရဲ့ ပါမောက္ခနဲ့ဆရာဝန်တွေရဲ့ ဘဝနဲ့သူငယ်ချင်းသံယောဇဉ်တွေကို
သရုပ်ဖော်ထားတဲ့ ဒီဇာတ်ကားလေးမှာတော့ ..
Castတွေအဖြစ် "Moving, Death's Game"စတဲ့ ဇာတ်ကားကောင်းတွေမှ မင်းသမီးချော
Go Youn Jung, လတ်တလောအရမ်းနာမည်ကြီးခဲ့တဲ့ "When Life Gives You Tangerines"
ဇာတ်ကားမှာ အွန်းမြောင်းအဖြစ် ပါဝင်ခဲ့တဲ့ မင်းသား Kang You Seok တို့အပြင်
တခြားသရုပ်ဆောင်ကောင်းများစွာလည်း ပါဝင်ထားပါသေးတယ် .. ။
ဇာတ်လမ်းကတော့ ..
****************
အခုလို မွေးဖွားနှုန်းကျဆင်းနေတဲ့ခေတ်မှာ ယူဂျယ်ဆေးရုံ ဂျုံရိုရုံးခွဲရဲ့ လူကြိုက်မများတဲ့
ဌာနဖြစ်တဲ့ သားဖွားမီးယပ်အထူးကုဌာနကို ရဲရဲဝံ့ဝံ့ ဝင်ရောက်လာကြတဲ့ ဘွဲ့လွန်ပထမနှစ်
လက်ထောက်ဆရာဝန်လေးတွေရဲ့ နေ့ည မနားဘဲ အကောင်းဆုံးဆရာဝန်ဖြစ်လာဖို့
ကြိုးစားကြပုံကို ပြသထားတာဖြစ်ပါတယ် .. ။
ချစ်စရာသူငယ်ချင်းဆက်ဆံရေးတွေနဲ့ ဆေးဘက်ဆိုင်ရာ ဗဟုသုတတွေကိုပါ အများကြီး
သိရှိရမှာဖြစ်လို့ အပတ်စဉ် စနေ၊ တနင်္ဂနွေတိုင်း မလွတ်တမ်း စောင့်ကြည့်လိုက်ကြပါဦးနော်။
(အညွှန်းကို Toe Toe Aung မှ ရေးသားပေးထားပါတယ်)
Episodes: 12
Aired: Apr 12, 2025 - May 18, 2025
Aired On: Saturday, Sunday
Original Network: tvN
Genres: Comedy, Life, Youth, Medical
Translated by Toe Toe Aung, Miri, Yati Naing, Wutyi, Stary, M & Hazelle
Encoded by AHtet
7 320
Boyka: Undisputed (2017)
📱IMDb Rating ___7.0/10
Boyka: Undisputed ရုပ်ရှင်ကားဟာ လေးကားမြောက်လာခဲ့ပြီဖြစ်ပြီး Action ဇာတ်ကားအမျိုးအစားဖြစ်ပါတယ်။
ဒီတစ်ခေါက်မှာတော့ Boyka ဟာ ကြိုးဝိုင်းထဲမှာ သူ့ရဲ့ပြိုင်ဖက်ကို အလဲထိုးရာမှ မတော်တဆ သတ်မိသလိုဖြစ်သွားခဲ့ပါတယ်။
သူဟာ ဒီကိစ္စနဲ့ပတ်သက်ပြီး မေးခွန်းပေါင်းများစွာရဲ့ ဖိအားပေးခြင်းကို ခံနေခဲ့ရပြီး ပြိုင်ဖက်ရဲ့ ဇနီးဖြစ်သူကိုလည်း ပြသနာများအလည်မှာ တွေ့မြင်ရတဲ့အခါ
သူမအတွက် ကြိုးဝိုင်းထဲက ချန်ပီယံအဖြစ် ပြန်လည်ထိုးသတ်ခဲ့ပြီး မဖြစ်နိုင်တဲ့ ပြိုင်ပွဲတွေမှာ ယှဉ်ပြိုင်ရင်း ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို ရင်ခုန်စွာ ကြည့်ရှု့ရမှာပဲဖြစ်ပါတယ်
