en
Feedback
𝙏𝙝𝙞𝙣𝙠𝙫𝙚𝙧𝙨𝙚

𝙏𝙝𝙞𝙣𝙠𝙫𝙚𝙧𝙨𝙚

Open in Telegram

သတင်း ၊ ဒဿန ၊ စာပေ ၊ သိပ္ပံနှင့် ဖျော်ဖြေရေး အရေးအသားများ Our Web(closed) thinkverse.lovable.app Lunatic's Collection https://t.me/IknowledgeField/476 Merlin's Collection https://t.me/IknowledgeField/154 Contact for business - @IsLunat1c

Show more
1 345
Subscribers
No data24 hours
-37 days
-1330 days

Data loading in progress...

Similar Channels
No data
Any problems? Please refresh the page or contact our support manager.
Tags Cloud
No data
Any problems? Please refresh the page or contact our support manager.
Incoming and Outgoing Mentions
---
---
---
---
---
---
Attracting Subscribers
July '26
July '26
+4
in 0 channels
June '26
+9
in 0 channels
Get PRO
May '26
+15
in 0 channels
Get PRO
April '26
+17
in 0 channels
Get PRO
March '26
+13
in 0 channels
Get PRO
February '26
+13
in 0 channels
Get PRO
January '26
+14
in 1 channels
Get PRO
December '25
+20
in 0 channels
Get PRO
November '25
+13
in 0 channels
Get PRO
October '25
+40
in 0 channels
Get PRO
September '25
+63
in 0 channels
Get PRO
August '25
+83
in 0 channels
Get PRO
July '25
+125
in 2 channels
Get PRO
June '25
+114
in 1 channels
Get PRO
May '25
+225
in 1 channels
Get PRO
April '25
+255
in 1 channels
Get PRO
March '25
+334
in 4 channels
Get PRO
February '25
+547
in 0 channels
Get PRO
January '250
in 1 channels
Get PRO
December '24
+40
in 0 channels
Date
Subscriber Growth
Mentions
Channels
13 July0
12 July+1
11 July0
10 July0
09 July0
08 July0
07 July0
06 July0
05 July+1
04 July+2
03 July0
02 July0
01 July0
Channel Posts
https://t.me/Lunatic_Land A new Channel for my Tech Contents , Videos and Yappology:3 #Lunatic
https://t.me/Lunatic_Land A new Channel for my Tech Contents , Videos and Yappology:3 #Lunatic

2
လူတော်တော် တော်တော်များများက တွေးတတ်ကြတယ်... "တိုင်းပြည်ကို တိုးတက်စေချင်ရင် အရာရာကို ချက်ချင်း ဆုံးဖြတ်၊ ချက်ချင်း အကောင်အထည
လူတော်တော် တော်တော်များများက တွေးတတ်ကြတယ်... "တိုင်းပြည်ကို တိုးတက်စေချင်ရင် အရာရာကို ချက်ချင်း ဆုံးဖြတ်၊ ချက်ချင်း အကောင်အထည်ဖော်နိုင်တဲ့ အာဏာပြည့်ဝတဲ့ ခေါင်းဆောင်မျိုး (Strongman) လိုတယ်" တဲ့။ အပေါ်ကနေ အမိန့်ပေးလိုက်တာနဲ့ အောက်က ချက်ချင်းလိုက်လုပ်တဲ့ စနစ်မျိုးကို သဘောကျကြတယ်။ ဒါပေမဲ့ တကယ့် Political Science သဘောတရားအရ ကြည့်ရင်... ဒီမိုကရေစီ အစိုးရအဖွဲ့အစည်းတွေရဲ့ အလုပ်လုပ်ပုံ ယန္တရားကြီး နှေးကွေးနေတာ၊ ဥပဒေတစ်ခုပြဋ္ဌာန်းဖို့ အချိန်တွေ အကြာကြီးယူပြီး ငြင်းခုံနေကြတာက အဲ့အစိုးရ စနစ်ရဲ့ ချို့ယွင်းချက် မဟုတ်ပါဘူး။ အာဏာရှင်စနစ်ကို ကာကွယ်ဖို့ ရည်ရွယ်ချက်ရှိရှိ ထည့်သွင်းတည်ဆောက်ထားတဲ့ Security Feature တစ်ခု ဖြစ်ပါတယ်။ နိုင်ငံရေးမှာ အရေးအကြီးဆုံး Rule တစ်ခုရှိတယ်။ အဲ့ဒါက "Power Monopoly" လို့ခေါ်တဲ့ အမြဲတမ်း အကျင့်ပျက်ခြစားမှုနဲ့ ဖိနှိပ်မှုဆီကို ဦးတည်သွားတယ် ဆိုတဲ့ Rule ပဲ။ ဒီတော့ ဒီပြဿနာကို ဖြေရှင်းဖို့ဆိုပြီးနိုင်ငံရေးတွေးခေါ်ရှင်တွေက Separation of Powers (အာဏာခွဲဝေကျင့်သုံးခြင်း) ဆိုတဲ့ Concept ကို ယူဆောင်လာကြတယ်။ နိုင်ငံတစ်နိုင်ငံကို မောင်းနှင်မယ့် စတီယာရင်ကို လူတစ်ယောက်တည်း လက်ထဲမထည့်ဘဲ အဓိက မဏ္ဍိုင် (၃) ရပ်အဖြစ် ခွဲထုတ်လိုက်တာပဲ။ ၁။ Legislative Branch လို့ခေါ်တဲ့ ဥပဒေပြု လွှတ်တော်အဖွဲ့ ၊ သူတို့က တိုင်းပြည်ရဲ့ Rulebook ကို ရေးဆွဲရတယ်။ အခွန်ငွေတွေ ဘယ်လိုကောက်မလဲ၊ ဘယ်လိုသုံးမလဲဆိုတဲ့ National Budget ကို ထိန်းချုပ်ထားတယ်။ ဒါပေမဲ့ ဥပဒေကို သူတို့ကိုယ်တိုင် အကောင်အထည်ဖော်လို့ မရဘူး။ ၂။Executive Branch လို့ခေါ်တဲ့ အုပ်ချုပ်ရေး အစိုးရအဖွဲ့ / သမ္မတ ၊ သူတို့က လွှတ်တော်က ဆွဲပေးထားတဲ့ ဥပဒေဘောင်ထဲကနေ တိုင်းပြည်ကို စီမံခန့်ခွဲရတယ်။ သံတမန်ဆက်သွယ်တာ၊ စစ်တပ်နဲ့ ရဲကို ကွပ်ကဲတာတွေ လုပ်တယ်။ ဒါပေမဲ့ သူတို့သဘောနဲ့သူတို့ ကြိုက်တဲ့ဥပဒေကို ထုတ်ပြန်ခွင့် မရှိဘူး။ ၃။ Judiciary Branch လို့ခေါ်တဲ့ တရားစီရင်ရေး တရားလွှတ်တော်ချုပ်အဖွဲ့ ၊ ခုနက အပေါ်က နှစ်ဖွဲ့စလုံး ဥပဒေနဲ့အညီ လုပ်ရဲ့လားဆိုတာကို ကြားထဲကနေ အကဲဖြတ်ဒိုင်လူကြီးလုပ်ပေးရတယ်။ ဒီသုံးဖွဲ့လုံးက တစ်ဖွဲ့နဲ့တစ်ဖွဲ့ အထက်အောက် မျိုးမဟုတ်ဘူး အကုန်လုံးက Level တူတူပဲ။ သုံးဖွဲ့လုံးရဲ့အဓိက ရည်ရွယ်ချက်က အချင်းချင်း Checks and Balances လုပ်ပေးဖို့ပဲ။ ဥပမာ - အုပ်ချုပ်ရေးအဖွဲ့က အာဏာပြပြီး လူနည်းစုကို ဖိနှိပ်မယ့် ပေါ်လစီတစ်ခု ချလာရင်၊ လွှတ်တော်က ဘတ်ဂျက်ဖြတ်ချပြီး တားလို့ရတယ်။ လွှတ်တော်ကနေ မတရားတဲ့ ဥပဒေတစ်ခုကို မဲခွဲအတည်ပြုလိုက်ရင်လည်း၊ တရားစီရင်ရေးအဖွဲ့က "ဒီဥပဒေက ဖွဲ့စည်းပုံအခြေခံဥပဒေ နဲ့ မညီဘူး" ဆိုပြီး Veto အာဏာနဲ့ ပယ်ချပိုင်ခွင့် ရှိတယ်။ အဲ့ဒီလို တစ်ဖွဲ့နဲ့တစ်ဖွဲ့ အပြန်အလှန် ကြိုးဆွဲချည်ထားတဲ့အတွက် အစိုးရတစ်ရပ်ရဲ့ လုပ်ငန်းစဉ်တွေက Red Tape လို့ခေါ်တဲ့ ဗျူရိုကရေစီ ကြန့်ကြာမှုတွေ နဲ့ ပြည့်နှက်နေတော့တာပေါ့။ ဥပဒေတစ်ခု အတည်ပြုဖို့ လနဲ့ချီပြီး ငြင်းခုံရတယ်။ ဒါကို သာမန်ပြည်သူတွေ အမြင်မှာတော့ "ဘာတွေလုပ်နေမှန်းကို မသိဘူး၊ နှေးကွေးလိုက်တာ၊ ရှုပ်ယှက်ကိုခတ်နေတာပဲ" လို့ ထင်စရာရှိပါတယ်။ ဒါပေမဲ့ တကယ် စစ်မှန်တဲ့ Pragmatic approach အရ ကြည့်ရင်တော့ ဒါက လူတစ်ယောက်တည်းက မနက်အိပ်ရာထပြီး စိတ်ကူးပေါက်တိုင်း ဥပဒေတွေကို အလွယ်တကူ ပြောင်းလဲပစ်လို့ မရအောင် ခံတပ်လုပ်ထားတဲ့ သဘောမျိူး ဖြစ်တယ်။ Efficiency ထက် Security ကို ဦးစားပေးထားတဲ့ သဘောမျိုးပေါ့။ အချုပ်ပြောရရင်... တကယ့်အကောင်းဆုံး နိုင်ငံ‌‌တော်အစိုးရဆိုတာ အလုပ်လုပ်တာ အမြန်ဆုံး အစိုးရ မဟုတ်ဘူး။အာဏာကို အလွဲသုံးစားလုပ်ဖို့ အခက်ခဲဆုံးဖြစ်အောင် တည်ဆောက်ထားတဲ့ အစိုးရမျိုးသာ ဖြစ်တယ်။ စနစ်တစ်ခု အလုပ်လုပ်တာ မြန်ဆန်လွန်းနေပြီ၊ ဆုံးဖြတ်ချက်တစ်ခုကို ဘယ်သူကမှ ကန့်ကွက်တာမရှိဘဲ ချက်ချင်း အသက်ဝင်နေပြီဆိုရင်၊ အဲ့ဒီနောက်ကွယ်မှာ ဘယ်သူတွေက ပါဝါတွေကို သိမ်းကျုံးယူထားလဲဆိုတာ စတင်ပြီး မေးခွန်းထုတ်ရတော့မယ့် အချိန်ပါပဲ။ ✏️ရေးသားသူ - Nihilynth
319
3
https://telegra.ph/Kakumei-%E1%80%9E%E1%80%99%E1%80%9F%E1%80%90-%E1%80%90%E1%80%9C%E1%80%94%E1%80%9B-06-05-2
https://telegra.ph/Kakumei-%E1%80%9E%E1%80%99%E1%80%9F%E1%80%90-%E1%80%90%E1%80%9C%E1%80%94%E1%80%9B-06-05-2
348
4
https://telegra.ph/Kakumei-%E1%80%9E%E1%80%99%E1%80%9F%E1%80%90-%E1%80%90%E1%80%9C%E1%80%94%E1%80%9B-06-05-2
https://telegra.ph/Kakumei-%E1%80%9E%E1%80%99%E1%80%9F%E1%80%90-%E1%80%90%E1%80%9C%E1%80%94%E1%80%9B-06-05-2
1
5
Slice of life ☕️☕️ #lunatic+2
Slice of life ☕️☕️ #lunatic
371
6
A Passage from The Restaurant at the End of the Universe.pdf
444
7
အစားခံချင်သည့်နွားကဲ့သို့သောသတ္တဝါ From: The Restaurant at the end of the Universe - Douglas Adams ပန်းလေးတွေ ဘာလို့တည်ရှိနေရသလဲလို့ ကလေးတစ်ယောက်ကိုမေးရင် “ကမ္ဘာကြီးလှပအောင် အလှဆင်ဖို့နဲ့ ပျားလေးတွေသောက်သုံးဖို့ဝတ်ရည်အတွက် ရှိနေတာပါ” လို့ဖြေမှာအမှန်ပဲဖြစ်ပါတယ်။ ဒီအဖြေဟာ ကဗျာဆန်ပေမယ့်လည်း မှားနေတယ်ဆိုတာကို ဝမ်းနည်းစွာနဲ့ ပြောပြပါရစေ။ ဒီကလေးရဲ့ အဖြေဟာ သမိုင်းတစ်လျှောက်ရှိခဲ့တဲ့ လူတွေပေးမယ့်အဖြေနဲ့ သိပ်ခြားနားမယ် မထင်ပါဘူး။ အရင်ကတည်းက လူသားတွေဟာ ကမ္ဘာကြီးပေါ်မှာရှိတဲ့ တခြားသက်ရှိသတ္တဝါနဲ့ အရာရာတိုင်းဟာ သူတို့အတွက် ဖြစ်တည်လာတယ်/ရှိနေတယ်ဆိုတဲ့ အယူဝါဒကို လက်ကိုင်ထားတတ်ကြပါတယ်။ ဒါနဲ့ပက်သက်လို့ စိတ်ဝင်စားဖို့ကောင်းတဲ့ သိပ္ပံစိတ်ကူးယဉ်ဝတ္ထုတစ်ပုဒ်ရှိပါတယ်။ British စာရေးဆရာ Douglas Adams ရေးတဲ့ Hitchhiker’s Guide to the Galaxy ဆိုတဲ့ series ရဲ့ ဒုတိယမြောက်စာအုပ် The Restaurant at the end of the Universe ဆိုတဲ့ စာအုပ်လေးပါ။ စကြဝဠာရဲ့အဆုံးမှာရှိတဲ့ Milliways ဆိုတဲ့ စားသောက်ဆိုင်တစ်ခုမှာ လူတွေရော ဂြိုလ်သားတွေရော စားကြသောက်ကြရင်းနဲ့ စကြဝဠာရဲ့ အဆုံးကို လာကြည့်တာပဲဖြစ်တယ်။ ဒီစာအုပ်ရဲ့ idea က လူသား ဆိုတာ ဘယ်လောက်ထိ သေးငယ်တယ်၊ အရာမရောက်ဘူး ဆိုတာကို ပြောချင်တာဖြစ်တယ်။ ဘာသာရေး၊ နိုင်ငံရေး၊ စည်းစိမ်ဥစ္စာ နဲ့ ဒဿနတွေကိုပါ လှောင်ပြောင်ထားတာဖြစ်ပါတယ်။ စာအုပ်ရဲ့ စာပိုဒ်တစ်ပိုဒ်မှာ ဇတ်လိုက်တို့အဖွဲ့ စားပွဲမှာထိုင်နေတုန်း မျိုးရိုးဗီဇပြုပြင်ပြောင်းလဲထားတဲ့ နွားနဲ့တူတဲ့ တိရစ္ဆာန်တစ်ကောင်ကလာပြီး သူ့ရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို စားသုံးဖို့အတွက် ယဉ်ယဉ်ကျေးကျေးနဲ့လာပြောတဲ့အပိုင်းတစ်ခုပါပါတယ်။ ထူးဆန်းတယ်၊ စိတ်ထဲအောင့်သက်သက်ဖြစ်စေတယ်၊ ဟာသအလွှာပါးလေးတစ်ခုလည်း လွှမ်းခြုံလျက်ရှိနေတာမို့ ကျွန်တော် သဘောကျလို့ အောက်ကဖိုင်ထဲမှာ @misoonmsg ဘာသာပြန်ထားတာရော၊ original piece ပါဝေမျှပေးလိုက်ပါတယ်။ #Williamရေးသားသည် #Thinkverse&external authors
455