en
Feedback
𝑬𝒙𝒑𝒓𝒆𝒔𝒔𝒊𝒏𝒈 𝒇𝒆𝒆𝒍𝒊𝒏𝒈𝒔

𝑬𝒙𝒑𝒓𝒆𝒔𝒔𝒊𝒏𝒈 𝒇𝒆𝒆𝒍𝒊𝒏𝒈𝒔

Open in Telegram

ကမ္ဘာကြီးသာလည်ပတ်နေတာအမှန်ဆို ကိုယ်တိုနှစ်ယောက် ဒီနေရာ​​လေးမှာ နောက်တစ်ခါလောက်​​​ပြန်ဆုံနိုင်အုံးမှာပါလား။ https://t.me/expressing_feeling

Show more
236
Subscribers
No data24 hours
No data7 days
-630 days
Posts Archive
ပိုင်ဆိုင်မှု မြတ်နိုးလွန်းလို့ ဘာနဲ့မှမလဲနိုင်အောင် မေတ္တာတွေနဲ့ တယုတယပျိုးထားရတဲ့ ပန်းကလေးတစ်ပွင့်ပါ။ ပေါက်ဈေးပေးဝယ်လည်း မရ
ပိုင်ဆိုင်မှု မြတ်နိုးလွန်းလို့ ဘာနဲ့မှမလဲနိုင်အောင် မေတ္တာတွေနဲ့ တယုတယပျိုးထားရတဲ့ ပန်းကလေးတစ်ပွင့်ပါ။ ပေါက်ဈေးပေးဝယ်လည်း မရောင်းနိုင်တာမလို့ လူလစ်တုန်း ဝင်ခူးယူဖို့လည်း မကြံပါနဲ့။ - ယိမ်းညို ကျွန်တော့်ပန်းကလေးကလေ သိပ်ကိုလှပစွာပွင့်လန်းနေသူလေးပေါ့။ ကျွန်တော့်မှာမထိရက်မကိုင်ရက်စွာ တယုတယပျိုးထားရတယ်။ ဒါကြောင့်အဖျက်သမားတွေကိုတော့ အထူးဂရုစိုက်ရတယ်။ - လိပ်ပြာ

တနင်္ဂနွေနေ့စာစဥ်အတွက် ကဗျာခေါင်းစဉ် - “ကြယ်စင်ညရဲ့အတွေး” ကလောင်ကြီးငယ်မရွေး ပါဝင်ရေးသားနိုင်ပြီး ဒီခေါင်စဉ်အောက်က မတူကွဲပြား
တနင်္ဂနွေနေ့စာစဥ်အတွက် ကဗျာခေါင်းစဉ် - “ကြယ်စင်ညရဲ့အတွေး”
ကလောင်ကြီးငယ်မရွေး ပါဝင်ရေးသားနိုင်ပြီး ဒီခေါင်စဉ်အောက်က မတူကွဲပြားတဲ့ ကဗျာအရေးအသားတွေကိုလည်း ရင်ခုန်စိတ်လှုပ်ရှားစွာ စောင့်မျှော်လျက်ရှိပါတယ်။ အားလုံးအတူတကွ ရေးသားကြဖို့ ဖိတ်ခေါ်ပါတယ်။ ကဗျာစာမူပိတ်သိမ်းချိန် - ၃၁ရက်နေ့ ည ၉နာရီ ကဗျာစာစဉ်အတွက် ကဗျာစာမူများကို @Alp_ll2010 ဒီအကောင့်ဆီ ပေးပို့နိုင်ပါတယ်ခင်ဗျ။ -ကဗျာဗဟိုပြု စာပေကလပ်စည်း #poetry_series #A_poetryhub #literary_club

ခုမှသိရတဲ့သူနဲ့ အရင်သိနှင့်ပြီးသားသူ မည်သူကပိုခံစားရသနည်း။ ဆရာ၀န်တွင်မျက်ရည်မရှိ လူနာတွင် မျက်ရည်ရှိကြောင်း သေချာသည်။ -မင်းလူ

ငါ့နှလုံးသားကမင်းအတွက် မင်းနှလုံးသားကအဲ့ကောင်အတွက် ငါလည်းမင်းကို သတ်ချင်လွန်းလို့မဟုတ်ပါဘူး။ မင်းနှလုံး‌သားလေးကို လိုချင်ခဲ့ရုံပါ။ -လင်းသစ်

ချစ်ခြင်းသီအိုရီ စစ်မှန်တဲ့ ချစ်ခြင်း‌မေတ္တာရဲ့နောက်မှာ မနစ်နာစေလိုတဲ့ စေတနာလေးက တွဲလျက် ကပ်ပါနေတတ်တာပဲလေ။ နေ့တိုင်း မပျော်ရပ
ချစ်ခြင်းသီအိုရီ စစ်မှန်တဲ့ ချစ်ခြင်း‌မေတ္တာရဲ့နောက်မှာ မနစ်နာစေလိုတဲ့ စေတနာလေးက တွဲလျက် ကပ်ပါနေတတ်တာပဲလေ။ နေ့တိုင်း မပျော်ရပါစေဦးတော့ နေ့တိုင်း မငိုရရင် ဒါဟာချစ်ခြင်းမေတ္တာပါပဲ။ ကျွန်တော်တို့ရဲ့ အပြုံးတွေအောက်မှာ ဖုံးကွယ်ထားတဲ့ မျက်ရည်စက်တွေကို မြင်နိုင်တဲ့လူတစ်ယောက် ရှိလာတဲ့တစ်နေ့ ကျွန်တော်တို့လည်း နောက်တစ်ကြိမ်ထပ်ပြီး နှစ်နှစ်ကာကာ ချစ်ဖြစ်ဦးမှာပါ။ - ယိမ်းညို ချစ်ခြင်းမေတ္တာဆိုတဲ့သီအိုရီဟာ ကမ္ဘာမှာအနူးညံ့ဆုံးပါပဲ။ စစ်တွေတောင်ရပ်နိုင်တဲ့အထိ ချစ်ခြင်းမေတ္တာဟာကြီးစိုးဖူးပါတယ်။ ကျွန်တော်တို့ဟာဒီသီအိုရီကို သုံးစွဲနေကြသူများပီပီချစ်တဲ့လူကို ချစ်ကြောင်းပြောပြီးချစ်ပြတတ်ဖို့တော့ အရေးကြီးပါတယ်။ - လိပ်ပြာ

Repost from N/a
အကို့ကိုချစ်တဲ့စိတ်က နေ့ရက်တွေကြားမှာ တဖြည်းဖြည်းနက်လာတဲ့ မိုးရနံ့လေးလိုပဲ… အနားမှာရှိနေရုံနဲ့ စိတ်တွေငြိမ်သက်သွားပြီး အကို့အသံလေးကြားရုံနဲ့ တစ်နေ့လုံးပျော်နေမိတယ်။ တကယ်တော့… ကျွန်မရဲ့အချစ်တွေက ကြီးကြီးမားမားမဟုတ်ဘူး “အကိုရှိနေရင်ရပြီ” ဆိုတဲ့စိတ်လေးတစ်ခုပဲ။ -စုစံစံ-𝒮𝓊

တစ်ဦးဆိုင်ကပ်ဘေး သစ်ရွက်စိမ်းကလေး လေထဲ လွင့်ပျံသွားခြင်းမှာ ကျွန်တော်ဟာ မမကို အကြောင်းမရှိ လွမ်းပါတယ်။ ချစ်တတ်သူတွေ ငိုလို့ မချစ်တတ်သူတွေ ပြိုရတယ်...။ လမ်းဘေးဈေးတန်းက ဝယ်လာတဲ့ ဇာခြင်ထောင် ပါးပါးမှာ အဆင့်အတန်းမြင့်မြင့် အိပ်မက်တွေ ရှိတယ်။ဆေးရုံသွားပြီး သွေးမလှူနိုင်ပေမဲ့ ကျွန်တော့်နည်းနဲ့ ကျွန်တော်တော့ ကုသိုလ်ယူဖြစ်ပါတယ်။ မေတ္တာငတ်ခဲ့သူကို လုံခြံမှုပေးနိုင်တဲ့ လက်ပိုင်ရှင်ဟာ မမပါ။ အဲ့ဒါဆို မမဟာ ကျွန်တော့်ရဲ့ ကမ္ဘာငယ်လေးပေါ့နော်မမ။ကျွန်တော် ပြန်လာရင်နွေးထွေးစွာ ကြိုဆိုမဲ့ ရပ်ဝန်းဟာ မမရှိတဲ့ရပ်ဝန်းပါ။ လူတိုင်းဟာ ကိုယ်တစ်ခုတည်းပါ။ သူဗိုက်ဆာသလို ကျွန်တော်လည်း ခိုးတတ်ပါတယ်။သူ့မှာ မိသားစုရှိသလို ကျွန်တော်လည်း လူသားဆန်တတ်ပါတယ်။ အပြင်လောကကြီးမှာ ပိုက်ဆံက အပေါဆုံးဖြစ်နေချိန် ကျွန်တော့် ကမ္ဘာမှာတော့ အငတ်ဘေးဟာ နှစ်တိုင်းဖြစ်ပါတယ်။ အလုပ်လက်မဲ့လူတစ်ယောက်အတွက် လကုန်ရက်တွေဟာ ဘာထူးခြားလို့လဲ။ ခွက်တစ်ခွက်ကိုင်ပြီး ခြေဦးတည့်ရာ လျှောက်သွားနေတာက လွဲရင် ကျွန်တော် လူတွေနဲ့ကစားရတာ ဝါသနာမပါဘူးမမ။ ဘုရားသခင်ကတော့ ကျွန်တော့်ကို ဘေးမဲ့ပေးတယ်။သူတောင်းစားက ကံကိုမယုံဘူးမမ။ကောင်းတာ လုပ်ရင် ကောင်းတာဖြစ်မယ်ဆိုတာ ထမင်းဝတဲ့လူတချို့ပဲ ပြောထွက်တာဖြစ်ကြောင်း သူတို့ဆိုတဲ့အခါ ကျွန်တော် ဘယ်လိုငြင်းရပါ့မလဲမမ။ -အံ့လွန်းပျို

Repost from N/a
"မင်း ရှိတုန်းက" ပန်းရောင်ညချမ်း၊ လေပြေသန်းသန်း မင်းမျက်ဝန်းထမ်း၊ ရင်ကိုလွမ်းစမ်း။ လမင်းအောက်ဝယ်၊ ကြယ်ရောင်ကြွယ်ကြွယ် မင်းစကားနယ်၊ စိတ်ကိုချယ်။ အချစ်သံစဉ်၊ နူးညံ့အပြင် မင်းရှိသရွေ့စဉ်၊ ဘဝရွှင်။ ။ -လင်းသစ်

ချည် ကြိုးတစ်ချောင်းဟာ ဖြတ်သင့်တဲ့အချိန်ရောက်လာရင်တော့ ဖြတ်ကိုဖြတ်ရမှာပေါ့လေ တဲ့ မဖြတ်ချင်ဘူး ကျွန်မ မဖြတ်ချင်ဘူးအစ်ကိုရယ် အစ
ချည် ကြိုးတစ်ချောင်းဟာ ဖြတ်သင့်တဲ့အချိန်ရောက်လာရင်တော့ ဖြတ်ကိုဖြတ်ရမှာပေါ့လေ တဲ့ မဖြတ်ချင်ဘူး ကျွန်မ မဖြတ်ချင်ဘူးအစ်ကိုရယ် အစ်ကို့အနားလေးမှာပဲ ကျွန်မကနေသွားချင်တာ တိတ်တိတ်ကလေးပါပဲ တိတ်တိတ်ကလေးပဲချစ်သွားမှာ လောဘလည်းမကြီးဘူး အတ္တလည်းမကြီးဘူး အစ်ကိုသာနှင်မထုတ်ရင် ညီမဒီကြိုးလေးကိုမပျက်အောင် ဆွဲထားမှာအချိန်တိုင်းပေါ့အစ်ကိုရယ်။ - လိပ်ပြာ လေလွင့်ခြင်းတိမ်စိုင်တွေအပေါ် ခိုတွဲမိတော့ ကိုယ်ပြုတ်ကျခဲ့တာက ပြန်မရနိုင်တော့တဲ့ သောကြာနေ့တွေ ကြယ်ပြာတွေပျိုးမယ်ကြံတုန်း မျက်ဝန်းညိုတွေဟာ အသက်မဲ့သွားတော့ မင်းရဲ့အ‌နွေးဓာတ်ကိုခိုလှုံပြီး ရှင်သန်နေတဲ့ ပိုးဖလံလေးကိုယ်ဟာ ရီရခက် ငိုရခက် ဘဒ္ဒကမ္ဘာမှာ လမ်းလွဲ‌သွားခဲ့တဲ့ ခြည်တိုင်လေး မှောင်မိုက်နေတဲ့ ကိုယ့်အခန်းထောင့်က ပိုးစုန်းကြူးလေး နောက်ပြီး ကိုယ်ကမ္ဘာမှာပျိုးထားတဲ့ ကြယ်ပြာလေး ကိုယ်မပြစ်မှားရက်ခဲ့တဲ့ နှုတ်ခမ်းပါးလေးရေ.. ခေါ်သံပေးတုန်းက လျစ်လျှူရှုခဲ့ရင် ငိုသံကြားတဲ့အခါလည်း ပြန်လှည့်မကြည့်ပါနဲ့။ - ယိမ်းညို

အတိတ် ဒီနံရံတွေထဲက ဖောက်မထွက်နိုင်သ၍ ငါတို့ပိတ်မိနေကြအုံးမှာပဲ။ မထွက်ချင်တဲ့ လူတွေကတော့ ဆက်ပိတ်မိနေကြပေါ့။ ငါတော့ပြေးထွက်ခဲ့ပ
အတိတ် ဒီနံရံတွေထဲက ဖောက်မထွက်နိုင်သ၍ ငါတို့ပိတ်မိနေကြအုံးမှာပဲ။ မထွက်ချင်တဲ့ လူတွေကတော့ ဆက်ပိတ်မိနေကြပေါ့။ ငါတော့ပြေးထွက်ခဲ့ပြီ အဲ့‌ဒီနေ့ကကံ့ကော်တွေဖူးလို့ ရွက်ဝါတွေကြွေတာမှမနှစ်ကနွေလိုပါပဲ။ ငါသေသွားမယ်ထင်တာ မသေသွားတဲ့အပြင်ငါပိုပြီး အားအင်တွေပြည့်လာသလိုပါပဲ။ - လိပ်ပြာ တဆတ်ဆတ်တုန်ခါနေတဲ့ ငါ့ဘယ်ဘက်အိတ်ကပ်ထဲက အရာကို ငါဆုပ်ကိုင်ရင်း အရာအားလုံးရဲ့အဝေးကို ငါပြေးထွက်လာခဲ့တယ် ငါပြန်လှည့်မကြည့်ဘူး ငါပြန်လှည့်မကြည့်ဘူး ငါလုံးဝ ပြန်လှည့်မကြည်ဘူး ငါချန်ထားခဲ့ပြီ ငါပစ်ထားခဲ့ပြီ ငါစွန့်ခွာခဲ့ပြီ အမှတ်တရတွေရဲ့ ဝေးရာ အတိတ်နဲ့ ဝေးသထက်ဝေးရာ မင်းနဲ့ အဝေးဆုံးနေရာ.. - ယိမ်းညို

နှလုံးသားတွေရင်းပြီး ချစ်ခဲ့ကြတာပါ။ ကျွန်တော်ရယ် ကျွန်တော်ပါပဲ။ သူတော့မဟုတ်ခဲ့ဘူး။ -လင်းသစ်

ငါက ကိုယ့်ကမ္ဘာကြီးကို ကိုယ်တိုင်အရှုံးခံခဲ့တာမဟုတ်ဘူး မင်းဆီမှာ ပျော်ပျော်ကြီး အုပ်ချုပ်ခံခဲ့တာ မင်းသာ ငါ့ကိုနှလုံးသားနယ်နှင်ဒဏ် မပေးခဲ့ဘူးဆိုရင် ငါ့တိုင်းပြည်ကြီးလည်း ပြည့်စုံကောင်းပါရဲ့။ -ငြိမ်းစံ

၁၆နှစ်တစ်ရက်လျော့ မွေးလာပြီးရင် သေဆုံးရမှာ ဓမ္မတာပဲ။ ငါဘယ်တော့သေမလဲ။ ဘယ်သူသိပါ့မလဲ။ နေ့စဉ်အသက်ရှူနေရတဲ့ အကြောင်းရင်းကို စဉ်းစားတော့ ဦးနှောက်ထဲ ဗလာဖြစ်နေတယ်။ ငါဘာကြောင့်အသက်ရှင်နေလဲ။ ဘယ်သူသိမှာလဲ။ ညအိပ်ရာဝင်တိုင်း စဉ်းစားဖြစ်တာဟာ ခင့်အကြောင်းအပြင် တစ်နေ့တာမှာ ငါလုပ်ခဲ့တဲ့ မကောင်းမှုတွေကိုပဲ။ ငါဒီနေ့ဘာမကောင်းမှုတွေလုပ်ခဲ့လဲ။ ဘုရားသိပါတယ်။ ခင်ရေ...မင်းဘာလို့ငါ့ကို ‌ မရွေးချယ်ခဲ့လဲဆိုတာ ငါအခုမှ သိတော့တယ်။ အရင်ကတော့ ငါဟာ မင်းကိုရက်စက်တယ်ထင်ခဲ့တာ။ တကယ်တမ်းကျ မင်းက အများအကျိုးအတွက် ငါ့ကို ထားခဲ့တာပဲ။ ငါကလွဲရင် သတ္တဝါတိုင်းကို မင်းက စိတ်ချမ်းမြေ့စေချင်တယ်။မင်းဟာ ဟိုကောင့်လက်ကိုဆွဲပြီး ဘုရားမှာ ငှက်လွှတ်တယ်။အဲ့ဒီ့ငှက်တွေလို မင်းသစ္စာရှိတဲ့အခါ အတုအယောင်တွေ အကြောင်း ငါပြောပြပါဦးမယ်။ ပြောစမ်းပါဦး ခင်...။မင်းရဲ့ ပလီပလာစကားသံလေးတွေ ငါကြားချင်သေးလို့ပါ။ ပိုက်ဆံကို ရေလိုသုံးနိုင်သူဟာ ပဲပြုတ်နဲ့ ထမင်းကြမ်းကို နေ့တိုင်း မစားနိုင်မှန်း ငါသိခဲ့ပါတယ်။ မြောင်းမှာလည်း သူ့အမှိုက်နဲ့သူပါ ခင်...။အိတ်ဖောင်းလို့ စိတ်ပြောင်းတဲ့ လူတွေအတွက် နေရာမရှိဘူး။ သူတို့စိတ်ကို ငါနားမလည်ဘူး။ မသိတာတွေဟာ မရှိတာထက် ပိုခက်ခဲတယ်။ဒီနေ့အတွက်တော့ ငါဟာ ၁၆နှစ်တစ်ရက်လျော့ပါခင်...။ -အံ့လွန်းပျို

ငါရေးတဲ့ကဗျာ ငါ့ကဗျာ ကလောင်အစ၊ငါ့ကဗျာဆုံး မတုံးသွားကာ၊အောင်ကြောင်းဖြာရန် စာပေကိုချစ်၊စိတ်ပုပ်ပြစ်လို့ စိတ်သစ်နှင့်သာ၊ကဗျာကားရေး ငါတွေးသမျှ၊အသိအားလုံး စာတွင်သုံးဖို့၊စီကုံးဖွဲ့မှ ငါ့ကဗျာတွင်၊ဂန္ထဝင်လင်း မော်ဒန်ဝင်းလို့၊ဆင်းလှကဗျာဖြစ်စေသား။ ရာစု-၂၁ရာစု ရေးသူ-အံ့လွန်းပျို အမျိုးအစား-‌လင်္ကာ

ဆုပ်လည်းဆူး စားလည်းရူးပါ အပြစ်မြင်တော့လည်းသူ အကောင်းမမြင်တော့လည်းသူ လောကကြီးကမတရားဘူးဗျာ ကျွန်တော့်ရဲ့ကံကြမ္မာကို ဘာလို့ချမ်းသာမပေးခဲ့တာလည်း -လင်းသစ်

မရင့်ကျက်တာ မဟုတ်ဘူးအချစ်ရဲ့ မင်းအနားမှာမလို့ မရင့်ကျက်ချင်ယောင်ဆောင်လိုက်တာ။ - လိပ်ပြာ
မရင့်ကျက်တာ မဟုတ်ဘူးအချစ်ရဲ့ မင်းအနားမှာမလို့ မရင့်ကျက်ချင်ယောင်ဆောင်လိုက်တာ။ - လိပ်ပြာ

ကော်ဖီတစ်ခွက်သောက်တိုင်း မင်းအကြောင်းငါတွေးတယ် ဆေးလိပ်တစ်ဖွာရှိုက်တိုင်း မင်းအကြောင်းငါတွေးတယ် ကဗျာညီကိုတွေနဲ့စကားပြောတိုင်း မင်းအကြောင်းငါတွေးတယ် မအိပ်ခင်အချိန်တိုင်း မင်းအကြောင်းငါတွေးတယ် တကယ်တမ်း မင်းအကြောင်းတွေးတာ ၃ ရက်ထဲပါ အဲ့ ၃ ရက်က မနေ့ကရယ် ဒီနေ့ရယ် မနက်ဖြန်ရယ်..... -လင်းသစ်

အကြောင်းပြချက် အမျိုးမျိုးနဲ့ နှလုံးသားနောက်ကို ခန္ဓာလိုက်တယ်။တချို့အရာတွေမှာ ဦးနှောက်နောက်ကိုသာ ရွေးခဲ့ရင် ငါမင်းကိုမချစ်ခဲ့ဘူး။ -အံ့လွန်းပျို

မိုးရာသီ ရောက်ခဲ့ပြန်ပြီအချစ်ရေ နွေပြီးတော့ မိုးပေါ့ကွာ တစ်ကျော့ပြန်သီလို့ တစ်မိုးပြန်ဆွေပြီအချစ်ရ ငါတို့ရော တစ်ကျော့ပြန်ခလုတ
မိုးရာသီ ရောက်ခဲ့ပြန်ပြီအချစ်ရေ နွေပြီးတော့ မိုးပေါ့ကွာ တစ်ကျော့ပြန်သီလို့ တစ်မိုးပြန်ဆွေပြီအချစ်ရ ငါတို့ရော တစ်ကျော့ပြန်ခလုတ်တိုက်ပြီး တစ်ကျော့ပြန်ချစ်ကြမလား ဒါပေမယ့် ဖြစ်နိုင်မယ် မထင်ဘူးအချစ်ရေ။ - လိပ်ပြာ ပိုးဖလံလို မီးပုံတိုးလို့ ပြာကျသွားရင်တောင် သတိရစိတ်တွေကိုတော့ တားဆီးလို့မရနိုင်ဘူး အသက် တစ်ကိုယ်စာရေစီးကမ်းပြိုလိုက်နေတဲ့ အလွမ်းတွေပေါ်မှာ ကြယ်တွေပျိုးမယ် အမှတ်တရတွေကိုပွေ့ပိုက်ရင်း မင်းမရှိတော့တဲ့ပစ္စုပ္ပန်တွေမှာ မင်းရှိ‌နေသလိုမျိုး ကိုယ်ရှင်သန်မယ် သံသရာတစ်ကွေ့မှာ ပခုံးချင်းထပ်တိုက်မိခဲ့ရင် မင်းလက်လေးကိုဆွဲကိုင်ပြီး ရိုမီရိုနဲ့ဂျူးလီးယက်ထပ် ပိုနက်ရှိုင်းတဲ့ ဂန္ထဝင်ချစ်ခြင်းမေတ္တာမျိုး ကိုယ်ဖန်တီးပေးပါ့မယ် ။ - ယိမ်းညို

ချစ်မိလိုက်ပြီဆိုတာနဲ့ ပြဿနာတွေကပါလာတော့တာပဲ စိတ်ကလေးကဆိုးချင်တယ် အတ္တလေးကလည်းရှိလာတယ် မျက်စောင်းလေးလဲပစ်မိတယ် နှုတ်ခမ်းလေးလဲ
ချစ်မိလိုက်ပြီဆိုတာနဲ့ ပြဿနာတွေကပါလာတော့တာပဲ စိတ်ကလေးကဆိုးချင်တယ် အတ္တလေးကလည်းရှိလာတယ် မျက်စောင်းလေးလဲပစ်မိတယ် နှုတ်ခမ်းလေးလဲဆူလာတော့တာပဲ။ - လိပ်ပြာ