en
Feedback
𝑬𝒙𝒑𝒓𝒆𝒔𝒔𝒊𝒏𝒈 𝒇𝒆𝒆𝒍𝒊𝒏𝒈𝒔

𝑬𝒙𝒑𝒓𝒆𝒔𝒔𝒊𝒏𝒈 𝒇𝒆𝒆𝒍𝒊𝒏𝒈𝒔

Open in Telegram

ကမ္ဘာကြီးသာလည်ပတ်နေတာအမှန်ဆို ကိုယ်တိုနှစ်ယောက် ဒီနေရာ​​လေးမှာ နောက်တစ်ခါလောက်​​​ပြန်ဆုံနိုင်အုံးမှာပါလား။ https://t.me/expressing_feeling

Show more
236
Subscribers
No data24 hours
No data7 days
-630 days
Posts Archive
အကြောင်းပြချက် အမျိုးမျိုးနဲ့ နှလုံးသားနောက်ကို ခန္ဓာလိုက်တယ်။တချို့အရာတွေမှာ ဦးနှောက်နောက်ကိုသာ ရွေးခဲ့ရင် ငါမင်းကိုမချစ်ခဲ့ဘူး။ -အံ့လွန်းပျို

မိုးရာသီ ရောက်ခဲ့ပြန်ပြီအချစ်ရေ နွေပြီးတော့ မိုးပေါ့ကွာ တစ်ကျော့ပြန်သီလို့ တစ်မိုးပြန်ဆွေပြီအချစ်ရ ငါတို့ရော တစ်ကျော့ပြန်ခလုတ
မိုးရာသီ ရောက်ခဲ့ပြန်ပြီအချစ်ရေ နွေပြီးတော့ မိုးပေါ့ကွာ တစ်ကျော့ပြန်သီလို့ တစ်မိုးပြန်ဆွေပြီအချစ်ရ ငါတို့ရော တစ်ကျော့ပြန်ခလုတ်တိုက်ပြီး တစ်ကျော့ပြန်ချစ်ကြမလား ဒါပေမယ့် ဖြစ်နိုင်မယ် မထင်ဘူးအချစ်ရေ။ - လိပ်ပြာ ပိုးဖလံလို မီးပုံတိုးလို့ ပြာကျသွားရင်တောင် သတိရစိတ်တွေကိုတော့ တားဆီးလို့မရနိုင်ဘူး အသက် တစ်ကိုယ်စာရေစီးကမ်းပြိုလိုက်နေတဲ့ အလွမ်းတွေပေါ်မှာ ကြယ်တွေပျိုးမယ် အမှတ်တရတွေကိုပွေ့ပိုက်ရင်း မင်းမရှိတော့တဲ့ပစ္စုပ္ပန်တွေမှာ မင်းရှိ‌နေသလိုမျိုး ကိုယ်ရှင်သန်မယ် သံသရာတစ်ကွေ့မှာ ပခုံးချင်းထပ်တိုက်မိခဲ့ရင် မင်းလက်လေးကိုဆွဲကိုင်ပြီး ရိုမီရိုနဲ့ဂျူးလီးယက်ထပ် ပိုနက်ရှိုင်းတဲ့ ဂန္ထဝင်ချစ်ခြင်းမေတ္တာမျိုး ကိုယ်ဖန်တီးပေးပါ့မယ် ။ - ယိမ်းညို

ချစ်မိလိုက်ပြီဆိုတာနဲ့ ပြဿနာတွေကပါလာတော့တာပဲ စိတ်ကလေးကဆိုးချင်တယ် အတ္တလေးကလည်းရှိလာတယ် မျက်စောင်းလေးလဲပစ်မိတယ် နှုတ်ခမ်းလေးလဲ
ချစ်မိလိုက်ပြီဆိုတာနဲ့ ပြဿနာတွေကပါလာတော့တာပဲ စိတ်ကလေးကဆိုးချင်တယ် အတ္တလေးကလည်းရှိလာတယ် မျက်စောင်းလေးလဲပစ်မိတယ် နှုတ်ခမ်းလေးလဲဆူလာတော့တာပဲ။ - လိပ်ပြာ

မမဟာ သိပ်လှတယ်။မမဟာ သိပ်မြတ်နိုးဖို့ ကောင်းတယ်။ နှင်းဆီပန်းလေးလို သိပ်အတ္တကြီးတဲ့မမ...ဒီကောင်နဲ့ မတန်တာ သိသာလွန်းပါတယ် မမရယ်။ -အံ့လွန်းပျို

ကလောင်သစ်များဟာ ကျွန်တော်တို့ရဲ့ အသီးအပွင့်တွေ ဖြစ်ပါတယ်။ ရေလောင်းဖို့လိုသလို ပေါင်းသင်ဖို့လည်းလိုပါတယ်။ အလေ့ကျပေါက်နေတဲ့ မြက်ပင်တွေ မဟုတ်သလို သူများအပေါ်မှီခိုရတဲ့ နွယ်ပင်တွေလည်းမဟုတ်ပါဘူး။ သူတို့ဟာ ကျွန်တော်တို့ရဲ့ အက္ခရာပန်းလေးတွေသာ ဖြစ်ပါတယ်။ ဒီခေတ်က သူတို့အတွက်မဟုတ်ရင်တောင် သူတို့ခေတ်ဆိုတာ ရောက်လာပါလိမ့်မယ်။ ကဗျာဗဟိုပြုစာပေကလပ်စည်း နဲ့ အဏ္ဏဝါဂယက်စာစောင်တို့ ပူးပေါင်းထုတ်လုပ်တဲ့ “အက္ခရာပန်းတို့တစ်ခေတ်ဆန်းချိန်” ကဗျာစာအုပ် (E-book)လေးထွက်ရှိပါပြီ။ ဖတ်ရှုနိုင်ပါပြီဗျ။ -ကဗျာဗဟိုပြု စာပေကလပ်စည်း #literary_club #anawargayat_sarsung

ခံစားချက်တွေကို ကစားခံရပြီးနောက်တော့ ငါဟာထုတ်မပြတတ်တော့ဘူး။ - လိပ်ပြာ
ခံစားချက်တွေကို ကစားခံရပြီးနောက်တော့ ငါဟာထုတ်မပြတတ်တော့ဘူး။ - လိပ်ပြာ

မမခင်ဟာ တိတ်ဆိတ်ညတွေထဲ မထင်မှတ်ဘဲ ကြားလိုက်ရတဲ့ သံစဉ်ချိုချိုတစ်ပိုဒ်လိုပဲ။ ရယ်သံလေးဟာ ပုလွေသံအေးအေးတစ်စင်း စကားပြောသံဟာ နှလုံးသားပေါ် ညင်သာစွာတီးခတ်နေတဲ့ စန္ဒရားလက်ချောင်းများ။ မျက်ဝန်းတစ်ချက် လှည့်ကြည့်လိုက်တိုင်း တေးသီချင်းတစ်ပုဒ်ရဲ့ အမြင့်ဆုံး သံစဉ်ကို ရင်ထဲမှာ ကြားနေရသလို။ မမခင်မရှိတဲ့နေ့တွေကတော့ ကြိုးပြတ်နေတဲ့ တူရိယာတစ်လက်လို အသံရှိချင်ပေမယ့် သံစဉ်တွေ မထွက်လာတော့ဘူး။ -လင်းသစ် -မမခင်အား တေးဂီတနှင်တင်စားခြင်း

ကလောင်သစ္စာ ဝေယံမိုးထိပ်၊ တန်ခွန်ချိတ်လို့ ဆိပ်ပြင်းမြားတံ၊ ငါ့စာသံတည့်။ မြေလျှိုးဝသုန်၊ ဂုဏ်ဒြပ်ထုံလို့ ဖြုံသင့်လှံဓား၊ ငါ့စာသွားတည့်။ မဇ္ဈိမလယ်၊ ဗဟိုဝယ်၌ ထည်ဝါကျမ်းအင်၊ ငါ့စာဉာဉ်တည့်။ ကလောင်မတုံး၊ ကဗျာဟုန်းနှင့် မဆုံးပညာ၊ ဩဘာမှုန်းလို့ ရှေးထုံး‌ဆိုင်ပြု၊ သံချိုညုလျက် ဥဒါန်းမဝင်၊ ကမ္ဘာတွင်တည့် ရှင်ပါးဆင်ချီ၊ ရွှေမြန်ပြည်၌ ထီတင်ဇမ္ဗူ၊ ‌အောင်ခြူပန်းထွေ ပိုင်ဆိုင်‌စေသား။ ရာစု-၂၁ရာစု ရေးသူ-အံ့လွန်းပျို အမျိုးအစား-လင်္ကာ

မိုးတွေရွာတော့မယ်။ မိုးရာသီစရင် မျက်ရည်ယိုဗုံးတွေစပြီပေါ့။ - လိပ်ပြာ
မိုးတွေရွာတော့မယ်။ မိုးရာသီစရင် မျက်ရည်ယိုဗုံးတွေစပြီပေါ့။ - လိပ်ပြာ

ရှက်မိပါတယ် ရှက်တတ်ပါတယ် ဒါပေမယ့် ကျွန်မရှက်ရကောင်းမှန်းမသိခဲ့ပါ။ - လိပ်ပြာ
ရှက်မိပါတယ် ရှက်တတ်ပါတယ် ဒါပေမယ့် ကျွန်မရှက်ရကောင်းမှန်းမသိခဲ့ပါ။ - လိပ်ပြာ

ဖောက်ထွက်လာတဲ့လူ ဖြစ်သင့်တာနဲ့ ဖြစ်ချင်တာမှာ ဖြစ်ချင်တာကိုပဲရွေးခဲ့တဲ့ ကောင် ထမင်းစားဖို့လောက်နဲ့တော့ ဒူးထောက်မယ့်ကောင် မဟုတ်ဘူး နဖူးရေဒူးရေကိုလည်း ကြည့်လိုက်ဦး ဟေ့၊ ဒီမှာ ဒီလောကထဲ ငါ ရောက်လာတာ ‘ထမင်း’ လာဝါးတာ မဟုတ်ဘူးကွ သေခြင်းတရားနဲ့ စာချုပ်ချုပ်ပြီး ငါ့လက်ထဲက ထမင်းလုတ်ကို လွှင့်ပစ်ခဲ့ ငါက ကဗျာရေးမယ့်လူပဲ လူကြီးတွေကတော့ ပြောရှာပါတယ် ခွေးဖြစ်မယ့်ကောင် တဲ့။ -နိုင်မြန်မာ

" အမှတ်တရများနဲ့ မေလ " ✍ - လိပ်ပြာ 🎙 - ယဉ်ရွှေငြိမ့်

" အချေမင်းသား " အမြဲပြုံးရယ်နေလေ့မရှိတဲ့ အစ်ကိုဟာတခါတလေမှာတော့ အားပါးတရပြုံးရယ်တတ်တယ်။ အချေမင်းသားလို့ နာမည်ကြီးတဲ့အစ်ကိုဟာ ခ
" အချေမင်းသား " အမြဲပြုံးရယ်နေလေ့မရှိတဲ့ အစ်ကိုဟာတခါတလေမှာတော့ အားပါးတရပြုံးရယ်တတ်တယ်။ အချေမင်းသားလို့ နာမည်ကြီးတဲ့အစ်ကိုဟာ ခပ်တည်တည်သာနေထိုင်လေ့ရှိတယ်။ သူသီချင်းတွေရေးရင်း သီချင်းတွေဆိုရင်းနဲ့ပဲ သူချစ်တဲ့အလုပ်ရယ်သူချစ်တဲ့လူတွေရယ်နဲ့ ဘဝကိုအေးချမ်းစွာဖြတ်သန်းတတ်တဲ့သူမျိုးပေါ့ အားပါးတရအမြဲပြုံးရယ်နေတဲ့လူတွေထက် ကျွန်မဟာအချေမင်းသားလေးအစ်ကို့ကိုမှ ချစ်မြတ်နိုးမိပါတယ်။ - လိပ်ပြာ

လမ်း မိသားစုများအခန်းကဏ္ဍ ကမ္ဘာဦးပုံသဏ္ဌာန် တစ်ဦးပြန်အလာ တစ်ဦးမျှော်ကြ မီးဖိုကြ။ ငါတို့ခေတ်မှာ ငါတို့ဟာ ချစ်မေတ္တာကိုယူလာနိုင်ခဲ့လို့လား အိမ်ပြန်လာကြတယ်။ ကားတစ်စင်းသေနေပေါ့ ညောင်ပင်ကြီးရဲ့အောက်မှာ မိုးကမတိတ်တော့ဘူး ဟောဒီလောကမှာ။ -အောင်ချိမ့်

အမှတ်တရများနဲ့ မေလ ကြည်နူးစရာများနဲ့ မေလ ချစ်ခြင်းမေတ္တာတွေနဲ့ မေလ အလွမ်းဓာတ်‌တွေပြည့်နေတာ မေလ ချစ်သူလေးရှိတဲ့ မေလ သံယောဇဉ်ကြ
အမှတ်တရများနဲ့ မေလ ကြည်နူးစရာများနဲ့ မေလ ချစ်ခြင်းမေတ္တာတွေနဲ့ မေလ အလွမ်းဓာတ်‌တွေပြည့်နေတာ မေလ ချစ်သူလေးရှိတဲ့ မေလ သံယောဇဉ်ကြိုးတွေချည်မိတာ မေလ မေလ မေလ ဒိတ်ကလေးက လှတယ် အတိတ်ကလေးကတော့ မလှခဲ့ဘူးထင်ရဲ့ ပြန်ကြည့်လိုက်ရင် ဝေဝေဝါးဝါးတွေကြီးပဲ ရှင်းရှင်းလင်းလင်းမရှိလှဘူး အဲ့ထဲကမှအမုန်းတရားတွေနဲ့ မာနတွေကကြီးထွားလာတာ ဘယ်သူမှတော့မသိကြဘူးထင်တယ်။ မင်းဟာ မာနကြီးသလို အတ္တတွေနဲ့ခြယ်မှုန်းထားတဲ့ ပန်းချီကားတစ်ချပ်။ မေလဟာ ငါ့ကိုခြောက်တယ် ငါမကြောက်တတ်ဘူး ကြောက်‌မနေမိဘူး။ အခုငါ့ရင်ထဲမှာ မာနတွေကလွဲလို့ ဘာမှမရှိတော့ဘူး။ မေလ မေလ ဒိတ်လှလှလေးနဲ့မေလ အတိတ်မလှခဲ့တာ မေလ မင်းကိုချစ်မိခဲ့တာ မေလ ငါတို့ဝေးခဲ့တာလည်း မေလ စာအုပ်လက်ဆောင်ပေးဖြစ်တဲ့ မေလ အချစ်ဦးလို့ ခေါင်းစဉ်တပ်မိတာ မေလ မချစ်ဖူးလို့ထင်မိတာလည်း မေလ အမုန်းတရားတွေနဲ့ မေလ အပြုံးများစွာနဲ့ မေလ မာနတွေနဲ့ မေလ မေလဟာ ငါ့ကိုခြောက်တယ် ငါမကြောက်တတ်ခဲ့ဘူးထင်ပါရဲ့။ - လိပ်ပြာ မေလ၊ ၂၀ရက်၊ ၂၀၂၆ [ ၂နာရီ ၂၀မိနစ် နေ့လည် ]

" ကြောင်နက်တစ်ကောင်နှလုံးသားထဲဝင်လာတယ် " သော့တွေအထပ်ထပ်ခတ်ထားတဲ့ ကောင်မလေးတစ်ယောက်ရဲ့နှလုံးသားထဲ ကြောင်နက်တစ်ကောင်ဝင်လာလေရဲ့။
" ကြောင်နက်တစ်ကောင်နှလုံးသားထဲဝင်လာတယ် " သော့တွေအထပ်ထပ်ခတ်ထားတဲ့ ကောင်မလေးတစ်ယောက်ရဲ့နှလုံးသားထဲ ကြောင်နက်တစ်ကောင်ဝင်လာလေရဲ့။ အဲ့ဒီကြောင်နက်လေးက အပြုံးချိုချိုအသံကောင်းကောင်းနဲ့ မျက်မှန်လေးလည်းတပ်ထားလို့လေတယ်။ ကြောင်နက်ကလေးနှင့်အတူ ချည်လုံးအပြာလေးပါပါလို့လာတယ်။ အဲ့ဒီနောက်တော့ မိန်းကလေးငယ်ရဲ့နှလုံးသားဟာ ကြောင်နက်လေးအတွက်ဖြစ်သွားတယ်။ - လိပ်ပြာ

အလွမ်းဒိုင်ယာရီ အဲ့ဒီနေ့က နောက်ဆုံးပဲနော် ခင်ဗျားမျက်နှာလေးကို မြင်လိုက်ရတာလည်းနောက်ဆုံးပဲ ခင်ဗျားကျောပြင်လေးကို မြင်လိုက်ရတာ
အလွမ်းဒိုင်ယာရီ အဲ့ဒီနေ့က နောက်ဆုံးပဲနော် ခင်ဗျားမျက်နှာလေးကို မြင်လိုက်ရတာလည်းနောက်ဆုံးပဲ ခင်ဗျားကျောပြင်လေးကို မြင်လိုက်ရတာလည်းနောက်ဆုံးပဲ အချစ်ရေ အနေနီးလို့သံယောဇဉ်တွယ်မိတာကို နားလည်ပေးရမယ်ဆိုရင် ငါတို့ချစ်ခဲ့ကြတုန်းကရော ငါတို့ချစ်ခဲ့ကြတယ်မလား တခါတလေမှာမင်းငါ့ကိုချစ်ခဲ့သလားလို့ ပြန်မေးမိတဲ့ရက်တွေရှိတယ်။ မင်းကတော့ဘဝသစ်မှာ လူအသစ်နဲ့ပျော်နိုင်ပေမယ့် ဒီကောင်ကြီးကတော့မင်းပြန်လာရင်ဆိုတဲ့ စိတ်ကလေးတစ်ခုထဲနဲ့ စောင့်မျှော်နေတာပါ အချစ်ရေ ငါ့မှာတော့ဘာမှမရှိဘူး မင်းကိုချစ်တဲ့မေတ္တာတွေနဲ့ မျက်ရည်တွေပဲရှိတယ်။ မင်းပြန်လာမယ်ဆိုရင် ထာဝရအတွက်တံခါးဖွင့်ထား တယ်အချစ်ရေ ဒီနေ့ပြန်လာမလား မနက်ဖြန်ပြန်လာမလား နောက်အပတ်လား နောက်လလောက်ဖြစ်မလား နောက် ၁နှစ်နေရင်လား ၁၀နှစ်နေရင်လား ဘယ်အချိန်ပဲဖြစ်ဖြစ်ပါ ပြန်လာမယ်ဆိုရင် ပြန်လာမယ်ဆိုရင်ပေါ့....။ - လိပ်ပြာ မေလ၊ ၁၉ရက်၊ ၂၀၂၆ [ ၁နာရီ ၅၇မိနစ် နေ့လည် ]

ဒီဘဝမှာ မင်းနဲ့တွေ့ရတယ် ဒီဘဝမှာ မင်းကို ချစ်ရတယ် ဒီဘဝရဲ့ လက်ကျန်အချိန်တွေအကုန်လုံး မင်းနဲ့အတူ ကုန်ဆုံးရရင် ငါလူဖြစ်လာရတဲ့ကိစ္
ဒီဘဝမှာ မင်းနဲ့တွေ့ရတယ် ဒီဘဝမှာ မင်းကို ချစ်ရတယ် ဒီဘဝရဲ့ လက်ကျန်အချိန်တွေအကုန်လုံး မင်းနဲ့အတူ ကုန်ဆုံးရရင် ငါလူဖြစ်လာရတဲ့ကိစ္စ ပြီးပါပြီ။ - လင်းမာအို

သက္ကရာဇ်တွေ နောက်ပြန်လည်ရင် ရာသီတွေ ‌ရပ်တန့်သွားခဲ့ရင် ရှင်သန်ခြင်းနဲ့ သေဆုံးခြင်းကြား နောင်တတရား‌တွေကို ငါပြန်ပြင်ဆင်ပါ့မယ်။ -အံ့လွန်းပျို