𝑬𝒙𝒑𝒓𝒆𝒔𝒔𝒊𝒏𝒈 𝒇𝒆𝒆𝒍𝒊𝒏𝒈𝒔
前往频道在 Telegram
ကမ္ဘာကြီးသာလည်ပတ်နေတာအမှန်ဆို ကိုယ်တိုနှစ်ယောက် ဒီနေရာလေးမှာ နောက်တစ်ခါလောက်ပြန်ဆုံနိုင်အုံးမှာပါလား။ https://t.me/expressing_feeling
显示更多236
订阅者
无数据24 小时
无数据7 天
-630 天
帖子存档
မမဟာ သိပ်လှတယ်။မမဟာ
သိပ်မြတ်နိုးဖို့ ကောင်းတယ်။
နှင်းဆီပန်းလေးလို
သိပ်အတ္တကြီးတဲ့မမ...ဒီကောင်နဲ့
မတန်တာ သိသာလွန်းပါတယ်
မမရယ်။
-အံ့လွန်းပျို
ကလောင်သစ်များဟာ
ကျွန်တော်တို့ရဲ့ အသီးအပွင့်တွေ
ဖြစ်ပါတယ်။ ရေလောင်းဖို့လိုသလို
ပေါင်းသင်ဖို့လည်းလိုပါတယ်။
အလေ့ကျပေါက်နေတဲ့ မြက်ပင်တွေ
မဟုတ်သလို သူများအပေါ်မှီခိုရတဲ့
နွယ်ပင်တွေလည်းမဟုတ်ပါဘူး။
သူတို့ဟာ ကျွန်တော်တို့ရဲ့
အက္ခရာပန်းလေးတွေသာ ဖြစ်ပါတယ်။
ဒီခေတ်က သူတို့အတွက်မဟုတ်ရင်တောင်
သူတို့ခေတ်ဆိုတာ ရောက်လာပါလိမ့်မယ်။
ကဗျာဗဟိုပြုစာပေကလပ်စည်း နဲ့
အဏ္ဏဝါဂယက်စာစောင်တို့
ပူးပေါင်းထုတ်လုပ်တဲ့
“အက္ခရာပန်းတို့တစ်ခေတ်ဆန်းချိန်”
ကဗျာစာအုပ် (E-book)လေးထွက်ရှိပါပြီ။
ဖတ်ရှုနိုင်ပါပြီဗျ။
-ကဗျာဗဟိုပြု စာပေကလပ်စည်း
#literary_club
#anawargayat_sarsungမမခင်ဟာ
တိတ်ဆိတ်ညတွေထဲ
မထင်မှတ်ဘဲ ကြားလိုက်ရတဲ့
သံစဉ်ချိုချိုတစ်ပိုဒ်လိုပဲ။
ရယ်သံလေးဟာ
ပုလွေသံအေးအေးတစ်စင်း
စကားပြောသံဟာ
နှလုံးသားပေါ်
ညင်သာစွာတီးခတ်နေတဲ့
စန္ဒရားလက်ချောင်းများ။
မျက်ဝန်းတစ်ချက်
လှည့်ကြည့်လိုက်တိုင်း
တေးသီချင်းတစ်ပုဒ်ရဲ့
အမြင့်ဆုံး သံစဉ်ကို
ရင်ထဲမှာ ကြားနေရသလို။
မမခင်မရှိတဲ့နေ့တွေကတော့
ကြိုးပြတ်နေတဲ့
တူရိယာတစ်လက်လို
အသံရှိချင်ပေမယ့်
သံစဉ်တွေ မထွက်လာတော့ဘူး။
-လင်းသစ်
-မမခင်အား
တေးဂီတနှင်တင်စားခြင်း
ကလောင်သစ္စာ
ဝေယံမိုးထိပ်၊ တန်ခွန်ချိတ်လို့
ဆိပ်ပြင်းမြားတံ၊ ငါ့စာသံတည့်။
မြေလျှိုးဝသုန်၊ ဂုဏ်ဒြပ်ထုံလို့
ဖြုံသင့်လှံဓား၊ ငါ့စာသွားတည့်။
မဇ္ဈိမလယ်၊ ဗဟိုဝယ်၌
ထည်ဝါကျမ်းအင်၊ ငါ့စာဉာဉ်တည့်။
ကလောင်မတုံး၊ ကဗျာဟုန်းနှင့်
မဆုံးပညာ၊ ဩဘာမှုန်းလို့
ရှေးထုံးဆိုင်ပြု၊ သံချိုညုလျက်
ဥဒါန်းမဝင်၊ ကမ္ဘာတွင်တည့်
ရှင်ပါးဆင်ချီ၊ ရွှေမြန်ပြည်၌
ထီတင်ဇမ္ဗူ၊ အောင်ခြူပန်းထွေ
ပိုင်ဆိုင်စေသား။
ရာစု-၂၁ရာစု
ရေးသူ-အံ့လွန်းပျို
အမျိုးအစား-လင်္ကာ
ဖောက်ထွက်လာတဲ့လူ
ဖြစ်သင့်တာနဲ့
ဖြစ်ချင်တာမှာ
ဖြစ်ချင်တာကိုပဲရွေးခဲ့တဲ့ ကောင်
ထမင်းစားဖို့လောက်နဲ့တော့
ဒူးထောက်မယ့်ကောင် မဟုတ်ဘူး
နဖူးရေဒူးရေကိုလည်း ကြည့်လိုက်ဦး
ဟေ့၊ ဒီမှာ
ဒီလောကထဲ ငါ ရောက်လာတာ
‘ထမင်း’ လာဝါးတာ မဟုတ်ဘူးကွ
သေခြင်းတရားနဲ့ စာချုပ်ချုပ်ပြီး
ငါ့လက်ထဲက ထမင်းလုတ်ကို လွှင့်ပစ်ခဲ့
ငါက ကဗျာရေးမယ့်လူပဲ
လူကြီးတွေကတော့ ပြောရှာပါတယ်
ခွေးဖြစ်မယ့်ကောင် တဲ့။
-နိုင်မြန်မာ
" အချေမင်းသား "
အမြဲပြုံးရယ်နေလေ့မရှိတဲ့
အစ်ကိုဟာတခါတလေမှာတော့
အားပါးတရပြုံးရယ်တတ်တယ်။
အချေမင်းသားလို့
နာမည်ကြီးတဲ့အစ်ကိုဟာ
ခပ်တည်တည်သာနေထိုင်လေ့ရှိတယ်။
သူသီချင်းတွေရေးရင်း
သီချင်းတွေဆိုရင်းနဲ့ပဲ
သူချစ်တဲ့အလုပ်ရယ်သူချစ်တဲ့လူတွေရယ်နဲ့
ဘဝကိုအေးချမ်းစွာဖြတ်သန်းတတ်တဲ့သူမျိုးပေါ့
အားပါးတရအမြဲပြုံးရယ်နေတဲ့လူတွေထက်
ကျွန်မဟာအချေမင်းသားလေးအစ်ကို့ကိုမှ
ချစ်မြတ်နိုးမိပါတယ်။
- လိပ်ပြာ
လမ်း
မိသားစုများအခန်းကဏ္ဍ
ကမ္ဘာဦးပုံသဏ္ဌာန်
တစ်ဦးပြန်အလာ တစ်ဦးမျှော်ကြ
မီးဖိုကြ။
ငါတို့ခေတ်မှာ ငါတို့ဟာ
ချစ်မေတ္တာကိုယူလာနိုင်ခဲ့လို့လား
အိမ်ပြန်လာကြတယ်။
ကားတစ်စင်းသေနေပေါ့
ညောင်ပင်ကြီးရဲ့အောက်မှာ
မိုးကမတိတ်တော့ဘူး
ဟောဒီလောကမှာ။
-အောင်ချိမ့်
အမှတ်တရများနဲ့ မေလ
ကြည်နူးစရာများနဲ့ မေလ
ချစ်ခြင်းမေတ္တာတွေနဲ့ မေလ
အလွမ်းဓာတ်တွေပြည့်နေတာ မေလ
ချစ်သူလေးရှိတဲ့ မေလ
သံယောဇဉ်ကြိုးတွေချည်မိတာ မေလ
မေလ မေလ
ဒိတ်ကလေးက လှတယ်
အတိတ်ကလေးကတော့
မလှခဲ့ဘူးထင်ရဲ့
ပြန်ကြည့်လိုက်ရင်
ဝေဝေဝါးဝါးတွေကြီးပဲ
ရှင်းရှင်းလင်းလင်းမရှိလှဘူး
အဲ့ထဲကမှအမုန်းတရားတွေနဲ့
မာနတွေကကြီးထွားလာတာ
ဘယ်သူမှတော့မသိကြဘူးထင်တယ်။
မင်းဟာ မာနကြီးသလို
အတ္တတွေနဲ့ခြယ်မှုန်းထားတဲ့
ပန်းချီကားတစ်ချပ်။
မေလဟာ
ငါ့ကိုခြောက်တယ်
ငါမကြောက်တတ်ဘူး
ကြောက်မနေမိဘူး။
အခုငါ့ရင်ထဲမှာ
မာနတွေကလွဲလို့
ဘာမှမရှိတော့ဘူး။
မေလ မေလ
ဒိတ်လှလှလေးနဲ့မေလ
အတိတ်မလှခဲ့တာ မေလ
မင်းကိုချစ်မိခဲ့တာ မေလ
ငါတို့ဝေးခဲ့တာလည်း မေလ
စာအုပ်လက်ဆောင်ပေးဖြစ်တဲ့
မေလ
အချစ်ဦးလို့
ခေါင်းစဉ်တပ်မိတာ မေလ
မချစ်ဖူးလို့ထင်မိတာလည်း မေလ
အမုန်းတရားတွေနဲ့ မေလ
အပြုံးများစွာနဲ့ မေလ
မာနတွေနဲ့ မေလ
မေလဟာ ငါ့ကိုခြောက်တယ်
ငါမကြောက်တတ်ခဲ့ဘူးထင်ပါရဲ့။
- လိပ်ပြာ
မေလ၊ ၂၀ရက်၊ ၂၀၂၆
[ ၂နာရီ ၂၀မိနစ် နေ့လည် ]
" ကြောင်နက်တစ်ကောင်နှလုံးသားထဲဝင်လာတယ် "
သော့တွေအထပ်ထပ်ခတ်ထားတဲ့
ကောင်မလေးတစ်ယောက်ရဲ့နှလုံးသားထဲ
ကြောင်နက်တစ်ကောင်ဝင်လာလေရဲ့။
အဲ့ဒီကြောင်နက်လေးက
အပြုံးချိုချိုအသံကောင်းကောင်းနဲ့
မျက်မှန်လေးလည်းတပ်ထားလို့လေတယ်။
ကြောင်နက်ကလေးနှင့်အတူ
ချည်လုံးအပြာလေးပါပါလို့လာတယ်။
အဲ့ဒီနောက်တော့
မိန်းကလေးငယ်ရဲ့နှလုံးသားဟာ
ကြောင်နက်လေးအတွက်ဖြစ်သွားတယ်။
- လိပ်ပြာ
အလွမ်းဒိုင်ယာရီ
အဲ့ဒီနေ့က
နောက်ဆုံးပဲနော်
ခင်ဗျားမျက်နှာလေးကို
မြင်လိုက်ရတာလည်းနောက်ဆုံးပဲ
ခင်ဗျားကျောပြင်လေးကို
မြင်လိုက်ရတာလည်းနောက်ဆုံးပဲ
အချစ်ရေ
အနေနီးလို့သံယောဇဉ်တွယ်မိတာကို
နားလည်ပေးရမယ်ဆိုရင်
ငါတို့ချစ်ခဲ့ကြတုန်းကရော
ငါတို့ချစ်ခဲ့ကြတယ်မလား
တခါတလေမှာမင်းငါ့ကိုချစ်ခဲ့သလားလို့
ပြန်မေးမိတဲ့ရက်တွေရှိတယ်။
မင်းကတော့ဘဝသစ်မှာ
လူအသစ်နဲ့ပျော်နိုင်ပေမယ့်
ဒီကောင်ကြီးကတော့မင်းပြန်လာရင်ဆိုတဲ့
စိတ်ကလေးတစ်ခုထဲနဲ့
စောင့်မျှော်နေတာပါ အချစ်ရေ
ငါ့မှာတော့ဘာမှမရှိဘူး
မင်းကိုချစ်တဲ့မေတ္တာတွေနဲ့
မျက်ရည်တွေပဲရှိတယ်။
မင်းပြန်လာမယ်ဆိုရင်
ထာဝရအတွက်တံခါးဖွင့်ထား
တယ်အချစ်ရေ
ဒီနေ့ပြန်လာမလား
မနက်ဖြန်ပြန်လာမလား
နောက်အပတ်လား
နောက်လလောက်ဖြစ်မလား
နောက် ၁နှစ်နေရင်လား ၁၀နှစ်နေရင်လား
ဘယ်အချိန်ပဲဖြစ်ဖြစ်ပါ
ပြန်လာမယ်ဆိုရင် ပြန်လာမယ်ဆိုရင်ပေါ့....။
- လိပ်ပြာ
မေလ၊ ၁၉ရက်၊ ၂၀၂၆
[ ၁နာရီ ၅၇မိနစ် နေ့လည် ]
ဒီဘဝမှာ မင်းနဲ့တွေ့ရတယ်
ဒီဘဝမှာ မင်းကို ချစ်ရတယ်
ဒီဘဝရဲ့ လက်ကျန်အချိန်တွေအကုန်လုံး
မင်းနဲ့အတူ ကုန်ဆုံးရရင်
ငါလူဖြစ်လာရတဲ့ကိစ္စ ပြီးပါပြီ။
- လင်းမာအို
သက္ကရာဇ်တွေ နောက်ပြန်လည်ရင်
ရာသီတွေ ရပ်တန့်သွားခဲ့ရင်
ရှင်သန်ခြင်းနဲ့ သေဆုံးခြင်းကြား
နောင်တတရားတွေကို
ငါပြန်ပြင်ဆင်ပါ့မယ်။
-အံ့လွန်းပျို
" ကိုသကြားနှင့်တစ်ညတာ "
အိပ်မက်တွေဟာ
ပြောင်းပြန်ကောက်ရသတဲ့
ညီမအဲ့နေ့ညကအိပ်မက်ကိုတော့
ပြောင်းပြန်မကောက်ဖြစ်ခဲ့ပါဘူး။
ဘာဖြစ်လို့လဲဆိုရင်တော့ဖြင့်
အိပ်မက်ထဲကကိုသကြားကြောင့်ပေါ့ကွယ်။
ကိုသကြားဟာမင်းသားလေးလို
ညီမအိပ်မက်ထဲထိစိုးမိုးလာလေရဲ့
ဒါကြောင့်ကိုသကြားနဲ့မက်ခွင့်ရတဲ့
အိပ်မက်ကလေးကိုညီမပြောင်းပြန်
မမှတ်ယူနိုင်ဘူး အစ်ကိုရယ်။
အိပ်မက်ထဲမှာတွေ့ခွင့်ရတဲ့
တစ်ခဏဟာသိပ်ကိုကြည်နူးဖို့ကောင်းခဲ့ပါတယ်။
ပျော်ရွှင်စရာအတိနဲ့အိပ်မက်တစ်ခုကို
မက်ခွင့်ရတဲ့ညကရင်ခုန်စရာသိပ်ကောင်းခဲ့ပါတယ်။
- လိပ်ပြာ
"ခင့်ကို"
ခင့်ကို ကြယ်တွေထက်ပိုချစ်တယ်
ခင့်ကို လေတွေထက်ပိုချစ်တယ်
ခင့်ကို ဒီရေတွေထက်ပိုချစ်တယ်
ခင့်ကို ကိန်းဂဏန်းတွေထက်ပိုချစ်တယ်
ခင့်ကို ပညာတွေထက်ပိုချစ်တယ်
ခင့်ကို Atomတွေထက်ပိုချစ်တယ်
ခင့်ကို Chemicalတွေထက်ပိုချစ်တယ်
Space ထဲမှာ Universe တွေမရေမတွက်နိုင်အောင်ရှိတယ်
ခင့်ကို အဲ့ဒီ Universeတွေထက်ပိုချစ်တယ်
အဲ့လောက်လေးပဲ
ချစ်တာပါခင်ရယ်.....
-လင်းသစ်
မင်းကလည်း
ဆတ်ဆတ်ထိမခံဘူး
ထစ်ခနဲဆို
စိတ်ကောက်ဖို့ပဲ
တတ်တယ်။
ငါကလည်း
မင်းမျက်နှာ
တချက်ကလေးပျက်ရင်
မနေတတ်ဘူး
ချော့ဖို့ပဲတတ်တယ်။
-မင်းလူ
