en
Feedback
𝑬𝒙𝒑𝒓𝒆𝒔𝒔𝒊𝒏𝒈 𝒇𝒆𝒆𝒍𝒊𝒏𝒈𝒔

𝑬𝒙𝒑𝒓𝒆𝒔𝒔𝒊𝒏𝒈 𝒇𝒆𝒆𝒍𝒊𝒏𝒈𝒔

Open in Telegram

ကမ္ဘာကြီးသာလည်ပတ်နေတာအမှန်ဆို ကိုယ်တိုနှစ်ယောက် ဒီနေရာ​​လေးမှာ နောက်တစ်ခါလောက်​​​ပြန်ဆုံနိုင်အုံးမှာပါလား။ https://t.me/expressing_feeling

Show more
236
Subscribers
No data24 hours
No data7 days
-630 days
Posts Archive
မသက်ထားနွေအား လွမ်းခြင်း ကံ့ကော်တွေဖူးလို့ အချစ်ဦးကိုရူးရတဲ့ ရာသီတောင် တစ်ပတ်ပြန်လည်လို့လာခဲ့ပြီ မသက်ထားနွေ။ အရင်လိုဒိုးလုံးသီးချင်းတွေ ခင်ဗျားနားထောင်တုန်းပဲလား။ ဒီရာသီရောက်ရင်ရော ခင်ဗျားအရင်လိုဒီမြို့ကလေးစီ တစ်ခါပြန်လာကြည့်ဖြစ်သေးရဲ့လား။ ကျုပ်တို့လက်တွေမတွဲထားတော့ကတည်းက ခင်ဗျားမရှိတော့တဲ့ ဒီမြို့လေးကလည်း ပန်းတွေနွမ်းလို့ ရွက်ဝါတွေ မလန်းတော့တာ ကြာပါပြီ မသက်ထားနွေ။ နွေမှာမြစ်ရေခမ်းသလို ကျုပ်နှလုံးသားက မျက်ရည်တွေလည်း ခမ်းခြောက်လုနီးပါးဖြစ်ခဲ့ ရပါပြီ တကယ်ပဲ ခင်ဗျားမျက်ကွယ်ပြုရက်ပြီလား။ ခင်ဗျားသိပ်ချစ်ပါတယ်ဆိုတဲ့ ကျုပ်ကို ပိတောက်ခြောက်တွေကြား ထားခဲ့လို့နောက်ကမ္ဘာအသစ်တွေ့နေပြီလား။ မသက်ထားနွေဖြေပါ ကျုပ်ကိုချစ်ခဲ့ရဲ့လားဆိုတာ မသက်ထားနွေဖြေပေးပါ။ ကံ့ကော်ဦးတွေ သိမ်းထားတုန်းဆိုတာကရော အလိမ်အညာစကားတွေပဲလား မသက်ထားနွေ။ ခင်ဗျားရဲ့ ဆေးရောင်စုံနှုတ်ခမ်းပါးက အလိမ်အညာစကားဖြစ်ဖြစ် မေတ္တာစကားဖြစ်ဖြစ်လာပြောလှည့်ပါဦး။ ကျုပ်တို့ဝေးသွားပြီးကတည်းက မျက်ဝန်းညိုတွေဆံနွယ်ရှည်တွေကို မတွေ့ရတော့တာ ၁၀နှစ်ရှိခဲ့လေပြီ။ အချစ်တွေမစစ်ခဲ့လို့လား... အချိန်တွေမှားခဲ့လို့လား... နေရာတွေမှားခဲ့တာလား... ခင်ဗျားဖြေပါ မသက်ထားနွေ... ခင်ဗျားဖြေလှည့်ပါ ပြောလှည့်ပါ။ မျက်ဝန်းညိုညိုကနေ ကျွန်တော့်အတွက် အမုန်းမျက်စောင်းတွေမိုးလှည့်ပါ။ ခက်တယ်... မသက်ထားနွေရဲ့ သိပ်ကိုခက်တယ်။ ခင်ဗျားမရှိရင် မရှင်သန်နိုင်တဲ့ ကျုပ်အဖို့တော့ သိပ်ခက်တယ်ဗျ။ ခင်ဗျားကတော့ ကျုပ်ကိုလွယ်လွယ်လေးကစားပြီး လွယ်လွယ်လေးပဲ ထားသွားရက်ပါတယ်။ ခင်ဗျားကို ချစ်ကြောင်းတာပြောရင် အတိတ်အကြောင်းတွေပြန်တွေးရင်း ဒီတစ်ညတော့ညဥ့်နက်လေဦးမယ်ထင်ရဲ့ မသက်ထားနွေရယ်။ - လိပ်ပြာ

လူမှန်နေရာမှန်မှာ တွေ့ချင်မိရုံပါ။ ရွှေငါးလေး မြောင်းရေထဲ ရောက်နေလို့ လွှတ်ပေးလိုက်ရခြင်းဟာ မချစ်လို့မှ မဟုတ်ဘဲ။ -အံ့လွန်းပျို

ခေါင်းစဉ်မဲ့ ဒဏ်ရာချင်းတူပါတယ် ဒါပေမဲ့ တစ်ချို့က ထုတ်မပြတတ်ကြဘူး။ ဝေဒနာချင်းတူပါတယ် ဒါပေမဲ့ နာကျင်ပုံချင်းတော့ မတူနိုင်ကြဘူးမလား။ ပျော်နေသူရဲ့ ကမ္ဘာမှာလဲ မပြီးပြည့်စုံမှုတွေရှိကြောင်း ဘယ်သူတွေကများ သိမှာတဲ့လဲ။ လောကကြီးဟာ တရားပါတယ် အိပ်မက်တွေကလည်း ဈေးကြီးပါတယ် ပေါပေါလောလောရနေတာဆိုလို့ သစ္စာမဲ့မှုတွေပဲရှိမယ် ထင်တယ်။ ကိုယ်ချစ်တဲ့ လူရဲ့ ကမ္ဘာမှာ သူချစ်တဲ့ လူရဲ့ ကမ္ဘာလေးရှိကြောင်း ဘယ်သူကများကြားချင်မှာတဲ့လဲ။ လူတစ်ယောက်ကို မြို့တစ်မြို့.. သီချင်းတစ်ပုဒ်.. အရောင်တစ်ရောင်နဲ့တွဲမမှတ်ရဘူးတဲ့ ဒီစကားကို ချစ်မိမှပဲ သိ‌တော့တယ်။ အရာရာဟာ တရားပါတယ်... လှပပါတယ်...‌ သဘာဝကျပါတယ်။ အဆုံးသတ်မှာ ပိုချစ်ရတဲ့သူဟာ ချန်ထားခဲ့ခံရပြီး ကမ္ဘာကြီးရဲ့ တစ်နေရာရာမှာ ကွေးကွေးလေး ကျန်နေခဲ့တော့တာပါပဲ။ - လိပ်ပြာ

လိုချင်တပ်မက်မှုတွေမရှိဘူး။ ‌ဖြစ်ချင်တဲ့ ဆန္ဒတွေလဲမရှိဘူး။ မင်းစိတ်တိုင်းကျ ရှင်ဆိုရှင် သေဆိုသေရတဲ့ဘဝမှာ ငါ့မှာမင်းပဲရှိပါတယ်။ -အံ့လွန်းပျို

သံသရာလည်ခြင်းမှာ ဝဋ်ကြွေးမှန်သမျှ ကုန်စေချင်ပါပြီ။ မမြင်ရ‌တဲ့ဆူးမလို့ မနာဘူးမထင်ပါနဲ့။ စိုက်သွားတာက နှလုံးသားတည့်တည့်ကိုပါ။ -အံ့လွန်းပျို

ငါ ဘယ်ရောက်သွား လေက တိုက်နေတယ် ငါ ဘယ်ရောက်သွားသလဲလို့ တိုက်နေတဲ့လေကို မေးမိတယ် လေက ငြိမ်နေတယ် ပြန် မဖြေ... ။ -ကေဇဝင်း

လိုတစ်မျိုး မလိုတစ်မျိုး လောကကြီးထဲ ငါဟာတစ်ယောက်ထဲ....။ - လိပ်ပြာ
လိုတစ်မျိုး မလိုတစ်မျိုး လောကကြီးထဲ ငါဟာတစ်ယောက်ထဲ....။ - လိပ်ပြာ

ချစ်တာခြင်းအတူတူ အခွင့်အရေးမရှိတဲ့လူဟာ သနားစရာပဲ။ မိုးကောင်းကင်က လမင်းကြီးကို အပိုင်လိုချင်တဲ့ ကလေးငယ်တစ်ယောက်လို ဘယ်သူကတော့မြင်ရရုံနဲ့ ကျေနပ်နိုင်မလဲခင်...။ -အံ့လွန်းပျို ၂၂၊ ၁၁၊ ၂၅

တယုတယ သိမ်းထားမိတဲ့ အိပ်မက်အပိုင်းအစလေးတွေ အခုများတော့ သစ်ရွက်ခြောက်တွေနဲ့အတူ မီးရှို့ပြာကျသွားရပြီ။ - လိပ်ပြာ

ကဗျာစာစဉ်အမည် - သင်းကွဲငှက်ငယ် ကဗျာအမှတ်စဉ် (၄) ဒီအပတ်မှာ‌လည်း မတူညီတဲ့ ခံစားချက်ပေါင်းစုံနဲ့ ကဗျာချစ်သူတွေကို ဘယ်လိုရသတွေ ခံ
ကဗျာစာစဉ်အမည် - သင်းကွဲငှက်ငယ်
ကဗျာအမှတ်စဉ် (၄) ဒီအပတ်မှာ‌လည်း မတူညီတဲ့ ခံစားချက်ပေါင်းစုံနဲ့ ကဗျာချစ်သူတွေကို ဘယ်လိုရသတွေ ခံစားသွားစေမလဲဆိုတာကို ရင်သက်ရှုမောဖွယ် စောင့်မျှော်လျက်ရှိပါပြီ။ ကဗျာချစ်သူများအားလုံး ပါဝင်ရေးသားပေးကြဖို့ ဖိတ်ခေါ်လက်ကမ်းလိုက်ရပါတယ်ခင်ဗျာ..🫡။ ကဗျာစာမူပိတ်သိမ်းချိန် - ၁၂ရက်နေ့ ည ၉နာရီ ကဗျာစာစဉ်အတွက် ကဗျာစာမူများကို @Alp_ll2010 ဒီအကောင့်ဆီ ပေးပို့နိုင်ပါပြီခင်ဗျ။ -ကဗျာဗဟိုပြု စာပေကလပ်စည်း #poetry_series #A_poetryhub #literary_club

လိုရာဆုကို တောင်းလို့ရမယ်ဆိုရင် စည်းစိမ်အပြည့်နဲ့ ဇိမ်ယစ်နေရမဲ့ ဘဝမျိုးထက် ‌ လွမ်းတိုင်း ပြေးတွေ့ခွင့်ရတဲ့ အခွင့်ထူးခံဘဝမျိုးကိုသာ ကျွန်တော်လိုချင်ပါတယ်။ -အံ့လွန်းပျို

ခရီးတွေဟာ ကြမ်းတယ်.. ခြေလှမ်း‌တွေဟာလည်း ပိုလှမ်းရ ခက်စေတယ် မမသက်။ - လိပ်ပြာ
ခရီးတွေဟာ ကြမ်းတယ်.. ခြေလှမ်း‌တွေဟာလည်း ပိုလှမ်းရ ခက်စေတယ် မမသက်။ - လိပ်ပြာ

ကျွန်တော့်ရဲ့ လူငယ်ဘဝလေးမှာ ရေဒီယိုတစ်လုံး ဂစ်တာတစ်လက်နဲ့ စာအုပ်တစ်သေတ္တာပဲ ရှိခဲ့ပါတယ် ။ ကျွန်တော့်ရဲ့ လူငယ်ဘဝလေးမှာ ဘီယာဆိုင်တွေ၊ နိုက်ကလပ်တွေ မရှိခဲ့ပါ စာအုပ်ဆိုင်နဲ့ လက်ဖက်ရည်ဆိုင်သာ ကျွန်တော်ရဲ့ကမ္ဘာ...။ -လှသန်း

အတိတ်ရဲ့ ဒိုင်ယာရီ ရတာမလို လိုတာမရတဲ့ ဘ‌ဝတွေမှာ နေသားတကျ... ရန်ကုန်ရဲ့ ညအမှောင်ဟာ အိပ်မက်ထဲကို ဝင်ဝင်လာတယ်။ ဘာလိုလဲ.. ဘာရှာလဲ.. မမေးပါနဲ့ အချစ်စစ်စစ်နဲ့ အချိန်စစ်စစ်ကိုလိုပါတယ်။ ထူးအိမ်သင်ရဲ့ ချစ်သူ့လက်ဆောင် သီချင်းကို ကြားတိုင်း နေရောင်ခြည်တွေကို ပြေးမြင်ရပါတယ်။ အပြုံးနုနုတွေဟာ ကိုယ့်အပိုင်မဟုတ်ကြောင်း တကူးတကလာပြောသူကိုလည်း ကျေးဇူးတင်မိပါသေးတယ်။ အချစ်တွေထပ်တူကျခဲ့ပါတယ်... ကျွန်တော်နဲ့တော့ မဟုတ်ခဲ့ဘူးပေါ့... ခင်ဗျားတို့ ၂ယောက်အချစ်တွေ ထပ်တူကျခဲ့ပါတယ်။ လူတစ်ယောက်ကို နှလုံးသားရဲ့အနက်ရှိုင်းဆုံးမှာ သိမ်းထားရင်း လူတစ်ယောက်ကို ချစ်ရတာဟာ ဘယ်လောက်ခက်ခဲကြောင်း ချစ်ဖူးသူမှ သိပါလိမ့်မယ်။ ကျွန်တော်တို့ဟာ ရတာမလို လိုတာမရတဲ့ ဘ‌ဝတွေမှာ နေသားတကျဖြစ်ခဲ့ပါပြီ။ မရုန်းထွက်နိုင်သ၍ သည်းခံခဲ့ခြင်းတွေကိုလည်း အချစ်လို့ပဲ ခေါင်းစဉ်တပ်ပေးပါ စွဲလမ်းစိတ်လို့ မခေါ်သွင်စေချင်လို့ပါ။ ရန်ကုန်မြို့ရဲ့ ညအမှောင်ဟာ တရွေ့ရွေ့ ပြန့်လွင့်လာတယ်။ ချစ်ရသူဟာ တဖြည်းဖြည်းလွှင့်စင် ပျောက်ကွယ်သွားခဲ့ပြီ။ ထူးအိမ်သင်ရဲ့ ချစ်သူလက်ဆောင် သီချင်းဟာ ရေဒီယိုကနေပြန့်လွင့်လာတယ်။ ဒါဟာ.. ချစ်သူ့လက်ဆောင်များတဲ့... ဘဝတွေဟာ နေသားကျခဲ့ရပါပြီ အချစ်တွေလည်း ထပ်တူကျခဲ့ပါတယ် ကျွန်တော်မပါဝင်ခဲ့တာပဲရှိတာပါ ခင်ဗျားတို့ အချစ်တွေထပ်တူကျခဲ့ပါတယ်။ ကျွန်တော်တို့ဟာ ရတာမလို လိုတာမရတဲ့ ဘ‌ဝတွေမှာ နေသားတကျဖြစ်ခဲ့ပါပြီ။ တစ်ချိန်က ပိုင်ဆိုင်ခဲ့ရတဲ့ အပြုံးတွေဟာလည်း တကယ်တမ်း လက်တွေ့မှာ တခြားသူအပိုင်ဆိုတာကို လက်ခံလိုက်ပါပြီ။ သွားရင်း... လာရင်း... စားရင်း... သောက်ရင်းပဲ.. သတိရတ ရှိနေမိပါတယ်။ နေဝင်ချိန်‌တွေမှာ ကျွန်တော်တို့ အတူမရှိနိုင်တော့ဘူးဆိုတာ အသေချာကြီးကို သေချာခဲ့ရပြီ။ လူတစ်ယောက်ကို ချစ်ရင်း လူတစ်ယောက်ကိုတော့ တယုတယသိမ်းထားတုန်းပါပဲ... ငိုတလှည့် ပြိုတလှည့်ပေါ့။ အဆင်ပြေပြေရှိမယ် ထင်ခဲ့ရတဲ့ နေ့ရက်တွေမှာလည်း... အဆင်ပြေပြေမရှိခဲ့ကြောင်း တစွန်းတစသိခဲ့ရပါတယ်။ နွေဦးဟာ လေရူးကို ကျီစယ်ရင်း ပထမဝါဆိုဟာ မင်းကိုသတိရစေတယ် အသက်... ဆောင်းညတွေမှာ မင်းအသံလေးနဲ့ အနွေးဓာတ်ပြု‌ချင်ပေမဲ့ ရာသီစက်ဝန်းဟာ ကျော်လွန်ခဲ့ပြီဆိုတာကို လက်ခံပါတယ်။ လက်မခံချင်လည်း ကျွန်တော်လက်ခံခဲ့ရပါတယ်။ ငိုတလှည့် ပြိုတလှည့်နဲ့ပဲ ရတာမလို လိုတာမရတဲ့ဘဝတွေမှာ နေသားတကျရှိခဲ့ပါပြီ။ ချစ်ရသူဟာ ပြုံးနေလေတယ်.. ကိုယ်မဟုတ်တဲ့ သူနဲ့ဆိုတဲ့ အတွေးကို ဖျောက်ဖျက်ရင်း ကျေနပ်ခဲ့ရပါတယ်။ ဘာလိုလဲ.. ဘာရှာလဲ.. မမေးပါနဲ့ အချစ်စစ်စစ်နဲ့ အချိန်စစ်စစ်ကိုလိုပါတယ်။ သွားရင်း... လာရင်း... စားရင်း... သောက်ရင်း... ကဗျာရေးရင်း.. ဂစ်တာတီးရင်းပဲ... သတိရတ ရှိနေမိပါတယ်။ အချစ်တွေထပ်တူကျခဲ့ပါတယ်.. ကိုယ်မပါခဲ့တာပဲရှိတာပါ အသက်။ - လိပ်ပြာ ၈ရက်၊ ၇လ၊ ၂၀၂၆ [ မနက် ၁၁နာရီ ၆မိနစ် ]

လူတစ်ယောက်ကို သေချာပေါက် လိုအပ်နေပါလျက်နဲ့ ငါမလိုဘူးလို့ ညာလိုက်ရတဲ့ အခိုက်အတန့်တွေလောက် ကျိုးကြေစရာကောင်းတာ မရှိဘူး ။ -ဘုန်းမင်းနွေ

အသက်ရေ... မင်းလည်း မတောင်းပန်နဲ့တော့ ကိုယ်လည်း မတောင်းပန်တော့ဘူး။ ဘယ်လောက်လျှောက်လျှောက် မရောက်တော့မဲ့ ခရီးတွေအတွက်လည်း ကိုယ်ဝမ်းနည်းမနေတော့ဘူး။ ဒီဘဝ ဒီအမျှလို့ပဲ မှတ်ယူလိုက်မယ် အသက်ရေ... - လိပ်ပြာ - ရင်ထဲက ဒဏ်ရာသေးသေးလေး ကဗျာမှ ၂၄ရက်‌၊ ၆လ၊ ၂၀၂၆ [ ၉နာရီ ၃၂မိနစ် ည ]

သတိရမိတဲ့အကြောင်း ခင်ဗျားဆိုတဲ့ ပြာလဲ့လဲ့ ရပ်ဝန်းလေးကို တွေးကြည့်လိုက်တာနဲ့ သွယ်လျလျခန္ဓာကိုယ်လေးရယ် ပါးမို့မို့ထက်က အပြုံးပန်းလေးနဲ့ ပါးချိုင့်ကွက်ကလေးရယ် မျက်ရစ်မပါတဲ့ မျက်ဝန်းညိုညို‌တွေရယ် မထူမပါးမျက်ခုံး‌မွှေးလေးတွေရယ် နက်မှောင်လွန်းတဲ့ ဆံနွယ်ရှည်တွေနဲ့ ကော်ဖီသိပ်ကြိုက်တဲ့ အကြောင်းတွေရယ် မနက်တိုင်းအပြင်ထွက်ပြီး မနက်စာစားတတ်တဲ့ အကျင့်ကလေးရယ် စကားပြောတိုင်း လူတစ်ယောက်ကို အမြဲစိုက်ကြည့်တတ်တာလေးရယ် ပန်းကလေးတွေကို ချစ်တတ်တာလေးရယ် ဒိုးလုံးသီချင်းတွေ နားထောင်ရတာ သိပ်ကြိုက်တာရယ်ကို ကျုပ်အချိန်တိုင်းသတိရမိပါတယ် မသက်ထားနွေ။ - လိပ်ပြာ Art by Puffy fish

ခေါင်းကျကျ ပန်းကျကျ ချစ်သူမျက်နှာညှိုးမှာလောက် ဘယ်အရာမှအရေးမကြီးဘူး။ ဒေဝဒတ်ပဲတွေ့တွေ့ ဧဝရတ်ပဲရွေ့ရွေ့ ငါ့ကမ္ဘာကြီးပြုံးနေရင်တော်ပြီ...။ -အံ့လွန်းပျို ၁၈၊ ၁၁၊ ၂၅

ကမ္ဘာဟာ ပြည့်စုံပါတယ်... ချစ်သူလေးရဲ့ အသံလေးနဲ့အတူ နိုးထရတဲ့ မနက်ခင်းတွေဟာ လူ့ပြည်ကပေးတဲ့ ပြီးပြည့်စုံခြင်းတွေပဲမဟုတ်လား။ - လ
ကမ္ဘာဟာ ပြည့်စုံပါတယ်... ချစ်သူလေးရဲ့ အသံလေးနဲ့အတူ နိုးထရတဲ့ မနက်ခင်းတွေဟာ လူ့ပြည်ကပေးတဲ့ ပြီးပြည့်စုံခြင်းတွေပဲမဟုတ်လား။ - လိပ်ပြာ

ငါမျက်စိဖွင့်လိုက်ရင် နံဘေးမှာ မင်းရှိနေမယ်။ ငါ့လက်တွေအေးနေရင် မင်းလက်နွေးနွေးကို ဆုပ်ကိုင်ထားမယ်။ မျက်လုံးချင်းဆုံတဲ့အခါ မင်းမျက်လုံးတွေ သိပ်လှကြောင်း ငါပြောပါဦးမယ်။ နောင်ဘဝပေါ့ ဒီဘဝတော့ ထားလိုက်ပါတော့လေ...။ -အံ့လွန်းပျို ၁၂၊ ၁၀၊ ၂á