en
Feedback
𝑬𝒙𝒑𝒓𝒆𝒔𝒔𝒊𝒏𝒈 𝒇𝒆𝒆𝒍𝒊𝒏𝒈𝒔

𝑬𝒙𝒑𝒓𝒆𝒔𝒔𝒊𝒏𝒈 𝒇𝒆𝒆𝒍𝒊𝒏𝒈𝒔

Open in Telegram

ကမ္ဘာကြီးသာလည်ပတ်နေတာအမှန်ဆို ကိုယ်တိုနှစ်ယောက် ဒီနေရာ​​လေးမှာ နောက်တစ်ခါလောက်​​​ပြန်ဆုံနိုင်အုံးမှာပါလား။ https://t.me/expressing_feeling

Show more
236
Subscribers
No data24 hours
No data7 days
-630 days
Posts Archive
အနာတွေ တဖြည်းဖြည်း ပျောက်စပြုလာပါပြီ။ ခင်ဗျားတို့ ပြောသလို သွေးသံရဲရဲမဟုတ်ပေမဲ့ အမာရွတ်ကတော့သေရာပါပဲ မဟုတ်လား။တစ်ခါတစ်လေ‌လဲ သွေးမထွက်တဲ့ ဒဏ်ရာတွေက ပိုနာကျင်ရပါတယ်။ -အံ့လွန်းပျို ၂၂၊ ၆၊ ၂၅

မင်းနဲ့ ငါ့ရဲ့ အကွာအဝေးကို ဘာနဲ့တိုင်းတိုင်း အဖြေဟာ တူညီပါတယ် အသက်ရေ...။ - လိပ်ပြာ

မဟုတ်မမှန်၊ ဧကန်လိမ်ခြင်း မုသားတွင်းတွင်၊ အဆင်းမက နှလုံးဉာဉ်ပင် ရွံရှာသွင်။ လိမ်လည်လှည့်ခြင်း၊ ကင်းစေသော်ဝ်။ အဟုတ်မမှား၊ ‌ရိုးသားတတ်မှု ဖြူစင်ပြုက၊ နှိုင်း‌တုလျှံထက် လေးနက်စိတ်လျှင် မြတ်နိုးမင်။ ဖြောင့်မတ်စင်ခြင်း၊ သင်းစေသော်ဝ်။ -အံ့လွန်းပျို

အိပ်မက်ထဲက နေကြာဝါတွေ [ ၃ ] တိတ်ကလေး ချစ်ပြီး တိတ်တိတ်ကလေး ကြည်နူးနေရတဲ့ အခိုက်တန့်တွေမှာ ကိုယ်ဟာ ငြီးငွေ့သွားတယ်လို့ မရှိခဲ့
အိပ်မက်ထဲက နေကြာဝါတွေ [ ၃ ] တိတ်ကလေး ချစ်ပြီး တိတ်တိတ်ကလေး ကြည်နူးနေရတဲ့ အခိုက်တန့်တွေမှာ ကိုယ်ဟာ ငြီးငွေ့သွားတယ်လို့ မရှိခဲ့ရပါဘူး။ နေကြာဝါဝါတွေနဲ့ တွေ့လေတိုင်း ဒီနှလုံးသားဟာ ဦးနှောက်ကို အမြဲ အနိုင်ရပါတယ်။ - လိပ်ပြာ

အေးစက်စက် လေပြည်တစ်ချက်မှာ ငါ့စိတ်ဝိညာဉ် လွင့်ပြယ်ပါစေ။ နွေးဓာတ်ထွက် ရောင်ခြည်နုမှာ ငါ့အသက်နှလုံး ပျောက်ကွယ်ပါစေ။ မှေးစက်လျက် ချစ်တဲ့သူရေ ဒီဘဝမှာ ငါလိုလူနဲ့ လွဲပါစေ။ -အံ့လွန်းပျို

အိပ်မက်ထဲက နေကြာဝါတွေ [ ၂ ] ဝိုးတိုးဝါးတား ပုံရိပ်ယောင်တွေထဲက ကိုယ့်ရဲ့ အပြုံးနတ်သမီးလေး ညဘက်တွေမှာ ရင်ခုန်စွာနဲ့ အိပ်ပျော်စေ
အိပ်မက်ထဲက နေကြာဝါတွေ [ ၂ ] ဝိုးတိုးဝါးတား ပုံရိပ်ယောင်တွေထဲက ကိုယ့်ရဲ့ အပြုံးနတ်သမီးလေး ညဘက်တွေမှာ ရင်ခုန်စွာနဲ့ အိပ်ပျော်စေသူလေး... အိပ်မက်ထဲက အပြုံးနတ်သမီးလေး...။ - လိပ်ပြာ

မင်းကိုချစ်နေရခြင်းမှာ ငါ့ရဲ့မေတ္တာ မင်းကိုမေ့မရခြင်းဟာ ငါ့ရဲ့သစ္စာ တကယ်တမ်းကြ မဖြစ်နိုင်ခြင်းတွေပါပဲ။ -မြနန်းစံ

အိပ်မက်ထဲက နေကြာဝါတွေ [ ၁ ] နူးညံ့ခြင်းကို အချစ်လို့ အဓိပ္ပါယ်ဖွင့်မယ်ဆို ပျော်ရွှင်ခြင်းတွေကိုတော့ အသက်ရဲ့ ပါးမို့မို့ထက်က ပ
အိပ်မက်ထဲက နေကြာဝါတွေ [ ၁ ] နူးညံ့ခြင်းကို အချစ်လို့ အဓိပ္ပါယ်ဖွင့်မယ်ဆို ပျော်ရွှင်ခြင်းတွေကိုတော့ အသက်ရဲ့ ပါးမို့မို့ထက်က ပါးချိုင့်ခွက်ကလေးလို့ ခေါင်းစဉ် တပ်လိုက်မယ်။ - လိပ်ပြာ

ငါ့ကဗျာထဲမှာ မင်းပါရင် ပါလိမ့်မယ်။ဒါပေမဲ့ မင်းက ငါ့ကဗျာမဟုတ်ဘူး။ ငါကဗျာကို ချစ်သလို ကဗျာကသာ ငါ့ကိုချစ်ပါစေ။ -အံ့လွန်းပျို

လွတ်မြောက်လမ်းတွေရှိခဲ့ပေမဲ့ ငါထွက်မလာခဲ့ဘူး အသက်.... ဘာဖြစ်လို့ဆို.. ချစ်လို့... ချစ်လို့.. သိပ်ချစ်လို့.. လှောင်လိုက်စမ်းပါ
လွတ်မြောက်လမ်းတွေရှိခဲ့ပေမဲ့ ငါထွက်မလာခဲ့ဘူး အသက်.... ဘာဖြစ်လို့ဆို.. ချစ်လို့... ချစ်လို့.. သိပ်ချစ်လို့.. လှောင်လိုက်စမ်းပါဦး ပြုံးလိုက်စမ်းပါဦးကွာ ငါ့ကို ဟားတိုက်ရယ်လိုက်ပါဦး။ - လိပ်ပြာ

ရူးရူးမိုက်မိုက်ချစ်ရင်း ရူးရူးမိုက်မိုက်နစ်ခဲ့ရတဲ့ နေ့ရက်တွေကို သတိရလျက်။ - လိပ်ပြာ

ရာပေးလို့ ထောင်မပွားနိုင်သ၍တော့ ကျွန်တော့်ရဲ့ရည်းစားအနေနဲ့သာ ရှိနေပေးပါ။ -ဒေါင်းနက်

မိုးရာသီလည်း လွမ်းတယ် အသက်ရဲ့... ကိုယ့်မှာ မင်းကို ရာသီမရွေး လွမ်းနေမိတာ။ - လိပ်ပြာ
မိုးရာသီလည်း လွမ်းတယ် အသက်ရဲ့... ကိုယ့်မှာ မင်းကို ရာသီမရွေး လွမ်းနေမိတာ။ - လိပ်ပြာ

ရက်စက်လေခြင်း ငါအရင်ချစ်ခဲ့တာလို့ ပြောရင် မင်းယုံမလားအသက်။ ဒီညကြယ်တွေ မကြွေစေချင်ဘူး။ ငါ့ဆုတောင်းတွေ ပြည့်သွားမှာထက် မင်းချစ်တဲ့ ကြယ်တွေကြွေမှာကို ငါပိုကြောက်တယ် အသက်။ မင်းသိလား အသက် လူတစ်ယောက်မှာ သူသိပ်မြတ်နိုးရတဲ့ အရာတွေအများကြီးရှိလိမ့်မယ်။ ဒါပေမဲ့ သူအမြတ်နိုးဆုံးကတော့ တစ်ခုတည်းပဲ။ အင်း... အဲ့လိုပဲပေါ့ ငါ့အသက်ရယ် မင်းဟာလဲ ငါ့ရဲ့တစ်ခုတည်းသော မြတ်နိုးရာပဲ။ ဒီအချိန်မင်းငိုနေမလား ငါတွေးခဲ့သေးတယ် အသက်။ ငါ့ဒဏ်ရာကိုမှမထောက် မင်းဘက်ကိုတွေးပေးခဲ့တယ် အသက်ရေ။ မင်းကတော့ လုပ်ရက်တယ်...။ ‌တစ်ခါတစ်လေ‌တော့ အနာလဲပေး ဆေးလဲပေးရင် သိပ်ကောင်းမယ် အသက်။ အခုတော့အစိမ်းသက်သက် ဒဏ်ရာတွေချည်းပါလား။ ရက်စက်လိုက်တာ အသက်ရယ်။ ငါလေ...မင်းကိုတခြားသူတွေထက် ပိုချစ်ခဲ့တာ။ အရာရာတိုင်းထက် မင်းကို တန်ဖိုးထားခဲ့တာ။ ငါ့အချိန်တွေ အားလုံးကို မင်းဆီမှာပဲမြှုပ်နှံခဲ့တာ။ ငါ့လက်ကျန်ဘဝတစ်ခုလုံးကို မင်းနဲ့အတူ ဖြတ်သန်းချင်ခဲ့တာ အသက်။ ငါဟာ အရူးပဲအသက်ရယ်။ စိတ်ပျက်တယ် အသက်။ ငါ့ကိုယ်ငါ စိတ်ပျက်တယ်။ ငါကလွဲရင် အရာအားလုံးကို အလေးထားတဲ့ မင်းကိုချစ်ခဲ့မိလို့၊ အပြစ်တင်စကားတွေ ကြားထဲကမှ မင်းကို ပြောင်းလဲပေးချင်ခဲ့လို့၊ ငါ့ကိုယ်ငါထက် မင်းကို ပိုတန်ဖိုးထားခဲ့မိလို့...။ ငါ့ကိုယ်ငါ စိတ်ပျက်တယ်။ မင်းကိုတော့ မမုန်းပါဘူး ဒါပေမဲ့ မချစ်ရဲတော့ပါ...။ -အံ့လွန်းပျို

အချစ်ရေ မင်းကို လမင်းကြီးနဲ့ မလဲနိုင်ပါဘူးကွယ် သဘာဝတရားကလည်း ကျောက်သားဖွဲ့စည်းလို့ သိပ်သည်းလှချည်ရဲ့ ။ -မောင်ချောနွယ်

ရင်ထဲက ဒဏ်ရာသေးသေးလေး အသက်ရေ... မင်းလည်း မတောင်းပန်နဲ့တော့ ကိုယ်လည်း မတောင်းပန်တော့ဘူး။ ဘယ်လောက်လျှောက်လျှောက် မရောက်တော့မဲ့ ခရီးတွေအတွက်လည်း ကိုယ်ဝမ်းနည်းမနေတော့ဘူး။ ဒီဘဝ ဒီအမျှလို့ပဲ မှတ်ယူလိုက်မယ် အသက်ရေ... ကိုယ့်အချစ်တွေက မင်းအတွက် မလုံလောက်ခဲ့လို့ထင်ပါရဲ့... ဝဋ်ကြွေးတွေလား... ရေစက်တွေလား.... ကိုယ်သေချာမသိဘူး အသက် ကိုယ့်အတွက် ဝဋ်ကြွေးဆိုရင် မင်းကိုချစ်တဲ့ စိတ်ကြောင့် ကိုယ်ဒီဝဋ်ကြွေးကို ဘဝဆက်တိုင်း ဆပ်နေမိမှာ သေချာပါတယ်။ ဒါပေမဲ့... မင်းက လိုလိုလားလား မရှိမှတော့ ကိုယ်ဘယ်လောက်ချစ်ချစ် လှည့်ထွက်လိုက်တာကပဲ ကိုယ့်အတွက်ရော မင်းအတွက်ပါ အကောင်းဆုံးဖြစ်မယ်ထင်တယ်။ ဘယ်လောက်လျှောက်လျှောက် မရောက်တော့မဲ့ ခရီးတွေအတွက်လည်း ကိုယ်ဝမ်းနည်းမနေတော့ဘူး။ ကပ်တွဲခြင်းမှာ အမှားမရှိခဲ့ပါဘူး အသက်။ ဒါပေမဲ့... ကိုယ့်ခံစားချက်ကိုတော့ မင်းက ဘယ်သောအခါမှ မြင်လာမှာမဟုတ်တော့ ကိုယ်အတင်းကြိုးစားမပြချင်တော့ဘူး။ လက်လျှော့လိုက်တာ မဟုတ်ဘူး စိတ်လျှော့လိုက်တာ အသက်ရဲ့... စိတ်လျှော့လိုက်တာ.... ရင်ကွဲခံပြီး စိတ်လျှော့လိုက်တာ... ဘယ်လောက်လျှောက်လျှောက် မရောက်တော့မဲ့ ခရီးတွေအတွက်လည်း ကိုယ်ဝမ်းနည်းမနေတော့ဘူး။ အိပ်မက်တွေကိုလည်း ရိုက်ချိုးပစ်လိုက်ပြီ အသက်... မင်းအတွက်ဆိုတဲ့ ကဗျာတွေ မီးရှို့ပစ်လိုက်ပြီ အသက်... မင်းလည်း မတောင်းပန်နဲ့တော့ ကိုယ်လည်း မတောင်းပန်တော့ဘူး မင်းကတော့ ထွက်သွားဖို့ကို တောင်းပန်ခဲ့တယ်.. ကိုယ်ကတော့ မထွက်သွားဖို့ကို တောင်းပန်ခဲ့တယ်.. မတူဘူးနော် အသက် ချစ်တာခြင်းတောင်မတူဘူး... ကိုယ်ကတော့ မင်းဆိုတဲ့ရပ်ဝန်းကိုချစ်တာ... မင်းကတော့ ကိုယ်ချစ်တာကို ချစ်ခဲ့တာ... ဝမ်းနည်းမှုတွေ... မျက်ရည်တွေကို... မင်းမမြင်မှတော့ ကိုယ်တကူးတက မထုတ်ပြတော့တာဟာ အမှားလား။ မတူဘူးနော် အသက်.. မတူဘူး။ - လိပ်ပြာ ၂၄ရက်‌၊ ၆လ၊ ၂၀၂၆ [ ၉နာရီ ၃၂မိနစ် ည ]

ငါ့အချစ်က မင်းပြီးရင် မင်းပဲ။ -ပိုင်သစ်နွယ်

ကဗျာစာစဉ်အမည် - တစ်ပွင့်သာလျှင် ကဗျာအမှတ်စဉ် (၃) အရာရာတိုင်းဟာ ပေါများနေရင်မကောင်းဘူးလို့ ထင်ရပေမဲ့ တစ်ခုတည်းရှိပြီး ထင်ရှားန
ကဗျာစာစဉ်အမည် - တစ်ပွင့်သာလျှင်
ကဗျာအမှတ်စဉ် (၃) အရာရာတိုင်းဟာ ပေါများနေရင်မကောင်းဘူးလို့ ထင်ရပေမဲ့ တစ်ခုတည်းရှိပြီး ထင်ရှားနေတာတွေကတော့ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာလည်း အများကြီးပါ။ ဒီအပတ်မှာ‌လည်း မတူညီတဲ့ အတွေးပေါင်းစုံနဲ့ စာပေချစ်သူတွေကို ဘယ်လိုရသတွေ ခံစားသွားစေမလဲဆိုတာကို ရင်သက်ရှုမောဖွယ် စောင့်မျှော်လျက်ရှိပါပြီ။ ကဗျာချစ်သူများအားလုံး ပါဝင်ရေးသားပေးကြဖို့ ဖိတ်ခေါ်လက်ကမ်းလိုက်ရပါတယ်ခင်ဗျာ..🗯️။ ကဗျာစာမူပိတ်သိမ်းချိန် - ၂၈ရက်နေ့ ည ၉နာရီ ကဗျာစာစဉ်အတွက် ကဗျာစာမူများကို @Alp_ll2010 ဒီအကောင့်ဆီ ပေးပို့နိုင်ပါပြီခင်ဗျ။ -ကဗျာဗဟိုပြု စာပေကလပ်စည်း #poetry_series #A_poetryhub #literary_club

မူးယစ်ဆေး တန်ဆေးလွန်ဘေး မူးယစ်ဆေး ဝေးဝေးရှောင်ပါ တစ်သက်တာ။ လူငယ်များကြား ရေပန်းစား အမှားရှောင်ကာ ပြင်ခန္ဓာ။ ကိုယ့်ကိုယ်ကိုယ်ပဲ ဆင်ခြင်ဆဲ မှီဝဲဖို့ရာ စောင့်ထိန်းလာ။ ကိုယ့်လူတို့ရေ စဉ်းစားလေ အသေမြန်တာ သူ့ကြောင့်ကွာ။ ဆိုးကျိုးများနှင့် မူးယစ်ဖြင့် သုံးလင့်သူဟာ ကျေးကျွန်ပါ။ ရာစု-၂၁ရာစု ရေးသူ-အံ့လွန်းပျို အမျိုးအစား-‌သံပေါက်

ဒိုင်ယာရီထဲက ဖဲကြိုးဝါဝါတွေ [ ၄ ] ချစ်ခြင်းမေတ္တာမှာ အတ္တတွေများလွန်းရင်လဲ မကောင်းသလို မာနတွေ ပိုလွန်းရင်လဲ မလှတော့ဘူး အသက်ရဲ
ဒိုင်ယာရီထဲက ဖဲကြိုးဝါဝါတွေ [ ၄ ] ချစ်ခြင်းမေတ္တာမှာ အတ္တတွေများလွန်းရင်လဲ မကောင်းသလို မာနတွေ ပိုလွန်းရင်လဲ မလှတော့ဘူး အသက်ရဲ့။ ဒါကြောင့်... ဒီအရာ ၂ခုလုံးကို ကိုယ်ဝှက်ထားပါတယ်။ - လိပ်ပြာ