en
Feedback
𝐒𝐡𝐚𝐫𝐢𝐧𝐠 𝐛𝐲 𝐏𝐚𝐭𝐫𝐢𝐜𝐤

𝐒𝐡𝐚𝐫𝐢𝐧𝐠 𝐛𝐲 𝐏𝐚𝐭𝐫𝐢𝐜𝐤

Open in Telegram

For ads and requests - @pthenextgen

Show more
2 522
Subscribers
No data24 hours
+27 days
+530 days
Posts Archive
What you believe is what you become... ကိုယ်ယုံကြည်ထားတဲ့အရာက ကိုယ်ဖြစ်လာမယ့်အရာပါပဲ။ ဒီနေ့ကိုယ်ဘာတွေ စဉ်းစားမိလဲ... ဒီနေ့ ကိုယ့်ကိုယ်ကိုယ် ပြောမိတဲ့ စကားလုံးလေးတွေ၊ ခေါင်းထဲခုန်ပြေးနေတဲ့ အတွေးလေးတွေကို သတိထားကြည့်ပါ။ ဒါတွေဟာ ကိုယ့်ရဲ့အနာဂတ်ကို တည်ဆောက်နေတဲ့ အုတ်ခဲတွေပါပဲ။ ကိုယ့်ရဲ့အတွေးတွေက ကိုယ့်ရဲ့ဘဝကို ဖန်တီးတယ်။ ကျွန်တော်တို့ရဲ့ ဦးနှောက်မှာ ကြီးမားတဲ့ စွမ်းအားရှိတယ်။ ဒါပေမယ့်သူ့ကို ဘယ်လိုညွှန်ကြားသလဲ၊ ဘယ်လိုအတွေးတွေနဲ့ မွေးခဲ့သလဲဆိုတာပေါ် မူတည်ပြီး ရလဒ်ကွာခြားသွားတတ်တယ်။ ငါမဖြစ်နိုင်ဘူး လို့ စဉ်းစားမိတိုင်း ဦးနှောက်က မဖြစ်နိုင်တဲ့ အကြောင်းပြချက်တွေကိုပဲရှာပြီး ပြသဖို့ ကြိုးစားနေမှာ။ ငါလုပ်နိုင်တယ် လို့ စဉ်းစားမိတိုင်း ဦးနှောက်က ဘယ်လိုနည်းလမ်းနဲ့ လုပ်နိုင်မလဲဆိုတဲ့ အဖြေကိုပဲ ရှာနေတယ်။ ဒီတော့ ကိုယ့်ရဲ့အတွေးတွေဟာ ကိုယ့်ရဲ့စကားလုံးတွေဖြစ်လာမယ်။ ကိုယ့်ရဲ့ စကားလုံးတွေဟာ ကိုယ့်ရဲ့အပြုအမူတွေ ဖြစ်လာမယ်။ ကိုယ့်ရဲ့အပြုအမူတွေဟာ ကိုယ့်ရဲ့အလေ့အထတွေ ဖြစ်လာမယ်။ ကိုယ့်ရဲ့အလေ့အထတွေဟာ ကိုယ့်ရဲ့ကံကြမ္မာ ဖြစ်လာမယ်။ အရာရာကစိတ်မှာပဲ အခြေတည်ပါတယ်။ ဆုံးဖြတ်ချက်တွေ၊ အမြင်တွေ၊ လုပ်‌နိုင်စွမ်းတွေအကုန်ပါ။ ကိုယ်ကကိုယ့်ကိုယ်ကို မပြောင်းလဲနိုင်ဘူး လို့ယုံကြည်ထားသရွေ့ ဘယ်တော့မှပြောင်းလဲနိုင်မှာ မဟုတ်ပါဘူး။ ကိုယ်ကကိုယ့်ကိုယ်ကို မလုပ်နိုင်ဘူး လို့ယုံကြည်ထားသရွေ့ ဘယ်တော့မှလုပ်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့်အခုကစပြီး ကိုယ်ယုံကြည်တဲ့ပုံစံ၊ တွေးတဲ့ပုံစံကို ပြောင်းလဲလိုက်ပါ။ ကိုယ်ယုံကြည်ထားတဲ့အရာက ကိုယ်ဖြစ်လာမယ့်အရာပါပဲ...

ကျောင်းသားတွေ မဖြစ်မနေ သုံးတတ်ရမယ့် Digital Tools (၇) ခု ဒီနေ့ခေတ်မှာ စာကောင်းကောင်းလုပ်မယ်၊ project တွေ အဆင်ပြေချောမွေ့အောင်လုပ်မယ်ဆိုရင် digital tools တွေကို သုံးတတ်ဖို့က မဖြစ်မနေလိုအပ်နေပြီနော်။ ဒီတော့ ကျောင်းသားဖြစ်တယ်၊ စာလေ့လာနေတဲ့သူဖြစ်တယ်ဆိုရင် မဖြစ်မနေ သုံးတတ်ရမယ့် Digital Tools (၇) ခုကို ပြောပြမယ်နော်။ ၁။ Google Workspace (Docs, Sheets, Slides, Drive) ဒါကတော့ ဘုရင်ကြီးပဲဟေ့။ Group assignment တွေ၊ စာတမ်းရေးတာ၊ ဇယားတွေလုပ်တာ၊ presentation slide တွေဖို့ဆိုရင် အကောင်းဆုံးပဲ။ အဓိကက သင်က save လိုက်တာနဲ့ cloudမှာ အလိုလိုသိမ်းသွားတာမို့ laptop ပျက်သွားရင် "အီး စာတွေမှတ်ထားတာ ပျက်ကုန်ပြီ" ဆိုတဲ့ ဝမ်းနည်းသံကြီးတွေ မကြားရတော့ဘူး။ အားလုံးက တစ်နေရာထဲမှာ collaborate လုပ်လို့ရတယ်၊ real-time ပြင်လို့ရတယ်။ မသုံးရင် နောက်ကျကုန်မယ်နော်။ ၂။ Notion ဒီ tool လေးကိုတော့ ဦးနှောက်ပြင်ပမှတ်ဉာဏ် (Second Brain) လို့ပြောရမလိုပဲ။ assignment dues တွေ၊ to-do lists တွေ၊ class notes တွေ၊ project ideas တွေ အကုန်လုံးကို organize လုပ်ဖို့အတွက် အကောင်းဆုံး tool ပါပဲ။ Template တွေလည်း အများကြီးရှိတော့ သင့်တော်မယ့် format ကို အလွယ်တကူရွေးသုံးလို့ရတယ်။ ၃။ Quizlet စာကျက်ရတာ ပျင်းလာပြီဆိုရင် Quizlet ကို သုံးကြည့်ပေါ့။ flashcard တွေလုပ်ပြီး ကိုယ့်ဘာသာ ဖြေကြည့်တာ၊ ဂိမ်းတွေနဲ့ လေ့လာတာမျိုးလုပ်လို့ရတယ်။ တစ်ယောက်တည်း မဟုတ်ဘူး၊ သူငယ်ချင်းတွေနဲ့ပါ share လုပ်ပြီး အတူတူကျက်လို့ရတယ်။ စာမေးပွဲကြိုတင်ပြင်ဆင်တဲ့အခါ အင်မတန်မှ အသုံးဝင်မယ့် tool ပါ။ ၄။ Canva PowerPoint နဲ့ presentation slide တွေ ပြန်လုပ်နေရသေးလား? ခေတ်ကုန်သွားပြီနော်။ Canva မှာ template လှလှလေးတွေ အစုံပါပဲ။ Presentation, infographic, poster, video စတာတွေကို drag & drop နဲ့အလွယ်တကူဖန်တီးလို့ရတယ်။ ပရိတ်သတ်ရှေ့မှာ ကိုယ့်ရဲ့ slide ကို ကြည့်ပြီး "အင်း ဒီကောင်လုပ်တာ လှပါလား" ဆိုအောင် ဖန်တီးနိုင်မယ်။ ၅။ Khan Academy တစ်ခုခုနားမလည်လို့ ဆရာကို ထပ်မေးဖို့အချိန်မရှိဘူးဆိုရင် ဒါမှမဟုတ် ကိုယ်တိုင်လေ့လာချင်ရင် Khan Academy ကို သုံးပေါ့။ သင်ခန်းစာတွေကို video လေးတွေနဲ့ ရှင်းပြထားတာမို့ နားလည်ရလွယ်ကူတယ်။ သချာၤ၊ science၊ economics စတဲ့ ဘာသာရပ်ပေါင်းစုံရှိပါတယ်။ အခမဲ့ဆိုတော့ မသုံးဘူးဆိုတာ မဖြစ်သင့်ဘူးနော်။ ၆။ Grammarly Grammarly က အင်္ဂလိပ်စာရေးတဲ့အခါ သဒ္ဒါအမှားတွေ၊ စာလုံးပေါင်းသတ်ပုံအမှားတွေကို အလိုအလျောက်စစ်ဆေးပေးတဲ့ Tool တစ်ခုပါ။ Essay တွေ၊ Report တွေ ရေးတဲ့အခါ အမှားအယွင်းကင်းကင်းနဲ့ ပိုမိုကောင်းမွန်တဲ့ စာသားတွေကို ရေးသားနိုင်ဖို့ အထောက်အကူပြုပါတယ်။ ၇။ Zoom / Google Meet အွန်လိုင်းကနေ သင်ယူမှုတွေ၊ အဖွဲ့လိုက် ဆွေးနွေးမှုတွေ ပိုများလာတဲ့အတွက် Zoom နဲ့ Google Meet တို့ဟာ မရှိမဖြစ်လိုအပ်တဲ့ Communication Tools တွေ ဖြစ်လာပါတယ်။ အွန်လိုင်း Meeting တွေ၊ Class တွေ တက်ရောက်တဲ့အခါ အသံနဲ့ ရုပ်ပုံကြည်လင်ပြတ်သားစွာနဲ့ ချိတ်ဆက်နိုင်ဖို့အတွက် ဒီ Tools တွေကို ကောင်းကောင်းသုံးတတ်ဖို့ လိုအပ်ပါတယ်။ ကဲ ဒီ (၇) ခုကို မဖြစ်မနေကိုင် တတ်ထားပါ။ စာလုပ်ရတာ အဆင်ပြေချောမွေ့သွားပြီး ကျောင်းသားဘဝကို ပိုပြီးအကျိုးရှိအောင်၊ ပိုပြီးစနစ်ကျအောင် ကူညီပေးနိုင်မှာပါ။ အခုပဲစပြီး လေ့လာကြည့်လိုက်ပါနော်။ #DigitalTools #StudentLife #TechForStudents #DigitalToolsForStudents #StudySmart #MYEO #Crd

လူတစ်ယောက်ကို ရွေးချယ်တဲ့အခါ...
+2
လူတစ်ယောက်ကို ရွေးချယ်တဲ့အခါ...

Love yourself ! ကိုယ့်ကိုယ်ကို ချစ်ပါ သူများကမှ မချစ်တာ #khine #crd

Types Of Liars လူလိမ်အမျိုးအစားများ ဒီအမျိုးအစားတွေကတော့လူတွေလိမ်ညာရတဲ့အကြောင်းအရင်းတွေကနေကောက်ယူထားခြင်းဖြစ်တယ်။ Impulsive Liars တစ်ခြားသူအမြင်မှာအထင်ကြီးခံရဖို့ကိုယ့်ကိုယ်ကိုအမွှန်းတင်ချဲ့ကားပြောဆိုတတ်ကြတဲ့ Liar Typeဖြစ်တယ်။အန္တရာယ်ကင်းတဲ့အမျိုးအစားလဲဖြစ်ပါတယ်။ Compulsive Liars ကြောက်စိတ်၊ဖုံးကွယ်ချင်စိတ်ကြောင့်စိတ်မြန်ပြီးလိမ်ညာတတ်ကြတဲ့အမျိုးအစားဖြစ်တယ်။ဒီLiar Typeကလိမ်ညာခြင်းကိုစွဲနေတတ်ပြီးမကြာခဏအဆင်မပြေတဲ့အခြေအနေတွေကနေရုန်းထွက်ဖို့လိမ်ညာတတ်ကြတယ်။ရောဂါတစ်ခုစွဲကပ်သလိုလိမ်ညာခြင်းကိုမသုံးပဲမနေနိုင်တဲ့အမျိုးအစားဖြစ်တယ်။ Pathological Liars ဒီအမျိုးအစားကတော့လိမ်ညာခြင်းကိုထမင်းစားရေသောက်အသုံးပြုကြတယ်။ကြီးမားတဲ့ကိစ္စတွေကအစအသေးဆုံးကိစ္စတွေအထိလိမ်ညာကြတယ်။လိမ်ညာခြင်းကသူတို့ရဲ့ပုံမှန်အပြုအမူတစ်ခုလိုဖြစ်နေတဲ့Liar Typeဖြစ်တယ်။ Sociopathic Liars Manipulative Liar Typeဖြစ်တယ်။ရည်ရွယ်ချက်နဲ့ပန်းတိုင်ပါပြီးတစ်ကိုယ်ကောင်းအဆန်ဆုံးLiar Typeဖြစ်တယ်။ Psychopathic Liars အရှားပါးဆုံးနှင့်အန္တရာယ်အရှိဆုံးLiar Typeဖြစ်တယ်။လူတွေကိုအသုံးချရုံလောက်သာမြင်ပြီးဘာမှခံစားလေ့မရှိတဲ့Liar Typeဖြစ်တယ်။ရင်ဆိုင်နိုင်စွမ်းနှင့်တုံ့ပြန်နိုင်စွမ်းလဲကောင်းတဲ့Typeဖြစ်တယ်။ Intentional Liars အပျော်အတွက်တစ်ဖက်လူကိုဒရာမာခင်းတတ်တဲ့Liar Typeဖြစ်ပါတယ်။ Protective Liars မိမိကိုယ်ကိုယ်နဲ့တစ်ခြားသူကိုကာကွယ်ဖို့လိမ်ညာတတ်တဲ့Liar Typeဖြစ်တယ်။ Tactful Liars အန္တရာယ်အကင်းဆုံးLiar Typeဖြစ်ပါတယ်။တစ်ဖက်လူရဲ့ခံစားချက်ကိုကောင်းမွန်စေဖို့လိမ်ညာတတ်ကြတဲ့Typeဖြစ်တယ်။

လူတွေကို နားချဖို့ ကြိုးစားသင့်လား။ လူတွေကို နားချဖို့ ကြိုးစားသင့်လားဆိုတဲ့ ကိစ္စလေးက ကျနော်လည်း တော်တော်လေး ဖြစ်ခဲ့ဖူးတယ်ဗျ။ လူတွေကို နားချတဲ့ဟာကနေ တစ်ခါတလေမှာ လူတွေနဲ့ ပြိုင်ငြင်းတာမျိုးတွေပါ ဖြစ်တယ်ပေါ့နော်။ အဓိကကတော့ ကျနော်တို့ကစေတနာတွေပိုပြီး ကောင်းစေချင်တာ ဖြစ်တယ်။ ကျနော့် အသက် ၁၆ ကနေ ၁၈ နှစ်လောက်အထိ ၂နှစ်လောက် ဒါမျိုးတွေ လုပ်ဖူးတယ်။ ကျနော်နဲ့ နီးစပ်တဲ့သူထဲမှာ အရက်ကို နေ့တိုင်းသောက်တဲ့သူတွေ ရှိတယ်ပေါ့နော်။ ဒါကို ကျနော်က မသောက်စေချင်ဘူး။ အဲဒီအခါကျတော့ ကျနော် မသောက်ဖို့ ပြောတာမျိုးတွေ လုပ်တယ်။ နောက်ပြီး ကျနော် တက္ကသိုလ် တက်တော့ အငယ်တွေကို English စာ လေ့လာကြဖို့ ပြောတာမျိုးတွေ၊ "ငါ့အခန်းကိုလာခဲ့၊ English လို လေ့ကျင့်ကြမယ်၊ ပြောကြမယ်" ဆိုတဲ့ဟာမျိုးတွေပေါ့။ ဒါပေမဲ့ လုံးဝ မလုပ်ကြဘူး။ တစ်ယောက်မှ မလုပ်ကြဘူးပေါ့နော်။ အဲတော့ ကျနော် နားလည်လိုက်တာတစ်ခုက ဘာလဲဆိုတော့ “အဲဲ့ဒါက အပိုပဲ ဖြစ်တယ်”။ စဉ်းစားကြည့်ဗျာ။ ကျနော် အသက် ၃၅ နှစ်တစ်ယောက်နဲ့ စကားပြောမယ်။ ကျနော်တို့ အယူအဆတစ်ခုပေါ်မှာ ငြင်းခုံကြမယ်။ အဲတော့ ကိုယ့်ရဲ့ ဒီ ၅ မိနစ်လောက်၊ မိနစ် ၃၀ လောက် စကားပြောတာတစ်ခုက သူ အနှစ် ၃၀ လောက် လက်ခံယူထားတဲ့ဟာကို ဘာကြောင့် ပယ်ဖျက်နိုင်မယ်လို့ ကိုယ်က ထင်ရတာလဲ။ အသက် ၅၀ လောက် တစ်ယောက်နဲ့ဆိုရင် သူ အနှစ် ၄၀ လောက် လက်ခံယူထားတဲ့ဟာကို ကိုယ့်စကားလုံးလေးတွေက ဘာကြောင့် ပယ်ဖျက်နိုင်မယ်လို့ ကိုယ်က ထင်တာလဲ။ မဖြစ်နိုင်ဘူးပေါ့နော်။ ဒါဆို လမ်းကြောင်းလွဲတဲ့သူတွေကို မပြင်ပေးရဘူးလားပေါ့။ လုပ်တာက လုပ်ပါ၊ ဒါပေမဲ့ ဒီတိုင်းပြောဆိုငြင်းခုန်တယ်ဆိုတဲ့ဟာမျိုးတွေ၊ တစ်ဖက်ကို နားချတယ်၊ အမှန်ပြင်ပေးတယ်ဆိုတာမျိုးတွေက များစွာသော အချိန်တွေမှာ အချိန်ကုန်တာပဲ အဖတ်တင်တယ်။ ဘာမှ ထူးမလာဘူး။ အဲတော့ ဘယ်လိုလုပ်ရမလဲဆိုတော့ ကိုယ့်စကား Heavy ဖြစ်လာအောင် ပိုလုပ်တာမျိုး၊ ကိုယ့်ကိုကိုယ် Powerful ဖြစ်အောင် လုပ်တာတို့၊ ဒီထက် အကောင်ကြီးအောင် လုပ်တာတို့ အဲလိုမျိုးပေါ့နော်။ အဲဒီအခါကျရင် ကိုယ့်စကားလုံးတွေမှာ Weight တွေပါလာတယ်။ ဒီလူတွေက လေးစားမှု တစ်ခုပေးတော့ ကိုယ့်စကားကို သူတို့ ပိုနားထောင်လာကြတယ် ။ လူတွေကို နားချဖို့ ကြိုးစားတာထက် ကိုယ်တိုင်ကို Powerful ဖြစ်အောင် တည်ဆောက်တာ ၊ သူတို့ လေးစားတဲ့ အနေအထားထိ တက်လှမ်းပြတာက ပိုထိရောက်တယ်ဆိုတာ ကျနော်ပြောချင်တယ်။ သူတို့ရဲ့ နှစ်ပေါင်းများစွာ ယုံကြည်ထားတဲ့အရာ ၊ နှစ်ပေါင်းများစွာ စွဲကပ်လာတဲ့ အရိုးစွဲ အသိတွေ ၊ အကျင့်တွေကို ကျနော်တို့ စကားလုံးတွေနဲ့ချိုးဖျက်လို့ မရနိုင်ဘူး။ ကိုယ်က အကောင်ကြီးပြီး သူတို့ လေးစားမှုပြုရတဲ့ အခြေအနေဖြစ်လာမှသာ ကိုယ့်ရဲ့တည်ရှိမှုကတင် အဖြေဖြစ်နေတတ်ပါတယ်။ - Pika Sharing

ကျွန်တော့ဆီမှာ App Premium တွေကိုဈေးသက်သာစွာနဲ့ လာ၀ယ်ယူလို့ပါတယ်။ Express Vpn 1month - 5000 (share) 1month - 15000 (private) Alight Motion Premium 1year - 5000 (share) 1year - 10000 (private) Wink Premium 1month - 8000 (share) 1month - 23000 (private) 1year - 150000 (private) Capcut Pro 1month - 8000 (share) 1month - 15000 (private) Canva Pro 1year - 5000 (Own Mail) Netflix 1month - 15000 (share) Spotify Family Plan (US) 2months - 15000 3months - 25000 6months - 40000 12months - 60000
Private နဲ့ Share ဘာကွာလဲဆိုတော့
Private Acc - ကိုယ်ပိုင် (own mail) နဲ့သုံးလို့ရပါတယ်။ - multiple device login မို့သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ အတူသုံးလို့ရပါတယ်။ Share Acc - အများသုံးဖြစ်ပါတယ်။ - ပေးထားတဲ့ Acc ကိုပဲသုံးရမှာပါ။ ဖုန်းတစ်လုံးပဲသုံးလို့ရမှာဖြစ်ပြီး Share လို့မရပါဘူး။ Telegram Star ⭐️ 50 - 5000ks 100 - 9500ks 150 - 14000ks 200 - 18000ks 300 - 25000ks 500 - 45000ks Telegram Premium 1month - 25000 (login) 3month - 50000 (instock) ၀ယ်ယူလိုပါက - @pthenextgen

အခုဒီစာကိုဖတ်နေတဲ့အချိန်မှာ ကိုယ့်ရဲ့ဘယ်လက်နဲ့ဖုန်းကိုကိုင်ပြီး ဖတ်နေတယ်မလား။ တကယ်က ဘယ်လက်နဲ့ကိုင်ထားလား၊ မကိုင်ထားလား မသေချာပါဘူး။ ကျွန်တော်လဲမသိပါဘူး။ မှန်လဲမမှန်ပါဘူး။ ဒါပေမယ့် သေချာတာတစ်ခုကတော့ စာဖတ်သူတွေက ကိုယ်ဖုန်းကိုကိုင်ထားတဲ့လက်က ဘယ်လား၊ ညာလား ဆိုတာကိုတော့ စစ်ကြည့်မိလိုက်ကြမှာပါ။ ဒီနည်းလမ်းကတော့ တစ်ဖက်လူကို သူမသိလိုက်ခင်မှာပဲ ကိုယ့်အကွက်ထဲ၀င်စေတဲ့ လှည့်စားမှုတစ်မျိုး ဖြစ်ပါတယ်။ ကျွန်တော်က “လက်” လို့ပြောလိုက်တဲ့အတွက် ကိုယ့်ရဲ့အာရုံစိုက်မှုက လက်အပေါ် အလိုလိုရောက်သွားတယ်။ “ဖတ်နေတယ်မလား” လို့တပ်အပ်လဲပြောလိုက်တဲ့အတွက် ကိုယ့်ကိုယ်ကို စစ်ဆေးရဖို့ဖြစ်သွားတယ်။ တစ်ဖက်လူက တစ်ခုခုကို လုပ်ခဲ့သလား ဆိုတဲ့ မေးခွန်းမျိုးမှာလဲ အသုံးပြုကြတယ်။ ဝါရင့်ရဲတွေ၊ စုံထောက်တွေက တရားခံကို စစ်ဆေးတဲ့အခါ “တရားခံဟုတ်လား၊ မဟုတ်လား” ဆိုတာထက် “မင်း A ကို Tat တုန်းက သူ့ရဲ့ရင်ဘတ်နဲ့ဗိုက်ကို ဓားနဲ့လေးချက်ထိုးပြီး Tat ခဲ့တယ်မလား” ဆိုတဲ့ အမှားတွေပါတဲ့ မေးခွန်းမျိုးကို သုံးတတ်ကြတယ်။ ဒီအချက်အလက်က မှန်လားဆိုတော့မမှန်ပါဘူး။ ဒါပေမယ့် ဒီလိုမျိုးပြောတာက တရားခံအတွက် သူ့ကိုယ်သူပြန်စစ်ကြည့်ရစေပါတယ်။ “ငါဓားကိုမသုံးခဲ့ပါဘူး” “လေးချက်မထိုးခဲ့ပါဘူး” “ရင်ဘတ်ကိုမထိုးခဲ့ပါဘူး” စတာမျိုးတွေပေါ့။ တကယ်မလုပ်ခဲ့တဲ့သူဆို ဒါတွေကပြန်စစ်ကြည့်ဖို့ မလိုပါဘူး။ အဓိကက - သိလား မသိလား - သေချာလား မသေချာလား - မှန်လား မမှန်လား ကအရေးမကြီးပါဘူး။ တစ်ဖက်လူကို သူမသိလိုက်ခင်မှာပဲ အငိုက်ဖမ်းရတဲ့ သဘောမျိုးပါ။ ကိုယ့်ရဲ့ကောင်လေးကိုညက 10 နာရီဆိုအိပ်ဖို့ မှာထားတယ်။ မနက်ကျတော့ သူတကယ်အိပ်မအိပ် သေချာဖို့အတွက် စစ်ဆေးဖို့လိုတယ်။ ဒီလိုအခြေအနေမှာဆို “ညက 11 ခွဲမှအိပ်တာမလား” ဆိုတာမျိုး မေးလိုက်မယ်။ ဒီလိုမေးလိုက်တာကိုမှ သူ့ဘက်ကပြန်စဉ်းစားနေရတယ်၊ စစ်ကြည့်နေရတယ်ဆို 10 မှာသူအိပ်ဖို့ဆိုတာက ရာခိုင်နှုန်းနည်းလာပါပြီ။ ဒါပေမယ့် သေချာပေါက် အထာနပ်တဲ့သူတွေ၊ သိသင့်သလောက်သိတဲ့သူတွေကတော့ ဒါမျိုးမှာအမိခံရမှာ မဟုတ်ပါဘူး။ နောက်ပြီးခြွင်းချက်တွေလဲ ရှိနိုင်တယ်ဆိုတာကိုတော့ စိတ်ထဲမှတ်သားထားဖို့ လိုပါတယ်။ Manipulation Paid Channel အကြောင်းစုံစမ်းလိုပါက @pthenextgen

ကိုယ်ထိန်းချုပ်လို့မရတဲ့ Factor နဲ့ ကိုယ်ထိန်းချုပ်လို့ရတဲ့ Factor ကွဲကွဲပြားပြားသိပါစေ လူအများစုက ကိုယ်ထိန်းချုပ်လို့မရတဲ့အရာတွေအပေါ်မှာပဲ စိတ်ညစ်ပြီး ကိုယ်ထိန်းချုပ်လို့ရတဲ့အရာတွေကို မေ့လျော့သွားတတ်ကြတယ်။ တကယ်ကကိုယ်က အရာရာတိုင်း၊ ဖြစ်ရပ်တိုင်းကို ထိန်းချုပ်လို့မရပါဘူး။ တစ်ချို့အရာတွေကိုက ဖြစ်ခွင့်ပေးလိုက်ပြီး ကိုယ်ထိန်းချုပ်နိုင်တဲ့အရာတွေအပေါ်မှာသာ အာရုံစိုက်သင့်ပါတယ်။ ကိုယ်ထိန်းချုပ်လို့မရတဲ့အရာများ (Uncontrollable) တစ်ခြားသူများ - သူများရဲ့စိတ်နေစိတ်ထား၊ အပြုအမူ၊ ခံယူချက်တွေ။ မွေးရာပါအခြေအနေများ - မိသားစု၊ ပတ်ဝန်းကျင်၊ မျိုးရိုးဗီဇ။ ဈေးကွက်အခြေအနေ၊ ရာသီဥတု၊ နိုင်ငံရေး ၊ပြင်ပက ဖြစ်ရပ်ကြီးတွေ။ ဒါတွေက ကိုယ်ထိန်းချုပ်လို့မရတဲ့ Factor တွေပါ။ ကိုယ်ထိန်းချုပ်လို့ရတဲ့အရာများ (Controllable) ကိုယ့်ရဲ့စိတ်ထား (Mindset) နဲ့ကိုယ့်ရဲ့ခံယူချက် (Attitude) - အခက်အခဲကို စိန်ခေါ်မှုအဖြစ် မြင်တတ်တာ၊ အကောင်းမြင်တာ၊ သည်းခံနိုင်စွမ်း၊ စိတ်ဓာတ်ကြံ့ခိုင်မှု စသဖြင့်။ အားထုတ်မှု (Effort) နဲ့ လုံ့လ (Hard Work) - တစ်ခုခုကိုရယူဖို့ဘယ်လောက် ကြိုးစားအားထုတ်မလဲဆိုတာ ကိုယ့်အပေါ်မူတည်တယ်။ အချိန်စီမံခန့်ခွဲမှု (Time Management) - ကိုယ့်ရဲ့တစ်နေ့တာအချိန်ကို ဘယ်လိုစီမံမလဲ၊ ဘာအတွက်သုံးမလဲဆိုတာ ကိုယ့်ရွေးချယ်မှုပါ။ ကျန်းမာရေး (Health) - စားသောက်မှုပုံစံ၊ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်တာ၊ အိပ်ရေးဝဝအိပ်တာတို့ကို ရွေးချယ်ထိန်းချုပ်နိုင်တယ်။
ကိုယ်မထိန်းချုပ်နိုင်တာတွေကို လက်ခံပြီး ကိုယ်ထိန်းချုပ်နိုင်တာတွေအပေါ်မှာ အာရုံစိုက်ကြိုးစားပါ။

တစ်ခုရွေးရမယ်ဆိုဘာရွေးမလဲ
Anonymous voting

ကျွန်တော့ဆီမှာ App Premium တွေကိုဈေးသက်သာစွာနဲ့ လာ၀ယ်ယူလို့ပါတယ်။ Express Vpn 1month - 5000 (share) 1month - 15000 (private) Alight Motion Premium 1year - 5000 (share) 1year - 10000 (private) Wink Premium 1month - 8000 (share) 1month - 23000 (private) 1year - 150000 (private) Capcut Pro 1month - 8000 (share) 1month - 15000 (private) Canva Pro 1year - 5000 (Own Mail) Netflix 1month - 15000 (share) Spotify Family Plan (US) 2months - 15000 3months - 25000 6months - 40000 12months - 60000
Private နဲ့ Share ဘာကွာလဲဆိုတော့
Private Acc - ကိုယ်ပိုင် (own mail) နဲ့သုံးလို့ရပါတယ်။ - multiple device login မို့သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ အတူသုံးလို့ရပါတယ်။ Share Acc - အများသုံးဖြစ်ပါတယ်။ - ပေးထားတဲ့ Acc ကိုပဲသုံးရမှာပါ။ ဖုန်းတစ်လုံးပဲသုံးလို့ရမှာဖြစ်ပြီး Share လို့မရပါဘူး။ Telegram Star ⭐️ 50 - 5000ks 100 - 9500ks 150 - 14000ks 200 - 18000ks 300 - 25000ks 500 - 45000ks Telegram Premium 1month - 25000 (login) 3month - 50000 (instock) ၀ယ်ယူလိုပါက - @pthenextgen

Hard Skill နဲ့ Soft Skill ဘယ်လိုကွာခြားသလဲ အလုပ်နဲ့ ဘဝမှာ တိုးတက်အဆင်ပြေဖို့ဆို Hard Skill နဲ့ Soft Skill (၂)မျိုးလုံးက အရေးကြီးပါတယ်။ ဒီနှစ်ခုရဲ့ အဓိက ကွာခြားချက်တွေကို ရှင်းပြပေးပါမယ်။ 1. Hard Skills - သင်ယူရသော - တိုင်းတာနိုင်သော ကျွမ်းကျင်မှုများ ဖြစ်တယ်။ ဥပမာ အင်္ဂလိပ်စာ (IELTS 7.0) Programming (Python, Java) စာရင်းကိုင် (CPA) စက်ပစ္စည်းပြုပြင်တာ သင်ကြားပေးနိုင် (ကျောင်း၊ အွန်လိုင်းသင်တန်း)၊ တိုင်းတာနိုင် (အဆင့်၊ လက်မှတ်)၊ အလုပ်လျှောက်တဲ့အခါမှာ အခြေခံလိုအပ်ချက်အဖြစ် အမြဲပါ၀င်တယ်။ 2. Soft Skills - လူမှုဆက်ဆံရေး - စိတ်ခံစားမှုနဲ့ ပတ်သက်တဲ့ ကျွမ်းကျင်မှုတွေ ဖြစ်တယ်။ ဥပမာ ခေါင်းဆောင်စီမံနိုင်မှု ပြဿနာဖြေရှင်းနိုင်မှု အဖွဲ့လိုက်လုပ်ဆောင်နိုင်မှု လိုက်လျောညီထွေဖြစ်မှု ပင်ကိုယ်စရိုက်နဲ့ဆိုင်တယ် (ဖြည်းဖြည်းချင်းတည်ဆောက်ရ) တိုင်းတာရခက် (အဆင့်သေချာ မသတ်မှတ်နိုင်)၊ အလုပ်နဲ့ လူမှုဘဝအောင်မြင်မှုအတွက် အဓိကကျတယ်။
ဘာကြောင့်နှစ်မျိုးလုံး လိုအပ်သလဲဆိုတော့
Hard Skill ကအလုပ်အတွက် လိုအပ်ချက်ကို ဖြည့်ဆည်းပေးပြီး Soft Skill ကလူတွေနဲ့ ပိုပြီးအဆင်ပြေပြေ လက်တွဲလုပ်ကိုင်နိုင်ဖို့၊ ပတ်၀န်းကျင်မှာပိုပြီး အဆင်ပြေဖို့ အထောက်အကူဖြစ်တယ်။ ဒီဇိုင်နာတစ်ယောက်အတွက် Photoshop (Hard Skill) + ဖောက်သည်နဲ့ဆက်ဆံရေး (Soft Skill) ဆရာဝန်တစ်ယောက်အတွက် ဆေးပညာ (Hard Skill) + လူနာအပေါ်စာနာမှု (Soft Skill) အကျဉ်းချုံးအနေနဲ့ဆို Hard Skill မရှိရင် အလုပ်မရ Soft Skill မရှိရင် အလုပ်မတိုး နှစ်ခုပေါင်းမှ အပြည့်အဝအောင်မြင်နိုင်ပါမယ်။

Good Everyone... သာယာပျော်ရွှင်တဲ့နေ့လေးဖြစ်ပါစေဗျ...

အဖက်လုပ်ပြီး ပြိုင်မငြင်းသင့်တဲ့ လူအမျိုးအစား ၁၀ မျိုး 1. The Stubborn/Closed Minds ခေါင်းမာပြီး ဘာကိုမဆို တစ်ခုပဲ အတည်ယူတတ်တဲ့ တစ်ယူသန် သို့မဟုတ် တစ်ဖက်ပိတ်အမျိုးအစား။ 2. The Highly Emotional ခံစားချက်ပြင်းထန်ပြီး ကောင်းကောင်းမွန်မွန် စကားမပြောဆိုနိုင်တဲ့ အမျိုးအစား။ 3. The Trolls သက်သက်မဲ့ စိတ်ကျေနပ်မှုနဲ့ အပျော်အတွက် တစ်ဖက်လူကို နှောင့်ယှက်ပြီး ငြင်းခုန်ချင် ပွဲရှာချင်တဲ့ အမျိုးအစား။ 4. The Dumb Ones အကြောင်းအရာကို သေချာမသိ သေချာနားမလည်ပဲ ငြင်းခုန်ချင်တဲ့ ငပိန်းအမျိုးအစား။ 5. The Aggressive/Hostile ရန်လိုစိတ် ဒေါသစိတ် ပြင်းထန်နေတဲ့ အမျိုးအစား။ 6. The Ignorant ငြင်းခုန်နေပေမယ့် ‌အကြောင်းအရာကို စိတ်လဲမ၀င်စား အဆင်ပြေလိုစိတ်လဲ မရှိတဲ့ အမျိုးအစား။ 7. Narcissists ကိုယ်သိကိုယ်တတ် ကိုယ်ပြောသည်သာအမှန်ဆိုတဲ့ အတ္တကြီး တစ်ကိုယ်ကောင်း အမျိုးအစား။ 8. The Manipulative ကိုယ့်ကိုတမင်သက်သက် လှည့်စားခြယ်လှယ်ဖို့ ကြိုးစားနေတဲ့ အမျိုးအစား။ 9. The Overly Pessimistic ဘာကိုမဆို အဆိုးမြင်စိတ်နဲ့ပဲ မြင်တတ်တဲ့ လူအမျိုးအစား။ 10. The Deflectors တစ်ဖက်လူကိုပဲ အရာရာ အပြစ်တင်တတ်တဲ့ အမျိုးအစား။
Proverbs 26:4-5 Don't answer the foolish arguments of fools, or you will become as foolish as they are.
Paid Channel ၀င်လိုပါက @pthenextgen

လူငယ်များသို့... 📖_စာဖတ်ပါ_📖 📚ကမ္ဘာပါတ်စရာမလိုဘူး စာဖတ်ရုံနဲ့ အကုန်သိနိုင်တယ်.... 📚ပညာတက်ပြီး စာမဖတ်ရင် သင်တက်ထားတဲ့ပညာက အလကားပါပဲ..... 📚စာဖတ်ခြင်းသည် ဘဝတစ်ခုလုံးကို ပြောင်းလဲစေနိုင်သည်.... 📚စာဖတ်ခြင်းဖြင့် အကောင်းအဆိုး အကြေားင်အကျိုးကို ဝေဖန်ပိုင်းခြားနိုင်သည်... 📚စာဖတ်ခြင်းသည် ဗဟုသုတရသကဲ့သို့ လူစိတ်ကိုလည်းပြောင်းလဲစေနိုင်သည်.... 📚စာအုပ်စာပေ လူမိတ်ဆွေတဲ့ မိတ်ဆွေကောင်းထက် အသိပညာတွေပေးနိုင်တာ "စာပေ''ပါပဲ.... 📚ဗဟုသုတ၊ ရသ ၊ကဗျာ ၊ဟာသ စတဲ့စာပေ အားလုံးသည် ကဏ္ဍတစ်ခုချင်းစီတွင် စာဖတ်သူအားလုံးကို အကျိုးပြုပါသည်.... 📚ထို့ကြောင့်... စာများများဖတ်ပါ... စာဖတ်ခြင်းသည် ညဏ်အလင်းကိုရစေပါသည်... 📚ထမင်းမစားလျှင် တစ်ရက်ပဲငတ်ပါမည်.... 📚 စာမဖတ်လျှင်တော့ တစ်သက်လုံးငတ်လ်ိမ့်မည်.... #Crd #Eric

ခေါင်းဆောင်မှုပုံစံ 10 မျိုး
1. Autocratic Leadership အာဏာရှင်ဆန်တဲ့ ခေါင်းဆောင်မှုပုံစံ
“ငါပြောသလိုလုပ်” ဆိုတဲ့ခံယူချက်နဲ့ အရာအားလုံးကို ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ ညွှန်ကြားတဲ့ ခေါင်းဆောင်မှုပုံစံ ဖြစ်တယ်။
2. Democratic Leadership ပွင့်လင်းမြင်သာတဲ့ ခေါင်းဆောင်မှုပုံစံ
ခေါင်းဆောင်က အဖွဲ့ဝင်တွေ၊ လက်အောက်ငယ်သားတွေရဲ့ ထင်မြင်ယူဆချက်တွေကို နားထောင်ပြီး ဆုံးဖြတ်ချက်ချရာမှာ သူတို့ကို ပါဝင်စေတဲ့ ခေါင်းဆောင်မှုပုံစံ ဖြစ်တယ်။
3. Laissez-Faire Leadership လွတ်လပ်စွာထားရှိတဲ့ ခေါင်းဆောင်မှုပုံစံ
ခေါင်းဆောင်က အဖွဲ့ဝင်တွေရဲ့ လုပ်ငန်းတာဝန်တွေကို ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ လုပ်ကိုင်ခွင့်ပေးထားတယ်။ ခေါင်းဆောင်က လိုအပ်တဲ့အခါမှသာ ၀င်ပါပံ့ပိုးတဲ့ ခေါင်းဆောင်မှုပုံစံ ဖြစ်တယ်။
4. Transformational Leadership လမ်းညွှန်တတ်သော ခေါင်းဆောင်မှုပုံစံ
ခေါင်းဆောင်က အဖွဲ့ဝင်တွေကို စေ့ဆော်အား‌ပေးပြီး ကိုယ်တိုင်နဲ့အဖွဲ့၀င်တွေကို အောင်မြင်မှုဆီ ဦးတည်ခေါ်သွားတတ်တဲ့ ခေါင်းဆောင်မှုပုံစံ ဖြစ်တယ်။
5. Transactional Leadership လက်တွေ့ကျတဲ့ ခေါင်းဆောင်မှုပုံစံ
ခေါင်းဆောင်က စည်းမျဉ်းစည်းကမ်းနဲ့ ရလဒ်တွေကို အခြေခံပြီး အဖွဲ့ဝင်တွေကို စီမံခန့်ခွဲတယ်။ ကောင်းကောင်းလုပ်ရင် ဆုချီးမြှင့်မယ်၊ ညံ့ဖျင်းရင် အပြစ်ဒဏ်ပေးခံရမယ် ဆိုတဲ့ခေါင်းဆောင်မှုပုံစံမျိုး ဖြစ်တယ်။
6. Servant Leadership အနစ်နာခံတဲ့ ခေါင်းဆောင်မှုပုံစံ
ဦးဆောင်မှုထက် ၀န်ဆောင်မှု၊ အနစ်နာခံမှုကို ကျင့်သုံးတယ်။ ခေါင်းဆောင်က ကိုယ့်ရဲ့လိုအပ်ချက်ထက် အဖွဲ့ဝင်တွေရဲ့ လိုအပ်ချက်ကိုပဲ ဦးစားပေးတယ်။ အဖွဲ့၀င်တွေရဲ့ ကြီးထွားမှုက အောင်မြင်မှုကိုရစေမယ် ဆိုတဲ့ခေါင်းဆောင်မှုပုံစံမျိုး ဖြစ်တယ်။
7. Coaching Leadership ပံ့ပိုးပေးတဲ့ ခေါင်းဆောင်မှုပုံစံ
ခေါင်းဆောင်က တစ်ဦးချင်းစီရဲ့ အားသာချက်၊ အားနည်းချက်တွေကို ခွဲခြားသိမြင်ပြီး သူတို့ရဲ့အရည်အချင်းတွေ ဖွံ့ဖြိုးတိုးတက်စေဖို့ ပံ့ပိုးကူညီပေးတယ်။
8. Charismatic Leadership ဆွဲဆောင်မှုရှိတဲ့ ခေါင်းဆောင်မှုပုံစံ
ခေါင်းဆောင်က ကိုယ့်ရဲ့ပုဂ္ဂိုလ်ရေးဆိုင်ရာ ဆွဲဆောင်မှု (Charisma) နဲ့ အဖွဲ့ဝင်တွေကို စေ့ဆော်အားပေးပြီး သူ့နောက်ကိုလိုက်စေတဲ့ ခေါင်းဆောင်မှုပုံစံ ဖြစ်တယ်။ ခေါင်းဆောင်က စကားပြောကောင်းတယ်၊ စိတ်အားထက်သန်မှုရှိတယ်၊ ဆွဲဆောင်မှုရှိတယ်၊ လူတွေကိုစိတ်ပါတက်ကြွလာအောင် စွမ်းဆောင်နိုင်တယ်။
9. Bureaucratic Leadership စည်းကမ်းကျတဲ့ ခေါင်းဆောင်မှုပုံစံ
ခေါင်းဆောင်က စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံးလုပ်နည်းတွေကို တင်းကျပ်စွာ လိုက်နာစေတယ်။ ဆုံးဖြတ်ချက်အားလုံးက မူဝါဒအတိုင်း ဖြစ်ရမယ်ဆိုတဲ့ ခေါင်းဆောင်မှုပုံစံ ဖြစ်တယ်။
10. Situational Leadership အခြေအနေအလိုက် ခေါင်းဆောင်မှုပုံစံ
ခေါင်းဆောင်က ရင်ဆိုင်နေရတဲ့ အခြေအနေ၊ အဖွဲ့ဝင်တွေရဲ့ အတွေ့အကြုံနဲ့ လိုအပ်ချက်အပေါ် မူတည်ပြီး ခေါင်းဆောင်မှုပုံစံကို ပြောင်းလဲအသုံးပြုတဲ့ ခေါင်းဆောင်မှုပုံစံ ဖြစ်တယ်။

ကျွန်တော့ဆီမှာ App Premium တွေကိုဈေးသက်သာစွာနဲ့ လာ၀ယ်ယူလို့ပါတယ်။ Express Vpn 1month - 5000 (share) 1month - 15000 (private) Alight Motion Premium 1year - 5000 (share) 1year - 10000 (private) Wink Premium 1month - 8000 (share) 1month - 23000 (private) 1year - 150000 (private) Capcut Pro 1month - 8000 (share) 1month - 15000 (private) Canva Pro 1year - 5000 (Own Mail)
Private နဲ့ Share ဘာကွာလဲဆိုတော့
Private Acc - ကိုယ်ပိုင် (own mail) နဲ့သုံးလို့ရပါတယ်။ - multiple device login မို့သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ အတူသုံးလို့ရပါတယ်။ Share Acc - အများသုံးဖြစ်ပါတယ်။ - ပေးထားတဲ့ Acc ကိုပဲသုံးရမှာပါ။ ဖုန်းတစ်လုံးပဲသုံးလို့ရမှာဖြစ်ပြီး Share လို့မရပါဘူး။ Telegram Star ⭐️ 50 - 5000ks 100 - 9500ks 150 - 14000ks 200 - 18000ks 300 - 25000ks 500 - 45000ks Telegram Premium 1month - 25000 (login) 3month - 50000 (instock) ၀ယ်ယူလိုပါက - @pthenextgen

မနာလိုမှု (Envy) ဖြစ်ပေါ်ပုံအဆင့်ဆင့် မနာလိုမှုဆိုတာ လူတိုင်းနီးပါးနဲ့ မကင်းတဲ့ခံစားချက်တစ်ခုပါ။ သူများရဲ့ပိုင်ဆိုင်မှု၊ အောင်မြင်မှု၊ အဆင်ပြေမှုတွေကို မကျေမနပ်ဖြစ်တာ၊ အားကျတာ၊ စိတ်မကောင်းဖြစ်တာ၊ မကြိုက်တာ စသဖြင့်ရှုပ်ထွေးတဲ့ ခံစားချက်တွေပါ၀င်တယ်။ ပထမဆုံးအနေနဲ့တော့ လူတိုင်းနီးပါးက အားကျခြင်း (Admiration) ပဲစတင်ခံစားရကြတာပါ။ သူများအဆင်ပြေတာ၊ အောင်မြင်‌တာ၊ ပျော်နေတာ မြင်ရရင် “ငါလဲသူ့လိုဖြစ်ရင်ကောင်းမှာ” “ငါသာသူ့လိုဖြစ်ခဲ့ရင်ရော” ဆိုပြီးပဲ စတင်တွေးတတ်ကြတာပါ။ ဒီလိုကနေမှ တဖြည်းဖြည်း အားကျတဲ့အဆင့်ကနေ မနာလိုတဲ့အဆင့်ကို ရောက်လာပြီး အစွန်းရောက်တွေ ဖြစ်ကုန်ကြတာပါ။
ဒီလိုဖြစ်ရတဲ့ အကြောင်းအရင်းတွေကတော့ -
ကိုယ့်ကိုယ်ကိုယုံကြည်မှုနည်းတာ၊ လူမှုရေးအဆင့်အတန်း၊ ဥစ္စာဓနနဲ့ ပတ်သက်ပြီး အရမ်းအလေးထားနေတာ၊ ကလေးဘဝက အာရုံစိုက်ခံရမှုနည်းခဲ့တာ (သို့) နှိုင်းယှဉ်ခံခဲ့ရတာ စတာတွေကြောင့် ဖြစ်တတ်ပါတယ်။
မနာလိုမှုကိုမှ နှစ်မျိုးလဲခွဲနိုင်ပါသေးတယ်။
ဖျက်လိုဖျက်စီးဖြစ်သော မနာလိုမှု (Malicious Envy) သူတစ်ပါးရဲ့ အောင်မြင်မှုကို ဖျက်ဆီးလိုစိတ်ဖြစ်ပေါ်တာ။ အားကျမှုအခြေပြု မနာလိုမှု (Benign Envy) အားကျတဲ့စိတ်ကနေ ကိုယ်တိုင်ကြိုးစားအားထုတ်ဖို့ လှုံ့ဆော်မှုရတာ။ မနာလိုမှုကိုယ့်မှာ ဖြစ်တဲ့အခါ ကိုယ့်အနေနဲ့ တန်းသဘောပေါက်ပြီး ထိန်းချုပ်တတ်ဖို့ လိုပါတယ်။ ဒါမှသာလျှင် Negative ဖြစ်တဲ့ဘက်ကနေ Positive ဖြစ်တဲ့ဘက်ကို ပြောင်းလဲနိုင်မှာပါ။

Relationship တစ်ခုကို Dark Psychology သုံးပြီး ဘယ်လိုကိုင်တွယ်မလဲ Tony Robbins အဆိုအရ အချစ်ရေးမှာ လူတွေလိုအပ်တဲ့အခြေခံအကျဆုံး လိုအပ်ချက် 6 ခု ရှိတယ်။လူတိုင်းက ဒီ 6 ခုထဲကအနည်းဆုံး 3 ခုကနေ 6 ခုအထိယေဘုယျအားဖြင့် လိုအပ်ကြတယ်။ အဲ့ဒီတော့ကိုယ်က ဒီလိုလူတွေရဲ့လိုအပ်ချက်တွေကို နားလည်ထားရင် လူတွေကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာကိုလဲ ကောင်းကောင်းသိလာလိမ့်မယ်။ 6 Fundamental Human Needs 1. Certainty 2. Variety 3. Significance 4. Love and Connection 5. Growth 6. Contribution Certainty ဒါကတော့ တစ်ဖက်လူရဲ့ Support System ဖြစ်ပေးတာ။ကိုယ့်အပေါ်တွယ်တာလာဖို့ဆို ကိုယ်ကသူ့ကို ဘယ်လောက်အထိ စိတ်လုံခြုံမှုပေးနိုင်လဲ ဘယ်လောက်အထိအားအင်ဖြစ်ပေးနိုင်လဲဆိုတဲ့အချက်မှာ မူတည်တယ်။တစ်ဖက်လူအနေနဲ့ ကိုယ့်အပေါ်မှာ ယုံယုံကြည်ကြည် မှီခိုအားကိုးချင်စိတ်ဖြစ်အောင် လုပ်ရမယ်။ Variety တစ်ဖက်လူကို ရသမျိုးစုံခံစားရအောင် လုပ်ရမယ်။ပျော်အောင် ၀မ်းနည်းအောင် စိတ်လှုပ်ရှားရအောင် အမျိုးမျိုးလုပ်တာမျိုးပေါ့။တစ်ခုသိထားရမှာကတစ်ချို့ကျ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်အခြေအနေမျိုးကို စွဲလမ်းတတ်ကြပေမယ့် တစ်ချို့ကျပျော်ရွှင်မှုကိုပဲ လိုလားကြတဲ့သူတွေရှိတယ်။ကိုယ့်ရဲ့ Partner or Crush ကဘယ်လိုလူမျိုးလဲဆိုတာ ကွဲကွဲပြားပြားသိဖို့လိုမယ်။ Significance Significance ဆိုတာက တစ်ဖက်လူကို သူကိုယ့်သူအရေးပါတယ်လို့ ခံစားရအောင် လုပ်ခြင်းဖြစ်တယ်။ဥပမာ သူကကိုယ့်အပေါ် ဘယ်လောက်အထိအရေးပါလဲဆိုတာကို ပြောပြတာမျိုးပေါ့။တစ်ဖက်လူအနေနဲ့ ကိုယ်နဲ့အတူရှိနေရင် သူ့ကိုယ်သူအရေးပါတယ် Special ဖြစ်တယ်ဆိုပြီး ခံစားရအောင်လုပ်ရမယ်။ Love and Connection တစ်ဖက်လူကို အချစ်ခံနေရတယ်ဆိုတဲ့ ခံစားချက်ကိုပေးရမယ်။ဂရုစိုက်ပေးတာ အချိန်ပေးတာ ဦးစားပေးတာ ပျော်အောင်ထားတာ စသဖြင့်လုပ်ဆောင်ပြီး သူနဲ့ကိုယ်ကြားမှာ ခိုင်မာတဲ့ကြိုးတစ်ခုကို ချည်နှောင်ထားရမယ်။ Growth တစ်ဖက်လူကို ကိုယ်နဲ့အတူ တိုးတက်လာတယ် ရင့်ကျက်လာတယ်လို့ ခံစားရ‌စေတာ။ကိုယ်ကသူ့ကိုတိုးတက်လာစေတယ် ပြောင်းလဲလာစေတယ်ဆိုပြီး သူခံစားမိအောင် လုပ်ရမယ်။ကိုယ်ကသူတိုးတက်လာရခြင်း ပြောင်းလဲလာရခြင်းရဲ့ အကြောင်းအရင်းဖြစ်လာတဲ့အခါ ကိုယ့်ကိုစွန့်ပစ်ဖို့လဲ ခက်သွားမယ်။ကိုယ့်ကိုပိုပြီးတွယ်တာမိလာလိမ့်မယ်။ Contribution တစ်ဖက်လူကို ကိုယ့်ဘ၀ရဲ့ တစ်စိတ်တစ်ပိုင်းမှာ ပါ၀င်နေတယ်လို့ ခံစားရအောင်လုပ်တာ။အခြေခံအားဖြင့် သူကကိုယ့်ဘ၀ရဲ့ တစ်စိတ်တစ်ပိုင်းမှာ ပါ၀င်နေတယ်လို့ သတ်မှတ်ပြထားရင် ကိုယ်ကလဲသူ့ဘ၀ရဲ့တစ်စိတ်တစ်ပိုင်းမှာ ပါ၀င်နေတယ်လို့ ပြန်သတ်မှတ်လိမ့်မယ်။ပြီးတော့လူတွေက ၀န်မခံကြပေမယ့် တစ်ယောက်ယောက်ရဲ့တစ်စိတ်တစ်ပိုင်း ဖြစ်ရတာကို တကယ်သဘောကျကြပါတယ်။ Manipulation Paid Channel ၀င်လိုပါက @pthenextgen ကိုဆက်သွယ်ပေးပါဗျ။