en
Feedback
𝐒𝐡𝐚𝐫𝐢𝐧𝐠 𝐛𝐲 𝐏𝐚𝐭𝐫𝐢𝐜𝐤

𝐒𝐡𝐚𝐫𝐢𝐧𝐠 𝐛𝐲 𝐏𝐚𝐭𝐫𝐢𝐜𝐤

Open in Telegram

For ads and requests - @pthenextgen

Show more
2 522
Subscribers
No data24 hours
+27 days
+530 days
Posts Archive
ကိုယ့်ကိုယ်ကိုယ် စီမံခန့်ခွဲမှုပညာ📚
ကိုယ့်ကိုယ်ကိုယ် စီမံခန့်ခွဲမှုပညာ📚

တစ်နှစ် သိန်း ၁၀၀၀ ကျပ် (လက်တွေ့ကျကျ) ရှာနည်း ကျွန်တော့အတွက်တော့ တော်တော်လေးလက်တွေ့ကျပြီး ကြည့်ရတာအကျိုးရှိတဲ့ Quality Conten
တစ်နှစ် သိန်း ၁၀၀၀ ကျပ် (လက်တွေ့ကျကျ) ရှာနည်း ကျွန်တော့အတွက်တော့ တော်တော်လေးလက်တွေ့ကျပြီး ကြည့်ရတာအကျိုးရှိတဲ့ Quality Content တစ်ခုပါ။ ကြည့်ရန်⬇️ https://youtu.be/Tl2UomV1ZH8?si=ahjMr1BHrBGX3EAa

Psychotic ဖြစ်တယ်ဆိုတာဘာလဲ Psychotic ဖြစ်တယ်ဆိုတာ “Break from reality လက်တွေ့မှကွဲထွက်သွားခြင်း” လို့အရှင်းဆုံးပြောနိုင်ပါတယ်။ လူတစ်ယောက်က ဘယ်အရာကအစစ်အမှန်လဲ၊ ဘယ်အရာကလက်တွေ့လဲ၊ ဘယ်အရာကစိတ်ကူးလဲဆိုတာ ခွဲခြားလို့မရနိုင်တော့တာ ဖြစ်တယ်။
Psychotic ဖြစ်တာရဲ့အဓိကလက္ခဏာနှစ်ခုကတော့
1 - ထင်ယောင်ထင်မှားများ (Hallucinations) အကြားအာရုံ ထင်ယောင်ထင်မှား ဘယ်သူမှမပြောတဲ့ အသံတွေကို ကြားရတာ (အများဆုံးအဖြစ်များသော လက္ခဏာ)၊ ဘယ်ကမှန်းမသိတဲ့ စကားသံတွေကိုကြားရတာ၊ ကြားရတဲ့အသံတွေက ကိုယ့်ကိုချီးမွမ်းတာ၊ ဝေဖန်တာ၊ ညှဉ်းပန်းတာ (သို့) ညွှန်ကြားတာတွေ ဖြစ်နိုင်ပါတယ်။ အမြင်အာရုံ ထင်ယောင်ထင်မှား တကယ်မရှိပဲနဲ့ လူ၊ သတ္တဝါ (သို့) ပုံရိပ်တွေကို မြင်ရတာ။ အနံ့အရသာ ထင်ယောင်ထင်မှား ပတ်ဝန်းကျင်မှာမရှိတဲ့ အနံ့ဆိုးတွေ (ဥပမာ - အပုပ်နံ့) ရတာ (သို့) အစားအသောက်ထဲမှာ ထူးဆန်းတဲ့အရသာတွေ ခံစားရတာ။ 2 - ယုံမှားမှုများ (Delusions) ဖြစ်နေတာနဲ့ လုံးဝမကိုက်ညီတဲ့ ယုံကြည်ချက်တွေ၊ စိတ်ကူးတွေကို ခိုင်မာစွာ စွဲကိုင်ထားတတ်တာ။ သက်သေတွေ၊ အကြောင်းပြချက်တွေနဲ့ ရှင်းပြနေရင်တောင် လက်မခံပဲ ကိုယ်ထင်တာကိုသာ ဆုပ်ကိုင်ထားတတ်တယ်။ ဥပမာ ကိုယ့်အပေါ် လူတွေ၊ ပတ်၀န်းကျင်က ညှဉ်းပန်းနေတယ်လို့ သံယယများတာ၊ ယုံကြည်နေတာ။ ကိုယ့်ကိုယ်ကို အလွန်အရေးပါတဲ့လူ ဖြစ်တယ်လို့ ယုံကြည်နေတာ။ (ဥပမာ - ဘုရင်၊ သမ္မတ၊ ဘုရားသခင်) ဖြစ်နေတယ်လို့ ယုံကြည်နေတာ။) ကိုယ့်ရဲ့အတွေးတွေ၊ အပြုအမူတွေကို ပြင်ပက မသိနိုင်တဲ့အရာတွေ (သို့) နည်းပညာတွေက ထိန်းချုပ်နေတယ်လို့ ယုံကြည်နေတာ။ ဒီလက္ခဏာတွေကြောင့်ဖြစ်တဲ့သူက - အာရုံစူးစိုက်ရခက်ခဲတာ - စကားပြောဆိုမှု မပီသတာ၊ မတည်ငြိမ်တာ - လူမှုရေးတွေကို ရှောင်ဖယ်လာတာ - ပုံမှန်မဟုတ်တဲ့ အပြုအမူတွေလုပ်တာ (ဥပမာ ကိုယ့်ကိုယ်ကိုယ် စကားပြောနေတာ၊ မရှိတာကို ကြည့်နေတာ) - ကိုယ့်ကိုယ်ကို (သို့) သူတစ်ပါးကို အန္တရာယ်ဖြစ်စေနိုင်တဲ့ အပြုအမူတွေ ပြုလုပ်တတ်တာ Psychotic ဖြစ်တာက ရောဂါတစ်ခုရယ်မဟုတ်ပဲ “symptom လက္ခဏာ” တစ်ခုလို့ သတ်မှတ်ရမှာပဲဖြစ်ပါတယ်။

ထင်ရှားကျော်ကြားလူပုဂ္ဂိုလ်များ၏ အတ္ထုပ္ပတ္တိစာအုပ်များ📚⬇️ https://t.me/peacebypatrick/13

တစ်ယောက်ယောက်မှာ ကိုယ်နဲ့ (သို့မဟုတ်) တစ်ခြားသူတွေနဲ့ မတူညီ၊ ကွဲပြားတဲ့အရာတစ်ခုကို တွေ့လိုက်ရတဲ့အခါ လူတစ်ချို့က “ဒီလူကထူးခြားတယ်” လို့တွေးမိတတ်ကြသလို တစ်ချို့ကျ “ဒီလူကထူးဆန်းတယ်”လို့တွေးမိတတ်ကြတယ်။ ဒါတွေက လူတွေသူတို့ ခံယူထားတဲ့စံနှုန်း၊ သတ်မှတ်ချက်တွေကို တစ်ယောက်ယောက်က ကျော်လွန်သွားတဲ့အခါမှာ သဘာ၀ကျကျတွေးမိတတ်ကြတာတွေပါ။ တွေးမိတာတွေကိုမှ ခံယူချက် (Perception) လက်ခံမှု (Acceptance) နားလည်မှု (Understanding) အပေါ် မူတည်ပြီး “ဒီလူကထူးခြားတယ်” (Positive) “ဒီလူကထူးဆန်းတယ်” (Negative/Natural) ဆိုပြီး အမြင်တွေကလဲ ကွဲသွားကြတယ်။ တကယ်တမ်းက ဒါတွေကတကယ်ကော ထူးဆန်းတာလား၊ ထူးခြားတာလား၊ ဒီတိုင်းကိုယ်နဲ့မတူလို့၊ စံနှုန်း သတ်မှတ်ချက်တွေနဲ့မကိုက်လို့ ဒီလိုပဲမြင်နေတာလား။ တစ်ခါကကျွန်တော် Variety Show တစ်ခုမှာ တွေ့မိတာတစ်ခုပေါ့။ ကောင်မလေးတစ်ယောက်ကသူ Classical Music တွေကို နားထောင်ကြောင်း ပြောပြခဲ့တယ်။ Classical Music ဆိုတာက လူတစ်ရာမှာ တစ်ယောက်တောင် နားမထောင်ဖြစ်တဲ့ Music အမျိုးအစားပါ။ အဲ့ဒီတော့ Variety Show ကလူတွေက ဘယ်လိုမျိုးမှတ်ချက်ပေးခဲ့လဲဆိုတော့ “နင်ကတကယ်ထူးဆန်းတယ်” ဆိုပြီး ပေးခဲ့တယ်။ တကယ်တမ်းက သူနဲ့သူတို့နဲ့က အကြိုက်မတူကြရုံပါပဲ။
လူတွေကဘာလို့ ထူးဆန်းတယ်လို့ မြင်ကြရတာလဲ။
နားမလည်လို့ (Fear of unknown) လူ့သဘောသဘာ၀အရ လူသားနီးပါးတိုင်းက မသိတာ၊ မရင်းနှီးတာ၊ နားမလည်နိုင်တဲ့အရာတွေကို စတင်တွေ့ရှိရင် သံသယစိတ်၊ စိုးရိမ်စိတ်၊ တင်းမာစိတ်တွေ ဖြစ်တတ်ကြတယ်။ ဒါတွေက “ထူးဆန်းတယ်” ဆိုတဲ့အတွေးကို ဖြစ်စေတယ်။ ကိုယ့်ယဉ်ကျေးမှုနဲ့ မတူလို့ ကျွန်တော်တို့ ကြီးပြင်းလာခဲ့တဲ့ ပတ်ဝန်းကျင်၊ ယဉ်ကျေးမှုနဲ့ လုံးဝကွဲပြားနေတဲ့ အရာတစ်ခုကိုတွေ့ရင် “ပုံမှန်မဟုတ်ဘူး” “မှားယွင်းနေတယ်” လို့ အလိုလိုသတ်မှတ်မိတတ်ပြီး “ထူးဆန်းတယ်” လို့ခံစားရတတ်တယ်။ အတွေ့အကြုံနည်းလို့ ကမ္ဘာကြီးအကြောင်း၊ လူသားတွေရဲ့ စိတ်ပညာအကြောင်း အတွေ့အကြုံနည်းသူ၊ ဗဟုသုတနည်းသူတစ်ယောက်ဟာ သူ့ထက်ကွဲပြားခြားနားသူတွေကို “ထူးဆန်းတယ်” လို့အလွယ်တကူ သတ်မှတ်တတ်ကြတယ်။ အဆိုးမြင်စိတ်ရှိလို့ မတူညီတာကို ခြိမ်းခြောက်မှုအဖြစ် (သို့) ပြဿနာအဖြစ် ရှုမြင်တတ်တဲ့သူတွေက “ထူးဆန်းတယ်” လို့တွေးဖို့ ပိုနီးစပ်တတ်တယ်။ - တကယ်တမ်း ထူးဆန်းတယ်လို့ ထင်ရတဲ့အရာတွေက ကျွန်တော်တို့နားလည်အောင် မကြိုးစားရသေးလို့ပါပဲ။ စာဖတ်သူတွေအနေနဲ့ကော မတူညီတာကိုလုပ်ရင်း ထူးဆန်းတယ်လို့ လူတွေဆီက အမြင်ခံရတဲ့အခါ ဆက်လုပ်မလား၊ ရပ်မလား။ ‌ကိုယ့်ကိုယ်ကိုမေးကြည့်ကြည့်ပါ။

လူဆိုတာ ထိန်းချုပ်နိုင်စွမ်း ရှိရမယ်။ လူတွေအားလုံးမှာ ဆန္ဒဆိုတာ ရှိကြတာပဲ။ တိရစ္ဆာန်တွေမှာလည်း ဆန္ဒဆိုတာ ရှိတာပဲ။ လူ နဲ့ တိရစ္ဆာန်ရဲ့ ကွာခြားမှုက တစ်ခုပဲ ရှိတယ်။ အဲဒါက အသိဉာဏ် နဲ့ ထိန်းချုပ်မှုပဲ။ ဆန္ဒရှိသလိုသာ လွတ်လပ်စွာ လုပ်ခွင့်ရရင် လူတွေဟာ တိရစ္ဆာန်တွေ ဖြစ်ကုန်တော့မှာပေါ့။ လူ့ဘဝရဲ့ အနှစ်သာရကိုက ထိန်းချုပ်ခြင်းပါ။ #Crd

တစ်ယောက်ယောက်မှာ ကိုယ်နဲ့ (သို့မဟုတ်) တစ်ခြားလူတွေနဲ့ မတူညီ၊ ကွဲပြားတဲ့အရာတစ်ခုကို တွေ့လိုက်ရတဲ့အခါ သင်ဘယ်လိုတွေးမိမလဲ
Anonymous voting

ပြိုင်မငြင်းပါနဲ့ ဘဝမှာ တစ်ခါတလေ ကိုယ်နဲ့ ဉာဏ်ရည်မတူ၊ အမြင်မတူ၊ စိတ်ကူးမတူတဲ့လူတွေနဲ့ တွေ့ရှိရတတ်ပါတယ်။ သူတို့ပြောတာတွေက မှားယွင်းနေတယ်ဆိုတာ ကိုယ်ကသိနေတယ်။ သူတို့ရဲ့အပြုအမူက ကျိုးကြောင်းမဆီလျော်ဘူးဆိုတာ ကိုယ်ကမြင်နေတယ်။ ဒီလိုအချိန်မှာ ကိုယ်ကမှန်တယ်ဆိုပြီး သူတို့နဲ့ အငြင်းအခုံလုပ်ဖို့၊ သူတို့ကို ဆင်ခြင်တုံတရားရှိလာအောင် ရှင်းပြဖို့ ကြိုးစားမိတတ်ပါတယ်။ ဒါပေမယ့် တစ်ခါတလေမှာ မငြင်းမိခြင်းကသာ အကောင်းဆုံးရွေးချယ်မှုတစ်ခုပါ။ ကိုယ်နဲ့ဉာဏ်ရည်မတူ၊ အဆင့်အတန်းမတူတဲ့သူတစ်ယောက်နဲ့ ငြင်းခုံခြင်းဟာ သူ့အတွက်ရော ကိုယ့်အတွက်ပါ အချိန်ကုန်၊ စိတ်ကုန်ရုံသာမက ကိုယ့်ရဲ့စိတ်ငြိမ်းချမ်းမှုကိုပါ ဆုံးရှုံးစေပါတယ်။ ဒါကြောင့်... ကိုယ့်ရဲ့တန်ဖိုးရှိတဲ့အချိန်တွေကို ကိုယ်နဲ့မတူတဲ့သူတွေနဲ့ ငြင်းခုံဖို့ အလဟဿမကုန်ဆုံးမိပါစေနဲ့။ ကိုယ့်ရဲ့စွမ်းအင်တွေကို ကိုယ့်ကိုမနာလိုတဲ့သူတွေအပေါ် အာရုံစိုက်ဖို့ မသုံးမိပါစေနဲ့။ မှားယွင်းနေတာတွေကို မှန်ကန်အောင်ပြောဆိုဖို့ မတတ်နိုင်တဲ့အခါ တိတ်ဆိတ်နေခြင်းကသာ အကောင်းဆုံးအဖြေတစ်ခုဖြစ်တယ်ဆိုတာ မမေ့ပါနဲ့။ ကိုယ့်ရဲ့တန်ဖိုးကို ကိုယ့်သိပါစေ။ ကိုယ့်ရဲ့စိတ်ငြိမ်းချမ်းမှုကို ဘယ်သူ့ကိုမှ မပေးပါနဲ့။
“ပြောပြလို့မရတဲ့သူတွေနဲ့ မငြင်းမိခြင်းဟာ အနိုင်ယူတာထက်ပိုပြီး ကြီးမြတ်တဲ့အောင်ပွဲတစ်ခုပါပဲ”

လိုချင်တာရှိရင် ရယူနိုင်ဖို့ကြိုးစားပါ။ အဆင်သင့်ရောက်လာဖို့ မမျှော်လင့်ပါနဲ့။ ဘဝမှာ လိုချင်တာ၊ ပိုင်ဆိုင်ချင်တာတွေကို ထိုင်ပြီးစောင့်နေရုံနဲ့ ဘယ်တော့မှ မရနိုင်ပါဘူး။ တစ်ခုခုကိုပိုင်ဆိုင်ချင်ရင် ကိုယ်တိုင်ကြိုးစားယူရပါမယ်။ အခွင့်အလမ်းတွေကို စောင့်မနေပါနဲ့။ ကိုယ်တိုင် ဖန်တီးယူပါ။ အိပ်မက်တွေကို အကောင်အထည်ဖော်ချင်ရင် အခုပဲစတင်လုပ်ဆောင်ပါ။ ခရီးက မလွယ်ကူပါဘူး။ ဒါပေမယ့် ရောက်တဲ့အခါ အားလုံးကတန်ဖိုးရှိပြီး ကျေနပ်စရာ‌ဖြစ်ရမှာပါ။ ကြိုးစားအားထုတ်မှုတိုင်းက ကိုယ့်ကို ကိုယ့်ရဲ့အိပ်မက်ဆီ ပိုနီးကပ်စေပါလိမ့်မယ်။

ကမ္ဘာပေါ်မှာ_အပျော်ဆုံးလူ.pdf120.95 MB

ကမ္ဘာပေါ်မှာအပျော်ဆုံးလူ📚
ကမ္ဘာပေါ်မှာအပျော်ဆုံးလူ📚

ပျှမ်းမျှစံနှုန်းဆိုတာ မရှိဘူး။ လူတိုင်းဟာ ကိုယ်စီထူးခြားတယ်။ Crd to CURI - Curious Insighter
+4
ပျှမ်းမျှစံနှုန်းဆိုတာ မရှိဘူး။ လူတိုင်းဟာ ကိုယ်စီထူးခြားတယ်။ Crd to CURI - Curious Insighter

ဒီကနေ့ သင့်လုပ်ရပ်ဟာ သင့်မနက်ဖြန်တွေကို တိုးတက်စေနိုင်ပါတယ်။
ဒီကနေ့ သင့်လုပ်ရပ်ဟာ သင့်မနက်ဖြန်တွေကို တိုးတက်စေနိုင်ပါတယ်။

အယုံလွယ်တဲ့သူတွေက ရိုးသားတာပဲလား တုံးအတာပဲလား... ဒီမေးခွန်းကတော့ ကျွန်တော်ကိုယ်တိုင်လဲ ကိုယ့်ကိုယ်ကို‌ မကြာခဏမေးလေ့ရှိတဲ့ မေးခွန်းတစ်ခုပါ။ လူ့အသိုင်းအဝိုင်းထဲမှာ “အယုံလွယ်သူ” ဆိုတဲ့ လူတစ်မျိုးရှိပါတယ်။ သူတို့ကို လူအများစုက “သိပ်ရိုးသားလွန်းလို့” “စိတ်ထားကောင်းလွန်းလို့” ဆိုပြီး ချီးမွမ်းကြသလို တစ်ချို့ကျတော့လဲ “ဉာဏ်နိမ့်တယ်” “သေချာမတွေးဘူး” လို့ဆိုပြီး လျှော့တွက်လေ့ရှိပါတယ်။ အယုံလွယ်တာနဲ့ ရိုးသားတာက ဆက်စပ်မှုရှိသလား ရိုးသားမှုဆိုတာ မမှန်မကန် လှည့်စားခြင်းမရှိပဲ ပွင့်လင်းမြင်သာစွာ ပြောဆိုဆက်ဆံတတ်တဲ့ စရိုက်လက္ခဏာတစ်ခုဖြစ်ပါတယ်။ အယုံလွယ်သူအများစုက ကိုယ်တိုင်က လှည့်စားတတ်သူမျိုး မဟုတ်တာကြောင့် သူများကိုလဲ လှည့်စားမယ်လို့ မထင်တတ်ကြပါဘူး။ ဒီနေရာမှာ “ရိုးသားမှု” က “အယုံလွယ်မှု” ကိုမွေးဖွားပေးတယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် ရိုးသားသူတိုင်း အယုံလွယ်တယ်လို့တော့ မဆိုနိုင်ပါဘူး။ အတွေ့အကြုံရင့်ကျက်ပြီး ရိုးသားသူအများစုဟာ လူကိုမယုံခင် စိစစ်တတ်ကြပါတယ်။ အယုံလွယ်တာနဲ့ ဉာဏ်ရည်ဉာဏ်သွေး ဘယ်လိုဆက်စပ်လဲ လေ့လာမှုတွေအရ ဉာဏ်ရည်ဉာဏ်သွေးမြင့်မားသူတွေလဲ အယုံလွယ်တတ်ကြောင်း တွေ့ရပါတယ်။ ဒါကြောင့် “အယုံလွယ်လို့ ဉာဏ်နည်းတယ်” ဆိုတဲ့ ယူဆချက်က မှားယွင်းနိုင်ပါတယ်။ ဒါကြောင့် “အယုံလွယ်သူတွေက ရိုးသားတာလား တုံးအတာလား” ဆိုတဲ့ မေးခွန်းရဲ့အဖြေက... နှစ်ခုလုံးလဲဖြစ်နိုင်သလို၊ နှစ်ခုလုံးလဲမဟုတ်နိုင်ပါဘူး။ အယုံလွယ်ခြင်းက ရိုးသားမှုကြောင့်လဲ ဖြစ်နိုင်သလို၊ အတွေ့အကြုံမရှိခြင်း၊ အချက်အလက်များ မစိစစ်တတ်ခြင်း၊ သို့မဟုတ် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလွန်ကဲခြင်းတို့ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ လူတစ်ဦးချင်းစီရဲ့ ပညာရေး၊ အတွေ့အကြုံ၊ ပတ်ဝန်းကျင်နဲ့ ယဉ်ကျေးမှုအပေါ် မူတည်ပြီး အယုံလွယ်ခြင်းရဲ့ မူလအရင်းအမြစ်က ကွဲပြားသွားတာပါ။ ကျွန်တော့အတွက်ကတော့ တစ်ယောက်ယောက်ကို ယုံဖို့ဆိုတာအင်မတန်မှ ခက်ခဲပါတယ်။ သိုပေမယ့် ယုံကြည်မိရင်လဲ အဆုံးထိပါပဲ။ အဲ့လိုယုံကြည်ထားတာတောင်မှ ဖောက်လွဲဖောက်ပြန်လုပ်ခံရရင်လဲ ၀မ်းနည်းရတယ်ဆိုပေမယ့် ယူကြုံးမရတော့ မဖြစ်မိပါဘူး။ ဘာလို့လဲဆို “ယုံကြည်မှုကို အလွဲသုံးစားလုပ်တဲ့သူက ကိုယ်နဲ့မထိုက်တန်ဘူး” လို့ပဲခံယူထားတာမို့ပါ။ တန်ဖိုးထားတဲ့သူတွေ၊ တန်ဖိုးရှိတဲ့သူတွေနဲ့ပဲ ဆက်ရှိသွားတာက ကိုယ့်အတွက်အကောင်းဆုံးဆိုပြီးပဲ နေထိုင်လေ့ရှိပါတယ်။ ဒါကတော့ကျွန်တော့ရဲ့ Opinion တစ်ခုသာဖြစ်ပြီး Fact မဟုတ်ကြောင်းကိုတော့ အသိပေးလိုပါတယ်။

အယုံလွယ်တဲ့သူတွေက ရိုးသားတာပဲလား တုံးအတာပဲလား
Anonymous voting

ထွက်ခွာသွားခြင်းက ခဏတာ နာကျင်စေနိုင်ပေမယ့် နောက်ဆုံးမှာတော့ ကိုယ့်နှလုံးသားက သက်သာအဆင်ပြေသွားမှာပါ။ တစ်ဖက်လူကကိုယ့်ကို ချစ်ခြ
ထွက်ခွာသွားခြင်းက ခဏတာ နာကျင်စေနိုင်ပေမယ့် နောက်ဆုံးမှာတော့ ကိုယ့်နှလုံးသားက သက်သာအဆင်ပြေသွားမှာပါ။ တစ်ဖက်လူကကိုယ့်ကို ချစ်ခြင်းမေတ္တာ၊ လေးစားမှုနဲ့ မဆက်ဆံဘူးဆို သူတို့ထွက်သွားတာက ကိုယ့်အတွက် လက်ဆောင်တစ်ခုပါပဲ။ သူတို့မထွက်သွားခဲ့ရင် ကိုယ်ကသူတို့နဲ့အတူ နှစ်ပေါင်းများစွာ ဒုက္ခရောက်ခံစားနေရမှာပါ။ ထွက်ခွာသွားတာက ခဏတာ နာကျင်စေနိုင်ပေမယ့် ကိုယ့်ရဲ့နှလုံးသားက နောက်ဆုံးမှာတော့ ပြန်လည်အဆင်ပြေသွားမှာပါ။ ပြီးရင်တော့ ကိုယ်တကယ်လိုချင်တာကို ကိုယ်ရွေးချယ်လို့ရပါပြီ။ မှန်ကန်‌တဲ့ရွေးချယ်မှုတွေ ကိုယ်လုပ်နိုင်ဖို့ရာမှာ တစ်ခြားသူတွေကို ယုံကြည်ဖို့ထက် ကိုယ့်ကိုကိုယ်ယုံကြည်ဖို့ပဲ လိုအပ်တယ်ဆိုတာကို တွေ့ရှိလာပါလိမ့်မယ်။ တစ်ခါတစ်ရံမှာတော့ နှုတ်ဆက်ခြင်းတွေက ကိုယ့်ကိုကယ်တင်ပါတယ်။

ကျွန်တော့ဆီမှာ App Premium တွေကိုဈေးသက်သာစွာနဲ့ လာ၀ယ်ယူလို့ပါတယ်။ Express Vpn 1month - 5000 (share) 1month - 15000 (private) Alight Motion Premium 1year - 5000 (share) 1year - 10000 (private) Wink Premium 1month - 8000 (share) 1month - 23000 (private) 1year - 150000 (private) Capcut Pro 1month - 8000 (share) 1month - 15000 (private) Canva Pro 1year - 5000 (Own Mail) Netflix 1month - 15000 (share) Spotify Family Plan (US) 2months - 15000 3months - 25000 6months - 40000 12months - 60000
Private နဲ့ Share ဘာကွာလဲဆိုတော့
Private Acc - ကိုယ်ပိုင် (own mail) နဲ့သုံးလို့ရပါတယ်။ - multiple device login မို့သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ အတူသုံးလို့ရပါတယ်။ Share Acc - အများသုံးဖြစ်ပါတယ်။ - ပေးထားတဲ့ Acc ကိုပဲသုံးရမှာပါ။ ဖုန်းတစ်လုံးပဲသုံးလို့ရမှာဖြစ်ပြီး Share လို့မရပါဘူး။ Telegram Star ⭐️ 50 - 5000ks 100 - 9500ks 150 - 14000ks 200 - 18000ks 300 - 25000ks 500 - 45000ks Telegram Premium 1month - 25000 (login) 3month - 50000 (instock) ၀ယ်ယူလိုပါက - @pthenextgen

တစ်ခါတစ်ရံမှာ တစ်ချို့အရာတွေက ဆွဲထားရတာ ပင်ပန်းလာတဲ့အခါ ဆွဲမထားသင့်တော့ပဲ လက်လွှတ်ပေးလိုက်သင့်ပါတယ်။ တော်တော်များများက လက်လွှ
တစ်ခါတစ်ရံမှာ တစ်ချို့အရာတွေက ဆွဲထားရတာ ပင်ပန်းလာတဲ့အခါ ဆွဲမထားသင့်တော့ပဲ လက်လွှတ်ပေးလိုက်သင့်ပါတယ်။ တော်တော်များများက လက်လွှတ်ပေးလိုက်လို့၊ ဆွဲမထားတော့လို့ နာကျင်ခံစားရမလား၊ ဖြစ်ပါ့မလားဆိုပြီး ကြောက်ရွံ့စိုးရိမ်မိတတ်ကြတယ်။ တကယ်တမ်းမှာ လက်လွှတ်ပေးလိုက်တာက ကိုယ့်အတွက် အဖြေဖြစ်နေနိုင်ပါတယ်။ အရာရာကို မသိမ်းထားနိုင်သလို အရာရာကို ဖြေရှင်းလို့လဲ မရနိုင်ပါဘူး။ ပြောစရာလဲ မလိုတော့တဲ့အချိန်၊ ပြောလို့လဲ မရတော့တဲ့ အချိန်တွေဆို တိတ်တဆိတ်နဲ့ လက်လွှတ်လိုက်ပါ။ ကိုယ့်အတွက် မဟုတ်တော့တဲ့ အရာတွေ၊ လူတွေကို ဆုပ်ကိုင်ထားရင်း ကိုယ့်ကိုယ်ကို မထိခိုက်စေပါနဲ့။ Let the things go. Let peace in.

တန်ဖိုးထားမခံရတဲ့ အကြောင်းအရင်း (၁၀)ချက် ၁-အစွဲအလန်းကြီးတာ။ ၂-အချစ်ကြီးတာ။ ၃-သံယောဇဥ်ကြီးတာ။ ၄-အယုံအကြည်လွယ်တာ။ ၅-လိုတာထက်ပိုပြီး ဂရုစိုက်ပေးတာ။ ၆-မာန မရှိတာ။ ၇-အမြဲလိုလို ပေးဆပ်နေတာ။ ၈-အရာရာတိုင်းကို အမှန်အတိုင်း ပြောတတ်တာ။ ၉-ကိုယ့်လိုပဲ သူများကို ထင်ခဲ့တာ။ ၁၀-အမြဲသည်းခံ ခွင့်လွှတ်တတ်တာ။ #credit #Eric