EIO
Open in Telegram
⚠️ See early.Know first.Stay Safe.🙏🏻 📡စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်အတွင်းရှိ သတင်းများကို ဦးစားပေး၍ အချိန်နဲ့တပြေးညီ ကြိုးစားတင်ဆက်ပေးနေသော သတင်းချန်နယ်တစ်ခုဖြစ်ပါသည်။ #NoNeedDictator #RejectOfMilitary 🔗 http://facebook.com/eagleinformation
Show more1 053
Subscribers
-124 hours
-27 days
+230 days
Posts Archive
1 053
Repost from EIO
⚠️ပြည်သူလူထု၏ လုံခြုံရေးကို ထိခိုက်စေခြင်း။
ဒရုန်းဝဲနေသည့် အချက်အလက်များကို လူသိရှင်ကြား online ပေါ်ဖြန့်ဝေခြင်းသည် အဆိုပါနေရာရှိ ပြည်သူများအတွက် စိုးရိမ်ထိတ်လန့်မှု မြင့်တက်စေရုံသာမက၊ စစ်ကောင်စီ၏ ပစ်မှတ်ရှာဖွေရေးကိုပါ ကူညီပေးရာရောက်ပါသည်။
⚠️ကင်းထောက်မှု၏ ရည်ရွယ်ချက်ကို လမ်းကြောင်းလွှဲခြင်း။
စကောက်ဒရုန်းများ၏ လှုပ်ရှားမှုကို လူမှုကွန်ရက်ပေါ်တွင် အလွယ်တကူ တွေ့ရှိရပါက ၎င်းတို့အနေဖြင့် မည်သည့်နေရာတွင် အာရုံစိုက်နေသည်ကို ရန်သူက သဘောပေါက်သွားနိုင်ပြီး၊ နည်းဗျူဟာကို ချက်ချင်းပြောင်းလဲကာ အခြားနေရာများကို ပစ်မှတ်ထားလာနိုင်ပါသည်။
🛡️ အများပြည်သူများအတွက် ဆောင်ရန်၊ ရှောင်ရန်များ
✅ ဆောင်ရန်အချက်များ။
🗣️သက်ဆိုင်ရာထံ သတင်းပေးပို့ပါ။
#UAV Scout Drone ဒရုန်းများ ဝဲပျံနေသည်ကို တွေ့ရှိပါက လူမှုကွန်ရက်တွင် တင်မည့်အစား သက်ဆိုင်ရာ မြေပြင်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (သို့မဟုတ်) ဒေသခံ လုံခြုံရေးတာဝန်ရှိသူများထံ သီးသန့် အကြောင်းကြားပါ။
🔐လုံခြုံရေး အသိတရား ထားရှိပါ။
သတင်းဖြန့်ဝေရာတွင် နေရာ၊ အချိန်နှင့် ပတ်ဝန်းကျင် အချက်အလက်များကို တိကျစွာ မဖော်ပြဘဲ "သတိထားကြရန်" သတိပေးချက်အဆင့်သာ ထုတ်ပြန်ပါ။
❌ ရှောင်ရန်အချက်များ
အချိန်နှင့်တပြေးညီ တိုက်ရိုက်ထုတ်လွှင့်ခြင်း (#Live/#Real-time #updates) ကို ရှောင်ကြဉ်ပါ။ဒရုန်းပျံဝဲနေချိန်တွင် ဖုန်းဖြင့် ဓာတ်ပုံ၊ ဗီဒီယိုရိုက်ခြင်းနှင့် တိုက်ရိုက်ထုတ်လွှင့်ခြင်း မလုပ်ပါနှင့်။နေရာအတိအကျ ဖော်ပြခြင်း၊ အများပြည်သူမြင်နိုင်သော နေရာတွင် ရေးသားဖော်ပြခြင်း လုံးဝ မပြုလုပ်ပါနှင့်။
"မိဘပြည်သူအားလုံး အကြမ်းဖက် စစ်ကောင်စီ၏ ဒရုန်းအန္တရာယ်မှ ကင်းဝေးကြပါစေ" 🙏🏻
#Eagle_Information_Operator #EIO #DroneSafetyTips #SurvivalTactics #StayHidden #SafeMovement #SecurityAwareness #DigitalSecurity #EmergencyAlert #MilitaryTerrorists #WhatsHappeningInMyanmar
1 053
Repost from EIO
🚨 ကင်းထောက်ဒရုန်း (#Scout Drone) နှင့် တိုက်ခိုက်ရေးဒရုန်း (#Attack Drone) တို့၏ ကွာခြားချက်နှင့် ဆောင်ရန်/ရှောင်ရန်များ။
လက်ရှိကာလတွင် အကြမ်းဖက်စစ်ကောင်စီသည် စစ်ရေး၊ ကင်းထောက်ရေးနှင့် တိုက်ခိုက်ရေးလုပ်ငန်းများတွင် ဒရုန်းနည်းပညာများကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာသည်ကို မြေပြင်မှာ တွေ့ရှိလာရပါသည်။
မိဘပြည်သူလူထုအနေဖြင့် ဒရုန်းအန္တရာယ်ကို သတိပြုနိုင်ရန်နှင့် ကြိုတင်ကာကွယ်နိုင်ရန်အတွက် ၎င်းတို့နှစ်ခု၏ ကွာခြားချက်များနှင့် လိုက်နာရမည့် အချက်များကို မိမိတို့ #EIO_Admin_Team မှ အောက်ပါအတိုင်း မျှဝေလိုက်ပါတယ်။
🔍 ကင်းထောက်ဒရုန်း (#Scout_Drone) ဆိုသည်မှာ
ကင်းထောက်ဒရုန်းများသည် နယ်မြေဒေသအတွင်းရှိ လှုပ်ရှားမှုများကို အဝေးမှ လေ့လာရန်၊ ဓာတ်ပုံ/ဗီဒီယို ရိုက်ကူးရန်နှင့် သတင်းအချက်အလက် စုဆောင်းရန် အဓိက အသုံးပြုသော ဒရုန်းများ ဖြစ်ပါသည်။
👂🏻အသံနှင့် ပုံသဏ္ဌာန်။
အများအားဖြင့် အရွယ်အစား သေးငယ်ပြီး ပျံသန်းသည့်အခါ အသံတိတ်ဆိတ်ခြင်း (သို့မဟုတ်) တိုးညင်းသောအသံသာ ထွက်တတ်ပါသည်။
⚠️လုပ်ဆောင်ချက်။
လူအုပ်စုများ၊ ယာဉ်တန်းများ (သို့မဟုတ်) နေရာဒေသများကို အဝေးမှ အချိန်အကြာကြီး စောင့်ကြည့်လေ့ရှိသည်။
🚨အန္တရာယ်အမျိုးအစား။
၎င်းတို့ကိုယ်တိုင် တိုက်ရိုက် မပေါက်ကွဲသော်လည်း စစ်ကောင်စီတပ်ဖွဲ့များထံ တည်နေရာ အချက်အလက် (#Coordinates) များကို ပေးပို့ခြင်းဖြင့် လက်နက်ကြီး၊ လေကြောင်း (သို့မဟုတ်) မြေပြင်တပ်ဖွဲ့များ၏ ပစ်မှတ်ဖြစ်လာစေနိုင်သည်။
💣 တိုက်ခိုက်ရေးဒရုန်း (#Attack Drone) ဆိုသည်မှာ
တိုက်ခိုက်ရေးဒရုန်းများ (အထူးသဖြင့် #Kamikaze_Drone များ) သည် ဖောက်ခွဲရေးပစ္စည်းများ တပ်ဆင်ထားပြီး ပစ်မှတ်ကို တိုက်ရိုက်ဝင်ရောက် တိုက်ခိုက်ဖျက်ဆီးရန် ရည်ရွယ်ထားသော ဒရုန်းများ ဖြစ်ပါသည်။
👂🏻အသံနှင့် ပုံသဏ္ဌာန်။
ကင်းထောက်ဒရုန်းများထက် အရွယ်အစား ပိုကြီးနိုင်ပြီး၊ ပျံသန်းသည့်အခါ ဆူညံသောအင်ဂျင် (သို့မဟုတ်) ပန်ကာလည်ပတ်သံ ပြင်းထန်စွာ ထွက်တတ်ပါသည်။
💥လုပ်ဆောင်ချက်။
သတ်မှတ်ထားသော ပစ်မှတ်များကို အမြင့်ပေနိမ့် (သို့မဟုတ်) မြင့်သောနေရာမှ အရှိန်ပြင်းစွာဖြင့် ဝင်တိုက်ခြင်း (သို့မဟုတ်) ဗုံးသီးကြဲချခြင်း ပြုလုပ်ပါသည်။
🚨အန္တရာယ်အမျိုးအစား။
ထိခိုက်ပျက်စီးမှုနှင့် အသက်အန္တရာယ်ကို တိုက်ရိုက်ဖြစ်စေနိုင်ပါသည်။
🛡️ မိဘပြည်သူများအတွက် ဆောင်ရန်၊ ရှောင်ရန်များ။
✅ ဆောင်ရန်အချက်များ
⚠️သတိရှိပါ။
မိမိတို့ပတ်ဝန်းကျင်တွင် ထူးဆန်းသော အသံ (သို့မဟုတ်) ဒရုန်းများ ပျံသန်းနေသည်ကို တွေ့ရှိပါက အနီးအနားရှိ ပြည်သူများအား ချက်ချင်း သတိပေးပါ။ မိမိဒေသအတွင်းရှိ မြေပြင်ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေးများကို အချိန်နဲ့တပြေးညီသတင်းပို့ပါ။
⚠️ခိုလှုံရန်နေရာ ကြိုတင်ပြင်ဆင်ပါ။
ဒရုန်းအန္တရာယ်ကို ကာကွယ်နိုင်မည့် မြေအောက်ခန်း၊ ကွန်ကရစ် အဆောက်အအုံ၏ အောက်ထပ် (သို့မဟုတ်) လုံခြုံသော ဘန်ကာများကို ကြိုတင်ရှာဖွေထားပါ။
⚠️လုံခြုံရေး သတိရှိပါ။
အသွားအလာ ပြုလုပ်သည့်အခါ အစုလိုက်အပြုံလိုက် စုဝေးခြင်းကို ရှောင်ကြဉ်ပြီး ပွင့်လင်းသောနေရာများတွင် ကြာမြင့်စွာ မရပ်တန့်ပါနှင့်။
❌ ရှောင်ရန်အချက်များ
🚫ဓာတ်ပုံ၊ ဗီဒီယို မရိုက်ပါနှင့်။
ဒရုန်းများ ပျံသန်းနေစဉ် အာရုံစိုက်ခြင်း (သို့မဟုတ်) ဖုန်းဖြင့် ဓာတ်ပုံရိုက်ခြင်းကို လုံးဝ (လုံးဝ) မပြုလုပ်ပါနှင့်။
🚫အလင်းရောင်နှင့် မီးကို ရှောင်ပါ။
ညအချိန်တွင် အလင်းရောင် ပေါ်လွင်နေခြင်းသည် ဒရုန်းများ၏ ပစ်မှတ်ဖြစ်စေနိုင်သဖြင့် မီးကို လုံခြုံစွာဖုံးအုပ်ပါ။
🚫ကွင်းပြင်ကျယ်များကို ရှောင်ပါ။
ကင်းထောက်ဒရုန်းများ၏ မျက်စိမှ လွတ်ကင်းစေရန် သစ်ပင်ရိပ်၊ အမိုးအကာ (သို့မဟုတ်) အဆောက်အအုံများအောက်တွင်သာ သွားလာပါ။
🚨 အကြမ်းဖက် စစ်ကောင်စီ၏ ကင်းထောက်ဒရုန်း (#UAV_Scout_Drone) များ ဝဲပျံနေမှုကို အင်တာနက် သတင်းမီဒီယာများပေါ်တွင် အချိန်နှင့်တပြေးညီ မဖြန့်ဝေသင့်သည့် အကြောင်းရင်းများ။
လက်ရှိကာလတွင် စစ်ရေးအသိ သတိရှိမှုသည် အလွန်ပင် အရေးကြီးပါသည်။ မိမိတို့နယ်မြေ ဒေသ အတွင်း စစ်ကောင်စီ၏ ကင်းထောက်ဒရုန်းများ (Scout Drones) ဝဲပျံနေသည်ကို တွေ့ရှိပါက သတင်းမီဒီယာ (သို့မဟုတ်) မိမိ၏ ကိုယ်ပိုင် လူမှုကွန်ရက်စာမျက်နှာများပေါ်သို့ အချိန်နှင့်တပြေးညီ တင်ပြခြင်း၊ အချိန်နဲ့နေရာကို ဖော်ပြခြင်းတို့ လုံးဝ-လုံးဝ မပြုလုပ်သင့်ပါ။
အဘယ်ကြောင့်ဆိုသော် အောက်ပါအချက်များသည် ပြည်သူလူထု၏ လုံခြုံရေးနှင့် စစ်ရေးအရ အလွန်ထိခိုက်နိုင်သောကြောင့် ဖြစ်ပါသည်။
📌 အဘယ်ကြောင့် အချိန်နှင့်တပြေးညီ မဖော်ပြသင့်သနည်း။
⚠️ ရန်သူအတွက် တည်နေရာအတိအကျ (#Coordinates) ပေးသလို ဖြစ်သွားနိုင်ခြင်း။
မီဒီယာများပေါ်တွင် စကောက်ဒရုန်းပျံဝဲနေသည့် နေရာကို ဖော်ပြခြင်းဖြင့် စစ်ကောင်စီတပ်ဖွဲ့များအနေဖြင့် ၎င်းတို့၏ ကင်းထောက်မှု မည်မျှထိရောက်သည်ကို သိရှိသွားစေနိုင်ပြီး နောက်ဆက်တွဲ လက်နက်ကြီးပစ်ခတ်မှု (သို့မဟုတ်) လေကြောင်းတိုက်ခိုက်မှုများအတွက် ပစ်မှတ်အချက်အလက်ကို ပံ့ပိုးပေးသလို ဖြစ်သွားနိုင်ပါသည်။
1 053
Repost from EIO
🚨 "အရေးပေါ် လေကြောင်းသတိပေးချက်နှင့် တိုက်တွန်းချက်" (#EIO) ⚠️
📢 "လေကြောင်းအသိ၊လေကြောင်းသတိဖြင့် မိမိနှင့် မိမိပတ်ဝန်းကျင်ကို ကာကွယ်စို့"
အကြမ်းဖက် စစ်ကောင်စီ၏ လေတပ်စခန်းများနှင့် ဌာနချုပ်များမှတစ်ဆင့် #Jet_Fighters (ဂျက်တိုက်လေယာဉ်များ)၊#Mi_35P_Attack_Helicopters (တိုက်ခိုက်ရေးရဟတ်ယာဉ်များ)၊ #Y_12_Y_8_Military_Transport_Aircraft (ဗုံးကျဲနှင့်စစ်ထောက်ပို့လေယာဉ်များ)၊ #UVP_L_410_Military_Light_Transport_Aircraft (ဗုံးကျဲနှင့်ထောက်ပို့ အပေါ့စားလေယာဉ်များ)၊ #Paramotors (ပါရာမော်တာစက်တပ်လေထီးများ)၊ #Gyrocopters (ဂျိုင်ရိုကော့ပတာများ) နှင့် လူသတ်လက်နက်များဖြစ်သော #Kamikaze_Suicide_Drones (စွမ်းအားမြင့်အသေခံဒရုန်းများ)၊ #Attack_Drones (တိုက်ခိုက်ရေးဒရုန်းများ) ကို အသုံးပြုကာ ပြည်သူလူထုအပေါ် ပစ်မှတ်ထားတိုက်ခိုက်နေခြင်းသည် လုံးဝမဖြစ်သင့်သည့် အကြမ်းဖက်မှု လုပ်ရပ်သာ ဖြစ်ပါသည်။
📌 အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု အန္တရာယ်များသည် လျော့ပါးသွားခြင်းမရှိဘဲ ပိုမိုပြင်းထန်လာနိုင်သည့် အနေအထားတွင် ရှိနေပါသည်။ ထို့ကြောင့် မိဘပြည်သူများအနေဖြင့် ဘေးကင်းမှုကို ရှေးရှုကာ အောက်ပါ "လေကြောင်းအသိ၊သတိ" များကို အထူးဂရုပြု လိုက်နာကြပါရန် #EIO_Admin_Team မှ အလေးအနက် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
🛡️ လိုက်နာရန် အရေးကြီးသည့် လမ်းညွှန်ချက်များ။
👂 အသံကို နားစွင့်ပါ။
ဒရုန်းများ(#Kamikaze_Sucide_Drone/#Attack_Drone)နှင့် အပေါ့စားလေယာဉ်များ (#Paramotor/#Gyrocopter) သည် ပုံမှန်ဂျက်လေယာဉ်များထက် အသံတိုးသော်လည်း နီးကပ်လာပါက ပန်ကာရိုက်ခတ်သံကို ကြားနိုင်ပါသည်။ ထူးခြားသောအသံကြားရပါက လူစုလူဝေးမှ ချက်ချင်းခွာပါ။
🚫 ရှောင်ပါ။
လူစုလူဝေးရှိရာနေရာများသည် အဓိက ပစ်မှတ်များ ဖြစ်လာနိုင်သဖြင့် အထူးဂရုစိုက် နားစွင့်၍ နေထိုင်ကြပါ။ဆူညံသံများဖြစ်သော အသံချဲ့စက်၊ဘောက်များဖွင့်ခြင်းကို လုံးဝ(လုံးဝ) ရှောင်ကြဉ်ကြပါ။
🛖 ခိုင်ခံ့သော နေရာတွင် ခိုလှုံပါ။
လေကြောင်းတိုက်ခိုက်မှု သတိပေးချက်ရသည်နှင့် တစ်ပြိုင်နက် သစ်ပင်ကြီးများအောက်တွင် မနေဘဲ ခိုင်ခံ့သော အဆောက်အအုံ (သို့မဟုတ်) မြေကျင်းများအတွင်း အမြန်ဆုံး ခိုလှုံပါ။
📱 သတင်းအချက်အလက်ကို စောင့်ကြည့်ပါ။
ဒေသတွင်း လေကြောင်း သတင်းပြန်ကြားရေးမှ သတိပေးချက်များ၊ အချိန်နှင့်တပြေးညီ ထုတ်ပြန်ပေးနေသော လေကြောင်းသတင်း #Channel များကို အမြဲမျက်ခြေမပြတ် စောင့်ကြည့်ပြီး အချင်းချင်း ဖုန်းဖြင့် သတင်းအား လက်ဆင့်ကမ်းခြင်း၊ နယ်မြေခံဆက်သွယ်ရေးကွန်ယက်များသို့ ဝေမျှပါ။လေကြောင်းသတင်းကို အမြဲမပြတ် နားစွင့်နေပါ။
🚫 တားမြစ်ချက်နှင့် မေတ္တာရပ်ခံချက်။
မိမိတို့ဝန်းကျင်တွင် လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားပါက ဓာတ်ပုံ၊ ဗီဒီယိုရိုက်ကူးခြင်းနှင့် #Social_Media ပေါ်တွင် ချက်ချင်းတင်ခြင်းများကို လုံးဝ (လုံးဝ) မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။ ထိုသို့တင်ခြင်းသည် တိုက်ခိုက်သူများအတွက် #Target မှန်၊ မမှန် #Feedback ပေးသကဲ့သို့ ဖြစ်စေပြီး နောက်ထပ်တိုက်ခိုက်မှုများ ပြုလုပ်ရန် လမ်းညွှန်ပေးရာ ရောက်ပါသည်။
"မိဘပြည်သူတို့ရဲ့ အသက်ပေါင်းများစွာကို အကာအကွယ်ပေးနိုင်ဖို့ "လေကြောင်းအသိ၊ လေကြောင်းသတိ" အမြဲရှိကြပါစို့။"✨
"မိဘပြည်သူအားလုံး ဘေးအန္တရာယ်ကင်းပြီး ကျန်းမာကြပါစေ"🙏🏻
#EIO_Update_News #MiliitaryAtrocities #MilitaryTerrorists #StopBombingCivilians #StopKillingCivilians #AirSecurityAlert #StaySafeMyanmar #SafetyAwareness #WhatsHappeningInMyanmar
1 053
Repost from EIO
🚨 မိဘပြည်သူများအတွက် အရေးပေါ် သတိပေးချက် 🚨
လတ်တလော မုံရွာမြို့ပေါ်နှင့် လမ်းကြိုလမ်းကြားများ၊ မြို့အဝင်အထွက်များတွင် စစ်ကောင်စီ (စကစ) မှ အိမ်စီးကားများကို အသုံးပြု၍ အတင်းအဓမ္မ ဖမ်းဆီးခြင်းနှင့် ပေါ်တာဆွဲခြင်းများ ပြုလုပ်နေကြောင်း သတင်းများ ရရှိထားပါသည်။
မိဘပြည်သူများ ဘေးကင်းလုံခြုံစေရန် အောက်ပါအချက်များကို အထူးသတိထား လိုက်နာကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
⚠️ သတိပြုရန် အချက်များ
🔹 ဒေသခံ တော်လှန်ရေးအဖွဲ့အစည်းများ၏ အသိပေးချက်များကို စောင့်ကြည့်လိုက်နာပါ။
🔹 မြေပြင်သတင်းချန်နယ်များကို ဖတ်ရှုကြပါ။
🔹 နီးစပ်ရာ အချင်းချင်း သတင်းအချက်အလက်များ မျှဝေကြပါ။
🚫 လုံးဝ မပြုလုပ်ရ
❌ စခ / ရခ ယာဉ်တန်းများအနီးတွင် မနေပါနှင့်။
❌ စခ / ရခ ယာဉ်တန်းနှင့်အတူ လိုက်ပါ မောင်းနှင်ခြင်း မပြုလုပ်ပါနှင့်။
❌ စခ / ရခ အထိုင်ဂိတ်များအနီးတွင် ကြာမြင့်စွာ မနေပါနှင့်။
🚑 ကျန်းမာရေးကိစ္စများနှင့် စားဝတ်နေရေးအတွက် မဖြစ်မနေ ခရီးသွားလာရပါက အထူးသတိဖြင့် သွားလာကြပါရန် တိုက်တွန်းအပ်ပါသည်။
🙏 မိဘပြည်သူများအားလုံး ကျန်းမာ၍ ဘေးကင်းကြပါစေ။
⚜️ မြေပြင်အခြေအနေများနှင့် ပတ်သက်၍ အရေးကြီးသတင်းများရှိပါက #EIO Admin Team ထံသို့ အချိန်နှင့်တပြေးညီ ယုံကြည်စိတ်ချစွာ ပေးပို့နိုင်ပါသည်။
📲 ဆက်သွယ်မေးမြန်းရန်နှင့် သတင်းပေးပို့ရန်
🤖 Telegram – @EIO2021_bot | @EagleInformationOperator_bot
📧 Email – eagleinformationoperators@gmail.com
🔵 Facebook Page – facebook.com/eagleinformation
🌐 Telegram Channel – t.me/eagleinformationoperator
#EIO #EmergencyAlert #StaySafe #Monywa #SecurityUpdate
#CivilianMilitaryServiceLaw
#MilitaryServiceTraining
#BasicRecruitTraining
#MilitaryCommission
#UnlawfulArrest
#HumanRightsViolation
1 053
Repost from EIO
🚨 မုံရွာ - ချောင်းဦး လမ်းပိုင်း ⚠️
(မုံရွာတောင် - ချောင်းဦး) လမ်းမကြီးတလျှောက်တွင် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အထိုင်ချရာဝပ်ကျင်းများမှ ထွက်လာပြီး လမ်းပိုင်းအလိုက် ကင်းပုန်းများချကာ နေရာယူလှုပ်ရှားနေကြောင်း သတင်းရရှိထားပါသည်။
ခရီးသွားမိဘပြည်သူများအနေဖြင့် အဆိုပါလမ်းပိုင်းကို အသုံးပြုရာတွင် အထူးဂရုစိုက်ကြပါရန်နှင့် မလိုအပ်ဘဲ ဖြတ်သန်းသွားလာခြင်းများကို ရှောင်ရှား၍ ဘေးကင်းလုံခြုံရေးကိုသာ ဦးစားပေးဆောင်ရွက်ကြပါရန် အနူးအညွတ် မေတ္တာရပ်ခံအပ်ပါသည်။
#EIO
#Admin_Team
#Eagle_Information_Operator
@EIO2021_bot | @EagleInformationOperator_bot
#EIO #PublicSafety #Monywa #ChaungU #Road_Safety_First #SecurityAlert #StaySafe
1 053
⚜️ #EIO_Update_News
ချောင်းဦးနယ် ခင်မွန်ဘက်စုံခြံနှင့် မြပုလဲဂိတ်မှ ထွက်လာသော စခကင်းများသည် ခင်မွန်ရွာထိပ်သို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။
#EIO
Aug 11, 6:47AM
@EIO2021_bot ၊ @EagleInformationOperator_bot
1 053
⚜️ #EIO_Update_News
မုံရွာနယ် တောင်ခြမ်း၊ မအူဂိတ်မှ ထွက်လာသော စခကင်းများသည် မအူဆီတန်းနှင့် တံတားဖြူသို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။
မုံရွာနယ် တောင်ခြမ်း၊ တောပုပျူရွာမှ ထွက်လာသော စခပခများသည် သီတာရုံအဆင်း၊တောင်ကုန်းနှင့် မြောက်ကုန်းရွာထိပ်သို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။
#EIO
Aug 11, 6:45AM
@EIO2021_bot ၊ @EagleInformationOperator_bot
1 053
⚜️ #EIO_Update_News
မုံရွာနယ် တောင်ခြမ်း၊ မုံရွေးတိုးဂိတ်မှ ထွက်လာသော စခကင်းများသည် မုံရွေးဈေးထိပ်နှင့် ကြေးမုံရွာအနောက်ထိပ်သို့ ရောက်ရှိနေပြီး လက်နက်ငယ်များလည်း ရမ်းသမ်းပစ်ဖောက်နေကြောင်း သတင်းရရှိထားပါသည်။
#EIO
Aug 11, 6:45AM
@EIO2021_bot ၊ @EagleInformationOperator_bot
1 053
⚜️ #EIO_Update_News
မုံရွာနယ် တောင်ခြမ်း၊ စွမ်းရည်ထက်ဂိတ်မှ ထွက်လာသော စခကင်းများသည် ကူတော ကြာပိုင်ပေလမ်းဆုံသို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။
#EIO
Aug 11, 6:32AM
@EIO2021_bot ၊ @EagleInformationOperator_bot
1 053
⚜️ #EIO_Update_News
မုံရွာနယ် တောင်ခြမ်း၊ စွမ်းရည်ထက်ဂိတ်မှ ထွက်လာသော စခကင်းများသည် မြေနဲရွာဘက်သို့ ကင်းပုန်းရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။
#EIO
Aug 11, 6:05AM
@EIO2021_bot ၊ @EagleInformationOperator_bot
1 053
Repost from EIO
၁။ ရာဇတောဝါ - မင်းဘေးမှလည်းကောင်း။
၂။ စောရတောဝါ - ခိုးသူဘေးမှလည်းကောင်း။
၃။ မနုဿတောဝါ - လူဆိုးလူကြမ်း
ဘေးမှလည်းကောင်း။
၄။ အမနုဿတောဝါ - ဘီလူး၊ ဂုမ္ဘဏ်၊ ဖုတ်ပြိတ္တာ.
ဘေးမှ လည်းကောင်း။
၅။ အဂ္ဂိတောဝါ - မီးဘေးမှ လည်းကောင်း။
၆။ ဥဒကတောဝါ - ရေဘေးမှ လည်းကောင်း။
၇။ ကဏ္ဍကတောဝါ - လေးမြှား၊ လက်နက်၊ ဆူးငြောင့်
ဘေးမှ လည်းကောင်း။
၈။ ဇနပဒရောဂတောဝါ - ဇနပုဒ်၌ဖြစ်ကုန်သော
အနာရောဂါ ဘေးမှလည်းကောင်း။
၉။ အသဒ္ဓမ္မတောဝါ - သူယုတ်တို့၏ မကောင်းသော
အကျင့်ဘေးမှလည်းကောင်း။
၁၀။ အသန္ဒိဋ္ဌိတောဝါ - မိစ္ဆာအယူရှိသော သူတို့၏
ဘေးမှလည်းကောင်း။
၁၁။ အသပ္ပုရိသတောဝါ - သူတော်မဟုတ် သူယုတ်မာ
တို့၏ ဘေးမှလည်းကောင်း။
ထို ( ၁၁ )ပါးသောဘေးဆိုးတို့မှကင်းဝေးကြပါစေရန်ဆုတောင်းမေတ္တာပို့သပါသည်။ဘေးရန်ကင်းငြိမ်းကြပါစေ။🙏🙏🙏
#AdminTeam
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
1 053
Repost from EIO
📢 သတင်းပေးပို့သူများသို့ အသိပေးချက် ⚠️
📌 သတင်းပေးပို့သူ (#Informant) တစ်ဦးချင်းစီ၏ သတ္တိ၊ တာဝန်ယူမှုနှင့် ပေးဆပ်မှုများကို #EIO_Admin_Team မှ အမြဲတမ်း လေးစားတန်ဖိုးထားလျက်ရှိပါသည်။ ✨
📌 မိမိတို့ဒေသအတွင်းရှိ အကြမ်းဖက် စစ်ကောင်စီ၏ လေကြောင်းဆိုင်ရာ ဖြတ်သန်းမှုများ၊ အကြမ်းဖက် စစ်ကောင်စီတပ်၏ လှုပ်ရှားမှု၊ တပ်စွဲနေရာများနှင့် ယာဉ်တန်းသတင်းများကို အချိန်နှင့်တပြေးညီ ပေးပို့ပေးခြင်းသည် တော်လှန်ရေးအတွက် အရေးပါသည့် “မျက်စိနှင့် နား” ဖြစ်သကဲ့သို့ ပြည်သူများ၏ အသက်အိုးအိမ်ကို ကာကွယ်ပေးနေခြင်းလည်း ဖြစ်ပါသည်။ ✨🛡️ ၁။ သတင်းပေးပို့သူများအား တန်ဖိုးထားခြင်း 📌 #EIO_Admin_Team အနေဖြင့် သတင်းပေးပို့သူများ၏ ဘေးကင်းလုံခြုံရေးကို ပထမဦးစားပေး (Top Priority) အဖြစ် သတ်မှတ်ထားပါသည်။ ✨
✅ သတင်းအချက်အလက်တစ်ခု ရရှိလာရန် မည်မျှအန္တရာယ်များကြောင်း နားလည်ထားသည့်အတွက် ပေးပို့လာသော သတင်းတိုင်းကို အလေးအနက်ထား၍ စိစစ်အသုံးပြုလျက်ရှိပါသည်။ ✨📌 မိတ်ဆွေတို့၏ ကြိုးပမ်းအားထုတ်မှုများသည် တော်လှန်ရေးအောင်ပွဲအတွက် အရေးပါသော မောင်းနှင်အားတစ်ရပ်ဖြစ်ကြောင်း မှတ်တမ်းတင်အပ်ပါသည်။ ✨ 🔐 ၂။ လုံခြုံရေးနှင့် လျှို့ဝှက်ချက် ထိန်းသိမ်းမှု 📌 သတင်းပေးပို့သူများ စိတ်ချလက်ချ ဆက်သွယ်နိုင်စေရန် အောက်ပါအချက်များကို တိကျစွာ လိုက်နာဆောင်ရွက်လျက်ရှိပါသည်။ 👤 သတင်းရင်းမြစ် ဖုံးကွယ်ခြင်း 📌 ပေးပို့သူ၏ အမည်၊ အကောင့်နှင့် တည်နေရာတို့ကို မည်သည့်အခြေအနေတွင်မျှ ထုတ်ဖော်ခြင်းမပြုဘဲ လျှို့ဝှက်အဆင့် (၁) ဖြင့် ထိန်းသိမ်းထားပါသည်။ 💻 Digital Security 📌 သတင်းပေးပို့ပြီးနောက် #Chat_Log များအား စနစ်တကျ ဖျက်သိမ်းခြင်းနှင့် လုံခြုံရေးအကာအကွယ်များကို နည်းပညာပိုင်းဆိုင်ရာအရ ဆောင်ရွက်ထားပါသည်။ 🛡️ ဘေးကင်းရေး လမ်းညွှန်မှု 📌 သတင်းပေးပို့ရာတွင် သတိပြုရမည့်အချက်များနှင့် ဒစ်ဂျစ်တယ်လုံခြုံရေးဆိုင်ရာ အသိပညာများကိုလည်း မိမိတို့ #EIO_Admin_Team အနေဖြင့် စဉ်ဆက်မပြတ် ဆက်လက်မျှဝေပေးလျက်ရှိပါသည်။ ⚠️ ၃။ သတင်းပေးပို့သူများသို့ မေတ္တာရပ်ခံချက် 📌 မိမိကိုယ်တိုင် လုံခြုံမှုရှိနေမှသာ တော်လှန်ရေးအတွက် ရေရှည်ဆက်လက်ကူညီနိုင်မည်ဖြစ်သောကြောင့် အောက်ပါအချက်များကို အထူးဂရုပြုပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 📱 Two-Step Verification ⚠️ သတင်းပေးပို့ရာတွင် အသုံးပြုသည့် ဖုန်းနှင့် စက်ပစ္စည်းများတွင် အမြဲဖွင့်ထားပါ။ 🗑️ Chat Cleanup ⚠️ သတင်းပေးပို့ပြီးတိုင်း #Chat များအား #Delete ပြုလုပ်ရန် (သို့မဟုတ်) #Vanish Mode အသုံးပြုရန်။ 👁️ Environmental Awareness ⚠️ သတင်းရယူရာတွင် မိမိပတ်ဝန်းကျင်အခြေအနေကို အမြဲသတိပြု၍ မျက်ခြေမပြတ် စောင့်ကြည့်ပါ။ 🕊️ “လူထု၏ မျက်စိ၊ လူထု၏ နား…အောင်ပွဲဆီသို့ ရောက်ရှိနိုင်ရန် သင်တို့၏ သတင်းစကားများသည် အရေးကြီးဆုံးဖြစ်ပါသည်။” ⚠️တာဝန်သိစိတ်ဖြင့် သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInformationOperator_bot 👉 http://www.eagleinformationoperators@gmail.com ပြည်သူနှင့်အတူ ရပ်တည်ပေးနေသော သတင်းပေးပို့သူ တစ်ဦးချင်းစီအား မိမိတို့ #EIO (ဆက်သွယ်ရေးနှင့် သတင်းပြန်ကြားရေး) မှ အထူးကျေးဇူးတင်ရှိပါသည်။ 🙏🏻 #EIO_Admin_Team #Eagle_Information_Operator #Civilian_Intelligence #DigitalSecurity #Revolution_News #Ethics
1 053
⚜️ #EIO_Update_News
မုံရွာနယ် တောင်ခြမ်း၊ စွမ်းရည်ထက်ဂိတ်မှ ထွက်လာသော စခကင်းများသည် မြေနဲရွာထိပ် ပေလမ်းမသို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။
#EIO
Aug 10, 6:02PM
@EIO2021_bot ၊ @EagleInformationOperator_bot
1 053
Repost from ပြည်သူ့ပန်းတိုင်-People's Goal
တစ်ဖက်တွင်လည်း အာဏာသည် ယစ်မူးသာယာစေတတ်သည့် သဘောရှိ၍ ထိုအာဏာကို အကန့်အသတ်မရှိ ပေးအပ်ခြင်းသည် မည်သူ့အတွက်မဆို အန္တရာယ်ရှိသဖြင့် ၎င်းအာဏာကို အကောင်းဘက်သို့သာ ဦးတည်အသုံးချနိုင်စေရန် ချိန်ညှိထိန်းကွပ်မည့် အဖွဲ့အစည်းနှင့် ယန္တရားများ တည်ဆောက်ထားနိုင်ရန် လိုအပ်ရခြင်း ဖြစ်သည်။
အချုပ်ဆိုရလျှင် မြန်မာ့နိုင်ငံရေးကို အဆိုး/အကောင်း ပြောင်းလဲစေခဲ့သည်မှာ အာဏာမဟုတ်၊ လူဖြစ်သည်။ ပို၍ တိတိကျကျဆိုရလျှင် အာဏာကို ကိုင်ဆောင်ခဲ့သော လူ၏ 'ပကတိတန်ဖိုး’ပင် ဖြစ်သည်။
သို့ဖြစ်၍ တော်လှန်ရေးအောင်မြင်စေရန်နှင့် မိမိတို့တိုင်းပြည်၏ အနာဂတ်သမိုင်းကြောင်းကို အကောင်းဘက်သို့ ပြောင်းလဲတိုးတက်စေရန်အတွက် နိုင်ငံ့အာဏာများကို အပ်နှင်းရာ၌ အပေါင်းလက္ခဏာပြပကတိတန်ဖိုး မြင့်မားသူများကိုသာ ရွေးချယ်၍ လူမှန်နေရာမှန် တာဝန်ပေးအပ်သင့်သလို ထိုကဲ့သို့သောသူများအား စဉ်ဆက်မပြတ် မွေးထုတ်ပေးနိုင်မည့် အခြေခံပညာရေးစနစ်ကောင်းတစ်ခု တည်ဆောက်ထားနိုင်ရန်မှာလည်း အလွန်အရေးကြီးကြောင်း သတိမူသင့်လှသည်။
[ဖော်ပြပါ ဆောင်းပါးအား တော်လှန်ရေးအားကောင်းခိုင်မာစေရန်နှင့် ပြည်သူအများကြား အတွေးအမြင် ရှုထောင့်စုံ ထိတွေ့သုံးသပ်နိုင်စေရန် ရည်ရွယ်၍ ကဏ္ဍတစ်ခုအနေဖြင့် ရွေးချယ်၊ တည်းဖြတ်၊ တင်ဆက်ပေးခြင်းဖြစ်ပါသည်။ ဆောင်းပါး၏ အာဘော်သည် စာရေးသူ၏ ကိုယ်ပိုင်ဖြစ်၍ ပြည်သူ့ပန်းတိုင်၏ အာဘော်မဟုတ်ပါ။ ဆောင်းပါးကို ဖတ်ရှုပြီး မှတ်ချက်များ ရေးသား ဆွေးနွေးနိုင်ပါသည်။]
1 053
Repost from ပြည်သူ့ပန်းတိုင်-People's Goal
“လူသား၏ ပကတိတန်ဖိုးနှင့် အာဏာထပ်ညွှန်းကိန်းများကပြောသော မြန်မာ့နိုင်ငံရေး”
🔹လင်းသစ် (မဟာဝိဇ္ဇာ)
မြန်မာ့နိုင်ငံရေး သမိုင်းကြောင်းကို ပြောင်းလဲစေခဲ့သည့်အရာမှာ အာဏာဖြစ်သည်ဟု လူအများက ယုံကြည်ကြသည်။ မဝေးသေးသော သမိုင်းကို ပြန်ကြည့်လျှင်လည်း နေဝင်း၊ သန်းရွှေ စသော စစ်ခေါင်းဆောင်များသည် အာဏာ၏အခရာကျမှုကြောင့်သာ သမိုင်းကို ပြောင်းလဲနိုင်သကဲ့သို့ တွေ့မြင်ရသည်ပင်။
သို့သော် အာဏာသည် သမိုင်းကို ကိုယ်တိုင်မဖန်တီးနိုင်ပေ။ အာဏာကို ကိုင်တွယ်အသုံးပြုသူ၏ ပကတိတန်ဖိုးနှင့် သဘောထားလက္ခဏာကသာ သမိုင်းကို ပြောင်းလဲစေနိုင်ခြင်း ဖြစ်သည်။
အာဏာသည် လူတစ်ယောက်၏ စိတ်သဘောထားကို အကောင်း/အဆိုး ပြောင်းလဲပေးခြင်း မဟုတ်ဘဲ ရှိပြီးသား ကိုယ်ရည်ကိုယ်သွေးနှင့် လုပ်ဆောင်နိုင်စွမ်းတို့ကို အဆပေါင်းများစွာ ချဲ့ထွင်ပေးသည့် ထပ်ညွှန်းကိန်း (Multiplier) သာ ဖြစ်ပေသည်။
လူတိုင်းတွင် ပကတိတန်ဖိုးများ ရှိကြသည်။ ဉာဏ်ရည်ဉာဏ်သွေး၊ မျှော်မြင်တွေးခေါ်နိုင်စွမ်း၊ တီထွင်ဖန်တီးနိုင်စွမ်း၊ တာဝန်ယူစိတ်၊ ကိုယ်ချင်းစာတရား၊ အကြင်နာတရား၊ တရားမျှတမှုကို တန်ဖိုးထားစိတ်နှင့် အများအကျိုးကို ဦးစားပေးလိုစိတ်တို့သည် လူတစ်ယောက်၏ ဆုံးဖြတ်ချက်နှင့် လူမှုဝန်းကျင်အပေါ်သက်ရောက်မှုကို ပုံဖော်ပေးသော အခြေခံတန်ဖိုးများ ဖြစ်ကြသည်။
သို့ရာတွင် ပကတိတန်ဖိုးတိုင်းသည် လူ့အဖွဲ့အစည်းအတွက် ကောင်းကျိုးချည်း ဖြစ်စေသည်တော့ မဟုတ်။ လူ့ဂုဏ်သိက္ခာကို လေးစားပြီး လွတ်လပ်မှု၊ တရားမျှတမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ပေးနိုင်သော ကိုယ်ရည်ကိုယ်သွေးများသည် အပေါင်းလက္ခဏာပြ ပကတိတန်ဖိုးများ ဖြစ်ကြပြီး အတ္တ၊ လောဘ၊ အကြောက်တရား၊ မုန်းတီးမှုနှင့် အခြားသူများကို လွှမ်းမိုးထိန်းချုပ်လိုစိတ်တို့သည် အနုတ်လက္ခဏာဆောင်သော ပကတိတန်ဖိုးများ ဖြစ်ကြသည်။
အပေါင်းနှင့် အနုတ်ကို အောက်ပါ စံနှုန်းများဖြင့် ခွဲခြားသတ်မှတ်ကြည့်နိုင်သည်။
• လူ့ဂုဏ်သိက္ခာကို ကာကွယ်စောင့်ရှောက်ခြင်း၊
• လူ့အဖွဲ့အစည်းကို တိုးတက်စေခြင်း၊
• ဖြောင့်မတ်သော ကိုယ်ကျင့်တရားရှိခြင်း၊
• မှန်ကန်သော စိတ်စေတနာကောင်းရှိခြင်း။
သို့သော် လူတစ်ယောက်၏ လူမှုသက်ရောက်မှုကို ပကတိတန်ဖိုးတစ်ခုတည်းက အလုံးစုံ မဆုံးဖြတ်နိုင်သေးပေ။ ထိုတန်ဖိုးများအပေါ် အာဏာ၊ လုပ်ပိုင်ခွင့်၊ ငွေကြေး၊ လက်နက်အင်အား၊ အဖွဲ့အစည်း၊ လူထုယုံကြည်မှုနှင့် သတင်းမီဒီယာဩဇာ စသည့် ထပ်ညွှန်းကိန်းများ လာရောက်ပေါင်းစပ်သောအခါမှသာ သက်ရောက်မှုသည် အဆမတန် ကြီးမားလာသည်။
အကြမ်းဖျင်းအားဖြင့်
လူမှုဖွဲ့အစည်းအပေါ်သက်ရောက်မှု = ပကတိတန်ဖိုး × ထပ်ညွှန်းကိန်း
ဟု နားလည်နိုင်သည်။
သာဓကအားဖြင့် မြန်မာ့နိုင်ငံရေး ဖြစ်စဉ်ကို ပြောင်းလဲစေခဲ့သူနှစ်ဦး၏ ဖြစ်ရပ်များကို လေ့လာနိုင်ပါသည်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် နိုင်ငံရေးအာဏာ၊ လက်နက်ကိုင်အင်အား၊ အုပ်ချုပ်ရေးယန္တရားနှင့် နိုင်ငံ၏ အရင်းအမြစ်အများစုကို ထိန်းချုပ်ထားခဲ့သည်။ တစ်နည်းအားဖြင့် နိုင်ငံ၏ အမြင့်ဆုံး ထပ်ညွှန်းကိန်းအားလုံးနီးပါးကို လက်ဝယ်ရရှိခဲ့သည်ဟု ဆိုနိုင်သည်။ ထိုဖြစ်စဉ်တွင် အာဏာထပ်ညွှန်းကိန်းတို့က မင်းအောင်လှိုင်၏ အနုတ်လက္ခဏာပြပကတိတန်ဖိုးကို အဆသန်းပေါင်းများစွာ မြှင့်တင်ပေးခဲ့ပြီး ရလဒ်အားဖြင့် မြန်မာတနိုင်ငံလုံး ဘက်စုံပျက်စီးကာ ကပ်ဘေးစုံ ဆိုက်သည်အထိ ဖြစ်ခဲ့ရပေသည်။
ဆန့်ကျင်ဘက်အားဖြင့် ၎င်းမတိုင်မီက ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ခဲ့သည့် အရပ်သားအစိုးရသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကြောင့် အာဏာအပြည့်အဝ မရရှိခဲ့သော်လည်း ရနိုင်စွမ်းသည် အာဏာထပ်ညွှန်းကိန်းအနည်းငယ်မျှဖြင့်ပင် တိုင်းပြည်ကို ဘက်စုံ၊ ကဏ္ဍစုံ တိုးတက်ရေးလမ်းကြောင်းပေါ်သို့ ပို့ဆောင်ပေးနိုင်ခဲ့သဖြင့် လူမှုဝန်းကျင် သက်ရောက်မှု အပြောင်းအလဲများသည် အကောင်းဘက်သို့ တဟုန်ထိုး တိုးတက်လာခဲ့သည်။ ဤသည်က နိုင်ငံ့ခေါင်းဆောင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်၏ ပင်ကိုယ်ပကတိတန်ဖိုးမြင့်မားမှုအပေါ် အာဏာထပ်ညွှန်းကိန်း သက်ရောက်မှု ရလဒ်များပင် ဖြစ်သည်။
အထက်ပါ ဖြစ်ရပ်နှစ်ခုသည် အာဏာထပ်ညွှန်းကိန်းအပေါ် အနှုတ်ပြပကတိတန်ဖိုးနှင့် အပေါင်းပြပကတိတန်ဖိုးတို့၏ အလုပ်လုပ်ပုံနှင့် ဆန့်ကျင်ဘက် သက်ရောက်မှုများအတွက် သက်သေပြချက်များပင် ဖြစ်သည်။
ဤသဘောတရားသည် ထပ်ညွှန်းကိန်းအလွန်မြင့်မားသော အာဏာဗဟိုချက်သို့ ရောက်ရှိလာသည့် လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏ ပင်ကိုယ်စွမ်းရည် ပကတိတန်ဖိုးမြင့်မားမှုနှင့် အပေါင်း/အနုတ်ဆန်သည့် ကိုယ်ကျင့်ရားသည် မည်မျှ အရေးကြီးကြောင်း သတိပေးချက်လည်း ဖြစ်သည်။
သို့ဖြစ်၍ သမိုင်းကြောင်းကို ပြောင်းလဲစေနိုင်သည့် နိုင်ငံ့အာဏာထပ်ညွှန်းကိန်းကို ဆက်ခံမည့်သူအား ရွေးချယ်ရာတွင် လုပ်ဆောင်နိုင်စွမ်းဟူသည့် ပကတိတန်ဖိုးစွမ်းရည်သည် အရေးကြီးသော်လည်း အဆိုး/အကောင်းကို ဘက်ပြောင်းပစ်နိုင်စွမ်းသည့် ကိုယ်ကျင့်တရားလက္ခဏာက ပို၍အရေးကြီးကြောင်း သတိပြုသင့်ကြပါသည်။
"အာဏာရလာသူတွင် မည်သည့်ပကတိတန်ဖိုးများ ရှိသနည်း" ဆိုသည်ကို မဖြစ်မနေ သတိပြုရမည်ဖြစ်သလို "ထိုအာဏာကို ထိန်းကျောင်းမည့် အဖွဲ့အစည်းများ ရှိသလား" ဆိုသည်ကိုလည်း မမေ့လျော့သင့်ပေ။
1 053
Repost from N/a
"ပြည်သူ့အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်ဖို့ - #SKY_WATCH Telegram Channel မှ နွေးထွေးစွာ ကြိုဆိုပါတယ်" 🤝
အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းရန် အန္တရာယ်နှင့် မြေပြင်စစ်ကြောင်း လှုပ်ရှားမှုများကို ပြည်သူများ အချိန်မီ သိရှိပြီး ကြိုတင်ပြင်ဆင် ရှောင်ရှားနိုင်ရန်အတွက် #SKY_WATCH - Telegram_Channel ကို မိတ်ဆက်လိုက်ရပါတယ်။
📡 #SKY_WATCH မှ ဘာတွေ တင်ဆက်ပေးသွားမလဲ ⁉️ ✈️ လေကြောင်းအန္တရာယ် အချိန်နဲ့တစ်ပြေးညီ သတိပေးချက်များ။ (တက်ယာဉ်၊ ဝဲယာဉ်နှင့် ဦးတည်ရာ လမ်းကြောင်းများ) 🗺️ မြေပြင်စစ်ကြောင်းနှင့် အန္တရာယ်ရှိ စစ်ရေးလှုပ်ရှားမှု သတင်းများ။ 🛡️ လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာ အရေးပေါ် ဆောင်ရန်/ရှောင်ရန်များ။ 📩 သတင်းပေးပို့ရန်နှင့် အချက်အလက်မျှဝေရန်။ မိမိတို့ ဒေသအတွင်း ဖြစ်ပေါ်နေသော အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းဆိုင်ရာ လှုပ်ရှားမှုများ၊ မြေပြင်စစ်ကြောင်း သတင်းများကို ပြည်သူအချင်းချင်း အချိန်မီ သတိပေးနိုင်ရန်အတွက် #SKY_WATCH_Bot မှတစ်ဆင့် ယုံကြည်စိတ်ချစွာ သတင်းပေးပို့နိုင်ပါသည်။ 👉 သတင်းပေးပို့ရန် - @SkyWatch21_bot @SKYWATCHMMbot
(ပေးပို့လာသော သတင်းများကိုလည်း စိစစ်ပြီး ပြည်သူ့ထံ သက်ရောက်မှု အမြန်ဆုံးရှိစေရန် အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးသွားပါမည်။ သတင်းပေးပို့သူများ၏ လုံခြုံရေးကိုလည်း စနစ်တကျ အပြည့်အဝ တာဝန်ယူပေးထားပါသည်။)🙏🏻
⚠️ ပြည်သူများ အကြမ်းဖက်စစ်ကောင်စီ၏ အန္တရာယ်မှ ကင်းဝေးစေရေးအတွက် စောင့်ကြည့်၍ မိဘပြည်သူအချင်းချင်း အပြန်အလှန်သတင်းပေးပို့ကြပါစို့။#SKY_WATCH_Channel ကို အတူတကွ ဝင်ရောက် ပူးပေါင်းပြီး မိမိမိသားစုနှင့် မိမိရပ်ရွာအတွက် သတင်းအချက်အလက် အတူတကွ ရယူလိုက်ပါ။ ✨ 🔗 #Channel_Join & #Share ရန် #Link - https://t.me/skywatchmm
1 053
Repost from EIO
🛡️ စစ်ရေးသတိဖြင့် ဘေးကင်းအောင်နေထိုင်စို့ - မိဘပြည်သူများအတွက် အသိပေးနှိုးဆော်ချက်။ ⚠️
တော်လှန်ရေးကာလအတွင်း နယ်မြေခံရဲဘော်များသည် ခုခံတွန်းလှန်စစ်အောင်ပွဲများကို အလီလီဖော်ဆောင်နိုင်ခဲ့ကြသော်လည်း စစ်ရေးသတင်းလုံခြုံမှု (#OPSEC) အရ အောင်ပွဲသတင်းအချို့ကို အချိန်နှင့်တပြေးညီ ထုတ်ပြန်ခြင်းမရှိဘဲ သိုဝှက်ထားခဲ့ကြရသည်များ ရှိပါသည်။ တော်လှန်ရေး ရဲဘော်များသည် ဆိုရှယ်မီဒီယာပေါ်တွင်သာ တိုက်ပွဲဝင်နေကြခြင်းမဟုတ်ဘဲ မြေပြင်တွင် အမှန်တကယ် စွန့်လွှတ်စွန့်စား တိုက်ပွဲဝင်နေကြခြင်း ဖြစ်ပါသည်။
လက်ရှိတွင် ရန်သူ၏အင်အား လှုပ်ရှားမှုအခြေအနေများအပေါ် မူတည်၍ တော်လှန်ရေး တပ်ရင်း၊တပ်ဖွဲ့များမှ စစ်ရေးဗျူဟာအရ ငြိမ်သက်သင့်သလောက် ငြိမ်သက်ထားရသော အခိုက်အတန့်လည်း ရှိကြပါသည်။ ထို့ကြောင့် မိဘပြည်သူများအနေဖြင့် ရန်သူ၏အန္တရာယ်ကို ကြိုတင်ပြင်ဆင် ရှောင်ရှားနိုင်ရန်နှင့် အဖမ်းအဆီး၊ အဓမ္မဓားစာခံ ပြုလုပ်ခြင်းများမှ ကင်းဝေးစေရန် အောက်ပါ "ဆောင်ရန်၊ ရှောင်ရန်" အချက်များကို အထူးသတိပြု လိုက်နာကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
✅ ဆောင်ရန်အချက်များ (Dos)
📢 သတင်းနားစွင့်ပါ။
မိမိတို့နယ်မြေအလိုက် အချိန်နဲ့တပြေးညီ ထုတ်ပြန်ပေးနေသော ကျင့်ဝတ်၊စည်းကမ်း နဲ့ အညီ တော်လှန်ရေး အလုပ်လုပ်နေကြပါသော သတင်းပြန်ကြားရေးစက်ကြီးများနှင့် ပြန်ကြားရေးရဲဘော်များ၏ အသိပေး၊သတိပေး ထုတ်ပြန်ချက်များကို နေ့၊ ည မပြတ် အထူးဂရုတစိုက် နားစွင့်ကြပါ။
🎒 အရေးပေါ်အိတ် ပြင်ဆင်ပါ။
ရုတ်တရက် တိမ်းရှောင်ရပါက လွယ်ကူစေရန် ဆေးဝါး၊ အစားအစာ၊ အရေးကြီးစာရွက်စာတမ်းနှင့် အဝတ်အထည်အနည်းငယ်ပါသော အရေးပေါ်အိတ်ကို အမြဲအသင့်ပြင်ထားပါ။
📡 ဆက်သွယ်ရေးလမ်းကြောင်း ထားရှိပါ။
ရပ်ကွက်/ကျေးရွာအတွင်းရှိ ယုံကြည်ရသောသူများနှင့် ချိတ်ဆက်ထားပြီး အကြမ်းဖက်စစ်ကောင်စီ၏ စစ်ရေးလှုပ်ရှားမှု သတင်းရလျှင်ရချင်း တစ်ဦးနှင့်တစ်ဦး အမြန်ဆုံး အသိပေးပါ။
🛡️ ဘေးကင်းရာသို့ တိမ်းရှောင်ပါ။
အကြမ်းဖက်စစ်ကောင်စီ၏ စစ်ရေးလှုပ်ရှားမှုသတင်းကြားသည်နှင့် အချိန်ဆွဲခြင်းမပြုဘဲ ဘေးကင်းရာသို့ ကြိုတင်တိမ်းရှောင်ပါ။ "စစ်ရေးသတိ" သည် သင့်အသက်ကို ကယ်တင်ပါလိမ့်မည်။
❌ ရှောင်ရန်အချက်များ (Don'ts)
🚫 သတင်းမပေါ့ဆပါနှင့်။
"ငြိမ်နေတာပဲ၊ ဘာမှမဖြစ်လောက်ပါဘူး" ဟု အထင်မမှားပါနှင့်။ စစ်ရေးဆိုသည်မှာ ရန်သူ့အခြေအနေပေါ်မူတည်၍ အချိန်မရွေး ပြောင်းလဲနိုင်ပါသည်။
🚫 စခ၊ပခများနှင့် မတွေ့အောင်ရှောင်ပါ။
အကြမ်းဖက်စစ်ကောင်စီ၏ အခိုင်းအစေ ကျေးကျွန်များနှင့် လမ်းတွင်တွေ့ဆုံခြင်း၊ တိုးမိခြင်းများ လုံးဝ၊လုံးဝ မရှိစေရန် လမ်းကြောင်းများကို သေချာစုံစမ်းပြီးမှ သွားလာပါ။
🚫 ဓားစာခံအဖြစ် အဖမ်းမခံရစေနှင့်။
အကြမ်းဖက်စစ်ကောင်စီ၏ ကျေးကျွန်များသည် ပြည်သူကို ဓားစာခံအဖြစ် အသုံးပြုတတ်သဖြင့် အကြမ်းဖက် စစ်ကောင်စီ အခြေစိုက်ရာ စခန်းနှင့်ဝပ်ကျင်းချရာအနီးအနားသို့ သွားလာခြင်းကို အပြတ်အသတ် ရှောင်ကြဉ်ပါ။
🚫 စစ်ရေးသတင်း မဖြန့်ပါနှင့်။
တော်လှန်ရေးတပ်ဖွဲ့များ၏ တည်နေရာနှင့် လှုပ်ရှားမှုများကို ဖုန်းဖြင့်ပြောဆိုခြင်း၊ လူမှုကွန်ရက်ပေါ်တင်ခြင်းများ ကို လုံးဝ (လုံးဝ) မပြုလုပ်ပါနှင့်။သင့်ကြောင့် အသက်စွန့်၍ ရှေ့တန်းစစ်မျက်နှာပြင်တွင် တိုက်ပွဲဝင်နေကြသော တော်လှန်ရဲဘော်များ ဘေးမဖြစ်ပါစေနှင့်။
🚨 စစ်ရေးလှုပ်ရှားမှုဆိုသည်မှာ ခံစစ်ရှိသလို ထိုးစစ်လည်း ရှိပါသည်။ ရန်သူ၏ လှုပ်ရှားမှုအပေါ် မူတည်၍ တော်လှန်ရေးတပ်ဖွဲ့များမှ အစီအစဉ်တကျ လှုပ်ရှားနေရခြင်းဖြစ်သဖြင့် မိဘပြည်သူများအနေဖြင့် စိုးရိမ်ထိတ်လန့်ခြင်းထက် "အသိ၊ သတိ" ကို ရှေ့တန်းတင်ကြစေလိုပါသည်။ ⚠️
မိမိတို့နယ်မြေမှ ပြန်ကြားရေးရဲဘော်များသည် မိဘပြည်သူများ ဘေးကင်းစေရန် နေ့၊ညမပြတ် အပင်ပန်းခံပြီး သတင်းထုတ်ပြန်ပေးနေခြင်းဖြစ်ရာ၊ ထိုထုတ်ပြန်ချက်များကို လေးစားလိုက်နာခြင်းဖြင့် အသက်အန္တရာယ်မှ ကင်းဝေးကြပါစေကြောင်း ဆုတောင်းတိုက်တွန်းလိုက်ရပါသည်။
"စစ်ရေးသတိဖြင့် အောင်ပွဲဆီသို့" ✊🏻
#EIO #Eagle_Information_Operator #EmergencyAlert #PublicSafety #RevolutionNews #WarsCrimes_RejectMilitaryCoup #StopKillingCivilians #StopBombingCivilians #WhatsHappeningInMyanmar
1 053
Repost from EIO
🚨 "အရေးပေါ် လေကြောင်းသတိပေးချက်နှင့် တိုက်တွန်းချက်" (#EIO) ⚠️
📢 "လေကြောင်းအသိ၊လေကြောင်းသတိဖြင့် မိမိနှင့် မိမိပတ်ဝန်းကျင်ကို ကာကွယ်စို့"
အကြမ်းဖက် စစ်ကောင်စီ၏ လေတပ်စခန်းများနှင့် ဌာနချုပ်များမှတစ်ဆင့် #Jet_Fighters (ဂျက်တိုက်လေယာဉ်များ)၊#Mi_35P_Attack_Helicopters (တိုက်ခိုက်ရေးရဟတ်ယာဉ်များ)၊ #Y_12_Y_8_Military_Transport_Aircraft (ဗုံးကျဲနှင့်စစ်ထောက်ပို့လေယာဉ်များ)၊ #UVP_L_410_Military_Light_Transport_Aircraft (ဗုံးကျဲနှင့်ထောက်ပို့ အပေါ့စားလေယာဉ်များ)၊ #Paramotors (ပါရာမော်တာစက်တပ်လေထီးများ)၊ #Gyrocopters (ဂျိုင်ရိုကော့ပတာများ) နှင့် လူသတ်လက်နက်များဖြစ်သော #Kamikaze_Suicide_Drones (စွမ်းအားမြင့်အသေခံဒရုန်းများ)၊ #Attack_Drones (တိုက်ခိုက်ရေးဒရုန်းများ) ကို အသုံးပြုကာ ပြည်သူလူထုအပေါ် ပစ်မှတ်ထားတိုက်ခိုက်နေခြင်းသည် လုံးဝမဖြစ်သင့်သည့် အကြမ်းဖက်မှု လုပ်ရပ်သာ ဖြစ်ပါသည်။
📌 အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု အန္တရာယ်များသည် လျော့ပါးသွားခြင်းမရှိဘဲ ပိုမိုပြင်းထန်လာနိုင်သည့် အနေအထားတွင် ရှိနေပါသည်။ ထို့ကြောင့် မိဘပြည်သူများအနေဖြင့် ဘေးကင်းမှုကို ရှေးရှုကာ အောက်ပါ "လေကြောင်းအသိ၊သတိ" များကို အထူးဂရုပြု လိုက်နာကြပါရန် #EIO_Admin_Team မှ အလေးအနက် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
🛡️ လိုက်နာရန် အရေးကြီးသည့် လမ်းညွှန်ချက်များ။
👂 အသံကို နားစွင့်ပါ။
ဒရုန်းများ(#Kamikaze_Sucide_Drone/#Attack_Drone)နှင့် အပေါ့စားလေယာဉ်များ (#Paramotor/#Gyrocopter) သည် ပုံမှန်ဂျက်လေယာဉ်များထက် အသံတိုးသော်လည်း နီးကပ်လာပါက ပန်ကာရိုက်ခတ်သံကို ကြားနိုင်ပါသည်။ ထူးခြားသောအသံကြားရပါက လူစုလူဝေးမှ ချက်ချင်းခွာပါ။
🚫 ရှောင်ပါ။
လူစုလူဝေးရှိရာနေရာများသည် အဓိက ပစ်မှတ်များ ဖြစ်လာနိုင်သဖြင့် အထူးဂရုစိုက် နားစွင့်၍ နေထိုင်ကြပါ။ဆူညံသံများဖြစ်သော အသံချဲ့စက်၊ဘောက်များဖွင့်ခြင်းကို လုံးဝ(လုံးဝ) ရှောင်ကြဉ်ကြပါ။
🛖 ခိုင်ခံ့သော နေရာတွင် ခိုလှုံပါ။
လေကြောင်းတိုက်ခိုက်မှု သတိပေးချက်ရသည်နှင့် တစ်ပြိုင်နက် သစ်ပင်ကြီးများအောက်တွင် မနေဘဲ ခိုင်ခံ့သော အဆောက်အအုံ (သို့မဟုတ်) မြေကျင်းများအတွင်း အမြန်ဆုံး ခိုလှုံပါ။
📱 သတင်းအချက်အလက်ကို စောင့်ကြည့်ပါ။
ဒေသတွင်း လေကြောင်း သတင်းပြန်ကြားရေးမှ သတိပေးချက်များ၊ အချိန်နှင့်တပြေးညီ ထုတ်ပြန်ပေးနေသော လေကြောင်းသတင်း #Channel များကို အမြဲမျက်ခြေမပြတ် စောင့်ကြည့်ပြီး အချင်းချင်း ဖုန်းဖြင့် သတင်းအား လက်ဆင့်ကမ်းခြင်း၊ နယ်မြေခံဆက်သွယ်ရေးကွန်ယက်များသို့ ဝေမျှပါ။လေကြောင်းသတင်းကို အမြဲမပြတ် နားစွင့်နေပါ။
🚫 တားမြစ်ချက်နှင့် မေတ္တာရပ်ခံချက်။
မိမိတို့ဝန်းကျင်တွင် လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားပါက ဓာတ်ပုံ၊ ဗီဒီယိုရိုက်ကူးခြင်းနှင့် #Social_Media ပေါ်တွင် ချက်ချင်းတင်ခြင်းများကို လုံးဝ (လုံးဝ) မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။ ထိုသို့တင်ခြင်းသည် တိုက်ခိုက်သူများအတွက် #Target မှန်၊ မမှန် #Feedback ပေးသကဲ့သို့ ဖြစ်စေပြီး နောက်ထပ်တိုက်ခိုက်မှုများ ပြုလုပ်ရန် လမ်းညွှန်ပေးရာ ရောက်ပါသည်။
"မိဘပြည်သူတို့ရဲ့ အသက်ပေါင်းများစွာကို အကာအကွယ်ပေးနိုင်ဖို့ "လေကြောင်းအသိ၊ လေကြောင်းသတိ" အမြဲရှိကြပါစို့။"✨
"မိဘပြည်သူအားလုံး ဘေးအန္တရာယ်ကင်းပြီး ကျန်းမာကြပါစေ"🙏🏻
#EIO_Update_News #MiliitaryAtrocities #MilitaryTerrorists #StopBombingCivilians #StopKillingCivilians #AirSecurityAlert #StaySafeMyanmar #SafetyAwareness #WhatsHappeningInMyanmar
