en
Feedback

Don't get caught by a cheater! Telemetrio finds and tags such channels 👉 If you want to see the tag, subscribe 👈

EIO

EIO

Open in Telegram

⚠️ See early.Know first.Stay Safe.🙏🏻 📡စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်အတွင်းရှိ သတင်းများကို ဦးစားပေး၍ အချိန်နဲ့တပြေးညီ ကြိုးစားတင်ဆက်ပေးနေသော သတင်းချန်နယ်တစ်ခုဖြစ်ပါသည်။ #NoNeedDictator #RejectOfMilitary 🔗 http://facebook.com/eagleinformation

Show more
1 051
Subscribers
No data24 hours
-17 days
-230 days
Posts Archive
EIO
1 051
(4,5,2026) မန္တလေးတိုင်း၊ တံတားဦး အကြမ်းဖက် လေတပ်ဌာနချုပ် မှ တက်လာသော #Yak - 130 Jet Fighter (1)စီး ဖြင့် မကွေးတိုင်း၊ ဆောမြိ
(4,5,2026) မန္တလေးတိုင်း၊ တံတားဦး အကြမ်းဖက် လေတပ်ဌာနချုပ် မှ တက်လာသော #Yak - 130 Jet Fighter (1)စီး ဖြင့် မကွေးတိုင်း၊ ဆောမြို့နယ် တစ်နေရာ၌ ယနေ့ နေ့လည်ပိုင်း (3:45) ဝန်းကျင် အချိန်ခန့်တွင် လေကြောင်း ဗုံးကျဲတိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။ 📡 မိဘပြည်သူများသို့ အသိပေးချက်။ ⚠️ လေကြောင်းအန္တရာယ် သတိပေးချက်များကို အမြဲမပြတ် နားစွင့်ထားကြပါ။ လေကြောင်းဖြတ်သန်းမှုများကိုလည်း သတိထားစောင့်ကြည့်ကြပါ။ ⚠️ တိုက်ခိုက်မှုများ ရှိလာပါက ခိုင်လုံသော ဘေးလွတ်ရာနေရာများတွင် ခိုလှုံကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။ ပြည်သူများအပေါ် အကြမ်းဖက်မှုများ ရပ်တန့်ပါစေကြောင်း ဆုတောင်းလျက်။ 🙏🏻 #Magway_Region #AirStrike #MiliitaryAtrocities #PublicSafety #NAS #EIO #WhatsHappeningInMyanmar

EIO
1 051
💥လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုရှိနေသဖြင့် အထူးသတိပြုရန် နှိုးဆော်ချက် Eagle Information Operator (#EIO) Date - May 4, 3:32PM 📌 ရွှေဘိုနယ် ပလိုင်းပျူခြံမှ အကြမ်းဖက် စခပခများသည် လက်ရှိအချိန်တွင် လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း သတင်းရရှိထားပါသည်။ သို့ဖြစ်ပါ၍ အနီးနားရှိ ကျေးရွာများမှ မိဘပြည်သူများအနေဖြင့် အထူးဂရုစိုက် နေထိုင်ပေးကြပါရန် အသိပေးအပ်ပါသည်။ ⚠️ လက်နက်ကြီးသံ ကြားရသည်နှင့် ဘေးကင်းလုံခြုံသော ဗုံးခိုကျင်း (သို့မဟုတ်) ခိုင်ခံ့သော အဆောက်အအုံများတွင် အကာအကွယ်ယူပါ။အမြန်ဆုံး ခိုလှုံပါ။ ⚠️ မိမိတို့ဒေသတွင်း သတင်းစီးဆင်းမှုများကို မျက်ခြေမပြတ် စောင့်ကြည့်၍ သတင်းနားစွင့်ပါ။ ⚠️ အနီးနားရှိ အိမ်နီးချင်းများအား ရိုင်းပင်းကူညီ၍ သတိပေးစကား လက်ဆင့်ကမ်းပြောကြားပေးပါ။ "မိဘပြည်သူများအားလုံး ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကြပါစေ။" 🙏 ⚜️မြေပြင်အခြေအနေများနှင့် ပတ်သက်၍ အရေးကြီးသတင်းများရှိပါက #EIO_Admin_Team ထံသို့ အချိန်နှင့်တပြေးညီ ယုံကြည်စိတ်ချစွာ ပေးပို့နိုင်ပါသည်။ 📲 ဆက်သွယ်မေးမြန်းရန်နှင့် သတင်းပေးပို့ရန် 🤖 Telegram - @EIO2021_bot | @EagleInformationOperator_bot 📧 Email: eagleinformationoperators@gmail.com 🔵 Facebook Page: https://www.facebook.com/eagleinformation 🌐 Telegram Channel: t.me/eagleinformationoperator #EIO #EmergencyAlert #StaySafe #Shwebo #WhatsHappeningInMyanmar #SecurityUpdate

EIO
1 051
“Safe House နေထိုင်ခွင့် ခေါ်ယူခြင်း” ထိုင်း-မြန်မာနယ်စပ်ရောက် CDM တပ်/ရဲ မိသားစုများမှ နေထိုင်ရေး အခက်အခဲရှိသူများ အနေဖြင့် “ပြည်သူ့ပန်းတိုင် Safe House” တွင် နေထိုင်ခွင့် လျှောက်ထားနိုင်ပါသည်။ လျှောက်ထားသူများမှ ‘အခြား Safe House အစီအစဉ်’ မရရှိဖူးသူများကို ဦးစားပေး နေထိုင်ခွင့်ပြုမည် ဖြစ်ပါသည်။ လျှောက်ထားရန် - https://forms.gle/Fp8ciAxhnoLr35p26 #PeoplesGoal #ပြည်သူ့ပန်းတိုင် #Safe House

EIO
1 051
(4,5,2026) မန္တလေးတိုင်း၊ တံတားဦး အကြမ်းဖက် လေတပ်ဌာနချုပ် မှ တက်လာသော #Yak - 130 Jet Fighter (2)စီး ဖြင့် ချင်းပြည်နယ်၊ တီးတိ
(4,5,2026) မန္တလေးတိုင်း၊ တံတားဦး အကြမ်းဖက် လေတပ်ဌာနချုပ် မှ တက်လာသော #Yak - 130 Jet Fighter (2)စီး ဖြင့် ချင်းပြည်နယ်၊ တီးတိန်မြို့နယ် တစ်နေရာ၌ ယနေ့ နေ့လည်ပိုင်း (12:50) /(12:55,58) (1:01) ဝန်းကျင် အချိန်ခန့်တွင် လေကြောင်း ဗုံးကျဲတိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။ 📡 မိဘပြည်သူများသို့ အသိပေးချက်။ ⚠️ လေကြောင်းအန္တရာယ် သတိပေးချက်များကို အမြဲမပြတ် နားစွင့်ထားကြပါ။ လေကြောင်းဖြတ်သန်းမှုများကိုလည်း သတိထားစောင့်ကြည့်ကြပါ။ ⚠️ တိုက်ခိုက်မှုများ ရှိလာပါက ခိုင်လုံသော ဘေးလွတ်ရာနေရာများတွင် ခိုလှုံကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။ ပြည်သူများအပေါ် အကြမ်းဖက်မှုများ ရပ်တန့်ပါစေကြောင်း ဆုတောင်းလျက်။ 🙏🏻 #Chin_State #AirStrike #MiliitaryAtrocities #PublicSafety #NAS #EIO #WhatsHappeningInMyanmar

EIO
1 051
Repost from EIO
#Scout_Drone_Thermal များနှင့် ပါတ်သတ်ပြီး လေ့လာတွေ့ရှိချက်များကို ဆက်လက်တင်ပြပေးသွားဦးမည် ဖြစ်ပါသဖြင့် မိမိတို့၏ #EIO_Facebo
+5
#Scout_Drone_Thermal များနှင့် ပါတ်သတ်ပြီး လေ့လာတွေ့ရှိချက်များကို ဆက်လက်တင်ပြပေးသွားဦးမည် ဖြစ်ပါသဖြင့် မိမိတို့၏ #EIO_Facebook_Page နှင့် #EIO_Telegram ချန်နယ်ကို #Like & #Follow လုပ်ထားနိုင်ပါသည်။ ✨ #Scout_Drone_Thermal အကြောင်းလေ့လာရန် အပိုင်း(၁) - https://t.me/eagleinformationoperator/21164 ✨ #Scout_Drone_Thermal အကြောင်းလေ့လာရန် အပိုင်း(၂) - https://t.me/eagleinformationoperator/21191 ✨ #Scout_Drone_Thermal အကြောင်းလေ့လာရန် အပိုင်း(၃) - https://t.me/eagleinformationoperator/21277 ✨ #Scout_Drone_Thermal အကြောင်းလေ့လာရန် အပိုင်း(၄) - https://t.me/eagleinformationoperator/21362 🔵 https://www.facebook.com/eagleinformation 🌐 https://t.me/eagleinformationoperator #DroneSafetyTips #SurvivalTactics #StayHidden #CombatSurveillance #ThermalStealth #UAVDetection #DigitalDefense #FieldSecurity #CounterSurveillance #SafeMovement #ThermalProtection #Eagle_Information_Operator #EIO

EIO
1 051
Repost from EIO
🚨အထူးသတိပြု‌နေထိုင်ကြပါရန်⚠️ 📌 မြို့နယ်ပေါင်းစုံ၊နယ်ပေါင်းစုံတွင် စခ၊ပခများ၏ အထိုင်ချစခန်းများမှ နေ့/ည အချိန်၌ Spy Balloon၊
+1
🚨အထူးသတိပြု‌နေထိုင်ကြပါရန်⚠️
📌 မြို့နယ်ပေါင်းစုံ၊နယ်ပေါင်းစုံတွင် စခ၊ပခများ၏ အထိုင်ချစခန်းများမှ နေ့/ည အချိန်၌ Spy Balloon၊UAV Scout drone များလွှတ်တင်၍ ကင်းထောက်ပျံသန်းခြင်းများကို ခပ်စိပ်စိပ်ပြုလုပ်နေကြောင်း မြေပြင်သတင်းရင်းမြစ်များမှ သတင်းရရှိထားပါသည်။သို့ဖြစ်ပါ၍ တလရရဲဘော်များအ‌နေဖြင့် ဆောင်ရန်၊ရှောင်ရန်များနှင့်လုံခြုံရေးအသိ၊လုံခြုံရေးသတိရှိကြပါရန် တိုက်တွန်းနှိုးဆော်လိုက်ပါသည်။
⚠️ #SpyBalloon အကြောင်းလေ့လာရန် - https://t.me/eagleinformationoperator/14184?single https://t.me/eagleinformationoperator/17104 ⚠️ #VTOL 370 Scout Drone အကြောင်း‌လေ့လာရန် - https://t.me/eagleinformationoperator/17105 ⚠️ #Kamikaze Suicide Drone အကြောင်းလေ့လာရန် - https://t.me/eagleinformationoperator/17752 ⚠️ #Gyrocopter နှင့် #Paramotor တို့ကိုတန်ပြန်ချေမှုန်းရေးနှင့် လုံခြုံရေးနည်းလမ်းများ - https://t.me/eagleinformationoperator/17807 🚨အထူးသတိပြုရန် နှိုးဆော်ချက် - https://t.me/eagleinformationoperator/19369 #EIO #Eagle_Information_Operator #SafeMovement #MilitaryTerrorists #WarCrimes #SaveMyanmar #WhatsHappeningInMyanmar

EIO
1 051
Repost from EIO
🚨လေကြောင်းတိုက်ခိုက်မှုအပြီးတွင် ဒရုန်းသံကြားရပါက - ⚠️လှုပ်ရှားမှု ရပ်တန့်ပါ။ အရိပ်ရသော နေရာ (သို့မဟုတ်) သစ်ပင်အောက်များတွင် ငြိမ်သက်စွာ ခိုလှုံပါ။ ⚠️တောက်ပသောအရောင်များ ရှောင်ပါ။ ဒရုန်းကင်မရာမှ အလွယ်တကူ မြင်နိုင်သော အဖြူရောင် (သို့မဟုတ်) တောက်ပသော အဝတ်အစားများကို ဖုံးကွယ်ထားပါ။ ⚠️အလင်းပြန်ခြင်းကို ထိန်းပါ။ ဖုန်းစခရင်၊ မှန် သို့မဟုတ် နာရီများမှ အလင်းပြန်ခြင်းသည် ဒရုန်းကို အချက်ပေးသလို ဖြစ်စေနိုင်ပါသည်။ ⚠️အရေးကြီးသော မှတ်ချက်။ လေကြောင်းရန် သတိပေးသံ ထပ်မံကြားရပါက ယခင်ခိုလှုံရာနေရာသို့ ချက်ချင်းပြန်သွားပါ။
"မိဘပြည်သူများအားလုံး ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကြပါစေ။" 🙏
📌အသေးစိတ်ဖတ်ရှု့‌လေ့လာရန် - https://t.me/eagleinformationoperator/19433 #Admin_Team #Eagle_Information_Operator #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📧 http://www.eagleinformationoperators@gmail.com 🔵 https://www.facebook.com/eagleinformation 🌐 https://t.me/eagleinformationoperator

EIO
1 051
Repost from EIO
🛰️ CH-4 (Caihong-4) (သို့မဟုတ်) Rainbow-4။ CH-4 သည် တရုတ်နိုင်ငံ CASC မှ ထုတ်လုပ်သော အလတ်စား အမြင့်ပျံ၊ ကြာရှည်ပျံသန်းနိုင်သ
🛰️ CH-4 (Caihong-4) (သို့မဟုတ်) Rainbow-4။ CH-4 သည် တရုတ်နိုင်ငံ CASC မှ ထုတ်လုပ်သော အလတ်စား အမြင့်ပျံ၊ ကြာရှည်ပျံသန်းနိုင်သည့် (MALE - Medium-Altitude, Long-Endurance) မောင်းသူမဲ့ လေယာဉ် (UAV) ဖြစ်သည်။ ၎င်းကို အမေရိကန်၏ MQ-1 Predator နှင့် MQ-9 Reaper တို့နှင့် ပုံစံတူ ဒီဇိုင်းထုတ်ထားပါသည်။ ⚠️ အသေးစိတ်ဖတ်ရှုလေ့လာရန် 👇🏻 https://t.me/eagleinformationoperator/21496 #DroneSafetyTips #SurvivalTactics #StayHidden #EmergencyAlert #MilitaryTerrorists #MilitaryTerrorists #SafeMovement #WhatsHappeningInMyanmar #Eagle_Information_Operator #EIO

EIO
1 051
Repost from EIO
🚨မြန်မာနိုင်ငံတွင် အကြမ်းဖက် စစ်ကောင်စီ အသုံးပြုနေသော Kamikaze Drone (သို့မဟုတ်) Suicide Drone များသည် အဓိကအားဖြင့် အီရန် (I
🚨မြန်မာနိုင်ငံတွင် အကြမ်းဖက် စစ်ကောင်စီ အသုံးပြုနေသော Kamikaze Drone (သို့မဟုတ်) Suicide Drone များသည် အဓိကအားဖြင့် အီရန် (Iran) နှင့် ရုရှား (Russia) တို့၏ နည်းပညာဒီဇိုင်းများကို အတုယူ/အခြေခံထားခြင်း ဖြစ်ပါသည်။⚠️ ⚠️ အသေးစိတ်ဖတ်ရှု့လေ့လာရန် - 👇🏻 ♦️ https://t.me/eagleinformationoperator/21557 ♦️ https://t.me/eagleinformationoperator/21558 #Scout_Drone များနှင့် ပါတ်သတ်ပြီး လေ့လာတွေ့ရှိချက်များကို ဆက်လက်တင်ပြပေးသွားဦးမည် ဖြစ်ပါသဖြင့် မိမိတို့၏ #EIO_Facebook_Page နှင့် #EIO_Telegram ချန်နယ်ကို #Like & #Follow လုပ်ထားနိုင်ပါသည်။ 🔵 https://www.facebook.com/eagleinformation 🌐 https://t.me/eagleinformationoperator #DroneSafetyTips #SurvivalTactics #StayHidden #SafeMovement #Airstrike #EmergencyAlert #MilitaryTerrorists #WhatsHappeningInMyanmar #Eagle_Information_Operator #EIO

EIO
1 051
"အချို့ကပြောတယ် ပြည်သူလူထု စိတ်ဓါတ်ကျနေပြီတဲ့။ မဟုတ်ဘူးဗျ။ တကယ်က ပြည်သူလူထုက အာရုံနောက်လာတာ။ ဒီတော်လှန်ရေးမှာ တည်တည်တံ့တံ့နဲ့
"အချို့ကပြောတယ် ပြည်သူလူထု စိတ်ဓါတ်ကျနေပြီတဲ့။ မဟုတ်ဘူးဗျ။ တကယ်က ပြည်သူလူထုက အာရုံနောက်လာတာ။ ဒီတော်လှန်ရေးမှာ တည်တည်တံ့တံ့နဲ့ အရှိအတိုင်းနဲ့ ဦးဆောင်ရမယ့် အသံတွေကို စိတ်ပျက်စရာကောင်းတဲ့၊ အနုတ်လက္ခဏာတွေနဲ့ လာပြီးတော့ ဖုံးတာ။ ဒါတွေက ရည်ရွယ်သည်ဖြစ်စေ၊ မရည်ရွယ်သည်ဖြစ်စေ စစ်တပ်လိုချင်တဲ့ လမ်းကြောင်းအတိုင်းရောက်သွားလို့ရှိရင်တော့ တော်လှန်ရေးကို အနည်းနဲ့ အများထိခိုက်တာပဲ။" မင်းကိုနိုင် လူထုနွေဦးနှင့် အင်တာဗျူးမှ ကောက်နုတ်ချက် #SpringRevolution #PVTV #QUOTES

EIO
1 051
Repost from EIO
🚩 တာဝန်ဆိုသည်မှာ အဆောင်အယောင်မဟုတ်၊ ပြည်သူ့အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်သည်။
တော်လှန်ရေးတစ်ခု၏ အောင်မြင်မှုသည် စုပေါင်းအင်အားပေါ်တွင် မူတည်သကဲ့သို့၊ ထိုစုပေါင်းအင်အားကို ဦးဆောင်မောင်းနှင်နေကြသူများ၏ "အရည်အသွေး" ပေါ်တွင်လည်း များစွာမူတည်နေပါသည်။ ကျွန်ုပ်တို့သည် စနစ်ဟောင်းကို တော်လှန်နေကြသည်မှာ ပိုမိုကောင်းမွန်သော စနစ်သစ်တစ်ခုကို တည်ဆောက်ရန်အတွက် ဖြစ်ပါသည်။ သို့သော် မိမိရရှိထားသော တာဝန်နှင့် လုပ်ပိုင်ခွင့်ကို အလွဲသုံးစားလုပ်ခြင်း သို့မဟုတ် မိမိတွင် မရှိသေးသော အရည်အချင်းကို ရှိသယောင် ဟန်ဆောင်ကာ "ငါဘာကောင်" ဆိုသည့် မာန်မာနဖြင့် လုပ်ဆောင်ခြင်းများသည် တော်လှန်ရေးကို နောက်ပြန်ဆွဲစေရုံသာမက အပြစ်မဲ့ပြည်သူများကိုပါ ဒုက္ခတွင်းထဲသို့ တွန်းပို့ရာ ရောက်နေပါသည်။
⚠️ အောက်ခြေလွတ်ခြင်း၏ အန္တရာယ်။ တာဝန်တစ်ခုကို ယူထားပြီး ထိုအလုပ်အတွက် လိုအပ်သော Knowledge (ဗဟုသုတ)၊ Skills (ကျွမ်းကျင်မှု) နှင့် Values/Attitude (ခံယူချက်နှင့် စိတ်နေစိတ်ထား) များ မရှိဘဲ ဇွတ်တရွတ် လုပ်ဆောင်ခြင်းသည် အင်မတန် ကြောက်စရာကောင်းပါသည်။ ၁။ ဗဟုသုတ ကင်းမဲ့ခြင်း (Lack of Knowledge)။ မိမိလုပ်ရမည့် အလုပ်၏ သဘောသဘာဝကို နားမလည်ဘဲ ဆုံးဖြတ်ချက်များ ချမှတ်သည့်အခါ မလိုအပ်သော ဆုံးရှုံးမှုများ ဖြစ်ပေါ်စေပါသည်။ ၂။ ကျွမ်းကျင်မှု မရှိခြင်း (Lack of Skills)။ နည်းပညာနှင့် လက်တွေ့လုပ်ငန်းခွင် ကျွမ်းကျင်မှု မရှိပါက အချိန်နှင့် လူအင်အားကို ဖြုန်းတီးရာ ရောက်ပါသည်။ ၃။ မှားယွင်းသော ခံယူချက် (Wrong Attitude)။ "ငါ့စကားနွားရ" ဆိုသည့် ဝါဒနှင့် အောက်ခြေလွတ်ကာ မိမိကိုယ်ကို အထင်ကြီးခြင်းသည် လုပ်ဖော်ကိုင်ဖက်များအကြား စိတ်ဝမ်းကွဲမှုနှင့် ပြည်သူ့ယုံကြည်မှု ကျဆင်းခြင်းကိုသာ ဖြစ်စေပါသည်။ 💡 တော်လှန်ရေးအင်အားစုများအတွက် လိုအပ်သည့် အရည်အချင်း (၃) ရပ်။ ကျွန်ုပ်တို့သည် အမှားနည်းနိုင်သမျှ နည်းအောင် အမြဲတစေ လေ့လာသင်ယူနေကြရပါမည်။ ✨လေ့လာသင်ယူပါ (Self-Improvement) မိမိယူထားသည့် တာဝန်နှင့် ပတ်သက်၍ ကျွမ်းကျင်သူဖြစ်အောင် အမြဲကြိုးစားပါ။ မသိလျှင် မေးပါ၊ မတတ်လျှင် သင်ပါ။ ✨ နှိမ့်ချမှုကို မွေးမြူပါ (Humility) ရာထူးဆိုသည်မှာ လုပ်ငန်းခွင် သတ်မှတ်ချက်သာ ဖြစ်သည်။ လူသားအချင်းချင်း အောက်ခြေလွတ် ဆက်ဆံခြင်းကို ရှောင်ကြဉ်ပါ။ ပြည်သူ့ထံမှ ဆင်းသက်လာသော အာဏာသည် ပြည်သူ့အတွက်သာ ဖြစ်ရပါမည်။ ✨ တာဝန်ခံမှုကို ဦးစားပေးပါ (Accountability) မိမိ၏ ဆုံးဖြတ်ချက်တစ်ခုကြောင့် အများသူငှာ ဒုက္ခရောက်နိုင်သည်ကို အမြဲသတိချပ်ပါ။ အမှားလုပ်မိပါက ဝန်ခံရဲသော သတ္တိရှိပါ။ တော်လှန်ရေးဆိုသည်မှာ ပုဂ္ဂိုလ်ရေး အောင်မြင်မှုအတွက် လှေကားထစ်မဟုတ်ပါ။ နိုင်ငံနှင့် လူမျိုးအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံခြင်း ဖြစ်ပါသည်။ ထို့ကြောင့် တာဝန်ယူထားသူတိုင်း မိမိကိုယ်ကိုယ် အမြဲပြန်လည် ဆန်းစစ်ကြပါစို့။ ✨ "ငါဘာကောင်ကြီးလဲ" ဆိုတာထက် "ငါ ပြည်သူ့အတွက် ဘာတွေ အကျိုးပြုနိုင်မလဲ" ဆိုသည့် မေးခွန်းကိုသာ နေ့စဉ် မေးမြန်းရင်း တော်လှန်ရေးခရီးကို အတူတူ ဆက်ကြပါစို့။✊🏻 #EIO #Eagle_Information_Operator #Responsibility #RevolutionaryEthics #StandWithPeople #SaveMyanmar

EIO
1 051
⚜️ #EIO_Update_News မုံရွာနယ်၊ တောင်ခြမ်း မအူနှင့်မြေနဲကား ပေလမ်းမတွင် စခအိမ်စီးကား အာရဖတ်(၂)စီးသည် ကင်းပတ်နေကြောင်း သတင်းရရှိထားပါသည်။။ မိဘပြည်သူများအနေဖြင့် အထူးဂရုစိုက်၍ သွားလာကြပါရန်🙏🏻 May 4, 11:01AM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInformationOperator_bot 👉 http://www.eagleinformationoperators@gmail.com 🔵https://www.facebook.com/eagleinformation 🌐https://t.me/eagleinformationoperator

EIO
1 051
Repost from EIO
🚨 အရေးကြီးသတိပေးချက် - သင့်ရဲ့ Post ဟာ ရန်သူ့အတွက် အခွင့်အရေး မဖြစ်ပါစေနဲ့ 🚫 မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းရန် ဟာ ပြည်သူတွေအတွက် အကြီးမားဆုံး ခြိမ်းခြောက်မှု ဖြစ်နေပါတယ်။ လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားနေစဉ်အတွင်း (သို့မဟုတ်) ဖြစ်ပွားပြီးပြီးချင်း အသေးစိတ်ကို လူမှုကွန်ရက်ပေါ် တင်ခြင်းဟာ ကောင်းကျိုးထက် ဆိုးကျိုး ကို ပိုမိုဖြစ်ပေါ်စေနိုင်ပါတယ်။ 🚫 ဘာကြောင့် (ချက်ချင်း) မတင်သင့်သလဲ⁉️ ⚠️ ♦️၁။ ရန်သူကို ကူညီရာရောက်ခြင်း (Real-time Feedback) 🎯 ⚠️ ပစ်မှတ်ညှိခြင်း။ "ဘယ်နေရာကို ကျသွားပြီ" လို့ တင်လိုက်တာဟာ ၎င်းတို့အတွက် #Live Feedback ပေးလိုက်တာနဲ့ တူပါတယ်။ ပစ်မှတ်လွဲသွားရင် နောက်တစ်ကြိမ်မှာ တည့်အောင် ပြန်ညှိဖို့ အချက်အလက်ပေးသလို ဖြစ်စေပါတယ်။ ⚠️ ထိရောက်မှုစစ်ဆေးခြင်း။ သေဆုံး/ဒဏ်ရာရ စာရင်းတွေဟာ ၎င်းတို့ရဲ့ စစ်ဆင်ရေး အောင်မြင်မှု ရှိ/မရှိကို အခမဲ့ သတင်းပေးလိုက်တာ ဖြစ်ပါတယ်။ ♦️၂။ ကယ်ဆယ်ရေးအဖွဲ့များကို အန္တရာယ်ဖြစ်စေခြင်း။ (#Double Tap Attack) 🚑 ပထမအကြိမ် ဗုံးကြဲပြီးနောက် လူစုဝေးလာချိန် (သို့မဟုတ်) ကယ်ဆယ်ရေးလုပ်နေချိန်မှာ အကြမ်းဖက် စစ်ကောင်စီသည် #UAV Scout Drone များပျံဝဲကင်း‌ထောက်ပြီး ဒုတိယအကြိမ် ထပ်မံဗုံးကြဲတဲ့ "Double Tap" နည်းဗျူဟာကို အများဆုံး သုံးလေ့ရှိပါတယ်။ သတင်းချက်ချင်းတင်ခြင်းက လူစုလူဝေးကို ဖြစ်စေပြီး အသေအပျောက် ပိုများစေနိုင်ပါတယ်။ ♦️၃။ နောက်ဆက်တွဲ ပစ်မှတ်များကို လမ်းညွှန်ပေးခြင်း။ 📍 ဓာတ်ပုံ/ဗီဒီယိုတွေမှာပါတဲ့ ဘုရား၊ ကျောင်း၊ ဆေးရုံ စတဲ့ အထင်ကရနေရာတွေဟာ အကြမ်းဖက် စစ်ကောင်စီအတွက် နောက်ထပ်ပစ်မှတ်ထားရမယ့် Coordinates (တည်နေရာပြအမှတ်အသား) တွေကို အလကားပေးလိုက်သလို ဖြစ်စေပါတယ်။ ♦️၄။ မြေပြင်သတင်းပေး (ဒလန်) များအတွက် အချက်အလက်ဖြစ်ခြင်း။ 🕵️‍♂️ အွန်လိုင်းပေါ်က အချက်အလက်တွေကို စုစည်းပြီး ပိုမိုတိကျတဲ့ သတင်းအချက်အလက်တွေ ရရှိသွားစေပါတယ်။ ♦️၅။ မိသားစုဝင်များ၏ လုံခြုံရေးနှင့် စိတ်ဒဏ်ရာ 💔 ရုပ်အလောင်း ဒါမှမဟုတ် ဒဏ်ရာရပုံတွေကို မိသားစုဝင်တွေ အင်တာနက်မှာ အရင်မြင်တွေ့ရခြင်းက ပြင်းထန်တဲ့ စိတ်ဒဏ်ရာ ဖြစ်စေပါတယ်။ ဒဏ်ရာရသူတွေရှိတဲ့ နေရာကို သတင်းပေါက်ကြားခြင်းက အဆိုပါနေရာ (ဥပမာ-ဆေးရုံဆေးခန်း) ကို ထပ်မံတိုက်ခိုက်ဖို့ လမ်းပြသလို ဖြစ်နိုင်ပါတယ်။ 💡 ပြည်သူသို့ အကြံပြုချက် - ဘယ်လိုလုပ်ဆောင်ကြမလဲ? ⁉️ ✅ ၁။ အချိန်ဆိုင်းပါ။ လေကြောင်းတိုက်ခိုက်မှုဖြစ်ပြီး အနည်းဆုံး (၃) နာရီမှ (၆) နာရီ ခန့် ကြာမှသာ သတင်းကို ထုတ်ပြန်ပါ။ မလောပါနဲ့-မြေပြင်သတင်းကို မြေပြင်က ပြည်သူများသာ သိဖို့ အဓိကဖြစ်ပါတယ်။ ✅ ၂။ တည်နေရာ အတိအကျကို ရှောင်ပါ။ "ဘယ်ရွာ၊ ဘယ်လမ်း" စတဲ့ အသေးစိတ်တွေအစား "ဘယ်မြို့နယ်အတွင်း" စသဖြင့် ယေဘုယျသာ ရေးသားပါ။ ✅ ၃။ ဓာတ်ပုံနှင့် ဗီဒီယို။ ပတ်ဝန်းကျင် အမှတ်အသားတွေ မပါအောင် သတိထားပါ။ သွေးပျက်ဖွယ် ပုံရိပ်တွေကို လုံးဝမတင်ပါနဲ့။ ✅ ၄။ တရားဝင် သတင်းဌာနများကိုသာ ပို့ပါ။ မိမိ Account မှာ တင်မယ့်အစား #Media_Ethics ရှိတဲ့ သတင်းဌာနတွေ ဒါမှမဟုတ် တော်လှန်ရေးအင်အားစုတွေဆီကိုသာ လုံခြုံတဲ့ Channel (ဥပမာ - Signal) ကနေ ပေးပို့ပါ။ 📢 သတိပြုရန်။ ⚠️ သင်တင်လိုက်တဲ့ #Post တစ်ခုဟာ ရန်သူ့အတွက် နောက်တစ်ဖန် အခွင့်အရေး ဖြစ်သွားနိုင်သလို၊ သင့်ရဲ့ ဆင်ခြင်တုံတရားက ပြည်သူ့အသက်ပေါင်းများစွာကို ကယ်တင်နိုင်ပါတယ်။🙏🏻 #Eagle_Information_Operator #EIO #Air_Raid_Safety #StopKillingCivilians #StopBombingCivilians #MilitaryTerrorists #MiliitaryAtrocities #WarCrimes #WhatsHappeningInMyanmar #RejectMilitaryCoup #JusticeForMyanmar

EIO
1 051
(4,5,2026)၊ စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ အနောက်မြောက်တိုင်း အကြမ်းဖက် စစ်ဌာနချုပ် (နမခ) မှ တက်လာသော #Gyrocopter (3)စီးသည်
(4,5,2026)၊ စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ အနောက်မြောက်တိုင်း အကြမ်းဖက် စစ်ဌာနချုပ် (နမခ) မှ တက်လာသော #Gyrocopter (3)စီးသည် မကွေးတိုင်း၊ ပေါက်မြို့နယ် တစ်နေရာ၌ ယနေ့ နံနက်ပိုင်း (9:57) (9:59) အချိန်ဝန်းကျင်ခန့်တွင် လေကြောင်း ဗုံးကျဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။ 📡 မိဘပြည်သူများသို့ အသိပေးချက်။ ⚠️ လေကြောင်းအန္တရာယ် သတိပေးချက်များကို အမြဲမပြတ် နားစွင့်ထားကြပါ။ #Gyrocopter နှင့် #Paramoter စက်တပ်လေထီးများသည် အနိမ့်ပျံသန်းနိုင်သည့်အတွက် သတိထားစောင့်ကြည့်ကြပါ။ ⚠️ တိုက်ခိုက်မှုများ ရှိလာပါက ခိုင်လုံသော ဘေးလွတ်ရာနေရာများတွင် ခိုလှုံကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။ ပြည်သူများအပေါ် အကြမ်းဖက်မှုများ ရပ်တန့်ပါစေကြောင်း ဆုတောင်းလျက်။ 🙏🏻 #Magway_Region #AirStrike #MiliitaryAtrocities #PublicSafety #EIO #WhatsHappeningInMyanmar

EIO
1 051
⚜️ #EIO_Update_News မုံရွာ၊နမခမှ ထွက်လာသော စခအအအပြည့်ပါ သံပြားကာကား(1)စီးသည် တောင်အရပ်သို့ ဆက်လက်ဦးတည်နေကြောင်း သတင်းရရှိထားပါသည်။ May 4, 10:51AM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInformationOperator_bot 👉 http://www.eagleinformationoperators@gmail.com 🔵https://www.facebook.com/eagleinformation 🌐https://t.me/eagleinformationoperator

EIO
1 051
⚜️ #EIO_Update_News မုံရွာမြို့၊ နတ်လူထိပ်ပန်ရပ်ကွက်ထိပ် ပေလမ်းမတွင် စခအိမ်စီးကားများရောက်ရှိ၍ ပြည်သူအသွားလာများကို စစ်ဆေးရေးပြုလုပ်နေကြောင်း သတင်းရရှိထားပါသည်။။ မိဘပြည်သူများအနေဖြင့် အထူးဂရုစိုက်၍ သွားလာကြပါရန်🙏🏻 May 4, 10:24AM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInformationOperator_bot 👉 http://www.eagleinformationoperators@gmail.com 🔵https://www.facebook.com/eagleinformation 🌐https://t.me/eagleinformationoperator

EIO
1 051
Repost from EIO
🚨 အရေးကြီး သတိပေးချက် 🚨 ⚠️ မုံရွာ - စစ်ကိုင်း - မန္တလေး လမ်းပိုင်း ခရီးသွားလာ ပြည်သူများ အထူးသတိပြုရန်။ (မုံရွာ - စစ်ကိုင်း - မန္တလေး) လမ်းမကြီး တစ်လျှောက်တွင် အကြမ်းဖက် စစ်ကောင်စီ ဂိတ်များ တိုးချဲ့ထားခြင်းနှင့် စစ်ဆေးရေး၊ လုံခြုံရေးအခြေအနေများ ပိုမိုတင်းမာမှုများရှိပါသည်။ မြေပြင်သတင်းရင်းမြစ်များ၏ အဆိုအရ အကြမ်းဖက်စစ်ကောင်စီ အထိုင်ဂိတ်များနှင့် လမ်းပိုင်းကင်းများတွင် လူငယ်၊ လူရွယ်များကို အဓိက ပစ်မှတ်ထား၍ ပေါ်တာဆွဲခြင်းနှင့် ဖမ်းဆီးစစ်ဆေးခြင်းများ ခပ်စိပ်စိပ် ပြုလုပ်နေကြောင်း သိရှိရပါသည်။ အကြမ်းဖက် စစ်ကောင်စီမှ စစ်မှုထမ်းရန် အဓမ္မ ဖမ်းဆီးခြင်းခံရသော လူငယ်၊လူရွယ်များစွာလည်း ရှိပြီဖြစ်ကြောင်း မြေပြင်သတင်းရင်းမြစ်များမှ သိရှိရပါသည်။သို့ဖြစ်ပါ၍ အကြမ်းဖက် စစ်ကောင်စီ၏ အဓမ္မ ဖမ်းဆီး ပေါ်တာဆွဲခြင်းမှ ကင်းဝေးဖို့ရန် မိမိတို့ #EIO_Admin_Team မှ အမြဲ အသိပေး၊သတိပေး ဆော်ဩလျက်ရှိပါသည်။ ⚠️မဖြစ်မနေ ခရီးသွားလာ‌နေကြရပါသော မိဘပြည်သူ၊ညီအစ်ကို‌မောင်နှမများအနေဖြင့် အောက်ပါ "ဆောင်ရန်/ရှောင်ရန်" အချက်များကို အထူးဂရုပြု လိုက်နာကြပါရန် အသိပေးနှိုးဆော်အပ်ပါသည်။🙏🏻 🛡️ ဆောင်ရန်များ။ (Do's) 🔷သတင်းကြိုတင်နားစွင့်ပါ။ ခရီးမထွက်ခွာမီ လမ်းကြောင်းပေါ်ရှိ မြေပြင်အခြေအနေနှင့် ဂိတ်များ၏ အခြေအနေကို သတင်းပြန်ကြားရေး Page များ၊ချန်နယ်များနှင့် သက်ဆိုင်ရာ နယ်မြေခံများတွင် အမြဲမပြတ် စစ်ဆေးပါ။ 🔷မှတ်ပုံတင်ဆောင်ထားပါ။ မလိုအပ်ဘဲ စစ်ဆေးမေးမြန်းခံရမှု သက်သာစေရန် မိမိ၏ မှတ်ပုံတင် (မူရင်း) ကို အမြဲဆောင်ထားပါ။ 🔷ဖုန်းအတွင်းရှိ အချက်အလက်များရှင်းလင်းပါ။ ဖုန်းထဲတွင် အရေးကြီးသည့် အချက်အလက်များ၊ ဓာတ်ပုံများနှင့် လူမှုထူးခြားဖြစ်စဉ်နှင့် ပတ်သက်သည့် အကြောင်းအရာများကို ကြိုတင်ရှင်းလင်းထားပါ။ 🔷လူစုလူဝေးဖြင့် သွားလာပါ။ ဖြစ်နိုင်ပါက တစ်ဦးတည်းသွားလာခြင်းထက် မိသားစု (သို့မဟုတ်) ယုံကြည်စိတ်ချရသည့် အဖွဲ့အစည်းများဖြင့် သွားလာပါ။ ⚠️ ရှောင်ရန်များ။ (Don'ts) ♦️ညဘက်ခရီးမသွားပါနှင့်။ မဖြစ်မနေကိစ္စမှလွဲ၍ ညဦးပိုင်းနှင့် ညဖက် ခရီးသွားလာခြင်းကို အပြည့်အဝ ရှောင်ကြဉ်ပါ။ ♦️ယူနီဖောင်း/စစ်ဘက်သုံးပစ္စည်းများ ရှောင်ပါ။ စစ်ဘက်နှင့် ဆက်စပ်နိုင်သည့် အရောင်များ (ဥပမာ- သံလွင်ရောင်၊ ကာကီရောင်) နှင့် အဝတ်အစားများကို ဝတ်ဆင်ခြင်းမှ ရှောင်ကြဉ်ပါ။ ♦️စကားအပြောအဆို ဆင်ခြင်ပါ။ ခရီးသွားစဉ်အတွင်း ဘေးပတ်ဝန်းကျင်ရှိ မသိကျွမ်းသူများနှင့် နိုင်ငံရေး၊ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခြင်း မပြုပါနှင့်။ ♦️စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်များတွင် မတွန့်ဆုတ်ပါနှင့်။ စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်များသို့ ရောက်ရှိပါက ပုံမှန်အတိုင်း တည်ငြိမ်စွာ ဆက်ဆံပါ။ တုံ့ဆိုင်းနေခြင်းက ပိုမိုသံသယပွားစေနိုင်ပါသည်။ 🛑 [STOP] - မလိုအပ်ဘဲ ခရီးသွားလာခြင်းကို ခေတ္တဆိုင်းငံ့ထားကြပါ။‼️ ✨ခရီးသွားမိဘပြည်သူ ညီအကို မောင်နှမများအားလုံး ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် မိမိတို့၏ ခရီးစဉ်များကို အဆင်ပြေချောမွေ့စွာ သွားလာနိုင်ကြပါစေကြောင်း မိမိတို့ #EIO_Admin_Teamမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။🙏🏻 #Admin_Team #Eagle_Information_Operator #EIO (ဆက်သွယ်ရေးနှင့် သတင်းပြန်ကြားရေး) 🔵 https://www.facebook.com/eagleinformation 🌐 https://t.me/eagleinformationoperator #Eagle_Information_Operator #EIO #GroundInfo #EmergencyAlert #CivilianMilitaryServiceLaw #MilitaryServiceTraining #UnlawfulArrest #HumanRightsViolation #Public_Safety #TravelSafely

EIO
1 051
⚜️ #EIO_Update_News မုံရွာနယ် တောင်ခြမ်း၊ မအူဂိတ်မှ ထွက်လာသော စခကင်းများသည် မအူဆီတန်းနှင့် တံတားဖြူသို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။ May 4, 10:19AM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInformationOperator_bot 👉 http://www.eagleinformationoperators@gmail.com 🔵https://www.facebook.com/eagleinformation 🌐https://t.me/eagleinformationoperator

EIO
1 051
⚜️ #EIO_Update_News မုံရွာနယ် တောင်ခြမ်း၊ စွမ်းရည်ထက်ဂိတ်မှ ထွက်လာသော စခကင်းများသည် မြေနဲရွာထိပ်‌သို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။ May 4, 10:17AM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInformationOperator_bot 👉 http://www.eagleinformationoperators@gmail.com 🔵https://www.facebook.com/eagleinformation 🌐https://t.me/eagleinformationoperator