EIO
Open in Telegram
See early.Know first.Stay Safe.‼️ #NoNeedDictator #RejectOfMilitary 🔗 http://facebook.com/eagleinformation
Show more1 056
Subscribers
No data24 hours
+97 days
No data30 days
Posts Archive
1 056
Repost from N/a
⚠️မုံရွာ
မုံရွာ နမခမှ Paramotor စက်တပ်လေထီး (1)စီး ပျံတက်။
#SW
Sep 7, 10:36AM
@SkyWatch21_bot @SKYWATCHMMbot
1 056
⚜️ #EIO_Update_News
ချောင်းဦးမြို့ထဲမှ ထွက်လာသော စခအအပါ (၆)ဘီး ကား(2)စီးသည် ခင်မွန်ရွာသို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။
#EIO
Sep 7, 10:20AM
@EIO2021_bot ၊ @EagleInformationOperator_bot
1 056
Repost from EIO
📢 သတင်းပေးပို့သူများသို့ အသိပေးချက် ⚠️
📌 သတင်းပေးပို့သူ (#Informant) တစ်ဦးချင်းစီ၏ သတ္တိ၊ တာဝန်ယူမှုနှင့် ပေးဆပ်မှုများကို #EIO_Admin_Team မှ အမြဲတမ်း လေးစားတန်ဖိုးထားလျက်ရှိပါသည်။ ✨
📌 မိမိတို့ဒေသအတွင်းရှိ အကြမ်းဖက် စစ်ကောင်စီ၏ လေကြောင်းဆိုင်ရာ ဖြတ်သန်းမှုများ၊ အကြမ်းဖက် စစ်ကောင်စီတပ်၏ လှုပ်ရှားမှု၊ တပ်စွဲနေရာများနှင့် ယာဉ်တန်းသတင်းများကို အချိန်နှင့်တပြေးညီ ပေးပို့ပေးခြင်းသည် တော်လှန်ရေးအတွက် အရေးပါသည့် “မျက်စိနှင့် နား” ဖြစ်သကဲ့သို့ ပြည်သူများ၏ အသက်အိုးအိမ်ကို ကာကွယ်ပေးနေခြင်းလည်း ဖြစ်ပါသည်။ ✨🛡️ ၁။ သတင်းပေးပို့သူများအား တန်ဖိုးထားခြင်း 📌 #EIO_Admin_Team အနေဖြင့် သတင်းပေးပို့သူများ၏ ဘေးကင်းလုံခြုံရေးကို ပထမဦးစားပေး (Top Priority) အဖြစ် သတ်မှတ်ထားပါသည်။ ✨
✅ သတင်းအချက်အလက်တစ်ခု ရရှိလာရန် မည်မျှအန္တရာယ်များကြောင်း နားလည်ထားသည့်အတွက် ပေးပို့လာသော သတင်းတိုင်းကို အလေးအနက်ထား၍ စိစစ်အသုံးပြုလျက်ရှိပါသည်။ ✨📌 မိတ်ဆွေတို့၏ ကြိုးပမ်းအားထုတ်မှုများသည် တော်လှန်ရေးအောင်ပွဲအတွက် အရေးပါသော မောင်းနှင်အားတစ်ရပ်ဖြစ်ကြောင်း မှတ်တမ်းတင်အပ်ပါသည်။ ✨ 🔐 ၂။ လုံခြုံရေးနှင့် လျှို့ဝှက်ချက် ထိန်းသိမ်းမှု 📌 သတင်းပေးပို့သူများ စိတ်ချလက်ချ ဆက်သွယ်နိုင်စေရန် အောက်ပါအချက်များကို တိကျစွာ လိုက်နာဆောင်ရွက်လျက်ရှိပါသည်။ 👤 သတင်းရင်းမြစ် ဖုံးကွယ်ခြင်း 📌 ပေးပို့သူ၏ အမည်၊ အကောင့်နှင့် တည်နေရာတို့ကို မည်သည့်အခြေအနေတွင်မျှ ထုတ်ဖော်ခြင်းမပြုဘဲ လျှို့ဝှက်အဆင့် (၁) ဖြင့် ထိန်းသိမ်းထားပါသည်။ 💻 Digital Security 📌 သတင်းပေးပို့ပြီးနောက် #Chat_Log များအား စနစ်တကျ ဖျက်သိမ်းခြင်းနှင့် လုံခြုံရေးအကာအကွယ်များကို နည်းပညာပိုင်းဆိုင်ရာအရ ဆောင်ရွက်ထားပါသည်။ 🛡️ ဘေးကင်းရေး လမ်းညွှန်မှု 📌 သတင်းပေးပို့ရာတွင် သတိပြုရမည့်အချက်များနှင့် ဒစ်ဂျစ်တယ်လုံခြုံရေးဆိုင်ရာ အသိပညာများကိုလည်း မိမိတို့ #EIO_Admin_Team အနေဖြင့် စဉ်ဆက်မပြတ် ဆက်လက်မျှဝေပေးလျက်ရှိပါသည်။ ⚠️ ၃။ သတင်းပေးပို့သူများသို့ မေတ္တာရပ်ခံချက် 📌 မိမိကိုယ်တိုင် လုံခြုံမှုရှိနေမှသာ တော်လှန်ရေးအတွက် ရေရှည်ဆက်လက်ကူညီနိုင်မည်ဖြစ်သောကြောင့် အောက်ပါအချက်များကို အထူးဂရုပြုပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 📱 Two-Step Verification ⚠️ သတင်းပေးပို့ရာတွင် အသုံးပြုသည့် ဖုန်းနှင့် စက်ပစ္စည်းများတွင် အမြဲဖွင့်ထားပါ။ 🗑️ Chat Cleanup ⚠️ သတင်းပေးပို့ပြီးတိုင်း #Chat များအား #Delete ပြုလုပ်ရန် (သို့မဟုတ်) #Vanish Mode အသုံးပြုရန်။ 👁️ Environmental Awareness ⚠️ သတင်းရယူရာတွင် မိမိပတ်ဝန်းကျင်အခြေအနေကို အမြဲသတိပြု၍ မျက်ခြေမပြတ် စောင့်ကြည့်ပါ။ 🕊️ “လူထု၏ မျက်စိ၊ လူထု၏ နား…အောင်ပွဲဆီသို့ ရောက်ရှိနိုင်ရန် သင်တို့၏ သတင်းစကားများသည် အရေးကြီးဆုံးဖြစ်ပါသည်။” ⚠️သတင်းတွေ Copy ကူးရုံ၊ ဝတ္တရားရအရဖတ်ရုံဖြင့်မဟုတ်ပဲ၊ တာဝန်သိစိတ်ဖြင့် သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInformationOperator_bot 👉 http://www.eagleinformationoperators@gmail.com ပြည်သူနှင့်အတူ ရပ်တည်ပေးနေသော သတင်းပေးပို့သူ တစ်ဦးချင်းစီအား မိမိတို့ #EIO (ဆက်သွယ်ရေးနှင့် သတင်းပြန်ကြားရေး) မှ အထူးကျေးဇူးတင်ရှိပါသည်။ 🙏🏻 #EIO_Admin_Team #Eagle_Information_Operator #Civilian_Intelligence #DigitalSecurity #Revolution_News #Ethics
1 056
⚜️ #EIO_Update_News
မုံရွာမြို့၊ကားလေးကွင်းတောင်ဘက် အင်းစပ်လမ်းတွင် စခများသည် ပြည်သူအသွားအလာများကို အစစ်ဆေးပြုလုပ်နေကြောင်း သတင်းရရှိထားပါသည်။
မိဘပြည်သူများအနေဖြင့် အထူးဂရုစိုက်၍ သွားလာကြပါရန်🙏🏻
#EIO
Sep 7, 8:35AM
@EIO2021_bot ၊ @EagleInformationOperator_bot
1 056
မိုးလေဝသ အခြေအနေ
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၇) ရက်နေ့မှ (၁၃) ရက်နေ့ထိ
အလေးပေးတင်ပြချက်များ
........................................
🌀 ယခုတစ်ပတ်အတွင်း ဘင်္ဂလားပင်လယ်အော်အခြေအနေမှာ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နိုင်ပြီး မြန်မာ့ကမ်းရိုးတန်းဒေသများနှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် အနောက်တောင် မုတ်သုံလေသည် အားအသင့်အတင့်မှ အားကောင်းနိုင်ပါသည်။ ရခိုင်ကမ်းရိုးတန်း၊ မြစ်ဝကျွန်းပေါ်ဒေသများနှင့် မုတ္တမကွေ့ဘက်တို့တွင် (၁၁.၉.၂၀၂၆) ရက်နေ့၌ အရှေ့ဘက်မှ လေများ ပြောင်းလဲတိုက်ခတ်လာနိုင်ကြောင်း တွေ့ရသည်။ ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းနှင့် အနောက်မြောက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နိုင်ပါသည်။
⛈️ မိုးအခြေအနေမှာ မုတ်သုံလေအားကောင်းနေခြင်းကြောင့် လည်းကောင်း၊ လေဖိအားနည်းရပ်ဝန်း အရှိန်ကြောင့်လည်းကောင်း၊ မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာသွန်းနိုင်ပါသည်။ (စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။)
📅 နေ့အလိုက်တစ်ပတ်စာ မိုးလေဝသအခြေအနေများကို ဆက်လက်တင်ပြသွားပါမည်။
#မိုးလေဝသသတင်း
#WeatherForecast
#MoSLHA
1 056
▪️“Moment of madness” တဲ့။ တဒင်္ဂလွတ်ထွက်သွားတဲ့ အခိုက်အတန့်ကလေးတွေ ဘဝမှာ ရှိတတ်ကြတယ်။ အဲဒီတဒင်္ဂကလေးမှာ တစ်ဘဝစာ နောင်တရနေရမယ့်အလုပ်တွေ၊ တခြားတခြားသော ဘဝပေါင်းများစွာကို ထိခိုက်စေမယ့်ကိစ္စတွေ လုပ်မိသွားတတ်တယ်။
ဒါကြောင့်ပဲ Living consciously လို့ ခေါ်တဲ့ သတိဖြင့် နေထိုင်ခြင်းဟာ သိပ်အရေးကြီးတာပါ။
▪️သတိလက်လွတ် ဖြစ်နေတဲ့ အခိုက်အတန့်တွေ နည်းနိုင်သမျှ နည်းလာတာနဲ့အမျှ နောင်တနည်းတဲ့ ဘဝကိုလည်း ပိုင်ဆိုင်နိုင်လာမှာ ဖြစ်ပါတယ်။
ဒေါက်တာ ဖြိုးသီဟ
၆.၉.၂၀၂၆
1 056
“သတိလက်လွတ်”
▪️အားလုံး တစ်ခါမဟုတ်တစ်ခါတော့ ဖြစ်ဖူးကြမယ် ထင်ပါတယ်။ သတိလွတ်နေတာပေါ့။ လုပ်ပြီးပေမဲ့ ပြီးပြီလား၊ မပြီးသေးဘူးလား မမှတ်မိတာ၊ ထမင်းအိုးတည်ထားပြီး မေ့နေတာ၊ အပြင်ထွက်တဲ့အခါ ပစ္စည်းတစ်ခုခု မေ့ကျန်ခဲ့တာ စသဖြင့်ပေါ့။ သိပ်မဆိုးတာရှိတယ်။ တော်တော်ဆိုးတာ၊ ရယ်ရတာတွေလည်း ရှိတယ်။
ဟိုရက်ကဆို အပြင်က ပြန်လာတယ်။ ကားကို လော့ခ်မချခဲ့ဘူး။ သော့ကလည်း အထဲမှာ။ အိမ်ခန်းထဲ အဲဒီသော့ကို ပြန်ရှာနေတာ။ ငါ ဘယ်နားထားမိလဲပေါ့။ အတော်နေလို့ ကားဆီ သွားကြည့်မှ အထဲမှာ ကျန်နေခဲ့တာ သိတော့တယ်။ တော်သေးတာပေါ့။ ခိုးမယ့်သူ မရှိလို့။ မဟုတ်ရင် အပြီးအစီးပဲ။
▪️စိတ်ဖိစီးနေတဲ့အခါ၊ စိတ်ညစ်နေတဲ့အခါ၊ ဝမ်းနည်းနေတဲ့အခါ၊ အသည်းကွဲနေတဲ့အခါ၊ စိတ်ထဲ တစ်ခုခုက လွှမ်းမိုးနေတဲ့အခါတွေမှာ သတိလက်လွတ် ဖြစ်တတ်တယ်။
အဲဒီအခါ အမှားပေါ် အမှားဆင့်၊ ပြဿနာပေါ် ပြဿနာဆင့်၊ တစ်ပူပေါ် နှစ်ပူဆင့် ဖြစ်ကုန်ရော။
▪️စိတ်နဲ့ကိုယ်နဲ့က မကပ်။ ရုံးရောက်လာ။ ကော်ဖီဖိတ်ကျ။ စာရွက်စာတမ်းတွေ ပေကုန်။ အဲဒီကနေ စိတ်တို။ မီတင်မှာ အဆင်မပြေ။ ဝယ်သူနဲ့ ကတောက်ကဆဖြစ်။
မိန်းမနဲ့ စကားများပြီး အိမ်က ထွက်လာ။ ရုံးကလည်း နောက်ကျနေတော့ အရှိန်တင်မောင်း။ လမ်းမှာ ကားချင်းငြိ။ စကားများ။ အခန့်မသင့်ရင် ရုံးရောက်ဂါတ်ရောက်တင်မက ဆေးရုံပါ ရောက်သွားနိုင်သေး။
ဒါကြောင့် အရမ်းဆိုးဆိုးရွားရွား မဖြစ်ခင် တစ်ဆင့်ဆင့်မှာ သတိကပ်လိုက်နိုင်ဖို့က သိပ်အရေးကြီးတာ။
▪️တစ်နေ့တာချင်းစီမှာလည်း သတိလက်လွတ် ဖြစ်တတ်သလို၊ ကာလတစ်ခုလောက် လမ်းချော်သွားတာတွေလည်း ရှိတယ်။ တချို့သတိလက်လွတ်ခြင်းတွေကတော့ ဘဝတစ်ခုလုံးစာပါ ပေးဆပ်ရတတ်တယ်။
ဥပမာ စိတ်တွေအဆင်မပြေလို့ လောင်းကစားလုပ်ရင်း နွံနစ်သွားတာမျိုး၊ လိင်ကိစ္စနဲ့ ထွက်ပေါက်ပေးရင်း ရောဂါကူးစက်ကုန်တာမျိုး၊ အရက်ရဲ့ကျေးကျွန် ဖြစ်သွားတာမျိုး၊ မိဘနဲ့ အဆင်မပြေလို့ အိမ်ကလွတ်သွားရင်ပြီးရော၊ တစ်ယောက်ယောက်နဲ့ အိမ်ထောင်ပြုလိုက်ပြီး အဆိပ်အတောက် ဆက်ဆံရေးထဲ ပိတ်မိသွားတာမျိုး၊ ကားကိုအမြန်မောင်းရင်း တစ်သက်တာ ပြန်ပြင်မရတဲ့ ထိခိုက်ဒဏ်ရာတွေ ရကုန်တာမျိုး စသဖြင့်ပေါ့။
▪️တစ်ခါလည်း ရေးဖူးတယ်။ Nathaniel Branden ရဲ့ The Six Pillars of Self-Esteem အကြောင်း။ မိမိကိုယ်မိမိ လေးစားနိုင်မှုရဲ့ ထောက်တိုင် ၆ ခုထဲ “Living consciously” ဆိုတာ ပါတယ်။ မြန်မာလိုဆို သတိဖြင့် နေထိုင်ခြင်းပေါ့။
သိပ်မှန်တာပဲ။ သတိလက်လွတ် ဖြစ်နေတဲ့ လူတစ်ယောက်ဟာ နေ့စဉ်ဘဝမှာလည်း အဆင်မပြေခြင်းတွေ၊ မကျေနပ်ခြင်းတွေ၊ ပူလောင်ခြင်းတွေ ရှိနေမှာဖြစ်သလို၊ ဘဝတစ်ခုလုံးစာ ကြည့်မယ်ဆိုလည်း အမှားများမယ်။ အမှားကတော့ လူတိုင်းမှာ ရှိကြတာပဲ ဆိုပေမဲ့ သူ့ဆီမှာက ပြင်မရတဲ့အမှားတွေ ပိုရှိနေတတ်တယ်။
အဲဒီလိုလူတစ်ယောက်ဟာ ကိုယ့်ကိုယ်ကိုယ်လေးစားနိုင်ဖို့လည်း ခက်သွားတော့တာပေါ့။
▪️စိတ်ဆိုတာ အင်မတန်မြန်ဆန်တယ်။ ပုံမှန်လိုဆို ဒါမျိုးလုပ်မှာ မဟုတ်ဘူးလို့ ယုံကြည်ရတဲ့ လူတစ်ယောက်ဟာ အခြေအနေတွေက ပံ့ပိုးလာတဲ့အခါ လုပ်နိုင်သွားတယ်။ လုပ်ရဲသွားတယ်။ လုပ်ဖြစ်သွားတယ်။
ငွေကြေးနဲ့ ပတ်သက်လို့ စိတ်ချရတယ်ဆိုတဲ့သူက သူ့ကလေး ဆေးရုံတင်ထားရပြီး ငွေအသည်းအသန် လိုနေတဲ့အခါ အလွဲသုံးစားမှုတွေ ကျူးလွန်ကုန်ရော။
သစ္စာရှိပါတယ် ဆိုတဲ့သူကလည်း အခြေအနေက ဖန်တီးပေးလာတဲ့အခါ၊ သွေးသားတောင်းဆိုမှုကို မငြင်းဆန်နိုင်တဲ့အခါ တစ်ကြိမ်တစ်ခါ မှားမိသွားတတ်တယ်။
ဒီကလေးက သူ့ဘဝ၊ မိန်းမက ကွာရှင်းရုံတင်မက ဒီကလေးကိုပါ ခေါ်သွားမယ်ဆိုတဲ့အခါ ချစ်လို့ယူထားတဲ့ မိန်းမကိုတောင် သတ်မိဖို့ ဝန်မလေးတော့ဘူး ဖြစ်သွားတတ်တယ်။
ဒါကြောင့်လည်း ထပ်ကာထပ်ကာ ရေးခဲ့ဖူးတယ်။ စိတ်ကောင်းဆိုတာ ‘ရှိ’နေတာ မဟုတ်ဘူး။ ‘ဖြစ်’အောင်လုပ်ရတာ။
▪️ရှိနေတာလို့ ယူဆထားတော့ စိတ်ကောင်းဖြစ်အောင် ကြိုးစားစရာ မလိုတော့ဘူးလို့ ထင်သွားတယ်။ ကောင်းတဲ့လူက ဘယ်တော့မဆိုကောင်း၊ ဆိုးတဲ့လူက ဘယ်တော့မဆိုဆိုး၊ ဒီလို Black & White Thinking ဖြစ်လာတယ်။ လူတွေကိုလည်း တထစ်ချ ယုံကြည်ထားတတ်တယ်။
တစ်ခါ၊ ကိုယ်က အခြေအနေ မပေးသေးလို့ မလုပ်ဖြစ်တာကို ကိုယ့်ကိုယ်ကိုယ် ကိုယ်ကျင့်တရားအရ သူများထက်သာတယ် အထင်ရောက်နေတတ်တယ်။ ဥပမာ အာဏာနဲ့ မထိတွေ့ရသေးခင် ကိုယ်ပြောထားခဲ့သမျှတွေကို ကိုယ်တိုင်လည်း အာဏာရရော၊ အကုန်ပြန်လုပ်နေတဲ့သူတွေ အများကြီးရှိတယ်။ ဖောက်ပြန်ဖို့ ငွေကြေး၊ ရာထူး၊ အာဏာ စတဲ့ ဘာအခြေအနေကမှ မပေးသေးတော့ သစ္စာရှိနေတာပေါ့။ အခြေအနေတွေ ပေးလာရင်တောင် ငြင်းဆန်နိုင်တာ သေချာပြီလား၊ ငြင်းဆန်ခဲ့ဖူးပြီလား၊ ဒီတော့မှ သူများကို လက်ညှိုးထိုးရင် ပိုကောင်းတာပေါ့။
▪️တကယ်တမ်းတော့ ကျွန်တော်တို့ဟာ စိတ်ခံစားချက်ရဲ့ သားကောင်တွေချည်းပါပဲ။ ထူးပြီး ဖြူစင်နေတဲ့လူလည်း မရှိသလို၊ ထူးပြီး မည်းညစ်နေတဲ့လူလည်း မရှိဘူး။
တစ်ခုပဲ ကွာကြတာ။ မကောင်းတဲ့စိတ် ဖြစ်လာရင် သတိနဲ့ ထိန်းကျောင်းနိုင်တဲ့သူရယ်၊ သတိလက်လွတ်ဖြစ်ပြီး ဒီစိတ်ရဲ့ လှုံ့ဆော်ရာနောက်ကို လိုက်သွားမိတဲ့သူရယ်၊ ဒါပဲ ကွာတာ။
1 056
⚜️ #EIO_Update_News
(ရေကြောင်းသတင်း)
ယမန်နေ့က မန္တလေးဘက်မှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်သို့ ဆန်တက်လာသော စခ သင်္ဘောများမှ ရှေ့ဆုံးပွိုင့်သည် ကန့်ဘလူနယ် အရှေ့ခြမ်း ဇင်းချောင်းရွာအနီးမှ လက်နက်ကြီး၊လက်နက်ငယ်များ မြစ်ကမ်းဘေးဝဲယာ ရမ်းသမ်းပစ်ခတ်ပြီး အထက်သို့ ဆက်လက်ဆန်တက်နေကြောင်း သတင်းရရှိထားပါသည်။
#EIO
Sep 7, 6:43AM
@EIO2021_bot ၊ @EagleInformationOperator_bot
1 056
Repost from EIO
🛡️ စစ်ရေးသတိဖြင့် ဘေးကင်းအောင်နေထိုင်စို့ - မိဘပြည်သူများအတွက် အသိပေးနှိုးဆော်ချက်။ ⚠️
တော်လှန်ရေးကာလအတွင်း နယ်မြေခံရဲဘော်များသည် ခုခံတွန်းလှန်စစ်အောင်ပွဲများကို အလီလီဖော်ဆောင်နိုင်ခဲ့ကြသော်လည်း စစ်ရေးသတင်းလုံခြုံမှု (#OPSEC) အရ အောင်ပွဲသတင်းအချို့ကို အချိန်နှင့်တပြေးညီ ထုတ်ပြန်ခြင်းမရှိဘဲ သိုဝှက်ထားခဲ့ကြရသည်များ ရှိပါသည်။ တော်လှန်ရေး ရဲဘော်များသည် ဆိုရှယ်မီဒီယာပေါ်တွင်သာ တိုက်ပွဲဝင်နေကြခြင်းမဟုတ်ဘဲ မြေပြင်တွင် အမှန်တကယ် စွန့်လွှတ်စွန့်စား တိုက်ပွဲဝင်နေကြခြင်း ဖြစ်ပါသည်။
လက်ရှိတွင် ရန်သူ၏အင်အား လှုပ်ရှားမှုအခြေအနေများအပေါ် မူတည်၍ တော်လှန်ရေး တပ်ရင်း၊တပ်ဖွဲ့များမှ စစ်ရေးဗျူဟာအရ ငြိမ်သက်သင့်သလောက် ငြိမ်သက်ထားရသော အခိုက်အတန့်လည်း ရှိကြပါသည်။ ထို့ကြောင့် မိဘပြည်သူများအနေဖြင့် ရန်သူ၏အန္တရာယ်ကို ကြိုတင်ပြင်ဆင် ရှောင်ရှားနိုင်ရန်နှင့် အဖမ်းအဆီး၊ အဓမ္မဓားစာခံ ပြုလုပ်ခြင်းများမှ ကင်းဝေးစေရန် အောက်ပါ "ဆောင်ရန်၊ ရှောင်ရန်" အချက်များကို အထူးသတိပြု လိုက်နာကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
✅ ဆောင်ရန်အချက်များ (Dos)
📢 သတင်းနားစွင့်ပါ။
မိမိတို့နယ်မြေအလိုက် အချိန်နဲ့တပြေးညီ ထုတ်ပြန်ပေးနေသော ကျင့်ဝတ်၊စည်းကမ်း နဲ့ အညီ တော်လှန်ရေး အလုပ်လုပ်နေကြပါသော သတင်းပြန်ကြားရေးစက်ကြီးများနှင့် ပြန်ကြားရေးရဲဘော်များ၏ အသိပေး၊သတိပေး ထုတ်ပြန်ချက်များကို နေ့၊ ည မပြတ် အထူးဂရုတစိုက် နားစွင့်ကြပါ။
🎒 အရေးပေါ်အိတ် ပြင်ဆင်ပါ။
ရုတ်တရက် တိမ်းရှောင်ရပါက လွယ်ကူစေရန် ဆေးဝါး၊ အစားအစာ၊ အရေးကြီးစာရွက်စာတမ်းနှင့် အဝတ်အထည်အနည်းငယ်ပါသော အရေးပေါ်အိတ်ကို အမြဲအသင့်ပြင်ထားပါ။
📡 ဆက်သွယ်ရေးလမ်းကြောင်း ထားရှိပါ။
ရပ်ကွက်/ကျေးရွာအတွင်းရှိ ယုံကြည်ရသောသူများနှင့် ချိတ်ဆက်ထားပြီး အကြမ်းဖက်စစ်ကောင်စီ၏ စစ်ရေးလှုပ်ရှားမှု သတင်းရလျှင်ရချင်း တစ်ဦးနှင့်တစ်ဦး အမြန်ဆုံး အသိပေးပါ။
🛡️ ဘေးကင်းရာသို့ တိမ်းရှောင်ပါ။
အကြမ်းဖက်စစ်ကောင်စီ၏ စစ်ရေးလှုပ်ရှားမှုသတင်းကြားသည်နှင့် အချိန်ဆွဲခြင်းမပြုဘဲ ဘေးကင်းရာသို့ ကြိုတင်တိမ်းရှောင်ပါ။ "စစ်ရေးသတိ" သည် သင့်အသက်ကို ကယ်တင်ပါလိမ့်မည်။
❌ ရှောင်ရန်အချက်များ (Don'ts)
🚫 သတင်းမပေါ့ဆပါနှင့်။
"ငြိမ်နေတာပဲ၊ ဘာမှမဖြစ်လောက်ပါဘူး" ဟု အထင်မမှားပါနှင့်။ စစ်ရေးဆိုသည်မှာ ရန်သူ့အခြေအနေပေါ်မူတည်၍ အချိန်မရွေး ပြောင်းလဲနိုင်ပါသည်။
🚫 စခ၊ပခများနှင့် မတွေ့အောင်ရှောင်ပါ။
အကြမ်းဖက်စစ်ကောင်စီ၏ အခိုင်းအစေ ကျေးကျွန်များနှင့် လမ်းတွင်တွေ့ဆုံခြင်း၊ တိုးမိခြင်းများ လုံးဝ၊လုံးဝ မရှိစေရန် လမ်းကြောင်းများကို သေချာစုံစမ်းပြီးမှ သွားလာပါ။
🚫 ဓားစာခံအဖြစ် အဖမ်းမခံရစေနှင့်။
အကြမ်းဖက်စစ်ကောင်စီ၏ ကျေးကျွန်များသည် ပြည်သူကို ဓားစာခံအဖြစ် အသုံးပြုတတ်သဖြင့် အကြမ်းဖက် စစ်ကောင်စီ အခြေစိုက်ရာ စခန်းနှင့်ဝပ်ကျင်းချရာအနီးအနားသို့ သွားလာခြင်းကို အပြတ်အသတ် ရှောင်ကြဉ်ပါ။
🚫 စစ်ရေးသတင်း မဖြန့်ပါနှင့်။
တော်လှန်ရေးတပ်ဖွဲ့များ၏ တည်နေရာနှင့် လှုပ်ရှားမှုများကို ဖုန်းဖြင့်ပြောဆိုခြင်း၊ လူမှုကွန်ရက်ပေါ်တင်ခြင်းများ ကို လုံးဝ (လုံးဝ) မပြုလုပ်ပါနှင့်။သင့်ကြောင့် အသက်စွန့်၍ ရှေ့တန်းစစ်မျက်နှာပြင်တွင် တိုက်ပွဲဝင်နေကြသော တော်လှန်ရဲဘော်များ ဘေးမဖြစ်ပါစေနှင့်။
🚨 စစ်ရေးလှုပ်ရှားမှုဆိုသည်မှာ ခံစစ်ရှိသလို ထိုးစစ်လည်း ရှိပါသည်။ ရန်သူ၏ လှုပ်ရှားမှုအပေါ် မူတည်၍ တော်လှန်ရေးတပ်ဖွဲ့များမှ အစီအစဉ်တကျ လှုပ်ရှားနေရခြင်းဖြစ်သဖြင့် မိဘပြည်သူများအနေဖြင့် စိုးရိမ်ထိတ်လန့်ခြင်းထက် "အသိ၊ သတိ" ကို ရှေ့တန်းတင်ကြစေလိုပါသည်။ ⚠️
မိမိတို့နယ်မြေမှ ပြန်ကြားရေးရဲဘော်များသည် မိဘပြည်သူများ ဘေးကင်းစေရန် နေ့၊ညမပြတ် အပင်ပန်းခံပြီး သတင်းထုတ်ပြန်ပေးနေခြင်းဖြစ်ရာ၊ ထိုထုတ်ပြန်ချက်များကို လေးစားလိုက်နာခြင်းဖြင့် အသက်အန္တရာယ်မှ ကင်းဝေးကြပါစေကြောင်း ဆုတောင်းတိုက်တွန်းလိုက်ရပါသည်။
"စစ်ရေးသတိဖြင့် အောင်ပွဲဆီသို့" ✊🏻
#EIO #Eagle_Information_Operator #EmergencyAlert #PublicSafety #RevolutionNews #WarsCrimes_RejectMilitaryCoup #StopKillingCivilians #StopBombingCivilians #WhatsHappeningInMyanmar
1 056
Repost from EIO
🚨 "အရေးပေါ် လေကြောင်းသတိပေးချက်နှင့် တိုက်တွန်းချက်" (#EIO) ⚠️
📢 "လေကြောင်းအသိ၊လေကြောင်းသတိဖြင့် မိမိနှင့် မိမိပတ်ဝန်းကျင်ကို ကာကွယ်စို့"
အကြမ်းဖက် စစ်ကောင်စီ၏ လေတပ်စခန်းများနှင့် ဌာနချုပ်များမှတစ်ဆင့် #Jet_Fighters (ဂျက်တိုက်လေယာဉ်များ)၊#Mi_35P_Attack_Helicopters (တိုက်ခိုက်ရေးရဟတ်ယာဉ်များ)၊ #Y_12_Y_8_Military_Transport_Aircraft (ဗုံးကျဲနှင့်စစ်ထောက်ပို့လေယာဉ်များ)၊ #UVP_L_410_Military_Light_Transport_Aircraft (ဗုံးကျဲနှင့်ထောက်ပို့ အပေါ့စားလေယာဉ်များ)၊ #Paramotors (ပါရာမော်တာစက်တပ်လေထီးများ)၊ #Gyrocopters (ဂျိုင်ရိုကော့ပတာများ) နှင့် လူသတ်လက်နက်များဖြစ်သော #Kamikaze_Suicide_Drones (စွမ်းအားမြင့်အသေခံဒရုန်းများ)၊ #Attack_Drones (တိုက်ခိုက်ရေးဒရုန်းများ) ကို အသုံးပြုကာ ပြည်သူလူထုအပေါ် ပစ်မှတ်ထားတိုက်ခိုက်နေခြင်းသည် လုံးဝမဖြစ်သင့်သည့် အကြမ်းဖက်မှု လုပ်ရပ်သာ ဖြစ်ပါသည်။
📌 အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု အန္တရာယ်များသည် လျော့ပါးသွားခြင်းမရှိဘဲ ပိုမိုပြင်းထန်လာနိုင်သည့် အနေအထားတွင် ရှိနေပါသည်။ ထို့ကြောင့် မိဘပြည်သူများအနေဖြင့် ဘေးကင်းမှုကို ရှေးရှုကာ အောက်ပါ "လေကြောင်းအသိ၊သတိ" များကို အထူးဂရုပြု လိုက်နာကြပါရန် #EIO_Admin_Team မှ အလေးအနက် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
🛡️ လိုက်နာရန် အရေးကြီးသည့် လမ်းညွှန်ချက်များ။
👂 အသံကို နားစွင့်ပါ။
ဒရုန်းများ(#Kamikaze_Sucide_Drone/#Attack_Drone)နှင့် အပေါ့စားလေယာဉ်များ (#Paramotor/#Gyrocopter) သည် ပုံမှန်ဂျက်လေယာဉ်များထက် အသံတိုးသော်လည်း နီးကပ်လာပါက ပန်ကာရိုက်ခတ်သံကို ကြားနိုင်ပါသည်။ ထူးခြားသောအသံကြားရပါက လူစုလူဝေးမှ ချက်ချင်းခွာပါ။
🚫 ရှောင်ပါ။
လူစုလူဝေးရှိရာနေရာများသည် အဓိက ပစ်မှတ်များ ဖြစ်လာနိုင်သဖြင့် အထူးဂရုစိုက် နားစွင့်၍ နေထိုင်ကြပါ။ဆူညံသံများဖြစ်သော အသံချဲ့စက်၊ဘောက်များဖွင့်ခြင်းကို လုံးဝ(လုံးဝ) ရှောင်ကြဉ်ကြပါ။
🛖 ခိုင်ခံ့သော နေရာတွင် ခိုလှုံပါ။
လေကြောင်းတိုက်ခိုက်မှု သတိပေးချက်ရသည်နှင့် တစ်ပြိုင်နက် သစ်ပင်ကြီးများအောက်တွင် မနေဘဲ ခိုင်ခံ့သော အဆောက်အအုံ (သို့မဟုတ်) မြေကျင်းများအတွင်း အမြန်ဆုံး ခိုလှုံပါ။
(Jet Fighter များနှင့် အခြားလေကြောင်း ဗုံးကျဲယာဉ်များ) အမှန်တကယ် ပြန်လည်ထွက်ခွာသွားကြောင်း သေချာပြီ၊ စိတ်ချရပြီဆိုမှသာ မိမိပုန်းခိုရာနေရာမှ ပြန်လည်ထွက်ခွာသင့်ပါသည်။
တစ်ခါတစ်ရံ မိမိတို့နယ်မြေမှ ပြန်သွားပြီဟု ထင်ရသော်လည်း ပြန်လည်လှည့်ပတ်လာပြီး တိုက်ခိုက်တတ်သည့် ဖြစ်လေ့၊ ဖြစ်စဉ်များ ရှိသည့်အတွက်ကြောင့် အခြားနယ်မြေများသို့ ဆက်လက်ဖြတ်သန်းသွားကြောင်း အတည်ပြုပြီးမှသာ ယုံကြည်စိတ်ချစွာ ပုန်းခိုရာနေရာမှ ထွက်ခွာရန် ဆုံးဖြတ်သင့်ပါသည်။
📱 သတင်းအချက်အလက်ကို စောင့်ကြည့်ပါ။
ဒေသတွင်း လေကြောင်း သတင်းပြန်ကြားရေးမှ သတိပေးချက်များ၊ အချိန်နှင့်တပြေးညီ ထုတ်ပြန်ပေးနေသော လေကြောင်းသတင်း #Channel များကို အမြဲမျက်ခြေမပြတ် စောင့်ကြည့်ပြီး အချင်းချင်း ဖုန်းဖြင့် သတင်းအား လက်ဆင့်ကမ်းခြင်း၊ နယ်မြေခံဆက်သွယ်ရေးကွန်ယက်များသို့ ဝေမျှပါ။လေကြောင်းသတင်းကို အမြဲမပြတ် နားစွင့်နေပါ။
🚫 တားမြစ်ချက်နှင့် မေတ္တာရပ်ခံချက်။
မိမိတို့ဝန်းကျင်တွင် လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားပါက ဓာတ်ပုံ၊ ဗီဒီယိုရိုက်ကူးခြင်းနှင့် #Social_Media ပေါ်တွင် ချက်ချင်းတင်ခြင်းများကို လုံးဝ (လုံးဝ) မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။ ထိုသို့တင်ခြင်းသည် တိုက်ခိုက်သူများအတွက် #Target မှန်၊ မမှန် #Feedback ပေးသကဲ့သို့ ဖြစ်စေပြီး နောက်ထပ်တိုက်ခိုက်မှုများ ပြုလုပ်ရန် လမ်းညွှန်ပေးရာ ရောက်ပါသည်။
"မိဘပြည်သူတို့ရဲ့ အသက်ပေါင်းများစွာကို အကာအကွယ်ပေးနိုင်ဖို့ "လေကြောင်းအသိ၊ လေကြောင်းသတိ" အမြဲရှိကြပါစို့။"✨
"မိဘပြည်သူအားလုံး ဘေးအန္တရာယ်ကင်းပြီး ကျန်းမာကြပါစေ"🙏🏻
#EIO_Update_News #MiliitaryAtrocities #MilitaryTerrorists #StopBombingCivilians #StopKillingCivilians #AirSecurityAlert #StaySafeMyanmar #SafetyAwareness #WhatsHappeningInMyanmar
1 056
Repost from EIO
🚨 မိဘပြည်သူများအတွက် အရေးပေါ် သတိပေးချက် 🚨
လတ်တလော မုံရွာမြို့ပေါ်နှင့် လမ်းကြိုလမ်းကြားများ၊ မြို့အဝင်အထွက်များတွင် စစ်ကောင်စီ (စကစ) မှ အိမ်စီးကားများကို အသုံးပြု၍ အတင်းအဓမ္မ ဖမ်းဆီးခြင်းနှင့် ပေါ်တာဆွဲခြင်းများ ပြုလုပ်နေကြောင်း သတင်းများ ရရှိထားပါသည်။
မိဘပြည်သူများ ဘေးကင်းလုံခြုံစေရန် အောက်ပါအချက်များကို အထူးသတိထား လိုက်နာကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
⚠️ သတိပြုရန် အချက်များ
🔹 ဒေသခံ တော်လှန်ရေးအဖွဲ့အစည်းများ၏ အသိပေးချက်များကို စောင့်ကြည့်လိုက်နာပါ။
🔹 မြေပြင်သတင်းချန်နယ်များကို ဖတ်ရှုကြပါ။
🔹 နီးစပ်ရာ အချင်းချင်း သတင်းအချက်အလက်များ မျှဝေကြပါ။
🚫 လုံးဝ မပြုလုပ်ရ
❌ စခ / ရခ ယာဉ်တန်းများအနီးတွင် မနေပါနှင့်။
❌ စခ / ရခ ယာဉ်တန်းနှင့်အတူ လိုက်ပါ မောင်းနှင်ခြင်း မပြုလုပ်ပါနှင့်။
❌ စခ / ရခ အထိုင်ဂိတ်များအနီးတွင် ကြာမြင့်စွာ မနေပါနှင့်။
🚑 ကျန်းမာရေးကိစ္စများနှင့် စားဝတ်နေရေးအတွက် မဖြစ်မနေ ခရီးသွားလာရပါက အထူးသတိဖြင့် သွားလာကြပါရန် တိုက်တွန်းအပ်ပါသည်။
🙏 မိဘပြည်သူများအားလုံး ကျန်းမာ၍ ဘေးကင်းကြပါစေ။
⚜️ မြေပြင်အခြေအနေများနှင့် ပတ်သက်၍ အရေးကြီးသတင်းများရှိပါက #EIO Admin Team ထံသို့ အချိန်နှင့်တပြေးညီ ယုံကြည်စိတ်ချစွာ ပေးပို့နိုင်ပါသည်။
📲 ဆက်သွယ်မေးမြန်းရန်နှင့် သတင်းပေးပို့ရန်
🤖 Telegram – @EIO2021_bot | @EagleInformationOperator_bot
📧 Email – eagleinformationoperators@gmail.com
🔵 Facebook Page – facebook.com/eagleinformation
🌐 Telegram Channel – t.me/eagleinformationoperator
#EIO #EmergencyAlert #StaySafe #Monywa #SecurityUpdate
#CivilianMilitaryServiceLaw
#MilitaryServiceTraining
#BasicRecruitTraining
#MilitaryCommission
#UnlawfulArrest
#HumanRightsViolation
1 056
Repost from EIO
+6
"ပြည်သူအားလုံးဟာ ငါတို့ရဲ့ မျက်စိနဲ့ နား"
📌ယနေ့အချိန်ထိ မြေပြင်နှင့် လေကြောင်း သတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီ တာဝန်သိစိတ်ဖြင့် ပေးပို့ခဲ့ကြသော တလရဲဘော်များနှင့် မိဘပြည်သူ တစ်ဦးတစ်ယောက်ချင်းစီကို Eagle Information Operator (#EIO) မှ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။
"မိတ်ဆွေ၏ သတင်းပေးပို့မှုသည်...
ပြည်သူ့အသက်ကို ကယ်တင်နိုင်ပြီး🙏🏻
ရဲဘော်တို့၏ လုံခြုံရေးကို အထောက်အကူပြုပါသည်။
စခတို့၏ နိဂုံးကိုလည် အရှိန်အဟုန်မြှင့်စေသည်။"✊🏻
#AdminTeam
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
👉🏻 @EIO2021_bot
👉🏻 @EagleInformationOperator_bot
👉🏻 http://www.eagleinformationoperators@gmail.com
🌐 https://t.me/eagleinformationoperator
🔵 https://www.facebook.com/eagleinformation
1 056
Repost from EIO
၁။ ရာဇတောဝါ - မင်းဘေးမှလည်းကောင်း။
၂။ စောရတောဝါ - ခိုးသူဘေးမှလည်းကောင်း။
၃။ မနုဿတောဝါ - လူဆိုးလူကြမ်း
ဘေးမှလည်းကောင်း။
၄။ အမနုဿတောဝါ - ဘီလူး၊ ဂုမ္ဘဏ်၊ ဖုတ်ပြိတ္တာ.
ဘေးမှ လည်းကောင်း။
၅။ အဂ္ဂိတောဝါ - မီးဘေးမှ လည်းကောင်း။
၆။ ဥဒကတောဝါ - ရေဘေးမှ လည်းကောင်း။
၇။ ကဏ္ဍကတောဝါ - လေးမြှား၊ လက်နက်၊ ဆူးငြောင့်
ဘေးမှ လည်းကောင်း။
၈။ ဇနပဒရောဂတောဝါ - ဇနပုဒ်၌ဖြစ်ကုန်သော
အနာရောဂါ ဘေးမှလည်းကောင်း။
၉။ အသဒ္ဓမ္မတောဝါ - သူယုတ်တို့၏ မကောင်းသော
အကျင့်ဘေးမှလည်းကောင်း။
၁၀။ အသန္ဒိဋ္ဌိတောဝါ - မိစ္ဆာအယူရှိသော သူတို့၏
ဘေးမှလည်းကောင်း။
၁၁။ အသပ္ပုရိသတောဝါ - သူတော်မဟုတ် သူယုတ်မာ
တို့၏ ဘေးမှလည်းကောင်း။
ထို ( ၁၁ )ပါးသောဘေးဆိုးတို့မှကင်းဝေးကြပါစေရန်ဆုတောင်းမေတ္တာပို့သပါသည်။ဘေးရန်ကင်းငြိမ်းကြပါစေ။🙏🙏🙏
#AdminTeam
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
1 056
Repost from EIO
🚨 [အထူးသတိပေးချက်] လူကို မယုံဘဲ စနစ်ကိုသာ ယုံကြည်ပါ ⚠️
— စစ်ကောင်စီ၏ ဘက်ပြောင်း/ဖမ်းဆီးခံရသူများ အသုံးပြု ထောင်ဖမ်းသည့် နည်းဗျူဟာ (Lure Tactics) များအား တုံ့ပြန်ကာကွယ်ခြင်း —
အကြမ်းဖက်စစ်ကောင်စီသည် စစ်ရေး၊ နိုင်ငံရေး ဘက်ပေါင်းစုံတွင် အရေးနိမ့်လာသည်နှင့်အမျှ တော်လှန်ရေးတပ်ဖွဲ့များ၏ "ရဲဘော်ရဲဘက်စိတ်"နှင့် "ရင်းနှီးကျွမ်းဝင်မှု" များကို အခွင့်ကောင်းယူ၍ Lure Tactics (ထောင်ဖမ်းသည့် နည်းဗျူဟာများ)ကို အရှိန်အဟုန်မြှင့် ယခုနောက်ပိုင်းအသုံးပြုလာနေပါသည်။
တော်လှန်ရေးတွင် ပါဝင်နေသည့်ရဲဘော်များ၊ ထောက်ပံ့သူများနှင့် မိဘပြည်သူများ၏ အသက်အန္တရာယ်သည် သတင်းလုံခြုံရေး (OPSEC) ပေါ်တွင် တိုက်ရိုက် မူတည်နေပါသည်။
စစ်ကောင်စီသည် ဖမ်းဆီးရမိထားသော ရဲဘော်များ၊ ဘက်ပြောင်းသွားသူများ (သို့မဟုတ်) ၎င်းတို့၏ ဖုန်း/ဆိုရှယ်မီဒီယာ အကောင့်များကို သိမ်းပိုက်၍ "အကူအညီတောင်းခံခြင်း"၊ "ရိက္ခာ/လက်နက် ပို့ဆောင်ခိုင်းခြင်း"၊ "တွေ့ဆုံရန် ချိန်းဆိုခြင်း"စသည့် နည်းလမ်းမျိုးစုံဖြင့် အကွက်ဆင် ထောင်ဖမ်းလျက်ရှိသည်။
ထို့ကြောင့် မိဘပြည်သူများနှင့် တော်လှန်ရဲဘော်များအနေဖြင့် "လူကို မယုံဘဲ၊ စနစ်ကိုသာ ယုံကြည်ပါ"ဆိုသည့် မူကို တိကျစွာ လက်ကိုင်ထားပြီး အောက်ပါ ဆောင်ရန်/ရှောင်ရန်များကို မဖြစ်မနေ လိုက်နာကြပါရန် အသိပေး နှိုးဆော်အပ်ပါသည်။
🛑 တော်လှန်ရဲဘော်များနှင့် ထောက်ပံ့သူများအတွက် ဆောင်ရန်/ရှောင်ရန်များ။
🟢 ဆောင်ရန် (DOs)
🛡️ စိစစ်အတည်ပြုခြင်း စနစ် (Verification Protocol) ကျင့်သုံးပါ။
ခရီးသွားနေသည့် ရဲဘော်၊အဆက်အသွယ်ပြတ်နေသည့် အဖွဲ့ဝင် သို့မဟုတ် ဘက်ပြောင်းလာသူများထံမှ ဆက်သွယ်လာပါက ပုဂ္ဂိုလ်ရေးရင်းနှီးမှုကို အခြေမခံဘဲ မကြိုတင်ပြင်ဆင်နိုင်သော ကိုယ်ပိုင်လျှို့ဝှက် မေးခွန်းများ/စကားဝှက်များ (Challenge-Response Questions) ဖြင့် အထပ်ထပ် စိစစ်ပါ။
🔐 သတင်းအချက်အလက် ခွဲခြားထိန်းသိမ်းပါ (Need-to-Know Basis)။
မည်မျှပင် ရင်းနှီးသူဖြစ်ပါစေ ၎င်း၏ တာဝန်နှင့် မသက်ဆိုင်သည့် စခန်းတည်နေရာ၊ စစ်ကြောင်းသွားလာမှု၊ ထောက်ပံ့ရေးလမ်းကြောင်းနှင့် အခြားရဲဘော်များ၏ သတင်းအချက်အလက်များကို လုံးဝ မမျှဝေပါနှင့်။
📱 လုံခြုံရေးမြင့်မားသော ဆက်သွယ်ရေးစနစ်များ အသုံးပြုပါ။
Signal/Telegram ကဲ့သို့သော အက်ပ်များတွင် #Auto-delete (ပျောက်ကွယ်စာတို) စနစ်ကို အချိန်တိုတို သတ်မှတ်ထားပါ။ ပြင်ပဖုန်းလိုင်း (Regular Call/SMS) များမှတစ်ဆင့် လျှို့ဝှက်ချက်များ ပြောဆိုခြင်းကို ရှောင်ကြဉ်ပါ။
🚨 အဆက်အသွယ်ပြတ်တောက်ပါက အရေးပေါ်စနစ် ပြောင်းပါ။
ရဲဘော်တစ်ဦးဦး (သို့မဟုတ်) ထောက်ပံ့သူတစ်ဦးဦး ဖမ်းဆီးခံရကြောင်း ကြားသိပါက (သို့မဟုတ်) မသင်္ကာဖွယ် ဆက်သွယ်မှုများ ရှိလာပါက ၎င်းနှင့် ပတ်သက်ဖူးသမျှ အကောင့်များ၊ အဆက်အသွယ်များကို ချက်ချင်းဖြတ်တောက်ပြီး #Safe House နှင့် လမ်းကြောင်းများကို အမြန်ဆုံး ပြောင်းလဲပါ။
🔴 ရှောင်ရန် (DON'Ts)
❌ အရင်က ရင်းနှီးဖူးသည်ဆိုသော အကြောင်းတစ်ခုတည်းဖြင့် မယုံပါနှင့်။
ဖမ်းဆီးခံရသူ (သို့မဟုတ်) ဘက်ပြောင်းသွားသူ၏ အကောင့်များသည် စစ်ကောင်စီ၏ လက်ထဲတွင် ရှိနေနိုင်သကဲ့သို့ ဖိအားပေး ခြိမ်းခြောက်ခံထားရသည့်အတွက် ၎င်းကိုယ်တိုင်က စစ်ကောင်စီခိုင်းသည့်အတိုင်း ဆက်သွယ်နေခြင်း ဖြစ်နိုင်သည်။
❌ ချိန်းဆိုမှုများသို့ တစ်ဦးတည်း/သတိမဲ့ မသွားပါနှင့်။
အရေးပေါ် ရိက္ခာ/ငွေကြေး သွားရောက်ပို့ဆောင်ရန် (သို့မဟုတ်) လူချင်းတွေ့ဆုံရန် ချိန်းဆိုလာပါက လုံခြုံရေး စိစစ်မှု မပြုလုပ်ဘဲ ရုတ်တရက် မသွားပါနှင့်။
❌ ဖုန်း/ကွန်ပျူတာများတွင် အကဲဆတ်ဒေတာများ မသိမ်းထားပါနှင့်။
ဖမ်းဆီးခံရပါက အခြားရဲဘော်များပါ ကွင်းဆက်ပြတ် ပါဝင်သွားနိုင်သည့် မိမိအဖွဲ့ဝင်စာရင်း၊ ဓာတ်ပုံ၊ တည်နေရာ ဒေတာများနှင့် ဘဏ္ဍာရေး မှတ်တမ်းများကို သာမန်ဖုန်းများထဲတွင် သိမ်းဆည်းထားခြင်း မပြုပါနှင့်။
❌ လူမှုကွန်ရက်ပေါ်တွင် တည်နေရာနှင့် လှုပ်ရှားမှုများ ဖော်ပြခြင်း မပြုပါနှင့်။
ခရီးသွားလာမှု၊ တပ်တည်နေရာ (သို့မဟုတ်) ထောက်ပံ့ရေး လုပ်ငန်းစဉ်များကို Facebook/Messenger စသည်တို့ပေါ်တွင် Check-in ဝင်ခြင်း၊ ပုံတင်ခြင်း လုံးဝ မပြုလုပ်ပါနှင့်။
📢 မိဘပြည်သူများ သတိပြုရန်
အကူအညီတောင်းဆိုမှုများကို အထူးသတိပြုပါ။ မိမိတို့ သိကျွမ်းသည့် ရဲဘော်တစ်ဦးဦးထံမှ (သို့မဟုတ်) တော်လှန်ရေး အကောင့်တစ်ခုခုထံမှ အရေးပေါ် ငွေကြေး သို့မဟုတ် ခိုလှုံခွင့် တောင်းခံလာပါက သက်ဆိုင်ရာ မြို့နယ်/နယ်မြေခံ တော်လှန်ရေး တာဝန်ရှိသူများထံ အခြားလမ်းကြောင်းမှတစ်ဆင့် မဖြစ်မနေ အတည်ပြုပါ။
*သတင်းလုံခြုံရေးသည် အသက်ဖြစ်သည်။ "ငါတို့နဲ့ ရင်းနှီးတာဘဲ" ဟူသော ပေါ့ဆမှုတစ်ခုသည် တော်လှန်ရဲဘော်များစွာ၏ အသက်နှင့် စခန်းတစ်ခုလုံး၏ လုံခြုံရေးကို ထိခိုက်စေနိုင်ကြောင်း အစဉ်သတိရပါ။
💬 "တစ်ဦးတစ်ယောက်၏ ပေါ့ဆမှုသည် စခန်းတစ်ခု၊ ရဲဘော်တစ်စု၏ အသက်ကို ပေးဆပ်ရစေနိုင်ပါသည်။ စနစ်အတိုင်း လိုက်နာခြင်းသည် တော်လှန်ရေး၏ အကောင်းဆုံး ဒိုင်းကာ ဖြစ်သည်။"
#Eagle_Information_Operator #EIO #OPSEC #SecurityAwareness #Alert #SagaingRegion #LureTactics #SafetyFirst
1 056
⚜️ #EIO_Update_News
ချောင်းဦးနယ် ကျီကုန်း အနောက်ရွာသို့ ရောက်ရှိနေသော စခများသည် လက်နက်ငယ်များ ရမ်းသမ်းပစ်ဖောက်နေကြောင်း သတင်းရရှိထားပါသည်။
#EIO
Sep 6, 7:29PM
@EIO2021_bot ၊ @EagleInformationOperator_bot
1 056
Repost from တယ်လီကျန်းမာ - Telekyanmar
+8
အရေပြား ကူးစက်ရောဂါများကို ကာကွယ်နိုင်ရန်
(စက်တင်ဘာလ၊ ၂၀၂၆ ခုနှစ်)
▪️ လက်ကို မကြာခဏ ဆေးပါ။
▪️ ရေကို ပုံမှန်ချိုးပါ (အထူးသဖြင့် အားကစား ပြုလုပ်ပြီးပါက)။
▪️ ရေသုတ်ပါက သန့်ရှင်းသော မျက်နှာသုတ်ပုဝါ သို့မဟုတ် စောင်ကိုသာ အသုံးပြုပါ။
▪️ ပြတ်ရှဒဏ်ရာများနှင့် ပွန်းပဲ့ဒဏ်ရာများကို သန့်ရှင်းအောင် ထားပါ။ ပတ်တီးနှင့် ဖုံးအုပ်ပါ။
▪️ ဝက်ခြံများ၊ အနီစက်များ၊ ပြည်တည်အနာဖုများ ဖြစ်ပေါ်ပါက သင့်အရေပြား၌ ရောဂါကူးစက်ခံရသည့် လက္ခဏာများ ဖြစ်နိုင်ပါသည် ((အထူးသဖြင့် ပူနွေးခြင်း၊ နာခြင်း၊ နီရဲခြင်း သို့မဟုတ် ရောင်ရမ်းခြင်းတို့ ရှိပါက)။
▪️ သေချာထိရောက်စွာ မကုသပါက ရောဂါပြင်းထန်လာနိုင်ပါသည်။
▪️ မိမိအရေပြား၌ ကူးစက်ရောဂါတစ်ခုခု ရှိသည်ဟုယူဆပါက ဆရာဝန်/ ကျန်းမာရေးဝန်ထမ်းနှင့် ပြသပါ။
တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်း
ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ
Ref: Massachusetts DoPH
1 056
Repost from ပခုက္ကူခရိုင်{သတင်းများ}
"အညာကိုမနှိမ်နဲ့ အရေးကြီးရင်ကျုပ်တို့အညာပဲသွေးစည်းတာ"
"နောက်ဆို အညာကို ဘယ်တော့မှ မနှိမ်နဲ့... အညာက မြို့ကြီးတွေလောက် မီးအလင်းတွေ မလှပနိုင်ဘူး စကားကြီးစကားကျယ်တွေလည်း အများကြီး မပြောတတ်ဘူး။ ဒါပေမယ့် အရေးကြုံလာရင်တော့ ကိုယ့်လူကို ကိုယ်မထားခဲ့ဘူး... အခက်အခဲကြားမှာ တစ်ယောက်လက်ကို တစ်ယောက်ဆွဲပြီး ရပ်တည်ခဲ့ကြတာ အညာပဲ။ အဝေးကကြည့်ရင် ရိုးရိုးသားသားနဲ့ တိတ်တိတ်ဆိတ်ဆိတ်နေတဲ့မြေလို ထင်ရပေမယ့် အရေးကြီးတဲ့အချိန်ရောက်ရင် အညာသားတွေ ဘယ်လောက်ထိ သွေးစည်းတတ်လဲဆိုတာ အချိန်က သက်သေပြခဲ့ပြီးပြီ.... ဒါကြောင့် အညာကို မနှိမ်နဲ့.... ငြိမ်နေတာနဲ့ အားနည်းနေတာ မတူဘူး။ အရေးကြုံရင် သွေးစည်းတတ်တာက ဒီမြေရဲ့ အားပဲ....."။#အညာကိုမနှိမ်နဲ့ #အနုပညာသူပုန်❤ #ရင်နဲ့ရေးတဲ့စာ #PKK_News
