EIO
Открыть в Telegram
⚠️ See early.Know first.Stay Safe.🙏🏻 📡စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်အတွင်းရှိ သတင်းများကို ဦးစားပေး၍ အချိန်နဲ့တပြေးညီ ကြိုးစားတင်ဆက်ပေးနေသော သတင်းချန်နယ်တစ်ခုဖြစ်ပါသည်။ #NoNeedDictator #RejectOfMilitary 🔗 http://facebook.com/eagleinformation
Больше1 056
Подписчики
-124 часа
Нет данных7 дней
+330 дней
Архив постов
1 057
⚜️ #EIO_Update_News
မုံရွာနယ် တောင်ခြမ်း၊ စွမ်းရည်ထက်ဂိတ်မှ ထွက်လာသော စခကင်းများသည် မြေနဲရွာထိပ် ပေလမ်းမသို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။
#EIO
Sep 12, 2:59PM
@EIO2021_bot ၊ @EagleInformationOperator_bot
1 057
Drone တွေအကြောင်း လူတွေ စိတ်ဝင်စားနေကြတဲ့ ဒီအချိန်မှာ… Drone နည်းပညာအဖွဲ့တွေအတွက် မေတ္တာရပ်ခံချင်ပါတယ်။
အခုတလော မြန်မာ PDF တွေရဲ့ Drone နည်းပညာနဲ့ ပတ်သက်တဲ့ သတင်းတွေ၊ Video တွေ ထွက်လာတာနဲ့အမျှ လူအများကလည်း စိတ်ဝင်စားလာကြပါတယ်။
ဒါပေမယ့် Video တစ်ခုထွက်လာပြီး “Drone တွေ တိုက်နိုင်ပြီ” ဆိုတာနဲ့ အလုပ်ပြီးသွားတာ မဟုတ်ပါဘူး။
နောက်ကွယ်မှာ လူတွေ မမြင်ရတဲ့ အချိန်၊ ငွေကြေးနဲ့ နည်းပညာပိုင်းဆိုင်ရာ ကြိုးစားအားထုတ်မှုတွေ အများကြီး ရှိပါတယ်။
ရှင်းရှင်းပြောရရင်—
Drone & Technical Force တွေဟာ အထောက်အပံ့အနည်းဆုံး ရရှိနေကြတဲ့ အဖွဲ့တွေထဲက တစ်ခု ဖြစ်ပါတယ်။
ကိုယ်ပိုင်နယ်မြေ မရှိဘူး။
အခွန်ကောက်ပြီး ရပ်တည်လို့မရဘူး။
ပုံမှန်ဝင်ငွေ မရှိဘူး။
အခြားအဖွဲ့အစည်းတွေရဲ့ စောင့်ရှောက်ကူညီမှုနဲ့ ရပ်တည်ကြရတယ်။
အဓိကအားဖြင့် ပြည်သူတွေရဲ့ အလှူငွေကိုပဲ အားကိုးနေရတာပါ။
နည်းပညာအဖွဲ့ဆိုတာလည်း Research & Development မလုပ်ဘဲ ရပ်တည်လို့ မရပါဘူး။
ဒီနေ့ အလှူရတယ်ဆိုပြီး
မနက်ဖြန် Mission လုပ်နိုင်တာမျိုး မဟုတ်ပါဘူး။
အလှူခံရတယ် → ရန်ပုံငွေစုတယ် → လိုအပ်တဲ့ပစ္စည်းတွေ ရှာဖွေတယ် → ဝယ်ယူတယ် → ရောက်လာဖို့ စောင့်တယ် → တပ်ဆင်တယ် → စမ်းသပ်တယ် → လေ့ကျင့်တယ် →ပျက်စီးဆုံးရှုံးမှုတွေရှိတယ် အမှားတွေပြင်တယ် → ပြန်လည်တိုးတက်အောင်လုပ်တယ်…
ပြီးတော့မှ လုပ်ငန်းစဉ်တစ်ခုကို အကောင်အထည်ဖော်နိုင်တာပါ။
အဲဒီနောက်မှာလည်း Mission တစ်ခုအောင်မြင်သွားတာနဲ့ အလုပ်ပြီးတာ မဟုတ်ပါဘူး။
နောက်ထပ် Research လုပ်ရမယ်။
နောက်ထပ် စမ်းသပ်ရမယ်။
နောက်ထပ် ပစ္စည်းလိုမယ်။
နောက်ထပ် လေ့ကျင့်ရမယ်။
ပြီးရင် အလှူပြန်ခံရမယ်။
ဒါက နည်းပညာအဖွဲ့တွေရဲ့ နေ့စဉ်ဘဝလို ဖြစ်နေပါတယ်။
တစ်ဖက်မှာလည်း အလှူရှင်တွေရဲ့ မျှော်လင့်ချက်ကို နားလည်ပါတယ်။
“ဒီနေ့ လှူလိုက်ရင် ဒီနေ့ပဲ ရလဒ်မြင်ချင်တယ်” ဆိုတာ သဘာဝပါ။
ဒါပေမယ့် နည်းပညာဆိုတာ အဲဒီလို အလုပ်လုပ်တာ မဟုတ်ပါဘူး။
အထူးသဖြင့် နည်းပညာကို ကိုယ်တိုင်ဖန်တီး၊ စမ်းသပ်၊ တိုးတက်အောင်လုပ်နေရတဲ့ အဖွဲ့တွေအတွက် ရေရှည်အထောက်အပံ့ က တစ်ကြိမ်တစ်ခါ အလှူထက် ပိုအရေးကြီးပါတယ်။
ဒီနေ့ မြင်နေရတဲ့ Result တစ်ခုရဲ့ နောက်မှာ
လူတွေ မမြင်ခဲ့ရတဲ့ လပေါင်းများစွာ၊ နှစ်ပေါင်းများစွာ Research လုပ်ထားမှုတွေ ရှိနိုင်ပါတယ်။
ဒါကြောင့် အခု Drone နည်းပညာအကြောင်း လူတွေ စိတ်ဝင်စားလာကြတဲ့အချိန်မှာ ကျွန်တော် မေတ္တာရပ်ခံချင်တာ တစ်ခုပဲရှိပါတယ်—
Video ထဲမှာ မြင်ရတဲ့ Mission တစ်ခုကိုပဲ မကြည့်ကြပါနဲ့။
အဲဒီ Mission ဖြစ်လာအောင် နောက်ကွယ်မှာ ရပ်တည်ပေးနေတဲ့ Technical Team တွေကိုလည်း အထောက်အပံ့ပေးဖို့ မမေ့ကြပါနဲ့။
နည်းပညာအဖွဲ့တွေဟာ တစ်ကြိမ်တစ်ခါ အလှူနဲ့သာ မဟုတ်ဘဲ ရေရှည် Research, Development, Training နဲ့ Technical Capability တည်ဆောက်နိုင်ဖို့ အထောက်အပံ့လိုအပ်ပါတယ်။
ဒီလိုအဖွဲ့တွေကို အချိန်ပေးပြီး ယုံကြည်ပေးနိုင်မယ်၊ ရေရှည်အထောက်အပံ့ပေးနိုင်မယ်ဆိုရင်—
ဒီနေ့ မြင်နေရတဲ့ နည်းပညာစွမ်းရည်ထက် မနက်ဖြန်မှာ ပိုပြီး တိုးတက်လာနိုင်ပါတယ်။
အောင်မြင်မှုတစ်ခုရဲ့ Video ကို ကြည့်ပြီး ဂုဏ်ယူပေးတာကောင်းပါတယ်။
ဒါပေမယ့်—
အဲဒီအောင်မြင်မှုတွေ ဆက်လက်ဖြစ်ပေါ်လာဖို့ လိုအပ်တဲ့ နည်းပညာအဖွဲ့တွေရဲ့ နောက်ကွယ်က လိုအပ်ချက်တွေကိုလည်း နားလည်ပြီး အားပေးပေးကြပါ။
နည်းပညာဆိုတာ တစ်နေ့တည်းနဲ့ တည်ဆောက်လို့မရပါဘူး။
ယုံကြည်မှု၊ အချိန်နဲ့ ရေရှည်အထောက်အပံ့နဲ့ တည်ဆောက်ရတာပါ။
သေချာပြောနိုင်တာ တစ်ခုကတော့
လွန်ခဲ့တဲ့ လေးနှစ်က Drone နည်းပညာ အပေါ်မှာသာ ငွေကြေး နဲ့ အထောက်အပံ့ တွေ ထိထိရောက်ရောက် လုံလုံလောက်လောက်ရခဲ့ရင် စစ်ကောင်စီရဲ့ အဓိက လက်နက် ဖြစ်တဲ့ တိုက်လေယာဉ်တွေ တစ်စီးမှ လေပေါ် တက်နိုင်မှာ မဟုတ်တာ သေချာပါတယ် ။လက်ခံဖို့ခက်ခဲပေမဲ့ Drone နဲ့ Ai ဟာ အနာဂါတ်မှာ စစ်ပွဲတွေရဲ့ အပြောင်းအလဲ တွေ ဖြစ်လာတော့မှာပါ။
#Credit to Kaung Chitthel
#DroneTechnology
#TechnicalForce
#ResearchAndDevelopment
#SupportTechnicalTeams
#MyanmarRevolution
1 057
“Toxic Relationship က မိဘနဲ့ ဖြစ်နေတဲ့အခါ”
🔳 အဆိပ်အတောက် ဆက်ဆံရေးဆိုတာ အမျိုးမျိုး ရှိနိုင်တယ်။ လုပ်ငန်းခွင်ထဲ၊ သမီးရည်းစား၊ အိမ်ထောင်ရေး စသဖြင့်ပေါ့။ လမ်းခွဲပြတ်စဲလိုက်ကြတာလည်း မဟုတ်။ ဆက်ပြီး ပတ်သက်နေတယ်။ ကိုယ့်ရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာကို အမျိုးမျိုး ထိုးနှက်တယ်။ လွှမ်းမိုးတယ်။ ချုပ်ကိုင်တယ်။ ခြိမ်းခြောက်တယ်။ ကိုယ့်ကိုယ်ကိုယ် သိမ်ငယ်လာအောင်၊ အပြစ်ရှိသလို ခံစားနေရအောင် လုပ်တယ်။ ဒါမျိုးကို Toxic Relationship လို့ ပြောကြတယ်။
သူစိမ်းတွေနဲ့က အနည်းနဲ့အများ ရုန်းထွက်ရ လွယ်သေးတယ်။ (ပြောသလောက်တော့ မလွယ်တာ သိပါတယ်။ စာရှည်မှာစိုးလို့) အလုပ်ထွက်လိုက်မယ်။ လမ်းခွဲလိုက်မယ်။ အိမ်ထောင်ကွဲလိုက်မယ်။ တရားဥပဒေ အကူအညီလည်း ရနိုင်သေးတယ်။
ပိုပြီး ရုန်းရခက်တာ၊ ရှုပ်ထွေးတာကတော့ မိဘအုပ်ထိန်းသူနဲ့ ဖြစ်နေရတဲ့ ဆက်ဆံရေးမျိုးပဲ။
🔳 မြန်မာ့ဓလေ့မှာက ၁၈ နှစ်ပြည့်တာနဲ့ အိမ်ခွဲနေတာတို့၊ ခွဲမနေတောင် မိဘကို အိမ်လခသဘော ပြန်ပေးတာတို့က အင်မတန်ရှားတယ်။ မရှိသလောက်ပဲလို့တောင် ပြောရမယ်။ တချို့ဆို အိမ်ထောင်ကျပြီးရင်တောင် အတူတူ နေကြတုန်း။
နောက်ပြီး မိဘဆိုတာ ဘုရားနဲ့ တဂိုဏ်းတည်း ဆိုတဲ့ သွန်သင်မှုတွေက ရှိသေးတယ်။ ကျေးဇူးခံ ကျေးဇူးစား ဆိုတဲ့ ရှုထောင့်ကနေပေါ့။ ဘာမှ မစောင့်ရှောက်၊ ဘာတာဝန်မှ မယူခဲ့တောင် သူတို့မွေးပေးလို့၊ သူတို့ခွင့်ပြုလို့သာ လူ့လောကထဲ ရောက်လာခွင့်ရတာ ဆိုတဲ့ အမြင်တွေ အားကောင်းတယ်။
ဒါတွေက ပိုပြီး ရုန်းထွက်ရ ခက်ခဲစေတဲ့ အကြောင်းတရားတွေပဲ။ တစ်ခုခုလေး ပြန်ပြောမိရင်ကိုပဲ ငရဲကြီးတော့မှာလိုလို၊ အပြစ်ရှိသွားသလိုလို ခံစားရစေတယ်။ ပတ်ဝန်းကျင်အမြင်မှာလည်း ကိုယ်အလွန်ပဲ။ ငါ မိဘ ဆိုတဲ့ ကတ်ကို သုံးပြီးပါ စိတ်ထိခိုက်အောင် ပြောတတ်၊ လုပ်တတ်သူတွေနဲ့ ကြုံရရင် ပိုဆိုးတာပေါ့။
🔳 မိဘဆိုတော့လည်း ပစ်ပယ်လို့က မရ။ ကိုယ့်ခန္ဓာထဲ စီးနေတာ သူတို့သွေးတွေလေ။ ဒါပေမဲ့ ဘယ်လိုမှလည်း စိတ်မချမ်းသာရဘူး။ သူတို့လုပ်ရပ်တွေ၊ သူတို့အပြောအဆိုတွေက နေ့နေ့ညည ကိုယ့်ကို ထိုးနှက်နေတယ်။
တချို့မိဘတွေ ရုပ်ပိုင်းဆိုင်ရာအရပါ ကြမ်းတမ်းတယ်။ ရိုက်နှက်တယ်။ အရက်၊ မူးယစ်ဆေး၊ လောင်းကစား တစ်ခုခုစွဲနေရင် ပိုတောင် ဆိုးသေးတယ်။ သားသမီးဖြစ်သူ ပင်ပင်ပန်းပန်း ရှာထားရတာတွေ ဘာတွေ သူတို့ နားမလည်တော့ဘူး။ ငွေတွင်းရှိနေသလိုကို သဘောထားပြီး တောင်းကြတယ်။ မပေးနိုင်ရင် ရန်ရှာတယ်။ စကားနာထိုးတယ်။ ကျိန်ပါကျိန်ဆဲတတ်ကြသေးတယ်။
ဘယ်လိုအဖြေရှာရမယ် မသိ။ ဘာဆက်လုပ်ရမယ် မသိ။ ထွက်ပေါက်က ဘယ်မှာမှန်းမသိ။
🔳 တခြားမိဘတွေ သူတို့သားသမီးအတွက် အမြင့်ကိုတက်မယ့် လှေကားထစ် ဖြစ်ပေးနေချိန်မှာ ကိုယ့်မိဘကတော့ ပြေးလမ်းထက်က တွင်းနက်ကြီးတွေ ဖြစ်နေတာ။ အပေါ်ရောက်ဖို့ မပြောနဲ့။ ပြုတ်ကျလို့ကို မပြီးနိုင်တော့ဘူး။
နိုင်ငံခြားရောက်သွားပြီ ဆိုလည်း အလွယ်တကူ ငွေရတယ် ထင်ကြတယ်။ ဒီမှာ ဘယ်လိုတွေ ဒုက္ခခံနေရတယ် သူတို့မသိဘူး။ သိလည်း မသိချင်ဘူး။ ကိုယ်ဖြစ်တည်ခဲ့တဲ့ မိသားစုကိုတောင် အနိုင်နိုင် စောင့်ရှောက်နေရချိန်မှာ ကိုယ်ပိုင်မိသားစုအသစ် ဆောက်တည်ဖို့ဆိုတာလည်း သိပ်ကို ခက်ခဲသွားကြတယ်။
ဒါတွေဟာ သမီးရည်းစားပြတ်လို့ အသဲကွဲတာ၊ အိမ်ထောင်ရေး အဆင်မပြေတာ၊ လုပ်ငန်းခွင်ထဲ ကတောက်ကဆ ဖြစ်ရတာတွေထက် ပိုပြီး မွန်းကြပ်စရာကောင်းတယ် ဆိုတာ ကြုံဖူးသူတွေတော့ သိကြလိမ့်မယ်။
🔳 Physical အရ မကန့်သတ်နိုင်သေးရင် Emotional Boundary ထား။ သူတို့ ဘာပြောပြော လိုက်မခံစားနဲ့။ ဘယ်ဘက်နားက ဝင်၊ ညာဘက်နားက ထွက်လိုက်။ ကိုယ်လုပ်ပေးနေတာတွေ အသိအမှတ်မပြုလည်း ထားလိုက်။ ကိုယ်လုပ်ပေးနိုင်တာ လုပ်ပေးနိုင်သလောက် လုပ်ပေးမယ်။ ဒါပဲ။ ဒီလိုဆို ခံစားရတာတွေ နည်းနည်းသက်သာသွားနိုင်တယ်။
Financial Boundary လည်း ထားဖို့ လိုလိမ့်မယ်။ ပေးနေသရွေ့တော့ တောင်းနေဦးမှာပဲ။ စိတ်ပျော့သူတွေပဲ ဒီလိုကြုံရနိုင်ခြေ များတာမို့၊ ဒီလိုကြုံနေရပြီ ဆိုကတည်းက ကိုယ်ဟာ စိတ်ပျော့လို့ပဲ။ ပျော့မှန်း သူတို့ကလည်း သိတယ်။ သိတော့ အမျိုးမျိုး လာနှဲ့မှာပဲ။ အကြပ်ကိုင်မှာပဲ။ အပြစ်ရှိသလို ခံစားရအောင် ပြောမှာပဲ။
ကိုယ့်ဘက်က ဘယ်အတိုင်းအတာထိတော့ ဖြေရှင်းပေးမယ်၊ ငွေကူညီပေးမယ် ဆိုတာ ပိုင်းဖြတ်မထားရင် ပလိုင်းပေါက်နဲ့ ဖားကောက်ရသလို ဖြစ်နေလိမ့်မယ်။ တူတူတန်တန် ဘဝတစ်ခု ရနိုင်မှာကို မဟုတ်တော့ဘူး။
🔳 ပြောသလောက်တော့ မလွယ်တာ သိတယ်။ စဉ်းစားစရာ၊ ရွေးချယ်စရာတချို့ ရသွားစေဖို့ပါပဲ။
ဒီဆောင်းပါးဟာ ကောင်းမွန်တဲ့ မိဘနဲ့ ဆုံတွေ့ခွင့် ရခဲ့သူတွေ ဖတ်ဖို့မဟုတ်ပါဘူး။ မိဘနဲ့ သားသမီးကြားက သာမန်ပြဿနာတွေအတွက်လည်း မဟုတ်ဘူး။ ကိုယ့်လို ကံမကောင်းခဲ့တဲ့သူတွေကို မိဘကျေးဇူး ဘာညာနဲ့ နားချဖို့လည်း မကြိုးစားစေချင်ဘူး။ တကယ်ကြုံဖူးမှပဲ ဒီဒုက္ခတွေကို သိနိုင်တာမို့ပါ။
🔳 နားချမယ့်အစား ပိုပြီး အကူအညီဖြစ်တာက နားထောင်ပေးတာပဲ။ ဘာလို့ဆိုတော့ ကိုယ်ပြောမယ့် စကားတွေ၊ မိဘဆိုတာ ဘယ်လိုဘာညာ စတာတွေကို သူလည်း သိပြီးသားမို့လို့ပါ။ ဒါကြောင့် နှလုံးသားနဲ့ နားထောင်ပေးခြင်းကသာ သူ့စိတ်ထဲ ထမ်းထားရတဲ့ လေးလံမှုတွေကို နည်းနည်းလောက်ဖြစ်ဖြစ် လျော့ပါးသွားစေမှာ ဖြစ်ပါတယ်။
ဒေါက်တာ ဖြိုးသီဟ
၁၁.၉.၂၀၂၅
1 057
Repost from EIO
📌 ပညာတတ်ရုံတင်မကဘဲ ဆင်ခြင်တုံတရားရှိဖို့ ဘာကြောင့် လိုအပ်သလဲ⁉️
ကျွန်တော်တို့ ရှင်သန်နေထိုင်တဲ့ လူမှုပတ်ဝန်းကျင်မှာ "ပညာ" ဆိုတာ အင်မတန် အရေးကြီးပါတယ်။ ဒါပေမဲ့ ပညာရှိတိုင်းလည်း ဆင်ခြင်တုံတရား ရှိကြတာ မဟုတ်ပါဘူး။ ဗုဒ္ဓအဘိဓမ္မာအရဖြစ်စေ၊ လောကီပညာအရဖြစ်စေ ပညာကို အကြမ်းဖျင်း (၃) မျိုး ခွဲခြားနိုင်ပါတယ်။
📖 ၁။ သုတမယပညာ (#Learning)
သူတစ်ပါးထံမှ နာယူခြင်း၊ စာအုပ်စာပေ ဖတ်ရှုခြင်းနှင့် သင်ယူလေ့လာခြင်းက ရလာတဲ့ ပညာမျိုးပါ။ ဒါဟာ ပညာရှာခြင်းရဲ့ ပထမဆုံး အခြေခံအဆင့် ဖြစ်ပါတယ်။
🤔 ၂။ စိန္တာမယပညာ (#Thinking)
ရရှိလာတဲ့ အချက်အလက်တွေကို မိမိဘာသာ ပြန်လည် ကြံစည်တွေးတောခြင်း၊ ဟုတ်မဟုတ် ဆင်ခြင်သုံးသပ်ခြင်းက ရလာတဲ့ ပညာမျိုးပါ။ ဝေဖန်ပိုင်းခြားနိုင်စွမ်း ရှိလာတဲ့ အဆင့်ဖြစ်ပါတယ်။
🙏 ၃။ ဘာဝနာမယပညာ (#Practice/#Meditation)
သင်ယူထားတာတွေ၊ တွေးတောထားတာတွေကို လက်တွေ့ကျင့်ကြံ အားထုတ်မှုကြောင့် ရရှိလာတဲ့ ကိုယ်ပိုင် အသိဉာဏ်ဖြစ်ပါတယ်။ ဒါဟာ အမြင့်ဆုံးနဲ့ အစစ်မှန်ဆုံး ပညာရပ်ဖြစ်ပါတယ်။
⚠️ "သင်လို့မရတဲ့ လူစားမျိုး"
လောကမှာ ဘယ်အလုပ်မျိုးမဆို လုပ်တတ်သည်ဖြစ်စေ၊ မလုပ်တတ်သေးသည်ဖြစ်စေ သင်ယူလိုစိတ် ရှိရင် သင်ပေးလို့ရပါတယ်။ နည်းပညာတွေ၊ အတတ်ပညာတွေကို လက်ဆင့်ကမ်းလို့ ရပါတယ်။
ဒါပေမဲ့...
ကိုယ်ကျင့်တရား ညံ့ဖျင်းသူ
ပျင်းရိငြီးငွေ့လွန်းသူ (ငပျင်းများ)
ဒီလိုလူစားမျိုးတွေကိုတော့ ဘယ်လိုမှ လက်ဆွဲခေါ်လို့ မရနိုင်ပါဘူး။
ဘယ်လောက်ပဲ တော်နေပါစေ ကိုယ်ကျင့်တရား မရှိရင် အဲဒီပညာဟာ ဘေးဥပါဒ် ဖြစ်စေနိုင်သလို၊ ပျင်းရိသူအတွက်လည်း ပညာဆိုတာ အပိုပစ္စည်းသာ ဖြစ်နေပါလိမ့်မယ်။
✨ ပညာသင်ရင် "အဓိက" အချက်က ဘာလဲ⁉️
ပညာသင်ကြားရာမှာ အဓိကအချက်က "နှလုံးသားနှင့် စာရိတ္တ" ပါပဲ။ အတတ်ပညာတစ်ခုကို မသင်ယူခင် လူပီသဖို့နဲ့ စည်းကမ်းရှိဖို့က အခြေခံအကျဆုံး "အဓိက" အချက် ဖြစ်ပါတယ်။
"ပညာ မတတ်လေ... ဆင်ခြင်တုံတရား နည်းလေပဲ..."
တကယ်တော့ ပညာဆိုတာ စာတတ်ရုံသက်သက် မဟုတ်ပါဘူး။ ဘယ်အရာက အမှား၊ ဘယ်အရာက အမှန်၊ ဘယ်ဟာက အကျိုးရှိပြီး ဘယ်ဟာက အကျိုးမဲ့လဲဆိုတာကို ခွဲခြားနိုင်တဲ့ "ဆင်ခြင်တုံတရား" ရှိမှသာ ပညာတတ်လို့ ခေါ်ဆိုထိုက်တာပါ။ ဆင်ခြင်တုံတရား ကင်းမဲ့တဲ့ ပညာဟာ အလင်းမပါတဲ့ မီးအိမ်နဲ့ တူပါတယ်။
မိမိကိုယ်တိုင်ရော မိမိတို့ရဲ့ ဝန်းကျင်ကိုပါ အကျိုးပြုနိုင်တဲ့ ဆင်ခြင်တုံတရားရှိသောသူများ ဖြစ်ကြပါစေ။🙏🏻
#EIO #EagleInformationOperator #PublicEducation #Learning #Wisdom #Ethics #Myanmar
1 057
Repost from N/a
⚠️ဘုတလင်
မုံရွာ နမခတက် UAV Scout Drone (1)စီး ဘုတလင်နယ် အနောက်တောင်ခြမ်းဖြတ်၍ အနောက်မြောက်အရပ်သို့ ပျံသန်း။
#SW
Sep 12, 11:11AM
@SkyWatch21_bot @SKYWATCHMMbot
1 057
Repost from EIO
+6
🚨 ကင်းထောက်ဒရုန်း (#Scout Drone) နှင့် တိုက်ခိုက်ရေးဒရုန်း (#Attack Drone) တို့၏ ကွာခြားချက်နှင့် ဆောင်ရန်/ရှောင်ရန်များ။ ⚠️
⚠️ https://t.me/eagleinformationoperator/23180
⚠️ https://t.me/eagleinformationoperator/23181
#Eagle_Information_Operator #EIO #DroneSafetyTips #SurvivalTactics #StayHidden #SafeMovement #SecurityAwareness #DigitalSecurity #EmergencyAlert #MilitaryTerrorists #WhatsHappeningInMyanmar
1 057
Repost from N/a
⚠️ဘုတလင်
မုံရွာ နမခတက် UAV Scout Drone (1)စီး ဘုတလင်နယ် တောင်ခြမ်းဖြတ်၍ မြောက်အရပ်သို့ ပျံသန်း။
#SW
Sep 12, 11:00AM
@SkyWatch21_bot @SKYWATCHMMbot
1 057
Repost from N/a
⚠️မုံရွာ
မုံရွာ နမခမှ UAV Scout Drone (1)စီး မြောက်အရပ်သို့ ပျံတက်။
#SW
Sep 12, 10:56AM
@SkyWatch21_bot @SKYWATCHMMbot
1 057
Repost from EIO
🚨 [အထူးသတိပေးချက်] လူကို မယုံဘဲ စနစ်ကိုသာ ယုံကြည်ပါ ⚠️
— စစ်ကောင်စီ၏ ဘက်ပြောင်း/ဖမ်းဆီးခံရသူများ အသုံးပြု ထောင်ဖမ်းသည့် နည်းဗျူဟာ (Lure Tactics) များအား တုံ့ပြန်ကာကွယ်ခြင်း —
အကြမ်းဖက်စစ်ကောင်စီသည် စစ်ရေး၊ နိုင်ငံရေး ဘက်ပေါင်းစုံတွင် အရေးနိမ့်လာသည်နှင့်အမျှ တော်လှန်ရေးတပ်ဖွဲ့များ၏ "ရဲဘော်ရဲဘက်စိတ်"နှင့် "ရင်းနှီးကျွမ်းဝင်မှု" များကို အခွင့်ကောင်းယူ၍ Lure Tactics (ထောင်ဖမ်းသည့် နည်းဗျူဟာများ)ကို အရှိန်အဟုန်မြှင့် ယခုနောက်ပိုင်းအသုံးပြုလာနေပါသည်။
တော်လှန်ရေးတွင် ပါဝင်နေသည့်ရဲဘော်များ၊ ထောက်ပံ့သူများနှင့် မိဘပြည်သူများ၏ အသက်အန္တရာယ်သည် သတင်းလုံခြုံရေး (OPSEC) ပေါ်တွင် တိုက်ရိုက် မူတည်နေပါသည်။
စစ်ကောင်စီသည် ဖမ်းဆီးရမိထားသော ရဲဘော်များ၊ ဘက်ပြောင်းသွားသူများ (သို့မဟုတ်) ၎င်းတို့၏ ဖုန်း/ဆိုရှယ်မီဒီယာ အကောင့်များကို သိမ်းပိုက်၍ "အကူအညီတောင်းခံခြင်း"၊ "ရိက္ခာ/လက်နက် ပို့ဆောင်ခိုင်းခြင်း"၊ "တွေ့ဆုံရန် ချိန်းဆိုခြင်း"စသည့် နည်းလမ်းမျိုးစုံဖြင့် အကွက်ဆင် ထောင်ဖမ်းလျက်ရှိသည်။
ထို့ကြောင့် မိဘပြည်သူများနှင့် တော်လှန်ရဲဘော်များအနေဖြင့် "လူကို မယုံဘဲ၊ စနစ်ကိုသာ ယုံကြည်ပါ"ဆိုသည့် မူကို တိကျစွာ လက်ကိုင်ထားပြီး အောက်ပါ ဆောင်ရန်/ရှောင်ရန်များကို မဖြစ်မနေ လိုက်နာကြပါရန် အသိပေး နှိုးဆော်အပ်ပါသည်။
🛑 တော်လှန်ရဲဘော်များနှင့် ထောက်ပံ့သူများအတွက် ဆောင်ရန်/ရှောင်ရန်များ။
🟢 ဆောင်ရန် (DOs)
🛡️ စိစစ်အတည်ပြုခြင်း စနစ် (Verification Protocol) ကျင့်သုံးပါ။
ခရီးသွားနေသည့် ရဲဘော်၊အဆက်အသွယ်ပြတ်နေသည့် အဖွဲ့ဝင် သို့မဟုတ် ဘက်ပြောင်းလာသူများထံမှ ဆက်သွယ်လာပါက ပုဂ္ဂိုလ်ရေးရင်းနှီးမှုကို အခြေမခံဘဲ မကြိုတင်ပြင်ဆင်နိုင်သော ကိုယ်ပိုင်လျှို့ဝှက် မေးခွန်းများ/စကားဝှက်များ (Challenge-Response Questions) ဖြင့် အထပ်ထပ် စိစစ်ပါ။
🔐 သတင်းအချက်အလက် ခွဲခြားထိန်းသိမ်းပါ (Need-to-Know Basis)။
မည်မျှပင် ရင်းနှီးသူဖြစ်ပါစေ ၎င်း၏ တာဝန်နှင့် မသက်ဆိုင်သည့် စခန်းတည်နေရာ၊ စစ်ကြောင်းသွားလာမှု၊ ထောက်ပံ့ရေးလမ်းကြောင်းနှင့် အခြားရဲဘော်များ၏ သတင်းအချက်အလက်များကို လုံးဝ မမျှဝေပါနှင့်။
📱 လုံခြုံရေးမြင့်မားသော ဆက်သွယ်ရေးစနစ်များ အသုံးပြုပါ။
Signal/Telegram ကဲ့သို့သော အက်ပ်များတွင် #Auto-delete (ပျောက်ကွယ်စာတို) စနစ်ကို အချိန်တိုတို သတ်မှတ်ထားပါ။ ပြင်ပဖုန်းလိုင်း (Regular Call/SMS) များမှတစ်ဆင့် လျှို့ဝှက်ချက်များ ပြောဆိုခြင်းကို ရှောင်ကြဉ်ပါ။
🚨 အဆက်အသွယ်ပြတ်တောက်ပါက အရေးပေါ်စနစ် ပြောင်းပါ။
ရဲဘော်တစ်ဦးဦး (သို့မဟုတ်) ထောက်ပံ့သူတစ်ဦးဦး ဖမ်းဆီးခံရကြောင်း ကြားသိပါက (သို့မဟုတ်) မသင်္ကာဖွယ် ဆက်သွယ်မှုများ ရှိလာပါက ၎င်းနှင့် ပတ်သက်ဖူးသမျှ အကောင့်များ၊ အဆက်အသွယ်များကို ချက်ချင်းဖြတ်တောက်ပြီး #Safe House နှင့် လမ်းကြောင်းများကို အမြန်ဆုံး ပြောင်းလဲပါ။
🔴 ရှောင်ရန် (DON'Ts)
❌ အရင်က ရင်းနှီးဖူးသည်ဆိုသော အကြောင်းတစ်ခုတည်းဖြင့် မယုံပါနှင့်။
ဖမ်းဆီးခံရသူ (သို့မဟုတ်) ဘက်ပြောင်းသွားသူ၏ အကောင့်များသည် စစ်ကောင်စီ၏ လက်ထဲတွင် ရှိနေနိုင်သကဲ့သို့ ဖိအားပေး ခြိမ်းခြောက်ခံထားရသည့်အတွက် ၎င်းကိုယ်တိုင်က စစ်ကောင်စီခိုင်းသည့်အတိုင်း ဆက်သွယ်နေခြင်း ဖြစ်နိုင်သည်။
❌ ချိန်းဆိုမှုများသို့ တစ်ဦးတည်း/သတိမဲ့ မသွားပါနှင့်။
အရေးပေါ် ရိက္ခာ/ငွေကြေး သွားရောက်ပို့ဆောင်ရန် (သို့မဟုတ်) လူချင်းတွေ့ဆုံရန် ချိန်းဆိုလာပါက လုံခြုံရေး စိစစ်မှု မပြုလုပ်ဘဲ ရုတ်တရက် မသွားပါနှင့်။
❌ ဖုန်း/ကွန်ပျူတာများတွင် အကဲဆတ်ဒေတာများ မသိမ်းထားပါနှင့်။
ဖမ်းဆီးခံရပါက အခြားရဲဘော်များပါ ကွင်းဆက်ပြတ် ပါဝင်သွားနိုင်သည့် မိမိအဖွဲ့ဝင်စာရင်း၊ ဓာတ်ပုံ၊ တည်နေရာ ဒေတာများနှင့် ဘဏ္ဍာရေး မှတ်တမ်းများကို သာမန်ဖုန်းများထဲတွင် သိမ်းဆည်းထားခြင်း မပြုပါနှင့်။
❌ လူမှုကွန်ရက်ပေါ်တွင် တည်နေရာနှင့် လှုပ်ရှားမှုများ ဖော်ပြခြင်း မပြုပါနှင့်။
ခရီးသွားလာမှု၊ တပ်တည်နေရာ (သို့မဟုတ်) ထောက်ပံ့ရေး လုပ်ငန်းစဉ်များကို Facebook/Messenger စသည်တို့ပေါ်တွင် Check-in ဝင်ခြင်း၊ ပုံတင်ခြင်း လုံးဝ မပြုလုပ်ပါနှင့်။
📢 မိဘပြည်သူများ သတိပြုရန်
အကူအညီတောင်းဆိုမှုများကို အထူးသတိပြုပါ။ မိမိတို့ သိကျွမ်းသည့် ရဲဘော်တစ်ဦးဦးထံမှ (သို့မဟုတ်) တော်လှန်ရေး အကောင့်တစ်ခုခုထံမှ အရေးပေါ် ငွေကြေး သို့မဟုတ် ခိုလှုံခွင့် တောင်းခံလာပါက သက်ဆိုင်ရာ မြို့နယ်/နယ်မြေခံ တော်လှန်ရေး တာဝန်ရှိသူများထံ အခြားလမ်းကြောင်းမှတစ်ဆင့် မဖြစ်မနေ အတည်ပြုပါ။
*သတင်းလုံခြုံရေးသည် အသက်ဖြစ်သည်။ "ငါတို့နဲ့ ရင်းနှီးတာဘဲ" ဟူသော ပေါ့ဆမှုတစ်ခုသည် တော်လှန်ရဲဘော်များစွာ၏ အသက်နှင့် စခန်းတစ်ခုလုံး၏ လုံခြုံရေးကို ထိခိုက်စေနိုင်ကြောင်း အစဉ်သတိရပါ။
💬 "တစ်ဦးတစ်ယောက်၏ ပေါ့ဆမှုသည် စခန်းတစ်ခု၊ ရဲဘော်တစ်စု၏ အသက်ကို ပေးဆပ်ရစေနိုင်ပါသည်။ စနစ်အတိုင်း လိုက်နာခြင်းသည် တော်လှန်ရေး၏ အကောင်းဆုံး ဒိုင်းကာ ဖြစ်သည်။"
#Eagle_Information_Operator #EIO #OPSEC #SecurityAwareness #Alert #SagaingRegion #LureTactics #SafetyFirst
1 057
Repost from EIO
⚠️ အများပြည်သူသို့ အသိပေးချက် သတင်းမှန်စိစစ်ရေး လမ်းညွှန် ⚠️
⚠️ ယနေ့ခေတ်တွင် သတင်းအမှားနှင့် ကောလာဟလများသည် အများပြည်သူကို ထိတ်လန့်မှုဖြစ်စေပြီး ပျံ့နှံ့လျက်ရှိပါသည်။
📌မိမိတို့၏ ဘေးကင်းလုံခြုံရေးအတွက် သတင်းတစ်ခုကို လက်ခံရရှိပါက အောက်ပါအတိုင်း စစ်ဆေးရန် တိုက်တွန်းအပ်ပါသည်။
🔍 စစ်ဆေးကြည့်ပါ - သတင်းပေးပို့သူသည် ခိုင်လုံသော သတင်းရင်းမြစ် ဖြစ်ပါသလား❓ ⏳ စောင့်ကြည့်ပါ - သတင်းတစ်ခုသည် မရေရာပါက အချိန်အနည်းငယ်စောင့်ပြီး တရားဝင်ထုတ်ပြန်ချက်များကို စောင့်ကြည့်ပါ။ 🛡️ ကာကွယ်ပါ - အတည်မပြုနိုင်သော သတင်းများကို မဖြန့်ဝေခြင်းဖြင့် မိမိပတ်ဝန်းကျင်ကို ထိတ်လန့်မှုမှ ကာကွယ်ပါ။#EIO #Eagle_Information_Operator #SecurityAwareness #SpringRevolutionNews #Media_Literacy #Media_Ethics #Stay_Safe
1 057
Repost from EIO
၁။ ရာဇတောဝါ - မင်းဘေးမှလည်းကောင်း။
၂။ စောရတောဝါ - ခိုးသူဘေးမှလည်းကောင်း။
၃။ မနုဿတောဝါ - လူဆိုးလူကြမ်း
ဘေးမှလည်းကောင်း။
၄။ အမနုဿတောဝါ - ဘီလူး၊ ဂုမ္ဘဏ်၊ ဖုတ်ပြိတ္တာ.
ဘေးမှ လည်းကောင်း။
၅။ အဂ္ဂိတောဝါ - မီးဘေးမှ လည်းကောင်း။
၆။ ဥဒကတောဝါ - ရေဘေးမှ လည်းကောင်း။
၇။ ကဏ္ဍကတောဝါ - လေးမြှား၊ လက်နက်၊ ဆူးငြောင့်
ဘေးမှ လည်းကောင်း။
၈။ ဇနပဒရောဂတောဝါ - ဇနပုဒ်၌ဖြစ်ကုန်သော
အနာရောဂါ ဘေးမှလည်းကောင်း။
၉။ အသဒ္ဓမ္မတောဝါ - သူယုတ်တို့၏ မကောင်းသော
အကျင့်ဘေးမှလည်းကောင်း။
၁၀။ အသန္ဒိဋ္ဌိတောဝါ - မိစ္ဆာအယူရှိသော သူတို့၏
ဘေးမှလည်းကောင်း။
၁၁။ အသပ္ပုရိသတောဝါ - သူတော်မဟုတ် သူယုတ်မာ
တို့၏ ဘေးမှလည်းကောင်း။
ထို ( ၁၁ )ပါးသောဘေးဆိုးတို့မှကင်းဝေးကြပါစေရန်ဆုတောင်းမေတ္တာပို့သပါသည်။ဘေးရန်ကင်းငြိမ်းကြပါစေ။🙏🙏🙏
#AdminTeam
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
1 057
⚜️ #EIO_Update_News
ချောင်းဦးနယ် ခင်မွန်ဘက်စုံခြံမှ ထွက်လာသော စခအအနှင့် ခိုးရာပါပစ္စည်းများတင်ဆောင်လာသောယာဥ်တန်းနှင့် .5တင် DC ကား(1)စီးသည် မုံရွာမြို့ နတ်လူထိပ်ပန်ဖြတ်၍ မုံရွာမြို့တွင်းသို့ ဝင်ရောက်သွားကြောင်း သတင်းရရှိထားပါသည်။
#EIO
Sep 11, 2:02PM
@EIO2021_bot ၊ @EagleInformationOperator_bot
1 057
⚜️ #EIO_Update_News
ချောင်းဦးနယ် ခင်မွန်ဘက်စုံခြံမှ ထပ်မံ၍ ထွက်လာသော စခပါ ၆ဘီးကား(၄)စီးသည် မြောက်အရပ်သို့ ဦးတည်နေကြောင်း သတင်းရရှိထားပါသည်။
#EIO
Sep 11, 1:42PM
@EIO2021_bot ၊ @EagleInformationOperator_bot
1 057
⚜️ #EIO_Update_News
ချောင်းဦးနယ် ခင်မွန်ဘက်စုံခြံမှ ထွက်လာသော စခပါ ၆ဘီးကား(၃)စီးသည် မုံရွာနယ် တောင်ခြမ်း မုံရွေးရွာဖြတ်၍ မြောက်အရပ်သို့ ဆက်လက်ဦးတည်နေကြောင်း သတင်းရရှိထားပါသည်။
#EIO
Sep 11, 1:41PM
@EIO2021_bot ၊ @EagleInformationOperator_bot
1 057
⚜️ #EIO_Update_News
ချောင်းဦးနယ် ခင်မွန်ဘက်စုံခြံမှ ထွက်လာသော စခပါ ၆ဘီးကား(၃)စီးသည် မြောက်အရပ်သို့ ဦးတည်နေကြောင်း သတင်းရရှိထားပါသည်။
#EIO
Sep 11, 1:38PM
@EIO2021_bot ၊ @EagleInformationOperator_bot
1 057
တံတားဦးလေတပ်စခန်းမှ တိုက်လေယာဉ်များ ဒရုန်းဖြင့် တိုက်ခိုက်ခံရမှုအတွက် လေတပ်တာဝန်ရှိသူတချို့ စစ်ဆေးခံနေရပြီး လေတပ်စခန်းအတွင်းမှ အရာရှိနှင့်စစ်သည်၊ မိသားစုများ၏ မိုဘိုင်းလ်ဖုန်းများ သိမ်းဆည်းခံထားရ
ရန်ကုန်၊ စက်တင်ဘာ ၁၁
မန္တလေးတိုင်း၊ တံတားဦးလေတပ်စခန်းမှ တိုက်လေယာဉ်များ ဒရုန်းဖြင့် တိုက်ခိုက်ခံရမှုအတွက် လေတပ်တာဝန်ရှိသူတချို့ တာဝန်ပေါ့လျှော့မှုဖြင့် စစ်ဆေးခံနေရပြီး လေတပ်စခန်းအတွင်းမှ အရာရှိနှင့်စစ်သည်၊ မိသားစုများ၏ မိုဘိုင်းလ်ဖုန်းများ သိမ်းဆည်းခံထားရကြောင်း စစ်ဘက်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ နေ့လယ်ပိုင်း တံတားဦးလေတပ်အတွင်းရှိ တိုက်လေယာဉ်များကို FPV ဒရုန်းများဖြင့် တိုက်ခိုက်ခံရပြီးနောက် တံတားဦးလေတပ်စခန်းမှ စခန်းမှူး ဗိုလ်မှူးကြီး ၁ ဦး အပါအဝင် တာဝန်ရှိသူတစ်ချို့ကို တာဝန်ပေါ့လျော့မှုဖြင့် စစ်ဆေးမေးမြန်းနေခြင်းဖြစ်ကြောင်း၊ ယင်းအပြင် လေတပ်စခန်းအတွင်းမှ အရာရှိ၊ စစ်သည်နှင့်မိသားစုဝင်များ အသုံးပြုနေသော မိုဘိုင်းလ်ဖုန်းများကို စစ်ထောက် လှမ်းရေးအဖွဲ့က သိမ်းယူသွားကြောင်း သိရှိရသည်။
"တံတားဦးလေတပ်စခန်းက အကြီးဆုံး ဗိုလ်မှူးကြီးနဲ့ တာဝန်ရှိသူတချို့ စစ်ဆေးခံနေရပါတယ်။ တာဝန်ပေါ့လျော့မှုကြောင့် စစ်ဆေးမေးမြန်းတာ။ ဖမ်းတာတော့မဟုတ်သေးဘူး။ နောက်ပြီး ဖုန်းတွေ အကုန် အသိမ်းခံထားရတယ်" ဟု စစ်ဘက်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သတင်းဌာနထံသို့ ပြောဆိုသည်။
စစ်တပ်လက်အောက်ခံ လေတပ်သတင်းများကို ဖွင့်ချနေသော Operation Spitfire မှ တာဝန်ရှိသူတစ်ဦးကမူ မိုဘိုင်းလ်ဖုန်းများ သိမ်းယူခြင်းမှာ တံတားဦးလေတပ်စခန်းအတွင်းမှ သတင်းများ အပြင်သို့ မပေါက်ကြားစေရန်ဖြစ်ကြောင်း သုံးသပ်ပြောဆိုသည်။
"လေတပ်အကူမရှိရင်တော်တေယ်များများစစ်မြေပြင်မှာအကုန်အရှုံးပေးရမယ့်အခြေအနေရှိတယ်။ ဒါကြောင့်လေတပ်နဲ့ပတ်သက်ရင်သတင်းကိုအသေထိန်းချုပ်တယ်" ဟု Operation Spitfire မှ တာဝန်ရှိသူက ရှင်းပြသည်။
ယမန်နေ့ တော်လှန်ရေးတပ်၏ FPV ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် တိုက်လေယာဉ် ၄ စီးပျက်စီးခဲ့ကြောင်း တော်လှန်ရေး သတင်းရင်းမြစ်က ထုတ်ဖော်ပြောဆိုထားသည်။
လတ်တလော စစ်တပ်က တံတားဦးလေတပ်စခန်းနှင့်ကပ်လျက်ရှိသော မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်(တံတားဦး)ကို ယာယီပိတ်ပင်ထားကြောင်း သိရှိရသည်။
#KTM
1 057
⚜️ #EIO_Update_News
မုံရွာနယ် တောင်ခြမ်း၊ မုံရွေးတိုးဂိတ်မှ ထွက်လာသော စခများသည် မုံရွေးရွာထဲ၌ ကင်းပတ်နေကြောင်း သတင်းရရှိထားပါသည်။
#EIO
Sep 11, 11:49PM
@EIO2021_bot ၊ @EagleInformationOperator_bot
1 057
Repost from ပခုက္ကူခရိုင်{သတင်းများ}
📣 ပခုက္ကူခရိုင် သတင်းများ အချိန်နဲ့တပြေးညီ သိရှိနိုင်ဖို့အတွက် မိမိတို့ Admin_Teamမှ သတင်းပေးအကောင့်သစ်အား မိတ်ဆက်ခြင်း ✨
ပခုက္ကူခရိုင်အတွင်း ဖြစ်ပျက်နေတဲ့ ဖြစ်စဉ်များ၊ ထူးခြားသတင်းများကို ပြည်သူများထံ အချိန်နဲ့တပြေးညီ တိတိကျကျ တင်ဆက်ပေးနိုင်ဖို့အတွက် သတင်းပေး အကောင့်သစ် ကို စတင်ဖွင့်လှစ်လိုက်ပါပြီခင်ဗျာ။
🚨 သတင်းပေးပို့နိုင်မည့် အကြောင်းအရာများ
📍 ပခုက္ကူခရိုင်အတွင်းရှိ စခ၊ပခများ၏ မြေပြင်လှုပ်ရှားမှု ထူးခြားဖြစ်စဉ်များ၊ယာဥ်တန်းသတင်းများနှင့် အကြမ်းဖက် စစ်ကောင်စီ၏ လေကြောင်းဖြတ်သန်းမှု အရေးပေါ်သတင်းများ။
🛣️ လမ်းပန်းဆက်သွယ်ရေးနှင့် ခရီးသွားလာရေး အခြေအနေများ
ဓာတ်ပုံ၊ ဗီဒီယိုနှင့် တိကျသော သတင်းအချက်အလက်များ။
📩 သတင်းပေးပို့ရန် -
👉 @PKKNewsBot
(သတင်းပေးပို့သူ၏ လုံခြုံရေးအား ၁၀၀% လျှို့ဝှက်ထိန်းသိမ်းပေးထားပါသည်။)
📌 Channel ကို အမြဲစောင့်ကြည့်ရန် #Link
👉 https://t.me/PKK_News
တိုက်ရိုက်ကြုံတွေ့ရသည့် ဖြစ်စဉ်များ၊ စိတ်ချယုံကြည်ရသည့် သတင်းများကို Telegram Bot မှတစ်ဆင့် အချိန်မရွေး ပေးပို့ပါဝင်နိုင်ပါသည်။ ပြည်သူအချင်းချင်း သတင်းအချက်အလက် မှန်ကန်စွာ စီးဆင်းနိုင်ရေးအတွက် အတူတကွ ပူးပေါင်းပါဝင်ကြဖို့ ဖိတ်ခေါ်အပ်ပါသည်။ 🤝
#PKKN_Admin_Team
#PKK News
@PKKNewsBot
https://t.me/PKK_News
