en
Feedback
𝐘𝐞𝐞𝐧 - 𝐘𝐨𝐮𝐭𝐡 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐄𝐦𝐩𝐨𝐰𝐞𝐫𝐦𝐞𝐧𝐭 𝐍𝐞𝐭𝐰𝐨𝐫𝐤

𝐘𝐞𝐞𝐧 - 𝐘𝐨𝐮𝐭𝐡 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐄𝐦𝐩𝐨𝐰𝐞𝐫𝐦𝐞𝐧𝐭 𝐍𝐞𝐭𝐰𝐨𝐫𝐤

Open in Telegram

Yeen ဟာဆိုရင်တော့ Online Class တွေကို အခမဲ့သင်ကြားပေးနေတဲ့ Org ပဲဖြစ်ပါတယ် ကျောင်းအပ်ရန် @YeenAdm Since 10.10.2024

Show more
1 627
Subscribers
-224 hours
No data7 days
-130 days
Posts Archive
Class gp linkများအား ချထားပြီးပါပြီရှင့်💝 မပို့မိတဲ့သူများရှိရင် Hi ပေးကြပါအုံးရှင့်🌱 #YeenOrganization

✨ Hey guys! Are you feeling relaxed or frustrated today? 😉 ကျွန်တော်တို့ နေ့စဉ်ဖြတ်သန်းရတဲ့ ဘဝထဲမှာ ပျော်တာ၊ ဝမ်းနည်းတာတင်မက
+4
✨ Hey guys! Are you feeling relaxed or frustrated today? 😉 ကျွန်တော်တို့ နေ့စဉ်ဖြတ်သန်းရတဲ့ ဘဝထဲမှာ ပျော်တာ၊ ဝမ်းနည်းတာတင်မကဘဲ တစ်ခါတလေ စိတ်အပန်းပြေတာ၊ တစ်ခုခုကြောင့် ဂုဏ်ယူမိတာ ဒါမှမဟုတ် စိတ်ပျက်အားလျှော့မိတာမျိုး စတဲ့ ခံစားချက်မျိုးစုံ ရှိတတ်ကြပါတယ်။ ဒီနေ့မှာတော့ Yeen Organization ကနေပြီး ကိုယ့်ရဲ့ စိတ်အခြေအနေတွေကို အင်္ဂလိပ်လို လှလှပပ ဖော်ပြနိုင်မယ့် Adjectives (၅) ခု ဖြစ်တဲ့ Relaxed, Proud, Jealous, Surprised နဲ့ Frustrated တို့ရဲ့ အသုံးအနှုန်းတွေကို ချစ်စရာပုံလေးတွေနဲ့ စုစည်းတင်ပြပေးလိုက်ပါတယ်ခင်ဗျာ။ 📚🌱 💡 ကဲ... စိန်ခေါ်မှုလေး လုပ်ကြည့်ရအောင်- ပုံလေးတွေကို သေချာဖတ်ပြီးသွားရင် ဒီနေ့ ကိုယ့်ရဲ့ စိတ်ခံစားချက်နဲ့ ကိုက်ညီတဲ့ Adjective တစ်ခုခုကို ရွေးပြီး ကိုယ်ပိုင် စာကြောင်းလေးတစ်ကြောင်းစီ Comment မှာ ရေးပေးခဲ့ပါဦးနော်။ 👇 💚 အင်္ဂလိပ်စာ ဗဟုသုတအသစ်တွေကို အစဉ်မပြတ် လေ့လာနိုင်ဖို့ Yeen Organization ရဲ့ Social Media Page တွေကို Like & Follow လုပ်ထားဖို့ ဖိတ်ခေါ်လိုက်ပါတယ်ဗျာ။ ✨ #Graphic_by_HninEi YeenOrganization #LearnEnglish #EnglishVocabulary #DailyEnglish #SelfImprovement

ဟိတ် ဘေဘီလေး အိပ်ပြီလား🫣💝 ခုခေတ်ကြီးမှာ အဂ်လိပ်စကားဆိုတာ နေရာတိုင်းလိုလို သုံးနေကြချိန် ကိုယ်ကသူတို့ပြောတာတွေကိုလဲ နားမလည် ကိုယ်ကလဲပြန်မပြောတတ်ဖြစ်နေသေးတယ်ဆိုရင် ခုပဲ တီချယ်သွန်းရဲ့ English Basic 4 skills video class လေးကို လာ‌အပ်လိုက်တော့နော် 😼🫵 #YeenOrganization

Hello Hello ෆ English လို နားလည်ချင်တယ် ပြန်လည်းပြောတတ်ချင်တယ်။ ဒါတင်မဟုတ်သေးဘူး reading နဲ့ writing ကိုပါ သေချာလေ့ကျင့်ချင်ပါတယ်ဆိုတဲ့ yeeners လေးတို့အတွက် အချိန်လည်းမကုန် 4 Skills အစုံကို တစ်ခါတည်းစတင်လေ့လာလို့ရမယ့် English Basic 4 Skills Video class ကလေးကို ယူဆောင်လာပါပြီနော်✨
❣️Class Information ❣️ 👩‍🏫 Teacher - Tr. Thoon 📗 Subject - English Basic 4 Skills 📶 Level - Beginner 📋 Level Test - No (Final exam လေးတော့ ရှိပါမယ်နော်) 📲 Platform - Video class 🕰 Duration - 1.5 or 2 months 📌 Start Date - 27.7.2026 🗓 Date & Time - 3 videos per week (Mon, Tue, Fri လိုနေ့တွေမှာ အများစုတင်ပေးသွားမှာပါ) ❗️Fees - Free
💞 Class Requirement 💞 အချစ်တွေနဲ့သင်ပေးတဲ့ free class လေးပေမယ့် yeeners တို့ဘက်က videos တိုင်းကို သေချာကြည့်ပြီး တီချယ်ပေးတဲ့ homework လေးကို ပုံမှန်လိုက်လုပ်ပေးဖို့တော့ လိုပါမယ်နော်။
ကဲ... yeeners လေးတို့ရေ skill လေးခုစလုံးကို သေချာနဲ့ အဆင်ပြေစွာလေ့လာနိုင်မယ့် အခွင့်အရေးက ကိုယ့်ရှေ့ရောက်လာပြီမို့ ဒီနေ့တွေ မနက်ဖြန်တွေ ရွေ့မနေဘဲ yeeners လေးတို့ရဲ့ English Learning Journey လေးကို စတင်လိုက်ကြ‌ရအောင်နော်!! ⚡️ 📍အတန်းအပ်ရန်📍@YeenAdm 💚 yeeners လေးတို့အတွက် Free Class တွေ၊ Knowledge sharing session တွေ၊ စိတ်ဝင်စားစရာ Content တွေကို ဆက်လက် မျှဝေနေမှာဖြစ်လို့ အောက်မှာဖော်ပြထားတဲ့ Yeen Org ရဲ့ Social Media လေးတွေကိုလည်း Like & Follow လေး လုပ်ပေးခဲ့ကြပါဦးနော်။
Facebook Page: https://www.facebook.com/share/1AqYpcYWcV/ Telegram Channel: https://t.me/YeenOrg TikTok Page: https://www.tiktok.com/@yeen_org?_r=1&_t=ZS-932PfW4B8sv
#Content_by_zaint #Graphic_by_HninEi #Yeen_Organization #English_Baisc4skills_Vdclass

အာဇာနည်နေ့ (July 19) "နှစ်လနာရီ ခါရာသီ ရွေ့ပေမယ့် အာဇာနည်နေ့ကိုဖြင့် မမေ့သင့်ပါလေ..." ဒီသီချင်းလေးကို ကြားတိုင်း ကျွန်ုပ်တို့ ပြည်သူတွေရဲ့ ရင်ထဲမှာ တိုင်းပြည်ရဲ့ ဥသျှောင်ကြီး‌တွေ ရက်ရက်စက်စက် အသတ်ခံလိုက်ရတဲ့ နေ့တစ်နေ့ကို ရင်နာနာနဲ့ အမှတ်ရနေကြမှာပါ။ ၁၉၄၇ခုနှစ် ဇူလိုင်လ ၁၉ရက် နံနက် ၁၀နာရီ ၃၇မိနစ် လွန်ခဲ့တဲ့ ၇၉နှစ်က ဒီနေ့လိုအချိန်မှာ ကျွန်ုပ်တို့ရဲ့ ခေါင်းဆောင်ကြီးတွေဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည် ၉ ဦး ကျဆုံးခဲ့ရတယ်။ မသမာသူလူတစ်စုရေ... သင်တို့ပစ်ခဲ့တာ လူကိုးယောက်ပဲမဟုတ်ဘူး၊ ကျွန်ုပ်တို့ပြည်သူ‌တွေရဲ့ အသည်းနှလုံးတွေနဲ့ တိုင်းပြည်ရဲ့ အနာဂတ်အလင်းရောင်ကိုပါ ရက်ရက်စက်စက် ပစ်ခတ်ဖျက်ဆီးခဲ့ကြတာပါ။ အဲ့ဒီကျည်ဆန်တွေကြောင့် ခေါင်းဆောင်ကြီးတွေရဲ့ ရုပ်ခန္ဓာတွေ မြေခခဲ့ရပေမဲ့... သူတို့ရဲ့ ပြောင်မြောက်တဲ့ သတ္တိ၊ တိုင်းပြည်အပေါ် ထားရှိခဲ့တဲ့ မေတ္တာနဲ့ သစ္စာတရားတွေကတော့ ယနေ့ထက်တိုင် ကျွန်ုပ်တို့ရဲ့ရင်ထဲမှာ သေဆုံးမသွားဘဲ ဆက်လက်ရှင်သန်နေဆဲဖြစ်ပါတယ်။ သင်းတို့ ဖျက်ဆီးလို့မရခဲ့တဲ့ ဒီအာဇာနည်စိတ်ဓာတ်တွေကို ကျွန်ုပ်တို့ရင်ထဲမှာ ထာဝစဉ် နှလုံးသွင်းရင်း တိုင်းပြည်အတွက် အသက်၊ သွေး၊ ချွေးတွေ ပေးဆပ်သွားခဲ့ကြတဲ့ ခေါင်းဆောင်ကြီး ၉ ဦးကို ကျွန်ုပ်တို့ နှောင်းလူတွေက ကမ္ဘာတည်သရွေ့ အစဉ်အမြဲ သတိရ လေးစားဦးညွှတ်နေမှာပါ။ "ကမ္ဘာတည်သရွေ့ ဥဒါန်းမကြေဘူး" 🌱 Yeen ကနေ ဗဟုသုတရစရာ postများ၊ ပြိုင်ပွဲများ၊ Knowledge sharing section များ ပြုလုပ်ပေး‌နေပြီး free class သင်တန်းများ ဖွင့်လှစ်ပေးနေတာကြောင့် အောက်မှာဖော်ပြထားတဲ့ social mediaက channelလေးတွေကို follow လုပ်ပေးခဲ့ကြပါဦးနော်။ Facebook https://www.facebook.com/share/1AqYpcYWcV/ Telegram channel https://t.me/YeenOrg Tik Tok : https://www.tiktok.com/@yeen_org?_r=1&_t=ZS-932PfW4B8sv #YeenOrganization #Yeen_Org #July19 #အာဇာနည်နေ့ #Content_by_ခ

အဟမ်းအဟမ်းးးးးး ဒီလိုအခွင့်အရေးမျိုးကို လက်လွှတ်တော့မလို့လား🫵 နောက်မှနောင်တမရချင်ရင် ခုထဲကလာအပ်လိုက်တော့နော်👀

Yo! 🇯🇵 Japanese N5 Grammar ကို သေချာနားလည်ချင်ပါသလား။ Grammar Pattern တွေ၊ Verb Forms တွေကို မရလို့ မကြာခဏ စိတ်ရှုပ်နေတတ်ပြီး N5 စာမေးပွဲအတွက်လည်း စိတ်မချဘူးဆိုရင် ဒီ Japanese N5 Grammar Class က မိတ်ဆွေတို့အတွက် အကောင်းဆုံး အခွင့်အရေးတစ်ခုပါပဲနော်။ ✨ ၄ လတာ သင်တန်းအတွင်း N5 Grammar (၂၅ ခန်းလုံး) ကို အခြေခံကနေ နားလည်လွယ်အောင် သင်ကြားပေးမှာဖြစ်ပြီး Verb Forms (ます形၊ て形၊ ない形၊ た形၊ Dictionary Form စသည်) များ၊ Grammar Practice၊ Reading Practice၊ Review နဲ့ Final Exam အထိ စနစ်တကျ လေ့ကျင့်သင်ကြားပေးသွားမှာဖြစ်ပါတယ်။ ဒီ Class လေးကတော့ Basic ပြီးထားသူများ၊ Grammar အခြေခံကို ပိုမိုနားလည်ချင်သူများနဲ့ N5 Grammar အပိုင်းမှာ အားနည်းနေသူများအတွက် အထူးသင့်တော်တဲ့ classလေးပဲ ဖြစ်ပါတယ်။ သင်ခန်းစာတစ်ခန်းချင်းစီကို နားလည်သဘောပေါက်အောင် လေ့ကျင့်ပေးမှာ ဖြစ်တာကြောင့် Grammar ကို ယုံကြည်မှုရှိရှိ အသုံးပြုနိုင်လာမှာပဲ ဖြစ်ပါတယ်။ 🌸
📅 Start Date – 18.7.26 🗓️ Class Day – Sat & Sun 🕕 Class Time – 6:00 PM - 7:00 PM 💻 Class Type – Video Class 👩‍🏫 Teacher – Hnin Yape
✨ သင်တန်းပြီးဆုံးတဲ့အခါ N5 Grammar ကို ပိုင်နိုင်လာမယ့်အပြင် Verb Forms တွေကို မှန်ကန်စွာ အသုံးပြုနိုင်ပြီး N5 Level ဝါကျတွေကို ဖတ်နိုင်၊ ရေးနိုင်၊ နားလည်နိုင်တဲ့အထိ တိုးတက်လာမှာပဲ ဖြစ်ပါတယ်။ JLPT N5 အတွက်လည်း Confidence အပြည့်နဲ့ ပြင်ဆင်နိုင်အောင် ကူညီပေးမယ့် Class လေးဖြစ်လို့ လက်မလွတ်သင့်ပါဘူးနော်။ 💙 📩 ဆက်သွယ်ရန် – @YeenAdm 🌱 Yeen ကနေ ဗဟုသုတရစရာ postများ၊ ပြိုင်ပွဲများ၊ Knowledge sharing section များ ပြုလုပ်ပေး‌နေပြီး free class သင်တန်းများ ဖွင့်လှစ်ပေးနေတာကြောင့် အောက်မှာဖော်ပြထားတဲ့ social mediaက channelလေးတွေကို follow လုပ်ပေးခဲ့ကြပါဦးနော်။ Facebook https://www.facebook.com/share/1AqYpcYWcV/ Telegram channel https://t.me/YeenOrg Tik Tok : https://www.tiktok.com/@yeen_org?_r=1&_t=ZS-932PfW4B8sv #YeenOrganization #Yeen_Org #Japanesegrammar #N5grammar #Content_by_ခ #Graphic_by_Hnineiwai

🌟 How are you feeling today? ဒီနေ့ စိတ်ခံစားချက်လေးတွေ ဘယ်လိုရှိကြလဲရှင် လူတွေမှာ နေ့စဉ်နေ့တိုင်း မတူညီတဲ့ စိတ်ခံစားချက်တွေ
+4
🌟 How are you feeling today? ဒီနေ့ စိတ်ခံစားချက်လေးတွေ ဘယ်လိုရှိကြလဲရှင် လူတွေမှာ နေ့စဉ်နေ့တိုင်း မတူညီတဲ့ စိတ်ခံစားချက်တွေ အများကြီး ရှိကြပါတယ်။ ဒီခံစားချက်တွေကို အင်္ဂလိပ်လို ပိုပြီးပီပြင်အောင် ဘယ်လိုဖော်ပြမလဲ? ဒီနေ့မှာတော့ Yeen Organization ကနေပြီးတော့ အခြေခံအကျဆုံး စိတ်ခံစားချက်ဆိုင်ရာ Adjectives (၅) ခုဖြစ်တဲ့ Happy, Sad, Angry, Excited နဲ့ Nervous တို့ရဲ့ အဓိပ္ပာယ်နဲ့ သုံးနှုန်းပုံ ဥပမာစာကြောင်းလေးတွေကို ပုံလေးတွေနဲ့တကွ စနစ်တကျ ဝေမျှပေးလိုက်ပါတယ်နော်။✨ 💡 တူတူလေ့ကျင့်ကြည့်ရအောင်- ဒီနေ့ ကိုယ့်ရဲ့ စိတ်ခံစားချက်က ဘယ်လိုဖြစ်နေလဲဆိုတာကို အပေါ်က Adjectives လေးတွေ သုံးပြီး Comment မှာ စာကြောင်းလေးတစ်ကြောင်းစီ အင်္ဂလိပ်လို ရေးပြီး လေ့ကျင့်သွားခဲ့ဦးနော်! 👇 💚 အင်္ဂလိပ်စာ ဗဟုသုတအသစ်တွေကို အမြဲလေ့လာနိုင်ဖို့ Yeen Organization ရဲ့ Social Media Page တွေကိုလည်း Follow လုပ်ထားဖို့ မမေ့နဲ့ဦးနော်။ 😉 #Graphic_by_HninEi #YeenOrganization #LearnEnglish #EnglishVocabulary #EmotionsAndFeelings #BasicEnglish

Hello" our dear yeeners ! ෆ ဒီတစ်ခေါက်မှာဝောာ့ သင်ယူရရှိထားသမျှ ဗဟုသုတလေးတွေကို ပြန်ပြီး sharing & caring လေးလုပ်ပေးချင်လို့ "Building Your Confidence" ဆိုတဲ့ ဒီ content လေးနဲ့ confidence ရဲ့နောက်ကွယ်က ရိုးရှင်း၊ နက်နဲတဲ့ concept လေးကို yeeners‌‌ လေးတို့လည်းသိကြရဖို့ ယူဆောင်လာပါပြီနော်။ 💞✨ Self-Confidence — ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိခြင်းက yeeners လေးတို့ရဲ့ ကိစ္စသေးသေးကအစ၊ လေးနက်တဲ့ လုပ်ဆောင်ချက်တွေထိ encouragement (တွန်းအား) တစ်ခုအနေနဲ့ အတော်လေးအခြေခံကျပါတယ်နော်။ ဒီနေ့ဝတ်မယ့် outfit ကို ကိုယ်နဲ့လိုက်မယ်လို့ ယုံယုံကြည်ကြည် ရွေးချယ်လိုက်တာကအစ၊ လုပ်ငန်း project ကြီးတစ်ခုမှာ ရင်းနှီးမြှုပ်နှံလိုက်ဖို့ ဆုံးဖြတ်ချက်ချလိုက်တာအဆုံး ယုံကြည်ချက်ထားပြီး ပြုလိုက်ရတာတွေချည်းပါပဲနော်။ "ဒါဆို... ဒီလိုအရေးပါတဲ့ Confidence က ဘယ်ကနေ ရနိုင်တာလဲ? ဘယ်လို ရရှိအောင်ရော လုပ်ကြတာလဲ?" ဆိုတာကိုသေချာလေး ပြောပြပေးမယ်နော်။ 🫶 » ပထမဦးဆုံးအနေနဲ့ Confidence ဆိုတာရှိဖို့ Experience ဆိုတဲ့ အတွေ့အကြုံတွေလိုလိမ့်မယ်ဆိုတာ yeeners လေးတို့လည်း တွေးဆမိကြမှာပါ။ ဒီအတွေ့အကြုံတွေကနေ yeeners တို့က အသစ်သစ်တွေကိုသင်ယူကြမယ်၊ လူအများနဲ့ဖြစ်စေ၊ အခြားကိစ္စရပ်တွေနဲ့ဖြစ်စေ လိုက်လျောညီထွေဖြစ်အောင် ညှိယူတတ်လာမယ်၊ အလုပ်တွေနဲ့ ရင်းနှီးကျွမ်းဝင်လာတာမျိုးတွေ ဖြစ်လာနိုင်ပါမယ်။ ဒါဆို... ဒါနဲ့ပဲ ကိုယ်က အတွေ့အကြုံတွေရှိနေလို့ confidence ရှိလာပြီလားဆိုတော့... မ‌ဟုတ်သေးပါဘူးနော်။ » Competence ဆိုတဲ့ ကိုယ့်အလုပ်ကို skill ရှိရှိ၊ ထိထိရောက်ရောက်နဲ့ ကျွမ်းကျင်ပိုင်နိုင်စွာလုပ်ဆောင်နိုင်တဲ့ အရည်အချင်းတွေလည်း လိုပါဦးမယ်နော်။ ကိုယ်က အတွေ့အကြုံရှိနေပေမယ့် အရည်အချင်းက မပြည့်မီနေသေးဘူး၊ improve ဖြစ်မလာနေဘူးဆို အများကို ခေါင်းဆောင်ဖို့၊ အများရဲ့အလယ်မှာ ရပ်တည်နေဖို့ ယုံကြည်ချက်နည်းနေပါလိမ့်ဦးမယ်နော်။ » နောက်ပြီး... ထပ်လိုအပ်နေတာလေးတစ်ခုက ကိုယ်ရရှိခဲ့တဲ့အတွေ့အကြုံ၊ ကိုယ့်ရဲကျွမ်းကျင်မှုနဲ့ အရည်အချင်းတွေရှိလာတဲ့အခါမှာ အောင်မြင်အောင်လုပ်ဆောင်နိုင်ခဲ့ဖူးတယ်ဆိုတဲ့ Evidence ရှိနေဖို့ပါ လိုအပ်ပါလိမ့်မယ်နော်။ ဥပမာ - yeeners တို့က ဆရာဝန်တစ်ယောက်အဖြစ် လူနာတွေကိုကုသဖူးတယ် (ဒါက experience ရှိတာ)၊ yeeners လေးတို့က ဆေးကုတဲ့နေရာမှာလည်း အရည်အချင်းရှိရှိနဲ့ Problem ရှိရင် Solution ရှိနေအောင် professional ကျကျ လုပ်နေနိုင်တယ် (ဒါက Competence ရှိတာ)၊ yeeners လေးတို့ရဲ့ လုပ်ငန်းခွင်ကို ပြန်ကြည့်တဲ့အခါ၊ yeeners တို့ ကယ်တင်နိုင်ခဲ့တဲ့လူနာတွေ၊ ဖြေရှင်းနိုင်ခဲ့တဲ့ serious cases တွေကို အထောက်အထားပြသစရာရှိနေတာ (ဒါက evidence)။ ဒီသုံးခုပေါင်းစည်းလိုက်တဲ့အခါ Confidence ဆိုတဲ့ မိမိကိုယ်ကိုယ်ယုံကြည်ခြင်းကို ရရှိစေတာမျိုးပါ။
Formula လေးနဲ့ဆို... Experience + Competence + Evidence = Confidence
ဒီနေရာမှာ လူအမျိုးမျိုးနဲ့ စိတ်အခြေအနေ အဖုံဖုံရှိတာကြောင့် ကိုယ်ပိုင် confidence ကို တည်ဆောက်တဲ့အခါ သေးငယ်တယ်လို့ ထင်ရတဲ့ ကိစ္စတစ်ရပ်ဖြစ်နေပါစေ၊ ကြီးမားတဲ့ အကြောင်းအရာတစ်ခုဖြစ်နေပါစေ ဒီ formula လေးအတိုင်း yeeners လေး‌တို့ရဲ့ confidence ကို မြှင့်တင်ကြည့်ပြီး၊ လိုချင်တဲ့ ကိုယ့်ရဲ့ directions အရပ်ရပ်ကို ဦးတည်ဆက်သွားကြပါမယ်နော်။ ဒီနေ့ရဲ့ sharing & caring လေးမှာ မျှ‌ဝေထားတဲ့ ဒီ content လေးက yeeners လေးတို့အတွက်လည်း အကျိုးရှိလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ 💚 yeeners လေးတို့အတွက် Free Class တွေ၊ Knowledge sharing session တွေ၊ စိတ်ဝင်စားစရာ Content တွေကို ဆက်လက် မျှဝေနေမှာဖြစ်လို့ အောက်မှာဖော်ပြထားတဲ့ Yeen Org ရဲ့ Social Media လေးတွေကိုလည်း Like & Follow လေး လုပ်ပေးခဲ့ကြပါဦးနော်။
Facebook Page: https://www.facebook.com/share/1AqYpcYWcV/ Telegram Channel: https://t.me/YeenOrg TikTok Page: https://www.tiktok.com/@yeen_org?_r=1&_t=ZS-932PfW4B8sv
#Content_by_zaint #Graphic_by_CC #Yeen_Organization #Knowledge_sharing

ကိုရီးယားရဲ့ Blood Type အယူအဆ ကိုရီးယားမှာ သွေးအုပ်စု (Blood Type) က လူတစ်ယောက်ရဲ့ စရိုက်ကို ပြောပြနိုင်သလား? အနောက်နိုင်ငံတွေမှာ ရာသီခွင် (Horoscope) တွေကို ကြည့်ပြီး လူတစ်ယောက်ရဲ့ စရိုက်ကို ခန့်မှန်းကြသလို၊ ကိုရီးယားမှာတော့ လူတစ်ယောက်ရဲ့ သွေးအုပ်စု (Blood Type) ကို ကြည့်ပြီး စရိုက်ကို ကောက်ချက်ချတဲ့ အလေ့အထက အရမ်းခေတ်စားပါတယ်။ 🌱 ၁။ ဘာကို အခြေခံပြီး ဖြစ်လာတာလဲ? (The Origin) ဒီအယူအဆဟာ ၂၀ ရာစုအစောပိုင်း ဂျပန်နိုင်ငံကနေ စတင်ပြန့်ပွားလာတာဖြစ်ပြီး ကိုရီးယား Pop Culture (K-Pop/K-Drama) တွေကြောင့် ပိုပြီး အမြစ်တွယ်လာခဲ့ပါတယ်။ ကိုရီးယားလူငယ်တွေဟာ အချစ်ရေး၊ သူငယ်ချင်းအပေါင်းအသင်း ရွေးချယ်ရေးတွေမှာပါ သွေးအုပ်စုကို ထည့်သွင်းစဉ်းစားလေ့ ရှိကြပါတယ်။ 📊 ၂။ သွေးအုပ်စုအလိုက် ကိုရီးယားသားတို့ရဲ့ အယူအဆများ 🅰️ သွေးအုပ်စု (Type A) — "သိမ်မွေ့ပြီး စည်းကမ်းကြီးသူ" စရိုက်: အားနာတတ်တယ်၊ စိတ်ရှည်တယ်၊ အစီအစဉ်တကျ ရှိတယ်။ တာဝန်ယူမှု အပြည့်ရှိပေမယ့် စိတ်ဆိုးလွယ်ပြီး ကိုယ့်ခံစားချက်ကို အပြင်မထုတ်ဘဲ မြိုသိပ်ထားတတ်သူတွေလို့ ယူဆကြပါတယ်။ 🅱️ သွေးအုပ်စု (Type B) — "လွတ်လပ်မှုကို မြတ်နိုးသူ" စရိုက်: တီထွင်ဖန်တီးနိုင်စွမ်းရှိတယ်၊ ဝါသနာကြီးတယ်၊ ဟာသဉာဏ်ရှိတယ်။ ဒါပေမယ့် စိတ်လိုက်မာန်ပါ လုပ်တတ်ပြီး တစ်ကိုယ်ကောင်းဆန်တတ်တယ်လို့ အပြောခံရလေ့ရှိပါတယ်။ (ကိုရီးယားမှာ Type B အမျိုးသားတွေကို ဆိုးပေတဲ့ Bad Boy တွေအဖြစ် တင်စားလေ့ရှိပါတယ်) 🅾️ သွေးအုပ်စု (Type O) — "ဖော်ရွေပြီး ခေါင်းဆောင်နိုင်သူ" စရိုက်: ပွင့်လင်းတယ်၊ တက်ကြွတယ်၊ ပေါင်းသင်းဆက်ဆံရေး ကောင်းတယ်။ အများနဲ့ သဟဇာတဖြစ်အောင် နေနိုင်ပြီး ခေါင်းဆောင်လိုစိတ် ရှိသလို၊ တခါတလေ စကားကြီးကျယ် ပြောတတ်တယ်လို့ ယူဆကြပါတယ်။ 🆎 သွေးအုပ်စု (Type AB) — "ပါရမီရှင် သို့မဟုတ် သူစိမ်းဆန်းပြား" စရိုက်: အရမ်းတော်တဲ့ ပါရမီရှင် (Genius) သို့မဟုတ် အတွေးအခေါ် ဆန်းပြားလွန်းသူ (Alien) လို့ အစွန်းနှစ်ဖက် သတ်မှတ်ခံရပါတယ်။ ဆင်ခြင်တုံတရားရှိပြီး အေးဆေးတည်ငြိမ်တတ်ကြပါတယ်။ 💡 ၃။ အမှန်တကယ် သိပ္ပံနည်းကျသလား? သိပ္ပံနည်းကျ သက်သေပြချက် လုံးဝမရှိပါဘူး။ သို့သော်လည်း ကိုရီးယားမှာ လူမှုဆက်ဆံရေး စတင်ဖို့ စကားစမြည်ပြောရာမှာ Ice-breaking အဖြစ် အလွန်အသုံးဝင်တဲ့အပြင် Idol တွေရဲ့ Profile တွေမှာပါ သွေးအုပ်စုကို မရှိမဖြစ် ထည့်သွင်းဖော်ပြကြပါတယ်။ Challenge for Members: စာဖတ်သူတို့ရဲ့ သွေးအုပ်စုက ဘာလဲ? အပေါ်မှာ ရေးထားတဲ့ ကိုရီးယားအယူအဆ စရိုက်တွေနဲ့ ကိုယ့်အကျင့်နဲ့ တကယ်ရော ကိုက်ညီမှု ရှိရဲ့လား Comment မှာ ပြောခဲ့ဦးနော်။ #Graphic_by_HninEi #Content_by_Yoo_Hada #Korean_Knowledge #YeenOrganization

ကိုရီးယားရဲ့ နာမည်ကျော် အသက်တွက်နည်းစနစ်သစ် တစ်နေ့တည်းနဲ့ အသက် (၂) နှစ် ပြန်ငယ်သွားရတဲ့ အကြောင်းရင်း ကိုရီးယားကားတွေ ကြည့်တဲ့အခါ ဇာတ်ကောင်တွေက ကိုယ့်ထက် နောက်မှမွေးပေမယ့် အသက်တူသလိုလို၊ ကြီးသလိုလို ပြောနေကြလို့ ရှုပ်သွားဖူးပါသလား။ ကိုရီးယားမှာ မကြာသေးခင်ကမှ တရားဝင် ပြောင်းလဲလိုက်တဲ့ အသက်တွက်နည်း ဗဟုသုတအကြောင်းကို ရှင်းပြပေးပါမယ်။ 📅 ၁။ အရင်က သုံးခဲ့တဲ့ "ရိုးရာ ကိုရီးယားအသက်" (Korean Age) ကိုရီးယားလူမျိုးတွေဟာ ရှေးကတည်းက ကမ္ဘာနဲ့မတူတဲ့ ရိုးရာအသက်တွက်နည်းကို သုံးခဲ့ကြပါတယ်။ မွေးမွေးချင်း ၁ နှစ်: အမေဗိုက်ထဲမှာ ရှိနေတဲ့ (၁၀) လတာ ကာလကို အသိအမှတ်ပြုတဲ့အနေနဲ့ ကလေးမွေးဖွားလာတာနဲ့ အသက်ကို (၁) နှစ် လို့ စသတ်မှတ်ပါတယ်။ နှစ်ဆန်းတစ်ရက်နေ့မှာ အသက်ကြီးခြင်း: မိမိမွေးနေ့ရောက်မှ အသက်ကြီးတာ မဟုတ်ဘဲ၊ ဇန်နဝါရီ (၁) ရက်နေ့ ရောက်တာနဲ့ တစ်နိုင်ငံလုံးကလူတွေ အားလုံး အသက် (၁) နှစ် အလိုအလျောက် ပေါင်းထည့်ပါတယ်။ ဥပမာ: ဒီဇင်ဘာ (၃၁) ရက်နေ့မှာ မွေးတဲ့ကလေးဟာ မွေးချင်းမှာ ၁ နှစ်ဖြစ်ပြီး၊ နောက်တစ်နေ့ ဇန်နဝါရီ (၁) ရက် ရောက်တာနဲ့ (၂) နှစ် ဖြစ်သွားပါတယ်။ မွေးပြီး ၂ ရက်တည်းနဲ့ အသက် ၂ နှစ် ဖြစ်သွားတဲ့ သဘောပါ။ ⚖️ ၂။ ဘာကြောင့် စနစ်သစ်ကို ပြောင်းလဲခဲ့တာလဲ? (The Law Change) ဒီလို အသက်တွက်နည်းတွေ ကွဲပြားနေတဲ့အတွက် အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စတွေ၊ ဆေးဘက်ဆိုင်ရာ ကိစ္စတွေနဲ့ အာမခံလုပ်ငန်းတွေမှာ ရှုပ်ထွေးမှုတွေ အများကြီး ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ကိုရီးယားအစိုးရက ၂၀၂၃ ခုနှစ်၊ ဇွန်လက စတင်ပြီး နိုင်ငံတကာစံနှုန်းအတိုင်းဖြစ်တဲ့ "အပြည်ပြည်ဆိုင်ရာ အသက်တွက်နည်း" (International Age) ကို တရားဝင် ပြောင်းလဲအသုံးပြုဖို့ ဥပဒေပြဋ္ဌာန်းခဲ့ပါတယ်။ 🎉 ၃။ ဘာတွေ ပြောင်းလဲသွားလဲ? (The Result) ဒီဥပဒေကြောင့် ကိုရီးယားပြည်သူတွေဟာ စာရွက်စာတမ်းတွေမှာ အသက် (၁) နှစ်ကနေ (၂) နှစ်အထိ အလိုအလျောက် ပြန်လည် ငယ်ရွယ်သွားကြပါတယ်။ အခုဆိုရင် မိမိမွေးနေ့ရောက်မှသာ အသက် (၁) နှစ် တိုးမယ့် စနစ်ကို သုံးနေပြီ ဖြစ်ပါတယ်။ ဒါပေမယ့် အပြင်မှာ သူငယ်ချင်းအချင်းချင်း အဆင့်အတန်း သတ်မှတ်တဲ့အခါ၊ ဒါမှမဟုတ် စစ်မှုထမ်းရမယ့် အသက်အရွယ်၊ အရက်/စီးကရက် ဝယ်ယူခွင့်ရှိတဲ့ အသက်အရွယ် (Year Age) ကို သတ်မှတ်တဲ့အခါမှာတော့ အချို့နေရာတွေမှာ ရိုးရာစနစ်ကို အလေ့အထအရ ဆက်သုံးနေကြတုန်းပဲ ဖြစ်ပါတယ်။ 몇 살이에요? ( မျောတ် ဆား-ရီ-အဲ-ယို ) ✨ Challenge for Members: စာဖတ်သူတို့ရော မြန်မာနိုင်ငံမှာလည်း မွေးမွေးချင်း အသက် (၁) နှစ်လို့ သတ်မှတ်တဲ့ စနစ်မျိုး ရှိစေချင်လား? Comment မှာ ပြောခဲ့ပါဦး။ #Content_By_TrYoo #Graphic_by_CC #Korean_Knowledge #YeenOrganization

နောက်ဆုံးမှာတော့ Days 30 Challenge လေးအောင်မြင်စွာပြီးဆုံးသွားပါပြီရှင့် 💝 Exam မှာလဲ ချောချောမွေ့မွေ့နဲ့ဖြေဆိုနိုင်ကြစေလို့ YEEN Familyမှ ဆုတောင်းပေးလိုက်ပါတယ်ရှင့်💝 #YeenOrganization

✨Challenge Day 30 ✨Today's Vocabularies:
၁။ 汚染(おせん) — ညစ်ညမ်းမှု ၂။ 破壊(はかい) — ဖျက်ဆီးခြင်း / ပျက်စီးခြင်း ၃။ 資源(しげん) — သယံဇာတ ၄။ 生態系(せいたいけい) — ဂေဟစနစ် ၅။ 温化(おんだんか) — ရာသီဥတုပူနွေးလာခြင်း ၆။ 絶滅(ぜつめつ) — မျိုးသုဉ်းပျောက်ကွယ်ခြင်း ၇။ 予測(よそく) — ခန့်မှန်းချက် / ကြိုတင်တွက်ဆမှု ၈။ 観測(かんそく) — စောင့်ကြည့်လေ့လာ တိုင်းတာခြင်း ၉။ 発電(はつでん) — လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း ၁၀။ 効率(こうりつ) — စွမ်းဆောင်ရည် / ထိရောက်မှုနှုန်း ၁၁။ 開発(かいはつ) — တီထွင်ဆန်းသစ်မှု / ဖော်ထုတ်မှု ၁၂။ 進歩(しんぽ) — တိုးတက်ပြောင်းလဲမှု ၁၃။ 貢献(こうけん) — အကျိုးပြုမှု / ပံ့ပိုးကူညီမှု ၁၄။ 普及(ふきゅう) — ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့ခေတ်စားလာခြင်း ၁၅။ 応用(おうよう) — လက်တွေ့အသုံးချခြင်း ၁၆။ 機能を(きのうを) — လုပ်ဆောင်ချက် / စွမ်းရည် ၁၇။ 装置(そうち) — စက်ပစ္စည်းကိရိယာ / တပ်ဆင်မှု ၁၈။ 改良(かいりょう) — ပိုမိုကောင်းမွန်အောင် ပြုပြင်မွမ်းမံခြင်း ၁၉။ 需要(じゅよう) — လိုအပ်ချက် / ဝယ်လိုအား ၂၀။ 供給(きょうきゅう) — ထောက်ပံ့မှု / ရောင်းလိုအား
30 Days Challenge လေးအောင်မြင်စွာပြီးဆုံးသွားပါပြီရှင်။ဘယ်လိုလဲ စာတွေအများကြီးရလိုက်ကြရဲ့လား။ #Challenge #Japanese #Graphic_by_TrPhue #Content_by_TrGianna #YeenOrganization